အခန်း (၃၄၁-၃၄၅)
Vol. 23 Ch. 341-345
အခန်း ၃၄၁
သတ္ထုစပ်ဓါးရှည်နှင့် သတ္ထုစပ်ဓါးမြှောင်
နောက်မှလိုက်ဝင်လာသူများမှာ ဆိုင်ထဲတွင် ဆရာကြီးရှုပါရှိနေသည်ကိုမြင်လိုက်ရ၍ ထပ်မံ့အံ့အားသင့်သွားကြရပြန်သည်။
"ဆရာကြီးကျန်း၊ တွေ့ရတာဝမ်းသာပါတယ်!" ချန်တရုန်က ရိုရိုသေသေဖြင့် ကျန်းကျုံးယွီကို နှုတ်ဆက်လိုက်သော်လည်း ကျန်းကျုံးယွီသည် သတ္ထုစပ်ပစ္စည်းများကိုသာ အလျင်တလိုတွေ့မြင်ချင်နေသောကြောင့် သူ၏အကြည့်များမှာ ချက်ချင်းပင် စားပွဲပေါ်တွင်တင်ထားသည့် ခရီးဆောင်အိတ်သို့ကျရောက်နေတော့သည်။
ဆရာကြီးကျန်း ချက်ချင်း ခရီးဆောင်အိတ်ရှိရာသို့သွားလိုက်ကာ ချက်ချင်းပင် သတ္ထုစပ်ပစ္စည်းများကို စတင်စစ်ဆေးတော့သည်။ ဆရာကြီးရှုမှာ ထိုပစ္စည်းများအားလုံးကို စစ်ဆေးထားပြီးပြီဖြစ်ကာ ဆရာကြီးကျန်းသည်လဲ ဆရာကြီးရှု၏အမြင်ကိုယုံကြည်သည်ဆိုပေမည့် အခုလိုစစ်ဆေးရခြင်းကိုက ပျော်ရွှင်စရာကောင်းသော်ကြောင့် ထပ်မံစစ်ဆေးနေခြင်းဖြစ်ပါသည်။
တန်ဖိုးဖြတ်စစ်ဆေးပြီးနောက်တွင်တော့ ကျန်းကျုံးယွီလဲ ထိုပစ္စည်းများမှာ ရှေးဟောင်းပစ္စည်းအစစ်များဟုတွေးမိလေသည်။
"ဝိုး၊ အခုခေတ်မှာ သတ္ထုစပ်ရှေးဟောင်းပစ္စည်းအစစ်ကိုရှာဖို့ဆိုတာတော်တော်ခက်တာ!"
တွေ့ရှိဖို့ရန်ခက်ခဲခြင်းမှာ ရှေးဟောင်းသတ္ထုစပ်ပစ္စည်းများ အမှန်တကယ်ရှားပါးလွန်းနေ၍မဟုတ်ဘဲ ရှေးဟောင်းသမိုင်းဝင်ဂူသင်္ချိုင်းများသည် တူးဖော်ထားရှိပြီးခံရပြီဖြစ်ကာ တူးဖော်၍ရရှိသမျှရှေးဟောင်းပစ္စည်းများသည်လဲ အမျိုးသားပြတိုက်သို့ရောက်ရှိသွားပြီဖြစ်ခြင်းကြောင့်သာဖြစ်လေသည်။ ထို့ကြောင့် ထိုပစ္စည်းများကို ဈေးကွက်ထဲတွင်တွေ့ရှိဖို့ရန် အလွန်ရှားပါးခက်ခဲနေခြင်းဖြစ်သည်။ အမျိုးသားပြတိုက်သို့ရောက်ရှိသွားသည့် ရှေးဟောင်းပစ္စည်းများမှာ ကြည့်ရှုဖို့ရန်သာရ၍ ရှေးဟောင်းပစ္စည်းစုဆောင်းသူများမှာ ဈေးကွက်တွင်ကျန်ရှိနေခဲ့သည့် သတ္ထုစပ်ပစ္စည်းတချို့တလေကိုသာ စုဆောင်းနိုင်တော့သည်။
လူအုပ်ကြီးသည်လဲ ထိုရှေးဟောင်းပစ္စည်းများမှာ အစစ်တွေသာဖြစ်ကြောင်းကြားလိုက်ရချိန်တွင်တော့ အလွန်အံ့ဩကုန်ကြလေသည်။ ရှေးဟောင်းပစ္စည်းဆိုင်တွင် ရှေးဟောင်းပစ္စည်းအစစ်ရှိခြင်းက ပုံမှန်ပင်ဖြစ်သော်လည်း အခုလိုအများကြီးတွေ့ရခြင်းကတော့ အတော်လေးပုံမှန်မဟုတ်သည့်အခြေအနေပင်ဖြစ်သည်။ ထို့အပြင်၊ ဆရာကြီးကျန်းလိုလူကိုယ်တိုင်ကပါ ထိုပစ္စည်းများကို တန်ဖိုးဖြတ်စစ်ဆေးရန် ရောက်ရှိနေလေသည်။
ယခုသတင်းသာ ပျံ့နှံ့သွားခဲ့မည်ဆိုလျှင် ဆရာကြီးကျန်းကိုယ်တိုင်တန်ဖိုးဖြတ်ထားခဲ့သည့် ဒီရှေးဟောင်းပစ္စည်းများကို ဝယ်ယူရန်အတွက် ဝယ်သူအများအပြားရောက်ရှိလာကြတော့မည်ဖြစ်သည်။
တခါတလေ လူများသည် ရှေးဟောင်းပစ္စည်းများကိုစုဆောင်းခြင်းမှာ ရှေးဟောင်းပစ္စည်းအစစ်ဖြစ်နေ၍မဟုတ်ဘဲ ထိုရှေးဟောင်းပစ္စည်းကို တန်ဖိုးဖြတ်စစ်ဆေးပေးသူ၏အာဏာလွှမ်းမိုးနိုင်စွမ်းကြောင့်သာဖြစ်လေသည်။ ထိုသို့ ကျော်ကြားသည့်ကျွမ်းကျင်ရှေးဟောင်းပစ္စည်းစစ်ဆေးသူတစ်ဦး တန်ဖိုးဖြတ်ပေးထားသည့်ပစ္စည်းကို ဝယ်ယူစုဆောင်ရခြင်းကိုက ရှေးဟောင်းပစ္စည်းစုဆောင်းသူများအတွက် ဂုဏ်ယူစရာဖြစ်နေလေသည်။
"မင်းဘယ်လိုသဘောရလဲ?" ဆရာကြီးရှုမေးလိုက်သည်။
"ငါသတ္ထုစပ်ပစ္စည်းဆိုရင် အရမ်းကြိုက်တာပေါ့ ဒါပေမယ့်စိတ်မကောင်းစရာက ဒီထဲမှာ ငါ့သဘောကျတဲ့သတ္ထုစပ်ပစ္စည်းမပါဘူး။" ဆရာကြီးကျန်း စိတ်ပျက်စွာပြောလိုက်ပေမယ့် တစ်ချိန်တည်းတွင်ပဲ အရှက်ရသလိုခံစားလိုက်ရသည်။
"အမ်၊ ဒါဆို ဆရာကြီးကျန်းက ဘယ်လိုသတ္ထုစပ်ပစ္စည်းမျိုးကိုသဘောကျတာပါလဲ?" ကုနင်းမေးလိုက်သည်။ ကုနင်း သတ္ထုစပ်ပစ္စည်းအမျိုးအစားများစွာကိုသယ်ဆောင်လာခဲ့ခြင်းဖြစ်၍ သူမတွင် ဆရာကြီးကျန်းလိုချင်သည့်ပစ္စည်းမျိုးရှိလျှင်ရှိနေလောက်ပေသည်။ ကျန်းကျုံးယွီအလွန်လိုချင်နေသည့် သတ္ထုစပ်ရှေးဟောင်းပစ္စည်းသာ သူမမှာရှိနေလျှင် ထုတ်ပေးလိုက်မည်ဖြစ်သည်။
ကျန်းကျုံးယွီက ကုနင်းကိုကြည့်လိုက်ကာ၊ အလွန်ငယ်ရွယ်သည့်မိန်းကလေးတစ်ဦးမှန်းမြင်လိုက်ချိန်တွင်တော့ ဆရာကြီးရှုနှင့်အတူပါလာခြင်းဖြစ်သည်ဟုထင်သွားကာ ဆရာကြီးရှုဘက်သို့လှည့်ပြီး,
"သူက?"
"ဟုတ်သားပဲ၊ သူက ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်ရဲ့ပိုင်ရှင်အသစ် ကုနင်းတဲ့။" ဆရာကြီးရှုပြန်ဖြေလိုက်သည်။
"အိုး၊ အဲ့ဒါမင်းပါလား!" ကျန်းကျုံးယွီအံ့အားသင့်သွားရသည်။ သူသည်လဲ ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်၏ပိုင်ရှင်အသစ်သည် ငယ်ရွယ်သည့်မိန်းကလေးတစ်ဦးဖြစ်မှန်းကြားထားပြီးဖြစ်ပေမယ့် အခုလောက်အထိငယ်ရွယ်နေလိမ့်မည်ဟုတော့ မမျှော်လင့်ထားပေ။ သို့ပေမယ့် ကုနင်းအသက်ငယ်လွန်းနေတာတစ်ခုတည်းကြောင့်ဖြင့်တော့ ကျန်းကျုံးယွီသူမကို အထင်သေးမည်မဟုတ်ပေ။ ထိုအစား ယခုခေတ်တွင်ရှေးဟောင်းပစ္စည်းကိုမြတ်နိုးသည့်လူငယ်များအလွန်ရှားပါးနေပြီဖြစ်သောကြောင့် ကုနင်းကို သဘောကျနေလေသည်။
ဆိုင်သို့လာရောက်စပ်စုကြသူများသည်လဲ ကုနင်းကိုကြည့်ကာအလွန်အံ့ဩသွားသည်သည်။ အံ့ဩသည့်အကြောင်းရင်းကတော့ဖြင့် ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်၏ပိုင်ရှင်အသစ်မှာ အလွန်ငယ်ရွယ်နေသောကြောင့်ပင်ဖြစ်သည်။
"ဟုတ်ပါတယ်။" ကုနင်းပြုံးပြလိုက်ကာ၊
"ဆရာကြီးကျန်း ဘယ်လိုသတ္ထုစပ်ပစ္စည်းအမျိုးအစားကိုများလိုချင်လဲဆိုတာ ကျွန်မသိခွင့်ရှိမလား? နောက်ကျွန်မအဲ့ပစ္စည်းကိုရှာတွေ့ခဲ့မယ်ဆိုရင် ဆရာကြီးကို အရင်ပြလို့ရတာပေါ့။"
"အဲ့လိုဆို အရမ်းကောင်းတာပေါ့!" ထိုစကားကိုကြားတော့ ကျန်းကျုံးယွီစိတ်လှုပ်ရှားသွားကာ၊
"ငါက သတ္ထုစပ်ဓါးရှည်ကိုလိုချင်နေတာ ဒါပေမယ့် တစ်ချောင်းလောက်ရှာတွေ့ဖို့တောင်မှ အရမ်းခက်လွန်းတယ်။"
တိုက်တိုက်ဆိုင်ဆိုင်ပင် ကုနင်း၏စိတ်စွမ်းအင်အာကာပြင်ထဲတွင် သတ္ထုစပ်ဓါးရှည်တစ်ချောင်းရှိနေလေသည်။ ထိုသတ္ထုစပ်ဓါးရှည်ကို အခေါင်းထဲမှထုတ်ယူလာခဲ့ခြင်းဖြစ်လေသည်။ ထိုဓါးတွင် ယင်စွမ်းအင်များရစ်ပတ်နေပေမယ့် အခုချိန်တွင်တော့ စိတ်စွမ်းအင်အာကာပြင်ထဲတွင်၁ရက်မျှထားရှိပြီးဖြစ်၍ သန့်စင်နေပြီဖြစ်သည်။ သို့ပေမယ့် ထိုဓါးမှာသိပ်နာမည်မကြီးသောကြောင့် ကျန်းကျုံးယွီလိုချင်နေသည့်သတ္ထုစပ်ဓါးရှည်မျိုးဟုတ်ပါ့မလားဆိုသည်ကိုတော့ဖြင့် ကုနင်းလဲမသိပေ။
ကုနင်းပြုံးလိုက်ရင်း၊ "ဒီနေ့က ဆရာကြီးကျန်းအတွက်ကံကောင်းတဲ့နေ့ဖြစ်မယ်ထင်တယ်။ ကျွန်မှာလဲ သတ္ထုစပ်ဓါးရှည်တစ်ချောင်းရှိနေတာ၊ ဒါပေမယ့် ဆရာကြီးကြိုက်တဲ့ပုံစံဟုတ်ပါ့မလားတော့ မသေချာဘူး။"
"တကယ်လား? ငါ့ကိုမြန်မြန်လေးထုတ်ပြပါဦး!" ကျန်းကျုံးယွီဝမ်းမြောက်ဝမ်းသာဖြင့် အလျင်လိုစွာပြောလိုက်သည်။
"ရတာပေါ့၊ ဒါပေမယ့် ကျွန်မပစ္စည်းကိုသွားယူရဦးမယ်။ ကားပါကင်က ကျွန်မကားထဲမှာထားထားခဲ့တာဆိုတော့လေ။" ကုနင်းပြောရင်းဖြင့်မတ်တပ်ရပ်လိုက်သည်။
ကုနင်းက သူမကားထဲတွင် ရှေးဟောင်းပစ္စည်းအစစ်ထားခဲ့သေးကြောင်း ကြားလိုက်ရချိန်တွင်တော့ လူတိုင်းအံ့ဩသွားကြရပြန်သည်။ သူမထိုပစ္စည်းအခိုးခံလိုက်ရမည်ကိုမကြောက်ဘူးလား?
ကျန်းကျုံးယွီက ထိတ်လန့်စွာဖြင့် သူမကိုမေးလိုက်သည်။
"မင်းအဲ့ဒါကို ကားပါကင်မှာထားခဲ့တယ်? ခိုးခံလိုက်ရမှာမကြောက်ဘူးလား?"
ကုနင်းပြုံးလိုက်ပြီး ကျန်းကျုံးယွီကိုပြန်ရှင်းပြလိုက်သည်။ "ပစ္စည်းကိုစောင့်ရှောက်ပေးနေတဲ့လူရှိလို့ လုံခြုံပါတယ်။"
ထိုစကားကိုကြားတော့မှပင် ကျန်းကျုံးယွီစိတ်အေးသွားကာ၊ ထပ်မံလောဆော်လိုက်ပြန်သည်။
"ဒါဆိုလဲ အခုပြသွားယူလိုက်တော့!"
"ဟုတ်ကဲ့ပါ။" သို့ပေမယ့် ကုနင်းတစ်လှမ်းနှစ်လှမ်းလောက်ပင်သွားရသေးချိန်၌ ဆရာကြီးကျန်းက သူမကိုထပ်မံခေါ်လိုက်ပြန်ကာ၊
"ခနလေး၊ မင်းသတ္ထုစပ်ဓါးကိုထားခဲ့တယ်ဆိုတော့ တခြားတစ်ခုခုလုပ်စရာရှိနေသေးလို့လား?"
ကျန်းကျုံးယွီအနေဖြင့် သတ္ထုစပ်ဓါးရှည်ကိုအပိုင်လိုချင်နေသော်လည်း ကုနင်းထံမှလုယူသည့်ပုံစံမျိုးတော့ မဖြစ်ချင်ပေ။
"မရှိပါဘူး၊ ခရီးဆောင်အိတ်ထဲကိုက ရှေးဟောင်းပစ္စည်းအများကြီးထည့်လို့မရလို့ မသယ်ခဲ့ရုံပါ။"
ထိုစကားကိုကြားတော့မှ ကျန်းကျုံးယွီစိတ်အေးသွားရကာ နောက်တစ်ဖန်ထပ်ပြီးတိုက်တွန်းလိုက်သည်၊
"ဒီလိုဆိုကောင်းတာပေါ့၊ အခုပဲမြန်မြန်လေးသွားယူလိုက်တော့။"
ကုနင်းထွက်သွားလိုက်ပေမယ့် ကားပါကင်ရှိရာသို့မသွားခဲ့ပေ။ ထိုအစား သူမနောက်သို့မည်သူမှမလိုက်လာသည်သေချာအောင်ကြည့်ပြီးကာမှ သန့်စင်ခန်းအတွင်းသို့ တစ်ဖန်ပြန်ဝင်သွားကာ သတ္ထုစပ်ဓါးရှည်ကို သူမ၏စိတ်စွမ်းအင်အာကာပြင်အတွင်းမှထုတ်ယူလိုက်ပြီး အဝတ်စဖြင့်ပတ်ကာ ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်သို့ပြန်ယူလာခဲ့သည်။
ကုနင်းထွက်သွားပြီးသည်နှင့် ကျန်းကျုံးယွီကိုလေးစားသည့် ရှေးဟောင်းပစ္စည်းမြတ်နိုးသူအများအပြား ရှန်းယွင်ဆိုင်သို့ရောက်ရှိလာခဲ့ကာ ရှေးဟောင်းပစ္စည်း၂မျိုးကိုဝယ်ယူသွားခဲ့သည်။ တစ်ခုသည်တော့ ကြွေပန်းကန်ပြားဖြစ်ကာ ကျန်တစ်ခုသည်တော့ သတ္ထုစပ်ခွက်ပင်ဖြစ်သည်။ ထိုနှစ်မျိုးပေါင်းကို ယွမ်၆.၆သန်းရရှိခဲ့လေသည်။ ဆရာကြီးရှဝယ်ယူသည့်ပစ္စည်းတန်ဖိုးပါအပါအဝင်ဆိုလျှင်ဖြင့် ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်သည် ယနေ့အတွင်း ယွမ်၁၄.၆သန်းရရှိခဲ့ကာ ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်၏သက်တမ်းတစ်လျှောက် တစ်နေ့တာ အမြတ်ငွေအများဆုံးရရှိခဲ့ခြင်းဖြစ်လေသည်!
ယခင်တုန်းကဆိုလျှင်လဲ တစ်နေ့ကို ယွမ်၁၀သန်းကျော်မျှရောင်းချခဲ့ကြရသော်လည်း ယနေ့ရောင်းရငွေထက်တော့ဖြင့် နည်းနေစဲဖြစ်သည်။ ထို့အပြင် ယနေ့တစ်နေ့တာသည် ယခုထိတိုင်ပြီးဆုံးခြင်းမရှိသေးပေ။ ဆရာကြီးကျန်းသည် ကုနင်းယူဆောင်လာမည့် သတ္ထုစပ်ဓါးရှည်ကိုလည်းဝယ်လောက်ဦးမည်ဖြစ်သည်။
၁၀မိနစ်ခန့်ကြာပြီးနောက်တွင်တော့ ကုနင်းပြန်လည်ရောက်ရှိလာခဲ့ကာ လူအုပ်ကြီးသည်လဲ သူမလက်ထဲရှိ တန်ဖိုးကြီးရှေးဟောင်းပစ္စည်းထိခိုက်ပျက်စီးသွားမည်စိုးသောကြောင့် ချက်ချင်းလမ်းဖယ်ပေးကြလေသည်။ ကျန်းကျုံးယွီသည်လဲ ကုနင်းဝင်လာသည်ကိုတွေ့သည်နှင့် ချက်ချင်းကြိုဆိုလိုက်သည်။ ဆရာကြီးကျန်းအနေဖြင့် သတ္ထုစပ်ဓါးရှည်ကို အလွန်တွေ့မြင်ချင်နေပြီဖြစ်ပေမယ့် ဘယ်လောက်ပင်စိတ်လှုပ်ရှားနေရပါစေ ကုနင်းလက်ထဲမနေတော့ ဆွဲယူကာကြည့်ရှုခြင်းမပြုပေ။ ကုနင်း သူလက်ထဲမှဓါးရှည်ကိုစားပွဲထက်သို့ချကာ ပတ်ထားသည့်အဝတ်စကိုဖြည်ချချိန်မှပင် စစ်ဆေးကြည့်ရှုရန်သွားလိုက်ပေသည်။
ဓါးရှည်၏အသွားမှာ ပါးလွှာကာ အနုစိတ်ပုံဖော်ထားရှိလေသည်။
ကျန်းကျုံးယွီ၏လက်များမှာ စိတ်လှုပ်ရှားလွန်း၍ တုန်ရီနေပြီး သူ့နားဘေးရှိလူများသည်လဲ စိတ်လှုပ်ရှားနေကြလေသည်။
ထို့နောက် ဆရာကြီးကျန်းက ကုနင်းကို၊
"မိန်းကလေး၊ ဒီသတ္ထုစပ်ဓါးရှည်နှင့် သတ္ထုစပ်ဓါးမြှောင်က ဘယ်လောက်ကျလဲ?" ဆရာကြီးကျန်းမှာ သတ္ထုစပ်ဓါးရှည်ကိုပိုလိုချင်နေသည်မှန်သော်လည်း သတ္ထုစပ်ဓါးမြှောင်ကိုလဲ အလွတ်မပေးချင်ပေ။
"ဆရာကြီးအမြင်မှာရော ဘယ်လောက်တန်မယ်လို့ထင်ပါလဲ?"
"ဒီသတ္ထုစပ်ဓါးရှည်ရော ဓါးမြှောင်ရောက အနုစိတ်ပြုလုပ်ထားတာ, ဒီဓါးရှည်ဆိုပိုတောင် အနုစိတ်သေးတယ်။ ဓါးရိုးမှာ ဟယ်ထျန်းကျောက်စိမ်းကိုထည့်သွင်းထားတယ်၊ ဒါကြောင့် ဓါးပိုင်ရှင်ကသေချာပေါက် မြင့်မြတ်တဲ့လူတန်းစားဖြစ်လိမ့်မယ်။ ငါ့အထင်တော့ အနည်းဆုံးယွမ်သန်း၄၀လောက်တန်လိမ့်မယ်၊ ပြီးတော့ သတ္ထုစပ်ဓါးမြှောင်ကတော့ ယွမ်၁၀သန်းဝန်းကျင်လောက်ရှိမယ်။" ထိုပစ္စည်းနှစ်မျိုး၏ဈေးနှုန်းမှာ မည်မျှပင်ရှိပါစေ သူ့အနေနှင့်ဝယ်ယူမည်သာဖြစ်လေသည်။
***
အခန်း ၃၄၂
မင်းရူးနေလား?
သတ္ထုစပ်ဓါးရှည်နှင့်ဓါးမြှောင်၏တန်ဖိုးကိုကြားပြီးချိန်တွင်တော့ လူတိုင်းပင့်သက်ရှိုက်မိသွားကြရသည်။ အခုချိန်တွင်တော့ သူတို့အားလုံး ကုနင်းကို မနာလိုအကြည့်များဖြင့်ကြည့်နေကြပြီဖြစ်သည်။ ချန်တရုန်ပင်လျှင် သူကြားနေရသည်ကိုမယုံကြည်နိုင်ဖြစ်လို့နေလေသည်။ အပေးအယူတည့်ပြီးသွားလျှင် သူတို့မှာ တစ်နေ့တာအမြတ်ငွေအများဆုံးရသည့်အထဲတွင် အဆင့်၁နေရာပင်ရောက်ရှိသွားပေလိမ့်မည်! အခုချိန်တွင်တော့ ချန်တရုန်တစ်ယောက် အခုလိုအရောင်းအဝယ်ကြီးများကိုဆက်တိုက်ဖြစ်မြောက်အောင်လုပ်ဆောင်နိုင်သည့် သူ၏ဘော့စ်အသစ်ကိုအတော်လေးအထင်ကြီးသွားပြီဖြစ်သည်။
"ဟုတ်ပြီလေ၊ ဒါဆို ဒီနေ့ကျွန်မရဲ့ဆိုင်ကို ဆရာကြီးကျန်းလာပေးတာကိုက တကယ့်ကိုဂုဏ်ယူစရာဖြစ်နေပါပြီ၊ ဒီတော့ ဒီသတ္ထုစပ်ရှေးဟောင်းပစ္စည်းနှစ်မျိုးကို ယွမ်သန်း၄၀တည်းနဲ့ ယူသွားနိုင်ပါတယ်။" ကုနင်း ဆရာကြီးကျန်းကိုပြောလိုက်သည်။
ဘာ? ယွမ်သန်း၄၀? ယွမ်၁၀သန်းတောင်မှ လျှော့ပေးလိုက်တာလား? လူတိုင်းမှာ ကုနင်း၏ရက်ရောမှုကြောင့် အတော်လေးထိတ်လန့်သွားကြရသည်။
"မင်းဘာပြောလိုက်တယ်?" ဆရာကြီးကျန်း မယုံကြည်နိုင်စွာပြန်မေးလိုက်သည်။
"ယွမ်သန်း၄၀လို့ပါ။" ကုနင်းထပ်မံပြီးအတည်ပြုပေးလိုက်သည်။
"မင်းရူးနေလား?" ကျန်းကျုံးယွီ နှုတ်မှလွှတ်ခနဲထွက်သွားမိသည်။ သူက ကုနင်းကို အရှက်ရအောင်ပြောလိုခြင်းမျိုးမဟုတ်ဘဲ မယုံကြည်နိုင်၍သာထိုသို့ပြောလိုက်မိခြင်းမျိုးဖြစ်လေသည်။ စီးပွားရေးသမားများသည် အမြဲလိုလို အမြတ်အစွန်းရနိုင်သမျှရအောင်ယူလိုချင်နေကြခြင်းဖြစ်ပေမယ့် ကုနင်းသည်တော့ အလွန်ရက်ရောလွန်းနေသည်! ယွမ်၁၀သန်းဆိုသည်မှာအတော်များသည့်ပမာဏဖြစ်သည်!
ကုနင်းရယ်ချင်မိသွားပေမယ့် သူမပြောလိုက်သည့်အရာမှာလဲ တကယ့်ကို အမှန်ဟု မယုံကြည်နိုင်စရာကောင်းမှန်း သူမကိုယ်တိုင်လဲသိသောကြောင့် စိတ်ရှည်ရှည်နှင့်ရှင်းပြလိုက်သည်။
"ဆရာကြီးကျန်း၊ ကျွန်မမရူးပါဘူး။ ကျွန်မကိုတကယ်ယွမ်သန်း၄၀ပဲပေးရင်ကိုရပါတယ်။ ပြီးတော့ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်မက ဒီလောက်နဲ့ရောင်းရင်ကို အများကြီးမြတ်ပြီးနေပါပြီ၊"
ကုနင်းဘက်က အသေအချာပြောနေမှတော့ ကျန်းကျုံးယွီလဲ တွန့်ဆုတ်မနေတော့ပေ။ ထို့အပြင် ယွမ်သန်း၄၀ဆိုသည်မှာလဲ နည်းသည့်ပမာဏမဟုတ်ပေ။ သူမအနေနှင့်လဲ ငွေများစွာအမြတ်ရနိုင်သလို ဆရာကြီးကျန်းအနေဖြင့်လဲ များစွာသက်သာသောကြောင့် နှစ်ဦးနှစ်ဖက်အကျိုးဖြစ်သည့်အပေးအယူပင်ဖြစ်သည်။
"ကောင်းပြီလေ၊ ဒါဆိုငါ မင်းကိုအကြွေးတင်သွားမိပြီ။ နောက်ဒီရှေးဟောင်းလမ်းထဲမှာ မင်းပြဿနာတစ်ခုခုကြုံခဲ့မယ်ဆိုရင် ငါ့ကိုအချိန်မရွေးအကူညီတောင်းလို့ရတယ်။" ကျန်းကျုံးယွီ ကုနင်းကိုပြောလိုက်သည်။ သူအမှန်တကယ်ကို ကုနင်း၏စရိုက်နှင့် ရက်ရောတတ်မှုကိုသဘောကျသောကြောင့် သူ့အနေနှင့် သူမအတွက်ကူညီပေးချင်လေသည်။ ထို့နောက် ဆရာကြီးကျန်း နာမည်ကဒ်ကိုထုတ်ယူကာ ကုနင်းကိုပေးလိုက်ပြီး
"ဒါက ငါ့ရဲ့နာမည်ကဒ်။"
လူတိုင်းမှာ ကုနင်းကိုအတော်လေးမနာလိုဖြစ်နေပြီဖြစ်သည်။ ဆရာကြီးကျန်း၏အထောက်အပံ့နှင့်ဆိုလျှင် ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်တွင် နောက်ထပ်မည်သည့်ပြဿနာကိုမျှရှာရဲကြတော့မည်မဟုတ်ပေ။
"ကျေးဇူးအများကြီးတင်ပါတယ်!" ကုနင်းလဲ သေချာပေါက်မငြင်းဆိုင်ပေ။
သို့ပေမယ့် သူမထိုနာမည်ကဒ်ကိုမြင်လိုက်ရချိန်တွင် ကုနင်းအလွန်အံ့အားသင့်သွားရသည်။ သူမအံ့ဩမိသည်က ထိုဆရာကြီးကျန်းဆိုသည်မှာ လင်ရှောင်းထင်အဖိုး၏ သူငယ်ချင်းဖြစ်သည့် ကျန်းကျုံးယွီဖြစ်နေခြင်းပင်။ ဒီတော့ သူမတို့တွေ့ဖူးပြီးသွားကြပြီပေါ့! လင်ရှောင်းထင်သည် ကျန်းကျုံးယွီအား တစ်နေ့လောက် ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်သို့ဖိတ်ပေးမည့်အကြောင်း ကုနင်းကိုပြောထားပြီဖြစ်သည်။ မမျှော်လင့်ထားစွာဘဲ ဆရာကြီးကျန်းသည် သူ့ဘာသာပင် ယနေ့ရောက်ရှိလို့လာခဲ့ပေပြီ။ ဤသို့ဖြင့် ဆရာကြီးကျန်းနောက်မှ နေပြီး ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်သည့် လူများလိုက်လာခြင်း၏အဖြေကိုရှာတွေ့သွားပြီဖြစ်သည်။ သူသည် ရှေးဟောင်းလောကတွင် အာဏာကြီးသည့်လူတစ်ဦးဖြစ်လေသည်! ဆရာကြီးကျန်းသည့် တကယ့်ကို အာဏာလွှမ်းမိုးမှုရှိသူတစ်ဦးပေပဲ!
နောက်ဆက်လက်ပြီး သူတို့စာချုပ်ချုပ်ဆိုကြကာ ငွေလွှဲပြောင်းမှုလုပ်ကြတော့သည်။ ငွေလွှဲသည့်ပမာဏမှာများပြားလွန်းသောကြောင့် ကဒ်ကလေးနှင့်ဖြတ်ရုံဖြင့်မရဘဲ ငွေသားကိုလွှဲပြောင်းပေးရလေသည်။ ကိစ္စအားလုံးပြီးစီးသွားချိန်တွင်တော့ ကုနင်း ဆရာကြီးရှုနှင့်ဆရာကြီးကျန်းတို့ကို တံခါးအထိလိုက်ပို့ပေးလေသည်။ သူတို့ထွက်မသွားခင်မှာပဲ ဆရာကြီးကျန်းက၊
"မိန်းကလေး၊ ငါ့မှာ ရှေးဟောင်းပန်းချီနဲ့လက်ရေးမူကိုသဘောကျတဲ့သူငယ်ချင်းကြီးတစ်ယောက်ရှိသေးတယ်။ မင်းမှာ ကျော်ကြားတဲ့ပန်းချီဖြစ်ဖြစ် လက်ရေးမူဖြစ်ဖြစ်ရှိရင် ငါကိုပြောပေးလို့ရမလား?"
ထိုစကားကိုကြားတော့ ကုနင်းချက်ချင်းပင် ကျန်းကျုံးယွီ၏သူငယ်ချင်းဆိုသူမှာ လင်ရှောင်းထင်၏အဖိုး လင်ဝေ့ဟွာဖြစ်ကြောင်း တန်းသိလိုက်ပေသည်။
"ရတာပေါ့၊ ကျွန်မပြောပေးပါ့မယ်။"
ထို့နောက် ဆရာကြီးရှုနှင့် ဆရာကြီးကျန်းတို့ပျော်ရွှင်စွာထွက်ခွာသွားကြတော့သည်။
"အဖိုးကြီးရှု၊ ငါတို့အခုပဲ အဖိုးကြီးလင်ဆီသွားလည်ရအောင်! မင်းဟိုင်နန်ကိုလပေါင်းများစွာသွားနေတာနဲ့ ငါတို့အချင်းချင်းမဆုံကြတာ တော်တော်ကြနေပြီလေ!" ကျန်းကျုံးယွီက သူတို့အချင်းချင်းမဆုံဖြစ်ရ၍ အလွန်လွမ်းဆွတ်နေဟန်ပြောလိုက်ပေမည့် တကယ်တမ်းတွင်တော့ ကြွားဝါလိုနေခြင်းသာဖြစ်သည်။
"ဟန်ဆောင်မနေနဲ့! မင်းစိတ်ထဲဘာတွေးနေလဲငါသိတယ်။ မင်း အဖိုးကြီးလင်ရှေ့သွားကြွားချင်နေတာမဟုတ်လား။" ဆရာကြီးရှု၏စကားက ဆရာကြီး၏စိတ်ထဲမှအကြံကို ထောက်ပြသွားလေသည်။ သူတို့သည် နှစ်ပေါင်းများစွာသူငယ်ချင်းများဖြစ်ခဲ့ကြပြီး တစ်ယောက်နှင့်တစ်ယောက်လျှို့ဝှက်ချက်ထား၍ပင်မရနိုင်တော့ပေ။ သို့ပေမယ့် သူတို့သုံးဦးမဆုံဆည်းကြသည်မှာ အမှန်တကယ်ပင်ကြာနေပြီဖြစ်ပြီး အချင်းချင်းတွေ့ဆုံက စကားပြောရသည်ကိုအလွန်နှစ်သက်လေသည်။
"ဟ-ဟ!" ကျန်းကျုံးယွီ နည်းနည်းလေးပင်ရှက်ရွံ့မသွားခဲ့ပေ။
"အရင်နေ့တုန်းက သူငါ့ကိုကြွားထားခဲ့သေးတယ်။ ငါကဘာလို့ ပြန်မကြွားရမှာလဲ? သူကျောက်မန်ဖူရဲ့ လျိုရှန်းဖူရတုန်းကဆို ငါအရမ်းမနာလိုဖြစ်မိတာ။"
ကျန်းကျုံးယွီသည် သတ္ထုစပ်ပစ္စည်ကို ကြိုက်နှစ်သက်သည်မှန်သော်လည်း အခြားသော်ပစ္စည်းများကိုလဲ စုဆောင်ရခြင်းကိုသဘောကျသေးလေသည်။ အထူးသဖြင့် ကျောက်မန်ဖူ၏ လျိုရှန်းဖူလိုမျိုးပင်။ သူသာ ထိုလျိုရှန်းဖူကိုအရင်မြင်ခဲ့လျှင် သေချာပေါက်ဝယ်ယူမည်သာ။ လင်ဝေ့ဟွာသည် ပန်းချီနှင့် လက်ရေးမူကိုသဘောကျနှစ်သက်ပြီး ဆရာကြီးရှုသည်တော့ ကြွေထည်ကိုနှစ်သက်ပေမည့် သူတို့နှစ်ဦးလုံးသည်လဲ အခြားသော စုဆောင်းသင့်သည့်ရှေးဟောင်းပစ္စည်းများကိုလဲ လက်မလွှတ်ကြပေ။
"ဟ-ဟ! ဟ-ဟ!" ဆရာကြီးရှုရယ်မောမိလိုကသည်။ ကျန်းကျုံးယွီနှင့် လင်ဝေ့ဟွာမှာတကယ့်ကို ကလေးများလိုပင်။
ဆရာကြီးရှုသည်လဲ ထိုညက ဆရာကြီးလင် တမင်တကာဖုန်းဆက်လှမ်းပြောမှုကြောင့် လျိုရှန်းဖူအကြောင်းသိထားပြီးဖြစ်လေသည်။ ဆရာကြီးရှုသည်လဲ အားကျမိပေမည့် ကျန်းကျုံးယွီနှင့် လင်ဝေ့ဟွာတို့လောက်တော့ စိတ်မလှုပ်ရှားမိပေ။
ဆရာကြီးရှုနှင့် ဆရာကြီးကျန်းတို့ထွက်သွားသည်နှင့် ကုနင်း ချန်တရုန်နှင့်အခန်းတစ်ခန်းတွင် စကားပြောနေခဲ့သည်။
ကုနင်းက၊
"နှစ်သစ်ကူးပွဲတော်ကရောက်တော့မယ်။ အရောင်းဝန်ထမ်းနှစ်ယောက်လုံးကို နှစ်ကုန်ဆုကြေး ယွမ်၁သန်းဆီပေးလိုက်ပါ၊ ပြီးတော့ဦးလေးချန်ကတော့ ယွမ်၂သိန်းယူလိုက်ပါ။"
ထိုစကားကိုကြားတော့ ချန်တရုန် မျက်ဝန်းများပြူးကျယ်ဝိုင်းစက်ကာ ထိတ်လန့်သွားရသည်။ ပုံမှန်ဆိုလျှင် သူတို့သည် နှစ်ကုန်ဆုကြေးအဖြစ် ယွမ်၁သောင်း ၂သောင်းလောက်သာရကြခြင်းကပင် သူတို့အတွက် များပြားလွန်းနေပြီဖြစ်သည်။
"ဦးလေးချန်၊ ဦးလေးကျွန်မအပေါ် သစ္စာရှိသ၍ ဦးလေးအနေနှင့် သင့်တော်တဲ့ဆုကြေးပြန်ရစေရမယ်လို့ ကျွန်မကတိပေးတယ်" ကုနင်း စာချုပ်တစ်ခုကိုထုတ်ယူလိုက်ကာ ချန်တရုန်ထံကမ်းပေးလိုက်ပြီး၊
"ဒါကတော့ ကျွန်မတို့အတူလက်မှတ်ပြန်ထိုးရမယ့် စာချုပ်အသစ်ပါ။"
ချန်တရုန်စာချုပ်အသစ်ကို သေချာအာရုံစိုက်ကာ ဖတ်ရှုကြည့်လိုက်သည်။ စာချုပ်ထဲတွင် သူ့အတွက် ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်၏ရှယ်ယာ၁၀ရာခိုင်နှုန်းပေးထားကြောင်းကိုတွေ့လိုက်ရချိန်တွင်တော့ ထိတ်လန့်လွန်း၍ စာချုပ်ပင် လက်ထဲမှလွတ်ကျတော့မလိုဖြစ်သွားရသည်။
"ဘော့စ်, ဒါ...." ချန်တရုန် ထီဆုကြီးပေါက်လိုက်သလိုမျိုး စိတ်လှုပ်ရှားကာ အသက်ရှုနှုန်းများမြန်ဆန်နေတော့သည်။
"မှန်တယ်၊ ဦးလေးအံ့ဩသွားမယ်ဆိုတာကို ကျွန်မနားလည်ပါတယ်။ ဒါပေမယ့် အခုကျွန်မက ကျောင်းသူတစ်ယောက်ပဲဆိုတော့ ဦးလေးပဲ ဒီဆိုင်ကို ထိန်းသိမ်းပေးရမှာ။ ဒီအတွက် ဦးလေးနဲ့မထိုက်တန်ဘူးလို့ မတွေးပါနဲ့၊ ကျွန်မရဲ့မန်နေဂျာအားလုံး ဒီလိုတစ်ပုံစံတည်းပဲရတာပါ။" ကုနင်းတည်ငြိမ်စွာပြောလိုက်ပြီး,
"ဒါပေမယ့် ဦးလေးသာ ကျွန်မကို သစ္စာဖောက်မယ်ဆိုရင်တော့ နောက်ဆက်တွဲရလဒ်ကို ဦးလေးခံနိုင်လောက်မှာမဟုတ်ဘူး။"
ချန်တရုန် ကုနင်းလို ငယ်ရွယ်သည့်ကောင်မလေးတစ်ဦးတွင် ထိုမျှအင်အားကြီးလိမ့်မည်ဟု မမျှော်လင့်ထားမိဘဲ အမှန်ပင်ခြိမ်းခြောက်မှုကိုခံစားလိုက်ရပေသည်။ ကုနင်းက သူမ၏မန်နေဂျာအားလုံးကို ညီတူညီမျှခွဲဝေဆက်ဆံပေးသည်ကိုကြားရတော့ အဆုံးတွင် ချန်တရုန်လဲ သဘောတူလိုက်တော့လေသည်။
***
အခန်း ၃၄၃
ရှုကျင်းချန်၏အဖိုး
ကုနင်းသည် မည်သို့ဖြစ်စေ ချန်တရုန်အတွက်တော့ ဘော့စ်တစ်ဦးပင်ဖြစ်သည်။
"ဘော့စ်၊ မစိုးရိမ်ပါနဲ့၊ ကျွန်တော် အမြဲတမ်းသစ္စာရှိသွားမှာပါ။" ချန်တရုန် လေးစားမှုအပြည့်ဖြင့်ကတိပြုလိုက်ပေသည်။
ကုနင်းသည် လူတစ်ဦးကို အကြောင်းမဲ့ယုံကြည်လေ့ရှိသည့်လူမျိုးမဟုတ်ပေမည့် သူတို့ကိုသူတို့ ဘယ်လိုလူဖြစ်ကြောင်းသက်သေပြနိုင်ရန်အတွက်တော့ အခွင့်အရေးပေးလေ့ရှိပေသည်။ ကုမ္ပဏီအားလုံးသည် သူတို့အတွက်အလုပ်လုပ်ပေးရန် သူစိမ်းများကိုသာခန့်ထားရခြင်းဖြစ်လေသည်။ အချိန်နှင့်သက်သေပြမှုသာမရှိလျှင် မည်သူက သစ္စာရှိပြီး မည်သူကတော့ဖြင့် သစ္စာမရှိသည်တော့ သိဖို့ရန်မဖြစ်နိုင်ပေ။ ထို့အပြင် လူအများစုသည့် အလုပ်ကိုကြိုးစားလုပ်ကိုင်ကာ ဖြောင့်မတ်သည့်လူများပင်ဖြစ်ကြလေသည်။
စာချုပ်တွင်လက်မှတ်ထိုးပြီးသွားချိန်တွင်တော့ ကုနင်းပြန်ထွက်သွားတော့သည်။ လင်ရှောင်းထင်မှာ ကုနင်းကို ၃နာရီတောင်မှစောင့်ဆိုင်းခဲ့ရခြင်းဖြစ်ပေမည့် ပုံမှန်အတိုင်းစိတ်ရှည်မှုအပြည့်ရှိနေစဲပင်။ သို့ပေမယ့် ကုနင်းသည်တော့ အပြစ်ရှိသလိုခံစားရကာ တောင်းပန်လိုက်သည်။
"ရှင့်ကိုအကြာကြီးစောင့်ခိုင်းနေမိလို့တောင်းပန်ပါတယ်နော်။"
"ဒီလောက်ကဘာမှမဟုတ်ပါဘူး။ တောင်းပန်နေဖို့မလိုဘူး။"
ထို့နောက် ကုနင်း ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်တွင်ဖြစ်ခဲ့သည့်အကြောင်းအရာများကို လင်ရှောင်းထင်အားပြောပြလိုက်သည်။ လင်ရှောင်းထင်လဲ အံ့ဩသွားရပြီး၊
"အဖိုးရှု နဲ့ အဖိုးကျန်း!"
ထိုဆရာကြီး၂ဦးသည် လင်ဝေ့ဟွာ၏အရင်းနှီးဆုံးသူငယ်ချင်းများဖြစ်သောကြောင့် လင်ရှောင်းထင်သည်လဲ ငယ်ငယ်ကတည်းကသိထားပြီးဖြစ်လေသည်။ ထို့ကြောင့် လင်ရှောင်းထင်တွင် ထို၂ဦးနှင့်ပတ်သတ်ပြီး အတော်လေးရင်းနှီးသည့်ခံစားချက်ရှိနေသည်။
"သူတို့သွားခါနီးတုန်းက သူတို့မှာ ပန်းချီနဲ့ လက်ရေးမူကိုသဘောကျတဲ့သူငယ်ချင်းတစ်ယောက်ရှိသေးလို့ နောင် ကျွန်မမှာတစ်မျိုးမျိုးများရှိလာခဲ့ရင် သူတို့ကို ပြောပေးဖို့ပြောသွားသေးတယ်။ အဲ့ဒီသူတို့ရဲ့သူငယ်ချင်းဆိုတာက အဖိုးလင်ကိုပြောတာလို့ထင်တယ်။"
"ဟုတ်တာပေါ့! သူတို့က အဖိုးရဲ့ သူငယ်ချင်းကောင်းတွေပဲ ပြီးတော့ ဆရာကြီးရှုဆိုတာ ရှုကျင်းချန်ရဲ့အဖိုးပဲ။"
"ဘာ?" ကုနင်းအလွန်အံ့အားသင့်သွားမိလေသည်။ ဘယ်လိုတောင်မှတိုက်ဆိုင်ရတာလဲ! ဆရာကြီးရှုက ရှုကျင်းချန်၏အဖိုးဖြစ်နေသည်တဲ့လား။
အခုချိတ်သည် ညနေ၃နာရီထိုးခါနီးပင်ဖြစ်နေပြီဖြစ်ပေမယ့် ကုနင်းရော လင်ရှောင်းထင်ပါ ဗိုက်မဆာကြသေးပေ။
ဆရာကြီးရှုနှင့် ကျန်းကျုံးယွီသည်လဲ မကြာခင်တွင်ပဲ လင်မိသားစုအိမ်သို့ရောက်ရှိသွားကြလေသည်။ အခုချိန်က နေ့ပိုင်းသာရှိသေးသောကြောင့် လင်မိသားစု၏လူငယ်မျိုးဆက်များမှာ အလုပ်သွားသူသွား သူငယ်ချင်းမိတ်ဆွေများနှင့်သွားတွေ့သူသွားတွေ့နှင့်ရှိနေသောကြောင့် ဆရာကြီးလင်တစ်ဦးတည်းသာ အိမ်တွင်ရှိနေလေသည်။
လူအိုကြီးများအတွက်တော့ အပြင်လျှောက်သွားနေရန်မှာ အဆင်မပြေလှပေ၊ အထူးသဖြင့် အခုလိုဆောင်းရာသီမျိုးတွင်ဖြစ်သည်။ ထို့ကြောင့် ဆရာကြီးလင်သည် နေ့တိုင်းနီးပါး အိမ်တွင်ပင်နေကာ ပျင်းရိနေရသည်။ ထို့ကြောင့် သူ့သူငယ်ချင်းကောင်းများလာလည်သည့်အကြောင်းကြားလိုက်ရချိန်တွင်တော့ ဆရာကြီးလင် အလွန်ပျော်ရွှင်သွားရတော့သည်။ သူချက်ချင်းပင် အိမ်ဖော်တစ်ဦးကို လက်ဖက်ရည်နှစ်ခွက်ပြင်ပြီး ဧည့်ခန်းတွင်စောင့်နေရန်ပြောလိုက်သည်။
"အဖိုးကြီးလင်! ငါမင်းကိုပြစရာရှိတယ်!" ကျန်းကျုံးယွီအထဲသို့ပင်မရောက်သေး ဆရာကြီးလင်ကို အလွန်ကြွားချင်ဇောကြီးစွာဖြင့်လှမ်းပြောလိုက်လေသည်။
ထိုစကားကိုကြားသည်နှင့် ဆရာကြီးလင်လဲ သူတို့ကြွားဖို့ရန်အတွက် သူ့အိမ်ကိုလာကြခြင်းဖြစ်ကြောင်း နားလည်သွားတော့သည်။ ထိုတဒင်ဂတွင်ပဲ ဆရာကြီးလင်က မကျေမနပ်ဟန်ဖြင့်၊
"မင်း ငါ့ကိုပြချင်လို့ပစ္စည်းကောင်းတာတစ်ခုခုကိုယူလာတာလား ဒါမှမဟုတ် ကြွားချင်တာလား?"
ဆရာကြီးလင်က သူ့အကြံကိုသိသွားပြီဖြစ်ပေမယ့် ကျန်းကျုံးယွီကတော့ဖြင့်ဝန်မခံပေ။ သူက မကျေနပ်သည့်အသံဖြင့် ၊
"မင်းဘယ်လိုပြောလိုက်တာလဲ! ငါကမင်းဆီလာလည်ပြီး ပစ္စည်းကောင်းလေးပြချင်ရုံပါ။ ငါ့ဘာသာပဲသိမ်းထားရင်လဲ မင်းက ငါ့ကိုဖွက်ထားပါတယ်ဆိုပြီးအပြစ်တင်ဦးမယ်။ အဲ့တော့ ငါကဘယ်လိုလုပ်ရတော့မှာလဲ?"
"တော်တော့၊ ပြမှာသာပြလိုက်စမ်းပါ။" ဆရာကြီးလင် ဆရာကြီးကျန်းကို မနိုင်သည့်ဟန်လုပ်ပြလိုက်ပြီး သူ့ကိုပြဖို့ရန်ယူလာသည့်ပစ္စည်းကိုတောင်းလိုက်တော့သည်။ သူတို့ဆိုဖာပေါ်တွင်ထိုင်လိုက်ပြီးသည်နှင့် သက်တောင်စောင့်များက ရှေးဟောင်းပစ္စည်းများကို စားပွဲပေါ်တွင်တင်လာပေးလေသည်။
ပစ္စည်းအပေါ်မှအဝတ်စကိုဖယ်ခွာလိုက်ချိန်ကာ သတ္ထုစပ်ရှေးဟောင်းပစ္စည်းကိုတွေ့လိုက်ချိန်တွင်တော့ ဆရာကြီးလင် ထိတ်လန့်ကာ မျက်လုံးများပြူးကျယ်ဝိုင်းစက်သွားတော့သည်။
"ဒါ-ဒါတွေက သတ္ထုစပ်ဓါးမြှောင် နဲ့ သတ္ထုစပ်ဓါးရှည်ပဲ။"
"ဟ-ဟ၊ ဟုတ်တာပေါ့! ပြီးတော့ ဒါတွေကို အနုစိတ်သေချာလုပ်ထားတာ။ သာမာန်သတ္ထုစပ်ရှေးဟောင်းပစ္စည်းတွေနဲ့ ယှဉ်လို့တောင်မရဘူး။" ကျန်းကျုံးယွီ ဂုဏ်ယူစွာဖြင့်ပြောလိုက်သည်။၊
"မင်းဘယ်ကဝယ်လာတာလဲ?" ဆရာကြီးကျန်းက မေးလိုက်တော့ ကျန်းကျုံးယွီက
"ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်က"
ဆရာကြီးလင် အလွန်စိတ်ဆိုးသွားကာ မကျေမနပ်ဖြင့်၊
"မင်းတို့ ရှေးဟောင်းလမ်းကိုသွားတာ ငါ့ကိုဘာလို့မပြောကြတာလဲ? ပြီးတော့ အခုမှလာပြီး ငါ့ရှေ့ကြွားနေကြသေးတယ်! မင်းတို့ဘယ်လိုတောင်လုပ်ရပ်ကြတာလဲ?"
"မင်းလဲ တနေ့ညတုန်းက ကျောက်မန်ဖူရဲ့ လျိုရှန်းဖူကိုရတုန်းက ဒီလိုပဲ လုပ်ခဲ့တာလေ!" ဆရာကြီးဖူကလဲ မကျေမနပ်ပြန်ပြောတော့သည်။ ဆရာကြီးလင် ထိုညဖုန်းဆက်ကာ လှမ်းခေါ်ခဲ့သောကြောင့် ညခင်းအိပ်လို့ပင်မရခဲ့ပေ။ ဆရာကြီးလင်သာ နောက်နေ့ နေ့အချိန်တွင်မှပြောခဲ့လျှင် အခုလို အပြေးအလွှားပြန်လာကြွားလိမ့်မည်မဟုတ်ပေ။
ဆရာကြီးလင် မည်သို့ပြန်ခံပြောရမှန်းပင်မသိဖြစ်သွားလေသည်။
"ဟ-ဟ၊" ဆရာကြီးရှုရယ်မောလိုက်ကာ၊
"အဖိုးကြီးလင်၊ ငါတို့မင်းကိုမမေ့ပါဘူး။ တကယ်တော့ ရှန်းယွင်ရှေးဟောင်းဆိုင်မှာ ပိုင်ရှင်အသစ်ဖြစ်သွားပြီဆိုတဲ့သတင်းကြားလို့ ငါတစ်ယောက်တည်းသွားခဲ့တာ။ မမျှော်လင့်ဘဲ အဲ့ဒီမှာ ရှေးဟောင်းပစ္စည်းကောင်းလေးတွေတွေ့လိုက်တယ်လေ၊ အဖိုးကြီးကျန်းက သတ္ထုစပ်ကိုအရမ်းသဘောကျတဲ့လူဆိုတော့ ငါသူ့ကိုလာကြည့်ဖို့ဆိုပြီးခေါ်လိုက်တာ။ ဒါပေမယ့် ပန်းချီတို့ လက်ရေးမူးတို့ကိုကျမတွေ့တာနဲ့ မင်းကိုမခေါ်နေတော့တာ။ ဒါပေမယ့် ငါ ပိုင်ရှင်အသစ်ကို နောင်နာမည်ကြီးကျော်ကြားတဲ့ ပန်းချီတို့ လက်ရေးမူတို့ရခဲ့ရင် ငါတို့ကိုအသိလှမ်းပေးဖို့ပြောခဲ့ပါတယ်။"
ထိုစကားကိုကြားတော့မှပင် ဆရာကြီးလင်အတော်လေးကျေနပ်သွားရတော့သည်။
ဆရာကြီးရှုကထပ်ပြီး၊
"ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်ရဲ့ ပိုင်ရှင်အသစ်က ငါတို့ကိုတကယ်ကိုအံ့ဩသွားစေတယ်။ ပိုင်ရှင်အသစ်က မိန်းမငယ်လေးတစ်ယောက်ဆိုတာ ငါတို့လဲ သိထားပြီးသွားပေမယ့် ၁၈နှစ်အရွယ်ပဲရှိသေးမယ်လို့တော့ မထင်ထားခဲ့ဘူး! သူကလှတယ်၊ တော်တယ်၊ ရင့်ကျက်ပြီး ချစ်စရာလဲကောင်းသေးတယ်။ ငါတို့ကျင်းချန်အတွက်ကွက်တိပဲ ဒါကြောင့် ငါကျင်းချန်ကို အဲ့ကောင်မလေးကို လိုက်ခိုင်းဖို့စီစဉ်ထားတယ်။"
"မေ့လိုက်တော့! ကောင်မလေးက ၁၈နှစ်ပဲရှိသေးတယ်၊ ကျင်းချန်က သူ့အတွက်အရမ်းအသက်ကြီးလွန်းနေပြီ။ ငါတို့လွေ့နဉ်နဲ့ကမှ ပိုပြီးသင့်တော်တာ။" ကျန်းကျုံးယွီကလဲ ပြန်ပြောလိုက်သည်။
ဆရာကြီးလင်သည်လဲ ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်၏ပိုင်ရှင်အသစ်မှာ ၁၈နှစ်သာရှိသေးကြောင်းသိလိုက်ရ၍ အလွန်အံ့အားသင့်သွားလေသည်။ ဆရာကြီးရှုနှင့် ဆရာကြီးကျန်းတို့ ထိုကောင်မလေးအပေါ်အတော်လေးအထင်ကြီးနေပြီး သူတို့၏မြေးချွေးမအဖြစ်ပါလိုချင်နေကြောင်းတွေ့ရ၍ ဆရာကြီးလင်လဲ ထိုကောင်မလေးအကြောင်းပို၍သိချင်လာမိသည်။ လင်ရှောင်းထင်တွင်က ချစ်သူကောင်မလေးရှိပြီးသွားပြီဖြစ်သော်လည်း လင်ရှောက်မင်သည်တော့အခုချိန်ထိတစ်ကိုယ်တည်းသာဖြစ်သေးလေသည်။
သို့ပေမယ့် သူတို့သုံးဦးလုံးမသိလိုက်သည်က ထိုမိန်းမငယ်လေးသည် လင်ရှောင်းထင်၏ချစ်သူဖြစ်ပြီးနေပြီဆိုသည်ကိုပင်။ လင်ရှောင်းထင်သာ သူတို့၏အကြံကိုသိရှိသွားခဲ့လျှင် သူ ထိုဆရာကြီးသုံးဦးကိုတော့ အပြစ်မပေးရဲပေမည့် ရှုကျင်းချန်နှင့် လင်ရှောက်မင်တွင်တော့ အန္တရာယ်ရှိသွားနိုင်လေသည်။
အချိန်ခနမျှ ငြင်းခုန်ပြီးသွားချိန်တွငတော့ ထိုအကြောင်းကိုရပ်လိုက်တော့သည်။ ဆရာကြီးရှုသည် လျိုရှန်းဖူကို အလွန်တွေ့ဖူးချင်နေပြီဖြစ်သောကြောင့်၊
"အဖိုးကြီးလင်၊ ငါ့ကိုမြန်မြန်လေး ကျောက်မန်ဖူရဲ့ လျိုရှန်းဖူကိုပြဦး!" အခုလိုမျိုးလျိုရှန်းဖူကိုတွေ့ခွင့်ရနိုင်သည့်အခွင့်ကောင်းမျိုးကို သူလက်လွှတ်မခံလိုပေ။
ဆရာကြီးရှု လျိုရှန်းဖူအကြောင်းပြောလိုက်သည်နှင့် ဆရာကြီးလင် တစ်ဖန်ပြန်လည်ဂုဏ်ယူနေသည့်အနေအထားဖြစ်သွားကာ သူ့အိမ်ဖော်တစ်ဦးကို ထုတ်ယူလာခဲ့ရန်ပြောလိုက်သည်။
"ငါမင်းတို့ကိုတော့ ပွင့်ပွင့်လင်းလင်းပဲပြောပြမယ်။ တကယ်တော့ လျိုရှန်းဖူက ရှောင်းထင်ဆီကရတဲ့လက်ဆောင်မဟုတ်ဘူး။" ဆရာကြီးလင် လျှို့ဝှက်ချက်ကြီးတစ်ခုကိုပြောနေရသည့်အသံဖြင့်ပြောလိုက်သည်။
"ဒါဆို မင်းကိုဘယ်သူကပေးတာလဲ?" ဆရာကြီးရှုနှင့် ဆရာကြီးကျန်းလဲ အလွန်သိချင်သွားကြလေသည်။
"ရှောင်းထင်ရဲ့ ကောင်မလေး။" ဆရာကြီးလင် ဂုဏ်ယူစွာဖြင့်ပြန်ဖြေလိုက်ပေသည်။
***
အခန်း ၃၄၄
ချီကျီယွဲ့ နှင့် ထန်ယရှင်းကို နောက်တစ်ကြိမ်တွေ့ခြင်း
"ဘာ?" ဆရာကြီးရှုရော ဆရာကြီးပါ အလွန်အံ့အားသင့်သွားလေသည်။
"ရှောင်းထင် ကောင်မလေးရနေပြီလား?"
"ဟုတ်တယ်!" ဆရာကြီးလင် အတော်လေးကိုပျော်ရွှင်နေလေသည်။ သူအမြဲလိုလို လင်ရှောင်းထင်၏အိမ်ထောင်ရေးအတွက် စိုးရိမ်ပူပန်နေခဲ့ရပေသည်၊ အခုလို လင်ရှောင်းထင် ချစ်သူထားချင်စိတ်ရှိသွားတော့မှပင် စိတ်အေးသွားခဲ့ရလေသည်။
"ဝိုး! တကယ့်ကိုအံ့ဩစရာပဲ! ကောင်မလေးအကြောင်းပြောပါဦး! ဘယ်လိုမိန်းကလေးကများ ရှောင်းထင်ရဲ့နှလုံးသားကိုအရယူနိုင်သွားလဲသိချင်လို့ပါ။" ကျန်းကျုံးယွီချက်ချင်းပင် မေးမြန်းလိုက်သည်။
"ငါလဲ သူ့ကိုမတွေ့ဖူးသေးဘူး! ရှောင်းထင်က ကောင်မလေးအကြောင်းကိုလဲ စုံစမ်းခွင့်မပြုထားဘူး။" ဆရာကြီးလင် ဝမ်းနည်းစွာဖြင့် ပြန်ဖြေလိုက်သည်။
အမ်.... ဆရာကြီးရှုရော ဆရာကြီးလင်ပါ ထပ်မံအံ့ဩသွားကြရပြန်ပေမယ့် လင်ရှောင်းထင်သည် သူ၏ကိုယ်ရေးကိုယ်တာကိစ္စများကို အခြားသူများဝင်ရောက်စွက်ဖက်သည်ကို ဘယ်တုန်းကမှမကြိုက်ခြင်းကိုတော့ သူတို့လဲ သိထားပြီးဖြစ်လေသည်။
"ဟ-ဟ၊ အဖိုးကြီးလင် မင်းဝမ်းနည်းနေတာလား?" ဆရာကြီးလင်မှာ မနည်းအားတင်းကာပြုံးနေရချိန်တွင်တော့ ဆရာကြီးရှုနှင့် ဆရာကြီးကျန်းတို့ ဟားတိုက်ရယ်မောနေကြလေသည်။ လင်ရှောင်းထင်အခုလို သူများရှေ့တွင် မျက်နှာပျက်အောင်လုပ်သည့်အပေါ်ကိုလဲ အပြစ်တင်လို့နေလေသည်။
ကုနင်းသည် မြို့တော်တွင် ၆ရက်နေခဲ့ပြီးဖြစ်သောကြောင့် သူမပြန်ရန်အချိန်ကျရောက်လို့လာခဲ့ပြီဖြစ်ပေသည်။
"ရှောင်းထင်၊ ကျွန်မ မနက်ဖြန်ကျရင်အိမ်ပြန်တော့မယ်။" နေ့လည်စာစားနေချိန်အတွင်းမှာပဲ ကုနင်း လင်ရှောင်းထင်ကိုအသိပေးလိုက်ပေသည်။ ထိုစကားကိုကြားသည်နှင့် လင်ရှောင်းထင်ဝမ်းနည်းမိသွားကာ တိတ်ဆိတ်လို့သွားလေသည်။ ကုနင်း မြို့တော်တွင် အများဆုံး၁ပတ်မျှသာနေမည်ဖြစ်ကြောင်း ကြိုသိထားပြီးဖြစ်သော်လည်း သူမနှင့် မခွဲခွဲချင်သေးပေ။ အဓိကအချက်သည်က သူသည်လဲ သူမနှင့်အဖော်လိုက်သွားပေး၍မရနိုင်ပေ။
"ရှင်ဒီရက်တွေအတွင်း ကျွန်မကုမ္ပဏီကိစ္စတွေပဲလိုက်လုပ်ပေးနေရတာ ရှင်လဲ ကိုယ့်အလုပ်ကိုပြန်သွားသင့်နေပြီ။"
ကုနင်းသည်လဲ လင်ရှောင်းထင်နှင့်မခွဲခွာချင်သော်လည်း သူမတို့၏ဆက်ဆံရေးလိုပဲ လုပ်ငန်းတာဝန်သည်လဲ အရေးကြီးသည်ဟုထင်မိသောကြောင့် အခုချိန်တွင်တော့ လင်ရှောင်းထင် သူ၏အလုပ်သို့ပြန်ရန်သင့်ပြီဟု ယုံကြည်လေသည်။
"ကောင်းပါပြီ၊" လင်ရှောင်းထင်ပြန်ဖြေလိုက်ကာ၊
"မနက်ဖြန်ဘယ်အချိန်လေယာဉ်နဲ့လဲ?"
"မနက်ပိုင်း၊ အရင်ဆုံးမြို့တော်Gကိုသွားပြီး လုပ်စရာလေးဝင်ရှိသေးတယ်။"
ကုနင်းမြို့တော်Gသို့သွားမည်ကိုကြားလိုက်ရတော့ လင်ရှောင်းထင်မကျေမနပ်ဖြစ်သွားတော့သည်။ အထူးသဖြင့် ကုနင်းက ထိုမြို့တွင်လုပ်စရာကိစ္စရှိသည်ဟုပြောလိုက်သောကြောင့် သူမ စစ်ထူယဲ့နှင့်တွေ့မည်ကိုစိုးရိမ်လို့သွားသည်။
လင်ရှောင်းထင်စိတ်ထဲဘာတွေတွေးနေလဲဆိုသည်ကို ကုနင်းနားလည်ပေမည့် လင်ရှောင်းထင်သဘောမကျရုံဖြင့် ကုနင်းဘက်က စစ်ထူယဲ့နှင့်မတွေ့ပါဘူးဟူ၍တော့ ကတိမပေးနိုင်ပေ။ မြို့တော်Gတွင် စစ်ထူယဲ့နှင့်တွေ့ဖြစ်မတွေ့ဖြစ်ကပင်မသေချာပေ။ အခြေအနေပေါ်သာမူတည်လေသည်။ ထို့အပြင် စစ်ထူယဲ့သူမကို ကြိုက်နေရုံဖြင့် သူမတို့၏ဆက်ဆံရေးကိုဖြတ်တောက်ပစ်လိမ့်မည်မဟုတ်ပေ။ သူတို့က သူငယ်ချင်းများသာဖြစ်ကြပြီး သူမအနေနှင့်လဲ ချင်ဂိုဏ်၏ထောက်ပံ့မှုကိုလိုအပ်သေးလေသည်။ သို့ပေမယ့် စစ်ထူယဲ့ကိုတော့ သူမကို ပိုးပန်းဖို့အခွင့်အရေးပေးမည်မဟုတ်ပေ။ စစ်ထူယဲ့ သူမကို သူ့ခံစားချက်များတရားဝင်ဖွင့်ပြောလာသည်နှင့် သူမဘက်ကချက်ချင်းငြင်းမည်ဖြစ်သည်။ သူမငြင်းပြီးလျှင်တောင် စစ်ထူယဲ့ဘက်က သူမနှင့်သူငယ်ချင်းဆက်ဖြစ်ချင်သေးသည်ဆိုလျှင်လဲ ထိုအတိုင်းသာထားမည်ဖြစ်သည်။ အကယ်၍ သူမ၏ငြင်းဆိုမှုကြောင့် သူမကိုမုန်းတီးကာ ရန်ရှာမည်ဆိုလျှင်လဲ သူမဘက်က ငြိမ်ခံနေမည်မဟုတ်ဘဲ ပြန်လည်တိုက်ခိုက်သွားမည်ဖြစ်သည်။
စားသောက်ပြီးသွားချိန်တွင်တော့ ကုနင်းနှင့်လင်ရှောင်းထင်တို့ ရုံးခန်းဆောက်နေသည့်အဆောက်အဦးဆီသို့သွားရောက်စစ်ဆေးကြည့်ကာ လင်ရှောင်းထင်အိမ်သို့ပြန်လာခဲ့ကြသည်။
အိမ်သို့ပြန်ရောက်သည်နှင့် လင်ရှောင်းထင် ကုနင်းကို အိပ်ရာထက်သို့ဖိလှဲချကာ ပြင်းပြင်းပြပြနမ်းရှိုက်တော့သည်။ ထိုသို့နမ်းရင်းဖြင့် ကုနင်း၏ခန္ဓာကိုယ်တစ်လျှောက်ထိတွေ့ရင်းဖြင့် လင်ရှောင်းထင်စိတ်တို့ထကြွလာတော့သည်။ ထိုအချိန်တွင် ကုနင်းချက်ချင်းပင် သူ့ကိုရပ်ခိုင်းလိုက်ကာ၊
"ရှောင်းထင်၊ ကျွန်မအခုထိနေမကောင်းသေးဘူး။"
ကုနင်း၏စကားက လင်ရှောင်းထင်ကို ခေါင်းမှခြေဖျားသို့တိုင်အောင် ရေခဲရေတစ်ပုံးဖြင့်လောင်းချခံလိုက်ရသလိုခံစားလိုက်ပေမည့် သူ့စိတ်၏လောင်ကျွမ်းနေမှုသည်တော့ မချုပ်ငြိမ်းနိုင်သေးပေ။ ဟုတ်တာပေါ့၊ လင်ရှောင်းထင်အနေနှင့် ကုနင်းကို ထိခိုက်နာကျင်အောင်မလုပ်လိုပေ၊ သို့ပေမယ့် ရေချိုးခန်းထဲသွားကာ ရေအေးအေးဖြင့်လဲ ရေမချိုးလိုက်ချင်ပေ။ ထို့ကြောင့် ကုနင်းကို အခြားသောနည်းလမ်းတစ်မျိုးဖြင့်အပြစ်ပေးလိုက်တော့သည်။
ကုနင်းမှာ လင်ရှောင်းထင်ပြောလာသည့် အပြစ်ပေးနည်းလမ်းကြောင့် မျက်နှာတစ်ပြင်လုံးနီရဲသွားရတော့သည်။ လင်ရှောင်းထင် သူမကို စချင်၍တမင်လုပ်နေကြောင်းသိသော်လည်း လင်ရှောင်းထင်နေသာထိုင်သာရှိအောင် သူမကိုယ်တိုင်ကလုပ်ပေးချင်သောကြောင့် ထိုနည်းလမ်းကိုမငြင်းဆန်ခဲ့ပေ။
.....
ကျန်းကျုံးယွီ ကျန်းအိမ်တော်သို့ပြန်ရောက်ပြီးနောက်တွင်တော့ ညစာစားနေရင်းဖြင့် လင်ရှောင်းထင် ချစ်သူရသွားပြီဖြစ်သည့်အကြောင်းကို သူ့မိသားစုအားပြန်ပြောပြနေလေသည်။ ထိုခနတွင်ပဲ ကျန်းကျန့်ဟွာက၊
"အိုး၊ ဒါဆို ဟောက်ယန်ကိုကယ်ခဲ့တဲ့တစ်ယောက်က သူများလား? သေချာတယ်။ အဲ့မိန်းကလေးက လင်ရှောင်းထင်ရဲ့ကောင်မလေးပဲဖြစ်ရမယ်။"
"ဘာ? ဟောက်ရန်ကိုကယ်ခဲ့တဲ့မိန်းကလေးက ရှောင်းထင်ရဲ့ကောင်မလေးလား?" ထိုစကားကိုကြားသည်နှင့် ကျန်းမိသားစုဝင်အားလုံး အလွန်အံ့အားသင့်သွားကြသည်။
"မင်းနေသချာရဲ့လား?" ကျန်းကျုံးယွီကမေးလိုက်သည်။
"ရာနှုန်းပြည့်တော့မသေချာပေမယ့် ရှောင်းထင်က အဲ့ဒီ့မိန်းကလေးကို အရမ်းဂရုစိုက်နေတာ။ ပြီးတော့ ဆေးရုံမှာတုန်းက တစ်လျှောက်လုံးကုတင်ဘေးမှာနေပြီး အဲ့ဒီ့မိန်းကလေးရဲ့လက်ကို ကိုင်ထားပေးတာ။" ကျန်းကျန့်ဟွာ ပြောပြလိုက်သည်။
"ဒါဆို အမှန်ဖြစ်လောက်တယ်။ ရှောင်းထင်က ဘယ်တုန်းကမှ မိန်းကလေးတစ်ယောက်နဲ့နီးနီးကပ်ကပ်နေတာမဟုတ်ဘူး။ ဟောင်ရန်ကို ရှောင်းထင်ရဲ့ကောင်မလေးက ကယ်ခဲ့တာဆိုတော့ တကယ်ကိုအံ့ဩစရာပဲ။ ကောင်မလေးရဲ့ဖြတ်လတ်မှုအရတော့သာမာန်မဟုတ်လောက်ဘူး။" ကျန်းကျုံးယွီ အခုချိန်တွင်တော့ လင်ရှောင်းထင်၏ချစ်သူကောင်မလေးအကြောင်း အလွန်သိချင်သွားပေပြီ။ ယနေ့ လင်ဝေ့ဟွာထိုအကြောင်းမပြောပုံအရ သူလဲမသိထားလောက်သေးပေ။
......
ည၇နာရီလောက်တွင်တော့ လင်ရှောင်းထင်နှင့် ကုနင်းတို့ ညစာကိုအပြင်ထွက်စားကြလေသည်။
လင်ရှောင်းထင် ကုနင်းကို အနောက်တိုင်းစားသောက်ဆိုင်တစ်ဆိုင်သို့ခေါ်သွားကာ သီးသန့်ခန်းတစ်ခုငှားလိုက်လေသည်။
သူတို့၂ဦး အခန်းထဲရောက်ပြီး တံခါးမပိတ်ရသေးခင်တွင် အပြင်ဘက်မှ ရင်းနှီးနေသည့်အသံများကို ကုနင်းကြားလိုက်ရသည်။ သူမအံ့ဩသွားပြီး လှည့်ကြည့်လိုက်ချိန်တွင်တော့ မြင်လိုက်ရသူ၂ဦးမှာ မမျှော်လင့်ထားစွာပဲ သူမနှင့်အလွန်ရင်းနှီးနေသူများဖြစ်နေသည်။ ထို့နောက်တွင်တော့ သတိမထားလိုက်မိချိန်တွင်ပဲ ကုနင်း၏မျက်နှာသည် အေးစက်သွားတော့သည်။
ချီကျီယွဲ့ နှင့် ထန်ယရှင်း၊ ဘယ်လိုတောင်တိုက်ဆိုင်ရတာလဲ! တကယ်တော့ ယခုအချိန်တွင် ထိုနှစ်ယောက်ကိုဆန့်ကျင်တိုက်ခိုက်ရန် သူမအစီအစဉ်မချထားသေးသောကြောင့် သူတို့နှစ်ဦးကို အာရုံမစိုက်ဖို့လုပ်ထားပေမယ့် ဒီနေ့လို မတော်တဆတွေ့ဆုံလာမှတော့ သူမဘက်က ဘာမှမလုပ်ဘဲ အလွတ်ပေးလိုက်လျှင် အရှက်ရစရာပင်။
လင်ရှောင်းထင်သည်လဲ ကုနင်း၏ခံစားချက်စပြောင်းလဲသွားကတည်းက သတိထားမိကာ သူမ၏အကြည့်အတိုင်း လိုက်ကြည့်လိုက်သည်။ ထန်ယရှင်းတို့၏နောက်ကျော်ကိုသာ လင်ရှောင်းထင်မြင်လိုက်သော်ငြား ထိုနှစ်ဦးသည် ရှုပိုင်ဟုန်၏ဒဏ်ရာရခြင်္သေ့အတွက် သူနှင့်ယှဉ်ပြိုင်လေလံဆွဲခဲ့သည့်လူမှန်းတန်းသိလိုက်လေသည်။ ကုနင်း အမြဲလိုလို ထိုနှစ်ဦးအပေါ် အမုန်းအာဏာတများရှိနေသည်ကို လင်ရှောင်းထင်သတိပြမိလေသည်။ သူတို့ကြားတွင် အတော်ကြီးမားသည့် ရန်ငြှိုးရန်စရှိလိမ့်မည်ဟု လင်ရှောင်းထင်တွေးမိသော်လည်း အသေးစိတ်အကြောင်းအရာကိုတော့ဖြင့်မသိပေ။
ကုနင်းမြန်မြန်ဆန်ဆန်ပင် ပုံမှန်အနေအထားသို့ပြန်ပြောင်းသွားပေမယ့် ကျောက်စိမ်းမျက်ဝန်းဖြင့်တော့ ထို၂ဦးကိုလိုက်ကြည့်နေစဲဖြစ်သည်။ တိုက်ဆိုင်စွာဖြင့်ပင် ချီကျီယွဲ့နှင့် ထန်ယရှင်းတို့မှာ သူမတို့အခန်း၏ဘေးချင်းကပ်အခန်းတွင်ထိုင်လိုက်ကြလေသည်။
ကုနင်း သူမအကြည့်များကိုပြန်ရုတ်သိမ်းလိုက်ကာ သူတို့ကိုမည်သို့သောပုံစံမျိုးဖြင့် ပညာပေးရမလဲတွေးတောနေလိုက်သည်။
တကယ်တော့ အခုချိန်တွင် ကုနင်းအတွက် သူတို့၂ဦးကိုသတ်လိုက်ရန်မှာ အလွန်လွယ်ကူသည့်ကိစ္စဖြစ်သော်လည်း လွယ်လွယ်နှင့်သေခိုင်းလိုက်ဖို့ ကုနင်းတွင်ဆန္ဒမရှိပေ။ သူတို့သည် ကြွယ်ဝမှုနှင့် ကျော်ကြားမှုကို အလွန်ဂရုစိုက်ကြသောကြောင့် သူတို့ကို မသေခိုင်းခင် တစ်ဆင့်ပြီးတစ်ဆင့် ကြွယ်ဝချမ်းသာမှုများနှင့် ကျော်ကြားမှုတို့ကို ဖျက်ဆီးပစ်မည်ဖြစ်သည်။
***
အခန်း ၃၄၅
ထန်ယရှင်းကို သင်ခန်းစာပေးခြင်း
ကုနင်းအနေဖြင့် ထန်ယရှင်းနှင့်ချီကျီယွဲ့ကို လက်စားချေရာတွင် ကိုယ့်ကိုကိုယ်ထိခိုက်စေရန်လဲမဖြစ်ပေ။ အကြောင်းသည်တော့ ယခုအချိန်တွင် သူမ၌ မိသားစုရော ချစ်သူပါရှိနေပြီဖြစ်၍ပင်။
ကုနင်း ကျောက်စိမ်းမျက်ဝန်းဖြင့် တစ်ဖက်အခန်းသို့ဆက်တိုက်ကြည့်နေလိုက်သည်။
မကြာခင်တွင်ပဲ ထန်ယရှင်း အခန်းထဲမှထွက်သွားကာ ကုနင်းလိုက်ကြည့်လိုက်ချိန်တွင်တော့ အမျိုးသမီးသန့်စင်ခန်းအတွင်းသို့ဝင်သွားကြောင်းသိလိုက်ရလေသည်။ ထိုအရာက အခွင့်ကောင်းတစ်ခုဖြစ်ကြောင်း ကုနင်းခံစားလိုက်ရသောကြောင့် သူမလဲ အမျိုးသမီးသန့်စင်ခန်းသို့လိုက်သွားခဲ့သည်။
ကုနင်း သန့်စင်ခန်းထဲသို့ရောက်ချိန်တွင်တော့ အနားတစ်ဝိုက်တွင် မည်သူမျှရှိမနေခြေ။ ကုနင်းကျောက်စိမ်းမျက်ဝန်းကိုအသုံးပြုကာ ထန်ယရှင်းရှိနေသည့်အခန်းကိုရှာဖွေလိုက်ပြီးနောက် သန့်ရှင်းရေးလုပ်သည့်အဆီဘူးကိုဖွင့်ကာ ထိုအခန်းရှေ့၏ကြမ်းပြင်ထက်တွင် လောင်းချလိုက်လေသည်။ ထို့နောက် ကုနင်း အခြားသောအခန်းတစ်ခုတွင်ဝင်ရောက်ပုန်းခိုလိုက်သည်။
မကြာခင်တွင်ပဲ ထန်ယရှင်းတံခါးကိုတွန်းဖွင့်ကာ သန့်ရှင်းရေးလုပ်သည့်အဆီပေါ်သို့ခြေချမိသွားသည်ဆိုလျှင်ပင် နောက်ပြန်ချေချော်ကျကာ အသံကျယ်ကြီးအော်မိသွားတော့သည်။
ထိုကျယ်လောင်သည့်အသံနှင့်အတူ ထန်ယရှင်းတစ်ယောက် အိမ်သာခွက်နှင့်တိုက်မိကာ အထဲမှရေများက သူမနောက်ကျောပြင်တစ်ခုလုံးကို စိုရွှဲသွားစေတော့သည်။
အသံကျယ်ကြီးက အခြားအိမ်သာခန်းများမှ အမျိုးသမီးများ၏အာရုံကိုလဲဆွဲဆောင်သွားကာ ကုနင်းအပါအဝင်အားလုံး အပြင်သို့ချက်ချင်းထွက်လာကြတော့သည်။
"မိန်းကလေး၊ ရှင်အဆင်ပြေရဲ့လား?" ကုနင်းချက်ချင်းပင် ရှေ့သို့တက်လိုက်ကာ၊
"ကျွန်မကူညီပေးပါရစေ၊ အား!" သို့ပေမယ့် ကုနင်း ထိုအခန်းတံခါးနားသို့သွားလိုက်သည်ဆိုလျှင်ပဲ သူမပါခြေချော်သွားကာ ထန်ယရှင်းအပေါ်သို့ အော်သံကြီးတစ်ခုနှင့်အတူ ပြုတ်ကျသွားတော့သည်။ ထန်ယရှင်းထပ်မံနာကျင်သွားရပြန်ကာ အလွန်နာကျင်လွန်း၍ စကားတစ်ခွန်းတောင်မှပြန်မပြောနိုင်တော့ပေ။
"အိုး၊ ကျွန်မတောင်းပန်ပါတယ်။ တမင်လုပ်တာမဟုတ်ပါဘူး၊ မိန်းကလေးကို ကူညီပေးချင်ရုံပါ။" ကုနင်း အလွန်ထိတ်လန့်သွားသလိုဟန်ဆောင်လိုက်ကာ ချက်ချင်းထရပ်ပြီး တောင်းပန်စကားဆိုလိုက်သည်။
တစ်ချိန်တည်းတွင်ပဲ ထန်ယရှင်းကိုနာကျင်အောင်လုပ်ချင်၍ သူမပါ အိမ်သာဘက်သို့ချော်လဲကျပေးလိုက်ရသောကြောင့် ကုနင်း ရွံရှာသွားမိသည်။ ထန်ယရှင်းသူမအောက်တွင်ခံထားစဲဖြစ်ပေမယ့်လဲ ရွံ့ရှာနေမိတုန်းပင်။ သို့ပေမယ့် ယခုအချိန်တွင် ထန်ယရှင်းလောက်တော့ မည်သူမျှ အခြေနေဆိုးနေမည်မဟုတ်ပေ။ ပြင်းပြစွာသည့်နာကျင်မှု, စက်ဆုပ်ရွံ့ရှာမှု နှင့် ဒေါထွက်မှုတို့ ထန်ယရှင်းတွင်ဖြစ်တည်လာခဲ့ပေမယ့် သူမကိုယ်တိုင်ထဖို့ရာပင်မလုပ်နိုင်ခဲ့ပေ။
ထန်ယရှင်း၏အသံကျယ်ကျယ်က အမျိုးသမီးသန့်စင်ခန်းအနားရှိ သီးသန့်ခန်းများမှလူများ၏အာရုံကို ဆွဲဆောင်သွားခဲ့ပြီး အတော်များများက အခြေအနေကိုကြည့်ရှုရန်ရောက်ရှိလို့လာလေသည်။
လင်ရှောင်းထင်နှင့် ချီကျီယွဲ့သည်လဲ ထွက်လာခဲ့သည်။
လင်ရှောင်းထင်သည်တော့ ဘာတွေဖြစ်နေလဲဆိုသည်ကို သိချင်ရုံသာဖြစ်ပေမည့် ချီကျီယွဲ့သည်တော့ ထန်ယရှင်း၏အသံကိုမှတ်မိနေလေသည်။
ထိုလူများ အမျိုးသမီးသန့်စင်ခန်းသို့ တစ်ယောက်မှမရောက်သေးခင်မှာပဲ သန့်ရှင်းရေးသမားရောက်လာခဲ့ကာ ကြမ်းပြင်ပေါ်ရှိ ဆီများကို ရှောင်ဖယ်၍ ထန်ယရှင်းကို ထူမပေးလိုက်သည်။
"နင်..." ထန်ယရှင်း သူမခြေထောက်ပေါ်သူမပြန်လည်ရပ်နိုင်သွားသည်နှင့် ကုနင်းကို စိုက်ကြည့်လိုက်ပေမယ့် နာကျင်လွန်း၍ စကားကိုဆက်မပြောနိုင်ခဲ့ပေ။
ကုနင်း အပြစ်ကင်းသူတစ်ဦးကဲ့သို့ သူမခေါင်းကိုငုံ့ထားခဲ့ပေမယ့် တကယ်တမ်းတွင်တော့ ကြိတ်ရယ်နေခဲ့ခြင်းဖြစ်လေသည်။
အသံကျယ်ကြီးမှာ အမျိုးသမီးသန့်စင်ခန်းထဲကဖြစ်မှန်း လင်ရှောင်းထင်သိသွားသည်နှင့် ကုနင်းလဲ ထိုထဲတွင်ရှိနေခြင်းကြောင့်စိုးရိမ်မိသွားလေသည်။
သို့ပေမယ့် သူသေချာမမေးမြန်းရသေးခင်တွင်ပဲ အမျိုးသမီးတစ်ဦးကို အခြားအမျိုးသမီးနှစ်ဦးမှတွဲကာ သန့်စင်ခန်းထဲမှထွက်လာသည်ကိုမြင်လိုက်ရပြီး ကုနင်းနှင့်အခြားသောအမျိုးသမီးများသည်လဲ နောက်မှလိုက်ပါလာခဲ့သည်။
"ယရှင်း၊ ဘာဖြစ်သွားတာလဲ?" ချီကျီယွဲ့အပြေးကလေး ထန်ယရှင်းကို ကူညီပေးရင်းမေးလိုက်သည်။
သန့်ရှင်းရေးသမားက၊
"ဒီမိန်းကလေး အမျိုးသမီးသန့်စင်ခန်းထဲမှာ ချော်လဲသွားလို့ပါ။"
"လာ ဆေးရုံသွားကြရအောင်။" ချီယီယွဲ့ ထန်ယရှင်းကို ကျောပိုးလိုက်ကာ ချက်ချင်းပင်ထွက်သွားတော့သည်။
ထန်ယရှင်းကို ချီကျီယွဲ့သယ်ပိုးသွားကာ မြန်မြန်ဆန်ဆန်ထွက်သွားသည့် မြင်ကွင်းကို ကုနင်းမြင်လိုက်ရသည်နှင့် သူမ၏မျက်ဝန်းထဲတွင် ကျေနပ်အားရမှုများဖြတ်ပြေးသွားပြီး ထိုအချင်းအရာကို လင်ရှောင်းထင် သေချာမြင်လိုက်ပေသည်။ ထို့နောက် ယခုဖြစ်သွားသည် 'မတော်တဆမှု' ကုနင်းပါဝင်နေလောက်သည်ဟု လင်ရှောင်းထင်ခံစားမိသွားသည်။
အခြားလူများအားလုံး လူစုခွဲသွားကာ ကုနင်းနှင့်လင်ရှောင်းထင်သည်လဲ သီးသန့်ခန်းသို့ပြန်လာခဲ့ကြသည်။ သူတို့နှစ်ဦးလုံးထိုင်ပြီးသည်ဆိုသည်နှင့် လင်ရှောင်းထင်က,
"မင်းလုပ်လိုက်တာလား?"
"ဟုတ်တယ်၊"
ကုနင်း၏အဖြေစကားကိုကြားတော့ လင်ရှောင်းထင်တစ်ခုခုဆက်ပြောချင်နေပေမယ့် ဘာမှထပ်မပြောခဲ့ပေ။ အကြောင်းအရင်းကို လင်ရှောင်းထင်သိချင်နေမိသော်လည်း ထိုအရာက ကိုယ်ရေးကိုယ်တာကိစ္စဖြစ်၍ ကုနင်းကို စိတ်အနှောက်အယှက်မဖြစ်စေလိုပေ။
ကုနင်းလဲ လင်ရှောင်းထင်၏အတွေးကိုနားလည်လေသည်။
"ရှင်တစ်ခုခုမေးချင်နေရင်၊ မေးလိုက်နော်။"
"မင်းတို့နှစ်ယောက်ကြား ဘယ်လိုအမုန်းတရားရှိခဲ့လို့အခုလိုလုပ်တာလဲ? သူတို့ကိုတွေ့လိုက်တိုင်း မင်းပုံစံက အရမ်းမုန်းတီးနေသလိုပဲ။ ကိုယ် မင်းရဲ့ကိုယ်ရေးကိုယ်တာကိစ္စကို ဝင်စွက်ဖက်ချင်လို့မဟုတ်ပေမယ့် စိတ်ပူမိလို့ပါ။"
ရုတ်တရက် ကုနင်း၏ရန်သူကိုပင်မသိလောက်သည်အထိ သူမ၏ကိုယ်ရေးကိုယ်တာကိစ္စများကို အလွန်လေးစားမှုထားမိနေပြီဟု လင်ရှောင်းထင်ခံစားလိုက်ရသည်။ ကုနင်း၏ချစ်သူကောင်လေးအနေနှင့် သူမ၏ မိတ်ဆွေရော ရန်သူကိုပါ သိထားမှသာ သူ့အနေနှင့်သူမကိုကူညီပေးနိုင်မည်ဖြစ်သည်။
"ကျွန်မသူတို့နှစ်ယောက်ကို သေလောက်အောင်မုန်းတယ်။" ကုနင်းစကားစလိုက်ပေမယ့် ဖြစ်ရပ်မှန်တစ်ခုလုံးကိုတော့ လင်ရှောင်းထင်အားပြောပြမည်မဟုတ်ပေ။
"ကျွန်မလို အထက်တန်းကျောင်းသူတစ်ယောက်က အတိုက်အခိုက်အရမ်းတော်နေလို့ ရှင်တွေးမရဖြစ်နေမှန်း ကျွန်မသိပါတယ်။ အခုအကြောင်းရင်းကိုပြောပြမယ်။ ကျွန်မအတိုက်အခိုက်တော်နေတာက ကျွန်မရဲ့နည်းပြကြောင့်ပဲ။ သူ့နာမည်က ထန်အိုက်နင်း။ သူက မြို့တော်က ထန်မိသားစု၏သမီးပဲ။ အစောကရှင်မြင်လိုက်တဲ့အမျိုးသမီးက သူ့ရဲ့သွေးတစ်ဝက်တော်စပ်တဲ့ ညီမ။" ထိုအကြောင်းပြောနေရင်းဖြင့် ကုနင်းဒေါသများသိသိသာသာထွက်ပေါ်လို့လာလေသည်။ သူမ၏အရင်ဘဝမှာဖြစ်ပျက်ခဲ့သည့်အကြောင်းများကို စဉ်းစားလိုက်မိသည်နှင့် သူမစိတ်ထဲတွင် ဒေါသတရားများပြည့်နှက်လာခဲ့သည်။
"လွန်ခဲ့တဲ့ ၁၀နှစ်က ထန်ယရှင်းအမေပေါ်လာခဲ့လို့ ကျွန်မရဲ့နည်းပြ ထန်အိုက်နင်းရဲ့အမေ ကားတိုက်မှုဖြစ်ပြီး ကိုမာဝင်သွားခဲ့တယ်။ အဲ့နောက်တော့ ထန်ယရှင်းနဲ့ သူ့အမေက နည်းပြထန်အိုက်နင်းနဲ့ သူ့အမေနေရာကို ယူပြီး ထန်မိသားစုထဲဝင်လာခဲ့တယ်။ ကျွန်မရဲ့သနားစရာကောင်းတဲ့နည်းပြက သူမအဖေရဲ့စွန့်ပစ်မှုကိုခံရရုံတင်မကဘဲ အနက်ရောင်သတ်ဖြတ်သူအဖွဲ့ရဲ့စည်းကမ်းတင်းတင်းကြပ်ကြပ်နဲ့လေ့ကျင့်ပေးတာကိုပါခံခဲ့ရတယ်။ ပြီးတော့ ထန်မိသားစုရဲ့ မကောင်းမှုတွေအားလုံးကိုလုပ်ပေးရတယ်။ "
"သူကတကယ်တမ်း အဲ့လိုအလုပ်မျိုးတွေမလုပ်ချင်ပေမယ့် အမေဖြစ်သူက သူ့အဖေလက်ထဲမှာရှိနေတော့ သူသာ အဖေရဲ့အမိန့်ကို မနာခံရင် သူ့အမေကိုသတ်ပစ်မှာမို့လို့ပဲ။ နည်းပြကမကောင်းတာတွေအများကြီးလုပ်ခဲ့ပေမယ့် ကျွန်မကိုတော့ကယ်ခဲ့ပြီး တိုက်ခိုက်နည်းကိုပါသင်ကြားပေးခဲ့တယ်။ ကျွန်မအမြင်မှာတော့ နည်းပြက ကျွန်မမိသားစုဝင်ပဲ၊ ဒါပေမယ့် နည်းပြက သူရဲ့သွေးတစ်ဝက်နှောတဲ့ညီမသတ်တာကိုခံခဲ့ရတယ်။ ဒါကြောင့် ကျွန်မနည်းပြအတွက် ပြန်ပြီးလက်စားချေမှကိုဖြစ်မယ်။"
ကုနင်းငိုချင်လာကာ ဒေါသထွက်လွန်း၍ တစ်ကိုယ်လုံးတုန်ရီနေပြီး သူမ၏မျက်ဝန်းထဲတွင်လဲ ဝမ်းနည်းမှုများ အလွန်တရာမုန်းတီးနေမှုများကိုမြင်နေရသည်။
လင်ရှောင်းထင် ကုနင်းအနားကို ရွှေ့လာကာ သူမကိုဖက်ပေးထားပြီး,
"မစိုးရိမ်ပါနဲ့၊ ကိုယ်ကူညီပေးမယ်။"
"မဟုတ်ဘူး၊ ကျွန်မကိုယ်တိုင်ပဲလုပ်မှာ။" ကုနင်းဆုံးဖြတ်ချက်ပြတ်သားစွာဖြင့်ပြန်ပြောလိုက်သည်။
"ကောင်းပြီလေ၊ ဒါပေမယ့် မင်းဘာကိုပဲလိုအပ်ပါစေ ကိုယ့်ကိုပြောပါ။" ကုနင်း သူမ၏ဒေါသများပြေပျောက်နိုင်ရန်အတွက် ကိုယ်တိုင်လက်စားချေမှရမည်ဖြစ်ကြောင်း လင်ရှောင်းထင်လဲ နားလည်လေသည်။
မကြာခင်တွင်ပဲ ကုနင်းစိတ်အခြေအနေပြန်လည်တည်ငြိမ်သွားတော့သည်။ ညစာစားပြီးချိန်တွင်တော့ အိမ်မပြန်ခင် ရုပ်ရှင်အတူသွားကြည့်လိုက်သေးလေသည်။
ထန်ယရှင်းသည်တော့ နာကျင်မှုကနေ ပြန်လည်သက်သာလာပြီဖြစ်ကာ ပုံမှန်အတိုင်းစကားပြန်ပြောသွားနိုင်ပြီဖြစ်သည်။ သူမ စားသောက်ဆိုင်ကို အမျိုးသမီးသန့်စင်ခန်းထဲတွင်ဆီများရှိနေခြင်းကြောင့်တိုင်ကြားရန် ဒေါသတကြီးအော်ဟစ်နေပေမည့် ချီကျီယွဲ့ကတားလိုက်ပေသည်။
သူတို့သည် စားသောက်ဆိုင်မှထွက်လာကြပြီးပြီဖြစ်သလို ဆီများကိုလဲ သန့်ရှင်းပြီးသွားလောက်ပြီဖြစ်သည်။ သက်သေမရှိဘဲနှင့်တော့ တိုင်ကြား၍မရနိုင်ပေ။ အကယ်၍ တိုင်ကြားလို့ရသွားလျှင်ပင် အဓိပ္ပါယ်မရှိသည့် တောင်းပန်စကားလောက်သာအများဆုံးကြားရမည်ဖြစ်သည်။
***
စာစဉ် ၂၃ပြီး၏။