← Chapters

အခန်း (၃၈၆-၃၉၀)

Vol. 26 Ch. 386-390

အခန်း (၃၈၆-၃၉၀)

Vol. 26 Ch. 386-390

အခန်း ၃၈၆

သူတော်ကောင်းယောင်ဆောင်ခြင်း

အမျိုးသမီးစုသည် သူမသမီးက တွေ့ကရာလူနှင့်သူငယ်ချင်းလုပ်မည်မဟုတ်ကြောင်းကိုလဲ သိထားပြီးဖြစ်သည်။ စုအန်းယာကိုယ်တိုင် သူမသူငယ်ချင်းများပါဟု မိတ်ဆက်ပေးလာမှတော့ ထိုလူများသည် သေချာပေါက် လူကောင်းများဖြစ်ပေမည်။

"တွေ့ရတာဝမ်းသာပါတယ်။ အမျိုးသမီးစု။" အားလုံးပြန်နှုတ်ဆက်လိုက်သည်။

ထို့နောက် စုအန်းယာ ကုနင်းကိုသူမဘေးသို့ဆွဲလိုက်ကာ အသေအချာထပ်ပြီးမိတ်ဆက်ပေးပြန်သည်။

"အမေ၊ သူကသမီးပြောဖူးတဲ့ သမီးအသက်ကိုကယ်ခဲ့တယ်ဆိုတဲ့တစ်ယောက်လေ!"

ပထမတော့ အမျိုးသမီးစုအံ့အားသင့်သွားကာ နောက်တော့ ကုနင်းကို ကျေးဇူးတင်စကားပြောလိုက်သည်။

"ကျေးဇူးအများကြီးတင်ပါတယ်၊ မိန်းကလေးကု!"

"ရပါတယ်၊ အမျိုးသမီးစု၊" ကုနင်း ယဉ်ယဉ်ကျေးကျေးပြန်ဖြေလိုက်သည်။

"အသက်ကယ်ခဲ့တာ?" ထိုစကားကိုကြားတော့ စုအန်းဟောင်ရော ကျင်းခယ်ရှင်းပါ ထိတ်လန့်သွားခဲ့ကာ,

"ဒေါ်လေး၊ ဘာဖြစ်ခဲ့လို့လဲ?" ကျင်းခယ်ရှင်းမေးလိုက်သည်။

"နင့်ကိစ္စမဟုတ်ဘူး!" အမျိုးသမီးစု ဘာမှပြန်မပြောနိုင်သေးခင်မှာပဲ စုအန်းယာက ကြားဖြတ်ပြောလိုက်သည်။ သူမအမှန်တကယ်ကို ကျင်းခယ်ရှင်းအားမုန်းတီးနေမိသည်။

"အန်းယာ၊ စကားကိုထိန်းပြော!" အမျိုးသမီးစု အပြစ်တင်ဆူပူလိုက်သည်။ စုအန်းယာက ကျင်းခယ်ရှင်းအား ဘယ်တုန်းကမှသဘောမကျခဲ့သည်ကို သူမသိထားပြီးဖြစ်သော်လည်း သူတို့နှစ်ဦးမှာ ဝမ်းကွဲများသာဖြစ်ပြီး အခုလိုအခြားလူများ၏ရှေ့တွင် ကျင်းခယ်ရှင်းအပေါ် စုအန်းယာ ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုခြင်းက မသင့်လျော်ပေ။

"ဒေါ်လေး၊ ဒါသမီးအမှားပါ။" ကျန်းခယ်ရှင်းက သူမပဲ အနိုင်ကျင့်ခံလိုက်ရသလိုမျိုး ဟန်ဆောင်လိုက်သည်။ တကယ်တော့ ကျန်းခယ်ရှင်းသည်လည်း စုအန်းယာကို အလွန်မနာလိုဖြစ်ကာ မုန်းတီးမိပေမည့် စုအန်းယာ၏မိသားစုသည် အလွန်ချမ်းသာပြီး ကျင်းမိသားစုအနေဖြင့် စုမိသားစုနှင့် ဆက်ဆံရေးကောင်းစေရန်အတွက်ထိန်းသိမ်းဖို့လိုအပ်လေသည်။ ထို့ကြောင့် ကျင်းခယ်ရှင်းမှာ စုအန်းယာနှင့် မျက်နှာချင်းဆိုကြီး ရန်ဖြစ်ဖို့ရန် မဝံ့ရဲပေ။ ထိုအစား သူမက အပြစ်ကင်းသည့်ပုံစံဟန်ဆောင်ကာ စုအန်းယာကို အမြဲတမ်းထောင်ချောက်ဆင်ခဲ့သည်။ စုအန်းယာ၏မိဘများကလဲ ထိုကိစ္စအတွက်ဖြင့် စုအန်းယာအားအကြိမ်ပေါင်းများစွာ အပြစ်တင်ဆူပူခဲ့သည်။ ထိုသို့ အမျိုးသမီးစုက စုအန်းယာကိုဆူလိုက်သည်ကိုမြင်တော့ ကျင်းခယ်ရှင်း၏စိတ်အခြေအနေအလွန်ကောင်းမွန်သွားတော့သည်။

ကျင်းခယ်ရှင်း၏ သူတော်ကောင်းယောင်ဆောင်နေသည့်အမူအရာများကိုကြည့်နေရသည့် စုအန်းယာမှာတော့ အလွန်စိတ်တိုနေမိပေမည့် သူမသူငယ်ချင်းများပါ ထိုပြဿနာထဲပါသွားမည်စိုး၍ ဘာမှတော့ပြန်မပြောခဲ့ပေ။

"လာ၊ အထဲမှာသွားထိုင်ကြရအောင်!" စုအန်းယာ ကျင်းခယ်ရှင်းကိုလျစ်လျူရှုကာ ကုနင်းအားပြောလိုက်သည်။

"အိုး၊ ဟုတ်တာပေါ့၊ လာကြ၊ လာကြ၊ ထိုင်ကြဦး!" အမျိုးသမီးစုကလဲ ဝင်ပြောလာသည်။

သူတို့အားလုံး ထိုင်ပြီးသွားကြချိန်တွင်တော့ အမျိုးသမီးစုက အိမ်အကူများကို သူမတို့စကားပြောရင်းစားဖို့ရန်အတွက် သစ်သီးနှင့်လက်ဖက်ရည်များတည်ခင်းခိုင်းလိုက်သည်။ အမျိုးသမီစုသည် ကုနင်းတို့ကို လူငယ်များဖြစ်သည့်အတွက်ဆိုကာ ဂရုမစိုက်ဟန် အထင်သေးဟန်အမူအရာမျိုးမရှိဘဲ ထိုအစား အနည်းငယ်စကားများကာ ဖော်ရွေတက်သည့်ပုံပင်ပေါ်သည်။

အမျိုးသမီးစုက ကုနင်း၏ဝါသနာများ ပညာရေးအခြေအနေများကိုမေးပေမည့် သူမ၏နောက်ခံမိသားစုအကြောင်းကိုတော့ဖြင့် တစ်ခွန်းမျှမမေးခဲ့ပေ။

မိနစ်အနည်းငယ်ကြာပြီးနောက်တွင်တော့ ချူးဖေ့ဟန်၊ ဟောင်ရန်နှင့်အခြားသူငယ်ချင်းများရောက်ရှိလာခဲ့ကာ စုအန်းယာကပဲသွားရောက်ကြိုဆိုခဲ့သည်။

သူတို့အားလုံးမှာ အလွန်ချမ်းသာသည့်မိသားစုများကသာဖြစ်သောကြောင်‌ ဟောင်ရန်၊ ချင်ကျီရွှမ်း နှင့်ဟောင်ရန်တို့သည် ယခင်တုန်းက အမျိုးသမီးစုနှင့်တွေ့ဖူးကြလေသည်။ အမျိုးသမီးစုသည်လဲ သူတို့က စုအန်းယာ၏သူငယ်ချင်းများဖြစ်နေသောကြောင့် အံ့အားသင့်သွားခဲ့သည်။ စုအန်းယာသည် တစ်ချိန်လုံး သူမ၏အဆင့်အတန်းမှန်ကို ထုတ်ဖော်၍မနေသလို အလွန်ချမ်းသာသည့်မိသားစုများမှ လူငယ်မျိုးဆက်များဖြင့်လဲ အပေါင်းအသင်းလုပ်လေ့မရှိပေ။ သူမက ထိုလူငယ်မျိုးဆက်များမှာ အမြဲတမ်းမောက်မာဝံ့ကြွားနေကြပြီး ပေါင်းသင်းရအဆင်မပြေဟု ထင်ခဲ့မိပေသည်။

"မင်္ဂလာပါ၊ အမျိုးသမီးစု!" ဟောင်ရန်၊ အန်းယီနှင့် ချင်ကျီရွှမ်းတို့နှုတ်ဆက်လိုက်ကြသည်။

"မင်္ဂလာပါကွယ်၊ ကြိုဆိုပါတယ်၊ လာထိုင်ကြ!"

မကြာခင်တွင်ပဲ စုအန်းယာ၏ဖခင် စုကျန်းဟောက်အထဲသို့ဝင်လာခဲ့သည်။ သူ၏ဘေးတွင်တော့ နောက်ထပ်သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးလဲထပ်ပါလာသေးသည်။ စုကျန်းဟောက်ဝင်လာသည်ကို ကုနင်းမြင်လိုက်သည်နှင့် စုကျန်းဟောက်၏နဖူးထက်တွင် မည်းနက်သည့်အငွေ့အသက်များရှိနေကာ သူ့ပုံစံသည်လဲ ဖြူဖျော့နေသောကြောင့် ကုနင်းထိတ်လန့်သွားရသည်။ စုကျန်းဟောက်တစ်ယောက် ယင်စွမ်းအင်နှင့်ထိတွေ့မိထားမှန်း အသိအသာပင်။

ကုနင်းတွင် စုကျန်းဟောက်ကိုကယ်ရန်ရည်ရွယ်ချက်ရှိသော်လည်း အခုချက်ချင်းကြီးတော့မဟုတ်ပေ။ သူမသည် လူများကို အကြောင်းမရှိဘဲ ကယ်တင်လေ့မရှိပေ။ စုမိသားစုသည် Fမြို့တွင် အာဏာရှိသည့်မိသားစုဖြစ်သောကြောင့် စုကျန်းဟောက်ကိုကယ်ရန်အတွက် သူမနေဖြင့်အချိန်ကောင်းကိုစောင့်သင့်လေသည်။ စုမိသားစုကသာ သူမအပေါ်အကြွေးတင်သွားခဲ့လျှင် သူတို့ကြားရှိဆက်ဆံရေးသည်လဲ ခိုင်မြဲသွားပေလိမ့်မည်။

ကုနင်းသည် တစ်ကိုယ်ကောင်းဆန်တတ်ခြင်းမျိုးမဟုတ်သော်လည်း အဆက်အသွယ်ကောင်းများတည်ဆောက်ဖို့ရန်အတွက်လဲလိုအပ်ပေသေးသည်။ ထို့ကြောင့်သာမဟုတ် ကုနင်းသည် လူတိုင်းကိုလိုက်လံကယ်တင်ပေးရအောင်လဲ သူတော်စင်အမျိုးသမီးတစ်ဦးမဟုတ်ပေ။

သူမဘက်က စေတနာနှင့်လူအများကိုကူညီပေးသည်မှာမှန်သော်လည်း ထိုသို့ကူညီပေးမှုက သူမအတွက် အကျိုးအမြတ်ရှိဖို့ရန်လည်း လိုအပ်သေးသည်။

"အဖေ!" စုအန်းယာ သူမအဖေဆီသို့ပြေးသွားကာ လက်မောင်းကိုတွယ်ချိန်လိုက်ပြီး၊

"အဖေ၊ ဘာပါဦး၊ သမီးသူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးဦးမလို့။"

"အိုး၊ သမီးရဲ့သူငယ်ချင်းတွေနဲ့လား?" စုအန်းယာတွင် သူငယ်ချင်းများရှိနေကာ အိမ်သို့ပင်ဖိတ်ခဲ့ခြင်းကြောင့် စုကျန်းဟောက်အံ့ဩသွားမိသည်။

စုကျန်းဟောက်လိုက်လာသည်နှင့် ကုနင်းတို့အားလုံး မတ်တပ်ထရပ်လိုက်ကာ၊

"တွေ့ရတာဝမ်းသာပါတယ်၊ လူကြီးမင်းစု!"

"မင်္ဂလာပါ၊ ဦးလေးစု!" ဟောင်ရန်တို့ကတော့ စုကျန်းဟောက်နှင့်ရင်းနှီးကြပြီးသားဖြစ်၍ ပုံမှန်သာနှုတ်ဆက်လိုက်သည်။

"ဦးလေး၊ အဖေ၊" စုအန်းဟောက်၏ဘေးမှ သက်လတ်ပိုင်းအရွယ်အမျိုးသားမှာ ကျင်းခယ်ရှင်း၏ဖခင်ပင်ဖြစ်သည်။

"မင်္ဂလာပါ၊ ဦးလေးစု၊ ဦးလေးကျင်း။" စုအန်းဟောင်ကလဲ လေးစားမှုအပြည့်ဖြင့်နှုတ်ဆက်လိုက်သည်။

"မင်းတို့အားလုံးလဲရောက်နေတာပဲ!" ဟောင်ရန်၊ အန်းရီနှင့်ချင်ကျီရွှမ်းတို့ကိုမြင်တော့ စုကျန်းဟောက်ပြုံးကာနှုတ်ဆက်လိုက်သည်။

စုအန်းယာလဲ ကုနင်းနှင့်အခြားသူငယ်ချင်းများကို သူမအဖေနှင့်ထပ်ပြီးမိတ်ဆက်ပေးလိုက်သည်။

"အဖေ၊ သမီးပြောဖူးတဲ့ သမီးအသက်ကိုကယ်ခဲ့တဲ့လူဆိုတာ ကုနင်းပဲ!"

ကုနင်းသည် စုအန်းယာ၏အသက်သခင်မှန်းကြားလိုက်ရသည်နှင့် စုကျန်းဟောက်သည်လဲ ကုနင်းကို ချက်ချင်းကျေးဇူးတင်စကားဆိုလိုက်သည်။

"မိန်းကလေးကု၊ ငါ့သမီးကိုကယ်ပေးခဲ့တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်! မင်းတစ်နေ့နေ့ Fမြို့မှာ ပြဿတစ်ခုခုကြုံလာခဲ့ရင် ငါ့ကိုအချိန်မရွေးဆက်သွယ်လို့ရပါတယ်။" စုမိသားစုသည် အလွန်ရက်ရောလွန်းသည့်မိသားစုဖြစ်သလို ကုနင်းသည်လဲ စုအန်းယာ၏အသက်သခင်ဖြစ်သောကြောင့် ပို၍အလေးပေးဆက်ဆံလေသည်။

"ဟုတ်ကဲ့ပါ။"

"အသက်သခင်? အန်းယာဘာဖြစ်လို့လဲ?" ကျင်းခယ်ရှင်း၏အဖေ ကျင်းကျင့်ဝေ့က စိုးရိမ်ပူပန်စွာဖြင့်မေးလိုက်သည်။

"အန်းယာ ကားတိုက်မိမလိုဖြစ်ခဲ့သေးတယ်။ မိန်းကလေးကုက အချိန်ကိုက်ကယ်တင်ပေးခဲ့လို့သာပေါ့။" စုကျန်းဟောက် အကြမ်းဖျင်းလောက်သာပြောပြပေးလိုက်သည်။

မတော်တဆမှုဖြစ်ပြီးသွားသည်နောက် စုမိသားစုမှနေပြီး ကောယွိချန်နှင့် ဝူရှင်းယွီတို့၏မိသားစုများကိုပြန်လည်လက်တုန့်ပြန်ခဲ့ပြီးပြီဖြစ်သည်။ ယခုပြဿနာမှာ လူငယ်အချင်းချင်းဖြစ်ကြခြင်းမျိုးမဟုတ်ဘဲ မိဘများကဖြစ်ခဲ့သည့်အမှားကြောင့်သာဆိုလျှင် စုအန်းဟောက်သည် ထိုမိသားစုနှစ်စုလုံးကို လုံးဝနာလန်ပြန်မထူနိုင်အောင်ပင် ဖြုတ်ချပစ်မည်ဖြစ်သည်။ သို့ပေမည့် ဝူမိသားစုသည်တော့ လွန်ခဲ့သည့်ရက်ပိုင်းခန့်ကပင် ကုနင်း၏ဖြုတ်ချခြင်းကိုခံသွားကြရပြီဖြစ်သည်။ ဝူရှင်းယွီ၏အဖေမှာ ထိုဝူလျန်ချင်းပင်ဖြစ်သည်။

"အဲ့လိုလား၊ ကျေးဇူးအများကြီးတင်ပါတယ်၊ မိန်းကလေးကု။"ကျင်းကျင့်ဝေ့ ကျေးဇူးတင်စကားပြောလိုက်သော်လည်း ကုနင်းကတော့ သူ့မျက်ဝန်းအတွင်းတွင် စိတ်ပျက်သွားသည့်အရိပ်အယောင်များဖြတ်သန်းသွားသည်ကို အမိအရမြင်လိုက်ရပေသည်။ ပုံစံအရ ကျင်းကျင့်ဝေ့သည် စုအန်းယာအန္တရာယ်ဖြစ်မည်မျိုးကို မျှော်လင့်နေခဲ့ပုံပင်။ ကျင်းခယ်ရှင်းတွင်လည်း အလားတူ စိတ်ပျက်သွားသည့်အရိပ်အယောင်များဖြစ်ပေါ်လာခဲ့သည်။ သူမသည်လဲ စုအန်းယာ ထိုအချိန်တုန်းကကားဖြင့်အတိုက်ခံသွားရဖို့ရန်မျှော်လင့်လို့နေသည်။

ကုနင်း တိတ်တဆိတ် နှာခေါင်းရှုံလိုက်မိသည်။ တကယ့်ကို အဖေတူ သမီးပေပဲ။ ကျင်းကျင့်ဝေ့ရော ကျင်းခယ်ရှင်းပါ စုအန်းယာရော စုမိသားစုပါ ပြဿနာဖြစ်မည်မျိုးကို မျှော်လင့်နေကြသည်။ ထိုကြောင့် ကျင်းမိသားစုသည် စုမိသားစုအား ပုန်ကန်ရန်အတွက် အကြံအစည်များရှိနေကြောင်း သိသာပေသည်။

"ဒါဆိုလဲ မင်းတို့ကိုမနှောက်ယှက်တော့ပါဘူး။ ငါ ကျင့်ဝေ့နှင့်ဆွေးနွေးစရာလေးရှိလို့ စာကြည့်ခန်းထဲသွားလိုက်ဦးမယ်။" စုကျန်းဟောက်ပြောလိုက်ကာ ကျင်းကျင့်ဝေ့နှင့်အတူ အပေါ်ထပ်သို့တက်သွားခဲ့သည်။

ကုနင်းတို့အားလုံး အချိန်အတော်ကြာစကားပြောနေကြပြီး ညနေ၅နာရီထိုးခါနီးတွင်တော့ ဧည့်သည်တစ်ယောက်စနှစ်ယောက်စ စတင်ရောက်ရှိလာပြီဖြစ်၍ စုအန်းယာက ကျင်းခယ်ရှင်းမှလွဲ၍ အခြားမိန်းကလေးများအား အဝတ်အစားလဲရန်အတွက် သူမအခန်းဆီသို့ခေါ်သွားခဲ့သည်။

***

အခန်း ၃၈၇

မွေးနေ့ပွဲစတင်ခြင်း

စုအိမ်တော်တွင် ကျင်းခယ်ရှင်းအတွက် ကိုယ်ပိုင်သီးသန့်အခန်းတစ်ခန်းရှိထားပြီးသားဖြစ်၍ သူမကတော့ သူမအခန်းဆီသို့သာ အဝတ်အစားလဲရန်အတွက်ပြန်သွားလိုက်သည်။

စုမိသားစုဝင်အားလုံးသည် အိမ်တော်တစ်ခုတည်းတွင်သာနေကြပြီး ဆရာကြီးစု၏အကြီးဆုံးသားမိသားစုသည်တော့ ဒုတိယထပ်တွင်နေကာ ဆရာကြီးစု၏သားငယ်မိသားစုသည်တော့ တတိယထပ်တွင် အသီးသီးနေကြလေသည်။

ကောင်းယိက ကုနင်းနှင့်ယွီမီရှီအတွက် ပွဲတက်ဝတ်စုံများကို ကားထဲမှသွားထုတ်ပေးပြီး ယွီမီရှီကလည်း ကားထဲရှိသူမ၏ပွဲတက်ဂါဝန်ကို ဟောင်ရန်အားယူပေးရန်အတွက် အကူအညီတောင်းလိုက်သည်။

"နင်တို့ပွဲတက်ဝတ်စုံတွေယူလာဖို့မလိုပါဘူးလို့ ငါမပြောခဲ့ဘူးလား? ငါ့ဆီမှာ အများကြီးရှိတယ်၊ ပြီးတော့ အားလုံးက အသစ်တွေချည်းပဲ!" စုအန်းယာကဆိုသည်။

"ရပါတယ်၊ ငါတို့က ငါတို့ဝတ်စုံတွေကိုပဲ ဝတ်ချင်ကြလို့ပါ။"

ကုနင်းက ကောင်းယိနှင့်ချောင်ယတို့ကို ဧည့်ခန်းမတွင်သာစောင့်ရန်မှာကြားခဲ့ပြီး သူမတို့ကတော့ စုအန်းယာနှင့်အတူ အပေါ်ထပ်သို့တက်လာခဲ့သည်။ စုအန်းယာ၏အခန်းသည်က ဒုတိယထပ်တွင်ရှိပြီး စုအန်းဟောင်၏အခန်းမှာတော့ တတိယထပ်တွင်ရှိလေသည်။

ကောင်လေးများသည်တော့ လာကတည်းက သူတို့၏ပွဲတက်ဝတ်စုံများကိုဝတ်လာကြပြီးသားဖြစ်လေသည်။

စုအန်းယာ၏အခန်းသည် မင်းသမီးလေးတစ်ပါး၏အခန်းကဲ့သို့အလှဆင်လို့ထားသည်။ နေရာတိုင်းကို ပန်းရောင်များဖြင့်သာအလှဆင်ထားသောကြောင့် စုအန်းယာ၏ဖြတ်လတ်ကြွသည့်ပုံစံဖြင့် လုံးဝမလိုက်ဖက်နေပေ။ ထို့ကြောင့် အခန်းထဲသို့ဝင်လိုက်သည်နှင့် ချူးဖေ့ဟန်မနေနိုင်စွာဖြင့် ရယ်လိုမိသည်။

"ဘုရားရေ! နင်ဒီလိုစတိုင်မျိုးကြိုက်လိမ့်မယ်လို့ ငါစိတ်ကူးလို့တောင်မရဘူး! နင့်ပြောထားတဲ့အသက်ကအမှန်ရောဟုတ်ရဲ့လားတောင် သံသယဝင်လာပြီ။"

"ဒါတွေအကုန် ငါ့အမေလုပ်ထားတာ! ငါလဲမတတ်နိုင်ဘူးလေ!" စုအန်းယာ အမြန်ပြန်ပြီး ခွန့်တုန့်ပြန်လိုက်သည်။ ထို့နောက် သူမတို့အားလုံး စတင်ပြီး မိတ်ကပ်များပြင်ဆင်ချယ်သကာ ဝတ်စုံများလဲလှယ်လိုက်သည်။

ဧည့်သည်များသည်တော့ အဆက်မပြတ်ရောက်ရှိလာလာခဲ့ပြီး ထိုလူအားလုံးမှာ စုမိသားစုထံမှဖိတ်ကြားစာကို လက်ခံရရှိထားကြသူများသာဖြစ်လေသည်။ စုမိသားစုသည် Fမြို့တွင်တော့ လူသိများကျော်ကြားသည့် အလွန်ချမ်းသာသောမိသားစုဖြစ်သောကြောင့် အာဏာမြင့်သည့်ပုဂ္ဂိုလ်များစွာသည်လဲ သူတို့၏ဧည့်သည်များဖြစ်ကြသည်။

စုန်ကျန်းဟောက်နှင့်အမျိုးသမီးစုသည်တော့ ဧည့်သည်များကို လူကိုယ်တိုင်ကြိုဆိုနေကြပြီး ဧည့်သည်တိုင်းကလဲ မွေးနေ့လက်ဆောင်ကို အသေအချာပြင်ဆင်လာပေးကြသည်။ လက်ဆောင်အားလုံးသည် ဒီဇိုင်နာထုတ်တံဆိပ်များ၊ သီးသန့်မှာယူထားသည့်ပစ္ဏည်းများသာဖြစ်ကြပြီး ဈေးပေါကာ သာမာန်ဖြစ်သည့်ပစ္စည်းမျိုး တစ်ခုတစ်လေပင်မပါရှိပေ။

ကုနင်းတို့မိန်းကလေးအဖွဲ့ ပြင်ဆင်ချယ်သလို့ပြီးချိန်တွင်တော့ ညနေ၆နာရီပင်ထိုးခါနီးနေပြီဖြစ်သည်။

ကုနင်း၏ဝတ်စုံမှာ အလွန်သတိထားမိချင်စရာမကောင်းလှသော်လည်း သူမထံမှဖြာထွက်နေသည့် မြင့်မြတ်သည့်အရှိန်အဝါများနှင့် ရည်မွန်ကာ ဆွဲဆောင်မှုရှိခြင်းတို့ကတော့ သတိမထားမိဘဲမနေနိုင်အောင်ပင်။ သူမထွက်ပေါ်လာသည်နှင့် မည်သူမျှအကြည့်မလွှဲနိုင်ဖြစ်သွားကြရသည်။

"ဘုရားရေ! နင်းနင်း၊ နင်ငါ့ဆီကနေ လူတွေရဲ့အာရုံစိုက်မှုကို ဆွဲယူသွားမှာတော့မဟုတ်ပါဘူးနော်? မဖြစ်သေးဘူး၊ ငါတော့ နင့်ကိုချစ်မိသွားတော့မှာပဲ!" စုအန်းယာက ကုနင်းထွက်လာသည်နှင့်စနောက်လိုက်သည်။

စုအန်းယာ စနောက်ခြင်းသာဖြစ်သော်လည်း ကုနင်းသည် လျစ်လျူရှု၍မရနိုင်လောက်အောင် ဆွဲဆောင်မှုရှိလွန်းနေသည်ကိုတော့ သူမအမှန်တကယ်ကိုအသိအမှတ်ပြုပေသည်။

"ဟ-ဟ။" ချူးဖေ့ဟန်က အသံထွက်ရယ်လိုက်ကာ၊

"မဖြစ်နိုင်ဘူး၊ ကုနင်းမှာက ကောင်လေးရှိနေပြီးသား။"

"ဒီလိုဆိုလဲ၊ ငါစောင့်နိုင်ပါတယ်။"

"လာပါဦး အန်းယာရယ်၊ နင့်ကိုနင်လဲကြည့်ပါဦး! နင့်ကိုနင် ဒီနေ့ဘယ်လောက်တောင်ဆွဲဆောင်မှုရှိလွန်းနေလဲဆိုတာကျမသိဘူးလား!" ကုနင်း၏အပြောက စုအန်းယာကို စိတ်မအေးစေပေ။ စုအန်းယာ ယနေ့အတွက် အတော်လေးနေရထိုင်ရခက်နေပေသည်။ သူမ၏ခါးကို ပုံမှန်ထပ်ပို၍သေးသွယ်စေရန်အတွက် ကျပ်ထုပ်ကာရှည်လျားသည့်ဝတ်စုံမျိုးကိုဝတ်ဆင်ထားရသည်။ ထို့အပြင် ဝတ်စုံ၏အဆုံးကလဲ ကြမ်းပြင်ပေါ်သို့ တရွတ်တိုက်သလိုရှည်လျားနေသောကြောင့် သူမမှန် လမ်းကိုတော့မှ ဖြည်းဖြည်းချင်းလျှောက်နေရသည်။ ကုနင်းက အလွန်ဆွဲဆောင်မှုရှိနေသည်မှာမှန်သော်လည်း စုအန်းယာကိုလဲ ဘယ်သူကမှ လျစ်လျူရှုထားနိုင်လိမ့်မည်မဟုတ်ပေ။

"ငါလှတာ ငါသေချာသိတာပေါ့!" စုအန်းယာ ယုံကြည်ချက်အပြည့်ဖြင့်ပြန်ပြေလိုက်သည်။

ပုံမှန်အတိုင်းဆိုလျှင် စုအန်းယာသည် ယခုကဲ့သို့ခမ်းနားသည့်ပွဲမျိုးများကိုမကြိုက်နှစ်သက်ပေ။ သူမက သူမသူငယ်ချင်းများနှင့်သာ ဘားတစ်ခုတွင် သောက်စားပျော်ပါးရသည်မျိုးကို နှစ်သက်လေသည်။ ထိုသို့သောပွဲမျိုးလုပ်ခြင်းက ရိုးရှင်းလွန်းသည်မှန်သော်လည်း အမှန်တကယ်ပျော်ရွှင်ရလေသည်။ သို့ပေမည့် အလွန်ချမ်းသာသည့်မိသားစုတွင်မွေးဖွားလာရသည့် ကလေးတစ်ဦးအနေနှင့် သူမလုပ်ချင်တိုင်းလုပ်လိုက်လို့မရနိုင်ကြောင်း စုအန်းယာကောင်းကောင်းသဘောပေါက်လေသည်။ ယနေ့သူမ၏မွေးနေ့ပွဲဖြစ်ပေမည့် တကယ်တော့ နာမည်ကြီးပုဂ္ဂိုလ်များအတွက် တွေ့ဆုံနှုတ်ဆက်ပွဲနှင့်ပို၍ဆင်တူလေသည်။ ရာထူးကြီးပုဂ္ဂိုတိုင်းမှာ သူမမွေးနေ့ပွဲသို့ မဖြစ်မနေတက်ရောက်မည်ဖြစ်ကာ ပွဲလာသူများနှင့်အချင်းချင်း အဆက်အသွယ်ကောင်းတစ်ခုဖြစ်သွားစေရန်အတွက် ကြိုးစားကြမည်ဖြစ်သည်။

ထိုအချိန်တွင်ပဲ အခန်းတံခါးခေါက်သံပေါ်ထွက်လာခဲ့ကာ၊

"အန်းယာ၊ မွေးနေ့ပွဲကစတော့မယ်။ နင်အဆင်သင့်မဖြစ်သေးဘူးလား?" စုအန်းဟောင်ကမေးလိုက်သည်။

"ဖြစ်ပါပြီ၊ ငါတို့အခုပဲထွက်လာခဲ့မယ်!" ထို့နောက် စုအန်းယာတို့မိန်းကလေးအဖွဲ့အပြင်သို့ထွက်လာခဲ့ကြသည်။

ကျင်းခယ်ရှင်း၏အခန်းသည်တော့ ပထမထပ်တွင်သာဖြစ်သောကြောင့် စုအန်းဟောင်နှင့်အတူ စုအန်းယာတို့ကိုစောင့်နေခဲ့သည်။ စုအန်းယာတို့အဖွဲ့ထွက်လာသည်ကိုမြင်လိုက်ရသည်နှင့် ကျင်းခယ်ရှင်း၏မျက်ဝန်းတစ်ခုလုံး မနာလိုမှုများကြောင့် စိမ်းဖန့်သွားရတော့သည်။

ကျင်းခယ်ရှင်းသည်လဲ ကြည့်ကောင်းသည့်မိန်းကလေးတစ်ဦးဖြစ်သည်။ သူမသည်တော့ ပုလဲလုံးများစွာြဖင့် အလှဆင်ထားသည့်ဂါဝန်အတိုတစ်ထည်ကိုဝတ်ဆင်ထားပြီး သူမ၏ဆံပင်များကိုတော့ဖြင့် စုကာထုံးထားလေသည်။ သလင်းကျောက်ရောင်ဒေါဖိနပ်တစ်ရံကိုလဲစီးထားသောကြောင့် သူမ၏ပုံစံမှ ပို၍ အရပ်ရှည်ကာ ပိန်သွယ်ပြီး လှပနေပေမည့် စုအန်းယာနှင့်အခြားသောမိန်းကလေးများနှင့်အတူ ယှဉ်ရပ်လိုက်သည့်အချိန်မျိုးတွင်တော့ မှေးမှိန်လို့သွားသောကြောင့် သူမအလွန်ဒေါသထွက်သွားရသည်။

စုအန်းယာတင်မကဘဲ အခြားသောမိန်းကလေးများကိုလဲ အလွန်မနာလိုဖြစ်မိလေသည်။ ကုနင်းသည်တော့ ကြော့ရှင်းလှပကာ ချူးဖေ့ဟန်သည်က ဆွဲဆောင်မှုရှိပြီး ယွီမီရှီသည်တော့ ငယ်ရွယ်တက်ကြွသည့်ဟန်ဖြင့်လှပလို့နေသည်။

"သွားကြရအောင်!" စုအန်းယာက အခြားမိန်းကလေးများကို ဦးဆောင်ကာ အောက်ထပ်သို့လျှောက်လာခဲ့လိုက်သည်။ ကျင်းခယ်ရှင်းကတော့ တမင်အနောက်မှ ကျန်နေခဲ့သည်။ လှပကာငယ်ရွယ်သည့်မိန်းကလေးတစ်ဖွဲ့အောက်ထပ်သို့ဆင်းလာသည်ကိုမြင်လိုက်ရတော့ ပွဲအတွင်းများလူတိုင်း ငေးမောသွားမိကြသည်။ သူတို့အားလုံး ထိုလှပသည့်ပုံရိမ်ကလေးများကိုမကြည့်မိဘဲမနေနိုင်ကြပေ။ ကုနင်းက လူအများစု၏အာရုံကိုဆွဲဆောင်နိုင်သည်ဆိုသော်လည်း စုအန်းယာကို အာရုံစိုက်လဲမပျက်သွားကြပေ။

ချမ်းသာသည့်မိသားစုများမှ အမွေဆက်ခံသူဒုတိယမျိုးဆက်များသည်လဲ ချက်ချင်းပင် အနားရှိလူများဘက်သို့လှည့်ကာ ကုနင်းနှင့်အခြားသောမိန်းကလေးများ၏နောက်ခံအသိုင်းအဝိုင်းအကြောင်းကိုမေးမြန်းကြတော့သည်။

"သူတို့အားလုံးက အန်းယာရဲ့သူငယ်ချင်းတွေပဲ။ ကောင်လေးတွေ ကိုယ့်ကိုကိုယ်ထိန်းကြ!" စုကျန်းဟောက်က သတိပေးလိုက်သည်။ ထိုမိန်းကလေးများမှာ သူ့သမီးဖြစ်သူ၏သူငယ်ချင်းကောင်းများဖြစ်ပြီး အထူးသဖြင့်ကုနင်းသည်တော့ အကောင်းဆုံးသူငယ်ချင်းလို့ပင်ပြော၍ရသောကြောင့် ထိုပွေရှုပ်သည့်ကောင်လေးများ သူမတို့ကိုစိတ်အနှောက်အယှက်ပြုမည်ကို ခွင့်မပြုထားနိုင်ပေ။ စုကျန်းဟောက်၏သတိပေးစကားကိုကြားလိုက်ရသောကြောင့် ထိုဒုတိယမျိုးဆက်အမွေဆက်ခံသူအတော်များများကတော့ ပါးစပ်ပိတ်သွားကြပေမည့် အချို့သည်တော့ လုံးဝဂရုစိုက်မနေပေ။

"အိုး၊ အဲ့ဒါကုနင်းမဟုတ်လား?" ကုနင်းသည် အရင်ဝတ်စုံကိသာဝတ်ထားခြင်းဖြစ်သောကြောင့် ဟောင်ရန်၏အမေက တန်းမှတ်မိသွားတော့သည်။

"ဟုတ်သားပဲ!" အမျိုးသမီးလုလဲ အံ့ဩသွားသည်။

အမျိုးသမီးဟောင်နှင့် အမျိုးသမီးလုသည်သာမကပဲ အခြားသောဧည့်သည်တော်တော်များများမှာလဲ ဆရာကြီးချင်၏မွေးနေ့ပွဲကိုတက်ခြင်းကြောင့် ကုနင်းကိုမှတ်မိသွားကြသည်။

ယွင်ကျီစုန့်သည်လဲ စုကျန်းဟောက်၏နားဘေးတွင်ရပ်နေခြင်းကြောင့် "သူပဲ!" ကုနင်းကိုမြင်သည်နှင့်အံ့အားသင့်သွားတော့သည်။

***

အခန်း ၃၈၈

မယုံနိုင်စရာအဆက်အသွယ်ကောင်းမှု

"ဘယ်သူလဲ?" စုကျန်းဟောက်က ယွင်ကျီစုန့်ကို နားမလည်နိုင်စွာကြည့်လိုက်မိသည်။

"ကုနင်းလေ၊"

စုကျန်းဟောက် အံ့ဩသွားကာ၊

"မင်း ကုနင်းကိုသိတယ်လား?"

စုကျန်းဟောက်နှင့် ယွင်ကျီစုန့်သည် အထက်တန်းကျောင်းနေဖက်သူငယ်ချင်းများဖြစ်သောကြောင့် အလွန်ရင်းနှီးလေသည်။ အရေးအကြီးဆုံးကတော့ သူတို့ယနေ့လိုအောင်မြင်လာရခြင်းသည် သူတို့၏နောက်ခံမိသားစုများကြောင့်အပြင် သူတို့ချင်း တစ်ယောက်ကိုတစ်ယောက် ထောက်ပံ့ပေးထားခြင်းကြောင့်လဲ ပါဝင်သည်။ သူတို့နှစ်ဦး၏အလွန်ရင်းနှီးသည့်ဆက်ဆံရေးကြောင့် အခြားသူများက သူတို့ကို လိင်တူစုံတွဲဟုပင် ထင်မှတ်မှားကြရသည်!

"သူက ငါ့အသက်ကိုကယ်ခဲ့တဲ့မိန်းကလေးပဲ။"

"ဘာ?" စုကျန်းဟောင် အလွန်အံ့အားသင့်သွားရသည်။

ယွင်ကျီစုန့်က သူ့ကို မတော်တဆမှုဖြစ်သွားသည့်အခြေအနေအားလုံးကို ပြောပြထားခဲ့သည်။ မိန်းမငယ်လေးတစ်ယောက်ကသာ ပြေးထွက်လာပြီး သူ့ကိုမကယ်တင်ပေးခဲ့လျှင် သေချာပေါက် သူ့ရင်ဘက်ကို ဓါးထိုးခံရပြီးဖြစ်ပေလိမ့်မည်ဟုပင်။ ကုနင်းက ထိုမျှအန္တရာယ်များသည့်အခြေအနေမှာပင် လူတစ်ယောက်ကိုကယ်တင်ပေးနိုင်သည်ဆိုတော့ သူမသည် အံ့ဩစရာကောင်းလောက်အောင် လျင်မြန်ဖျတ်လတ်လို့ပဲဖြစ်ရမည်။ ထို့နေ့က တိုက်ခိုက်ခံရမှုအကြောင်းတွေးမိသွားတော့ ယွင်ကျီစုန့်မဆိုထားနှင့် စုကျန်းဟောက်ပင်လျှင် အလွန်ကြောက်လန့်သွားရသည်။

စုအန်းယာသည် ခန်းမထဲသို့လျှောက်ဝင်လာချိန်တွင်တော့ စုကျန်းဟောက်လဲ ကုနင်းအပေါ်အံ့အားသင့်နေမှုများကို ချိုးနှိမ်ကာ စုအန်းယာအနားသို့သွားလိုက်သည်။ ထို့နောက် လူအုပ်ကြီးဘက်သိုလှည့်ကာ ပြုံးပြလိုက်ပြီး၊

"အခုလို အန်းယာရဲ့မွေးနေ့ပွဲကိုတက်ရောက်လာပေးကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်! အားလုံးစိတ်တိုင်းကျပျော်နိုင်ပါတယ်!"

လူတိုင်းလဲ စုအန်းယာ၏၁၈နှစ်ပြည့်မွေးနေ့အတွက် ရှန်ပိန်ခွက်များကိုမြှောက်ကာ ဂုဏ်ပြုလိုက်ကြသည်။

ကုနင်းတို့ကျန်သည့်မိန်းကလေးများလဲ ခန်းမထဲသို့ရောက်ပြီးမကြာခင်တွင်ပဲ အမျိုးသမီးဟောင်က ဧည့်များနှင့်စကားပြောရန်အတွက် စုအန်းယာကိုဆွဲခေါ်သွားတော့သည်။ ထို့နောက် ဟောင်ရန်နှင့်အခြားကောင်လေးများလဲ ကုနင်းတို့နှင့်အတူပြန်၍ဝိုင်းဖွဲ့လိုက်ကြသည်။

ယွင်ကျီစုန့်သည်တော့ ကုနင်းအနားသို့လျှောက်လာခဲ့ကာ၊

"ဟိုင်း၊ ကုနင်း၊ ထပ်ပြီးတွေ့ရတာဝမ်းသာပါတယ်။" ကုနင်းက သူ့ထက်ငယ်ရွယ်သည့်အတွက် မလေးစားသည့်အပြုအမူမျိုးလုံးဝမပြပေ။ သူမဘယ်လောက်ပင်ငယ်ပါစေ သူ့အတွက်တော့ အသက်သခင်သာဖြစ်သည်။

"မင်္ဂလာပါ။" ကုနင်းလဲ ပြန်ပြီးပြုံးပြကာ နှုတ်ဆက်လိုက်သည်။

အနားရှိလူအများအပြားသည်လဲ ယွင်ကျီစုန့်က သူ့သဘောနှင့်သူလိုလားစွာဖြင့် ကုနင်းကိုလာရောက်နှုတ်ဆက်သည်ကိုမြင်လိုက်ကြသောကြောင့် အံ့အားသင့်သွားကြရသည်။ ကုနင်းကိုချဉ်းကပ်ဖို့ရန်ကျန်နေသည့် လူရှုပ်လူပွေလူချမ်းသာလေးများသည်လဲ ထိုမိန်းကလေးအဖွဲ့နားမှ ချက်ချင်းပင် ဝေးဝေးဆုတ်သွားကြတော့သည်။

"မင်္ဂလာပါ၊ လူကြီးမင်းယွင်။" ကုနင်း၏သူငယ်ချင်းများကလဲ ယွင်ကျီစုန့်ကိုနှုတ်ဆက်လိုက်ကြသည်။ သူတို့အားလုံးသည်လဲ ကုနင်းပြုလုပ်ခဲ့သည့်ကိစ္စကိုသိထားကြပြီးဖြစ်သောကြောင့် ယွင်ကျီစုန့်အခုလို ကုနင်းအားလာနှုတ်ဆက်သည်ကို မအံ့ဩမိကြပေ။

ယွင်ကျီစုန့်က သူတို့ကို ခေါင်းညိတ်ပြကာ နှုတ်ဆက်မှုကို အသိအမှတ်ပြုလိုက်ပြီး၊

"ဒီလိုဆို ငါမင်းတို့ကိုမနှောက်ယှက်တော့ဘူး။ ဟိုဘက်မှာ ငါ့မိတ်ဆွေတွေနဲ့စကားသွားပြောလိုက်ဦးမယ်။"

တကယ်တော့ ချမ်းသာသည့်လူရှုပ်လူပွေကောင်လေးအချို့က ကုနင်းနှင့်အခြားမိန်းကလေးများအား ကြံရွယ်နေသည်ကို ယွင်ကျီစုန့်သတိပြုမိသောကြောင့် တမင်တကာ ကုနင်းကိုလာရောက်နှုတ်ဆက်လိုက်ခြင်းဖြစ်သည်။ သူထိုကဲ့သို့ပြုလုပ်လိုက်ခြင်းဖြင့် ထိုလူငယ်များကို ခပ်ခွာခွာဖြစ်သွားစေပေသည်။

"ဟ-ဟ၊ ကောင်မလေးကု၊ မင်းကိုထပ်တွေ့ရတာဝမ်းသာတယ်ကွာ!" ယွင်ကျီစုန့်ထွက်သွားပြီးသည်နှင့် ကုချန်ကျန်းနှင့်ချင်ဟောက်ကျန်းတို့ရောက်လာခဲ့သည်။

"မင်္ဂလာပါ၊ ဆရာကြီးကု၊ ဆရာကြီးချင်။" ကုနင်းပြုံးကာ နှုတ်ဆက်လိုက်သည်။

ချင်ဟောက်ကျန်းသည်တော့ ကုနင်းနှင့်တွေ့ရသည်ကို အနည်းငယ်နေရထိုင်ရခက်နေပြီး၊

"မိန်းကလေးကု၊ ယီချင်း မင်းကိုအပေါ်လုပ်ခဲ့တဲ့ကိစ္စအတွက် ဦးလေးတောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး လက်ခံပေးပါနော်။"

"ဘာဖြစ်ခဲ့လို့လဲ?" ကုချန်ကျန်း နားမလည်နိုင်ဖြစ်သွားခဲ့သည်။ ချင်ယီချင်းသည် ကြင်နာတတ်သည့်မိန်းကလေးမျိုးမဟုတ်ကြောင်း သူသိထားပြီး ချင်ဟောက်ကျန်းက သူမအတွက်ကြောင့်နှင့် ကုနင်းကိုတောင်းပန်နေခြင်းကြောင့် ချင်ယီချင်းတစ်ယောက် သေချာပေါက်က ကုနင်းကို စိတ်အနှောက်အယှက်ပေးခဲ့ခြင်းဖြစ်လိမ့်မည်ဟု ကုချန်ကျန်းတွေးလိုက်မိသည်။

"စိတ်ထဲထားမနေပါနဲ့၊ လူကြီးမင်းချင်။ ဒါကနားလည်မှုလွဲသွားကြရုံပါ။ ကျွန်မက အဲ့ကိစ္စကိုမေ့တောင်နေပြီ။" ကုနင်းပြန်ဖြေလိုက်သည်။ ထိုသို့သာမဟုတ်လျှင် လွန်ခဲ့သည့်ရက်က ဈေးဝယ်စင်တာတွင် ချင်ယီချင်းကို သူမကူညီခဲ့လိမ့်မည်မဟုတ်ပေ။

"ကျေးဇူးပါ။" ချင်ဟောက်ကျန်းပြောလိုက်သည်။ ထိုကိစ္စမှာ လုံးဝကို ချင်ယီချင်း၏အမှားသာဖြစ်ပေသည်။

"ကိစ္စကြီးမဟုတ်ပါဘူး။"

ချင်ဟောက်ကျန်းက တစ်စုံတစ်ခုကိုပြောချင်နေပေမည့် နောက်ဆုံးတော့ဘာတစ်ခွန်းမှမပြောခဲ့ဘဲ။

"ကောင်းပြီလေ၊ ဒါဆို နောက်မှတွေ့ကြတာပေါ့။"

ထို့နောက် ချင်ဟောက်ကျန်းနှင့် ကုချန်ကျန်းတို့ပြန်ထွက်သွားကြတော့သည်။

ချင်ဟောက်ကျန်းက တကယ်တော့ ချင်ယီဖန်းအကြောင်းပြောချင်နေခြင်းဖြစ်သည်။ ချင်ယီဖန်းမှာ ကုနင်းအတွက်ကြောင့် စိတ်အခြေနေသိပ်မကောင်းသေးပေ။ သို့ပေမည့် ကုနင်းက သူ့ကိုငြင်းခဲ့ပြီးပြီဖြစ်သောကြောင့် ချင်ဟောက်ကျန်းအနေဖြင့် ပြန်အစဖော်ဖို့ရန်ကလဲ မသင့်တော်ပေ။

"အိုး၊ နင်မိန်းကလေးစုနဲ့သူငယ်ချင်းဖြစ်နေမယ်လို့ ငါမထင်ထားခဲ့ဘူး။" အန်ချင်းက လဲ့ကျန်းယွီ၏လက်မောင်းကိုချိတ်ဆွဲရင်း ကုနင်းတို့အနားသို့ရောက်လာခဲ့သည်။

"ဟိုင်း၊ အန်ချင်း၊ လူကြီးမင်းလဲ့!" ကုနင်းနှုတ်ဆက်လိုက်သည်။

"နင့်မှာ တကယ့်ကိုမယုံနိုင်စရာအဆက်အသွယ်ကောင်းတွေရှိနေပုံပဲ!" အန်ချင်းက သူမမျက်ခုံးကိုပင့်ကာ စနောက်လိုက်သည်။

"ဒီလောက်ကတော့ဘာမှမပြောပလောက်ပါဘူး။ ငါနဲ့သိတဲ့ အထူးပုဂ္ဂိုလ်တွေကများလွန်းလို့ ရေတောင်မရေနိုင်တော့ဘူး။" ကုနင်းနောက်လိုက်သည်။

"ဟုတ်လား! ငါ့ကိုပြောပြစမ်းပါဦး!" အန်ချင်း ဆက်ပြောလိုက်သည်။

စုကျန်းဟောက်သည် ကုနင်းနှင့်အခြားမိန်းကလေးများ ယခုလို ခမ်းနားကာလူကြီးများသာအများစုတက်ရောက်သည့်ပွဲမျိုးတွင် နေရခက်နေမည်ကိုစိုးရိမ်သောကြောင့် တစ်ချိန်လုံး ကြည့်နေခဲ့သည်။ သို့ပေမည့် Gမြို့ရှိလေးစားရသည့်လူပုဂ္ဂိုလ်များက ကုနင်းကိုသွားရောက်နှုတ်ဆက်နေကြသည်ကိုမြင်လိုက်ရတော့ သူအတော်လေးထိတ်လန့်အံ့ဩမိသွားခဲ့သည်။ Fမြို့တွင်လည်း အာဏာရှိသည့်ကုမိသားစုဟူသည်ကို သူတစ်ကြိမ်တစ်ခါမျှမကြားခဲ့ဖူးသောကြောင့် ကုနင်းသည် သာမာန်မိသားစုတစ်ခုမှမိန်းကလေးသာဖြစ်မည်ဟု ထင်ခဲ့မိလေသည်။ သို့ပေမည့် မမျှော်လင့်ထားစွာဘဲ သူမသည် အာဏာရှိသည့်ပုဂ္ဂိုလ်များစွာနှင့်သိကျွမ်းနေလေသည်။

တစ်ဖက်ရှိကျင်းခယ်ရှင်းသည်လည်း မနာလိုဖြစ်လွန်းရ၍ ရူးတော့မလိုဖြစ်နေသည်။ ကုနင်းဘာကြောင့် ထိုမျှများပြားသည့် ပုဂ္ဂိုလ်များနှင့်သိနေလည်းဆိုသည်ကို သူမနားမလည်နိုင်ပေ။ စုအန်းယာသည်လည်း သူမအမေနှင့် ခန်းမတည့်ပတ်ပတ်ပြီးသွားသည့်နောက် ကုနင်းတို့ရှိရာသို့ပြန်ရောက်လာခဲ့ကာ၊

"တောင်းပန်ပါတယ်။ နင်တို့ကိုဒီတိုင်းထားခဲ့မိသွားတယ်။"

"ကိစ္စမရှိပါဘူး။"

ကျင်းခယ်ရှင်း တခနမျှတွေးနေလိုက်ပြီးနောက် စုအန်းယာကိုပြောလိုက်သည်။

"အန်းယာ၊ မွေးနေ့မှာပျော်ရွှင်ပါစေ! ငါနင့်အတွက် လက်ဆောင်တစ်ခုပြင်ဆင်ထားတယ်။ JadeBeautyလက်ဝတ်ရတနာဆိုင်က ကျောက်စိမ်းဆွဲပြားလေ။"

ထို့နောက် လက်ဆောင်ဗူးအသေးလေးတစ်ခုကို စုအန်းယာအား ကျင်းခယ်ရှင်းပေးလိုက်သည်။ သူမစုအန်းယာကို မွေးနေ့လက်ဆောင်ပေးနေရင်းဖြင့် ကုနင်းအားစိန်ခေါ်သည့်အကြည့်မျိုးဖြင့်ကြည့်ဖို့ရန်လဲ မမေ့ပေ။ ဒီလိုယွမ်သိန်းကျော်တန်လက်ဆောင်မျိုးကို လူအနည်းငယ်လောက်သာ ပေးဖို့တတ်နိုင်လိမ့်မည်ဟု ကျင်းခယ်ရှင်းယုံကြည်နေသည်။ တကယ်တော့ ထိုကျောက်စိမ်းဆွဲပြားမှာ ကျင်းခယ်ရှင်း၏မိခင်ကပြင်ဆင်ထားပေးခဲ့ခြင်းဖြစ်သည်။ စုအန်းယာကို သူမထက်ဈေးကြီးသောလက်ဆောင်မျိုး အခြားသောမိန်းကလေးများပေးနိုင်လိမ့်မည်ဟု ကျင်းခယ်ရှင်းမထင်မိပေ။

"ဘာ? JadeBeautyလက်ဝတ်ရတနာဆိုင်က ကျောက်စိမ်းဆွဲပြားတဲ့လား? ဝိုး၊ ဒါဆိုအရမ်းဈေးကြီးမှာပဲ!" မိန်းကလေးအများအပြားက ကျင်းခယ်ရှင်း၏စကားကိုကြားသည်နှင့် ချက်ချင်းပင် စိတ်လှုပ်ရှားစွာပြောဆိုလိုက်ကြသည်။

JadeBeautyလက်ဝတ်ရတနာဆိုင်သည် အမျိုးသမီးများအကြားတွင် အတော်လေးအောင်မြင်ကျော်ကြားနေသည့် အလွန်ဈေးကြီးသည့်လက်ဝတ်ရတနာတံဆိပ်ဖြစ်သည်။ ဘယ်လောက်ပဲချမ်းသာသည့်မိသားစုဖြစ်ပါစေ အနည်းစုသောမိဘများသည်သာ ထိုမျှဈေးကြီးသည့်လက်ဝတ်ရတနာကို သူတို့သမီးများအတွက် ဝယ်ပေးကြလေသည်။ ငယ်ရွယ်သည့်မိန်းကလေးများအတွက်က ထိုမျှဈေးကြီးသည့်လက်ဝတ်ရတနာပစ္စည်းနှင့် မသင့်တော်သေးဘဲ အလစ်သုတ်သများနှင့်သာကြုံရလျှင် သူမတို့အတွက်အန္တရာယ်များလှပေသည်။

"ငါဆို JadeBeautyလက်ဝတ်ရတနာဆိုင်က ကျောက်စိမ်းဆွဲပြားကိုအရမ်းလိုချင်နေခဲ့တာ။ ဒါပေမယ့် ငါ့မိဘတွေက ဝယ်မပေးကြဘူး။ သူတို့ပြောတာတော့ ငယ်သေးတဲ့အချိန် အဲ့လောက်ဈေးကြီးတဲ့လက်ဝတ်ရတနာမျိုးမဝတ်သင့်ဘူးတဲ့။"

"ငါ့ကိုရောပဲ။ ငါ့အမေမှာတော့ JadeBeautyလက်ဝတ်ရတနာဆိုင်က ကျောက်စိမ်းဆွဲပြားရှိပေမယ့် ငါ့ကိုတော့ ခနတဖြုတ်ပဲပေးကိုင်တယ်။ ငါကကိုယ်ပိုင်တစ်ခုလိုက်ချင်တဲ့ဟာကို!"

"ငါ့အဖေကတော့ မွေးနေ့ကျရင်ဝယ်ပေးမယ်လို့ကတိပေးထားတယ်။ ဒါပေမယ့် ငါ့မွေးနေ့ရောက်ဖို့က နှစ်ဝက်တောင်လိုသေးတယ်! မစောင့်နိုင်တော့ဘူးဟာ!"

***

အခန်း ၃၈၉

ကျင်းခယ်ရှင်း ကုနင်းကိုစိန်ခေါ်ခြင်း

"ကျောက်စိမ်းဆွဲပြားတင်မဟုတ်ဘူး၊ ငါကတော့ တစ်ဆင်စာလုံးကိုလိုချင်တာ!"

ချမ်းသာသည့်မိသားစုများမှ ငယ်ရွယ်သည့်မိန်းကလေးများသည်တော့ တက်ကြွစွာဖြင့် ဆွေးနွေးနေကြတော့သည်။ သူတို့ထဲတွင် JadeBeautyလက်ဝတ်ရတနာဆိုင်မှ ပစ္စည်းများကိုမနှစ်သက်သည့်ဟူ၍ တစ်ယောက်ပင်မရှိပေ။

JadeBeautyလက်ဝတ်ရတနာဆိုင်ကို သူတို့အားလုံး အလွန်သဘောကျနှစ်သက်နေသည်ကိုကြားရတော့ ကုနင်းက JadeBeautyလက်ဝတ်ရတနာဆိုင်၏ပိုင်ရှင်အစစ်အမှန်မှန်းသိကြသည့် ဟောင်ရန်တို့မှာ သူမအတွက် ဝမ်းသာပျော်ရွှင်နေကြတော့သည်။ JadeBeautyလက်ဝတ်ရတနာဆိုင်၏ဘော့စ်ဖြစ်သည့် ကုနင်းသည်လည်း သူမဆိုင်၏အောင်မြင်ကျော်ကြားနေမှုများကိုကြားရသောကြောင့် အတော်လေးစိတ်အခြေနေကောင်းနေတော့သည်။

စုအန်းယာသည်လဲ JadeBeautyလက်ဝတ်ရတနာဆိုင်ကိုသဘောကျသော်လည်း ကျင်းခယ်ရှင်းကိုတော့သဘောမကျပေ။ သို့ပေမည့် ထိုမျှများပြားသည့်ဧည့်သည်များ၏ရှေ့မှောက်တွင်တော့ လက်ဆောင်ကိုငြင်းပယ်ဖို့ရန်မသင့်တော်သောကြောင့် ကျင်းခယ်ရှင်းအားကျေးဇူးတင်စကားပြောကာ လက်ခံထားလိုက်သည်။

"ကျေးဇူးပါ။"

"မိန်းကလေးစု၊ စိတ်မရှိဘူးဆိုရင် ကျွန်မတို့ကို တစ်ခါလောက်ပြကြည့်လို့ရမလား?" ကုမ္ပဏီကြီးတစ်ခုမှဥက္ကဌ၏သမီးတစ်ယောက်က မေးလိုက်သည်။

"ရတာပေါ့။" စုအန်းယာပြန်ဖြေပြီးသည်နှင့် ချက်ချင်းပင် ထိုဗူးလေးအားဖွင့်လိုက်ပြီး အထဲတွင်တော့ ပန်းရောင်ကြာစွယ်အမျိုးအစားကျောက်စိမ်းဆွဲပြားတစ်ခုရှိနေသည်။ ထိုကျောက်စိမ်းသည် JadeBeautyလက်ဝတ်ရတနာဆိုင်မှ ဈေးအပေါဆုံးလက်ဝတ်ရတနာတစ်ခုဖြစ်လေသည်။ ထိုသို့ဆိုလျှင်တောင်မှ ယွမ်၁သိန်းကတော့ကျော်နေစဲပင်။ ထိုကျောက်စိမ်းဆွဲပြား၏ဘေးတွင် ဈေးနှုန်းကဒ်သည်လည်း တစ်ပါတည်းရှိနေသည်။ ၁၈၈,၈၈၈ယွမ်။

"ဝိုး၊ ဒါက ၁၈၈,၈၈၈ယွမ်တောင်ပေးရတာပဲ!"

"သေးသေးလေးနဲ့အရမ်းကိုဈေးကြီးတာပဲ! ဒီကျောက်စိမ်းက အရည်အသွေးတော်တော်မြင့်လို့ပဲဖြစ်ရမယ်။"

"မိန်းကလေးကျင်းက အရမ်းရက်ရောတာပဲ!"

"ဒါက ကျွန်မရဲ့အရင်းနှီးဆုံးဝမ်းကွဲညီမလေးရဲ့မွေးနေ့ပဲကို!" ကျင်းခယ်ရှင်းက သူမနှင့်စုအန်းယာတို့အလွန်ရင်းနှီးနေသည့်ပုံစံမျိုးဟန်ဆောင်ပြလိုက်သည်။ ထို့နောက် သူမကုနင်းဘက်သို့လှည့်လိုက်ကာ၊

"ဒါနဲ့၊ မိန်းကလေးကုကရော အန်းယာအတွက်ဘယ်လိုလက်ဆောင်မျိုးပြင်ဆင်လာလဲဆိုတာ ကျွန်မသိချင်လိုက်တာ? ရှင်က အန်းယာရဲ့အခင်ဆုံးသူငယ်ချင်းမဟုတ်လား။ ဒီတော့ ရှင့်ရဲ့ လက်ဆောင်က ကျွန်ရဲ့လက်ဆောင်ထက်ပိုပြီးဈေးကြီးမယ်လို့ထင်ပါတယ်၊ ဟုတ်တယ်မလား?"

ထိုစကားကိုကြားတော့ စုအန်းယာ၊ ဟောင်ရန်နှင့် အခြားသော ကုနင်း၏သူငယ်ချင်းတွေအကုန် မကျေမနပ်ဖြစ်သွားကြသည်။ ကျင်းခယ်ရှင်း၏စကားများတွင်အမှားမပါသော်လည်း သူမစိန်ခေါ်နေမှန်းသိသာမြင်သာလှပေသည်။ ကုနင်းသာ သူမထက်ပို၍ဈေးကြီးသည့်လက်ဆောင်မျိုးမပြင်ဆင်ထားခဲ့လျှင် စိတ်အသိကအောက်ဖြစ်စရာအခြေအနေမျိုးဖြစ်သွားရပေမည်။

ကုနင်း၏သူငယ်ချင်းများအားလုံးကတော့ သူမ စုအန်းယာအတွက် ကျင်းခယ်ရှင်းထက်ပို၍ကောင်းသည့်လက်ဆောင်မျိုးပြင်ဆင်ထားမှန်းသိထားကြပြီးဖြစ်ပေမည့် ကျင်းခယ်ရှင်း၏အပြုအမူကြောင့် ဒေါသထွက်သွားကြရသည်။

"ကျင်းခယ်ရှင်း၊ နင်ဒါဘယ်လိုပြောလိုက်တာလဲ!" စုအန်းယာက ဒေါသတကြီးဝင်ပြောလိုက်ကာ၊

"ငါ့သူငယ်ချင်းတွေဆီက လက်ဆောင်ကဘယ်လောက်တန်တန်ငါစိတ်မဝင်စားဘူး။ ငါသူတို့ကိုခင်နေသ၍ သူတို့ကသာ ငါ့မျက်လုံးထဲမှအဖိုးတန်ဆုံးတွေပဲ!"

ထို့နောက် ကုနင်းဘက်သို့လှည့်လိုက်ကာ၊

"ကုနင်း၊ သူ့ကိုစိတ်ထဲထားမနေနဲ့။"

သို့ပေမယ့် ကျင်းခယ်ရှင်းကတော့ထိုအတိုင်းလက်လျှော့မသွားခဲ့ပေ။ စုအန်းယာက ထိုသို့ဝင်ပြောလိုက်ခြင်းကြောင့် ကုနင်းသေချာပေါက် ဈေးကြီးသည့်လက်ဆောင်ပစ္စည်းမျိုး ဝယ်မပေးနိုင်ဟု ပို၍ပင်သေချာသွားခဲ့ကာ၊

"အန်းယာ၊ ငါကဘယ်လိုအဓိပ္ပါယ်နဲ့မှပြောတာမဟုတ်ရပါဘူး။ ဒီတိုင်း မိန်းကလေးကုက နင့်ကိုငါ့ထက်ပိုပြီးဈေးကြီးတဲ့လက်ဆောင်မျိုးပေးမယ်လို့ တွေးမိရုံပါ။ နင်တို့နှစ်ယောက်ကအရမ်းရင်းနှီးကြတာပဲကို။" ထို့နောက် ကျင်းခယ်ရှင်း စုအန်းယာအတွက် စိတ်မကောင်းဖြစ်နေမိသည့် ပုံစံမျိုးဟန်ဆောင်လိုက်သည်။ သူမပုံစံအရ ကုနင်းနှင့်စုအန်းယာမှာ အလွန်ရင်းနှီးကြသော်လည်း ဈေးကြီးသည့်လက်ဆောင်တစ်ခုပင်မပေးနိုင်သည့်ပုံပေါ်စေသည်။ ဟောင်ရန်နှင့် အခြားလူများကတော့ သူတို့အားလုံးလဲ စုအန်းယာ၏သူငယ်ချင်းဖြစ်ကြသော်လည်း ကျင်းခယ်ရှင်းက ကုနင်းတစ်ယောက်တည်းကိုပဲ ဦးတည်ကာအပြစ်ရှာနေခြင်းဖြစ်ကြောင်း သဘောပေါက်ကြသည်။

အစကတော့ ကုနင်း ကျင်းခယ်ရှင်းကို လျစ်လျူရှုထားလိုက်ဖို့ပြင်နေပေမည့် ကျင်းခယ်ရှင်းဘက်က ဒီလောက်တောင် ဟန်ဆောင်ပြနေမှတော့ သူမသာပြန်လည်မတိုက်ခိုက်ပေးလျှင် အားနည်းသည်ဟု အထင်ခံသွားရနိုင်ပေသည်။ ထို့ကြောင့် ကုနင်း ကျင်းခယ်ရှင်းနှင့် မျက်လုံးချင်းဆုံကြည့်လိုက်ကာ၊

"ရှင်ပြောတာမှန်ပါတယ်။ အန်းယာကကျွန်မရဲ့အခင်ဆုံးသူငယ်ချင်းတစ်ယောက်ဖြစ်မှတော့ ရှင်ထက်ပိုပြီးတန်ဖိုးကြီးတဲ့လက်ဆောင်မျိုး ပေးရမှာပေါ့။"

ထိုစကားကိုကြားလိုက်ရတော့ ကျင်းခယ်ရှင်းကြောင်အသွားတော့သည်။ ကုနင်းတကယ်ပဲ သူမထက်ပို၍ဈေးကြီးသည့်လက်ဆောင်မျိုးကို ပေးနိုင်ခဲ့လျှင် သူမသာ လူအများကြားမျက်နှာပျက်ရမည့်လူဖြစ်ပေလိမ့်မည်။ ထို့သို့ဆိုလျှင်တောင်မှ ကုနင်းက မွေးနေ့လက်ဆောင်တစ်ခုအတွက် ယွမ်သိန်းကျော်သုံးလိမ့်မည်ဟု သူမမယုံကြည်နိုင်သေးပေ။

"အိုး၊ တကယ်ပဲလား?"

"ဟုတ်တာပေါ့၊" ထို့နောက် ကုနင်းသူမအိတ်ထဲမှ ကျင်းခယ်ရှင်း၏လက်ဆောင်နှင့်ထုပ်ပိုးမှုပုံစံတူသည့်ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်သည်။ ထိုဗူးမှာ JadeBeautyလက်ဝတ်ရတနာဆိုင်၏သီးသန့်လက်ဝတ်ရတနာထည့်သည့်ဗူးဖြစ်သောကြောင့် တစ်ချက်မျှကြည့်ရုံဖြင့် လူတိုင်းမှတ်မိလိုက်ကြသည်။

"ဘုရားရေ! အဲ့ဒါလဲ JadeBeautyလက်ဝတ်ရတနာဆိုင်က လက်ဝတ်ရတနာပဲ!" မိန်းကလေးတစ်ဦးက အံ့ဩစွာဖြင့်ပြောလိုက်သည်။

"ဘယ်တစ်ခုကပိုပြီးဈေးကြီးမလဲဆိုတာ ငါအရမ်းသိချင်နေပြီ။ သူ့လက်ဆောင်လား ဒါမှမဟုတ် မိန်းကလေးကျင်းရဲ့လက်ဆောင်များလား?" နောက်ထပ်မိန်းကလေးတစ်ဦးကလည်း သိချင်စိတ်ပြင်းပြစွာဖြင့်ပြောလိုက်ပေသည်။

သို့ပေမည့် ကျင်းခယ်ရှင်းသည်တော့ ကုနင်း၏လက်ဆောင်မှာ သူမထက်ပို၍ဈေးကြီးမှန်းသေချာသိနေသောကြောင့် အလွန်ဝမ်းနည်းသွားတော့သည်။ သူမ စုအန်းယာကိုပေးခဲ့သည့် လက်ဆောင်မှာ JadeBeautyလက်ဝတ်ရတနာဆိုင်၏ဈေးအပေါဆုံးပစ္စည်းဖြစ်လေသည်။ ထို့အပြင် ကုနင်းကလည်း သူမလက်ဆောင်ထက်ပို၍ဈေးကြီးကြောင်း ယုံကြည်ချက်အပြည့်ရှိနေလေသည်။ ထို့ကြောင့် ကုနင်း၏လက်ဆောင်ဈေးနှုန်းက သူမထက်သေချာပေါက် ပို၍မြင့်ရပေမည်။

စုအန်းယာကတော့ ကုနင်းသည်လဲ သူမအတွက် JadeBeautyလက်ဝတ်ရတနာဆိုင်မှလက်ဝတ်ရတနာကိုပြင်ဆင်လာပေးခဲ့ခြင်းကြောင့် အလွန်အံ့အားသင့်သွားရပေသည်။ ဒါကအရမ်းအရမ်းကိုဈေးကြီးလွန်းတယ်မလား!

ကုနင်း လက်ဝတ်ရတနာဗူးကိုဖွင့်လိုက်ချိန်တွင်တော့ အထဲမှနေပြီး ရေခဲသားအမျိုးအစားကျောက်စိမ်းဆွဲပြားတစ်ခုထွက်ပေါ်လာခဲ့သည်။ ၎င်းသည်တော့ လက်မအရွယ်လောက်ရှိသည့် သစ်ရွက်ပုံစံဆွဲပြားလေးပင်ဖြစ်သည်။

"ဝိုး! အရမ်းလှတာပဲ!" မိန်းကလေးများစွာမှာတော့ စိတ်လှုပ်ရှားမှုဖြင့်ရေရွတ်သွားမိကြသည်။

"ဒါဘယ်လောက်ပေးရလဲ?" မိန်းကလေးတစ်ဦးက ဝင်မေးလိုက်သည်။

"အရေးမကြီးပါဘူး။ ဒါပေမယ့် အနည်းဆုံးတော့ ကျင်းခယ်ရှင်းရဲ့လက်ဆောင်ထက်ပိုပြီးဈေးကြီးတယ်။" ကုနင်းပြုံးလိုက်ကာ စုအန်းယာကိုပေးလိုက်ပြီး၊

"နင်သဘောကျရဲ့လား?"

"အရမ်းကြိုက်တာပေါ့!" စုအန်းယာ၏မျက်ဝန်းများမှာလင်းလက်လို့နေသည်။ ထို့နောက်ချက်ချင်းပင် ကျင်းခယ်ရှင်းပေးသည့်လက်ဆောင်အား သူမဘေးရှိ စုအန်းဟောင်ထံသို့ပစ်ပေးလိုက်ကာ ကုနင်း၏လက်ဆောင်ကိုယူလိုက်သည်။

ထိုပုံစံကိုမြင်လိုက်ရတော့ ကျင်းခယ်ရှင်းအလွန်ဒေါသထွက်သွားပေမည့် ဘာမှတော့မပြာနိုင်ခဲ့ပေ။ ကုနင်းသည် ဈေးကြီးသည့်လက်ဆောင်ပစ္စည်းမျိုးကိုမဝယ်နိုင်သည့်သာမာန်မိန်းကလေးတစ်ဦးဖြစ်သည်ဟု သူမတွေးထားခဲ့ပေည့် သူမထက်ပင်ပို၍ဈေးကြီးသည့်လက်ဆောင်မျိုးကို စုအန်းယာအားပေးနိုင်နေသောကြောင့် သူမအလွန်အံ့အားသင့်သွားရသည်။

"အန်းယာ၊ ငါတို့လက်ဆောင်ကတော့ ကုနင်းလိုဈေးမကြီးဘူး။ စိတ်ထားမထားပါနဲ့နော်။" ထိုအချိန်မှာပဲ ချူးဖေ့ဟန်ကဝင်ပြောလိုက်သည်။

တကယ်လဲ လူငယ်မျိုးဆက်တစ်ယောက်၏မွေးနေ့လက်ဆောင်ကို ယွင်ထောင်ကျော်ဝန်းကျင်လောက်သာပေးကြပြီး ယွမ်သိမ်းကျော်သည့်လက်ဆောင်သည်တော့ အလွန်ရှားပါးသည့်လက်ဆောင်မျိုးပင်ဖြစ်သည်။

"ဖြစ်စရာလား! နင်တို့ငါ့မွေးနေ့ကိုလာပေးတာနဲ့တင် ကျေနပ်နေပြီ!"

သူတို့အားလုံးလဲ စုအန်းယာက အမှန်တကယ်လက်ဆောင်ဈေးနှုန်းကို ဂရုမစိုက်မှန်းသိသောကြောင့် တစ်ယောက်ပြီးတစ်ယောက် သူတို့လက်ဆောင်များကိုပေးလိုက်သည်။ သူတို့လက်ဆောင်များမှာ ကုနင်း၏လက်ဆောင်နှင့်တော့်လုံးဝမယှဉ်နိုင်သော်လည်း သာမာန်ဖြစ်ကာဈေးပေါသည့်လက်ဆောင်မျိုး တစ်ခုပင်မပါချေ။

စုအန်းယာတွင် ထိုသို့ဈေးကြီးသည့်လက်ဆောင်ပစ္စည်းမျိုး များစွာရှိသော်လည်း သူမ၏သူငယ်ချင်းအစစ်အမှန်များကပေးခြင်းဖြစ်သောကြောင့် စိတ်လှုပ်ရှားစွာဖြင့်လက်ခံလိုက်သည်။

ကျင်းခယ်ရှင်းသည်တော့ အတော်လေးမကျေမနပ်ဖြစ်နေကာ အကြံတွေထုတ်နေပြီးနောက် ကုနင်းအားထပ်မေးလိုက်ပြန်သည်၊

"မိန်းကလေးကုကအရမ်းရက်ရောတာပဲ! ကျွန်မ ရှင့်ရဲ့ မိသားစုကိုသိခွင့်ရှိမလား?"

"ဘာလဲ၊ နင်ကရန်ဖြစ်ချင်နေတာလား!" ချူးဖေ့ဟန်မှာ သူမဒေါသကိုဆက်ပြီးမထိန်းချုပ်နိုင်တော့သောကြောင့် လက်သီးလက်မောင်းတန်းကာ ကျင်းခယ်ရှင်းအားအမှန်တကယ်ချတော့မည့်ဟန်ဖြင့်ပြောလိုက်သည်။ ချူးဖေ့ဟန်၏အသံကကျယ်သောကြောင့် အနားရှိလူအများအပြား၏အာရုံကိုဆွဲဆောင်သွားတော့သည်။

***

အခန်း ၃၉၀

ငါထပ်ပြီးသည်းမခံနိုင်တော့ဘူး

ကုနင်းချက်ချင်းပင် ချူးဖေ့ဟန်အားပြန်ဆွဲထားလိုက်ကာ တားလိုက်သည်၊

"ဒါအန်းယာရဲ့မွေးနေ့ပွဲ၊ ရန်မဖြစ်နဲ့ဦး။"

"ငါစတာမှမဟုတ်တာ၊ သူကမှ သူတော်ယောင်ဆောင်နေတဲ့စုန်းမလေ! ငါတို့ဘော့စ်ကိုအမှားလိုက်ရှာနေရအောင် သူ့ကိုယ်သူဘာများထင်နေလဲပဲ?" ချူးဖေ့ဟန်က ဒေါသနှင့်ပြန်ပြေလိုက်သည်။

"နင်..." ချူးဖေ့ဟန်မှ အရှက်ခွဲနေသည်ကိုကြားလိုက်ရသောကြောင့် ကျင်းခယ်ရှင်း မျက်နှာတစ်ပြင်လုံး ဒေါသကြောင့်နီမြန်းသွားရသည်။ သို့ပေမည့် သူတို့ကိုအားလုံးကဝိုင်းကြည့်နေကြခြင်းကြောင့် သူမအကြံအစည်တစ်ခုရုတ်တရက်ထွက်ပေါ်လာခဲ့ကာ အကျင့်ယုတ်တော့မည့်ဟန်ဖြင့်၊

"ငါက မိန်းကလေးကုအရမ်းရက်ရောတာကိုမြင်လို့ပါ၊ ပြီးတော့ Fမြို့ကအရမ်းချမ်းသာတဲ့မိသားစုတွေမှာလဲ ကုမိသားစုပါတယ်ဆိုတာ ငါတခါမှမကြားဖူးဘူးလေ၊ ဒါကြောင့် မိန်းကလေးကုရဲ့နောက်ခံမိသားစုအကြောင်းကိုသိချင်သွားရုံပါ၊ ဒီလောက်ပါပဲ။ နင်တို့ကဘာလို့ဒီလောက်ဒေါသထွက်နေရတာလဲ? ရှက်စရာအကြောင်းတစ်ခုခုသာရှိမနေရင်...." ကျင်းခယ်ရှင်းပြောနေရင်းဖြင့် ထိတ်လန့်စရာတစ်ခုခုကိုတွေးမိသွားသလိုဟန်ဆောင်ကာ ချက်ချင်းပါးစပ်ပိတ်လိုက်သောကြောင့် အားလုံးအံ့အားသင့်သွားကြသည်။

ကုနင်းသည် အလွန်ချမ်းသာသည့်မိသားစုများမှလဲမဟုတ်ဘဲနှင့် ဈေးကြီးလွန်းသည့်မွေးနေ့လက်ဆောင်တစ်ခုကိုပေးနိုင်နေသည်၊ သို့ပေမည့် သူမ၏နောက်ခံမိသားစုအကြောင်းကိုလဲ အခြားသူများအားမပြောနိုင်ဘူးဆိုလျှင် လူအများအတွက် အတင်းအဖျင်းပြောဖို့ရန် စကားစရသွားပေပြီ။

ကျင်းခယ်ရှင်းထိုသို့တစ်ဝက်တစ်ပျက်ပြောလိုက်သည်နှင့် အချို့လူများကစတင်ကာ ကုနင်းအကြောင်းအတင်းအဖျင်းပြောကြတော့သည်။

"ဘာလဲ? သူ့မှာရှူးဂါးဒယ်ဒီရှိနေတာလား?"

"မဖြစ်နိုင်တာ! သူဒီလောက်ငယ်သေးတာကို!"

"ဘယ်သူကသိနိုင်မှာမို့လို့လဲ!"

"ပါးစပ်ပိတ်ထားကြစမ်း!" ဟောင်ရန်အပါအဝင်အခြားသော ကုနင်း၏သူငယ်ချင်းများက ထိုသို့အတင်းပြောနေသည်များကိုကြားသည်နှင့်ဒေါသထွက်သွားကြကာ တစ်ပြိုင်နက်တည်းအော်ပစ်လိုက်ကြတော့သည်။

သူတို့၏ကျယ်လောင်သောအသံများကြောင့် ခန်းမတစ်ခုလုံးရှိဧည့်သည်များအားလုံး၏အာရုံကိုဆွဲဆောင်သွားတော့သည်။ ပွဲလာသူအများစုကချက်ချင်းပင် သူတို့နားသို့လျှောက်လာကြတော့သည်။

ဟောင်ရန်က ကျင်းခယ်ရှင်းအားစိုက်ကြည့်ကာ၊

"ကျင်းခယ်ရှင်း၊ နင့်ကိုယ်နင် စုမိသားစုနှင့်အမျိုးတော်နေတယ်ဆိုတာနဲ့ ငါနင့်ကိုမထိုးရဲဘူးလို့ထင်မနေနဲ့!"

"ဘော့စ်၊ ငါထပ်ပြီးသည်းမခံနိုင်တော့ဘူး။ သူ့ကိုရိုက်မှဖြစ်တော့မယ်!" ချူးဖေ့ဟန်ကပြောရင်းဆိုရင်းဖြင့် ထပ်ပြီး ကျင်းခယ်ရှင်းရှိရာသို့ပြေးဝင်သွားပြန်သောကြောင့် ကုနင်းတားလိုက်ရပြန်သည်။

ကုနင်းအနားရှိ ကောင်းယိနှင့်ချောင်ယပင်လျှင် ကျင်းခယ်ရှင်းအားစိုက်ကြည့်လိုက်သောကြောင့် ကျင်းခယ်ရှင်းကြောက်ရွံ့သွားရသည်။

"ငါဘာမှမပြောဘူးလေ၊ သူတို့ပဲပြောတာ!" ကျင်းခယ်ရှင်းမှာ ဟောင်ရန်တို့၏တုံ့ပြန်ပုံကြောက် ကြောက်ရွံ့သွားပေမည့် သူမကသာအပြစ်မဲ့ခံရသူတစ်ယောက်လိုဆက်ပြီးဟန်ဆောင်နေစဲပင်။

"ဘာတွေဖြစ်နေကြတာလဲ?" စုကျန်းဟောက်လည်း သူတို့နားသို့အမြန်ရောက်လာကာမေးလိုက်သည်။

"အဖေ၊ ကျင်းခယ်ရှင်း ကုနင်းကိုအရှက်ခွဲနေတယ်!" စုအန်းယာတိုင်ကြားလိုက်သည်။

ထိုစကားကိုကြားတော့ စုကျန်းဟောင်ရော သူနှင့်အတူပါလာသည့်ဧည့်သည်များကပါ ကျင်းခယ်ရှင်းအားစူးစူးဝါးဝါးစိုက်ကြည့်လိုက်ကြတော့သည်။

"မပြောပါဘူး။" စုကျန်းဟောက်၏အကြည့်စူးစူးကြောင့် ကျင်းခယ်ရှင်းတုန်လှုပ်သွားရသော်လည်း စုကျန်းဟောက်ဘက်က ဘာမှမပြောနိုင်သေးခင်တွင်ပင် ကျင်းခယ်ရှင်းက အတင်းငြင်းဆန်တော့သည်။

"သမီးက မိန်းကလေးကုရဲ့ရက်ရောလွန်းတာကိုအံ့ဩမိလို့ သူက အရမ်းချမ်းသာတဲ့မိသားစုတစ်ခုကပဲဖြစ်မယ်လို့တွေးလိုက်မိတာပါ။ ဒါပေမယ့်လဲ Gမြို့မှာ ကုမိသားစုရှိတယ်ဆိုတာကို တခါမှမကြားဖူးဘူးလေ၊ ဒါကြောင့် မိန်းကလေးကုက သူ့နောက်ခံမိသားစုအကြောင်းမေးကြည့်ရုံပါ။ သူတို့ကသာအရမ်းဒေါသထွက်နေကြတာ။"

တကယ်တော့ လူအတော်များများတွင်လဲ ထိုသို့တစ်ပုံစံတည်းအတွေးနှင့်သံသယများရှိနေကြသည်။ Fမြို့တွင် အလွန်ချမ်းသာသည့်ကုမိသားစုရှိသည်ဟု ဘယ်သူမှမကြားဖူးကြသောကြောင့် ကုနင်းဘယ်လိုမျိုး ထိုမျှဈေးကြီးသည့်လက်ဆောင်မျိုးပေးနိုင်လဲဆိုသည်ကို သိချင်နေကြလေသည်။

"ခယ်ရှင်းပြောတာမှားတယ်လို့ငါတော့မထင်ပါဘူး။ ဘယ်လိုလုပ် ဒါကအရှက်ခွဲတယ်ဆိုပြီးဖြစ်သွားရတာလဲ?" ကျင်းကျင့်ဝေ့က မကျေမနပ်ဖြင့်ဝင်ပြောလိုက်သည်။ ကျင်းခယ်ရှင်းသည် သူ့သမီးဖြစ်သောကြောင့် သူ့သမီး၏အကျင့်စရိုက်ကိုသေချာသိလေသည်။ ကျင်းခယ်ရှင်းက တမင်ကိုကုနင်းအားအပြစ်ရှာနေခြင်းဖြစ်ပေမည့် သူ့အမြင်တွင်တော့ ဒါကအရှက်ခွဲခြင်းမျိုးဟုတ်မနေပေ။

ကျင်းခယ်ရှင်းကသာ မေးခွန်းအတိအကျနှင့်မေးခဲ့လျှင် ပြဿနာကြီးတစ်ခုမဟုတ်သော်လည်း သူမက စကားကိုတစ်စွန်းတစ်သာပြောပြီး လူအများအတင်းအဖျင်းပြောစေရန်လုပ်ခဲ့သောကြောင့် ပြဿနာကထိုမျှကြီးသွားခြင်းဖြစ်လေသည်။

"အဓိပ္ပါယ်မရှိလိုက်တာ!" ဟောင်ရန်မှာ ကျင်းကျင့်ဝေ့က သူ့ထက်အသက်အများကြီးကြီးပြီး အောင်မြင်သည့်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်နေသည်ကိုပင် ဂရုစိုက်မနေတော့ဘဲ ပွင့်ပွင့်လင်းလင်းကိုအပြစ်တင်တော့သည်။

"ဘာမှမမှားဘူးဟုတ်လား? သူအစောကဘာပြောခဲ့တယ်ဆိုတာကို ခင်ဗျားသိရဲ့လား? သူကတမင်သက်သက် ကျွန်တော်တို့ဘော့စ်မှာ ရှူးဂါးဒယ်ဒီရှိနေတယ်လို့ လူတွေထင်အောင်လုပ်ခဲ့တာ!"

ဟောင်ကျုံးလုံနှင့်သူ့ဇနီးကတော့ ဟောင်ရန်၏မသင့်လျော်သည့်အပြုအမူအတွက်တားဖို့ရန်ဆန္ဒမရှိကြပေ။ သူတို့သည် တစ်မိသားစုတည်းဖြစ်ကာ အကျင့်မှာလဲတူညီကြသည်။ ထို့ကြောင့် ဟောင်ရန်ပြောလိုက်သည်က မှန်သည်ဟုပင် သူတို့တွေးကြလေသည်။

"မင်း...." ကျင်းကျင့်ဝေ့မှာ လူငယ်ကောင်လေးတစ်ယောက်၏စော်ကားခြင်းကိုခံလိုက်ရသောကြောင့် အလွန်ဒေါသထွက်သွားပေမည့် ဘာမှပြန်ခံမပြောနိုင်ခဲ့ပေ။ တကယ်လဲ ကျင်းခယ်ရှင်း၏အမှားသာဖြစ်သည်။ ထို့ကြောင့် သူကျင်းခယ်ရှင်းကို သူ့ကိုပါ ပြဿနာဖြစ်စေသောကြောင့် အပြစ်တင်သည့်အကြည့်ဖြင့်စိုက်ကြည့်လိုက်တော့သည်။

ကျင်းခယ်ရှင်းလဲ ကြောက်လန့်သွားကာ များစွာသောမိန်းကလေးများဘက်သို့လက်ညှိုးထိုးပြီး,

"သူတို့ပြောတာ၊ သမီးမဟုတ်ဘူး!"

ထိုမိန်းကလေးများလဲ ထိတ်လန့်သွားကာ ချက်ချင်းပင်၊

"နင်ပဲ ငါတို့ဒီလိုပြောအောင်အစလုပ်ခဲ့တာလေ!"

"နင်တို့..." ကျင်းခယ်ရှင်းတစ်ယောက် ကူကယ်ရာမဲ့သလိုခံစားသွားရတော့သည်။

စုကျန်းဟောက်နှင့် သူ့ဇနီးသည်လဲ ကျင်းခယ်ရှင်းအပေါ်စိတ်ပျက်သွားကြတော့သည်။ ကျင်းခယ်ရှင်းလို ချစ်စရာကောင်းသည့်ကောင်မလေးမျိုးက ထိုမျှဆိုးရွားနေသောကြောင့် အလွန်အံ့အားသင့်သွားမိကြသည်။ လူအများက မိန်းကလေးတစ်ယောက်ကို သူမမှာရှူးဂါးဒယ်ဒီရှိနေသည်ဟုတွေးထင်သွားကြလျှင် ထိုမိန်းကလေး၏ဂုဏ်သိက္ခာမှာလုံးဝပျက်စီးသွားပေလိမ့်မည်။

"ကျင်းခယ်ရှင်း၊ ဟန်ဆောင်မနေနဲ့တော့! နင့်ကိုဘယ်သူမှမယုံဘူး၊ ပြီးတော့ နင်ဘာလို့ ကုနင်းကိုအပြစ်ရှာနေမှန်းလဲ ငါတို့သိတယ်။ နင့်မှာအရှက်တရားဆိုတာ ရှိနေသေးရင် အခုချက်ချင်း ကုနင်းကိုတောင်းပန်လိုက်၊ မဟုတ်လို့ကတော့ နင့်ကိုလုံးဝမထနိုင်တော့အောင် ရိုက်ပစ်မယ်!" ချူးဖေ့ဟန် ခြိမ်းခြောက်လိုက်သည်။

"ဟုတ်ယ်၊ နင့်ကိုယ်နင်ဘာထင်နေလဲ? နင်က Fမြို့ရဲ့လူချမ်းသာတိုင်းကိုသိနေလို့လား? ကိုယ့်ကိုယ်ကိုယ်အထင်ကြီးမနေနဲ့!" ချင်ကျီရွှမ်းကလဲ ထပ်ပေါင်းပြောလိုက်သည်။

ထို့နောက် ဟောင်ရန်ကပါ၊

"နင်က အရမ်းချမ်းသာတဲ့မိသားစုတစ်ခုကမွေးလာရုံနဲ့ နင့်ကိုယ်နင်သူများထက်သာနေတယ်လို့တွေးမနေနဲ့? နင်သုံးနေတဲ့ငွေက နင်ကိုယ်တိုင်ရှာထားတာမို့လို့လား? နင့်မိဘရဲ့ငွေတွေနဲ့ ကြွားဝါနေရရုံပဲ!"

ကုနင်း၏သူငယ်ချင်းအားလုံးက ကျင်းခယ်ရှင်းကိုအပြစ်တင်နေကြပြီး ယနေ့လာရောက်သည့်ဧည့်သညများပင်လျှင် သူမ၏အပြုအမူကိုမနှစ်သက်ကြပေ။

လူတိုင်း၏အာရုံစိုက်မှုကိုရနေပြီဖြစ်သောကြောင့် ကုနင်းအနေဖြင့် သူမ၏စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဂုဏ်သိက္ခာကိုထိန်းသိမ်းကာကွယ်ရန်အတွက် သူမ၏နောက်ခံအစစ်အမှန်ကိုထုတ်ဖော်ဖို့ရန်အချိန်ရောက်ပြီဟု တွေးလိုက်မိသည်။ ကုနင်း ကျင်းခယ်ရှင်းကိုကြည့်လိုက်ကာ လေသံအေးအေးဖြင့်၊

"ငါဘာသာငါ ကိုယ်တိုင်ရော အရမ်းချမ်းသာနေလို့မရဘူးလား?"

ကျင်းခယ်ရှင်းများ အပြစ်တင်မှုများကြောင့် ကြောက်ရွံ့နေသည်မှန်သော်လည်း သတိလက်လွတ်ဖြင့် သအထင်သေးစွာပြန်တုံ့ပြန်လိုက်သည်။

"ကြွားနေတာပဲ!"

"ကုနင်းက ကြွားနေတာမဟုတ်ဘူး။ သူကဆရာကြီးချင်ကိုလဲ အနည်းဆုံးယွမ်၅သန်းတန်တဲ့တန်ဖိုးကြီးရှေးဟောင်းပစ္စည်းတစ်ခုပေးခဲ့သေးတယ်!" တစ်ယောက်ကဝင်ပြောလိုက်သည်။

"ဟုတ်တယ်၊ မိန်းကလေးကုက ငါ့ကိုလဲ တန်ဖိုးကြီးမွေးနေ့လက်ဆောင်ပေးခဲ့သေးတယ်။" ချင်ဟောက်ကျန်းက ထောက်ခံပေးလိုက်သည်။

***

စာစဉ်26ပြီး၏။

All Chapters