အခန်း (၄၀၁-၄၀၅)
Vol. 27 Ch. 401-405
အခန်း ၄၀၁
Bမြို့သို့
ကျိုးကျန်းဟုန်၏စကားကိုကြားပြီး ကုနင်းအလွန်ဒေါသထွက်သွားကာ လေဆိပ်မှပြန်ထွက်လာခဲ့သည်။ ကျိုးကျန်းဟုန်သည် သူမ၏ယုံကြည်ရသောဝန်ထမ်းတစ်ဦးဖြစ်ပေသည်။ သူ့မိသားစုကအန္တရာယ်နှင့်ကြုံတွေနေရမှတော့ သူမအနေနှင့်ဘေးထွက်ရပ်နေစရာအကြောင်းကိုမရှိပေ။ ရှောင်ပင်းကတော့ သူ့သေတွင်းကိုသူတူးလိုက်တာပဲ။
တကယ်တော့ ရှောင်ပင်းသည် JadeBeautyလက်ဝတ်ရတနာလုပ်ငန်းက ကျိုးကျန်းဟုန်အပိုင်မဟုတ်မှန်းသိထားပြီးပြီဖြစ်၍ ငွေလိုချင်ရုံဖြင့်ခြိမ်းခြောက်ခြင်းသာဖြစ်ပေသည်။
“ဦးလေးကျိုး၊ ရှောင်ပင်းက သူ့နေရာကိုပြောပြသေးလား?” ကုနင်းမေးလိုက်သည်။
“မပြောသွားဘူး။” ကျိုးကျန်းဟုန်၏တုန်ရီနေသည့်အသံဖြင့်ပြန်ဖြေခဲ့သည်။
“အရမ်းမကြောက်နေပါနဲ့၊ ကျွန်မအခုပဲလာခဲ့မယ်။” ကုနင်းပြောပြီးသွားသည်နှင့် ဖုန်းချလိုက်ကာ ချက်ချင်းပင် ကေ့ကိုဖုန်းဆက်ပြီး ကျိုးကျန်းဟုန်၏နေရပ်လိပ်စာကိုပြောပြလိုက်သည်။ ထို့နောက် ကျိုးကျန်းဟုန်၏အိမ်နားတစ်ဝိုက်ရှိ လုံခြုံရေးကင်မရာများကို စစ်ဆေးကြည့်ခိုင်းလိုက်သည်။ သူသာ ၁၃နှစ်ဝန်းကျင်အရွယ်လောက်ရှိသည့်ကလေးတစ်ယောက် ပြန်ပေးဆွဲခံရသည်ကိုမြင်ခဲ့လျှင် ထိုကောင်လေးအခေါ်ခံသွားရသည့်နေရာကို ခြေရာခံနိုင်မည်ဖြစ်သည်။
ကေသည် အထူးကျွမ်းကျင်ဟက်ကာတစ်ဦးဖြစ်သောကြောင့် သူသွားလေရာနေရာတိုင်း သူ့ကွန်ပျူတာကိုယူသွားလေ့ရှိသောကြောင့် ကုနင်း၏အမိန့်ကိုရသည်နှင့် ချက်ချင်းလှုပ်ရှားနိုင်လေသည်။ ၁၅မိနစ်ကြာပြီးနောက်တွင်တော့ ကေက ကောင်လေးအခေါ်ခံသွားရသည့်လိပ်စာအား ကုနင်းအားပေးပို့လာခဲ့သည်။ ထိုနေရာသည်က မြို့ဆင်ခြေဖုံးရပ်ကွက်တစ်နေရာရှိ ရှောင်ပင်းပိုင်ဆိုင်သည့် စွန့်ပစ်စက်ရုံတစ်ခုတွင်ဖြစ်သည်။
ရှောင်းပင်းက ကျိုးကျန်းဟုန်၏သားကိုကိုယ်တိုင်ပင် အတင်းအဓမ္မခေါ်ဆောင်သွားခြင်းဖြစ်ကြောင်းသိလိုက်ရသောကြောင့် ကုနင်းအလွန်အံ့အားသင့်သွားရသည်။ ကုနင်း တက္ကစီတစ်စီးငှားကာ ထိုနေရာသို့တန်းသွားလိုက်ပြီး ကျိုးကျန်းဟုန်ကိုတော့ စာပို့ပေးလိုက်သည်။
ကုနင်း : ဦးလေးကျိုး၊ ကျွန်မလုံခြုံရေးကင်မရာတွေကနေတစ်ဆင့် တစ်ယောက်ကိုစစ်ခိုင်းလိုက်တာ အခုရှောင်ပင်းရဲ့တည်နေရာကိုရှာတွေ့ထားပြီ။ ကျွန်မကိုသာယုံထားလိုက်၊ ဦးလေးရဲ့သားကိုပြန်ခေါ်လာခဲ့ပေးမယ်။
၁၀မိနစ်ကြာပြီးနောက်တွင်တော့ ကုနင်းထိုနေရာသို့ရောက်ရှိခဲ့ပြီး ယာဉ်မောင်းသူကို စွန့်ပစ်စက်ရုံနှင့်အနီးတွင် ကားကိုမရပ်ခိုင်းဘဲနှင့် ၁၀၀မီတာအဝေးတွင်သာသူမဆင်းလာခဲ့လိုက်သည်။ ထိုနေရာတွင် အဆောက်အဦးလွတ်များစွာသာရှိခြင်းကြောင့် ကုနင်းဘာကြောင့်ထိုနေရာသို့လာလဲဆိုသည်ကို ယာဉ်မောင်းခဗျာခန့်မှန်း၍မရနိုင်ပေ။
တက္ကစီပြန်ထွက်သွားပြီးနောက်တွင်တော့ ကုနင်း ထိုစွန့်ပစ်စက်ရုံရှိရာသို့ချက်ချင်းအပြေးမသွားသေးဘဲ သူမ၏ကျောက်စိမ်းမျက်ဝန်းဖြင့် အရင်ဦးဆုံးအခြေနေနှင့်နေရာအနေအထားကိုစစ်ဆေးလိုက်သည်။ အကယ်၍ သူမဇွတ်ဝင်သွားလို့ ရှောင်ပင်းကသာ သတိပြုမိသွားလျှင် ကျိုးကျန်းဟုန်၏သားကို ထိခိုက်အောင်လုပ်နိုင်ပေသည်။
သို့ပေမည့် သူမတွင်အချိန်၃မိနစ်သာရှိတော့သည်။ ရှောင်ပင်းသည် နာရီဝက်အတွင်းသာ သူလိုချင်သည့်ငွေကိုမရခဲ့ဘူးဆိုလျှင် ကျိုးကျန်းဟုန်၏သားကိုတကယ်သတ်မည်ပုံပင်။ ထို့ကြောင့် ရှောင်ပင်းနေရာမှ ကုနင်းကိုမမြင်နိုင်သည့်နေရာအနေအထားမှနေပြီး ကုနင်းအလျင်အမြန်ပင် စွန့်ပစ်စက်ရုံရှိရာသို့ ပြေးဝင်သွားလိုက်သည်။
မယုံနိုင်စရာအရှိန်နှုန်းဖြင့်ဝင်လာသောကြောင့် မီတာ၁၀၀အကွာအဝေးကို ၆စက္ကန့်သာအချိန်ယူသောကြောင့် နိုင်ငံတကာအားကစားစံနှုန်းကိုပင် အပြတ်အသတ်ကျော်တက်သွားပြီဖြစ်သည်။
စွန့်ပစ်စက်ရုံအတွင်းတွင် ကျိုးကျန်းဟုန်၏သား ကျိုးဟွမ်းသည် ကြိုးများဖြင့်တင်းတင်းကြပ်ကြပ်ချည်နှောင်ခံထားရပြီး ပါးစပ်တွင်လဲ အဝတ်စတစ်ခုကိုအဆို့ခံထားရကာ မြေပေါ်၌ရှိနေခဲ့လေသည်။ ရှောင်ပင်းသည်တော့ လက်ထဲတွင် ချွန်ထက်သည့်ဓါးတစ်ချောင်းကိုကိုင်ရင်း လှည့်ပတ်လျှောက်နေလေသည်။ အချိန်တဖြည်းဖြည်းကုန်လာပြီဖြစ်ပေမည့် ကျိုးကျန်းဟုန်သည်တော့ သူပြောထားသလိုမျိုး ငွေကိုမလွှဲပေးသေး၍ အလွန်စိတ်တိုလာနေပြီဖြစ်သည်။ ကျိုးဟွမ်းကို တကယ်သတ်တော့မလိုဖြင့် ကြောက်စရာကောင်းစွာစိုက်ကြည့်လိုက်ရင်း၊
“ကြည့်ရတာတော့ မင်းအဖေက မင်းကိုလာမကယ်တော့ဘူးထင်တယ်။”
ကျိုးဟွမ်သည် မြေပြင်ထက်တွင်ပဲ ကြောက်ရွံ့တုန်လှုပ်စွာရှိနေပေမည့် သူ့ဖခင်က သူ့ကိုအမှန်တကယ်စွန့်ပစ်လိုက်မည်ဟုတော့ မယုံကြည်မိပေ။
ပြန်ပေးဆွဲသူမှာ ရှောင်ပင်းတစ်ယောက်သာဖြစ်လေသည်။ ထို့အတွက်ကြောင့် ကုနင်းဝင်သွားလျှင် အခြားတစ်ယောက်မှနေပြီး ကျိုးဟွမ်းကိုထိခိုက်မည်လုပ်နိုင်သည်ကို စိုးရိမ်စရာမရှိတော့သောကြောင့် ကုနင်း စွန့်ပစ်စက်ရုံတံခါးကိုကျယ်လောင်စွာကန်ဖွင့်လိုက်ပြီး အထဲသို့ပြေးဝင်သွားလိုက်သည်။ ရှောင်ပင်းသည်တော့ ရုတ်တရက်အခြေအနေကြောင့် အလွန်အံ့ဩနေခဲ့ကာ သူဘာမှပြန်လည်မတုန့်ပြန်လိုက်နိုင်ခင်တွင်ပဲ သူ၏ဝမ်းဗိုက်သို့ ပြင်းပြင်းထန်ထန်အကန်ခံလိုက်ရပြီး မီတာပေါင်းများစွာလွင့်ထွက်သွားတော့သည်။ ထို့သို့ရုတ်တရက်အပြင်းအထန်တိုက်ခိုက်ခံလိုက်ရခြင်းကြောင့် နာကျင်မှုကိုပြင်းပြင်းထန်ထန်မခံစားလိုက်နိုင်သေးခင်တွင်ပဲ ရှောင်ပင်းသတိလစ်သွားတော့သည်။
ကျိုးဟွမ်းသည်လဲ ထိုရုတ်တရက်ဆန်သည့်ဖြစ်ရပ်များကြောင့် အံ့ဩထိတ်လန့်နေခဲ့သည်။ ကုနင်းလဲ ကျိုးဟွမ်းထံသို့သွားလိုက်ကာ ကြိုးများကိုဖြည်ပေးလိုက်ပြီး၊
“ကျိုးဟွမ်း၊ မင်းအဖေက ငါ့ကိုလာကယ်ခိုင်းလိုက်တာ။” အစောတုန်းက ရှောင်ပင်း ကျိုးဟွမ်းအားပြောနေသည်များကို ကုနင်းကြားလိုက်သောကြောင့် စိတ်အေးသွားစေရန်နှစ်သိမ့်ပေးလိုက်ခြင်းဖြစ်သည်။
ကုနင်း၏စကားကိုကြားလိုက်သည်နှင့် ကျိုးဟွမ်းမျက်ရည်များတာကျိုးကျလာတော့သည်။ သူ့ဖခင်က သူ့ကိုစွန့်ပစ်လိုက်ပြီဟု အစကတည်းကမယုံကြည်ထားသော်လည်း တကယ်များဖြစ်နေမလားဆိုကာ ကြောက်ရွံ့နေခဲ့ရလေသည်။ ကုနင်း၏ရှင်းပြချက်ကိုကြားပြီးမှသာ စိတ်သက်သာရာရသွားခဲ့သည်။ သူ့အဖေက သူ့ကိုဘယ်တော့မှစွန့်ပစ်မည်မဟုတ်သည့်အပြင် သိုင်းပညာရှင်တစ်ဦးကိုပါ အကူညီသွားတောင်းခဲ့သေးပေသည်။
မှန်ပါသည်၊ ကျိုးဟွမ်း၏အမြင်တွင်တော့ ကုနင်းသည် ကျွမ်းကျင်းသိုင်းပညာရှင်တစ်ဦးသာဖြစ်လေသည်။
ကုနင်းလဲ ကျိုးဟွမ်းကိုအကြောက်ပြေသည်အထိ စိတ်လွတ်လက်လွတ်ငိုခိုင်းထားလိုက်ကာ ကျိုးကျန်းဟုန်ကိုပဲ ဖုန်းဆက်လိုက်သည်။
ကျိုးကျန်းဟုန်သည်လဲ ဖုန်းထဲမှတစ်ဆင့်ကျိုးဟွမ်း၏ငိုသံကိုကြားရတော့မှပဲ စိတ်အေးသွားရကာ ကုနင်းကို အထပ်ထပ်အခါခါကျေးဇူးတင်နေတော့သည်။ ထို့နောက် ကုနင်းကိုဘယ်နေရာမှာလဲဆိုသည်ကိုမေးလိုက်ကာ သူချက်ချင်းလာကြိုမည့်အကြောင်းပြောလိုက်သည်။
ရှောင်ပင်းသည်တော့ မြေပြင်ထက်တွင်သာရှိနေသေးပြီး ကျိုးဟွမ်းကိုလဲ တစ်ယောက်တည်းထားခဲ့၍မဖြစ်သောကြောင့် ကျိုးကျန်းဟုန်ကိုသာ နေရာအားပြောပြလိုက်ရတော့သည်။ ထို့နောက်တွင်တော့ ကုနင်း ရဲကိုဖုန်းဆက်အကြောင်းကြားခဲ့သည်။ တစ်ဖက်မှဆက်သွယ်သူမှ ကုနင်းမှန်းရဲများကြားလိုက်သည်နှင့် မှုခင်းရဲဌာနခေါင်းဆောင်အပါအဝင် မည်သူမျှ ကုနင်းတို့အားသွားရောက်ကူညီပေးရန်အတွက် တုန့်ဆိုင်းမနေရဲခဲ့ပေ။
ပြီးခဲ့သည့်တစ်ခေါက် သူတို့၏ဒါရိုက်တာက ကုနင်းကိုလွှတ်ပေးရန်အတွက်ပြောထားပြီးကတည်းက သူမ၏နာမည်သည် ရဲဌာနတစ်ခုလုံးသို့ပျံ့နှံ့သွားခဲ့ကာ မည်သည့်ရဲမှ သူမကိုလျစ်လျူမရှုထားရဲကြတော့ပေ။
ကျိုးကျန်းဟုန်သည်လဲ ရဲများနှင့်တစ်ပြိုက်နက်တည်းနီးပါးရောက်ရှိလာခဲ့သည်။ လွန်ခဲ့သည့်နာရီအနည်းငယ်က ရှောင်ပင်း ကျိုးဟွမ်းအား ပြန်ပေးဆွဲသွားသည့်ဗီဒီယိုအား ရဲများကို ကုနင်းပြလိုက်ပြီးသည်နှင့် ခေါင်းဆောင်က ရှောင်ပင်းကို မေးမြန်းမနေဘဲ တန်းဖမ်းလိုက်တော့သည်။ ထို့နောက် ကျိုးကျန်းဟုန်လဲ ကျိုးဟွမ်းနှင့်အတူ အိမ်ပြန်သွားကာ ကုနင်းသည်တော့ လေဆိပ်သို့တန်းပြန်သွားလိုက်သည်။ ထိုမတော်တဆမှုကြောင့် ကုနင်းစီးမည့်လေယာဉ်လွတ်သွားပြီဖြစ်သောကြောင့် နောက်လေယာဉ်တစ်စီးကိုပြောင်းရတော့မည်ဖြစ်သည်။
သို့သော်မမျှော်လင့်ထားသော်လည်း လေယာဉ်ချိန်ပြန်ပြောင်းပြီးသွားသည်နှင့် နားနေခန်းတွင် ရင်းနှီးနေသည့်လူတစ်ယောက်အားတွေ့လိုက်ရပေသည်။ ထိုလူသည်တော့ လီကျန်းယွီပင်ဖြစ်သည်။ လီကျန်းကျန်း၏သေဆုံးမှုကြောင့် လီမိသားစုတစ်ခုလုံး အလွန်ဝမ်းနည်းကြေကွဲနေကြပြီး လီကျန်းယွီသည် ပင်ပန်းနွမ်းနယ်နေသည့်ပုံစံပင်။
ကုနင်းကိုမြင်သည်နှင့် လီကျန်းယွီမှာ အမြင်မကြည့်သည့်ပုံစံသို့ပြောင်းလဲသွားခဲ့သည်။ လီကျန်းကျန်း၏သေဆုံးမှုသည် ကုနင်းနှင့်ပတ်သတ်မှုမရှိသော်လည်း လီကျန်းယွီသည်တော့ ကုနင်းကိုအလွန်မုန်းတီးနေမိသည်။ သို့ပေမည့် အခုချိန်တွင်တော့ ကုနင်းကိုအပြစ်ရှာရန် သူ့စိတ်အခြေအနေလဲမကောင်းသောကြောင့် ဘာမှမပြောနေတော့ပေ။
ကုနင်းသည်လဲ လီကျန်းယွီကိုတစ်ချက်လောက်သာလှမ်းကြည့်လိုက်ပြီး လျစ်လျူရှုထားလိုက်သည်။
လေယာဉ်ချိန်ရောက်ဖို့ရန်အတော်စောနေသေးသောကြောင့် အနီးနားရှိအနောက်တိုင်းစားသောက်ဆိုင်တစ်ဆိုင်တွင် ကုနင်းကော်ဖီတစ်ခွက်မှာလိုက်သည်။
“ကုနင်း!” ထိုတခနတွင်ပဲ တစ်စုံတစ်ယောက်က သူမကိုနှုတ်ဆက်လာခဲ့သည်။
ကုနင်းခေါင်းမော့်ကြည့်လိုက်ချိန်တွင်တော့ သူမထိုင်သည့်စားပွဲနားတွင် အရပ်ရှည်ကာ ခန့်ညားသည့်အမျိုးသားတစ်ဦးရပ်နေကြောင်းတွေ့လိုက်ရသည်။ ထိုသူသည်တော့ ပိုင်ရွှယ်ယန် သဘောကျနှစ်သက်နေသည့်ကော်ဖီဆိုင်မှသူဌေးပင်ဖြစ်သည်။
“အယ်လန်ပဲ၊ မင်္ဂလာပါ။” ကုနင်းပြုံးကာပြန်နှုတ်ဆက်လိုက်သည်။
“ကျွန်တော်ဒီမှာထိုင်လို့ရမလား?” အယ်လန်ယဉ်ကျေးစွာဖြင့်မေးလိုက်သည်။
“ရတာပေါ့၊ ထိုင်ပါ။”
“မင်းဘယ်ကိုသွားမလို့လဲ?”
“Bမြို့ကိုပါ၊ ရှင်ရော?”
***
အခန်း ၄၀၂
ရှန်းမိသားစု
ကုနင်း၏အဖြေကိုကြားလိုက်သည်နှင့် အယ်လန်က “တိုက်ဆိုင်လိုက်တာ! ကျွန်တော်လဲ Bမြို့ကိုသွားမလို့ပဲ၊ ဒါပေမယ့် ပြီးရင်တော့ ဂျာမနီကိုဆက်သွားမှာ။”
သူတို့နှစ်ဦးအချိန်အတော်ကြာသည်အထိ စကားဆက်ပြောနေခဲ့ကြကာ လေယာဉ်ပေါ်တက်ရန်ကြေညာချိန်မှပဲပြီးသွားတော့သည်။ အယ်လန်သည်က အထက်တန်းတွင် ထိုင်ကာ ကုနင်းသည်တော့ စီးပွားရေးအတန်းတွင်ထိုင်သောကြောင့် သူတို့တစ်ကွဲစီသာသွားကြရသည်။
လီကျန်းယွီကိုတော့ဖြင့် လေယာဉ်မတူခြင်းကြောင့်လားတော့မသိ ကုနင်းထပ်မတွေ့ခဲ့ရတော့ပေ။
ကုနင်း၏လေယာဉ်ထွက်သွားပြီးမကြာခင်အချိန်လေးတွင်ပဲ မြို့တော်၏မြေပြင်ထက်သို့ စစ်တပ်သုံးရဟတ်ယာဉ်တစ်စီး ဆင်းသက်လာခဲ့ကာ ထိုရဟတ်ယာဉ်အတွင်းမှ အမျိုးသား၄ဦး တစ်ယောက်ပြီးတစ်ယောက် ဆင်းလာခဲ့ကြသည်။ ထိုလူများမှာတော့ မီးတောက်နီအဖွဲ့မှထိပ်တန်းစစ်သားများဖြစ်သည့် လင်ရှောင်းထင်၊ ချန်းမင်၊ ရှုကျင်းချန်နှင့် ရှင်းပိုင်တို့ပင်ဖြစ်ပေသည်။
သူတို့ရဟတ်ယာဉ်ပေါ်မှဆင်းလိုက်သည်နှင့်တစ်ပြိုင်နက် လင်ရှောင်းထင်သည် ချက်ချင်းပင်ဖုန်းကိုစက်ဖွင့်လိုက်ကာ တစ်စုံတစ်ဦးထံဆက်သွယ်လိုက်တော့သည်။
ချန်းမင်နှင့်ကျန်အဖွဲ့ဝင်များသည်တော့ သူတို့ခေါင်းကိုသာ ယမ်းလိုက်မိကြသည်။ သံသယဖြစ်စရာကိုပင်မလိုစွာ လင်ရှောင်းထင် ဖုန်းခေါ်ဆိုသည့်လူမှာ ကုနင်းသာဖြစ်ပေမည်။ သူတို့ဘော့စ်၏ပုံစံက ကုနင်းကို အမှန်တကယ်နက်နက်ရှိုင်းရှိုင်းချစ်မိနေသည့်ပုံပင်။ သို့ပေမယ့်လဲ တစ်ဘဝစာလုံးတစ်ကိုယ်တည်းနေသွားခြင်းထက်တော့ ယခုလိုအချစ်ကြီးနေသည်က ပို၍ကောင်းပေသည်။
အမှန်တကယ်ပဲ ဖုန်းကိုစက်ဖွင့်ပြီးသွားသည်နှင့် လင်ရှောင်းထင် ကုနင်းကိုဆက်သွယ်လိုက်ခြင်းဖြစ်သည်။ ကုနင်းက သူမလေယာဉ်စီးနေသည့်အချိန်မျိုးတွင်သာ ဖုန်းစက်ပိတ်ထားမည်ဖြစ်ကြောင်း လင်ရှောင်းထင်ကိုပြောပြထားခဲ့သည်။ ထို့သို့သာမဟုတ်လျှင် လိုင်းမမိသည်မျိုး ဖုန်းအားကုန်၍စက်ပိတ်နေသည်မျိုး လုံးဝမဖြစ်နိုင်ဟုလဲပြောထားခဲ့သည်။
ထို့ကြောင့် ယခုဖုန်းဆက်၍မရသည်နှင့် ကုနင်းလေယာဉ်စီးနေခြင်းဖြစ်မည်ဟု လင်ရှောင်းထင်သိလိုက်သည်။ သူမဘယ်ကိုသွားတာလဲ? Gမြို့ကိုများလား?
ကုနင်း Gမြို့သို့သွားခြင်းဖြစ်လောက်မည်ဟုတွေးလိုက်မိသည်နှင့် လင်ရှောင်းထင် မကျေမနပ်ဖြစ်သွားရသည်။ ယခုချက်ချင်းပင် ကုနင်းဆီအပြေးသွားကာတွေ့လိုက်ချင်သော်လည်း စိတ်မကောင်းစွာဖြင့် နောက်ထပ်အလုပ်ကိစ္စကရှိနေသေးလေသည်။
ထိုအချိန်တွင်ပဲ ရှင်းပိုင်က သူ့ဗိုက်ကိုပွတ်ကာ၊
“ထမင်းသွားစားကြရအောင်၊ ငါအရမ်းဗိုက်ဆာနေပြီ!”
“သွားတာပေါ့၊ ဒီတစ်ခေါက် ကျင်းချန်ကျွေးလိမ့်မယ်။” ချန်းမင်က ပြန်ဖြေလိုက်သည်။
“ဟေ့၊ ငါ့ကိုဒီလိုတော့မလုပ်ကြနဲ့လေ၊ ကြီးသူကိုရိုသေ ငယ်သူကိုချစ်ခင်မြတ်နိုးရမယ်ဆိုတဲ့စကားကိုမမေ့ကြနဲ့ဦး။” ရှုကျင်းချန်မကျေမနပ်ဖြင့်ပြောလိုက်သည်။ သူ့အတွက် အဖွဲ့သားများကို ထမင်းတစ်နပ်ဝယ်ကျွေးဖို့ဆိုသည်မှာ ပြဿနာမဟုတ်သော်လည်း သူ့ကို ငွေထုတ်စက်ကဲ့သို့ သဘောမထားကြစေချင်ရုံသာဖြစ်သည်။
“ကဲပါ၊ ငါတို့သိပါတယ်၊ ဒါပေမယ့် မင်းက အရင်ငါတို့ကိုလေးလေးစားစားဆက်ဆံလေ၊ ဒီလိုဆို ငါတို့ကလဲပြန်ပြီးချစ်ခင်ပေးရမှာပေါ့။” ရှင်းပိုင်က ရှုကျင်းချန်၏ပုခုံးပေါ်သို့ သိုင်းဖက်ရင်းပြောလိုက်သည်။ သူတို့သည်အလွန်ရင်းနှီးကြသောကြောင့် အသက်အရွယ်ကွာခြားမှုကိုအမှန်တကယ်ဂရုမစိုက်ကြတော့ပေ။
“သွားစမ်းပါ!” ရှုကျင်းချန်က ရှင်းပိုင်၏လက်ကိုဖယ်ထုတ်လိုက်ကာ၊
“မင်းတို့က ငါ့အပေါ်သက်သက်အခွင့်ရေးယူနေကြတာပဲ။”
ထိုသို့ငြင်းခုံနေကြသည့်အချိန်တွင်ပဲ သူတို့ရှေ့တွင် ရှိနေသည့်သည် လင်ရှောင်းထင် ရုတ်တရက်လာရပ်သွားကြောင်းသတိထားမိသွားသောကြောင့် ရှုကျင်းချန်က၊
“ဘော့စ် ဘာဖြစ်လို့လဲ?”
ထိုအခါ ရှင်းပိုင်က “မဟုတ်သေးပါဘူး၊ ငါတော့တစ်ခုခုတော့ဖြစ်နေပြီလို့ခံစားရတယ်။”
“ဘော့စ် ဖုန်းဆက်တာကိုမကိုင်ဘူးထင်တယ်။”
ချန်းမင်ကနေပြီး ရှင်းပိုင်ကိုသတိပေးသည့်အကြည့်ဖြင့်ကြည့်လိုက်သည်။ ယခုပုံစံအရ တစ်ဖက်က သူတို့ဘော့စ်၏ဖုန်းကိုမကိုင်မှန်းအသိသာကြီးပင်။ ရှင်းပိုင်ကတော့ ဂရုမစိုက်ဟန်ဖြင့် ပုခုံးသာတွန့်ပြလိုက်သည်။
“ဘော့စ်ကို ငါတို့နဲ့ထမင်းအတူလိုက်စားမလားလို့သွားမေးကြည့်။” ရှင်းပိုင်က ရှုကျင်းချန်ကိုရည်ညွှန်းကာပြောလိုက်သည်။
“ဘာလို့ငါလဲ?” လင်ရှောင်းထင်သည် အခုချိန်တွင် သေချာပေါက်စိတ်မကြည်နေနိုင်သောကြောင့် သူ့ဘော့စ်ဖြစ်သူကို ရှုကျင်းချန်သွားမနှောက်ယှက်ရဲပေ။
ထိုအချိန်တွင်ပဲ လင်ရှောင်းထင်က ရုတ်တရက်ပြန်လှည့်လာသောကြောင့် သူ့နောက်ရှိလူအားလုံးကြောက်လန့်သွားကြတော့သည်။
“ငါလင်အိမ်တော်ကိုအရင်ပြန်လိုက်ဦးမယ်၊ မင်းတို့ဘာသာနားကြတော့။” ထိုသို့ပြောပြီးသည်နှင့် လင်ရှောင်းထင်ထွက်သွားတော့သည်။
နေ့အချိန်သာရှိသေးသောကြောင့် လင်မိသားစုအိမ်တော်တွင် ဆရာကြီးလင်တစ်ယောက်သာရှိလို့နေသည်။
လင်ချန်းကျီသည်လဲ ရုတ်တရက်ကြီးလင်ရှောင်းထင်ရောက်လာသောကြောင့် စိတ်လှုပ်ရှားအံ့ဩသွားခဲ့ရပြီး ဆရာကြီးလင်သည်တော့ အချိန်အတော်ကြာအဆက်အသွယ်မရသောကြောင့် လင်ရှောင်းထင်ကိုဆူပူတော့သည်။
“ရှောင်းထင်၊ မင်းချစ်သူက အဘိုးကြီးကျန်းရဲ့မြေးကိုကယ်ခဲ့တဲ့ကောင်မလေးဆိုတာ ဘာလို့ငါ့ကိုမပြောပြတာလဲ?”
“အဘိုးအခုသိသွားပြီးပြီပဲကို။” လင်ရှောင်းထင်သည် ကုနင်းအကြောင်းမှန်သမျှ သူ့အဘိုးကိုပြောပြနေဖို့ရန်မလိုအပ်ဟုတွေးမိသည်။ အရေးအကြီးဆုံးအချက်သည်တော့ ကုနင်းကိုယ်တိုင်က ထိုသို့မပြောစေချင်ခြင်းဖြစ်ပေသည်။ ထိုသို့သာမဟုတ်လျှင် ကုနင်းက သူ၏ချစ်သူမိန်းကလေးဖြစ်သည့်အကြောင်းကို တစ်လောကလုံးသိသွားအောင် ကြေညာပစ်လိုက်ချင်ပေသည်။
ဆရာကြီးလင်သည်တော့ဘာပြန်ပြောလို့ပြောရမှန်းပင်မသိဖြစ်သွားပေမည့် လင်ရှောင်းထင်ကိုယ်တိုင် သူ့ကိုပြောပြခြင်းမျိုးမဟုတ်သောကြောင့် မပျော်မရွှင်ဖြစ်လို့နေသည်။
“ဒါနဲ့၊ မင်းဒီလိုတာဝန်ပြီးပြီးချင်း ပြန်လာတာမျိုးက ပုံမှန်မဟုတ်ပါဘူး။ မင်းကောင်မလေးနဲ့ဘာဖြစ်လို့လဲ?”
“ကျွန်တော်အခုချက်ချင်းအရေးကြီးကိစ္စတစ်ခုလုပ်စရာရှိလို့ပါ။”
“ဘာလဲ?” လင်ရှောင်းထင် ယခုလိုအိမ်ကိုတကူးတကပြန်လာကတည်းက သူနှင့်အရေးကြီးကိစ္စတစ်ခုခုဆွေးနွေးလိုခြင်းဖြစ်ကြောင်း ဆရာကြီးလင်သဘောပေါက်ထားပြီးဖြစ်လေသည်။
စာကြည့်ခန်းထဲတွင် ဆရာကြီးလင်နှင့်လင်ရှောင်းထင်တို့နှစ်ဦးတည်းသာရှိနေသောကြောင့် လင်ရှောင်းထင်သွယ်ဝိုက်မနေတော့ဘဲ ပြောချင်သည်ကိုသာ တိုက်ရိုက်ပြောလိုက်တော့သည်။
“အဘိုး၊ လွန်ခဲ့တဲ့သုံးနှစ်က ကားမတော်တဆမှုနဲ့သေသွားခဲ့တဲ့ ချန်းချိုးယင်းရဲ့ဝမ်းကွဲအစ်ကို ချန်းကျင်းဖန်းကိုမှတ်မိသေးလား? ကျွန်တော်တို့ဒီတစ်ခေါက် မြန်မာမှာမူးယစ်ဆေးတရားမဝင်ရောင်းဝယ်တဲ့အဖွဲ့အကြောင်းစုံစမ်းဖို့သွားခဲ့တာ။ မမျှော်လင့်ဘဲ အဲ့ဒီအဖွဲ့နဲ့အရောင်းအဝယ်လုပ်နေတဲ့လူက လုံထျန်းဟူလို့နာမည်ပြောင်းထားတဲ့ ချန်းကျင်းဖန်းဖြစ်နေတယ်။ သူကို သတိပေးလိုက်သလိုမဖြစ်သွားအောင်လို့ ချန်းကျင်းဖန်းနဲ့ လူချင်းတော့မတွေ့ခဲ့ဘူး။ ပြီးတော့ နောက်ပိုင်းစုံစမ်းစစ်ဆေးကြည့်လိုက်တော့ ချန်းကျင်းဖန်းက ကီရင်းဂိုဏ်းရဲ့ အကြီးတန်းအုပ်ချုပ်သူတစ်ယောက်ဖြစ်နေတာပဲ။ ဒီလိုဆို လွန်ခဲ့တဲ့သုံးနှစ်က ကားမတော်တဆမှုဆိုတာ ချန်းကျင်းဖန်းက သူ့ဘယ်သူဆိုတာကိုဖုံးကွယ်ချင်လို သက်သက်ဇာတ်လမ်းဆင်ခဲ့တာမျိုးပဲ။ ရှန်းယန်ဖန့် ဒီကိစ္စကိုသိပြီးပြီလားဆိုတာကိုတော့ ကျွန်တော်မသိဘူး။ အခုထိ သူ့အကြောင်းကိုစုံစမ်းနေတုန်းပဲ။ ဒါပေမယ့် တကယ်လို့သူကသာသိထားပြီးသားဆိုရင် ရှန်းမိသားစုတွေက ကျွန်တော်တို့တွေးထားတာထက်တောင်ပိုပြီး ရည်မှန်းချက်ကြီးတဲ့လူတွေပဲ။”
ရှန်းမိသားစုသည် ရည်မှန်းချက်ကြီးမှန်း သူတို့အမြဲတမ်းသတိထားမိကြပြီးဖြစ်သော်လည်း အခုလောက်ထိ ရဲတင်းကာ ရည်းမှန်းချက်ကြီးလွန်းနေမည်ဟုတော့သူတို့မမျှော်လင့်ထားမိပေ။ ထို့အပြင် ရှန်းမိသားစုသည် လင်မိသားစုနှင့်ဆက်ဆံရေးအလွန်နီးကပ်သောကြောင့် သူတို့ကြောင့်ဖြင့် လင်မိသားစုကိုလဲ သံသယဝင်လာနိုင်သလို စုံစမ်းစစ်ဆေးလဲခံရနိုင်ပေသည်။
“ဘာ?” ထိုစကားကိုကြားလိုက်သည်နှင့် ဆရာကြီးလင်ထိတ်လန့်ကာ အလွန်ဒေါသထွက်သွားတော့သည်။ ရှန်းမိသားစုသည် နိုင်ငံရေးလောကတွင်ပါဝင်ထားလေသည်။ ထို့အပြင် အစိုးရအရာရှိများဆိုသည်က ဂိုဏ်းဂဏများနှင့် ဆက်သွယ်ဖို့ရန်အတွက် အလွန်မုန်းတီးသူများဖြစ်လေသည်။
အစိုးရအရာရှိတစ်ယောက် ဂိုဏ်းများနှင့်အပေးအယူမလုပ်သ၍ ဆက်ဆံရေးမရှိသ၍ ဘေးကင်းလုံခြုံနေမည်ဖြစ်သည်။ သို့ပေမည့် ထိုအစိုးရအရာရှိကသာ ဂိုဏ်းများနှင့်ပေါင်းကာ ဥပဒေနှင့်မညီညွတ်သည့်ကိစ္စများကိုပြုလုပ်မည်ဆိုလျှင် ထိုလူ၏နိုင်ငံရေးလမ်းကြောင်း အလုံးစုံပျက်စီးသွားမည်ဖြစ်သလို သေချာပေါက် ထောင်ချလဲခံရမည်ဖြစ်သည်။
ရှန်းမိသားစုသည် လင်မိသားစုနှင့်ဆွေမျိုးတော်စပ်ထားသောကြောင့် သူတို့အခုလို ဂိုဏ်းများနှင့်ဆက်ဆံရေးရှိသည်ကိုကြားရချိန်တွင် ဆရာကြီးလင်အတွက် မပျော်ရွှင်နိုင်တော့ပေ။ ထို့ကြောင့် စုံစမ်းစစ်ဆေး၍ပြီးသည်နှင့် ထိုကိစ္စကိုရှင်းလင်းရန်အတွက်ဆုံးဖြတ်ချက်ချလိုက်တော့သည်။ အကယ်၍ ရှန်မိသားစုကသာ ဂိုဏ်းများနှင့်ပေါင်းပြီး မကောင်းမှုမလုပ်ထားဘူးဆိုလျှင်တော့ ဆရာကြီးလင်အနေဖြင့် တတ်နိုင်သလောက် ဂိုဏ်းများနှင့်ဝေးဝေးနေရန်အတွက် သူတို့ကိုသတိပေးမည်ဖြစ်သည်။ သို့ပေမည့် ရှန်းမိသားစုကသာ မကောင်းမှုများတွင်ပါဝင်ထားပြီးပြီဆိုလျှင်တော့ဖြင့် ဆရာကြီးလင်အနေဖြင့် သူတို့ကိုကာကွယ်ပေးလိမ့်မည်မဟုတ်ပေ။
ဆရာကြီးလင်သည် ဂိုဏ်းအဖွဲ့အစည်းများကိုလုံးဝသဘောမကျပေ။ အကယ်၍ သူ၏မြေးချွေးမကသာ ချင်ဂိုဏ်းခေါင်းဆောင်နှင့်သူငယ်ချင်းဖြစ်နေကြောင်းကိုသာ သိသွားခဲ့လျှင် အလွန်အံ့အားသင့်သွားလိမ့်မည်ဖြစ်သည်။ သို့ပေမည့် ကံကောင်းစွာဖြင့် ကုနင်းသည် ချင်ဂိုဏ်းနှင့်ရင်းနှီးသော်လည်း မည်သည့်မကောင်းမှုတွင်မှပါဝင်ပတ်သတ်နေခြင်းမျိုးမရှိပေ။
***
အခန်း ၄၀၃
လေဆိပ်တွင် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခြင်း
“အဘိုးကို ပိုပြီးသတိထားလို့ရအောင်လို့ပြောပြထားတာပါ။ ကိုယ်တိုင်ဝင်ပါဖို့တော့မလိုပါဘူး။” သူ့အဘိုးက ရှန်းမိသားစုကို အဘွား၏မျက်နှာကြောင့် ကူညီမည်မှန်း လင်ရှောင်းထင်နားလည်လေသည်။ သို့ပေမည့် အခုချိန်တွင် ဆရာကြီးလင်သည့်အသက်ရနေပြီဖြစ်သောကြောင့် စိုးရိမ်ပူပန်စရာကိစ္စများတွင် ဝင်မပါစေလိုပေ။
ဆရာကြီးလင်နှင့်ဆွေးနွေးပြောဆိုလို့ပြီးသည်နှင့် လင်ရှောင်းထင်တန်းပြန်သွားခဲ့သည်။
လင်မိသားစုအိမ်မှထွက်လာပြီးလျှင်ပဲ လင်ရှောင်းထင် သူ၏ဖုန်းကိုထုတ်စစ်လိုက်သည်။ သို့ပေမည့် စာတစ်စောင်မျှဝင်ထားခြင်းမရှိသလို ဖုန်းခေါ်ထားခြင်းလဲမရှိသေးသောကြောင့် ကုနင်းအခုချိန်ထိ သူဖုန်းဆက်ထားသည်ကိုမမြင်သေးမှန်း သိသာလေသည်။ သို့ပေမည့် သူဖုန်းစခေါ်ထားသည်မှာ အချိန်အတော်ကြာနေပြီဖြစ်သောကြောင့် အခုချိန်အတိုင်းအတာအရဆိုလျှင် ကုနင်း Gမြို့သို့ရောက်နေသင့်ပေပြီ။ သူမGမြို့သို့သွားခြင်းမဟုတ်ဘူးဆိုလျှင် ဘယ်ကိုများသွားနေတာလဲ? လင်ရှောင်းထင် ထိုသို့တွေးလိုက်မိပြီးသည်နှင့် ကုနင်းထံသို့ထပ်မံဖုန်းခေါ်ကြည့်လိုက်ပြန်သော်လည်း စက်ပိတ်ထားစဲပင်။
…...
သုံးနာရီကြာပျံသန်းသွားပြီးနောက်တွင်တော့ ကုနင်းစီးနင်းလာသည့်လေယာဉ်သည် Bမြို့နိုင်ငံတကာလေဆိပ်သို့ဆင်းသက်လာခဲ့သည်။ ကုနင်း လေယာဉ်ပေါ်ကဆင်းသည်နှင့် သူမဖုန်းကို စက်ပြန်ဖွင့်လိုက်သည်။ ထို့နောက်တွင်တော့ လင်ရှောင်းထင် ဖုန်းဆက်ထားသည်များကိုမြင်လိုက်သည်နှင့် ချက်ချင်းပင် ဖုန်းပြန်ဆက်လိုက်သည်။
လင်ရှောင်းထင်သည်လဲ ကုနင်းလေယာဉ်ပေါ်ကဆင်းသည်နှင့် သူ့ကိုသေချာပေါက် ချက်ချင်းဖုန်းပြန်ဆက်မည်မှန်းသိထားသောကြောင့် တစ်ချိန်လုံးဖုန်းကိုမချတမ်းကိုင်ထား၍ ကုနင်းဖုန်းခေါ်လာသည်နှင့် စက္ကန့်ပိုင်းအတွင်း ပြန်ဖြေလိုက်တော့သည်။
“နင်းနင်း၊”
“ကျွန်မလေယာဉ်ပေါ်ရောက်နေလို့ ဖုန်းကိုစက်ပိတ်ထားလိုက်ရလို့ပါ။ အခုပဲလေယာဉ်ဆင်းလာလာချင်းပဲ ရှင့်ကိုပြန်ဆက်တာ။”
“မင်းအခုဘယ်ရောက်နေတာလဲ?”
“Bမြို့နားက ရွာငယ်လေးတစ်ရွာမှာ လူတစ်ချို့ရှေးဟောင်းပစ္စည်းတွေရှာတွေ့တယ်ဆိုလို့ ရှေးဟောင်းဂူသင်္ချိုင်းများရှိနေမလားဆိုပြီး လာရှာတာ။” ကုနင်းပြန်ဖြေလိုက်သည်။
ထိုစကားကိုကြားသည်နှင့် ယခင်ရှေးဟောင်းဂူသင်္ချိုင်းထဲတွင် ဖြစ်ခဲ့သည့် အဖြစ်အပျက်များအား လင်ရှောင်းထင် ပြန်တွေးမိသွားကာ အလွန်စိုးရိမ်ပူပန်သွားပြီး၊
“မင်းတစ်ယောက်တည်းသွားတာလား?”
လင်ရှောင်းထင် ဘာကြောင့်စိုးရိမ်သွားလဲဆိုသည်ကို ကုနင်းနားလည်သောကြောင့်၊
“မစိုးရိမ်ပါနဲ့။ ကျွန်မသေချာဂရုစိုက်မှာပါ။ ပြီးတော့ အရင်တစ်ခေါက်ကလိုအဖြစ်မျိုးထပ်ဖို့နိုင်ဖို့ဆိုတာက ၁ရာခိုင်နှုန်းလောက်ပဲရှိတယ်။ ရှေးဟောင်းဂူသင်္ချိုင်းတိုင်းမှာသာ ဖုတ်ကောင်တွေရှိနေရင် ဒီကမ္ဘာကြီးပျက်စီးသွားရောပေါ့။”
အမှန်ကိုပင်၊ ရှေးဟောင်းဂူသင်္ချိုင်းတိုင်းတွင်သာ ဖုတ်ကောင်များရှိနေလျှင် ဒီကမ္ဘာကြီးပျက်စီးသွားလောက်ပြီဖြစ်သည်။ သင်္ချိုင်းဖောက်ထွင်းသူများသည် သာမာန်မဟုတ်ပေ။ ရှေးဟောင်းသုတေသီများပင်လျှင် ရှေးဟောင်းဂူသင်္ချိုင်းများကိုရှာတွေ့စေရန်အတွက် ယခုတစ်ခေါက်ကဲ့သို့ ထိုသင်္ချိုင်းဖောက်ထွင်းသူများထားရစ်ခဲ့သည့် သဲလွန်စများအပေါ်မှီခိုရလေသည်။
သင်္ချိုင်းဖောက်ထွင်းသူများ ဘယ်လိုလုပ်ပြီးရှေးဟောင်းဂူသင်္ချို်ငးများကိုရှာတွေ့လဲဆိုသည်ကိုတော့ ကုနင်း နားမလည်သော်လည်း သူတို့တွင်လဲ သူတို့နည်းသူတို့ဟန်ဖြင့်ရှိပေလိမ့်မည်။
ထိုသို့ဆိုလျှင်တောင်မှ လင်ရှောင်းထင်မှာစိုးရိမ်မိနေစဲပင်။ သို့ပေမည့် ကုနင်းသည် တစ်ခါစိတ်ဆုံးဖြတ်ပြီးသွားလျှင် သူမကိုဘယ်သူကမှတား၍မရနိုင်တော့ကြောင်းကိုလဲ သူနားလည်ထားပြီး ဖြစ်သည်။ အခုချိန်တွင် သူ့စိတ်ထဲ၌ ကိစ္စများကိုမြန်မြန်အပြီးသတ်ကာ သူမကိုသွားတွေ့နိုင်ဖို့ကိုသာ တွေးနေမိတော့သည်။
ကုနင်း ထွက်ပေါက်သို့ရောက်လာသည့်အချိန်တွင်တော့ များပြားလှသည့်လူများက နာမည်တစ်ခုတည်းကို ရူးသွပ်စွာအော်ဟစ်နေကြကြောင်း ကြားလိုက်ရသည်၊
“လင်းရှောင်ဝေ့! လင်းရှောင်ဝေ့! လင်းရှောင်ဝေ့!”
ထိုစိတ်လှုပ်ရှားတက်ကြွနေသည့်လူအုပ်ကြီးကိုမြင်လိုက်ရတော့ နာမည်ကျော်တစ်ဦးဦး၏ပရိတ်သတ်များ သူတို့အနုပညာရှင်ကို လာရောက်ကြိုဆိုခြင်းဖြစ်ကြောင်း ကုနင်းနားလည်လိုက်သည်။
ခနတွင်းလေးမှာပဲ ထိုလူငယ်အုပ်စုသည် အတင်းတွန်းတိုက်ကာ ကုနင်းထံသို့မဟုတ်ပေမည့် ကုနင်း ဘေးရှိအမျိုးသမီးထံသို့တိုးဝှေ့သွားကြတော့သည်။ ထိုအမျိုးသမီးသည်က လင်းရှောင်ဝေ့ပင်ဖြစ်သည်။
ထိုရူးသွပ်နေသည့်ပရိတ်သတ်အဖွဲ့ကြီးသည် အလွန်လျင်မြန်ကြသောကြောင့် သက်တော်စောင့်အဖွဲ့သည်ပင် သူတို့ကိုမတားနိုင်ကြတော့သောကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်နေကြတော့သည်။
ထိုအချိန်တွင်ပဲ အမျိုးသမီးတစ်ဦး၏နာကျင်စွာအကူအညီတောင်းသံထွက်ပေါ်လာခဲ့သည်၊
“ကယ်ကြပါဦး! ကျွန်မအပေါ်မတက်နင်းကြပါနဲ့! ကယ်ကြပါ!”
သို့ပေမည့် ထိုပရိတ်သတ်များသည် စိတ်လှုပ်ရှားစွာအော်ဟစ်နေကြသောကြောင့် ဘယ်သူမှ ထိုအမျိုးသမီး၏အကူအညီတောင်းသံကိုမကြားကြပေမည့် ကုနင်းသည်တော့ ကြားလိုက်ရသည်။
ကုနင်းလဲ သူမ၏ကျောက်စိမ်းမျက်ဝန်းကိုအသုံးပြုကာ ရှာဖွေလိုက်ချိန်တွင်တော့ ကြမ်းပြင်ထက်တွင် အသက်၂၀ဝန်းကျင်မိန်းကလေးတစ်ဦး ဒဏ်ရာများနှင့်လဲကျနေသည်ကိုမြင်လိုက်ရသည်။ လူအများအပြားက သူမကိုယ်ပေါ်သို့တက်နင်းသွားကြကာ ရှေ့သို့သာ အသည်းအသန်တိုးဝှေ့နေကြလေသည်။ ကုနင်းဒေါသထွက်သွားရပြီး အမြန်ပြေးသွားလိုက်ကာ ထိုပရိတ်သတ်များကို ဆွဲဖယ်ပစ်လိုက်သည်။ သူမ၏အားကိုထိန်းချုပ်ထားသောကြောင့် ဘယ်သူမှတော့ ဆိုးဆိုးဝါးဝါးဒဏ်ရာမရသွားကြပေမည့် ထိုလူများက သူမကိုကျိန်ဆဲနေကြလေသည်။ ကံကောင်းစွာဖြင့် အနင်းခံရသည့်မိန်းကလေးသည် ကုနင်းနှင့်သိပ်မဝေးသောကြောင့် မကြာခင်တွင်ပဲ ကုနင်း သူမကိုကယ်တင်လိုက်နိုင်တော့သည်။
ပထမတော့ လူများသည် သူတို့ကို ကုနင်းတွန်းဖယ်နေသောကြောင့် အလွန်ဒေါသထွက်နေကြပေမည့် အကြောင်းပြချက်ကိုသိလိုက်ရချိန်တွင်တော့ အလွန်ထိတ်လန့်သွားကြတော့သည်။ ကုနင်းလဲ မိန်းကလေးအနားသို့ရောက်သည်နှင့် သူမလက်ကိုကိုင်ကာ စွမ်းအားများကိုကူးပြောင်းပေးလိုက်သည်။ တစ်ချိန်တည်းတွင်ပဲ ထိုမိန်းကလေးကိုနောက်ဆုံးတက်နင်းခဲ့သည့်လူအား စိုက်ကြည့်လိုက်ကာ၊
“အခုချက်ချင်း ဆေးရုံကားခေါ်လေ!”
ထိုလူသည်က ကြောက်ရွံ့နေစဲဖြစ်သောကြောင့် သက်တော်စောင့်တစ်ယောက်ကသာ ဆေးရုံကားကိုဖုန်းဆက်လှမ်းခေါ်လိုက်သည်။
သို့ပေမည့် ကုနင်းခေါင်းမော့လိုက်သည့်အချိန်တွင်ပဲ သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးသည်တော့ အလွန်အံ့အားသင့်သွားခဲ့သည်။ ကုနင်း၏ရုပ်ရည်သည် သူနှင့်အလွန်ဆင်တူနေလေသည်။ သူ့ကို ကုနင်းနှင့်ပို၍နီးကပ်သွားစေချင်သည့် မရင်းနှီးသည့်ခစားမှုတစ်မျိုးကို ခံစားလိုက်ရစေသည်။ ထိုသက်လတ်ပိုင်းအရွယ်အမျိုးသားသည်က ကုနင်း၏အဖေအရင်း ထန်ယွင်ဖန်းပင်ဖြစ်သည်။ ထန်ယွင်ဖန်းသည် စီးပွားရေးကိစ္စတစ်ခုကြောင့် ခရီးသွားရာမှပြန်ရောက်လာခြင်းဖြစ်ပြီး သူထွက်လာသည့်အချိန်တွင်ပဲ ထိုဆိုးရွားသည့်မြင်ကွင်းကိုမြင်လိုက်ရခြင်းဖြစ်သည်။
လူတိုင်း ကုနင်းကိုကြည့်ကြခြင်းဖြစ်သောကြောင့် ထိုလူများထဲတွင် ထန်ယွင်ဖန်းပါနေမှန်း ကုနင်းသတိမထားလိုက်မိပေ။
“သူဘယ်လိုနေသေးလဲ?” အနုပညာရှင်အမျိုးသမီး၏ တာဝန်ရှိသူတစ်ဦးက လျှောက်လာကာမေးလိုက်သည်။ ထိုစိတ်မကောင်းစရာဖြစ်ရပ်သည် အနုပညာရှင်အမျိုးသမီးကြောင့်ဖြစ်ခြင်းဖြစ်သောကြောင့် သူတို့အနေဖြင့် ကြားထဲမှခံလိုက်ရသည့်မိန်းကလေးကို ဂရုစိုက်သင့်လေသည်။ ယခုသတင်းသာပျံသွားခဲ့လျှင် အနုပညာရှင်အမျိုးသမီး၏နာမည်ကို ထိခိုက်သွားစေနိုင်လေသည်။
“ဒဏ်ရာအများစုက အပေါ်ယံပဲဆိုပေမည့် ပြင်းတော့ပြင်းတယ်။” ထိုမိန်းကလေး၏နံရိုးတစ်ချောင်းကျိုးသွားခဲ့ပေမည့် ကုနင်း ကုသပေးခဲ့ပြီးဖြစ်သောကြောင့် ထည့်ပြောမနေတော့ပေ။
သို့ပေမည့် ဒီလောက်လူအများကြီးတက်နင်းခြင်းကိုခံရပြီးတာတောင်မှ ထိုမိန်းကလေးဒဏ်ရာအများကြီးမရသွားလျှင် သိပ်ပြီး သဘာဝမကျသောကြောင့် ကုနင်းအားလုံးပျောက်ကင်းသည်အထိ မကုသပေးခဲ့ပေ။ ထိုမိန်းကလေးသည်တော့ နာကျင်မှုဒဏ်များကြောင့် ဖြူဖျော့လို့နေစဲပင်။
“အခုလိုဖြစ်သွားတဲ့အတွက် တောင်းပန်ပါတယ်။ ကျွန်မတို့ဘက်က ဆေးဖိုးရော စိတ်ပိုင်းဆိုင်ရာထိခိုက်မှုအတွက်လျော်ကြေးကိုပါ ပေးလျော်ပေးပါ့မယ်။” လင်းရှောင်ဝေ့က အပြစ်ရှိစွာဖြင့် ဝင်ပြောလာသည်။
“ကောင်းတာပေါ့။” ကုနင်းပဲပြန်ဖြေလိုက်ပြီး ထို့နောက် ထိုမိန်းကလေးအပေါ်တက်နင်းသွားခဲ့ကြသည့် လူအများကိုကြည့်လိုက်ကာ၊
“ဒီမိန်းကလေးကို ဆိုးဆိုးရွားရွားထိခိုက်အောင်လုပ်ခဲ့တဲ့အတွက် ရှင်တို့တောင်းပန်ရမယ်။”
လူအုပ်ကြီးသည်လဲ ကုနင်း၏အေးစက်လှသောကြောင့် အကြည့်များကိုကြောက်ရွံ့သောကြောင့် ချက်ချင်းပင်တောင်းပန်ကြတော့သည်။
“ကျွန်တော်တို့တောင်းပန်ပါတယ်။”
“ရပါတယ်။ ရှင်တို့တမင်ရည်ရွယ်ပြီးလုပ်ကြတာမျိုးမဟုတ်မှန်း သိပါတယ်။” ထိုဒဏ်ရာရထားသည့်မိန်းကလေးသည် စိတ်တိုနေစဲဖြစ်သော်လည်း ထိုလူများကိုခွင့်လွှတ်ပေးခဲ့လေသည်။
***
အခန်း ၄၀၄
ကျောက်ရိုင်းအတု
ထိုမိန်းကလေးက ကုနင်းဘက်သို့ပြန်ကြည့်လာကာ၊
“ကျွန်မအသက်ကိုကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။”
ကုနင်းပြုံးရုံသာပြုံးပြလိုက်ပြီး ဘာမှပြန်မပြောခဲ့ပေ။
မကြာခင်တွင်ပဲ လူနာတင်ယာဉ်ရောက်ရှိလာသောကြောင့် မိန်းကလေးကိုဆေးရုံသို့ခေါ်သွားကြတော့သည်။
ကုနင်း လေဆိပ်မှထွက်လာသည့်အချိန်တွင်တော့ သူမကိုတစ်စုံတစ်ယောက်က တစ်ချိန်လုံးစိုက်ကြည့်နေကြောင်းကိုခံစားမိသွားတော့သည်။ သို့ပေမည့် ကုနင်းလှည့်ကြည့်လိုက်သည့်အချိန်တွင်တော့ ထန်ယွင်ဖန်းသည်လဲ ထွက်သွားပြီဖြစ်၍ သူ့နောက်ကျောဘက်ကိုသာ ကုနင်းမြင်လိုက်ရလေသည်။ ကုနင်းလဲ ထူးထူးဆန်းဆန်းတွေဆက်တွေးမနေတော့ဘဲ ထွက်လာခဲ့လိုက်တော့သည်။
“ဘော့စ်၊ ဘာဖြစ်လို့လဲ? နေလို့မကောင်းလို့လား?” အတွင်းရေးမှူး ယန်ဝေ့လွင်ကမေးလိုက်သည်။
“ဘာမှမဖြစ်ပါဘူး။ သွားကြရအောင်!” ထန်ယွင်ဖန်းပြန်ဖြေလိုက်ကာ ထွက်လာခဲ့လိုက်သည်။
ကုနင်းလေဆိပ်အပြင်သို့ရောက်သည့်အချိန်တွင် တက္ကစီကိုချက်ချင်းမငှားသေးပေ။ အကြောင်းသည်တော့ ရှောင်းဟောင်းဂူသင်္ချိုင်း၏တည်နေရာကို သူမမသိသေးထားသောကြောင့်ပင်။ ထို့အပြင် Bမြို့သည် အနီးနားတွင်ရွာငယ်ပေါင်းများစွာရှိသော မြို့ကြီးတစ်မြို့ဖြစ်သောကြောင့် သူမသွားလိုသည့်ရွာမှာ ဘယ်ရွာလဲဆိုသည်ကို မသိနိုင်ပေ။ ထို့ကြောင့် ကေကိုသာအကူညီလှမ်းတောင်းဖို့သာတက်နိုင်တော့သည်။ ထို့နောက်ကေ့ကိုဖုန်းဆက်လိုက်ကာ တစ်စုံတစ်ယောက်၏ဖုန်းမှတစ်ဆင့် ထိုလူ၏တည်နေရာကိုရှာနိုင်သလားဆိုသည်ကိုမေးလိုက်ပြီး ကေကရှာနိုင်ကြောင်း အတည်ပြုလာခဲ့သည်။ တစ်ဖက်လူက ဖုန်းကိုစက်ဖွင့်ထားသ၍ သူ့အတွက် ထိုလူ၏တည်နေရာကိုအလွယ်တူကူရှာဖွေနိုင်မည်ဖြစ်သည်။
ဘယ်လိုပဲဖြစ်ဖြစ် ကြိုးစားကြည့်မှသိမည်ဖြစ်၍ စုအန်းယာ၏အစ်ကိုစုအန်းကျွင်း၏ဖုန်းကိုဟက်ကာ တည်နေရာရှာရန်အတွက် ကုနင်းပြောလိုက်သည်။ သို့ပေမည့် ကုနင်းသည် စုအန်းကျွင်း၏ဖုန်းနံပါတ်ကိုမသိပေ။ ထို့ကြောင့်ကေကို စုအန်းကျွင်းအကြောင်း ကိုယ်တိုင်စုံစမ်းဖို့သာပြောလိုက်နိုင်တော့သည်။
ကုနင်းပေးသမျှတာဝန်တိုင်းကို နိုင်ငံနှင့်ဆိုင်သည့်ကိစ္စများမှလွဲ၍ ဘာကြောင့်ခိုင်းလဲဆိုသည်ကို ကေက ပြန်မေးလေ့မရှိပေ။ မိနစ်အနည်းငယ်ကြာပြီးနောက်တွင်တော့ ကေက စုအန်းကျွင်း၏ဖုန်းသည် လိုင်းသိပ်မမိသောကြောင့် ချက်ချင်းတည်နေရာရှာ၍မရသေးကြောင်း ဖုန်းပြန်ဆက်လာခဲ့သည်။
ထို့ကြောင့် အခုချက်ချင်း ကုနင်း ရှေးဟောင်းဂူသင်္ချိုင်းသို့သွား၍မရသေးပေမည့် ကေ့ကို စုအန်းကျွင်းအားဆက်ပြီးစောင့်ကြည့်ထားရန်အတွက်ပြောလိုက်သည်။ စုအန်းကျွင်းဘယ်ကိုသွားလဲဆိုသည်ကို ကေရှာတွေ့သည်နှင့် ကုနင်းကိုပြန်ပြောပြလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် ကုနင်း Bမြို့၏ရှေးဟောင်းလမ်းသို့သာ အရင်သွားကြည့်ရန်ဆုံးဖြတ်လိုက်တော့သည်။
Bမြို့သည် နိုင်ငံ၏အဓိကစီးပွားရေး၊ သယ်ယူပို့ဆောင်ရေး၊ နည်းပညာ၊ ကူးသန်းရောင်းဝယ်ရေးများထွန်းကားသည့် အရေးပါသောအုပ်ချုပ်ရေးနယ်မြေဖြစ်လေသည်။
ကုနင်းရှေးဟောင်းလမ်းသို့ရောက်သည့်အချိန်တွင်တော့ လေဆိပ်တွင်ဖြစ်သွားခဲ့သည့်ကိစ္စများမှာပျံ့နှံ့နေပြီဖြစ်ပြီး လင်ရှောင်ဝေ့သည်လဲ သူမကိုအပြစ်တင်သည့်စာများအများအပြားရရှိထားလေပြီဖြစ်သည်။
လူအချို့ကတော့ ထိခိုက်သွားသည့်မိန်းကလေးကို ဆေးဖိုးလျော်ကြေးငွေအပြည့်အဝထောက်ပံ့ပေးခဲ့သောကြောင့် လင်ရှောင်ဝေ့ကို ကြင်နာတတ်သည်ဟုပြောကြသည်။ သူမက ထိခိုက်သွားသည့်မိန်းကလေးအား ကိုယ်တိုင်ကိုယ်ကျ ဆေးရုံသို့ပင်လိုက်ပို့ပေးခဲ့လေသည်။ သို့ပေမည့် အချို့လူများကတော့ လင်ရှောင်ဝေ့က သူမ၏ဂုဏ်သတင်းကိုကာကွယ်ရန်အတွက် ဟန်ဆောင်လုပ်ပြခြင်းဟုသာ တွေးထင်ယုံကြည်ကြပေသည်။
ကံကောင်းစွာဖြင့် လင်းရှောင်ဝေ့အပေါ်နားလည်ပေးနိုင်ကြသည့်လူကပိုများလေသည်။ တစ်ခါတစ်ရံတွင် ပရိတ်သတ်များသည် အလွန်ရူးသွပ်ကြကာ ထိုသို့မတော်တဆဖြစ်သွားမှုကိုလဲ လင်းရှောင်ဝေ့က တမင်မြင်ချင်ခြင်းမျိုးဟုတ်မနေပေ။ တစ်ချိန်တည်းတွင်ပဲ လူအများအပြားသည် ကုနင်း၏ရဲရင့်မှုအပေါ် အံ့အားသင့်နေကြလေသည်။
“ဘုရားရေ! ဒီမိန်းကလေးအံ့ဩဖို့ကောင်းလိုက်တာ! သူဒီလောက်လူတွေအများကြီးကို အသာလေးတွန်းထုတ်နိုင်တာပဲ!”
“ဟုတ်တယ်! သူကသန်မာပြီး လျင်မြန်တယ်၊ သူ့ကိုသိုင်းပညာရှင်လို့တောင်မှထင်မိတယ်! ငါတော့ သူကသိုင်းပညာရှင်ဖြစ်မယ်လို့ယုံကြည်တယ်။”
“နင်တီဗီကြည့်တာအရမ်းများနေပြီ၊ ဒါပေမယ့် သူတော်တယ်ဆိုတာကိုတော့ ငါလက်ခံပါတယ်။”
“သူ’ဆေးရုံကားခေါ်လိုက်လေ’လို့ပြောတဲ့အချိန်က အရမ်းအားကောင်းတော့ လန့်လွန်းလို့ ငါ့တစ်ကိုယ်လုံးကိုတုန်သွားတာပဲ”
“ပြီးတော့ သူ့အကြည့်တွေက ကြောက်ဖို့ကောင်းတယ်! လှလဲလှသေးတယ်!”
ကုနင်းသည်တော့ ထိုသို့ဆွေးနေကြမှုများကို သိလဲမသိသလို ဂရုလဲမစိုက်ပေ။ ရှေးဟောင်းလမ်းကိုသွားသည့်တစ်လျှောက် ကားလမ်းပိတ်နေသောကြောင့် အချိန်တစ်နာရီကျော်ကြာယူလိုက်ရသည်။ သူမရှေးဟောင်းလမ်းသို့ရောက်သွားချိန်တွင်တော့ အနီးနားရှိ စားသောက်ဆိုင်တစ်ခုတွင်နေ့လည်စာဝင်စားလိုက်ပြီးမှ လမ်းထဲသို့ဝင်သွားလိုက်သည်။
Bမြို့၏ရှေးဟောင်းလမ်းသည်လဲ မြို့တော်ကဲ့သို့ပင် ကြီးမားကာ သွားလာလှုပ်ရှားမှုများဖြင့်စည်ကားလို့နေသည်။ ကုနင်း ရှေးဟောင်းလမ်းထဲသို့ဝင်သွားပြီးသည်နှင့် လမ်းတစ်ဖက်တစ်ချက်စီတိုင်းတွင်ရှိနေသည့် ပစ္စည်းတိုင်းကို ကျောက်စိမ်းမျက်ဝန်းအားအသုံးပြုကာ ကြည့်လိုက်သည်။ အများစုသည်တော့ အတုများသာဖြစ်လေသည်။ သို့ပေမည့် ကုနင်းလမ်းအဆုံးထိလမ်းလျှောက်ပြီးသည်အထိ တန်ဖိုးရှိသည့်ရှေးဟောင်းပစ္စည်းသုံးမျိုးသာတွေ့ခဲ့လေသည်။ နာရီဝက်အတွင်း ရှေးဟောင်းလမ်းတွင် လှည့်ပတ်လို့ပြီးသွားသောကြောင့် ကုနင်းပျော်စရာရှာရန်အတွက် ကျောက်အလောင်းအစားလမ်းသို့ထပ်မံဦးတည်ခဲ့လိုက်သည်။
ကုနင်း ကျောက်အလောင်းအစားလမ်းသို့ရောက်သည့်အချိန်တွင်ပဲ ကျောက်ရိုင်းဆိုင်တစ်ဆိုင်၏အရှေ့တွင် လူတစ်စုကြည့်ရှုနေသည်ကိုတွေ့လိုက်ရသည်။ ကုနင်းလဲ ထိုနေရာသို့လျှောက်သွားလိုက်သည်။ ထိုဆိုင်တွင် လူများစွာစုပြုံနေသော်လည်း လူတိုင်းသည် အလုပ်သမားတစ်ဦးက ကျောက်ဖြတ်နေသည့်နေရာသို့သာ စိုက်ကြည့်လို့နေကြသည်။ ထိုနေရာတွင်တော့ ပေါင်၂၀၀ ဝန်းကျင်လောက်ရှိသည့် ကျောက်ရိုင်းတစ်တုံးဖြတ်ဖို့ရန်ရှိနေလေသည်။ ထိုကျောက်ရိုင်းသည် အစိမ်းရောင်ထွက်ပေါ်ပြထားပြီးသားဖြစ်သောကြောင့် အထဲတွင် ကျောက်စိမ်းရှိနိုင်ခြေအလွန်မြင့်လေသည်။ သို့ပေမည့် ပေါ်ထွက်နေသည့်ကျောက်စိမ်း၏အရည်အသွေးသည် အလယ်အလတ်တန်းစားသာဖြစ်သောကြောင့် ကျောက်ရိုင်း၏ဈေးနှုန်းသည်လဲ သိပ်မမြင်နိုင်ပေ။ ထိုအရွယ်အစားကိုမှ ယွမ်၈သန်းလောက်သာပေးရပေမည်။
ထိုကျောက်ရိုင်းတုံးကိုဝယ်ထားသည့်လူမှာ သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးဖြစ်ပြီး သူ့ခန္ဓာကိုယ်သည်စိတ်လှုပ်ရှားစိုးရိမ်မှုများကြောင့် တုန်ရီနေပြီး ထိုကျောက်ရိုင်းရှိရာသို့သာ စိုက်ကြည့်လို့နေလေသည်။ ထိုကျောက်ရိုင်းသည် သူ၏နောက်ဆုံးသောမျှော်လင့်ချက်ဖြစ်လေသည်။ အကယ်၍ ထိုကျောက်ရိုင်းကနေသာ နောက်ထပ်ကျောက်စိမ်းထပ်မထွက်လာခဲ့လျှင် သူ၏လက်ဝတ်ရတနာဆိုင်မှာ ပိတ်သိမ်းလိုက်ရပေတော့မည်။
“ဟေ့၊ အဲ့ဒီထဲမှာ ကျောက်စိမ်းရှိလောက်မယ်လို့ မင်းထင်လား?”
ကြည့်ရှုနေသူများက စတင်ဆွေးနေလာကြတော့သည်။ အစိမ်းရောင်ပေါ်နေသည့် ဝင်းဒိုးဖွင့်ပြီးသားကျောက်ရိုင်းမှနေပြီး ကျောက်စိမ်းထွက်နိုင်ချေမြင့်သော်လည်း ရလဒ်ကိုပြောဖို့က ခက်ခဲနေစဲပင်။
“ထွက်နိုင်ပါတယ်!”
“ထွက်သာမလာခဲ့ဘူးဆိုရင်၊ လူကြီးမင်းကျန်းရလုံးဝမွဲပြီး သူ့လက်ဝတ်ရတနာဆိုလဲ ပိတ်သွားရလိမ့်မယ်။”
“ဟုတ်တယ်! သူ့သားက အာဏာရှိတဲ့လူတစ်ယောက်ရဲ့သားကိုကိုစိတ်အနှောက်အယှက်ပြုခဲ့တာဆိုတော့ သူ့ရဲ့ကျောက်စိမ်းရင်းမြစ်တွေအားလုံး ဖြတ်တောက်ခံလိုက်ရပြီ။ ဈေးကွက်ထဲမှာ ကျောက်စိမ်းရှိနေသေးတယ်ဆိုရင်တော့မှ တစ်ခြားလူက သူ့ထက်ဈေးပိုပေးပြီးဝယ်သွားနု်ငမှာပဲ၊ ဒီတော့ အခုချိန်မှာ ကျောက်အလောင်းအစားလုပ်ဖို့နည်းကလွဲပြီးမရှိတော့ဘူး။”
“ဟုတ်တာပေါ့! ဒါပေမယ့်လဲ လူကြီးမင်းကျန်း ယွမ်သန်း၂၀လောက်သုံးပြီး ကျောက်အလောင်းအစားလုပ်ထားတာတောင် ကျောက်စိမ်းတစ်တုံးမှထွက်မလာသေးဘူးလေ။”
ကုနင်း ကျောက်စိမ်းမျက်ဝန်းကိုအသုံးပြုကာ ထိုကျောက်ရိုင်းတုံးကြီး၏အထဲကိုကြည့်လိုက်ချိန်တွင်တော့ မမျှော်လင့်ထားစွာပဲ ထိုထဲတွင် ကျောက်စိမ်းလုံးဝမပါရှိနေဘဲ ကျောက်တုံးကြီးသက်သက်သာဖြစ်နေသည်။
သို့ပေမည့် ကုနင်း သူမအကြည့်ကိုရုတ်သိမ်းခါနီးတွင်ပဲ ထိုကျောက်ရိုင်းတုံးသည် တစ်ခုခုလွဲနေကြောင်းကိုသတိထားမိသွားခဲ့သည်။ သူမအနီးကပ်တစ်ကြိမ်ထပ်ကြည့်လိုက်ချိန်တွင်တော့ အကြောင်းရင်းကိုသိလိုက်ပေသည်။ ထိုကျောက်ရိုင်းတုံးကြီးသည် အတုကြီးသာဖြစ်လေသည်။
ဝင်းဒိုးဖွင့်ထားသည့်နေရာက ကျောက်စိမ်းသည်က အမှန်တကယ်အစစ်ဖြစ်သော်လည်း ထိုနေရာသည် အလွှာပါးလေးတစ်ခုသာဖြစ်လေသည်။ ထိုအပြင် အရည်အသွေးကလဲမမြင့်သောကြောင့် ယွမ်သိန်းကျော်လောက်သာတန်ကြေးရှိပေသည်။
ထိုကျောက်စိမ်းလွှာအပါးလေးကိုဖြတ်ကာ သံပြားလိုလို စက္ကူစလိုတစ်ထပ်အပြင် ကော်များကိုပါ ကုနင်းတွေ့လိုက်ရသည်။ ထိုကျောက်ရိုင်းတုံးသည် သာမာန်ကျောက်တုံးကြီးတစ်ခုသာ အဓိကပါဝင်နေခြင်းဖြစ်သည်။ ထိုကျောက်ရိုင်းကြီး၏အပြင်ဘက်အလွှာသည်လဲ အတုသာဖြစ်လေသည်။
ထိုသို့ကျောက်ရိုင်းအတုလုပ်ခြင်းသည် ကျောက်ရိုင်းလောကတွင် ထူးဆန်းသည့်ကိစ္စမျိုးမဟုတ်ဘဲ ကလိမ်ကကျစ်ကျသည့်စီးပွားရေးသမားများက ဝယ်သူများကိုအမြဲလိမ်လည်လေ့ရှိပေသည်။ ပုံမှန်ဆိုလျှင် ထိုအတုလုပ်သူများမှာ အလွန်တော်သောကြောင့် ကျွမ်းကျင်ပညာရှင်များ၏အကူအညီနှင့်ခွဲခြားခြင်းသာမဟုတ်လျှင် သာမာန်လူများအဖို့ အတုအစစ်ခွဲဖို့ခက်ခဲလွန်းပေသည်။
***
အခန်း ၄၀၅
သခင်လေးဖန်း
ကုနင်းသည် အလိမ်အညာများကိုမုန်းတီလေသည်။ သူမအနေဖြင့်ထိုအကြောင်းကိုသတိထားမိသွားပြီဆိုမှတော့ ဒီအတိုင်းလွှတ်ထားမပေးနိုင်တော့ပေ။
“နေဦး!” ဆိုင်အလုပ်သမားက ကျောက်ရိုင်းကိုစဖြတ်ဖို့လုပ်လိုက်ချိန်တွင် ကုနင်းကတားလိုက်သောကြောင့် လူတိုင်းနားမလည်နိုင်စွာဖြင့် သူမကိုကြည့်လာကြသည်။
ကုနင်းကနေပြီး လူကြီးမင်းကျန်းအား၊
“လူကြီးမင်းကျန်း၊ ရှင်ဒီကျောက်ရိုင်းကိုမဝယ်တာပိုကောင်းမယ်လို့ ကျွန်မထင်တယ်။”
“ဘာလို့လဲ?” လူကြီးမင်းကျန်း နားမလည်နိုင်ဖြစ်သွားရသည်။
သို့ပေမည့် ကုနင်းနောက်ထပ်ဆက်မပြောရသေးခင်တွင်ပဲ ထိုကျောက်ရိုင်းဆိုင်၏ပိုင်ရှင်၊ လူကြီးမင်းယန်ကနေပြီး သဘောမကျသည့်လေသံဖြင့်၊
“မိန်းကလေး၊ မင်းဘာကိုဆိုလိုတာလဲ?”
ကုနင်း ထိုလူကိုကြည့်လိုက်ကာ၊
“အကြောင်းရင်းကိုတော့ ရှင်သိမှာပေါ့။ ကျောက်ရိုင်းအတွက် ငွေတွေကို လူကြီးမင်းကျန်းဆီပြန်ပေးလိုက်တာပိုကောင်းမယ်၊ မဟုတ်ရင်တော့…..” ကုနင်းတမင်တကာ စကားကိုဆုံးအောင်မပြောခဲ့ပေ။
ကျောက်ရိုင်းဆိုင်ပိုင်ရှင်လဲ အနည်းငယ်ထိတ်လန့်သွားရသည်။ ကုနင်းအမှန်တရားကိုသိသွားပြီလားဆိုသည်ကိုတော့ သူသေချာမသိသော်လည်း မဖြစ်နိုင်ဟုသာ ယုံကြည်ထားလိုက်သည်။
“သူက ဒီကျောက်ရို်ငးအတွက်ငွေချေထားပြီးပြီ၊ အခုမှနောင်တရလို့မရတော့ဘူး။” လူကြီးမင်းယန်က ကုနင်း၏ဆိုလိုရင်းကိုနားမလည်သလိုဟန်ဆောင်ကာ ပြန်ပြောလိုက်သည်။
“အိုး၊ ဒါဆို ကျောက်ရိုင်းကတစ်ခုခုလွဲမှားနေတယ်ဆိုရင်ရော?” ကုနင်းထေ့ငေါ့ကာမေးလိုက်သည်။
“ဘာ? ကျောက်ရိုင်းကအစစ်မဟုတ်ဘူးလား?” လူတိုင်းအံ့အားသင့်သွားကြလေသည်။
“မိန်းကလေး၊ မင်းအတည်ပြောနေတာလား?” လူကြီးမင်းကျန်းက စိုးရိမ်ပူပန်စွာဖြင့်မေးလာခဲ့သည်။ ကုနင်းအမှန်ကိုပြောနေခြင်းလားဆိုသည်ကိုတော့ မသေချာသော်လည်း သူသတိထားလိုက်သည်။
လူကြီးမင်းယန်သည်တော့ တခနမျှကြောင်အသွားကာ၊
“မင်းမှာဘာသက်သေမှမရှိဘူး။”
လူကြီးမင်းယန် စိတ်တိုသွားသလို လန့်လဲလန့်သွားခဲ့သည်။ ထိုမိန်းမငယ်လေးက ကျောက်ရိုင်းအစစ်မဟုတ်ကြောင်း ဘယ်လိုလုပ်သိနိုင်မှာတဲ့လဲ?
ကုနင်းဘယ်လိုသိသွားလဲဆိုသည်ကိုတော့ လူကြီးမင်းယန်မသိသော်လည်း ကုနင်းတမင်တကာ လူကြားထဲထုတ်ပြောသည်ကတော့သိသာလေသည်။
ကုနင်း လူကြီးမင်းယန်အားစိုက်ကြည့်လိုက်ကာ၊
“ကျွန်မမှာသက်သေမရှိဘူး။ ဒါနဲ့ကျွန်မတို့လောင်းလိုက်ကြရင်ရော ဘယ်လိုလဲ?”
“မင်း….” လူကြီးမင်းယန်ပြောစရာစကားများပျောက်ရှသွားတော့သည်။ ထိုကျောက်ရိုင်းကအစစ်မဟုတ်ကြောင်း သူသိထားသောကြောင့် ကုနင်းနှင့်မလောင်းနိုင်ပေ။ ထိုအချင်းအရာကိုမြင်တော့ လူအများစုမှာ ကုနင်း၏စကားကိုစတင်ယုံကြည်လာကြတော့သည်။
“ကျောက်ရိုင်းကတယ်ပဲတစ်ခုခုလွဲနေလို့လား?”
“လူကြီးမင်းယန်၊ ဒီကျောက်ရိုင်းကအတုလား?”
“လုံးဝမဟုတ်ဘူး!” လူကြီးမင်းယန်ချက်ချင်းငြင်းလိုက်ကာ သူ့အလုပ်သမားတစ်ဦးအား၊
“သူ့ကိုမောင်းထုတ်လိုက်စမ်း! ရူးနေတာပဲ!”
“နေပါဦး၊ လူကြီးမင်းယန်ရဲ့၊ ရှင်ယုံကြည်ချက်ရှိတယ်ဆိုရင် ဘာလို့လောင်းဖို့ငြင်းနေရတာလဲ? ကျောက်ရိုင်းကသာ သဘာဝကျောက်ရိုင်းအစစ်ဆိုရင်၊ ကျွန်မယွမ်၁၀သန်းရှင့်ကိုပေးမယ်။ ဒါပေမယ့် အတုဆိုရင်တော့ လူကြီးမင်းကျန်းကိုငွေတွေပြန်ပေးလိုက်၊ ဘယ်လိုလဲ?”
ထိုအလောင်းအစားသည် လူကြီးမင်းယန်အတွက် အမြတ်ကြီးသားဖြစ်လေသည်။ သို့ပေမည့် လူကြီးမင်းယန်ကတော့ သူရှုံးမည်ကိုသိထားပြီးဖြစ်သည်။ သူကလိမ်ကကျစ်ကျထားသည်များကိုသာပေါ်ပေါက်သွားမည်ဆိုလျှင် သူ့ဆိုင်၏ဂုဏ်သတင်းပျက်စီးသွားမည်ဖြစ်ပြီး သူ့ဆိုင်ကို ဘယ်သူမှထပ်လာကြတော့မည်မဟုတ်ပေ။
“ဟုတ်တယ်! ခင်ဗျားမှာယုံကြည်ချက်ရှိနေရင်၊ ဘာလို့မလောင်းရတာလဲ?”
“အမှန်ပဲ! ခင်ဗျားသာနိုင်ရင် ယွမ်၁၀သန်းတောင်ရမှာလေ!”
လူကြီးမင်းယန်အလွန်ဒေါသထွက်သွားကာ ကုနင်းကိုစိုက်ကြည့်လိုက်ပြီး၊
“ငါကဘာလို့မင်းပြောတာကို နားထောင်ရမှာလဲ?”
“ဟုတ်တာပေါ့၊ ရှင့်မှာငြင်းခွင့်ရှိပါတယ်၊ ပြီးတာနဲ့ ကျွန်မလဲရဲကိုလှမ်းအကြောင်းကြားလိုက်မယ်လေ။” ကုနင်းသည် လူကြီးမင်းယန်၏ကလိမ်ကကျစ်ကျမှုများကိုထုတ်ဖော်ရန် ရည်ရွယ်ထားခြင်းဖြစ်ပြီး နောက်ဆက်တွဲလူကြီးမင်းယန်နှင့်သူ၏ဆိုင်ဘာဖြစ်သွားမလဲဆိုသည်ကို ဂရုမစိုက်ပေ။
“မင်း….” လူကြီးမင်းယန်မှာ ပြောစရာစကားများပျောက်ရှသွားကာ ဘယ်လိုလုပ်ရမလဲဆိုသည်ကိုမသိတော့ပေ။
ထိုအချိန်တွင်ပဲ မောက်မာသည့် အမျိုးသားသံတစ်သံထွက်ပေါ်လာခဲ့ကာ။
“ဘေးဖယ်စမ်း! ဖန်းမိသားစုရဲ့အထောက်အပံ့ကိုရထားတဲ့ဆိုင်ကို ဘယ်သူကများပြဿနာရှာရဲတာလဲဆိုတာကို ကြည့်ရအောင်!”
ထိုလူ၏အသံကိုကြားလိုက်သည်နှင့် လူအများချက်ချင်းဘေးဖယ်ပေးလိုက်ကြကာ လမ်းသွားဖို့နေရာရှင်းပေးလိုက်သည်။ ထိုလူသည် အသက်၂၂နှစ်ဝန်းကျင်လူငယ်တစ်ယောက်သာဖြစ်သည်။
“သခင်လေး! သူဘယ်တုန်းက လူကြီးမင်းယန်ကိုထောက်ပံ့ပေးနေတာလဲ?”
“လူကြီးမင်းကျန်းရဲ့သားအနှောက်အယှက်ပေးမိတဲ့လူက ဖန်းမိသားစုကလို့ငါကြားတယ်။ သခင်လေးဖန်းက လူကြီးမင်းယန်ရဲ့အထောက်အပံ့မို့လို့လာတာလားတော့ ငါမသိပေမယ့် လူကြီးမင်းကျန်းကြောင့်လာမှန်းကတော့သေချာတယ်။”
“ဟင်း၊ ကြည့်ရတာတော့ လူကြီးမင်းကျန်းတကယ်ကိုဒုက္ခရောက်ပြီပဲ!”
သူတို့အားလုံး တိုးတိုးတိတ်တိတ်ဆွေးနွေးနေကြခြင်းဖြစ်သော်လည်း ကုနင်းကတော့ ရှင်းရှင်းလင်းလင်းကိုကားနေရလေသည်။
သခင်လေးဖန်းက တကယ်ပဲလူကြီးမင်းယန်၏အထောက်ပံ့မဟုတ်ဘဲ လူကြီးမင်းကျန်းကြောင့်တမင်လာခြင်းသာဖြစ်လေသည်။ သခင်လေးဖန်းဝင်လာသည်ကိုမြင်သည်နှင့် လူကြီးမင်းယန်စိတ်အေးသွားတော့သည်။
ကုနင်းသည်လဲ လူအားလုံးလိုလို ထိုသခင်လေးဖန်းဆိုသူကိုကြောက်ရွံ့နေကြောင်း ခံစားလိုက်မိပေမည့် သူမကတော့မကြောက်ပေ၊
“ကျွန်မပဲ။”
ကုနင်း၏အသံလာရာအတိုင်း သခင်လေးဖန်းကြည့်လာခဲ့ပြီး ကုနင်းကိုမြင်သည်နှင့်အံ့အားသင့်သွားတော့သည်။
ထိုတခနတွင်ပဲ သခင်လေးဖန်းတစ်စုံတစ်ခုကိုတွေးမိသွားကာ စိတ်လှုပ်ရှားလာခဲ့ပြီး၊
“မင်းပါလား! လေဆိပ်မှာ ဒဏ်ရာသွားတဲ့ကောင်မလေးကိုကယ်ခဲ့တာမင်းမလား?” သခင်လေးဖန်း၏ပုံစံရုတ်တရက်ပြောင်းလဲသွားခြင်းကြောင့် ဆိုင်ထဲရှိလူတိုင်းအလွန်အံ့ဩသွားကြပေမည့် လေဆိပ်တွင်ဒဏ်ရာရသွားသည့်မိန်းကလေးကို ကယ်ခဲ့သူမှန်း ကုနင်းဖြစ်ကြောင်း အားလုံးကြားလိုက်ရသည်။
ကုနင်းမျက်ခုံးအစုံမြင့်တက်သွားခဲ့သည်။ သူမမျက်နှာကို ထိုလူငယ်မှတ်မိနေမည်ဟု သူမမထင်ထားမိသော်လည်း ထိုနေရာတွင်ကင်မရာများစွာရှိနေခဲ့ခြင်းကြောင့် သိပ်မအံ့ဩမိပေ။
“ဟုတ်တယ်, ကျွန်မပဲ။” ကုနင်းမငြင်းခဲ့ပေ။
ကုနင်း၏အတည်ပြုချက်ကိုကြားသည်နှင့် သခင်လေးဖန်းအလွန်စိတ်လှုပ်ရှားသွားကာ၊
“မင်းသိုင်းတတ်တယ်လား?”
“အင်း၊”
“ဒါဆို ငါ့ကိုသင်ပေးပြီး ငါ့ရဲ့ဆရာလုပ်ပါလား?” သခင်လေးဖန်းဆိုသူက ကုနင်းကိုမျှော်လင့်ချက်အပြည့်ဖြင့်ကြည့်ကာမေးလိုက်သည်။
ဆိုင်ထဲရှိလူအားလုံးကြောင်အသွားကြကာ ထိုလူသည် သူတို့သိထားသည့်မောက်မာသောသခင်လေးဖန်းဟုတ်ရဲ့လားဆိုသည်ကို သံသယဝင်မိသွားကြတော့သည်။ သခင်လေးဖန်းသည် မိန်းကလေးများအပေါ်အထင်သေးတတ်မှုကြောင့် ကျော်ကြားသူဖြစ်သောကြောင့် ဘယ်သူမှသူတို့ရှေ့တွင်မြင်နေရသည့်မြင်ကွင်းကိုမယုံကြည်နိုင်ကြပေ။
သခင်လေးဖန်းသည် တိုက်ခိုက်ခြင်းကိုမြတ်နိုးပြီး အတိုက်အခိုက်တော်သူများကို လေးစားသဘောကျလေသည်။ Bမြို့တွင် တိုက်ခိုက်ရေးအသင်းအဖွဲ့များစွာရှိသော်လည်း သခင်လေးဖန်းကတော့ သူတို့ကိုသဘောမကျပေ။ ထို့အပြင် သူတို့မိသားစုအခြေအနေအရ သူ့ကိုသိုင်းသင်ပေးရန်ဆရာတစ်ယောက်အလွယ်တကူရှာနိုင်သော်လည်း သခင်လေးဖန်းကတော့ ထိုသို့မလုပ်ပေ။ သခင်လေးဖန်းသည် သူလိုချင်သည်ကိုသူကိုယ်တိုင်သာလုပ်လေ့ရှိသည်။ ကုနင်းကိုရွေးချယ်လိုက်သည်ကလဲ သူမအပေါ်အမှန်တကယ်သဘောကျလေးစားသွားမိခြင်းကြောင့်ပင်။ ထိုသို့သာမဟုတ်လျှင် မိန်းကလေးတစ်ယောက်ကို ဆရာအဖြစ်ဘယ်တော့မှသတ်မှတ်မည်မဟုတ်ပေ။
သခင်လေးဖန်းသည် ဘဝင်မြင့်မောက်မာကာ အခြားလူများကိုအမြဲတမ်းအနိုင်ကျင့်တတ်ပေမည့် မကောင်းမှုတစ်ခုကိုမျှပင်မကျူးလွန်ဖူးပေ။
***
စာစဉ်27ပြီး၏။