အခန်း (၂၉၁-၂၉၅)
Vol. 20 Ch. 291-295
အခန်း ၂၉၁
ကျောက်ရိုင်းတူးဖော်ခွင့်
ကုနင်း အခုလိုရုတ်တရက်ကြီးတွန်းထုတ်လိုက်လိမ့်မည်ဟု လင်ရှောင်းထင် မထင်ထားသောကြောင့် ကုနင်း လွတ်သွားတော့သည်။
ကုနင်း၏လှပကာ ဆွဲဆောင်မှုရှိလှသော ကိုယ်ခန္ဓာကိုထပ်မြင်လိုက်ရချိန်တွင်တော့ လင်ရှောင်းထင် ထပ်ပြီးစိတ်များထကြွလာခဲ့ပေမယ့် အခုချိန်တွင်တော့ လင်ရှောင်းထင်၏ ဖုန်းမြည်လာကာ ကြားဝင်နှောက်ယှက်လိုက်ပြန်သည်။ သူအခုချိန်ထိ တာဝန်ထမ်းဆောင်နေချိန်သာဖြစ်သောကြောင့် ထိုဖုန်းခေါ်ဆိုမှုကို လျစ်လျူမရှုနိုင်ပေ။
ခေါ်ဆိုသူမှာ ရှုကျင်းချန်ဖြစ်ပြီး မူးယစ်ဆေးရောင်းဝယ်သူများ၏ တည်နေရာကိုသိပြီဟု ပြောလာခြင်းဖြစ်သည်။ အခုချိန်က သူတို့စတင်လှုပ်ရှားရတော့မည့်အချိန်ဖြစ်သောကြောင့် လင်ရှောင်းထင် အချိန်ခနတာအထိ ကုနင်းအနားတွင် မရှိနေနိုင်တော့ပေ။
လင်ရှောင်းထင်သည် ထူးချွန်ထက်မြက်သော စစ်တပ်အရာရှိတစ်ယောက်ဖြစ်ကြောင်း ကုနင်းသိထားပြီးဖြစ်ပေမယ့် ဂရုစိုက်ရန် ထပ်ပြီးမှာလိုက်သေးသည်။ အခုကိစ္စကသာ လင်ရှောင်းထင်၏ အဖွဲ့လိုက်လုပ်ဆောင်ရမည့်ကိစ္စမဟုတ်နေလျှင် သူမအမှန်တကယ်ဝင်ရောက်ကူညီချင်လေသည်။
ဒီညတော့ ကုနင်းတစ်ယောက်တည်း အိပ်စက်ရကာ သိပ်ပြီး နေသားမကျသလိုခံစားနေရသည်။ ရှားရှားပါးပါးသူမအားနေချိန်ဖြစ်သောကြောင့် သူမချက်ချင်းပဲ ဖိုက်တာမိသားစု WeChatကို သတိရသွားတော့သည်။ သူမထိုထဲဝင်ကြည့်လိုက်ချိန်တွင်တော့ စာပေါင်း ထောင်ချီဝင်နေကာ အများစုမှာ သူမကို ရည်ညွှန်းထားသည့်စာများဖြစ်ကြသည်။
ကုမန့်ကိုတော့ သူမတစ်ရက်ခြား ဖုန်းခေါ်ဆိုဖြစ်ပေမယ့် ဒီအဖွဲ့ကိုတော့ လုံးဝမေ့ပျောက်နေခဲ့ခြင်းကြောင့် အနည်းငယ် အပြစ်မကင်းသလို ခံစားလိုက်ရသည်။
ရုတ်တရက် ကုနင်းပေါ်ထွက်လာသည်နှင့် အဖွဲ့အတွင်း တကြွလှသည့်ဆွေးနွေးပြောဆိုမှုတစ်ရပ် အစပြုလာတော့သည်။
ကုနင်း : အခုတလော ဘာတွေလုပ်နေကြလဲ?
ဟောင်ရန် : ဝိုး! ဘော့စ်၊ ငါတို့မင်းပျောက်သွားပြီထင်လို့ ရဲတောင်လှမ်းအကြောင်းကြားတော့မလို့လုပ်နေတာ!
မုခယ် : ဟုတ်တယ်! မင်းဘယ်တွေရောက်နေတာလဲ?
ချူးဖေ့ဟန် : ဘော့စ် ချိန်းတွေ့နေရလို့ မအားတာဖြစ်မှာပေါ့။
ချင်ကျီရွှမ်း : သဘောတူတယ်။
အန်းယီ၊ ကျန်းထန်ပင်းနှင့် ယွီမီရှီ တို့မရှိသောကြောင့် ကုနင်း ချူးဖေ့ဟန်တို့နှင့်သာ အချိန်အတော်ကြာစကားပြောပြီး အိပ်ရာဝင်သွားတော့သည်။
နောက်တစ်နေ့မနက် ၈နာရီခွဲလောက်တွင်တော့ ကုနင်း ကျောက်အလောင်းအစားလမ်းသို့ ထွက်လာခဲ့လိုက်သည်။ ပြီးနောက် သူမတွင် ကျောက်ရိုင်းတူးဖော်ခွင့်ပြုချက်အတွက် စာရွက်စာတမ်းများရနေပြီဆိုသည့်အကြောင်း ကျန်းဖန်ကိုပြောပြလိုက်သည်။
ကျန်းဖန်သည်တော့ သူ့ဘော့စ်၏စွမ်းဆောင်ရည်နှင့် အစိုးရဘက်မှာပါ အဆက်အသွယ်ကောင်းမှုတို့ကြောင့် ထိတ်လန့်အံ့အားသင့်နေလေသည်။
ကုနင်းရှည်ရှည်ဝေးဝေးရှင်းပြမနေပေ။ သူမ၏ရည်ရွယ်ချက်ကိုကာ ကျန်းဖန် သူမအပေါ် ပိုမိုလေးစားလာပြီး သစ္စာရှိရှိနှင့် သူမဦးဆောင်သည့်နောက်လိုက်စေရန်ဖြစ်သည်။ သူမ ကျန်းဖန်ကို ယုံကြည်ပြီးသားပေမယ့် သူမအပေါ် အတိုင်းအတာတစ်ခုထိ လေးစားကြောက်ရွံ့စေခြင်းကြောင်းဖြစ်သည်။ တကယ်တော့ ဝမ်မိသားစုကို သူမဖြုတ်ချလိုက်သည့်အကြောင်းကိုပါ ပြောပြလိုကလျှင် ကျန်းဖန် ဒီ့ထက်ပို၍ လေးစားမည်ဆိုသည်ကို သိပေမယ့် ပြောဖို့အတွက် ရည်ရွယ်ချက်မရှိပေ။
ပြီးတော့ သတင်းဖြန့်ရန်အတွက် သတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ရန် စီစဉ်ထားလိုက်သည်။
ဝမ်မိသားစုသတင်းနှင့် Colorfulကျောက်စိမ်းတင်ပို့မှုလုပ်ငန်း ခနတွင်း အလွန်ထင်ပေါ်ကျော်ကြားလာမှုကြောင့် ကျန်းဖန်ခေါ်လိုက်သည်နှင့် သတင်းထောက်အများအပြားချက်ချင်း ရောက်လာကြသည်။
သတင်းစာရှင်းလင်းပွဲတွင်လဲ သေချာပေါက် ကျန်းဖန်သည်သာ ဦးဆောင်မည့်သူဖြစ်သည်။
Colorfulကျောက်စိမ်းတင်ပို့မှုလုပ်ငန်းက ဝမ်မိသားစု၏ကျောက်ရိုင်းတင်သွင်းသူနေရာကို အစားထိုးယူလိုက်သည့်သတင်းကိုကြားလိုက်ရချိန်တွင် လူတိုင်းထိတ်လန့်အံ့အားသင့်သွားကြပြန်သည်။ ဝမ်မိသားစု ဖြုတ်ချခံရသည်နှင့် သူတို့ပိုင်ဆိုင်မှုများကို လူအများက ခွဲဝေယူကြတော့မည်ဖြစ်သည်။ အထူးသဖြင့် ကျောက်ရိုင်းတူးဖော်ခွင့်သည် မရေမတွက်နိုင်လောက်သော စီးပွားရေးသမားများ မျက်စိကျနေသည့် အရာဖြစ်သည်။ သို့ပေမယ့် ဘယ်သူမှမလုရသေးခင်တွင်ပဲ Colorfulကျောက်စိမ်းတင်ပို့မှုလုပ်ငန်း၏ သူဌေးက ရရှိသွားပြီဖြစ်သောကြောင့် အားလုံး အလွန်အံ့အားသင့်သွားရသည်။ တစ်နည်းပြောရလျှင်ဖြင့်၊ Colorfulကျောက်စိမ်းတင်ပို့မှုလုပ်ငန်း၏သူဌေးသည် ထူးခြားသည့်နောက်ခံရှိကာ အဆက်အသွယ်ကောင်းများရှိရပေမည်။ ထို့ကြောင့် လူအတော်များများသည် Colorfulကျောက်စိမ်းတင်ပို့မှုလုပ်ငန်း၏သူဌေးကို ကြောက်ရွံ့ရိုသေကုန်ကြတော့သည်။
Colorfulကျောက်စိမ်းတင်ပို့မှုလုပ်ငန်းသည် စတင်ဖွင့်လှစ်သည်မှာ အရက်အနည်းငယ်မျှသာရှိသေးပေမည့် ကျောက်ကြားသည့် လက်ဝတ်ရတနာလုပ်ငန်းရှင်တော်တော်များများနှင့် နှစ်ရှည်လက်တွဲမှုပြုလုပ်ပြီးဖြစ်နေကာ အခုတော့ ဘယ်သူမှမလှုပ်ရှားရသေးခင်တွင်ပဲ ဝမ်မိသားစု၏ ကျောက်ရိုင်းတူးဖော်ခွင့်ကိုပါ ရရှိသွားလေပြီ။ Colorfulကျောက်စိမ်းတင်ပို့မှုလုပ်ငန်း၏သူဌေးမှာ အလွန်အာဏာကြီးသည့်လူတစ်ယောက်ဖြစ်ရပေမည်။
တကယ်တော့ အာဏာရှိသည့်လူများအတွက်တော့ Colorfulကျောက်စိမ်းတင်ပို့မှုလုပ်ငန်း၏သူဌေးကမည်သူဖြစ်ကြောင်း ရှာဖွေဖို့ရန် မခက်ခဲပေမည့် သာမာန်လူများအမြင်တွင်တော့ ထိုသူဌေးမှာ အလွန်လျှို့ဝှက်ဆန်းကြယ်သည့်လူတစ်ဦးဖြစ်နေသည်။
Colorfulကျောက်စိမ်းတင်ပို့မှုလုပ်ငန်း၏သူဌေး ဘယ်သူဘယ်ဝါဆိုသည်ကို စုံစမ်းဖော်ထုတ်နေကြသည့်လူများကတော့ အလွန်သိချင်နေကြလေပြီ။ သို့ပေမယ့် ထိုသူဌေးဖြစ်သူမှာ ၁၈နှစ်အရွယ်မိန်းမငယ်လေးတစ်ယောက်မှန်းသိလိုက်ရချိန်တွင်တော့ သူတို့အားလုံး သတိလစ်မတတ်ဖြစ်သွားကြရသည်။ ထိုဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ထဲက ဒီကုမ္ပဏီကို လည်ပတ်အောင်ဆောင်ရွက်နိုင်မည်ဟု မယုံကြည်ကြပေမယ့်လဲ သူမ၏စွမ်းရည်နှင့် နောက်ကွယ်မှ အင်အားကိုတော့ လျှော့မတွက်ထားကြပေ။
ထို့ကြောင့် ကုနင်းကို စိတ်အနှောက်ယှက်မဖြစ်စေရန် Colorfulကျောက်စိမ်းတင်ပို့မှုလုပ်ငန်း၏သူဌေးမှာ သူမပါလို့ ဘယ်သူမှ သတင်းမဖြန့်ရဲကြပေ။
သို့ပေမယ့် ကုနင်းနှင့်တွေ့ဖူးထားသည့် ကျန်းသဲ့ချန်လောက် ဘယ်သူမှမထိတ်လန့်နိုင်ပေ။ ပြီးတော့ သူကိုယ်တိုင်သည်လဲ ကုနင်းမှာ ထိုကုမ္ပဏီကိုလည်ပတ်အောင် လုပ်ဆောင်နိုင်သည့်အရည်အချင်းရှိသည်ဟု ယုံကြည်လေသည်။
ကျန်းသဲ့ချန် ရုတ်တရက် ဝမ်မိသားစု၏ပြဿနာများ မပေါ်ထွက်လာခင်က ဖတ်ခဲ့မိသည့် ဝမ်မိသားစုဘက်က Colorfulကျောက်စိမ်းတင်ပို့မှုလုပ်ငန်း၏ကုန်လှောင်ရုံကိုဖျက်ဆီးရန် ညအချိန်တွင် လူများလွှတ်ခဲ့သည်ဆိုသည့်သတင်းကို ပြန်ပြီးသတိရွားခဲ့ကာ အတွေးတစ်ခုဝင်လာသည်။ ဝမ်မိသားစုသည် ကုနင်းကို ဆန့်ကျင်ကာ ရန်ငြှိုးဖွဲ့ခဲ့သောကြောင့် ဝမ်မိသားစုကြုံတွေ့ခဲ့ရသည့်ပြဿနာမှာ ကုနင်းနှင့်သက်ဆိုင်မှုရှိမည်ဟု ခံစားလိုက်ရသည်။
ကျန်းသဲ့ချန် သူ့ဘာသာတွေးရင်းအံ့ဩနေမိသည်။ ကုနင်းသာ အမှန်တကယ် ဝမ်မိသားစု၏ပြဿနာများတွင်ပါဝင်နေခဲ့လျှင် သူသိဖူးသမျှလူများထက်ပင် ကုနင်းတွင် အာဏာရှိနေရပေမည်။ ဘာတွေပဲဖြစ်ပါစေ၊ ကျန်းသဲ့ချန်မှာ အရင်ကတည်းက ကုနင်းသည် မိန်းမငယ်လေးတစ်ယောက်ဖြစ်နေလျှင်ပင် သူမနှင့် အဆက်အသွယ်ကောင်းတစ်ခုတည်ဆောက်ဖို့ အလိုရှိခဲ့သူဖြစ်သည်။ ဒါကြောင့် ကုနင်းသည် Colorfulကျောက်စိမ်းတင်ပို့မှုလုပ်ငန်း နှင့် Colorfulကျောက်ရိုင်းတင်ပို့မှုလုပ်ငန်း နှစ်ခုလုံး၏ သူဌေးဖြစ်သည်ဆိုသည့်အချက်ကို မထုတ်ဖော်ခဲ့ပေ။
နောက်ရက်များတွင်တော့ ကုနင်း ကျန်းဖန်ကို ဝမ်မိသားစုပိုင်ကုမ္ပဏီတွင် အလုပ်လုပ်ခဲ့သည့် အလုပ်သမားများကို ဆက်လက်စီမံကာ ကျောက်ရိုင်း မြန်မြန်တူးဖော်ဖို့အတွက် ကျန်းဖန်ကိုပြောလိုက်သည်။
ဝမ်မိသားစုပိုင် ကုန်လှောင်ရုံမှာကျန်နေသည့် ကျောက်ရိုင်းများသည်တော့ အရည်အသွေးမြင့်ကျောက်စိမ်းများပါသည့် ကျောက်ရိုင်းများကို ကုနင်းရွေးထုတ်ခဲ့ပြီးဖြစ်သောကြောင့် ကျန်နေသည့်ကျောက်ရိုင်းများကိုသိမ်းဖို့အတွက် ရည်ရွယ်ချက်မရှိပေ။
ပြီးတော့ ဝမ်မိသားစုတွင် လုပ်ကိုင်ခဲ့သည့် အလုပ်သမားများကိုတော့ ကုနင်းမဖြုတ်ခဲ့ပေ။ ဘာပဲဖြစ်ဖြစ် သူတို့သည် ဝမ်မိသားစုက ခန့်ရုံခန့်ထားသည့် အလုပ်သမားများသာဖြစ်ကြပြီး သူတို့သူဌေးပြောင်းလဲသွားလို့လဲ ဘယ်သူကမှ ဆိုးတယ်လို့မတွေးကြပေ။ ဝမ်မိသားစု၏ ဥပဒေမဲ့အမူအကျင့်များကို ထန်မြို့ရှိလူတိုင်း စိတ်ရှုပ်ခဲ့ကြပြီး အခုချိန်တွင် ဘယ်သူမှ သူတို့ကို မသနားပေးကြပေ။ ထိုအစား အလုပ်သမားများသည် အလုပ်ဆက်လုပ်နိုင်နေသည့်အတွက် ကံကောင်းသည်ဟုပင် မှတ်ယူနေကြသည်။ ထို့ကြောင့် သူတို့က ကျန်းဖန်နှင့် သူ့ရဲ့သူဌေးကို ကျေးဇူးတင်ကာ လေးစားနေကြသည်။
ထို့နောက် ကုနင်းနှင့် ကျန်းဖန်တို့ ကိုယ်ပိုင်ယာဉ်မောင်းဖြင့် ကျောက်စိမ်းတောင်နှင့် မိုင်းတွင်းသို့ထွက်လာခဲ့ကြသည်။
***
အခန်း ၂၉၂
Bမြို့ရှိ ထန်မိသားစု
ကျန်းဖန်ကိုယ်တိုင်မောင်းနိုင်ပေမယ့်လဲ သူက အခုချိန်တွင် Colorfulကျောက်စိမ်းတင်ပို့မှုလုပ်ငန်းနှင့် Colorfulကျောက်ရိုင်းတင်သွင်းမှုလုပ်ငန်းနှစ်ခုလုံးက အထွေထွေမန်နေဂျာတစ်ယောက်ဖြစ်နေပြီဖြစ်သောကြောင့် ကိုယ်ပိုင်ယာဉ်မောင်းတစ်ယောက်ရှိဖို့ရန် လိုအပ်နေပြီဖြစ်သည်။
ကျောက်စိမ်းတောင်နှင့် မိုင်းတွင်းသည် ထန်မြို့မှ ၂၀ကီလိုမီတာအကွာတွင်တည်ရှိသည်။ သူတို့သွားရာလမ်းတွင် တောင်ပေါင်းများစွာကို တူးဖော်ထားပြီးသားဖြစ်ကြောင်း ကုနင်းသတိထားမိလိုက်သည်။ သူမ၏ကျောက်စိမ်းမျက်ဝန်နှင့် မြင်နိုင်သည့်အကွာအဝေးက သတ်မှတ်ချက်ရှိနေသောကြောင့် ဘေးတစ်လျှောက်မှ တောင်များတွင် ကျောက်စိမ်းရှိနေမလားဆိုသည်ကို မမြင်နိုင်ပေ။ ထို့ကြောင့် အနားသို့ရောက်သည်အထိ စောင့်ပြီးမှသာ ကြည့်နိုင်ပေမည်။
သူမတို့ တောင်တက်လမ်းတစ်လျှောက် မောင်းနှင်လာကြခြင်းဖြစ်သောကြောင့် လိုရာခရီးကိုရောက်ရှိရန် နာရီဝက်လောက်မောင်းလိုက်ရသည်။
အဝေးမှနေတောင်မှာ ထုခွဲနေသံများ ထုရိုက်နေသံများကို ကုနင်းကြားနေရသည်။ တဖြည်းဖြည်းနီးလာချိန်တွင်တော့ ကြီးမားသည့် အလုပ်သမားများနေသည့် ဘားတိုက်တစ်ခုကိုတွေ့လိုက်ရသည်။ ဘားတိုက်၏အပြင်ဘက်တွင်တော့ ပစ္စည်းများသယ်ပို့ရန်အတွက်သုံးသည့် ထရက်ကားနှစ်စီးရပ်ထားလေသည်။
အသက် ၃၄နှစ်ရှိပြီဖြစ်သည့် ဝမ်ကျင်းမြောင်သည် ကျောက်ရိုင်းတူးဖော်ရေး၏ တာဝန်ခံဖြစ်သလို ကြီးကြပ်ရေးမှူးတစ်ယောက်လဲဖြစ်သည်။ ပြီးတော့ သူ့မိသားစုနာမည်မှာဝမ်ဖြစ်သော်လည်း ဝမ်မိသားစုနှင့်တော့ ပတ်သတ်ဆက်နွယ်မှုမရှိပေ။
ဝမ်ကျင်းမြောင်သည် ကျန်းဖန် လာမည်ဆိုသည်ကိုသိထားပြီးဖြစ်သောကြောင့် အဝင်ပေါက်မှာစောင့်ဆိုင်းနေလေသည်။ ထို့ကြောင့် ကားတစ်စီးမောင်းနှင်လာသည်ကိုမြင်လိုက်သည်နှင့် ကျန်းဖန်ဖြစ်မှန်း ချက်ချင်းနားလည်လိုက်သည်သည်။
ဘေးတစ်ဖက်တွင် ကားရပ်လိုက်သည်နှင့် ယာဉ်မောင်းက အရင်ဆုံး ကျန်းဖန်ဘက်မှတံခါးကိုဖွင့်ပေးလိုက်ကာ ကုနင်းသည်တော့ သူမဘာသာဆင်းလာခဲ့သည်။ ဒီနေရာကို သူမက ကျန်းဖန်၏လက်ထောက်အနေနှင့်လာခဲ့ခြင်းဖြစ်သောကြောင့် ဘော့စ်တစ်ယောက်လိုမျိုး ပြုမူနေလို့မရပေ။
"တွေ့ရတာဝမ်းသာပါတယ်၊ မန်နေဂျာကျန်း!" ဝမ်ကျင်းမြောင်က ကျန်းဖန်ကို ယဉ်ယဉ်ကျေးကျေးနှုတ်ဆက်လိုက်သည်။
"တွေ့ရတာဝမ်းသာပါတယ်၊ ကြီးကြပ်ရေးမှူးဝမ်." ကျန်းဖန်လဲ ပြန်နှုတ်ဆက်လိုက်သည်။
"ကျွန်တော့် နောက်ကလိုက်ခဲ့ပေးပါ၊ မန်နေဂျာကျန်း။" ဝမ်ကျင်းမြောင်ချက်ချင်းပဲ ကျန်းဖန်တို့အဖွဲ့ကို လမ်းပြကာ ဘားတိုက်နားကိုရောက်တော့ လုပ်ငန်းခွင်သုံးဦးထုပ်များကိုယူလိုက်ကာ သူတို့ကိုလှမ်းပေးလိုက်သည်။ သူတို့အားလုံး ဦးထုပ်များဆောင်းပြီးသွားသည်နှင့် လုပ်ငန်းခွင်သို့ခေါ်သွားလိုက်တော့သည်။
ကျောက်စိမ်းတောင်သည် ဘားတိုက်နှင့် ၁၀မိနစ်ကျော်ကျော်လောက်သာလျှောက်ရအောင် ကွာဝေးသည်။
ကုနင်း ကျောက်စိမ်းတောင်ရှေ့ရောက်ခါနီးသည်နှင့် သူမ၏ကျောက်စိမ်းမျက်ဝန်းကို အသုံးပြုလိုက်ရသွားတော့သည်။ ကျောက်စိမ်းတောင်ထဲတွင် ကျောက်စိမ်းပါဝင်သည့် ကျောက်ရိုင်းအများအပြားရှိနေပေမယ့် မတူးဖော်ရသေးပေ။ ကုနင်းလဲ သူမမျက်စိရှေ့ရှိ အဖိုးတန်လှသည့် ကျောက်စိမ်းတောင်ကိုကြည့်ကာ အလွန်စိတ်ကျေနပ်သွားတော့သည်။
ကုနင်း အနီးနားရှိတောင်များကို စူးစမ်းကြည့်လိုက်တော့ တခြားတောင်များတွင်မူ ကျောက်စိမ်းရှိမနေချေ။
ထို့နောက် သူမတို့မပြန်ခင် ကျန်းဖန်နှင့်အတူ ကုနင်း အနီးပတ်ဝန်းကျင်ကို တစ်ပတ်ပတ်ကြည့်လိုက်သေးသည်။
သူမတို့ပြန်သည့်လမ်းတွင်တော့ ကုနင်း ကေ့ထံမှစာတစ်ဆောင်ရလာကာ သူမ၏အီးမေးလ်တွင် ထန်မိသားစုအကြောင်းကိုပို့ထားပြီးဖြစ်ကြောင်းပြောလာခြင်းဖြစ်သည်။
ကုနင်းက သူ့ကို ထန်မိသားစု၏ ဒုတိယသားအကြောင်းသာရှာခိုင်းခဲ့ခြင်းဖြစ်ပေမည့် မမျှော်လင့်ထားဘဲ သူက ထန်မိသားစုဝင်တိုင်း၏ အကြောင်းအရာများကိုရှာပေးခဲ့လေသည်။
ထန်မိသားစုသည် Bမြို့တွင် နံပါတ်၁မိသားစုဖြစ်ပြီး နိုင်ငံရေး၊ စီးပွားရေး နှင့် စစ်ရေးများတွင် ဩဇာလွှမ်းမိုးမှုမြင့်မားသည့် မိသားစုဖြစ်သည်။
ထန်မိသားစု၏ခေါင်းဆောင်သည်တော့ ထန်ဟိုင်ဖုန်းဖြစ်ကာ ကုနင်းနှင့်တွေ့ပြီးသားဖြစ်သည့် ဆရာကြီးထန်ဖြစ်သည်။
ထန်မိသားစုတွင် သားနှစ်ယောက် နှင့် သမီးနှစ်ယောက်ရှိသည်။ အကြီးဆုံးသမီးသည်တော့ ထန်ယွင်ရုန်ဟုခေါ်ပြီး အသက်၄၉နှစ်ရှိပြီဖြစ်သည့် စီနီယာကာနယ်တစ်ဦးဖြစ်ကာ စိုက်ပျိုးမွေးမြူရေးနှင့် လေထုညစ်ညမ်းမှုထိန်းသိမ်းရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးတစ်ဦးလဲဖြစ်သည်။ သူမ၏ခင်ပွန်းဖြစ်သူ ချောင်ယွေ့ဟွာသည်လဲ စီနီယာကာနယ်တစ်ဦးဖြစ်ကာ တပ်မတော်နိုင်ငံရေးဌာန၏ဒါရိုက်တာတစ်ယောက်ဖြစ်သည်။ ချောင်မိသားစုသည်လဲ Bမြို့တွင် စစ်တပ်ပိုင်းဆိုင်ရာအာဏာရှိသည့်မိသားစုတစ်စုဖြစ်လေသည်။
သူတို့နှစ်ဦးတွင် သားတစ်ယောက် သမီးတစ်ယောက်ရှိကာ သားဖြစ်သည့် ချောင်ဝမ်ကျွင်းသည်တော့ အသက်၂၅နှစ်ရှိပြီး မှုခင်းရဲအဖွဲ့မှ ခေါင်းဆောင်တစ်ဦးဖြစ်သည်။ သမီးဖြစ်သည့် ချောင်ဝမ်ရှင်းမှာတော့ အသက်၂၃နှစ်ရှိပြီဖြစ်ပြီး တက္ကသိုလ်တစ်ခုမှ ဘွဲ့ရပြီးကာစဖြစ်သည်။
ထန်ဟိုင်ဖုန်း၏ သားကြီးဖြစ်သည့် ထန်ယွင်ဟန်သည်တော့ အသက်၄၆နှစ်ရှိပြီး ပြည်နယ်ပါတီကော်မတီ၏အတွင်းရေးမှူးတစ်ဦးဖြစ်၏။ သူ၏ဇနီးသည်တော့ ကမ္ဘာလှည့်ခရီးသွားစီမံခန့်ခွဲမှုဌာန၏ဒါရိုက်တာ တစ်ဦးဖြစ်သည်။ သူတို့နှစ်ဦးတွင်တော့ အသက်၂၂နှစ်ရှိပြီဖြစ်သည့် အမွှာသားနှစ်ဦးရှိကာ အကြီးကိုတော့ ထန်ကျားခိုင်ဟုခေါ်ပြီး အငယ်ကိုတော့ဖြင့် ထန်ကျားယန်ဟုခေါ်သည်။ ထိုအမွှာညီနောင်တွင် တစ်ဦးသည်တော့ Bမြို့တက္ကသိုလ်တွင် ပညာသင်ကြားနေပြီး ကျန်တစ်ဦးသည်တော့ နိုင်ငံရပ်ခြားတွင်ပညာသင်ကြားနေကြစဲဖြစ်သည်။
ထန်ဟိုင်ဖုန်း၏ ဒုတိယသားဖြစ်သည့် ထန်ယွင်ဖန်းသည်တော့ဖြင့် အသက်၄၂နှစ်ပဲရှိသေးပေမည့် Bမြို့ရှိအချမ်းသာဆုံးလူဖြစ်နေပြီဖြစ်သည်။ ထန်ယွင်ဖန်းသည်တော့ ထန်ဟွမ်အုပ်စု၏ဥက္ကဌဖြစ်ကာ ဇနီးရော ကလေးပါမရှိသေးပေ။
ထန်ယွင်ဖန်း လွန်ခဲ့သည့် ၁၉နှစ်က ပျောက်သွားခဲ့ဖူးသည့်သတင်းသည်တော့ Bမြို့ရှိကျော်ကြားသည့်လူများကြားတွင် လျှို့ဝှက်ချက်တစ်ခုမဟုတ်နေပေ။
လွန်ခဲ့သည့် ၁၉နှစ်တုန်းက ထန်မိသားစုသည် Bမြို့တွင် အချမ်းသာဆုံးနံပါတ်၁မိသားစုမဟုတ်ခဲ့ပေမည့် အလွန်ချမ်းသာသည့်ထဲပါဝင်ခဲ့ပေသည်။ ထန်ယွင်ဖန်းသည် ထန်မိသားစုဝင်များအတွင်းတွင် စီးပွားရေးဘက်၌ အရည်အချင်းအရှိဆုံးလူတစ်ဦးဖြစ်သောကြောင့် ထန်ဟိုင်ဖုန်းသည် ထန်ယွင်ဖန်းကို သူ၏ဂုဏ်ယူစရာသား၊ အောင်မြင်မှုတစ်ရပ်အဖြစ်အစဉ်အမြဲမှတ်ယူခဲ့သည်။ သို့ပေမယ့် ထန်ဟိုင်ဖုန်း၏ညီငယ် ထန်ဟိုင်မင်သည် ထန်မိသားစုအမွေအနှစ်များကို ရယူလိုသည့် ရည်ရွယ်ချက်ရှိနေသောကြောင့် အမြဲတမ်း ထန်ယွမ်ဖန်းကို ဆန့်ကျင့်တော်လှန်ရန် ကြံစည်နေခဲ့သည်။
လွန်ခဲ့သည့် ၁၉နှစ်ဆိုသည့် အချိန်ကာလတွင် နည်းပညာများမဖွံ့ဖြိုးသေးသည့်အတွက်ကြောင့် ပုံပညာဟောင်းအဖြစ်သာ လက်ဆင့်ကမ်းပြောကြားခဲ့ခြင်းဖြစ်၍ ထိုနှစ်အတွင်းဖြစ်ခဲ့သည့် ကိစ္စရပ်များကို မည်သူမှအတိအကျမသိသလို ထန်ယွင်ဖန်းပင်လဲ အသေးစိတ်ကိုမမှတ်မိခဲ့ပေ။ တစ်စုံတစ်ယောက်က ထန်ယွင်ဖန်းကို မြစ်တစ်ခုမှနေပြီး ပြန်လည်ရှာတွေ့ခဲ့သည်ဟုသာ ပြောကြပေသည်။
ထိုအချိန်မှစ၍ ထန်ယွင်ဖန်း အပြုအမူအကျင့်စရိုက်များအားလုံး လုံးဝပြောင်းလဲသွားခဲ့ကာ တစ်ချိန်လုံး အလုပ်ထဲတွင်သာ အာရုံစိုက်နေခဲ့ပြီး ဘယ်တုန်းကမှ လက်မထပ်ခဲ့သလို ကလေးလဲ မရှိခဲ့ပေ။ ဆယ်စုနှစ်ကျော်အတွင်း ထန်မိသားစုသည် ထန်ယွင်ဖန်း၏ဦးဆောင်မှုအောက်တွင် ယွမ်ဘီလီယံ၁ရာရှိသည့် Bမြို့၏ နံပါတ်၁အချမ်းသာဆုံးမိသားစုအဖြစ် တိုးတက်ကြီးပွားလာခဲ့လေသည်။
လွန်ခဲ့တဲ့ ၁၉နှစ်က ထန်ယွင်ဖန်းပျောက်သွားခဲ့ပြီး မြစ်တစ်စင်းမှာပြန်ရှာတွေ့ခဲ့တယ်လား?
ထိုအကြောင်းကိုသိလိုက်ရတော့ ထန်ယွင်ဖန်းသည် ကုနင်း၏ သွေးရင်းဖခင်ဖြစ်ကြောင်း ပိုလို့ပင်သေချာလာခဲ့သည်။
အီးမေးလ်တွင် ထန်မိသားစု၏ ဓါတ်ပုံကိုပါ တွဲပို့ထား၍ ကုနင်း ထန်ယွင်ဖန်းကိုကြည့်ပြီးနောက်တွင်တော့ ထန်ယွင်ဖန်းမှာ သူမ၏ သွေးသားရင်းဖခင်ဖြစ်မှန်း လုံးဝသေချာသွားတော့သည်။
ထန်ယွင်ဖန်းသည် အသက်၄၀ကျော်နေပြီး ငယ်ငယ်ကနေအတော်လေးကွာခြားသွားပြီဖြစ်ပေမည့် ကုနင်းနှင့်ဆင်တူသည့် ပုံသဏ္ဍာန်အနေအထားကိုတော့ဖြင့် အလွယ်တကူ သတိပြုမိနိုင်သေးသည်။
ကုနင်း၏ အရင်ဘဝမိသားစုနာမည်မှာလဲ ထန်ဖြစ်ပြီး ယခုဘဝ အဖေရင်း၏မိသားစုနာမည်နှင့် တူနေလေသည်။ သူမက ထန်မိသားစုဝင်တစ်ဦးဖြစ်ဖို့ရန်သာ ကံတရားမှစီမံထားခြင်းဖြစ်နိုင်သည်။
ထန်ယွင်ဖန်းက အဖေရင်းဖြစ်ကြောင်း ကုနင်းသေချာနေပြီဆိုပေမယ့် ထန်ယွင်ဖန်းနှင့်တွေ့ဖို့ရန် အလျင်မလိုဘဲ ကုမန့်မည်သို့တုံ့ပြန်မည်ကို သိချင်သေးသည်။
ထန်ယွင်ဖန်းတွင် ကုမန့်နှင့်ပတ်သတ်သမျှ မှတ်ဉာဏ်အားလုံး ပျောက်ဆုံးသွားခဲ့ပြီးဖြစ်သည်။
ထန်ယွင်ဖန်း ဘယ်တုန်းကမှ လက်မထပ်ခဲ့ခြင်းသည် ကုမန့်ကြောင့်ဟု ကုနင်းယုံကြည်နေပေမည့် သေချာအောင်တော့ လုပ်ဖို့ရန် လိုသေးသည်။
ထန်ယွင်ဖန်းနှင့် ကုမန့်တို့တွေ့လိုက်သည့်အချိန်တွင် သူ့မှတ်ဥာဏ်များပြန် ရလာနိုင်လောက်ပေသည်။ အကယ်၍ သူ့မှတ်ဥာဏ်ပျောက်ဆုံးခြင်းက ဦးဏှောက်တွင်းပိုင်းပျက်စီးခြင်းကြောင့်ဆိုလျှင်လဲ ကုနင်း၏စွမ်းအားဖြင့်ကူညီပေးနိုင်လေသည်။ အရေးကြီးဆုံးအချက်သည်က ထန်ယွင်ဖန်းသာ သာမာန်လူတစ်ယောက်ဆိုလျှင် ကုမန့် သူ့ကို အရမ်းပြန်တွေ့ချင်မှာပေမယ့် အခုလို အလွန်ချမ်းသာသည့်မိသားစု၏အမွေခံတစ်ဦးအနေဖြင့်ဆိုလျှင် ကုမန့် သူမဘာသာနိမ့်ကျသည်ဟုတွေးမိသွားမည်ကို ကုနင်းစိုးရိမ်မိသည်။
သူတို့နှစ်ဦးသာ အမှန်တကယ် ချစ်ကြိုက်နေသေးသ၍ ထိုကိစ္စက ပြဿနာတစ်ရပ်ဟု ကုနင်းမထင်ပေမယ့် သူမက ကုမန့်လဲမဟုတ်သလို တွန်းအားပေးမည်လဲမဟုတ်ပေ။ ဘယ်လိုပင်ဖြစ်ပါစေ၊ ကုမန့်၏ဆုံးဖြတ်ချက်ကို အားပေးထောက်ခံရန် ကုနင်းစိတ်ဆုံးဖြတ်ပြီးဖြစ်ကာ မည်သူ့ကိုမှ ကုမန့်ကိုအထင်အမြင်သေးခွင့်ပြုမည်မဟုတ်ပေ။
ထို့နောက် ကုနင်း ကျန်းဖန်နှင့်အတူ ကျောက်အလောင်းအစားလမ်းသို့ပြန်ရောက်သွားကာ တစ်ဦးတည်းပြန်လာခဲ့တော့သည်။
***
အခန်း ၂၉၃
မိုက်မဲသည့် ဝမ်ရှင်းယန်
ကုနင်း ကျောက်အလောင်းအစားလမ်းဝင်ပေါက်သို့ရောက်ချိန်၌ လူတစ်ယောက် ဓါးတစ်ချောင်းကို ဆုပ်ကိုင်ကာအော်ဟစ်ရင်းဖြင့် သူမထံသို့ပြေးဝင်လာခဲ့သည်။
"ခွေးမ! ငါနင့်ကိုသတ်ပစ်မယ်!"
ထိုမြင်ကွင်းကြောင့် အနီးတစ်ဝိုက်မှလူအားလုံး ထိတ်လန့်သွားကြပေမယ့် ကုနင်းသည်တော့ ပုံမှန်အတိုင်း အေးအေးဆေးဆေးကြည့်နေခဲ့သည်။ ဒီဝမ်ရှင်းယန် တကယ်ကို မိုက်မဲတာပဲ!
ကုနင်း လွတ်မြောက်ဖို့ရန် မကြိုးစားဘဲ ဝမ်ရှင်းယန် သူမအနားသို့ ရောက်ရှိလာဖို့ကိုသာ စောင့်ဆိုင်းနေလိုက်သည်။ ဝမ်ရှင်းယန် သူမလက်တစ်ကမ်းအကွာသို့ရောက်သည်နှင့်တစ်ပြိုင်နက် ကုနင်း အလင်းအလျင်ဖြင့် သူမလက်ကောက်ဝတ်ကို ဆွဲလိမ်လိုက်သောကြောင့် ဝမ်ရှင်းယန် နာနာကျင်ကျင် အောင်ဟစ်လိုက်မိပြီး သူမလက်ထဲမှဓါးသည်လဲ လွတ်ကာ မြေပြင်ပေါ်သို့ပြုတ်ကျသွားတော့သည်။
ကုနင်း၏ ရုတ်တရက်ဆန်ဆန်လှုပ်ရှားလိုက်မှုကြောင့် လူတိုင်းအံ့အားသင့်ကုန်ကြသည်။
ထို့နောက် ကုနင်း ဝမ်ရှင်းယန်ကို တုံ့ဆိုင်းမနေဘဲ အားပြင်းပြင်းဖြင့်တွန်းထုတ်လိုက်တော့သည်။
လွန်ခဲ့သည့်နေ့များတွင် ဝမ်ရှင်းယန်တစ်ယောက် လုံလုံလောက်လောက် ငိုကြွေးခဲ့ပြီးဖြစ်သောကြောင့် ယခုချိန်တွင် ငိုမနေတော့ဘဲ ကုနင်းကို မျက်စောင်းထိုးကြည့်ကာ မေးလိုက်သည်၊
"ခွေးမ၊ နင်မဟုတ်လား? ငါတို့မိသားစုရဲ့ လျှို့ဝှက်ချက်တွေအားလုံးကို ဖော်ထုတ်ပစ်တာ နင်မဟုတ်လား?"
လူတိုင်း အံ့အားသင့်စွာဖြင့် ကုနင်းကို ဝိုင်းကြည့်မိလိုက်ကြသည်။ သူတို့အမြင်တွင်တော့ ကုနင်းသည် ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်မျှသာဖြစ်ကာ ဘယ်လိုလုပ်များ ဝမ်မိသားစုကို ယခုလိုဖြုတ်ချနိုင်ပါမည်နည်း?
ကုနင်းသည်တော့ ဝိုင်းကြည့်နေသူများ၏အကြည့်ကို ဂရုမစိုက်နေဘဲ ဝမ်ရှင်းယန်ကိုသာ စိုက်ကြည့်ကာ အေးစက်စွာပြောလိုက်သည်၊
"နင့်မှာ သက်သေရှိလို့လား?"
တကယ်တော့ ကုနင်းက ဝမ်မိသားစုကို ကံဆိုးမိုးမှောင်ကျအောင်လုပ်ခဲ့ခြင်းဖြစ်ပြီး ဝမ်ရှင်းယန်မှာ သူမ၏အင်အားကြီးလှသည့်မိသားစု၏အထောက်အပံ့ကို ထာဝရဆုံးရှုံးလိုက်ရပြီဖြစ်သောကြောင့် သူမခံစားချက်ကို ကုနင်းနားလည်ပေမယ့် သူမ၏ မိုက်မဲလှသည့်တိုက်ခိုက်လာမှုကိုတော့ ကုနင်းဘက်က သည်းခံပေးလိမ့်မည်ဟု မဆိုလိုပေ။ ဝမ်ရှင်းယန်မှာ သူမနှင့်ထိုက်တန်သည့် အရာကိုခံစားခဲ့ရခြင်းသာဖြစ်သည်။
"ငါ့အဖိုးပြောတာကြားခဲ့တယ်။ နင်ပဲ! နင်ငါတို့ဝမ်မိသားစုကို လက်စားချေခဲ့တာ!" ဝမ်ရှင်းယန် ထိုအကြောင်းကိုပြည့်ပြည့်စုံစုံမသိဘဲ ဝမ်မိသားစုဖြစ်ခဲ့သည့်ပြဿနာတွင် ကုနင်းပါဝင်နေသည်လောက်သာသိထားသောကြောင့် ကုနင်းဟုသာ လုံးဝယူဆလိုက်ခြင်းဖြစ်သည်။
ထိုစကားများကိုကြားတော့ လူတိုင်း အလွန်အံ့အားသင့်ကာ အသက်ပြင်းပြင်းပင်ရှူလိုက်မိကြသည်။ ထိုကိစ္စကို အမှန်ဟု သူတို့မယုံကြည်ကြပေမယ့် ဝမ်ဟုန်းမင်ထံမှ ဝမ်ရှင်းယန်ကြားခဲ့ခြင်းမှန်လျှင်တော့ ဖြစ်နိုင်ချေရှိလေသည်။ သို့ပေမယ့် သူမလို ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်က ဘယ်လိုများလုပ်လိုက်တာလဲ? မည်သူမှ ထိုမေးခွန်း၏အဖြေကို မသိကြပေ။
"အိုး၊ ဒါဆိုလဲ ငါက ဘာလို့များ နင်တို့ဝမ်မိသားစုအပေါ် လက်စားပြန်ချေချင်ရလဲဆိုတာကိုပါ အားလုံးသိအောင် မပြောတာလဲ?" ကုနင်း ရန်စပေးလိုက်သည်။
ကုနင်း၏အေးဆေးလှသည့်အသံနေအသံထားကြောင့် လူအုပ်ကြီးမှာ ရုတ်တရက် စိတ်ရှုပ်ထွေးသွားကြရသည်။
ကုနင်းသည် သူမ ဝမ်မိသားစု၏လျှို့ဝှက်ချက်များကို ဖော်ထုတ်ခဲ့သည့်အကြောင်း တခြားလူများသိသွားမည်ကို မကြောက်ပေ။ ထိုကဲ့သို့သိသွား၍လည်း သူမကို ကြောက်ရွံ့လေးစားသွားကြမည်သာဖြစ်သည်။ သို့ပေမယ့် သူမအနေနှင့်ချက်ချင်းကြီး ဝန်ခံလိုက်ဖို့ကလဲ မသင့်လျော်ပေ။
"ဘာလို့ဆို ငါ နင့်ကိုရဲတွေလာဖမ်းအောင် သတင်းပေးခဲ့လို့လေ!" ထိုကိစ္စတစ်ခုတည်းကသာ ကုနင်းကို စိတ်အနှောက်အယှက်ဖြစ်စေသည့်အရာအဖြစ် ဝမ်ရှင်းယန်တွေးလိုက်နိုင်သည်။
"ဒီလောက်က ကိစ္စကြီးတစ်ခုမဟုတ်ပါဘူး။ ဒါလေးအတွက်နဲ့ နင်တို့ဝမ်မိသားစုကို လက်စားပြန်ချေစရာအကြောင်းမဟုတ်ဘူး။" ကုနင်း အထင်သေးစွာပြန်ပြောလိုက်သည်။ တကယ်တော့ သူမ၏အဖြေစကားတွင် သူမ ဝမ်မိသားစုကို အမှန်တကယ်လက်စားချေခဲ့ပါသည်ဟု ဝန်ခံသည့် အဓိပ္ပါယ်မရေမရာလေးပါဝင်နေသည်။
"အဖိုးက နင်ပါတယ်လို့ပြောတယ်၊ သေချာပေါက် နင်ပဲဖြစ်ရမယ်!"
"ကြည့်ရတာ နင့်အဖိုးက ငါ့ကိုတော်တော်အထင်ကြီးနေတာပဲ၊ ဒါပေမယ့် နင့်အဖိုးကတောင် ငါနဲ့ပြဿနာမတတ်ချင်တာ နင်ဒီနေ့ငါ့ကိုလုပ်ခဲ့တဲ့ကိစ္စအတွက် ငါ နင့်ကိုထောင်ထဲထည့်ပစ်လိုက်မှာမကြောက်ဘူးလား?"
"နင်...." ထိုစကားကိုကြားတော့ ဝမ်ရှင်းယန် မျက်နှာအမူအရာလုံးတပြောင်းလဲသွားခဲ့သည်။ သူမထောင်ထဲကိုတော့ဖြင့်မဝင်ချင်ပေ။
ထိုအချိန်တွင်ပဲ ရဲကားအချက်ပေးသံများကိုကြားလာရသည်။ ကုနင်းကို ဝမ်ရှင်းယန် ဓါးနှင့်ထိုးဖို့ကြိုးစားလိုက်ကတည်းက တစ်စုံတစ်ယောက်မှ ရဲစခန်းသို့ သတင်းပို့လိုက်ပြီး ရဲများကလဲ လူသတ်ရန်ကြိုးစားသူမှာ ဝမ်မိသားစုမှဆိုသည်ကိုကြားသည်နှင့် ချက်ချင်းရောက်လာခဲ့ကြခြင်းပင်။ အခုချိန်တွင် လူတိုင်းက ဝမ်မိသားစုကို အပြစ်ပေးနိုင်ရန် စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။
ဝမ်ရှင်းယန်သည်လဲ ကြောက်လန့်တကြား မတ်တပ်ပြန်ထရပ်ကာ ထွက်ပြေးရန် ကြိုးစားလိုက်ပေမယ့် လူအုပ်ကြီးက အလွတ်မပေးပေ။
"ဖယ်ကြစမ်း! ငါ့လမ်းကနေဖယ်ကြစမ်း!" ဝမ်ရှင်းယန် စိုးရိမ်တကြီး ကြောက်ရွံ့တုန်လှုပ်စွာအော်ဟစ်တော့သည်။
"မင်း ဒီမိန်းကလေးကိုသတ်ဖို့ကြိုးစားထားတာတောင် ထွက်သွားဖို့ကြံရဲတယ်ပေါ့!"
"ဝမ်မိသားစုက တကယ်ကို ရွံ့စရာကောင်းတာပဲ!"
"သူတို့တစ်မိသားစုလုံးကို ထောင်ထဲထည့်ပစ်သင့်တာ!"
..........
သက်လတ်ပိုင်းအရွယ်အမျိုးသမီးတစ်ယောက်က ဝမ်ရှင်းယန်ထံပြေးလာကာ အံ့ကြိတ်ရင်း အပြစ်တင်စကားဆိုတော့သည်၊
"ဝမ်ရှင်းယန်၊ နင်နဲ့ဒါပဲတန်တယ်! နင်တစ်လျှောက်လုံး ငါ့သမီးကို အနိုင်ကျင့်လာခဲ့တာ အခုတော့ နင်တစ်လှည့်ပြန်ပြီး အရှက်ကွဲရတဲ့အရသာကို ခံစားကြည့်လိုက်ပေါ့!"
"ဟုတ်တယ်!"
ဝမ်ရှင်းယန်၏ရိုင်းစိုးသည့်အပြုအမူများသည် ကျောက်အလောင်းအစားလမ်းတွင် နာမည်ဆိုးဖြင့်ကျော်ကြားနေခဲ့သောကြောင့် နေထိုင်သူအများစုမှာ သူမကို အတော်လေးမုန်းတီးနေခဲ့ကြသည်။
အခုတော့ ဝမ်ရှင်းယန်တစ်ယောက် တစ်ကိုယ်တည်း အကူအညီမဲ့နေခဲ့ကာ သူမထံသို့ မုန်းတီးစွာချဉ်းကပ်လာနေကြသည့်လူများကို ကြောက်ရွံ့နေရသည်။
မကြာခင်တွင်ပဲ ရဲများရောက်လာကာ ချက်ချင်းပဲ ဝမ်ရှင်းယန်ကို ဖမ်းဆီးလိုက်သည်။ ကုနင်းသည်လဲ နစ်နာသူဖြစ်သောကြောင့် သူတို့နောက်ကနေပြီး ရဲစခန်းသို့လိုက်သွားခဲ့သည်။
"ငါ့ကိုလွှတ်စမ်း! မဟုတ်ရင် ဝမ်မိသားစုက နင်တို့ကို အပြစ်ပေးလိမ့်မယ်!" ဝမ်ရှင်းယန်သည် လူများကိုခြိမ်းခြောက်ရသည်မှာ အကျွမ်းဝင်နေပြီဖြစ်သည်။
"ဟွန့်၊ ဝမ်မိသားစု? ငါတို့ကို ဝမ်မိသားစုက ဒုက္ခပေးနိုင်ဦးမယ်လို့ မင်းက ထင်နေသေးတာလား?" ရဲတစ်ယောက်က အထင်သေးစွာမေးလိုက်သည်။
"ရှင်..." ဝမ်ရှင်းယန် ကြောင်အသွားတော့သည်။
"ဟ-ဟ။" ကုနင်း ခပ်ဟဟရယ်လိုက်မိသည်။ ဝမ်ရှင်းယန်၏မိုက်မဲလှသည့်ပုံစံက တကယ်ကိုရယ်စရာကောင်းနေသည်။
ဝမ်ရှင်းယန်သည်လဲ ကုနင်းသူမကို လှောင်ရယ်နေသည်ကိုကြားသည်နှင့် ချက်ချင်း ကုနင်းဘက်ကိုလှည့်ကာ အော်ဟစ်ဆဲဆိုတော့သည်၊
"ခွေးမ! ဒါတွေအားလုံးနင့်ကြောင့်! နင့်ကြောင့်ပဲ!"
တစ်ချိန်တည်းမှာပဲ ကုနင်းကို ထပ်မံတိုက်ခိုက်ရန် ကြိုးစားလိုက်ပေမယ့် သူမဘေးတစ်ဖက်တစ်ချက်စီမှရဲများက ချက်ချင်း ထိန်းချုပ်လိုက်ကာ,
"တိတ်တိတ်နေစမ်း!"
ဝမ်ရှင်းယန်၏ လှုပ်ရှားမှုများက ထိန်းချုပ်ခံလိုက်ရပေမယ့်လဲ ဆက်လက်ဆဲဆိုနေခဲ့သည်။
ကုနင်း သူမကို အေးစက်စက်တစ်ချက်ကြည့်လိုက်ကာ သတိပေးလိုက်သည်၊
"နင်နောက်တစ်ကြိမ်ငါ့ကိုထပ်ပြီး ဆဲရဲရင်၊ နင်တစ်သက်လုံး အသံတိတ်သွားရအောင် ငါလုပ်ပစ်မယ်။"
***
အခန်း ၂၉၄
ဖြောင့်ချက်
ဝမ်ရှင်းယန် ကြောက်လန့်သွားကာ ချက်ချင်းပါးစပ်ပိတ်သွားတော့သည်။ ရဲများပင်လျှင် ကုနင်း၏အေးစက်လှသည့်အသံကို ကြောက်ရွံ့သွားမိကြသည်။
စစ်ဆေးမေးမြန်းခန်းတွင်တော့ ရဲတစ်ယောက်က စဉ်းမျဉ်းနှင့်အညီ ကုနင်း၏ထွက်ဆိုချက်များကို ချမှတ်နေသည်။
"မင်းရဲ့အသက်၊ နာမည်နဲ့ ဘယ်မှာနေတာလဲ?"
"ကုနင်း၊ ၁၈နှစ် Fမြို့ကပါ။"
"မင်းအဲ့မိန်းကလေးကိုသိလား? မင်းတို့နှစ်ယောက် ဘယ်လိုပတ်သတ်တာလဲ? သူက ဘာလို့မင်းကိုသတ်ချင်နေရတာလဲ?" ရဲက ဆက်ပြီးမေးမြန်းလိုက်သည်။
"ကျွန်မ ဝမ်ရှင်းယန်နဲ့ နှစ်ကြိမ်ပြဿနာတက်ဖူးတယ်။ တစ်ခေါက်က စားသောက်ဆိုင်တစ်ခုမှာ ကျွန်မနဲ့ ကျွန်မချစ်သူ ကြိုမှာထားတဲ့အခန်းကို သူကကလာလုတာပေမယ့် နည်းနည်းပါးပါးလေးပဲစကားများလိုက်ကြတာပါ။ နောက်တော့ လမ်းပေါ်မှာ ဝမ်ရှင်းယန်က အုပ်စုဖွဲ့ပြီး ကောင်မလေးတစ်ယောက်ကို အနိုင်ကျင့်နေတာကို ကျွန်မတွေ့ခဲ့တယ်။ ဒါနဲ့ကျွန်မလဲ အဲ့ဒီ့အပြစ်မဲ့တဲ့မိန်းကလေးဘက်က ကူညီပြီး သူတို့ကို ရိုက်ခဲ့တယ်။ နောက်တစ်နေ့မှာပဲ၊ ဝမ်မိသားစုကနေပြီး ကျွန်မချစ်သူရော ကျွန်မကိုပါ ဖမ်းဖို့ ရဲတွေလွှတ်လိုက်ပြီး ဘာစစ်ဆေးမေးမြန်းမှုမှမရှိဘဲ ထောင်ထဲထည့်ဖို့လုပ်တယ်။ တော်သေးတာက ပြည်သူ့လုံခြုံရေးဌာနခေါင်းဆောင်က ဒီသတင်းကိုကြားပြီး ကိုယ်တိုင် ကျွန်မတို့ကိုလွှတ်ပေးဖို့ဖုန်းဆက်လာပေလို့သာပေါ့။
နောက်တော့ ဝမ်မိသားစုရဲ့လျှို့ဝှက်ချက်တွေဖော်ထုတ်ခံရပြီး ဝမ်မိသားစုတစ်ခုလုံးဖြုတ်ချခံခဲ့ရတယ်။ ပြီးတော့ ကျွန်မချစ်သူကနေပြီး ဝမ်မိသားစုရဲ့ကျောက်ရိုင်းတူးဖော်ခွင့်ကို ကျွန်မအတွက်ကူပြီး ဝယ်ပေးခဲ့တာကြောင့် ဝမ်မိသားစုက ကျွန်မသူတို့ကို လက်စားပြန်ချေတာလို့သတ်မှတ်သွားရော။ ဒါကြောင့် ဝမ်ရှင်းယန် ကျွန်မကိုလာသတ်တာ။" ကုနင်းရှင်းပြလိုက်သည်။ သူမပြောသွားသည့်အချက်များမှာ လွယ်လင့်တကူရှာဖွေဖော်ထုတ်နိုင်သည့်သတင်းများဖြစ်သောကြောင့် ဖုံးကွယ်နေဖို့ရန်မလိုအပ်ပေမယ့် ရဲဘက်က ရှာဖို့မဖြစ်နိုင်သည့်သတင်းများကိုတော့ ကုနင်းထုတ်မပြောခဲ့ပေ။
ကုနင်း၏ဖြောင့်ချက်ကို မှတ်ယူနေသည့်ရဲနှစ်ယောက်သည်တော့ လွန်စွာအံ့ဩသွားရသည်။ သူတို့မျက်စိရှေ့တွင်ရှိနေသည့်မိန်းကလေးမှာ ပြည်သူလုံခြုံရေးဌာနမှနေတောင် လွှတ်ပေးဖို့ရန် ပြောလာရသူဖြစ်ပြီး ဝမ်မိသားစု၏ကျောက်ရိုင်းတူးဖော်ခွင့်ကိုတောင်မှ ဝယ်ယူပိုင်ဆိုင်နိုင်ခဲ့သူဖြစ်နေလေသည်။ ဒီမိန်းကလေးမှာ လုံးဝသာမာန်ကောင်မလေးတစ်ယောက်မဖြစ်နိုင်ပေ!
စစ်ဆေးမေးမြန်းနေသည့်ရဲနှစ်ယောက်၏အမူအရာများချက်ချင်းပြောင်းလဲသွားကာ ကြင်နာသဘောကောင်းသည့်အပြုံးမျိုးဆင်မြန်းလိုက်ရင်း ကုနင်းကို ရှည်ရှည်ဝေးဝေးမေးခွန်းများဆက်မေးမနေတော့ဘဲ ထွက်သွားခွင့်ပေးလိုက်တော့သည်။
ကုနင်းပြောသည့်စကားများမှာ အမှန်ဖြစ်စေ လိမ်ညာနေသည်ဖြစ်စေ ဝမ်ရှင်းယန် သူမကို သတ်ဖို့ကြိုးစားသည့်ကိစ္စသည်တော့ ငြင်းဆန်၍မရနိုင်သည့်အမှန်တရားဖြစ်သည်။ သူတို့ဘက်တွင်လဲ သက်သေပြည့်ပြည့်စုံစုံရှိနေပြီဖြစ်သောကြောင့် ဝမ်ရှင်းယန်ကို ချက်ချင်းဖမ်းဆီးလိုက်ကာ သူမ၏လက်ကျန်ဘဝမှ နှစ်အတော်များများ ထောင်ထဲတွင်ကုန်ဆုံးရတော့မည်ဖြစ်သည်။
ထိုဆိုးရွားလှသည့်သတင်းသည် ဝမ်မိသားစုဝင်များကို ထပ်မံ၍ ပြင်းပြင်းထန်ထန် ရိုက်ခတ်သွားပြန်သည်။ သူတို့အားလုံး ကုနင်းကို သေလောက်အောင်မုန်းတီးကြနေပေမည့် အခုချိန်တွင် ဝမ်မိသားစု၌ မကျန်းမမာဖြင့်အိပ်ရာထဲလဲနေသည့် ဝမ်ဟုန်းမင်နှင့် အသုံးမဝင်သည့်အမျိုးသမီးတစ်သိုက်သာကျန်ရှိနေတော့သောကြောင့် ဘာမှပြန်မလုပ်နိုင်ပေ။
ကျန်းဖန်၊ ထန်ဟိုင်ဖုန်း၊ ကျန်းသဲ့ချန် နှင့် ယန်ရွှီယာတို့အားလုံး ထိုသတင်းကိုကြားသည်နှင့် ကုနင်းကိုဖုန်းဆက်ကာ သတင်းမေးကြပြီး ကုနင်းအန္တရာယ်ကင်းကင်းရှိနေသည်ကိုသိရတော့မှသာ စိတ်အေးသက်သာသွားကြရသည်။
ညနေ၆နာရီဝန်းကျင်တွင်တော့၊ ဝမ်ကျင်းမြောင်က ကုန်လှောင်ရုံသို့ ကျောက်ရိုင်းထရက်ကားတစ်စီးပို့ပေးလာခဲ့သည်။ သူတို့ကျောက်ရိုင်းများကိုရွှေ့ပြောင်းနေချိန်တွင်တော့ ကုနင်း ထိပ်တန်းအဆင့်ကျောက်စိမ်းပါသည့်ကျောက်ရိုင်းများကို ကုန်လှောင်ရုံအသေးထဲသို့ထည့်လိုက်သည်။ ထိုကျောက်ရိုင်းများမှ ကျောက်စိမ်းများကိုတော့ သူမကိုယ်တိုင်ဖြတ်တောက်ရန် စီစဉ်ထားပြီး ကျန်သည့်ကျောက်ရိုင်းများကိုတော့ဖြင့် တခြားလက်ဝတ်ရတနာလုပ်ငန်းရှင်များအတွက် ရောင်းချပေးမည်ဖြစ်သည်။
အခုချိန်တွင် ကုနင်းသည် ကျောက်စိမ်းလုပ်ငန်းအပါအဝင် လုပ်ငန်းအမျိုးပေါင်းများစွာကို လုပ်ကိုင်နေပြီဖြစ်သောကြောင့် ထိုလုပ်ငန်းများကို စနစ်တကျ စီမံခန်ခွဲဖို့ရန်လိုအပ်လေသည်။
ဝမ်မိသားစု၏ကျောက်ရိုင်းတင်ပို့မှုလုပ်ငန်းမှ သူဌေးဖြစ်သူမှပြောင်းလဲသွားပြီဖြစ်ပေမည့် ဝမ်မိသားစု၏ဖောက်သည်များသည်တော့ ဆက်လက်ရှိနေစဲပင်။ သို့ပေမယ့် တချို့သည်တော့ Colorfulကျောက်ရိုင်းတင်ပို့မှုလုပ်ငန်းက ကျောက်စိမ်းပါရှိသည့် ကျောက်ရိုင်းများအားလုံးကို Colorfulကျောက်စိမ်းတင်ပို့သည့်လုပ်ငန်းအတွက်ပေးပစ်ပြီး သူတို့အတွက်ကိုတော့ဖြင့် အဖိုးမတန်သည့်ကျောက်ရိုင်းများသာကျန်ရှိနေခဲ့မည်ကို စိုးရိမ်မိကြသည်။ သို့ပေမည့် ကျန်းဖန်ဘက်ကနေပြီး သူတို့ရဲ့ဖောက်သည်အားလုံးအပေါ်တွင် မျှမျှတတဖြင့် ဆက်ဆံပေးမည်ဖြစ်ကြောင်း ကတိပေးခဲ့လေသည်။
လင်ရှောင်းထင် တာဝန်ထမ်းဆောင်ရန်ထွက်သွားခဲ့သည်မှာ နှစ်ရက်ပင်ရှိသွားပြီဖြစ်ပေမည့် ပြန်လဲမလာခဲ့သလို ကုနင်းကို ဖုန်း သို့မဟုတ် စာလဲမပို့လာခဲ့သေးပေ။ ကုနင်းသည်လဲ လင်ရှောင်းထင် တာဝန်ထမ်းဆောင်နေရသည်ကို နားလည်သောကြောင့် သူမဘက်ကလဲ လင်ရှောင်းထင်ကို ဖုန်းခေါ်ခြင်း စာပို့ခြင်းမပြုခဲ့ပေ။
နောက်တစ်နေ့မနက်တွင်တော့ ကုနင်း ဆရာကြီးထန်ဆီမှ ဖုန်းလက်ခံရရှိကာ ဆရာကြီးထန်မှာ မကြာခင်အချိန်အတွင်း Bမြို့သို့ပြန်တော့မည်ဖြစ်၍ သူမသွားခင် ကုနင်းကို သူနှင့်အတူ နေ့လည်စာလာစားပါရန် ဖိတ်ကြားခြင်းဖြစ်သည်။
ကုနင်းသည် ဆရာကြီးထန်မှာ သူမ၏သွေးရင်းအဖိုးဖြစ်နေကြောင်း သိပြီးနောက် ခံစားချက်များရှုပ်ထွေးနေခဲ့ရသည်။ သူမက ကုနင်း၏ခန္ဓာကိုယ်ထဲတွင်ရောက်နေသည့် ထန်အိုက်နင်းဖြစ်သော်လည်း သူမတို့နှစ်ယောက်သည် ခန္ဓာတစ်ခုထဲတွင် စိတ်ခံစားချက်အားလုံးကို ဝေမျှထားရခြင်းဖြစ်သည်။
"ကောင်မလေးကု, လာ, လာထိုင်ဦး!" ထန်ဟိုင်ဖုန်းသည်တော့ ကုနင်းကို မြင်တွေ့လိုက်ရသည့်အခေါက်တိုင်း စိတ်လှုပ်ရှားပျော်ရွှင်နေမိကာ အခုလဲ လူကိုယ်တိုင် မတ်တပ်ထရပ်ပြီး ကုနင်းကိုကြိုဆိုနေသည်။
"ထန်ဖိုးဖိုး၊ ထိုင်နေပါ။" ကုနင်းချက်ချင်း ထန်ဟိုင်ဖုန်းနားကိုသွားလိုက်ကာ ပြန်ထိုင်ရန် ကူညီပေးလိုက်သည်။
"ငါ့ကို ဖိုးဖိုးလို့ပဲခေါ်ပါ။" ထန်ဟိုင်ဖုန်း အနည်းငယ်မကျေမနပ်ပြောလိုက်သည်။
"ကောင်းပါပြီ၊ ဖိုးဖိုး။"
"ဟ-ဟ၊ ဒီလိုမှပေါ့! မင်းဘာစားမလဲ? ငါဒီနေ့လည် Bမြို့ကိုပြန်ရတော့မှာ မင်းနဲ့နောက်တစ်ကြိမ်ဘယ်တော့များမှပြန်တွေ့နိုင်မလဲဆိုတာ မသိဘူး။" ထန်ဟိုင်ဖုန်းအနည်းငယ်ဝမ်းနည်းနေမိသည်။
ကုနင်းသည်လဲ ထန်ဟိုင်ဖုန်း အခုလိုဝမ်နည်းနေသည်ကိုမမြင်ချင်သောကြောင့် ကတိပေးလိုက်သည်၊
"ဖိုးဖိုး၊ သမီး တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေပြီးတာနဲ့ Bမြို့ကိုလာလည်ပါ့မယ်။ ကတိပေးတယ်နော်။"
"ကောင်းတယ်၊ ကောင်းတယ်။"
သူတို့နှစ်ယောက် ပျော်ပျော်ရွှင်ရွှင် စားသောက်ရင်းစကားပြောနေကြပေမယ့် ထန်ဟိုင်ဖုန်း ကုနင်းကိုကြည့်လိုက်မိသည့်အချိန်တိုင်း ထန်ယွင်ဖန်းအကြောင်းတွေးမိသွားကာ မကြာခဏသက်ပြင်းမချဘဲမနေနိုင်တော့ပေ။
ကုနင်းလဲ ထန်ဟိုင်ဖုန်းဘာကြောင့် သက်ပြင်းချနေရသည်ကိုနားလည်ပေမယ့် သူမမေးလိုက်၍ပိုပြီးဝမ်းနည်းသွားမည်ကိုစိုးရိမ်သောကြောင့် ဘာမှမမေးခဲ့ပေ။
သို့ပေမယ့် ထိုအရာကို ကုနင်းအချိန်အတော်ကြာသည်အထိ လျစ်လျူမရှုထားနိုင်တော့ဘဲ အဆုံးတွင်တော့ သူမဘက်ကစပြီးမေးလိုက်တော့သည်၊
"ဖိုးဖိုး၊ ဘာလို့ခနခနသက်ပြင်းချနေရတာလဲ? စိတ်မကောင်းစရာကိစ္စတွေကို ပြန်တွေးနေမိလို့လား? အဆင်ပြေရင် သမီးကိုပြောပြလေ၊ နားထောင်ပေးပါမယ်။"
တကယ်တော့ ထန်ဟိုင်ဖုန်းသည် ကုနင်းကို သူစိုးရိမ်ပူပန်နေရသည့်ကိစ္စများကိုပြောပြချင်နေခဲ့ခြင်းဖြစ်သည်။
"တကယ်တော့, ငါ့ရဲ့ဒုတိယသားအကြောင်းကိုတွေးနေမိရုံပါ။ သူကနေ့တိုင်း အချိန်တိုင်းအလုပ်ပဲလုပ်နေတယ်။ အခုလို ၂၄နာရီ ၇ရက်ပတ်လုံး အလုပ်ကိုပဲဆက်လုပ်နေဦးမယ်ဆိုရင် ငါသူ့ကျန်းမာရေးအတွက်စိတ်ပူလာမိပြီ။ ပြီးတော့ သူကအခုဆို အသက်၄၂နှစ်တောင်ရှိနေပေမယ့် အိမ်ထောင်ပြုဖို့ရော ကလေးယူဖို့ပါ အမြဲငြင်းနေတယ်။ သူ့အဖေတစ်ယောက်အနေနဲ့ သူဘယ်လောက်ပဲ အလုပ်တွေရှုပ်နေပြီး အဆင်ပြေနေတယ်ပြောပြော တကယ်တမ်းကျ တစ်ယောက်တည်းအထီးကျန်တယ်ဆိုတာ ငါနားလည်တယ်။"
ထန်ယွင်ဖန်းသည် သူဘဝသက်တမ်း၏ဆယ်စုနှစ်တစ်ခုထပ်မက တစ်ကိုယ်တည်းနေခဲ့ပြီးဖြစ်၍ ထန်ဟိုင်ဖုန်းသည်လဲ အစောကတည်းက ထိုကိစ္စအတွက် ကျင့်သားရနေပြီဖြစ်ပေမယ့် ထန်ဟိုင်ဖုန်းသည် အသက်အရွယ်ရနေပြီဖြစ်သည့် လူအိုကြီးတစ်ဦးသာဖြစ်သည်။ သူ့ဘဝသက်တမ်းသည်လဲ မကြာခင်ကုန်ဆုံးတော့မည်ဟု တွေးနေမိပြီး သူ၏ဒုတိယသားထန်ယွင်ဖန်းအတွက် စိုးရိမ်ပူပန်နေမိသည်။
***
အခန်း ၂၉၅
မြေးမ
ထန်ဟိုင်ဖုန်း၏စကားများကိုကြားရတော့ ကုနင်းသနားမိသွားသည်။ ထန်ယွင်ဖန်းဖြတ်သန်းခဲ့ရသည့်အခြေအနေများကြောင့် ကုနင်းအနေနှင့် သူ ကုမန့်ကိုထားသွားခဲ့သည့်အပေါ် မကျေမနပ်မဖြစ်မိပေ။ ထန်ယွင်ဖန်းကိုယ်တိုင်က တမင်လုပ်ချင်၍လုပ်ခဲ့ခြင်းမှမဟုတ်ဘဲ။
"သူကဘာလို့ လက်ထပ်ဖို့အမြဲတမ်းငြင်းနေတာလဲ?" ကုနင်းမေးလိုက်သည်။
"ငါတို့လဲမသိပါဘူးကွာ၊ သူကလဲမပြောပြဘူး၊ ဒါပေမယ့် သူကိုယ်တိုင်လဲ ဘာကြောင့် လက်ထပ်ဖို့တွန့်ဆုတ်နေမိမှန်းမသိဘူးလို့ထင်တယ်။ အစကတော့ သူ့လိင်ပိုင်းဆိုင်ရာစိတ်ခံစားချက်ကြောင့်လို့ ငါတို့လဲသံသယဝင်မိခဲ့ပေမယ့် သူကအခြောက်လဲမဟုတ်ပြန်ဘူး။" ထန်ဟိုင်ဖုန်းတစ်ယောက် သက်ပြင်းတချချဖြင့်သာပြောနေတော့သည်။ ထန်ယွင်ဖန်း၏ဖခင်တစ်ယောက်အနေဖြင့် သူကိုယ်တိုင်လဲ ဘာကြောင့်များသူ့သားက လက်ထပ်ဖို့ရန်အတွက်ငြင်းဆန်နေရလဲဆိုသည်ကို နားမလည်နိုင်ပေ။
"သူအမျိုးသမီးတစ်ယောက်ကို ချစ်မိသွားပေမယ့် အတူရှိနေခွင့်မရလို့ အခုတော့ လက်ထပ်ဖို့ကိုငြင်းဆန်နေတာရောမဖြစ်နိုင်ဘူးလား?"
"ငါလဲအဲ့လိုမျိုးတွေးဖူးပါတယ်။ ငါစုံလဲစုံစမ်းကြည့်ဖူးပေမယ့် ဘာသတင်းမှမရခဲ့ဘူး။"
"ဆရာကြီး၊ ကျွန်တော့်အထင်တော့ သခင်ထန်ရဲ့မှတ်ဉာဏ်ပျောက်ဆုံးနေတာနဲ့ တစ်နည်းနည်းဆိုင်နေတာဖြစ်မယ်။" ထန်ဝူကပြောလာသည်။ ဒီအတွေးမျိုးသည်လဲ ယခင်ကတွေးဖူးကြပြီးသားဖြစ်ကာ သက်သေမရှိသောကြောင့် မည်သူမှမယုံကြည်နိုင်ကြပေ။
ထန်ဟိုင်ဖုန်းသည်တော့ ပြောလေဝမ်နည်းလေဖြင့် သက်ပြင်းသာချနေတော့သည်။
"ဖိုးဖိုး၊ စိတ်မပူနေပါနဲ့။ ဘဝဆိုတာအပြောင်းအလဲတွေအများကြီးရှိတာပဲ။ တစ်နေ့နေ့တော့ ဖိုးဖိုးရဲ့သားလဲ သူ့စိတ်ပြောင်းသွားနိုင်တာပဲကို!" ကုနင်း ထိုအရာကအတော်လေးအဓိပ္ပါယ်မရှိမှန်းသိသော်ငြားလည်း ဆရာကြီးထန်အား နှစ်သိမ့်ပေးလိုက်သည်။ ထန်ဟိုင်ဖုန်းသာ ထိုကိစ္စကို စိတ်ထဲမထည့်ထားတော့လျှင် အခုလောက်ကြီးဝမ်းနည်းနေတော့မည်မဟုတ်ပေ။
ဆရာကြီးထန်သည်လဲ ကုနင်းဆိုလိုချင်သည့်အဓိပ္ပါယ်ကို နားလည်ပေမည့် အမှန်တရားကိုလက်ခံဖို့ရန် ခက်ခဲနေသေးသည်။
သို့ပေမယ့် ကုနင်းကိုပါ ဝမ်းမနည်းစေရန်အတွက် ထန်ဟိုင်ဖုန်း ပျော်ရွှင်သွားသလို ဟန်ဆောက်လိုက်ကာ,
"ဟုတ်တာပေါ့၊ ဘဝမှာအပြောင်းလဲတွေအများကြီးကြုံရဦးမှာပဲ! ယွင်ဖန်းအခုလို လက်ထပ်ဖို့ငြင်းဆန်နေတာက ရှက်စရာကောင်းတယ်ဆိုပေမယ့် ငါ သူ့ကို အတင်းတော့ဖိအားမပေးပါဘူး။"
စားသောက်ပြီးသွားချိန်တွင်တော့ ထန်ဟိုင်ဖုန်းက ထန်ဝမ်ကို အကြည့်တစ်ချက်ဖြင့်ကြည့်လိုက်ပြီး ထန်ဝမ်သည်လဲ သူ့ဆရာကြီးဘာကိုပြောချင်လဲဆိုသည်ကို ချက်ချင်းနားလည်လိုက်ကာ လက်တစ်ဝါးအရွယ်လောက်ရှိသည့် သေတ္တာလေးတစ်လုံးကို ထန်ဟိုင်ဖန်းအားပေးလာသည်၊
"ကောင်မလေးကု၊ မင်းကအခုကစပြီး ငါ့မြေးမဖြစ်သွားပြီဆိုတော့ ဒါလေးကို မင်းရဲ့အဖိုးတစ်ယောက်အနေနဲ့ လက်ဆောင်ပေးမယ်။"
"အထဲမှာ ကဒ်နှစ်ကဒ်ပါတယ်၊ တစ်ကဒ်ကကတော့ ဟွမ်ဒင်ဟိုတယ်အတွက် ဘလက်ခ်ကဒ်၊ ဒီကဒ်နဲ့ဆို တစ်နိုင်ငံလုံးမှာရှိတဲ့ ဟွမ်းဒင်ဟိုတယ်တိုင်းမှာ တည်းခိုခွင့်, စားခွင့် သောက်ခွင့်အကုန်အလကားပဲ။ နောက်တစ်ခုကတော့ ဖန်ရှန်းဈေးဝယ်စင်တာအတွက် ဘလက်ခ်ကဒ်။ ဒီကဒ်နဲ့ဆို မင်းတစ်ဘဝလုံး ဖန်ရှန်းဈေးဝယ်စင်တာမှာ အလကားဝယ်ခွင့်ရှိသွားပြီ။ ဒါပေမယ့် လစဉ် ယွမ်၁သိန်းကန့်သတ်ချက်တော့ရှိတာပေါ့၊ ဒါကသိပ်တော့မများပေမယ့် ငါ့လက်ဆောင်လေးပါ။ မင်းတကယ်ပဲ ငါ့ကိုအဖိုးလို့သဘောထားရင် လက်ခံလိုက်။"
ကုနင်းဘာပြန်ပြောလို့ပြောရမှန်းပင်မသိတော့ဘဲ လက်ခံလိုက်ရတော့သည်။ အခုဆရာကြီးထန်ဘက်ကမပြောလာခင်အထိ ထန်မိသားစုက ဟွမ်းဒင်ဟိုတယ်ကိုပိုင်ဆိုင်မှန်း ကုနင်းမသိထားခဲ့ပေ။
ဟွမ်းဒင်ဟိုတယ်သည် အခွဲပေါင်းများစွာဖြင့် တတိယတန်းစားအဆင့်အထက်ရှိမြို့တိုင်းတွင် ဖွင့်လှဟ်ထားသည့် ဟိုတယ်ကြီးတစ်ခုဖြစ်ပြီး ဖန်ရှန်းဈေးဝယ်စင်တာသည်လဲ ဒီနိုင်ငံထဲတွင် လူသူများထင်ရှားသည့်အမှတ်တံဆိပ်တစ်ခုဖြစ်သည်။ ထန်ဟိုင်းဖုန်း တကယ်ကို ရက်ရောတာပဲ! ဒီကဒ်နှစ်ကဒ်ဖြင့်ပင် ကုနင်း ဒီနိုင်ငံအတွင်း စားနိုင်သောက်နိုင် နေထိုင်နိုင်သလို အလကားလဲ လိုချင်တာဝယ်နိုင်ပြီဖြစ်သည်!
ထန်ဟိုင်ဖုန်းသည် အလွန်ရက်ရောကာ အခုလိုမျိုး ကုနင်းကိုတန်ဖိုးကြီးလှသည့်လက်ဆောင်လဲပေးသေးသည်။
"ကျေးဇူးအများကြီးတင်ပါတယ်၊ ဖိုးဖိုး။"
"သမီးလဲ လက်ဆောင်ပြင်ဆင်ထားသေးတယ်။ ဖိုးဖိုးတကယ်ပဲ သမီးကို မြေးအဖြစ်မှတ်ယူရင် လက်ခံရမယ်နော်။" ကုနင်းပြောရင်းဖြင့် သူမလွယ်အိတ်ထဲမှ သေတ္တာလေးတစ်လုံးကိုထုတ်ယူကာ ထန်ဟိုင်ဖုန်းအားပေးလိုက်သည်။
"တကယ်လား? ဘာလက်ဆောင်ပါလိမ့်?" ထန်ဟိုင်ဖုန်းလဲ အံ့အားသင့်သွားရသည်။
ကုနင်းပေးလာသည့်သေတ္တာလေးကိုဖွင့်လိုက်လျှင်ပဲ အထဲတွင် လက်သုံးလုံးစာအရွယ်ရှိ အနီရောင်ကျောက်လေးတစ်တုံးကိုတွေ့လိုက်ရသည်။ ထန်ဟိုင်ဖုန်း ထိုပစ္စည်းအကြောင်းမေးဖို့ပြင်လိုက်လျှင်ပဲ ကုနင်းကအရင်စပြောလာသည်၊
"ဒါက သဘာဝသန္တာကျောက်နီပဲ။ အစကတော့ ဆွဲပြားတစ်ခုအဖြစ်ပုံသွင်းပြီးမှ အဖိုးကိုပေးမလို့ကို အချိန်မရှိတော့တာနဲ့ ကျောက်ရိုင်းအတိုင်းကြီးပဲပေးလိုက်နိုင်တော့တယ်။ စိတ်မရှိပါနဲ့နော်။"
"ဘာ? သဘာဝသန္တာကျောက်နီ?" ထန်ဟိုင်ဖုန်း အလွန်အံ့အားသင့်သွားကာ ထန်ဝမ်နှင့် ထန်ဝူသည်လဲ ထိတ်လန့်အံ့ဩသွားရသည်။ သူတို့အားလုံး အလွန်ရှားပါးကာ တန်ဖိုးကြီးလှသည့် သဘာဝသန္တာကျောက်နီအကြောင်းကြားဖူးထားကြလေသည်။ ကုနင်းလက်ဆောင်အဖြစ်ပေးသည့်အရွယ်အစားဆိုလျှင် အနည်းဆုံး ယွမ်သန်းနှင့်ချီကာတန်ဖိုးရှိလေသည်!
"ဒါ-ဒါက အရမ်းဈေးကြီးလွန်းတယ်။" ကုနင်းလို ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်ကနေပြီး သူ့ကို အခုလိုအလွန်ဈေးကြီးလှသည့် လက်ဆောင်ပြန်ပေးဖို့ရန် မလိုအပ်ဟု ထန်ဟိုင်ဖုန်းတွေးမိသည်။
"ဖိုးဖိုးကလဲ လက်ခံလိုက်ပါ။ ဖိုးဖိုးသာ သမီးလက်ဆောင်ကိုမယူဘူးဆိုရင် ဖိုးဖိုးပေးထားတဲ့လက်ဆောင်ကိုလဲ သမီးမယူတော့ဘူးနော်။" ကုနင်းပြောရင်းဖြင့် ချက်ချင်း ဆရာကြီးထန်ပေးထားသည့်လက်ဆောက်ကို ပြန်ထုတ်ယူလိုက်သည်။
ထန်ဟိုင်ဖုန်းလဲ ချက်ချင်းပဲ သူမကိုတားလိုက်ကာ,
"ကောင်းပြီ-ကောင်းပြီ- ကောင်းပါပြီ၊ အဖိုးယူလိုက်ပါ့မယ်။"
တကယ်တော့ ကုနင်းဘက်က သူ့အတွက် သတိတရဖြင့် လက်ဆောင်ပြင်ဆင်ထားသည်ဆိုသည်ကပင် ထန်ဟိုင်းဖုန်းရင်ထဲ အလွန်ကြည်နူးမိနေပြီဖြစ်သည်။
ထို့နောက် သူတို့အချိန်အတော်ကြာ စကားဆက်ပြောကြပြီးနောက်မှပဲ လမ်းခွဲလိုက်ကြသည်။
ကုနင်းဘက်က ထန်ဟိုင်ဖုန်းကို လေဆိပ်လိုက်ပို့ဖို့ရန်ပြောပေမယ့် သူမအချိန်တွေကိုဖြုန်းတီးသလိုဖြစ်နေမည်စိုးသောကြောင့် ထန်ဟိုင်ဖုန်းငြင်းလိုက်လေသည်။ ထို့နောက် ကုနင်း စက်ရုံဘက်သို့ပြန်သွားလိုက်သည်။
အစပထမကတော့ဖြင့် ထန်မြို့တွင် သုံးရက်အတွင်း သူမလိုအပ်သမျှငွေကို ရှာဖွေရန် ကုနင်းစီစဉ်ထားခဲ့ပေမည့် မမျှော်လင့်ထားစွာပဲ ထန်မြို့တွင် တစ်ပတ်တောင်အချိန်ကုန်သွားမိသည်။ ကံကောင်းသည်ကတော့ အချိန်ကုန်ရကျိုးနပ်ကာ ရလဒ်မှာမဆိုးလှပေ။
တကယ်တမ်း ကုနင်းတွင် ဝမ်မိသားစုကိုဖြုတ်ချဖို့ရန်အတွက် ရည်ရွယ်ချက်မရှိခဲ့ပေမယ့် ဝမ်မိသားစုသည် ဆက်တိုက်ဆိုသလို သူမကို စိတ်အနှောက်အယှက်ပေးခဲ့သောကြောင့် အဆုံးတွင်မတတ်နိုင်ဘဲ ထိုသို့လုပ်ခဲ့ရခြင်းဖြစ်သည်။
ထို့ကြောင့် အခုချိန်တွင် ထန်မြို့တွင် လိုအပ်သည့်စီးပွားရေးဆိုင်ရာကိစ္စရပ်အားလုံးကို လုပ်ဆောင်ပြီးစီးခဲ့ပြီဖြစ်၍ မြို့တော်သို့သွားရန် ဆုံးဖြတ်လိုက်တော့သည်။
ကုနင်း၏ကုမ္ပဏီမှာ ထန်မြို့တွင်အခုမှ စတင်ဖွင့်လှစ်ကာစဖြစ်နေပေမယ့် သူမ ဝမ်မိသားစု၏ကျောက်ရိုင်းတူးဖော်ခွင့်ကို အလင်းအလျင်ဖြင့်ရယူနိုင်ခဲ့ချိန်မှစ၍ လူအများစုမှာ သူမကို ကြောက်ရွံ့လေးစားနေကြပြီဖြစ်သောကြောင့် ထားခဲ့ရမည်ကို စိုးရိမ်မနေတော့ပေ။