← Chapters

အခန်း (၃၄၆-၃၅၀)

Vol. 24 Ch. 346-350

အခန်း (၃၄၆-၃၅၀)

Vol. 24 Ch. 346-350

အခန်း ၃၄၆

ရန်ပွဲ

နောက်တစ်နေ့တွင်တော့ ကုနင်းမနက်၉နာရီလေယာဉ်မှီစေရန် မနက်၇နာရီကတည်းကထကာ လင်ရှောင်းထင်သည်လဲ သူမအတွက် မနက်စာအဆင်သင့်ပြင်ပေးထားလေသည်။ မနက်စာစားပြီးသွားချိန်တွင်လဲ လေဆိပ်သို့ကိုယ်တိုင်လိုက်ပို့ပေးခဲ့သည်။

သူတို့နှစ်ဦးသားခွဲခွာခါနီးအချိန်တွင်တော့ လင်ရှောင်းထင်က ကုနင်းကို သော့လေးတစ်ချောင်းပေးလာကာ၊

"ဒါကိုယ်ရဲ့အိမ်သော့ပဲ။ ကိုယ်ကတစ်ချိန်လုံးမြို့တော်မှာမရှိနေပေမယ့် မင်းနောင်ဒီကိုလာရင် စိတ်ကြိုက်နေလို့ရတယ်။"

လင်ရှောင်းထင်က ကုနင်းကိုအိမ်သော့ပေးထားချင်နေလိုခြင်းဖြစ်ကာ ကုနင်းဘက်ကလဲ နှစ်ခါတွေးမနေဘဲယူလိုက်လေသည်။ အခုလို အဆင့်မြင့်အိမ်ရာတစ်ခုတွင် အလကားနေရမည့်အခွင့်အရေးကို သူမအနေဖြင့်ငြင်းစရာအကြောင်းမရှိပေ။ သို့ပေမယ့် သူမမြို့တော်တွင် တက္ကသိုလ်လာတက်သည့်အချိန်တွင်တော့ သူမပိုင်ဆိုင်သည့်အရာဟု အစစ်အမှန်ခံစားရစေရန်အတွက် ကိုယ်ပိုင်အိမ်တစ်လုံးဝယ်ယူမည်ဖြစ်သည်။

လင်ရှောင်းထင်သည်လဲ အစက ကုနင်းသော့ကိုမယူဘဲငြင်းလိုက်မည်ကို စိုးရိမ်နေပေမည့် အခုတော့ဖြင့် စိတ်အေးကာ ပျော်ရွှင်သွားရသည်။

"ကျွန်မသွားတော့မယ်။" ကုနင်း မခွဲခွာချင်စိတ်အပြည့်ဖြင့် လင်ရှောင်းထင်ကိုနှုတ်ဆက်လိုက်လေသည်။

"နှစ်သစ်ကူးပွဲတော်ပြီးလို့ ကိုယ်အားတာနဲ့ မင်းဆီလာလည်မယ်။" လင်ရှောင်းထင်သည်လဲ သူမအနားမှမခွဲခွဲာချင်ပဲ တစ်သက်လုံး သူမကို သူခန္ဓာကိုယ်နှင့်ပင် တွဲချည်ထားပစ်ချင်နေလေသည်။

"ကောင်းပြီလေ။" ကုနင်းပြောပြီးသည်နှင့် ထွက်သွားတော့သည်။ ကုနင်းစောင့်ဆိုင်းခန်းအတွင်းသို့ ကြိုသွားလိုက်ခြင်းသာဖြစ်ပြီး အမှန်တကယ် လေယာဉ်ပေါ်တက်ဖို့ရန်က ၁၀မိနစ်မျှလိုနေသေးလေသည်။ ကုနင်း ခနလောက်တွေးနေလိုက်ပြီးကာမှ ကျိုးကျန်းဟုန်ကို ဖုန်းဆက်ခေါ်လိုက်သည်။ ကျိုးကျန်းဟုန်သည်လဲ ယနေ့အတွက်ထွေထွေထူးထူးလုပ်စရာမရှိလောက်သောကြောင့် ကုနင်း သူမကို Gမြို့လေဆိပ်တွင်လာကြိုပေးရန်ပြောလိုက်လေသည်။ ကျိုးကျန်းဟုန်ဘက်ကလည်း သေချာပေါက် သူမပြောစကားငြင်းဆိုခြင်းမပြုခဲ့ပေ။

ကုနင်းထွက်သွားသည်နှင့် လင်ရှောင်းထင်လဲ သူ့အဖိုးကို ဒဏ်ရာရခြင်္သေ့ပန်းချီကားပေးရန်အတွက် လင်အိမ်တော်သို့ပြန်သွားလိုက်လေသည်။

ဆရာကြီးလင်သည်လဲ ဒဏ်ရာရခြင်္သေ့ပန်းချီကားကိုတွေ့သည်နှင့် ပျော်ရွှင်စွာပြုံးပျော်နေတော့သည်။ သို့ပေမယ့် လင်ရှောင်းထင် မကြာခင်တွင်ပဲ စစ်တပ်သို့ပြန်ရတော့မည့်အကြောင်းကြားလိုက်ရသည်နှင့် မကျေမနပ်ဖြစ်သွားကာ အပြစ်တင်ပြောဆိုတော့သည်။

"မင်းတကယ်ပဲဒီနေရာကို ဟိုတယ်လို့သတ်မှတ်ထားတာလား? အိုး, မဟုတ်သေးပါဘူး။ ဟိုတယ်မှာဆိုရင်တောင် မင်းအနည်းဆုံး နှစ်ရက်လောက်တော့နေဦးမှာ၊ ဒါပေမယ့် မင်းမြို့တော်ကိုပြန်လာတာတောင် အိမ်မှာနေဖို့နေနေသာသာ ထမင်းလေးတစ်ခါလောက်တောင်မစားဘူး။"

လင်ရှောင်းထင်သည်လဲ သူ့အဖိုးဖြင့်အချိန်များများမကုန်ဆုံးပေးခြင်းက သူ့အဖိုးဖြစ်ကြောင်းနားလည်သောကြောင့်,

"ကောင်းပါပြီ၊ ဒါဆို ဒီနေ့ကျွန်တော်မပြန်ခင် အိမ်မှာနေ့လည်စာစားသွားပါ့မယ်။"

ထိုစကားကိုကြားတော့ ဆရာကြီးလင်ပျော်ရွှင်သွားတော့သည်။

"ကောင်းတာပေါ့၊ လာ ငါနဲ့ချက်စ်တစ်ပွဲလောက်ထိုးကြရအောင်၊" သူတို့နှစ်ဦး အတူတကွစကားလေးပြော လက်ဖက်ရည်လေးသောက်ရင်းဖြင့် ချက်စ်မကစားရသည်မှာ အလွန်ကြာနေပြီဖြစ်သည်။

ကုနင်း စီးသွားသည့်လေယာဉ်မှာ နေ့လည်၁၂နာရီလောက်တွင် Gမြို့လေဆိပ်သို့ဆိုက်ရောက်ခဲ့ပြီး လေယာဉ်ပေါ်ကဆင်းသည်နှင့် ချက်ချင်းပင် လင်ရှောင်းထင်အားဖုန်းဆက်ကာ သူမရောက်ရှိသွားပြီဖြစ်ကြောင်းကို အသိပေးခဲ့သည်။

ထိုအချိန်တွင်တော့ လင်ရှောင်းထင်သည် နေ့လည်စာစားကာ လင်မိသားစုအိမ်မှပြန်ထွက်လာခါစဖြစ်ပြီး၊

"အင်း၊ ကိုယ်အခု တပ်ထဲကိုပြန်သွားရတော့မယ်၊ ဟိုမှာဆိုရင်တော့ ကိုယ်အချိန်တစ်ခုအထိ ဖုန်းသုံးနိုင်မှာမဟုတ်ဘူး၊ ဒါကြောင့် ကိုယ်အားတော့မှပဲ မင်းကိုဖုန်းဆက်လိုက်တော့မယ်။"

"ကောင်းပါပြီ၊ ကိုယ့်ကိုကိုယ်လဲဂရုစိုက်ဦးနော်။"

စစ်တပ်ထဲတွင် ရန်သူများ ဂြိုဟ်တုကိုအသုံးချကာ စခန်းတည်နေရာကို ခြေရာမခံနိုင်စေရန်အတွက် ဖုန်းရော အခြားဆက်သွယ်ရေးကိရိယာများကိုပါ ပိတ်ပင်ထားမြစ်ထားကြောင်း ကုနင်းသိထားပြီးဖြစ်လေသည်။ အကယ်၍ လင်ရှောင်းထင်သည်တော့ သူ့ဖုန်းကိုမပိတ်ထားလျှင်ပင် ကိစ္စမရှိပေ။

"မင်းလဲ ဂရုစိုက်ဦး၊ ကိုယ်လွမ်းနေမယ်။" လင်ရှောင်းထင်ပြန်ဖြေလိုက်တော့ ကုနင်းလဲ

"အင်း, ကျွန်မလဲလွမ်းနေမယ်။"

အချိန်ခနမျှဖုန်းပြောပြီးသွားမှပင် ဖုန်းချလိုက်ကြသည်။

ကုနင်း လေဆိပ်မှထွက်လာချိန်တွင်တော့ သူမထံသို့ ကျိုးကျန်းဟုန် ချက်ချင်းရောက်လာကာ ကြိုဆိုလိုက်သည်။

"မင်္ဂလာပါ၊ ဘော့စ်။"

"မင်္ဂလာပါ၊ ဦးလေးကျိုး။"

"ကားက ဒီဘက်မှာပါ။"

သူတို့နှစ်ဦး ကားဆီသို့ရောက်သွားပြီးချိန်တွင်တော့ ကျိုးကျန်းဟုန်က,

"ဘော့စ်၊ နေ့လည်စာအရင်သွားစားကြရအောင်လေ!" နေ့လည် ၁၂နာရီခွဲခါနီးနေပြီဖြစ်သော်ကြောင့် ကုနင်းလဲ ဗိုက်ဆာနေပြီဖြစ်သည်။

"ကောင်းတာပေါ့။"

"ဘော့စ်၊ စားပြီးရင်ဘယ်ကိုသွားမလဲ? ဒီလိုဆို ကျွန်တော်စားသောက်ဆိုင်နေရာကို ရွေးလို့ရတာပေါ့။" ကျိုးကျန်းဟုန်မေးလိုက်သည်။

"စက်ရုံကိုသွားတာပေါ့။"

"ဟုတ်ပါပြီ။" ကျိုးကျန်းဟုန် ချက်ချင်းပင် စက်ရုံသွားသည့်လမ်းဘက်သို့မောင်းသွားလိုက်သည်။ သို့ပေမယ့် သူတို့ ရုံးတစ်ခုအရှေ့သို့ဖြတ်လာချိန်တွင်ပဲ လူတစ်စုခိုက်ရန်ဖြစ်ပွားနေသည်ကိုမြင်လိုက်ရလေသည်။ အတိအကျပြောရလျှင်ဖြင့် လုံခြုံရေးအစောင့်တစ်ဖွဲ့သည် အခြားသာမာန်အဝတ်အစားများကိုသာဝတ်ဆင်ထားသည့် အမျိုးသားတစ်စုကို ရိုက်နှက်နေကြခြင်းပင်။ ထိုလူအုပ်သည် စုစုပေါင်း အယောက်၅၀ခန့်ပင်ရှိလေသည်။

လုံခြုံရေးအစောင့်အားလုံးသည် စတီးတုတ်များကိုကိုင်ဆိုင်ထားပြီး သာမာန်လူများသည်တော့ လက်ထဲတွင်မည်သည့်လက်နက်ကိုမျှကိုင်ဆောင်ထားခြင်းမရှိသောကြောင့် ဒဏ်ရာရမည်မှာပြောစရာပင်မလိုပေ။ အခုလိုလူမြင်ကွင်းတွင် လုံခြုံရေးအစောင့်များက ရိုက်နှက်နေခြင်းမှာ အလွန်ကိုလူမဆန်သည့်လုပ်ရပ်ပင်ဖြစ်သည်။

သို့ပေမယ့် ဟုန်ယွမ်အိမ်ခြံမြေလုပ်ငန်းဆိုသည့် ကုမ္ပဏီဆိုင်းဘုတ်ကို ကုနင်းတွေ့လိုက်ချိန်တွင်တော့ ဘာကြောင့် လုံခြုံရေးအစောင့်များက အခုလောက်ကြမ်းကြမ်းတမ်းတမ်းရိုက်နှက်နေခြင်းနှင့် ပြဿနာဖြစ်ရသည့်အကြောင်းအရင်းကို ကုနင်းသိလိုက်ပေသည်။

သူမ ကျိုးကျန်းဟုန်ကို လမ်းဘေးတစ်နေရာတွင်ကားကိုရပ်ခိုင်းလိုက်ပြီး ထိုရန်ပွဲထဲသို့သူမဝင်ပါရန်ပြင်ဆင်လိုက်လေသည်။

ထိုရွှေ့ပြောင်းအလုပ်သမားများသည် ဟုန်ယွမ်အိမ်ခြံမြေလုပ်ငန်းမှအလုပ်သမားများဖြစ်ကြပြီး ကုနင်းလက်စားပြန်ချေခဲ့သည့်ကိစ္စကြောင့် ကုမ္ပဏီမှာအခုလို ပြဿနာဖြစ်နေရခြင်းဆိုပေမယ့်လဲ ထိုရွှေ့ပြောင်းအလုပ်သများများသည် အပြစ်မဲ့သူများဖြစ်ကာ သူတို့က ဟုန်ယွမ်အိမ်ခြံမြေလုပ်ငန်းမှာအလုပ်လုပ်ခဲ့သည်ဆိုရုံမျှဖြင့် ကုနင်းဘေးထွက်ကြည့်မနေလိုပေ။

"ဘော့စ်၊ ဘာသွားလုပ်မလို့လဲ?" ကျိုးကျန်းဟုန် နားမလည်နိုင်စွာမေးလိုက်သည်။

"ကျွန်မအဲ့ဒီ့ရွှေ့ပြောင်းအလုပ်သမားတွေကို ကူညီမလို့။"

"လုံခြုံရေးအစောင့်တွေအားလုံးက စတီးတုတ်တွေကိုင်ထားကြတာ! အရမ်းအန္တရာယ်များလွန်းတယ်!" ကျိုးကျန်းဟုန် စိုးရိမ်ပူပန်သွားလေသည်။

"အဆင်ပြေပါတယ်"

"ဦးလေးကျိုး ကားထဲမှာပဲနေခဲ့ပြီး လူနာတင်ယာဉ်ခေါ်ထားပေး။ ဒီမှာလူအများကြီးဒဏ်ရာရထားကြတယ်။ ခနနေရဲတွေရောက်လာပြီး ကျွန်မကိုခေါ်သွားရင် မစိုးရိမ်နဲ့နော်။ ကျွန်မဖြေရှင်းနိုင်တယ်။"

ထို့နောက် ကုနင်း ကားထဲမှထွက်ကာ ထိုလူများတိုက်ခိုက်နေသည့်နေရာသို့အလျင်အမြန်ပင်လျှောက်သွားလိုက်တော့သည်။

ကျိုးကျန်းဟုန်သည်တော့ စိုးရိမ်နေမိစဲဖြစ်ပေမယ့် ကုနင်းကိုယုံကြည်လေသည်။ ကုနင်းသည် တစ်ခါတစ်လေအလွန်ရဲတင်းလွန်းသော်လည်း သူမမကိုင်တွယ်နိုင်သည့်ကိစ္စကိုတော့ဖြင့် ဘယ်တော့မှမလုပ်ပေ။

ကုနင်းလဲ ထိုရန်ပွဲကို ရပ်တန့်စေရန် အော်ဟစ်ပြောဆိုခြင်းက အသုံးဝင်မည်မဟုတ်ကြောင်းနားလည်၍ သူမပါ ထိုပွဲထဲသို့ဝင်ရောက်လိုက်တော့သည်။ သူမလုံခြုံရေးအစောင့်တစ်ဦးဆီမှ စတီးတုတ်ကို ဆွဲယူကာ ထိုလူကိုတော့ဖြင့် ကန်ထုတ်လိုက်သည်။ ထို့နောက် ထိုစတီးတုတ်ကိုအသုံးပြုကာ အခြားသော လုံခြုံရေးအစောင့်တစ်ယောက်၏တုတ်ကိုင်ထားသည့်လက်ကို ရိုက်ချလိုက်ပြီး ကန်ထုတ်လိုက်ပြန်သည်။

"ဘာတုန်းဟ!" အနားရှိလုံခြုံရေးတစ်ဦးက ဒေါသထွက်သွားကာ သူ့လက်ထဲမှတုတ်ဖြင့် ကုနင်းကိုလှမ်းရိုက်လိုက်တော့သည်။ သို့ပေမယ့် သူ့လက်က ကုနင်းဆီသို့မရောက်သေးခင်အချိန်တွင်ပဲ ကုနင်းကလှမ်းဖမ်းကာ လိမ်ချိုးပစ်လိုက်တော့သည်။ ထိုအစောင့်လဲ နာကျင်လွန်း၍ ကျယ်လောင်စွာအော်ဟစ်လိုက်ကာ လက်ထဲမှတုတ်သည်လဲ မြေပြင်ပေါ်သို့ပြုတ်ကျသွားခဲ့ရသည်။

ဆက်တိုက်ဆိုသလိုပင် အခြားအစောင့်များကိုလဲ ကုနင်းတစ်ဦးပြီးတစ်ဦး အလဲထိုးလိုက်သောကြောင့် ဝေးဝေးတွင်ရပ်နေကြသည့်လူအုပ်ကြီးမှာတော့ ထိတ်လန့်လို့နေလေသည်။

"ဘုရားရေ! သူအရမ်းကိုတော်တာပဲ! ဘယ်လိုလုပ်တစ်ယောက်ထဲနဲ့ ဒီလောက်လူတွေအများကြီးကို တိုက်လိုက်နိုင်တာလဲ!"

"ဟုတ်ပါ၊ မယုံနိုင်စရာပဲ!"

ဟုန်ယွမ်အိမ်ခြံမြေလုပ်ငန်းများအလုပ်သများသည်လဲ အလွန်အံ့အားသင့်နေကြလေသည်။ မိန်းမငယ်လေးတစ်ယောက်ဝင်ပါလိုက်ရုံဖြင့် အခြေအနေမှာ ဒီလောက်အထိပြောင်းလဲသွားလိမ့်မည်ဟု သူတို့မမျှော်လင့်ထားခဲ့ပေ။

လုံခြုံရေးအစောင့်အားလုံးကို အလဲထိုးနိုင်ပြီးချိန်တွင်တော့ ရွှေ့ပြောင်းအလုပ်သများသည်လဲ ဘေးနားတွင်ရပ်လို့နေသည်။ သူတို့အားလုံးဒဏ်ရာများရထားကြကာ သုံးပုံတစ်ပုံလောက်သည်က ဒဏ်ရာပြင်းထန်ကြလေသည်။

ရန်ပွဲပြီးခါနီးချိန်တွင်တော့ ရဲကားများရောက်ရှိလာပေတော့သည်။ သို့ပေမယ့် ရဲကားသံကို သူတို့ကြားလိုက်နေရသည်ဆိုလျှင်တောင်မှ မည်သူမှမရပ်တန့်ကြပေ။ အကယ်၍ တစ်ဖက်အဖွဲ့ကရပ်သွားမည်ဆိုလျှင်ပင် ကျန်တစ်ဖွဲ့က အခွင့်ရေးယူက ဝင်တိုက်ကြမည်ဖြစ်သည်။ ထို့ကြောင့် သူတို့နှစ်ဖွဲ့တွင် အနိုင်အရှုံးကွဲပြားမှသာဖြစ်ပေမည်။

ရဲကားသုံးစီးသည် လမ်းဘေးတွင်ရပ်လိုက်ကြကာ အထဲမှ ရဲသား၁၀ယောက်ဝန်းကျင်ထွက်လာခဲ့သည်။

ဦးဆောင်လာသည့်ရဲက အော်လိုက်ကာ,

"ရပ်ကြ!အခုချက်ချင်းရပ်ကြ!" သို့ပေမယ့် သူ့စကားကိုမည်သူမျှနားမထောင်ကြပေ။

"ဘန်း!!" ခေါင်းဆောင်ဖြစ်သူက စိတ်ဆိုးလာကာ သူ၏သေနတ်ကို ကောင်းကင်သို့ချိန်ရွယ်ပြီးပစ်လိုက်သောကြောင့် တိုက်ခိုက်နေကြသူအားလုံးရပ်တန့်သွားကြတော့သည်။ သို့ပေမည့် လုံခြုံရေးဘက်မှ၅ယောက်လောက်သာလျှင် ကောင်းကောင်းမတ်တပ်ရပ်နေနိုင်ကြသည်။

ထိုရပ်တန့်သွားသည့်အချိန်လေးမှာပဲ လုံခြုံရေးအစောင့်တစ်ဦးက ကုနင်းကိုရိုက်ရန်ပြင်လိုက်ပေမည့် မီတာအနည်းငယ်အထိလွင့်ထွက်သွားအောင် အကန်ခံလိုက်ရသောကြောင့် လူတိုင်းထပ်မံထိတ်လန့်သွားကြရပြန်သည်။

"လူမြင်ကွင်းမှာတောင် ရန်ဖြစ်ရဲကြတယ်လား? သူတို့အားလုံးကို ရဲစခန်းခေါ်သွားကြ!" ခေါင်းဆောင်သည် ဘာကြောင့်ဖြစ်လဲဆိုသည့်အကြောင်းအရင်းကိုပင်မမေးဘဲ ကုနင်းနှင့်အခြားလူများကို ချက်ချင်းဖမ်းလိုက်တော့သည်။ သူ့ပုံစံအရ ဟုန်ယွမ်အိမ်ခြံမြေလုပ်ငန်း၏ဩဇာအာဏာကြောင့်လုပ်ခြင်းဖြစ်ပုံရလေသည်။

"ခနနေပါဦး" ကုနင်း သူတို့ကိုတားလိုက်သည်။ သူတို့ကို ဖမ်းဖို့လုပ်နေသည့်လူများလဲ သတိလက်လွတ်ရပ်တန့်သွားမိကြသည်။ သူတိုမျက်စိရှေ့တွင်ရှိနေသည့်မိန်းမငယ်လေးမှာ ယောက်ျားရင့်မားကြီးများစွာကို တစ်ယောက်တည်းအနိုင်တိုက်ခိုက်ခြင်းဖြစ်၍ အတော်အတန်ကြောက်ရွံ့မိနေကြသည်။

"ဘာလဲ၊ မင်းက ရဲကိုပြန်ခုခံချင်တာလား?" ရဲခေါင်းဆောင်က မေးလိုက်လေသည်။

"ကျွန်မသူတို့ကို ရိုက်ခဲ့တာပါ။" ကုနင်း လုံခြုံရေးအစောင့်အဖွဲ့ကို လက်ငြှိုးညွှန်ကာပြောလိုက်ပြီးနောက် ဒဏ်ရာရနေကြသည့်ရွှေ့ပြောင်းအလုပ်သမားအဖွဲ့ကိုပြန်ညွှန်လိုက်ကာ,

"ဒါပေမယ့် သူတို့ကိုတော့ ဒီလူတွေကရိုက်ခဲ့တာ။ ဒါကြောင့် ဘာလို့ကျွန်မတို့ကိုပဲဖမ်းရတာလဲ? သူတို့ဒဏ်ရာရထားတာကို ရှင်မမြင်ဘူးလား? သူတို့ကို အရင်ဆုံး ဆေးရုံပို့ပေးသင့်တယ်မဟုတ်လား?" ကုနင်းစိတ်ဆိုးနေသောကြောင့် ယဉ်ယဉ်ကျေးကျေးပင်မပြောနိုင်ပေ။

"မင်း...." ရဲခေါင်းဆောင်ဒေါသထွက်သွားပေမယ့် ကုနင်းပြောသည်မှာ အမှန်တရားသာဖြစ်လေသည်။ ထိုဒဏ်ရာရနေကြသူများကို အရင်ဆုံး ဆေးရုံပို့ပေးရန်လိုအပ်ပေသည်။ ထိုအချိန်တွင်ပဲ လူနာတင်ယာဉ်သုံးစီးဆိုက်ရောက်လို့လာခဲ့သည်။

"ဒဏ်ရာရသူတွေကို ဆေးရုံခေါ်သွားလိုက်ကြ" ခေါင်းဆောင်ကအမိန့်ပေးလိုက်ပေသည်။

ဟုန်ယွမ်အိမ်ခြံမြေဘက်မှခေါင်းဆောင်သည် အခုချိန်မှထွက်လာကာ ဒဏ်ရာရနေသူများကို တွဲကာ လူနာတင်ယာဉ်ပေါ်သို့ခေါ်သွားရန်ပြောလိုက်သည်။

"နေဦး!" ခနင်းချက်ချင်းပင် ဒဏ်ရာရနေသည့် လုံခြုံရေးအစောင့်များကို လူနာတင်ယာဉ်ရှိရာသို့ တွဲခေါ်ပေးနေသည့်လူများကို တားလိုက်ကာ,

"ကျွန်မ ရွှေ့ပြောင်းအလုပ်သမားတွေအတွက်ပဲ ဒီလူနာတင်ယာဉ်တွေကိုခေါ်ထားပေးတာ!"

"မင်း...." သူတို့အားလုံး စိတ်တိုသွားကြလေသည်။

"ရိုင်းစိုင်းနေတာတော်လိုက်တော့!" ဟုန်ယွမ်အိမ်ခြံမြေဘက်ရှိ ခေါင်းဆောင်များထဲမှတစ်ဦးက ဒေါသတကြီးပြောလာပေသည်။

"ကျွန်မကရိုင်းတယ်? ဒီမှာဘာတွေဖြစ်သွားတယ်ဆိုတာ အားလုံးလဲသိမယ်ထင်တယ်။" ကုနင်းထေ့ငေါ့လိုက်ကာ,

"ဒါ့ထက် ဒီလူတွေကို ဟုန်ယွမ်အိမ်ခြံမြေလုပ်ငန်းရဲ့ လုံခြုံရေးအစောင့်တွေကို ရိုက်နှက်ခဲ့တာဆိုတော့ သူတို့ရဲ့ ဆေးကုသစားရိတ်ကို ဟုန်ယွမ်အိမ်ခြံမြေလုပ်ငန်းဘက်က ပေးရမယ်။"

"မင်းလဲ ငါတို့လူတွေကိုဒဏ်ရာရအောင်လုပ်ခဲ့တာပဲ။ ဒီတော့ မင်းလဲသူတို့ရဲ့ ကုသစားရိတ်ကိုပေးသင့်တယ်!" နောက်တစ်ယောက်က ဝင်ပြောလာသည်။

"မဟုတ်တာ၊ ကျွန်မက စေတနာနဲ့ ဝင်ကူညီပေးရုံပဲ။ ဒီတော့ ကျွန်မဘက်က ဆုကြေးတောင်ရသင့်တယ်လို့ထင်တယ်။"

ကုနင်းပြောလိုက်သည့်စကားသည် ဟုန်ယွမ်အိမ်ခြံမြေလုပ်ငန်းဘက်မှ လူများကို အမှန်တကယ်ကိုဒေါသထွက်သွားစေလေသည်။

"မင်းတော်တော်မတရားပြောတတ်တာပဲ!" ဟုန်ယွမ်၏ခေါင်းဆောင်တစ်ဦးက ပြောလာခဲ့သည်။

"ကောင်းပြီလေ၊ ကျွန်မတို့ဘယ်သူမှန်လဲဆိုတာ လုံခြုံရေးကင်မရာတွေကပဲ သက်သေပြပေးရတော့မှာပေါ့။"

"မင်းကိုယ်မင်းဘယ်သူထင်နေလဲ? မင်းက ဟုန်ယွမ်ကို တကယ်ပဲထိခိုက်အောင်လုပ်နိုင်မယ်လို့ထင်နေတာလား?" နောက်ထပ် ဟုန်ယွမ်ဘက်မှခေါင်းဆောင်တစ်ဦးက အထင်သေးဟန်ဖြင့်ပြောလာခဲ့သည်။

"စောင့်ကြည့်ရမှာပေါ့!" ကုနင်း လုံးဝမကြောက်နေပေ။ သူမတွင် ဟုန်ယွမ်၏တရားမဝင်လုပ်ငန်းသက်သေများစွာရှိနေပြီဖြစ်သည်။ မကြာခင်အချိန်တွင်ပဲ သူမအနေဖြင့် ဟုန်ယွမ်ကို ဒေဝါလီခံရစေရန်လုပ်မည်ဖြစ်သည်။

ထို့နောက် သူမ ထိုလူများကိုလျစ်လျူရှုလိုက်ကာ ဒဏ်ရာရထားသည့်ရွှေ့ပြောင်းအလုပ်သမားများကိုကူညီပြီး လူနာတင်ယာဉ်ပေါ်သို့တင်ပေးလိုက်သည်။

ပြီးနောက် ကုနင်းအပါအဝင်ကျန်လူများသည်တော့ ရဲစခန်းသို့ခေါ်ဆောင်သွားခြင်းခံရလေသည်။

ရဲစခန်းသို့အခေါ်ခံရသွားပြီးသည်နှင့် သူမဘာမှမလုပ်ထားလျှင်တောင်မှ ပြန်လွှတ်ပေးကြမည်မဟုတ်မှန်း ကုနင်းနားလည်လေသည်။ သို့ပေမယ့် ထိုမတိုင်ခင် ကုနင်း ရဲများနောက်သို့အသာတကြည်လိုက်သွားလေသည်။

ရဲကားထဲသို့ရောက်သည်နှင့် သူမဖုန်းကိုထုတ်ယူကာ တစ်စုံတစ်ဦးကိုဖုန်းဆက်ရန်ပြင်လိုက်သည်။ သို့ပေမယ့် သူမဘေးရှိရဲတစ်ဦးက ဖုန်းကိုဆွဲလုရန်လုပ်လိုက်လေသည်။ ဟုန်ယွမ်ဘက်က သူတို့ကို ဒီကောင်မလေးအား သေချာဂရုစိုက်လိုက်ရန်မှာကြားလိုက်ခြင်းဖြစ်သောကြောင့် သူမတစ်စုံတစ်ဦးကို အကူအညီလှမ်းတောင်းမည်အား သေချာပေါက် တားမြစ်ကြမည်ဖြစ်သည်။

ကုနင်း ထိုရဲ၏လက်ကိုရှောင်လိုက်ကာ အေးစက်စက်ကြည့်လိုက်သောကြောင့် ထိုရဲလဲ ရုတ်တရက်ကြောင်အသွားရလေသည်။

"ကျွန်မက အပြစ်သားမဟုတ်ဘူး၊ ဒီတော့ရှင်တို့မှာ ကျွန်မဖုန်းဆက်တာကို တားပိုင်ခွင့်မရှိဘူး။"

"ဒီတော့ဘာဖြစ်လဲ? မင်းဟုန်ယွမ်ကို စိတ်အနှောက်အယှက်ဖြစ်အောင်လုပ်ပြီးကာ တစ်ယောက်ယောက်က ကယ်ပေးနိုင်မယ်လို့ထင်နေတာလား?" ရဲခေါင်းဆောင်က အထင်သေးစွာမေးလိုက်သည်။ သူမ၏ထူးချွန်လှသည့်အတိုက်အခိုက်စွမ်းရည်ကို သူကြောက်ရွံ့သော်လည်း သူမသည် မည့်သည် အာဏာမှမရှိသည့် သာမာန်မိန်းကလေးတစ်ဦးဟုသာ ယုံကြည်နေလေသည်။ ထို့အပြင် သူတို့တွင်သေနတ်များရှိသောကြောင့် သူမအနေဖြင့် သူတို့ကို ထိခိုက်အောင်လုပ်ရဲလိမ့်မည်မဟုတ်ပေ။

"ဟ-ဟ၊ စိတ်ဝင်စားစရာပဲ။ တကယ်တော့ Gမြို့မှာ ကျွန်မကို ကူညီပေးနိုင်မယ့် အာဏာရှိတဲ့လူတွေအများကြီးပဲ။ ရှင့်အလုပ်ကိုဆက်ပြီးမြဲနေစေချင်ရင်တော့ ပါးစပ်ပိတ်ထားလိုက်တာပိုကောင်းမယ်ထင်တယ်။" ကုနင်း သူမမျက်လုံးထဲတွင်တော့ ဟုန်ယွမ်အိမ်ခြံမြေလုပ်ငန်းဆိုသည်မှာ ဘာမှမဟုတ်သလိုမျိုး မာနကြီးစွာဖြင့်ပြောလိုက်သည်။

ထိုရဲများသည် ဘဝင်မြင့်နေသည့်လူများဖြစ်ကြသော်လည်း ငတုံးများတော့မဟုတ်ကြပေ။ ကုနင်း၏ပြောစကားကိုကြားသည်နှင့် မည်သူမှသူမကိုထပ်မံမတားရကြတော့ပေ။ သူမတွင် Gမြို့၏အာဏာကြီးသည့်အထောက်အပံ့ရှိနေခြင်းအမှန်သာဆိုလျှင် သူတို့သာ သူမကိုစိတ်အနှောက်ယှက်ပေးလိုက်လျှင် ကိုယ့်သေတွင်းကိုယ်တူးနေခြင်းသာဖြစ်နေပေမည်။

ထို့နောက် ကုနင်းချက်ချင်းပင် ယန်ကျန်းလင်ထံဖုန်းဆက်လိုက်လေသည်။

"ဟိုင်း၊ မင်းအသံမကြားတာတောင်ကြာပေါ့။ ပြဿနာတစ်ခုခုရှိလို့လား?" ကုနင်းဖုန်းဆက်လာသည်ကိုတွေ့သည်နှင့် ယန်ကျင်းလင်ပျော်ရွှင်စွာဖြင့်နှုတ်ဆက်လိုက်လေသည်။

***

အခန်း ၃၄၇

ယန်မိသားစုအိမ်ဆီသို့

"ဦးလေးယန်၊ ကျွန်မပြဿနာတစ်ခုတက်နေလို့၊ ဒါကြောင့် ကူညီပေးနိုင်မလား?" ကုနင်း ဇာတ်ကြောင်းအစုံကို ရိုးရိုးရှင်းရှင်းလေးပဲရှင်းပြလိုက်ပြီး ယန်ကျန်းလင်သူမကို လွှတ်ပေးရန် ရဲစခန်းကိုပြောပေးစေချင်နေခြင်းဖြစ်သည်။

သူမဖြစ်ပျက်ခဲ့သည့်အကြောင်းအရာများကိုကြားသည်နှင့် ယန်ကျန်းလင်ကတည်ငြိမ်စွာ၊

"ကိစ္စမရှိဘူး၊ ခနပဲစောင့်၊ ငါ အခုပဲ ဖုန်းဆက်လိုက်မယ်။"

"ကျေးဇူးအများကြီးတင်ပါတယ်၊ ဦးလေးယန်။ အိုး, ပြီးတော့ ကျွန်မဦးလေးနဲ့လူချင်းတွေပြီး အရေးကြီးတာတစ်ခုလောက်ပြောလို့ရမလား? ဘယ်အချိန်အဆင်ပြေမလဲဟင်? ကျွန်မ ဦးလေးဆီလာခဲ့လို့ရမလား?" ကုနင်းလေးနက်မှုအပြည့်ဖြင့်မေးလိုက်သည်။

ကုနင်း ကိုယ်တိုင်ကိုယ်ကျ သူနှင့်တွေ့ကာ ဆွေးနွေးစရာရှိသည်ဆိုမှတော့ တစ်ခုခုထူးခြားသည့်ကိစ္စမှန်းသိသာလေသည်။ ထို့ကြောင့် ယန်ကျန်းလင်လဲ၊

"ရတာပေါ့။"

ကုနင်းနှင့် ဖုန်းချပြီးသွားသည်နှင့် ယန်ကျန်းလင် Gမြို့ပြည်သူ့လုံခြုံရေးဌာန၏ခေါင်းဆောင်ဖြစ်သည့် လီဖုန်းကို တန်းပြီးဖုန်းခေါ်လိုက်တော့သည်။ လီဖုန်းသည်လဲ တစ်ဖန် ရဲစခန်းသို့ဖုန်းဆက်လိုက်သည်။ အလွန်ဆုံး၅မိနစ်မျှကြကာ ရဲကားသည်ပင် ရဲစခန်းသို့မရောက်သေးခင်တွင်ပဲ ရဲခေါင်းဆောင်ထံသို့ သူ့ခေါင်းဆောင်ကဖုန်းဆက်လာတော့သည်။

"ကျန်းချောင်၊င မင်းကုနင်းလို့ခေါ်တဲ့ မိန်းကလေးတစ်ယောက်ကိုဖမ်းခဲ့သေးလား? သူ့ကိုအခုချက်ချင်းပြန်လွှတ်ပေးလိုက်စမ်း!" သူ့ခေါင်းဆောင်က ဖုန်းထဲမှနေ အော်ဟစ်လာတော့သည်။ အော်လိုက်သည့်အသံမှာ အလွန်ကျယ်သောကြောင့် ကားအတွင်းရှိလူတိုင်းပင် ကြားလိုက်ရလေသည်။

ကျန်းချောင်ဆိုသည့်ခေါင်းဆောသည်တော့ အံ့ဩစွာဖြင့် ကုနင်းကိုလှည့်ကြည့်လိုက်ပေမည့် ကုနင်းက ပြုံးရုံသာပြန်ပြုံးပြလေသည်။

"ဒါပေမယ့်၊ ဟုန်ယွမ်...."ကျန်းချောင် သူ့ခေါင်းဆောင်ကို မည်သူကဖုန်းဆက်ကာလွှတ်ပေးခိုင်းလိုက်လဲမသိသောကြောင့် ဟုန်ယွမ်အိမ်ခြံမြေကခိုင်းထားသည့်အကြောင်းကို သတိပေးလိုခဲ့ပေသည်။

"ဒီတော့ဘာဖြစ်လဲ? ပြည်သူ့လုံခြုံရေးဌာနခေါင်းဆောင်ကိုယ်တိုင်က ငါ့ကိုဖုန်းခေါ်ပြီး သူ့ မြို့တော်ဝန်ကဖုန်းဆက်ခဲ့တယ်လို့ပြောခဲ့တာ!"

ဘာ? ကျန်းချောင် အခုတစ်ခေါက်တွင်တော့ မှင်သက်သွားတော့သည်။ ဒီကောင်မလေးအခုတင် သူမ၏ဦးလေးယန်ဆိုသူကိုဖုန်းဆက်ခဲ့သည်။ မြို့တော်ဝန်ရဲ့ မိသားစုနာမည်က ယန်မဟုတ်လား? ဘုရားသခင်! သူမက တကယ့်ကို မရိုးရှင်းတဲ့နောက်ခံရှိတာပဲ!

"ကောင်းပါပြီ-ကောင်းပါပြီ၊ ကျွန်တော်အခုပဲ လွှတ်ပေးလိုက်ပါ့မယ်။" ကျန်းချောင် နောက်ထပ်စကားအပိုပင်မပြောရဲတော့ပေ။

ကျန်းချောင် ချက်ချင်းပင် ကားမောင်းနေသည့်ရဲကို လမ်းဘေးတွင်ချရပ်ဖို့ပြောလိုက်ပြီးနောက် ကုနင်းဘက်သို့လှည့်လိုက်ကာ,

"အမ်၊ မိန်းကလေးကု၊ မင်းအခုပဲသွားလို့ရပါပြီ။" ကျန်းချောင်၏အသံမှာ သိသိသာသာပင် တုန်ရီလို့နေလေသည်။

ကုနင်းလဲ သူတို့ကို အပြစ်ရှာမနေတော့ဘဲ ချက်ချင်းပင်ထွက်လိုက်သည်။ သို့ပေမယ့် တစ်ဖန်ပြန်လှည့်လာခဲ့ကာ၊

"မြို့တော်ဝန်က ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ လုံခြုံရေးအစောင့်တွေကြားက ကိစ္စအကြောင်းကို သိထားပြီးနေပြီနော်။ ရှင်တို့ ဒီကိစ္စကို တိတ်တဆိတ်ဖြေရှင်းနိုင်သလို အနိုင်ကျင့်တဲ့သူတွေကိုအပြစ်ပေးရင်ပေးနိုင်တယ်။ ဘာလို့ဆို ဒီကိစ္စက ဟုန်ယွမ်ဘက်ကအမှားဆိုတာ ကျွန်မတို့အားလုံးသိထားကြပြီးသားလေ။ "

ထို့နောက်တွင်တော့ ကုနင်းထွက်သွားတော့သည်။

ကုနင်း ထိုသို့လုပ်လိုက်ခြင်းသည် ရဲများကိုကူညီပေးချင်၍မဟုတ်ဘဲ ရွှေ့ပြောင်းအလုပ်သမားများ ဒုက္ခရောက်မည်မျိုး မဖြစ်စေချင်၍သာဖြစ်သည်။ ကျိုးကျန်းဟုန်သည်က ရဲကားနောက် မလှမ်းမကမ်းတွင်ပါလာခဲ့ခြင်းဖြစ်၍ ကုနင်း ရဲကားထဲမှထွက်လာသည်နှင့် သူချက်ချင်းကားကိုရပ်လိုက်လေသည်။ ကုနင်း ကားဆီသို့လျှောက်လာသည်နှင့် ကျိုးကျန်းဟုန် သူမအတွက် ကားတံခါးကိုချက်ချင်းပင်ဖွင့်ပေးလိုက်သည်။

"ဘော့စ်၊ အဆင်ပြေရဲ့လား?" ကုနင်းကိုကြည့်ရသည်မှာ အဆင်ပြေနေပုံပေါ်သော်လည်း ကျိုးကျန်းဟုန်ကတော့ စိုးရိမ်နေစဲဖြစ်လေသည်။

"ကျွန်မ အဆင်ပြေပါတယ်။ သွားစားကြရအောင်၊ တိုက်ခိုက်လိုက်တော့ ဗိုက်တော်ဆာလာပြီ။"

ကုနင်း၏အပြောကြောင့် ကျိုးကျန်းဟုန်ရယ်ချင်မိသွားကာ ချက်ချင်းပင် ကားကိုမောင်းထွက်လိုက်သည်။

ကုနင်းလွတ်သွားပြီးသည်နှင့် ကျန်းချောင်တစ်ယောက် ကုနင်းကိုကောင်းကောင်းဂရုစိုက်လိုက်ဟု သူ့ကိုပြောထားသော ဟုန်ယွမ်ဘက်မှခေါင်းဆောင်ကို ဖုန်းခေါ်က အကျိုးအကြောင်းပြောပြလိုက်သည်။ ဟုန်ယွမ်ဘက်မှခေါင်းဆောင်သည်လဲ သူအာဏာကြီးသည့်ပုဂ္ဂိုလ်တစ်ဦးကို အနှောက်အယှက်ပေးမိလုနီးပါးဖြစ်ကာ ဟုန်ယွမ်ကိုပင် ပြဿနာအကြီးကြီးတက်စေတော့မလိုဖြစ်သွားသောကြောင့် အလွန်ကြောက်ရွံ့ထိတ်လန့်သွားရသည်။ ဥက္ကဌသာသိသွားလျှင် သူသေချာပေါက် အလုပ်ဖြုတ်ခံရမည်ပင်။

ရွှေ့ပြောင်းအလုပ်သမားများနှင့် လုံခြုံရေးအစောင့်များကြားဖြစ်ပွားခဲ့သည့် ခိုက်ရန်ဖြစ်ပွားမှုကိုတော့ဖြင့် အဆုံးတွင် ဟုန်ယွမ်ဘက်မှ ကိုယ်တိုင်ကိုင်တွယ်ဖြေရှင်းခဲ့လေသည်။

ကုနင်းနှင့်ကျိုးကျန်းဟုန်တို့ နေ့လည်စာစားပြီးသည်နှင့် စက်ရုံသို့တန်းမောင်းသွားကြသည်။

စက်ရုံတွင်တော့ သူတို့နှင့်အတူအလုပ်တွဲလုပ်သည့်ဝန်ထမ်းအသစ်၃ယောက်ရှိနေလေသည်။ တစ်ယောက်သည်တော့ ဒီဇိုင်နာဖြစ်ကာ ကျန်နှစ်ယောက်သည်တော့ လက်မှုပညာရှင်များဖြစ်သည်။ ထိုအသစ်သုံးယောက်သည်က ကုနင်းသည် ပိုင်ရှင်အစစ်အမှန်ဖြစ်ကြောင်းမသိထားသလို မည်သူမှလဲ သူတို့ကိုပြောပြလိုသည့်ရည်ရွယ်ချက်မရှိကြပေ။ ထို့ကြောင့် ကုနင်းရောက်လာသည်နှင့် ချန်ချင်းရှန်နှင့်အခြားလူများက ဘော့စ်အစား မိန်းကလေးကုဟူ၍သာနှုတ်ဆက်ကြလေသည်။

ညနေ၅နာရီလောက်တွင်တော့၊ ကုနင်းဆီသို့ ယန်ကျန်းလင်ထံမှဖုန်းဝင်လာခဲ့သည်။ ယန်ကျန်းလင်က သူ့အလုပ်ချိန်ပြီးသွားကာ အိမ်ပြန်နေပြီဖြစ်၍ ကုနင်းသာအခုချိန်အားလျှင် သူ့အိမ်သို့သွားရောက်တွေ့ဆုံနိုင်မည်ဖြစ်သည်။ ကုနင်းသည်လဲ အားနေသောကြောင့် ယန်ကျန်းလင်ကို လိပ်စာပြောပြရင်မေးလိုက်သည်။

ကျိုးကျန်းဟုန်က သူမကိုလိုက်ပို့ပေးချင်ပေမယ့် အငြင်းခံလိုက်ရလေသည်။ ကုနင်းသည်က ကျိုးကျန်းဟုန်၏အချိန်များကို သူမအတွက်နှင့်မဖြုန်းစေချင်သောကြောင့် သူမဘာသာသွားရန်စီစဉ်လိုက်ပေသည်။

လမ်းရောက်ချိန်တွင်တော့ ယန်ကျန်းလင်အတွက် သစ်သီးအချို့နှင့် အာဟာဖြစ်စေသည့်ပစ္စည်းအချို့ကို လက်ဆောင်အဖြစ်ဝယ်သွားပေးခဲ့လေသည်။

ယန်ကျန်းလင်၏အိမ်မှာ လွန်ခဲ့သည့်၁၀နှစ် အိမ်ဈေးများအလွန်မမြင့်တက်ခင် အိမ်တစ်လုံးကို ယွမ်၄သန်းဖြင့်ရနိုင်သည့်အချိန်က တည်ဆောက်ထားခဲ့သည့် ကျင်းရှုအိမ်ရာတွင်တည်ရှိလေသည်။ သို့ပေမယ့် အခုချိန်တွင်တော့ ထိုအိမ်ရာရှိ အိမ်များမှာ ယွမ်၁၀သန်းလောက်မြင့်တက်သွားပြီဖြစ်သည်။ လွန်ခဲ့သည့်၁၀နှစ်မှ ယွမ်၄သန်းသည်အလွန်များပြားပေမည့် ယန်မိသားစုအတွက်တော့ဖြင့်ပြောပလောက်သည့်ပမာဏမဟုတ်ပေ။

ဆရာကြီးယန်သည်တော့ အရွယ်ကောင်းစဉ်အခါက စီးပွားရေးလုပ်ငန်းများကိုဆောင်ရွက်ခဲ့ပေမည့် ယန်ကျန်းလင်သည်တော့ နိုင်ငံရေးကိုပဲကိုလုပ်ဆောင်ခဲ့ကာ စီးပွားရေးလုပ်ငန်းကိုဦးဆောင်အချိန်မပေးနိုင်သောကြောင့် ဆရာကြီးယန်က သူ၏ညီငယ်၏သားဖြစ်သော တူဖြစ်သူကိုသာ စီးပွားရေးလုပ်ငန်းကိုလွှဲပြောင်းပေးခဲ့ရသည်။ ပြီးနောက် ရရှိလာသည့်အကျိုးအမြတ်ကိုတော့ ခွဲဝေကာယူကြလေသည်။

ဆရာကြီးယန်တွင်သာ အခြားသော ငွေဝင်သည့်နေရာမရှိနေလျှင် သူ၏အငြိမ်းစားယူပြီးမှရရှိနေသည့် ၁လလျှင် ယွမ်၁သောင်းကျော်သာရှိသည့်ဝင်ငွေဖြင့် အခုလိုရှေးဟောင်းပစ္စည်းများကိုစုဆောင်နိုင်မည်မဟုတ်ပေ။

ကုနင်း အိမ်ရာဝင်ပေါက်သို့ရောက်သည့်အချိန်တွင် တိုက်တိုက်ဆိုင်ဆိုင်ပဲ ယန်ကျန်းလင်နှင့်သွားဆုံလေသည်။

"အိုး၊ ငါ့ဆီလာလည်တာ ဘာလို့ဒါတွေယူလာရတာလဲ? ယူလာဖို့မလိုပါဘူး။" ကုနင်းလက်ဆောင်ပစ္စည်းများသယ်လာသည်ကိုမြင်တော့ ယန်ကျန်းလင်အံ့ဩကာပြောလိုက်ခြင်းဖြစ်သည်။

"ကျွန်မက ဧည့်သည်ပဲ လက်ဆောင်ယူခဲ့သင့်တာပေါ့!"

ယန်ကျန်းလင်လဲ ကုနင်းနှင့်ဆက်ပြီးငြင်းမနေတော့ပေ။ ကုနင်းဘက်က ယဉ်ကျေးမှုနှင့်လုပ်ပေးနေခြင်းမဟုတ်ပါလား။ ထို့နောက် ယန်ကျန်းလင် ကုနင်းကို သူ့ကားထဲဝင်ခိုင်းကာ အိမ်သို့အတူတူဆက်သွားလိုက်သည်။

ကုနင်းလာမည်ဆိုသည့်အကြောင်းကို ဆရာကြီးယန်အား ယန်ကျန်းလင်မပြောပြထားပေ။ ထို့ကြောင့် ဆရာကြီးယန် သူ၏ခြံဝန်းထဲတွင် သစ်ပင်ပန်းမန်များကိုကြည့်ရှုနေခိုက် ယန်ကျန်းလင်၏ကားထဲမှ ကုနင်းထွက်လာသည်ကိုမြင်တော့ မယုံကြည်နိုင်ဖြစ်လို့နေသည်။

"မင်္ဂလာပါ၊ အဖိုးယန်!" ကုနင်းပြုံးကာ နှုတ်ဆက်လိုက်သည်။

ကုနင်း၏အသံကိုကြားတော့မှပဲ ဆရာကြီးယန်စိတ်လှုပ်ရှားစွာဖြင့်,

"ကောင်မလေးကု၊ မင်းလာမယ်ဆိုတာ ဘာလို့ငါ့ကိုကြိုမပြောရတာလဲ? မဟုတ်ရင်ကြိုပြီးပြင်ဆင်ထားလို့ရမှာကို။"

"အဖိုးကို အံ့ဩသွားစေချင်လို့ပါ။"

"ဟ-ဟ၊" ဆရာကြီးယန် ရယ်မောလိုက်ပေမည့် ကုနင်းလက်ထဲရှိ အထုပ်အပိုးများကိုသတိထားလိုက်မိချိန်တွင်တော့၊

"မင်းဘာလို့ ပစ္စည်းတွေဝယ်လာရတာ? အဲ့လိုလုပ်စရာမလိုပါဘူး။"

"ကျွန်မက ဧည့်သည်ဆိုတော့ လက်ဆောင်နည်းနည်းပါးပါးယူလာချင်လို့ပါ။"

"လာ, လာ အထဲဝင်!" ဆရာကြီးယန် ကုနင်းကို အိမ်ထဲသို့ဖိတ်ခေါ်လိုက်သည်။

ယန်မိသားစုအိမ်တော်သည် ရိုးရိုးရှင်းရှင်းသာ အလှဆင်ထားသည့်ပုံစံမျိုးဖြစ်လေသည်။

ကုနင်းအထဲသို့ဝင်သွားလိုက်သည်နှင့် အသက်၄၀ကျော်အရွယ်ရှိသည့် ဆွဲဆောင်မှုရှိလှသော အမျိုးသမီးတစ်ဦး အောက်ထပ်သို့ဆင်းလာခဲ့သည်။ သူမသည်တော့ ယန်ကျန်းလင်၏ဇနီး ရှောင်းလီဟွာပင်ဖြစ်သည်။

"မိန်းမလှလေးပါလား!" ကုနင်းကိုမြင်သည်နှင့် ရှောင်းလီဟွာ၏မျက်နှာထက် ကျေနပ်မှုများဖြစ်တည်သွားသည်။ ယန်ကျန်းလင်တွင်က သားနှစ်ဦးသာရှိပြီး သမီးတစ်ယောက်မှမရှိပေ။

***

အခန်း ၃၄၈

ရာနှုန်းပြည့်သေချာတယ်

ရှောင်းလီဟွာသည် ဟိုးအရင်ကတည်းက သမီးတစ်ယောက်လောက် အမြဲတမ်းလိုချင်နေခဲ့ပေမယ့် သူမ၏ဒုတိယသားကိုမွေးဖွားပြီးကတည်းက ခန္ဓာကိုယ်ထိခိုက်သွားခဲ့ရကာ နောက်ထပ်ပြီးကိုယ်ဝန်မဆောင်နိုင်တော့ခြင်းသည် သူမဘဝအတွက်အလွန်ဝမ်းနည်းဖွယ်ဖြစ်ရပ်တစ်ခုဖြစ်ခဲ့ရသည်။ အခုချိန် ကုနင်းလို လှပ၊သိမ်မွေ့ကာ ချစ်စရာကောင်းသည့်မိန်းကလေးမျိုးကိုမြင်လိုက်ရချိန်တွင်တော့ မြင်မြင်ချင်းကိုပင် နှစ်သက်သဘောကျသွားတော့လေသည်။

"လာခဲ့၊ မင်းတို့နှစ်ယောက်ကိုမိတ်ဆက်ပေးမယ်။" ဆရာကြီးယန်က ရှောင်းလီဟွာနှင့် ကုနင်းကိုမိတ်ဆက်ပေးလိုက်သည်။

"တွေ့ရတာဝမ်းသာပါတယ်၊ အန်တီရှောင်း၊" ကုနင်းယဉ်ယဉ်ကျေးကျေးဖြင့် နှုတ်ဆက်လိုက်သည်။

"လီဟွာ၊ ဒါကကုနင်း၊ ကျန်းလင်နဲ့ငါ မင်းကို သူ့အကြောင်းပြောထားဖူးတယ်လေ။" ဆရာကြီးယန်က ရှောင်းလီဟွာကိုပြောပြလိုက်သည်။

ကုနင်း၏နာမည်ကိုကြားလိုက်ရချိန်တွင်တော့ ကုနင်းလုပ်ဆောင်ခဲ့မှုများကိုကြားဖူးခဲ့ပြီးဖြစ်၍ ရှောင်းလီဟွာမျက်နှာထက် ထိတ်လန့်သွားမှုရော လေးစားမှုကိုပါ တစ်ပြိုင်နက်ဖြစ်တည်သွားစေသည်။ ကုနင်းသည် အလွန်ငယ်ရွယ်သေးပေမည့် ကျောက်အလောင်းအစားလုပ်ရာတွင်ရော ရှေးဟောင်းပစ္စည်းပိုင်းတွင်ပါ အရည်အချင်းရှိလေသည်။ ထို့အပြင် အတိုက်အခိုက်တွင်လဲ ထူးချွန်ကာ ယန်ကျန်းလင်ကို စနိုက်ပါသမား၏လက်မှပင်ကယ်ဆယ်ပေးခဲ့သေးသည်။

ထိတ်လန့်မှုဖြစ်ပြီးသွားချိန်တွင်တော့ ရှောင်းလီဟွာတစ်ယောက် စိတ်လှုပ်ရှားကာ မျက်လုံးအရောင်များပင်တောက်လာခဲ့ပြီး ကုနင်းကတော့ပြုံးရုံသာပြုံးပြလိုက်သည်။ အခုချိန်တွင် ရှောင်းလီဟွာ ကုနင်းကိုပို၍ပင် လေးစားသဘောကျမိသွားတော့သည်။

"အထဲ ဝင်ခဲ့ပါ၊ ကိုယ့်အိမ်လိုပဲသဘောထားနော်!" ရှောင်းလီဟွာ ကုနင်းကိုဖိတ်ခေါ်လိုက်သည်။

ကုနင်းထိုင်ပြီးသွားသည်နှင့် ရှောင်းလီဟွာချက်ချင်းပင် သူမအတွက် လက်ဖက်ရည်တစ်ခွက်ငှဲ့ပေးလိုက်ပုံမှာ သူတို့က တကယ့်မိသားစုလိုပင်။

ရှောင်းလီဟွာသည် Gမြို့အထက်တန်းကျောင်းတစ်ခု၏ ဒုကျောင်းအုပ်ဖြစ်ကာ ကျောင်းတွင်တော့ သူမကို စည်းကမ်းတင်းကြပ်သည့် ဆရာမတစ်ဦးဟု၏သိထားကြပေမည့် အိမ်တွင်တော့ သူမသည် နူးညံ့ကြင်နာတတ်သည့်အမျိုးသမီးတစ်ဦးဖြစ်လေသည်။

ကုနင်းအတွက် လက်ဖက်ရည်ငှဲ့ပေးပြီးနောက်တွင်တောတော့ ရှောင်းလီဟွာတစ်ယောက်ချက်ချင်းပင် ချက်ပြုတ်ဖို့ရန်အတွက် ထွက်သွားတော့သည်။

"မင်းနေခဲ့ဦး၊ ငါ ကောင်မလေးကုနဲ့ပြောစရာရှိသေးတယ်။" ဆရာကြီးယန် ယန်ကျန်းလင်ကိုပြောလိုက်ပြီးသည်နှင့် အလျင်စလို ကုနင်းအား ဆွဲခေါ်သွားတော့သည်။

"ကောင်မလေးကု, မင်းကတော့ တကယ့်ကိုမယုံနိုင်စရာကောင်းပြီးရင်းကောင်းနေတာပဲ! မင်းထန်မြို့မှာ ကျောက်စိမ်းပေါင်း၃၀ကျော်ဖြတ်ပြီး ယွမ်၂.၃ဘီလီယံတောင်ရှာနိုင်ခဲ့တယ်လို့ ကြားပေမယ့် ငါ့အထင် အဲ့ထက်တောင်ပိုများလိမ့်ဦးမယ်၊ မှန်တယ်မဟုတ်လား? ဆရာကြီးယန်မှာ ကုနင်းကို အလွန်လေးစားမိလို့နေသည်။ ကုနင်းက သူမလုပ်ခဲ့သည့်ကိစ္စများကို လူအများကြီးမသိသွားစေချင်မှန်း ဆရာကြီးယန်နားလည်သောကြောင့် သူ့သားနှင့် ချွေးမရှေ့တွင်ပင်မပြောခဲ့ခြင်းဖြစ်သည်။

ကုနင်းပြုံးလိုက်ကာ,

"မှန်ပါတယ်၊ ကျွန်မနောက်ထပ် ကျောက်စိမ်း၁၀တုံးကျော်လောက်ထပ်ဖြတ်ခဲ့သေးတယ်။"

ကုနင်းသည် သူမကျောက်စိမ်းတင်ပို့သူတစ်ဦးရော ကျောက်ရိုင်းတင်ပို့သူတစ်ဦးပါဖြစ်နေပြီဆိုသည့်အကြောင်းကိုတော့ အခုကအချိန်ကောင်းမဟုတ်သေး၍ ပြောဖို့ရန် အစီစဉ်မရှိနေသေးပေ။

ဆရာကြီးယန် အလွန်အံ့အားသင့်သွားပေမယ့် ထိုကိစ္စမှာမဖြစ်နိုင်စရာအကြောင်းမရှိဟုလဲ တွေးမိလေသည်။ ကုနင်းအနေဖြင့် ကျောက်စိမ်းအတုံးပေါင်း၃၀ကျော်ကိုတောင်မှဖြတ်ပြီးနေမှတော့ နောက်ထပ်ပိုပြီးထပ်မဖြတ်နိုင်စရာအကြောင်းမရှိပေ။

ကုနင်း ယန်မိသားစုအိမ်သို့လာခြင်းမှာ ယန်ကျန်းလင်နှင့် သေသေချာချာဆွေးနွေးမှဖြစ်မည့်အကြောင်းတစ်ခုရှိခြင်းကြောင့်ဖြစ်သောကြောင့် ဆရာကြီးယန်နှင့်အချိန်ခနလောက် စကားပြောပြီးသွားသည်နှင့် ယန်ကျန်းလင်နှင့်စကားပြောရန်ထွက်သွားတော့သည်။ ယခုကိစ္စသည့် အလွန်လျှို့ဝှက်ပြောဆိုရမည့်ကိစ္စဖြစ်သောကြောင့် ကုနင်းက စာကြည့်ခန်းထဲတွင်ပြောကြရန် တောင်းဆိုလိုက်သည်။

ယန်ကျန်းလင်သည်လဲ ရှည်ရှည်ဝေးဝေးတွေးမနေဘဲ ကုနင်းကို စာကြည့်ခန်းဆီသို့ခေါ်ဆောင်သွားပေးခဲ့လေသည်။

"ကောင်မလေးကု၊ မင်းအခုပြောချင်တာပြောလို့ရပြီ!" သူတို့နှစ်ဦးလုံးထိုင်ခုံတွင်ထိုင်ပြီးသွားကြသည်နှင့် ယန်ကျန်းလင်က စကာ စကားလမ်းကြောင်းပေးလိုက်သည်။

"ဦးလေးယန်လဲ အရင်နေ့တွေတုန်းက ဟုန်ယွမ်အိမ်ခြံမြေလုပ်ငန်းနဲ့ ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းပဋိပက္ခဖြစ်တဲ့အကြောင်းကိုသိထားပြီးပြီမဟုတ်လား?" ယန်ကျန်းလင် ထိုကိစ္စကို သိထားပြီးပြီဖြစ်မှန်းတော့ ကုနင်းသိထားပြီးဖြစ်ပေမည့် စကားစသည့်အနေဖြင့်မေးလိုက်လေသည်။

"ဟုတ်တာပေါ့၊ ငါသိထားပြီးသားလေ။"

"ဒီလိုဆိုမှတော့ ကျွန်မရဲ့ဝှက်ဖဲကိုချပြရတော့မှာပေါ့။ တကယ်တော့ ကျွန်မက ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းရဲ့ ပိုင်ရှင်အစစ်ပါ။ ဟုန်ယွမ်အိမ်ခြံမြေဘက်က ရှန်းဟွာအိမ်ခြံမြေကို လုပ်ခဲ့တဲ့ကိစ္စအတွက် ရမ်ခန်းကို ထောင်ထဲထည့်ပြီး လျော်ကြေးငွေတွေလဲရထားပြီးသွားပြီဆိုပေမယ့် ဒီလောက်နဲ့လုံလောက်ပြီလို့တော့ ကျွန်မမထင်ဘူး။ ရှန်းဟွာအိမ်ခြံမြေဘက်က ဟုန်ယွမ်ဆီကနေပြီး ပရောဂျက်ကြီးတစ်ခုကို ဖြတ်ယူထားတာဆိုတော့ သေချာပေါက် သူတို့ဘက်က လွယ်လွယ်နဲ့အလျှော့ပေးသွားမှာမဟုတ်ဘူး။ ဖန်ချန်းရှန်ရဲ့အကျင့်စရိုက်အရသေချာပေါက်ကို လက်စားပြန်ချေလိမ့်မယ်။ ဒါကြောင့် ဟုန်ယွမ်နဲ့ ရှန်းဟွာကြားက ရန်ပွဲကဘယ်လိုမှရှောင်လို့မရနိုင်တဲ့ပြဿနာတစ်ခုပဲ။ ဒီတော့ ငြိမ်ငြိမ်လေးနေလိုက်တာထက် ကျွန်မကတော့ သူတို့ထက်အရင်လက်ဦးမှုရယူလိုက်ချင်တယ်။" ကုနင်း အေးအေးဆေးဆေးနှင့် ရှင်းရှင်းလင်းလင်းပြောပြနေပေမယ့် ယန်ကျန်းလင်သည်တော့ အံ့အားသင့်နေလေသည်။

ဘာ? ကုနင်းက ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းရဲ့ပိုင်ရှင်တဲ့လား? တကယ့်ကိုအံ့ဩစရာပဲ! သူမက JadeBeautyလက်ဝတ်ရတနာလုပ်ငန်းကို တည်ထောင်ခဲ့ပြီး အခုတော့ ရှန်းယွမ်အိမ်ခြံမြေကိုတောင် ပိုင်နေပြီလား! သူမမှာ တခြားပိုင်ဆိုင်မှုတွေများ ထပ်ရှိနေဦးမှာလား? ဒီမိန်းကလေးကတော့ အမြဲတမ်းအံ့ဩစရာကောင်းနေတော့တာပဲ! ယန်ကျန်းလင် ထိုကိစ္စအကြောင်း အသေးစိတ်သိချင်နေသေးသော်လည်း မေးခွန်းတော့မထုတ်လိုက်ပေ။

"မင်းဘယ်လိုစီစဉ်ထားလဲ?"

ယန်ကျန်းလင်သည်လဲ ဖန်ချန်းရှန်သည် တစ်ကိုယ်ကောင်းဆန်ကာ ဉာဏ်နီဉာဏ်နက်များသည့် မကောင်းသည့်လူမှန်းသိထားပြီးဖြစ်၍ လွယ်လွယ်လက်လျှော့သွားမည်မဟုတ်မှန်းနားလည်လေသည်။ သူ့ကိုမည်သူပင် စိတ်အနှောက်အယှက်ပြုမိပါစေ သေချာပေါက် လက်စားပြန်ချေပေလိမ့်မည်။ ဟုန်ယွမ်အိမ်ခြံမြေဘက်က ရှန်းဟွာနှင့်ယှဉ်ပြိုင်မှုတွင် ယွမ်သန်းကျော်လောက်သာဆုံးရှုံးခဲ့ ရပြီး ထိုကိစ္စမှာလဲ သူတို့၏နောက်ပရောဂျက်မစခင်အချိန်လောက်အထိသာ ပြဿနာတစ်ရပ်ဖြစ်နေမည်ဖြစ်သည်။ ထို့ကြောင့် ကုနင်းပြောသလို လက်ဦးမှုရယူထားခြင်းက ပိုကောင်းမှန်းသိပေမယ့် ဘယ်လိုမျိုးလက်ဦးမှုယူမှာလဲ?

"ကျွန်မမှာ ဟုန်ယွမ်အိမ်ခြံမြေလုပ်ငန်းရဲ့ တရားမဝင်လုပ်ကိစ္စတွေအကြောင်း သက်သေရှိထားပြီးပြီ။ ဒီလောက်ဆို ဖန်ချန်းရှန်ကို ထောင်ထဲထည့်လိုက်ဖို့လဲ လုံလောက်နေပြီ။ ဒါပေမယ့် ဒီကိစ္စမှာ အစိုးရဘက်က အရာရှိအချို့လဲပါနေတာဆိုတော့ ကျွန်မတစ်ယောက်တည်းမလုပ်နိုင်ဘူး။ ဦးလေးယန် ကျွန်မကိုကူညီပေးပြီး ကိုယ်တိုင်လဲ ရလဒ်ကောင်းတွေမလိုချင်ဘူးလား?"

"ဘာ? မင်းမှာ သူတို့ရဲ့ တရားမဝင်လုပ်ငန်းသက်သေတွေရှိနေပြီလား?" ယန်ကျန်းလင် အံ့ဩလွန်း၍ ကြားရသည်များကိုပင်မယုံကြည်နိုင်ဖြစ်သွားသည်။ မေးစရာပင်မလိုစွာ ထိုကိစ္စတွင်ပါဝင်ပတ်သတ်နေသည့် အစိုးရအရာရှိများမှာ မည်သူမှန်းသူသိထားပြီးဖြစ်သည်။ ယန်ကျန်းလင်သည်လဲ ကိုယ်တိုင်စုံစမ်းခဲ့ဖူးပေမယ့် တိကျသည့်သက်သေအထောက်အထားမရခဲ့ပေ။ ထို့အပြင် ယန်ကျန်းလင် သူ၏နိုင်ငံရေးလမ်းကြောင်းအတွက်အလွန်အရေးကြီးလှသော အထောက်အပံ့၀ကိုလဲ သေချာပေါက်ရချင်လေသည်။

"ဟုတ်၊ ကျွန်မမှာ အဲ့ဒီ့အရာရှိနှစ်ယောက်ရဲ့လာဘ်စားမှုနဲ့ မယားငယ်ထားတဲ့သက်သေတွေပါ ရှိထားပြီးပါပြီ။ ပြီးတော့ သူတို့ရဲ့မဖွယ်မရာကောင်းတဲ့ဓါတ်ပုံသက်သေတွေတောင်ရှိသေးတယ်။"

ထိုစကားကိုကြားလိုက်ရချိန်တွင်တော့ ယန်ကျန်းလင်ပင့်သက်ရှိုက်မိသွားလေသည်။ သူအလွန်ထိတ်လန့်သွားရလေသည်။ သူသည်လဲ ထိုအကြောင်းအချိန်ကြာမြင့်စွာ စုံစမ်းစစ်ဆေးခဲ့ပေသည်။ သူသည်လဲ တချို့သောကိစ္စများကိုဖော်ထုတ်နိုင်ခဲ့ပေမယ့် ထိုလူများကိုဖြုတ်ချဖို့အထိတော့မလုံလောက်ခဲ့ပေမယ့် ကုနင်းသည်တော့ ရုတ်ချည်းပင် များပြားလှသော သက်သေများရှိနေခဲ့ပေမည်။ ထိုစကားများကြားပြီး မအံ့ဩဖို့ကမှပို၍ပင်ခက်ပေမည်။

"သက်သေတွေက အစစ်ဆိုတာသေချာရဲ့လား?"

"ရာနှုန်းပြည့်သေချာပါတယ်။ ဒါပေမယ့် ကျွန်မဒီသက်သေတွေကိုဘယ်လိုရခဲ့လဲဆိုတာတော့ မပြောပြနိုင်ပါဘူး။ ဦးလေးယန်သာ ကျွန်မနဲ့ပူးပေါင်းဖို့သဘောတူမယ်ဆိုရင် အခုချက်ချင်းပဲ သက်သေတွေကိုထုတ်ပြပါ့မယ်။ ဒါပေမယ့် ဦးလေးတစ်ခုခုကိုစိုးရိမ်နေမိတယ်ဆိုရင်တော့ အခြားတစ်ယောက်ကိုပဲသွားပြောလိုက်ပါ့မယ်။" ထိုစကားသည် ယန်ကျန်းလင်ကို ခြိမ်းခြောက်ခြင်းမျိုးမဟုတ်သလို ဖိအားပေးခြင်းမျိုးလဲမဟုတ်ပေ။ ထို့အပြင် ယန်ကျန်းလင်ဘက်က သေချာပေါက်သဘောတူသည့်အဖြေသာပေးမည်ဖြစ်ကြောင်းကိုလဲ ကုနင်းသိထားပြီးဖြစ်လေသည်။

လုံးဝမမျှော်လင့်ထားမိသည့် လက်ဆောင်ကြီးတစ်ခုက သူ့လမ်းပေါ်ကျရောက်လာမှတော့ ယန်ကျင်းလင်ဘက်ကငြင်းပယ်လိမ့်မည်မဟုတ်ပေ။

"ပွင့်ပွင့်လင်းလင်းပြောရရင်၊ ငါလဲ သူတို့အကြောင်းကို စုံစမ်းနေခဲ့တာ၊ ဒါပေမယ့် သက်သေတိတိကျကျတော့မတွေ့ခဲ့ဘူး။ မင်းကတော့ တကယ့်ကိုတော်တာပဲ၊ ငါ့အထင် အရင်တစ်ခေါက် ငါ့ကိုလုပ်ကြံသတ်ဖြတ်ဖို့ကြံတာ ငါ့ရဲ့နိုင်ငံရေးလမ်းကြောင်းပေါ်က ရန်သူတွေမှန်း မင်းသိပြီးသားပဲဖြစ်ရမယ်!"

"သိထားတာပေါ့!" ကုနင်းပြန်ဖြေပေးလိုက်သ့ည်။

ထို့နောက် ယန်ကျန်းလင်လဲ ကုနင်း၏အစီစဉ်ကိုသဘောတူလိုက်ပြီးသည်နှင့် ကုနင်းလဲ စာအိတ်တစ်ခုကိုထုတ်ယူက ယန်ကျန်းလင်ကိုပေးလိုက်သည်။

ကုနင်းက ဒီလောက်အရေးကြီးသည့်သက်သေများကို သူမကျောပိုးအိတ်ထဲတွင်သာထည့်ထားကြောင်းတွေ့လိုက်ရချိန်တွင်တော့ ယန်ကျန်းလင်အလွန်စိုးရိမ်သွားရသည်။ ထိုသက်သေများပျောက်သွားလျှင်မည်သို့လုပ်မည်နည်း!

***

အခန်း ၃၄၉

ပြစ်မှုသက်သေအထောက်အထား

ယန်ကျန်းလင် စာအိတ်အတွင်းတွင်ပါရှိသည့် စာရွက်စာတမ်းများကိုဖတ်ရှုရန်အတွက်ဖွင့်ဖောက်လိုက်သည်။

စာအိတ်ထဲတွင်တော့ စာရွက်အထူကြီးတစ်အုပ်ရှိနေကာ အပေါ်ဆုံးတွင် ဟုန်ယွမ်အိမ်ခြံမြေလုပ်ငန်း၏ပြစ်မှုသက်သေများပါရှိလေသည်။ ဟုန်ယွမ်၏ဥက္ကဌက ဒုတိယမြို့တော်ဝန် လျှိုရှီခွန်းနှင့် လမ်းပန်းဆက်သွယ်ရေးအာဏာပိုင်အဖွဲ့၏ခေါင်းဆောင် ဝေ့ချန်ကွမ်းတို့အား ယွမ်သန်း၁၀၀ကျော်မျှ လာဘ်ထိုးထားကာ အကျိုးအမြတ်များစွာလဲပြန်လည်ရရှိခဲ့သည်။ လျှိုရှီခွန်းနှင့် ဝေ့ချန်ကွမ်းတင်မကသေးဘဲ အခြားသောအစိုးရအရာရှိများလဲ ထိုလာဘ်ပေးလာယ်ယူမှုတွင်ပါဝင်ထားကြလေသည်။ သူတို့ရရှိထားသည့် ငွေပမာဏသည်တော့ အလွန်နည်းပါးသည်ဆိုပေမယ့် ထောင်ထဲသို့နှစ်အတန်ကြာထည့်ပစ်ဖို့ရန်တော့လုံလောက်လေသည်။

ဟုန်ယွမ်အိမ်ခြံမြေဘက်မှ ဖိအားပေးကာအဆောက်အဦးများကိုဖျက်စီးခဲ့ပေမည့် လျော်ကြေးပေးဆောင်ဖို့ကိုတော့ ငြင်းဆန်ထားခဲ့လေသည်။ ထို့အပြင် ဟုန်ယွမ်အိမ်ခြံမြေလုပ်ငန်းသည် ၃နှစ်အတွင်း ယွမ်သန်း၅၀၀နီးပါးအခွန်အခများကိုလဲ ရှောင်ဖယ်ခဲ့ပြီး သူတို့တည်ဆောက်နေသည့် အဆောက်အဦးအချို့သည်လဲ အရည်အသွေးနိမ့်ပစ္စည်းများကိုအသုံးပြုထားခြင်းကြောင့် မတော်တဆမှုများစွာကိုဖြစ်နေစေခဲ့သည်။

ဟုန်ယွမ်အိမ်ခြံမြေလုပ်ငန်းစပ်ဆက်နေသည့် ဟုန်ယွမ်အုပ်စုပိုင် နာမည်ကြီးဟိုတယ်တစ်ခုသည်လဲ လျှို့ဝှက်စွာလိင်ပိုင်းဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းကိုလုပ်ကိုင်နေပေသည်။ ပြည့်တန်ဆာလုပ်သူများတွင် အသက်မပြည့်သေးသည့်မိန်းကလေးများပင် ပါရှိနေသေးသည်။ ထိုသို့လုပ်ဆောင်မှုများသည် ဟိုတယ်အများစုတွင်တော့ ပုံမှန်လိုသာဖြစ်ပေမည့် တရားမဝင်သည်ကတော့ တရားမဝင်စဲပင်။ တစ်စုံတစ်ယောက်ကသာ သတင်းပေးခဲ့ပြီဆိုလျှင် ထိုဟိုတယ်သည်သေချာပေါက် ဒုက္ခရောက်လိမ့်မည်ဖြစ်သည်။ ထို့အပြင် ဟုန်ယွမ်အုပ်စုပိုင် နာမည်ကြီးစားသောက်ဆိုင်တစ်ခုတွင်လဲ အစာအဆိပ်သင့်ကာလူတစ်ဦးသေဆုံးခဲ့ပေမည့် အဆုံးတွင်တော့ နှလုံးရောက်ဂါဖောက်ကာ သေဆုံးခြင်းဖြစ်သည်ဟုသာ ဆုံးဖြတ်ချက်ချခြင်းခံခဲ့ရပေသည်။

ဟုန်ယွမ်အိမ်ခြံမြေလုပ်ငန်းသည် မကောင်းသည့်ကိစ္စများစွာလုပ်ကိုင်ကြောင်း ယန်ကျန်းလင်သထားပြီးဖြစ်ပေမည့် အခုလိုသူတို့လုပ်ခဲ့သမျှကို တိတိကျကျဖတ်လိုက်ရချိန်တွင်တော့ အံ့အားသင့်မိနေစဲပင်။ ယန်ကျန်းလင်သည် ဟုန်ယွမ်ဘက်ကပြုလုပ်ခဲ့သည် ပြစ်မှုများစွာကိုဖတ်ရင် အလွန်ဒေါသထွက်လာရပေသည်။

တစ်ဖက်ခြမ်းရှိ ဆိုဖာပေါ်တွင်ထိုင်နေသည့် ကုနင်းပင်လျှင် ယန်ကျန်းလင်၏ဒေါသကိုခံစားမိလေသည်။

တခြားစာရွက်များတွင်တော့ လျှိုရှီခွန်းနှင့် ဝေ့ချန်ကွမ်း၏ပြစ်မှုသက်သေများကိုရေးသားထားပေသည်။ ထိုထဲတွင်တော့ ဖန်ချန်းရှန်ဆီမှ တရားမဝင်လာဘ်စားထားပြီး သူ့ရဲ့ပြစ်မှုများကိုဖုံးကွယ်ထားပေးသည်များကို ရေးသားဖော်ပြထားသည်။ ကေက သူတို့နှင့်သက်ဆိုင်သည့် ဗီဒီယိုများပါရှိသည့် USBတစ်ခုကိုလဲရရှိထားပေသည်။ ထို့အပြင် သူတို့၏မယားငယ်များနှင့် အိပ်ရာထက်တွင်ပျော်မြူးနေသည့် မဖွယ်မရာဓါတ်ပုံအများအပြားလဲပါရှိသေးကာ တစ်ဦးတစ်ယောက်စီတိုင်း၏မျက်နှာကိုလဲ ရှင်းရှင်းလင်းလင်းမြင်ရပေသည်။

ထိုမယားငယ်များ၏ နာမည်, လိပ်စာ, အလုပ်လုပ်သည့်နေရာနှင့်လျှိုရှီခွန်း သို့မဟုတ် ဝေ့ချန်ကွမ်းတို့နှင့်မည်သည့်အချိန်မှစကာ အိပ်ရာထက်မှ ဆက်ဆံရေးရှိခဲ့ကြောင်းစသည့်အသေးစိတ်အချက်အလက်များကိုပါဖော်ပြထားပေသည်။ လျှိုရှီခွန်းတွင်တော့ အသက်၈နှစ်အရွယ်ရှိပြီဖြစ်သည့် တရားမဝင်ကလေးတစ်ဦးပါရှိနေသေးသည်။

ထိတ်လန့်စရာအကောင်းဆုံးကိစ္စသည်ကတော့ ထိုလူများသည် လူသတ်မှုတစ်ခုတွင်လဲ ပါဝင်ထားကြခြင်းပင်ဖြစ်သည်။ လွန်ခဲ့သည့်၃နှစ်က ကားမတော်တဆမှုတစ်ခုကြောင့် လမ်းပန်းဆက်သွယ်ရေးအာဏာပိုင်အဖွဲ့၏ခေါင်းဆောင်ဟောင်းသေဆုံးသည့်သတင်းသည် ထိုအချိန်တုန်းကအတော်လေး လှုပ်ခတ်သွားခဲ့သည့်သတင်းတစ်ပုဒ်ဖြစ်လေသည်။ ထိုလမ်းပန်းဆက်သွယ်ရေးအာဏာပိုင်ဟောင်း ကားမတော်တဆမှုကြောင့် သေဆုံးပြီးသည်နှင့် ဝေ့ချန်ကွမ်းသည် ထိုနေရာ၏ခေါင်းဆောင်အသစ်အဖြစ်ခန့်အပ်ခြင်းခံခဲ့ရလေသည်။

ယန်ကျန်းလင် ဒေါသတကြီးဖြင့် ထိုစာရွက်များကို စားပွဲပေါ်သို့ ဝုန်းခနဲမြည်အောင်ပစ်ချလိုက်ပြီး,

"သူတို့ဒီလောက်တောင် ပြစ်မှုတွေအများကြီးလုပ်ထားကြတယ်ပေါ့၊ အံ့ဩစရာပဲ။"

"လျှိုရှီခွန်းနဲ့တခြားလူတွေကို စုံစမ်းစစ်ဆေးပြီးထောင်ချပစ်လို့ရနေပြီ၊ ဒါပေမယ့် ဒီကိစ္စကိုငါတစ်ယောက်တည်းမဆုံးဖြတ်နိုင်ဘူး၊ ဒီတော့ မနက်ဖြန်ကျရင် ငါ့ခေါင်းဆောင်တွေကိုအရင်သွားပြောဖို့လိုသေးတယ်။ ပြီးမှ မင်းကိုပြန်ဆက်သွယ်လိုက်မယ်။ ဘယ်လိုလဲ?" ထိုကိစ္စမှာ နိုင်ငံရေးအဖွဲ့အစည်းများနှင့်ဆိုင်ပြီး ယန်ကျန်းလင်တစ်ဦးတစ်ယောက်တည်း၏ရန်ငြှိုးမဟုတ်သောကြောင့် သူတစ်ယောက်တည်းဆုံးဖြတ်၍မရပေ။

"အဆင်ပြေပါတယ်။" ကုနင်းလဲ အခြေအနေကိုနားလည်သောကြောင့် သဘောတူလိုက်ပေသည်။

"ဒါပေမယ့် ကျွန်မအကြောင်းကိုတော့မပြောပါနဲ့နော်။ နိုင်ငံရေးကိစ္စတွေထဲကို ဝင်မပါချင်ဘူး။"

"မလုပ်ပါဘူး။" ကုနင်းပါဝင်ပတ်သတ်နေကြောင်း သူ၏နိုင်ငံရေးဘက်မှရန်သူများသာသိသွားခဲ့လျှင် သူမအန္တရာယ်များနိုင်ကြောင်း ယန်ကျန်းလင်လဲသိပေသည်။

သို့ပေမယ့် ထိုအတိုင်းသာဆိုလျှင် ကုနင်းအနေဖြင့် ထိုဖြစ်ရပ်ကိုဖော်ထုတ်ပေးမှုကြောင့်ရမည့် ဆုကြေးကိုရရှိလိမ့်မည်မဟုတ်ပေ။

တကယ်တော့ ကုနင်းသည်လဲ ထိုအရာကိုဂရုစိုက်ခြင်းမရှိပေ။

"ဟုတ်သားပဲ, ဦးလေးယန်၊ တကယ်လို ဟုန်ယွမ်အုပ်စုကို ပြစ်ဒဏ်ချမှတ်ပြီးပြီဆိုရင် သူတို့ရဲ့ပိုင်ဆိုင်မှုတစ်ချို့တစ်လေကိုများ ကျွန်မရနိုင်မလား?" ကုနင်းမေးလိုက်သည်။

ကုနင်းသည် ဟုန်ယွမ်၏ပိုင်ဆိုင်မှုအချို့ကိုသာလိုချင်လေသည်။ အကြောင်းသည်တော့ ဟုန်ယွမ်၏ဆောက်လုပ်ရေးပိုင်းအများစုသည် အရည်အသွေးနိမ့်ပြီး ဟုန်ယွမ်အုပ်စုပိုင် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းကုမ္ပဏီသည်လဲ မကောင်းသတင်းကြီးလေသည်။ ကျန်းရှုသည်လဲ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းနယ်ပယ်တွင်ဝင်ရောက်လုပ်ကိုင်နေပြီဖြစ်သောကြောင့် ကုနင်းအနေဖြင့် ထိုနယ်ပယ်ဘက်တွင်ပါဝင်လိုခြင်းမရှိပေ။ ချေးငွေကုမ္ပဏီကိုတော့ဖြင့် ကုနင်းစိတ်ဝင်စားခြင်းအလျဉ်းမရှိပေ။

သို့ပေမယ့် ဟုန်ယွမ်အုပ်စုပိုင်ဆိုင်သည့် ဆောက်လုပ်ရေးလုပ်ငန်း၊ ဆောက်လုပ်ရေးသုံးစက်ကိရိယာများ၊ ဆောက်လုပ်ရေးလုပ်သားများ၊ ကြမ်းခင်းအပူပေးစနစ်ကုမ္ပဏီ နှင့် အိမ်သုံးပစ္စည်းလုပ်ငန်းများသည်တော့ မဆိုးလှပေ။

ထိုလုပ်ငန်းများသည် Dစီရင်စု၏ ပထမတန်းစားမြို့နှစ်မြို့, ဒုတိယတန်းစားမြို့သုံးမြို့ နှင့် တတိယတန်းစားမြို့လေးမြို့အပြင် မြို့တော်ဖြစ်သည့် Dမြို့တွင်ပါတည်ရှိပြီး အခြားသောမြို့သေးလေးများတွင်လဲရှိနေသေးသည်။

ဟုန်ယွမ်အုပ်စုတွင် Jမြို့၏ဒုတိယတန်းစားမြို့တစ်မြို့တွင်လဲ ဆောက်လုပ်ရေးပရောဂျက်တစ်ခုရှိသေးပြီးအခုမှစတင်ခါစပင်။ ထိုနေရာသည် ဧက၂၀၀ကျယ်ဝန်းလေသည်။ ထိုဆောက်လုပ်ရေး၏လက်အောက်တွင် အရည်အသွေးမြင့်ဈေးဝယ်စင်တာတစ်ခုလဲပါနေသေးသောကြောင့် ကုနင်းအနေဖြင့် သေချာပေါက် ထိုနေရာကိုယူကာ ဆက်လက်ဆောက်လုပ်မည်ဖြစ်သည်။ ဟုန်ယွမ်အုပ်စု၏လက်အောက်တွင် ဈေးဝယ်စင်တာ၇ခု၊ ကြယ်လေးပွင့်ဟိုတယ်၄လုံး နှင့်စားသောက်ဆိုင်၅ဆိုင်ရှိသေးပြီး ထိုနေရာအားလုံးသည် Dစီရင်စု၏ဒုတိယတန်းစားမြို့၃မြို့တွင်တည်ရှိလေသည်။ ထိုနေရာများကိုလဲ ကုနင်းသိမ်းပိုင်ရန်စီစဉ်ထားသည်။

သေချာပေါက် ထိုနေရာများကိုရယူပြီးသွားလျှင်တော့ လုပ်ငန်းကိုဆက်လက်လည်ပတ်မည်မဟုတ်ပေ။ ထိုနေရာအားလုံးကိုပြန်လည်မွန်းမံမည်ဖြစ်ပြီး တစ်နည်းဆိုရသော် ကုနင်းသည် အဆောက်အဦးနေရာကိုသာဝယ်ယူမည်ဖြစ်ပြီး လုပ်ငန်းကိုတော့ အသစ်ပြန်စမည်ဖြစ်သည်။ ဟုန်ယွမ်ဘက်ကတည်ဆောက်သွားသည့်အခြေခံအုတ်မြစ်သာရှိထားမည်ဆိုလျှင် သူမအတွက်အရာရာတိုင်းခက်ခဲနေလိမ့်မည်မဟုတ်ပေ။ ထိုဟိုတယ်များနှင့် စားသောက်ဆိုင်များမှာ သိပ်ပြီးကျော်ကြားလှသည်တော့မဟုတ်ပေမည့် အမြတ်တော့ရမြဲဖြစ်သည်။

ကုနင်းတွင် ဟုန်ယွမ်အုပ်စုကို အပိုင်သိမ်းဖို့အထိ ရည်ရွယ်ချက်ကြီးရှိနေလိမ့်မည်ဟု ယန်ကျန်းလင်မမျှော်လင့်ထားခဲ့ပေမယ့် ကုနင်းဘက်က စိတ်ဆုံးဖြတ်ပြီးနေပြီဆိုလျှင်တော့ သူတားလိမ့်မည်မဟုန်ပေ။

"ဟုန်ယွမ်အုပ်စုသည် တရားမဝင်လုပ်ကိုင်မှုတွေကြောင့် ဖြုတ်ချမံရပြီဆိုလျှင် နိုင်ငံတော်ပိုင်ဖြစ်သွားမှာ။ လေလံမတင်ခင်အထိတော့ အတော်လေးဈေးနိမ့်နေလိမ့်မယ်။ မင်းလိုချင်နေရင်တော့ ဒီလုပ်ငန်းကိုမင်းပိုင်ဆိုင်ရအောင်လုပ်ပေးမယ်လို့ ကတိပေးတယ်။ ဒါပေမယ့် ဟုန်ယွမ်အုပ်စုရဲ့လုပ်ငန်းတွေက နည်းနည်းနောနော်မဟုတ်တော့ မင်းငွေအများကြီးရှိထားဖို့တော့လိုတယ်။"

ထိုနည်းလမ်းသည် ဥပဒေကိုဆန့်ကျင်ရခြင်းမဟုတ်၍ ယန်ကျန်းလင်ကတိပေးနိုင်ပေမည့် ဟုန်ယွမ်လုပ်ငန်းကိုဝယ်ယူဖို့ရန် ကုနင်းတတ်နိုင်ပါ့မလားဆိုသည်ကိုတော့ သူမသိပေ။

"ကျွန်မအထင်တော့ စုစုပေါင်းတန်ဖိုးက ယွမ်၃ဘီလီယံကိုကျော်မှာမဟုတ်ဘူး၊ တကယ်လို့ အန်ကယ်ယန်သာ ကျွန်မကို ဈေးလျှော့ပေးမယ်ဆိုရင်တော့ ပိုကောင်းတာပေါ့။" ကုနင်းနောက်ပြောင်ကာပြောလိုက်သည်။

"ဟ-ဟ" ယန်ကျန်းလင်ရယ်လိုက်ပေမယ့် ကုနင်း၏စကားအရ သူမလက်ထဲတွင်ယွမ်၃ဘီလီယံရှိနေကြောင်းကိုတော့အတည်ပြုသွားပြီဖြစ်သည်။

ကုနင်းဘက်က သူ့ကိုအမှန်တကယ်ဈေးလျှော့အောင်လုပ်ပေးရန်မပြောသော်လည်း သူကတော့ သူမ သက်သေများကိုပေးထားခြင်းကြောင့် သေချာပေါက် ဈေးလျော့အောင်လုပ်ပေးမည်ဖြစ်သည်။ ဆွေးနွေးမှုပြီးသွားချိန်တွင်တော့ ယန်ကျန်းလင်ရော ကုနင်းပါ စာကြည့်ခန်းထဲမှထွက်လာလိုက်ကြသည်။

"မင်းတို့နှစ်ယောက်ဘာတွေပြောနေတာလဲ? ဘာလို့ဒီလောက်တောင် လျှို့ဝှက်နေကြတာလဲ? ငါ့ကိုကျမပြောပြကြဘူး။" ဆရာကြီးယန်က သူတို့နှစ်ဦးထွက်လာသည်နှင့် မကျေမနပ်ပြောလိုက်သည်။ တကယ်တမ်း သူတို့နှစ်ဦးအလွန်အရေးကြီးသည့်ကိစ္စကို ဆွေးနေနေကြောင်းသိ၍ တမင်စနောက်နေခြင်းဖြစ်ပေသည်။

ကုနင်းသည်လဲ ဆရာကြီးယန်၏စိတ်ကိုသိထားပေမည့် နှစ်သိမ့်ပေးနေစဲပင်၊

"အဖိုးကို မစိုးရိမ်စေချင်လို့ပါ။ အဖိုးက အဖိုးဖူတို့ အဖိုးပိုင်တို့နဲ့ပဲ အေးအေးဆေးဆေးနားနေပြီး ပြဿနာတွေကိုတော့ ဦးလေးယန်ကိုပဲ ဖြေရှင်းခိုင်းလိုက်ပါ။"

***

အခန်း ၃၅၀

ရောဂါကုသပေးခြင်း

ကုနင်းက ဆရာကြီးပိုင်နှင့်ဆရာကြီးဖူတို့အကြောင်းပြောလာချိန်တွင်တော့ ဆရာကြီးယန်က,

"မင်းအခုGမြို့ကိုရောက်နေတယ်ဆိုတာ သူတို့မသိသေးဘူးမလား?"

ကုနင်းလဲ ဆရာကြီးယန်ဘာအတွက်မေးမှန်းသိနေ၍ မနိုင်သည့်သဘောပြုံးလိုက်ကာ,

"မပြောထားရသေးပါဘူး။"

"ဟ-ဟ၊ ဟ-ဟ! မင်းGမြို့ကိုရောက်နေပြီး ငါ့အိမ်ကိုလာတာသာ သူတို့သိသွားရင် စိတ်ဆိုးပြီး ချက်ချင်းကိုလိုက်လာကြမှာ။"ဆရာကြီးယန် ထိုအကြောင်းကိုကြိုတင်တွေးကြည့်ရင်း အော်ရယ်နေတော့သည်။

ကုနင်းသည် လူငယ်မျိုးဆက်မှဖြစ်သော်လည်း ထိုဆရာကြီးများသည်တော့ သူမကိုအလွန်လေးစားသဘောကျကြလေသည်။ သူတို့၏အသက်အရွယ်အပိုင်းအခြားမှာ များစွာကွာခြားသော်ငြား ကုနင်းနှင့်တော့ မိတ်ဆွေသူငယ်ချင်းအဖြစ် လိုချင်ကြသည်။ သူတို့က ကုနင်းကို မြေးအရင်းတစ်ယောက်လိုပင်သဘောထားကြလေသည်။ ကုနင်း Gမြို့သို့ ၂ပတ်မျှမလာခဲ့ခြင်းကြောင့် သူမကိုအလွန်သတိရနေကြပေမည့် ကုနင်းသည် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအတွက် ကြိုးစားနေရသည့် ကျောင်းသူတစ်ယောက်မှန်းသိသောကြောင့် သူမကို မည်သူမှအနှောက်အယှက်မပေးကြခြင်းသာဖြစ်သည်။

ထိုခနတွင်ပဲ ဆရာကြီးယန် သက်ပြင်းချကာ စိုးရိမ်မှုများဖြစ်လာခဲ့သည်။

"မေ့လိုက်ပါတော့၊ အဖိုးကြီးပိုင် အခုရက်တွေအတွင်း နေမကောင်းဘူး။ ငါချက်ချင်းကြီးသူ့ကိုရန်သွားမစသေးတာပိုကောင်းတယ်။"

ထိုစကားကိုကြားတော့ ကုနင်းအံ့အားသင့်သွားပြီး,

"အဖိုးပိုင်က ဘာဖြစ်လို့လဲ?"

"ဒါက ငါတို့လဲ အခုအသက်ကြီးနေကြပြီလေ၊ ဒီတော့ အမြဲတမ်းနေမကောင်းဖြစ်ကြတာပေါ့။ အဖိုးကြီးပိုင်က အခုသူ့ရဲ့ခြေအောက်ပိုင်းတွေ အကြောသေသလို ခံစားလို့မရတော့လို့ လောလောဆယ် ဝှီးချဲနဲ့ပဲထိုင်နေရတယ်။"

ကုနင်း ခနမျှတွေးကြည့်လိုက်ပြီးနောက်၊

"အဖိုးယန်၊ မနက်ဖြန် သမီးကို အဖိုးပိုင်ဆီအလည်ခေါ်သွားပါလား? အဖိုးပိုင်အတွက် အထောက်အကူဖြစ်မယ့် နှိပ်နည်းတစ်မျိုး သမီးသိထားတယ်။"

ကုနင်းသည် ဆရာကြီးဖူ၊ ဆရာကြီးယန် နှင့်ဆရာကြီးယန်တို့ကို လေးစားစွာဆက်ဆံသောကြောင့် သူမအနေဖြင့် ကူညီပေးချင်စိတ်ရှိလေသည်။

"တကယ်လား?" ဆရာကြီးယန်အံ့ဩသွားမိသည်။

ဆရာကြီးဖူ၊ ဆရာကြီးပိုင်နှင့် သူသည် နှစ်ပေါင်းများစွာ သူငယ်ချင်းများဖြစ်ခဲ့ကြသောကြောင့် သူတို့ကျန်းကျန်းမာမာအမြဲရှိနေဖို့ရန် မျှော်လင့်မိသည်။

ကုနင်းက သာမာန်မိန်းကလေးတစ်ဦးမဟုတ်မှန်း ဆရာကြီးယန်သိပြီး သူမအနေဖြင့် ကြွားဝါပြောဆိုမည်မဟုတ်မှန်းသိပေမည့် ထိုသတင်းကိုကြားလိုက်ချိန်တွင်တော့ အံ့ဩမိနေစဲဖြစ်သည်။

"အဖိုးယန်၊ အခုပဲ အဖိုးဘာသာအရင်ဘာလို့မစမ်းကြည့်လိုက်တာလဲ?"ကုနင်းက ဆရာကြီးပိုင်ကို ကူညီပေးဖို့ရန်ပြောလိုက်ပြီးမှတော့ ဆရာကြီးဖူနှင့်ဆရာကြီးယန်ကိုလဲ လျစ်လျူမရှုထားနိုင်ပေ။ အခုချိန်တွင်တော့ သူတို့ကျန်းမာနေကြပုံပေါ်ပေမည့် သူတို့အားလုံးသည် အသက်အရွယ်ကြီးရင့်နေကြပြီဖြစ်ပြီး သေချာပေါက် ရောဂါအမျိုးမျိုးလဲ ရှိနေကြမည်ဖြစ်သည်။ ထို့ကြောင့် ကုနင်း သူမ၏စွမ်းအားအနည်းငယ်ကိုအသုံးပြုကာ သူတို့၏ခန္ဓာကိုယ်အတွင်းမှ ကိုယ်တွင်းအင်္ဂါအများကိုကာကွယ်ပေးလိုက်မည်ဖြစ်ပြီး သူတို့ကျန်းကျန်းမာမာနေရစေရန်ပြုလုပ်ပေးမည်ဖြစ်သည်။ သို့ပေမယ့် သူတို့အားလုံးမှာ အလွန်အသက်ကြီးနေကြပြီးဖြစ်၍ လူငယ်များကဲ့သို့တော့ ကျန်းမာသန်စွမ်းနေကြတော့မည်မဟုတ်ပေမည့် ရွယ်တူတန်းတူများထက်တော့ ပိုမိုကျန်းမာနေကြမည်ဖြစ်သည်။

"အဖိုးယန် တစ်နေရာရာကများ နေထိုင်မကောင်းတာရှိလား?" ကုနင်းမေးကြည့်လိုက်တော့ ဆရာကြီးယန် စက္ကန့်ပိုင်းမျှ ဆွံ့အနေပြီးတော့မှ,

"ငါ့ခါးက သိပ်မကောင်းဘူး၊ အချိန်ကြာကြာမတ်တပ်ရပ်နေမိလိုက်တာနဲ့ နာလာရောပဲ။"

ထိုစကားကိုကြားတော့ ကုနင်းချက်ချင်းပင် သူမလက်ကို ဆရာကြီးယန်၏ခါးထက်သို့တင်လိုက်သည်။ ဆရာကြီးယန်ကတော့ သူမလက်ကိုမရှောင်ဖယ်လိုက်သည့်အပြင် မျှော်လင့်ချက်ကြီးစွာပင်ထားရှိနေသေးသည်။ ယန်ကျန်းလင်သည်လဲ ကုနင်း၏လက်ကိုသေချာလိုက်ကြည့်နေလေသည်။ သူ့အနေဖြင့် အနည်းငယ်တော့ သံသယဝင်မိသော်လည်း ရလဒ်ကောင်းရနိုင်မည့် မျှော်လင့်ချက်လေးတော့ထားရှိနေပေသည်။ နှိပ်ပေးရုံနဲ့ တကယ်ပဲ ရောဂါကိုကုသနိုင်လား?

ကုနင်း ဆရာကြီးယန်၏ခါးသို့နှိပ်နယ်ပေးနေချိန်တွင်တော့ မလိုအပ်သည့်သံသယများမရှိလာစေရန်အတွက် သူမစွမ်းအားများကို ချက်ချင်းမသွင်းပေးလိုက်ပေ။ ကုနင်း တစ်မိနစ်မျှနှိပ်ပြီးမှသာလျှင် သူမ၏စွမ်းအားကို ဖြည်းဖြည်းချင်းဖြင့် ဆရာကြီးယန်၏ခန္ဓာကိုယ်အတွင်းသို့စိမ့်ဝင်စေလိုက်သည်။ ချက်ချင်းပင် ဆရာကြီးယန် အေးမြသည့်ခံစားချက်ကိုရရှိသွားကာ သက်သောင့်သက်သာဖြစ်လာခဲ့သည်။ ထို့နောက်တစ်ဖြည်းဖြည်းချင်းပင် နာကျင်မှုများလျော့ကျလာခဲ့ကာ နောက်ဆုံးတွင်တော့ လုံးဝနာကျင်မှုပျောက်ကင်းသွားတော့သည်။ ဆရာကြီးယန်၏ခန္ဓာကိုယ်တစ်ခုလုံးမှာ ထိုအေးမျှသည့်ခံစားချက်လေးကြောင့် အားအင်များဖြင့်ပြည့်ဝလာရပေသည်။

"ဘုရားရေ! ဒါ-ဒါက..." ဆရာကြီးယန် ပျော်ရွှင်လွန်း၍ စကားတစ်ကြောင်းပင်ဆုံးအောင်မပြောနိုင်သလို ဖြစ်ပျက်သွားသည်များကိုလဲ မယုံကြည်နိုင်ဖြစ်နေလေသည်။

ဘေးတွင်ရပ်ကြည့်နေသည့် ယန်ကျန်းလင်သည်လဲ ကုနင်း၏နှိပ်နယ်ပေးမှုက အကျိုးရှိမှန်းနားလည်လိုက်သည်။ မမျှော်လင့်ထားစွာပဲ နှိပ်ပေးလိုက်ရုံဖြင့် ဆရာကြီးယန်၏ရောဂါမှာအမှန်တကယ်ကုသနိုင်ခဲ့ပေသည်။ ယန်ကျန်းလင်လဲ ထိုအကြောင်းကိုသိပြီး အလွန်စိတ်လှုပ်ရှားသွားကာ သူ၏အဖေအခုလို ကျန်းမာပြီး အားအင်ပြည့်ဝနေသည့်ပုံစံကိုမြင်ရ၍ အမှန်တကယ်ပျော်ရွှင်နေသည်။

ကုသမှုပြီးသွားချိန်တွင်တော့ ကုနင်း သူမလက်ကိုပြန်ရုတ်လိုက်ကာ,

"အခုဘယ်လိုခံစားရလဲ၊ အဖိုး?" ဆရာကြီးယန်၏အမူအရာအရ အဖြေကို ကုနင်းသိပြီးသွားပြီဖြစ်ပေမယ့် သေချာမေးမြန်းလိုက်သေးသည်။

"အရမ်းအရမ်းကိုနေလို့ကောင်းသွားပြီ။" ဆရာကြီးယန်ပျော်ရွှင်မှုအပြည့်ဖြင့်ပြန်ဖြေလိုက်သည်။

ထိုအချိန်တွင်ပဲ ရှောင်းလီဟွာကလဲ သူတို့၏အသံကိုကြားသောကြောင့် မီးဖိုခန်းထဲမှထွက်လာပေသည်။ ဆရာကြီးယန် အလွန်စိတ်လှုပ်ရှားပျော်ရွှင်နေသည်ကိုမြင်လိုက်ရတော့ သူမသိချင်စိတ်ပြင်းပြစွာဖြင့်၊

"အဖေ၊ ဘာတွေကြောင့်များ ဒီလောက်တောင်ပျော်နေရတာလဲ?"

ယန်ကျန်းလင်ကပဲ အကြောင်းအကျိုးကို ရှောင်းလီဟွာအားပြောပြပေးလိုက်ပြီး ရှောင်းလီဟွလဲ အလွန်အံ့အားသင့်ကာ စိတ်လှုပ်ရှားသွားရသည်။ သူမ ကုနင်းကို အလွန်လေးစားသဘောကျသည့်အကြည့်များဖြင့် ကြည့်လိုက်ကာ,

"တကယ်ပဲလား၊ မိန်းကလေးကုကတော့ တကယ့်ကိုမယုံနိုင်စရာကောင်းတာတွေကို လုပ်နိုင်တာပဲ!"

ကုနင်းပြုံးရုံသာပြုံးပြလိုက်ပြီး ရှင်းပြမနေတော့ပေ။

သူတို့သုံးဦး အချိန်အတော်ကြာသည်အထိ ကုနင်းကိုကျေးဇူးတင်နေကြသောကြောင့် ကုနင်းမှာ နေရထိုင်ရပင်ခက်လာရလေသည်။ မကြာခင်တွင်ပဲ စားသောက်ဖွယ်ရာများအဆင်သင့်ဖြစ်သွားသည်။

ယန်ကျန်းလင်၏အကြီးဆုံးသားဖြစ်သူ ယန်ကောသည် အသက်၂၇နှစ်ရှိနေပြီဖြစ်ကာ မနှစ်ကပင် လက်ထပ်သွားခဲ့ပြီဖြစ်သည်။ ယန်ကောသည်က သူ၏ဇနီးနှင့်အတူ ခွဲနေနေပေပြီ။ သားအငယ်ယန်ကျင်းသည်က အသက်၂၃နှစ်ရှိပြီး မြို့တော်တက္ကသိုလ်တွင် စီနီယာတန်းတက်နေသူဖြစ်သည်။ ယန်ကျင်းသည်လဲ ဘွဲ့ယူဖို့ကိစ္စများနှင့် အလုပ်သင်ကိစ္စများအတွက်အလုပ်ရှုပ်နေလေသည်။ ထို့ကြောင့် နှစ်သစ်ကူးပွဲတော်မတိုင်ခင်အထိတော့ ယန်မိသားစုအိမ်တော်သို့ပြန်လာနိုင်လိမ့်မည်မဟုတ်ပေ။

ထို့ကြောင့် ယန်မိသားစုအိမ်တော်၌အခုချိန်တွင် လူကြီး၃ယောက်သာရှိနှင့် ကုနင်းသာရှိနေသည်။ လောလောဆယ်အခိုက်အတန့်တွင် ယန်မိသားစုဝင်လူငယ်မျိုးဆက်များတစ်ဦးမှရှိမနေခြင်းကြောင့် ပျော်ပျော်ရွှင်ရွှင်မစားသောက်ဖြစ်ခြင်းမှာအတော်ကြာနေပြီဖြစ်သည်။ ရှောင်းလီဟွာကတော့ဖြင့် ကုနင်း၏ပန်းကန်လုံးအတွင်းသို့ ဟင်းများဆက်တိုက်ထည့်ပေးလို့နေသည်။ ကံကောင်းစွာဖြင့် ကုနင်းသည်လဲ အတော်လေးစားနိုင်သည့်လူစားမျိုးဖြစ်သည်။ ထိုသို့သာမဟုတ်လျှင် ထိုမျှအများကြီးထည့်ပေးနေတာကို မည်သို့ကုန်အောင်စားရမည်လဲမသိဖြစ်နေပေမည်။

စားသောက်ပြီးသွားချိန်တွင်တော့ ကုနင်းအချိန်အတော်ကြာ နေနေသေးပြီး ည၈နာရီထိုးခါနီးလောက်တွင်မှ နှုတ်ဆက်လိုက်တော့သည်။ ယန်ကျန်းလင်က သူမကို အိမ်ပြန်လိုက်ပို့ပေးမည်ဟုပြောသော်လည်း ကုနင်းကတော့ ငြင်းလိုက်သည်။ ကုနင်းသိုင်းတတ်ကြောင်းကို ယန်ကျန်းလင်လဲသိပြီးသားဖြစ်သောကြောင့် သူမ၏လုံခြုံရေးအတွက်စိုးရိမ်မနေတော့ပေမည့် ဂိတ်တံခါးဝအထိတော့လမ်းလျှောက်လိုက်ပို့ပေးတုန်းပင်။

ကျင်းရှုအိမ်ရာအပြင်ဘက်တွင် လမ်းမကျယ်ကြီးတစ်ခုရှိသောကြောင့် တက္ကငှားဖို့ရန်အလွန်အဆင်ပြေပေသည်။ ကုနင်းလဲ တက္ကစီတစ်စီးကိုငှားလိုက်ကာ ရေပြာအိုင်အိမ်ရာသို့တန်းပြန်သွားတော့သည်။

ကုနင်းပြန်သွားသည်နှင့် ဆရာကြီးယန်တစ်ယောက်ချက်ချင်းပင် ဆရာကြီးပိုင်ကိုဖုန်းလှမ်းဆက်ကာ မနက်ဖြန် သူ့ရောဂါကို ကုနင်းလာကုပေးမည့်အကြောင်းပြောပြလိုက်သည်။ ကုနင်းအနည်းငယ်အံ့ဩမိသွားပေမည့် ထိုထက်စိတ်လှုပ်ရှားမှုကပိုလို့ပင်များလေသည်။ အသက်ကြီးသူများသည် မကြာခဏဆိုသလို ရောဂါများစုံခံစားကြရပြီး နေထိုင်မကောင်းဖြစ်ကြရလေသည်။

ဆရာကြီးယန်သာ အရင်ဆုံးကိုယ်တွေ့ကြုံထားခဲ့ခြင်းမျိုးမဟုတ်လျှင် ဆရာကြီးပိုင်သံသယအနည်းငယ်ဝင်မိမည်ဆိုပေမည့် အခုလိုဆရာကြီးယန်၏ခါးနာရောဂါအမှန်တကယ်ပျောက်ကင်းသွားပြီဖြစ်သောကြောင့် ဆရာကြီးပိုင်လဲယုံကြည်သွားကာ နောက်နေ့အတွက်ကြိုတင်စောင့်မျှော်နေတော့သည်။ ဆရာကြီးပိုင် ထိုအကြောင်းအရာကို သူ့မိသားစုဝင်များအားပြောပြလိုက်တော့ ထိုလူများလဲ သူ့အတွက်ဝမ်းသာပျော်ရွှင်နေကြပေမယ့် တချို့သည်တော့စိုးရိမ်နေမိကြစဲပင်။

ကုနင်းက ဆရာကြီးယန်ကို ကုသပေးနိုင်သည်ဆိုသော်လည်း ဆရာကြီးပိုင်၏ခြေထောက်ကိုကုသပေးနိုင်ပါမည်ဟုတော့မသေချာပေ။ သို့ပေမယ့် မျှော်လင့်ချက်အလင်းရောင်လေးတစ်ခုရှိနေခြင်းကပင် အတော်လေးကောင်းနေပြီဖြစ်သည်။

ဆရာကြီးယန် နောက်ထပ်ပြီးဆရာကြီးဖူကိုဖုန်းခေါ်လိုက်ကာ မနက်ဖြန်ဆရာကြီးပိုင်ဆီသွားလည်ကြမည့်အကြောင်းပြောလိုက်သည်။ ဆရာကြီးဖူသည်လဲ သူ့သူငယ်ချင်းအတွက်ပျော်စရာသတင်းကောင်းကိုကြားပြီးနောက် သူလည်းဝယ်သာမိသွားပေမယ့် ကုနင်း Gမြို့သို့ရောက်နေတာတောင် သူ့ကိုမပြောသည့်အတွက် အနည်းငယ်တော့အထွန့်တက်လိုက်သေးသည်။ ထို့ကြောင့် ဆရာကြီးယန်လဲ ကုနင်းက ယန်ကျန်းလင်နှင့်ကိစ္စတစ်ခုဆွေးနွေးရန်လာလည်ခြင်းဖြစ်ကြောင်း ပြောပြလိုက်တော့မှပင် ဆရာကြီးဖူအနည်းငယ်စိတ်လျှော့သွားတော့သည်။

ထိုအချိန်တွင်ပဲ တစ်ဖက်တွင်တော့ ယန်ကျန်းလင်သည် စာကြည့်ခန်းသို့ပြန်ဝင်သွားကာ ချက်ချင်းပင် သူ၏ခေါင်းဆောင်ဖြစ်သူအားဖုန်းခေါ်လိုက်သည်။ ယန်ကျန်းလင်၏ခေါင်းဆောင်မှာတော့ အရင်အတိုင်း Dစီရင်စု၏ဒုတိယဘုရင်ခံဖြစ်သည့် ရှောင်းချန်ချွန်းပင်ဖြစ်သည်။

All Chapters