အခန်း (၃၂၆-၃၃၀)
Vol. 22 Ch. 326-330
အခန်း ၃၂၆
ချားရဟတ်
သို့သော်လည်း ကုနင်း စတင်ကာလှုပ်ရှားပြီး ရှုကျင်းချန်ကိုတိုက်ခိုက်ချိန်တွင်တော့ သူမအားသန်မာမှုများကို ခံစားမိသွားပြီး သူမသည်လဲ ကျွမ်းကျင်ပညာရှင်တစ်ဦး၏နှစ်ရှည်လေ့ကျင့်သင်ကြားပေးခြင်းကို ခံခဲ့ရသလို အသိမျိုးဝင်သွားရသည်။ ဤသို့ဖြင့် ကုနင်း၏အရည်အချင်းကို ရှုကျင်းချန် အထင်မသေးရဲတော့ပေ။
တိုက်ခိုက်ရင်း တိုက်ခိုက်ရင်းဖြင့် နှစ်ဦးစလုံး၏အားများတိုးလာပြီး တိုက်ခိုက်မှုများသည်လဲ ပြင်းထန်လို့လာလေသောကြောင့် ရှုကျင်းချန်ပင် ထိတ်လန့်လာရလေသည်။ အချိန်တိုအတွင်း ကုနင်းအများကြီးတိုးတက်လာခဲ့ခြင်းကြောင့် လင်ရှောင်းထင်နှင့် ချန်းမင်လဲ အလွန်အံ့အားသင့်နေလေသည်။ သူမက သူတို့နှင့် ယှဉ်ပြိုင်တိုက်ခိုက်ခဲ့စဉ်ကထက်ပင် ပို၍သာလွန်နေပြီဖြစ်သည်။ သို့ပေမယ့် မည်သူမျှ စစ်မင်၊ ရှုချင်ယင်း နှင့် ချိုးယွီရှင်းတို့ထက်အံ့ဩကြနေလိမ့်မည်မဟုတ်ပေ။ ကုနင်းကောင်းကောင်းတိုက်ခိုက်နိုင်နေသည်ကပင် သူတို့၏အတွေးအမြင်များကို ကျော်လွန်လျက်ရှိပြီဖြစ်လေသည်။
ရှုကျင်းချန်သည်တော့ နောက်ဆုံး ကုနင်းကိုကောင်မလေးတစ်ဦးအနေဖြင့် မဆက်ဆံရဲတော့ဘဲ သူ၏ပြိုင်ဘက်အစစ်တစ်ဦးအဖြစ်သာဆက်ဆံတော့သည်။
ကုနင်းသည် အချိန်တိုအတွင်းသူမကိုယ်သူမ အများကြီးတိုးတက်အောင်လုပ်နိုင်ခဲ့ပြီး ရှုကျင်းချန်၏ စိန်ခေါ်ရန်စမှုနှင့်ကြုံလာချိန်တွင်တော့ တွန့်ဆုတ်မနေတော့ပေ။ သူမလဲ သူမစွမ်းအား၏အထောက်အပံ့ကိုမယူပဲ ကိုယ်ပိုင်ခွန်အားအလုံးစုံကို စတင်အသုံးချတော့သည်။
ရှုကျင်းချန်အတွက် ကုနင်းနှင့်တိုက်ခိုက်ရခြင်းသည် အလွန်စိတ်လှုပ်ရှားစရာကောင်းလွန်းပြီး မီးတောက်နီအဖွဲ့ထဲမှ အဖွဲ့သားများဖြင့် တိုက်ခိုက်နေရသလိုပင် ခံစားရလေသည်။
သူတို့အနားတစ်ဝိုက်ရှိလူများသည်လဲ ထိုပွဲကို စိတ်လှုပ်ရှားတက်ကြွစွာဖြင့်ကြည့်ရှုနေကြသည်။ အတော်များများသည်တော့ ကုနင်း၏လျင်မြန်သွက်လက်မှုနှင့် ခွန်အားပြင်းပြင်းတိုက်ခိုက်နိုင်စွမ်းကို အံ့အားသင့်နေကြလေသည်။
"ဘုရားရေ၊ သူကတကယ့်ကို မယုံနိုင်စရာကောင်းတာပဲ!"
"ဟုတ်တာပေါ့!"
ဒီလောက်လေးပဲဆိုလျှင်တောင်မှ သူတို့အားလုံး ကုနင်းကို ချီးကျူးနေကြလေသည်. အမျိုးသမီးများသည် အမြဲတမ်း ယောက်ျားသားများနှင့်ယှဉ်လျှင် အားနည်းကြပေမယ့် အခုတော့ ဒီမိန်းမငယ်လေးသည် သန်မာတောင့်တင်းသည့်ယောက်ျားတစ်ဦးနှင့်ပင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်သည်အထိ သန်မာလေသောကြောင့် သူတို့ ကုနင်းကို လေးစားကုန်ကြရသည်။
"ကောင်းပြီ၊ ငါတို့ရပ်သင့်တဲ့အချိန်ရောက်ပြီလို့ထင်တယ်။" ကုနင်းတို့နှစ်ဦးအချိန်အတော်ကြာ တိုက်ခိုက်သွားပြီးချိန်တွင်တော့ လင်ရှောင်းထင်က သူတို့ကိုရပ်ရန် သတိပေးလိုက်သည်။ သူတို့နှစ်ဦး အနိုင်အရှုံးမသဲကွဲခဲ့သော်လဲ နှစ်ဦးစလုံးပျော်ရွှင်ခဲ့ကြရလေသည်။
လင်ရှောင်းထင်၏စကားကိုကြားသည်နှင့် ကုနင်းရော ရှုကျင်းချန်ပါ ချက်ချင်း လက်စသတ်လိုက်ကြသည်။ လင်ရှောင်းထင် တစ်ရှုးအနည်းငယ်ထုတ်လိုက်ကာ ကုနင်း၏မျက်နှာတွင်ရှိနေသည့် ချွေးစက်ကလေးများကို သုတ်ပေးလိုက်သည့်မြင်ကွင်းကအတော်လေး ချိုမြိန်နေလေသည်။
ပြိုင်ပွဲပြီးဆုံးသွားသည်နှင့် အနားတစ်ဝိုက်မှလူများသည်လဲ ကျယ်လောင်စွာ အော်ဟစ်ချီးကျူးကြတော့သည်။
"ဘုရားရေ! ကုနင်း နင်ဒေီလောက်အံ့ဩစရာကောင်းလိမ့်မယ်လို့ ငါလုံးဝမထင်ထားခဲ့မိဘူး။" ရှုချင်ယင်းတစ်ယောက် ကုနင်းရှေ့ခုန်ပေါက်ရောက်ရှိလာကာ လေးစားမှုအပြည့်ဖြင့် ပြောလိုက်သည်။
ရှုကျင်းချန်သည်တော့ ကုနင်းကို အနိုင်မတိုက်နိုင်ခဲ့၍ ရင်ထဲနာကျင်နေပြီး သူ့ဝမ်းကွဲဖြစ်သူက သူ့ရှေ့တွင်ပင် ကုနင်းကို လေးစားနေသည့်ပုံကို သိသိသာသာကြီးထုတ်ပြလို့နေသောကြောင့်၊
"ငါလဲ အဲ့လောက်မဆိုးပါဘူးနော်! ဘာလို့ ငါ့ကိုကျ မချီးကျူးတာလဲ?"
"နားစမ်းပါ၊ နင်ကစစ်တပ်အရာရှိတစ်ယောက်ပေမယ့် ကောင်မလေးငယ်ငယ်လေးကိုတောင် အနိုင်မတိုက်နိုင်ခဲ့ဘူးလေ။" ရှုချင်ယင်းပြန်ပြောလိုက်သည်။
"မင်း...." ရှုကျင်းချန်စိတ်ဆိုးသွားသလို ရှက်လဲရှက်သွားရသည်။
ထိုအချိန်တွင် စစ်မင်တစ်ယောက်သည်တော့ ပုံမှန်နှင့်မတူစွာ တိတ်ဆိတ်လို့နေလေသည်။ သူသည်လဲ ကုနင်းနှင့်သာယှဉ်ပြိုင်တိုက်ခိုက်လျှင် ရလဒ်တစ်ပုံစံတည်းသာထွက်မည်ကိုသိသောကြောင့် ရှုကျင်းချန်ကို ဟာသသဘောစမနေပေ။ သူတို့သည် နိုင်ငံအထူးတပ်ဖွဲ့၏ အကောင်းဆုံးစစ်သားများဖြစ်ကြပေမယ့် မိန်းမငယ်လေးတစ်ဦးကိုအနိုင်မတိုက်နိုင်ခြင်းက အနည်းငယ်ရှက်စရာကောင်းသည့်အနေအထားဖြစ်လေသည်။
"ထားလိုက်တော့၊ ထားလိုက်တော့၊ အခုက ညစာစားချိန်ရောက်နေပြီ။ သီးသန့်ခန်းကိုသွားကြရအောင်!" ချန်းမင်သည်က သူလဲပဲ ကုနင်းကို အနိုင်မယူနိုင်ခဲ့သည့်အချက်ကို ထုတ်ဖော်မပြလိုသောကြောင့် ချက်ချင်းပင် စကားလမ်းကြောင်းလွှဲလိုက်တော့သည်။ ထို့နောက်သူတို့အဖွဲ့ သီးသန့်ခန်းသို့လျှောက်သွားကာ ကြည့်ရှုနေသည့်လူအုပ်သည်လဲ လူစုခွဲသွားကြတော့သည်။
မစားသောက်ကြသေးခင် ကုနင်း အန်းကွမ်းယောင်ထံဖုန်းဆက်လိုက်ကာ ပရောဂျက်ဘယ်လိုနေလဲဆိုသည်ကိုမေးလိုက်သည်။ အစီအစဉ်များမှာ အဆင်ပြေပြေလုပ်ဆောင်နေစဲဖြစ်လေသည်။ သို့ပေမယ့် ဆောင်းရာသီဖြစ်သောကြောင့် ညနေ၆နာရီတွင်ပင် ကောင်းကင်မှာ မှောင်မှိုင်းနေပြီဖြစ်သောကြောင့် အလင်းရောင်မရှိဘဲနှင့် တိုင်းတာခြင်းများမလုပ်နိုင်၍ မနက်ဖြန်ခါကျမှ နောက်တစ်ခေါက်ပြန်သွားရမည်ဖြစ်လေသည်။ ဒီဇိုင်နာနှင့် တိုင်းတာတွက်ချက်မည့်သူများသည်တော့ သူတို့အလုပ်အားလုံးပြီးဆုံးသည်အထိ မြို့တော်တွင်နေကြမည်ဖြစ်ပေမယ့် အန်းကွမ်းယောင်သည်တော့ Gမြို့ရှိကုမ္ပဏီကိုလဲ စီမံခန့်ခွဲရဦးမည်ဖြစ်၍ မနက်ဖြန်လေယာဉ်ဖြင့်ပြန်ရမည်ဖြစ်သည်။
စားသောက်ပြီးသွားချိန်တွင်တော့ ရှုကျင်းချန်က ကလပ်တွင်သွားပျော်ကြဖို့ရန် အကြံပြုပေမယ့် ကုနင်းက နေမကောင်းသေးချိန်ဖြစ်သောကြောင့် အနားယူချိန်များများလိုအပ်၍ လင်ရှောင်းထင်က ထိုအကြံကို ငြင်းပယ်လိုက်လေသည်။
"အမ်, မင်းက အခု သိပ်နေလို့မကောင်းဘူးဆိုတော့ မင်းပင်ပန်းနေမှာစိုးလို့ ကိုယ်ကျင်းချန်ကိုငြင်းလိုက်တာ။" ကားထဲပြန်ရောက်ချိန်တွင်တော့ လင်ရှောင်းထင်က ကုနင်းကို ရှင်းပြလာသည်။
"ကျွန်မနားလည်ပါတယ်၊ ကျေးဇူးပါ။"ကုနင်းပြုံးပြလိုက်သည်။ လင်ရှောင်းထင်ဘာကြောင့် အခုလိုလုပ်သည်ကို သူမနားလည်သလို ရင်ထဲလဲ ကြည်နူးသွားရလေသည်။
သူတို့အိမ်ပြန်လာသည့်လမ်းတွင်တော့ အပန်းဖြေဥယျာဉ်တစ်ခုကို ဖြတ်သန်းလာရပြီး ထိုထဲတွင် မီးများထိန်လင်းနေသည့် ချားရဟတ်တစ်ခုလဲရှိနေလေသည်။ ကုနင်းရုတ်တရက်ကြီး ထိုအပန်းဖြေဥယျာဉ်အတွင်သို့သွားရောက်လည်ပတ်ချင်စိတ်ဖြစ်လာခဲ့သည်။ အပန်းဖြေဥယျာဉ်မှာ ကလေးများအတွက်ဟုသာ တွေးထားခဲ့သည့် လင်ရှောင်းထင်သည်တော့ သူမဆန္ဒကိုမငြင်းပယ်ပေ။ ကုနင်းသည် သူမပြန်လည်မမွေးဖွားခင် အရင်ဘဝရော ယခုဘဝတွင်ပါ တစ်ခါမှအပန်းဖြေဥယျာဉ်ကိုမရောက်ခဲ့ဖူးသောကြောင့် တစ်ခါလောက်တော့ဖြင့် အမှန်တကယ်သွားရောက်လည်ပတ်ချင်လေသည်။
အခုချိန်က ဆောင်းရာသီညတစ်ညဖြစ်နေတာတောင်မှ အထဲတွင် လူများစွာရှိနေကြစဲဖြစ်သည်။ လင်ရှောင်းထင် ကားပါကင်တွင် ကားကိုရပ်လိုက်ကာ ဝင်ခွင့်လက်မှတ်များသွားရောက်ဝယ်ယူလိုက်သည်။ အပန်းဖြေဥယျာဉ်တွင် လူငယ်စုံတွဲများ သို့မဟုတ် မိသားစုများစွာသည် ပျော်ရွှင်စွာဆော့ကစားနေကြသလို ကလေးများ၏ပျော်ရွှင်စွာအော်ဟစ်နေသံများဖြင့်လဲ ပြည့်နှက်နေလေသည်။
ကုနင်း အပန်းဖြေဥယျာဉ်ထဲသို့လာရခြင်းသည် ချားရဟတ်ကြောင့်ဖြစ်သည်။ ထို့ကြောင့် သူတို့အထဲသို့ဝင်လိုက်သည်နှင့် ကုနင်းချက်ချင်းပင် လင်ရှောင်းထင်လက်ကိုဆွဲ ချားရဟတ်နားသို့ခေါ်သွားတော့သည်။
ချားရဟတ်စီးရန်စောင့်ဆိုင်းနေသည့်လူတန်းရှည်ကြီးရှိပြီး သူတို့သည်တော့ ထိုအတန်း၏အဆုံးတွင်စောင့်လိုက်ကြသည်။
"ပြောကြတာတော့ ချားရဟတ်အတူတူစီးတဲ့စုံတွဲတွေက နောက်ဆုံးပြတ်သွားကြတာချည်းပဲတဲ့။" ကုနင်းစကားစလိုက်သည်။
ထိုစကားကိုကြားသည်နှင့် လင်ရှောင်းထင် ကုနင်းလက်ကိုဆွဲကာ ချက်ချင်းလှည့်ထွက်ဖို့လုပ်လိုက်သည်။
"ဒါဆို ကိုယ်တို့မစီးတော့ဘူး။" သူကုနင်းနှင့်လုံးဝမပြတ်စဲချင်ပေ။
"ဟ-ဟ" ကုနင်း ရယ်လိုက်မိသည်။
"ဒါပေမယ့် ချားရဟတ်ရဲ့ အမြင့်ဆုံးနေရာကိုရောက်တဲ့အချိန်မှာ နမ်းတဲ့စုံတွဲကတော့ ထာဝရအတူတူနေသွားနိုင်တယ်တဲ့။"
"တကယ်လား?" လင်ရှောင်းထင် သံသယဖြင့်ပြန်မေးလိုက်သည်။
"တကယ်ပေါ့၊ ရှင်မယုံရင် တခြားလူတွေကိုသွားမေးကြည့်လိုက်။" ကုနင်းရယ်ချင်စိတ်ကိုထိန်းကာပြောလိုက်သည်။ လင်ရှောင်းထင်သည် တကယ်ကိုချစ်စရာကောင်းသည့်လေးတစ်ဦးနှင့်တူပေမယ့် သူမကိုတော့အမှန်တကယ်အရမ်းချစ်လေသည်။
လင်ရှောင်းထင်သည် ကုနင်းကို အမြဲတမ်းယုံကြည်ထားခြင်းဖြစ်ပေမယ့် သူတို့နှစ်ဦး၏ပျော်ရွှင်မှုကိုတော့ဖြင့် အရမ်းအလေးထားလေသည်။
"ခနလေးစောင့်နေဦး။" လင်ရှောင်းထင်ပြောပြီးသည်နှင့် အနီးနားရှိဝန်ထမ်းတစ်ဦးထံလျှောက်သွားလိုက်သည်။
လင်ရှောင်းထင် အခုလို တခြားလူတစ်ယောက်အားတကယ်ကြီးသွားမေးလိမ့်မည်ဟု ကုနင်းမမျှော်လင့်ထားခဲ့ပေ။ သူမအံ့အားသင့်သွားသလို ရယ်လဲရယ်ချင်သွားခဲ့သည်။ ထို့အပြင် လင်ရှောင်းထင် အခြားလူများထံ အနမ်းအကြောင်းမေးရာတွင် ရှက်ရွံ့နေမလားမဆိုသည်ကိုလဲ သိချင်မိလေသည်။
လင်ရှောင်းထင် ဝန်ထမ်းတစ်ဦးနှင့် လည်ပတ်သူနှစ်ဦးထံ မေးမြန်းလိုက်ကာ ထိုသူအားလုံးသည်တော့ တစ်ပုံစံတည်းသာပြန်ဖြေခဲ့သည်။
"ရှင်အဲ့လိုလိုက်မေးတာ မရှက်ဘူးလား?" လင်ရှောင်းထင်ပြန်လာသည်နှင့် ကုနင်းမေးလိုက်သည်။
"မဖြစ်ပါဘူး။" ကုနင်းနှင့်သက်ဆိုင်သည့် စိုးရိမ်စရာကိစ္စဖြစ်နေသ၍ သူ့အနေနှင့်ရှက်နေမည်မဟုတ်ပေ။
ကုနင်းနှင့် လင်ရှောင်းထင်တို့အလှည့်ရောက်လာချိန်တွင်တော့ သူတို့နှစ်ဦးလုံး ချားရဟတ်ပေါ်တွင်ထိုင်လိုက်ကြတော့သည်။ ချားရဟတ်စတင်က အမြင့်သို့တက်သွားချိန်တွင်တော့ အောက်ဘက်မှ ဆူညံသံများ ပျော်ရွှင်စွာအော်ဟစ်နေသံများမှာ တဖြည်းဖြည်းမှေးမှိန်လာခဲ့လေသည်။ အခုပုံစံက သူတို့နှစ်ဦးတည်းတစ်ကမ္ဘာရောက်ရှိနေသလိုပင်။
ကုနင်းသည်တော့ သူမမျက်စိရှေ့ရှိ လှပသည့်မြင်ကွင်းကို ခံစားကြည့်ရှုနေပေမယ့် လင်ရှောင်းထင်သည်တော့ တချိန်လုံးသူမကိုသာ စိုက်ကြည့်လို့နေသောကြောင့်၊ ကုနင်းက,
"ဘာဖြစ်လို့လဲ?"
***
အခန်း ၃၂၇
ပထမဆုံးအကြိမ်အမှန်တကယ်ဒေါသထွက်ခြင်း
"ကိုယ်တို့ထိပ်ဆုံးနားကိုရောက်တော့မယ်။" လင်ရှောင်းထင်ပြောလိုက်သည်။ သူ့ပုံစံက ထိုအချိန်ကိုစောင့်ဆိုင်းနေပုံရလေသည်။
"ဟ-ဟ" ကုနင်းထပ်ပြီး ရယ်လိုက်မိပြန်သည်။
"ကျွန်မတို့အခုမှ တစ်ပတ်ကို သုံးပုံတစ်ပုံစာပဲရောက်ပါသေးတယ်နော်!"
လင်ရှောင်းထင် ထို့တော့မှ အပေါ်ဘက်ကိုကြည့်လိုက်မိပြီး ရုတ်တရက် ချားရဟတ်လည်နေသည်က အရမ်းနှေးလွန်းနေသည်ဟု ခံစားလိုက်ရလေသည်။ သူတို့ အမြင့်ဆုံးနေရာသို့ရောက်ခါနီးတွင်ပဲ လင်ရှောင်းထင်၏အနမ်းက ကုနင်း၏နှုတ်ခမ်းပါးထက်သို့ကျရောက်လာခဲ့သည်။ ကုနင်းနှင့် လင်ရှောင်းထင်သာမဟုတ်ဘဲ အမြင့်ဆုံးနေရာသို့ရောက်သည့်အချိန်များတွင် အတွဲတိုင်းက စတင်နမ်းကြသည်သာဖြစ်သည်။
ချားရဟတ်ကို အတွဲများအတွက်တီထွင်ထားသည်ဟုဆိုကြသည်။ ချားရဟတ်လည်သည့်အချိန်တိုင်း ကမ္ဘာပေါ်ရှိအတွဲတိုင်းသည်လဲ အနမ်းပေးကြသည်ဟု ဆိုကြသည်။ ဂွန်ဒိုလာများသည် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေပြီး ချားရဟတ်သည်တော့ ချစ်ခင်စုံမက်နေသည့်လူနှစ်ဦးကြား ပျော်ရွှင်မှုများမျှဝေခြင်းကြောင့် စိတ်လှုပ်ရှားရလေသည်။ ထို့ကြောင့် ချားရဟတ်ပေါ်ထိုင်လိုက်သည့်လူတိုင်း ပျော်ရွှင်ကြရလိမ့်မည်ဟုလည်း ဆိုကြလေသည်။ ချားရဟတ်ကြီး အထက်သို့တက်သွားသည်နှင့် မြေပြင်ပေါ်မှ ဆူညံမှုများသည် ကန့်သတ်ခံရသွားပြီဖြစ်သည်။ ထို့အတွက်ကြောင့် စီးနင်းသူမှာ ဘုရားသခင်၏အနီးသို့ပင်ရောက်ရှိသွားသလိုခံစားရပြီး ထိပ်ဆုံးနေရာသို့ရောက်သည့်နှင့် ဆုတောင်းမှုတစ်ခုပြုလုပ်နိုင်ပြီဖြစ်သည်။ ထိုဆုတောင်းစကားကို ဘုရားသခင်လဲကြားမည်ဖြစ်ကာ မင်းသာလိမ္မာသည့်ကလေးတစ်ဦးဖြစ်မည်ဆိုလျှင် ဘုရားသခင်က ဆုတောင်းကို အစစ်အမှန်ဖြစ်လာစေရန် ဖြည့်စည်းပေးပေလိမ့်မည်။ သို့ပေမယ့် ထိုစကားများသည် လူအများစိတ်ကျေနပ်အောင်ပြောဆိုကြသည့် ရှေးစကားများပင်ဖြစ်ကြလေသည်။
[ဂွန်ဒိုလာ - ဗင်းနစ်မြို့ရှိ တူးမြောင်းတွင်အသုံးပြုကြသည့် လှေကိုခေါ်ဆိုခြင်းဖြစ်သည်။]
ကုနင်းတို့ထိုင်နေသည့် ချားရဟတ်နေရာက ထိပ်ဆုံးနေရာကို ကျော်လွန်သွားသည့်အချိန်ထိပင် လင်ရှောင်းထင်သည် မရပ်တန့်ခဲ့ပေ။ နောက်ဆုံး သူတို့မြေပြင်ပေါ်ပြန်လည်ဆင်းသက်ခါနီးမှပဲ ကုနင်း လင်ရှောင်းထင်ကို ဆွဲဆိတ်ကာ ရပ်ရန်လုပ်လိုက်ပေမည့် လင်ရှောင်းထင်သည်တော့ ကုနင်းကို မသိနားမလည် အပြစ်ကင်းစင်သည့်မျက်နှာထားလေးဖြင့်ပြန်ကြည့်နေလေသည်။ သူ့ပုံစံက မကျေနပ်သေးပုံပင်။
ချားရဟတ်ပေါ်တွင် စုံတွဲများ နမ်းရှိုက်ကြခြင်းသည် သာမာန်ဖြစ်ရပ်သာဖြစ်ပေမည့် သူတို့လို အချိန်ဆွဲနမ်းနေခြင်းသည်တော့ ပုံမှန်မဟုတ်တော့ပေ။ သူတို့နှစ်ဦးအပြင်ပြန်ထွက်လာချိန်တွင်တော့ ကုနင်း၏မျက်နှာမှာ ရှက်ရွံ့မှုကြောင့် နီမြန်းလျက်ရှိလေသည်။
အခုချိန်က ည၈နာရီလောက်သာရှိသေးပြီး စောနေသေးသောကြောင့် သူတို့နှစ်ဦး ချက်ချင်းမပြန်ကြသေးဘဲ အပန်းဖြေဥယျာဉ်အတွင်း ဆက်လက်လည်ပတ်နေကြသည်။
ထိုတခနအတွင်းတွင်ပဲ ပုံရိပ်တစ်ခု ကုနင်း၏မြင်ကွင်းထဲသို့ဝင်ရောက်လာခဲ့သည်။ အသက်၄၀အရွယ်ရှိသည့် ယောကျ်ားတစ်ဦးသည် အသက်၇နှစ်အရွယ်ရှိ ကောင်လေးတစ်ယောက်ကို တံတားအမြင့်တစ်ခုတွင် ကိုင်ထားခဲ့ပြီး သူတို့အောက်တွင်တော့ ၂၀မီတာမျှရှည်သည့် မြစ်တစ်စင်းရှိလေသည်။ ထိုလူ သူ၏စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်တော့သည့်အချိန်တွင်တော့ မြစ်ထဲသို့ ကောင်လေးနှင့်အတူ ခုန်ချသွားခဲ့ပြီး နှစ်ယောက်စလုံးသေဆုံးသွားခဲ့လေသည်။ ထိုတံတားမြင့်ကြီးသည် အပန်းဖြေဥယျာဉ်ညာဘက်ခြမ်းတွင်တည်ရှိကာ ကုနင်းနှင့် လင်ရှောင်းထင်မှာ အခုလေးတင်ကျော်ဖြတ်ခဲ့ပြီးဖြစ်သည်။
"ကျွန်မရုတ်တရက်ကြီး ကြိုတင်ဖြစ်လာမယ့်ပုံရိပ်ကိုမြင်လိုက်တယ်။ လာ၊ ဟိုးနားက တံတားဘက်ကိုပြန်သွားရအောင်" ကုနင်းအနေဖြင့် သူမတွင် အနာဂါတ်ကို ကြိုတင်တွေ့မြင်နိုင်သည့် ကျောက်စိမ်းမျက်ဝန်းရှိနေပါသည်ဟု လင်ရှောင်းထင်အားမပြောနိုင်ပေ။ ထို့ကြောင့် အကြောင်းပြချက်တစ်ခုသာပေးလိုက်သည်။ တစ်ခါတစ်လေ လူများတွင် ကိစ္စတစ်ခုမဖြစ်ပွားခင်အချိန်၌ ကြိုတင်မြင်စိတ်တစ်ခုဖြစ်လာတတ်ကြလေသည်။
ထို့နောက် လင်ရှောင်းထင်လဲ ကုနင်းနောက်ကိုလိုက်ကာ တံတားဘက်သို့ပြေးသွာလိုက်ကြသည်။
ခပ်လှမ်းလှမ်းနေရာမှပင်လျှင် ထိုတံတားပေါ်၌ လူများစုရုံးနေကြပြီး လေးတစ်ဖက်တစ်ချက်စီတွင် ကားများလဲ ရပ်ထားကြသည်ကို သူမတို့သတိပြုမိလိုက်သည်။ တံတားစွန်းတွင်ရပ်နေသည့် အမျိုးသား၏လက်မောင်းများကြားတွင်ရှိနေသည့် ကောင်ငယ်လေးသည် ကျယ်လောင်အော်ဟစ်ငိုကြွေးနေလေသည်။
ထိုမြင်ကွင်းကိုတွေ့လိုက်သည်နှင့် လင်ရှောင်းထင်သည်လဲ တစ်ခုခုမူမမှန်ကြောင်း သတိပြုမိသွားကာ အရှိန်ပိုမြှင့်၍ ပြေးသွားလိုက်သည်။
ထိုအချိန်တွင်ပဲ အမျိုးသမီးငယ်တစ်ဦးသည် ငိုကြွေးရင်းတောင်းပန်ခယလို့နေသည်၊
"ကျွန်မ ရှင်လိုချင်သလောငွေပေးနိုင်ပါတယ်။ ကျေးဇူးပြုပြီး ကျွန်မသားလေးကို လွှတ်ပေးပါ!"
"ငါငွေမလိုချင်ဘူး! ကျန်းကျန့်ဟွာသေတာကိုပဲလိုချင်တာ! သူကငါ့ဘဝကို ဖျက်စီးပစ်ခဲ့တယ်။ ပြီးတော့ သူအခုမလာဘူးဆိုရင် သူ့ရဲ့သားကို ငါပြန်သတ်ပစ်မယ်!" ထိုအမျိုးသားက ဒေါသတကြီး အော်ဟစ်တော့သည်။ အခုကိစ္စက သူ့တွင် ငွေမရှိ၍မဟုတ်ဘဲ အခုချိန်တွင် ငွေဆိုတာ သူ့အတွက်ဘာမှအသုံးမဝင်တော့မှန်းလဲ သိလေသည်။ သူ့ဘက်က ထိုသူတွေရဲ့သားကိုလွှတ်ပေးလိုက်သည်ဆိုလျှင်ပင် သူတို့ကတော့ သူ့ကို ပြန်အလွတ်ပေးကြလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် အခုချိန်တွင် သူလိုချင်သည့်တစ်ခုတည်းသောအရာသည်ကား ကျန်းကျန့်ဟွာ၏သေဆုံးခြင်းပင်ဖြစ်လေသည်။ ထို့အပြင် ကျန်းကျန့်ဟွာ၏အသက်ကို သူ့သားအသက်ဖြင့်လဲလှယ်ရမည်ဆိုလျှင်လဲ သူလက်သင့်ခံနိုင်ပေသည်။
ကျန်းကျန့်ဟွာဆိုသည့်နာမည်ကိုကြားရ၍ လင်ရှောင်းထင်အနည်းငယ်အံ့အားသင့်သွားရသည်။ ကျန်းကျန့်ဟွာနှင့်လင်မိသားစုကြားတွင် ကောင်းမွန်သည့်ဆက်ဆံရေးတစ်ခုရှိနေသောကြောင့် လင်ရှောင်းထင်အနေနှင့်ထိုလူကိုသိနေသည်မှာ မဆန်းပေ။
"ကျန်းကျန့်ဟွာ? သူက အမျိုးသားဆေးဝါးထုတ်လုပ်မှုစီမံခန့်ခွဲရေးက ဒါရိုက်တာမဟုတ်လား?"
"ပြီးတော့ ဒီလူက ချင်ဟွေ့ချွင်။ သူက ကွမ်ဟွားဆေးဝါးထုတ်လုပ်ရေးစက်ရုံရဲ့ ဥက္ကဌပဲ!"
"ငါကြားတာတော့ သူ့ရဲ့ဆေးဝါးစက်ရုံက ဆေးဝါးအတုထုတ်လုပ်တဲ့ပြစ်မှုကိုရှာတွေ့သွားလို့ သူလဲဒေဝါလီခံရပြီး အကြွေးတစ်ပုံတစ်ပင်နဲ့အဆုံးသတ်သွားရတယ်တဲ့။"
"ငါ့အထင်တော့ သူနဲ့ထိုက်လို့ဖြစ်တာပဲ!"
"ဟုတ်ပါ့! ဒါတောင် သူက ဒါရိုက်တာကျန်းကို အပြစ်တင်နေပြီး သားဖြစ်သူကိုတောင် ပြန်ပေးဆွဲလာသေးတယ်!"
လူအုပ်အတွင်းမှ ဆွေးနွေးတိုင်ပင်သံများကြောင့် အားလုံးလဲ ယခုဖြစ်ပျက်နေသည့်အခြေအနေကိုချက်ချင်းနားလည်သွားကြကာ ချင်ဟွေ့ချွင်ကို အပြစ်တင်ကြတော့သည်။
ထိုအချိန်တွင် ကုနင်းနှင့်လင်ရှောင်းထင်သည်တော့ ဆူညံသံနည်းနည်းလေးတောင်မလုပ်ရဲကြပေ။ ထိုအတွက်ကြောင့် ချင်ဟွေ့ချွင်၏ လက်အားလျော့သွားကာ ကောင်လေးကို ကျသွားစေနိုင်လေသည်။ သို့ပေမယ့် ဘာမှမလုပ်ဘဲနှင့်လဲ ဒီအတိုင်းမနေနိုင်ပေ။
ကုနင်း သူမ၏ကျောက်စိမ်းမျက်ဝန်းကိုအသုံးပြုကာ တံတားအောက်ဘက်ရှိတည်ဆောက်ပုံအနေအထားကိုကြည့်လိုက်သည်။ ထိုတံတားအောက်မှနေပြီး သူမသွားစောင့်နေကာ သူတို့ပြုတ်ကျလာခဲ့လျှင် ကောင်လေးကို သူမလှမ်းဖမ်းထားနိုင်မည်ဟု တွေးလိုက်မိပြီး တံတားအပေါ်မှအခြေအနေကိုတော့ဖြင့် လင်ရှောင်းထင်ထိန်းထားနိုင်မည်ဟု ယုံကြည်လေသည်။
အကယ်၍ ထိုလူက ကောင်လေးကို တံတားပေါ်မှာတင် ထိခိုက်နာကျင်အောင်လုပ်မည်ဆိုလျှင် လင်ရှောင်းထင်က တားနိုင်ပေသည်။ ထိုကောင်လေးအသက်ရှင်နေသ၍ ကုနင်းတွင် သူ့အသက်ကိုကယ်တင်ပေးနိုင်သည်ဟု ယုံကြည်ချက်လဲ ရှိသည်။
"ရှောင်းထင်,...." ကုနင်း လင်ရှောင်းထင်အား သူမအကြံစည်များကို လေသံတိုးတိုးဖြင့်ပြောပြလိုက်သည်။ သို့ပေမယ့် လင်ရှောင်းထင်သည်တော့ ချက်ချင်းပင် သဘောမတူကြောင်းပြောလာခဲ့သည်။
"မဖြစ်ဘူး၊ အရမ်းအန္တရာယ်များလွန်းတယ်! မင်းဘေးမှာပဲနေနေ၊ ကိုယ်တစ်ယောက်ပဲ ဖြေရှင်းလိုက်မယ်။" လင်ရှောင်းထင်သည် ကုနင်းအန္တရာယ်ဖြစ်မည်ကိုစိုးရိမ်မိသလို သူမ၏အကြံအလုပ်ဖြစ်နိုင်သည်ဟုလဲ မတွေးမိပေ။
"ရှင်ကျွန်မကိုမယုံဘူးလား?" ကုနင်း အနည်းငယ်မပျော်မရွှင်ဖြစ်သွားပုံပင်။ လင်ရှောင်းထင်က သူမကိုမယုံကြည်သောကြောင့် စိတ်ဆိုးမိပေမယ့် သူမနှလုံးသားထဲတွင်တော့ လင်ရှောင်းထင်က သူမကိုစိတ်ပူနေခြင်းဖြစ်ကြောင်းနားလည်လေသည်။
"နင်းနင်း၊ ဒါအရမ်းအန္တရာယ်များလွန်းတယ်။" လင်ရှောင်းထင်နောက်တစ်ကြိမ်ထပ်ပြောလိုက်သည်။
"ကျွန်မသိပါတယ်၊ ဒါပေမယ့် ကျွန်မတို့နှစ်ယောက်လုံး ကောင်လေးကိုကယ်တင်ပေးချင်နေကြတာပဲ မဟုတ်ဘူးလား?"
လင်ရှောင်းထင် တိတ်ဆိတ်လို့နေလေသည်။ သူအမှန်တကယ်ကို ကောင်လေးအားကယ်တင်ပေးချင်လေသည်။ သူက စစ်တပ်အရာရှိတစ်ယောက်ဆိုသည့်အချက်ကိုထားဦး ကျန်းမိသားစုသည် လင်မိသားစုနှင့်ကောင်းမွန်သည့်ဆက်ဆံရေးလည်းရှိနေလေသည်။
"ကျွန်မတို့နှစ်ယောက်လုံး သဘောထားချင်းတူနေမှတော့ ဘာလို့ကျွန်မအကြံကို ခွင့်မပြုပေးရတာလဲ?" အခုအခေါက် ကုနင်း လင်ရှောင်းထင်ကို အမှန်တကယ်ဒေါသထွက်မိခြင်းပင်ဖြစ်သည်။ လင်ရှောင်းထင်က သူမကိုဂရုစိုက်၍ဆိုလျှင်တောင်မှ သူမ၏လွတ်လပ်ခွင့်ကို ထိန်းချုပ်ချင်နေမှုမျိုးကို လုံးဝမကြိုက်ပေ။
လင်ရှောင်းထင်သည် သူမ၏ဘေးကင်းမှုကို စိုးရိမ်ပေးသလို သူမတွင်လဲ လင်ရှောင်းထင်၏ခံစားချက်အတိုင်းရှိလေသည်။ သို့ပေမယ့်သူမကတော့လင်ရှောင်းထင်ကို ယုံကြည်ပေးသည့်လမ်းကြောင်းကိုသာ ရွေးချယ်ခဲ့သည်။ မဟုတ်ရင် ဒီနေရာကို သူမနှင့်အတူ လင်ရှောင်းထင်အားလာခဲ့ခိုင်းမည်ပင်မဟုတ်ပေ။ ထို့အပြင် သူမသည်ယခုမတော်တဆမှုကိုကြိုတင်မြင်တွေ့ခဲ့ပြီးဖြစ်သည်။ သူမဘက်ကသာတစ်ခုခုမလုပ်ပေးခဲ့ဘူးဆိုလျှင် သူမကိုယ်သူမအပြစ်တင်နေမိမည်ဖြစ်သည်။
ကုနင်းဒေါသထွက်နေသည်ကိုမြင်တော့ လင်ရှောင်းထင် စိတ်ရှုပ်ထွေးသွားမိကာ တစ်စက္ကန့်မျှတုန့်ဆိုင်းနေပြီး အဆုံးတွင်တော့ သဘောတူလိုက်ရတော့သည်။
"ကောင်းပြီလေ၊ ကိုယ့်ကိုကိုယ်တော့ဂရုစိုက်။ မထိခိုက်မစေနဲ့!"
ထိုစကားကိုကြားတော့မှ ကုနင်းလဲ စိတ်လျှော့လိုက်ကာ,
"ကျွန်မဂရုစိုက်မှာပါ။ မစိုးရိမ်နဲ့တော့။"
ထို့နောက် ကုနင်းလှည့်ထွက်သွားပြီး လူအုပ်ကြီးအတွင်းမှုထွက်ခွာပျောက်ကွယ်သွားတော့သည်။ လင်ရှောင်းထင်သည်တော့ သူမအတွက်စိုးရိမ်နေစဲဖြစ်ပေမယ့် ယခုအချိန်တွင် ကောင်ငယ်လေးကသာ အန္တရာယ်အများဆုံးအခြေအနေတွင်ရောက်နေကြောင်းလဲ သိလေသည်။
***
အခန်း ၃၂၈
ပြင်းရှသည့်အနမ်း
ချင်ဟွေ့ချွင်က သူ့ဘဝသူပါ အဆုံးခံဖို့စိတ်ဆုံးဖြတ်ထားကြောင်း လင်ရှောင်းထင်သိ၍ သူ့ကိုလျစ်လျူရှုထားဖို့ရာက မဖြစ်နိုင်ပေ။ ထို့ကြောင့် ကုနင်းပြင်ဆင်၍ပြီးသည်အထိစောင့်ဖို့သာရှိတော့သည်။
အကယ်၍ ချင်ဟွေ့ချွင့်နှင့် ကောင်လေးသာတစ်ချိန်တည်းပြုတ်ကျသွားခဲ့လျှင် လင်ရှောင်းထင်သည်လဲ အပေါ်မှနေ၍ သူတို့ကို ဖမ်းမိရန်ကြိုးစားမည်ဖြစ်ပြီး ကျန်သည့်အပိုင်းသည်တော့ ကုနင်းနှင့်ဆိုင်သွားပြီဖြစ်လေသည်။
ကုနင်း တံတား၏သံတိုင်များမှတစ်ဆင့် ချင်ဟွေ့ချွင်တို့ရှိနေသည့်နေရာနားရောက်သည့်တိုင်အောင် အပေါ်သို့တက်နေလေသည်။ သူမ၏စိတ်စွမ်းအင်အာကာပြင်အတွင်းမှ ကြိုးတစ်ချောင်းကိုထုတ်ယူပြီး အဆုံးတစ်ဖက်ကို သံတိုင်တွင်ချည်ကာ ကျန်တစ်ဖက်ကိုတော့ သူမ၏ခါးထက်တွင်ခိုင်ခိုင်မြဲမြဲချည်နှောင်လို့ထားသည်။ ထို့နောက် ကုနင်း သူမ၏ကျောက်စိမ်းမျက်ဝန်းဖြင့် ချင်ဟွေ့ချွင်ကို မျက်စိဒေါက်ထောက်ကြည့်နေလိုက်သည်။ ချင်ဟွေ့ချွင်၏လက်ထဲတွင် ဓါးတစ်ချောင်းလဲရှိနေသေးသောကြောင့် ကုနင်းချက်ချင်းကြီး ဝင်လုံး၍မရသေးပေ။
ကောင်လေးသည်တော့ ကြောက်ရွံ့ထိတ်လန့်စွာဖြင့် ဆက်လက်ငိုကြွေးနေစဲဖြစ်လေသည်။ ထိုအချိန်တွင်ပဲ ရဲကားမှဥဩဆွဲသံကျယ်ကြီးများနှင့် ရဲကားအမြောက်အများ ထိုနေရာသို့မောင်းနှင်လို့ရောက်ရှိလာကြသည်။ လူအပေါင်းသည်လဲ ရဲကားများဝင်ရောက်နိုင်ရန် လမ်းများဖယ်ရှင်းပေးကြသည်။ ရဲကားများရပ်လိုက်ပြီးသည်နှင့် အထဲမှ ရဲများတစ်ဦးပြီးတစ်ဦးဆင်းလာကြလေသည်။
"ချင်ဟွေ့ချွင် မင်းကောင်လေးကိုလွှတ်ပေးလိုက်ရင် ငါတို့မင်းအပြစ်ကိုလျှော့ပေါ့ပေးမယ်!" ခေါင်းဆောင်လာသည့်ရဲက ပြောလိုက်ခြင်းဖြစ်သည်။
"အဓိပ္ပါယ်မရှိတာတွေ! ငါက မင်းတို့စကားကိုယုံမယ်များထင်နေတာလား? ပြစ်ဒဏ်ဘယ်လောက်ပဲဖြစ်ဖြစ် ငါစိတ်မဝင်စားဘူး။ ကျန်းကျန့်ဟွာသာ ဒီနေ့မသေရင် သူ့သားသေရမယ်!" ချင်ဟွေ့ချွင် ဒေါသအလွန်ထွက်လာတော့သည်။
"ပြီးတော့ မင်းတို့ရှေ့ကို တစ်လှမ်းတိုးလာရဲတိုးလာကြည့် ငါသူနဲ့အတူမြစ်ထဲခုန်ချလိုက်မယ်!"
"မဖြစ်ဘူး၊ အဲ့လိုမလုပ်ပါနဲ့!" ကျန်းကျန့်ဟွာ၏ဇနီးဖြစ်သည့် ရှန်းမင်ဖုန့်က တောင်းပန်ခယကာ ငိုကြွေးနေလေသည်။
ကောင်လေးသည် ရာထူးကြီးအရာရှိတစ်ဦး၏သားဖြစ်သောကြောင့် ရဲများသည်လဲ မလှုပ်ရှားရဲကြပေ။ မဟုတ်လျှင် ချင်ဟွေ့ချွင် စိတ်မထိန်းနိုင်တော့ဘဲ ကောင်လေးကိုထိခိုက်အောင်လုပ်မိနိုင်လေသည်။
"ကျန်းကျန့်ဟွာကို ငါ့ကိုအခုချက်ချင်းလာတွေ့ဖို့ပြောလိုက်! သူ့မှာ၅မိနစ်ပဲအချိန်ရမယ်။ သူ၅မိနစ်အတွင်း ရောက်အောင်မလာနိုင်ရင် သူ့သားနဲ့အတူ ငါတကယ်ခုန်ချတော့မယ်!" ချင်ဟွေ့ချွင် ထပ်အော်လိုက်သည်။ ယခုကိစ္စကို အချိန်ဆွဲနေလေလေ သူ့အတွက်မကောင်းလေဖြစ်မယ်မှန်း ချင်ဟွေ့ချွင်လဲသိသောကြောင့် မြန်မြန်ပြီးပြတ်အောင်လုပ်ချင်နေပြီဖြစ်သည်။ ကျန်းကျန့်ဟွေ့သာ နောက်၅မိနစ်နေသည်အထိ ရောက်မလာခဲ့လျှင် သူ့ကိုယ်သူသတ်သေမည့်အပြင် ကျန်းကျန့်ဟွာ၏သားကိုပါ သေရာပါခေါ်ဆောင်သွားမည်ဖြစ်သည်။
ကျန်းကျန့်ဟွာသည်လဲ တံတားသို့လာရာလမ်းတွင်ရောက်နေပြီဖြစ်ပေမယ့် အချိန်မီတော့လာနိုင်လိမ့်မည်မဟုတ်ပေ။
ကုနင်း ယွင်တိုင်တောင်ပေါ်တွင် ချူးဖေ့ဟန်နှင့် သူမသူငယ်ချင်းများအပေါ်လုပ်ခဲ့သလိုမျိုး သူမ၏အကြည့်က လူသားများ၏ခန္ဓာကိုယ်ကိုထိန်းချုပ်နိုင်မလားဆိုသည့်အတွေး ရုတ်တရက်ဝင်လာခဲ့သည်။ ထို့ကြောင့် ချင်ဟွေ့ချွင်ကို သူမမျက်ဝန်းတွင် စွမ်းအင်များစုဆည်းပြီးစိုက်ကြည့်လိုက်လေသည်။
သူမ၏စွမ်းအားပမာဏအများကြီးကိုသုံးစွဲရသည်ဆိုပေမည့် လူတစ်ယောက်ကို ဆိုင်းငံ့တောင့်တင်းသွားအောင်လုပ်နိုင်ကြောင်း ကုနင်းသိလိုက်ပေမယ့် အခုချိန်က အရေးပေါ်အခြေအနေဖြစ်လေသည်။ ကုနင်းချင်ဟွေ့ချွင်ကို အချိန်ကြာကြာထိန်းချုပ်ထားနိုင်သ၍သူမ၏စွမ်းအားအများအပြားကုန်ဆုံးသွားမည်ကိုဂရုမစိုက်ပေ။ ထို့ကြောင့် ကုနင်းဆက်လက်ပြီး ချင်ဟွေ့ချွင်၏ခန္ဓာကိုယ်ကို လှုပ်၍မရအောင်ဆက်လက်လုပ်ဆောင်ထားလိုက်သည်။
တစ်ချိန်တည်းတွင်ပဲ လင်ရှောင်းထင်ကို ပြင်ဆင်ထားရန် စာပို့ထားလိုက်သည်။ ကုနင်းဘာဆက်လုပ်မည်ကိုတော့ လင်ရှောင်းထင်မသိပေမယ့် သူ့ကိုယ်သူတော့ ကြိုတင်ပြင်ဆင်ထားလိုက်လေသည်။
ကုနင်းဘက်က လှုပ်ရှားသင့်ပြီဟုတွေးလိုက်သည်အချိန်တွင်ပင် သူမချက်ချင်း တံတားအောက်မှနေခုန်တက်လိုက်ကာ ချင်ဟွေ့ချွင်ကိုရိုက်ချလိုက်တော့သည်။ သူမရုတ်တရက်ထွက်ပေါ်လာမှုကြောင့် လူတိုင်းထိတ်လန့်သွားကြရလေသည်။ သတင်းထောက်များသည်လဲ ရောက်ရှိနေကြပြီဖြစ်သောကြောင့် ထိုမြင်ကွင်းကို အမိအရရိုက်လိုက်နိုင်ပေမယ့် အနေအထားမှာဝေးကွာလွန်းသောကြောင့် သူမ၏မျက်နှာကိုတော့ဖြင့် ရှင်းရှင်းလင်းလင်းမမြင်ရပေ။ စက္ကန့်ပိုင်းလေးအတွင်းတွင်ပင် ကုနင်း ချင်ဟွေ့ချွင်ကိုထိန်းချုပ်နိုင်သွားပြီး ကောင်လေးတံတားမှတစ်ဆင့်အောက်သို့ပြုတ်ကျသွားတော့သည်။
လူအပေါင်းသည် အံ့ဩထိတ်လန့်စွာဖြင့် အော်ဟစ်မိသွားကြတော့သည်။ တစ်ဖက်ရှိ လင်ရှောင်းထင်သည်တော့ ကောင်လေးကိုကာကွယ်ရန် ချက်ချင်းပြေးသွားလိုက်သည်။ ကံကောင်းစွာဖြင့် ကောင်လေး အန္တရာယ်ကင်းသွားကာ သူ့မိခင်၏လက်အတွင်းသို့ လုံလုံခြုံခြုံပြန်လညရောက်ရှိသွားပေမယ့် အခုလေးတင်ဖြစ်ပျက်ခဲ့သည့် ကြောက်စရာကောင်းလွန်းသောအခိုက်အတန့်ကြောင့် ကြောက်ရွံ့ထိတ်လန့်စွာ စတင်ငိုကြွေးပြန်နေသည်။
"အမယ်လေး၊ ငါ့ရဲ့သားလေး။" ရှန်းမင်ဖုန့်သည်တော့ ကြောက်ရွံ့တုန်လှုပ်နေသည့် သူမသားကိုတင်းတင်းကြပ်ကြပ်ဖက်တွယ်ထားတော့သည်။
ချင်ဟွေ့ချွင်သည်တော့ ကုနင်းက သူ့လက်မောင်းကို အလင်းအလျင်တမျှ မြန်ဆန်စွာ ချိုးပစ်ခဲ့သောကြောင့် ထပ်မံမခုခံနိုင်တော့ဘဲ တံတားပေါ်သို့ပစ်ထုတ်လိုက်ခြင်းကိုခံလိုက်ရသည်။ ထို့နောက် စွမ်းအားအမြောက်အများကိုထုတ်သုံးခဲ့ရသည့်ကုနင်းသည်လဲ နောက်ပြန်လဲကျလို့သွားတော့သည်။
"အိုး!" လူအပေါင်းထပ်မံ၍ ထိတ်လန့်စွာအော်ဟစ်မိကြပြန်သည်။
"နင်းနင်း!" လင်ရှောင်းထင်သည်တော့ သူ့နှလုံးသားတစ်ခုလုံ လည်မြိုအတွင်းသို့ထိုးထွက်လာခဲ့သလိုခံစားလိုက်ရပြီး ချက်ချင်းပင် ပြေးသွားကာ ကုနင်းလက်ကိုလှမ်းဖမ်းဆွဲလိုက်တော့သည်။ ကုနင်း၏ခါးတွင် ကြိုးကို တင်းတင်းကြပ်ကြပ်ချည်ထားသော်ငြားလည်း ယခုလိုပုံစံအတိုင်းသာ အောက်သို့ပြုတ်ကျသွားခဲ့လျှင် သူမခါးဒဏ်ရာရသွားနိုင်လေသည်။ သို့ပေမယ့် လင်ရှောင်းထင်သည့် ခွန်အားကောင်းသည့်သူဖြစ်သောကြောင့် ချက်ချင်းပင် ပြန်ဆွဲတင်နိုင်လိုက်သည်။
လူတိုင်းသည်လဲ သူတို့နှစ်ဦး၏ကိုယ်ကျိုးမငဲ့လုပ်ဆောင်ပေးသည့်အပြုအမူကိုလေးစားသွားကြတော့သည်။ သူတို့နှစ်ဦးက တစ်ဖွဲ့တည်းဆိုသည်မှာအသိအသာပင်။ လင်ရှောင်းထင်ချက်ချင်းပင် ကုနင်း၏ခါးရှိကြိုးကိုဖြည်ချလိုက်ကာ လူနာတင်ယာဉ်ရှိရာသို့ပြေးသွားတော့သည်။ တကယ်တမ်း လူနာတင်ယာဉ်မှာ ကောင်လေးကိုကူညီရန်အတွက် ရောက်ရှိနေခဲ့ခြင်းဖြစ်သည်။ သို့ပေမယ့် မမျှော်လင့်ထားစွာပဲ ကောင်လေးမှာ အန္တရာယ်ကင်းသွားပေမယ့် ကုနင်းသည်တော့ဒဏ်ရာရရှိသွားလေသည်။
"ကျွန်မအဆင်ပြေပါတယ်၊ ဒီတိုင်းအားကုန်သွားရုံပါ။ ဆေးရုံအထိသွားဖို့မလိုအပ်ပါဘူး။" ကုနင်းသတိလစ်သွားခြင်းမဟုတ်ဘဲ ခွန်အားကုန်ဆုံးသွားခြင်းသာဖြစ်လေသည်။
လင်ရှောင်းထင်သည်တော့ သူမစကားကိုပြန်မဖြေဘဲ အမူအရာမှာအေးစက်လို့နေလေသည်။ ကုနင်းက သူမဂရုစိုက်ပါမည်ဟု ကတိပေးထားခဲ့ပေမည့် ထိခိုက်ဒဏ်ရာရရှိသွားခဲ့ခြင်းကြောင့် သူအခုချိန်တွင် ကုနင်းကို အနည်းငယ်ဒေါသထွက်နေမိသည်။
ကုနင်းသည်လဲ လင်ရှောင်းထင်ဘာကြောင့် မပျော်မရွှင်အမူအရာမျိုးဖြစ်နေသည်ကိုသိသောကြောင့် ဘာမှထပ်မပြောတော့ပေ။ ထိုအစား လင်ရှောင်းထင်၏ရင်ဘက်ပေါ်သို့ ကလေးတစ်ယောက်လိုမျိုး မှီထားလိုက်တော့သည်။ လင်ရှောင်းထင်ဒေါသထွက်နေသည်ဆိုသော်လည်း သူမအတွက်စိုးရိမ်နေခြင်းကြောင့်သာဖြစ်လေသည်။
ထိုအချိန်တွင်ပဲ ကျန်းကျန့်ဟွာရောက်ရှိလာခဲ့လေသည်။ သူ၏သားဖြစ်သူဘေးကင်းနေသည်ကိုမြင်ရတော့မှ အလွန်စိတ်သက်သာရာရသွားပြီး ချက်ချင်းပြေးသွားကာ ဇနီးနှင့်သားဖြစ်သူကို ဖက်ထားလိုက်တော့သည်။
ကုနင်းသည်တော့ ဆေးရုံသို့သွားကာ စစ်ဆေးခြင်းခံခဲ့ရသည်။ သို့ပေမယ့် သူမသည်အမှန်တကယ်ဒဏ်ရာရခြင်းမရှိဘဲ အားအင်ကုန်ခမ်းသွားရုံသာဖြစ်သောကြောင့် အားဆေးသွင်းပြီးသည်နှင့်ပြန်လို့ရနိုင်ပြီဖြစ်သည်။ လင်ရှောင်းထင်သည်တော့ ကုနင်းကိုအပြစ်ပေးသည့်အနေဖြင့် ဆေးရုံတွင်ပင် ပြင်းပြင်းရှရှနမ်းရှိုက်တော့လေသည်။
ကျန်းကျန့်ဟွာ သူ့သားကိုကယ်ခဲ့သည့်လူမှာ ဆေးရုံတွင်ရှိနေသေးကြောင်းသတင်းရသည်နှင့် ချက်ချင်းပင် ဆေးရုံသို့လိုက်သွားခဲ့လေသည်။ သို့ပေမယ့် သားဖြစ်သူကိုကယ်တင်ခဲ့သည့်မိန်းကလေးမှာ လင်ရှောင်းထင်နှင့်အတူတူရှိနေမှန်းကိုတော့ ဆေးရုံသို့မရောက်ခင်အထိ ကျန်းကျန့်ဟွာမသိထားခဲ့ပေ။ ထို့အပြင် လင်ရှောင်းထင်သည် ထိုမိန်းကလေးကို အလွန်ဂရုစိုက်နေကြောင်းကိုလဲ မြင်ခဲ့ရလေသည်။
ကျန်းကျန့်ဟွာ သူ၏မျက်စိရှေ့ရှိမြင်ကွင်းအောင့် အံ့အားသင့်သွားရပြီး ထိုလူက လင်ရှောင်းထင်အစစ်အမှန်ဟုပင် မယုံကြည်နိုင်ခဲ့ပေ။ သူ့မျက်စိရှေ့ရှိလင်ရှောင်းထင်သည် အရင်တွေ့ခဲ့ဖူးသည့် လင်ရှောင်းထင်နှင့် လုံးဝကိုကွဲပြားခြားနားနေသောကြောင့်ပင်ဖြစ်သည်။
***
အခန်း ၃၂၉
စွမ်းအင်သလင်းကျောက်များ
ကျန်းကျန့်ဟွာသည် လင်ရှောင်းထင်နှင့် မကြာခနတွေ့ဆုံခဲ့ဖူးခြင်းမရှိသော်လည်း လင်ရှောင်းထင်၏စရိုက်သည် အမြဲတမ်းအေးစက်စက်နိုင်သည်ကို သိထားပြီးဖြစ်ကာ အထူးသဖြင့် မိန်းကလေးများရှေ့တွင် ပို၍ဆိုးလေသည်။ ဆရာကြီးလင်သည်လည်း ထိုအကြောင်းကို အကြိမ်ပေါင်းများစွာ ညည်းညူပြောဆိုခဲ့ဖူးလေသည်။ သို့ပေမယ့် ကျန်းကျန့်ဟွာမျက်စိရှေ့တွင် မြင်နေရသည် မြင်ကွင်းသည်တော့ အလွန်ကို အံ့အားသင့်စရာကောင်းနေပေသည်။ ဆရာကြီးလင်ရော ဒီအကြောင်းကိုသိထားရဲ့လားဟု ကျန်းကျန့်ဟွာတွေးလိုက်မိသည်။ ဆရာကြီးလင်သာသိသွားလျှင် အလွန်ပျော်ရွှင်နေပေလိမ့်မည်ပင်။
လင်ဝေ့ဟွာသည် နောက်ခံမိသားစုအခြေအနေကို ဂရုမစိုက်ကြောင်း ကျန်းကျန့်ဟွာလဲ နားလည်ထားလေသည်။ ကောင်မလေးသည် မိန်းမကောင်းလေးတစ်ဦးဖြစ်နေသ၍ လင်ရှောင်းထင်ကလဲ သူမကိုနှစ်သက်သဘောကျနေသ၍ ဆရာကြီးလင်က ဝင်ရောက်စွက်ဖက်လိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် ကျန်းကျန့်ဟွာသည်လဲ ကောင်မလေး၏နောက်ခံမိသားစုအကြောင်းကို ရှည်ရှည်ဝေးဝေးတွေးတောမနေတော့ပေ။
"ဟိုင်း၊ ဒါရိုက်တာကျန်း" လင်ရှောင်းထင် ကျန်းကျန့်ဟွာကို နှုတ်ဆက်လိုက်လေသည်။
ကျန်းမိသားစုနှင့် လင်မိသားစုမည်မျှပင် ဆက်ဆံရေးကောင်းနေကြပါစေ လင်ရှောင်းထင်သည်တော့ သူတို့ကြားတွင် အကွာအဝေးတစ်ခုခြားထားနေကြဖြစ်လေသည်။ ထို့ကြောင့် ကျန်းကျန့်ဟွာကို သူကိုယ်တိုင်အရင်ဦးစွာနှုတ်ဆက်ခြင်းကိုက အတော်လေးကို ရှားပါးသည့်ဖြစ်ရပ်မျိုးပင်ဖြစ်လေသည်။
လင်ရှောင်းထင်၏အသံကိုကြားလိုက်မှပဲ ကျန်းကျန့်ဟွာစိတ်နှင့်ကိုယ်ပြန်ကပ်သွားတော့သည်။ သူ့ဘက်က လင်ရှောင်းထင်နှင့် ကုနင်းတို့ကို သေသေချာချာ ဦးညွှတ်လိုက်ကာ၊
"ဟောက်ယန်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။" ဟောက်ယန်သည် ကျန်းကျန့်ဟွာ၏အဖိုးတန်သားလေးဖြစ်ကာ နာမည်အပြည့်အစုံမှာတော့ ကျန်းဟောက်ယန်ပင်ဖြစ်သည်။
"ကျွန်တော်တို့ဘက်က ကူညီခွင့်ရတာကိုပဲ ဝမ်းသာပါတယ်၊ ဒါရိုက်တာကျန်း။" လင်ရှောင်းထင်ပြန်ပြောလိုက်သည်။
"ဒါဆိုလည်း မင်းတို့ကို အကြာကြီးအနှောက်အယှက်မပေးတော့ဘူးနော်။" ကျန်းကျန့်ဟွာ ထွက်မသွားခင် နောက်တစ်ကြိမ်ထပ်မံ၍ ကုနင်းကို ကျေးဇူးတင်စကားပြောလိုက်သေးပေသည်။
ကျန်းကျန့်ဟွာထွက်သွားချိန်တွင်တော့ လင်ရှောင်းထင် ကုနင်းကို ကျန်းကျန့်ဟွာအကြောင်းပြောပြလိုက်သည်။
"ကျန်းမိသားစုနဲ့ လင်မိသားစုက မျိုးရိုးစဉ်ဆက်အချင်းချင်းသိလာကြတဲ့လူတွေလေ။ သူက ဆရာကြီးကျန်း၏အငယ်ဆုံးသား ပြီးတော့ အမျိုးသားဆေးဝါးထုတ်လုပ်မှုစီမံခန့်ခွဲရေးရဲ့ ဒါရိုက်တာလဲဟုတ်တယ်။ သူ့အဖေ ကျန်းကျုံးယွီကတော့ နိုင်ငံ့ရှေးဟောင်းအဖွဲ့အစည်းရဲ့ ခေါင်းဆောင်။ ကိုယ်တို့ သူ့ကို ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်ကိုလာကြည့်ဖို့ဖိတ်ပြီး မင်းစီးပွားရေးအတွက်လဲ အကူညီတောင်းလို့ရတယ်။"
"ဟ-ဟ" ကုနင်းရယ်လိုက်ကာ,
"ရှင်က အဆက်အသွယ်ကောင်းတွေကောင်းကောင်းလုပ်တတ်တာပဲ။"
ကျန်းကျုံးယွီသည် ကျော်ကြားသည့် ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်သည်။ သူသာ ကုနင်း၏ဆိုင်သစ်သို့လာရောက်လည်ပတ်မည်ဆိုလျှင် လူအတော်များများလဲ လိုက်ပါလာကြမည်သာဖြစ်သည်။ ထိုသို့သာဆိုလျှင် ကုနင်းရောင်းအားပိုင်းအတွက်စိုးရိမ်ပူပန်နေစရာမလိုအပ်တော့ပေ။
ကျန်းကျန့်ဟွာ၏သားကြုံတွေ့ခဲ့ရသည့်ကိစ္စသည် အချိန်တိုလေးအတွင်းတွင်ပဲ အင်တာနက်ပေါ်သို့ပျံ့နှံ့သွားတော့သည်။ လူအများအပြားသည် ကုနင်း တံတားအောက်မှရုတ်တရက်ခုန်တက်လိုက်သည့်အခိုက်အတန့်ကြောင့် ထိတ်လန့်အံ့အားသင့်နေကြလေသည်။
"ဘုရားရေ! သူက သိုင်းပညာရှင်တစ်ယောက်ပဲဖြစ်ရမယ်!"
"ဟုတ်တာပေါ့! ကလေးကိုကယ်ခဲ့တဲ့လူလဲ အရမ်းမိုက်တာပဲ!"
"သူတို့က တစ်ဖွဲ့တည်းလို့ထင်တယ်။"
"ဟုတ်လောက်တယ်။ တရားခံရဲ့လက်မောင်းကိုချိုးလိုက်တာလဲ အရမ်းမြန်တာပဲ!"
"သူမကတော့ တကယ့်ကို တော်လွန်းအားကြီးတယ်!"
"သူ့မျက်နှာက ဘာလို့များသိပ်မကြည်နေရတာလဲ။ မဟုတ်ရင် ငါသူ့ဆီကနေသိုင်းသင်ဖို့သွားလို့ရမှာကို။"
"ဟုတ်ပါ့!"
ဗီဒီယိုက ကုနင်းတံတားပေါ်ကနေပြုတ်ကျသည့်အပိုင်းကိုတော့မပြသထားသောကြောင့် သူမဘာဖြစ်သွားလဲဆိုသည်ကို မည်သူမျှမသိကြပေ။ ဘာပဲဖြစ်ဖြစ် ကောင်လေးသည် အကယ်ခံလိုက်ရပြီး ချင်းဟွေ့ချွင်သည်တော့ ရဲများ၏အဖမ်းကိုခံလိုက်ရသောကြောင့် အဆုံးသတ်ကောင်းတစ်ခုပင်ဖြစ်လေသည်။
လင်မိသားစုတွင်တော့ ထိုသတင်းကိုပထမဆုံးသိသွားသည့်လူမှာ လင်ရှောက်ရွှမ်းပင်ဖြစ်လေသည်။ သတင်းကိုဖတ်ပြီးနောက်တွင်တော့ သူထအော်လိုက်သောကြောင့် အားလုံးက သူ့ကို အံ့ဩစွာဖြင့်ဝိုင်းကြည့်လာကြသည်။
"လင်ရှောက်ရွှင်း၊ နင်ဘာတွေဖတ်နေလို့ ဒီလောက်အော်ရတာလဲ?" လင်ရှောက်ကျားက မကျေမနပ်ပြောလိုက်သည်။
လင်ရှောက်ရွှမ်းက၊
"ဦးလေးကျန်းရဲ့သားကို ချင်ဟွေ့ချွင်ကဖမ်းသွားလို့တဲ့!"
"ဘာ?" ထိုစကားကိုကြားတော့ လင်မိသားစုမှ လူကြီးပိုင်းများအားလုံး အလွန်အံ့အားသင့်သွားကြသည်။
"ဘာက်ဖြစ်သွားလဲ?"သူတို့အားလုံး လင်ရှောက်ရွှမ်းကိုမေးလိုက်သည်။
"ဦးလေးကျန်းရဲ့သားကို ချင်ဟွေ့ချွင်ကဖမ်းသွားပေမယ့် ကောင်မလေးတစ်ယောက်ကကယ်လိုက်တယ်တဲ့။" လင်ရှောက်ရွှမ်းပြောနေရင်းဖြင့် ဗီဒီယိုထဲမှ ကုနင်းကိုလေးစားသဘောကျစွာကြည့်နေလေသည်။
"ဒီကောင်မလေးကအရမ်းအံ့ဩစရာကောင်းတာပဲ! သူ ရုတ်တရက်ကြီး ခုန်ထွက်လာပြီး အလင်းလိုအလျင်နဲ့ ချင်ဟွေ့ချွင်ကို ထိန်းချုပ်ပစ်လိုက်တာ။"
လင်ရှောက်ရွှမ်းပင်ထိတ်လန့်နေသည်မဟုတ်ဘဲ တခြားလူအားလုံးသည်လဲ အံ့အားသင့်သွားကြရသည်။
"အိုး၊ ဟုတ်သား၊ ကျွန်တော်အဖိုးကို ဒီသတင်းပြောပြရမယ်။" လင်ရှောက်ရွှမ်းပြောပြီးသည်နှင့် အပေါ်ထပ်သို့ပြေးတက်သွားတော့သည်။
ဆရာကြီးလင်သည် ထိုမတော်တဆမှုသတင်းအကြောင်းကြားပြီးနောက် ထိတ်လန့်သွားရကာ ချက်ချင်းပင် ကျန်းကျုံးယွီကိုဖုန်းဆက်တော့သည်။ ကံကောင်း၍ ကျန်းကျုံးယွီ၏မြေးသည်တော့ ဘေးကင်သွားခဲ့လေသည်။
"ဘာလို့ဒီလူကိုကြည့်ရတာ ရင်းနှီးနေပုံရတာလဲ?" ဆရာကြီးလင် ကျန်းကျုံးယွီနှင့်ဖုန်းပြောပြီးနောက် လင်ရှောက်ရွှမ်းကမေးလာခဲ့သည်။
ထိုစကားကိုကြားတော့ ဆရာကြီးလင်သည်လဲ လင်ရှောက်ရွှမ်း၏ဖုန်းကိုယူကာ ဗီဒီယိုထဲမှအမျိုးသားကို အနီးကပ်ကြည့်ကြည့်လိုက်တော့သည်။ သူသည်လဲ ထိုအမျိုးသားကို ရင်းနှီးနေသည်ဟုထင်မပေမည့် မည်သူလဲဆိုသည်ကိုတော့ဖြင့် မမှတ်မိခဲ့ပေ။ ဖုန်းမျက်နှာပြင်သည် အဖိုးကြီးတစ်ဦးအတွက်တော့ အလွန်သေးငယ်ပြီး ဗီဒီယိုထဲတွင်လဲ အမျိုးသား၏နောက်ကျောဘက်ကိုသာပြထားသောကြောင့် ဆရာကြီးလင်အနေဖြင့်ထိုလူကို ချက်ချင်းမမှတ်မိနိုင်ခဲ့ပေ။
"အဖိုး၊ ဒါရှောင်းထင်မဟုတ်လား?" လင်ရှောက်ရွှမ်ရုတ်တရက်အံ့ဩတကြီးမေးလိုက်သည်။
"ရှောင်းထင်?" ထိုစကားကိုကြားတော့မှ ဆရာကြီးလင်သည်လဲ ထိုဗီဒီယိုထဲမှလူသည် သေချာပေါက် သူ့မြေးလင်ရှောင်းထင်ဖြစ်ကြောင်း သတိရသွားတော့သည်။ ထို့နောက် ဆရာကြီးလင် ချက်ချင်းပင် လင်ရှောင်းထင်အားဖုန်းဆက်လိုက်ကာ တန်းမေးလိုက်တော့သည်။ လင်ရှောင်းထင်ဘက်ကလဲ အတည်ပြုပြီးလိုက်ပြီး သူအဆင်ပြေဘေးကင်ကြောင်းပါ ဆရာကြီးလင်ကိုပြောလိုက်သည်။
ရှုကျင်းချန်တို့အဖွဲ့သည်တော့ ကလပ်တွင် သီချင်းဆိုရင်း သောက်စားနေကြလေသည်။ ရှုချင်ယင်းသည်တော့ အင်တာနက်ပေါ်မှသတင်းများကို အပျင်းပြေဖတ်နေခဲ့ပြီး ထိုမတော်တဆသတင်းကိုဖတ်မိသွားတော့သည်။ စက္ကန့်ပိုင်းအတွင်းတွင်ပဲ သတင်းမှာပါသည့်လူများ၏အဝတ်အစားများကြောင့် ကုနင်းနှင့်လင်ရှောင်းထင်မှန်းချက်ချင်းမှတ်မိသွားကာ အားလုံးလဲ ကုနင်းလုပ်ခဲ့သည့်ကိစ္စကို ထိတ်လန့်အံ့အားသင့်နေကြသည်။
လင်ရှောင်းထင်အဆင်ပြေမည်မှန်းသူတို့သိပြီးသားဖြစ်သော်လည် သူတို့နှစ်ဦးလုံးဘေးကင်းကြောင်းသေချာစေရန် ဖုန်းပြန်ဆက်လိုက်လေသည်။
ကုနင်းတို့အိမ်ပြန်ရောက်သွားချိန်တွင်တော့ အားများပြန်ပြည့်နေပြီဖြစ်သည်။ သူမကိုယ်တိုင်လမ်းလျှောက်ချင်သည်ဆိုပေမယ့် လင်ရှောင်းထင်ကတော့ အတင်းအကြပ်သူမကိုချီကာ အိပ်ခန်းအတွင်းသို့လိုက်ပို့ပေးလေသည်။
ယနေ့အတွက် ကုနင်းတကယ်ကိုပင်ပန်းလို့သွားပြီဖြစ်သောကြောင့် အိပ်ရာထဲရောက်သည်နှင့် မကြာခင်တွင်ပဲအိပ်ပျော်လို့သွားတော့သည်။ ရုတ်တရက် သူမနဖူးပြင်သို့ အေးစက်စက်တစ်စုံတစ်ခုတွန်းတိုက်နေသလိုခံစားလိုက်ရသည်။ သူမမျက်ဝန်းများကိုဖွင့်လိုက်ချိန်တွင်တော့ သူမမျက်စိရှေ့တွင် ထူထပ်သည်မြူလွှာကြီးတစ်ခုရှိလို့နေလေသည်။ ဒါစိတ်စွမ်းအင်အာကာပြင်မဟုတ်ဘူးလား? သူမဘာသာတွေးလိုက်မိသည်။
ထိုအာကာပြင်သည် သူမနှင့်ရင်းနှီးနေသောကြောင့် ကြောက်ရွံ့ထိတ်လန့်ခြင်းတော့မရှိပေ။ သို့ပေမယ့် လေထဲတွင်တော့ ပုလဲလုံးအရွယ် သေးငယ်သည့်သလင်းကျောက်လေးပေါင်းများစွာသည် လွင့်ပျံလို့နေသည်။ ထိုသလင်းကြောက်များကဘာများလဲဆိုကာ စိတ်ရှုပ်နေစဲတွင်ပဲ သူမခေါင်းထဲနှင့် စာတန်းလေးတစ်ကြောင်းရုတ်တရက်ထွက်ပေါ်လာခဲ့သည်။
တကယ်တော့ ထိုသလင်းကျောက်လေးများသည် သူမစွမ်းအားများမှနေပြီး အစိုင်အခဲတစ်ခုဖြစ်လာခြင်းဖြစ်ပြီး ရောဂါများကိုကုသရာတွင် အသုံးပြုနိုင်လေသည်။ တစ်နည်းပြောရလျှင်ဖြင့် နောင်အနာဂါတ်တွင် သူမထိုစွမ်းအင်သလင်းကျောက်များကိုအသုံးပြုကာ လူများကိုကယ်တင်ပေးနိုင်မည်ဖြစ်သည်။ ရောဂါများကိုကုသရာတွင်လိုအပ်သည့် သလင်းကျောက်ပမာဏသည်တော့ အခြေအနေအလိုကွဲပြားသွားမည်ဖြစ်သည်။ စွမ်းအင်သလင်းကျောက်သည် ရေ၊ အစားအစားများထဲတွင် ပျော်ဝင်နိုင်သလို တိုက်ရိုက်မြိုချ၍လဲရပေမည်။
***
အခန်း ၃၃၀
ကုနင်း၏စွမ်းအားဖြင့် အသားအရေထိန်းသိမ်းရေးပစ္စည်းထုတ်လုပ်ခြင်း
ရုတ်တရက် ကုနင်း စွမ်းအင်သလင်းကျောက်များကိုအသုံးပြုကာ ဆေးဝါး သို့မဟုတ် အသားအရေထိန်းသိမ်းရေးပစ္စည်းများထုတ်လုပ်နိုင်သည်ဟူသည့်အကြံတစ်ခုပေါ်လာခဲ့လေသည်။ ထိုအတိုင်းဆိုလျှင် အမြတ်များစွာရရှိနိုင်ပေသည်။ တစ်ချိန်တည်းတွင်ပဲ နေမကောင်းသည်လူများကိုကူညီနိုင်ခြင်းက ကောင်းသောအရာလဲဖြစ်နေသေးပေသည်။
ကုနင်းဆုံးဖြတ်ချက်တစ်ခုချပြီးသည်နှင့် ထိုကိစ္စကို သေချာပေါက် အကောင်အထည်ပေါ်အောင်လုပ်မည်သာဖြစ်လေသည်။
ကုနင်း မျက်ဝန်းများတစ်ဖန်ပြန်ဖွင့်လိုက်ချိန်တွင်တော့ မနက်မိုးလင်းလို့နေပေပြီ။ သူမခန္ဓာကိုယ်အခြေအနေသည် အပြည့်အဝပြန်လည်ကောင်းမွန်နေပြီဖြစ်ပေမယ့် လင်ရှောင်းထင်သည်တော့ သူမကို စောစောအိပ်ရာထခွင့်မပြုသေးဘဲ အချိန်ကြာကြာဆက်အိပ်နေရန် အမိန့်ပေးခဲ့လေသည်။ ထို့အပြင် မနက်စာကိုတောင်မှ ကိုယ်တိုင်ပြင်ဆင်ပေးကာ ကုနင်းကိုအိပ်ရာထဲတွင်ပင်စားစေခဲ့သည်။ ကုနင်းမှာ လင်ရှောင်းထင်ဂရုအစိုက်လွန်နေသည့်အပြုအမူများကြောင့် ရယ်ချင်နေပေမယ့် သူပြောသမျှကိုတော့ဖြင့် နာခံလုပ်ဆေင်ပေးလေသည်။ တစ်ချိန်တည်းတွင်ပဲ သူမ၏ ဆေးဝါးထုတ်လုပ်ခြင်းနှင့် အသားအရေထိန်းသိမ်းရေးပစ္စည်းထုတ်လုပ်ခြင်းလုပ်ငန်းအကြောင်း အစီအစဉ်များကိုတွေးလို့နေလေသည်။
ပထမဦးစွာ ကုနင်းအနေဖြင့် ဆေးဝါးနှင့် အသားအရေထိန်းသိမ်းရေးပစ္စည်းများထုတ်လုပ်နိုင်သည့် ကျွမ်းကျင်အဖွဲ့တစ်ခုကို တည်ဆောက်ထားဖို့ရန်လိုအပ်လေသည်။ ထို့နောက် သူမ စက်ရုံတစ်ခုနှင့် ကုမ္ပဏီတစ်ခုကို စာရင်းပေးသွင်းဖို့ရန်လဲလိုသေးသည်။ ပြီးသွားလျှင်တော့ ဆေးဝါးများနှင့် အသားအရေထိန်းသိမ်းရေးပစ္စည်းများကို ပုံမှန်အတိုင်း သာမာန်နည်းအတိုင်းထုတ်လုပ်မည်ဖြစ်ပေမည့် သူမ၏စွမ်းအင်သလင်းကျောက်ကိုတော့ ဆေးစွမ်း သက်ရောက်မှုပိုကောင်းစေရန် လျှို့ဝှက်ထည့်သွင်းဖို့ရန်လိုအပ်ပေသည်။ ထို့ကြောင့် ပြဌာန်းထားပြီးသား ဆေးဝါးပစ္စည်းများ နှင့် ဆေးဘက်ဆိုင်ရာပစ္စည်များ၊ အသားအရေထိန်းသိမ်းရေးပစ္စည်းများကို တခြားသောစက်ရုံများ၏အတိုင်းအတူတူသာထုတ်လုပ်မည်ဆိုပေမယ့် အကျိုးသက်ရောက်မှုသည်တော့ အလွန်ကွဲပြားခြားနားသွားမည်ဖြစ်ပေသည်။ ဆေးဝါးပစ္စည်းများနှင့် အသားအရေထိန်းသိမ်းရေးပစ္စည်းများ ထုတ်လုပ်ပြီးစီးကာ အသိအမှတ်ပြုထောက်ခံချက်လက်မှတ်များရရှိပြီးသွားလျှင်တော့ ဈေးကွက်အတွင်းတရားဝင်ရောင်းချနိုင်သွားမည်ဖြစ်ပေသည်။
ကုနင်း သူမ၏ဆေးဝါးပစ္စည်းများနှင့် အသားအရေထိန်းသိမ်းရေးပစ္စည်းများကို နိုင်ငံအနှံ့ဖြန့်ဖြူးရောင်းချရန်ဆုံးဖြတ်ထားလေသည်။ သူမ၏ဆေးဝါးပစ္စည်းများနှင့် အသားအရေထိန်းသိမ်းရေးပစ္စည်းများ အရည်အသွေးမြင့်မားနေသ၍ တခြားစိတ်ပူစရာမလိုအပ်ပေ။
သို့ပေမယ့် ကုနင်း သူမ၏အစီအစဉ်ကို လင်ရှောင်းထင်အားမပြောပြသေးပေ။ လင်ရှောင်းထင် အိပ်ခန်းထဲတွင် မရှိသည့်အချိန်၌ ကုနင်း ကေဆီသို့ စာတစ်စောင့်ပို့လိုက်ကာ သူမအတွက် ဒေဝါလီခံရခါနီး သို့မဟုတ် ပိတ်ရခါနီးဆေးဝါးကုမ္ပဏီများကို စုံစမ်းပေးရန်ပြောလိုက်သည်။ သူမကုမ္ပဏီတစ်ခုလောက်ကို ပြန်ဝယ်ချင်ပေသည်။
ကေသည်တော့ ကုနင်း၏စီးပွားရေးတိုးချဲ့ရာတွင် စိတ်အားထက်သန်လွန်းမှုကို အံ့အားသင့်လို့နေလေသည်။ သူမပုံစံက ငွေရမည့်မည်သည့်အခွင့်အရေးမျိုးကိုမဆို လက်လွှတ်မခံချင်သည့်ပုံပင်။ ကေဘက်ကလဲ သူ့ဘော့စ်၏အမိန့်ကို ငြင်းပယ်ခြင်းမရှိပေ။
လင်ရှောင်းထင်သည်တော့ နေ့လည်စာပြင်ဆင်နေချိန်အထိ ကုနင်းကို အိပ်ရာထဲမှထခွင့်မပေးခဲ့ပေ။ နေ့လည်စာစားပြီးသွားချိန်တွင်တော့ ကုနင်းရှေးဟောင်းလမ်းသို့သွားလိုက်သည်။ သူမရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်ကို ဝယ်ပြီးသွားမှတော့ သူမထိုနေရာသို့သွားရောက်ပြီး သူမ၏ဝန်ထမ်းများနှင့်တွေ့ဆုံရန် သေချာပေါက်လိုအပ်လေသည်။
လင်ရှောင်းထင်သည်လဲ ကုနင်းနှင့်အတူလိုက်လာခဲ့သည်။
သူမတို့နှစ်ဦး ရှေးဟောင်းလမ်းသို့ရောက်သည်နှင့် ကုနင်း သူမ၏ကျောက်စိမ်းမျက်ဝန်းကို အသုံးပြုကာ လမ်းတစ်လျှောက်ရှိ ဆိုင်ခန်းများမှ ရှေးဟောင်းပစ္စည်းများကိုစစ်ဆေးလို့နေလေသည်။ တခနကြာပြီးနောက်တွင်တော့ အနက်ရောင်မြူငွေ့နှင့်အဖြူရောင်မြူငွေ့ရောယှက်နေသည့် သတ္ထုပ်စပ်ဓါးမြှောင်တစ်ချောင်းကို ကုနင်းတွေ့လိုက်ရသည်။ အဖြူရောင်မြူငွေ့သည်က သဘာဝစွမ်းအားဟုကုနင်းနားလည်ထားခဲ့ပေမည့် အနက်ရောင်မြူငွေ့အတွက်ကိုတော့ ကုနင်းစိတ်ရှုပ်ထွေးသွားရလေသည်။ သူမအနားသို့ကပ်သွားချိန်တွင်တော့ ထိုသတ္ထုပ်စပ်ဓါးမြှောင်ပေါ်တွင် ပြင်းထန်သည့်ယင်စွမ်းအားကိုခံစားလိုက်ရသည်။ ထို့ကြောင့် ထိုပစ္စည်းမှာ ဆိုးယုတ်သည့်ပစ္စည်းဖြစ်နိုင်မည်ဟု ခန့်မှန်းမိလိုက်ပေသည်။ ပုံမှန်ဆိုလျှင် ထိုဆိုးယုတ်သည့်ပစ္စည်းများမှာ အုတ်ဂူများထဲမှထွက်လာကြခြင်းဖြစ်ပေမယ့် ရှေးဟောင်းပစ္စည်းတိုင်းတွင်တော့ ယင်စွားအားရှိမနေပေ။ ထို့ကြောင့် အုတ်ဂူ၏တည်နေရာပေါ်တွင်လဲ မူတည်လေသည်။
ထို့အပြင် ယင်ဓါတ်ပါဝင်နေသည့်ပစ္စည်းကိုရလိုက်သည့်လူသည်လဲ ယင်စွမ်းအင်၏သက်ရောက်မှုကိုခံရမည်ဖြစ်သည်။ ယင်စွမ်းအင်သည် အိပ်မက်ဆိုးများ၊ ရောဂါများ နှင့် သေခြင်းတရားကိုပါဖြစ်ပေါ်စေနိုင်လေသည်။ ထို့နောက် ကုနင်းဆိုင်ပိုင်ရှင်ကိုလှမ်းကြည့်လိုက်ပေသည်။ ဆိုင်ပိုင်ရှင်၏ပုံစံသည် ဖြူဖျော့နေကာ အားအင်ကုန်ခမ်းနေဟန်။ သူ၏နဖူးပြင်သည်လဲ အနည်းငယ်အနက်ရောင်သမ်းလို့နေပြီး ယင်စွမ်းအင်၏သက်ရောက်မှုခံနေရသည်မှာသိသာလေသည်။
လူတစ်ဦး၏နဖူးပြင်သည် မျက်နှာရှိ အရေးအကြီးဆုံးအစိတ်အပိုင်းဖြစ်ပြီး ထိုနဖူးပြင်၏အခြေအနေသည် ထိုလူ၏ ကံကြမ္မာနှင့်ဆက်စပ်နေသည်။ တစ်စုံတစ်ဦး၏နဖူးသည် ချောမွေ့နေပြီး တောက်ပနေလျှင် ထိုလူသည် ကံကောင်းပေမယ့် အကယ်၍ လူတစ်ဦးကသာ ခက်ခဲလှသည့်အချိန်ကာလကို ဖြတ်သန်းရင်ဆိုင်နေရမည်ဆိုလျှင် သူ၏နဖူးသည်လဲ ကြမ်းတမ်းဟန်ပေါ်နေပေမည်။ သို့ပေမယ့် နဖူးပြင်သည် အမည်းရောင် သို့မဟုတ် အနက်ရောင်ပြောင်းလဲနေပြီဆိုလျှင်တော့ဖြင့် ထိုပုဂ္ဂိုလ်တွင် ပြဿနာကြီးကြီးမားမားရှိလာမည်ဖြစ်သည်။
ကုနင်းရှေ့မှဆိုင်ပိုင်ရှင်မှာ သတ္ထုပ်စပ်ဓါးမြှောင်၏ယင်စွမ်းအားမှ သက်ရောက်မှုပြင်းပြင်းထန်ထန်ခံစားနေရကြောင်းသိသာလေသည်။ သူသာ ဓါးမြှောင်ကို အခုချက်ချင်းမစွန့်လွှတ်လျှင် အသက်အန္တရာယ်ရှိနိုင်ပေသည်။ ယခင်တုန်းကဆိုလျှင် ကုနင်း ယင်နှင့်ယန်အားမယုံကြည်ခဲ့ပေ။ သို့ပေမယ့်အခုချိန်တွင်တော့ သူမမျက်လုံးများဖြင့် ကိုယ်တိုင်မြင်တွေ့နေရပြီဖြစ်သောကြောင့် ယုံကြည်သွားပြီဖြစ်သည်။
"ဟိုင်း၊ မိန်းကလေး၊ ဒါတွေအားလုံး ရှေးဟောင်းပစ္စည်းအစစ်တွေကြီးပဲ ကျွန်တော်မနေ့ကတင် ကျေးလက်ဒေသကနေဝယ်လာခဲ့တာ!" ဆိုင်ပိုင်ရှင်က ကုနင်းကို ဖိတ်ခေါ်လိုက်ပေမယ့် သူ့အသံသည်တော့ သိသိသာသာအားနည်းလို့နေလေသည်။
ကုနင်းခေတ္တမျှတွေးနေလိုက်ပြီး သတ္ထုစပ်ဓါးမြှောင်ကိုကောက်ယူလိုက်သည်။ အေးစက်သည့်လေအေးစီးကြောင်းတစ်ခု ကုနင်း၏ခန္ဓာကိုယ်အတွင်းချက်ချင်းဝင်ရောက်လာတော့သည်။ ကုနင်း အလွန်မသက်မသာခံစားလိုက်ရပြီး ချက်ချင်းပင် သူမ၏နှလုံးကို စွမ်းအားများဖြင့် ရစ်ပတ်ကာကွယ်လိုက်သည်။
ကုနင်း သူမ၏စွမ်းအားကို နှလုံးအားကာကွယ်ရန်သုံးလိုက်ချိန်တွင်ပဲ စွမ်းအားများက သူမခန္ဓာကိုယ်မှတစ်ဆင့်ဖြတ်စီးကာ သတ္ထုပ်စပ်ဓါးမြှောင်ထံသို့ရောက်သွားတော့သည်။ အချိန်ခနလေးအတွင်းတွင်ပဲ သတ္ထုစပ်စပ်ဓါးမြှောင်မှ အနက်ရောင်မြူငွေ့အများအပြားလျော့နည်းသွားတော့သည်။ ထို့ကြောင့် ကုနင်း သူမ၏စွမ်းအားဖြင့် ယင်စွမ်းအင်ကို မောင်းထုတ်၍ရကြောင်းသိရှိသွားတော့သည်။
ထိုအကြောင်းကိုသိသည်နှင့် ကုနင်း သူမစွမ်းအားများကို ဆက်ပြီး သတ္ထုစပ်ဓါးမြှောင်အတွင်းထည့်သွင်းလိုက်ကာ ယင်စွမ်းအင်များကို မောင်းထုတ်ရန်လုပ်တော့သည်။ ကုနင်း၏စွမ်းအားဖြင့် ထိုသို့မောင်းထုတ်နိုင်သည်ဆိုသော်လည်း သိပ်တော့မလွယ်ကူပေ။ ထို့ကြောင့် ယင်စွမ်းအင်အလုံးစံကို မောင်းထုတ်ပြီးသွားချိန်တွင်တော့ ကုနင်း၏စွမ်းအားအများအပြားကုန်ဆုံးသွားခဲ့ကာ သူမမျက်နှာသည်လဲ အနည်းငယ်ဖြူဖျော့သွားတော့သည်။
"ဒါဘယ်လောက်လဲ?" ကုနင်းမေးမြန်းလိုက်သည်။
"ယွမ်၁သောင်း၃ထောင်ပါ။ ဈေးတော့စစ်လို့မရဘူး။"
"ကိစ္စမရှိပါဘူး။" ကုနင်းချက်ချင်းပင် ယွမ်၁သောင်း၃ထောင်ကိုထုတ်ကာ ဆိုင်ရှင်အားပေးလိုက်သည်။ ဓါးမြှောင်၏ဈေးနှုန်းမှာမည်မျှပင်ဖြစ်ပါစေ ရှေးဟောင်းပစ္စည်းအစစ်ဖြစ်နေသောကြောင့် သူမဝယ်မည်သာဖြစ်သည်။ သတ္ထုစပ်များကို ကြေးနီနှင့်ခဲမဖြူရောစပ်ပြုလုပ်ထားခြင်းဖြစ်သည်။ ရှန်မင်းဆက်နှောင်းပိုင်းမှ နွေနှင့်ဆောင်းခေတ် နှင့် စစ်ပွဲကာလများတွင် သတ္ထုစပ်ဓါးမြှောင်များသည် လူကြိုက်များပြီး ထိုသတ္ထုစပ်ဓါးမြှောင်ပြုလုပ်သည့် လက်မှုပညာသည်များသည်လဲ ထူးချွန်ကြလေသည်။
ကုနင်းလက်ထဲရှိ သိုးခေါင်းနှင့် သတ္ထုစပ်ဓါးမြှောင်သည် ရှန်မင်းဆက်တွင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အလွန်အဖိုးတန်လေသည်။
ကုနင်းဘက်က ဓါးမြှောင်ကို တုံ့ဆိုင်းခြင်းမရှိဝယ်သွားသည်ကိုမြင်လိုက်ရတော့ ဈေးမြင့်မြင့်မခေါ်ခဲ့မိ၍ ဆိုင်ရှင်နောင်တရသွားရလေသည်။ သူမသိလိုက်သည်က ကုနင်းသည် ထိုဓါးမြှောင်ကိုဝယ်ယူကာ သူ့အသက်ကိုကယ်တင်ခဲ့ခြင်းဆိုသည်ကိုပင်။
"ဒါတွေအားလုံးကို ရှင်တကယ်ပဲ ကျေးလက်ဒေသကနေဝယ်လာခဲ့တာလား?" ကုနင်းမေးလိုက်သည်။ ကုနင်း မြေထဲမှတူးထားသည့်ရှေးဟောင်းပစ္စည်းအစစ်များကို အမှန်တကယ်ဝယ်ယူချင်ပေသည်။ ထို့အပြင် ယင်စွမ်းအင်ပါဝင်နေသည့် ရှေးဟောင်းပစ္စည်းများကြောင့်လဲ အပြစ်မဲ့သည့်လူများကို မထိခိုက်စေလိုပေ။
"ဟုတ်ပါတယ်။" ဆိုင်ရှင်ပြန်ဖြေလိုက်သည်။
"ဒီရှေးဟောင်းပစ္စည်းတွေကို ဘယ်ကနေရခဲ့တာလဲ?" ကုနင်းထပ်မေးလိုက်သည်။ သတ္ထုစပ်ဓါးမြှောင်သည် အသစ်စက်စက်တူးထုတ်ထားခြင်းဖြစ်သောကြောင့် ကျေးလက်ဒေသနားရှိ တစ်နေရာရာမှဖြစ်လောက်ပေမည်။
"ဖုန်းယန်ရွာကပါ။"
"ကျေးဇူးပါပဲ။"
"ဘာဖြစ်လို့လဲ?" ကုနင်းအခုလို ဆိုင်ရှင်အားမေးခွန်းများစွာမေးနေခြင်းက အကြောင်းတစ်ခုခုရှိခြင်းကြောင့်ဖြစ်မည်ဟု လင်ရှောင်းထင်တွေးမိလေသည်။
"ဒီသတ္ထုစပ်ဓါးမြှောင်က အစစ်လေပြီးတော့ မြေထဲကနေတူးထုတ်ထားတာလဲ သိပ်မကြာသေးဘူး။ ဒါကြောင့် ကျေးလက်ဒေသတစ်ဝိုက်မှာ ဆိုင်ရှင်ဒီရှေးဟောင်းပစ္စည်းတွေရခဲ့တဲ့ ရှေးဟောင်းသင်္ချိုင်းတစ်ခုရှိလောက်မယ်လို့တွေးမိလို့ပါ။"
"မင်းသွားကြည့်ချင်လို့လား?"
"အင်း။" ကုနင်းပြန်ဖြေလိုက်သည်။ ရှေးဟောင်းသင်္ချိုင်းကိုတူးဖော်ခြင်းသည် တရားမဝင်ဘူးဆိုပေမယ့်လည်း သူမအတွက်တော့ ထိုသို့လုပ်ရန်လိုအပ်လေသည်။ မဟုတ်လျှင် အပြစ်မဲ့သည့်လူများစွာထိခိုက်စေနိုင်ပေသည်။
***
စာစဉ် ၂၂ပြီး၏။