← Chapters

အခန်း (၃၈၁-၃၈၅)

Vol. 26 Ch. 381-385

အခန်း (၃၈၁-၃၈၅)

Vol. 26 Ch. 381-385

အခန်း ၃၈၁

လင်ရှောင်းထင်ထံမှ နောက်ထပ်အကြွေးဝယ်ကဒ်

လင်ရှောင်းထင် ဘာအကြောင်းကြောင့် ဆရာကြီးလင်အား ထိုမတော်တဆမှုအကြောင်း မပြောထားရသည်ကိုလဲ ဆရာကြီးကျန်းမသိသလို သူပြောလို့ သင့်တော်ပါ့မလားဆိုသည်ကိုလဲ မသိသောကြောင့် စိုးရိမ်သွားရသည်။

"အဘိုးကြီးကျန်း၊ ငါ့ကိုပြောပြစမ်းပါ။" ဆရာကြီးလင် တိုက်တွန်းလိုက်သည်။ ဆရာကြီးကျန်းခနလောက်စဉ်းစားနေလိုက်ပြီးနောက် လင်ရှောင်းထင် ထိုအကြောင်း ဆရာကြီးလင်အားပြောဖို့မေ့နေခြင်းလဲဖြစ်လောက်မည်ဟုယုံကြည်သွားကာ၊

"မကြာခင်တုန်းက ဟောက်ရန်ပြန်ပေးဆွဲခံရတာကို မင်းတို့အားလုံး သိထားကြပြီးသားမဟုတ်လား?"

"အင်း။"

လင်ရှောက်ရွှမ်းကနေပြီး၊

"ဟောက်ရန်ကိုကယ်ခဲ့ပေးတာ ရှောင်းထင်လေ!"

"ဟုတ်တယ်၊ ဒါပေမယ့် တံတားအောက်ကနေရုတ်တရက်ခုန်ထွက်လာပြီး ချင်ဟွေ့ချွင်ကိုအလဲထိုးခဲ့တဲ့ကောင်မလေးက ရှောင်းထင်ရဲ့ကောင်မလေးပဲ!" ဆရာကြီးကျန်းပြောပြလိုက်သည်။

"ဘာ?" ထိုစကားကိုကြားလိုက်ရချိန်တွင်တော့ အားလုံးထိတ်လန့်အံ့အားသင့်ကုန်ကြသည်။ ချင်ဟွေ့ချွင်ကို အလဲထိုးခဲ့သည့် မိန်းကလေးမှာ လင်ရှောင်းထင်၏ချစ်သူကောင်မလေးတဲ့လား! တကယ့်ကိုမယုံကြည်နိုင်စရာပဲ!

"ငါကိုယ်တိုင်မြင်ခဲ့တာတော့မဟုတ်ပေမယ့်၊ ကျန့်ဟွာပြောတာတော့ ဟောက်ယန်ကိုကယ်ပြီးတော့ အဲ့ဒီမိန်းကလေးသတိလစ်သွားတယ်တဲ့။ သူ့ကိုဆေးရုံပို့လိုက်ပြီးတော့ လူနာခန်းထဲမှာ ရှောင်းထင်က ကုတင်ဘေးမှာထိုင်ပြီး ကောင်မလေးလက်ကိုကိုင်ထားတာ မြင်ခဲ့တယ်လို့ပြောတယ်။"

ကောင်မလေးလက်ကိုကိုင်ထားတယ်? ချက်ချင်းပင် လူတိုင်း ထိုကောင်မလေးမှာ လင်ရှောင်းထင်၏ချစ်သူဟု ယုံကြည်သွားကြတော့သည်။

လင်ရှောက်ရွှမ်းလဲ သူ့ဖုန်းကိုထုတ်ယူကာ ဗီဒီယိုကိုထပ်မံကြည့်လိုက်သည်။ ကောင်မလေး၏မျက်နှာကိုရှင်းရှင်းလင်းလင်းမမြင်ရသော်လည်း သူမ၏လျင်မြန်သွက်လက်လှသည်လှုပ်ရှားမှုများသည်တော့ အံ့ဩစရာပင်။ အစတုန်းကတော့ လင်ရှောင်းထင်၏ကောင်မလေးမှာ သာမာန်မိန်းကလေးတစ်ယောက်သာဖြစ်လောက်မည်ဟု အားလုံးထင်ထားကြပေမည့် မမျှော်လင့်ထားစွာဘဲ သူမသည် အလွန်တော်နေသည်။ သူမက စစ်သမီးများလား?

ဆရာကြီးလင်တစ်ဦးတည်းသာ လင်ရှောင်းထင်၏ချစ်သူကောင်မလေးသည် အထက်တန်းတတိယနှစ်ကျောင်းသူတစ်ယောက်ဖြစ်မှန်းသိထားလေသည်။ ထိုစကားများကိုကြားပြီးသွားချိန်တွင်တော့ လင်ရှောင်းထင်၏ကောင်မလေးမှာ သူမျှော်မှန်းထားသည်ထက်ပို၍ထူးချွန်လောက်မည်ဖြစ်သည်ဟု ဆရာကြီးလင်ခံစားလိုက်ရသည်။

အခုချိန်တွင်တော့ လူတိုင်းမှာ လင်ရှောင်းထင်၏မမြင်ဖူးသေးသည့်ကောင်မလေးကြောင့် အလွန်အံ့အားသင့်နေကြရတော့သည်။ လင်ယွမ်ချန်၏မိသားစုတောင်မှ သူမအကြောင်းကိုစုံစမ်းရန်အတွက် စိတ်ထဲတွင်တေးမှတ်ထားလိုက်သည်။

ထိုအချိန်တွင်တော့ လင်ရှောင်းထင်မှာ Fမြို့သို့ရောက်ရှိလို့နေလေပြီ။

ကုချင်နှင့်ကုမန့်တွင် သူငယ်ချင်းများများစားစားမရှိသောကြောင့် နွေဦးပွဲတော်အတွင်း ဘယ်သူမှသူတို့ဆီသို့လာလည်ခြင်းမရှိကြပေ။ ကောင်းယိနှင့်ချောင်ယသည်သာ သူတို့နှင့်အတူ ညစာလာစားခဲ့သည်။

ညစာစားကြတော့မည့်အချိန်တွင် ကုနင်းထံသို့ လင်ရှောင်းထင်ဖုန်းဆက်လာခဲ့ကာ ကုနင်းလဲချက်ချင်းပင် အိမ်မှ ခွင့်တောင်းပြီး အပြင်သို့ထွက်လာခဲ့လိုက်သည်။ ကုနင်း ဇုံGအပြင်သို့ထွက်လာပြီးသည်နှင့် လင်ရှောင်းထင် ကားဘေးတွင်ရပ်နေသည်ကိုတွေ့လိုက်ရသည်။

ကုနင်းထွက်လာသည်ကိုမြင်သည်နှင့် လင်ရှောင်းထင် သူမအတွက်ကားတံခါးကိုဖွင့်ပေးလိုက်ပြီး ကုနင်းလဲ ချက်ချင်း သွားကာ ကားထဲသို့ဝင်လိုက်သည်။

"ပျော်စရာနှစ်သစ်လေးပါ။ ဒါကမင်းအတွက်။" ကုနင်း ကားထဲသို့ရောက်သည်နှင့် လင်ရှောင်းထင် စာအိတ်နီတစ်အိတ်ကိုကမ်းပေးလိုက်သည်။

ကုနင်း ခနမျှကြောင်အသွားခဲ့ပြီး နောက်တွင်မှ ဘာကြောင့်ပေးမှန်းသတိရသွားခဲ့သည်။ သို့ပေမည့် ထိုစာအိတ်နီသည် အလွန်ပါးလှသည်။

"စာအိတ်ကလည်း ပါးလိုက်တာ၊ ဒီထဲမှာ ၁ယွမ်လောက်ပဲရှိတာတော့မဟုတ်ပါဘူးနော်?" ကုနင်းစနောက်လိုက်သည်။

"အဲ့လိုဖြစ်ပါ့မလား။"

ကုနင်း လက်ဆောင်စာအိတ်ကိုကိုယ်တိုင်ဖွင့်ချင်သောကြောင့် ကျောက်စိမ်းမျက်ဝန်းကိုအသုံးပြုကာ ကြည့်မနေတော့ပေ။

သူမ စာအိတ်ကိုယူလိုက်ပြီးသည်နှင့် ထိုစာအိတ်ထဲတွင်ဘာရှိနေလဲဆိုသည်ကို ချက်ချင်းပင်ပြောနိုင်သွားတော့သည်။ ကဒ်တစ်ကဒ်ရှိနေခြင်းပင်။ ဘဏ်ကဒ်များလား? ကုနင်းတွေးလိုက်မိကာ သူမအထင်မှာလဲတန်းမှန်သွားခဲ့သည်။ စာအိတ်နီထဲတွင် အကြွေးဝယ်ကဒ်တစ်ကဒ်ရှိနေလေသည်။

"ဘာလို့လဲ?" ကုနင်းအံ့အားသင့်ကာ မေးလိုက်မိသည်။ သူက အပျော်သဘောနှင့် စာအိတ်နီတစ်အိတ်လောက်လိုချင်ခဲ့ရုံဖြစ်ပေမည့် လင်ရှောင်းထင်က သူမကို ဘဏ်ကဒ်တစ်ကဒ်ပေးလာခဲ့ပေသည်။

"မင်းကြိုက်တာမှန်သမျှဝယ်ဖို့လေ။"

ကုနင်းတွင် ငွေမရှိခြင်းမဟုတ်သော်လည်း ယောက်ျားတစ်ယောက်က မင်းအပေါ်ချစ်မြတ်နိုးကြောင်းပြလိုလျှင် မင်းအတွက် ငွေကိုသုံးပေးတတ်ကြခြင်းသာဖြစ်သည်။

"ကျွန်မအကုန်သုံးပစ်မှာမကြောက်ဘူးလား?"

"ရပါတယ်၊ ကိုယ့်မှာ တခြားကဒ်တွေအများကြီးရှိသေးတယ်။" လင်ရှောင်းထင် ထိုအတွက်လုံးဝဂရုမစိုက်ပေ။ ကုနင်းကသာ သူပေးသည့်ကဒ်ထဲတွင်ရှိသမျှအကုန်သုံးလိုက်မည်ဆိုလျှင် ကုနင်း၏နှလုံးသားထဲတွင် သူကအသုံးဝင်သည့်လူတစ်ယောက်ဟုအဓိပ္ပါယ်ရသောကြောင့် သတင်းကောင်းသာဖြစ်လေသည်။ ထိုသို့သာမဟုတ်ဘဲ ကုနင်းတွင် ငွေပြတ်လတ်နေခြင်းမျိုးမဟုတ်မှန်းသိသောကြောင့် ကုနင်းက သူပေးသည့်ကဒ်ကိုမသုံးမည်ကိုပင် ပို၍စိုးရိမ်မိရသည်။

"ဟ-ဟ၊" ကုနင်းရယ်လိုက်မိကာ၊

"ကြည့်ရတာ ကျွန်မကောင်လေးကအရမ်းကိုချမ်းသာတဲ့ပုံပဲ!"

ထိုအကြွေးဝယ်ကဒ်မှာ လင်ရှောင်းထင်ထံမှလက်ဆောင်ဖြစ်သောကြောင့် ကုနင်းလက်ခံခဲ့ပေသည်။ သူမအနေဖြင့် ဘာကိုတော့လုပ်သင့်တယ် ဘာကိုတော့မလုပ်သင့်ဘူးဆိုသည်ကို သေချာသိပြီး လင်ရှောင်းထင်၏ကဒ်ကို အကြောင်းပြချက်မရှိဘဲနှင့်တော့ သူမသုံးလိမ့်မည်မဟုတ်ပေ။ သူမတွင် ငွေမရှိခြင်းမျိုးလဲမဟုတ်သလို ယောက်ျားတစ်ယောက်၏ငွေကိုသုံးဖြုန်းလိုခြင်းမရှိပေ။ သို့ပေမည့် သူမချစ်သူကောင်လေး၏လက်ဆောင်ဖြစ်သောကြောင့် သူမတန်ဖိုးထားကာ အသုံးပြုပေးပေမည်။

လင်ရှောင်းထင် အနည်းငယ်ရှက်သွားမိကာ စကားပြောင်းလိုက်တော့သည်။

"ညစာဘာစားချင်လဲ?"

"အဲ့လိုမရှိဘူး၊ ရှင့်သဘောကရော?"

လင်ရှောင်းထင် ခနလောက်တွေးလိုက်ပြီးနောက်မှ၊

"ဒီနားက စားသောက်ဆိုင်တစ်ခုကိုပဲသွားကြည့်ကြတာပေါ့။"

"ဟုတ်ပြီလေ။" ညစာစားနေချိန်တွင်တော့ ကုနင်းထံချူးဖေ့ဟန် ဖုန်းဆက်လာခဲ့သည်။ သူမက ဒီည၁၀နာရီတွင် ချင်ကျန်းရင်ပြင်၌ပြသမည့် မီးရှူးမီးပန်းလွှတ်ပွဲသို့လာရန် ဖိတ်ကြားခြင်းဖြစ်သည်။ မြို့များတွင် မီးရှူးမီးပန်းလွှတ်ခွင့်မပေးထားသောကြောင့် လူအများက မြို့လယ်နှင့်ဝေးသည့် နေရာလွတ်များတွင်သာ ပြုလုပ်နိုင်လေသည်။ ချင်ကျန်းရင်ပြင်သည် မြစ်ကမ်းဘေးတွင်ရှိပြီး လူအများသည် နွေဦးပွဲတော်ရောက်တိုင်းထိုနေရာတွင် မီးပန်းလွှတ်လေ့ရှိကြလေသည်။ ကုနင်းခနလောက်တွေးလိုက်ပြီးနောက်မှ သဘောတူခဲ့သည်။

ချူးဖေ့ဟန်နှင့်ဖုန်းဆက်ပြီးသွားသည့်နောက်တွင်တော့ စုအန်းယာထံမှတစ်ဖန် ဖုန်းဝင်လာခဲ့ပြန်သည်။ သူမသည်လဲ ကုနင်းကိုမီးရှူးမီးပန်းပွဲကြည့်ရန်အတွက် ဖိတ်ကြားခြင်းဖြစ်သည်။ ကုနင်းတို့အဖွဲ့နှင့်စုအန်းယာသည် အလွန်မရင်းနှီးသေးကြာသော်လည်း သူတို့မတို့သည်တော့ ရင်းရင်းနှီးနှီးဆက်ဆံနိုင်ဖို့ရန်ဆန္ဒရှိကြသည်။ ထို့ကြောင့် ကုနင်း စုအန်းယာကိုသာ သူမတို့အဖွဲ့နှင့်အတူကြည့်ရန်အတွက် ပြန်လည်ဖိတ်ခေါ်လိုက်သည်။

ညစာစားပြီးသွားချိန်တွင်တော့ ကုနင်းနှင့်လင်ရှောင်းထင်တို့ ထိုပြပွဲနေရာသို့သွားလိုက်ကြသည်။

မီးရှူးမီးပန်းဖောက်ပွဲသည် ည၁၀နာရီမှစတင်မည်ဆိုပေမည့် ကုနင်းနှင့်လင်ရှောင်းထင်သည်တော့ ည၈နာရီခွဲကတည်းက ကြိုတင်ရောက်ရှိလို့နေသည်။ မီးရှူးမီးပန်းလွှတ်ပွဲအချိန်ရောက်ရန်အဝေးကြီးလိုသေးသော်လည်း ချင်ကျန်းရင်ပြင်တွင် တရုတ်မီးအိမ်များ၊ တရုတ်ရိုးရာအကအလှများဖြင့် စသည်တို့ဖြင့် သက်ဝင်လှုပ်ရှားလို့နေသည်။

ကုနင်းနှင့်လင်ရှောင်းထင်တို့ ပန်းပွင့်ပုံသဏ္ဍာန်မီးအိမ်နှစ်လုံးကိုဝယ်လိုက်ကာ ထိုမီးအိမ်ပေါ်တွင် သူတို့၏ဆုတောင်းစာများကိုချရေးလိုက်ပြီး မြစ်ထဲသို့လွှတ်လိုက်သည်။ ထို့နောက် မီးပုံးများကိုလဲဝယ်ကာ လွှတ်ခဲ့သေးပေသည်။

ခနလောက်နေသည်နှင့် ချူးဖေ့ဟန်နှင့် ယွီမီရှီအပြင် မုခယ်နှင့်အန်းယီတို့လည်း ရောက်ရှိကာခဲ့ပြီး လင်ရှောင်းထင်ကိုမြင်သည်နှင့် နှုတ်ဆက်စကားဆိုလိုက်ကြသည်။

"ကုနင်း၊ မတွေ့တာခနလေးပဲရှိသေးတာကို! နင်ကငါ့ကိုတောင်မေ့နေပြီလား? ငါသာဒီနေ့မဆက်သွယ်ခဲ့ရင် နင်တို့တွေကြီးပျော်နေကြပြီး ငါ့ကိုတောင် ဖိတ်မှာမဟုတ်လောက်ဘူး!" ကုနင်းကိုမြင်သည်နှင့် စုအန်းယာပြေးလာခဲ့ကာ သူမကိုပွေ့ဖက်လိုက်သည်။

သူတို့ချင်း ဆုအန်းယာနှင့်သိပြီးမှ သုံးကြိမ်သာတွေ့ခဲ့ဖူးကြသော်လည်း အတော်လေးဆက်ဆံရေးအဆင်ပြောကြလေသည်။

***

အခန်း ၃၈၂

ကျွန်တော်တို့က တစ်ကိုယ်တည်းသမားလေးတွေမို့လို့ပါ

ကုနင်းသည် စုအန်းယာ၏အသက်သခင်ဖြစ်သောကြောင့် သူမသည် ကုနင်းကို အမြဲတမ်းလေးစားသဘောကျခဲ့သည်။ ကုနင်းသာ ထိုအန္တရာယ်များလှသည့်အခြေအနေမှသူမကိုမကယ်တင်ပေးခဲ့လျှင် အခုချိန်တွင် သေသွားပြီးလောက်ပေပြီ။

"အဲ့လိုမဟုတ်ပါဘူး! နင်မအားမှာစိုးလို့ပါ၊ နင့်မွေးနေ့ကျရင်တော့ ဆက်သွယ်ဖို့ စီစဉ်ထားပြီးသား!" ကုနင်းပြုံးလိုက်သည်။ စုအန်းယာသည် အလွန်ချမ်းသာသည့်မိသားစုမှဖြစ်သောကြောင့် အခြားသူများကဲ့သို့ မအားလပ်ပေ။

"ဟွန့်၊ နင်ငါ့ကိုမဆက်သွယ်ဘဲနဲ့၊ ငါအလုပ်များလား မများလားဆိုတာ ဘယ်လိုလုပ်သိမှာလဲ?"

"ဟုတ်ပါပြီ၊ ငါမှားသွားပါတယ်။ ဒီညနင့်ကိုမုန့်ဝယ်ကျွေးမယ်၊ ဟုတ်ပြီလား။"

"ဒီလိုဆိုရင်တော့ မဆိုးပါဘူး။" ကုနင်း၏အပြောကြောင့် စုအန်းယာကျေနပ်သွားတော့သည်။

"ဟ၊ နင်ကကုနင်းကိုမြင်တာနဲ့ စိတ်လှုပ်ရှားပြီးသွားဖက်နေတယ်၊ ဒါပေမယ့် ကျန်တဲ့ငါတို့ကိုကျတော့ လျစ်လျူရှုထားတယ်ပေါ့!" ချူးဖေ့ဟန် အပြစ်တင်လိုက်သည်။

"ဟီး! ငါတောင်းပန်ပါတယ်ဟာ!" စုအန်းယာအနည်းငယ်ရှက်သွားပြီးမှ ချက်ချင်းပင် အားလုံးကိုနှုတ်ဆက်လိုက်သည်။

"အားလုံးပဲ၊ ပျော်စရာနှစ်သစ်လေးပါ!"

"ပျော်စရာနှစ်သစ်ပါ။"

"ဟုတ်သားပဲ၊ ငါနင်တို့နဲ့မိတ်ဆက်ပေးရဦးမယ်။" စုအန်းယာ စကားစလိုက်ပြီး၊

"ဒါက ငါ့ဝမ်းကွဲညီမ စုအန်းဟောင်။ ဒါကတော့ ငါ့ရဲ့ဝမ်းကွဲအစ်မ ကျင်းခယ်ရှင်း။" စုအန်းယာ မိတ်ဆက်ပေးလိုက်ပေမည့် ကျင်းခယ်ရှင်းကိုမိတ်ဆက်ပေးသည့်အချိန်တွင်တော့ မကျေနပ်သည့်ပုံစံဖြစ်နေသည်။ သူမဝမ်းကွဲအစ်မကိုမနှစ်သက်မှန်း သိသာလှသည်။

ကုနင်းသည်လဲ လင်ရှောင်းထင်အပေါ် ကျန်းခယ်ရှင်း၏စိတ်နေစိတ်ထားကို အလွန်သဘောမကျပေ။ ရောက်လာကတည်းက ကျန်းခယ်ရှင်းသည် လင်ရှောင်းထင်အား သူမ၏သားကောင်သကဲ့သို့ တစ်ချိန်လုံးစိုက်ကြည့်လို့နေခဲ့သည်။ လင်ရှောင်းထင်ဘက်ကတော့ ကျန်းခယ်ရှင်းကိုလုံးဝပြန်မကြည့်သော်လည်း ကုနင်းကတော့ မကျေနပ်နိုင်သေးပေ။

ထို့နောက် စုအန်းယာ သူမသူငယ်ချင်းများကိုလဲ သူမ၏ဝမ်းကွဲညီအစ်မများဖြင့် ဆက်ပြီးမိတ်ဆက်ပေးလိုက်သည်။

"သူတို့အားလုံးက ငါ့ရဲ့သူငယ်ချင်းကောင်းတွေ၊ ကုနင်း၊ ချူးဖေ့ဟန်၊ ယွီမီရှီ၊ မုခယ်၊ အန်းယီနဲ့ ဒါက....."

ထိုသို့မိတ်ဆက်မပေးခင်အထိ လင်ရှောင်းထင်ရှိနေသည်ကို စုအန်းယာသတိမထားမိခဲ့သောကြောင့် ကြောင်အသွားရသည်။

"ဝိုး၊ သူအရမ်းချောတာပါ၊ ကုနင်း၊ ဒါနင့်ကောင်လေးလား?" ထိုလူက ကုနင်းအနားတွင်ကပ်ကာရပ်နေခြင်းဖြစ်ပြီး သူတို့နှစ်ဦးအတူယှဉ်တွဲရပ်နေသည်ကပင် အလွန်လှပသည့် ပန်းချီကားတစ်ချပ်သဖွယ်ထင်မှတ်နေရသောကြောင့် စုအန်းယာခန့်မှန်းကြည့်လိုက်ခြင်းဖြစ်သည်။

"ဘင်ဂို! နင့်အထင်မှန်သွားပြီ။" ချူးဖေ့ဟန်ဝင်ပြောလိုက်သည်။

လင်ရှောင်းထင်က ကုနင်း၏ကောင်လေးဖြစ်မှန်းကြားလိုက်ရတော့ ကျင်းခယ်ရှင်းအနည်းငယ်စိတ်ပျက်မိသွားပေမည့် လက်လျှော့သွားခြင်းတော့မဟုတ်ဘဲ ထိုအစား ပို၍ပင်စိတ်လှုပ်ရှားလာခဲ့သည်။

"အာ!" စုအန်းယာ အံ့ဩသွားကာ၊

"တွေ့ရတာဝမ်းသာပါတယ်၊ ပျော်စရာနှစ်သစ်လေးပါ၊ ခဲအို!"

စုအန်းယာ ထိုကဲ့သို့ခဲအိုဟုခေါ်လိုက်ခြင်းကြောင့် လင်ရှောင်းထင်အလွန်သဘောကျသွားကာ ယဉ်ယဉ်ကျေးကျေးပင် ပြန်နှုတ်ဆက်ခဲ့သည်။

"တွေ့ရတာဝမ်းသာပါတယ်။ ပျော်စရာနှစ်သစ်ပါ။" အစောတုန်းက ချူးဖေ့ဟန်နှင့်အခြားလူများလဲ လင်ရှောင်းထင်အားနှုတ်ဆက်ခဲ့ကြပေမည့် လင်ရှောင်းကတော့ဘာမှပြန်မဖြေခဲ့ပေ။

ကုနင်းသည်လဲ လင်ရှောင်းထင်၏ကွဲပြားလှသည့်တုံ့ပြန်ပုံကိုသတိထားမိကာ သူ့စိတ်ထဲဘယ်လိုဘယ်ပုံတွေးနေသည်ကိုလဲသိလိုက်သောကြောင့် ရယ်ချင်သွားရသည်။ ထိုအချိန်တွင်ပဲ ဟောင်ရန်၊ ချင်ကျီရွှမ်းနှင့် ကျန်းထန်ပင်းတို့ရောက်ရှိလာခဲ့သည်။

"ဟိုင်း၊ ပျော်စရာနှစ်သစ်ပါ!" သူတို့အားလုံးစိတ်လှုပ်ရှားစွာဖြင့်နှုတ်ဆက်လိုက်ကြသည်။

"ဟုတ်ပြီ၊ အခုအားလုံးစုံသွားပြီဆိုတော့၊ မီးရှူးမီးပန်းပွဲမစခင် ဒီနားလျှောက်ပတ်ကြည့်ကြရအောင်!" ချူးဖေ့ဟန်က အကြံပေးလိုက်သည်။

ထို့နောက် ပိုနေသည့်အချိန်များတွင် သူတို့တစ်ဖွဲ့လုံး လျှောက်ပတ်ကြည့်နေကြသည်။ အတော်ကြာတော့မှ ကုနင်းနှင့် ယွီမီရှီက သန့်စင်ခန်းဝင်သွားကြာကာ ကျန်သည့်လူများကလဲ အပြင်တွင်ရပ်စောင့်နေလိုက်ကြသည်။

ကုနင်းလဲမရှိသလို အခြားလူများကလဲ သူတို့ဘာသာစကားများနေကြပြီး လင်ရှောင်းထင်က တစ်ယောက်တည်းခွဲထွက်ကာရပ်နေကြောင်းကိုတွေ့လိုက်ရတော့ ကျင်းခယ်ရှင်း သူအနားသို့ချဉ်းကပ်မြူဆွယ်ရန် အခွင့်ရေးရသွားတော့သည်။

"ဟိုင်း၊ တွေ့ရတာဝမ်းသာပါတယ်၊ ကျွန်မနာမည်က ကျင်းခယ်ရှင်းပါ။"

"ကျင်းခယ်ရှင်း၊ နင် အဲ့ဒါဘာလုပ်နေတာလဲ?" စုအန်းယာအပြစ်တင်လိုက်တယ်။ စုအန်းယာအနေဖြင့် သူမ၏ဝမ်းကွဲအမဘာတွေကြံစည်နေသလဲဆိုသည်ကို ကောင်းကောင်းနားလည်လေသည်။

အစတုန်းကတော့ ကျင်းခယ်ရှင်း လင်ရှောင်းထင်နှင့်စကားသွားပြောသည်ကို မည်သူကမှ မသင့်တော်ဟုမတွေးမိကြသော်လည်း စုအန်းယာက ရုတ်တရက်ဖြတ်ပြောလိုက်သည့်အခါတွင်တော့ အားလုံး စိတ်ရှုပ်ထွေးသွားကြသည်။

"ငါက သူတစ်ယောက်တည်းဖြစ်နေပြီး ပျင်းနေမှာစိုးလို့ သူနဲ့စကားပြောပေးချင်ရုံပါ။" ကျင်းခယ်ရှင်း အပြစ်မဲ့သည့်ကလေးတစ်ယောက်လိုမျိုး ဟန်ဆောင်ကာပြောလိုက်သည်။

သူတို့အားလုံး လင်ရှောင်းထင်နှင့်စကားမပြောကြသည်က လင်ရှောင်းထင်သည် စကားများတတ်သည့်လူမဟုတ်ဘဲ ကုနင်းနှင့်စကားပြောရသည်ကိုသာ ကြိုက်ကြောင်း သူတို့သိထားခြင်းကြောင့်ပင်။ လင်ရှောင်းထင်ကို တမင်ခွဲထုတ်ထားခြင်းမျိုးမဟုတ်ရပေ။

"ဟန်ဆောင်မနေနဲ့! နင်ဘယ်လိုလူလဲ ငါသိထားပြီးသား။ ငါ့သူငယ်ချင်းကို စိတ်ထိခိုက်အောင်နင်လုပ်ရဲရင် ငါကလဲပြန်ပြီး နင့်ကိုသင်ခန်းစာကောင်းကောင်းပေးပစ်မယ်!" စုအန်းယာသည် ကျင်းခယ်ရှင်းဘာပြောပြောမယုံကြည်ဘဲ တိုက်ရိုက်ပင် သတိပေးလိုက်သည်။ ကျန်းခယ်ရှင်းအခုလိုပါလာခြင်းက သူမအမေကအတင်းခေါ်သွားခိုင်းခြင်းကြောင့်သာဖြစ်သည်။

ဟောင်ရန်နှင့်အခြားကောင်လေးများသည်က အလွန်ငယ်သေးသောကြောင့် ကျင်းခယ်ရှင်းအနေနှင့် သူတို့ကို ကလူမြူဆွယ်လိမ့်မည်မဟုတ်ပေ။ သို့သော်လည်း မမျှော်လင့်ထားစွာဘဲ ကုနင်း၏ချစ်သူသည်လဲ ရောက်နေခဲ့လေသည်။ ထို့အပြင် ထိုလူမှာ လျစ်လျူရှုဖို့ရန်ပင်မဖြစ်နိုင်လောက်အောင် အလွန်ဆွဲဆောင်မှုရှိလှသည်။

ကျင်းခယ်ရှင်းသည် အပြင်ဘက်ကကြည့်လျှင်တော့ ချစ်စရာကောင်းကာလှပသော်လည်း တကယ်တမ်းက ယောက်ျားများကိုမြူဆွယ်တတ်သည့်စုန်းမတစ်ယောက်သာဖြစ်သည်။ ချောမောခန့်ညားသည့်အမျိုးသားများကို မြူဆွယ်နိုင်မည့်အခွင့်အရေးမျိုးအား ဘယ်တုန်းကမှ လက်လွှတ်မခံသလို ရသွားခဲ့လျှင်တော့ သူမအလိုရှိသလိုအသုံးချခြင်းဖြစ်သည်။

စုအန်းယာသည် ကျင်းခယ်ရှင်း၏ ကိုယ်ရေးကိုယ်တာကိစ္စများကို စိတ်ဝင်စားခြင်းမရှိသလို သူမမိသားစုကို ပြန်တိုင်းခြင်းမရှိသော်လည်း ကျင်းခယ်ရှင်းသာ သူမသူငယ်ချင်းကို ထိခိုက်အောင်ကြံရွယ်နေလျှင်တော့ သူမအနေဖြင့် နောက်တစ်ကြိမ်ထပ်စဉ်းစားနေမည်မဟုတ်ဘဲ ပြန်လည်ပညာပေးပစ်မည်သာဖြစ်သည်။

စုအန်းယာပြောလိုက်သည့်စကားကိုကြားလိုက်ရချိန်တွင်တော့ ကျင်းခယ်ရှင်းသည် အပြင်ဘက်မှာလှပသလိုမျိုး အတွင်းစိတ်သည်တော့ လှပနေခြင်းမျိုးမဟုတ်မှန်း အားလုံးနားလည်သွားကြတော့သည်။ ထို့ကြောင့် သူတို့အားလုံးချက်ချင်းပင် သတိအနေအထားဖြစ်သွားကြသည်။ သူတို့အားလုံး သူတို့၏အခင်ဆုံးသူငယ်ချင်းကို ကျင်းခယ်ရှင်းက ထိခိုက်အောင်လုပ်မည်အား ခွင့်မပြုပေးနိုင်ပေ။

ကျင်းခယ်ရှင်းလဲ ထိုအဖွဲ့၏အကြည့်စူးစူးများနှင့် သတိပေးမှုများအောက်တွင် သူမအကြံအစည်ကိုလက်လျှော့လိုက်ရပေမည့် နောက်တစ်ကြိမ်ကြိုးစားနိုင်မည့်အခွင့်အရေးကိုတော့ဖြင့် ဆက်ရှာနေစဲပင်။

မကြာခင်တွင်ပဲ ကုနင်းနှင့်ယွီမီရှီတို့ အပြင်ပြန်ထွက်လာကာကာ ကျင်းခယ်ရှင်းအပေါ် အားလုံး၏အကြည့်များသည် နူးညံ့မနေကြောင်း ကုနင်းသတိထားလိုက်မိသည်။ ဘာတွေဖြစ်သွားသလဲဆိုသည်ကိုတော့ ကုနင်းမသိသော်လည်း ကျင်းခယ်ရှင်း တစ်ခုခုအမှားလုပ်ခဲ့ပြီး အားလုံးကို စိတ်အနှောက်အယှက်ဖြစ်သွားစေခဲ့ခြင်းကတော့ သိသာပေသည်။

လင်ရှောင်းထင်ကြောင့်များလား? ထိုသို့တွေးလိုက်မိသည်နှင့် ကုနင်းစိတ်တိုသွားရသော်လည်း ဘာမှမပြောခဲ့ပေ။

လင်ရှောင်းထင်၏အကြည့်များသည် ကုနင်းအပေါ်တွင်သာတစ်ချိန်လုံးရှိနေပြီး သူမပြန်ထွက်လာသည်နှင့် ချက်ချင်းပင် လက်ကိုဆုပ်ကိုင်လိုက်တော့သည်။

"ကျွန်တော်တို့အားလုံး တစ်ကိုယ်တည်းသမားလေးတွေပါနော်၊ ဒီလိုတွေမြင်ရတာ နာကျင်ရတယ်!" ဟောင်ရန်က သူ့ရင်ဘက်ကိုသူဖိလိုက်ကာ အမှန်တကယ်နာကျင်ခံစားနေရသည့်ပုံစံဖြင့်ပြောလိုက်သည်။

"ဒါဆိုလည်း နင့်ဘာနင် ကောင်မလေးတစ်ယောက်လောက်ရှာလိုက်ပေါ့!" ချူးဖေ့ဟန်ကပြောလာသည်။

"ငါလဲရှာချင်တာပေါ့၊ ဒါပေမယ့် ဘယ်လိုသွားရှာရမှာလဲ?" ဟောင်ရန် ငြင်းတွားလိုက်သည်။

ထို့နောက်တွင်တော့ ချင်ကျီရွှမ်းက "ငါတို့နဲ့ ဒီလောက် မိန်းကလေးတွေအများကြီးရှိနေတာပဲ။ သူတို့ထဲမှာ မင်းကြိုက်တဲ့လူမရှိဘူးလား?"

***

အခန်း ၃၈၃

မီးရှူးမီးပန်းပြပွဲ

ဟောင်ရန် သက်ပြင်းချလိုက်ကာ၊

"ငါတို့အချင်းချင်းက အရမ်းရင်းနှီးလွန်းနေတယ်လေ။ တွဲကြည့်ပြီးမှအဆင်မပြေဘူးဆိုရင် ရှိနေတဲ့သူငယ်ချင်းကောင်း ဆက်ဆံရေးလေးပါပျက်စီးသွားလိမ့်မယ်။"

ဟောင်ရန်သည် သူ့မိန်းကလေးသူငယ်ချင်းများထဲမှတစ်ယောက်ကိုမှ မချစ်နေသော်လည်း သူပြောသည်မှ အမှန်သာဖြစ်သည်။ သူတို့သည် ဆယ်ကျော်သက်ကလေးများသာရှိသေးပြီး တစ်သက်လုံးမပြောင်းလဲနိုင်တော့ပါဘူးဟု ကတိမပေးနိုင်ကြသေးပေ။ သို့ပေမယ့် ဟောင်ရန်ပြောနေသည့်အချိန်အတွင်းတွင် မုခယ်ကတော့ ယွီမီရှီကို တစ်ချက်လှမ်းကြည့် သက်ပြင်းချလိုက်ပေသည်။ ဟောင်ရန်ပြောသည့်စကားကို သူသဘောတူနေသည့်ပုံပင်။ ယွီမီရှီသည်တော့ သူမကိုမုခယ်လှမ်းကြည့်သည်ကိုမသိသော်လည်း ကုနင်းသည်တော့ သတိထားမိလိုက်သောကြောင့် အံ့အားသင့်သွားရသည်။ မုခယ်က ယွီမီရှီကို သဘောကျနေတာလား?

၎င်းသည် သူတို့၏ကိုယ်ရေးကိုယ်တာကိစ္စသာဖြစ်သောကြောင့် ကုနင်းဝင်ပါမည်မဟုတ်ပေမည့် သူတို့နှစ်ယောက်လုံးသည် သူမ၏သူငယ်ချင်းကောင်းများသာဖြစ်သောကြောင့် တတ်နိုင်မည်ဆိုလျှင် သူမကူညီပေးချင်လေသည်။ ထို့ကြောင့်၊

"နင်ပြောတာမှန်ပါတယ်။ ဒါပေမယ့် မင်းသာတစ်စုံတစ်ယောက်ကို အစစ်အမှန်သဘောကျနေပြီး နောင်လဲသူနဲ့အတူတူ ဘဝတစ်ခုကိုတည်ဆောက်ချင်တယ်ဆိုရင်တော့ အရမ်းကြီးစိုးရိမ်ကြောင့်ကြနေစရာမလိုပါဘူး။ ငါတို့ဘာဆက်ဖြစ်မယ်ဆိုတာ ဘယ်သူမှကြိုသိနိုင်ကြတာမှမဟုတ်ဘဲ။"

ကုနင်း၏စကားများကိုကြားလိုက်ရတော့ မုခယ်အနည်းငယ်အားတက်သွားရပုံပင်၊ သို့ပေမည့် မုခယ်၏ခံစားချက်မှာအမှန်တကယ်နက်ရှိုင့်ပါ့မလားဆိုသည်ကိုတော့ ကုနင်းမသိပေ။

"ဟုတ်ပြီ၊ ၁၀နာရီထိုးခါနီးနေပြီ။ ရင်ပြင်ဘက်ကိုပြန်သွားကြရအောင်!"

ထို့နောက် သူတို့အဖွဲ့ရင်ပြင်ဘက်သို့ပြန်လျှောက်လာခဲ့ကြသည်။

သန့်စင်ခန်းအပြင်ဘက်တွင် ဖြစ်ခဲ့သည့်ကိစ္စကြောင့် ဟောင်ရန်တို့အဖွဲ့မှာ ကျင်းခယ်ရှင်းကို လင်ရှောင်းထင်နှင့်ဝေးစေရန် ကြားမှခွဲထားလိုက်ကြသည်။ ကျင်းခယ်ရှင်းအနေဖြင့် လင်ရှောင်းထင်ကို ကုနင်းဆီမှခိုးထုတ်သွားလို့မရမှန်း သူတို့သိထားကြတာတောင်မှ သူတို့သည် ကုနင်း၏အရင်းနှီးဆုံးသူငယ်ချင်းများဖြစ်၍ ကျင်းခယ်ရှင်းကို လင်ရှောင်းထင်အနားရော ကုနင်းအနားတွင်ပါ ရှိမနေစေချင်ကြပေ။

ကျင်းခယ်ရှင်းသည်လဲ သူတို့ဘာကြောင့် ထိုသို့လုပ်နေသည်ကိုနားလည်ပြီး ဒေါသထွက်ရပေမည့် ဘာမှတော့ပြန်မပြောနိုင်ခဲ့ပေ။

သူတို့အားလုံးရင်ပြင်ဘက်သို့ရောက်ချိန်တွင်တော့ အစောတုန်းကထက် လူပေါင်းများစွာရောက်ရှိနှင့်နေပြီဖြစ်သည်။ မီးရှူးမီးပန်းများထားရှိထားသည့်နေရာတွင်တော့ အနီးကပ်နေပါက မီးစများကျလျှင်ထိခိုက်စေနိုင်သောကြောင့် ထိုနေရာကို သီးသန့်ဖယ်ထားကြသည်။

ထိုနေရာလွတ်တွင်တော့ မီးရှူးမီးပန်းအမျိုးအစားများစွာရှိနေပြီး ဝန်ထမ်းများက အချိန်ရောက်သည်နှင့် တစ်ပြိုင်တည်းမီးငြှိရန်စောင့်ဆိုင်းနေကြသည်။ ၁၀နာရီထိုးသည်နှင့် ချက်ချင်းပင် ဝန်ထမ်းများသည် အစီအစဉ်အတိုင်းမီးပန်းများကို ပစ်ဖောက်လိုက်ကြတော့သည်။

"ဘွန်း!"

ကျယ်လောင်သည့် ပေါက်ကွဲသံနှင့်အတူ မီးရှူးများသည် ဒုံးကျည်ငယ်တစ်ခုကဲ့သို့မိုးထက်သို့ တစ်ခုပြီးတစ်ခုပျံတက်သွားကြပြီး နေရာတစ်ခုသည့်ရောက်သည်နှင့် ကြီးမားသည့်ထီးကြီးတစ်လက်ပွင့်သွားသကဲ့သို့ ကောင်းကင်ထက်တွင် မီးပန်းများပေါက်ကွဲသွားကြတော့သည်။ ထိုမီးပန်းအစုံအပြုံလိုက်ကြီးသည် ညကောင်းကင်ယံထက်တွင် ရွှေမှုများကပ်ညိနေသည့် ငွားငွားစွင့်စွင့်ပွင့်နေသော ပန်းပွင့်များပမာလှပစွာ ဖြစ်ပေါ်လာခဲ့သည်။ နောက်ထပ် မီးရှူးတစ်သီတစ်တန်းကြီးသည်လဲ ကောင်းကင်ယံထက်တွင် ထပ်မံပေါက်ကွဲနေခဲ့သည်။ အဆုံးတွင်တော့ ညကောင်းကင်ယံထက်တွင် ထိုမီးရှူးမီးပန်းများသည် ဥက္ကာပျံများသက်ဆင်းလာသည့်အလား တစ်စစီပျံ့ကျဲသွားတော့သည်။

"ဝိုး! အရမ်းလှတာပဲ!" လူတိုင်း ထိုပြပွဲကို တအံ့တဩဖြင့်ငေးကြည့်လို့နေလေသည်။

မီးပန်းများ၏အရှိန်ကြောင့် ညကောင်းကင်ယံသည့်နေ့အချိန်ကဲ့သို့တောက်ပလင်းလက်နေပြီး မီးပန်းများ၏ပုံစံနှင့်အရောင်အသွေးများသည်လည်း အချိန်ပြည့်ပြောင်းလဲသို့နေသည်။ တိရိစ္ဆာန်ပုံများ၊ တရုတ်သင်္ကေတများသည် လေထက်တွင်ပုံဖော်လို့နေလေသည်။ ထိုမီးပန်းများသည် နာရီဝက်လောက်အထိ ဆက်တိုက်ပေါက်ကွဲနေခဲ့ပြီး ထို့နောက်တွင်တော့ ကုနင်းတို့အဖွဲ့ညအဆာပြေမုန့်စားဖို့ရန် ထွက်လာခဲ့ကြသည်။

ကျင်းခယ်ရှင်းသည်တော့ အစမှအဆုံးအထိ လင်ရှောင်းထင်နားချဉ်းကပ်ဖို့ရန်အခွင့်အရေးမရခဲ့သောကြောင့် အလွန်ဝမ်းနည်းနေပေမည့် ဘာမှတော့မလုပ်နိုင်ခဲ့ပေ။

ညအဆာပြေမုန့်စားပြီးသွားချိန်တွင်တော့ လင်ရှောင်းထင်က ကုနင်းကိုအိမ်ပြန်လိုက်ပို့ပေးခဲ့သည်။ ချူးဖေ့ဟန်နှင့်ဟောင်ရန်သည်တော့ သူတို့ကားများဖြင့် အခြားလူများကိုပြန်လိုက်ပို့ပေးခဲ့သည်။ စုအန်းယာသည်လဲ ယနေ့ကိုယ်တိုင်ကားမောင်းလာခဲ့ခြင်းဖြစ်သောကြောင့် သူမဘာသာပြန်လာခဲ့လိုက်သည်။

လင်ရှောင်းထင်ကတော့ ကုနင်းကို ဇုံGသို့ပြန်ပို့ပေးကာ သူမအထဲသို့ဝင်သွားပြီးတော့မှသာ ရှုကျင်းချန်၏တိုက်ခန်းရှိရာသို့ပြန်သွားတော့သည်။ ယခုချိန်က နွေဦးပွဲတော်ချိန်ဖြစ်သောကြောင့် ကုနင်းအပြင်တွင်ညအိပ်ဖို့ရန်အတွက်မသင့်တော်ပေ။

ကုနင်းအိမ်သို့ပြန်ရောက်သည်နှင့် ယွီမီရှီထံမှစာတစ်စောင်ဝင်လာခဲ့ကာ စုအန်းယာမွေးနေ့အတွက် ဘာလက်ဆောင်ပေးရမလဲဆိုသည်ကိုလှမ်းမေးခြင်းပင်။ ကုနင်းခနလောက်တွေးကြည့်နေလိုက်သည်။ စုအန်းယာသည် အလွန်ချမ်းသာသည့်မိသားစုမှဖြစ်သောကြောင့် သူမကိုဈေးပေါသည့်လက်ဆောင်ပေး၍မဖြစ်ပေ။ သို့သော်လည်း ယွီမီရှီသည်‌ကျောင်းသူတစ်ယောက်သာဖြစ်သောကြောင့် စုအန်းယာကို အလွန်ဈေးကြီးသည့်လက်ဆောင်မျိုးပေးရန်လဲ မလိုအပ်ပေ။

ထို့ကြောင့် ကုနင်း ယွီမီရှီကို Chanelပိုက်ဆံအိတ်တစ်အိတ်ပေးဖို့ရန် အကြံပေးလိုက်သည်။ တိဟိုင်အသင်းတိုက်၏လက်ဝှေ့ပွဲတုန်းက ယွီမီရှီ ငွေအမြောက်အမြားအနိုင်ရရှိခဲ့သောကြောင့် သူမအနေဖြင့်ဒီဇိုင်နာထုတ်ပိုက်ဆံအိတ်တစ်လုံးဝယ်ရန်မှာ မခက်ခဲတော့ပေ။

ပွဲတက်ဝတ်စုံများအတွက်ကတော့ လူကြီးမင်ချင်မွေးနေ့တုန်းက ဝယ်ထားသည့် ဝတ်စုံကိုသာ ကုနင်းရော ယွီမီရှီပါ ပြန်ဝတ်ကြမည်ဖြစ်သည်။ သူတို့သည် ကျောင်းသူများသာဖြစ်သေးသောကြောင့် အဝတ်အစားအတွက် ငွေအရမ်းဖြုန်းဖို့ရန်မလိုအပ်သေးပေ။

နောက်တစ်နေ့တွင်တော့ ကုနင်း သူမသူငယ်ချင်းများဖြင့်အပြင်ထွက်လည်ရန်ဟု ခွင့်တောင်းကာ အိမ်မှထွက်လာခဲ့သည်။ တကယ်တမ်းတွင်တော့ သူမလင်ရှောင်းထင်နှင့်သွားတွေ့မည်သာဖြစ်သည်။ ထို့အပြင် ပုံမှန်လိုပဲ ညနက်မှသာပြန်လာခဲ့လေသည်။

ကုနင်းအိမ်ပြန်ရောက်သည့်အချိန်တွင်တော့ ကုမန့်မအိပ်သေးသောကြောင့် ကုနင်း စကားအစပျိုးလိုက်သည်။

"အမေ၊ မကြာခင် သမီးတက္ကသိုလ်သွားတက်ရတော့မှာဆိုတော့ အိမ်မှာအမေတစ်ယောက်တည်းကျန်ခဲ့ရတော့မယ်။ တစ်ယောက်ယောက်နဲ့တွေ့ကြည့်ဖို့ စိတ်ကူးမရှိဘူးလား?"

ထိုစကားများကိုကြားလိုက်တော့ ကုနင်း ရုတ်တရက်ကြောင်အသွားရပေမည့် ခနတွင်းပဲ ပြန်တည်ငြိမ်သွားကာ၊

"နင်းနင်း၊ အမေ့အတွက်စိတ်မပူပါနဲ့။ ဒီလိုတစ်ယောက်တည်းနေရတာပဲ ကျင့်သားရနေပါပြီ။"

"အမေအခုထိ သမီးရဲ့အဖေရင်းကိုသတိရနေသေးတာလား?"

ကုမန့်၏ခန္ဓာကိုယ်တစ်ခုလုံး တခနမျှတောင့်တင်းလို့သွားရသည်။ အရင်အချိန်များကိုပြန်လည်သတိရသွားပုံပေါ်ပေမည့် ဘာတစ်ခွန်းမျှတော့ ပြန်မပြောခဲ့ပေ။ ကုနင်းလဲ ကုမန့် ထန်ယွင်ဖန်းအကြောင်းကိုတွေးနေမှန်းသိလိုက်သောကြောင့်၊

"အဖေ့အလောင်းကိုမတွေ့ခဲ့ရဖူးဆိုတော့ သူတကယ်မသေးသေးတာကောဖြစ်နိုင်တယ်လို့ အမေတွေးကြည့်မိဖူးလား?"

ထိုစကားကိုကြားတော့ ကုမန့်ခန္ဓာကိုယ်ထပ်မံတုန်လှုပ်လို့သွားရကာ၊

"သူသာတကယ်မသေးသေးရင် ဘာလို့အမေ့ဆီပြန်မလာခဲ့တာလဲ?"

ကုမန့်လဲ ထိုသို့ဖြစ်နိုင်သေးသည်ဟုတွေးမိပေမည့် တစ်ကြိမ်တစ်ခါမျှပြန်ပေါ်မလာခဲ့ခြင်းကြောင့် တစ်ကိုယ်ကောင်းဆန်သည့်မကောင်းတဲ့လူဟုတွေးရမည့်အစား သေသွားပြီဟုသာ အတင်းအကျပ်ယုံကြည်လို့ထားခဲ့သည်။

"အမေနဲ့တွေ့တုန်းက အဖေကအတိတ်မေ့နေခဲ့တာလို့ အမေပြောခဲ့တယ်မလား။ သူမတော်တဆမှုဖြစ်ပြီး အတိတ်ကိုပြန်သတိရသွားပေမယ့် အမေနဲ့တွေ့တုန်းက မှတ်ဉာဏ်တွေကျပြန်ပျောက်သွားတာမျိုးရောမဖြစ်နိုင်ဘူးလား?" ကုနင်းသူမသိထားသမျှ အချက်အလက်များနှင့်ယှဉ်ကာပြောပြလိုက်သည်။

"အဲ့လိုဖြစ်နိုင်တာလား?" ကုမန့်မျှော်လင့်ချက်ရောင်ခြည်ပြန်ရသွားခဲ့ပေမည့် ထိုသို့အမှန်တကယ်ဖြစ်နိုင်လိမ့်မည်ဟု လုံးဝမယုံကြည်လိုက်နိုင်ပေ။

"အဖေကအသက်ရှင်နေသေးပေမယ့် အမေနဲ့အတူရှိခဲ့တဲ့အချိန်တွေကိုမေ့သွားတယ်၊ ပြီးတော့ အခုထိလဲ လက်မထပ်ခဲ့ဘူး၊ အမေ့ကိုလဲချစ်နေသေးမယ်၊ အမ်-ပြီးတော့ အမေ့တို့အချင်းချင်းပြန်တွေ့နိုင်ဖို့အခွင့်ရေးလည်းထပ်ရှိဦးမယ်ဆိုရင် နောက်တစ်ကြိမ်လောက် ပြန်ကြိုးစားကြည့်ချင်သေးလား?"

ကုမန့် သူမကိုယ်တိုင်လဲ ထိုအဖြေကိုမသိသောကြောင့် တိတ်ဆိတ်၍သာနေနေမိသည်။ ထန်ယွင်ဖန်းအားလုံးဝမလွမ်းမိပါဟုဆိုဖို့ရန်ကတော့ လိမ်ညာနေခြင်းသာဖြစ်ပေလိမ့်မည်။ သို့သော်လည်း အတိတ်ကချစ်ခဲ့ဖူးသည့်ယောကျ်ားအား ၁၈နှစ်ကြာပြီးလို့ပြန်တွေ့ချိန်တွင်လည်း သူမအနေဖြင့်ဆက်ပြီးချစ်နေနိုင်လောက်ပါဦးမည်ဟု မသေချာပေ။

ကုနင်းလည်း ကုမန့်ကိုချက်ချင်းအဖြေပေးရန်အတွက် တိုက်တွန်းခြင်းမပြုခဲ့ပေ။ အခုချိန်မှာ ထိုအကြောင်းကြိုပြီးစိုးရိမ်နေဖို့ကလည်း အဓိပ္ပါယ်မရှိသေးဘူးဟု သူမယုံကြည်မိသည်။ သူတို့အချင်းချင်း နောက်တစ်ကြိမ်ပြန်တွေ့ကြသည့်အခါမှသာ ခံစားချက်များကို အသေအချာသိနိုင်ကြပေလိမ့်မည်။

ညအချိန်တွင်တော့ ကုမန့်တစ်ယောက် ကုနင်း သူမကိုပြောခဲ့သည့်အကြောင်းများနှင့် ပြီးခဲ့သည့်နှစ်များအတွင်းသူမကျော်ဖြတ်ခဲ့ရသည့်အကြောင်းများကို ပြန်လည်တွေးတောနေမိကာ အိပ်၍ပင်မပျော်နိုင်ခဲ့ပေ။

ကုမန့်အနေဖြင့် 'နဉ်'(ထန်ယွင်ဖန်း)နှင့် တစ်နှစ်တည်းသာတွေ့ဆုံခဲ့သော်လည်း သူမထိုအချိန်လေးအတွင်းမှာပင် သူမ၏ရက်စက်လွန်းသည့်မိသားစုက မပေးအပ်နိုင်ခဲ့သော အချစ် နှင့်ဂရုစိုက်ခြင်းဆိုသည့် အနှစ်သာရကိုရရှိခံစားခဲ့ဖူးရသည်။ ထို့ကြောင့် သူမထိုအမျိုးသားကို နက်နက်ရှိုင်းရှိုင်းချစ်ခဲ့မိကာ မေ့ပစ်လို့မရနိုင်ခဲ့ခြင်းဖြစ်သည်။

***

အခန်း ၃၈၄

ယွင်ကျီစုန့်ကို ကယ်တင်ခြင်း

ထန်ယွင်ဖန်း အလွန်ချစ်မြတ်နိုးခဲ့ခြင်းကြောင့်သာမဟုတ်လျှင် ထိုနှစ်တုန်းက ထန်ယွင်ဖန်းနှင့်လက်မထပ်ရသေးခင် အိပ်ခဲ့မည်လည်းမဟုတ်သလို သူ့သွေးသားကိုလည်း မွေးဖွားခဲ့လိမ့်မည်မဟုတ်ပေ။ ၁၈နှစ်အတွင်း သူမအခြားမည့်သည်ယောက်ျားနှင့်မှ လက်မထပ်ခဲ့ပေ။ သူမအိမ်ထောင်မကျသေးခင် ကိုယ်ဝန်ရခဲ့ခြင်းကြောင့် ဘဝတွင်အမဲစက်ထင်ခဲ့ရသော်လည်း သူမကိုပိုးပန်းနေသည့်အခြားယောကျ်ားများစွာရှိခဲ့ပေမည့် ဘယ်သူ့ကိုမှမရွေးချယ်ခဲ့ပေ။

ကုနင်းပြောခဲ့သည့်အကြောင်းအရာများမှာ ဖြစ်နိုင်သည်ဟုမထင်မိသော်လည်း ထိုအရာများအမှန်ဖြစ်လာပါစေရန်အတွက် မမျှော်လင့်မဘဲမနေနိုင်ပေ။ အရင်တုန်းက နဉ်(ထန်ယွင်ဖန်း)ကိုချစ်ခဲ့သလိုမျိုး ယခုထန်ယွင်ဖန်းအပေါ်တွင်လည်း တူညီသည့်ခံစားချက်ဆက်ရှိနေမည်လားဆိုသည်ကိုတော့ သူမမသေချာသော်လည်း ထန်ယွင်ဖန်းသည်သာ သူမဘဝတစ်လျှောက်လုံး ချစ်မြတ်နိုးခဲ့ဖူးသည့် တစ်ဦးတည်းသောယောကျ်ားဖြစ်လေသည်။

ထန်ယွင်ဖန်းသည် သူမကလေး၏ဖခင်ဖြစ်သောကြောင့် အကယ်၍သူသာ လက်ထပ်ပြီး ကိုယ်ပိုင်မိသားစုတစ်ခုရှိနေမည်ဆိုလျှင်တောင်မှ ကောင်းမွန်သည့်ဘဝတစ်ခုဖြစ်နေစေရန်သာ မျှော်လင့်မိပေသည်။ နောက်တစ်နေ့ ကုမန့်အိပ်ရာထလာချိန်တွင်တော့ သူမ၏မျက်လုံးအောက်မြေများမှာ သိသိသာသာကိုမည်းနက်လို့နေလေတော့သည်။

ကုနင်းလည်း သူမအမေအတွက်စိတ်မကောင်းဖြစ်သွားရပေမည့် သူမနှင့်ထန်ယွင်ဖန်းမှာ မကြာတော့မည်အချိန်တွင် တွေ့ဆုံကြရတော့မည်သာဖြစ်လေသည်။ ထို့အပြင် ကုနင်းကလည်း ထန်ယွင်ဖန်းကို ချစ်နေသေးကာ ထန်ယွင်ဖန်းကလည်း ကုမန့်ကိုသတိရနေသေးသောကြောင့် အခုချိန်ထိလက်မထပ်သေးတာမျိုးဖြစ်နိုင်ပေသည်။ သူတို့အချင်းချင်းတစ်ဦးနှင့်တစ်ဦး နက်နက်ရှိုင်းရှိုင်းချစ်မိနေကြကာ အတိတ်တုန်းကလည်း ကလေးတစ်ယောက်ရခဲ့ဖူးကြသည်။ ကုမန့်သာ သူမ၏ကျန်ရှိသည့်အနာဂါတ်ကို အမျိုးသားတစ်ယောက်နှင့်ကုန်ဆုံးဖို့ရန် ရွေးချယ်မည်ဆိုလျှင် ကုနင်းကတော့ ထိုလူသည် ထန်ယွင်ဖန်းဖြစ်စေရန်သာမျှော်လင့်မိသည်။

ကုမန့်၏ပင်ပန်းနွမ်းနယ်မှုများကိုပျောက်စေရန်အတွက် ကုနင်း သူမ၏စွမ်းအားကိုအသုံးပြုကာ နှိပ်နယ်ပေးလိုက်သည်။ ကုမန့်သည် ယနေ့သူ၏သူငယ်ချင်းဝမ်ဆူးဖန်နှင့်အပြင်ထွက်လည်မည်ဖြစ်သည်။ ဝမ်ဆူးဖန်သည် ကုမန့်အရင်အလုပ်တွင် လိမ့်ကျတုန်းက ဆေးရုံပို့ပေးခဲ့သည့်တစ်ယောက်ဖြစ်သည်။

ယနေ့ ကောင်းယိနှင့် ချောင်ယနှစ်ယောက်လုံးအားနေကြသောကြောင့် ကုမန့်နောက်လိုက်သွားပေးလိုက်ရန် ကုနင်းပြောလိုက်ပြီး သူမကတော့ လင်ရှောင်းထင်နှင့် ချိန်းတွေ့ရန်ထွက်သွားခဲ့သည်။ သူမတို့နှစ်ဦးလုံး ယနေ့လုပ်စရာထွေထွေထူးထူးစဉ်းစားလို့မရသောကြောင့် လမ်းပေါ်တွင်သာ အချိန်ဖြုန်းနေလိုက်ကြသည်။ ထို့သို့ဆိုလျှင်တောင် ချစ်သူရည်းစားတို့၏သဘာဝအတိုင်း အတူရှိနေခြင်းကပင် အလွန်ပျော်ရွှင်စရာကောင်းနေခဲ့ကြသည်။

"နင်းနင်း၊" လင်ရှောင်းထင် ကုနင်းကို ခေါ်လိုက်သည်။

"ဘာလဲ?"

"နင်းနင်း" လင်ရှောင်းထင် နောက်တစ်ကြိမ်ထပ်ခေါ်လိုက်ပြန်သည်။

"ဘာဖြစ်လို့လဲ?" ကုနင်း မရေမရာဖြစ်သွားကာ လင်ရှောင်းထင်ကိုလှမ်းကြည့်လိုက်သည်။

"ဘာမှမဟုတ်ဘူး၊ ဒီတိုင်းမင်းနာမည်လေးကိုခေါ်ကြည့်ချင်လို့။"

ကုနင်း ရယ်ချင်သွားကာ စနောက်လိုက်သည်၊

"ကျွန်မနာမည်က တော်တော်ခေါ်လို့ကောင်းနေတယ်ပေါ့?"

"ဟုတ်တာပေါ့" လင်ရှောင်းထင်သည်တော့ အလေးအနက်ပြန်ဖြေလိုက်သည်။

"အခုဘယ်ဆက်သွားကြမလဲ?"

"နင်းနင်း" လင်ရှောင်းထင် ထပ်ခေါ်လိုက်ပြန်သောကြောင့် ကုနင်းမနေနိုင်စွာရယ်လိုက်မိတော့သည်။

သူတို့နှစ်ဦး အစိုးရဌာဘက်များတွင်က ရူခင်းကောင်းသောကြောင့် ထိုနေရာသို့လမ်းလျှောက်ထွက်လာခဲ့ကြသည်။ ထိုနေရာတွင် သစ်ပင်များ‌ ကျောက်တုံးအကြီးကြီးများဖြင့် အလှဆင်ထားသော ပန်းခြံကြီးတစ်ခုရှိပြီး မြို့သူမြို့သားများမှာ ထိုနေရာသို့လာကာ လမ်းလျှောက်ထွက်လေ့ရှိသည်။

ထိုအချိန်တွင်ပဲ ရုံးတစ်ခု၏အရှေ့၌ အစိုးရဘက်ဆိုင်ရာကားတစ်စီးရပ်လာကာ ထိုထဲမှ လူနှစ်ဦးထွက်လာခဲ့သည်။ ထိုထဲမှတစ်ယောက်ကိုတော့ဖြင့် ကုနင်းမြင်မြင်ချင်းပင် မှတ်မိလိုက်သည်။ ထိုလူသည်က Fမြို့ မြူနီစီပါယ်ပါတီကော်မတီ၏အထွေထွေအတွင်းရေးမှူး ယွင်ကျီစုန့်ပင်ဖြစ်သည်။ သူ့နောက်တွင်တော့ ယွင်ကျီစုန့်၏အတွင်းရေးမှူးလိုက်ပါလာခဲ့သည်။ သို့ပေမည့် သူတို့နှစ်ဦးကားထဲမှထွက်သည့်အချိန်တွင်ပဲ လက်ထဲ၌ဓါးတစ်ချောင်းကိုင်ထားသည့် အရူးတစ်ယောက်သည် သူတို့ရှိရာထံသို့ တဟုန်ထိုးပြေးဝင်လာကာ ပါးစပ်မှလဲ ဤသို့အော်ဟစ်လာခဲ့သည်။

"ယွင်ကျီစုန့်! သေလိုက်စမ်း!"

ယွင်ကျီစုန့်အပါအဝင် သူ့အတွင်းရေးမှူးရော အနားရှိအခြားသောလူများပါ ရုတ်တရက်ထိတ်လန့်ကြောင်အသွားခဲ့ကြသည်။ သို့ပေမည့် ဓါးက ယွင်ကျီစုန့်၏ရင်ဘက်နားသို့အရောက်သည့်အချိန်တွင်ပဲ လူတစ်ဦးလျင်မြန်စွာပြေးလာခဲ့ကာ ထိုအရူးကို ကန်ထုတ်ပစ်ခဲ့သည်။ ပြတ်ရှသံတစ်ခုနှင့်အတူ ထိုဓါးသည့် ယွင်ကျီစုန့်၏ရင်ဘက်မှအင်္ကျီစကိုဖြတ်တောက်မိသွားခဲ့ပေသည်။ ထိုဖြတ်ရာကြောင့် အင်္ကျီမှာပြဲသွားခဲ့သော်လည်း ကံကောင်းစွာဖြင့် အရေပြားကိုတော့ မထိခိုက်မိခဲ့ပေ။

ထိုအရူးကို ကန်ခဲ့သည့်လူမှာတော့ သေချာပေါက် ကုနင်းပင်ဖြစ်လေသည်။ ထိုအရူးအဝေးသို့လွင့်ထွက်သွားသည်နှင့်တစ်ပြိုင်နက် လင်ရှောင်းထင်ရောက်ရှိလာကာ ထိုလူကိုဖမ်းချုပ်လိုက်တော့သည်။

"ငါ့ကိုလွှတ်စမ်း! ငါ့ကိုလွှတ်ပေးစမ်း!" ထိုအရူးမှာ အတင်းအကြပ်ရုန်းကန်လို့နေသော်လည်း လင်ရှောင်းထင်က သူ့ကို အပြည့်အဝထိန်းချုပ်လို့ထားနိုင်သောကြောင့် စိတ်ဝေဒနာရှင်တစ်ယောက်လိုသာ အော်ဟစ်နေနိုင်တော့သည်။

ထိုအရူး၏အော်ဟစ်သံကြောင့် ယွင်ကျီစုန့်ရော သူ့အတွင်းရေးမှူးမှာ ထိတ်လန့်ကြောင်အနေရာမှ သတိပြန်ဝင်လာခဲ့သည်။ ယွင်ကျီစုန့်မှာတော့ အခုလေးတင် အသတ်ခံရလုနီးပါးဖြစ်သွားခဲ့သောကြောင့် မတ်တပ်ကောင်းကောင်းရပ်နေနိုင်ဖို့ပင် အတော်လေးအားတင်းလို့ထားရလေသည်။ အတွင်းရေးမှူးသည်လဲ အလွန်ကြောက်လန့်သွားခဲ့ရပေမည့် ထိုလူသတ်သမား၏ပစ်မှတ်မှာ သူမဟုတ်သောကြောင့် မကြာခင်တွင်ပဲ ပြန်လည်လှုပ်ရှားလာနိုင်ခဲ့သည်။

"အဆင်ပြေရဲ့လား၊ လူကြီးမင်းယွင်?"

"ပြေ-ပြေပါတယ်။" ယွင်ကျီစုန့်မှာ အခုချိန်ထိ အကြောက်မပြေသေးသောကြောင့် အသံများမှာ တုန်ရီလို့နေပေမည့် အတတ်နိုင်ဆုံးစိတ်ကိုလျှော့ချလိုက်သည်။ ထိုအချိန်တွင်ပဲ အနားသို့လုံခြုံရေးအစောင့်များပြေးလာကာ လင်ရှောင်းထင် ဖမ်းထားသည့် အရူးကိုဆွဲခေါ်လိုက်သည်။ သို့ပေမည့် ထိုအရူးကတော့ဆက်လက်အော်ဟစ်နေစဲပင်၊

"ယွင်ကျီစုန့်! မင်းကို ငါသတ်မယ်! အခုချက်ချင်းသတ်ပစ်မယ်! မင်းကြောင့်သာမဟုတ်ရင် ငါအခုလိုထုတ်ပယ်ခံရမှာမဟုတ်ဘူး!"

အသက်ပြင်းပြင်း အကြိမ်ရေးအနည်းငယ်အရှူအသွင်းလုပ်ပြီးသွားချိန်တွင်တော့ ယွင်ကျီစုန့် သူ၏စိတ်အခြေအနေကိုပြန်လည်ထိန်းချုပ်နိုင်သွားကာ ထိုလူကိုအေးစက်စွာကြည့်လိုက်ပြီး၊

"မင်းသာ တရားမဝင်တဲ့ကိစ္စတွေမလုပ်ခဲ့ဘူးဆိုရင် အလုပ်ထုတ်ခံရမှာမဟုတ်ဘူး! မင်းအမှားအတွက် မင်းခံရတာ အခြားလူတွေကို လိုက်အပြစ်မတင်နေနဲ့! သူ့ကိုခေါ်သွားကြတော့။"

လုံခြုံရေးအစောင့်များလဲ ချက်ချင်းပင် ထိုအရူးကို ခေါ်ထုတ်သွားကြတော့သည်။

ထို့နောက် ယွင်ကျီစုန့် ကုနင်းနှင့်လင်ရှောင်းထင်ဘက်သို့လှည့်လိုက်ကာ လေးစားမှုအပြည့်ဖြင့် ဦးညွှတ်လိုက်ပြီး ကျေးဇူးတင်စကားပြောလိုက်သည်။

"အခုလို အသက်ကိုကယ်တင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်!"

"လူကြီးမင်းယွင်၊ အဲ့လိုပြောစရာမလိုပါဘူး၊ အခုလိုအဆင်ပြေသွားတာကပဲ ဝမ်းသာစရာကောင်းနေပါပြီ။" ကုနင်းပြန်ဖြေလိုက်သည်။

ယွင်ကျီစုန့်သည့် ဖြောင့်မတ်သည့် အရာရှိတစ်ယောက်ဖြစ်လေသည်။ အကယ်၍ သူသာလာဘ်စားသည့်အရာရှိတစ်ယောက်ဆိုလျှင် ကုနင်းအခုလိုကူညီပေးလိမ့်မည်မဟုတ်ပေ။ ကမ္ဘာပေါ်တွင် ရာနှုန်းပြည့် ကိုယ်ကျင့်တရာကောင်းသည့်လူတစ်ယောက်မှမရှိသော်လည်း သူအလုပ်ကိုသူအကောင်းဆုံးလုပ်နေသ၍ ထိုလူသည် အစိုးရဝန်ထမ်းတစ်ယောက်၏အရည်အချင်းနှင့်ပြည့်စုံသည်ဟု သတ်မှတ်၍ရပေသည်။

"မင်းက ငါ့အသက်ကိုကယ်တင်ပေးခဲ့တာဆိုတော့ ငါရဲ့ကယ်တင်ရှင်ပဲ!" ယွင်ကျီစုန့်ပြန်ပြောလာသည်။ ယွင်ကျီစုန့်သည် သူကအစိုးရအရာရှိကြီးတစ်ယောက်ဖြစ်နေသည်ဆိုရုံဖြင့် အခြားလူများက သူ့ကိုအလုပ်အကျွေးပြုသင့်သည်ဟု မခံယူထားပေ။ ကုနင်းသာ ထိုအရူးကိုကန်ထုတ်မပေးခဲ့လျှင် အခုချိန်ဆိုလျှင် သူသေရင်သေ ထိုသို့မဟုတ်လျှင်လည်း ဒဏ်ရာအပြင်းအထန်ရရှိလို့နေပေမည်။

ယွင်ကျီစုန့် သူ့အိတ်ကဒ်ထဲမှနာမည်ကဒ်ကိုထုတ်ယူကာ ကုနင်းကိုပေးလိုက်ပြီး၊

"ဒါကငါ့ရဲ့နာမည်ကဒ်ပါ။ နောင်တစ်ချိန် မင်းပြဿနာတစ်ခုခုနဲ့ရင်ဆိုင်ရတယ်ဆို ငါ့ကိုအချိန်မရွေးအကူညီပြန်တောင်းလို့ရတယ်။ ဒါပေမယ့် ဥပဒေနဲ့ညီညွတ်တဲ့ကိစ္စတော့ဖြစ်ပါစေပေါ့။"

"ကျေးဇူးပါ!" ကုနင်း ထိုကမ်းလှမ်းချက်ကိုသေချာပေါက်မငြင်းဆန်ခဲ့ပေ။

"လူကြီးမင်းယွင်၊ အခုဖြစ်သွားတဲ့ကိစ္စအကြောင်းက မကြာခင်ပဲ သတင်းပျံ့သွားတော့မှာ။ ကျေးဇူးပြုပြီး ကျွန်မအကြောင်းကိုတော့ သတင်းထဲမထည့်ပါနဲ့နော်။ လူတွေအာရုံစိုက်ကြမှာမျိုးကို မလိုချင်လို့ပါ။"

ကုနင်း၏သိုသိုသိပ်သိပ်နေတတ်မှု၊ ကြင်နာတတ်မှုများကြောင့် ယွင်ကျီစုန့် ကုနင်းအပေါ်အမြင်ကောင်းများ ကျန်ရှိသွားတော့သည်။

"ကောင်းပါပြီ။" ယွင်ကျီစုန့် ကုနင်းဖြစ်ချင်သည့် ဆန္ဒကိုလေးစားပေးကာ သဘောတူလိုက်ပြီး သူတို့ချင်းလမ်းခွဲလိုက်ကြတော့သည်။

အန္တရာယ်များလှသည့်အခြေအနေမျိုးကို ကုနင်းလုပ်ခဲ့ခြင်းကြောင့် လင်ရှောင်းထင် အပြစ်တင်စကားတော့မဆိုပေမည့် စိုးရိမ်ပူပန်စွာဖြင့် သူမလက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လို့ထားခဲ့သည်။ ကုနင်း၏ကိုယ်ခံပညာအရည်အချင်းမှာ ကောင်းမွန်မှန်း သူသိထားပြီးဖြစ်သော်လည်း အခြားလူများနှင့်မတူစွာ ကုနင်းကို စိုးရိမ်ပူပန်ပြီး ဂရုစိုက်နေမိစဲပင်။

မြူနီစီပါယ်ပါတီကော်မတီ၏အထွေထွေအတွင်းရေးမှူးယွင်ကျီစုန့် ဓါးထိုးခံရလို့နီးပါးဖြစ်သွားခဲ့သည့်သတင်းသည် မကြာခင်တွင်မှာပဲ အင်တာနက်တစ်ခွင်ပျံ့နှံ့လို့သွားပေတော့သည်။

***

အခန်း ၃၈၅

စုအန်းယာ၏မွေးနေ့

အထူးသတင်း : Fမြို့ မြူနီစီပါယ်ပါတီကော်မတီ၏အထွေထွေအတွင်းရေးမှူးကို အစိုးရဌာအပြင်ဘက်၌ အရူးတစ်ယောက်ကို ဝင်ထိုးဖြင့်ထိုးခြင်း။ မိန်းမငယ်လေးတစ်ဦးမှ ထိုအရူးကို ကန်ပစ်ကာ သူမ၏အဖော်မှ ထိုတရားခံအားထိန်းချုပ်နိုင်ခဲ့သည်။ (ပုံနှင့်တကွ)

ထိုပုံသည် ယွင်ကျီစုန့်အားကယ်တင်ပြီးနောက်တွင်မှရိုက်ထားခဲ့ခြင်းဖြစ်သည်။ အခင်းဖြစ်ပွားချိန်က လူတိုင်းမှာ ထိတ်လန့်နေကြသောကြောင့် ဓါတ်ပုံရိုက်ဖို့ပင် စိတ်ကူးထဲမရှိနေကြပေ။

မကြာခင်တွင်မှာပဲ တစ်စုံတစ်ဦးက တရားခံသည် မည်သူဖြစ်ကြောင်း ဖော်ထုတ်လာခဲ့သည်။ ထိုအရူးသည် ငွေစာရင်းဌာန၏ဒုတိယဒါရိုက်တာ ကျန်းချောင်ဖြစ်ကာ ယွင်ကျီစုန့်က သူ၏အာဏာသုံးကာ မကောင်းမှူများကျူးလွန့်ခဲ့သည့်သက်သေများကိုရှာတွေ့ခဲ့သောကြောင့် ရာထူးမှထုတ်ပယ်ခံခဲ့ရသည်။ ကျန်းချောင်သည် ကျော်ကြားမှုနှင့် ကြွယ်ဝချမ်းသာမှုကိုအလွန်အရေးစိုက်သည့်လူဖြစ်သောကြောင့် ရာထူးမှထုတ်ပယ်ခံရပြီးနောက်တွင် ရူးသွားခဲ့ကာ ယခုလို ယွင်ကျီစုန့်အား လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ကျန်းချောင်သည် အစတုန်းကတော့ ထောင်ဒဏ်၁၀နှစ်ချမှတ်ခံထားရသော်လည်း ယခုတွင်တော့ တစ်ဘဝလုံး လူမှုအဖွဲ့အစည်းနှင့်ကင်းကွာစေရန် ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခံရလောက်ပေသည်။

လူအများသည်တော့ ယွင်ကျီစုန့်ကို ထိုဓါးထိုးချက်မှကယ်တင်ပေးခဲ့သည့်မိန်းကလေးအား ချီးကျူးနေကြတော့သည်။ ဓါတ်ပုံမှာ အတော်ဝေးဝေးမှရိုက်ထားခြင်းဖြစ်သောကြောင့် ကုနင်းနှင့်လင်ရှောင်းထင်၏မျက်နှာများကို ရှင်းရှင်းလင်းလင်းမမြင်ရပေမည့် ဟောင်ရန်တို့အဖွဲ့ကတော့ ထိုရင်းနှီးလွန်းနေသည့်အသွင်သဏ္ဍာန်ကြောင့် ချက်ချင်းပင် မှတ်မိသွားကြကာ ကုနင်းဘေးကင်းလားဆိုသည်ကို တစ်ယောက်ပြီးတစ်ယောက်ဖုန်းဆက်မေးကြတော့သည်။

ကုနင်း၏ဖုန်းသည်လည်း တစ်ချိန်လုံး ထိုသတင်းမေးဖုန်းများကြောင့် မြည်နေခဲ့ရသော်လည်း သူမကို ဂရုစိုက်၍ စိုးရိမ်သောကြောင့် မေးနေကြခြင်းဖြစ်မှန်းသိ၍ စိတ်ရှည်လက်ရှည်ဖြင့်အားလုံးကို သေချာပြန်ဖြေကြားပေးနေခဲ့သည်။

မတော်တဆမှုပြီးသည်နှင့် သတင်းထောက်များက ယွင်ကျီစုန့်အား အင်တာဗျူးကြတော့သည်။ သူတို့အားလုံး ယွင်ကျီစုန့်၏အသက်အားကယ်တင်ခဲ့သည့်မိန်းကလေးအကြောင်း အလွန်သိချင်နေမိကြသော်လည်းယွင်ကျီစုန့်က သူမအကြောင်းအသေးစိတ်ကိုမပြောပြခဲ့သောကြောင့် ထိုမိန်းကလေး၏သိုသိုသိပ်သိပ်နေတတ်မှုကို လူအများပို၍ပင် လေးစားသဘောကျသွားကြတော့သည်။

နောက်ရက်အနည်းငယ်အတွင်း လင်ရှောင်းထင်တွင် တာဝန်ထမ်းဆောင်ဖို့ရန်ရှိသေးသောကြောင့် ပြန်သွားရတော့မည်ဖြစ်သည်။

ထို့ကြောင့် လင်ရှောင်းထင် မထွက်သွားခင်ညတွင် ကုနင်း သူနှင့်အတူရှိနေပေးခဲ့သည်။

လင်ရှောင်းထင်အနေနှင့်လဲ ကုနင်းကို နောက်တစ်ကြိမ် ဘယ်အချိန်ရောက်မှပြန်တွေ့နိုင်မည်မှန်းမသိသောကြောင့် အထပ်ထပ်အခါခါ သူမအားအနမ်းများပေးရင်း ထိုတစ်ညလုံးကိုကုန်ဆုံးစေခဲ့သည်။ ကုနင်းမှာ လင်ရှောင်းထင်၏ချစ်လွန်းမှုကြောင့် အသက်ပင်ထွက်တော့မလိုခံစားနေရပေမည့် ကံကောင်းစွာဖြင့် သူမတွင်မှော်စွမ်းအားရှိနေသောကြောင့် ပြန်လည်ကုသနိုင်ခဲ့သည်။

သူမတို့နှစ်ယောက် ခနတဖြုတ်အနားယူနေကြသည့်အချိန်တွင် ကုနင်းက၊

"ရှောင်းထင်၊ ကျွန်မတို့အကာအကွယ်မသုံးခဲ့မိကြဘူး။ တကယ်လို့ ကျွန်မကိုယ်ဝန်ရသွားခဲ့ရင်ဘယ်လိုလုပ်မလဲ?" ကုနင်းသည် ကိုယ်ဝန်မရနိုင်စေရန်အတွက် သူမ၏စွမ်းအားဖြင့် ကြိုတင်ကာကွယ်ထားပြီးသားဖြစ်သော်လည်း လင်ရှောင်းထင်ကိုစမ်းသပ်ချင်၍သာ ထိုသို့မေးလိုက်ခြင်းဖြစ်ပေသည်။ ကုနင်းထိုမေးခွန်းမေးနေသည့်အချိန်တွင် အကယ်၍များလင်ရှောင်းထင်ဘက်က သူမကိုကိုယ်ဝန်ဖျက်ချလိုက်လို့ရသည်ဟု အဖြေပြန်ပေးလာမည်မျိုးကို သူမစိုးရိမ်ကြောက်ရွံ့နေမိသည်။

ကုနင်း၏အမေးစကားကြောင့် လင်ရှောင်းထင် ခန္ဓာကိုယ်တစ်ခုလုံးတောင့်တင်းသွားခဲ့သည်။ သူထိုအကြောင်းကို တခါမျှမတွေးမိဖူးသော်လည်း အကယ်၍ ကုနင်းသာ ကိုယ်ဝန်ရှိသွားခဲ့မည်ဆိုလျှင်ပင် သူ့အတွက်အဆင်ပြေလေသည်။

"အဲ့လိုဆို ကိုယ်တို့လက်ထပ်လိုက်ကြရအောင်။"

လင်ရှောင်းထင်၏အဖြေကြောင့် ကုနင်း၏နှလုံးသားလေး အလျင်အမြန်ခုန်လှုပ်သွားခဲ့သည်။ လင်ရှောင်းထင်သည် ယုံကြည်စိတ်ချရသည့်ယောကျ်ားကောင်းတစ်ယောက်ဖြစ်မှန်း သူမယုံကြည်ထားပြီးသားဖြစ်သော်လည်း ထိုအဖြေစကားကို ကြားလိုက်ရသည့်အချိန်တွင် အလွန်ပျော်ရွှင်ကာ စိတ်မလှုပ်ရှားဘဲမနေနိုင်ခဲ့ပေ။

"ကျွန်မ ဒီလောက်ငယ်သေးတဲ့အချိန်မှာ လက်မထပ်ချင်သေးသလို ကလေးလဲမလိုချင်သေးဘူး။"

ထိုစကားကိုကြားတော့ လင်ရှောင်းထင် စိုးရိမ်ပူပန်သွားရကာ ကုနင်းကို ကြည့်ပြီး ကူကယ်ရာမဲ့သည့်အသံမျိုးဖြင့်မေးလိုက်သည်။

"ဒါဆို ကိုယ်တို့ဘယ်လိုလုပ်ကြမလဲ?"

လင်ရှောင်းထင်သည် ကုနင်းနှင့်အတူ လက်ထပ်ပြီးသားစုံတွဲများကဲ့သို့ အတူတကွနေထိုင်ချင်သောကြောင့် သူမနှင့်အလွန်လက်ထပ်ချင်နေပြီဖြစ်သော်လည်း ကုနင်းကိုလဲ စိတ်အနှောက်အယှက်မဖြစ်စေချင်ပေ။ လင်ရှောင်းထင်၏အလွန်စိုးရိမ်နေသည့်အပြုအမူကိုမြင်လိုက်ရတော့ ကုနင်းဘက်ကပဲ နှစ်သိမ့်ပေးလိုက်ရတော့သည်။

"ထားပါ၊ ထားပါ၊ ကိုယ်ဝန်မရှိလာအောင် နောက်တစ်ခါကျတော့ အကာအကွယ်သုံးကြတာပေါ့။ ပြီးတော့ သင့်တော်တဲ့အချိန်တစ်ခုရောက်မှ ကျွန်မတို့လက်ထပ်လို့ရတာပဲ။ အနည်းဆုံးတော့ ကျွန်မဘွဲ့ရပြီးမှစီစဉ်တာပေါ့။"

ထိုတော့မှ လင်ရှောင်းထင်စိတ်အေးသွားတော့သည်။

.........

မကြာခင်မှာပဲ စုအန်းယာ၏မွေးနေ့အချိန်အခါကျရောက်လို့လာခဲ့ကာ ထိုနေ့မနက်အစောကြီးတွင်ပဲ သတိမမေ့နေစေရန်အတွက် အားလုံးကို ဖုန်းဆက်သတိပေးလိုက်သည်။ မွေးနေ့ပွဲသည်တော့ သူမ၏နေအိမ်တွင်ပဲဖြစ်ကာ ညနေ၄နာရီအရောက်လာခဲ့ကြရန်ပြောခဲ့သည်။ စုအန်းယာ၏အိမ်သည် ချင်ယီဖန်းတို့အိမ်ရာနှင့် တစ်ခုနေရာတည်းတွင်ပင်တည်ရှိလေသည်။

ကုနင်း မွေးနေ့ပွဲသို့သွားရန်ပြင်ဆင်နေသည့်အချိန်တွင် ထူးဆန်းသည့်ခံစားချက်တစ်ခုကိုခံစားနေမိပေမည့် ဘာကိုမှကြိုတင်အာရုံခံ၍မရခဲ့ပေ။ ထို့ကြောင့် မတော်တဆတစ်ခုခုဖြစ်လာခဲ့သည်ရှိသော် အကာအကွယ်ရရန်အတွက် ကောင်းယိနှင့်ချောင်ယကို သူမနှင့်အတူ လိုက်ပါခိုင်းလိုက်သည်။

ကုနင်း အရင်ဆုံး ယွီမီရှီကိုသွားကြိုလိုက်ကာ ချူးဖေ့ဟန်သည်တော့ မုခယ်နှင့်အန်းယီကိုသွားခေါ်ပြီး ဟောင်ရန်သည်လဲ သူ့သူငယ်ချင်းများကိုခေါ်ကာ သူတို့ချိန်းဆိုထားသည့်နေရာသို့လာခဲ့လိုက်ကြသည်။

မွေးနေ့ပွဲသည် ညနေ၆နာရီမှစတင်မည်ဖြစ်ကာ အခုမှ၃နာရီခွဲသာရှိသေးလေသည်။ နိုင်ငံရေးနှင့်စီးပွားရေးဘက်မှ အရေးကြီးပုဂ္ဂိုလ်များသည်တော့ ညနေ၅နာရီမတိုင်ခင်အတွင်းရောက်ကြလိမ့်ဦးမည်မဟုတ်ပေ။ ထို့ကြောင့် ကုနင်းနှင့်အခြားလူများလည်း ပွဲတက်ဝတ်စုံများကိုမဝတ်ထားကြသေးပဲ ပွဲစခါနီးမှသာလဲလိုက်ရန် ဆုံးဖြတ်ထားကြသည်။

သူမတို့ ပွဲသို့ရောက်ခါနီးတွင် ကုနင်း စုအန်းယာအားကြိုတင်ဆက်သွယ်ထားလိုက်သည်။ ထို့ကြောင့် ကုနင်းတို့ရောက်သည်နှင့် အပေါက်ဝတွင် စုအန်းယာစောင့်ဆိုင်းနေသည်ကိုတွေ့လိုက်ရသည်။

စုအန်းယာ၏မိသားစုနှင့် ချင်မိသားစုသည် အိမ်ရာတစ်ခုတည်းတွင်နေကြခြင်းဖြစ်သော်လည်း သူတို့အိမ်နေရာများမှာ တစ်ခြားစီဖြစ်ပြီး အကွာအဝေးအတော်လေးခြားလေသည်။

ကုနင်းတို့ကားထဲမှထွက်လာသည်နှင့် စုအန်းယာအပြေးလေးသွားလိုက်ကာ၊

"ကုနင်း၊ မီရှီ၊ လာကြ!"

စုအန်းဟောင်နှင့် ကျင်းခယ်ရှင်းသည်လဲ ထိုနေရာတွင်ရှိနေကြကာ ကုနင်းတို့နှင့်အတူ လင်ရှောင်းထင်ပါမလာသည်ကိုမြင်လိုက်ရချိန်တွင်တော့ ကျင်းခယ်ရှင်းစိတ်ပျက်သွားတော့သည်။ ကုနင်းလဲ ကျင်းခယ်ရှင်း၏ပုံစံကိုသတိထားမိသောကြောင့် အနည်းငယ်စိတ်တိုသွားမိပေမည့် လျစ်လျူသာရှုထားလိုက်တော့သည်။

"မိတ်ဆက်ပေးရဦးမယ်၊ ဒါက ကောင်းယိ၊ ဒီဘက်ကတော့ ချောင်ယ။ သူတို့နှစ်ယောက်လုံးက ငါ့ရဲ့ဒရိုင်ဘာရော၊ သက်တော်စောင့်ရော၊ လက်ထောက်ရောပဲ။" ကုနင်း စုအန်းယာကိုမိတ်ဆက်ပေးလိုက်သည်။ မနက်တုန်းက စုအန်းယာဖုန်းဆက်ကတည်းက ကုနင်း သူမနှင့်အတူအခြားသူငယ်ချင်းနှစ်ယောက်ကိုပါ ခေါ်လာမည့်အကြောင်း ကြိုပြောထားသောကြောင့် စုအန်းယာမအံ့ဩမိပေ။

"တွေ့ရတာဝမ်းသာပါတယ်!" စုအန်းယာနှုတ်ဆက်လိုက်သည်။

"တွေ့ရတာဝမ်းသာပါတယ်။ မိန်းကလေးစု။"

"တခြားလူတွေကမရောက်ကြသေးဘူး။ အထဲဝင်ကြရအောင်! အပြင်မှာကအေးတယ်။" စုအန်းယာ သူမတို့အားအထဲသို့ခေါ်သွားလိုက်သည်။

သူမတို့ ဧည့်ခန်းထဲသို့ဝင်လိုက်သည်နှင့် ကြော့ရှင်းရည်မွန်သော သက်လတ်ပိုင်းအရွယ်အမျိုးသမီးတစ်ဦး သူမတို့ထံလျှောက်လာခဲ့သည်။ ထိုသူသည်တော့ စုအန်းယာ၏မိခင်ပင်ဖြစ်သည်။ စုအန်းယာတွင် ၂၃နှစ်အရွယ်အစ်ကိုတစ်ဦးလည်းရှိသေးသောကြောင့် သူမ၏မိခင်မှာ အခုဆို အသက်၅၀လောက်ရှိပြီဖြစ်ပေမည့် သူမကိုယ်ကိုသေချာဂရုစိုက်ထိန်းသိမ်းသောကြောင့် အခုထိအရွယ်တင်ကာ ဆွဲဆောင်မှုရှိနေစဲပင်။

"အမေ၊ ဒါကသမီးသူငယ်ချင်းတွေ၊ ကုနင်း၊ ယွီမီရှီ၊ ကောင်းယိ နဲ့ ချောင်ယတဲ့။"

"အားလုံးပဲတွေ့ရတာဝမ်းသာပါတယ်! အန်းယာရဲ့မွေးနေ့ပွဲကနေကြိုဆိုပါတယ်ကွယ်။" အမျိုးသမီးစုက ယဉ်ကျေးမှုအပြည့်ဖြင့် ကြိုဆိုနှုတ်ဆက်လိုက်သည်။ သူမတို့မိသားစုသည် ဘဝင်မြင့်သည့်လူမျိုးများမဟုတ်သောကြောင့် ကုနင်းတို့၏နောက်ခံမိသားစုအသိုင်းအဝိုင်းအကြောင်းတစ်ခုမျှမမေးခဲ့ပေ။

All Chapters