အခန်း (၃၆၆-၃၇၀)
Vol. 25 Ch. 371-375
အခန်း ၃၆၆
ကောင်းယိအနိုင်ရခြင်း
ကုချင်းယန်သည်လဲ မနာလိုဖြစ်ရပေမည့် ထိုကြွယ်ဝမှုသည်သူနှင့်လဲ မဆိုင်သလို သူပါဝင်ဆုံးဖြတ်ခွင့်မရှိမှန်းကိုလဲ သိလေသည်။ ထို့အပြင် ကျန်းရွှီ၊ ကုချင် နှင့်ကုမန့်တို့မှာ အားလုံးမှာအခုချိန်တွင်ချမ်းသာနေကြပြီဖြစ်၍ သူတို့ကို နောက်တစ်ကြိမ်စိတ်အနှောက်အယှက်ဖြစ်အောင်လုပ်ဖို့ရန်ကြံရွယ်ချင်းက ဉာဏ်ရှိသည့်လုပ်ရပ်မျိုးမဟုတ်ပေ။
ကုချင်းရှန်သည်က ယွမ်သန်း၂၀မျှရင်းနှီးမြှုပ်နှံထားသည့်ကုမ္ပဏီကြီးတစ်ခုကိုတည်ထောင်ပြီး အောင်မြင်သည့်စီးပွားရေးပညာရှင်တစ်ဦးဖြစ်လာရန်အတွက် ဆယ်နှစ်မကကြိုးစားလုပ်ကိုင်ခဲ့ရခြင်းဖြစ်သော်လည်း ကုချင်နှင့်ကုမန့်တို့သည်တော့ အချိန်ခနလေးအတွင်းမှာပဲ ချမ်းသာလာခဲ့ကြသည်။ လွန့်ခဲ့သည့်လများစွာခန့်ကပင် ကုမန့်တို့မှာ ယွမ်သောင်းဂဏန်းမျှပမာဏကိုပင် မတတ်နိုင်လောက်အောင်ဆင်းရဲခဲ့ကြလေသည်။
ကုချင်းယန်သည် မိုက်မဲသည့်လူတစ်ဦးမဟုတ်သောကြောင့် အခုချိန်တွင် သူတို့ကိုလေးလေးစားစားဆက်ဆံသင့်မှန်းသိလေသည်။ ထို့ကြောင့် သူ့မိခင်၏မကျေမနပ်တိုင်တန်းပြောဆိုနေသည့်တစ်လျှောက်လုံး နားပဲထောင်ကာ အသံတိတ်နေခဲ့သည်။ ကုအဘွားကြီးနှင့်ဖုန်းပြောပြီးသည့်နောက်တွင်တော့ သူကြားခဲ့သမျှသတင်းအားလုံးကို ဇနီးဖြစ်သည့် ဝမ်ယွီလန်အားတစ်ဆင့်ပြန်ပြောပြတော့သည်။ ဝမ်ယွီလန်သည်လဲ သူနှင့်စိတ်ကူးတူလေသည်။ သူမသည်လဲ ကျန်းရွှီကို မနာလိုဖြစ်မိပေမည့် အခုချိန်ကစပြီး သူတို့ကိုလေးလေးစားစားဆက်ဆံသင့်ကြောင်းကိုလဲ နားလည်လေသည်။ ပြောင်းလဲခြင်းဆိုသည်မှာ ပုံသေသတ်မှတ်ထားသည့်အရာမဟုတ်ဘဲ အခုချိန်တွင်တော့ ကံကြမ္မာစက်ဝန်းသည် ကုမန့်တို့ဘက်သို့ရောက်သွားပြီဖြစ်သည်။
ကျန်းရွှီအိမ်သို့ပြန်ရောက်သည့်အချိန်တွင်လဲ ကုချင်နှင့်ကုမန့်တို့အား ယနေဖြစ်ခဲ့သည့်ကိစ္စများကိုပြန်လည်ပြောပြခဲ့သည်။ ကုချင်းရှန်တို့မိသားစု အချိန်တိုအတွင်းသိသွားကြမည်ဆိုသည်ကိုတော့ သူတို့နားလည်ထားပြီးသားဖြစ်သည်။ သို့သော်လည်း ကုချင်းရှန်တို့မိသားစု သူတို့ကိုထပ်မံပြီး ပြဿနာလာရှာကြမည်ကိုတော့ စိုးရိမ်မိကြလေသည်။
.........
ည၁၀နာရီထိုးခါနီး တိဟိုင်အသင်းတိုက်တွင်တော့ ခန့်ညားသည့် ပွဲတင်ဆက်သူအမျိုးသားတစ်ဦးသည် လက်ဝှေ့စင်ပေါ်သို့တက်လာကြ အဖွင့်အမှာစကားပြောကြားသည်၊
"ကြွရောလာကြတဲ့ ဂုဏ်သရေရှိလူကြီးမင်းများအလုံးကို တိဟိုင်အသင်းတိုက်နေကြိုဆိုပါတယ်! ဒီနေ့ည ဒီစင်မြင့်ထက်မှာပဲ ကျွန်တော်တို့က လက်ဝှေ့ပွဲကြီးတစ်ခုကိုကျင်းပသွားမှာပါ။ တိဟိုင်အသင်းတိုက်ကိုကိုယ်စားပြုမယ့် လက်ဝှေ့သမားသုံးယောက်ရှိပြီး လူကြီးမင်းတို့ဘက်က ကြိုက်နှစ်သက်ရာမည်သူ့ကိုမဆို စိန်ခေါ်ခွင့်ရှိပါတယ်။"
"ဒါက လက်ဝှေ့ပွဲတစ်ခုဆိုမှတော့ အပျော်သဘောအနေနဲ့ လောင်းကြေးထပ်ခြင်းကိုလဲ ထည့်သွင်းလုပ်ဆောင်ပေးသွားမှာပါ။ စိန်ခေါ်ကြမယ့်လူကြီးမင်းတို့ဘက်ကလဲ လောင်းကြေးထပ်နိုင်ပေမယ့် ရလာမယ့်အကျိုးရလဒ်က ကိုယ်တိုင်ပဲရင်ဆိုင်ရမှာဖြစ်တဲ့အတွက်ကြောင့် သတိတော့ထားကြပေါ့နော်။"
ထို့နောက်တွင်တော့ အမျိုးသားသုံးဦးထွက်လာကာ စင်မြင့်ထက်သို့တက်လာခဲ့သည်။ နံပါတ်၁လက်ဝှေ့သမားသည်တော့ အရပ်ရှည်ရှည်သန်သန်မာမာအနေအထားရှိပြီး၊ နံပါတ်၂လက်ဝှေ့သမားသည်က အလယ်အလတ်ခန္ဓာကိုယ်အချိုးအစားရှိကာ၊ နံပါတ်၃လက်ဝှေ့သမားသည်တော့ ပိန်ပါးကာ အရပ်လဲပုပေသည်။ သို့ပေမည့် ထိုသူသုံးဦးစလုံးသည် ကျွမ်းကျင်လက်ဝှေ့သမားများသာဖြစ်သောကြောင့် ပုံပန်းသွင်ပြင်ကိုကြည့်ရုံဖြင့်ဆုံးဖြတ်ခြင်းကတော့ မမှန်ပေ။
ယနေ့ည တိဟိုင်အသင်းတိုက်သို့လာကြသူအများစုသည် လက်ဝှေ့ပွဲကြောင့်လာကြခြင်းဖြစ်၍ လူအများစုသည်က စိန်ခေါ်ယှဉ်ပြိုင်ဖို့ရန်စိတ်ဝင်စားကြသည်။ ထို့အပြင် ချမ်းသာကာ အလွန်ယုံကြည်ချက်ရှိနေသူများကလွဲပြီး စိန်ခေါ်သူအနည်းစုကသာလျှင် လောင်းကြေးထပ်ဖို့ရန် ဆုံးဖြတ်ရဲလေသည်။
ကောင်းယိသည်တော့ လက်ဝှေ့သမားသုံးဦးကိုစိန်ခေါ်ရန်အတွက် အလျင်လိုမနေဘဲ အရင်ဦးစွာ သူတို့၏လှုပ်ရှားမှုပုံစံကိုလေ့လာရန်ဆုံးဖြတ်ထားလေသည်။
ပရိတ်သတ်များထဲမှ အများစုမှာ ထိုလက်ဝှေ့သမားသုံးဦးကိုစိန်ခေါ်ရန်အတွက် စင်ပေါ်သို့တက်သွားကြပေမည့် မည်သူမျှ ငါးမိနစ်ကျော်အောင် စင်ပေါ်တွင်မနေနိုင်ခဲ့ကြပေ။
နောက်ဆုံးတွင်တော့ အမျိုးသားတစ်ဦးသည်က လောင်းကြေးထပ်ကာ စိန်ခေါ်ခဲ့ပြီး ပရိတ်သတ်အများစုသည်ကတော့ လက်ဝှေ့သမားသုံးဦးလုံးသည် ကျွမ်းကျင်သူများဖြစ်သောကြောင့် လက်ဝှေ့သမားနိုင်မည့်ဘက်ကသာလျှင်လောင်းကြေးထပ်ကြလေသည်။ ရလဒ်သည်တော့ အံ့ဩစရာမရှိပေ။ လက်ဝှေ့သမားကသာအနိုင်ရခဲ့ပြီး လောင်းကြေးထပ်စိန်ခေါ်သည့်အမျိုးသားမှာ ရှုံးနိမ့်သွားကာ ယွမ်၁၀သန်းကျော်မျှ ဆုံးရှုံးလိုက်ရသည်။
အချိန်အတော်ကြာသည့်နောက်တွင်တော့ ထိုလက်ဝှေ့သမားသုံးဦးကို မည်သူမျှစိန်မခေါ်ဝံ့တော့ပေ။
ထိုသို့လူရှင်းသွားသည့်အချိန်ကတော့ ကောင်းယိထွက်ဖို့ရန်အချိန်ပင်ဖြစ်သည်။ ကောင်းယိစင်ပေါ်သို့တက်လိုက်ကာ နံပါတ်၂လက်ဝှေ့သမားကိုစိန်ခေါ်ခဲ့သည်။ သို့ပေမည့် ကုနင်းတို့အဖွဲ့မှလွဲ၍ ခန်းမထဲရှိပရိတ်သတ်ရာကျော်သည်က နံပါတ်၂လက်ဝှေ့သမားဘက်ကသာလျှင်လောင်းကြေးထပ်ကြလေသည်။
အချို့လူများသည်ကတော့ နှစ်ဖက်စလုံးကိုလောင်းကြေးထပ်ကြသည်။
ပရိတ်သတ်အများစုက နံပါတ်၂လက်ဝှေ့သမားကိုသာလောင်းကြေးထပ်ကြောင်း မြင်လိုက်ရတော့ ကုနင်းရယ်လိုက်မိသည်။ ဒီတစ်ခေါက်တွင်တော့ သူတို့ယွမ်၁၀သန်းကျော်နိုင်တော့မည်ဖြစ်သည်။ ကောင်းယိနိုင်သွားသည်နှင့် ထိုငွေများမှာ သူ့အပိုင်သာဖြစ်လေသည်။
ကုနင်းနှင့်ချောင်ယသည်တော့ အေးအေးဆေးဆေးဖြစ်နေပေမည့် ချူးဖေ့ဟန်တို့အဖွဲ့သည်တော့ အလွန်စိတ်လှုပ်ရှားလျက်ရှိပေသည်။
မကြာခင်တွင်ပဲ ကစားပွဲစတင်ကျင်းပတော့သည်။
"တိုင်ကျွင်း၊ တိုင်ကျွင်း၊ တိုင်ကျွင်း!" စင်အောက်ရှိပရိတ်သများက နံပါတ်၂လက်ဝှေ့သမားကနာမည်ကိုအော်ကာအားပေးပေမည့် ကောင်းယိကိုအားပေးသည့်အော်သံများသည်တော့ ထိုအသံများကိုမကျော်လွန်နိုင်ခဲ့ပေ။
ကစားပွဲစတင်လိုက်သည်နှင့် ကောင်းယိရော တိုင်ကျွင်းပါ လျင်မြန်စွာစတင်လှုပ်ရှားလိုက်သည်။
ယနေ့ညတွင် တိဟိုင်အသင်းကိုကိုယ်စားပြုသည့် လက်ဝှေ့သမားများမှာ ဆက်တိုက်အနိုင်ရရှိခဲ့ခြင်းကြောင့် ကောင်းယိက ယုံကြည်ချက်ရှိစွာလောင်းကြေးထပ်ပြီးစိန်ခေါ်ခဲ့ကြောင်းသိနေတာတောင်မှ တိုင်ကျွင်းသည် အနည်းငယ်မောင်မာနေစဲဖြစ်လေသည်။
ပွဲစသည့်နှင့် ချက်ချင်းပင် တိုင်ကျွင်းက ကောင်းယိကိုထိုးလိုက်ပေမည့် ကောင်းယိကမရှောင်သည့်အပြင် ထိုလက်ကိုဆွဲဖမ်းထားလိုက်သည်။
ထိုမြင်ကွင်းကြောင့် ပရိတ်သများအလွန်ထိတ်လန့်အံ့အားသင့်သွားကြကာ မည်သူမျှ သူတို့မျက်စိဖြင့်မည်နေရသည်ကိုပင် မယုံမကြည်နိုင်ဖြစ်နေကြသည်။
"ဘုရားရေ! မဖြစ်နိုင်တာ!"
"တကယ်ကြီးလား!"
ပရိတ်သများမှာ တတွတ်တွတ်ဖြင့်ဆွေးနွေးပြောဆိုနေကြတော့သည်။
"ဝိုး! ကောင်းယိကတော်လိုက်တာ!" ဟောင်ရန်တို့အဖွဲ့စိတ်လှုပ်ရှားစွာဖြင့်အော်လိုက်ကြသည်။
တိုင်ကျွင်းသည်လဲ အံ့အားသင့်သွားကာ ကောင်းယိဖမ်းဆွဲထားသည့်လက်ကို လွတ်မြောက်ရန်အတွက်ကြိုးပမ်းတော့သည်။
တိုင်ကျွင်းသည် ကျွမ်းကျင်လက်ဝှေ့သမားတစ်ဦးဖြစ်သောကြောင့် ကောင်းယိသည် စက္ကန့်ပိုင်းအတွင်းတွင်သာ သူ့ကို အနိုင်မတိုက်ယူနိုင်သော်လည်း တိုင်ကျွင်းသည်တော့ ကောင်းယိ၏ထိန်းချုပ်ထားမှုမှလွတ်မြောက်အောင်ရုန်းနိုင်ရန် မလွယ်ကူဘဲရှိနေသေးသည်။
အခုချိန်တွင်တော့ တိုင်ကျွင်းတစ်ယောက် အင်အားကြီးသည့်ပြိုင်ဘက်နှင့်ရင်ဆိုင်နေရမှန်းနားလည်လိုက်ပြီဖြစ်၍ ကောင်းယိကိုအထင်မသေးရဲတော့ပေ။ ထို့နောက် တိုင်ကျွမ်းက အားအပြည့်သုံးကာ ကောင်းယိကို ပြန်လည်တိုက်ခိုက်တော့သည်။ တိုင်ကျွင်း၏အားပြင်းလှသည့်လက်သီးချက်မှာ ကောင်းယိထံတုန့်ဆိုင်းခြင်းမရှိတိုးဝင်သွားပေမည့် ကောင်းယိက နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်ကာရှောင်လိုက်ပေသည်။ ထို့နောက် တိုင်ကျွမ်း လက်သီးကိုသာ အာရုံစိုက်အသုံးပြုနေသည်ကိုအခွင့်ကောင်းယူကာ ကောင်းယိက တိုင်ကျွမ်း၏ခြေထောက်ကိုဖြတ်ကန်လိုက်သည်။ တိုင်ကျွင်းမှာထိုကန်ချက်ကိုရှာနိုင်အောင် ကြိုးပမ်းခဲ့သော်လည်း သူ့ညာဘက်ခြေသလုံးကိုတော့ဖြင့်ကန်မိသွားခဲ့လေသည်။ ချက်ချင်းကြီးတော့ လဲမကျသွားခဲ့ပေမည့် နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ရကာ ခြေသလုံးသည်လဲ နာကျင်လို့သွားရသည်။
အချိန်ခနလေးအတွင်းတွင်ပဲ တိုင်ကျွင်းသည် ကောင်းယိထက်အားနည်းကြောင်းသတိထားမိလာကြသောကြောင့် တိုင်ကျွင်းဘက်မှလောင်းထားကြသူများ အတော်လေးစိုးရိမ်ပူပန်လာကြရသည်။ သူတိုက တိုင်ကျွင်းကို အော်ဟစ်ကာ အားပေးကြသည်၊
"တိုင်ကျွင်း၊ တိုက်ထား! တိုင်ကျွင်း၊ တိုက်ထား! တိုင်ကျွင်း၊ တိုက်ထား! "
တိုင်ကျွင်းသည်လဲ ယခုတစ်ခေါက်ပွဲမှာ မလွယ်ကူမှန်းနားလည်နေပြီဖြစ်သောကြောင့် သူသည်လဲ ဒေါသထွက်လာရသည်။ တိုင်ကျွင်းဟန်ချက်ညီအောင်ပြန်ထိန်းပြီးသည်နှင့် လက်သီးနှင့်ကန်ချက်ကို တစ်ချိန်တည်းအသုံးပြုကာ ကောင်းယိကိုထပ်မံတိုက်ခိုက်လိုက်သည်။ ကောင်းယိဘက်ကလဲ ချက်ချင်းပင်ရှောင်ဖယ်လိုက်ကာ တိုင်ကျွင်းထက်ပင်ပို၍မြန်ဆန်လှသည်။ ထိုအချက်ကပင် ကောင်းယိသည် တိုက်ခိုက်ရာတွင် တိုင်ကျွင်းထက်ပို၍သာလွန်မှန်း သိသာစေသည်။ ဆက်ပြီးသာတိုက်ခိုက်နေလျှင် တိုင်ကျွင်းမှာ ဆိုးဆိုးဝါးဝါးရှုံးနိမ်တော့မည်ဖြစ်သည်။ လူအားလုံးထိုသို့တွေးမိနေကြသည့်အချိန်တွင်ပဲ တိုင်ကျွင်းကို ကောင်းယိကစင်ပေါ်မှကန်ချလိုက်တာကြောင့် အော်သံကျယ်ကြီးတစ်ခုထွက်ပေါ်လာတော့သည်။ ကောင်းယိနိုင်သွားလေပြီ။
"ဟုတ်ပြီကွ! ဟုတ်ပြီကွ!"
ဟောင်ရန်တို့သူငယ်ချင်းအုပ်စုထက်မည်သူမျှပို၍ စိတ်လှုပ်ရှားနေနိုင်ကြမည်မဟုတ်ပေ။ ယနေ့ညလွယ်လွယ်ကူကူနှင့်သူတို့အနိုင်ရသွားခဲ့လေပြီ။
အစမှအဆုံးအထိ ယွီမီရှီသည် အလွန်အမင်းထိတ်လန့်နေမိပေမည့် ကံကောင်းစွာဖြင့် လောင်းကြေးနိုင်သွားသူအနည်းစုတွင် သူမပါဝင်သွားလေသည်။
"ဘာလို့လဲ? ငါဘာလို့ကောင်းယိဘက်ကိုမလောင်းခဲ့မိတာလဲ!"
"သူနိုင်လိမ့်မယ်လို့ ဘယ်သူကကြိုသိမှာလဲလို့!"
လူအုပ်ကြီးမှာ တစ်ဖန်ဆူညံသွားကြပြန်ပြီး အများစုသည်က သူတို့ဆုံးဖြတ်ချက်မှားသွားခြင်းအတွက် နော်တရလို့နေသည်။
"ငါမင်းကိုစိန်ခေါ်တယ်!" နံပါတ်၁လက်ဝှေ့သမားက ကောင်းယိကိုပြောလိုက်သည်။
***
အခန်း ၃၆၇
ကောင်းယိပဲထပ်မံအနိုင်ရခြင်း
နံပါတ်၁လက်ဝှေ့သမား၏နံမည်သည်က သဖန်းဖြစ်ကာ အသက်၃၅နှစ်ရှိပြီဖြစ်ပြီး ကြွက်သားအပြည့်အစုံဖြင့် အလွန်အမင်းသန်မာသူတစ်ဦးဖြစ်လေသည်။ သူက တိုင်ကျွင်းထက်ပိုပြီးသန်မာသူလဲဖြစ်လေသည်။ ထိုသို့သာမဟုတ်လျှင် တိုင်ကျွင်းရှုံးသွားပြီးနောက်တွင် ကောင်းယိကိုစိန်ခေါ်လိမ့်မည်မဟုတ်ပေ။ သို့ပေမယ့် ကောင်းယိမှာ ကျွမ်းကျင်တိုက်ခိုက်ရေးသမားတစ်ဦးဖြစ်သောကြောင့် သဖန်းသည်လဲ သူနိုင်ပါမည်ဟု ရာနှုန်းပြည့်မသေချာနေပေ။ သို့ပေမယ့် ကျွမ်းကျင်သူအချင်းချင်းတိုက်ခိုက်ရခြင်းသည်က စိတ်လှုပ်ရှားဖို့ကောင်းသည့်ပွဲမျိုးဖြစ်လေသည်။ ထို့ကြောင့် တိုင်ကျွင်းရှုံးသွားသည်နှင့် ထိုမျှကောင်းသည့်အခွင့်အရေးမျိုးကို သဖန်းလက်မလွှတ်နိုင်တော့ခြင်းဖြစ်သည်။ သူရှုံးခဲ့လျှင်တောင်မှ ရလဒ်ကိုလက်ခံနိုင်စွမ်းရှိလေသည်။
"ကိစ္စမရှိပါဘူး။ ဒါပေမယ့် ကျွန်တော် လောင်းကြေးထပ်မယ်။" ကောင်းယိ စိန်ခေါ်မှုကိုလက်ခံလိုက်သည်။ တိုင်ကျွင်းနှင့်ယှဉ်ပြိုင်ရုံလောက်ဖြင့် သူလုံလုံလောက်လောက်ပျော်ရွှင်မှုမရခဲ့သေးပေ!
"ရတာပေါ့။" သဖန်းပြန်ဖြေလိုက်သည်။
ထို့နောက် နောက်တစ်ပွဲအတွက်လောင်းကြေးထပ်ကြတော့သည်။ ပွဲစဉ်မစသေးဘူးဆိုသော်လည်း ပရိတ်သများမှာ ကြိုတင်၍သာလောင်းကြေးထပ်ကြရလေသည်။
ပြီးခဲ့သည့်ပွဲအတွက် ကောင်းယိက လောင်းခဲ့သောကြောင့်ယွမ်၁၂.၆၅၂သန်းရကာ အနိုင်ရသည့်အတွက် ယွမ်၁သိန်းဆုကြေးရထားလေသည်။ ထို့ကြောင့်စုစုပေါင်း ကောင်းယိတွင် ယွမ်၁၂.၇၅၂သန်းရှိနေပြီဖြစ်သည်။ ထိုငွေအားလုံးကို သူ့ရဲ့ကိုယ်ပိုင်ဘဏ်ကဒ်ထဲအစား ကုနင်းပေးထားသည့်ဘဏ်ကဒ်ထဲသို့လွှဲပြောင်းထည့်လိုက်သည်။ လက်ရှိတွင်က နိုင်ငံတွင်းဘဏ်ထဲသိုထည့်ခြင်းကသာပို၍သင့်တော်လေသည်။ အကြောင်းကတော့ သူ၏ဆွဇ်မှဘဏ်ထဲသို့ သီးသန့်ကိစ္စရပ်များအတွက် လိုအပ်မှသာသုံးလေ့ရှိခြင်းကြောင့်ဖြစ်လေသည်။ ထို့အပြင် ထိုငွေကိုသူကိုယ်ပိုင်အတွက်ယူဖို့ရန်လဲဆန္ဒမရှိထားပေ။ ထိုငွေများကို ကုနင်း၏စီးပွားရေးအတွက်လိုအပ်သည့်အချိန်များတွင်သာ အသုံးပြုရန်အတွက်စီစဉ်ထားခြင်းဖြစ်လေသည်။
ဒုတိယပွဲမစခင်တွင်တော့ လူအပေါင်းသည် မည်သူအနိုင်ရရှိနိုင်သလဲဆိုသည်ကို ဆွေးနွေးနေလျက်ရှိသည်။
ကောင်းယိက တိုင်ကျွင်းကိုအနိုင်ရရှိခဲ့သည်ဆိုသော်လည်း တိဟိုင်အသင်းတိုက်၏ပုံမှန်လာနေကြဖောက်သည်များအားလုံးသည်တော့ သဖန်းသည် တိုင်ကျွင်းထက်ပို၍ တော်ကြောင်းသိထားကြပြီးဖြစ်သည်။ ထို့ကြောင့် တိုင်ကျွင်းရှုံးသွားခဲ့သော်လည်း သူတို့သည် သဖန်းအပေါ်တွင်ယုံကြည်မှုပျောက်ကွယ်သွားခြင်းမရှိပေ။
"ဘယ်သူနိုင်လောက်မယ်ထင်လဲ?"
"ပြောရခက်တယ်။ ကောင်းယိကတော်တော်လေးအံ့ဩစရာကောင်းတယ်ဆိုပေမယ့် သဖန်းကလဲ မခေဘူး၊ ပြီးတော့ တိုင်ကျွင်းထက်လဲပိုသာသေးတယ်။"
"ဒါဆိုင်မင်းဘယ်သူ့ဘက်ကို လောင်းမှာလဲ?"
"သဖန်းက ကောင်းယိကိုစိန်တော်ခေါ်ရဲတာဆိုတော့ သူ့မှာ နိုင်ဖို့ယုံကြည်ချက်ရှိနေလို့ဖြစ်မယ်။ ငါသဖန်းဘက်ကလောင်းမယ်။"
"ငါကတော့ ကောင်းယိဘက်ကလောင်းမယ်။"
"ငါကတော့ သဖန်းဘက်ကပဲလောင်းမယ်။"
"ကောင်းယိကိုတော့ ပြိုင်ဖို့စိန်ခေါ်ရဲတယ်ဆိုတော့ အဲ့ဒီလူကတော်တော်လေးသန်မာရမယ်။ ဘော့စ်ကော ဘယ်လိုထင်လဲ?" ဟောင်ရန်က ကောင်းယိကိုမယုံကြည်ခြင်းမျိုးမဟုတ်ဘဲ ကုနင်းကိုပို၍ယုံကြည်သောကြောင့်သာ ယခုလိုမေးလိုက်ခြင်းဖြစ်သည်။
"ကောင်းယိပဲနိုင်လိမ့်မယ်။" ကုနင်းက အတည်ပြုပေးလိုက်သည်။
ကုနင်းသည် ကောင်းယိကိုယုံကြည်ထားပြီး သူမသူငယ်ချင်းများသည်တော့ သူမကိုပိုယုံကြည်ကြသည်။ ကုနင်းက ကောင်းယိနိုင်ပါမည်ဟုပြောနေမှတော့ဖြင့် သူတို့အားလုံးကောင်းယိကိုသာလောင်းလိုက်ကြကာ ယွီမီရှီသည်လဲ ကောင်းယိဘက်ကနေသာလောင်းလိုက်သည်။
မကြာခင်တွင်ပဲ ဒုတိယပွဲစဉ်စတင်လေတော့သည်။ ကောင်းယိကို လောင်းသည့်လူအရေအတွက်နှင့် သဖန်းဘက်မှလောင်းသည့်လူအရေအတွက်မှာအတူတူပင်ဖြစ်သည်။
ပွဲတင်ဆက်သူက ပြိုင်ပွဲစတင်ကြောင်းကြေညာပြီးသည်နှင့် သဖန်းကချက်ချင်းပင် ကောင်းယိ၏ရင်ဘက်သို့လက်သီးတစ်လုံးပစ်သွင်းလိုက်တော့သည်။ သဖန်း၏တိုက်ခိုက်မှုမှာ လျင်မြန်ကာ အလွန်ကြောက်စရာကောင်းလှသည်။ ကောင်းယိကလဲ ချက်ချင်းပင် ထိုလက်သီးချက်ကိုရှောင်လိုက်ပေမယ့် သဖန်းကလဲ တုံ့ပြန်နိုင်စွမ်းလျင်မြန်လှပေသည်။ သဖန်းက ကောင်းယိရှောင်လိုက်သည်နှင့် ချက်ချင်းပင် ကောင်းယိရှောင်သွားသည့်ဘက်သို့ သူ့လက်သီး၏လားရာကိုချက်ချင်းပြောင်းလိုက်နိုင်လိုက်သည်။ ထိုအချိန်တွင်တော့ ကောင်းယိလဲ ထပ်မံရှောင်တိမ်း၍မရတော့ဘဲ သဖန်း၏လက်သီးချက်ကို သူ့လက်သီးဖြင့်ထိပ်တိုက်ရင်ဆိုင်လိုက်တော့သည်။ သူတို့နှစ်ဦး၏လက်သီးများအချင်းချင်းတိုက်မိသွားကြချိန်တွင်တော့ ပြင်းထန်သည့်အားများကြောင့် နှစ်ဦးစလုံးနောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်သွားကြရသည်။
သဖန်းသည် အမှန်တကယ်ကို တိုင်ကျွင်းထက်ပိုတော်ကာ ပို၍လဲသန်မာသည်ဆိုပေမည့် ကောင်းယိကိုတော့ အလွန်အမင်းဖိအားမဖြစ်စေသေးပေ။ ကောင်းယိသည် ကျွမ်းကျင်လူသတ်သမားတစ်ဦးဖြစ်ပြီး ရက်စက်ပြင်းထန်သည့်လေ့ကျင့်မှုများကိုလဲ ကျော်ဖြတ်ခဲ့ရသည်။ ထို့ကြောင့် ထိုလက်ဝှေ့သမားများသည်က သူ့ကိုလုံးဝမယှဉ်နိုင်ပေ။
နောက်မိနစ်ပိုင်းများတွင်တော့ နှစ်ဦးသား အပြိုင်အဆိုင် ပြင်းပြင်းထန်ထန်ဖြင့် လက်သီးထိုးချက်များ ခြေကန်ချက်များကိုအသုံးပြုကာ ဆက်လက်တိုက်ခိုက်နေကြသည်။ အစတွင်တော့ နှစ်ဖက်လုံးအားညီနေခဲ့ကြပေမည့် မကြာခင်တွင်ပဲ ကောင်းယိက ပြိုင်ပွဲကိုစတင်ထိန်းချုပ်နိုင်လာခဲ့သည်။ သဖန်းသည်လဲ ထိုသို့ကောင်းယိဘက်ကစတင်မထိန်းချုပ်လာခင်အထိ ကောင်းယိသည် သူထင်ထားသည်ထက်ပင် ပို၍အားကောင်းသန်မာသည့်ပြိုင်ဘက်မျိုးဖြစ်နေသည်မှန်း မသိရှိခဲ့ပေ။ ကောင်းယိအလွန်သန်မာသည်ကို သူဝန်မခံချင်သော်လည်း သူဆိုးဆိုးရွားရွားကျရှုံးတော့မည်ကိုတော့ သိနေပြီဖြစ်သည်။ ဘာပဲဖြစ်ဖြစ်၊ သဖန်းအနေဖြင့် ကောင်းယိနှင့်အခုလိုယှဉ်ပြိုင်ခဲ့ရသည်ကိုပင် အလွန်ကျေနပ်မိလေသည်။
ဒုတိယပွဲစဉ်သည် ပထမပွဲစဉ်ထက် တစ်မိနစ်မျှသာပိုကြာခဲ့ပြီး အဆုံးသတ်တွင်တော့ သဖန်းသာရှုံးနိမ့်သွားခဲ့လေသည်။
ကောင်းယိက သဖန်းကို စင်ပေါ်မှကန်ချလိုက်သည့်အချိန်တွင်တော့ ကောင်းယိဘက်မှလောင်းထားကြသည့်လူအများမှာ အလွန်ပျော်ရွှင်ဝမ်းမြောက်နေကြပြီး တချို့သည်တော့ ကောင်းယိဘက်မှမလောင်းခဲ့မိသည့်အတွက် နောင်တရနေကြလေသည်။
ထိုတခနတွင်ပဲ ငွေကြေးအဆင်မပြေသည့်ယွီမီရှီသည်လဲ သူမအိတ်ထဲသို့ယွမ်၂သိန်းထည့်ထားလိုက်နိုင်ပြီဖြစ်သည်။ သူမယခုလောက်များပြားသည့်ငွေပမာဏကို တခါမျှမမြင်ဖူးခဲ့ဘဲ သူမဘဏ်ကဒ်ကိုပြန်လည်ယူလိုက်ချိန်တွင်တော့ လက်များပင်တုန်ရီလို့နေလေသည်။
ဒုတိယပွဲပြီးသည့်နောက်တွင်တော့ ကောင်းယိသည် သဖန်းဘက်မှလောင်းသည့်ငွေများဖြစ်သည့် ယွမ်၄.၃၇၇သန်းနှင့်အတူ အနိုင်ရရှိသည့်ဆုကြေးငွေ၁သိန်းကိုပါထပ်မံရရှိခဲ့သည်။ ထိုညတွင်ပဲ ကောင်းယိသည် ယွမ်သန်း၂၀နီးပါးရရှိသွားခဲ့ပေသည်။
နံပါတ်သုံးလက်ဝှေ့သမားသည်ကတော့ နံပါတ်တစ်လက်ဝှေ့သမားထက်ပင် ပို၍အားနည်းသောကြောင့် သူမနိုင်နိုင်မှန်းသိ၍ ကောင်းယိကိုစိန်မခေါ်ရဲပေ။
ထပ်မံပြီးလည်း မည်သူမျှ ကောင်းယိကိုစိန်မခေါ်ရဲကြသောကြောင့် ကောင်းယိလည်း သီးသန့်ခန်းရှိရာသို့ပြန်လာခဲ့လိုက်သည်။
"အစ်ကိုယိ၊ အရမ်းတော်တာပဲ!"
"ဟုတ်တယ်! ကျွန်တော်တို့ကို တိုက်ခိုက်နည်းလေးဘာလေးသင်ပေးပါလား?"
ကောင်းယိဘက်က သူတို့မေးခွန်းများကိုပြန်မဖြေခဲ့ပေ။ အကြောင်းကတော့ သူကမသင်ပေးချင်၍မဟုတ်ဘဲ သူဆုံးဖြတ်ရမည့်ကိစ္စမဟုတ်သောကြောင့်ပင်ဖြစ်သည်။
"ဟုတ်ပါပြီ၊ သူအားတဲ့အချိန်ကျရင် နင်တို့ကိုသင်ပေးခိုင်းလိုက်ပါ့မယ်။" ကုနင်းကပဲအစားပြန်ဖြေလိုက်သည်။
ထိုစကားကိုကြားတော့ အားလုံးစိတ်လှုပ်ရှားသွားကြတော့သည်။ ကုနင်းကသဘောတူနေမှတော့ ကောင်းယိကလဲမငြင်းနေတော့ပေ။ ခနတဖြုတ်သင်ပေး၍လဲ အရေးကြီးသည့်ကိစ္စမဟုတ်ပေ။
သူတို့အားလုံး တိဟိုင်အသင်းတိုက်တွင် အချိန်ကြာကြာဆက်မနေကြတော့ဘဲ ည၁၂နာရီမထိုးခင်မှာပဲ ပြန်ထွက်လာခဲ့ကြသည်။ သူတို့အားလုံးအရက်သောက်ထားကြသောကြောင့် တိဟိုင်အသင်းတိုက်ကဒရိုင်ဘာများကပင် အိမ်အထိပြန်လိုက်ပို့ပေးကြလိမ့်မည်ဖြစ်သည်။
ယွီမီရှီနှင့်အန်းယိသည်က ချူးဖေ့ဟန်၏ကားဖြင့်လိုက်ပြီး အခြားကောင်လေးသုံးယောက်သည်တော့ ဟောင်ရန်၏ကားဖြင့်လိုက်ကာ ကုနင်း၊ ကောင်းယိနှင့်ချောင်ယသည်တော့ တက္ကစီငှားပြီး ဖန်ဟွာအဆင့်မြင့်အိမ်ရာသို့ပြန်လာခဲ့ကြပေသည်။
"ကျွန်မရှင်တို့အတွက် ကျွန်မနေတဲ့အိမ်ရာမှာပဲ တိုက်ခန်းအသစ်ဝယ်ပေးထားတယ်။ အဲ့ဒီ့မှာနေကြပေ။" ကုနင်းပြောလိုက်သည်။
"ဟုတ်ကဲ့ပါ။"
သူတို့သုံးဦး ဖန်ဟွားအဆင့်မြင့်အိမ်ရာသို့ရောက်ချိန်တွင်တော့ ကုနင်း သူတို့ကို ချက်ချင်း တိုက်ခန်းအသစ်ဆီသို့မခေါ်သွားခဲ့ဘဲ ထိုအစားအနီးနားရှိဟိုင်တယ်တစ်ခုကိုသာခေါ်ဆောင်သွားလိုက်သည်။
"တိုက်ခန်းက ပြင်ဆင်ထားပြီးသားဆိုပေမယ့် နေ့စဉ်လိုအပ်တဲ့အသုံးအဆောင်တွေမရှိသေးဘူး။ ပြီးတော့ သန့်ရှင်းရေးလဲမလုပ်ရသေးဘူး။ ရှင်တို့ဒီညတော့ ဟိုတယ်မှာပဲအိပ်ပြီး မနက်ဖြန်မှရွှေ့လိုက်ကြတော့။"
"ရပါတယ်။" ကောင်းယိနှင့် ချောင်ယတို့ပြန်ဖြေလိုက်သည်။
ထို့နောက် ကုနင်းသူတို့ကို အခန်းသော့ပေးလိုက်ကာ၊
"တိုက်ခန်းအသစ်က ဇုံFက အခန်းနံပါတ်၁၂၀၁ပဲ၊ ကျွန်မအိမ်ကတော့ ဇုံGက အခန်းနံပါတ်၉၀၁။ ကျွန်မတို့တိုက်နှစ်ခုက မျက်စောင်းထိုးလေးတင်ပဲ။ နှစ်ဝက်လောက်နေရင်တော့ ကျွန်မတို့မြို့တော်ကိုရွှေ့ပြီး အတူနေကြတာပေါ့။ မနက်ဖြန် သွားလာဖို့လွယ်ကူအောင် ကားတစ်စီးလောက်သွားဝယ်ထားလိုက်ပါ။ ဘာကားအမျိုးအစားဝယ်ချင်လဲဆိုတာကိုတော့ ကိုယ်တိုင်ရွေးပေါ့။ ဒီနေ့အတွက်တော့ဒီလောက်ပါပဲ။ ကျွန်မလိုအပ်တော့မှပဲ ဖုန်းဆက်လိုက်တော့မယ်။"
"ဟုတ်ကဲ့ပါ။"
ထို့နောက် ကုနင်းအိမ်သို့ပြန်လာခဲ့လိုက်သည်။ အချိန်မှာအတော်လေးနောက်ကျနေပြီဖြစ်၍ ကုမန့်သည်တော့ အိပ်သွားပြီဖြစ်သည်။ ကုနင်းလဲ ကုမန့်မနိုးအောင် အတတ်နိုင်ဆုံးတိုးတိုးတိတ်တိတ်နှင့်ဝင်သွားလိုက်သည်။ ထို့နောက်ရေမိုးချိုးအဝတ်အစားလဲကာ အိပ်ရာထဲသို့ဝင်လိုက်ပေမည့် မအိပ်ပျော်နိုင်သေးပေ။ နောက်ဆုံးဘာအလုပ်မှမရှိတော့သည့်အချိန်တွင်တော့ သူမလင်ရှောင်းထင်ကိုပြန်လွမ်းလာမိသည်။ သို့ပေမည့် အခုချိန်တွင် သူ့ကိုတော့ ဆက်သွယ်၍မရနိုင်သေးပေ။
လင်ရှောင်းထင်သည်လဲ ကုနင်းကို အလွန်အမင်းလွမ်းဆွတ်နေမိကာ စစ်တပ်မှပြန်ထွက်နိုင်ဖို့ရန် အလောကြီးနေသည်။
နောက်တစ်နေ့တွင်တော့ Kameiအလှပြင်ဆိုင်က အခမ်းအနားတစ်ခုကိုကျင်းပသွားမည်ဖြစ်သည်။
ကုချင်သည်တော့ မနက်၇နာရီကတည်းကထကာ သူမမိသားစုဝင်များအတွက် မနက်စာပြန်ဆင်ပေးလေသည်။
ကုနင်းကိုမြင်ရတော့ ကျန်းရှင်းရွှယ်မှာအလွန်ပျော်ရွှင်သွားခဲ့သည်။ သူမ ကုနင်းနှင့်မတွေ့ရသည်မှာ တော်တော်ကြာပြီဖြစ်၍ အခုတော့ ဆက်တိုက်ဆိုသလို ကုနင်းကိုစကားပြောလို့နေသည်။ ထို့အပြင် ကုနင်းကလဲ သူမပြောသမျှကိုစိတ်ရှည်ရှည်နှင့်နားထောင်လို့ပေးသည်။
***
အခန်း ၃၆၈
Gမြို့မှ ကြီးမားသည့်အုံကြွမှု
မနက်စာစားနေစဉ်အတွင်း ကုနင်းက ကျန်းရွှီကို၊
"ဦးလေး၊ အခုတလော ကုချင်းရှန်က ဦးလေးကိုပြဿနာရှာသေးလား?"
"သူအခု ဟိုတယ်အတွင်းအပြင်အဆင်ပရောဂျက်တစ်ခုကို ရအောင်လုပ်နေတာ။ ပြီးတော့ မနေ့ကလဲ အခွင့်အရေးကောင်းရအောင်လို့ အဲ့ဒီဟိုတယ်က အလုပ်အမှုဆောင်ချွမ်ကိုညစာစားဖို့ဖိတ်ခဲ့တယ်။ ဦးလေးကလဲ အဲ့တုန်းက အလုပ်အမှုဆောင်ချွမ်နဲ့ရှိနေတာ။ ဒါပေမယ့် အလုပ်အမှုဆောင်ချွမ်ကိုဖိတ်တဲ့လူက ကုချင်းရှန်ဖြစ်နေမယ်လို့တော့မထင်ခဲ့မိဘူး။ ဒါကြောင့် ဦးလေးလဲ အလုပ်အမှုဆောင်ချွမ်နဲ့ညစာစားဖို့လိုက်သွားလိုက်တာ။ ဒီလိုနဲ့ ကုချင်းရှန်က ဦးလေးက ရွှီရီဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းဆိုင်ရဲ့သူဌေးဆိုတဲ့အကြောင်းသိသွားတယ်။ ပြီးတော့ ဦးလေးက အလုပ်အမှုဆောင်ချွမ်ကို သူ့မကောင်းကြောင်းတွေပြောပြီး သူကိစ္စပျက်သွားအောင်လုပ်မယ်လို့စိုးရိမ်နေတယ်။ ဒါပေမယ့် သူ့လုပ်ငန်းအဆင်ပြေသွားအောင်လဲ ဦးလေးကိုကူညီပေးစေချင်နေပြန်တယ်။ ဦးလေးကတော့ ချက်ချင်းကိုငြင်းခဲ့တယ်။" ကျန်းရွှီပြောပြလိုက်သည်။
ကျန်းရွှီက ကုချင်းရှန်နှင့်မည်မျှပင် ဆက်ဆံရေးအဆင်မပြေဘူးဆိုဆို ကုချင်းရှန်မကောင်းကြောင်းကိုလဲ တကူးတကသွားပြောမည်မဟုတ်သလို ကူလဲကူညီပေးမည်မဟုတ်ပေ။
"ကုချင်းရှန်က ဦးလေး ရွှီရီဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းဆိုင်ရဲ့သူဌေးဖြစ်နေပြီဆိုတာသိသွားမှတော့ အဘွားကြီးလဲသိသွားပြီးလောက်ပြီ။ သူဖုန်းဆက်သေးလား?" ကုနင်းပြန်မေးလိုက်သည်။
"မဆက်ဘူး။ ကုချင်းရှန်က ဦးလေးကိုစိတ်အနှောက်အယှက်ဖြစ်အောင်လုပ်မိလို့ အလုပ်အမှုဆောင်ချွမ်ဘက်မကောင်းကြောင်းသွားပြောလိုက်မှာစိုးလို့ မဆက်ခိုင်းတာလဲဖြစ်နိုင်တယ်။" သူတို့အားလုံး ကုချင်းရှန် မည်သို့သောလူစားမျိုးမှန်းသိထားကြပြီးဖြစ်လေသည်။
"ဟင်း... ငါတို့မိသားစုတွေ့ဆုံပွဲက မငြိမ်းချမ်းတော့မှာကို စိုးရိမ်မိတယ်။" ကုချင်သက်ပြင်းချလိုက်မိသည်။ ကုအဘွားကြီးက သူတို့ကိုဖုန်းဆက်ကာ မပြောသော်လည်း မိသားစုတွေ့ဆုံပွဲတွင်ပဲ တိတ်တိတ်လေးနေမည်မှာတော့မဖြစ်နိုင်ပေ။
"ကိစ္စမရှိပါဘူး။ သူတို့ဘာပြောပြော အသုံးမဝင်ဘူး။" ကုနင်းသည် ကုအဘွားကြီး၏ရိုင်းစိုင်းသောအပြုအမူများကို စက်ဆုပ်မိသော်လည်း ကြောက်တော့မကြောက်ပေ။
မနက်စာစားပြီးချိန်တွင်တော့ ကုချင်နှင့်ကုမန့်မှာ သူတို့အလှပြင်ဆိုင်သို့ထွက်သွားပြီး ကျန်းရွှီသည်လဲ သူ့အလုပ်သို့သွားခဲ့သည်။ ကုနင်းတွင်လဲ ယနေ့လုပ်စရာကိစ္စရှိနေသော်လည်း အလျင်မလိုသောကြောင့် ကျန်းရှင်းရွှယ်နှင့်အိမ်တွင်သာ အချိန်ကြာကြာဖြုန်းပေးနေလိုက်သည်။
မနက်၁၀နာရီဝန်းကျင်တွင်တော့ ကုနင်းကို အန်းကွမ်းယောင်ဖုန်းဆက်လာကာ၊
"ဘော့စ်၊ ကျွန်တော်အခုပဲ Fမြို့ရဲ့နံပါတ်၁အချမ်းသာဆုံးမိသားစုဖြစ်တဲ့ ချောင်မိသားစုဆီကနေ ဖိတ်စာတစ်စောင်ရခဲ့တယ်။ သူတို့က မနက်ဖြန်ပွဲတစ်ခုလုပ်မှာ ပြီးတော့ အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်အားလုံးလဲ ပွဲကိုတက်ကြလိမ့်မယ်။ ရှန်းဟွာရဲ့တကယ့်ပိုင်ရှင်အစစ်ကိုလဲ သူတို့ကလာစေချင်နေတယ်။ ဘော့စ်ဘယ်လိုတွေးလဲ?" အန်းကွမ်းယောင်ကမေးလိုက်သည်။
"ကျွန်မအခုထိတော့ လူမြင်ကွင်းမထွက်ချင်သေးဘူး။ ဦးလေးပဲ ရှန်းဟွာကိုယ်စားသွားပြီး ပိုင်ရှင်အစစ်ကFမြို့ကပဲဆိုတာကို ပြောပြလိုက်ပါ။"
"ကောင်းပါပြီ။"
ထို့နောက် အန်းကွမ်းယောင်ကို ယွီမီရှီတို့မိသားစုအကြောင်းပြောပြကာ စာချုပ်ပြင်ဆင်ဖို့ရန်ပြောလိုက်သည်။ ခနနေလောက်တော့ ကုနင်း ရှေ့နေနှင့်တကွ ယွီမီရှီတို့အိမ်သို့သွားမည်ဖြစ်သည်။
ကုနင်းနှင့်ဖုန်းပြောပြီးသွားသည်နှင့် ချက်ချင်းပင် အန်းကွမ်းယောင် သူ့အတွင်းရေးကိုခေါ်ကာ စာချုပ်တစ်စောင်ပြင်ဆင်ဖို့ရန်နှင့် တိုက်ခန်းကောင်းကောင်းတစ်ခန်းရှာထားရန်ပြောလိုက်သည်။ လီကျီဝမ်လဲ ကုနင်းကိုဖုန်းဆက်လိုက်ကာ သူမနှင့်အတူ ယွီမီရှီရှိရာသို့သွားလိုက်သည်။
ကုနင်း မသွားခင် ယွီမီရှီကိုဖုန်းဆက်လိုက်သည်။ ယွီမီရှီတို့မိသားစုသည် မနက်စာရောင်းသည့်ဆိုင်ငယ်လေးတွင်အလုပ်ရှုပ်နေကြသောကြောင့် ကုနင်းနှင့်လီကျီဝမ်တို့လဲ ထိုနေရာသို့သာသွားလိုက်သည်။
ကုနင်းတို့ရောက်ရှိပြီးချိန်တွင်တော့ ယွီမီရှီ၏မိဘများလဲ စာချုပ်ကိုဖတ်ပြီးသည်နှင့် လက်မှတ်တမ်းထိုးလိုက်လေသည်။ စာချုပ်တွင်လက်မှတ်ထိုးပြီးသွားကြသော်လည်း ကျင်းဟွာဥယျာဉ်တွင် လူနေထိုင်ခွင့်ပြုမိန့်မကျသေးသောကြောင့် သူတို့အတွက်တိုက်ခန်းအသစ်ကိုတော့မရရှိသေးပေ။ ထို့အပြင် စာချုပ်သည် အလွန်မျှတကာ ဥပဒေကိုချိုးဖောက်သည့် အချက်လုံးဝမပါရှိပေ။
ထို့နောက်တွင်တော့ ကုနင်းနှင့်လီကျီဝမ်တို့ပြန်သွားကြသည်။ ကုနင်းသည်တော့ Kameiအလှပြင်ဆိုင်သို့အခြေအနေစစ်ဆေးရန်ထွက်လာခဲ့သည်။
မနက်ကတည်းက Kameiအလှပြင်ဆိုင်တွင် လူများပြည့်ကျပ်နေကာ အများစုသည်တော့ ဗီအိုင်ပီဖောက်သည်များဖြစ်ပြီး တော်တော်များများသည်လဲ အခုမှဗီအိုင်ပီအဖွဲ့သို့ဝင်ကြသည့်လူများဖြစ်သည်။ ဗီအိုင်ပီဖောက်သည်အားလုံးသည် လက်ဆောင်သေးသေးလေးတစ်ခုစီကိုရရှိကြလေသည်။ ထိုပစ္စည်းများမှာ ဈေးအရမ်းမကြီးသော်လည်း ဈေးပေါသည့်အရာတော့မဟုတ်ပေ။
အချို့ဗီအိုင်ပီဖောက်သည်များသည်တော့ ဆုလက်ဆောင်အချို့ကို အနိုင်ရသွားကာ ပျော်ရွှင်ဖွယ်အတွေ့အကြုံများကိုရရှိသွားကြသည်။ ထိုထဲမှ ကံအကောင်းဆုံးလူများကသာလျှင် JadeBeautyလက်ဝတ်ရတနာဆိုင်မှ ကျောက်စိမ်းဆွဲပြားများကို အမြင့်ဆုံးဆုများအဖြစ်ရရှိကြမည်ဖြစ်သည်။ လူတိုင်းသည်လဲ အလွန်လိုချင်နေကြပေမည့် လူတစ်ယောက်တွင် တစ်ကြိမ်သာ အခွင့်အရေးရှိလေသည်။
ကုနင်း အလှပြင်ဆိုင်တွင်လဲ အချိန်အကြာကြီးမနေဘဲ နေ့လည်၁၂နာရီထိုးခါနီးတွင် ပြန်ထွက်လာခဲ့သည်။
ကုနင်းအလှပြင်ဆိုင်မှထွက်လာသည်နှင့် ကောင်းယိထံမှဖုန်းဝင်လာခဲ့သည်။ ကောင်းယိနှင့်ချောင်ယသည် သူမပြောထားသမျှကို မနက်ခင်းတစ်ပိုင်းတည်းဖြင့် အားလုံးဆောင်ရွက်ပြီးသွားပြီဖြစ်ကာ သွားလာဖို့အတွက် အနက်ရောင်LandRoverကားတစ်စီးကိုဝယ်ထားကြသည်။
ကောင်းယိနှင့်ချောင်ယသည် မည်မျှပင် လူသတ်အဖွဲ့အစည်းမှလိုက်ဖမ်းခြင်းကိုခံရသည်ဆိုဆို ဘယ်တုန်းကမှ သူတို့၏ထောက်ခံစာအချက်အလက်များကိုမပျောက်သွားခဲ့ပေ။
ကုနင်းက သူမကိုယ်ပိုင်ယာဉ်မောင်းလိုင်စင်ကိုမရသေးသော်လည်း သူမ၏အရင်ဘဝတုန်းကတော့ အမှန်ကတယ်ကိုကျွမ်းကျင်သည့်ကားမောင်းသူတစ်ဦးဖြစ်သည်။ သို့ပေမည့် ယာဉ်မောင်းလိုင်စင်မရှိသေးသောကြောင့် မမောင်းသည်ကသာ ပို၍ကောင်းလေသည်။
ကောင်းယိနှင့်ချောင်ယမှာ အခုချိန်ထိဘာမှမစားရသေးသောကြောင့် ကုနင်းက သူတို့သုံးယောက်အတူတူနေ့လည်စာစားရန်ချိန်းလိုက်သည်။
နေ့လည်သုံးနာရီဝန်းကျင်တွင်တော့ Gမြို့တွင် အားပြင်းသည့်လေပြင်းမုန်တိုင်းတစ်ခုသကဲ့သို့ ကြီးမားသည့်အုံကြွမှုကြီးတစ်ခုဖြစ်ပေါ်ခဲ့သည်။ ဒုတိယမြို့တော်ဝန် လျှိုရှီခွန်း၊ ကူးသန်းသွားလာရေးဌာနမှ ဝေ့ချန်ကွမ်း၊ ဟုန်ယွမ်လုပ်ငန်းစု၏ဥက္ကဌ ဖန်ချန်းရှန်နှင့်အခြားသော လျှိုရှီခွန်းနှင့်ပတ်သတ်ဆက်နွယ်နေသည့် အစိုးရအရာရှိအများအပြားသည် တစ်ချိန်တည်းတွင်ပဲ ရဲများ၏ဖမ်းခြင်းကိုခံခဲ့ရသည်။ ထိုသူများ၏ပြစ်မှုသက်သောများသည်လဲ ဖော်ထုတ်ခံခဲ့ရလေသည်။ ဒုတိယမြို့တော်ဝန်လျှိုရှီခွန်း၏တရားမဝင်လာဘ်စားထားမှုများပေါ်ပေါက်လာခဲ့သည်။ သူတရားမဝင်လက်ခံထားခဲ့သည့် ငွေပမာဏမှာ ယွမ်၁ဘီလီယံကျော်ရှိကာ ကူးသန်းသွားလာရေးဌာန၏ခေါင်းဆောင်ဟောင်းကို သတ်သူများတွင်လဲ တစ်ယောက်အပါအဝင်ဖြစ်နေသည်။
ကူးသန်းသွားလာရေးဌာန၏လက်ရှိခေါင်းဆောင်ဖြစ်သည့် ဝေ့ချန်ကွမ်းသည်လဲ တရားမဝင်အကျင့်ပျက်လာဘ်စားမှုများရှိနေပြီး အဓိကလာဘ်စားသည့်နေရာမှာတော့ ဟုန်ယွမ်လုပ်ငန်းစုမှပင်ဖြစ်သည်။ အစိုးရဌာနအများအပြားမှခေါင်းဆောင်များသည်လဲ တူညီသောပြစ်မှုမှတ်တမ်းဖြင့်သာ အဖမ်းခံကြရပေသည်။
ဟုန်ယွမ်လုပ်ငန်းစု၏ဥက္ကဌ ဖန်ချန်းရှန်သည်တော့ လွန်ခဲ့သည့်သုံးနှစ်အတွင်းကျူးလွန်ခဲ့သည့် ပြစ်မှုအမျိုးအမျိုးဖြင့်ကိုဖော်ထုတ်ခံထားရကာ ဟုန်ယွမ်လုပ်ငန်းစုနာမည်အောက်မှ ဟိုတယ်များနှင့် စားသောက်ဆိုင်များတွင်လဲ အုံကြွမှုအများအပြားရှိလာခဲ့သည်။
ဖြစ်ပျက်သွားသည်များမှာအလွန်လျင်မြန်လှသောကြောင့် လျှိုရှိခွန်းနှင့်အခြားလူများမှာ သူတို့အဖမ်းခံလိုက်ရချိန်တွင် ကြောင်အလို့နေကြပေမည့် သက်သေများမှာအလွန်ခိုင်မာနေခြင်းကြောင့် ငြင်းဆန်၍တော့မရနိုင်ပေ။
လျှိုရှီခွန်း၏နိုင်ငံရေးလုပ်ငန်းမှမဟာမိတ်များက သတင်းများအလွန်မပျံ့နှံ့သွားစေရန် ထိန်းချုပ်ဖို့ရန်ကြိုးစားသော်လည်း မမျှော်လင့်ထားစွာပဲ သတင်းများသည် နာရီပိုင်းအတွင်း အင်တာနက်မှတစ်ဆင့် တစ်နိုင်ငံလုံးသို့ပျံ့နှံ့သွားခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ထိုပြဿနာအရှုပ်ထဲတွင် မပါဝင်သွားစေရန်အတွက် လျှိုရှီခွန်းနှင့်အခြားလူများကို သူတို့၏မဟာမိတ်များက စွန့်လွှတ်ခဲ့လေသည်။
လျှိုရှီခွန်းတို့အုပ်စုလုပ်ခဲ့သည့်ပြစ်မှုများကြောင့် ပြည်သူများမှာ အလွန်ဒေါသထွက်ကာ ပြင်းပြင်းထန်ထန်ဝေဖန်ပြောဆိုကြတော့သည်။
ကုနင်းက ဟုန်ယွမ်လုပ်ငန်းစု၏ပိုင်ဆိုင်မှုများထဲမှ အချို့ကို တောင်းဆိုထားခဲ့ပြီးဖြစ်သည်။ သို့သော်လည်း ထိုပိုင်ဆိုင်မှုများကို အခုထိသေချာမစိစစ်ရသေးဘဲ ဖန်ချန်းရှန်ကို တရားရုံးမှထောင်ဒဏ်ချမှတ်ပြီးမှသာလျှင် လေလံတင်မည့်ထဲသို့ထည့်မည်ဖြစ်သည်။ သူတို့လုပ်ခဲ့သည့်ကိစ္စများအတွက် တိကျသည့်သက်သေရှိထားပြီးဖြစ်သော်လည်း ဥပဒေလမ်းကြောင်းအရပြီးစီးအောင်လုပ်ရန်အတွက်ကတော့ အချိန်ယူရဦးမည်ဖြစ်သည်။
ကုနင်းသည်တော့ ထိုသတင်းကြားချိန်တွင် အနည်းငယ်သာပြုံးလိုက်ပြီး သူမမျက်လုံးထဲတွင်တော့ ထိုသတင်းသည် လုံးဝအံ့ဩစရာကောင်းသည့်သတင်းထူးဟုတ်မနေပေ။
***
အခန်း ၃၆၉
နှစ်သစ်ကူးပွဲတော်အတွက်ဈေးဝယ်ထွက်ခြင်း
အန်းကွမ်းယောင်သည်လဲ Gမြို့သတင်းကြောင့် အတော်လေးထိတ်လန့်လို့သွားရလေသည်။ ကျန်းယန်လမ်းကိုသာ စတင်ဆောက်လုပ်ပြီဆိုလျှင် ဟုန်ယွမ်အိမ်ခြံမြေလုပ်ငန်းက သူတို့ကို ပိုပြီးဒုက္ခပေးလာနိုင်သည်ဟု တွေးထားမိကာ ဟုန်ယွမ်ကိုဆန့်ကျင်တိုက်ခိုက်ဖို့ရန်ပင် စိတ်အခြေအနေကိုတောင်မှ ကြိုတင်ပြင်ဆင်လို့ထားပြီးဖြစ်သည်။ သို့ပေမည့် ကျန်းယန်လမ်းကိုစတင်မဆောက်လုပ်ရသေးခင်တွင်ပဲ ဟုန်ယွမ်လုပ်ငန်းစုတစ်ခုလုံး ပြဿနာအကြီးကြီးတက်သွားရသောကြောင့် အန်းကွမ်းယောင်အလွန်အံ့အားသင့်သွားရသည်။ ထို့အပြင် ဖန်ကျန်းရှန်သည်လဲ မကြာခင်ထောင်ထဲအထည့်ခံရတော့မည်ဖြစ်ပြီး ထိုကိစ္စကြောင့် ဟုန်ယွမ်လုပ်ငန်းစုကိုလဲ မည်သူမျှ ဆက်လက်လည်ပတ်ပေးနိုင်လိမ့်မည်မဟုတ်တော့ပေ။
ကုနင်းထိုသတင်းအကြောင်းသိထားပြီလား မသိထားရသေးဘူးလားဆိုသည်ကို အန်းကွမ်းယောင်မသိသောကြောင့် ချက်ချင်းပင် ကုနင်းဖုန်းဆက်အကြောင်းကြားလိုက်သည်။ ကုနင်းကလဲ သူမထိုသတင်းကြားပြီးသွားပြီဖြစ်ကြောင်းနှင့် အန်းကွမ်းယောင်ကို သူ့အတွင်းရေးမှူး ကျန်းရွှင်းကျဲ့နှင့် ရှေ့နေလီကျီဝမ်တို့နှင့်အတူ ညနေစာအတူစားကြရန်ဖိတ်လိုက်သည်။
သူတို့ညနေ၆နာရီတွင်တွေ့ဆုံကြမည်ဖြစ်ပြီး ကုနင်းက ကောင်းယိနှင့်ချောင်ယတို့နှင့်အတူ စားသောက်ဆိုင်သို့ ၅နာရီထိုးပြီးကတည်းကရောက်ရှိနေကြသည်။
အန်းကွမ်းယောင်နှင့်အတူ ကျန်းရွှင်းကျဲ့နှင့်လီကျီဝမ်သည်လဲ နောက်ထပ်မိနစ်ပိုင်းအတွင်းမှာပဲ ဆိုင်သို့ရောက်ရှိလာခဲ့သည်။ အန်းကွမ်းယောင်တို့မှာ ကောင်းယိနှင့်ချောင်ယကိုမသိထားသေးသောကြောင့် ကုနင်းနှင့် သူတို့ကြားမှဆက်ဆံရေးကိုလဲ မခန့်မှန်းနိုင်ပေ။ ထို့ကြောင့် ကုနင်းကို ဘော့စ်အစား မိန်းကလေးကုဟူ၍သာခေါ်ဆိုလိုက်ကြသည်။
"ထိုင်ကြပါ!" ကုနင်းပြောလိုက်ခြင်းဖြစ်သည်။
သူတို့အားလုံး နေရာယူပြီးသွားသည့်အချိန်တွင်မှ ကုနင်းက အားလုံးကိုအချင်းချင်းမိတ်ဆက်ပေးလိုက်သည်။
"ဒါက ကောင်းယိ၊ သူကတော့ ချောင်ယ။ သူတို့နှစ်ယောက်လုံး ကျွန်မရဲ့သက်တော်စောင့်လဲဟုတ်တယ်၊ တခြားကိစ္စတွေလဲ အလုပ်လုပ်ပေးတယ်။ အန်းကွမ်းယောင်ကတော့ ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းရဲ့ဥက္ကဌ။ ဒီဘက်က သူ့အတွင်းရေးမှူးကျန်းရွှင်းကျဲ့၊ ပြီးတော့ သူ့ရှေ့နေ လီကျီဝမ်ပဲ။"
ကုနင်း၏မိတ်ဆက်ပေးမှုအပြီးတွင်တော့ သူတို့အချင်းချင်းအသိမှတ်ပြုသည့်အနေဖြင့် ခေါင်းသာညိတ်ပြလိုက်ကြသည်။
"ဟုန်ယွမ်လုပ်ငန်းစုက အခုဖြစ်နေတဲ့သတင်းကြောင့် လုံးဝပျက်စီးသွားပြီဆိုတော့ ကျွန်မက ဟုန်ယွမ်လုပ်ငန်းစုရဲ့ပိုင်ဆိုင်မှုတချို့တဝက်ကို ဝယ်ဖို့စဉ်းစားထားတယ်။ ဒီနေ့တွေ့ဆုံရတာက အဲ့ကိစ္စဆွေးနွေးဖို့ပဲ။" ကုနင်းပြောလိုက်သည်။
ဘာ? ဟုန်ယွမ်လုပ်ငန်းစုရဲ့ပိုင်ဆိုင်မှုထဲက တချို့တဝက်ကိုဝယ်မယ်တဲ့လား? ထိုစကားကိုကြားလိုက်ရတော့ အန်းကွမ်းယောင်နှင့်အခြားလူများအားလုံး အံ့အားသင့်သွားကြရသည်။ ဟုန်ယွမ်လုပ်ငန်းစု၏ပိုင်ဆိုင်မှုအနည်းငယ်ကိုရလိုက်သည့်မည်သူမဆို အမြတ်များစွာရနိုင်သည့်အခွင့်အရေးဖြစ်သည်ဆိုပေမည့် ထိုလုပ်ငန်းအချို့ကိုဝယ်ရန်အတွက်လဲလုံလောက်သည့် ငွေပမာဏရှိထားဖို့ရန်က လိုအပ်သေးပေသည်။ ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းသည် အမြတ်ငွေအများကြီးမထုတ်ပေးနိုင်ပေ။ ထို့အပြင် JadeBeautyလက်ဝတ်ရတနာဆိုင်ကတော့ ရင်းနှီးငွေအများအပြားရှိနေသော်လည်း အများစုသည်က ပြန်ထုတ်ယူလို့မရနိုင်သည့်ငွေသေများပင်ဖြစ်သည်။ သို့ပေမည့် ကုနင်းက ထိုသို့ပြောလာမှတော့ သူမတွင်ပြင်ဆင်ထားသည်များရှိပြီးမှန်း သူတို့နားလည်သောကြောင့် ကုနင်း၏စကားမဖြစ်လာနိုင်ဟု သံသယမဝင်မိကြပေ။
ကုနင်းကပဲဆက်ပြီးတော့၊
"ဟုန်ယွမ်လုပ်ငန်းစုက Jမြို့အသစ်ဆောက်လုပ်နေတဲ့လုပ်ငန်းခွင်တစ်ခုရှိတယ်။ လူနေအိမ်ရာအကြီးကြီးဖြစ်လာမှာ။ ပြီးတော့ ဆောက်လုပ်နေစဲ ဈေးဝယ်စင်တာအသစ်တစ်ခုလဲရှိသေးတယ်။ အရည်အသွေးကလဲမဆိုးဘူး။ ဒါကြောင့် ကျွန်မအဲ့ဒီ လူနေအိမ်ရာအသစ်ကော ဈေးဝယ်စင်တာအသစ်ကိုပါဝယ်လို့အဆင်ပြေတယ်။ ပြီးတော့ ဟုန်ယွမ်လုပ်ငန်းစုရဲ့လက်အောက်ကပဲ စီရင်စုDရဲ့ ဒုတိယတန်းစားမြို့သုံးမြို့မှာလဲ ဈေးဝယ်စင်တာ၇နေရာ၊ ကြယ်လေးပွင့်ဟိုတယ်၇လုံးနဲ့ ကြယ်ငါးပွင့်စားသောက်ဆိုင်တွေရှိသေးတယ်။ ကျွန်မတို့အနေနဲ့ အဲ့ဒီနေရာအားလုံးကိုလဲယူလို့ရတယ်။ ဈေးဝယ်စင်တာတွေကလွဲပြီး ဟိုတယ်တွေနဲ့စားသောက်ဆိုင်တွေကိုတော့ ပြန်လည်ပြင်ဆင်မှုလုပ်ဖို့လိုတဲ့အတွက် အချိန်တော့ကုန်မယ်။ အချိန်ဆိုတာငွေပဲဆိုတော့ မြန်မြန်ဆန်ဆန်နဲ့အကောင်းဆုံးဖြစ်အောင်လုပ်ကြတာပေါ့။ ဒါပေမယ့် အရည်အသွေးကောင်းဖို့ဆိုတာကတော့ အရေးအကြီးဆုံးအချက်ဆိုတော့ အဲ့ဒီ့အချက်ကိုတော့မမေ့သွားဖို့လိုတယ်။"
ကုနင်း၏ဟုန်ယွမ်အကြောင်းရှာဖွေစုံစမ်းထားသည့်အချက်များကြောင့် အားလုံးထပ်မံကာ အံ့အားသင့်သွားကြရပြန်သည်။ သူမပုံစံက ဟုန်ယွမ်လုပ်ငန်းစုပျက်စီးမည်ကိုအစကတည်းကကြိုသိနေသလိုမျိုးပင်။
သူတို့အားလုံး ကုနင်းထိုမျှများပြားသည့်အချက်အလက်များကို မည်သို့ရှာတွေ့ထားသည်ဆိုသည်အား နားမလည်နိုင်ဖြစ်နေကြသော်လည်း မည်သူမျှတော့ထုတ်မမေးကြပေ။
"နိုင်ငံရေးဘက်က အဆင့်မြင့်ပုဂ္ဂိုလ်တွေဆီကနေတော့ ကျွန်မခွင့်ပြုချက်ရထားပြီးသွားပြီ။ ဒါကြောင့် မတော်တဆတစ်ခုခုသာမဖြစ်ခဲ့ဘူးဆိုရင် အဲ့ဒီ့လုပ်ငန်းတွေအားလုံးမကြာခင် ကျွန်မတို့အပိုင်ဖြစ်လာလိမ့်မယ်။" ယန်ကျန်းလင်က ကတိပေးထားပြီးသားဖြစ်၍ ကုနင်းသံသယမဝင်မိပေ။ မတော်တဆကိစ္စတစ်ခုခုဖြစ်ခဲ့လျှင်တောင်မှ သူမလင်ရှောင်းထင်၏အကူအညီကိုယူနိုင်သေးသည်။ မည်သို့ပင်ဖြစ်ပါစေ ဟုန်ယွမ်လုပ်ငန်းစု၏ပိုင်ဆိုင်မှုများကို ရယူရန်အတွက် စိတ်ဆုံးဖြတ်ထားပြီးဖြစ်လေသည်။
အန်းကွမ်းယောင်တို့ကတော့ JadeBeautyလက်ဝတ်ရတနာလုပ်ငန်းသည် ကုနင်းအပိုင်မှန်းသိထားပြီးကတည်းက ကုနင်း၏အဆက်အသွယ်အင်အားမည်မျှကြီးမှန်း သိထားကြပြီးဖြစ်ကြသည်။ မြို့တော်ဝန်၏ထောက်ခံပေးမှု၊ ချမ်းသာသည့်မိသားစုအများအပြား နှင့် ချင်ဂိုဏ်းလဲရှိနေသေးသောကြောင့် Gမြို့တွင် ကုနင်း၏လုပ်ငန်းကျရှုံးသွားရန်က အလွန်ခက်ခဲလှပေသည်။ ထို့ကြောင့် သူတို့အခုချိန်တွင် ကုနင်းကိုအလုံးစုံယုံကြည်နေကြခြင်းဖြစ်သည်။ သူတို့အမြင်တွင်တော့ ကုနင်းသည် ဆယ်ကျော်သက်မိန်းမငယ်လေးတစ်ဦးလုံးဝမဟုတ်ဘဲ လွန်ခဲ့သည့်ဆယ်စုနှစ်များစွာကတည်းက စီးပွားရေးလုပ်ငန်းတွင်လုပ်ကိုင်နေခဲ့သည့် လိမ္မာပါးနပ်သောစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဟုပင်ဖြစ်ပေသည်။
ကုနင်းဆုံးဖြတ်ချက်တစ်ခုချလိုက်ပြီးသည်နှင့် သူမ၏ဝန်ထမ်းများသည်လဲ ၂၄နာရီ၇ရက်လုံး ပါဝင်လုပ်ဆောင်ပေးလိမ့်မည်ဖြစ်သည်။ ကံကောင်းစွာဖြင့် နှစ်သစ်ကူးပွဲတော်ကျင်းပဖို့ရန်သုံးရက်သာလိုတော့သဖြင့် သန်ဘက်ခါမှစပြီး သူတို့အားလပ်ရက်ရကြတော့မည်ဖြစ်သည်။ သို့ပေမည့် သူတို့အားလုံးကတော့ ငွေပိုရှာနိုင်မည်ဖြစ်၍ အလုပ်ပိုများချင်ကြပေသည်။
ကောင်းယိနှင့် ချောင်ယတို့သည်လဲ ထိုညတွင်ပင် ဖန်ဟွားအဆင့်မြင့်အိမ်ရာသို့ပြောင်းရွှေ့ကြသည်။ သူတို့ကုနင်းကို ဇုံGသို့အရင်လိုက်ပို့ကာ သူတို့မြင်ကွင်းအတွင်းမှကုနင်းမပျောက်သွားခင်အထိ ဇုံFသို့မသွားကြသေးပေ။
ကုမန့်သည်တော့ ကုချင်တို့မိသားစုနှင့်အတူတူညစာစားလေသည်။ ယနေ့သည် အလှပြင်ဆိုင်တွင် အတော်လေးအလုပ်ရှုပ်သည့်နေ့ဖြစ်သောကြောင့် သူမတို့နှစ်ယောက်လုံးအလွန်ပင်ပန်းနေကြပြီဖြစ်သည်။
ကုနင်းအိမ်ပြန်ရောက်သည်နှင့်ပထမဆုံးလုပ်သည်က ကုချင်နှင့်ကုမန့်တို့ကို နှိပ်နယ်ပေးကာ မောပန်းနွမ်းနယ်မှုများပြေပျောက်စေရန်အတွက် သူမစွမ်းအားများကို တိတ်တဆိတ်ထည့်သွင်းပေးခြင်းဖြစ်လေသည်။ ကုနင်းသူတို့ကိုနှိပ်ပေးခြင်းက ပထမဆုံးအကြိမ်မဟုတ်သောကြောင့် နေသားကျနေကြပြီဖြစ်သည်။
သူတို့နှစ်ယောက်လုံး ယနေ့ပင်ပန်းခဲ့ကြရသော်လည်း ဆိုင်၏ဗီအိုင်ပီဖောက်သည်များက သူတို့ဗီအိုင်ပီအဖွဲ့ဝင်သက်တမ်းများကို အသစ်ထပ်တိုးကြသလို နောက်ထပ်လူများစွာကလဲ ဗီအိုင်ပီအသစ်ဝင်ခွင့်များလုပ်လာခြင်းကြောင့် ပျော်ရွှင်ဝမ်းသာနေကြသည်။
ကုနင်းသည်ကတော့ ထိုမျှကို အောင်မြင်မှုကြီးတစ်ခုဟုမမှတ်ယူပေ။ Kameiအလှပြင်ဆိုင်သည် ဝန်ဆောင်မှုကောင်းပြီး ပစ္စည်းကောင်းများကို ထုတ်လုပ်သော်လည်း ဈေးကွက်ထဲတွင် အသားအရေထိန်းသိမ်းသည့်ပစ္စည်းကောင်းများစွာရှိနေခြင်းကြောင့် သိပ်သိသာသည့်ရလဒ်မျိုးမရှိနေပေ။
ထို့ကြောင့် Kameiအလှပြင်ဆိုင်၏အသားအရေထိန်းသိမ်းသောပစ္စည်းများကို ဆေးဝါးကုမ္ပဏီဖွင့်လှစ်ပြီးသွားသည်နှင့် သူမကိုယ်ပိုင်ထုတ်ကုန်များဖြင့် အစားထိုးရန် စီစဉ်ထားခြင်းဖြစ်သည်။ အသားအရေထိန်းသိမ်းသည့်ပစ္စည်းများ၏အကျိုးရလဒ်မှာပိုမိုသိသာလေ လူအများကစမ်းသုံးကြည့်ချင်ကြလေဖြစ်မည်။
"ဟုတ်သားပဲ၊ ဒီရက်ပိုင်း ငါတို့အလုပ်များနေကြတာနဲ့၊ အခုချိန်ထိ နှစ်သစ်ကူးပွဲတော်အတွက်ဘာမှမဝယ်ထားရသေးဘူး! မနက်ဖြန်လောက်အတူတူဈေးဝယ်ထွက်ကြရင်ဘယ်လိုလဲ?" ကုချင်ကအကြံပေးလိုက်သည်။
"ဟုတ်တာပေါ့၊ ငါလုံးဝမေ့နေလိုက်တာ!" ကုမန့်လဲ ကုချင်ပြောလိုက်မှပဲသတိရသွားခဲ့ကာ ကုနင်းသည်လဲ အတူတူပင်။
"ရွှီ၊ ရှင်မနက်ဖြန်အားလား? မနက်ဖြန်ကျွန်မတို့နှစ်သစ်ကူးပွဲအတွက်ဝယ်မယ့်ပစ္စည်းတွေကို ကူသယ်ပေးနိုင်မလား?" ကုချင်က ကျန်းရွှီကိုမေးလိုက်သည်။
"မနက်ဖြန်မနက်ပိုင်းတော့ ဖောက်သည်တစ်ယောက်ကိုစောင့်ဖို့ရှိသေးတယ်။ ဒါပေမယ့် နေ့ခင်းပိုင်းလောက်တော့ ကူပေးနိုင်ပါတယ်။" ကျန်းရွှီကပြန်ဖြေလာသည်။
"အလုပ်ရှုပ်ခံမနေပါနဲ့၊ ဦးလေး၊" ကုနင်းက တားလိုက်ကာ၊
"သမီးတို့ကိုကူညီဖို့ ဝန်ထမ်းတစ်ယောက်လောက်ကို လှမ်းခေါ်လိုက်လို့ရပါတယ်။"
ကုနင်းက ကုမန့်ကိုဆက်ပြီး၊
"အမေ၊ သမီးမှာ အခုအတွင်းရေးမှူးအနေနဲ့ရော၊ ဒရိုင်ဘာအဖြစ်ရော သက်တော်စောင့်အဖြစ်ပါလုပ်ပေးမယ့် လူနှစ်ယောက်ရှိတယ်။ သူတို့စုံတွဲက မိဘမဲ့တွေဆိုတော့ မိသားစုမရှိဘူး။ သမီးကသာ သူတို့အရင်းနှီးဆုံးလူဆိုတော့ နှစ်သစ်ကူးပွဲတော်ကို သမီးတို့မိသားစုနဲ့ပဲဖြတ်သန်းဖို့ဖိတ်ထားတယ်။ ဒါကြောင့် မနက်ဖြန်သူတို့ကိုလိုက်ပို့ခိုင်းလို့ရတယ်။"
ထိုစကားများကိုကြားတော့ ကုမန့်မှာ သူတို့အတွက်အလွန်သနားစိတ်ဝင်သွားကာ ချက်ချင်းပင်သဘောတူလိုက်သည်။
"ရတာပေါ့၊ သူတို့လဲပါတော့ပိုပျော်စရာကောင်းတာပေါ့။"
ကုနင်း ခနနေတော့ သူမအိမ်ဘက်ပြန်လာခဲ့ပြီး ကုမန့်ကတော့ ကုချင်၏အိမ်တွင်ပင် ကုချင်နှင့်စကားဆက်ပြောနေခဲ့သည်။
ကုနင်းအိမ်သို့ပြန်ရောက်သည်နှင့် ကောင်းယိကိုဖုန်းဆက်ကာ မနက်ဖြန်သူမတို့နှင့်ဈေးဝယ်လိုက်ခဲ့ပေးရန်ပြောလိုက်သည်။
***
အခန်း ၃၇၀
အရမ်းလွမ်းနေတာ
ကုနင်းအားသွားသည့်အချိန်တွင်တော့ လင်ရှောင်းထင်အကြောင်းမတွေးဘဲမနေနိုင်တော့ပေ။ သူအခုချိန်ဘာတွေများလုပ်နေမလဲ? ကုနင်းထိုအကြောင်းတွေးနေသည့်အချိန်မှာပဲ ဖုန်းဝင်လာခဲ့ကာ ခေါ်ဆိုသူမှာ တိုက်ဆိုင်စွာဖြင့် လင်ရှောင်းထင်ဖြစ်နေခဲ့ပေသည်။
"နင်းနင်း!" လင်ရှောင်းထင် နှစ်ပေါင်းများစွာကြာအောင် ချစ်သူကိုလွမ်းဆွတ်နေရသည့်အသံဖြင့် ကုနင်းကိုခေါ်လိုက်သည်။ ယခုရက်ပိုင်းအတွင်း လင်ရှောင်းထင်သည် စစ်တပ်ထဲတွင်သာနေရသောကြောင့် ကုနင်းကိုဖုန်းလဲဆက်၍မရသလို သူမဓါတ်ပုံများကိုအလွမ်းပြေကြည့်ရန်အတွက်လဲ ဖုန်းသုံး၍မရသောကြောင့် အလွန်စိတ်ဆင်းရဲနေခဲ့ရသည်။
လင်ရှောင်းထင်၏အသံကိုကြားလိုက်သည်နှင့် ကုနင်းသည်လဲ နှလုံးခုန်နှုန်းပင်မြန်ဆန်လာရကာ
"ရှောင်းထင်!" ကုနင်းလဲ လင်ရှောင်းထင်ကို အလွန်လွမ်းဆွတ်နေခဲ့ရသည်မဟုတ်ပါလား! သူတို့နှစ်ဦး ရက်ပိုင်းလောက်မတွေ့ရသည်မှာ ပုံမှန်သာဖြစ်သသော်လည်း လုံးဝအဆက်အသွယ်မရှိ အသံပင်မကြားရသည့်အတွက်ကြောင့် သူမအလွန်စိုးရိမ်နေခဲ့ရလေသည်။
"ကိုယ်အရမ်းလွမ်းနေတာ။"
ထိုစကားကြောင့် ကုနင်း၏ရင်ခုန်သံများပိုမိုမြန်ဆန်လာကာ၊
"ကျွန်မလဲ လွမ်းနေတာ။"
သူမတို့နှစ်ဦး ၂နာရီလောက်အလွမ်းသယ်နေကြပြီးနောက်မှသာပင် ဖုန်းချလိုက်တော့သည်။
နောက်တစ်နေ့တွင်တော့ ကုမန့်နှင့်ကုချင်တို့ အလှပြင်ဆိုင်သို့မသွားတော့ဘဲ ကုနင်းနှင့်အတူ ကောင်းယိနှင့်ချောင်ယကိုပါခေါ်ကာ ဈေးဝယ်ထွက်လိုက်ကြသည်။
ကားထဲတွင်က ထိုင်ခုံ၅ခုံသာပါသောကြောင့် လူငါးယောက်ထိုင်ဖို့ရန်သာ အဆင်ပြေ၍ ကျန်းရှင်းရွှယ်က အိမ်မှာပဲနေခဲ့လိုက်ရသည်။
ကုနင်း၊ ကုမန့်နှင့် ကုချင်တို့ထွက်လာသည်ကိုမြင်သည်နှင့် ကောင်းယိနှင့်ချောင်ယ ချက်ချင်းပင် ကားထဲမှထွက်လာကာ သူမတို့အတွက်ကားတံခါးအဆင်သင့်ဖွင့်ပေးလိုက်သည်။
"ဟိုင်း၊ ကောင်းယိ၊ ချောင်ယ၊ ဒါကကျွန်မအမေနဲ့အဒေါ်ပါ။" ကုနင်းကမိတ်ဆက်ပေးလိုက်သည်။
"တွေ့ရတာဝမ်းသာပါတယ်။" ကောင်းယိနှင့်ချောင်ယလဲ ကုမန့်နှင့်ကုချင်ကို လေးလေးစားစားဖြင့် နှုတ်ဆက်လိုက်သည်။
"အန်တီတို့လဲတွေ့ရတာဝမ်းသာပါတယ်။"
"အမေ၊ အန်တီ၊ သူက ကောင်းယိ၊ သူကတော့ချောင်ယတဲ့။"
"ဒါဆို အန်တီတို့ ရှောင်ကောင်းနဲ့ ရှောင်ချောင်လို့ခေါ်ရင်ပိုကောင်းမယ်ထင်တယ်။" ကောင်းယိနှင့်ချောင်ယသည် ငယ်သေးသောကြောင့် ကုမန့်ကထိုသို့ပြောလိုက်ခြင်းဖြစ်သည်။
"ရပါတယ်။"
ထို့နောက် သူတို့ကားထဲသို့ဝင်သွားကာ ကောင်းယိသည်တော့ ဒရိုင်ဘာနေရာတွင်ဝင်ထိုင်လိုက်ပြီး Fမြို့၏အကြီးဆုံးဈေးဝယ်စင်တာသို့ထွက်ခဲ့လိုက်ကြသည်။
နှစ်သစ်ကူးပွဲတော်မှာနီးကပ်နေပြီဖြစ်သောကြောင့် ပထမထပ်ရှိ စားသောက်ကုန်နှင့်အိမ်သုံးပစ္စည်းများရောင်းချသည့်နေရာတွင် လူအများအပြားဝယ်ခြမ်းလို့နေသည်။
အတိတ်တုန်းကတော့ဖြင့် ကုနင်းတို့မိသားစုသည် ဈေးပေါသည့်အရာများကိုဝယ်နိုင်ခဲ့သော်လည်း အခုချိန်တွင်တော့ ကွာခြားလို့သွားခဲ့ပြီဖြစ်ကာ သူတို့လိုချင်တာမှန်သမျှစိတ်ကြိုက်ဝယ်ယူနိုင်နေပြီဖြစ်ပေသည်။
ကုချင်နှင့်ကုမန့်တို့ ဈေးဝယ်ကာ အလုပ်ရှုပ်နေကြချိန်တွင် ကောင်းယိနှင့် ချောင်ယတို့ကလဲ သူတို့သွားရာလမ်းတစ်လျှောက်အထုပ်အပိုးများကိုဝိုင်းကူသယ်ပေးနေကြလေသည်။ အစပိုင်းတွင်တော့ ကုချင်နှင့်ကုမန့်သည် ကောင်းယိနှင့်ချောင်ယကို အလုပ်မရှုပ်စေချင်ကြသော်လည်း ကုနင်းက ကောင်းယိရော ချောင်ယပါ သူတို့ဝယ်သမျှကိုသယ်ပေးရန်အတွက်သန်မာကြကြောင်းပြောခဲ့လိုက်မှသာ ကုမန့်တို့ သဘောတူလိုက်ခြင်းဖြစ်သည်။ မနက်၁၀နာရီထိုးခါနီးတွင်တော့ ကုနင်းထံသို့ အန်ချင်းထံဖုန်းဝင်လာခဲ့သည်။ ကုနင်းဖုန်းကိုင်လိုက်သည်နှင့်ချက်ချင်းပင် အန်ချင်း၏မကျေမနပ်သံများထွက်ပေါ်လာတော့သည်။
"ကုနင်း၊ နင်ပျောက်နေတာအရမ်းကြာနေပြီနော်! နင်ပြန်ရောက်နေပြီဆိုတာ ဘာလို့ငါ့ကိုမပြောတာလဲ? အန်းယိသာမပြောရင် ငါသိရမှာတောင်မဟုတ်ဘူး!"
အန်ချင်းနှင့်ကုနင်းသည် တစ်ယောက်နှင့်တစ်ယောက်အဆက်အသွယ်သိပ်မရှိကြသော်လည်း သူတို့၏သူငယ်ချင်းဆက်ဆံရေးသည်တော့ ဝေးကွာမသွားခဲ့ပေ။
"ဟုတ်ပါပြီ၊ ငါ့အမှားပါ။ နင်ဒီမနက်ပိုင်းအားလား? ငါလိုက်ကျွေးမယ်လေ။" ကုနင်းလဲ အနည်းငယ်အပြစ်ရှိသလိုခံစားရသောကြောင့် အန်ချင်းနှင့်တွေ့ဆုံသင့်သည်ဟုတွေးမိလေသည်။
"ရတာပေါ့! ငါမအားဘူးဆိုရင်တောင်မှ နင့်အတွက်ဆို သေချာပေါက် အချိန်ဖယ်ပေးထားမှာ!" အန်းချင်းသည် ကုနင်းကို ထပ်မံအလွတ်ပေးရန်စိတ်ကူးမရှိတော့ပေ။
ကုနင်းရယ်ချင်မိသွားကာ ဆက်ပြီးမေးလိုက်သည်။
"ဒါဆို နင်ဘာစားချင်လဲ?"
"အသားကင်စားရအောင်! ငါအရမ်းသဘောကျတဲ့ အနောက်တိုင်းစားသောက်ဆိုင်တစ်ဆိုင်ရှိတယ်။ နင်လဲကြိုက်လောက်မှာ။"
"ဟုတ်ပြီလေ၊ ဘယ်အချိန်လောက်တွေ့ကြမလဲ?"
"၁၂နာရီလောက်ပေါ့။" အန်ချင်းပြန်ဖြေလိုက်သည်။
နှစ်သစ်ကူးပွဲတော်နီးလာသည့်အချိန်တွင် သူခိုးများ ခါးပိုက်နှိုက်များလဲစုဝေးလာတတ်ကြသည်။ ကုနင်းတို့အားလုံး စားသောက်ကုန်တန်းထဲမှထွက်လာသည့်အချိန်တွင်ပဲ ကြောက်လန့်ဖွယ်အော်ဟစ်သံကြီးတစ်ခုကိုကြားလိုက်ရလေသည်။
သူတို့အားလုံးအသံလာရာဘက်သို့ကြည့်လိုက်ချိန်တွင်တော့ လူငယ်တစ်ယောက်သည် လက်ကိုင်အိတ်တစ်လုံးကို ကိုင်ကာ ပြေးလာနေသည်။ သူ့နောက်တွင်တော့ အမျိုးသမီးတစ်ယောက်က အမှီပြေးလိုက်နေခဲ့ပေမည့် ဒေါက်ဖိပ်စီးထားသောကြောင့် ထိုခါးပတ်နှိုက်ကိုထင်သလိုမိအောင်ဖမ်းဖို့ရန်မဖြစ်နိုင်ခဲ့ပေ။
ကုနင်းလဲ ထိုအမျိုးသမီးကိုချက်ချင်းသတိရသွားကာ သူမတို့နှစ်ယောက်ကြားတွင် ရန်ငြှိုးအနည်းငယ်ပင်ရှိလို့နေခဲ့သေးသည်။ ထိုအမျိုးသမီးကတော့ ချင်ယီဖန်း၏အစ်မ ချင်ယီချင်းပင်ဖြစ်သည်။
ကုနင်း သူမကိုအမြင်မကြည်သော်လည်း မုန်းလွန်းနေသည်တော့မဟုတ်သောကြောင့် ကောင်းယိကို၊
"ကောင်းယိ၊သူ့ကိုတားလိုက်။"
"ဟုတ်ကဲ့၊" ကောင်းယိပြန်ဖြေလိုက်ကာ သူ့လက်ထဲမှအိတ်များကို ကြမ်းပြင်ထက်သို့ချလိုက်ပြီး ထိုခါးပိုက်နှိုက် သူ့ဘေးနားရောက်သည့်အခါတွင် ခြေထိုးခံလိုက်သည်။ ခါးပိုက်နှိုက်လဲ ကောင်းယိခြေထောက်နှင့်တိုက်မိကာ ဒလိမ့်ခေါက်ကွေးလဲကျလို့သွားတော့သည်။ ထို့နောက်တွင်တော့ ကောင်းယိက ထိုခါးပိုက်နှိုက်ကို ဖမ်းချုပ်လိုက်ကာ လက်ကိုင်အိတ်ကိုပြန်ဆွဲယူလိုက်သည်။
လူတိုင်းသည်တော့ ထိုမြင်ကွင်းကြောင့် အလွန်အံ့အားသင့်နေကြကာ ကောင်းယိကို လေးစားသည့်မျက်ဝန်းများဖြင့်ဝိုင်းကြည့်နေကြတော့သည်။
ချင်ယီချင်းသည်လဲ သူတို့နားသို့ပြေားလာခဲ့ပြီး ကောင်းယိက သူမလက်ကိုင်အိတ်ကိုပြန်ပေးလိုက်တော့။
"ကျေးဇူးအများကြီးတင်ပါတယ်။" ချင်ယီချင်းကျေးဇူးတင်စကားပြောလိုက်သည်။
ချင်ယီချင်းသည် မောက်မာကာ ဘဝင်မြင့်သော်လည်း အမူအကျင့်ကောင်းများတော့ရှိလေသည်။ ထို့နောက်တွင်တော့ ကုနင်းရှိနေသည်ကို ချင်ယီချင်းသတိထားမိသွားပြီး သူမကုနင်းကိုပြောခဲ့သည်များအားသတိပြန်ရသွားကာ အံ့လဲအံ့ဩမိသလို ရှက်ရွံ့မိသွားရသည်။ ချင်ယီချင်းတစ်ယောက်ခံစားချက်များရှုပ်ထွေးလို့နေလေသည်။ ထိုအဖြစ်အပျက်က သူမအမှားမှန်းသိပြီးဖြစ်သော်လည်း တောင်းပန်ဖို့ရန်ကိုတော့ တွန့်ဆုတ်လို့နေသည်။
ကုနင်းကတော့ ဂရုပင်စိုက်မနေပေ။ သူမပြန်လှည့်လိုက်ကာ ကုမန့်တို့နှင့်အတူထွက်သွားတော့မှ ချင်ယီချင်းလဲ စိတ်သက်သာရာရသွားတော့သည်။ ခါးပိုက်နှိုက်သည် ကြီးကြီးမားမားထိခိုက်မှုများကိုမလုပ်ခဲ့သောကြောင့် အလွတ်ပေးလိုက်းသည်။
ထို့နောက်တွင်တော့ ကုချင်နှင့်ကုမန့်တို့ဆက်လက်ဈေးဝယ်လိုက်ကြသည်။
ထို့နောက် သူတို့ဝိုင်နှင့် စီးကရက်များကိုပါဝယ်လိုက်သည်။ စီးကရက်သည်က ကျန်းရွှီအတွက်ဖြစ်ပြီး ဝိုင်များကတော့ သူတို့စားရင်းဖြင့်သောက်ကြရန်ဖြစ်သည်။
ကုချင်က ကျန်းရှီကြိုက်တတ်သည့် စီးကရက်များကိုရွေးနေလေသည်။ ထိုဆိုင်တွင်ရှိသည့်အကောင်းဆုံးဝိုင်မှာ တစ်ပုလင်းကို ယွမ်၁၂၀၀၀တန်သည့် 85' Lafiteဝိုင်နီဖြစ်ကာ ဆိုင်တွင် သုံးပုလင်းသာကျန်တော့လေသည်။
ကုချင်နှင့်ကုမန့်ကတော့ ထိုဝိုင်မှာ ဈေးကြီးလွန်းသည်ဟုတွေးနေမိသည်။
"နင်းနင်း၊ ဒါကအရမ်းဈေးကြီးလွန်းတယ်!"
"ဟုတ်တယ်!" ကုချင်နှင့်ကုမန့် နှစ်ယောက်လုံးဝိုင်တစ်ပုလင်း၏ဈေးနှုန်းကြောင့် အလွန်အံ့အားသင့်နေမိကြသည်။
သို့ပေမယ့် ထိုတခနတွင်ပဲ သူတို့နောက်မှ အမျိုးသမီးသံတစ်သံထွက်ပေါ်လာကာ၊
"ဒါက 85' Lafiteပဲ! နင်တို့မတတ်နိုင်ရင်လဲ ဆိုင်ထဲကိုတောင်ဝင်မလာနဲ့လေ။"
"ဟုတ်ပါ့!" နောက်ထပ်အမျိုးသမီးတစ်ယောက်ကလဲ အထင်သေးဟန်ဖြင့် သံယောင်လိုက်ပြောဆိုလာသည်။
အနားတစ်ဝိုက်ရှိလူများသည်လဲ အသံကြားသောကြောင့် အားလုံးဝိုင်းကြည့်လို့လာသည်။
ထိုအမျိုးသမီးနှစ်ဦးကိုမြင်တော့ ကုမန့်မျက်မှောင်ကြုတ်လိုက်မိကာ သူမပုံစံမှာ ထိုနှစ်ယောက်ကို သဘောမကျကြောင်း အလွန်သိသာပေသည်။