တောက်ဟွန်းမြို့မှ မိစ္ဆာဝိဥာဥ်
Vol. 21 Ch. 286
" ဟင် .. ငါ့တောက်ဟွန်းမြို့မှာ ဘယ်ကောင်က အဲ့လောက် အတင့်ရဲနေတာလဲ ၊ သေချင်နေပြီနဲ့တူတယ် "
ရှဲ့ဝူရ၏ မျက်လုံးတွင် အေးစက်စက် အလင်းတန်းတစ်ခု လက်သွားသည်။
စိတ်ဝိဥာဥ်သခင်ကြီးများအဖွဲ့၏ တည်ရှိမှုသည် တစ်ကမ္ဘာလုံး အတိုင်းအတာနှင့် ယှဥ်ပြောရလျှင်ပင် အလွန်ထူးခြား ဆန်းကြယ်ပါ၏။
တောက်ဟွန်းမြို့မှ သူတို့ ဌာနချုပ်မှာ မြောက်ပိုင်းဒေသအတွက် ဌာနခွဲတစ်ခုသာ ဖြစ်သည့်တိုင် သြဇာအာဏာသက်ရောက်မှုချင်း ယှဥ်ကြည့်ပါက နတ်ဘုရားမြို့တော်ထက် မနိမ့်ပေ။
နတ်ဘုရားမြို့တော် ပို သြဇာကြီးသည်ဟုပင် ပြော၍ရပါသည်။
နတ်ဘုရားမြို့တော်မှ မြို့စားကြီးသုံးယောက် ရောက်လာလျှင်ပင် သူတို့ကို လေးလေးစားစား ဆက်ဆံရမည်ဖြစ်ကာ အနည်းငယ်မျှပင် စော်ကားရဲမည် မဟုတ်ပါ။
ယခုမူကား .. တစ်စုံတစ်ယောက်က မြို့ပြင်မှနေ၍ သူတို့ အဖွဲ့ ခေါင်းဆောင်ကို ထွက်လာရန် ခေါ်နေ၏။
၎င်းမှာ စိတ်ဝိဥာဥ်သခင်ကြီးများ အဖွဲ့တစ်ခုလုံးကို ရန်စ စော်ကားလိုက်ခြင်းပင် ။
သို့သော် .. ထိုအချိန်တွင် ဟွမ်ဟိုင်က အသံတုန်တုန်ဖြင့် ပြောလာသည်။
" သခင်ကြီး .. အဲ့အသံက ... လောထျန်းပဲ "
" ဟင် ... "
ရှဲ့ဝူရ အံ့သြမှင်သက်သွားရသည်။
" လောထျန်း .. ဟုတ်လား ၊ ဟို မိုးကြိုးဘုရင်ကို သတ်ခဲ့တဲ့ လောထျန်းလား ။ သူက အခု ဒီကို ဘာလာလုပ်နေတာလဲ "
သူ မေး၏။
ဟွမ်ဟိုင်က ကြောက်ကြောက်ရွံ့ရွံ့ ပြန်ဖြေသည်။
" ကျုပ်က ဘယ်လိုလုပ် သိမှာလဲဗျ ။ ဒါပေမယ့် သူ ဒီကို ရောက်လာတာက ကောင်းတဲ့လက္ခဏာတော့ လုံးဝ မဟုတ်ဘူး ။ သခင်ကြီး .. ဒီတိုင်း အလုပ်မဖြစ်ရင် ကျုံ့ကျိုးက အကြီးအကဲမင်ကို ဒီကိုလာဖို့ ခေါ်လိုက်သင့်တယ်နော် "
ရှဲ့ဝူရက အပြုံးဖြင့် ပြော၏။
" သခင်ကြီးဟွမ်က ဒီ လောထျန်းကို တအားအကြောက်လွန်နေပြီနဲ့တူတယ် ။ သူက တကယ်လဲ အင်မတန်အစွမ်းထက်တာ မှန်ပါတယ်။ ကျုပ်သာ သူ့ကို တခြားတစ်နေရာမှာ တွေ့ရင် ဒီတိုင်း ရှောင်ထွက်သွားမိမှာပဲ ။ ဒါပေမယ့် ဒီနေရာက တောက်ဟွန်းမြို့ဆိုတာ မမေ့နဲ့ဦးလေ ။ မြောက်ပိုင်းဒေသရဲ့ အကြီးဆုံး ဌာနချုပ် ရှိတဲ့မြို့ပါ "
ဟွမ်ဟိုင်မှာ ထိုစကားကို ကြားသည့်တိုင် စိုးရိမ်မှု မကင်းသေး ဟန်ဖြင့် ဆက်ပြောသည်။
" ဒါပေမယ့် လောထျန်းကိုက သာမာန်အတွေးမျိုးနဲ့ သွားတွက်ပြီး တိုက်ခိုက်လို့ မရဘူးဗျ "
ရှဲ့ဝူရက လက်ကာပြကာ ပြန်ပြော၏။
" သခင်ကြီးဟွမ်ဟိုင် ၊ စိတ်မပူပါနဲ့ဗျာ။ ကျုပ် သူနဲ့ လူချင်းသွားတွေ့လိုက်မယ် ။ သူ့ဘက်က ဘာပြဿနာမှ မရှာလာရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမယ့် .. တကယ်လို့ သူက မစဥ်းစား မဆင်ခြင်ဘဲ လုပ်လာခဲ့ရင်တော့ ဒီ တောက်ဟွန်းမြို့က သူ့အတွက် သင်္ချိုင်း ဖြစ်သွားလိမ့်မယ် "
ရှဲ့ဝူရက ထိုသို့ ပြောပြီးသည်နှင့် ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး ကောင်းကင်ယံသို့ တဟုန်ထိုး ပျံတက်သွားလိုက်သည်။
ဟွမ်ဟိုင်မှာ သူ ထွက်သွားသည်ကို ကြည့်ရင်း ခေါင်းကိုသာ တဗျင်းဗျင်း ကုတ်လိုက်သည်။
" ဒီလူရဲ့ မျက်နှာက ဘာလို့ လူသတ်အရိပ်အငွေ့တွေနဲ့ အပြည့် ဖြစ်နေရတာလဲ ။ မဖြစ်ဘူး .. ငါ ဒီမှာ ကြာကြာဆက်နေလို့ မဖြစ်ဘူး။ ခုတည်းက ထွက်ပြေးတာပဲ ကောင်းမယ် "
သူ ထိုသို့ ပြောပြီးသည်နှင့် သူ့ကိုယ်က အမည်းရောင် မြူမှုန်များအဖြစ် ပြောင်းသွားကာ နေရာမှ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
ထိုစဥ် .. တဖက်မှ ရှဲ့ဝူရမှာ အခြား လူ ဆယ်ယောက်ကျော်နှင့်အတူ လေထဲတွင် ပျံသန်းနေကြ၏။
မကြာမီမှာပင် လေထဲ၌ လက်နောက်ပစ်ကာ ရပ်နေသည့် လောထျန်းအား သူတို့ တွေ့သွားသည်။
" မင်းက ဘယ်သူလဲ "
ရှဲ့ဝူရက သိသိရက်ဖြင့် မေး၏။
" ပျောင်ပိုင်မြို့က လောထျန်း "
လောထျန်းက ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေသည်။
" လောထျန်း ..ဟုတ်လား မင်း ဘယ်သူဆိုတာ ငါ စိတ်မဝင်စားဘူး ။ အခု မင်းက ငါတို့ တောက်ဟွန်းမြို့ကိုတောင် လာပြီး အော်ဟစ်ရဲနေတာဆိုတော့ ဒါ ဘာအဓိပ္ပါယ်လဲ မင်း သိရဲ့လား "
ရှဲ့ဝူရက လက်ဦးမှုယူပြီး အပါ်စီးမှနေကာ ပြောလိုက်သည်။
လောထျန်းက တဖက်လူကို မျက်မှောင်ကြုံ့ကြည့်ကာ ပြန်ပြော၏။
" ကျုပ်ကို လာပြီး အနိုင်ကျင့်ဖို့ ကြိုးစားမနေနဲ့ ။ ကျုပ် မေးခွန်းတစ်ခု မေးစရာရှိတယ် ။ ကျုပ်ရဲ့ ပျောင်ပိုင်မြို့က ဗောဓိပင်အကြောင်းကို သတင်းဖြန့်တာ ခင်ဗျားတို့ စိတ်ဝိဥာဥ်သခင်ကြီးများ အဖွဲ့ကလား "
သူ နတ်ဘုရားမြို့တော်သို့ မလာခင်တွင် ထိုသတင်းကြောင့် မြောက်ပိုင်းဒေသမှ အစွမ်းထက် ကျင့်ကြံသူ အများအပြား ပျောင်ပိုင်မြို့ကို တိုက်ခိုက်ရန် လာခဲ့ကြပါသည်။
အကယ်၍ သူသာ လုံလောက်အောင် အစွမ်းထက်ထားခြင်း မရှိလျှင် သူတို့ ပျောင်ပိုင်မြို့က အပျက်အစီးများအဖြစ် ပြောင်းသွားသည်မှာ ကြာနေလောက်လေပြီ ။
ထိုစကားကို ကြားသောအခါ ရှဲ့ဝူက မျက်မှောင်ကြုံ့သွားပြီး ပြန်ပြောသည်။
" အဲ့တော့ ဘာဖြစ်လို့လဲ ၊ ငါတို့က လိမ်ပြောနေတာမှမဟုတ်တာ ။ မင်းတို့ ပျောင်ပိုင်မြို့မှာ ဗောဓိပင်တစ်ပင် အမှန်တကယ်လဲ ရှိနေတာပဲ .. ငါ ပြောတာ မှားလို့လား "
လောထျန်း ချက်ချင်း မျက်မှောင်ကြုံ့သွားကာ အေးစက်စက် ပြန်ပြော၏။
" ကျုပ်မြို့မှာ တကယ်လဲ ဗောဓိပင် တစ်ပင် ရှိတယ် ။ ဒါပေမယ့် ... ခင်ဗျားတို့က အဲ့ဒီသတင်းကို ဘာရည်ရွယ်ချက်နဲ့ ဖြန့်ခဲ့တာလဲဲ "
မည်သို့သော ရည်ရွယ်ချက်ပါနည်း ...
အမှန်တွင်မူ စိတ်ဝိဥာဥ်သခင်ကြီးများအဖွဲ့က အဘယ့်ကြောင့် ထိုသို့ လုပ်ခဲ့ရသည့် အကြောင်းရင်းကို မသိကြသည့်တိုင် ...
ထိုသို့ သတင်းဖြန့်ခြင်းက အခြားသူ၏ ဓားဖြင့် လူသတ်ရန် ကြိုးစားခြင်းဖြစ်ကြောင်း အားလုံးနားလည်ကြပါသည်။
ရှဲ့ဝူရက နှုတ်ခမ်းမဲ့ကာ ပြန်ပြော၏။
" ဘာရည်ရွယ်ချက် ရှိရဦးမှာလဲ .. ငါတို့ စိတ်ဝိဥာဥ်သခင်ကြီးများအဖွဲ့က အဲ့လို ပြောတယ်ဆိုတာ မင်းတို့ ပျောင်ပိုင်မြို့ကို ဂုဏ်တင်ပေးလိုက်တာနဲ့ ဘာမှ မခြားဘူးလေ ။ ဒါနဲ့တောင် ငါတို့ကို လာအပြစ်တင်နေသေးတယ်ပေါ့ ။ မင်းက တော်တော်ရိုင်းပါလား "
ထိုလူ လှည့်ပတ်ပြောနေသော စကားများကို နားထောင်ကာ လောထျန်း သက်ပြင်းချလိုက်သည်။
" ကောင်းပြီလေ ။ ကျုပ်က အစကတော့ ခင်ဗျားနဲ့ အေးအေးဆေးဆေး စကားပြောမလို့ပဲ ။ ဒါပေမယ့် ကြည့်ရတာ အလုပ်ဖြစ်မယ် မထင်ဘူး "
ရှဲ့ဝူရက လောထျန်းအား အထင်သေးသည့် အကြည့်ဖြင့် ပြန်ကြည့်ကာ ပြော၏။
" အလုပ်မဖြစ်တော့ မင်းက ဘာလုပ်ချင်လို့လဲ ။ မင်းက တိုက်ခိုက်ချင်လို့လား "
လောထျန်း၏ မျက်လုံးထဲတွင် အေးစက်စက် အငွေ့အသက်များဖြင့် ပြည့်သွားသည်။
" ခင်ဗျားပြောတာ မှန်တယ်။ ကျုပ်က အားမသုံးခင် ယဥ်ယဥ်ကျေးကျေး စကားပြောဖို့ပဲ စဥ်းစားထားခဲ့တာ။ အခု စကားပြောတာလဲ ပြီးသွားပြီဆိုတော့ တိုက်ခိုက်ဖို့ပဲ ကျန်တော့တာပေါ့။ ကျုပ် တောက်ဟွန်းမြို့ကို ဒီနေ့ပဲ ဖျက်ဆီးပစ်မယ် "
ဝုန်း ...
လောထျန်း၏ စကားဆုံးသည်နှင့် သူ့ကိုယ်အရောင်အဝါက ရုတ်ချည်း ပေါက်ကွဲထွက်လာသည်။
တောက်ဟွန်းမြို့ တစ်မြို့လုံး ရုတ်တရက် စတင်တုန်ခါလာ၏။
" ဘာတွေ ဖြစ်နေတာလဲ .. "
မြို့ထဲမှ လူများမှာ အစပိုင်းတွင် လောထျန်းအား လှောင်ပြုံးဖြင့် ကြည့်နေကာ သူ အရှက်ကွဲမည်ကို ဝမ်းသာအားရ စောင့်ကြည့်နေခဲ့ကြသော်လည်း ...
ယခုမှသာ သူတို့ အတွေး မှားသွားကြောင်း သိလိုက်ကြတော့သည်။
လောထျန်း၏ အစွမ်းမှာ သူတို့ ထင်ထားသည်ထက် အဆများစွာ ပိုနေပါ၏။
ရှဲ့ဝူရသည်ပင် မနေနိုင်ဘဲ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
" မိုးကြိုးဘုရင်ကို သတ်ခဲ့တဲ့ သူ ဆိုတဲ့အတိုင်းပါပဲလား ။ မင်းရဲ့အစွမ်းက တကယ်လဲ ကြောက်စရာကောင်းတာပဲ ။ ဒါပေမယ့် မင်းက မစော်ကားသင့်တဲ့သူကို စော်ကားခဲ့တာပဲကွ ။ အဲ့တော့ မင်း ဒီနေ့ပဲ သေရလိမ့်မယ် "
သူက ပြောပြောဆိုဆိုပင် လက်ခုပ်တစ်ချက်တီး၍ ဒေါသတကြီး အော်လိုက်သည်။
" အချုပ်အနှောင် .. ပွင့်စေ "
ထိုအော်သံ ဆုံးသည်နှင့် သူ့ကိုယ်ပေါ်တွင် ထွင်းထားသည့် စာလုံးများ အရောင်လက်လာ၏။
ဝီ ..
တစ်ချိန်တည်းမှာပင် တောက်ဟွန်းမြို့ ပတ်ပတ်လည်တွင်လည်း အမည်းရောင် မီးခိုးလုံးများ မြင့်တက်လာကြသည်။
ထို အမည်းရောင် မီးခိုးများက ပိုပို၍ သိပ်သည်းလာပြီး တောက်ဟွန်းမြို့ပေါ်တွင် ကျောချမ်းဖွယ် အရောင်အဝါတစ်ခု စုစည်းလာ၏။
" ဒါ... ဘာကြီးလဲ .. "
" ဟိုဟာက .. တော်တော်ကြောက်စရာကောင်းတဲ့ အရောင်အဝါပဲ "
" ဒီ အရောင်အဝါက .... မိစ္ဆာဝိဥာဥ် တစ်ကောင်များလား "
ထို အရောင်အဝါကို အာရုံခံမိသွားသည်နှင့် တောက်ဟွန်းမြို့မှ လူများအားလုံး မျက်နှာထားများ ပြောင်းသွားကာ တစ်ကိုယ်လုံး တုန်ယင်သွားကြသည်။
ထိုအချိန်တွင် ရှဲ့ဝူရ၏ မျက်နှာပေါ်၌ ယုတ်မာရက်စက်သည့် အပြုံးတစ်ခု ရှိနေပြီး လောထျန်းကို ကြည့်ကာ ပြော၏။
" ကောင်လေး .. မင်းက မိုးကြိုးဘုရင်ကို သတ်နိုင်ခဲ့ရုံနဲ့ ကိုယ့်ကိုကိုယ် ပြိုင်ဘက်ကင်းလို့ ထင်နေတယ်ပေါ့လေ ။ ငါ ပြောပြမယ်ကွ ၊ ငါတို့ရဲ့ ထျန်းယွမ် ကမ္ဘာကြီးက အင်မတန် ကျယ်ပြောပြီးတော့ မိုးကြိုးဘုရင်ထက် ပိုအစွမ်းထက်တဲ့သူတွေလဲ အများကြီး ရှိတယ် "
တဖက်မှ လောထျန်းမှာမူ တောက်ဟွန်းမြို့ပေါ်တွင် တဖြည်းဖြည်း စုစည်းလာနေသည့် အမည်းရောင် မီးခိုးလုံးများကိုကြည့်ကာ အံ့အားသင့်နေဟန် မျက်နှာထား ဖြစ်သွားသည်။
" ဒါ .. မိစ္ဆာဝိဥာဥ်တစ်ကောင်လား ..ဒါပေမယ့် ..နည်းနည်းလဲ ကွဲနေသလိုပဲ "
သူ တီးတိုးရေရွတ်လိုက်သည်။
ရှဲ့ဝူရက လှောင်ပြုံးဖြင့် ပြန်ပြော၏။
" ဟားဟား .. မင်းက မျက်လုံးတော့ ကောင်းသားပဲ။ မင်းပြောတာ မှန်တယ်ကွ ၊ အဲ့ဒါ မိစ္ဆာဝိဥာဥ်တစ်ခုပဲ ။ ဒါပေမယ့် သာမာန် မိစ္ဆာဝိဥာဥ်တော့ မဟုတ်ဘူး ။ ငါတို့ စိတ်ဝိဥာဥ်သခင်ကြီးများအဖွဲ့ကိုယ်တိုင် အသွင်ပြောင်းထားတဲ့ မိစ္ဆာဝိဥာဥ်ပေါ့ကွာ "
" သာမာန် မိစ္ဆာဝိဥာဥ်တွေက အစွမ်းထက်ကြပေမယ့် လုံးဝ ထိန်းချုပ်လို့ မရဘူး ။ ဒါပေမယ့် ငါတို့ အသွင်ပြောင်းထာတဲ့ မိစ္ဆာဝိဥာဥ်တွေကတော့ ကြောက်စရာကောင်းတဲ့ အစွမ်းမျိုး ရှိကြတဲ့အပြင် ငါတို့ရဲ့ အမိန့်ကို နာခံပြီးတောာ့ အပြည့်အဝ ထိန်းချုပ်လို့ ရတာပေါ့ကွာ။ ဒီကောင်တွေက တကယ့် အကောင်းဆုံး တိုက်ခိုက်ရေး အင်အားစုတွေပဲကွ ။ မင်း မပြောနဲ့ ၊ တကယ့် မသေမျိုးအစစ်တစ်ယောက် လာရင်တောင် ဆုံးရှုံးမှု ကြီးကြီးမားမား ဖြစ်သွားရမှာ သေချာတယ် "
သူ့စကား ဆုံးသည့်အချိန်တွင် လေထဲမှ မိစ္ဆာဝိဥာဥ်မှာလည်း စုစည်း၍ ပြီးသွားခဲ့ပြီး ရုပ်လုံးအပြည့် ပေါ်နေလေပြီ ။
၎င်းမှာ ဧရာမ သားရဲကြီးတစ်ကောင်ဖြစ်ပြီး သိုးခေါင်းနှင့် လူ့ခန္ဓာကိုယ် ရှိကာ ရှဲ့ဝူရနောက်တွင် မျက်နှာမာထန်စွာ ရှိနေသည်။
ထို့နောက် ..မိစ္ဆာဝိဥာဥ်၏ အကြည့် အနည်းငယ် ရွေ့လျားသွားသည်နှင့် တစ်ပြိုင်နက် .. ကြောက်မက်ဖွယ် ဖိအားကြီးတစ်ခု ထွက်ပေါ်လာ၏။
တောက်ဟွန်းမြို့ထဲမှ လူများစွာပင် ထိုဖိအားကြောင့် မြေပြင်၌ ချက်ချင်း ဒူးထောက်ရက်သား ဖြစ်သွားကြသည်။
ရှဲ့ဝူရကမူ ထိုမြင်ကွင်းကို ကြည့်ကာ ပျော်ရွှင်နေ၏။
" လောထျန်း မင်းက တကယ်လဲ အစွမ်းထက်တဲ့သူတစ်ယောက်ပဲ ။ ဒါပေမယ့် .. မင်းက ရန်မစသင့်တဲ့သူကိုမှ လာပြီး ရန်စခဲ့တာဆိုတော့ .. အားလုံး ဒီနေ့ပဲ အဆုံးသတ်ရတော့မှာပေါ့ကွာ။ သူ့ကို သတ်လိုက်စမ်း "
ရှဲ့ဝူရက မိစ္ဆာဝိဥာဥ်အား အမိန့်ပေးလိုက်သည်။
သူ့နောက်မှ မိစ္ဆာဝိဥာဥ်ကလည်း အမိန့်ကို နာခံဟန်ဖြင့် ခေါင်းတစ်ချက်ညိတ်ပြီး ဟိန်းသံပေး၏။ ထို့နောက် ၎င်းက လက်မြှောက်၍ လောထျန်းအား ဖမ်းဆုပ်ရန် ပြင်လိုက်သည်။
ထိုသားရဲ၏ ဧရာမခန္ဓာကိုယ်ကြီးက လောထျန်း၏ ပိန်သွယ်သွယ်ခန္ဓာကိုယ်နှင့် ယှဥ်လ်ုက်လျှင် ဆင်နှင့် ပုရွက်ဆိတ်ပမာ ဖြစ်နေပြီး ..
သူ့လက်ဝါးကြီးက လောထျန်းအား အပိုင်းပိုင်းအစစဖြစ်အောင် လုပ်ပစ်တော့မလိုပင် ဖြစ်နေသည်။
သို့သော် ..လောထျန်းကမူ မတုန်မလှုပ် ရှိနေကာ သူ့ကို တိုက်ခိုက်လာသည့် မိစ္ဆာဝိဥာဥ်အား အေးစက်စက် မျက်လုံးများဖြင့်သာ စိုက်ကြည့်နေ ၏။
မိစ္ဆာဝိဥာဥ်မှာလည်း ကြောက်မက်ဖွယ် အရာတစ်ခုကို ခံစားမိသွားဟန်ဖြင့် လောထျန်းအား တိုက်ခိုက်တော့မည့် လက်က တဖြည်းဖြည်း နှေးသွားသည်။
ထို့နောက်တွင်မူ .. ၎င်းက လောထျန်းနှင့် သုံးပေအကွာတွင် ရပ်တန့်သွား၏။