← Chapters

အခန်း (၃၂၁-၃၂၅)

Vol. 22 Ch. 321-325

အခန်း (၃၂၁-၃၂၅)

Vol. 22 Ch. 321-325

အခန်း ၃၂၁

လေလံပွဲ ၂

ရှုမိသားစု၏သမီးတစ်ယောက်အနေနှင့် ရှုချင်ယင်းသည် အဆင့်မြင့်ပွဲလမ်းအတော်များများကို တက်ရောက်ရန်အခွင့်အလမ်းများစွာရှိပြီး ချိုးယွီရှင်းသည်လဲ ဖန်သားပြင်ထက်မကြာခနပါတတ်သည့် လူသိများသော မော်ဒယ်တစ်ဦးဖြစ်သောကြောင့် သူမမျက်နှာကို လူတော်တော်များများက ရင်းနှီးနေကြလေသည်။ အနားရှိ လူအများစုမှာ သူတို့ကို ချီးကျူးပြောဆိုနေကြပေမည့် ဆန့်ကျင်ဘက်အတွေးများရှိသည့်လူအချို့လဲရှိနေသေးသည်။

"သူဘယ်လောက်ပဲလှပြီး ဆွဲဆောင်မှုရှိနေပါစေ၊ သူ့ရုပ်ရည်သွင်ပြင်ကို ငွေအတွက်ရောင်းစားနေရတာပဲလေ။" အမျိုးသမီးတစ်ဦးက အထင်သေးဟန်ဖြင့်ပြောလိုက်သည်။ ချိုးယွီရှင်းကို သူမဘယ်လောက်တောင်မှ မနာလိုဖြစ်နေမှန်း သိသာလှပေသည်။ ထိုအမျိုးသမီးသည်ကြည့်ကောင်းကာ ဝတ်တတ်စားစားတတ်ပြီး အသက်၂၇ဝန်းကျင်လောက်ရှိပြီဖြစ်ပေမည့် ချိုးယွီရှင်းကိုတော့ဖြင့် လုံးဝနီးပါမယှဉ်နိုင်ပေ။ အခုလိုမျိုး သူမ မနာလိုဝန်တိုနေသည်ကို နားလည်၍ရပေသည်။

"အဟုတ်ပဲ! သူကယောက်ျားတစ်ယောက်ယောက်ရဲ့ မယားငယ်ပဲဖြစ်မယ်လို့ ငါ့တော့ထင်တယ်!"

"ဟုတ်တယ်၊ ဟုတ်တယ်၊ မဟုတ်ရင် သူဘယ်လိုလုပ်ဒီလိုနေရာမျိုးကို လာဖို့အခွင့်အရေးရှိမှာလဲ!" နောက်ထပ်အမျိုးသမီး၂ဦးကပါ ပထမအမျိုးသမီး၏စကားကို သံယောင်လိုက်ကာ ပြောဆိုလာခဲ့သည်။

တကယ်တမ်း၊ ချိုးယွီရှင်း၏နောက်ခံမိသားစုအကြောင်းသိသည့်သူမှာ အနည်းအကျဉ်းသာရှိလေသည်။ ထိုသို့မဟုတ်ပါဘူး။ မည်သူမျှ သူမမကြောင်းကိုပြောရဲကြမည်မဟုတ်ပေ။

ချိုးယွီရှင်းသည်တော့ ထိုသို့သော ဝေဖန်မှုများနှင့် ကြုံတွေ့နေကျဖြစ်၍ သူတို့ကို ဂရုပင်စိုက်မနေခဲ့ပေ။ ဖျော်ဖြေရေးနယ်ပယ်တွင်အလုပ်လုပ်သည့်လူများသည် အခုလိုမျိုး ပတ်ဝန်းကျင်မှုတိုက်ခိုက်မှုများကိုရင်ဆိုင်ရမြဲဖြစ်သည်။ သူမအနေဖြင့် ထိုသို့သော တိုက်ခိုက်မှုပေါင်းများစွာကို အင်တာနက်မှတစ်ဆင့်ကြုံတွေ့နေကျဖြစ်ပြီး ထိုမကောင်းသည့်မှတ်ချက်များကိုလဲ ကြောက်ရွံ့မနေပေ။ သို့ပေမယ့် စစ်မင်သည်တော့ မကျေနပ်နိုင်ပေ။ သူက ထိုမကောင်းပြောနေသည့် အမျိုးသမီးသုံးဦးကို ထက်ရှကာ အေးစက်လှသည့်အကြည့်များဖြင့် စိုက်ကြည့်လိုက်ခြင်းကြောင့် ထိုသုံးဦးလုံးချက်ချင်းပင် ကြောက်ရွံ့သွားကြတော့သည်။

"မင်းတို့ ဒီလိုမျိုးပြောရအောင် သက်သေရှိကြလို့လား? မဟုတ်ရင် လူကြားထဲ တစ်ပါးသူကို ပုတ်ခတ်ပြောဆိုတဲ့အထိ မင်းတို့မှာ ကိုယ်ကျင့်သိက္ခာမရှိကြတာလား? ဥပဒေအရဆို မင်းတို့အခုလို အနုပညာရှင်တစ်ယောက်ကို ပုတ်ခတ်ပြောဆိုပြီး သိက္ခာကျဆင်းအောင်လုပ်တဲ့အတွက် အပြစ်ပေးလို့ရတယ်ဆိုတာ သိရဲ့လား?"

ကြောက်ရွံ့မှုကြောက် အမျိုးသမီး၃ဦး၏အမူအရာများပြောင်းလဲကုန်ကြတော့သည်။ စစ်မင်ဘက်က သူတို့ကို ရည်ရွယ်ချက်ရှိရှိ ခြိမ်းခြောက်လိုက်ခြင်းဖြစ်သော်လည်း သူပြောသမျှမှာအမှန်သာဖြစ်သည်။ ထို့ပြင် ထိုအမျိုးသမီး၃ဦးသည် ချိုးယွီရှင်းကို မနာလိုဖြစ်ကြရုံသာဖြစ်ပြီး သူတို့ပြောသမျှအတွက် မည်သည့်သက်သေအထောက်အထားမှမရှိကြပေ။ ယခုကိစ္စက ကိစ္စကြီးတစ်ခုလဲမဟုတ်သောကြောင့် စစ်မင်လဲ သူမတို့နှင့် အချိန်ဆက်ဖြုန်းမနေတော့ပေ။ စစ်မင်ကဘက် သူတို့ကို သတိပေးထားခဲ့ပြီးဖြစ်သောကြောင့် သူ့အနေနှင့်ဆက်ပြီး ဒီလူအုပ်ကြီးထဲတွင် နေရင်မသင့်လျော်တော့ပေ။ သို့ပေမည့် ထိုအချိန်တွင်ပဲ အမျိုးသမီးတစ်ဦး၏လှောင်ပြောင်သရော်သံထွက်ပေါ်လို့လာလေသည်။

"အိုး၊ ခန္ဓာကိုယ်ကိုရောင်းစားတဲ့လူက ရုပ်ရည်သွင်ပြင်ကိုရောင်းစားတဲ့လူထက်ပိုပြီး မြင့်မြတ်နေလို့လား?"

ပြောနေရင်းဖြင့်ပင် ထိုနေရာသို့ အသက်၃၄နှစ်အရွယ်လောက်ရှိပြီဖြစ်သည့် အမျိုးသမီး၁ဦးဝင်ရောက်လာခဲ့သည်။ သူမသည် လှပသည့်မျက်နှာသွင်ပြင်နှင့်အတူ ရည်မွန်လှသည့်အရှိန်အဝါကိုလဲပိုင်ဆိုင်ထားလေသည်။ သူမနှုတ်ခမ်းပါးပေါ်ရှိ ညှို့ဓါတ်ပါသည့် အပြုံးတစ်စုံသည် သူမဘေးနားရှိယောက်ျားတစ်စု၏ အာရုံများကိုပိုပြီးဆွဲဆောင်နေကာ ပိုလို့ပင်ဆွဲဆောင်မှုရှိသွားစေလေသည်။ ထိုအမျိုးသမီးသည် ပညာတတ်အမူအကျင့်ကောင်းရှိသူတစ်ယောက်ဖြစ်ပုံရပြီး ကြော့ရှင်းရည်မွန်စွာမွေးဖွားလာသူတစ်ဦးဖြစ်သောကြောင့် ဝတ်တတ်စားတတ်ဖြင့် ရာဂစိတ်ကိုနှိုးဆွသည့်ပုံစံမျိုးဖြင့် ဆွဲဆောင်မှုရှိကြသော အမျိုးသမီးများထက် ပိုလို့ပင် နှစ်လိုဖွယ်ကောင်းကာဆွဲဆောင်မှုရှိလေသည်။

သို့ပေမယ့် ယခုလေးတင်သူမပြောလိုက်သည့်စကားကြောင့် လူအများ၏သိချင်စိတ်များ နှိုးကြားလာကြတော့သည်။ သူမရည်ရွယ်ကာပြောလိုက်သူမှာ ချိုးယွီရှင်းကို မကောင်းပြောနေသည့်အမျိုးသမီးအားဖြစ်ရန်တူသည်။ ထို့ကြောင့် ထိုအမျိုးသမီးသည် ငွေအတွက်ဖြင့် သူမခန္ဓာကိုယ်ကိုရောင်းစားသူဖြစ်ယောက်ဖြစ်နိုင်လေသည်။ ထိုအခိုက်အတန့်တွင်ပဲ အားလုံး၏ ထိုအမျိုးသမီးအပေါ်အမြင်မှာ ကွဲပြားသွားကြတော့သည်။ အမျိုးသမီးတစ်ဦး ကျိကျိတက်ချမ်းသာသည့်မိသားစုများအကြားတွင် သူမခန္ဓာကိုယ်ကိုသူမရောင်းစားခြင်းက သာမာန်မဟုတ်သည့်ကိစ္စရပ်မျိုးမဟုတ်သော်လည်း ထိုမကောင်းသည့်လျှို့ဝှက်များ လူကြားထဲထုတ်ဖော်ခံလျှင်တော့ဖြင့် အရှက်ကွဲမည်သာဖြစ်သည်။

သို့ပေမယ့် ထိုအမျိုးသမီးသည်တော့ သူမရှေ့တွင်ရုတ်တရက်ပေါ်လာခဲ့သည့်အမျိုးသမီးကြောင့် အလုံးစုံထိတ်လန့်နေရပြီဖြစ်၍ လူအများ၏သူမအပေါ်အမြင်ပြောင်းလဲမှုများကို ဂရုစိုက်ရန်မဖြစ်နိုင်ခဲ့ပေ။

"နင်-နင် ကျောက်ရှီးယွမ်မဟုတ်လား?"

ထိုရည်မွန်ကာဆွဲဆောင်မှုရှိလှသည့်အမျိုးသမီးမှာ ကျောက်ရှီးယွမ်ဖြစ်ကြောင်း ယုံကြည်ဖို့ရန်က သူမအတွက်အလွန်ခက်ခဲနေသည်။ ကျောက်ရှီးယွမ်သည် ယခင်တုန်းက ဝတုတ်ကာ ရုပ်ဆိုးသည့်အမျိုးသမီးတစ်ဦးဖြစ်ပေယ့် ယခုတော့ဖြင့်...... ယခုကိစ္စက သည်းမခံနိုင်စရာကောင်းသော်လည်း၊ ထိုအမျိုးသမီးမှာ ကျောက်ရှီးယွမ်ဖြစ်ကြောင်း သေချာလေသည်။ သူမအနေဖြင့် ယခုအချိန်တွင် ကျောက်ရှီးယွမ်မှာ အမှန်တကယ်ကို မူးမေ့သတိလစ်စရာကောင်းလောက်ပင်ပင် လှပနေပြီဖြစ်ကြောင်း ဝန်ခံမိပြီး ပိုလို့ပင် မနာလိုဝန်တိုဖြစ်လာရသည်။

"ဘာလဲ? ကျွန်မတို့မတွေ့တာ ၂နှစ်လေးပဲရှိသေးတယ်လေ။ မိန်းကလေးကျန်းက ဘယ်လိုလုပ်ကျွန်မကို မမှတ်မိတော့တာလဲ? အိုး,ဟုတ်သားပဲ၊ လွန်ခဲ့တဲ့၂နှစ်တုန်းက မိန်းကလေးကျန်းက ကျွန်မအမျိုးသားကို အောင်အောင်မြင်မြင်နဲ့ကို ခိုးယူသွားနိုင်ခဲ့တာဆိုတော့ အခု အမျိုးသမီးယန်လို့ခေါ်ရတော့မှာပေါ့နော်?" ကျောက်ရှီးယွမ် ပေါ်တင်ပင်ပြောလိုက်တော့သည်။

လူတိုင်းလဲ ထိတ်လန့်အံ့အားသင့်သွားကြသည်။ ထိုအမျိုးသမီးကမှ ကျောက်ရှီးယွမ်က အိမ်ထောင်ရေးကိုဖျက်ဆီးခဲ့သည့် မယားငယ်ပေါ့! သို့ပေမယ့် ထိုအမျိုးသမီးမှာ အများကြီးပိုငယ်သည်ဆိုလျှင်တောင်မှ ကျောက်ရှီးယွမ်ကို ယှဉ်နိုင်ဖို့ရန် အလွန်ခက်ခဲနေသေးသည်။

ကျောက်ရှီးယွမ်၏ခင်ပွန်းဟောင်းသည် ယန်ကျန့်ဖျင်ဖြစ်ပြီး ယွမ်သန်း၁ရာကျော်မျှချမ်းသာသည့် နာမည်ကြီးကုမ္ပဏီတစ်ခု၏ဒုဥက္ကဌဖြစ်လေသည်။ လွန်ခဲ့သည့်၇နှစ် သူမတို့လက်ထပ်ခဲ့စဉ်အချိန်က ယန်ကျန့်ဖျင်သည် ဌာနတစ်ခု၏မန်နေဂျာမျှသာရှိသေးလေပြီး နောက်နှစ်များအတွင်းမှသာလျှင် ယန်ကျန့်ဖျင်သည် အောင်မြင်မှုများကို တစ်ဆင့်ပြီးတစ်ဆင့်ရယူပိုင်ဆိုင်နိုင်ခဲ့ခြင်းဖြစ်သည်။ သို့ပေမည့် သူချမ်းသာလာသည်နှင့်တစ်ပြိုင်နက် သူတို့နှစ်ဦးက အိမ်ထောင်သည်ဘဝသည် ချောက်ကမ်းပါးအစွန်းသို့ရောက်လာခဲ့တော့သည်။

ကျောက်ရှီးယွမ်သည် လွန်ခဲ့သည့်၅နှစ်ခန့်က သူမသမီးလေးကို မွေးဖွားခဲ့ကာ အိမ်ရှင်မတစ်ဦးဖြစ်လာခဲ့ရသည်။ ကလေးတစ်ယောက်ကို ဂရုစိုက်စောင့်ရှောက်ရသည်မှာ ပင်ပန်းလွန်းသောကြောင့် သူမကိုယ်သူမပြင်ပြင်ဆင်ဆင်နေဖို့ရန် အချိန်မရှိခဲ့ပေ။ သူမတဖြည်းဖြည်းခန္ဓာကိုယ်အလေးချိန်များတိုးလာချိန်တွင်တော့ သူမခင်ပွန်းဖြစ်သူမှာ သူမကို စွန့်ပစ်ခဲ့တော့သည်။ ကျန်းကျားကျားသည် လွန်ခဲ့သည်၃နှစ်မှစတင်ကာ ယန်ကျန့်ဖျင်၏မယားငယ်ဖြစ်လာခဲ့သည်။ လွန်ခဲ့သည့်၂နှစ်တွင်တော့ ယန်ကျန့်ဖျင်သည် ကျောက်ရှီးယွမ်ကို ကွာရှင်းခဲ့ပြီး သူမသည်နစ်နာကြေးအနေဖြင့် ယွမ်၁၀သန်းနှင့် သမီးဖြစ်သူကို ရရှိခဲ့လေသည်။

ကျောက်ရှီးယွမ်သည် သူမမည်မျှပင် နာကြင်ကြေကွဲရပါစေ သူမတို့၏အိမ်ထောင်ရေးကို အဖက်ဆယ်ရန် ကြိုးစားခဲ့လေသည်။ ကွာရှင်းပြီးချိန်တွင်တော့ ရရှိလာသည့်ငွေများဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ခဲ့သည်။ ယခုအချိန်တွင် သူမအရမ်းချမ်းသာခြင်းမရှိသော်လည်း ဘဝကိုကောင်းကောင်းမွန်မွန်နေထိုင်ရန်တော့ ငွေအလုံအလောက်ရှိနေပြီဖြစ်သည်။

"နင်...." ကျန်းကျားကျားမှာ အလွန်အရှက်ရသွားကာ ဒီနေရာမှ လွတ်မြောက်ချင်နေတော့သည်။ ထိုအချိန်တွင်ပင် အသက်၃၇နှစ်ဝန်းကျင်လောက်ရှိသည့် ဝတ်စုံပြည့်ဝတ်ထားသော အမျိုးသားတစ်ယောက် ရောက်လာခဲ့သည်။ သူသည်လဲ ကျောက်ရှီးယွမ်ကို မြင်သည်နှင့် ကြောင်အသွားကာ သူ့မျက်လုံးကိုပင် သူမယုံကြည်နိုင်ဖြစ်သွားသည်။

"ကျောက်ရှီးယွမ်?"

"မတွေ့ရတာတောင်ကြာပြီနော်၊ ကျွန်မရဲ့ခင်ပွန်းဟောင်းရေ!" ကျောက်ရှီးယွမ်သည် ထိုအမျိုးသားကို ရည်ရည်မွန်မွန်ပင်ပြုံးပြကာ ကြည့်လိုက်ပေမည့် သူမမျက်ဝန်းထဲတွင်တော့ ရန်ငြှိုးအာဏာတအမုန်းတရားများကိုမြင်ရလေသည်။ ထိုအမျိုးသားသည် ယခင်တုန်းကသူမနှလုံးသားအတွင်းသို့ ဓါးနှင့်နက်နက်ရှိုင်းရှိုင်းထိုးစိုက်ခဲ့ဖူးလေသည်။

"မင်း...." ယန်ကျန့်ဖျင် စကားပြောဖို့လုပ်လိုက်ပေမယ့် ဘာပြောလို့ပြောရမှန်းတော့မသိပေ။ ကျောက်ရှိးယွမ်သည် သူ၏အာရုံအလုံးစံကို ဆွဲဆောင်ယူသွားပြီဖြစ်သည်။ တကယ်တမ်းတွင် ကျောက်ရှီးယွမ်သည် အမြဲတမ်းလှပကာ ဆွဲဆောင်မှုရှိခဲ့ပေမည့် ကလေးမွေးပြီးနောက်တွင်မှသာ သူမခန္ဓာကိုယ်မှာပြောင်းလဲသွားခဲ့ခြင်းဖြစ်သည်။

ယန်ကျန့်ဖျင်သည် ကျောက်ရှီးယွမ်ကိုစိတ်ဝင်စားနေသည့်ပုံကိုမြင်ရတော့ ကျန်းကျားကျား အလွန်ဒေါသထွက်သွားတော့သည်။ သူမ ယန်ကျန့်ဖျင်ကို အားပြင်းပြင်းဖြင့် ဆွဲလိုက်ပေမယ့် လျစ်လျူရှုခြင်းခံလိုက်ရသောကြောင့် သူမအမှန်တကယ်ကိုဒေါသထွက်သွားရတော့သည်။

ကျောက်ရှီးယွမ်သည်တော့ အေးစက်စက်ပြုံးလိုက်ကာ ယန်ကျန့်ဖျင်ကို၊

"သွားတော့မယ်နော်၊ ကျွန်မလုပ်စရာကိစ္စလေးရှိသေးလို့။" ပြောပြီးသည်နှင့် ကျောက်ရှီးယွမ် ချက်ချင်းလှည့်ထွက်သွားတော့သည်။

"ရှီးယွမ်!" ယန်ကျန့်ဖျင်က သူမကိုတားလိုက်ချင်ပေမည့် အနောက်မှ ကျန်းကျားကျားကဆွဲထားလေသည်။ ကျောက်ရှီးယွမ်လဲ သူတို့ဖြစ်နေသည်ကို သတိထားမိပေမယ့် လျစ်လျှူရှုထားကာ စင်နောက်သို့လျှောက်သွားလိုက်သည်။

"ယန်ကျန့်ဖျင်၊ ရှင်ဘာတွေလုပ်နေတာလဲ!" ကျန်းကျားကျား ဒေါသတကြီးအော်လိုက်သည်။

***

အခန်း ၃၂၂

ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်

ယန်ကျဲ့ဖျင်လဲ သူထိုသို့သောအပြုအမူမျိုးမလုပ်သင့်ကြောင်းသိ၍ ကျန်းကျားကျားနှင့်အပြန်အလှန်စကားပြန်မများနေတော့ပေမည့် ကျောက်ရှီးယွမ် သူ့နှလုံးသားကို ခိုးယူသွားပြီဆိုသည့်အချက်ကိုတော့ဖြင့် ဝန်မခံ၍မရပေ။ သူနှင့်ကျောက်ရှီးယွမ်သည် ၃နှစ်နီးပါးချစ်ကြိုက်ပြီးမှ လက်ထပ်ခဲ့ကြခြင်းဖြစ်ပြီး တစ်ဦးနှင့်တစ်ဦးအလွန်ချစ်ခဲ့ကြပေမည့် ယောကျ်ားများ၏အမြင်အာရုံသည်က တိရိစ္ဆာန်များကဲ့သို့ပင်ဖြစ်သည်။ ကျောက်ရှီးယွမ်၏ပုံပန်းသွင်ပြင်ပြောင်းလဲသွားသည်နှင့် တွေ့ဆုံပွဲများသို့ခေါ်ဆောင်သွားရန် တွန့်ဆုတ်သွားတော့သည်။ ထို့အပြင် သူချမ်းသာလာသည့်အချိန်တွင်က လူမှုပတ်ဝန်းကျင်အတွင်း ပိုမိုဝင်ရောက်ခဲ့ရသည်။ သူ့နားဘေးရှိယောကျ်ားအများစုသည် မယားငယ်များရှိကြပြီး ဖျားယောင်းသွေးဆောင်မှုများကို မတွန်းလှန်နိုင်ပဲ နောက်ဆုံးကျောက်ရှီးယွမ်နှင့်ကွာရှင်းခဲ့ကြသည့်အဖြစ်သို့ရောက်သွားသည်။

အစတွင်တော့ သူ့ဘက်က အပြစ်ရှိသလိုခံစားခဲ့ရပေမည့် ကျောက်ရှီးယွမ်၏ဝတုတ်နေသည့်ခန္ဓာကိုယ်ကို မြင်သည့်အခါတိုင်း စက်ဆုပ်ရွံရှာသလိုခံစားနေရတော့သည်။ တဖြည်းဖြည်းဖြင့်ပင် သူ၏အပြစ်ရှိသလိုခံစားချက်များက ပျောက်ဆုံးလာတော့သည်။ တကယ်တော့ ကျန်းကျားကျားကို အပျော်သဘောသာတွဲခဲ့ခြင်းဖြစ်ပေမယ့် ကျောက်ရှီးယွမ်နှင့် ခနခနစကားများရခြင်းကို ပင်ပန်းလာ၍သာ နောက်ဆုံးကွာရှင်းဖြစ်ခဲ့ကြခြင်းဖြစ်သည်။

ပြဇာတ်လေးဆုံးသွားချိန်တွင်တော့ ချန်းမင်တို့အဖွဲ့လဲ သူတို့ခုံနေရများရှာကာသွားထိုလိုက်ကြပြီး ရှုကျင်းချန်သည်တော့ ကုနင်းနှင့်လင်ရှောင်းထင်တို့ကို ရာပြတ်ဆီသို့လမ်းပြခေါ်ဆောင်သွားလေသည်။

ရာပြတ်မှ စစ်ဆေးပြီးချိန်တွင်တော့ စဉ်စုတ်တံဆေးခွက်သည် အစစ်ဖြစ်ကြောင်း အတည်ပြုပြီးသည်နှင့် လေလံပွဲသို့တင်ရန် အဆင့်မှီသွားပြီဖြစ်သည်။ သို့ပေမယ့် ပစ္စည်းယူလာသည့်အချိန်က နောက်ကျလွန်းသောကြောင့် လေလံပွဲ၏နောက်ဆုံးပစ္စည်းအဖြစ်သာ ပြရတော့မည်ဖြစ်သည်။ ကုနင်းကတော့ အပျော်သဘောသာရောင်းချင်ခြင်းဖြစ်၍ ဘယ်အချိန်မှရောင်းရသည်ဖြစ်စေ ဂရုမစိုက်ပေ။

သူတို့သုံးယောက် ခန်းမထဲသို့ပြန်လာချိန်တွင်တော့ ကုနင်း၏အကြည့်များသည် အမျိုးသားတစ်ဦး နှင့် အမျိုးသမီးတစ်ဦးထံ မတော်တဆကျရောက်မိသွားခဲ့သည်။ ထိုအခိုက်အတန့်တွင်ပဲ သူမ၏မျက်ဝန်းအတွင်း၌ ရန်လိုမုန်းတီးမှုများနှင့် အေးစက်မှုများဝင်ရောက်လာတော့သည်။ ထိုအမျိုးသားနှင့် အမျိုးသမီးသည် ချီကျီယွဲ့နှင့် ထန်ယရှင်းတို့ပင်ဖြစ်ကြပြီး နှစ်ဦးသား စကားစမြည်ပြောဆိုနေကြလေသည်။

"ဘာဖြစ်လို့လဲ?" လင်ရှောင်းထင်နှင့် ရှုကျင်းချန်လဲ ကုနင်း၏စိတ်ခံစားချက် ရုတ်တရက်ပြောင်းလဲသွားပုံကို သတိထားမိလိုက်သောကြောင့်‌ မေးလိုက်လေသည်။

ကုနင်းချက်ချင်းပင် ပုံမှန်အနေအထားသို့ပြန်ပြောင်းလဲလိုက်ကာ၊

"ဘာမှမဖြစ်ပါဘူး။ ကျွန်မမုန်းတဲ့လူနှစ်ယောက်ကို တွေ့လိုက်ရလို့ပါ။"

ထန်ယရှင်းနှင့် ချီကျီယွဲ့တို့ကို ပြန်တွေ့ရလျှင်ဖြစ်သွားမည့် သူမ၏တုံ့ပြန်မှုကို အကြိမ်ပေါင်းများစွာ တွေးတောထားခဲ့ဖူးလေသည်။ သူမအနေနှင့် ဘာမှမဖြစ်သလို အေးအေးဆေးဆေးပုံစံသာ ပြမည့်မည်ဟုတွေးထားခဲ့ပေမယ့်လဲ တကယ်တမ်းတွင်တော့ ထိုသို့မလုပ်နိုင်ဘဲ ထိုနှစ်ဦးကို ချက်ချင်းပင်ထသတ်ပစ်ချင်လာမိသည်။

လင်ရှောင်းထင်နှင့် ရှုကျင်းချန်တို့ ဆက်ပြီးတော့ မမေးကြပေမယ့်လဲ ကုနင်း၏သတ်ချင်ဖြတ်ချင်သည့်ပုံစံအနေအထားကြောင့် ရိုးရှင်းသည့်ကိစ္စတော့မဖြစ်နိုင်ဟု သိလိုက်ကြသည်။ ချီကျီယွဲ့သည်လဲ အမုန်းတရားအပြည့်ဖြင့် အေးစက်စက်စိုက်ကြည့်မှုကို ခံစားမိသောကြောင့် လှည့်ရှာကြည့်ခဲ့ပေမည့် ဘာကိုမှရှာမတွေ့ခဲ့ပေ။

"ဘာဖြစ်လို့လဲ?" ထန်ယရှင်းမေးလိုက်သည်။

"ဘာမှမဖြစ်ဘူး။" ချီကျီယွဲ့ကိုယ်တိုင်လဲ ဘာမှရှာမတွေ့ခဲ့သောကြောင့် ဘာမှမဖြစ်ဘူးဟုသာ ပြောနိုင်ခဲ့သည်။

ထိုအချိန်တွင်ပင် လေလံပွဲစတင်ပြီဖြစ်သောကြောင့် ထင်ရှားကျော်ကြားကာ လူသိများကြသည့် လူအပေါင်းသည် တစ်ယောက်တစ်ယောက် ကိုယ့်နေရာတွင် ထိုင်လိုက်ကြတော့သည်။

ခန်းမထဲစားပွဲအားလုံးသည် စားပွဲဝိုင်းများဖြစ်ကာကာ ထိုထဲမှသုံးခုသည်တော့ဖြင့် စားပွဲရှည်များဖြစ်ကြသည်။ စားပွဲတစ်ဝိုင်းတွင် လူ၆ယောက်အတူတကွထိုင်လို့ရပေမည့် ကုနင်းတို့အဖွဲ့သည်တော့ လူ၇ယောက်ရှိသောကြောင့် သူတို့စားပွဲတွင် ခုံအပိုတစ်လုံးထပ်ပေါင်းထည့်ထားလေသည်။

ထိုင်ခုံနေရာများကို တက်ရောက်သူများ၏နောက်ခံအဆင့်အတန်းများအရ စီစဉ်ထားလေသည်။ မြို့တော်၏ ကျော်ကြားကာ ကျိကျိတက်ချမ်းသာသည့်မိသားစုမှ သခင်ငယ်လေးဖြစ်သည့် ရှုကျင်းချန်သည်က သေချာပေါက် အကောင်းဆုံးနေရာကိုရရှိထားလေသည်။ သူနှင့် သူ့သူငယ်ချင်းအားလုံးသည် အခန်း၏ဒုတိယတန်းရှိ ညာဘက်ခြမ်းတွင်ထိုင်ကြရလေသည်။

ကျွမ်းကျင်သူများနှင့် အကြီးတန်းအရာရှိကြီးများအားလုံးသည်တော့ ပထမတန်းတွင်ထိုကြရကာ တခြားအကြီးအရာရှိများနှင့် ကျိကျိတက်ချမ်းသာသည့်မိသားစုများသည်တော့ ဒုတိယတန်းတွင်ထိုင်ကြသည်။ သို့ပေမယ့် အကြီးတန်းအရာရှိများနှင့် ကျိကျိတက်ချမ်းသာသည်မိသားစုများသည်တော့ အလွန့်အလွန်အနည်းငယ်မျှသာလာရောက်ကြလေသည်။

ထန်မိသားစုသည်တော့ အခန်း၏တတိယတန်းရှိ ဘယ်ဘက်အခြမ်းတွင်စီစဉ်ပေးခံရသောကြောင့် သူတို့နှင့် ကုနင်းအကြားတွင် အကွာအဝေးတစ်ခုခြားနားလေသည်။

ကုနင်း ထန်ယရှင်းနှင့် ချီကျီယွဲ့တို့အကြောင်း တွေးပင်မတွေးချင်သောကြောင့် တမင်တကာ နောက်ကျောပေးပြီးပင်ထိုင်လိုက်သည်။ သို့ပေမယ့် သူမ၏အတွေးများကိုတော့ သူမမထိန်းချုပ်နိုင်ပဲ ထိုနှစ်ဦးအကြောင်းကိုတွေးနေမိလေသည်။ ကံကောင်းစွာဖြင့် ထိုသူနှစ်ဦးသည်တော့ သူမကို သတိမထားမိကြသေးပေ။

မကြာခင်အချိန်တွင်ပင် လေလံပွဲမှပစ္စည်းတစ်ခုက ကုနင်း၏အာရုံကို ဆွဲဆောင်သွားလေတော့သည်။ လေလံပွဲတွင်ပါဝင်သည့်ပစ္စည်းများစွာရှိကာ ရှေးဟောင်းပစ္စည်း၊ အိမ်ခြံမြေ၊ ဆိုင်ခန်းများ စသည်ဖြင့်ပါဝင်လေသည်။

ကုနင်း၏စိတ်အာရုံကို ဆွဲဆောင်သွားသည်ကတော့ ၉ခုမြောက်လေလံပစ္စည်းဖြစ်သည့် ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်ဖြစ်လေသည်။ ဖော်ပြထားချက်များအရ၊ ထိုရှေးဟောင်းပစ္စည်းဆိုင်သည် ရှေးဟောင်းလမ်း၏နေရာကောင်းတွင် တည်ရှိသည်။ ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်သည် နှစ်ပေါင်း၇၀သမိုင်းကြောင်းရှိထားသောကြောင့် မြို့တော်တွင် အတော်လေးကျော်ကြားမှုကိုရရှိထားပေသည်။ သို့ပေမယ့် ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်၏ပိုင်ရှင်သည် ကားမတော်တဆမှုတစ်ခုတွင် ဇနီးနှင့်သားဖြစ်သူကို ဆုံးရှုံးခဲ့ရသည်။ ထိုကိစ္စအတွက် အလွန်ပူဆွေးသောကရောက်နေရပြီး ဆိုင်ကိုလဲ ဆက်လက်မလည်ပတ်နိုင်တော့၍ အခုလိုလေလံပွဲသို့တင်လိုက်ခြင်းဖြစ်လေသည်။

ကုနင်းသည်လဲ သူမ၏စိတ်စွမ်းအင်အာကာပြင်ထဲတွင် ရှေးဟောင်းပစ္စည်းများစွာရှိနေခြင်းကြောင့် သူမကိုယ်ပိုင်ရှေးဟောင်းပစ္စည်းဆိုင်တစ်ဆိုင်ရှိထားလျှင်ပိုကောင်းမည်ဟုတွေးမိလေသည်။ ယခုလက်ရှိအထိတော့ သူမတွင်ရှေးဟောင်းပစ္စည်းဒါဇင်ကျော်လောက်သာရှိသေးပေမည့် ရှေးဟောင်းပစ္စည်းဆိုင်တွင် ရှေးဟောင်းပစ္စည်းအစစ်တစ်မျိုးတည်းသားရောင်းချရန်မလိုအပ်ပေ။ လူအများစုသည် မူရင်းနှင့်ဆင်တူပြုလုပ်ထားသည့် ပို၍ဈေးသက်သာလှသော ပစ္စည်းများကိုလဲ ဝယ်ယူရသည်ကိုနှစ်သက်မြတ်နိုးကြလေသည်။ ထို့ကြောင့် ကုနင်းစိတ်ဆုံးဖြတ်ကာ ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်ကို လေလံဆွဲရန်လုပ်လိုက်သည်။ ဆိုင်ခန်းသည် သိပ်မသေးဘဲ ၈၆စတုရန်းမီတာကျယ်ဝန်းလေသည်ပြီး ဆိုင်ခန်းတွင် မျက်နှာစာနှစ်ဖက်ပါရှိကာ ဆိုင်ခန်းအတွင်းအခြားပစ္စည်းများလဲအပါအဝင်ရောင်းချခြင်းဖြစ်သည်။

နေ့လည်၂နာရီတွင်တော့ လေလံပွဲတရားဝင်စတင်ပြီဖြစ်သည်။ အနီရောင် ချုန်းဆမ်းဝတ်စုံဝတ်ဆင်ထားသော ဆွဲဆောင်မှုရှိသည့် အရွယ်ရောက်ပြီးအမျိုးသမီးတစ်ဦးသည် စင်ပေါ်သို့ တက်လှမ်းလို့လာသည်။

လူအတော်များများမှာ သူမကို မှတ်မိနေကြလေသည်။ သူမသည်တော့ အစောတုန်းက ကျန်းကျားကျားနှင့် စကားများခဲ့သည့် အမျိုးသမီး ကျောက်ရှီးယွမ်ပင်ဖြစ်လေသည်။

ကျောက်ရှီးယွမ်ကိုမြင်သည်နှင့် ယန်ကျန့်ဖျင်၏အကြည့်များသည် သူမ၏ခန္ဓာကိုယ်ထက်တွင် အခြေချလို့နေတော့သည်။ ကျန်းကျားကျားသည်တော့ စိတ်တိုလွန်း၍ တံတောင်ဖြင့် အားပြင်းပြင်းတိုက်လိုက်ပေမယ့် သူကတော့ ကျန်းကျားကျား၏အပြုအမူများကို လျစ်လျူရှုထားကာ ကျောက်ရှီးယွမ်ကိုသာ ဆက်လက်ပြီး အာရုံစိုက်လို့နေလေသည်။ ကျန်းကျားကျားလဲ ပေါက်ကွဲမတတ်ဒေါသများထွက်နေရပေမည့် ဆူဆူညံညံဖြစ်အောင်တော့မလုပ်ရဲပေ။

"ဂုဏ်သရေရှိလူကြီးမင်းအပေါ်တို့ ဒီကနေ့ရဲ့လေလံပွဲကနေကြိုဆိုလိုက်ပါတယ်! ကျွန်မကတော့ သဲ့ထျန်းလေလံကုမ္ပဏီရဲ့ ခေါင်းဆောင်လေလံပစ်သူ ကျောက်ရှီးယွမ်ပါ။"

ကျောက်ရှီးယွမ်သည် ထိုနေရာတွင် ခနမျှရပ်လိုက်ပြီးကာမှ,

"ဒီကနေ့လေလံပစ်မယ့်ပစ္စည်းကတော့ ၁၂မျိုးရှိပေမယ့် ကျွန်မတို့ဘက်က အခုလေးတင် အသစ်တစ်ခုကို ထပ်ထည့်လိုက်ပါတယ်။ အဲ့ဒါကတော့ စုန့်မင်းဆက်ရဲ့ စဉ့်စုတ်တံဆေးခွက်ပါပဲ၊ ဒါကြောင့် ဒီနေ့အတွက် လေလံဆွဲစရာပစ္စည်း၁၃မျိုးရှိသွားပါပြီ။"

စဉ့်စုတ်တံဆေးခွက်? ထိုပစ္စည်း၏တန်ဖိုးမှာအလွန်မြင့်လွန်းသောကြောင့် လူတိုင်းထိတ်လန့်သွားကြရသည်။

အထူးသဖြင့် လက်ရေးလှရေးခြင်းကို နှစ်သက်သည့်သူများပင်ဖြစ်သည်။ သူတို့အတွက်တော့ သဘာဝအလျောက်ကို "စာရေးခြင်း၏အဖိုးတန်ရတနာလေးပါး" ကိုသဘောကျနှစ်ခြိုက်ကြသောကြောင့် လေလံဝင်ဆွဲဖို့ရန် အဆင်သင့်ဖြစ်လို့နေပေပြီ။

"ကောင်းပါပြီ၊ အခုတော့ ပထမဆုံးပစ္စည်းကို စတင်ပြီး လေလံဆွဲလိုက်ကြတာပေါ့။"

ပထမပစ္စည်းစင်ပေါ်တွင် စတင်ပြသသည်နှင့် ဝယ်ယူမည့်လူအားလုံးသည် အစီစဉ်တကျ စတင်ကာသွားကြည့်ကြတော့သည်။

***

အခန်း ၃၂၃

လေလံဆွဲခြင်း

သို့ပေမယ့် လူတော်တော်များများသည်တော့ သူတို့ထိုင်ခုံတွင်သာဆက်ထိုင်လို့နေလေသည်။

သဲ့ထျန်းလေလံကုမ္ပဏီသည် မြို့တော်တွင် အကြီးဆုံးလေလံကုမ္ပဏီဖြစ်ပြီး ယနေ့လေလံပွဲတွင်ပြသသည့် ပစ္စည်းအားလုံးသည်လဲ အလွန်ဈေးကြီးလှပေသည်။ ၂မျိုး ၃မျိုးလောက်သည်သာ အနည်းဆုံးယွမ်ဆယ်သန်းအောက်ဖြစ်ပေမည့် အများစုသည်တော့ ယွမ်၁၀သန်းကျော်များချည်းသာဖြစ်လေသည်။ ထိုထဲမှ ၂မျိုးဆိုလျှင် ယွမ်သန်း၁၀၀ကျော်ပင်ရှိလေသည်။

"၆ခုမြောက်လေလံပစ္စည်းကတော့ ရှုပိုင်ဟုန်၏ ဒဏ်ရာရခြင်္သေ့ပဲ ဖြစ်ပါတယ်။ ဒီပန်းချီကားကိုတော့ ၁၉၃၈ခုနှစ် ကျွန်မတို့နိုင်ငံရဲ့ နယ်မြေအများစုကို Rနိုင်ငံက ကျုးကျော်ဝင်ရောက်လာချိန်မှာ ဖန်တီးခဲ့ခြင်းပါ။ ကျွန်မတို့နိုင်ငံကြီးက ကြေကွဲစရာအခြေအနေရောက်ရှိခဲ့ပြီး ကျွန်မတို့လူမျိုးတွေကလဲ ဆင်းရဲဒုက္ခတွေကို ခံစားခဲ့ကြရပါတယ်။ ရှုပိုင်ဟုန်က အလွန်ကြေကွဲဝမ်းနည်းပြီး ဒေါသထွက်နေတဲ့အချိန်မျိုးမှာ ဒီ ဒဏ်ရာရခြင်္သေ့ပန်းချီကားကို ရေးဆွဲခဲ့တာပါ။ ဒီပန်းချီကားထဲက ခြင်္သေ့က နောက်ကိုလှည့်ကြည့်နေပြီး သူ့အကြည့်တွေထဲမှာ နက်ရှိုင်းလှတဲ့ မရေမတွက်နိုင်လောက်တဲ့ အဓိပ္ပါယ်တွေပါဝင်နေပါတယ်။ သူက ပန်းချီရဲ့နောက်ဘက်မှာတော့ : ငါတို့တိုင်းပြည်ဒုက္ခရောက်နေတဲ့အချိန်မှာ ငါ လူကြီးမင်းလင်းလောနဲ့ သူ့ဧည့်သည်တွေကို တွေ့ခဲ့ရတယ်။ ငါဒီပန်းချီကားကို ငါ့ရဲ့ပူဆွေးဝမ်းနည်းမှုတွေကိုဖော်ပြဖို့အတွက် ရေးဆွဲခဲ့တယ်။ ဒီပန်းချီကားမှာ သရုပ်မှန်ဝါဒနဲ့ အရိုင်းသဘာဝကို ပေါင်းစပ်ဖော်ကျူူးထားတယ်။ ငါတို့တိုင်းပြည်ကို 'အိပ်ပျော်နေတဲ့ခြင်္သေ့'လို့ သိကြပြီး အခုတော့ Rနိုင်ငံရဲ့ကျူးကျော်သိမ်းပိုက်ခြင်းကို ခံခဲ့ရတယ်။ ဒါကြောင့် 'အိပ်ပျော်နေတဲ့ခြင်္သေ့'က ဒဏ်ရာရနေတဲ့ခြင်္သေ့တစ်ကောင်ဖြစ်လလို့လာတယ်။ ဒီပန်းချီကားကနေပြီး ဒဏ်ရာရနေတဲ့ခြင်္သေ့ကြီးက နောက်လှည့်ကြည့်လို့ ပြန်လည်တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေတာကို ငါတို့မြင်တွေ့နိုင်တယ်လို့ ရေးသားထားပါတယ်။"

ထိုစကားများကိုနားထောင်နေရင်းဖြင့် လူတိုင်း၏ရင်ထဲတွင် Rနိုင်ငံကို မုန်းတီးသည့်စိတ်များ တစ်ညီတစ်ညွတ်တည်းပြန်လည်အသက်ဝင်လာခဲ့သည်။ ဒီနိုင်ငံနှင့် Rနိုင်ငံကြားရှိ ရန်ငြှိုးအာဏာတများသည် မည်သည့်အခါတွင်မျှ ဖြေရှင်း၍ရနိုင်မည်မဟုတ်ပေ။

"ဒဏ်ရာရခြင်္သေ့အတွက် အဖွင့်ဈေးကတော့ ယွမ်၅သန်းပါ၊ တစ်ကြိမ်ကို အနည်းဆုံးယွမ်၁သန်းတိုးရပါမယ်၊ အခုပဲ စပြီးလေလံဆွဲလို့ရပါပြီ!" ကျောက်ရှီးယွမ်ပြောလို့ဆုံးသည်နှင့် လူအများအပြားသူတို့၏လေလံကဒ်ပြားများကိုထောင်ကာ စတင်ဈေးခေါ်ကြတော့သည်။

လင်ရှောင်းထင်သည်လဲ သူ့အဖိုးအတွက် ထိုပန်းချီကားကို ဝယ်ယူရန်လုပ်လိုက်သည်။

တိုက်ဆိုင်စွာပင် ထန်ယရှင်းသည်လဲ ထိုပန်းချီအတွက်လေလံဆွဲသူတစ်ယောက်ဖြစ်နေသည်။

လင်ရှောင်းထင်သည်က အဆုံးအထိစောင့်ရန်စီစဉ်ထားသောကြောင့် သူ၏လေလံကဒ်ပြားကိုမမြှောက်သေးပေ။

"နံပါတ် ၃၉ ယွမ်၁၂သန်း"

"နံပါတ် ၅၇ ယွမ် ၁၃သန်း"

"နံပါတ် ၆၂ ယွမ်၂၆သန်း" နံပါတ်၆၂သည် ထန်ယရှင်းဖြစ်လေသည်။

ထိုတစ်ခနတွင်တော့ မည်သူမှဈေးဆက်မခေါ်နိုင်ဘဲ ထိုအချိန်တွင်င် လင်ရှောင်းထင်သည် သူ၏လေလံကဒ်ကိုစတင်မြှောက်လိုက်သည်။

"နံပါတ် ၃၂ ယွမ်၂၉သန်း" နံပါတ် ၃၂သည် လင်ရှောင်းထင်ပင်ဖြစ်သည်။

ထန်ယရှင်းသည် ထိုဒဏ်ရာရခြင်္သေ့ပန်းချီကားကို ဝယ်ယူရန် စိတ်ဆုံးဖြတ်ထားပြီးဖြစ်ပေမယ့် အခုလိုရုတ်တရက်ကြီး နံပါတ်၃၂က ဝင်ရောက်လေလံဆွဲလိုက်သောကြောင့် အံ့ဩသွားရသည်။ သို့ပေမယ့် လေလံပွဲစည်းမျဉ်းအရ ဈေးအများဆုံးပေးနိုင်သည့် ဝယ်သူကသာ ပစ္စည်းကိုရရှိမည်ဖြစ်သောကြောင့် သူမဘက်ကလဲ မရပ်တန့်နိုင်ပေ။

တစ်ယောက်တစ်လှည့်ဈေးတင်ပြီး အတော်ကြာတွင်တော့ နံပါတ်၃၂ဘက်က လက်လျှော့မည့်အစီအစဉ်မရှိသောကြောင့် ထန်ယရှင်း၏မျက်နှာအနေအထားပြောင်းလဲလာတော့သည်။ လင်ရှောင်းထင်က သူ၏လေလံကဒ်ကို တုံ့ဆိုင်းခြင်းမရှိမြှောက်နေကာ ငွေအတွက်လုံးဝဂရုမစိုက်သလိုပင်။

ထန်ပင်းစန်သည် ထိုပန်းချီကားကို အာဏာကြီးသည့်လူတစ်ယောက်အားလက်ဆောင်အဖြစ်ပေးရန်အတွက် ဝယ်ယူခဲ့ရန်မှာခဲ့ခြင်းဖြစ်ပေမယ့် အခုတော့ သူမတာဝန်ကိုကျေပွန်အောင်ထမ်းဆောင်နိုင်ရန် ခက်ခဲတော့မည့်ပုံပင်။ နောက်ထပ်အလှည့်အနည်းငယ်အပြီးတွင်တော့ ဈေးနှုန်းမှာ ယွမ်၃၈သန်းအထိတက်သွားပြီဖြစ်သောကြောင့် ထန်ယရှင်းလက်လျှော့သွားတော့သည်။ ထိုဈေးက ပန်းချီ၏အမြင့်ဆုံးဈေးသို့ပင်ရောက်လုနီးပြီမှန်းသူမသိသလို ထိုထက်ဈေးမြှင့်ဖို့ရန်က အဲ့လောက်အထိ မတန်တော့ပေ။ ထန်မိသားစုတွင် ငွေကြေးမပြတ်လတ်ဘူးဆိုသော်လည်း ထိုငွေများကို ဆုံးလဲမဆုံးရှုံးချင်ကြသေးပေ။

အဆုံးတွင်တော့ လင်ရှောင်းထင်သည် ဒဏ်ရာရခြင်္သေ့ပန်းချီကားကို ယွမ်၃၈သန်းဖြင့်ရရှိသွားတော့သည်။ ကုနင်းသည်တော့ သေချာပေါက်ကို ထန်ယရှင်းရှုံးနိမ့်သွားသည့်အတွက်ဝမ်းသာပျော်ရွှင်နေသည်။ လင်ရှောင်းထင်က အမှုမဲ့အမှတ်မဲဖြင့်သူမကို ကူညီကာ လက်စားချေပေးလိုက်ချေပြီ။

မကြာခင်တွင်ပင် ၉ခုမြောက်လေလံပစ္စည်းဖြစ်သည့် ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်ကို စတင်ကာလေလံဖွင့်ဖို့လုပ်တော့သည်။

"၉ခုမြောက်လေလံပစ္စည်းကတော့ ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်ပါပဲ။" ကျောက်ရှီးယွမ် စတင်မိတ်ဆက်လိုက်သည်။

"ဒါကတော့ မြို့တော်မှာ သက်တမ်း၇၀သမိုင်းကြောင်းရှိတဲ့ ကျော်ကြားတဲ့ ရှေးဟောင်းပစ္စည်းဆိုင်ပါ။ အကယ်၍ ပိုင်ရှင်ရဲ့မိသားစုသာ ဆိုးရွားလှတဲ့မတော်တဆမှုမှာ အသက်မဆုံးရှုံးခဲ့ရဘူးဆိုရင် ပိုင်ရှင်ကလဲ ဒီဆိုင်ကို လေလံပွဲထဲထည့်မှာမဟုတ်ပါဘူး။ ပြောရရင်တော့ မတော်တဆမှုတွေဆိုတာ ကြိုတင်ခန့်မှန်းလို့မရနိုင်ပါဘူး၊ ဒါကြောင့် ကျွန်မတို့ချစ်ရတဲ့သူတွေကို မြတ်နိုးတန်ဖိုးထားကြရပါမယ်။ သူတို့ကို ဆုံးရှုံးရပြီးကာမှ နောင်တဘယ်တော့မှမရရပါစေနဲ့။" ထိုသို့ပြောပြီး ကျောက်ရှီးယွမ်စကားစရပ်လိုက်သည့်အချိန်တွင် ခန်းမအတွင်း၌ ဝမ်းနည်းသည့်အငွေ့အသက်များပျံ့နှံ့လာတော့သည်။ လူအပေါင်းသည် ထိုရှင်းပြချက်ကြောင့် အတော်လေးခံစားသွားကြရလေသည်။

ယန်ကျန့်ဖျင်သည်လဲ သူ့ကိုယ်သူပြန်မေးမိသည်။ ငါနောင်တရနေလား? အခုချိန်တွင် သူအမှန်တကယ်ကိုနောင်တရနေပေမယ့် သူလွန်ခဲ့သည့်၂နှစ်သို့ပြန်သွားရလျှင်တောင်မှ ယခုအချိန်အထိ ထိုတုန်းက ကျောက်ရှီးယွမ်ကို မကြိုက်စဲဖြစ်၍ တူညီသည့်ဆုံးဖြတ်ချက်မျိုးသာပြန်ချမိမည်ဖြစ်သည်။

မကြာခင်တွင် ကျောက်ရှီးယွမ်ထပ်မံကာ နှုတ်ဟလိုက်သည်၊

"ကောင်းပြီ၊ ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်မှာ ရှေးဟောင်းပစ္စည်း၅၈၃မျိုးရှိပါတယ်။ ၇ခုကအစစ်၊ ၂၃ခုကတော့ မူရင်းကို ပုံစံတူပြုလုပ်ထားတာဖြစ်ပြီး ကျန်တာအားလုံးကတော့လက်မှုပညာပစ္စည်းတွေပါ။ လေလံအဖွင့်ဈေးကတော့ ယွမ်သန်း၂၀ဖြစ်ပြီး တစ်ကြိမ်ကို ယွမ်၁သန်းစီအနည်းဆုံးတိုးသွားရပါမယ်။ စလိုက်ကြတာပေါ့!"

ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်၏ ရှေးဟောင်းပစ္စည်း၇ခုသည် ဈေးနှုန်းများမတူညီကြပေမယ့် ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်၏အတွင်းပစ္စည်းများဖြင့်ပင် အနည်းဆုံးယွမ်၁၀သန်းတန်ဖိုးရှိနေပြီဖြစ်သောကြောင့် အဖွင့်ဈေးသည်နိမ့်ဖို့ရန်မဖြစ်နိုင်ပေ။

"နံပါတ် ၄၈ ယွမ်၂၁သန်း"

"နံပါတ် ၆၂ ယွမ်၂၂သန်း"

.....

ကုနင်းသည်လဲ နောက်ဆုံးဈေးနှုန်းအထိစောင့်နေလေသည်။

"နံပါတ် ၅၆ ယွမ်၃၃သန်း"

မည်သူမျှဈေးမလိုက်တော့သည့်အချိန်တွင် ကုနင်းစတင်ပြီးသူမ၏ လေလံကဒ်ကိုမြှောက်လိုက်တော့သည်။ ကုနင်းသူမ၏လေလံကဒ်ကိုမြှောက်လိုက်သည်နှင့် လင်ရှောင်းထင်တို့အားလုံး သူမကို နားမလည်နိုင်စွာကြည့်လိုက်ကြပေမည့် ဘာကြောင့် သူမဈေးဝင်ခေါ်ရလဲဆိုသည်ကိုတော့ဖြင့် မည်သူမှမမေးကြပေ။

"နံပါတ် ၃၁ ယွမ်၃၄သန်း"

"နံပါတ် ၅၆ ယွမ်၃၅သန်း"

"နံပါတ် ၃၁ ယွမ်၃၆သန်း"

....

"နံပါတ် ၃၁ ယွမ် ၄၆သန်း"

အဆုံးတွင်တော့ ရှန်းယွမ်ရှေးဟောင်းပစ္စည်းဆိုင်ကို ယွမ်၄၆သန်းဖြင့် ကုနင်းရရှိသွားလေသည်။ ထို့နောက် လေလံပွဲသည် ဆက်လက်ကျင်းပခဲ့သည်။ နောက်ဆုံးတွင်တော့ ယနေ့လေလံပွဲ၏ နောက်ဆုံးပိတ်လေလံပစ္စည်းအလှည့်သို့ရောက်ရှိလာခဲ့ပေသည်။

"အခုဆို ကျွန်မတို့ရဲ့လေလံပစ္စည်း၁၂မျိုးကို အောင်အောင်မြင်မြင်ရောင်းထွက်ပြီးသွားပြီဆိုတော့ အခုချိန်က နောက်ဆုံးလေလံပစ္စည်းကို ထုတ်ပြရတော့မယ့်အချိန်ပါပဲ။ စုန့်မင်းဆက်ရဲ့ စဉ့်စုတ်တံဆေးခွက်ပဲဖြစ်ပါတယ်။ " ကျောက်ရှီးယွမ်ပြောလို့ပြီးသည်နှင့် စဉ့်စုတ်တံဆေးခွက်ကို လူအများ၏ရှေ့မှောက်သို့ နေရာချထားလိုက်တော့သည်။

"ကောင်းပြီ၊ အခုကတော့ စဉ့်စုတ်တံဆေးခွက်အတွက် စတင်ဈေးခေါ်ရတော့မယ့်အချိန်ပါပဲ။ အဖွင့်ဈေးကတော့ ယွမ်၂သန်းဖြစ်ပြီး တစ်ကြိမ်ကို အနည်းဆုံး ယွမ်၅သိန်းတိုးသွားရပါမယ်၊ စတင်ဈေးခေါ်လို့ရပါပြီ!"

လူအတော်များများလဲ တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်းပင် လေလံကဒ်ပြားများကို မြှောက်ကြတော့သည်။

"နံပါတ် ၃ ယွမ် ၂.၅သန်း"

"နံပါတ် ၂၆ ယွမ် ၃သန်း"

"နံပါတ် ၂ ယွမ်၁၂သန်း"

"ယွမ်၁၂သန်း တစ်ကြိမ်၊ ယွမ် ၁၂ နှစ်ကြိမ်၊ နောက်ထပ်ဈေးပိုပေးမယ့်သူများရှိသေးလား? ယွမ်၁၂သန်းသုံးကြိမ်၊ ရောင်းထွက်သွားပါပြီ!" ကျောက်ရှီးယွမ် ကြေညာလိုက်သည်။

"ဂုဏ်ယူပါတယ်၊ နံပါတ် ၂က စုတ်တံဆေးခွက်ကို ရရှိသွားပါပြီ။"

စဉ့်စုတ်တံဆေးခွက်သည် လေလံပစ္စည်းများထဲတွင် ဈေးအကြီးဆုံးပစ္စည်းထဲမပါဝင်ပေ။ ဈေးအကြီးဆုံးပစ္စည်းတစ်ခုသည်က ယွမ်သန်း၁ရာကျော်ဖြင့် ရောင်းထွက်သွားခဲ့လေသည်။

ထို့နောက် ကျောက်ရှီးယွမ်က အပိတ်စကားအနည်းငယ်ပြောပြီးချိန်တွင်တော့ လေလံတင်ပွဲအခမ်းအနားပြီးဆုံးသွားပါတော့သည်။

"လာကြ၊ ဖုန်းလင်းတောင်စံအိမ်မှာ ညနေစာသွားစားကြရအောင်။ ငါမနေ့ကတည်းက ကြိုချိန်းထားပြီးသွားပြီ။" ရှုကျင်းချန်က ပြောလိုက်သည်။

ရှုမိသားစုနာမည်အောက်တွင် နာမည်ကြီးစားသောက်ဆိုင်ပေါင်းများစွာရှိပေမယ့် ရှုကျင်းချန်သည်တော့ ကုနင်းကို နေရာအသစ်အဆန်းသို့ခေါ်သွားချင်လေသည်။ ထို့အပြင် ဖုန်းလင်းစံအိမ်သည် တောင်လမ်းတစ်ဝက်တွင်တည်ရှိခြင်းဖြစ်၍ လှပသည့်မြင်ကွင်းလဲရှိလေသည်။

***

အခန်း ၂၃၄

လူတွေက ပြောင်းလဲတတ်တယ်

သို့ပေမယ့် သူတို့မသွားခင် ကုနင်းနှင့် လင်ရှောင်းထင်တို့ စင်နောက်တွင် လိုအပ်သည့်အချက်အလက်များကို ပြီးစီးအောင်လုပ်ဆောင်ဖို့သွားလိုက်သည်။

"ကိုယ့်အကူအညီလို ဘာပဲဖြစ်ဖြစ်ပြောနော်။" လင်ရှောင်းထင် ကုနင်း၏အကြောင်းပြချက်ကိုမမေးပေမယ့် သူမဘာကိုပဲအလိုရှိပါစေ သူ့ဘက်ကတော့ ကူညီရန်အဆင်သင့်ဖြစ်နေသည်။

"ကျေးဇူးပါ။"

ထို့နောက် လင်ရှောင်းထင် ဆရာကြီးလင်ထံဖုန်းခေါ်ဆိုမှုကို လက်ခံရရှိလိုက်ကာ သူ့ကို ဒဏ်ရာရခြင်္သေ့အခုမရသေးဘူးလားဟူ၍ မေးလာခြင်းဖြစ်ပေသည်။ လင်းရှောင်းထင် ဝယ်ပြီးပြီဖြစ်ကြောင်း သိရချိန်တွင်တော့ ဆရာကြီးလင် စိတ်အေးသွားရကာ လင်ရှောင်းထင်အားသည်နှင့် ချက်ချင်းယူလာပေးရန်ပြောလိုက်သည်။

ကုနင်းတို့အဖွဲ့ ကားပါကင်သို့ရောက်ရှိလာချိန်တွင်တော့ သူတို့နောက်ထပ်ဇာတ်လမ်းတစ်ပုဒ်ကိုကြည့်လိုက်ရလေသည်။ ဇာတ်လမ်းသည်က ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကိုလိုက်နေကာ နောက်ထပ်မိန်းမတစ်ယောက်က ထိုယောကျ်ားကိုပြန်လိုက်နေခြင်းဖြစ်သည်။ ဇာတ်လမ်း၏ဇာတ်ဆောင်များသည်တော့ ကျောက်ရှီးယွမ်၊ ယန်ကျန့်ဖျင် နှင့် ကျန်းကျားကျားတို့ပင်ဖြစ်ကြသည်။ ယန်ကျန့်ဖျင်သည် ကျောက်ရှီးယွမ်ကိုလိုက်နေပြီးကျန်းကျားကျားသည်တော့ ယန်ကျန့်ဖျင်ကို ပြန်ဆွဲထားရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး ပါးစပ်မှလဲ ကျယ်လောင်စွာကျိန်ဆဲနေလေသည်၊

"ယန်ကျန့်ဖျင်၊ ရှင်ဘာတွေလုပ်နေတာလဲ? ကျွန်မခံစားချက်တွေကို လုံးဝဂရုမစိုက်တော့ဘူးလား?"

ကျန်းကျားကျားကြောင့် ကျောက်ရှီးယွမ်ကို ဖမ်းဆွဲမထားနိုင်တော့၍ ယန်ကျန့်ဖျင် စိတ်တိုလာကာ၊

"ကျန်းကျားကျား၊ ငါ့ကိုလွှတ်စမ်း!"

ကျန်းကျားကျားမှာ အားဖြင့်တွန်းထုတ်ခံလိုက်ရကာ လဲကျလုနီးနီးပင်ဖြစ်သွားပေမယ့် ယန်ကျန့်ဖျင်သည်တော့ သူမကိုလျစ်လျူရှုထားစဲဖြစ်သောကြောင့် ပိုလို့ပင် ဒေါသထွက်လာရတော့သည်၊

"ယန်ကျန့်ဖျင်!"

ကျန်းကျားကျား၏ဆွဲထားမှုမှလွတ်မြောက်သည်နှင့် ယန်ကျန့်ဖျင် ချက်ချင်းပင် ကျောက်ရှီးယွမ်ရှိရာသို့ပြေးသွားလိုက်ကာ သူမကိုရပ်တန့်ပေးရန်တောင်းဆိုလိုက်သည်၊

"ရှီးယွမ်၊ ကိုယ်နဲ့ စကားခနလောက်ပြောပေးနိုင်မလား?"

"ကျွန်မတို့ကြားမှာ ဘာမှပြောစရာအကြောင်းမရှိဘူးလို့ထင်ပါတယ်။" ကျောက်ရှီးယွမ် ပြန်ဖြေလိုက်သည်။

"ရှီးယွမ်" ယန်ကျန့်ဖျင်မှာ ကူကယ်ရာမဲ့သလို ခံစားလိုက်ရပြီး သူတို့နှစ်ဦးအဆင်ပြေပြေရှိခဲ့ကြသည့် ရွှေရောင်နေ့ရက်များကို ပြန်တမ်းတမိနေတော့သည်။

ကျန်းကျားကျားက သူ့နောက်ပြန်လိုက်လာခဲ့ပြီး ယန်ကျန့်ဖျင်နှင့် ကျောက်ရှီးယွမ်တို့ကြားပိတ်ရပ်လိုက်ကာ သူမရဲ့လူနှင့်သူမတို့၏အိမ်ထောင်ရေးကို ကာကွယ်စောင့်ကြပ်နေသည့်ပုံစံအနေအထားနှင့်၊

"ကျောက်ရှီးယွမ်၊ နင်နဲ့ ကျန့်ဖျင်က ကွာရှင်းထားကြပြီးသား။ ဘာလို့များ ငါတို့မျက်စိရှေ့ကပျောက်ကွယ်မသွားနိုင်ရတာလဲ?"

ကျောက်ရှီးယွမ် ရယ်ချင်မိသွားပြီး၊

"ကျန်းကျားကျား၊ နင်က တုံးတာလား ဒါမှမဟုတ် တစ်ခုခုမူမမှန်တာလား? ငါက သဲ့ထျန်းလေလံကုမ္ပဏီအတွက်အလုပ်လုပ်နေတာ၊ ပြီးတော့ ဒီလေလံပွဲကို ဦးစီးကျင်းပဖို့ကလဲ ငါ့တာဝန်ပဲ။ ဒီတော့ နင်နဲ့ နင့်ယောက်ျားကသာ ငါ့လမ်းပေါ်ရောက်လာတာ၊ ငါမဟုတ်ဘူး။"

တကယ်တမ်း၊ ကျောက်ရှီးယွမ်တွင်လဲ ထိုသူနှစ်ဦးရှေ့မှောက်သို့ထွက်ပေါ်လာကာ ပြန်လည်လက်စားချေဖို့ရန်ရည်ရွယ်ထားခဲ့ပေမည့် ယနေ့တွေ့ဆုံမှုသည်တော့ တကယ်ကို တိုက်ဆိုင်မှုသက်သက်ပင်ဖြစ်သည်။

ကျောက်ရှီးယွမ်၏စကားများက အမှန်တရားဖြစ်နေသောကြောင့် ကျန်းကျားကျား ဆွံ့အသွားရသည်။ သို့ပေမယ့် ကျောက်ရှီးယွမ်ပေါ်လာသည်နှင့် ချက်ချင်းပင် ယန်ကျန့်ဖျင်က သူမကို လျစ်လျူရှုထားလေသည်။ ပြီးတော့ ကျန်းကျားကျားသည်လဲ ကျောက်ရှီးယွမ်ကို ထိုအတွက်အပြစ်တင်ခဲ့သည်။

"ယန်ကျန့်ဖျင်၊ ကျွန်မနဲ့အခုချက်ချင်း အိမ်ပြန်လိုက်ခဲ့!" ကျန်းကျားကျားသည် ယန်ကျန့်ဖျင်ကိုဆွဲကာ ထွက်သွားဖို့လုပ်လိုက်ပေမယ့် ယန်ကျန့်ဖျင်က ရုန်းလိုက်ကာ၊

"တော်သင့်ပြီ! ငါရှီးယွမ်နဲ့ စကားပြောချင်ရုံလေးပဲ။" ယန်ကျန့်ဖျင်က သူအမှန်အတိုင်းပြောသလိုအတည်ပေါက်နှင့်ပြောနေပေမည့် မည်သူမှတော့ သူ့ကို မယုံကြည်ကြပေ။

"ရှင်တို့က ကွာရှင်းပြီးနေကြပြီ။ ရှင်တို့နှစ်ယောက်တည်း ပြောစရာဘာအကြောင်းမှမရှိဘူး!"ကျန်းကျားကျားသည် မိုက်မဲသူတစ်ယောက်မဟုတ်ပေ။ ကျောက်ရှီးယွမ်ပေါ်လာသည်နှင့် ယန်ကျန့်ဖျင် သူမကို ထပ်မံချစ်မိသွားပြီဆိုသည့်အချက်က အသိသာကြီးပင်။ သူတို့နှစ်ဦးသာ ထပ်မံပြီး အတူတကွတွေ့ဆုံနေကြမည်ဆိုလျှင် ကျန်းကျားကျားမှာ သေချာပေါက် စွန့်ပစ်ခံရမည်သာ။ ထို့အပြင် ကျောက်ရှီးယွမ်သည် အခုချိန်၌ အများကြီးပိုလှပလာသောကြောင့် ယန်ကျန့်ဖျင်မှာ သူ့စိတ်ကိုသူထိန်းထားဖို့မဖြစ်နိုင်တော့ပေ။

"ကိုယ်တို့ ယွဲ့ယွဲ့အကြောင်းကော ပြောလို့မရဘူးလား? ယွဲ့ယွဲ့က ကိုယ်သမီးပဲလေ!" ယန်ကျန့်ဖျင် ကျန်းကျားကျား၏စကားကို လျစ်လျူရှုလိုက်သည်။ ယန်ကျန့်ဖျင်၏စကားကိုကြားတော့ ကျောက်ရှီးယွမ်ရော ကျန်းကျားကျားပါ ရယ်ချင်မိသွားသည်။

"ယန်ကျန့်ဖျင်၊ ဟန်ဆောင်မနေနဲ့တော့! ဒါကအရမ်းစက်ဆုပ်စရာကောင်းလွန်းတယ်လို့ ရှင်မထင်ဘူးလား? လွန်ခဲ့တဲ့၂နှစ်ကတည်းက ရှင်ယွဲ့ယွဲ့အကြောင်းကို ဂရုမစိုက်ခဲ့ဖူးဘူး။ ပြီးတော့ ကျွန်မတို့ကွာရှင်းတုန်းက သဘောတူညီချက်စာချုပ်ချုပ်ထားကြပြီးသား။ ယွဲ့ယွဲ့က ရှင်နဲ့ဘာမှမပတ်သတ်တော့ဘူး။" ကျောက်ရှီးယွမ်ပြောလိုက်သည်။

ယန်ကျန့်ဖျင်သည် ကိုယ်ကျင့်သိက္ခာနည်းနည်းလေးတောင်မရှိသည့် လူတစ်ယောက်ဖြစ်သည်။ သူက သူ့ဇနီးအပေါ်လိမ်လည်လှည့်ဖျားခဲ့ပြီး ဇနီးနှင့်အတူ သမီးကိုတောင်မှ စွန့်ပစ်ခဲ့လေသည်။

"ရှီးယွမ်, ကိုယ်..." ယန်ကျန့်ဖျင်က သူ့ကိုယ်သူကာကွယ်ပြောဆိုရင်ကြိုးစားလိုက်ပေမယ့် ကျောက်ရှီးယွမ်ကအမှန်တရားကိုသာပြောနေခြင်းဖြစ်၍ သူမကာကွယ်နိုင်ခဲ့ပေ။

"ကျွန်မနောက်ကို ထပ်မလိုက်ဖို့ သတိပေးလိုက်မယ်။ မဟုတ်ရင် ကျွန်မရဲကို လှမ်းအကြောင်းကြားလိုက်မှာ။" ကျောက်ရှီးယွမ်ပြောပြီးသည်နှင့် သူမလမ်းအတိုင်းလှည့်ထွက်သွားတော့သည်။

"ရှီးယွမ်!" ယန်ကျန့်ဖျင် ထပ်ပြီးလိုက်ချင်သေးပေမယ့် ကျန်းကျားကျား၏တားမြစ်ခြင်းကိုခံလိုက်ရပြန်သည်။

"ယန်ကျန့်ဖျင်၊ သူက ရှင်နဲ့ဘာစကားမှမပြောချင်နေဘူး။ ဘာလို့အရှက်မရှိသူ့နောက်လိုက်ချင်နေရတာလဲ?"

ထိုတခနတွင်ပဲ အသံကျယ်ကြီးတစ်သံဖြင့်အတူ ယန်ကျန့်ဖျင် ကျန်းကျားကျား၏ပါးကို ရိုက်ချလိုက်တော့သည်။ ယန်ကျန့်ဖျင် သွေးကြောများဖြင့်နီရဲနေသည့် မျက်ဝန်းနှင့် ကျန်းကျားကျားကို ရန်သူတစ်ယောက်ပမာ စိုက်ကြည့်လိုက်ကာ၊

"ဒါမင်းကိစ္စမဟုတ်ဘူး!" ပြီးသည်နှင့် ကျန်းကျားကျားကိုထားရစ်ကာ ယန်ကျန့်ဖျင်တစ်ဦးတည်း ကားဆီသို့လျှောက်သွားတော့သည်။ နောက်တစ်နေ့တွင်မှ ကျောက်ရှီးယွမ်ကို ဆက်သွယ်ရန်အတွက် စိတ်ထဲတွင်တေးမှတ်ထားလိုက်သည်။

ကျန်းကျားကျားသည်တော့ အရိုက်ခံလိုက်ရသောကြောင့် ဆွံ့အလို့နေလေသည်။ အခုလို ယန်ကျန့်ဖျင်က သူမကိုရိုက်လိမ့်မည်ဟူ၍ လုံးဝမမျှော်လင့်ထားခဲ့ပေ။

ကုနင်းတို့အဖွဲ့သည်တော့ ထိုပြဇာတ်ကိုရပ်ကြည့်နေခဲ့ကြသည်။ သူတို့ရပ်နေကြသည်က ပျင်းနေ၍ ပွဲကြည့်လိုခြင်းမဟုတ်ပဲ ကျောက်ရှီးယွမ်ကို စိုးရိမ်၍သာဖြစ်လေသည်။ ရှုကျင်းချန်နှင့် တခြားလူများသည် စည်းကမ်းလိုက်နာသည့် စစ်တပ်အရာရှိများဖြစ်ကြသောကြောင့် အပြစ်မဲ့သည့်လူတစ်ဦးထိခိုက်မည်ကို ခွင့်မပြုနိုင်ကြပေ။

ကျောက်ရှီးယွမ် ထိုကိစ္စကို ကိုယ်တိုင်ဖြေရှင်းနိုင်သည်ကို မြင်ရချိန်တွင်တော့ သူတို့ဝင်မပါကြတော့ပေမယ့် သူမကိုအတွက်လွန်စွာစိတ်မကောင်းဖြစ်မိကြရသည်။

ပြဇာတ်ဆုံးသွားချိန်တွင်တော့ စစ်မင်က မကျေမနပ်ဖြင့်၊

"သူက သူ့မိန်းမကို လိမ်လည်ပြီး ဇနီးနဲ့သမီးကိုစွန့်ပစ်ခဲ့တာကတင် အရှက်မဲ့လွန်းနေပြီ။ ဒါပေမယ့် နောက်ထပ်မိန်းမတစ်ယောက်ကိုတောင် ပါးရိုက်လိုက်သေးတယ်လား! ယောကျာ်းထုကြီးအတွက် အရှက်ရစရာလူပဲ!"

"ရှင်ရော ဒီလိုမျိုးမလုပ်လောက်ဘူးဆိုတာ သေချာရဲ့လား?" ချိုးယွီရှင်းက သံသယရှိစွာမေးလိုက်သည်။

ထိုစကားကိုကြားတော့ စစ်မင်ထိန်လန့်သွားကာ ချက်ချင်းပင် တည်တည်ငြိမ်ငြိမ်ပြန်ဖြေလိုက်သည် "သေချာပေါက် မလုပ်ဘူး!"

"ဟ-ဟ၊ ဘယ်သူမှမသိနိုင်ဘူးလေ၊ လူတွေက ပြောင်းလဲတတ်တာပဲကို။" ချိုးယွီရှင်းသည် စစ်မင်ကို တမင်သပ်သပ်အပြစ်ရှာနေခြင်းမျိုးမဟုတ်ပေမယ့် သူမမြင်တွေ့ရတာတွေအများကြီးရှိသောကြောင့် ယောက်ျားများအပေါ် ယုံကြည်မှုပျောက်ဆုံးနေပြီဖြစ်သည်။ သို့ပေမယ့် ယုံကြည်မှုပျောက်ဆုံးနေရုံနှင့် သူမမချစ်မိနိုင်တော့ဘူး၊ လက်မထပ်သလို ကလေးများမမွေးတော့ဘူး ဟူ၍တော့ မဆိုလိုပေ။ ထိုအစား သူမဘဝကို ကောင်းအောင်ကြိုးစားချင်သေးသည်။

"ဟုတ်တာပေါ့၊ လူတွေကပြောင်းလဲနိုင်တယ်၊ ဥပမာ ရှောင်းထင်လို...." လင်ရှောင်းထင်သည် မိန်းမများကို ဝေးဝေးရှောင်ခဲ့ပေမယ့် ရုတ်တရက်ကြီး ကုနင်းကို ချစ်မိသွားကာ သူမကိုအလွန်ချစ်မြတ်နိုင်းပြနေပုံကြောင့် ရှုကျင်းချန် လင်ရှောင်းထင်ကို ဥပမာအဖြစ်အရမ်းသုံးပြချင်နေခြင်းဖြစ်သည်။ သို့ပေမယ့် ရှုကျင်းချန်စကားမဆုံးလိုက်သေးခင်တွင်ပဲ လင်ရှောင်းထင်၏ အေးစက်သည့်အကြည့်ဖြင့် ရင်ဆိုင်လိုက်ရတော့သည်။ ရှုကျင်းချန် ချက်ချင်းပင် စကားကိုပြောလိုက်ကာ၊

"အမ်၊ ရှောင်းထင်ကတော့ ဒီလိုမကောင်းတာမျိုးဘယ်တော့မှမလုပ်ဘူးလို့ ငါယုံကြည်တယ် ဒါပေမယ့် တခြားယောက်ျားတွေကတော့ တစ်ပုံစံတည်းများဖြစ်နေမလားဆိုတာတော့ မသိဘူး။" ရှုကျင်းချန် တမင် စစ်မင်ကိုရည်ရွယ်ကာပြောလိုက်ခြင်းဖြစ်သည်။

***

အခန်း ၃၂၅

ရှုကျင်းချန် ကုနင်းကို စိတ်ခေါ်ခြင်း

စစ်မင်မကျေမနပ်ဖြင့်ပြန်ပြောလိုက်သည်၊

"ရှုကျင်းချန်၊ မင်းဘယ်လိုပြောလိုက်တာလဲ? မင်းနဲ့ငါနဲ့သိတာဒီလောက်တောင်ကြာနေပြီ မင်းလဲငါ့အကြောင်းသိသားပဲ!"

"ဟုတ်တာပေါ့၊ ငါမင်းအကြောင်းကောင်းကောင်းသိလို့လဲ မင်းဒီလိုတစ်ပုံစံတည်းမလုပ်လောက်ဘူးလို့ အာမမခံနိုင်တာပေါ့။" ရှုကျင်းချန် တမင် စစ်မင်ကို စိတ်အနှောက်အယှက်ဖြစ်အောင်လုပ်လိုက်ပြီးကာမှ တခြားလူများဘက်ကလှည့်လိုက်ကာ,

"ကဲ၊ ညနေ၄နာရီတောင်ခွဲပြီ။ ဖုန်းလင်းတောင်စံအိမ်ကိုသွားကြတာပေါ့။ နည်းနည်းတော့ဝေးတယ် ပြီးတော့ ရုံးဆင်းချိန်နဲ့တိုက်သွားရင် ပိုပြီးဆိုးသွားလိမ့်မယ်။"

"ရှုကျင်းချန်!" စစ်မင်စိတ်ဆိုးနေပေမည့် သူ့ကိုမည်သူမျှ မနှစ်သိမ့်ပေးကြပေ။

ကုနင်းနှင့် လင်ရှောင်းထင်က ကားတစ်စီး၊ စစ်မင်နှင့် ချန်းမင်ကတစ်စီး နှင့် ရှုကျင်းချန်၊ ရှုချင်ယင်းနှင့် ချိုးယွီရှင်းတို့ကတစ်စီးမောင်းလာခဲ့ကြသည်။

သူတို့ကားထဲရောက်ကြသည်နှင့် လင်ရှောင်းထင်က ကုနင်းကိုကြည့်ကာ အရမ်းကိုတည်ကြည်သည့်အမူအရာဖြင့်ပြောလာသည်။

"နင်းနင်း၊ ကိုယ်မင်းကို ဘယ်တော့မှမလိမ်သလို ရိုက်လဲမရိုက်ဘူး၊ ဘယ်တော့မှလဲ မစွန့်ပစ်ဘူးလို့ ကတိပေးတယ်။"

ကုနင်း ရုတ်တရက်ကြောင်အသွားရသည်။ သူတို့က စနောက်နေခဲ့ကြခြင်းဖြစ်ပေမည့် လင်ရှောင်းထင်သည်တော့ အတည်ကြီးမှတ်ယူနေပုံပင်။ ကုနင်း ပထမတော့သူ့ကို ယုံကြည်ကြောင်း နှစ်သိမ့်ပေးဖို့ရန်လုပ်လိုက်ပေမယ့် ရုတ်တရက် စိတ်ပြောင်းသွားကာ သူ့ကို စနောက်လိုက်သည်။

"ဘယ်သူများသိနိုင်မှာလဲ! ရှင်လဲ အရင်တုန်းက ချိန်းတွေ့ဖို့တွေ ရည်းစားထားဖို့တွေစိတ်မဝင်စားဘူးလို့ပြောခဲ့ပေမယ့် အခုတော့ ကျွန်မက ရှင့်ရည်းစားဖြစ်နေပြီလေ။" ကုနင်း အစောနက ရှုကျင်းချန်ဆက်မပြောရဲခဲ့သည့်စကားကို ဆက်ပေးလိုက်သည်။

လင်ရှောင်းထင် လန့်သွားကာ ချက်ချင်း ရှင်းပြတော့သည်။

"အဲ့ဒါက မင်းတစ်ယောက်တည်းကသာ ကိုယ်လိုချင်တဲ့မိန်းကလေးမို့လို့လေ!"

"ရှင်တခြားမိန်းကလေးတစ်ယောက်ကိုလဲ ဒီလိုမျိုးပြောနိုင်တာပဲ။"

"ကိုယ်မပြောဘူး!" လင်ရှောင်းထင် ကတိပေးလိုက်သည်။

"ရှင်ကဘယ်လိုလုပ်သိနိုင်မှာလဲ? ရှင်အနာဂါတ်ကို ကြိုမမြင်နိုင်ပါဘူး။"

"ကိုယ်မပြောဘူး!" လင်ရှောင်းထင် ထိုစကားကိုသာ ထပ်မံပြောလိုက်သည်။

ကုနင်းလဲ လင်ရှောင်းထင်ကို မနာကျင်စေချင်သလို မပျော်မရွှင်ဖြစ်သွားမည်ကိုလဲ အလိုမရှိပေ။

"ကောင်းပြီလေ၊ ကျွန်မအခုတော့ ယုံပါတယ်၊ ဒါပေမယ့် နောက်အနာဂါတ်ရဲ့တစ်နေ့နေ့မှာ ရှင်ဒါမျိုးလုပ်ရဲရင်တော့ ရှင့်ကိုဒီအတိုင်းမထားဘူး။" ကုနင်း ခြိမ်းခြောက်သလိုဟန်ဆောင်လိုက်သည်။

"ကိုယ်မင်းကို သက်သေပြသွားမှာပါ။" ကုနင်းက အခုချိန်သူ့ကိုယုံကြည်သည်ဆိုကတည်းက လင်ရှောင်းထင်ပျော်ရွှင်သွားပြီဖြစ်လေသည်။ လူတစ်ယောက်က အခြားလူတစ်ယောက်ကို အကြောင်းရင်းမရှိ လုံးဝယုံကြည်ပစ်ဖို့ရန်က မဖြစ်နိုင်မှန်း သူလဲသိသောကြောင့် ကိုယ့်လုပ်ရပ်များဖြင့်သာ သက်သေပြဖို့လုပ်လိုက်သည်။

ဖုန်းလင်းတောင်စံအိမ်သည် မြို့တွင်းနှင့်အနည်းငယ်ကွာဝေးလေသည်။ ပုံမှန်ဆိုလျှင် လမ်းပိတ်ခြင်းမရှိပါက ထိုနေရာသို့ရောက်ရန် နာရီဝက်မျှ မောင်းနှင်ရမည်ဖြစ်သည်။ ကံကောင်းစွာဖြင့်သူတို့ထွက်လာသည်မှာစောသောကြောင့် ရုံးဆင်းချိန်နှင့်မတိုးပေမယ့် လမ်းတစ်လျှောက် မီးနီပေါင်းများစွာနှင့်တွေ့ခဲ့ရသောကြောင့် ဖုန်းလင်တောင်စံအိမ်သို့ မိနစ်၄၀ကြာပြီးမှသာရောက်ကြရသည်။

ဖုန်းလင်းတောင်စံအိမ်သည် တောင်တက်လမ်း၏တစ်ဝက်တွင် ရှေးဟောင်းပုံစံ တည်ဆောက်ထားခြင်းဖြစ်ပြီး တောင်စံအိမ်၏အပြင်ဘက်တွင် ၁မီတာ မှ ၂မီတာအထိ ကျယ်သည့် ချောင်းလေးတစ်ခုလဲစီးဆင်းနေလေသည်။

ထိုချောင်းငယ်လေးသည် တောင်ပေါ်မှစတင်စီးဆင်းလာခြင်းဖြစ်ကာ တောင်စံအိမ်သို့ဖြတ်သန်းသွားခြင်းဖြစ်သည်။ တောင်စံအိမ်တွင်တော့ ၁၀မီတာမြင့်သည့် ရေတံခွန်တစ်ခုလဲရှိနေသေးလေသည်။ ရေတံခွန်အောက်ခြေရှိ ရေကန်လေးသည်တော့ ၁၀စတုရန်းမီတာခန့် ကျယ်ဝန်းပြီး ဘေးနားတွင်တော့ ရေဒလက်တစ်ခုပါရှိနေသည်။ ထို့ကြောင့် သူတို့အဖွဲ့ဖုန်းလင်းတောင်စံအိမ်အတွင်းသို့ဝင်ရောက်သွားချိန်တွင် ရှေးခေတ်အခါသို့ အချိန်ကူးပြောင်းရောက်ရှိသွားသလိုပင်ခံစားလိုက်ရသည်။

ဖုန်းလင်းတောင်စံအိမ်သည် ၎င်း၏လှပသော မြင်ကွင်းများနှင့် အရသာရှိလှသော စားသောက်ဖွယ်ရာများကြောင့် မြို့တော်တွင် အလွန်ကျော်ကြားလေသည်။ လူချမ်းသာအတော်များများနှင့် အာဏာပိုင်များသည် ထိုနေရာသို့ မကြာခနလာရောက်ကြသည်။ သို့ပေမယ့် နေရာက အလွန်မကျယ်ဘဲ သီးသန့်ခန်း၁၈ခန်းသာရှိပြီး ဟောစားသောက်ခန်းတော့ဖြင့်မရှိပေ။ ထို့ကြောင့် ဧည့်သည်များသည် မလာခင် အရင်ကြိုတင်ကာ ချိန်းဆိုထားကြရမည်ဖြစ်သည်။ ဖုန်းလင်းတောင်စံအိမ်သည် အမြဲတမ်းထင်ပေါ်ကျော်ကြားနေပေမည့် ပိုင်ရှင်ကတော့ ရှားပါးသည့်အဖိုးတန်မှုပုံစံကို ထိန်းသိမ်းထားချင်သောကြောင့် ထပ်မံတိုးချဲ့ရန်ဆန္ဒမရှိပေ။ ပြီးတော့ လူချမ်းသာအများစုသည်လဲ ယခုလို ရှားပါးခက်ခဲသည့်အဖိုးတန်မှုမျိုးကိုမှ သဘောကျကြခြင်းဖြစ်သည်။

ကုနင်းတို့အဖွဲ့သည်တော့ သူတို့ညစာအတွက်ချိန်းဆိုထားသည့်အချိန်ရောက်ရန် စောနေသေးသောကြောင့် ကားပါကင်တွင်ကားများရပ်ပြီးသည်နှင့် ဖုန်းလင်းတောင်စံအိမ်သို့အရင်ဦးစွာလှည့်ပတ်ကြည့်ရန် ဆုံးဖြတ်လိုက်ကြသည်။

"ကုနင်း၊ မင်း ငါနဲ့အပျော်သဘော သိုင်းတစ်ပွဲလောက်ပြိုင်ချင်လား?" သူတို့မြက်ခင်းပြင်အလွတ်ဘက်သို့လျှောက်လာချိန် ရှုကျင်းချန်က အဆိုပြုလိုက်ခြင်းဖြစ်သည်။ ရှုကျင်းချန်သည် ကုနင်း၏ သိုင်းအဆင့်ဘယ်လောက်အထိရှိလဲဆိုသည်ကို အလွန်စိတ်ဝင်စားနေလေသည်။ သာမာန်မိန်းကလေးတစ်ဦးသည်က သေနတ်ကိုင်ထားသည့်ရာဇဝတ်သားနှစ်ဦးကို လက်ဗလာဖြင့် အနိုင်တိုက်နိုင်မည်မဟုတ်ပေ။ သို့ပေမယ့် ရှုကျင်းချန်သည်တော့ နှစ်ပေါင်းများစွာ စည်းစနစ်တကျလေ့ကျင့်ခဲ့ရပြီး လက်တွေ့တိုက်ပွဲပေါင်းများစွာကိုလဲ ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ရခြင်းကြောင့် ကုနင်းက သူ့ထက်တော့ပိုတော်မည်ဟုမယုံကြည်ပေ။

တစ်ဖက်တွင်တော့ ကုနင်းသည် သာမန်ာအထက်တန်းကျောင်းသူတစ်ဦးသာဖြစ်လေသည်။ သူမက သာမာန်လူများထက်တော့ဖြင့် အတိုက်အခိုက်တော်နိုင်ပေမယ့် ကျွမ်းကျင်ပညာရှင်များကိုတော့ ယှဉ်ဖို့ခက်ခဲလွန်းလေသည်။ ရှုကျင်းချန်တွင်လဲ ကုနင်းကို အနိုင်ပိုင်းရန်အတွက် ရည်ရွယ်ချက်ရှိမနေဘဲ သူမ၏သိုင်းပညာအဆင့်ကိုသိရုံလောက်သာသိချင်နေခြင်းဖြစ်သည်။

ကုနင်းဘက်က ဘာမှပြန်မပြောရသေးခင်တွင်ပင် စစ်မင်နှင့် ရှုချင်ယင်းက ရှုကျင်းချန်ကို စတင်အပြစ်တင်တော့သည်၊

"ရှုကျင်းချန်၊ မင်းဘယ်လိုလုပ် မိန်းကလေးတစ်ယောက်အပေါ် အခွင့်ကောင်းယူနိုင်ရတာလဲ? ရှင်းထင်မင်းကို မျက်ရည်နဲ့မျက်ခွက်ဖြစ်အောင်လုပ်လိုက်မှာမကြောက်ဘူးလား?"

"ဟုတ်တယ်, ကျင်းချန်၊ နင်ကယောက်ျားလေးလေ! ဘယ်လိုလုပ်မိန်းကလေးတစ်ယောက်ကို စိန်ခေါ်နိုင်ရတာလဲ?!"

ချိုးယွီရှင်းသည်လဲ ရှုကျင်းချန်၏အဆိုပြုချက်ကို သဘောမတူပေမယ့် ရှုကျင်းချန်ယခုလိုပြောသည်က အကြောင်းတစ်ခုခုရှိနိုင်သည်ဟု တွေးမိလေသည်။ ချိုးယွီရှင်းကအထင်ကတော့ဖြင့် အတိအကျပင်မှန်ပါသည်။

"သွားစမ်းပါ၊ မင်းတို့ ကုနင်းအကြောင်းဘာမှမသိပါဘူး! သူကသိုင်းအရမ်းကျွမ်းတယ်၊ ပြီးတော့ ငါတို့ကအပျော်သဘောပဲလုပ်ရုံပါ။ သူ့ကိုထိခိုက်အောင် ငါမလုပ်ပါဘူး။ ပြီးတော့ ရှောင်းထင်တောင် ဘာမှမပြောသေးတာ။ မင်းတို့အားလုံးက ဘာလို့စိတ်ဆိုးနေကြတာလဲ?"

ထိုစကားကိုကြားတော့ စစ်မင်ရော ရှုချင်ယင်းပါ အံ့ဩတကြီးကုနင်းကို ကြည့်လိုက်မိကြသည်။ ထို့နောက်တစ်ဖန် တားဖို့ရန်အစီအစဉ်ရှိပုံမရသည့် လင်ရှောင်းထင်ကိုကြည့်လိုက်သည်။

ကုနင်းက ပြုံးပြလိုက်ပြီ၊

"ကျွန်မလဲ မတိုက်ခိုက်ရတာကြာတော့ မေ့တောင်မေ့ချင်နေပြီ၊ လုပ်လိုက်ကြတာပေါ့!" ကုနင်းဘက်က သဘောတူလိုက်မှတော့ လင်ရှောင်းထင်လဲ သူမကို မတားတော့ပေ။ စစ်မင်ရော ရှုချင်ယင်းပါ တိတ်ဆိတ်သွားကြပြီး ချန်းမင်သည်တော့ မျှော်လင့်ချက်အပြည့်ဖြင့်ကြည့်နေကာ ရှုကျင်းချန်ရှုံးသွားမည်ကိုစောင့်မျှော်လို့နေလေသည်။

ရှုကျင်းချန်နှင့် ကုနင်းတို့အပေါ်ထပ်ကုတ်အင်္ကျီများကို ချွတ်လိုက်ကြသည်။

"မင်းငါ့ကို အားနည်းနည်းလောက်လျှော့ပေးထားစေချင်လား?" ကုနင်းကိုထိခိုက်မိမည်စိုး၍ ရှုကျင်းချန်မေးလိုက်ခြင်းဖြစ်သည်။

"မလိုပါဘူး၊ ကျေးဇူးပဲ။" ကုနင်းချက်ချင်းပင် ငြင်းပယ်လိုက်သည်။ သို့ပေမယ့် ရှုကျင်းချန်သည်ကတော့ ကုနင်းကို မထိခိုက်မိစေရန် သူ့အားသူထိန်းချုပ်ထား၍ ကုနင်းက၊

"ရှင့်အားအပြည့်သုံးလိုက်ပါ၊ မဟုတ်ရင် ရှင်နိုင်နိုင်မှာမဟုတ်ဘူး။"

ထိုစကားကိုကြားတော့ လင်ရှောင်းထင်နှင့် ချန်းမင်းကလွဲပြီး အားလုံးထိတ်လန့်သွားကြသည်။

"ငါမင်းကို ထိခိုက်သွားအောင်လုပ်မှာမကြောက်ဘူးလား?" ရှုကျင်းချန်မေးလိုက်သည်။ ကုနင်း သူမကိုယ်သူမအရမ်းထင်နေသည်ဟု သူတွေးမိလေသည်။

"ဟ-ဟ၊ စမ်းကြည့်လိုက်လေ။" ကုနင်းရယ်လိုက်ကာပြောလိုက်သည်။

"ပိုကောင်းတာပေါ့။" ရှုကျင်းချန်ပြန်ပြောလိုက်သည်၊

"ဒါဆို အခုပဲစကြတာပေါ့။" ပြောပြီးသည်နှင့်ပြိုင်ပွဲစတင်တော့သည်။ အစတွင်တော့ နှစ်ဖက်လုံးက အပျော်သဘောနှစ်တိုက်ခြင်းဖြစ်ပြီး မည့်သူ့ကိုမျှမထိခိုက်စေချင်သောကြောင့် အားအပြည့်မသုံးကြပေ။

ရှုကျင်းချန်သည်တော့ သူ ကုနင်းကို စက္ကန့်ပိုင်းလေးအတွင်းမှာပဲ အလွယ်တကူအနိုင်ယူ၍ရနိုင်သည်ဟုတွေးထင်နေလေသည်။

All Chapters