အခန်း (၃၁၁-၃၁၅)
Vol. 21 Ch. 311-315
အခန်း ၃၁၁
လုကျန်းနှင့်စကားပြောခြင်း
သွမ့်လီရှင်းနှင့် ဖုန်းပြောပြီးနောက်တွင်တော့ ကုနင်း သွမ့်လီရှင်းနှင့် စီးပွားရေးကိစ္စဆွေးနွေးရန်အတွက် ကျင်းလင်ဟိုတယ်သို့သွားဦးမည်ဖြစ်ကြောင်း လင်ရှောင်းထင်ကိုပြောလိုက်ကာ သူအလုပ်များနေနှင့် သူမနှင့်အတူလိုက်ပေးရန်မလိုကြောင်းပါ ပြောလိုက်သည်။ ထိုစကားကိုကြားတော့ လင်ရှောင်းထင်မကျေမနပ်ဖြစ်သွားကာ ကုနင်းကို တစ်ယောက်တည်းမလွှတ်လိုက်နိုင်သည့်လေသံမျိုးဖြင့်၊
"ကိုယ်ဒီနေ့အလုပ်မများပါဘူး။" ပြောရလျှင်တော့ဖြင့် သူမသာ သူ့ကိုခေါ်သွားဖို့ဆန္ဒရှိလျှင် ဘယ်နေရာဖြစ်ဖြစ်လိုက်ပေးနိုင်သည်ဟုပင်။
"ရှင် ကျွန်မကို လုကျန်းရဲ့ဖုန်းနံပါတ်ရအောင်လုပ်ပေးမယ်လို့မပြောထားဘူးလား? ပြီးတော့ ဆိုင်ကောင်းကောင်းကော ရုံခန်းအတွက် အဆောက်အဦးနေရာကောင်းရောပဲရှာပေးမယ်ဆို?" ကုနင်းမေးလိုက်သည်။ သူမအနေဖြင့် လင်ရှောင်းထင်ကို ပထုတ်ဖို့ရန်စိတ်ကူးမရှိသော်လည်း သူမနားတွင်သာကပ်နေပြီး အရေးကြီးကိစ္စများကိုမေ့သွားမည်ကိုတော့ စိုးရိမ်မိလေသည်။
ထိုအချိန်လေးမှာပင်၊ လင်ရှောင်းထင်၏ဖုန်းမှအသံမြည်လာခဲ့ကာ စာတစ်စောင်ဝင်လာခဲ့သည်။ ထို့နောက် သူစာကိုတစ်ချက်ဖတ်လိုက်ကာ ကုနင်းကို ဖုန်းလှမ်းပေးလိုက်သည်။
"ကိုယ်သူ့ဖုန်းနံပါတ်ရပြီးသွားပြီ။"
လုကျန်း၏ဖုန်းနံပါတ်နှင့်အတူ လုကျန်းဘာအတွက်ကြောင့် ဖျော်ဖြေရေးလောကမှ ကန်ထုတ်ခံထားရသည့်အကြောင်းအရာများကို ရှင်းပြထားသည့်စာများပင် ပါရှိလေသည်။ ထန်ပင်းစန်သည် လုကျန်းကို ကန်ထုတ်ခဲ့သည်လူဖြစ်သည်။ ထန်ပင်းစန်ဆိုသည့် နာမည်ကို ဖတ်လိုက်ရချိန်တွင်တော့ ကုနင်းစိတ်တိုလာကာ သူမမျက်ဝန်းအတွင်း မလိုမုန်းတီးမှုအရိပ်အယောင်များပါ ဖြတ်သန်းလာခဲ့သည်။ အကြောင်းသည်တော့ ထန်ပင်းစန်ဆိုသည်မှာ အရင်ဘဝတုန်းက ထန်အိုက်နင်း၏ဖခင်ဖြစ်နေခြင်းကြောင့်ပင်။
"ဘာဖြစ်လို့လဲ?" ကုနင်း၏စိတ်အခြေအနေ ရုတ်ချည်းပြောင်းလဲသွားသည်ကို လင်ရှောင်းထင်သတိထားမိလိုက်ခြင်းကြောင့် မေးလိုက်သည်။
"ဘာမှမဖြစ်ပါဘူး။" ကုနင်းပြန်ဖြေလိုက်ပေမယ့် ဘာမှတော့ မရှင်းပြပေ။ လင်ရှောင်းထင်လဲ သူမပြောချင်သည့်အရာကိုဆက်မမေးပေမယ့် ကုနင်း၏မျက်ဝန်းထဲတွင် မုန်းတီးရိပ်များရှိသွားသည်ကို သိသိသာသာပင် သူမြင်လိုက်ရခြင်းကြောင့် စိုးရိမ်မိသွားရသလို မည်သူ့ကို မုန်းတီးနေရလဲဆိုသည်ကိုတော့ သူမသိပေ။
လွန်ခဲ့သည့်၂နှစ်၊ ထန်မိသားစုမှရင်းနှီးမြှုပ်နှံသည့် ဇာတ်လမ်းတွဲတစ်ခုကို လုကျန်းက ရိုက်ကူးရန် စီစဉ်ထားခဲ့လေသည်။ သို့ပေမယ့် ထန်မိသားစုသည် ခေါင်းဆောင်မင်းသမီးနေရာကို အခုမှအသစ်တက်လာသည့် သရုပ်ဆောင်အရည်အချင်းလုံးဝမရှိသည့် မင်းသမီးတစ်ယောက်နှင့် အစားထိုးရန်အတွက် ရုတ်ချည်းဆုံးဖြတ်ခဲ့လေသည်။ လုကျန်းသည် အမြဲတမ်း သူ့အလုပ်၏အရည်အသွေးကို အဆင့်အတန်းမြင့်မြင့်ဖြင့်အကောင်းဆုံးသာလုပ်ကိုင်သူဖြစ်သောကြောင့် ထိုလူစားလဲမှုကို ငြင်းဆန်ခဲ့သည်။ ထို့ကြောင့်ပင် လုကျန်းတစ်ယောက် ဖျော်ဖြေရေးလောကမှ ထွက်သွားရန် ဖိအားပေးခံခဲ့ရခြင်းဖြစ်သည်။
မကြာခင်တွင်ပဲ ကုနင်းသူမ၏စိတ်ခံစားချက်များကို ပြန်လည်ထိန်းချုပ်နိုင်သွားပြီး လင်ရှောင်းထင်ကိုကြည့်ကာ ချီးကျူးရင်း ကျေးဇူးတင်စကားပြောလိုက်သည်။
"ရှင် ဒီလိုအသေးစိတ်အချက်အလက်တွေကအစ မြန်မြန်ရှာပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်။"
လင်ရှောင်းထင်သည်တော့ ကုနင်းထံမှ ချီးကျူးစကားကိုကြားရ၍ ပျော်ရွှင်သွားကာ၊
"ကိုယ်ဆိုင်နဲ့ ရုံခန်းအတွက် နေရာကောင်းရှာထားဖို့လဲ လူလွှတ်ထားပြီးပြီ။ ဒါပေမယ့် အချိန်တော့ယူရမယ်။" ကုနင်းဘာကိုပဲလိုအပ်အပ် သူ့ဘက်က သူမလိုချင်သမျှကို ချက်ချင်းကူညီဆောင်ရွက်ပေးမည်ဖြစ်သည်။ လူတစ်ယောက်၏ဖုန်းနံပါတ်ကို ရရန်က လွယ်ကူသည်ဆိုပေမယ့်လဲ နေရာကောင်းတစ်ခုတွင် ဆိုင်တစ်ဆိုင်နှင့် ရုံးအဆောက်အဦးတစ်ခုရှာရန်ကတော့ အချိန်ယူရမည်ဖြစ်သည်။ ထို့အပြင် လင်ရှောင်းထင်သည် ကုနင်းကို ရွေးချယ်စရာနေရာများကိုလဲ ပြချင်သေးသည်။
ကုနင်း မတတ်နိုင်စွာ ပြုံးလိုက်မိကာ,
"ကောင်းပြီလေ၊ ဒါဆိုလဲ ဟိုတယ်ကို အတူတူသွားကြတာပေါ့!" လင်ရှောင်းထင်၏ ကုနင်းနှင့် အချိန်တိုင်း စက္ကန့်တိုင်း အတူတကွကုန်ဆုံးချင်စိတ်က တခါတလေကတော့ စိတ်အနှောက်အယှက်ဖြစ်စရာကောင်းလေသည်။
ကုနင်းဘက်က ခွင့်ပြုချက်ကိုရသည်နှင့် လင်ရှောင်းထင် ပျော်ရွှင်စွာပြုံးရယ်လိုက်တော့သည်။
မနက်စာစားပြီးသွားချိန်တွင်တော့ ကုနင်းနှင့် လင်ရှောင်းထင်တို့ အတူတကွ ကျင်းလင်ဟိုတယ်သို့ထွက်လာခဲ့ကြသည်။
ကုနင်း ကျင်းလင်ဟိုတယ်သို့ရောသည်နှင့် သွမ့်လီရှင်း၏ တော်ဝင်မောင်းမဆောင်ဇာတ်လမ်း၏အနှစ်ချုပ်ကို ဖတ်ကြည့်လိုက်သည်။ ကုနင်းသည် ကျွမ်းကျင်ပညာရှင်တစ်ဦးတော့မဟုတ်ပေမယ့် ကောင်းလား ဆိုးလားကိုတော့ ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိလေသည်။ သူမအနေဖြင့်လဲ ထိုဇာတ်လမ်းသည် အတော်လေးကောင်းသည့်ဝတ္ထုတစ်ပုဒ်ဖြစ်ကြောင်း အသိအမှတ်ပြုလိုက်မိသည်။
အနှစ်ချုပ်ကို ဖတ်ပြီးသွားချိန်တွင်တော့ ကုနင်းအရင်ဆုံး ဝတ္ထု၏ပထမဆုံးအပိုင်းကို စဖတ်ကြည့်လိုက်သည်။ ထိုဇာတ်လမ်းသည် တောင်ဝင်ဆန်မှုအပြည့်အဝရှိပြီး ကုနင်းကတော့ လူကြိုက်များကျော်ကြားနိုင်သည်ဟု တွေးမိလေသည်။
"ဒီဇာတ်လမ်းက တကယ်ကိုကောင်းပါတယ်။ သေချာပေါက် နာမည်ကြီးလိမ့်မယ်။" ကုနင်း ချီးကျူးလိုက်သည်။
သွမ့်လီရှင်းသည်လဲ ကုနင်းဘက်က သူမဝတ္ထုကို အတည်ပြုကာ ချီးကျူးသည်ကိုကြားရတော့ စိတ်လှုပ်ရှားနေမိသည်။
"ဒါပေမယ့် ဒါရိုက်တာဘက်ကလဲ ဒီဇာတ်လမ်းကို သဘောကျရင် ပိုကောင်းမယ်လို့ ကျွန်မထင်တယ်။ သူက ဇာတ်လမ်းကိုစိတ်ဝင်စားမှုရှိမှ ရိုက်ကူးရေးမှာ အာရုံဝင်စားနိုင်မှာလေ။" ကုနင်းသည် ရင်းနှီးမြှုပ်နှံတစ်ဦးဖြစ်သော်လည်း ဒါရိုက်တာတစ်ဦးတော့မဟုတ်ပေ။ ကုနင်းပြောလိုက်သည် စကားကိုကြားရတော့ သွမ့်လီရှင်းထပ်မံစိတ်လှုပ်ရှားသွားရပြန်ပေမယ့် ကုနင်း၏အပြောကိုတော့ မထောက်ခံ၍မရပေ။ ဒါရိုက်တာသည်သာ ဇာတ်ညွှန်းထွက်လာဖို့ရန် ဆုံးဖြတ်ချက်ချသူဖြစ်လေသည်။
"နှစ်သစ်ကူးပွဲတော်က နီးနေပြီ။ ရှင်အရင် အိမ်ပြန်ပြီး မိသားစုနဲ့ နှစ်သစ်ကူးပွဲတော်ကို ဆင်နွှဲနေလိုက်ပါ။ ပွဲတော်ပြီးမှ ဒီ့ထက်ပိုပြီး ဆွေးနွေးကြတာပေါ့။ ကျွန်မရှင့်ကိုဆက်သွယ်လိုက်ပါမယ်။ စိုးရိမ်နေဖို့မလိုပါဘူး။"
"ကျွန်မရှင့်ကိုယုံပါတယ်၊ မိန်းကလေးကု။" သွမ့်လီရှင်း စိုးရိမ်နေမိသေးသော်လည်း ကုနင်းကို ယုံကြည်ဖို့ရန်သာ ရွေးချယ်လိုက်ရတော့သည်။
ကုနင်းနှင့် လင်ရှောင်းထင်တို့ ဟိုတယ်မှထွက်လာသည်နှင့် ကုနင်းချက်ချင်းပင် လုကျန်းကို ဖုန်းဆက်လိုက်လေသည်။
လုကျန်းသည်တော့ ကော်ဖီဆိုင်တစ်ခုရှိ ဆိုဖာပေါ်မှီထိုင်နေကာ ဝမ်းနည်းမှုအပြည့်ဖြင့် သက်ပြင်းချနေခဲ့သည်။ သူ အခုလေးတင် တခြားဒါရိုက်တာတစ်ဦးနှင့် စကားပြောလို့ပြီးသွားခဲ့သည်ဖြစ်ပေမယ့် သူလိုချင်သည့်ရလဒ်ကိုတော့ဖြင့် မရရှိခဲ့ပေ။ ထိုဒါရိုက်တာက လုကျန်းကို တွဲဖက်ဒါရိုက်တာဖြစ်စေချင်ပေမယ့် လုကျန်းကို ဖျော်ဖြေရေးလောကထဲဝင်ခွင့်ပိတ်ထားခဲ့သည့် အာဏာကြီးသည့်လူကို စိတ်အနှောက်အယှက်မဖြစ်စေချင်သောကြောင့် လုကျန်း၏နာမည်ကိုတော့ ထုတ်လွှတ်ပြသမှုပြုမည်မဟုတ်ပေ။ ထို့အပြင် လုကျန်းသည် အခြေခံလစာသာရမည်ဖြစ်ပြီး မည်သည့်ဘောနပ်စ်မှရမည်မဟုတ်ပေ။ ဒါက အတော်လေးစွန့်စားရမည့်အလုပ်ပင်ဖြစ်သည်! သို့ပေမယ့် လုကျန်းသာ ထိုအလုပ်ကို လက်မခံလျှင် တခြားသင့်တော်သည့်အလုပ်မျိုး ရှာတွေ့လိမ့်မည်မဟုတ်ပေ။
ထိုတခနတွင်ပဲ လုကျန်း၏ဖုန်းကို အမည်မသိဖုန်းနံပါတ်တစ်ခုမှခေါ်ဆိုလာခဲ့သည်။
"ဟဲလို။"
"လူကြီးမင်းလု၊ ကျွန်မက ကုနင်းပါ။ ကျွန်မတို့ လေယာဉ်ပေါ်မှတွေ့ဖူးကြတယ်လေ။ လူကြီးမင်းရဲ့ဖုန်းနံပါတ်ကို ခွင့်ပြုချက်မရှိဘဲ ရယူခဲ့တဲ့အတွက် တောင်းပန်ပါတယ်။ ဒါပေမယ့် ကျွန်မတို့အတွက် အကျိုးအမြတ်ရှိမယ့် တီဗီအစီအစဉ် နဲ့ ဇာတ်လမ်းတွဲရိုက်ကူးရေး ပူးပေါင်းမှုအကြောင်းကို ပြောချင်လို့ပါ။ ကျွန်မနဲ့တွေ့ပေးဖို့ အဆင်ပြေမလား?" ကုနင်း ယဉ်ယဉ်ကျေးကျေးဖြင့်ပင်မေးလိုက်သည်။
လုကျန်းသည် ကုနင်း၏နာမည်ကိုတော့မသိပေမယ့် သူမအသံကိုတော့ဖြင့် မှတ်မိလေသည်။ ကုနင်း သူ့ကိုဆက်သွယ်လာသည်အတွက်လဲ အလွန်အံ့ဩသွားရသည်။ ကုနင်းက အစပိုင်းမှာ သူ့ဖုန်းနံပါတ်ကို အခွင့်မရှိရှာခဲ့ခြင်းကြောင့် တောင်းပန်စကားဆိုပြီး သူ့ဘက်ကလဲ ခွင့်လွှတ်ပေးနိုင်လေသည်။ ထို့နောက် သူမက သူ့ကို ဒါရိုက်တာတစ်ယောက်ဖြစ်မှန်းသိပုံဖြင့် ဇာတ်လမ်းများအကြောင်းပြောဆိုချင်နေသည်။ ကုနင်း၏ဖိတ်ကြားမှုသည် သူ့ကို အလုပ်အပ်ဖို့ရန် ကုနင်းဆိုလိုသည်ကိုတော့ဖြင့် သူမသိခဲ့ပေ။ သူ့အထင်က ကုနင်းသည် ဇာတ်လမ်းကို အဓိကဘာသာရပ်အဖြစ်လေ့လာနေသည့် ကျောင်းသူတစ်ဦးဟုသာတွေးထင်ခဲ့ပြီး သူ့ထံမှ သင်ယူချင်တာတစ်ခုခုရှိခြင်းကြောင့် တွေ့ချင်ခြင်းဟုထင်လိုက်သည်။
"ရတာပေါ့၊ ငါအခုအားတယ်။" လုကျန်း ဖော်ရွေစွာပင် ကုနင်းကို ပြောလိုက်သည်။ ကုနင်းသည် သူ့အသက်ကို ကယ်တင်ပေးခဲ့သည့်သူပင်ဖြစ်လေသည်။
"ကောင်းတာပေါ့! လူကြီးမင်းအခုဘယ်မှာများလဲ? ကျွန်မလာခဲ့ပါ့မယ်။"
"ကယ်လီဖိုးနီးယားကော်ဖီဆိုင်ရဲ့ စားပွဲနံပါတ်၈မှာ။"
နာရီဝက်ကြာပြီးနောက်တွင်တော့ ကုနင်းနှင့် လင်ရှောင်းထင် ကော်ဖီဆိုင်ထဲတွင် လုကျန်းကိုရှာတွေ့သွားတော့သည်။ ကုနင်းနှင့်လင်ရှောင်းထင်ကို မြင်သည်နှင့် လုကျန်းချက်ချင်းပင် ထလာကာ သူတို့ကို ကြိုဆိုလိုက်သည်။
"တွေ့ရတာဝမ်းသာပါတယ်! ထိုကြပါ!"
"မင်းတို့ဘာသောက်ကြမလဲ?" လုကျန်းမေးလိုက်သည်။
"မိုခါးနှစ်ခွက်ပေးပါ။" ကုနင်း ရရှိနိုင်သည့်စာရင်းကိုပင် ဖတ်မနေတော့ဘဲ တန်းမှာလိုက်သည်။
"ဟုတ်ကဲ့၊ ခနလေးစောင့်ပေးပါနော်။" ပြောပြီးသည်နှင့် စားပွဲထိုးလဲပြန်ထွက်သွားတော့သည်။
"ငါတစ်ခုမေးလို့ရမလား? မင်းဘာကြောင့် တီဗီအစီစဉ်နဲ့ဇာတ်လမ်းအကြောင်းပြောချင်တာလဲ?" ထိုအကြောင်းကိုစပြောလိုက်သည်နှင့် လုကျန်းမျက်နှာအမူအရာမှာတည်ငြိမ်သွားကာ အမှန်တကယ် ကျွမ်းကျင်သူတစ်ဦး၏ပုံစံကို ပြသလေသည်။
"ကျွန်မ ဒါရိုက်တာလုရဲ့သတင်းကို ဖတ်ဖူးပါတယ်။ ပြီးတော့ အာဏာရှိတဲ့လူတစ်ဦးက ရှင့်ကို အခုချိန်ထိ ဖျော်ဖြေရေးလောကထဲဝင်ဖို့ပိတ်ထားခဲ့တယ်ဆိုတာကိုလဲ ကြားခဲ့ပါတယ်။" ကုနင်း ဘာကိုမှ အားနာမနေသလို လုကျန်းစိတ်မကြည်ဖြစ်သွားမည်ကိုပင် မစိုးရိမ်ဘဲ သူမပြောချင်သည်ကို ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။
လုကျန်းသည်လဲ ထိုစကားများနှင့် ကျင့်သားရနေပြီဖြစ်သည်။
"အမှန်ပါပဲ။"
ကုနင်းပြုံးလိုက်ကာ၊
"ဒါဆို ရှင်ဖျော်ဖြေရေးလောကထဲကိုပြန်လာချင်လား? လွန်ခဲ့တဲ့၂နှစ်တုန်းကလိုမျိုး ပြန်ပြီးကျော်ကြားချင်လား ဒါမှမဟုတ် အဲ့ဒီ့တုန်းကထက်ပိုပြီး ကျော်ကြားချင်လား?"
***
အခန်း ၃၁၂
ဖျော်ဖြေရေးနယ်ပယ်အတွင်းသို့ ဝင်ရောက်ခြင်း
ကုနင်း၏အမေးစကားကိုကြားရတော့ လုကျန်း အလွန်အံ့အားသင့်စွာဖြင့် ကုနင်းကို ကြည့်လိုက်မိသည်။ ကုနင်းဘာအကြောင်းပြောသည်ကို သူသေချာနားလည်ပေမယ့်လဲ ဘာကြောင့် ထိုစကားမျိုးပြောနေသည်ကိုတော့ဖြင့် မသိပေ။ သူမက သူ့ကိုကူညီပေးနိုင်သည်လား? ပြီးတော့ သူမက ဘာကြောင့်လုပ်ပေးမှာလဲ? ဘာကြောင့်ပဲဖြစ်ဖြစ်၊ လုကျန်း လေးစားစွာဖြင့် ကုနင်း၏အမေးကိုပြန်ဖြေလိုက်ပေသည်။
"သေချာပေါက် ဖြစ်ချင်တာပေါ့။"
သူသည် သူ့ဘဝသက်တမ်းတစ်ဝက်ကျော်မက ဖျော်ဖြေရေးနယ်ပယ်တွင် ကျင်လည်ခဲ့သူဖြစ်ပြီး ထိုအလုပ်သည် သူ့ဘဝ၏တစ်စိတ်တစ်ပိုင်းပင်ဖြစ်လို့နေပြီဖြစ်သောကြောင့် သူ့အလုပ်များ၏အရည်အသွေးကိုလဲ အဆင့်မြင့်မြင့်လုပ်ဆောင်နိုင်လေသည်။
မမျှော်လင့်ထားဘဲ အာဏာကြီးသည့်လူတစ်ဦးကို စိတ်အနှောက်အယှက်ဖြစ်အောင် လုပ်မိသည့်အတွက်ဖြင့် အခုချိန်အထိ ဖျော်ဖြေရေးလောကထဲဝင်ရောက်ခွင့်အပိတ်ခံထားခဲ့ရသည်။
"ရှင်သာကျွန်မကို ယုံမယ်ဆို၊ ကျွန်မနဲ့ ပူးပေါင်းနိုင်တယ်။"
"မင်းနဲ့?" လုကျန်း အံ့အားသင့်သွားသလို သိချင်စိတ်လဲဖြစ်မိသွားသည်။
ကုနင်းက ထပ်မံပြီး,
"ကျွန်မက ငယ်သေးသလို ကျွန်မအရည်အချင်းကိုလဲ သံသယဝင်နိုင်တယ်ဆိုတာသိပါတယ်။ လူတိုင်းလဲ စစချင်း ဒီလိုပဲတွေးကြတာပါ။ ဒါပေမယ့် အဆုံးမှာတော့ အားလုံးသူတို့စိတ်တွေပြောင်းသွားကြတာချည်းပဲ။ လူတစ်ယောက်ကို ပုံပန်းသွင်ပြင်ကိုကြည့်ပြီးတော့ ဘယ်တော့မှ အကဲမဖြတ်ပါနဲ့။ ကျွန်မက စီးပွားရေးသမားတစ်ယောက် ပြီးတော့ ရှင့်ရဲ့ရိုက်ကူးရေးပုံစံနဲ့ အရည်အချင်းကိုလဲ လေးစားတဲ့သူပါ။ ကျွန်မအမြဲတမ်း ဖျော်ဖြေရေးနယ်ပယ်ထဲဝင်ချင်ခဲ့တယ်။ ပြီးတော့ ဒါရိုက်တာလုက ကျွန်မကုမ္ပဏီအတွက် အထွေထွေဒါရိုက်တာအဖြစ်လုပ်ဖို့အကောင်းဆုံး ရွေးချယ်မှုတစ်ခုလို့ ကျွန်မထင်တယ်။ ရှင်ဘက်ကရော ဘယ်လိုထင်ပါလဲ?"
ထိုစကားများဆုံးသွားသည့်နောက်တွင် လုကျန်း ထိတ်လန့်နေခဲ့သည်။ ဘာ? ဒီကောင်မလေးက ဖျော်ဖြေရေးနယ်ပယ်ကိုဝင်ရောက်ဖို့လုပ်နေတယ်လား?
လုကျန်းသည်လဲ ကုနင်း၏အသက်မှာငယ်ရွယ်သေးသောကြောင့် သေချာပေါက် သူမ၏အရည်အချင်းကို သံသယဝင်မိလေသည်။ သို့ပေမယ့် ကုနင်းပြောခဲ့သလိုပဲ လူတစ်ယောက်ကို အသွင်အပြင်ကြည့်ပြီး အကဲဖြတ်ချင်းက အကျိုးအကြောင်း မသင့်လျော်ပေ။ သူသည်လဲ ဖျော်ဖြေရေးနယ်ပယ်တွင် မတူညီသည့် လူပေါင်းများစွာနှင့် တွေ့ဆုံခဲ့ရပြီး တစ်ကြိမ်တွေ့ရုံဖြင့် တစ်ဖက်လူ၏အတွေးများကို မှန်မှန်ကန်ကန် ခန့်မှန်းနိုင်လေသည်။ ကုနင်း၏တည်ကြည်လေးနက်သည့်ပုံစံနှင့် သူမထံမှ ရင့်ကျက်သည့်အငွေ့အသက်များကြောင့် သူမကလိမ်ညာနေခြင်းမဟုတ်ကြောင်း လုကျန်းယုံကြည်မိသလို သူ့ကိုလိမ်စရာအကြောင်းအရင်းလဲ မရှိပေ။ သို့ပေမယ့် လုကျန်းစိုးရိမ်မိသည်က သူ့ကြောင့်နှင့် ကုနင်းပါ ထိခိုက်သွားမည်ကိုပင်ဖြစ်သည်။
"မိန်းကလေးကု၊ ငါက အာဏာရှိတဲ့လူတစ်ယောက်ကို စိတ်ဆိုးအောင်လုပ်မိလို့ အခုလို ဖယ်ကျဉ်ခံထားရတာ။ တကယ်လို့ ငါက ဇာတ်လမ်းတွဲတစ်ပုဒ် ဒါမှမဟုတ် ဇာတ်ကားတစ်ပုဒ်ကို အပြီးထိရိုက်ပြီးသွားရင်တောင်မှ ဖြတ်ချခံရနိုင်တယ်။"
အခုချိန်တွင် သူအမှန်တကယ်ကို အကူအညီလိုနေသည်မှန်ပေမယ့်လဲ တခြားသူတစ်ယောက်ကိုတော့ဖြင့် သူ့ကြောင့် မထိခိုက်စေချင်ပေ။
"ကိစ္စမရှိဘူး။" ကုနင်းဘာမှမပြောရသေးခင်တွင်ပင် လင်ရှောင်းထင်မှာ ယုံကြည်မှုရှိစွာဖြင့်ပြန်ဖြေလိုက်သည်။ သူအနေဖြင့် ထန်မိသားစုကို လုံးဝဂရုမစိုက်ပေ။
လုကျန်းသည်လဲ အံ့အားသင့်သွားရသည်။ သူတို့ကပိုပြီးအာဏာရှိကြတာလား? လုကျန်းသည် ငတုံးတစ်ယောက်မဟုတ်ပေ။ လင်ရှောင်းထင် ထိုသို့ပြောလာသည်နောက် သူသည်မရိုးရှင်းမှန်း လုကျန်းခံစားရလေသည်။ ထို့အပြင် လင်ရှောင်းထင်တွင် တော်ဝင်ဆန်ကာ အင်အားကြီးသည့် အရှိန်အဝါများလဲ ရှိနေသည်။
"ဒါရိုက်တာလု အဲ့ကိစ္စအတွက်မစိုးရိမ်ပါနဲ့။ ရှင်အခုလိုအခက်အခဲရှိနေတဲ့ချိန်မျိုးမှာ ကျွန်မလာခဲ့မှတော့ ဘယ်သူကပဲ ရှင့်အလုပ်အကိုင်ကို ပိတ်ဆို့ထားပါစေ ဂရုမစိုက်ပါဘူး။" ကုနင်းသည်လဲ ယုံကြည်ချက်အပြည့်ဖြင့် ထပ်ပြောလိုက်သည်။
သူတို့နှစ်ယောက်၏ပုံစံက လုကန်းကို အမှန်တကယ်ကူညီနိုင်သည့်ပုံပင်။
"ငါ့ကို ဘယ်သူလိုက်ပိတ်နေလဲဆိုတာကို သိကြလား?" အမှန်တော့ လုကျန်းသည် သူ့ကို ဘယ်အာဏာကြီးသည့်လူကလုပ်နေမှန်းမသိပေ။
ကုနင်း ခပ်ပေါ့ပေါ့ရယ်လိုက်ကာ အေးစက်သည့်အသံဖြင့်၊
"ထန်မိသားစု!"
ထိုအဖြေကို လုကျန်းသိပ်ပြီး မအံ့ဩမိသွားပေ။ ထို့နောက် တစ်ခနမျှစဉ်းစားလိုက်ကာ ပြန်ပြောလိုက်သည်။
"မိန်းကလေးကု၊ မင်းတို့အတည်ပြုပေးတဲ့အတွက် ကျေးဇူးပါ။ ဒါပေမယ့် မင်းငါ့ကိုသိပြီးသားဆိုတော့ ငါလုပ်ကိုင်တဲ့လမ်းကြောင်းပုံစံကိုလဲ သိလောက်မှာပေါ့။ ငါက ဇာတ်လမ်းတစ်ခုရဲ့သရုပ်ဆောင်တွေ အထူးသဖြင့် အဓိကခေါင်းဆောင်ရွေးတာမှာ အရမ်းစည်းကမ်းတင်းကြပ်တယ်။ နာမည်အရမ်းကြီးတဲ့လူဆိုပြီးတော့ မတောင်းဆိုပါဘူး။ ဒါပေမယ့် သူ့ရဲ့ သရုပ်ဆောင်စွမ်းရည်ကတော့ အရည်အချင်းပြည့်မီရမယ်။" ထိုသို့သာမဟုတ်လျှင် သရုပ်ဆောင်စွမ်းရည်လုံးဝမရှိသည့် သရုပ်ဆောင်တစ်ဦးကို ငြင်းလိုက်လို့ အခုလိုမျိုး အလုပ်အကိုင်များပိတ်ပင်ခံနေရမည်မဟုတ်ပေ။
ထို့နောက် လုကျန်းက ထပ်ပြီး၊
"ဇာတ်ညွှန်းရွေးတဲ့နေရာမှာလဲ ငါသေချာပေါက်ပါမှရမယ်။ ငါ့ကိုစိတ်ဝင်စားအောင်လုပ်နိုင်တဲ့ ဇာတ်ညွှန်းဖြစ်မှသာ သုံးမှာ၊ ဒီတော့မှ ဇာတ်လမ်းရိုက်ကူးတဲ့နေရာမှာ စိတ်ကိုနှစ်မြှုပ်နိုင်မှာ။ သေချာပေါက် ပရိသတ်တွေစိတ်ကျေနပ်ဖို့ကလဲ အရေးကြီးတာပေါ့။ ပြီးတော့ ကျွန်တော့်ဘက်ကလဲ သေချာပေါက် ကျေနပ်စရာကောင်းတဲ့ရလဒ်မျိုးရအောင်လုပ်မှာပါ။ ဒါပေမယ့် ကျွန်လုပ်သမျှ အလုပ်အတိုင်းကတော့ နာမည်ကြီးကျော်ကြားသွားမယ်လို့ ကတိမပေးနိုင်ဘူး။ အဲ့ဒီ့အစား ကျွန်တော်လုပ်သမျှ အလုပ်တိုင်းကိုတော့ အကောင်းဆုံးကြိုးစားသွားမယ်လို့ ကတိပေးတယ်။" လုကျန်းကတော့ အခုလိုမျိုး အစကတည်းက ပွင့်ပွင်းလင်းလင်းပြောထားဖို့ရန် လိုအပ်သည်ဟုထင်လေသည်။ မဟုတ်ရင် နောက်ပိုင်း တစ်ဦးနှင့်တစ်ဦး တွဲဖက်လုပ်ကိုင်နေရင်းဖြင့် သဘောထားမတိုက်ဆိုင်မှုများ ဖြစ်လာနိုင်လေသည်။
ထိုစကားများကိုနားထောင်ပြီးသွားတော့ ကုနင်းပြုံးလိုက်ကာ,
"ကျွန်မဘက်ကတော့ ရှင်ပြောတာတွေကို ပိုပြီးတောင် သဘောကျပါတယ်။ ကျွန်မကလဲ အရည်အသွေးကို တန်ဖိုးအထားဆုံးမို့လို့လေ။"
လုကျန်းသည်လဲ ထိုစကားကိုကြားတော့ စိတ်လှုပ်ရှားသွားကာ၊
"ဒီလိုဆိုပိုကောင်းတာပေါ့။ ငါတို့အောင်အောင်မြင်မြင်ပူးပေါင်းနိုင်မယ်ထင်တယ်။" သူတို့ချင်း၏ တန်ဖိုးထားမှုများလဲ တူညီသလို ရည်မှန်းချက်များလဲတူညီလေသောကြောင့် စိတ်လှုပ်ရှားစရာပူးပေါင်းမှုပင်ဖြစ်သည်။
"လောလောဆယ် ကျွန်မကုမ္ပဏီအတွက် သင့်တော်မယ့် ရုံးခန်းရှာကြည့်လိုက်ဦးမယ်။ ပြီးတော့ ရုံးခန်းအတည်တကျမရသေးခင်အထိ ကုမ္ပဏီအသစ်ကို မှတ်ပုံတင်ဦးမှာမဟုတ်သေးဘူး။ ဒီတော့ ကျွန်မတို့ နှစ်သစ်ကူးပွဲတော်ပြီးသွားတော့မှပဲ လုပ်ငန်းကိုစကြတာပေါ့။"
"ရတာပေါ့။" ကုမ္ပဏီကအခုချိန်အထိ မှတ်ပုံမတင်ရသေးသောကြောင့် အနည်းငယ်မလွယ်ကူလောက်ဟုခံစားမိပေမယ့်လဲ အခုချိန်တွင် သူအနေနှင့်စောင့်နိုင်ရုံသာရှိတော့သည်။
"သရုပ်ဆောင်တွေနဲ့ ဇာတ်ညွှန်းတွေကတော့ ရှင်ကဒါရိုက်တာဆိုတော့ အားလုံးကို ထိန်းချုပ်ခွင့်ရှိပါတယ်။" ကုနင်းအနေနှင့် လုကျန်းကို ကိုယ်တိုင်ဆုံးဖြတ်ခွင့်ပေးမည်ဖြစ်ပေမယ့် သူမကုမ္ပဏီတွင် ဒါရိုက်တာတစ်ယောက်ထက်မကရှိလာမည်ဖြစ်သည်။
"ကျွန်မ တော်ဝင်မောင်းမဆောင်အကြောင်းရေးထားတဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ကိုတော့ တွေ့ထားတယ်။ အရင်ဆုံး ရှင်ဇာတ်လမ်းအနှစ်ချုပ်ကို ဖတ်ကြည့်လိုက်ပေါ့။ ရှင်လဲစိတ်ဝင်စားတယ်ဆိုရင်တော့ ကျွန်မတို့ကုမ္ပဏီ မှတ်ပုံတင်ပြီးသွားတာနဲ့ အဲ့ဒီ့ဇာတ်လမ်းကို ပထမဦးဆုံးရိုက်ကူးကြတာပေါ့။ စိတ်မဝင်စားဘူးဆိုရင်လဲ ကျွန်မတခြားဒါရိုက်တာတစ်ယောက်ကို ငှားနိုင်ပါတယ်။ ပြီးတော့ ရှင်ကတော့ ကိုယ်ပိုင်ဇာတ်လမ်းတွေကိုပြင်ဆင်လိုက်ပေါ့။" ကုနင်းထပ်ပြောလိုက်သည်။
"ကောင်းပြီလေ၊ ငါဖတ်ကြည့်လိုက်မယ်။" လုကျန်းပြန်ဖြေလိုက်ပြီးနောက် ကုနင်းလဲ ဇာတ်လမ်းအနှစ်ချုပ်ရေးထားသည့် စာရွက်များကိုထုတ်ကာ သူ့ကိုပေးလာခဲ့သည်။
လုကျန်းဇာတ်လမ်းကိုဖတ်နေသည့်ချိန်တွင်တော့ မျက်ဝန်းအစုံမှာလင်းလက်သွားခဲ့သည်။ သူလဲ သဘောကျပုံရလေသည်။ အနှစ်ချုပ်တစ်ခုလုံးဖတ်ပြီးသွားချိန်တွင်တော့ ပေါ်တင်ပင် ဇာတ်လမ်းကို ချီးကျူးလာခဲ့သည်။
"ဒီဇာတ်လမ်းကတော်တော်ကောင်းတယ်လို့ထင်တယ်! တခြားဟာတွေနဲ့ တော်တော်ကွာခြားတယ်။ ပြီးတော့ ဇာတ်လမ်းရဲ့အသေးစိတ်အချက်အလက်တွေကိုဖတ်ဖို့လဲ စိတ်ဝင်စားတယ်။" လုကျန်းသည် အနှစ်ချုပ်ကို ဖတ်ကြည့်ပြီးရုံနှင့်တင် အတော်လေးကျေနပ်နေပေမယ့် ဝတ္ထုတစ်ပုဒ်လုံးကိုတော့မဖတ်ရသေးသောကြောင့် အသေးစိတ်အကြောင်းအရာများကပါ စိတ်ဝင်စားဖို့ကောင်းပါ့မလားဆိုသည်ကို မသေချာသေးပေ။
"ကောင်းပြီလေ၊ နောက်ပြီးရင် ဝတ္ထုကို ပို့ပေးလိုက်ပါမယ်။ ရှင်စိတ်ဝင်စားတယ်ဆိုရင်တော့ ကျွန်မတို့ ဒီဝတ္ထုရဲ့မူပိုင်ခွင့်ကို ဝယ်လိုက်ကြတာပေါ့။ ပြီးတော့ ကျွန်မတို့ကုမ္ပဏီအတွက် ဇာတ်ညွှန်းရေးဆရာနေရာအတွက် ဒီဝတ္ထုရဲ့စာရေးသူကို ခန့်ထားပြီးသွားပြီ။ တကယ်လို့ ရှင့်မှာမေးချင်တာတွေရှိရင် နှစ်သစ်ကူးပွဲတော်ပြီးရင် သူနဲ့စကားပြောကြည့်ပေါ့။"
အခုချိန်ထိ ဆွေးနွေးမှုများအောင်မြင်သွားခဲ့ပြီဖြစ်ပြီး ကျန်သည့်အကြောင်းအရာများကိုတော့ဖြင့် ကုမ္ပဏီတရားဝင်မှတ်ပုံတင်ပြီးသွားသည့်အချိန်တွင် ဆက်လက်ဆွေးနွေးကြမည်ဖြစ်သည်။
***
အခန်း ၃၁၃
ကောင်ချောလေး?
"ဒါဆို နောက်မှပြန်တွေ့ကြတာပေါ့၊ ဒါရိုက်တာလု။" ကုနင်း လုကျန်းနှင့် လက်ဆွဲနှုတ်ဆက်ရန်အတွက် သူမလက်ကို ဆန့်တန်းပေးလိုက်သည်။ လုကျန်းလဲ ချက်ချင်းပင် မတ်တပ်ထရပ်လိုက်ကာ ကုနင်း၏လက်ကို ပြန်ဆွဲကိုင်လိုက်သည်။
"မင်းနဲ့ဒီနေ့တွေ့ခွင့်ရတာ အရမ်းကောင်းတာပဲ၊ ဘော့စ်!"
ထို့နောက် ကုနင်းနှင့် လင်ရှောင်းထင်တို့အတူတူ နေ့လည်စာသွားစားကြလေသည်။
"ထပ်ပြီး မင်းဘယ်သွားချင်သေးလဲ?" စားသောက်ဆိုင်မှ ပြန်ထွက်လာသည်နှင့် လင်ရှောင်းထင် ကုနင်းကိုမေးလိုက်သည်။ ကုနင်း ခနလောက်တွေးလိုက်ပြီးမှပင်၊
"နှစ်သစ်ကူးပွဲတော်ရောက်တော့မှာဆိုတော့ ဈေးဝယ်စင်တာကိုသွားကြရအောင်! ကျွန်မမိသားစုအတွက် လက်ဆောင်ဝယ်ချင်လို့။"
"ကောင်းပြီလေ။သွားတာပေါ့။" လင်ရှောင်းထင် ကုနင်း၏လက်ကို ဆုပ်ကိုင်ကာ ကားပါကင်ဘက်သို့လျှောက်လာခဲ့သည်။ သွားနေရင်းဖြင့် လင်ရှောင်းထင်က၊
"မင်းရဲ့ ဖျော်ဖြေရေးကုမ္ပဏီအသစ်ရဲ့နာမည်က ဘာလဲ?"
"အင်း၊ ကျွန်မ ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်းလို့ခေါ်မလားလို့။"
"ဝန်ထမ်းတွေအတွက်ကော? လူတွေခန့်ဖို့ ကိုယ့်အကူအညီလိုအပ်သေးလား?"
"အဲ့လိုဆို ပိုအဆင်ပြေတာပေါ့! ဒါပေမယ့် ရှင့်စီကနေပဲ အာားလုံးအကူအညီယူနေရပုံပဲ။" ကုနင်းလဲ လင်ရှောင်းထင် သူမကို အများကြီးကူညီပေးထားပြီမှန်း သတိထားမိလေသည်။
"မင်းက သူဌေးမကြီးပဲ၊ ငွေသာထိုင်တွက်နေပါ။" လင်ရှောင်းထင်စနောက်လိုက်သည်။
"ဟ-ဟ၊ ဟုတ်တာပေါ့။"
ထို့နောက် လင်ရှောင်းထင် မြို့တော်၏အကောင်းဆုံး ဈေးဝယ်စင်တာသို့ ကုနင်းကို ခေါ်သွားလိုက်သည်။ ရင်းနှီးဖူးသည့်နေရာအနေအထားများကို တွေ့လိုက်ရခြင်းကြောင့် ကုနင်းခံစားချက်များ ထပ်မံရှုပ်ထွေးသွားရပြန်သည်။ သို့ပေမယ့် လင်ရှောင်းထင်ကို စိတ်မပူစေချင်သောကြောင့် သူမဒေါသများကို အတင်းပြန်လည်မြိုသိပ်လိုက်ရသည်။ သူမအရင်ဦးစွာ လင်ရှောင်းထင် အတွက် အဝတ်အစားအချို့ဝယ်ပေးရန်အတွက် အမျိုးသားအဝတ်အထည်များရှိရာသို့ သွားခဲ့သည်။
ကုနင်း နှင့် လင်ရှောင်းထင်သို့ ဝင်လာသည်ဆိုလျှင်ပဲ သူတို့အနီးရှိလူများ၏အာရုံကိုဆွဲဆောင်သွားတော့သည်။ လူအတော်များများမှာ လင်ရှောင်းထင်၏ချောမောခန့်ညားလှသည့်ပုံစံကြောင့် အံ့အားသင့်နေကြလေသည်။
"ကြိုဆိုပါတယ်!" အရောင်းဝန်ထမ်းတစ်ဦးက ရောက်လာကာ ဖော်ရွေစွာဖြင့် ကြိုဆိုနှုတ်ဆက်လာသည်။
"တွေ့ရတာဝမ်းသာပါတယ်၊ လူကြီးမင်း , မိန်းကလေးတို့ စိတ်တိုင်းကျ စမ်းဝတ်ကြည့်လို့ရပါတယ်။"
"ကျေးဇူးပါ။" ကုနင်းပြန်ပြောဖြေလိုက်ကာ လင်ရှောင်းထင်နှင့်အတူ လျှောက်ပတ်ကြည့်နေလိုက်သည်။
ကုနင်းတစ်ချက်လောက်ကြည့်ပြီးသည်နှင့် ထူထဲသည့် လီနင်ကုတ်အရှည်တစ်ထည်ကို ယူလိုက်ပြီး လင်ရှောင်းထင်ကိုပေးလိုက်ကာ,
"စမ်းဝတ်ကြည့်လိုက်။" လင်ရှောင်းထင် အံ့ဩသွားသောကြောင့် ကုနင်းပြန်ရှင်းပြလိုက်သည်။
"နှစ်သစ်ကူးပွဲတော်လာတော့မှာဆိုတော့ ကျွန်မချစ်သူအတွက် နှစ်သစ်ကူးလက်ဆောင်တစ်ခုလောက်ဝယ်ပေးချင်လို့ပါ။"
ထိုစကားကိုကြားတော့ လင်ရှောင်းထင် ကြည်နူးမိသွားသည်။ ဒါက သူ့အတွက် ကုနင်းပေးသည့်လက်ဆောင်ဖြစ်ပြီး သူ့ဘက်ကလဲ သေချာပေါက်ငြင်းလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် ချက်ချင်းပင် သူလက်ရှိဝတ်ထားသည့်ကုတ်အင်္ကျီကိုချွတ်ကာ အသစ်ကို ပြောင်းဝတ်ကြည့်လိုက်တော့သည်။
လင်ရှောင်းထင်သည် အမြဲတမ်း အနက်ရောင်အဝတ်အစားများကိုပဲ ဝတ်ဆင်ပြီး အေးစက်သည့်အရှိန်အဝါများကိုသာ ထုတ်လွှတ်တတ်သောကြောင့် လူအများကို သူ့အနီးမှ ခပ်ခွာခွာဖြစ်သွားစေသည်။ သို့ပေမယ့် အခုတော့ လီနင်ကုတ်ကိုဝတ်လိုက်သောကြောင့် သက်ဝင်လှုပ်ရှားသွားသလိုပင်။ ကုနင်းမျက်လုံးများလင်းလက်သွားကာ လင်ရှောင်းထင်ကို ချီးမွမ်းစကားဆိုလိုက်သည်။
"ရှင်က ဘာဝတ်ဝတ်ကို အရမ်းကြည့်ကောင်းနေတော့တာပဲ!"
"မင်းသဘောကျရင် ဝမ်းသာပါတယ်။" လင်ရှောင်းထင် ကုနင်းကို စူးစိုက်ကြည့်လိုက်သည်။ သူကတော့ သူ့ဝတ်စုံ သူ့ပုံစံဘယ်လိုပဲဖြစ်နေနေ ဂရုမစိုက်ဘဲ ကုနင်း၏သူ့အပေါ်အမြင်တစ်ခုတည်းကိုသာလျှင် ဂရုစိုက်လေသည်။
"ကျွန်မတို့ ဒီကုတ်အင်္ကျီကို ဝယ်ကြတာပေါ့။" ကုနင်းအလွန်ကျေနပ်နေခဲ့သည်။
"ဪပြီးတော့ သိုးမွေးဆွယ်တာတစ်ထည်၊ ဘောင်းဘီရှည်တစ်ထည်နဲ့ ဖိနပ်လဲလိုဦးမယ်ထင်တယ်။"
ခနအတွင်း သူတို့ဝယ်လို့ပြီးစီးသွားကာ လင်ရှောင်းထင်၏ဝတ်စုံသည်လဲ လုံးဝပြောင်းလဲသွားပြီဖြစ်ပြီး တက်ကြွကာ လူငယ်ဆန်သည့်ပုံစံပိုလို့ပေါ်သွားပြီဖြစ်သည်။
"ကြည့်ကောင်းတယ်! ကျသင့်ငွေသွားပေးကြတာပေါ့။" ကုနင်း ဈေးဘယ်လောက်ဖြစ်သည်ကိုပင် တွက်မနေဘဲ သူမကဒ်ကို ထုတ်ပေးလိုက်သည်။ ထိုဝတ်စုံတစ်စုံလုံးမှာ ယွမ်၁သိန်းနီးနီးပင်ကျသွားခဲ့လေသည်။
ယခုတစ်ကြိမ်တွင်တော့ ကုနင်းကပေးလာမည့်လက်ဆောင်ဖြစ်သောကြောင့် ကုနင်းထက်ဦးပြီး လင်ရှောင်းထင်ဝင်မရှင်းတော့ပေ။ သို့ပေမယ့် တချို့လူများ၏အမြင်သည်တော့ ကွဲပြားကြလေသည်။ ကုနင်းတို့ဘေးနားတွင် ယောကျ်ားနှစ်ဦးနှင့်အတူရှိနေသည့် အမျိုးသမီး၂ဦးရှိနေကာ ထိုအမျိုးသမီးနှစ်ဦးက သရော်သည့်သဘောဖြင့်ပြောလာခဲ့သည်။
"ဟွန့်၊ ဘာအရမ်းခန့်တဲ့လူလဲ! နောက်ဆုံးတော့ ကောင်ချောလေးသက်သက်ပဲကို!" (**ပိုင်းလုံးဟုပြောခြင်း)
"ဟုတ်ပ၊ ငါကအခုလေးတင် ကောင်မလေးကို အားကျလိုက်မိတာ။"
လင်ရှောင်းထင်ကတော့ ထိုအမျိုးသမီးများကို လျစ်လျူရှုထားပေမယ့် ကုနင်းသည်တော့ မကျေနပ်ပေ။ သူမထိုအမျိုးသမီး၂ဦးကို အေးစက်သည့်မျက်ဝန်းများဖြင့် ကြည့်လိုက်ကာ၊
"ကျွန်မတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို လုံးဝမသိဘဲနဲ့ဘာကြောင့် ကျွန်မချစ်သူကို ကောင်ချောလေးလို့ခေါ်ရတာလဲ? ကျွန်မချစ်သူကို လက်ဆောင်ဝယ်ပေးတာ ဘာများမှားသွားလို့လဲ? မဟုတ်မှ ရှင်တို့လူတွေကို ရှင်တို့အတွက် ဈေးကြီးတန်အိတ်ဝယ်ပေးဖို့ တောင်းပန်ခယနေရတာမှ အထက်တန်းကျတယ်ထင်နေတာလား?"
ကုနင်းသည်လဲ အခုလေးတင် ထိုအမျိုးသမီးနှစ်ယောက် သူတို့ဘေးမှယောကျ်ားနှစ်ယောက်ရှေ့တွင် ချစ်ဖို့ကောင်းအောင်အမျိုးမျိုးလုပ်ပြကာ ဒီဇိုင်နာထုတ်အိတ်များနှင့် အဝတ်အစားများဝယ်ပေးဖို့ပူဆာနေသည်ကို ကြားထားခြင်းဖြစ်သည်။ ထိုအမျိုးသမီး၂ဦးမှာ ဥစ္စာပစ္စည်းရှိသူကို အလေးပေးသည့်မိန်းကလေးများမှန်း သိသာလေသည်။
"နင်...." ကုနင်းက တကယ့်ချက်ကောင်းကို ထောက်ပြလိုက်သောကြောင့် ထိုအမျိုးသမီးနှစ်ဦး ရှက်ရွံ့သွားကြရသည်။ သို့ပေမယ့် သူမတို့ဘေးရှိ ယောက်ျား၂ဦးကတော့ဖြင့် သူမတို့ကိုကူညီပေးရန် ရည်ရွယ်ချက်မရှိကြပေ။ သူတို့သည်လဲ ထိုအမျိုးသမီး၂ဦးက သူတို့ငွေကိုသာချစ်ကြောင်း သိပြီးသားဖြစ်၍ ဘေးနားတွင်ပင်ရပ်ကာ ပွဲကြည့်နေခဲ့သည်။ သေချာပေါက် ထိုယောက်ျား၂ဦးသည်လဲ သူမတို့နှစ်ဦးကို ကစားရုံသာကစားနေကြခြင်းဖြစ်လေသည်။ သူတို့ဘက်က ပမာဏတစ်ခုအထိ သူမတို့အတွက်ငွေဖြုန်းပေးချင်ကြရုံသာဖြစ်သည်။
ကုနင်းပြောလိုက်သည်က အဖြစ်မှန်သာဖြစ်ပေမယ့် ထိုအမျိုးသမီး၂ဦးကတော့ဖြင့် ဝန်မခံချင်ကြပေ။ ထို့ကြောင့် ငှက်မွေးကုတ်အဖြူရောင်ကိုဝတ်ထားသည့် အမျိုးသမီးက ကုနင်းကို အပြစ်တင်လိုက်သည်။
"နင်ဘာတွေလာပြောနေတာလဲ? ငါက ဟောက်ရွှမ်းကိုပဲ ချစ်တာ သူ့ငွေကိုမဟုတ်ဘူး!" ထိုအမျိုးသမီး ပြောရင်းဖြင့် သူမဘေးမှလူ၏လက်မောင်းကို ချိတ်ဆွဲလိုက်ကာ အချစ်စစ်အချစ်မှန်နှင့်ချစ်နေကြသူများလိုလုပ်ပြလိုက်သည်။ သို့ပေမယ့် သူမတွဲထားသည့်ယောက်ျား၏မျက်နှာထက်တွင် အထင်သေးလှောင်ပြောင်နေသည့်ပုံစံဖြစ်နေသည်ကိုတော့ သတိမထားမိခဲ့ပေမယ့် ကုနင်းကတော့ ရှင်းရှင်းလင်းလင်းတွေ့လိုက်ရလေသည်။ ဒီအမျိုးသမီးက တကယ့်ကို ဉာဏ်မရှိတာပဲ။
"ဟုတ်တယ်၊ ငါလဲ ယီဟွာကို ချစ်တာ သူ့ငွေကို ချစ်တာမဟုတ်ဘူး။" နောက်ထပ် အနက်ရောင်ငှက်မွေးကုတ်ကို ဝတ်ထားသည့်အမျိုးသမီးကပါ ထောက်ခံလာသည်။
"အိုး၊ တကယ်ပဲလား? " ကုနင်း နှာခေါင်းရှုံလိုက်ကာ,
"ဒါဆိုလဲ ရှင်တို့ဝယ်ထားတဲ့ ကျသင့်ငွေကို ကိုယ်တိုင်လာလို့ မရှင်းကြတာလဲ?"
"နင်...." အမျိုးသမီး၂ယောက်လုံး စိတ်ဆိုးသွားကြပေမယ့် မည်သို့မည်ပုံပြန်တုံ့ပြန်ရမှန်း မသိကြပေ။ တကယ်တမ်း သူတို့က ထိုယောက်ျား၂ဦး၏ ငွေကိုသာချစ်ကြခြင်းဖြစ်သည်။ မဟုတ်ရင် သူတို့၏လှပသည့်ပုံပန်းသွင်ပြင်ကို ဒီလိုယောက်ျားနှစ်ဦးနှင့် အဆုံးသတ်လိုက်မည်မဟုတ်ပေ။
"ဘာလဲ? ဘာလို့ချက်ချင်းကြီး ယုံကြည်ချက်တွေ ပျောက်ဆုံးကုန်ကြတာလဲ?" ကုနင်း ရန်ထပ်စလိုက်သည်။
"နင်နဲ့ဘာမှမဆိုင်ဘူး။" အနက်ရောင်ငှက်မွေးကုတ်နှင့်အမျိုးသမီးမှာ ဒေါသတကြီးပြန်ပြောလာတော့သည်။
"ကျွန်တော်လဲ ဒီမိန်းကလေးပြောတာကို ထောက်ခံတယ်။ အချစ်စစ်မှာ တခြားရုပ်ဝတ္ထုပစ္စည်းတွေအကြောင်း ဂရုစိုက်ဖို့မလိုဘူးလေ။" ဟောက်ရွှမ်းဟုခေါ်သည့်အမျိုးသားက ပြောလာကာ သူ့ဘေးရှိ အမျိုးသမီးဘက်ကိုပါလှည့်လိုက်ပြီး၊
"ဟုတ်တယ်မလား၊ ဟန်နီ?"
"ကလေးကော၊ ဒီလိုပဲခံစားရတယ်မဟုတ်လား?" ယီဟွာဟုခေါ်သည့်အမျိုးသားကပါ သူ့ဘေးရှိ အမျိုးသမီးကိုမေးလိုက်သည်။
"ဟုတ်တာပေါ့။" အမျိုးသမီး၂ဦးမှာလဲ တွန့်ဆုတ်စွာဖြင့်ပြန်ဖြေလိုက်ရတော့သည်။
"ကောင်းတာပေါ့၊ ငါတို့ ဒီဈေးကြီးတဲ့အဝတ်အစားတွေ၊ အိတ်တွေ၊ ပြီးတော့ မိတ်ကပ်တွေလဲဝယ်ဖို့မလိုတော့သလို အဆင့်မြင့်စားသောက်ဆိုင်တွေ ကလပ်တွေလဲထပ်သွားစရာမလိုတော့ဘူးလို့ထင်တယ်။ အချစ်စစ်မှာ ငွေကြေးဆိုတာမလိုအပ်ဘူးလေ။" လျိုယီဟွာကပြောလိုက်သည်။
***
အခန်း ၃၁၄
ကုနင်းဂုဏ်ယူရခြင်း
တကယ်တမ်း အမျိုးသားနှစ်ဦးမှာ သူတို့အနားမှ အမျိုးသမီး၂ယောက်နေရာကို ပြောင်းလဲရန် စိတ်ကူးထားကြပြီးဖြစ်ကာ သူမတို့အတွက် ပစ္စည်းများဝယ်ပေးပြီး ဒီညတစ်ခေါက်လောက်အိပ်ပြီးသည်နှင့် စွန့်ပစ်ရန် စီစဉ်ထားပြီးဖြစ်သည်။ သို့ပေမယ့် အခုတော့ သူမတို့နှစ်ဦးကို ချက်ချင်းပင် ကန်ထုတ်လို့ရပြီး ငွေအမြောက်အမြားလဲ မကုန်ကျတော့မည့်ပုံပင်။
"ယီဟွာ" အမျိုးသမီးမှာ ချစ်စဖွယ်အမူအရာလုပ်ပြနေသည်။ သူမပုံစံက လုံးဝမကျေမနပ်ဖြစ်နေမှန်းသိသာပေမယ့်လဲ တိုက်ရိုက်ကြီးတော့ဖြင့် ပြန်မပြောရဲကြပေ။
"ဘာလဲ၊ ကလေးရဲ့?" လျိုယီဟွာသည်တော့ဖြင့် ထိုစကားစစ်ထိုးမှုများ၏နောက်ကွယ်မှ အမှန်တရားကိုမသိသလို ဟန်ဆောင်နေသည်။
အမျိုးသမီး၂ဦးသည်လဲ တုံးအသူများမဟုတ်ကြဘဲ ထိုအမျိုးသား၂ဦး သူမတို့ကို ကန်ထုတ်ဖို့လုပ်နေပြီဖြစ်ကြောင်း သိလေသည်။ ဒီလိုမျိုး ချမ်းသာသည့်မိသားစုမှ အမွေဆက်ခံမည့် ဒုတိယမျိုးဆက်များဖြင့် အပျော်တွဲခဲ့သည်မှာ ပထမဆုံးအကြိမ်လဲမဟုတ်သောကြောင့် သူတို့ကြားမှ ဆက်ဆံရေးမှာ တာရှည်ခံမည်မဟုတ်မှန်းလဲသိသလို သူတို့သည်လဲ ထိုလူများဘက်မှ သူတို့လိုချင်သည်များအတွက် ငွေရှင်းပေးစေချင်ရုံသာဖြစ်လေသည်။ သို့ပေမယ့် ထိုလူများက အမျိုးသမီးများကို ကန်ထုတ်ချင်သွားပြီဆိုသည်နှင့် အမျိုးသမီးများမှာ မည်မျှပင် တောင်းပန်ခယနေပါစေ သူမတို့၏ဆက်သွယ်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်မည်မဟုတ်တော့ပေ။
ကုနင်းသည်လဲ သူမဒေါသများကို ထိုအမျိုးသမီး၂ယောက်အပေါ်ပေါက်ကွဲပြီးဖြစ်သွားသောကြောင့် သူတို့နှင့်ဆက်ပြီး စကားများချင်စိတ်မရှိကြတော့ပေ။ သို့ပေမယ့် သူမမထွက်သွားခင် ထိုအမျိုးသမီး၂ဦးရှေ့တွင် တမင်ကာ ကြွားဝါလိုက်သေးသည်။
သူဘယ်ဘက်လက်ကို မြှောက်ပင့်လိုက်ပြီး လေထဲတွင် သွေးနီရောင်ကျောက်စိမ်းလက်ကောင်ကို ပေါ်လွင်အောင်လုပ်လိုက်ကာ,
"ရှင်တို့ပဲ ကျွန်မချစ်သူက ကောင်ချောလေးတစ်ယောက်ပဲလို့ ပြောခဲ့တယ်မဟုတ်ဘူးလား? ဒီသွေးနီရောင်ကျောက်စိမ်းလက်ကောက်ကို ကြည့်စမ်းပါဦး။ ၄၆ဂရမ်ရှိတဲ့ သွေးနီရောင်ကျောက်စိမ်းလက်ကောက်တစ်ခုကို လေလံတင်ရောင်းရင် အနည်းဆုံး ယွမ်၄၈သန်းလောက်ရမှာ၊ ပြီးတော့ ဒီလက်ကောက်ကပိုတောင် အလေးချိန်များသေးတယ်။ အခုရော ကျွန်မရည်းစားက ကောင်ချောလေးသာသာပဲလို့ ထင်နေသေးလား? ပြီးတော့ ကျွန်မချစ်သူက အခုထိဆို လက်ဝတ်ရတနာများစွာ ကျွန်မကိုပေးထားပြီးသား။ အားလုံးပေါင်းရင် အနည်းဆုံး ယွမ်သန်း၁ရာလောက်တန်တယ်။ ကျွန်မတော့ ရှင်တို့မှာ ကျွန်မကို ဝေဖန်ပိုင်ဖို့ အရည်အချင်းမပြည့်မှီဘူးလို့ထင်တယ်။" ပြီးနောက် ကုနင်း လင်ရှောင်းထင်နှင့်အတူ ထွက်သွားခဲ့ပြီး ဆိုင်ထဲမှလူများသည်တော့ဖြင့် ထိတ်လန့်ကာကျန်ခဲ့လို့လေသည်။
အနည်းဆုံး ယွမ်သန်း၁ရာတဲ့လား? သူ့ရည်းစားက အရမ်း, အရမ်းချမ်းသာတာပေါ့! လူအတော်များများတွင် တူညီသည့်အတွေးများရှိကုန်ကြလေသည်။ တစ်ချိန်တည်းတွင်ပဲ လူတချို့သည်တော့ဖြင့် ထိုပစ္စည်းများမှာ အစစ်ရောဟုတ်ရဲ့လားဟုသံသယဝင်မိကြသည်။ သို့ပေမယ့် မည်သို့ပင်ဖြစ်ပါစေ၊ အမျိုးသမီး၂ဦးသည်တော့ဖြင့် အခုချိန်တွင် ကုနင်းကို အလွန်တရာမနာလိုဝန်တိုဖြစ်နေကြပြီဖြစ်သည်။ သူတို့တွင်လဲ ထိုသို့ခန့်ညားကာ အလွန်, အလွန်ချမ်းသာသည့်ရည်းစားမျိုး ရှိချင်နေကြသည်။
"သူလဲ ဥစ္စာပစ္စည်းမက်တဲ့ကောင်မလေးပဲဖြစ်မှာ!" အဖြူရောင်ငှက်မွေးကုတ်နှင့် အမျိုးသမီးကပြောလိုက်သည်။
"ဟုတ်တယ်၊ ဟုတ်တယ်။" အနက်ရောင် ငှက်မွေးကုတ်ဖြင့် အမျိုးသမီးကလဲ သံယောင်လိုက်ပြန်သည်။
ကုနင်းတို့ ဈေးဝယ်စင်တာဘက်သို့လာပြီးနောက်တွင် လင်ရှောင်းထင်က၊
"ကိုယ် အဲ့ဒါတွေကို ဂရုမစိုက်ပါဘူး။"
"ကျွန်မ ဂရုစိုက်တယ်လေ။" ကုနင်းသည်တော့ တခြားသူများ၏ သူမရည်းစားအပေါ်ထားသည့်အမြင်ကို ဂရုစိုက်လေသည်။
ဆက်ပြီး ကျန်းရှုအတွက် အဝတ်အစားများဝယ်ပေးရန်အတွက် ကုနင်းနှင့်လင်ရှောင်းထင်တို့ နောက်ထပ် အမျိုးသားဝတ်စုံဆိုင်သို့ထပ်သွားလိုက်သည်။ ဒီတစ်ခေါက်တွင်တော့ဖြင့် ကုနင်းထက်အရင် လင်ရှောင်းထင်ငွေရှင်းပေးလိုက်သည်။ ကုနင်း၏ချစ်သူကောင်လေးတစ်ဦးအနေဖြင့် သူမမိသားစုဝင်များအပေါ် သူ၏ကြင်နာမှုကို ပြသဖို့ရန် ကြိုးစားလေသည်။ သူမမိသားစုကတော့ဖြင့် သူငွေရှင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိမည်မဟုတ်ပေမည့် ကုနင်းသာသိနေလျှင် လုံလောက်ပြီဖြစ်သည်။ ကုနင်းသည်လဲ လင်ရှောင်းထင်၏သဘောထားကိုသိသောကြောင့် တားမနေခဲ့ပေ။
"ကျွန်မတို့ ပြီးရင် ရှင့်မိသားစုအတွက် လက်ဆောင်လေးဘာလေးဝယ်ကြတာပေါ့။ သူတို့လဲ ကျွန်မငွေရှင်းပေးမှာကို မသိပေမယ့် ရှင်သိရင်လုံလောက်ပြီလေ။" လင်ရှောင်းထင်က သူမမိသားစုအတွက် လက်ဆောင်များဝယ်ပေးခဲ့သောကြောင့် ကုနင်းလဲ ထိုသို့ပြန်လုပ်ပေးရန် စီစဉ်လိုက်ခြင်းဖြစ်သည်။
"ကိုယ့်အဖိုးအတွက်ပဲ လက်ဆောင်ဝယ်ပါ။" လင်ရှောင်းထင်က ကုနင်း၏အစီအစဉ်ကိုမငြင်းဆိုပေမယ့်လဲ သူ့မိသားစုဝင်အရေအတွက်ကိုတော့ဖြင့် ကန့်ကတ်ခဲ့လေသည်။
"ကောင်းပြီလေ၊" ကုနင်းလဲ လင်ရှောင်းထင်က လင်မိသားစုမှကျန်သည့်လူများနှင့် သိပ်အဆက်အဆံမရှိသည်ကို သိထားပြီးဖြစ်သောကြောင့် ရှည်ရှည်ဝေးဝေးပြောမနေဘဲ သဘောတူလိုက်လေသည်။ ကုနင်း လင်ရှောင်းထင်၏အဖိုးအား မည်သည့်လက်ဆောင်ပစ္စည်းဝယ်ပေးရမည်ကို ခနမျှတွေးတောနေလိုက်သည်။ ပြီးနောက် သူမ၏စိတ်စွမ်းအင်အာကာပြင်အတွင်းမှ ရှေးဟောင်းပစ္စည်းများကို တွေးမိသွားခဲ့သည်။
"ရှင့်အဖိုးက ရှေးဟောင်းပစ္စည်းစုဆောင်းရတာကို သဘောကျလား?"
"သဘောကျပါတယ်။
"သူက ရှေးဟောင်းပစ္စည်းကိုကြိုက်တာလား၊ ဒါမှမဟုတ် ပန်းချီတို့ လက်ရေးမူတို့ကိုကြိုက်တာလား?"
"လက်ရေးမူနဲ့ ပန်းချီတွေ" လင်ရှောင်းထင်၏ပြန်ဖြေမှုကိုကြားပြီးနောက် ကုနင်းလဲ ကျောက်မန်မူ၏လက်ရေးမူအပိုင်းအစဖြစ်သည့် လျိုရှန်းဖူကို ပေးရန်ဆုံးဖြတ်လိုက်တော့သည်။
နောက်ထပ်နာရီအတန်ကြာပြီးနောက်တွင်တော့ ကုမန့်၊ ကုချင်၊ ကျန်းရှင်းယွီနှင့် ကုနင်းကိုယ်တိုင်အတွက် လက်ဆောင်ပစ္စည်းများဝယ်ခြမ်းပြီးသွားခဲ့ကာ လင်ရှောင်းထင်ပဲ ထိုပစ္စည်းများအတွက် ငွေချေပေးပြီး သူပဲ သယ်လာပေးခဲ့သည်။
ကုနင်းကတော့ သူမဘာသာပဲ အိတ်များကိုသယ်ချင်ပေမယ့် လင်ရှောင်းထင်ကို ကူညီပေးနေလေသည်။
ဈေးဝယ်ထွက်ရခြင်းမှာ ပျင်းစရာအလွန်ကောင်းသောကြောင့် ယောကျ်ားတွေက မုန်းတောင်မုန်းကြသည်ဟုဆိုကြပေမယ့်လဲ လင်ရှောင်းထင်သည်တော့ ပျင်းသည်ဟုမခံစားရသလို ကုနင်း၁နာရီကျော်လောက် ဝယ်နေသည်ကို တောက်လျှောက်လိုက်ပေးလေသည်။
သူတို့နှစ်ဦးအိမ်ပြန်လမ်းတွင်တော့ ဟင်းချက်ဖို့လိုအပ်သည့်ပစ္စည်းများကိုဝယ်ကာ ကိုယ်တိုင်အိမ်မှာပဲချက်ပြုတ်ဖို့ရန် စီစဉ်လိုက်ကြသည်။
ကုနင်းတို့အိမ်ပြန်ရောက်သည့်အချိန်တွင်တော့ ညနေ၄နာရီခွဲသာရှိသေးသောကြောင့် ခနတဖြုတ်နားပြီးမှသာ စချက်ပြုတ်ကြရန် ဆုံးဖြတ်လိုက်သည်။
နားနေချိန်အတွင်းတွင် ကုနင်း ရေချိုးခန်းအတွင်းသို့ဝင်လိုက်ကာ သူမ၏စိတ်စွမ်းအင်အာကာပြင်အတွင်းမှ လျိုရှန်းဖူကို ထုတ်ယူလိုက်သည်။ ထို့နောက် အပြင်သို့ပြန်ထွက်လာပြီး ထိုလက်ရေးမူကို လင်ရှောင်းထင်ထံပေးလိုက်ကာ၊
"ကျွန်မဒါကို ရှေးဟောင်းလမ်းမှာဝယ်ခဲ့တာ။ ရှင့်အဖိုးအတွက် နှစ်သစ်ကူးလက်ဆောင်ကောင်းတစ်ခုဖြစ်မယ်လို့ ထင်တယ်။"
"အဖိုးအတွက် နှစ်သစ်ကူးလက်ဆောင်ကောင်းပါပဲ။" လင်ရှောင်းထင် ကုနင်း၏စကားကိုပြန်ပြင်ဆင်ပေးလိုက်သည်။
"ဘာ?" ကုနင်းသည်တော့ လင်ရှောင်းထင်ဘာကြောင့်သူမ၏စကားကို ထပ်ခါပြန်ပြောလဲဆိုသည်ကို နားမလည်ပေ။
"အဖိုးပဲ၊ ရှင့်အဖိုးမဟုတ်ဘူး။" လင်ရှောင်းထင်ပြန်ရှင်းပြလိုက်သည်။ တစ်နည်းဆိုရသော် လင်ရှောင်းထင်သည် သူ့အဖိုးကိုလဲ သူမ၏အဖိုးအဖြစ်သာခေါ်ဆိုဖို့ရန် မျှော်လင့်ခြင်းဖြစ်လေသည်။
ကုနင်းလဲ လင်ရှောင်းထင်စိတ်ထဲဘယ်လိုတွေးနေသည်ကို နားလည်ပေမည့် အမှန်ကိုထုတ်မပြောခဲ့ပေ။ သူမတို့နှစ်ဦးသည် ယခုထိ လက်ထပ်ထားပြီးခြင်းမရှိသေးပေ။
သို့ပေမယ့် လင်ရှောင်းထင်က သူမအတွက်လူမှန်ဖြစ်ကြောင်း ယုံကြည်ထားပြီဖြစ်သလို အရာရာတိုင်းသာ အဆင်ပြေချောမွေ့စွာဖြတ်သန်းသွားမည်ဆိုလျှင် သူ့အဖိုးသည်လဲ တစ်နေ့သူမအဖိုးဖြစ်လာမည်ဖြစ်သောကြောင့် မငြင်းဆန်တော့ပေ။
"ကောင်းပြီလေ၊ အဖိုးပေါ့။"
လင်ရှောင်းထင် စိတ်ကျေနပ်စွာပြုံးလိုက်မိပြီး သူ၏လှပသည့်အပြုံးက ကုနင်းကို ရင်ခုန်သံမြန်ဆန်သွားစေသည်။
လင်ရှောင်းထင်သည် ရှေးဟောင်းပန်းချီများနှင့် လက်ရေးမူများအကြောင်းကို များများစားစားမသိထားပေမယ့် ကုနင်း၏ရွေးချယ်မှုမှန်ကန်မည်ဖြစ်ကြောင်းကိုတော့ဖြင့် ယုံကြည်လေသည်။ ပြီးနောက် သူတို့နှစ်ဦး ဆိုဖာထက်တွင်ထိုင်ကာ တီဗီကြည့်နေလိုက်ကြသည်။ ကုနင်းမှာ သူမ၏ဓမ္မတာကာလဖြစ်နေခြင်းကြောင့် လင်ရှောင်းထင်သည် သူမကို ထွေးပွေ့ခွင့်ရမည်မဟုတ်၍ နမ်းပင်မနမ်းရဲသလို ထိလဲမထိရဲခဲ့ပေ။
မကြာခင်တွင်ပဲ ဆိုင်နေရာများနှင့် ရုံးခန်းနေရာများအတွက် ရွေးချယ်စရာအတော်များများအကြောင်း ရေးသားထားသည့် အီးမေးလ်တစ်စောင် လင်ရှောင်းထင်ထံရောက်ရှိလာခဲ့သည်။ ကုနင်းလဲ ချက်ချင်းပင် ထိုအီးမေးလ်ကို ဖတ်ကြည့်လိုက်သည်။ ထိုထဲတွင် ဆိုင်နေရာအတွက် ရွေးချယ်စရာ၅မျိုးပါရှိပြီး အားလုံးသည်လဲ နေရာကောင်းများဖြစ်ကြသည်။ ငှားရမ်းခသည်တော့ နေရာကိုလိုက်၍ အပြောင်းအလဲရှိပြီး ကုနင်းကတော့ ထို၅နေရာအတွင်းမှ တတိယမြောက်နေရာကိုသဘောကျလေသည်။
ထို့အပြင် ရုံးခန်းနေရာအတွက်ကိုလဲ ရွေးချယ်စရာ၃မျိုးရှိကာ ၂နေရာသည်တော့ ငှား၍ရပြီး ၁နေရာသည်တော့ဖြင့် ရောင်းရန်ဖြစ်သည်။ သို့ပေမယ့် ရောင်းမည်တစ်နေရာသည်တော့ ဆောက်လက်စတစ်ဝက်တစ်ပျက်ဖြစ်ကာ ၁၈ထပ်ပါရှိပြီး ၅၅၀စတုရန်းမီတာ ကျယ်ဝန်းလေသည်။ ထိုအဆောက်အဦးမှာ လုံးဝပြောင်ရှင်းနေကာ တံခါးများ ပြတင်းပေါက်များလဲမရှိသေးပေ။ ယခင်ဆောက်အဦးပိုင်ရှင်သည်က အခွန်ရှောင်မှုဖြင့် ငွေများယူကာ ထွက်ပြေးတိမ်းရှောင်သွားခြင်းကြောင့် အစိုးရက နိုင်ငံတော်ဘဏ္ဍာအဖြစ်သိမ်းယူလိုက်ခြင်းဖြစ်သည်။
***
အခန်း
၃၁၅ ပျော်ရွှင်မှု
မြို့တော်၏အိမ်ခြံမြေဈေးနှုန်းများမှာ အလွန်တရာမြင့်မားသောကြောင့် တဝက်တပျက်ဆောက်လက်စ အဆောက်အဦးပင်လျှင် အနည်းဆုံး ယွမ်သန်းရာချီပေးရလေည်။ ချမ်းသာသည့်လူများအတွက်ကတော့ သူတို့ကိုယ်ပိုင်ရုံးများရှိပြီးဖြစ်သောကြောင့် နောက်ထပ်ဝယ်စရာမလိုကြတော့ပေ။ ထို့အပြင် ဝယ်ချင်ကြသည့်လူများအတွက်လဲ မတတ်နိုင်သည့်နှုန်းထားများပင်ဖြစ်သည်။ ထို့ကြောင့် ထိုအဆောက်အဦးမှာ ဈေးကွက်တွင် နှစ်ဝက်အထိဝယ်သူမရှိဘဲ သောင်တင်နေခဲ့ခြင်းဖြစ်သည်။ သို့ပေမယ့် ကုနင်းသည်တော့ ထိုအဆောက်အဦးကို ဝယ်ယူရန် ဆုံးဖြတ်လိုက်သည်။
ထိုအဆောက်အဦးသည် မြို့တော်တက္ကသိုလ်နှင့်ရော ဆိုင်နေရာနှင့်ပါ မဝေးပေ။ ထို့ကြောင့် ကုနင်းအနေဖြင့် တက္ကသိုလ်နှင့် သူမကုမ္ပဏီကို ကူးသန်းဖို့ရန် အဆင်ပြေလေသည်။ ပိုအရေးကြီးသည့်အချက်မှာ ထိုအဆောက်အဦးသည် ထန်မိသားစုပိုင်ကုမ္ပဏီဖြင့်လဲ ၂ကီလိုမီတာလောက်သာ ကွာဝေးလေသည်။ ထန်မိသားစုအကြောင်းစဉ်းစားလိုက်မိသည်နှင့် ကုနင်း၏မျက်ဝန်းအတွင်းတွင် မုန်းတီးမှုများဖြတ်ပြေးသွားတော့သည်။
"ဒီတတိယမြောက်ဆိုင်ခန်းနဲ့ တဝက်အဆောက်အဦးက ကောင်းမယ်ထင်တယ်။" ကုနင်း လင်ရှောင်းထင်ကိုပြောလိုက်သည်။ သုံးသပ်ချက်မှတ်တမ်းများအရ ပြဿနာမရှိနေဘူးဆိုပေမယ့်လဲ ကုနင်းကတော့ ကိုယ်တိုင်သွားစစ်ဆေးကြည့်ရင် ပိုကောင်းမည်ဟုတွေးလေသည်။ ထိုအဆောက်အဦးမှာ ယွမ်သန်းရာကျော်တောင်ပေးရမည်မဟုတ်ပါလား။
"အဆင်ပြောလောက်ပါတယ်။" လင်ရှောင်းထင် ပြောပြီးသည်နှင့် သူ့လက်အောက်ငယ်သားတစ်ဦးထံဖုန်းဆက်လိုက်ကာ စရံငွေပေးသွင်းရန်ပြောလိုက်သည်။
အခက်အခဲများများမရှိလိုဘဲ ကုနင်း သူမလိုချင်သည့်ဆိုခန်းနှင့် ရုံးအတွက် အဆောက်အဦးတို့ကိုရရှိသွားသောကြောင့် အနည်းငယ်ပျော်ရွှင်နေလေသည်။
စစ်မင် နှင့် ချိုးယွီရှင်းတို့နှစ်ဦးလုံးသည်လဲ သူတို့ချင်း တွဲဖက်ကောင်းဖြစ်မည်ဟုတွေးမိသောကြောင့် နေ့လည်ကတည်းက နေ့လည်စာအတူစားကာ ရုပ်ရှင်ပင်အတူသွားကြည့်နေကြပြီဖြစ်သည်။
သူတို့က အခုမှတွေ့ဆုံကြခြင်းဖြစ်သောကြောင့် တစ်ယောက်အကြောင်းတစ်ယောက်ပိုသိစေရန် အချိန်လိုအပ်ပေသည်။ သူတို့တစ်ယောက်အကြောင်းတစ်ယောက်ပိုသိသွားချိန်တွင် အချင်းချင်းကြိုက်ကြပါဦးမလားဆိုသည်ကို မည်သူမှကြိုမသိနိုင်သေးပေ။ သူတို့နှစ်ဦးလုံးသည် ဆက်ဆံရေးတစ်ခုကို ဂိမ်းတစ်မျိုးလို သဘောထားနေရမည့် ဆယ်ကျော်သက်ကလေးများမဟုတ်ကြဘဲ လက်ထပ်ဖို့အထိရည်ရွယ်ကြရမည့်အရွယ်ရောက်လို့နေပေပြီ။ ထို့ကြောင့် သူတို့ချင်းသေသေချာချာ လေ့လာကြမည်ဖြစ်ပြီး ရလဒ်မည်သို့ပင်ဖြစ်ပါစေ အရေးမကြီးပေ။
နောက်တစ်နေ့မနက်ခင်းတွင်တော့ မနက်စာစားပြီးသည်နှင့် ကုနင်းနှင့် လင်ရှောင်းထင်တို့ ဆိုင်ခန်းနှင့် အဆောက်အဦးကို သွာကြည့်ရန် ထွက်လာခဲ့ကြသည်။ ကုနင်းသည်တော့ သူမ၏ရွေးချယ်မှုကို စိတ်တိုင်းကျနေကာ အဆောက်အဦးကိုတော့ ဝယ်ယူပြီး ဆိုင်ခန်းကိုတော့ငှားရမ်းလိုက်သည်။
လင်ရှောင်းထင်၏ အားကောင်းသည့်အဆက်အသွယ်များကြောင့် ကုနင်း အဆောက်အဦးအတွက် ပေါက်ဈေးထက်အများကြီးပိုနည်းသည့် ယွမ်သန်း၂ရာသာပေးချေခဲ့ရသည်။ တကယ်တမ်း ကုနင်း အစိုးရထံမှ မြေနေရာဝယ်ယူကာ ကိုယ်တိုင်ရုံးဆောက်ပြီး ငွေချွေတာ၍ရပေမည့် မြေနေရာကောင်းတစ်ခုရှာရန်နှင့် ရုံးတစ်လုံးဆောက်ရန် အချိန်အတော်ကြာယူရဦးမည်ဖြစ်သည်။
ကုနင်း ရုံးခန်းအတွက် အဆောက်ဦးနှင့် ဆိုင်ခန်းနေရာကိုရသည်နှင့် သူမ၏ကုမ္ပဏီအသစ်ဖြစ်သည် ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်းကို မှတ်ပုံတင်ဖို့သွားခဲ့သည်။
လင်ရှောင်းထင်၏အကူအညီဖြင့်ပင် ကုနင်းပြဿနာများကို ရက်ပိုင်းအတွင်းလွယ်လွယ်ကူကူဖြေရှင်းပြီးသွားခဲ့သည်။
"ရှင့်လိုချစ်သူမျိုးရှိတာ ကျွန်မအရမ်းကံကောင်းတာပဲ! ရှင်အများကြီးကူညီပေးခဲ့တာပဲ။"
လင်ရှောင်းထင်သည်တော့ ကုနင်း၏ချီးမွမ်းစကားကြောင့် အတော်လေးပျော်ရွှင်သွားကာ၊
"မင်းကိုအမြဲကူညီပေးချင်ပါတယ်။"
"ဒါက စိတ်အနှောက်အယှက်ဖြစ်ဖို့ကောင်းတယ်လို့မတွေးမိဘူးလား?" ကုနင်းမေးလိုက်သည်။ တကယ်တော့ လင်ရှောင်းထင် သူမကို အများကြီးကူညီပေးခဲ့သောကြောင့် သူမအနေဖြင့် အနည်းငယ်အားနာစိတ်ဝင်မိလေသည်။ တစ်ချိနတည်းတွင်ပဲ လင်ရှောင်းထင်၏အကူအညီကို သူမတော်တော်လေးလိုအပ်နေသည်ကိုလဲ ဝန်ခံရမည်ဖြစ်သည်။
"ကူညီခွင့်ရတာကိုပဲ ကိုယ်ပျော်ပါတယ်။" လင်ရှောင်းထင် လေးလေးနက်နက်ပြန်ဖြေလိုက်သည်။ ထိုအရာကဘယ်လောက်ပင် စိတ်အနှောက်အယှက်ဖြစ်စရာကောင်းပါစေ ထိုကိစ္စက ကုနင်းအတွက်အကူအညီဖြစ်နေလျှင် ပျော်နေပြီဖြစ်သည်။ ကုနင်းလဲ ရင်ထဲ နက်နက်နဲနဲခံစားသွားရပြီး အခုလို သူမအပေါ် ထောက်ထားညှာတာတတ်ပြီး ဂရုစိုက်ပေးသည့် လင်ရှောင်းထင်နှင့်တွေ့ခွင့်ရသည့်အတွက် ပျော်ရွှင်မိလေသည်။
"၁၂နာရီတောင်ထိုးတော့မယ်၊ ရှင်နေ့လည်စာဘာစားချင်လဲ?" ကုနင်းမေးလိုက်သည်။
"မင်းကြိုက်တာရွေးပါ။"
ကုနင်း အနားတစ်ဝိုက်လှည့်ပတ်ကြည့်လိုက်ရင်း၊
"ဟိုမှာ စားသောက်ဆိုင်တစ်ဆိုင်ပဲ၊ သွားပြီးစမ်းစားကြည့်ရအောင်!"
"ကောင်းပြီလေ၊" လင်ရှောင်းထင်ပြန်ဖြေလိုက်ကာ ထိုစားသောက်ဆိုင်ရှိရာသို့သွားလိုက်ကြသည်။
ကုနင်း ဆိုင်ခန်းနှင့် ရုံးအတွက်နေရာကို စီစဉ်ပြီးပြီဖြစ်သောကြောင့် နောက်တစ်ဆင့်သည်က အခန်းအပြင်အဆင်နှင့် ပရိဘောဂများထည့်သွင်းဖို့ပင်ဖြစ်သည်။ ရှန်းဟွာအိမ်ခြံမြေလုပ်ငန်း၏လက်အောက်တွင် အခန်းတွင်းအလှဆင်ကုမ္ပဏီတစ်ခုရှိသောကြောင့် ကုနင်း အန်းကွမ်းယောင်ကို ဖုန်းဆက်လိုက်ကာ ဆိုင်ခန်းနှင့် ရုံးအတွက် ပြင်ဆင်ပေးဖို့ရန်ပြောလိုက်သည်။ နှစ်သစ်ကူးပွဲတော်ပြီးသည်နှင့် အန်းကွမ်းယောင်က ထို၂နေရာကို ပြင်ဆင်ရာလူများပို့လွှတ်ပေးမည်ဖြစ်သည်။
အန်းကွမ်းယောင်သည်တော့ ကုနင်း၏လုပ်နိုင်စွမ်းအပေါ် အံ့အားသင့်သွားရသည်။ အန်းကွမ်းယောင်က အစောကတည်းက ဝန်ထမ်းများစွာ ခန့်အပ်ခဲ့ပြီးဖြစ်သောကြောင့် မြို့တော်သို့ အလှဆင်ဖို့တစ်ဖွဲ့လောက်လွှတ်နိုင်ပေသည်။ သို့ပေမယ့် အလှဆင်မှုမပြုလုပ်ခင် ဆိုင်ခန်းနှင့် အဆောက်အဦး၏အရွယ်အစားကို တိုင်းတာရဦးမည်ဖြစ်သောကြောင့် အန်းကွမ်းယောင်ကိုယ်တိုင် မနက်ဖြန် ဒီဇိုင်နာနှင့်အတူ မြို့တော်သို့လာမည်ဖြစ်သည်။
လင်ရှောင်းထင်ကတော့ ကုနင်းကိုကူညီပေးချင်နေသေးပေမယ့် ကုနင်းက သူမကိုယ်တိုင်ကိုင်တွယ်နိုင်နေသည်ကိုတွေ့ရသောကြောင့် တိတ်တိတ်ဆိတ်ဆိတ်သာနေနေလိုက်သည်။
နေ့လည်စာစားပြီးသွားချိန်တွင်တော့ ကုနင်းက,
"ရှောင်းထင်၊ ရှင်လုပ်စရာကိစ္စရှိရင် သွားချင်တဲ့အချိန်သွားလို့ရတယ်နော်။ ကျွန်မကုမ္ပဏီအတွက်ကြီးပဲ တနေကုန်လိုက်လုပ်ပေးနေစရာမလိုပါဘူး။"
လင်ရှောင်းထင်သည်တော့ ထိုစကားကြောင့် အနည်းငယ် ဝမ်းနည်းသွားကာ ရင်ဘက်ထဲမှပင်နာကျင်လာရသည်။
"မင်းကိုယ့်ကို အနားမှာမရှိစေချင်လို့လား?"
ကုနင်းလဲ အလျင်အမြန်ပင် ပြန်ဖြေရှင်းရတော့သည်။
"သေချာပေါက် ရှိနေစေချင်တာပေါ့၊ ရှင်အရေးတကြီးလုပ်စရာရှိနေရင် ကျွန်မက ရှင့်ကိုဆွဲထားပြီး အချိန်ဖြုန်းမိသလိုဖြစ်နေမှာစိုးလို့ပါ။"
ထိုစကားကိုကြားတော့မှ လင်ရှောင်းထင်စိတ်သက်သာရာရသွားကာ,
"စိတ်မပူပါနဲ့။ ကိုယ်တကယ်လုပ်စရာရှိရင်သွားပါ့မယ်၊ အခုတော့ အားနေလို့ပါ။"
"ကောင်းပြီလေ၊ ဒါဆို ခနနေ ရှေးဟောင်းဈေးကိုသွားကြရအောင်။" မြို့တော်၏ရှေးဟောင်းဈေးသည် ထန်မြို့ရှိရှေးဟောင်းဈေးထက် ပိုမိုကြီးမားကာ ရှေးဟောင်းပစ္စည်းအစစ်ရဖို့ရန် အခွင့်အရေးလဲ ပိုများလေသည်။
သူတို့၂ဦး စားသောက်ဆိုင်မှ ထွက်လာသည့်အချိန်တွင်တော့ ရှေးဟောင်းလမ်းသို့သာတန်းသွားလိုက်တော့သည်။ မြို့တော်တွင်ရှိသည့် ရှေးဟောင်းလမ်းသည် လာရောကလည်ပတ်သူများအပြည့်ဖြင့် သက်ဝင်လှုပ်ရှားလို့နေလေသည်။
ကုနင်း တခနမျှ လှည့်ပတ်ကြည့်နေရင်းဖြင့် နောက်ဆုံးတွင် ရှေးဟောင်းပစ္စည်းအစစ်၅မျိုးကိုရရှိလိုက်သည်။ ထိုထဲမှ ၂မျိုးသည်တစ်မျိုးကို ယွမ်သိန်းကျော်တန်ကာ နောက်၂မျိုးသည်တော့ တစ်မျိုးလျှင် ယွမ်၂သန်းကျော်တန်ကြေးရှိပြီး နောက်ဆုံးတစ်မျိုးသည်တော့ ယွမ်၁၀သန်းကျော်တန်ကြေးရှိလေသည်။
"အခု ကျောက်အလောင်းအစားလမ်းကိုသွားကြတာပေါ့။" ရှေးဟောင်းလမ်းကိုပတ်ကြည့်၍ပြီးသည်နှင့် ကုနင်းပြောလာခဲ့သည်။ မြို့တော်၏ကျောက်အလောင်းအစားလမ်းသည် အလွန်ကြီးမားပေမယ့် ထန်မြို့ရှိ ကျောက်အလောင်းအစားလမ်းနှင့် ယှဉ်၍ရသေးသည်။ ထန်မြို့သည်က ကျောက်စိမ်းရိုင်းများထွက်ရှိရာ အဓိကနယ်မြေဖြစ်နေသောကြောင့်ပင်။
"အဖိုးက ကျောက်စိမ်းကိုကောကြိုက်လား?"
"အင်း၊ ဒါပေမယ့် အဆင့်မြင့်နဲ့ ထိပ်တန်းအဆင့်ကျောက်စိမ်းကိုပဲကြိုက်တယ်။"
ကုနင်းပြုံးလိုက်ကာ၊
"ကောင်းတာပေါ့၊ ဒါဆို ကျွန်မ အဖိုးအတွက် အဆင့်မြင့်ကျောက်စိမ်းနည်းနည်းပါ ပေးမယ်"
"ကောင်းတာပေါ့၊" ကုနင်းအတွက် အဆင့်မြင့်ကျောက်စိမ်းဖြတ်ရခြင်းက လွယ်ကူမှန်း လင်ရှောင်းထင်လဲသိပြီးဖြစ်သောကြောင့် သူမကိုတားမနေတော့ဘဲ သူ့ချစ်သူကောင်မလေးအတွက် ဂုဏ်ပင်ယူနေမိသည်။
***
စာစဉ် ၂၁ပြီး၏။