အခန်း (၃၉၆-၄၀၀)
Vol. 27 Ch. 396-400
အခန်း ၃၉၆
ဗုဒ္ဓရွှေဆင်းတုတော်
"တကယ်ပဲလား?" လန်ယွီပင်းနှင့်ဇနီးဖြစ်သူတို့မှာ သူတို့သားကိုကုသာနိုင်သည်ဆိုသောကြောင့် အလွန်ဝမ်းသာသွားကြလေသည်။ ငွေကြေးဘယ်လောက်အထိကုန်ကျမည်ကိုတော့ ဂရုမစိုက်ကြပေ။
"အခုတော့ ကျွန်မဆေးတစ်လုံးပဲတိုက်ဦးမယ်။ နောက်၅မိနစ်အတွင်း သူ့ခြေသလုံးကြွက်သားတွေကပြန်ပြီး ခံစားမှုရှိလာလိမ့်မယ်။" ထို့နောက် ကုနင်း စွမ်းအင်သလင်းကျောက်များရှိနေသည့် ဆေးပုလင်းလေးတစ်ခုကိုထုတ်လိုက်သည်။
"ဘာ? ငါမိနစ်တည်းနဲ့လား?" လန်ယွီပင်းရော သူ့ဇနီးပါ အလွန်ထိတ်လန့်အံ့ဩသွားကြပြီး သူတို့အမှန်တကယ်ကြားနေရသည်ဟုပင်မယုံကြည်နိုင်ကြတော့ပေ။ ထို့နောက် ကုနင်း စွမ်းအင်သလင်းကျောက်တစ်ခုကိုထုတ်ယူလိုက်ပြီး လန်ထျန်းဟွာအားပေးလိုက်ကာ၊
"ထျန်းဟွာ၊ ဒါကိုသောက်လိုက်၊ ပြီးရင် မင်းခြေထောက်ကပြန်ပြီး အာရုံခံစားလို့ရလာလိမ့်မယ်။"
"တကယ်လား?" လန်ထျန်းဟွာသည် ကိုယ်တိုင်အလွန်မတ်တပ်ပြန်ရပ်နိုင်ချင်ခဲ့သော်လည်း နှစ်များစွာဆေးကုသမှုခံယူပြီးတာတောင်မှ ဝှီးချဲတွင်ပဲ ဆက်ပြီးထိုင်နေရစဲပင်။
"တကယ်ပေါ့၊" ကုနင်းပြုံးကာပြန်ဖြေလိုက်သည်။
"ကောင်းပြီ၊ ကျွန်တော်သောက်ပါ့မယ်။" လန်ထျန်းဟွာ ချက်ချင်းပင် ကုနင်းပေးလာသည့် သလင်းကျောက်ဆေးလုံးကို ပါးစပ်ထဲပစ်ထည့်ကာမြိုချလိုက်တော့သည်။ ထိုတခနတွင်ပဲ သူ့ခန္ဓာကိုယ်အတွင်းသို့ အေးမြသည့်လေများဖြတ်သန်းသွားသလိုခံစားလိုက်ရကာ နေသာထိုင်သာရှိလာသလို ခံစားလိုက်ရသည်။
လန်ယွီပင်းနှင့် သူ့ဇနီးသည်လဲ လန်ထျန်းဟွာကိုသာ တစ်ချိန်လုံးစိုက်ကြည့်နေကြကာ အတော်လေး စိတ်လှုပ်ရှားနေခဲ့ကြသည်။
၁မိနစ်၊ ၂မိနစ်၊ ၃မိနစ်ကြာပြီးနောက်တွင်တော့ လန်ထျန်းဟွာ၏ခြေသလုံးကြွက်သွားများမှ စတင်ကာ အာရုံခံစားမှုပြန်ရာလာခဲ့ပြီး အကြိမ်အနည်းငယ်တောင်မှ တုန်တက်သွားသည်။ လန်ယွီပင်းနှင့် ဇနီးဖြစ်သူသည်လဲ သတိထားမိသောကြောင့် ချက်ချင်းပင်မေးမြန်းလိုက်သည်။
"ထျန်းဟွာ၊ အခုဘယ်လိုခံစားနေရလဲ?"
"နည်းနည်းနာတယ်၊ ဒါပေမယ့်အေးလဲအေးတယ်။" လန်ထျန်းဟွာပြန်ဖြေလိုက်သည်။ နာကျင်လာသည်မှာမှန်သော်လည်း သည်းမခံနိုင်လောက်စရာနာကျင်မှုမျိုးတော့မဟုတ်ပေ။
"မင်းနာကျင်တာကိုခံစားနိုင်ပြီဆိုမှတော့ မင်းရဲ့ခြေသလုံးကြွက်သားတွေပြန်ကောင်းလာပြီဆိုတဲ့အဓိပ္ပါယ်ပဲ။" ကုနင်းပြောလိုက်သည်။ လန်ထျန်းဟွာ၏ခြေသလုံးကြွက်သားများကိုပုံမှန်အခြေအနေထိပြန်ဖြစ်စေရန်အတွက် အချိန်ယူရဦးမည်ဖြစ်သောကြောင့် လောလောဆယ်နာကျင်နေသည်မှာပုံမှန်ပင်ဖြစ်သည်။
ထိုစကားကိုကြားလိုက်ရတော့ လန်ယွီပင်းရော ဇနီးဖြစ်သူပါ ပျော်ရွှင်မှုကြောင့် မျက်ရည်များပင်ကျလာကြတော့သည်။
ကုနင်း ဆေးပုလင်းကို လန်ယွီပင်းအားပေးလိုက်ကာ၊
"ဒီထဲမှာ နောက်ထပ်ဆေးနှစ်လုံးရှိသေးတယ်။ သုံးရက်တစ်ကြိမ်စီသောက်ပြီးသွားရင် ဆေးစွမ်းကလဲပိုပြလာလိမ့်မယ်။ ဆေးသုံးလုံးစလုံးသောက်ပြီးသွားရင်တော့ သူလမ်းပြန်လျှောက်နိုင်ပြီ။ ဒါပေမယ့် ဒီအချိန်တွင်း သူ့ခြေသလုံးတွေကိုနေ့တိုင်းနှိပ်နယ်ပေးရမယ်၊ ဒါမှ မြန်မြန်ပြန်ကောင်းလာမှာ။"
လန်ယွီပင်း ဆေးပုလင်းကိုယူသည့်အချိန်တွင် အလွန်စိတ်လှုပ်ရှားနေသောကြောင့် လက်များတုန်ရီနေခဲ့ပေမည့် သူ့သားကိုကုသပေးနိုင်မည့်ဆေးများဖြစ်သောကြောင့် တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားစဲပင်။
"ကျေးဇူးအများကြီးတင်ပါတယ်၊ မိန်းကလေးကု!" လန်ယွီပင်းစိတ်ရင်းဖြင့် ကျေးဇူးတင်စကားဆိုလိုက်သည်။
ဆေးတစ်လုံးလျှင် ယွမ်တစ်သန်းဖြစ်သောကြောင့် သုံးလုံးအတွက် စုစုပေါင်းယွမ်သုံးသန်းကျသင့်ပေသည်။ လန်ယွီပင်းလဲ ချက်လက်မှတ်ကိုထုတ်ယူလိုက်ကာ ပမာဏကိုချရေးပြီး ကုနင်းအားပေးခဲ့သည်။ ကုနင်းကနေပြန်ပြီး ထိုချက်လက်မှတ်ကိုကောင်းယိအားပေးလိုက်သည်။ ထို့နောက် ကုနင်းတို့အဖွဲ့ လန်မိသားစုအိမ်မှ ပြန်ထွက်လာခဲ့ကြတော့သည်။
လမ်းရောက်သည့်အချိန်တွင်တော့ ကုနင်းက ကောင်းယိကိုမနက်ဖြန် ထိုချက်လက်မှတ်အားဘဏ်တွင်သွားလဲရန်ပြောလိုက်သည်။ ကုနင်းသည် ချက်လက်မှတ်များကိုမနှစ်သက်ပဲ ငွေသားကိုသာပို၍သဘောကျလေသည်။ အခုချိန်တွင် ကောင်းယိနှင့်ချောင်ယသည် ကုနင်း၏ယုံကြည်စိတ်ချရသော လက်ထောက်များဖြစ်နေပြီဖြစ်သောကြောင့် မနက်ဖြန်Gမြို့သို့ အတူတူလိုက်ပါရပေမည်။
ချင်ဟောက်ကျန်း ချင်အိမ်တော်သို့ပြန်လာသည့်အချိန်တွင်တော့ စိတ်အခြေအနေမှာဆိုးရွားလို့နေခဲ့သည်။ အမျိုးသမီးချင်က စိုးရိမ်ပူပန်စွာနှင့်မေးမြန်းလိုက်သည့်အခါတွင်တော့ ချက်ဟောက်ကျန်းက ယနေ့စုမိသားစုအိမ်တော်တွင်ဖြစ်ပျက်ခဲ့သည်များအား သူမကိုအလုံးစုံပြောပြလိုက်တော့သည်။ ပါတီပွဲတွင် လူများစွာရှိနေခြင်းကြောင့် ထိုကိစ္စသည် လျှို့ဝှက်ချက်တစ်ခုမဟုတ်တော့ပေ။
ကုနင်းက JadeBeautyလက်ဝတ်ရတနာလုပ်ငန်း၏ပိုင်ရှင်အစစ်အမှန်ဖြစ်နေကြောင်း အမျိုးသမီးချင်သိသွားချိန်တွင်တော့ အနည်းငယ်အံ့ဩသွားမိပေမည့် သူမခင်ပွန်းကိုယ်တိုင်ပြောခြင်းဖြစ်သောကြောင့် သံသယတော့မဝင်ခဲ့ပေ။ သို့ပေမည့် ကုနင်း၏အထူးဆေးက စုအန်းယာကိုကယ်တင်နိုင်ခဲ့သည်ဆိုသည့်အချက်ကိုတော့ဖြင့် ယုံကြည်ချင်စရာမကောင်းဟု အမျိုးသမီးချင်ထင်မိလေသည်။
"ကုနင်းက တကယ့်ကိုအံ့ဩစရာကောင်းတဲ့မိန်းကလေးပဲ! ဒီလောက်အသက်အရွယ်လေးနဲ့ ယွမ်၁ဘီလီယံကျော်တောင်မှ ပိုင်ဆိုင်နေပြီ!"
"အမှန်ပဲ၊ ယီဖန်းရဲ့အမြင်ကတယ်ကိုကောင်းတယ်။ ကုနင်းကအချိန်မှာ ငါတို့နဲ့မယှဉ်နိုင်သေးဘူးဆိုပေမယ့် မကြာခင်မှာပဲ Fမြို့ကတခြား အရမ်းချမ်းသာတဲ့မိသားစုတွေကိုတောင်မှ ကျော်တက်သွားတော့မယ်။"
"ဟင်း... မမျှော်လင့်ဘဲ ကုနင်းက ကျွန်မတို့ယီဖန်းအပေါ်ဘာခံစားချက်မှရှိမနေခဲ့ဘူး။" အစတုန်းကတော့ ချင်ယီဖန်းကို သာမာန်မိန်းကလေးတစ်ဦးနှင့်မချစ်ကြိုက်စေချင်ခဲ့သော်လည်း အခုချိန်တွင်တော့ ကုနင်းသည်လုံးဝသာမာန်မဟုတ်ကြောင်း အမျိုးသမီးချင်သိသွားပြီဖြစ်သည်။ ထို့အပြင် ကုနင်းက ချင်ယီဖန်းကိုငြင်းခဲ့သည့်အတွက်လဲ ရှက်ရွံ့သွားမိရသည်။
ချင်ယီဖန်းသည်တော့ လှေကားနားတွင်ရပ်နေခဲ့ကာ သူ့မိဘများပြောဆိုနေသည်ကိုကြားခဲ့ရသည်။ ကုနင်းက JadeBeautyလက်ဝတ်ရတနာဆိုင်၏ပိုင်ရှင်အစစ်ဖြစ်ကြောင်းသလိုရချိန်တွင် သူ့စိတ်ထဲ၌ အမြဲတမ်းထိုသို့တွေးထင်ထားခဲ့ပြီးဖြစ်သောကြောင့် သိပ်မအံ့ဩမိပေ။ သို့ပေမည့် စုအန်းယာကိုကုနင်းကယ်တင်ခဲ့သည်ဆိုသည့်အချက်ကြောင့်တော့ ချင်ယီဖန်းအလွန်အံ့အားသင့်သွားခဲ့ရသည်။ ကုနင်းသည် သာမာန်မိန်းကလေးမဟုတ်ကြောင်း သူသိထားပြီးဖြစ်သော်လည်း သူမကတော့ သူ့ကိုတစ်ခါပြီးတစ်ခါပို၍အံ့အားသင့်အောင်လုပ်နိုင်နေစဲပင်။ သို့ပေမည့် သူ ကုနင်းကိုသဘောကျခြင်းမှာ သူမ၏မယုံနိုင်စရာအရည်အချင်းများစွာကြောင့်မဟုတ်ဘဲ သူမ၏အမူအကျင့်များကြောင့်သာဖြစ်သည်။
ထိုအချိန်တွင် ချင်ယီဖန်းအဖို့ ကုနင်း၏အငြင်းခံလိုက်ရသည့်ဒဏ်မှ အတော်လေးပြန်လည်ကောင်းမွန်လာနေပြီဖြစ်သည်။ ကုနင်းအကြောင်းတွေးမိသွားလျှင်တော့ ရင်ထဲမှနာကျင်နေမိစဲဖြစ်သော်လည်း သူမကိုလုံးဝလက်လျှော့လိုက်ပြီဖြစ်သည်။ လူနှစ်ဦးကြားမှ အချစ်ဆိုသည်မှာ အရမ်းကြိုးစားကာလုပ်ယူနေ၍လည်းဖြစ်လာမည့်အရာမျိုးမဟုတ်ပေ။
.......
ကုနင်းတို့အိမ်ပြန်လာသည့်လမ်းတွင်တော့ သူမ စုကျန်းဟောက်အကြောင်းတွေးနေခဲ့မိသည်။ အခုချက်ချင်း ထိုပြဿနာကိုဖြေရှင်းလိုက်ခြင်းက ပို၍ကောင်းမည်ဟု ကုနင်းတွေးလိုက်မိသောကြောင့် စုအန်းယာကိုဖုန်းဆက်လိုက်တော့သည်။
စုအန်းယာကိုက အခုထိဆေးရုံမှနေပြီးလိုအပ်သည်များစစ်ဆေးပေးနေစဲဖြစ်သောကြောင့် စုကျန်းဟောက်ကသာ ဖုန်းကိုကိုင်ခဲ့သည်။ ထိုသို့စုကျန်းဟောက်ပြန်ဖြေခြင်းကပင် ကုနင်းဖြစ်ချင်သည့်အချက်ဖြစ်ပေသည်။
"ဟလို၊ ကုနင်း၊ အန်းယာက အခုထိ ဆေးစစ်နေရတုန်း လောလောဆယ်ဖုန်းဖြေလို့မရသေးဘူး။"
"ဦးလေးစု၊ ကျွန်မ ဦးလေးနဲ့စကားပြောချင်လို့ ခေါ်လိုက်တာပါ။"
"အိုး၊ ဘာကိစ္စများလဲ?" စုကျန်းဟောက် အနည်းငယ်အံ့အားသင့်သွားကာပြန်မေးလိုက်သည်။ သူက ကုနင်း သူ့အကူအညီကိုလိုခြင်းကြောင့်ဖြစ်လိမ့်မည်ဟုတွေးမိသွားသည်။
"ဦးလေးစု၊ အခုတလော နေထိုင်မကောင်းဖြစ်ပြီး ညဘက်ဆိုလည်း အိပ်မက်ဆိုးတွေမက်လေ့ရှိလား? တစ်ခါတစ်လေဆို၊ သတိလွတ်သွားတာတွေရောဖြစ်တတ်လား?"
ထိုစကားများကိုကြားတော့ စုကျန်းဟောက် အလွန်အံ့ဩသွားကာ၊
"အဲ့လိုဖြစ်တယ်၊ အခုတလောအလုပ်အရမ်းများပြီး နားဖို့အချိန်လဲမရှိလို့လေ။" စုကျန်းဟောက်ကတော့ သူအလုပ်အရမ်းများလို့ပင်ပန်းနေခြင်းဟုသာတွေးပြီး နေမကောင်းဖြစ်သည်ဟုတော့လုံးဝမတွေးမိပေ။
"အခုတလော၊ ဦးလေးရှေးဟောင်းပစ္စည်းတစ်မျိုးမျိုးရခဲ့သေးလား?"
စုကျန်းဟောက် အနည်းငယ်မျက်မှောင်ကြုတ်မိသွားတော့သည်။ ကုနင်းဘာကြောင့် အခုလိုမျိုးမေးနေသည်ကို သူမသိသော်လည်း သူ့ကိုအန္တရာယ်ပြုလိုသည့်ရည်ရွယ်ချက်မျိုး ကုနင်းတွင်မရှိကြောင်းယုံကြည်သောကြောင့်၊
"ရထားတယ်၊ လွန်ခဲ့တဲ့နှစ်ပတ်လောက်တုန်းက သူငယ်ချင်းတစ်ယောက်က ရွှေဆင်းတုတော်တစ်ဆူပို့ပေးခဲ့တယ်။"
"ဦးလေး အဲ့ဒီရွှေဆင်းတုတော်ရပြီးနောက်ပိုင်းကစပြီး နေထိုင်မကောင်းတာတွေဖြစ်ခဲ့တာလား?"
စုကျန်းဟောက်သည် တွေးတောတတ်သည့်လူတစ်ဦးဖြစ်သောကြောင့် ကုနင်းဘာကိုဆိုလိုပြီးမေးလဲဆိုသည်ကို နားလည်လေသည်။ သူအခုရက်များအတွက် နေထိုင်မကောင်းဖြစ်နေခြင်းက ထိုရွှေဆင်းတုတော်ကြောင့်ဖြစ်နေနိုင်ပေသည်။
***
အခန်း ၃၉၇
စုကျန်းဟောက်အားကယ်တင်ခြင်း
အစပိုင်းတွင်တော့ စုကျန်းဟောက် ကုနင်း၏ထင်မြင်ချက်များကိုမယုံကြည်ခဲ့ပေ။ ရွှေဆင်းတုတော်တစ်ဆူက ဘယ်လိုလုပ်များလူသားတစ်ယောက်ကို နေထိုင်မကောင်းဖြစ်စေနိုင်မည်လဲ? သို့ပေမည့် စုကျန်းဟောက်သည် တစ်ယူသန်သမားတစ်ယောက်မဟုတ်ပေ။ သူကိုယ်တိုင်က နတ်ဘုရားတွေ သရဲတစ္ဆေတွေကိုမယုံကြည်သော်လည်း ထိုအရာများနှင့်ပတ်သတ်သည့် ပုံပြင်ဇာတ်လမ်းအချို့ကိုကြားဖူးထားခဲ့သည်။
ထိုကိစ္စများကိုအပြည့်အဝယုံကြည်နိုင်ဖို့ရန်ကခက်ခဲသော်လည်း အမှန်ပင် ထိုရွှေဆင်းတုရပြီးသည့်အချိန်မှစကာ သူနေထိုင်မကောင်းဖြစ်လာခဲ့ခြင်းဖြစ်ပေသည်။
"ဟုတ်တယ်၊ ရွှေဆင်းတုရပြီးနောက်ကစပြီး နေထိုင်မကောင်းဖြစ်လာတာ၊ ပြီးတော့ တစ်နေ့ပြီးတစ်နေ့ပိုပိုဆိုးလာတယ်။" စုကျန်းဟောက်ပြန်ဖြေလိုက်သည်။
ထို့နောက် ဆက်ပြီးတော့၊
"ကုနင်း၊ မင်းဒီလိုမေးလာမှတော့ အကြောင်းအရင်းကိုအစကတည်းကသိပြီးသားဖြစ်ရမယ်။ ဦးလေးက နတ်ဘုရားတွေ သရဲတစ္ဆေတွေကိုမယုံပေမယ့် မင်းကိုတော့ယုံတယ်။ အဓိကပြောချင်တာကို တန်းပြောလိုက်ပါ။"
"ဒီလိုဆိုလဲ ကျွန်မလိုရင်းပဲပြောပါတော့မယ်။ ဒီနေ့ဦးလေးရဲ့ပုံစံကိုမြင်တော့ မျက်နှာက ဖြူဖျော့နေပြီး နဖူးကလဲ မည်းနက်နေတယ်။ အဲ့ဒီပုံစံက ယင်စွမ်းအင်ရဲ့ဆိုးကျိုးသက်ရောက်မှုကြောင့် ဖြစ်တဲ့ပုံပဲ။ ကျွန်မအခုထိသိထားမိသလောက်ဆိုရင် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက သေဆုံးခဲ့ကြတဲ့လူတွေမြှုပ်နှံထားတဲ့မြေကတူးလာတဲ့ ရှေးဟောင်းပစ္စည်းတွေမှာ ယင်စွမ်းအားတွေကပ်ပါလာတတ်ကြတယ်။ အကယ်၍ အသက်ရှင်နေတဲ့လူတစ်ဦးကသာ ယင်စွမ်းအင်ရဲ့သက်ရောက်မှုကိုခံခဲ့ရရင် နေထိုင်မကောင်းဖြစ်ပြီး၊ နောက်ဆုံးအချိန်ကြာလာတာနဲ့ သေသွားတဲ့အထိဖြစ်တယ်။"
"ဘာ?" စုကျန်းဟောက် ကုနင်းစပြောနေကတည်းက စိတ်အခြေအနေကိုကြိုတင်ပြင်ဆင်ထားတာတောင်မှ ယင်စွမ်းအင်နှင့်ထိတွေ့သည့် အချိန်ကြာလာတာနဲ့သေနိုင်သည်ဆိုသည့်စကားကိုကြားလိုက်ရချိန်တွင်တော့ မထိတ်လန့်မိဘဲမနေနိုင်ပေ။ စုကျန်းဟောက်၏မျက်နှာမှာ အရင်ဖြူဖျော့နေသည်ထက်ပင် ပိုဖြူဖျော့သွားတော့သည်။
"ဒီစကားတွေက အရမ်းထူးဆန်းပြီး ယုံချင်စရာမကောင်းမှန်းသိပေမယ့် ဒီကမ္ဘာကြီးကအရမ်းကျယ်ပြန့်ပြီး ထူးဆန်းမှုတွေနဲ့ပြည့်နှက်နေတာလေ။ ဒါကြောင့် ဦးလေး ဒီအဖြစ်မှန်ကိုလက်ခံလိုက်တာပိုကောင်းမယ်။"
"ဒါဆို၊ ဦးလေးအခုဘာလုပ်သင့်လဲ?" စုကျန်းဟောက်အနေဖြင့် ထိုအကြောင်းအရာများကိုလက်ခံယုံကြည်ဖို့ရန်ခက်ခဲနေသေးသော်လည်း ကုနင်း၏အကြံဉာဏ်အတိုင်းလုပ်ဆောင်ဖို့ကိုသာ ရွေးချယ်လိုက်တော့သည်။
"အဲ့ဒီရွှေဆင်းတုတော်က ပြဿနာအရင်းမြစ်လာဆိုတာတော့ ကျွန်မလဲမသေချာသေးပါဘူး။ ဒါကြောင့် မနက်ဖြန် ကျွန်မ ဦးလေးရဲ့ကုမ္ပဏီကိုလာခဲ့မယ်။ အဲ့ဒီအချိန်ကျပြကြည့်ပါ။ တကယ်ပဲ ယင်စွမ်းအားတွေရှိနေတယ်ဆိုရင်တော့ ကျွန်မကိုခနပေးလိုက်ပါ၊ ယင်စွမ်းအားကိုဖယ်ထုတ်နိုင်တဲ့နည်းလမ်းကို ကျွန်မသိထားတယ်။ ပြီးသွားရင်တော့ ပြန်ပေးပါ့မယ်။ ယင်စွမ်းအင်နဲ့သာဆက်ပြီးမထိတွေ့နေမိဘူးဆိုရင် ဦးလေးရဲ့ကျန်းမာရေးလဲပုံမှန်အတိုင်းပြန်ကောင်းလာပါလိမ့်မယ်။"
"ဟုတ်ပါပြီ, ဟုတ်ပါပြီ။" စုကျန်းဟောက် ကုနင်း၏ရည်ရွယ်ချက်ကိုသံသယမဝင်သလို ကုနင်းကိုတိုင်ကသာထုတ်ပြောလာခြင်းမျိုးမဟုတ်လျှင် သူမဘာကြောင့်များယင်စွမ်းအင်အကြောင်းနားလည်လဲဆိုသည်ကိုမေးမြန်းဖို့ရန်မသင့်ကြောင်းလဲ သိလေသည်။ ကုနင်းဘက်ကအခုလို စေတနာနှင့်ကူညီပေးလာခြင်းကပင် ကျေးဇူးတင်စရာကောင်းနေပြီဖြစ်သည်။
ကုနင်း စုကျန်းဟောက်နှင့်ဖုန်းဆက်ပြီးနောက်တွင်တော့ ကောင်းယိက သိချင်စိတ်ပြင်းပြစွာဖြင့်မေးလိုက်တော့သည်။
"ဘော့စ်၊ ယင်စွမ်းအင်ဆိုတာ တကယ်ရှိတာလား?" ထိုယင်စွမ်းအင်ဆိုသည်ကို ယခုမှပထမဆုံးအကြိမ်လက်တွေ့ကြားဖူးခြင်းဖြစ်သောကြောင့် ချောင်ယသည်လဲ အလွန်သိချင်နေမိသည်။
"ရှိတာပေါ့။" ကုနင်း လိုရင်းတိုရှင်းသာပြန်ဖြေလိုက်ပြီး အသေးစိတ်မရှင်းပြနေပေ။ ကောင်းယိနှင့်ချောင်ယလဲ ကုနင်းအသေးစိတ်မပြောချင်မှန်းသိသောကြောင့် ဆက်မမေးကြတော့ပေမည့် ကုနင်း၏စကားများကိုတော့ယုံကြည်ထားကြပြီးဖြစ်သည်။
ကုနင်းအိမ်သို့ပြန်ရောက်သည့်အချိန်တွင်တော့ သူမGမြို့သို့သွားရမည့်အကြောင်း ကုမန့်ကိုပြောပြခဲ့ကာ ကုမန့်ကလဲအဆီးအတားမရှိသဘောတူခဲ့သည်။ ကုနင်းက JadeBeautyလက်ဝတ်ရတနာဆိုင်၏ပိုင်ရှင်အစစ်ဖြစ်ကြောင်း ကုမန့်သိရှိသွားပြီးကတည်းက ကုနင်း Gမြို့သို့ခေါက်တုန့်ခေါက်ပြန်သွားလာနေခြင်းသည်ဖြစ်သင့်သည်ဟု ပို၍လက်ခံသွားပြီဖြစ်သည်။
နောက်တစ်နေ့မနက်၉နာရီတွင်တော့ ကုနင်း ကောင်းယိနှင့်ချောင်ယကိုခေါ်ကာ စုမိသားစုပိုင်ကုမ္ပဏီသို့ထွက်လာခဲ့လိုက်သည်။
ကုမ္ပဏီကားပါကင်တွင် ကားရပ်ပြီးသည်နှင့် ကုနင်း စုကျန်းဟောက်ကိုဖုန်းလှမ်းဆက်လိုက်သောကြောင့် စုကျန်းဟောက်ကလဲ ချက်ချင်းပင် ရွှေဆင်းတုတော်ကိုထုပ်ပိုးပြီး ကုနင်းနှင့်သွားရောက်တွေ့ဆုံခဲ့သည်။
ကုနင်း ရွှေဆင်းတုတော်ကိုမြင်လိုက်သည်နှင့် ထိုဆင်းတုတော်တွင်ယင်စွမ်းအင်များကပ်တွယ်နေကြောင်းသိလိုက်သောကြောင့် သူမ၏အထင်မှန်ကန်သွားတော့သည်။ ကုနင်းလဲ ထိုရွှေဆင်းတုတော်ကိုလက်လွှဲယူလိုက်ကာ စုကျန်းဟောက်ကိုတော့ ဆေးပုလင်းလေးတစ်ခုပေးလိုက်ပြီး၊
"ဦးလေးစု၊ ဒီထဲကဆေးတွေကိုသောက်ပေးပါ၊ ဒီလိုဆို ကျန်းမာရေးအခြေနေ မြန်မြန်ပြန်ကောင်းလာလိမ့်မယ်။"
ထိုဆေးများမှာ တစ်လုံးလျှင်ယွမ်တစ်သန်းတန်သည့် ကုနင်း၏အထူးဆေးများဖြစ်ကြောင်း စုကျန်းဟောက်သိလိုက်သည်။ စုကျန်းဟောက်လို အလွန်ကြွယ်ဝသည့်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအနေဖြင့် ယွမ်၁သန်းဆိုသည်မှာပြောပလောက်သည့်ပမာဏမဟုတ်ပေ။ ထို့ကြောင့် ကုနင်းကို ဆေးတန်ဖိုးပေးဖို့ရန်ဆန္ဒရှိနေပေမည့် ကုနင်းကတော့ ချက်ချင်းပြန်ငြင်းခဲ့သည်။ သို့နှင့်ဆက်ပြီး ကုနင်း၏လက်ထဲသို့ဆေးဖိုးကိုအတင်းထည့်ပေးသော်လည်း ကုနင်းကလုံးဝမယူသောကြောင့် နောက်ဆုံးတွင် စုကျန်းဟောက်သာလက်လျှော့လိုက်ရတော့သည်။ အခုချိန်တွင် စုကျန်းဟောက်အနေဖြင့် ကုနင်းအပေါ်တွင် အကြွေးတင်သွားပြီဖြစ်သည်။
ထိုမနက်တွင်ပဲ လူတော်တော်များများ လန်ယွီပင်းကိုဖုန်းဆက်လာကာ သူ့သားအခြေအနေဘယ်လိုရှိလဲဆိုသည်နှင့် ကုနင်း၏ဆေးကအကျိုးသက်ရောက်မှုရောရှိရဲ့လားဆိုသည်ကို ဆက်တိုက်မေးမြန်းလာကြတော့သည်။ အဖြေသည်တော့ အကောင်းဘက်ပင်ဖြစ်ကာ နောက်လဝက်အတွင်းမှာပဲ လန်ယွီပင်း၏သား လမ်းပြန်လျှောက်နိုင်တော့မည်ဟုပင်ဖြစ်သည်။ လန်ယွီပင်းက ကုနင်းကိုယ်စားလဲ ဆေးအကြောင်းကို ကြော်ငြာဝင်ပေးနေခဲ့သေးသည်။
ဆေးစွမ်းထက်ကြောင်း အတည်ပြုချက်ကိုကြားပြီးသည်နှင့် လူတချို့ကတော့ ကုနင်း၏ဖုန်းနံပါတ်အား၍ လန်ယွီပင်းထံမှတောင်းကြတော့သည်။ သူတို့သည်လဲ ကုနင်း၏အထူးဆေးကိုဝယ်ယူလိုက်ကြသည်။ သို့ပေမယ့် ကုနင်း၏ခွင့်ပြုချက်မရှိသေးသောကြောင့် လန်ယွီပင်းက တစ်ယောက်ကိုမျှမပြောပြခဲ့ပေ။
ထို့နောက် လန်ယွီပင်းက ထိုအကြောင်းကို ကုနင်းအားဖုန်းဆက်လှမ်းပြောလိုက်ပေမည့် ကုနင်းတွင် လောလောဆယ်သူတို့နှင့်အရောင်းအဝယ်လုပ်ရန်အတွက် အချိန်မပေးနိုင်သေးသောကြောင့် သူမဖုန်းနံပါတ်ကိုမပေးရန်သာပြန်ပြောခဲ့သည်။
ဆက်တိုက်ဆိုသလိုပင် ထိုမနက်တွင်ပဲ Fမြို့၌ကုနင်းအကြောင်း သတင်းကြီးနှစ်မျိုးတက်လာခဲ့သည်။ လူတိုင်းမှာ JadeBeautyလက်ဝတ်ရတနာဆိုင်၏ပိုင်ရှင်သည် ကုနင်းဟုခေါ်သည့် ၁၈နှစ်အရွယ်မိန်းကလေးမှန်းသိသွားကြတော့သည်။ နောက်သတင်းသည်တော့ ထိုမိန်းကလေး၏အထူးဆေးတစ်မျိုးသည် အလွန်အကျိုးသက်ရောက်မှုရှိပြီး ရောဂါအများစုကိုပျော်ကင်းစေနိုင်သည်ဆိုခြင်းပင်။ မိန်းကလေးစုသည်တော့ လက်တွေ့ဥပမာကောင်းတစ်ရပ်ဖြစ်လေသည်။
ပထမသတင်းကိုတော့ အထူးအဆင့်မြင့်ပုဂ္ဂိုလ်များစွာက ကိုယ်တွေ့သိထားခြင်းဖြစ်၍ လူအများစုယုံကြည်ကြသော်လည်း ဒုတိယသတင်းကိုတော့ဖြင့် ကမ္ဘာပေါ်တွင် ရောဂါအများစုကိုကုသနိုင်သောအစွမ်းရှိသည့် ဆေးတစ်မျိုးပေါ်ထွက်နေပြီဟု ဘယ်သူမှမယုံကြည်နိုင်သောကြောင့် အနည်းငယ်မျှကသာ အတော်အသင့်ယုံကြည်ခဲ့ကြသည်။
မည်သို့ပင်ဆိုစေ ကုနင်းဆိုသည့်အမည်နာမသည် Fမြို့တစ်မြို့လုံးကို အုံကြွထိတ်လန့်သွားစေခဲ့သည်။ သူမသည် အသက်၁၈နှစ်တည်းဖြင့် ယွမ်၁ဘီလီယံကျော်ရင်းနှီးငွေရှိသည့်လက်ဝတ်ရတနာလုပ်ငန်းတစ်ခုကိုပိုင်ဆိုင်နေခဲ့လေသည်။
သတင်းထောက်တော်တော်များများသည် ကုနင်းနှင့်အင်တာဗျူးချင်နေကြသော်လည်း ကုနင်းသည်တော့ သူတို့၏ဖုန်းများကိုပြန်မဖြေလာခဲ့ပေ။
ကုချင်းရှန်လဲ ထိုထိတ်လန့်အံ့အားသင့်စရာသတင်းနှစ်ပုဒ်ကိုကြားခဲ့ရသည်။ ထိုသတင်းထဲရှိမိန်းကလေးမှာ သူသိထားသည့်ကုနင်းဟုမယုံကြည်နိုင်သော်လည်း နာမည်ရောအသက်အထိပါ တိုက်တိုက်ဆိုင်ဆိုင်တူနေဖို့မဖြစ်နိုင်ပေ။
***
အခန်း ၃၉၈
စုန့်မန်နီ
ကုချင်းရှန်အတွက် ထိုအမှန်တရားကိုလက်ခံနိုင်ဖို့ရန်အလွန်တရာမှခက်ခဲလွန်းပေသည်။ ကုမန့်တို့မိသားစု အလှပြင်ဆိုင်တစ်ဆိုင်နှင့် ဆောက်လုပ်ရေးသုံးပစ္စည်းဆိုင်တစ်ဆိုင်ကိုပိုင်သည်ဆိုကတည်းကပင် အလွန်မနာလိုဖြစ်နေရပြီးဖြစ်ပေသည်။ ထပ်ပြီး သူတို့တွင် လက်ဝတ်ရတနာလုပ်ငန်းတစ်ခုပါရှိနေသည်ဆိုလျှင်တော့ ကုချင်းရှန်အတွက် အလွန်လက်မခံနိုင်စရာသည်းမခံနိုင်စရာအမှန်တရားဖြစ်သွားပေပြီ။ ကုချင်းရှန်သည် နှစ်ပေါင်း၂၀ကျော်ကြိုးစားကာအလုပ်လုပ်ခဲ့ရပြီးနောက်တွင်မှ ယွမ်ဆယ်သန်းအထက်ချမ်းသာလာသည့် အောင်မြင်သောစီးပွားရေးသမားတစ်ဦးဖြစ်ခဲ့ပေမည့် ကုနင်းသည်တော့ ဘီလီယံနာတစ်ယောက်ဖြစ်လာဖို့ရန်အတွက် လပိုင်းသာလိုအပ်ခဲ့လေသည်!
အခုချိန်တွင် ကုနင်းသည်အားနည်းပျော့ညံသည့်ကောင်မလေးမဟုတ်တော့မှန်း သူသိသော်လည်း ထိုသတင်းကြားပြီးနောက်တွင်တော့ ကုမန့်ကိုမဆက်သွယ်မိဘဲမနေနိုင်ခဲ့ပေ။ ကုအဘွားကြီးသည် အခုချိန်အထိဆေးရုံတွင်သာရှိသေးသောကြောင့် ကုမန့်သည်လဲ သူမအမေအခြေအနေဆိုးလာခဲ့လျှင် မသိရဘဲမဖြစ်စေရန်အတွက် ကုချင်းရှန်၏ဖုန်းနံပါတ်ကိုမဖျက်ထားခဲ့ပေ။
ကုအဘွားကြီးကိုမုန်းသည်မှာမှန်သော်လည်း ကုမန့်အနေဖြင့်သွေးအေးရက်စက်နိုင်သည့်အဆင့်တော့မဟုတ်ပေ။ ထို့ကြောင့် သူမမှာလမ်းမလျှောက်နိုင်တော့ဘဲ အိပ်ရာထဲတွင်သာလှဲနေရပြီး တစ်နေရာရာသွားချင်လျှင်လဲ ဝှီးချဲကိုသာအသုံးပြုနိုင်တော့သည်။ ထို့အတွက်ကြောင့် ကုမန့်ကိုပြဿနာထပ်ပြီးရှာနိုင်တော့မည်မဟုတ်ပေ။
"ကုမန့်၊ JadeBeautyလက်ဝတ်ရတနာလုပ်ငန်းရဲ့ပိုင်ရှင်အစစ်က ကုနင်းဆို၊ ဟုတ်လား?" ကုချင်းရှန်မေးလိုက်သည်။ အခုချိန်တွင် ကုမန့်တို့မိသားစုကို စိတ်အနှောက်အယှက်ဖြစ်အောင်မလုပ်ရဲတော့သောကြောင့် အရင်လိုမာမာထန်ထန်ဖြင့်မပြောတော့ပေ။
ထိုသတင်းအကြောင်းလူတိုင်းပါးစပ်ဖျား၌ပြောနေကြသည်ကို ကုမန့်ကြားထားပြီးသားဖြစ်သောကြောင့် ကုချင်းရှန်သိသွားသည်ကိုအံ့ဩမနေမိတော့ပေ။
"အဲ့တော့ဘာဖြစ်လဲ? ဒါနင်နဲ့ဘာမှမပတ်သတ်ဘူး။"
ထိုကိစ္စမှာ အမှန်တကယ်ပင် သူနှင့်ဘာမှမပတ်သတ်သောကြောင့် ကုချင်းရှန်လဲပြောစရာစကားများဆွံ့အသွားကာ ဖုန်းချလိုက်ရတော့သည်။ တစ်ဖက်တွင်တော့ ကုချင်မှာ ထိတ်လန့်အံ့ဩမိနေစဲပင်။ သူမ၏တူမဖြစ်သည့်ကုနင်းက JadeBeautyလက်ဝတ်ရတနာလုပ်ငန်း၏ပိုင်ရှင်ဖြစ်နေသောကြောင့် အလွန်အံ့အားသင့်နေမိရသည်။ ချင်ကျန်း၊ ချန်းကျီယောင်၊ ရှောင်ဖေးဖေး၊ လင်းလိကျွမ်း နှင့်ကုရှောင်ရှောင်တို့သည်လဲ ထိုသတင်းကိုကြားခဲ့ကြကာ ဘယ်သူမှသူတို့တွေလောက်အံ့ဩထိတ်လန့်နိုင်ကြမည်မဟုတ်ပေ။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!" လင်းလိကျွမ်းသည်တော့ အမှန်တရားကိုလက်ခံဖို့ရန် ငြင်းဆန်လို့နေသည်။
"မဟုတ်ဘူး၊ ဒါသမီးတို့သိထားတဲ့ကုနင်းမဟုတ်နိုင်ဘူး။ သူ့လို သူဆင်းရဲမက လက်ဝတ်ရတနာလုပ်ငန်းတစ်ခုကိုဘယ်လိုလုပ်တည်ထောင်နိုင်မှာလဲ!" ကုရှောင်ရှောင်ကလဲ အတင်းငြင်းဆန်လိုက်သည်။
ထိုသို့ဆွေးနွေးငြင်းဆိုအံ့ဩမှုများကိုတော့ ကုနင်းလုံးဝဂရုမစိုက်နေပေ။ အကြောင်းကတော့ သူမသည် Gမြို့သို့ပင်ရောက်နေပြီဖြစ်ခြင်းကြောင့်ဖြစ်သည်။
သူမတို့စီးလာသည်လေယာဉ်သည် နေ့လည်၁၂နာရီခွဲတွင် Gမြို့သို့ဆင်းသက်ခဲ့သည်။
ကုနင်းလေယာဉ်ပေါ်မှဆင်းကာ ဖုန်းကိုပြန်ဖွင့်လိုက်သည်နှင့် သူမမသိသည့်ဖုန်းစိမ်းများနှင့် စာများဝင်ထားသောကြောင့် အံ့အားသင့်သွားရတော့သည်။ နောက်တော့မှ သတင်းထောက်များက သူမကိုအင်တာဗျူးရန်အတွက် အသည်းအသန်ရှာဖွေနေခြင်းဖြစ်ကြောင်းကိုနားလည်လိုက်သည်။ သို့ပေမည့် အခုချိန်တွင် သူမအလုပ်များနေစဲဖြစ်သည်။ ထို့ကြောင့် သူတို့ဘက်မှဖုန်းပြန်ဆက်လာသည်နှင့် သူမယခုFမြို့တွင်မရှိနေသောကြောင့် ဘယ်အင်တာဗျူးကိုမျှလက်မခံနိုင်သေးကြောင်း စာပြန်ပို့ခဲ့သည်။
ထိုသတင်းထောက်များကလဲ ကုနင်းဘယ်အချိန်ပြန်လာမလဲဆိုသည်ကိုပြန်မေးမြန်းကြပေမည့် ကုနင်းကတော့သူတို့၏အမေးစကားများကိုလျစ်လျူရှုထားလိုက်တော့သည်။ ထို့နောက် သူမတက္ကစီတစ်စီးငှားကာ နေ့လည်စာစားရန်အတွက် မြို့ထဲသို့ထွက်လာခဲ့လိုက်သည်။
ကုနင်းGမြို့သို့မလာခင်အချိန်ကတည်းက ယန်ကျန်းလင်ကိုဆက်သွယ်ထားသောကြောင့် ယန်ကျန်းလင်တို့အဖွဲ့သည် ကုနင်းကို ဟိုတယ်တွင်ကြိုတင်စောင့်ဆိုင်းနေကြပြီဖြစ်သည်။
ကုနင်းက ဟုန်ယွမ်လုပ်ငန်းစုမှ သူမဝယ်ချင်သမျှပိုင်ဆိုင်မှုအားလုံးကို စာစီကာ ယန်ကျန်းလင်အားပို့ထားပြီးဖြစ်သောကြောင့် သူမရောက်သွားသည်နှင့် ကျသင့်မည့်ဈေးနှုန်းကိုတန်းသိလိုက်ရသည်။
အမှန်တကယ်ပေါက်ဈေးသည်က ယွမ်၂.၅ဘီလီယမ်ဖြစ်သော်လည်း ကုနင်းသည်တော့ ယွမ်၁.၃ဘီလီယံဖြင့်သာ ဝယ်ယူခွင့်ရမည်ဖြစ်ကာ ယွမ်သန်း၇၀၀တောင်မှလျှော့ပေးထားခြင်းဖြစ်၍ ကုနင်းမျှော်မှန်းထားသည့်ပမာဏထက်ပင် အများကြီးလျော့နေခဲ့သည်။ ထိုပမာဏသည်အလွန်များပြားသည့်လျှော့ပေးထားမှုဖြစ်ကာ ယန်ကျန်းလင်ဘက်ကအတတ်နိုင်ဆုံးလုပ်ဆောင်ပေးထားခြင်းဖြစ်သည်။ ထိုမျှအများအပြားလျှော့ပေးထားခြင်းသည်က ဟုန်ယွမ်လုပ်ငန်းစုကိုဖြုတ်ချရာတွင် ကုနင်းအနေဖြင့်အဓိကပါဝင်လှုပ်ရှားပေးထားကြောင့်ဖြစ်သည်။
စားသောက်ပြီးသည့်နောက်တွင်တော့ ယန်ကျန်းလင်ကိုယ်တိုင် ကုနင်းကိုလိုအပ်သည့်စာရွက်စာတမ်းများအား လိုက်လုပ်ပေးကာ မကြာခင်တွင်ပဲ အရောင်းအဝယ်ကိစ္စပြီးစီးသွားတော့သည်။
ထို့နောက် ကုနင်းက ထိုအချက်အလက်များကို အန်းကွမ်းယောင်အားသွားပေးရန် ကောင်းယိနှင့်ချောင်ယတို့ကိုပြောလိုက်သည်။ သူတို့နှစ်ဦးက အန်းကွမ်းယောင်နှင့်အတူလိုအပ်သည်များကို ကူညီလုပ်ကိုင်ပေးရမည်ဖြစ်သည်။ ဟုန်ယွမ်လုပ်ငန်းစုလက်အောက်မှ ဟိုတယ်များနှင့် စားသောက်ဆိုင်များကိုတော့ အသစ်ပြန်လည်ပြင်ဆင်ကာ နာမည်ကိုလဲ အသစ်ပြောင်းလိုက်မည်ဖြစ်သည်။ ထို့အပြင် ကုနင်းက ထိုဟိုတယ်များကို ဖုန့်ထန်ဟိုတယ်ဟုအမည်သစ်ပေးကာ ကြယ်ငါးပွင့်အဆင့်အထိတိုးမြှင့်ဖို့ရန်အတွက် စီစဉ်ထားလေသည်။ စားသောက်ဆိုင်များကိုလဲ အဆင့်မြှင့်တင်ပြီး ဖုန့်ထန်စားသောက်ဆိုင်ဟုအမည်ပေးမည်ဖြစ်သည်။
ဖန်ချန်းရှန်သည် ရည်မှန်းချက်ကြီးသည်လူမျိုးဖြစ်သောကြောင့် သူ့ဟိုတယ်နှင့်စားသောက်ဆိုင်အားလုံးသည် နေရာကောင်းများတွင်သာတည်ခြင်းဖြစ်၍ အဆင့်မြှင့်တင်ဖို့ရန်မခက်ခဲပေ။ ဈေးဝယ်စင်တာကိုတော့ ပုံမှန်အတိုင်းသာဆက်ဖွင့်ဖို့ရန် ကုနင်းဆုံးဖြတ်လိုက်သည်။ အကြောင်းမှာတော့ ဈေးဝယ်စင်တာတစ်ခုကို တစ်ရက်မျှပိတ်လိုက်လျှင်ပင် ယွမ်၁သန်းလောက်ဆုံးရှုံးသွားနိုင်ခြင်းကြောင့်ဖြစ်သည်။
နောက်တစ်နေ့တွင်တော့ ကုနင်းတစ်ယောက်တည်း Bမြို့သို့သွားရန်စီစဉ်ထားပြီး ကောင်းယိနှင့်ချောင်ယသည်တော့ ထိုနေ့တွင်ပင် Fမြို့သို့ပြန်ပေလိမ့်မည်။
ကုနင်းGမြို့တွင် တစ်ညသာနေမည်ဖြစ်သောကြောင့် ဆရာယန်တို့ကိုဖုန်းဆက်မနေတော့ဘဲ JadeBeautyလက်ဝတ်ရတနာဆိုင်နှင့် ကျိုးကျန်းဟုန်ထံသို့သာသွားရောက်ခဲ့သည်။
"ဦးလေးကျိုး၊ ကိစ္စတွေ အဆင်ပြေရဲ့လား?"
"အားလံဒးအဆင်ပြေပါတယ်၊ ဒါပေမယ့် လွန်ခဲ့တဲ့ရက်ပိုင်းက ရှောင်ပင်းလာသွားပြီး ကျွန်တော့်ဆီ ကျိုးဖူလက်ဝတ်ရတနာလုပ်ငန်းကို ယွမ်သန်း၅၀နဲ့တောင် ရောင်းဖို့လုပ်ခဲ့သေးတယ်။ ကျိုးဖူလုပ်ငန်းဆိုတာ အခုချိန်မှာ ယွမ်၁၀သန်းတောင်မှမတန်တော့ဘူးဆိုတော့ ကျွန်တော်လဲ ငြင်းလိုက်တယ်။ ကျိုးဖူလုပ်ငန်းအပေါ် ကျွန်တော်သံယောဇဉ်လုံးဝမရှိတော့ဘူးလို့ပြောဖို့ကတော့ ညာနေတာပဲဖြစ်သွားမှာ။ ဒီလုပ်ငန်းဆိုတာ ကျွန်တော်ကိုယ်တိုင်တည်ထောင်လာခဲ့တာမှန်ပေမယ့် ဒါတွေအားလုံးအတိတ်တွေဖြစ်သွားပါပြီ၊ အခုအနာဂါတ်ကို JadeBeautyလက်ဝတ်ရတနာလုပ်ငန်းနဲ့ပဲရှေ့ဆက်သွားတော့မယ်။" ရှောင်ပင်း သူ့ထံလာခဲ့သည်ဆိုသည့်အကြောင်းကို ကျိုးကျန်းဟုန်မဖုံးကွယ်ခဲ့သလို ကုနင်း၏ရှေ့တွင် သူဘယ်လောက်JadeBeautyလက်ဝတ်ရတနာလုပ်ငန်းအပေါ် သစ္စာရှိကြောင်းကိုလဲ ထုတ်ဖော်ပြသခဲ့သည်။
ထိုစကားများကိုကြားလိုက်ရတော့ ကုနင်းသဘောကျသွားခဲ့သည်။ အခုလို ကျိုးကျန်းဟုန်က သူမနှင့်အလုပ်တွဲလုပ်နေသည့်အချိန်တွင် JadeBeautyလက်ဝတ်ရတနာလုပ်ငန်းအပေါ်သစ္စာရှိကြောင်းကြားရသည်က အလွန်ဝမ်းသာစရာကိစ္စဖြစ်လေသည်။ ကုနင်းဘက်ကလဲ ကျိုးကျန်းဟုန်ကို သီးသန့်လုပ်ငန်းတစ်ခုလုပ်ကိုင်ခွင့်ပေးမည်ဖြစ်ပေမည့် သေချာပေါက် လက်ဝတ်ရတနာလုပ်ငန်းကိုတော့ လုပ်ကိုင်ခွင့်မပေးနိုင်ပေ။ သူတို့အချင်းချင်း လုပ်ငန်းတူသောကြောင့် ပြိုင်ဆိုင်ရမည့်အဖြစ်မျိုး ကုနင်းမလိုချင်ပေ။
ကျိုးကျန်းဟုန်က အိမ်ပြန်ကာ သူ့သားနှင့်အတူညစာစားရမည်ဖြစ်သောကြောင့် ကုနင်းအကြာကြီးမနေဘဲ ထွက်လာခဲ့လိုက်သည်။ တိုက်ဆိုင်စွာပင် ညစာစားရန်အတွက်စားသောက်ဆိုင်သို့အရောက်တွင် စုန့်မန်နီ သူမဘေးခုံတွင်ထိုင်နေသည်ကိုတွေ့လိုက်ရသည်။
စုန့်မန်နီသည် သူမနှင့်ရွယ်တူအခြားအမျိုးသမီးတစ်ဦးနှင့်မျက်နှာချင်းဆိုင်ထိုင်နေကာ စားသောက်ရင်းစကားပြောနေခဲ့သည်။
"မန်နီ၊ နင်ဘာဆက်လုပ်ဖို့စီစဉ်ထားလဲ?" တစ်ဖက်အမျိုးသမီးမှမေးလိုက်သည်။
"အလုပ်ထွက်မယ်၊ ပြီးတော့ အိမ်ရောင်းပြီး Gမြို့ကထွက်သွားတော့မယ်။ ပတ်ဝန်းကျင်အသစ်တစ်ခုမှာ ငါအခြေပြန်ချချင်တယ်။" စုန့်မန်နီသည် သူမခင်ပွန်းဟောင်းမိသားစုကြောင့် စိတ်ထိခိုက်နာကျင်ခဲ့ရ၍ ဘဝအသစ်ကိုစတင်ချင်နေသည်။
"နင်ဘယ်ကိုပြောင်းမှာလဲ? နင်ဒီဇိုင်းဒါရိုက်တာတစ်ယောက်ဖြစ်လာဖို့ ဒီလောက်ထိခက်ခက်ခဲခဲကြိုးစားခဲ့ရတာ အခုတော့အသစ်ကနေပြန်စတော့မယ်ပေါ့။" တစ်ဖက်အမျိုးသမီးက စုန့်မန်နီအတွက် ဝမ်းနည်းနေမိသည်။
"ရပါတယ်၊ ငါအခုတစ်ကိုယ်တည်းသမားဖြစ်သွားပြီဆိုတော့ ဘာဖိအားမှမရှိတော့ဘူး။ စုန့်မိန်ရှင်းအကြောင်း ငါသိသွားပြီဆိုကတည်းက ဖန်ကျဲ့က သူနဲ့ပြန်ပေါင်းဖို့ ဆက်တိုက်တောင်းဆိုတယ်။ ငါသူ့ကိုစိတ်ကုန်သွားပြီ ဒီတော့ ဝေးဝေးထွက်သွားတာပိုပြီးအဆင်ပြေလိမ့်မယ်!"
***
အခန်း ၃၉၉
စုန့်မန်နီနှင့်စေ့စပ်ဆွေးနွေးခြင်း
စုန့်မိန်ရှင်းကြောင်းပါလာသည့်အချိန်တွင်တော့ တစ်ဖက်အမျိုးသမီး၏မျက်နှာတွင် မကြိုက်ကြောင်း သိသိသာသာပေါ်လွင်လာကာ၊
"အဲ့ဒီခွေးမတကယ့်ကိုမကောင်းဆိုးဝါးပဲ။ သူက ဖန်ကျဲ့ရဲ့ကလေးကိုတောင်မှ ကိုယ်ဝန်ဆောင်လိုက်သေးတယ်။ ဒါပေမယ့် နင်ဒီလိုစောစောစီးစီးဖန်ကျဲ့ရဲ့မျက်နှာဖုံးကိုခွာချနိုင်ခဲ့တာကိုတော့ သူ့ကိုကျေးဇူးပြန်တင်ရမယ်။ ဖန်ကျဲ့ရဲ့မိသားစုကလဲ တကယ့်ကိုအရှက်မဲ့လွန်းတယ်! ဖန်ကျဲ့ကသာဖောက်ပြန်ခဲ့တဲ့လူကို နင့်ကိုတောင်မှအပြစ်ပြန်တင်နေသေးတယ်!"
ထိုစကားများကိုကြားလိုက်ရပြီး ပြဇာတ်ဆန်ဆန်ဘဝအခြေအနေမျိုးဖြစ်နေသောကြောင့် ကုနင်းအံ့ဩသွားရသည်။ ကံကောင်းစွာဖြင့် နောက်ဆုံးရလဒ်သည်တော့ ဆိုးဝါးမနေခဲ့ပေ။ သို့ပေမည့် သူမသာ စုန့်မန်နီနေရာတွင်ဆိုလျှင် ထိုအရှက်မဲ့သည့်တစ်မိသားစုလုံးကို သေချာပေါက် လက်စားပြန်ချေမည်ဖြစ်သည်။
စုန့်မန်နီသည် ပါးနပ်ကာဉာဏ်ရှိပြီး အရည်အချင်းလဲကောင်းသည့်အမျိုးသမီးတစ်ယောက်ဖြစ်သည်ဟု ကုနင်းတွေးမိသွားသည်။ စုန့်မန်နီကလဲ သူမ၏ဘဝကိုအသစ်မှပြန်စရန်ရည်ရွယ်နေပြီး ကုနင်းတွင်လဲ အရည်အချင်းပြည့်မှီသည့်ဝန်ထမ်းများလိုအပ်နေသောကြောင့် စုန့်မန်နီကိုသာ အလုပ်ခန့်လိုက်မည်ဆိုလျှင်!
စုန်မန်နီတို့ ညစာစားပြီးခါနီးအချိန်တွင်ပဲ စုန့်မန်နီ၏သူငယ်ချင်းဖြစ်သည့်အမျိုးသမီးထံဖုန်းဝင်လာခဲ့ပြီးနောက် ထွက်သွား၍ စုန့်မန်နီတစ်ယောက်တည်းသာကျန်ခဲ့တော့သည်။
ကုနင်းလဲ သူမစားလက်စပန်းကန်ကိုကိုင်ကာ စုန့်မန်နီ၏စားပွဲအနားသို့လျှောက်သွားပြီး၊
"ကျွန်မဒီမှာထိုင်လို့ရမလား?"
ကုနင်းကိုမြင်လိုက်သည်နှင့်ချက်ချင်းပင် စုန့်မန်နီမှတ်မိသွားရသောကြောင့် အနည်းငယ်အံ့အားသင့်သွားကာ၊
"ထိုင်ပါ။"
စုန့်မန်နီ၏ခွင့်ပြုချက်ရသည်နှင့် ကုနင်း စားပွဲတစ်ဖက်အခြမ်းတွင်ဝင်ထိုင်လိုက်တော့သည်။
"မင်္ဂလာပါ၊ ကျွန်မကကုနင်းပါ၊ ပြီးတော့ ကျွန်မတမင်နားထောင်နေတာတော့မဟုတ်ပေမယ့် အစောကရှင့်သူငယ်ချင်းနဲ့စကားပြောနေတာတွေကိုကြားလိုက်တယ်။ ရှင်က အလုပ်ပြောင်းပြီး ပတ်ဝန်းကျင်အသစ်တစ်ခုမှာနေထိုင်ဖို့လုပ်နေတာဆို။ ရှင်ရဲ့အရင်အလုပ်ကဘာလဲဆိုတာ ကျွန်မကိုပြောပြလို့ရမလား?" ကုနင်းမေးလိုက်သည်။
စုန့်မန်နီကတော့ ကုနင်းသာမာန်စကားပြောချင်ခြင်းကြောင့်သာ အခုလိုမေးသည်ဟုထင်ပြီး ဖုံးကွယ်မနေဘဲပြောပြလိုက်သည်။
"အဆောက်အဦးအတွင်းပိုင်းဒီဇိုင်းဆင်တာပါ။"
"အဲ့ဒါက တကယ့်ကိုလစာကောင်းကောင်းနဲ့ အတော်ကောင်းတဲ့အလုပ်ပဲ။ ဒါပေမယ့် နည်းနည်းတော့ပင်ပန်းမှာပေါ့။ ရှင်ဒီလုပ်ငန်းဘက်ကိုပဲဆက်ပြီးလုပ်ချင်တာလား?"
"ရှင်ပြောသလိုပါပဲ။ ဒီအလုပ်က လစာမြင့်ပြီးတော်တော်ကောင်းတဲ့အလုပ်ပါ၊ ဒါပေမယ့်လဲပင်ပန်းရတယ်။ ကျွန်မမိသားစုအတွက်ကြောင့်သာမဟုတ်ရင် ဒီလိုခက်ခက်ခဲခဲကြိုးစားပြီးငွေရှာနေမှာမဟုတ်ဘူး။ အခုတော့ တစ်ယောက်တည်းဖြစ်သွားပြီမို့လို့ အေးအေးဆေးဆေးပဲလုပ်လို့ရပြီ။"
"အလုပ်ကတော့အခြေအနေအရပါပဲ။ အဆောက်အဦးတွင်းဒီဇိုင်းဆင်တာပဲဆက်လုပ်ဖြစ်ရင်လဲ အလုပ်ကိုလျှော့လုပ်ပြီး ကိုယ့်ကိုကိုယ်ဂရုပိုစိုက်တော့မယ်။ ဒါပေမယ့် တခြားအလုပ်တစ်မျိုးပြောင်းလုပ်ရမယ်ဆိုရင်လဲ အဆင်ပြေပါတယ်။"
စုန့်မန်နီက သူမကိုပွင့်ပွင့်လင်းလင်းပြောပြနေသောကြောင့် ကုနင်း သူမအဓိကပြောချင်သည့်အကြောင်းအရာကို သာတည့်ပြောလိုက်တော့သည်။
"ဒီလောက်အသက်အရွယ်နဲ့ ဒီဇိုင်းဒါရိုက်တာတစ်ယောက်တောင်ဖြစ်လာတယ်ဆိုတော့ ရှင်တော်တော်လေး တော်လို့ပဲဖြစ်ရမယ်၊ ဒါကြောင့် ကျွန်မရှင့်ကို အလုပ်ခန့်ချင်တယ်။ ရာထူးကတော့ ရှင်စိတ်ကြိုက်ရွေးနိုင်ပါတယ်။ လက်ဝတ်ရတနာဆိုင်မန်နေဂျာ၊ ဟိုတယ်မန်နေဂျာ၊ စားသောက်ဆိုင်မန်နေဂျာ ဒါမှမဟုတ် ဈေးဝယ်စင်တာမန်နေဂျာ တစ်ခုခုပေါ့။ ရှင်သာ ကိုယ့်ကိုကိုယ်အရည်အချင်းပြည့်မှီတယ်လို့ထင်ရင် ကျွန်မရဲ့ရုံးချုပ်မှာအလုပ်လာလုပ်လဲရတယ်။ ရှင်ဒီကိစ္စကိုစိတ်ဝင်စားရင် ကျွန်မတို့အသေးစိတ်ဆက်ပြောကြတာပေါ့။"
ကုနင်းပြောလိုက်သည့်စကားများကြောင့် စုန့်မန်နီအလွန်အံ့အားသင့်သွားရသည်။ ဘာ? သူမရဲ့ရုံးချုပ်တဲ့လား?
ကုနင်းသည် အရမ်းငယ်နေသေးသည်ဆိုသော်လည်း ယခုခေတ်တွင် လူငယ်အများအပြားသည် ကိုယ်ပိုင်ကုမ္ပဏီများကို စတင်တည်ထောင်နေနိုင်ကြပြီဖြစ်ပေမည့် အခုသူမပြောလိုက်သည့်ပုံစံက သူမနာမည်ဖြင့်ကုမ္ပဏီများစွာရှိနေသလိုပင်။ လက်ဝတ်ရတနာဆိုင်၊ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ၊ ဈေးဝယ်စင်တာတွေရောအများကြီးပဲ။ ဒီလိုသာဆို ကုမ္ပဏီဟုတောင် ခေါ်၍မရတော့ပေ။ ဒါကလုံးဝကို လုပ်ငန်းစုတစ်ခုဖြစ်နေပြီပဲ!
ကုနင်း၏ပုံစံမှာတည်ငြိမ်နေပြီး လိမ်ညာနေသည်ဟုမထင်ရသော်လည်း စုန့်မန်နီကတော့ ကုနင်း၏နောက်ခံအမှန်ကိုသံသယဝင်နေမိစဲပင်။ သူတို့ကအခုမှစတွေ့ဖူးကြသည့်သူစိမ်းတွေသာမဟုတ်လား။
ကုနင်းလဲ စုန့်မန်နီ၏အတွေးများကိုမနှောက်ယှက်ဘဲ အေးအေးဆေးဆေးစားသောက်နေကာ စုန့်မန်နီဆုံးဖြတ်ချက်ချနိုင်သည်အထိ စောင့်နေလိုက်သည်။
အချိန်အတော်ကြာသည့်နောက်တွင်မှ စုန့်မန်နီ၏အတွေးရေယာဉ်ကြောရပ်တန့်သွားခဲ့ကာ၊
"အမှန်သာဆိုရင် ကျွန်မကြိုးစားကြည့်ချင်ပါတယ်။ ဒါပေမယ့် ရှင်ပြောတာတွေကအမှန်တွေဟုတ်ရဲ့လား?"
"သေချာပေါက် အမှန်တွေပေါ့၊ စားပြီးသွားရင် ရှင့်ကိုသက်သေနဲ့တကွပြပါမယ်။"
ကုနင်းကထိုသို့ပြောလာမှတော့ စုန့်မန်နီလဲ သူမကို ခနတဖြုတ်ယုံကြည်ပေးထားလိုက်သည်။
"ဒါနဲ့ ကျွန်မအလုပ်ဝင်မယ်ဆို ဘယ်မြို့မှာလုပ်ရမှာလဲ?"
"Dစီရင်စုက ဒုတိယတန်းစားမြို့သုံးမြို့နဲ့ မြို့တော်ပေါ့။"
မြို့တော်ဆိုသည်ကိုကြားလိုက်ရတော့ စုန့်မန်နီမျက်လုံးများလင်းလက်သွားတော့သည်။ သူမ၏ဘဝလမ်းကြောင်းကို မြို့တော်တွင် အလွန်အခြေချချင်ခဲ့ပေမည့် သူမခင်ပွန်းဟောင်းကြောင့်သာ Gမြို့တွင် နေထိုင်ရန်ရွေးချယ်ခဲ့ရခြင်းဖြစ်ပေသည်။ သို့ပေမည့် မမျှော်လင့်ထားစွာပဲ သူမ၏ရည်မှန်းချက်မှာ ဆက်လက်ဖြစ်တည်နိုင်နေသေးပေသည်။
"ရှင်က ကြားထဲကဆက်သွယ်ပေးတဲ့သူမဟုတ်တာတော့သေချာပါတယ်နော်?" ကုမ္ပဏီ၏အတိုင်းအတာမှာအလွန်ကြီးမားသောကြောင့် ဒီလောက်ကြီးမားသည့်လုပ်ငန်းစုတစ်ခုကို ကုနင်းကိုင်တွယ်နိုင်လိမ့်မည်ဟု သူမမယုံကြည်နိုင်သောကြောင့် သံသယဖြစ်စွာမေးလိုက်မိသည်။ ထိုသည်ကအချက်တစ်ခုသာဖြစ်ပြီး သူမအမြင်တွင်တော့ ယခုမျှကြီးမားသည့်စီးပွားရေးလုပ်ငန်းကြီးတစ်ခုကိုတည်ထောင်ဖို့ရန်အတွက် ကုနင်းသည်အလွန်ငယ်လွန်းသေးသည်ဟုလဲ မြင်မိသည်။
ကုနင်းကတော့ ထိုသို့အမေးခံလိုက်ရသည့်အတွက် စိတ်မဆိုးမိပေ။ စုန့်မန်နီက သူမကိုသံသယမရှိယုံကြည်နေမှသာလျှင် ထူးဆန်းနေမည်ဖြစ်သည်။
ထိုအချိန်တွင်ပဲ ကုနင်းညစာစားလို့ပြီးသွားခဲ့ကာ သူမကျောပိုးအိတ်ထဲမှ သူမ၏ပိုင်ဆိုင်မှုစာရင်းများကို မိတ္တူကူးထားသည့်စာရွက်ဖိုင်တစ်ခုကိုထုတ်ယူလိုက်သည်။ ပုံမှန်ဆိုလျှင် ကုနင်းသည် သူမ၏အရေးကြီးသည့်စာရွက်စာတမ်းများကို စိတ်စွမ်းအင်အာကာပြင်ထဲတွင်သာ သိမ်ဆည်းထားလေ့ရှိပေမည့် သူမကိုယ်တိုင်ရွေးချယ်ခန့်အပ်ဖို့လုပ်နေသည့် စုန့်မန်နီကိုတော့ဖြင့် ထိုစာရွက်များပြဖို့ရန်ဝန်မလေးမိပေ။
ထိုသို့ဆိုသော်လည်း ကုနင်း စုန့်မန်နီအား သူမပိုင်ဆိုင်ထားသမျှအရာအားလုံးကိုတော့ ပြောပြလိမ့်မည်မဟုတ်ပေ။ သူမအနေဖြင့် JadeBeautyလက်ဝတ်ရတနာဆိုင်၊ ရှန်းဟွာအိမ်ခြံမြေလုပ်ငန်း၊ ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်းနှင့် ဟုန်ယွမ်လုပ်ငန်းစုမှယနေ့တင်ဝယ်ယူထားခဲ့သည့် ကုမ္ပဏီများနှင့်ဆိုင်သည့် အချက်အလက်များကိုသာ စုန့်မန်နီအား ချပြမည်ဖြစ်သည်။
ထိုစာရွက်စာတမ်းများကို စုန့်မန်နီဖတ်ပြီးသွားသည်နှင့် အလွန်အံ့အားသင့်သွားတော့သည်။
"ဝိုး..." ထိုစာရွက်များအားဖတ်ပြီးသွားသည်နှင့် ကုနင်းကို အံ့အားသင့်မှုအပြည့်ဖြင့် ကြည့်မိသွားပေမည့် ဘာမှတော့မပြောနိုင်ခဲ့ပေ။
ဒီမိန်းမငယ်လေးက တကယ်ကိုမယုံနိုင်စရာကောင်းတာပဲ! သူမက JadeBeautyလက်ဝတ်ရတနာလုပ်ငန်းနှင့် ဟုန်ယွမ်အိမ်ခြံမြေလုပ်ငန်း၏ပိုင်ရှင်ဖြစ်သည့်အပြင် ယနေ့တွင်ပဲ ဟုန်ယွမ်လုပ်ငန်းစုမှပိုင်ဆိုင်မှုအများအပြားကိုလည်း ဝယ်ယူခဲ့သေးလေသည်။
ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်းသည်က ယခုမှအသစ်စတင်ကာ မှတ်ပုံတင်ထားသည့်ကုမ္ပဏီတစ်ခုသာဖြစ်သောကြောင့် စုန့်မန်နီမကြားဖူးသေး၍ သိပ်ပြီးစိတ်ဝင်စားမှုမရှိပေ။ သို့ပေမည့် ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းကိုတော့ဖြင့် သူမသိလေသည်။ ထိုကုမ္ပဏီသည် ဒေဝါလီခံရလုနီးနီးဖြစ်ခဲ့ပေမည့် လျှို့ဝှက်လွန်းသည့်လူတစ်ဦးက ဝယ်ယူခဲ့လေသည်။
မမျှော်လင့်ထားစွာပဲ ထိုလျှို့ဝှက်လွန်းသည့်လူမှာ သူမရှေ့တွင်ထိုင်နေသည့် မိန်းကလေးဖြစ်နေလေသည်။လောလောလတ်လတ်တွင်ပင် Fမြို့၌သတင်းကြီးသွားခဲ့သည့် JadeBeautyလက်ဝတ်ရတနာလုပ်ငန်းကိုလဲ သူမသိထားပြီးဖြစ်သည်။ အခုချိန်တွင် ထိုလုပ်ငန်းသည့် လက်ဝတ်ရတနာလောကတွင် အကျော်ကြားဆုံးပင်ဖြစ်နေပေပြီ။
ကုနင်းသည် စုန့်မန်နီအား အလွန်အံ့အားသင့်အောင်လုပ်ခဲ့ပေပြီ။ စာရွက်စာတမ်းများကို အတုပြုလုပ်၍ရသည်မှန်သော်လည်း စုန့်မန်နီကတော့ ကုနင်းကိုယုံကြည်လိုက်ပေသည်။
***
အခန်း ၄၀၀
ကျိုးကျန်းဟုန်၏သားပြန်ပေးဆွဲခံရခြင်း
"ရှင်ကျွန်မကိုမယုံကြည်နိုင်သေးဘူးဆိုရင် စက်မှုနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှာ ကိုယ်တိုင်သွားစုံစမ်းနိုင်ပါတယ်။" ကုနင်းထိုသို့ပြောလိုက်သော်ငြား စုန့်မန်နီသူမကို ယုံကြည်မည်ဆိုသည်အား သိထားပြီးဖြစ်သည်။
စုန့်မန်နီ ပြန်မဖြေခင် အသက်ဝဝရှူသွင်းလိုက်ကာ၊
"ရှင်ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့အခုလိုအောင်မြင်မှုအများကြီးရနေတာကိုသိရတော့ ကျွန်မတကယ်အံ့ဩသွားမိတယ်။ ကျွန်မရှင့်ကိုလေးစားမိပြီး ရှင့်အတွက်လဲ အလုပ်လုပ်ပေးချင်ပါတယ်၊ ဒါပေမယ့် Dစီရင်စုထက် မြို့တော်မှာပိုပြီးလုပ်ချင်ပါတယ်။"
"ရုံးချုပ်တွေကတော့ မြို့တော်မှာပါ၊ ဒါပေမယ့် အခုချိန်ထိ ပြင်ဆင်နေတုန်းပဲရှိသေးတယ်။ အဲ့ဒီမှာ လူသားအရင်းမြစ်ဌာန၊ စာရင်းဌာနနဲ့အခြားဌာနတွေအများကြီးရှိမယ်။ လောလောဆယ်တော့ ဌာနအားလုံးကအခုမှအသစ်စမှာဆိုတော့ ဝန်ထမ်းတွေမရှိသေးဘူး။ ဒါကြောင့် ရှင်လုပ်နိုင်မယ်လို့ယုံကြည်ချက်ရှိတဲ့ ဌာနတစ်ခုခုရဲ့မန်နေဂျာလုပ်လို့ရတယ်။"
"ရှင့်ကိုလေ့ကျင့်ချိန်တွေလဲပေးမှာပါ။ ရုံးချုပ်ကရာထူးနေရာတွင်အပြင်၊ ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်း၊ JadeBeautyလက်ဝတ်ရတနာလုပ်ငန်းနဲ့ ရှန်းဟွာလုပ်ငန်းအတွက်လဲ ရုံးခွဲတွေဆက်ဖွင့်သွားဦးမှာ။ ဒါပေမယ့် ရှင်ကတော့ ရုံးချုပ်အတွက်ပိုပြီးအဆင်ပြေပါတယ်။"
ကုနင်း၏ စီးပွားရေးလုပ်ငန်းသည် အခုမှစတင်တည်ထောင်ခါစအသစ်သာဖြစ်သော်လည်း JadeBeautyလက်ဝတ်ရတနာလုပ်ငန်းနှင့် ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းကိုကြည့်ရုံဖြင့်ပင် ကုနင်းအနာဂါတ်တွင်သေချာပေါက် အောင်မြင်လာမည်ဟု စုန့်မန်နီယုံကြည်နေလေသည်။ ထို့အပြင် ကုနင်းတွင် သူမ၏ကိုယ်ပိုင်စီးပွားရေးအင်ပါယာကြီးတစ်ခုကိုပင် တည်ဆောက်နိုင်မည့်အရည်အချင်းလဲရှိနေသေးသည်ဟု စုန့်မန်နီယုံကြည်မိလေသည်။
"ကျွန်မ ရုံးချုပ်က လူသားအရင်းမြစ်ဌာမှာအလုပ်လုပ်ပါ့မယ်။" စုန့်မန်နီသည် လူသားအရင်းမြစ်ဌာနတွင်အလုပ်လုပ်ခဲ့ဖူးသောကြောင့် အခြားသောဌာများထက်ပို၍ ရင်းနှီးမှုရှိ၍ ထိုရာထူးကိုသာရွေးချယ်လိုက်ခြင်းဖြစ်သည်။
ကုနင်းလဲ ချက်ချင်းပင် သူမလွယ်အိတ်ထဲမှ စာချုပ်နှင့်ဘောပင်ကိုထုတ်ယူလိုက်ကာ ရေးလိုက်ပြီး၊
"ကျွန်မကတော့ အပြောကြီးသက်သက်လုပ်တဲ့လူမဟုတ်ဘူး။ အခုပဲ ဝန်ထမ်းစာချုပ်မှာလက်မှတ်ထိုးလိုက်ကြတာပေါ့။ အခုရုံးချုပ်ကပြင်ဆင်နေစဲဆိုပေမယ့် ကျွန်မတို့အနေနဲ့ ဝန်ထမ်းတွေအရမ်းလိုအပ်နေတယ်။ ရှင်အခုချိန်အလုပ်များမနေတော့ဘူးဆိုရင် မြန်မြန်မြို့တော်ကိုသွားပြီးအလုပ်စဝင်နိုင်ဖို့မျှော်လင့်ပါတယ်။ နေစားစရိတ်မပါဘဲ လစာယွမ်၂သောင်းရပါလိမ့်မယ်၊ ဒါပေမယ့် လစာပမာဏအတွက်မစိုးရိမ်ပါနဲ့၊ နောက်ကျရင်တဖြည်းဖြည်းတိုးသွားမှာဖြစ်သလို အပိုဆုကြေးတွေလဲ ရဦးမှာပါ။"
လစာပမာဏကြောင့် စုန့်မန်နီအံ့အားသင့်သွားမိသည်။ အကြောင်းမှာတော့ ပမာဏနည်းနေခြင်းကြောင့်မဟုတ်ဘဲ သူမတွေးထားသည်ထက် အလွန်မြင့်နေခြင်းကြောင့်ပင်ဖြစ်သည်။ သူမသည် အခုမှစပြီးအလုပ်ဝင်မည်ဖြစ်သောကြောင့် သူမနှင့်အဆင့်တူများတွင် ယွမ်၂သောင်းဆိုသည်မှာ အလွန်သာလွန်နေပြီဖြစ်သည်။ မြို့တော်သည် နိုင်ငံ၏အဖွံ့ဖြိုးဆုံးမြို့ဖြစ်လျှင်တော်မှ ယွမ်၂သောင်းဆိုသည့်လစာမှာအလွန်မြင့်လေသည်။ ထို့အပြင် အနာဂါတ်တွင်လဲ ထိုထက်မကတိုးလာမည့်အပြင် အပိုဆုကြေးများလဲရရှိနိုင်သေးသည်။ ထိုအခြေအနေများကြောင့် စုန့်မန်နီအနေဖြင့် မကျေနပ်စရာအကြောင်းလုံးဝကိုမရှိတော့ပေ။ နေစားရိတ်အတွက်ကတော့ စုန့်မန်နီမစိုးရိမ်မိပေ။ Gမြို့၏သူမအိမ်ကိုရောင်းလျှင်အနည်းဆုံးယွမ်၂သန်းလောက်ရမည်ဖြစ်ကာ မြန်မြန်ရောင်းချလိုက်ဖို့ရန်လည်း စီစဉ်ထားပြီးဖြစ်သည်။ ယွမ်၂သန်းဆိုသည်မှာ သူမအတွက်မြို့တော်တွင် တစ်ယောက်နေတိုက်ခန်းတစ်ခန်းဝယ်ဖို့ရန်လုံလောက်နေပြီဖြစ်သည်။
သူမအနေဖြင့် အခုမှကွာရှင်းထားပြီးကာစဖြစ်သောကြောင့် အချိန်တိုအတွင်း နောက်ထပ်အိမ်တော်ပြုဖို့ရန်အစီအစဉ်မရှိနေသေးပေ။ ထို့အပြင် အကယ်၍များနောက်အိမ်ထောင်ပြုခဲ့မည်ဆိုလျှင်လဲ သူမ၏အရင်အိမ်ထောင်မှရခဲ့သည့်သင်ခန်းစားများကြောင့် အိမ်ပိုင်သည့်ယောကျ်ားနှင့်သာလက်ထပ်မည်ဖြစ်သည်။
ကုနင်းစာချုပ်တွင် သူမနာမည်နှင့်အတူလက်မှတ်ရေးထိုးလိုက်ပြီးနောက် စုန့်မန်နီအားပေးလိုက်သည်။
အခုGမြို့တွင် စုန့်မန်နီအနေဖြင့် ထွေထွေထူးထူးလုပ်စရာမရှိတော့ပေ။ ထို့ကြောင့်စာချုပ်တွင်လက်မှတ်ပြန်ထိုးပေးပြီးသည်နှင့် သုံးရက်နေလျှင်မြို့တော်သို့ထွက်ခွာရမည်ဖြစ်သည်။ သူမ၏အိမ်ကိုလဲ အရောင်းတင်ထားပြီးဖြစ်ပေသည်။ အခုချိန်အထိ ဘယ်သူမှဆက်သွယ်လာခြင်းမရှိသေးသော်လည်း သူမအနေဖြင့် မြို့တော်တွင် အချိန်ခနလောက်အခန်းငှားနေ၍ရသောကြောင့် အလောမကြီးနေပေ။ သူမ၏ဘဏ်အကောင်းထဲတွင် စုထားသည့်ယွမ်၁သောင်းလောက်ရှိသောကြောင့် အချိန်အတော်ကြာအထိ သူမနေစရိတ်စားစရိတ်အတွက်ပူပန်စရာမလိုအပ်ပေ။ ထို့အပြင် တစ်လနေပြီးသည်နှင့်လဲ လစာရဦးမည်ဖြစ်သောကြောင့် သူမဘဝရှင်သန်နေထိုင်ရန် ငွေအလုံအလောက်ရှိနေပြီဖြစ်သည်။
စုန့်မန်နီ စာချုပ်ကိုသေချာဖတ်ပြီးသွားသည်နှင့်လက်မှတ်ထိုးလိုက်တော့သည်။
"ကျွန်မကအရမ်းစည်းကမ်းမတင်းကြပ်ပါဘူး။ ရှင်က ကျွန်မကုမ္ပဏီ၏လူသားအရင်းမြစ်ဌာနကမန်နေဂျာဆိုပေမယ့် ရှင်အားတဲ့အချိန် တခြားလုပ်ချင်တဲ့အလုပ်လဲလုပ်လို့ရပါတယ်။" စုန့်မန်နီ၏အဓိကသင်ယူထားသည့်ဘာသာရပ်မှာ အဆောက်အဦးတွင်းဒီဇိုင်းဆင်ခြင်းဖြစ်သောကြောင့် သူမ၏ဝါသနာကိုဆက်လုပ်မည်ကိုလဲ ကုနင်းအားပေးလေသည်။
စုန့်မန်နီအနေဖြင့် တစ်နေ့နေ့တွင် အဆောက်အဦးတွင်းဒီဇိုင်းဆင်သည့်လုပ်ငန်းဘက်သို့ပြန်သွားကောင်းသွားနိုင်ပေသည်။ မည်သို့ပင်ဖြစ်လာပါစေ စုန့်မန်နီသာ သူမနှင့်အလုပ်တွဲလုပ်ချင်နေသ၍ ကုနင်း ထိုကိစ္စအားစိတ်ထဲထားနေမည်မဟုတ်ပေ။ ကုနင်း၏စကားကိုကြားရတော့ ကုနင်း၏ကြင်နာလိုက်လျောတတ်မှုကြောင့် စုန့်မန်နီပို၍လေးစားကာ အံ့ဩသွားရသည်။ အဆောက်အဦးအတွင်းဒီဇိုင်းဆင်ခြင်းသည် သူမ၏အဓိကသင်ယူထားသည့်ဘာသာရပ်ဖြစ်သောကြောင့် လက်မလျှော့လိုက်လိုပေ။
စာချုပ်ချုပ်ပြီးသွားသည်နှင့် ကုနင်းက၊
"ကျွန်မအရင်ဆုံး ဖုန်းတစ်ချက်လောက်ဆက်လိုက်ဦးမယ်။"
ကုနင်း အန်းကွမ်းယောင်ကိုဖုန်းဆက်လိုက်ကာ ရုံးချုပ်အတွက်ပြင်ဆင်မှုများဘယ်အချိန်စမလဲဆိုသည်ကိုမေးမြန်းလိုက်သည်။ အန်းကွမ်းယောင်ကလဲ မနက်ဖြန်စမည်ဖြစ်ကြောင်းပြန်ဖြေကြားခဲ့သည်။
သူတို့လုပ်ငန်းစု၏ရုံးချုပ်ကိုပြင်ဆင်မွမ်းမံနေခြင်းသည် ပရောဂျက်ကြီးတစ်ခုဖြစ်သောကြောင့် အန်းကွမ်းယောင်သည် ထိုလုပ်ငန်းအတွက် သူ့အချိန်အားလုံးကိုရှင်းလင်းထားခဲ့ပေသည်။
ကုနင်းလဲ အန်းကွမ်းယောင်အား မြို့တော်တွင် သူ့အားကူညီပေးရန်အတွက် စုန့်မန်နီကိုအလုပ်ခန့်ထားပြီးဖြစ်ကြောင်းပြောပြလိုက်သည်။ ကုနင်းက ပြင်ဆင်မှုများအကြောင်း များများစားစားမသိထားသောကြောင့် စုန့်မန်နီဘာလုပ်ကူပေးလို့ရမလဲဆိုသည်ကို အန်းကွမ်းယောင်အားမေးလိုက်သည်။
စုန့်မန်နီ၏အဓိကဘာသာရပ်မှာ အဆောက်အဦးတွင်ဒီဇိုင်းဆင်ခြင်းဖြစ်ကြောင်းသိလိုက်သည်နှင့် အန်းကွမ်းယောင်စိတ်လှုပ်ရှားသွားရတော့သည်။ အန်းကွမ်းယောင်သည် ရုံးအတွက်အတွင်းပိုင်းအလှဆင်ရန် အတွင်းပိုင်းဒီဇိုင်းဆင်သူတစ်ယောက်ကိုခန့်အပ်ချင်နေသော်လည်း အခုချိန်ထိ အရည်အချင်းပြည့်မှီသူတစ်ဦးကိုမျှမတွေ့ခဲ့မိသေးပေ။ စုန့်မန်နီသာလာမည်ဆိုလျှင် ထိုပြဿနာကြီးကိုလဲ ဖြေရှင်းထားပြီးသားဖြစ်သွားပေမည်။
စုန့်မန်နီသည်လဲ ကုနင်းပြောပြလာသည့်သတင်းကြောင့် အလွန်စိတ်လှုပ်ရှားနေတော့သည်။
ထို့ကြောင့် ကုနင်းက စုန့်မန်နီကို ရုံးအတွက်အရင်ဆုံးပြင်ဆင်ရာတွင်ကူညီပေးရန်မှာကြားလိုက်သည်။ ည၈နာရီအချိန်တွင်တော့ သူတို့နှစ်ဦးလမ်းခွဲလိုက်ကာ ကုနင်းလဲ ရေပြာအိုင်သို့ပြန်လာခဲ့လိုက်သည်။
ဒီရက်များအတွင်းအလွန်အလုပ်များနေပေမည့် သူမအားလပ်သွားသည်နှင့်တပြိုင်နက် လင်ရှောင်းထင်အားအလွန်လွမ်းဆွတ်သတိရမိလေသည်။ အထူးတပ်ဖွဲ့မှရည်းစားရှိနေခြင်းသည် ဆက်သွယ်ချင်တိုင်းလဲဆက်သွယ်လို့မရ တွေ့ချင်တိုင်းလဲတွေ့ခွင့်မရှိသောကြောင့် တခါတရံကုနင်းအလွန်ဝမ်းနည်းမိသော်လည်း ထိုလူကိုမှ သူမမှာအလွန်ချစ်မိနေခြင်းကြောင့် ဘာဖြစ်ဖြစ်လက်ခံမိသွားတော့သည်။
နောက်တစ်နေ့ မနက်၈နာရီခွဲခန့်တွင်တော့ ကုနင်းGမြို့လေဆိပ်သို့ရောက်ရှိလာခဲ့သည်။
သို့ပေမည့် သူမလေဆိပ်နားနေခန်းသို့ဝင်လိုက်သည့်အချိန်တွင်ပဲ ကျိုးကျန်းဟုန်ထံမှဖုန်းဝင်လာခဲ့သည်။ ကျိုးကျန်းဟုန်က ဒီမနက်ပဲ ရှောင်ပင်းက သူ့သားကိုပြန်ပေးဆွဲသွားခဲ့ကြောင်းပြောလာခဲ့သည်။ ရှောင်ပင်းက ယွမ်၁၀သန်းတောင်းဆိုပြီးမပေးပါက ကျိုးကျန်းဟုန်၏သားကိုသတ်ပစ်မည်ဟူ၍လည်းခြိမ်းခြောက်ထားခဲ့သည်။ အဆိုးဆုံးသည်က အခုကျိုးကျန်းဟုန်တွင် အပေးအယူလုပ်ရန်အတွက် အချိန်နာရီဝက်မျှသာကျန်တော့ခြင်းဖြစ်ပေသည်။