← Chapters

ဝိဥာဥ်တစ်ရာ ကားချပ်

Vol. 21 Ch. 287

ဝိဥာဥ်တစ်ရာ ကားချပ်

Vol. 21 Ch. 287

" ဟင် .. မင်းက ဘာလို့ ရပ်လိုက်တာလဲ ။ သူ့ကို သတ်လို့ ပြောနေတယ်လေ "

၎င်းကို မြင်သွားသော ရှဲ့ဝူရ တစ်ယောက် အံ့အားသင့်သွားကာ ဒေါသတကြီး အော်လိုက်သည်။

သို့သော် မိစ္ဆာဝိဥာဥ်၏ ခန္ဓာကိုယ်မှာ လေထဲတွင်ပင် တောင့်တောင့်ကြီး ရပ်နေပြီး အချိန်အတန်ကြာသည်အထိ မည်သို့သော လှုပ်ရှားမှူမှ မရှိပါချေ။

" ဟို သားရဲကောင် .. မင်း ဘာလုပ်နေတာလဲ "

ရှဲ့ဝူရ၏ မျက်နှာထား ပြောင်းသွား၏။

ထိုမိစ္ဆာဝိဥာဥ်မှာ လောထျန်းနှင့် ရင်ဆိုင်ရန် သူ အားအကိုးရဆုံး အရာတစ်ခု ဖြစ်ပါသည်။အကယ်၍ ၎င်းကသာ တစ်စုံတစ်ခု မှားယွင်းနေပါက .. သူ လောထျန်းအား မည်သို့ ဆက်ကိုင်တွယ်ရပါမည်နည်း။

" ဒီ &$$##%   နေရာရွှေ့လေ "

ရှဲ့ဝုရက ဒေါသတကြီး ထပ်အော်ကာ လက်ကွက်အချို့ ပြုလုပ်ပြီး သူ့စိတ်ဝိဥာဥ်အစွမ်းကို သုံး၍ ဖိအားပေးလိုက်သည်။

ဝီ ..

ရုတ်တရက် ... မိစ္ဆာဝိဥာဥ်၏ ကိုယ် ပတ်ပတ်လည်တွင် ရေးထွင်းထားသော စာလုံးများ အရောင်လက်လာပြီး သူ့အား လှုပ်ရှားရန် ဖိအားပေးလာ၏။

ထို စာလုံးများမှ ဖိအားကြောင့် မိစ္ဆာဝိဥာဥ်၏ လက်ဝါးကြီးက နောက်ဆုံး စလှုပ်ရှားလာတော့သည်။

ဧရာမ လက်ကြီးက လောထျန်းဆီသို့  ခက်ခက်ခဲခဲ တိုးဝင်သွား၏။

၎င်းကို မြင်သောအခါ လောထျန်းက သူ့လက်ကို ဖြည်းဖြည်းပင် ဆန့်ထုတ်လိုက်သည်။

ရှဲ့ဝုရက သူ့အား လှောင်ပြုံးဖြင့် ကြည့်၍ ပြော၏။

" လောထျန်း ၊ ခက်ခက်ခဲခဲ ကြိုးစားမနေပါစမ်းပါနဲ့ကွာ ။ မိစ္ဆာဝိဥာဥ်တွေဆိုတာ သာမာန် နည်းလမ်းမျိုးနဲ့ ရင်ဆိုင်လို့မရတဲ့ ကောင်တွေပဲ "

" တကယ်လို့ မင်းမှာ မသေမျိုးတစ်ယောက်ရဲ့ တိုက်ခိုက်စွမ်းရည်ကို ပိုင်ဆိုင်ထားတယ် ဆိုရင်တောင် အစွမ်းထက်တဲ့ စိတ်ဝိဥာဥ်အစွမ်း မရှိရင် သူ့ကို ဘာမှ လုပ်လို့ရမှာ မဟုတ်ဘူး ။ ဒီတော့ အခု မင်းအတွက် ရွေးစရာလမ်းက တစ်ခုပဲ ရှိတော့တယ် ။ အဲ့လမ်းကတော့ .. သေလမ်းပေါ့ကွာ .. ဟား ဟား . "

သူက ထိုသို့ပြောကာ တဟားဟား အော်ရယ်လိုက်သည်။

သို့သော် .. လောထျန်းကမူ သူ့အား လျစ်လျူရှုထားကာ လက်ကိုသာ အသာဝေ့ယမ်းလိုက်၏။

သူ့လက်ထဲတွင် အစွမ်းထက်သော စိတ်ဝိဥာဥ်အစွမ်းများ စတင်စုစည်းလာကြသည်။

" ဟင် .. ဒါ .. စိတ်ဝိဥာဥ်အစွမ်းလား .. ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ ။ မင်းကရော စိတ်ဝိဥာဥ်သခင်ကြီး တစ်ယောက် ဖြစ်နေတာလား "

ရှဲ့ဝူရ လန့်သွားတော့သည်။

လောထျန်းက သူ့အမေးကို ပြန်မဖြေဘဲ လက်ကိုသာ အသာထပ်ဝေ့ယမ်းလိုက်၏။ ထို့နောက်တွင်မူ သူ့လက်ထဲမှ စိတ်ဝိဥာဥ်အစွမ်းက အမည်းရောင် ကားချပ်လိပ်တစ်ခုအဖြစ် စုစည်းပြီး အသွင်ပြောင်းသွားသည်။

ထိုကားချပ်လိပ်အား မဖွင့်ခင်မှာပင် ၎င်းမှ ထွက်နေသည့် စိတ်ဝိဥာဥ်အစွမ်းက အလွန်ကြောက်မက်ဖွယ် ကောင်းနေကာ ဖိနှိပ်နိုင်စွမ်းလည်း အလွန်ကြီးပါ၏။

ရှဲ့ဝူရမှာ ၎င်းကို တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် သူ့ စိတ်ဝိဥာဥ်အစွမ်း တုန်ယင်လာသည်ကို ခံစားလိုက်ရသည်။

သူ .. ငရဲတွင်း ဝင်ပေါက်ရှေ့သို့ ရောက်နေရသလိုပင် ။

ထိုတခဏတွင် တစ်စုံတစ်ခု မှားယွင်းနေသည်ကို သူ ချက်ချင်း ရိပ်မိလိုက်ပြီး သူ့တွင် ရှိသမျှ အစွမ်းများအားလုံးကို သုံး၍ မိစ္ဆာဝိဥာဥ်အား အော်လိုက်သည်။

" ဟို သားရဲကောင် .. သူ့ကို မြန်မြန်သတ်စမ်း "

ဝုန်း ..

သူ့ဖိအားကြောင့် မိစ္ဆာဝိဥာဥ် သားရဲ၏ လှုပ်ရှားမှုများကလည်း ပိုမြန်လာ၏။

ထိုအချိန်တွင် လောထျန်းက သူ့လက်ထဲမှ အမည်းရောင် ကားချပ်လိပ်ကို ကြည့်ကာ တီးတိုးရေရွတ်လိုက်သည်။

" ကောင်းကင်ထိန်းချုပ်အဆင့်က ပုံရိပ်ဖော်ကျင့်စဥ်က အလုပ်ဖြစ်လား မဖြစ်လားဆိုတာ ဒီနေ့ စမ်းကြည့်ရမှာပဲ "

စကားဆုံးသည်နှင့် သူ့လက် လှုပ်ရှားသွားကာ ကားချပ်လိပ် ပွင့်သွားတော့သည်။

" ဝိဥာဥ်တစ်ရာ ကားချပ်လိပ် .. ချုပ်နှောင်စေ "

လောထျန်းက ကျယ်လောင်စွာ အော်လိုက်သည်။

ချွင် . ... ဂလောက် .....

အော်သံ ဆုံးသည်နှင့် သူ့လက်ထဲရှိ ဝိဥာဥ်တစ်ရာ ကားချပ်လိပ်ထဲမှ မရေမတွက်နိုင်သော သံချိန်းကြိုးများ ထွက်လာပြီး မိစ္ဆာဝိဥာဥ်အား ချုပ်နှောင်လိုက်၏။

" အဲ့ဒါ ... ဘာကြီးလဲ "

၎င်းကို မြင်သောအခါ ရှဲ့ဝူရ အလွန်အံ့သြတုန်လှုပ်သွားသည်။ ထို ကားချပ်လိပ်က မည်သည့်အရာမှန်း သေချာ မသိသည့်တိုင် သူ့အတွက် ကောင်းသောအရာတစ်ခု မဟုတ်သည်ကို သူ နားလည်လိုက်သည်။ ထို့ကြောင့်လည်း မိစ္ဆာဝိဥာဥ်အား ၎င်းကို ဖျက်ဆီးပစ်ရန် ချက်ချင်း ခိုင်းလိုက်၏။

သို့သော် ...

ချွင် ...

အမည်းရောင် သံချိန်းကြီုးများကသာ မိစ္ဆာဝိဥာဥ်အား ဦးစွာ ချုပ်နှောင်လိူက်နိုင်ပါသည်။

" မင်း .. ဒီကို ပြန်လာခဲ့စမ်း "

ရှဲ့ဝူရက ဒေါသတကြီး အော်ပြီး မိစ္ဆာဝိဥာဥ်အား ပြန်ဆွဲခေါ်ရန် ကြိုးစားလိုက်သည်။ သူ ထို မိစ္ဆာဝိဥာဥ်အား အသုံးချရန် နောက်အစီစဥ်များ ဆွဲထားသေးသည် မဟုတ်ပါလား။

မည်သို့ပင်ဆိုစေ ...

" ပြန်လာခဲ့ ဟုတ်လား .. ဒီကောင်က အခုတောင် ကျုပ်အပိုင် ဖြစ်သွားပြီလေ ။ စ်တ်မကောင်းပါဘူးဗျာ "

လောထျန်းက ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည်။

ဂလောက် ...

သူ့စကားဆုံးသည်နှင့် အမည်းရောင် ချိန်းကြိုးများက ဝုန်းခနဲ လှုပ်ရှားလာပြီး ဧရာမ မိစ္ဆာဝိဥာဥ်ကြီးအား ကားချပ်လိပ်ထဲသို့ ဆွဲခေါ်လိုက်သည်။

" %$#$% ငါ့ဆီပြန်လာခဲ့လို့ ပြောနေတယ်လေ "

ရှဲ့ဝူရ၏ မျက်နှာထား ပြောင်းသွားကာ မိစ္ဆာဝိဥာဥ်၏ ကိုယ်ပေါ်မှ ထွင်းစာများအား အစွမ်းကုန်သုံး၍ အသက်သွင်း၏။

သို့သော် ..

ခွမ်း ... ခွမ်း ...

ထိုစာလုံးများက တစ်ခုပြီးတစ်ခုသာ ပျက်စီးသွားပြီး မိစ္ဆာဝိဥာဥ်အား နည်းနည်းလေးပင် အရှိန်လျော့အောင် မလုပ်လိုက်နိုင်ပါချေ။

" ဘယ်လိုလုပ်ပြီး .... "

ထိုအချိန်တွင် ရှဲ့ဝူရ၏ ရင်ထဲ ကြောက်စိတ်က ကြီးစိုးလာခဲ့လေပြီ ။

ထို မိစ္ဆာဝိဥာဥ် ကိုယ်ပေါ်မှ ထွင်းစာများကို သူတို့ စိတ်ဝိဥာဥ်သခင်ကြီးများအဖွဲ့က သေချာ အချိန်ကြာကြာပေးပြီး လေ့လာကာ အကုန်အကျ များစွာခံ၍ ရေးထွင်းထားခဲ့ခြင်း ဖြစ်ပါသည်။

တစ်နည်းအားဖြင့် ဆိုရသော် ၎င်းက ဖျက်ဆီး၍ မရနိုင်ပါချေ။

သို့သော်.. ယခုတွင်မူ ထိုထွင်းစာများက အလွယ်တကူပင် ပျက်စီးသွားခဲ့သည်လား။

ထိုစဥ် .. တဖက်မှ အမည်းရောင် ချိန်းကြိုးများက ထွင်းစာများကို ဖျက်ဆီးပြီးသည်နှင့် မိစ္ဆာဝိဥာဥ်အား ကားချပ်ထဲသို့ အပြီး ခေါ်သွင်းလိုက်တော့သည်။

ဝုန်း ..

ထို့နောက်တွင်မူ .. နဂိုက အလွတ်ဖြစ်နေသည့် ဝိဥာဥ်တစ်ရာ ကားချပ်ပေါ်တွင် သိုးခေါင်းနှင့် လူခန္ဓာကိုယ်ရှိသော သားရဲတစ်ကောင်ပုံ ပေါ်လာ၏။

" မင်း ..ဘာလုပ်လိုက်တာလဲ "

ရှဲ့ဝူရ အလန့်တကြား အော်လိုက်သည်။

လောထျန်းက အေးအေးဆေးဆေးပင် ပြန်ပြော၏။

" ကျုပ်လား ... ကျုပ်က မိစ္ဆာဝိဥာဥ်ကို အပိုင်သိမ်းလိုက်တာလေ "

" မင် ဘာပြောလိုက်တယ် ... အပိုင်သိမ်းတယ် ဟုတ်လား ၊ နောက်မနေနဲ့ကွ ။ မိစ္ဆာဝိဥာဥ်တွေကို ငါတို့ စိတ်ဝိဥာဥ်သခင်ကြီးများအဖွဲ့က လွဲပြီး ဘယ်သူမှ မသိမ်းသွင်းနိုင်ဘူး "

ရှဲ့ဝူရက ဒေါသတကြီး ပြန်ပြောလိုက်သည်။

လောထျန်းက အေးစက်စက်အပြုံးဖြင့် ပြန်ပြော၏။

" အဲ့လိုလား .. ဒါဆို ခင်ဗျားယုံအောင် လုပ်ပေးရမလား "

လောထျန်းက ပြောပြောဆိုဆိုပင် လက်တစ်ဖက်ဖြင့် အစီအမံတစ်ခု ပြုလုပ်လိုက်သည်။

" ထွက် .. "

ထိုစကားလုံးတစ်လုံးကို ကြားသည်နှင့် ဝိဥာဥ်တစ်ရာ ကားချပ်ထဲမှ မိစ္ဆာစွမ်းအင်များ ရုတ်ချည်းထွက်ကျလာသည်။

ဘုန်း ..

ထို့နောက်တွင်မူ သိုးခေါင်းနှင့် လူခန္ဓာကိုယ် ရှိသည့် မိစ္ဆာဝိဥာဥ်သားရဲကြီးက လောထျန်းရှေ့တွင် ရုတ်တရက် ပေါ်လာ၏။

" ဟင် .. ဒီကောင် .. မင်းက အဲ့မှာ ဘာလုပ်နေတာလဲ ။ ဒီကို လာခဲ့စမ်း "

ရှဲ့ဝူရက ပြောပြောဆိုဆိုပင် သူ့လက်ဖြင့် အစီအမံများ ချက်ချင်း ပြုလုပ်၍ မိစ္ဆာဝိဥာဥ်အား ထိန်းချုပ်ရန် ထပ်ကြိုးစားလိုက်သည်။

သို့သော် .. ဤတစ်ကြိမ်တွင်မူ .. သူ့စိတ်ဝိဥာဥ်အစွမ်းဖြင့် မည်မျှ ကြိုးစားသည့်တိုင် တဖက်မှ မိစ္ဆာဝိဥာဥ်က လုံးဝ မလှုပ်တော့ပေ။

" ဟင် .. ဘာတွေ ဖြစ်နေတာလဲ ။ ဒါ .. လုံးဝ မဖြစ်နိုင်ဘူး "

ရှဲ့ဝူရ အလွန်အံ့သြတုန်လှုပ်သွား၏။

" ဒီ ကောင်ကြီးကို ကျုပ် သိမ်းပိုက်လိုက်ပြီလို့ ပြောထားတယ်လေ "

လောထျန်းက ပြောလိုက်သည်။

" မင်း အဓိပ္ပါယ်မရှိတာတွေ လျှောက်ပြောမနေနဲ့ "

ရှဲ့ဝူရမှာ ထိုအချိန်အထိ လုံးဝ မယုံသေးပါ ။

" ကျုပ်က အဓိပ္ပါယ်မရှိတာတွေ ပြောနေတယ် .. ဟုတ်လား ။ ကောင်းပြီလေ ၊ ယန်ထောင် .. သူ့ကို ရိုက်လိုက်စမ်း "

လောထျန်းက ပြောလိုက်သည်။

ထို့နောက်တွင်မူ .. သိုးခေါင်းနှင့် မိစ္ဆာဝိဥာဥ်ကြီးက ဒေါသတကြီး အော်ဟစ်ဟိန်းဟောက်ကာ ရှဲ့ဝူရအား ရိုက်လိုက်တော့၏။

" ဟင် ... "

ရှဲ့ဝူရ၏ မျက်နှာထား ချက်ချင်းပြောင်းသွားပြီး စိတ်ဝိဥာဥ်အစွမ်းဖြင့် သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံကာ ကာကွယ်လိုက်ရသည်။

ထို့နောက် ...

ဖြောင်း ...

မိစ္ဆာဝိဥာဥ်၏ လက်ဝါးကြီးက ရှဲ့ဝူရကိုယ်ပေါ်သို့ ကျသွား၏။ ရှဲ့ဝူရတစ်ယောက် လေထဲမှ လွင့်ထွက်သွားကာ တောက်ဟွန်းမြို့ထဲသို့ ကျသွားတော့သည်။

အွတ် ...

ရှဲ့ဝူရမှာ မြို့ထဲမှ မြေပြင်သို့ ဆင်းသက်လိုက်သည်နှင့် ချက်ချင်း သွေးအန်သွားပြီး လေထဲမှ လောထျန်းနှင့် မိစ္ဆာဝိဥာဥ်တို့အား မယုံနိုင်စွာ ကြည့်လိုက်သည်။

" မဖြစ်နိုင်ဘူး ..လုံဝ မဖြစ်နိုင်ဘူး .. "

ထိုတခဏတွင် သူ့မျက်လုံးသူပင်မယုံနိုင်ဘဲ ဖြစ်နေပါ၏။

ယခင်တည်းက မိစ္ဆာဝိဥာဥ်များကို အမိန့်နာခံရန် သိမ်သွင်းခဲ့ဖူးသည့် သူတို့ စိတ်ဝိဥာဥ်သခင်ကြီးများ အဖွဲ့သည်ပင် ထိုသို့ သိမ်းသွင်းသည့်အချိန် ပြဿနာများစွာ ကြုံရစမြဲ ဖြစ်ပါသည်။

သို့သော် .. သူ့ရှေ့မှ လောထျန်းက မိစ္ဆာဝိဥာဥ်အား အလွယ်တကူပင် သိမ်းသွင်းသွားခဲ့၏။ သူ့အသွင်မှာ ဘာမှ အရေးမကြီးသည့် အလုပ်တစ်ခုကို လုပ်နေဟန်ရှိကာ လုံးဝ ခက်ခဲဟန်ပင် မပြချေ။

သူတို့ကြားမှ ကွာဟချက်က ကြီးမားလွန်းလှပေသည်။

" ကဲ .. စိတ်ဝိဥာဥ်သခင်ကြီးများအဖွဲ့က လူတွေအားလုံးကို သတ်ပစ်လိုက် "

လောထျန်းက မိစ္ဆာဝိဥာဥ်အား အမိန့်ထပ်ပေးလိုက်သည်။

သူ့အမိန့်ကို ကြားသည်နှင့်  သိုးခေါင်း မိစ္ဆာဝိဥာဥ်က ခေါင်းမော့ပြီး ဟိန်းရန် ပြင်၏။

" ခဏ ...ခဏလေး နေပါဦးကွာ ။ လောထျန်း .. ငါတို့ အေးအေးဆေးဆေး စကားပြောကြမယ်လေ "

ရှဲ့ဝူရက ကြောက်လန့်တကြား ပြောလိုက်သည်။

" စကားပြောမယ် .. ဟုတ်လား ။ ကျုပ်က စကားမပြောချင်တော့ဘူး။ သတ်ပစ် "

လောထျန်းက အေးစက်စက် မျက်နှာဖြင့်သာ ပြန်ပြော၏။

သူ တောက်ဟွန်းမြို့သို့ စရောက်လာစဥ်အချိန်တွင် .. အကယ်၍ ရှဲ့ဝူရကသာ အေးအေးဆေးဆေး တောင်းပန်စကားဆိုပြီး သူနှင့် ပျောင်ပိုင်မြို့အား ထပ်မတိုက်ခိုက်ရန် ကျိန်ဆိုပါက ....

သူ .. ခွင့်လွတ်ချင် လွတ်ပေးနိုင်ပါသေးသည်။

သို့သော် .. တဖက်လူက သူနှင့် တွေ့တွေ့ချင်းမှာပင် မောက်မောက်မာမာ ဆက်ဆံခဲ့ပြီး လှောင်ပြောင်လိုဟန် မျက်နှာဖြင့်သာ တစ်ချိန်လုံး ရှိနေခဲ့ပါသည်။

ထို့နောက်  မိစ္ဆာဝိဥာဥ်ကို အသုံးချ၍ သူ့ကို သတ်ရန်ပင် ကြိုးစားခဲ့သေး၏။

သို့ဖြစ်ရာ .. ယခုမှ စကားပြောချင်နေ၍ မရတော့ပါချေ။

ဝေါင်း ...

ထို့နောက်တွင်မူ .. မိစ္ဆာဝိဥာဥ် သားရဲကြီးက ကျယ်လောင်စွာ ဟိန်းဟောက်ကာ တောက်ဟွန်းမြို့ထဲ တဟုန်ထိုး ဝင်သွားပြီး ဖျက်ဆီးခြင်းကို စတင်လိုက်တော့သည်။

" အား ..လောထျန်း ၊ ငါတို့ စိတ်ဝိဥာဥ် သခင်ကြီးများ အဖွဲ့က မင်းကို လုံးဝ အလွတ်ပေးမှာ မဟုတ် .... "

ရှဲ့ဝူရက ဒေါသတကြီး အော်လိုက်သည်။

သို့သော် .. သူ စကားဆုံးအောင် မပြောနိုင်ခင်မှာပင် .. မိစ္ဆာဝိဥာဥ်၏ လက်သီးချက်ကြောင့် သူ နေရာတွင်ပင် သေဆုံးသွားရတော့၏။

မိစ္ဆာဝိဥာဥ်မှာ သူ သေသွားပြီးသည့်တိုင် မရပ်သေးဘဲ မကျေနပ်ဟန်ဖြင့် အချက်ရေ ရာပေါင်းများစွာ ထပ်ထိုးလိုက်သည်။

သူ ရှဲ့ဝူရ၏ ထိန်းချုပ်မှုကို ခံခဲ့ရစဥ်က ရှဲ့ဝူရအား အလွန်မုန်းတီးနေခဲ့သည်မှာ သိသာပါ၏။

ထိုသို့ အချက်ရေ ရာကျော် ထိုးပြီးနောက်မှသာ မိစ္ဆာဝိဥာဥ်က မြို့ထဲ ဆက်ဝင်ပြီး စိတ်ဝိဥာဥ်သခင်ကြီးများအဖွဲ့၏ ဝတ်စုံ ဝတ်ထားသူ မှန်သမျှကို အပြောင်ဆက်ရှင်းလိုက်သည်။

ဤသို့ဖြင့် .. တောက်ဟွန်းမြို့ထဲမှ စိတ်ဝိဥာဥ်သခင်ကြီးများ အားလုံး တခဏအတွင်းပင် အသတ်ခံလိုက်ကြရ၏။

၎င်းကို မြင်သောအခါ လောထျန်းက ခေါင်းအသာညိတ်လိုက်သည်။

" ဒီကို ပြန်လာခဲ့တော့ "

သူ့စကားဆုံးသည်နှင့် ချက်ချင်း ဆိုသလိုပင် မိစ္ဆာဝိဥာဥ်၏ ကိုယ်က အမည်းရောင် လေများအဖြစ် ပြောင်းသွားပြီး ဝိဥာဥ်တစ်ရာ ကားချပ်ထဲ ပြန်ဝင်သွား၏။

All Chapters