← Chapters

အခန်း (၄၂၁-၄၂၅)

Vol. 29 Ch. 421-425

အခန်း (၄၂၁-၄၂၅)

Vol. 29 Ch. 421-425

အခန်း ၄၂၁

အဖေနှင့်သမီး တရားဝင်တွေ့ဆုံခြင်း

ထန်ဟိုင်ဖုန်းကတော့ အချင်းချင်းတိုက်ခိုက်ခြင်းသည် မကောင်းသည့်အရာသာဖြစ်သောကြောင့် တားမြစ်လိုက်ချင်ပေမည့် သူတို့က နှစ်ဦးသဘောတူလက်ခံလိုက်ပြီဖြစ်သောကြောင့် သူဘာမှဝင်မပြောနိုင်တော့ဘဲ ဂရုစိုက်ရန်ကိုသာ သတိပေးလိုက်ရတော့သည်။

“ဂရုစိုက်ကြဦးနော်!”

“ဟုတ်ကဲ့ပါ၊” ချောင်ဝမ်ရှင်း သူမအဘိုးအား ပြီးပြီးရောပြန်ဖြေကာ ကုနင်းကို ခြံထဲသို့ဆွဲခေါ်သွားခဲ့ပြီး ထန်ကျားခိုင်လဲသူတို့နောက်မှလိုက်သွားခဲ့သည်။

ထန်ဟိုင်ဖုန်းလဲ သူတို့ချည်းလွှတ်မထားချင်သောကြောင့် သူပါအပြင်သို့လိုက်ထွက်ခဲ့သည်။

ခြံထဲတွင်တော့ ချောင်ဝမ်ရှင်းနှင့် ကုနင်း တစ်ဖက်စီတွင်ရပ်နေကာ ထန်ဟိုင်ဖုန်းနှင့် ထန်ကျားခိုင်သည်တော့ သူမတို့နှင့် ၃မီတာအကွာတွင်ရပ်နေခဲ့သည်။

ထိုအချိန်တွင်ပဲ ချောင်ဝမ်ရှင်းမှနေပြီး၊

“အဆင်သင့်ဖြစ်ပြီလား?”

“အဆင်သင့်ပါပဲ။”

“ကောင်းပြီလေ၊ စလိုက်ကြတာပေါ့!” ချောင်ဝမ်ရှင်း ချက်ချင်းပင် ကုနင်းအားစတင်တိုက်ခိုက်လိုက်သည်။ သို့ပေမည့် ကုနင်း၏ခွန်အားအတိုင်းအတာကို သူမမသိထားသေးသောကြောင့် ကုနင်းထိခိုက်ဒဏ်ရာရသွားမည်စိုး၍ သူမခွန်အား၏သုံးပုံတစ်ပုံခန့်ကိုသာ ထုတ်သုံးထားခဲ့သည်။ ချောင်ဝမ်ရှင်းနှင့် တိုက်ခိုက်ရခြင်းဖြစ်၍ ကုနင်းလဲ အားများများထုတ်သုံးနေဖို့ရန် မလိုအပ်ပေ။

ထန်မိသားစု၏အိမ်ဖော်များသည်လဲ ယှဉ်ပြိုင်ကစားပွဲစသည်နှင့် အားလုံးထွက်ကြည့်လာကြသည်။ အစပိုင်းတွင်တော့ ကုနင်းက ချောင်ဝမ်ရှင်းအား စိတ်အနှောက်အယှက်ပြုမိ၍ စိန်ခေါ်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ထင်လိုက်မိကြသည်။ သို့သော်လည်း ထန်ဟိုင်ဖုန်းနှင့် ထန်ကျားခိုင်လဲ အနားတွင်ရပ်ကြည့်နေခြင်းဖြစ်သောကြောင့် သာမာန်လေ့ကျင့်သည့် ကစားပွဲလေးတစ်ခုဖြစ်ကြောင်း သူတို့အားလုံး သဘောပေါက်သွားကြတော့သည်။

တိုက်ကွက်အနည်းငယ်ခန့်လှုပ်ရှားပြီးသည့်နောက်တွင်တော့ ကုနင်းမှာ အားနည်းသည့်ထဲတွင်မပါကြောင်း ချောင်ဝမ်ရှင်းသိလိုက်ပြီဖြစ်၍ အားအပြည့်အဝသုံးကာ စတင်တိုက်ခိုက်တော့သည်။

ချောင်ဝမ်ရှင်းသည်လဲ တိုက်ခိုက်ရာတွင် တော်ပေမည့် ကုနင်းနှင့်ယှဉ်နိုင်ဖို့ရန်ကတော့ အလွန်ကွာဝေးလွန်းသေးသည်။ ကုနင်းသည် စစ်တပ်မှ ထိပ်တန်းအထူးတပ်ဖွဲ့ဝင်များကိုပင် အနိုင်တက်ခိုက်နိုင်ခြင်းဖြစ်ပြီး ချောင်ဝမ်ရှင်းသည်တော့ သာမာန်စစ်သားများလောက်သာ သန်မာခြင်းဖြစ်သည်။ ထို့ကြောင့် ချောင်ဝမ်ရှင်း အားမည်မျှပင် အသုံးပြုကာ ကုနင်းကိုတိုက်ခိုက်ပါစေ ကုနင်းသည်တော့ သူမကို လွယ်လွယ်ကူကူအနိုင်ရနိုင်ပေသည်။ ချောင်ဝမ်ရှင်း သူမ၏ခွန်အားအပြည့်အဝကို ထုတ်သုံးကာ တိုက်ခိုက်နေပြီဖြစ်သောကြောင့် အခုချိန်ထိအသာစီးမရသေးသောကြောင့် ကုနင်းသည် သူမအတွက် ယှဉ်ပြိုင်ဖို့ခက်ခဲသည့် ပြိုင်ဘက်တစ်ဦးဖြစ်မှန်း နားလည်သွားတော့သည်။

ချောင်ဝမ်ရှင်း အရှုံးမပေးလိုသေးသောကြောင့် ဆက်လက်တိုက်ခိုက်နေသေးသည်။

ထိုအချိန်တွင်ထန်အိမ်တော်ဂိတ်တံခါးဝမှတစ်ဆင့် အနက်ရောင်Bentleyတစ်စီးဝင်ရောက်လာခဲ့သည်။ ထိုကား၏ပိုင်ရှင်သည်တော့ ထန်ယွင်ဖန်းပင်ဖြစ်သည်။

ကားဝင်လာလျှင်ချင်းပင်ပဲ ခြံထဲ၌မိန်းကလေးနှစ်ဦး အချင်းချင်းယှဉ်ပြိုင်တိုက်ခိုက်နေသည်ကို ထန်ယွင်ဖန်း သတိပြုမိသွားသည်။ ကုနင်း၏လှုပ်ရှားမှုများမှာ အလွန်လျင်မြန်ဖျတ်လတ်နေတာတောင်မှ တစ်ချက်လောက်မြင်လိုက်ရုံဖြင့် ထန်ယွင်ဖန်းမှတ်မိသွားခဲ့သည်။ ကုနင်း အိမ်တော်တွင်ရှိနေသည်ကို မြင်ရသောကြောင့် တခနမျှကြောင်အသွားရတော့သည်။ သူမပဲ! သူမကဘာလို့ ဒီနေရာမှာရှိနေရတာလဲ?

ကုနင်းကို မြင်လိုက်ရသည်နှင့် ထန်ယွင်ဖန်း၏စိတ်ခံစားချက်များ တစ်မျိုးတဖုံပြောင်းလဲသွားရကာ ဘာကြောင့် ထိုကဲ့သို့ဖြစ်သွားလဲဆိုသည်ကိုတော့ သူကိုယ်တိုင်ပင်မသိပေ။ ထိုမိန်းကလေးနှစ်ဦးတိုက်ခိုက်နေကြသည်ကိုမြင်လိုက်ရတော့ ကုနင်းဘက်မှအသာစီးရနေတာတောင်မှ ကုနင်းထိခိုက်သွားမည်ကို စိုးရိမ်သွားရသည်။ ထန်ယွင်ဖန်းကတော့ ထိုသို့စိုးရိမ်သွားရခြင်းမှာ သွေးသားတော်စပ်နေမှုကြောင့်ဖြစ်သည်ကိုတော့ နားမလည်နိုင်ခဲ့ပေ။

ကုနင်းသည်လဲ ထန်ယွင်ဖန်း သူမကိုကြည့်နေသည်ကို သတိထားမိလိုက်သည်။ သူမသည် ကုနင်း၏ခန္ဓာကိုယ်ထဲတွင်ရောက်နေသည့် ထန်အိုက်နင်း၏ခန္ဓာကိုယ်ဖြစ်သော်လည်း ကုနင်း၏အဖေရင်းနှင့် ယခုလိုဆုံလိုက်ရချိန်တွင်တော့ ထူးဆန်းသည့်ခံစားချက်တစ်မျိုးကိုခံစားလိုက်ရသည်။ သူမ၏အရင်ဘဝတုန်းကတော့ဖြင့် ထန်အိုက်နင်း၏ဖခင်သည် သူမ၏မိခင်အပေါ်သစ္စာဖောက်ကာ ရှင်လျက်နှင့် သေရသည့်ဘဝသို့ရောက်အောင် တွန်းပို့ခဲ့သည့် ဆိုးဝါးသည့်လူတစ်ယောက်ဖြစ်လေသည်။ သူမသည်လဲ သူမအမေ၏အသက်ကိုအဆုံးရှုံးမခံနိုင်သောကြောင့် သူမအဖေပြောသမျှကိုနာခံကာ သူမဘဝအတွက်မကောင်းသည့် ကိစ္စရပ်များစွာကိုလုပ်ဆောင်ခဲ့ရသည်။ ထိုကိစ္စရပ်များကို သူမပြန်ပြင်ဆင်၍မရနိုင်တော့သော်လည်း လက်စားတော့ပြန်ချေနိုင်ပေသည်။ သူမ၏ယခင်ဘဝမှထန်မိသားစုတစ်ခုလုံး ပျက်စီးသွားအောင်လုပ်ရန်အတွက် ကုနင်း စိတ်ဆုံးဖြတ်ချက်ချပြီးနေပေပြီ။

ထိုအကြောင်းတွေးလိုက်သည်နှင့် အမုန်းတရားများသည် ကုနင်း၏လက်ရှိခံစားချက်များကိုပါ ထိခိုက်စေလာပြီး မတော်တဆ ချောင်ဝမ်ရှင်း ဘယ်ဘက်ပုခုံးအား အားပြင်းပြင်းဖြင့် ရိုက်ချလိုက်မိသောကြောင့် ချောင်ဝမ်ရှင်း၏ ဘယ်ဘက်ပုခုံးမှာ အဆစ်လွဲသွားရတော့သည်။

ချောင်ဝမ်ရှင်းအတော်နာသွားပေမည့် သိုင်းပညာကို လေ့ကျင့်သင်ကြားခဲ့သည့် တစ်လျှောက်လုံး ဤသို့သောနာကျင်မှုများကို တွေ့ကြုံဖူးထားပြီဖြစ်သောကြောင့် အသံထွက်ကာ မညည်းညူလိုက်မိပေ။

ထိုမတော်တဆမှုကြောင့် ကုနင်းအပါအဝင်လူတိုင်း ထိတ်လန့်သွားကြတော့သည်။ ကုနင်းလဲ ချက်ချင်းပင် ချောင်ဝမ်ရှင်းအနားသို့သွားလိုက်ကာ၊

“တောင်းပန်ပါတယ်။ ငါတမင်လုပ်တာမဟုတ်ရပါဘူး။” ကုနင်းတောင်းလဲတောင်းပန်ရင်းဖြင့် ချောင်ဝမ်ရှင်း၏ဘယ်ဘက်လက်မောင်းအား ပုံမှန်အနေအထားပြန်ဖြစ်စေရန် အဆစ်ကိုပြန်တည့်ပေးလိုက်သည်။

“ရပါတယ်။” ချောင်ဝမ်ရှင်းလဲ ကုနင်းက သူမကိုတမင်ထိခိုက်အောင်ရည်ရွယ်၍မလုပ်ကြောင်း သိသောကြောင့် စိတ်မဆိုးပေ။ တိုက်ခိုက်ပြီဆိုလျှင် ဒဏ်ရာအနာတရဖြစ်ခြင်းသည် ရှောင်လွှဲလို့မရသည့် ဖြစ်ရပ်သာဖြစ်သည်။

“အဆင်ပြေရဲ့လား?” ထန်ကျားခို်ငနှင့် ထန်ဟိုင်ဖုန်းလဲ အမြန်လျှောက်လာကြပြီး စိုးရိမ်စွာမေးလိုက်သည်။

“အဆင်ပြေပါတယ်၊ တိုက်ခိုက်မှတော့ ဒီလောက်ထိခိုက်မှုမျိုးကို ရှောင်လွှဲလို့မှမရဘဲ။” ကုနင်းကို အခြားလူများ အပြစ်တင်ကြမည်ကိုစိုး၍ ချောင်ဝမ်ရှင်း အမြန်ရှင်းပြလိုက်သည်။ ထန်ဟိုင်ဖုန်းနှင့် ထန်ကျားခိုင်လဲ ထိုသို့ဖြစ်နိုင်သည်ကို နားလည်သောကြောင့် မည်သူမျှ ကုနင်းကို အပြစ်မတင်ကြပေ။

“ကုနင်း၊ ငါရှုံးသွားပြီ။” ချောင်ဝမ်ရှင်း အရှုံးကိုဝန်ခံလိုက်သည်၊

“ဒါပေမယ့်၊ နင်တကယ်ကိုတော်တာပဲ! နင့်ကို သိုင်းပညာရှင်ကြီးတစ်ယောက်ယောက်ကများသင်ပေးထားတာလား?”

ကုနင်းပြုံးလိုက်ကာ၊ “ဟုတ်တယ်။”

“တကယ်လား?” ချောင်ဝမ်ရှင်း အံ့အားသင့်သွားရပြီး၊

“သူကဘယ်မှာလဲ? ငါသူနဲ့တွေ့လို့ရမလား?”

“သူကအရင်နှစ်တုန်းကပဲ ဆုံးပါးသွားခဲ့ပြီ။” ကုနင်း ဝမ်းနည်းသွားခဲ့သည်။

“ဘယ်လို?” ချောင်ဝမ်ရှင်းလဲ ထိတ်လန့်သွားကာ၊

“ငါတောင်းပန်ပါတယ်၊ငါ…”

“ရပါတယ်၊ နင်မှသိမထားဘဲ။”

ထိုအချိန်တွင်ပဲ ထန်ယွင်ဖန်းလဲ သူတို့ရှိရာသို့ရောက်လာခဲ့ကာ ကုနင်းကိုသာ တန်းကြည့်လိုက်သည်။

“ယွင်ဖန်း! လာ-လာ၊ မင်းကိုမိတ်ဆက်ပေးရဦးမယ်။” ထန်ဟိုင်ဖုန်းက ပြောရင်းဆိုရင်းဖြင့်ပင် ကုနင်းကို ထန်ယွင်ဖန်းအနားသို့ဆွဲခေါ်သွားလိုက်ကာ၊

“ဒါကငါ့ရဲ့မြေးအသစ်လေး၊ ကုနင်း။”

ထန်ယွင်ဖန်းနှင့် ကုနင်းတို့အတူတူတွဲရပ်လိုက်သည့်အချိန်တွင်တော့ သူတို့နှစ်ဦးတကယ်ကိုဆင်တူလွန်းသည်ဟု ထန်ဟိုင်ဖုန်းတွေးမိသွားပြန်ကာ၊ သက်ပြင်းချလိုက်ပြီး၊

“ဟင်း၊ မင်းတို့နှစ်ယောက်အရမ်းကိုတူလွန်းတယ်၊ မတွေးမိဘဲကိုမနေနိုင်ဘူး။”

ထိုစကားကိုကြားတော့ ထန်ယွင်ဖန်းလဲ ကုနင်း၏မျက်နှာကို သေချာကြည့်လိုက်မိပြီး အနည်းငယ်စိတ်ရှုပ်ထွေးသွားမိသည်။ ချောင်ဝမ်ရှင်းလဲ ထန်ယွင်ဖန်းနှင့် ကုနင်းကို အတူတူသေချာယှဉ်ကြည့်လိုက်ကာ ထိုသို့ပင်တွေးလိုက်မိသည်။

“တကယ်ကိုတူတာပဲ!” ချောင်ဝမ်ရှင်း တအံ့တဩရေရွတ်လိုက်သည်။ ထန်ဟိုင်ဖုန်းက ကုနင်းသည် ထန်ယွင်ဖန်းငယ်ငယ်တုန်းကနှင့် အလွန်တူသည်ဟုပြောတုန်းက သူမသည်လဲ အလွန်ငယ်သေးသည့်အချိန်ဖြစ်၍ သိပ်မမှတ်မိသောကြောင့် ထူးထူးခြားခြားတွေးမနေမိပေ။ သို့ပေမည့် အခုလို ထန်ယွင်ဖန်းနှင့် ကုနင်းကိုတစ်ချိန်တည်း မြင်လိုက်ရချိန်တွင်တော့ သူတို့၏ပုံပန်းသဏ္ဍာန်က အလွန်ဆင်တူလေသည်။

“ဟုတ်တယ်, ဦးလေးသာ လက်ထပ်ခဲ့ရင်၊ ကုနင်းက ဦးလေးရဲ့သမီးအရင်ပါလို့တောင် ကျွန်တော်ယုံမိမှာ။” ထန်ကျားခိုင်ကလဲ ထောက်ခံခဲ့သည်။

သမီး? ထိုအခေါ်အဝေါ်ကိုကြားလိုက်ရတော့ ထန်ယွင်ဖုန်း ထူးဆန်းသည့်ခံစားချက်တစ်မျိုးကို ခံစားလိုက်ရပြီး ကုနင်းနှင့် သူ့အကြားတွင် ဆက်နွယ်မှုတစ်ခုခုရှိနေလောက်သည်ဟူသည့် ဖော်ပြ၍မရနိုင်သည့် ခံစားချက်ကြီးတစ်ခု ကြီးထွားလာခဲ့သည်။

“အဘိုး၊ ကုနင်းက အဘိုးရဲ့ တရားမဝင်သမီးများလား?” ချောင်ဝမ်ရှင်း ရိုင်းစိုင်းသည့် အတွေးတစ်ခုပေါ်လာခဲ့သည်။

“အဓိပ္ပါယ်မရှိလိုက်တာ၊” ထန်ဟိုင်ဖုန်းလဲ စိတ်တိုသွားကာ သူ့လက်ထဲမှ လက်ကိုင်တုတ်နှင့် ချောင်ဝမ်ရှင်းအားလှမ်းရိုက်လိုက်ပေမည့် ချောင်ဝမ်ရှင်းက လျင်လျင်မြန်မြန်ပင် ရှောင်သွားနိုင်သည်။

“သမီးကနောက်ရုံပါ။”

“ဒီစကားမျိုးက ရယ်စရာကောင်းမယ်ထင်နေတာလား?” ထန်ဟိုင်ဖုန်း ဒေါသတကြီးပြန်ပြောလိုက်သည်။

ချောင်ဝမ်ရှင်းလဲ သူမမပြောသင့်သည့်စကားမျိုးပြောမိသွားမှန်းသိ၍ ချက်ချင်း တိတ်ဆိတ်သွားတော့သည်။

***

အခန်း ၄၂၂

ကုနင်း၏ဘဝနောက်ကြောင်းကို စုံစမ်းစစ်ဆေးခြင်း

“ကောင်မလေးကု၊ စိတ်ထဲမထားနဲ့နော်။ ဝမ်ရှင်းက စနောက်ပြောတာပါ။” ထန်ဟိုင်ဖုန်း ကုနင်းကိုစိတ်ဆိုးသွားမည်စိုး၍ အမြန်ပြောလိုက်ရသည်။

“ကိစ္စမရှိပါဘူး။” ကုနင်းလဲ ထိုစကားအတွက် စိတ်ထဲထားမနေပေ။

ကုနင်း စိတ်မဆိုးသွားသည်ကိုသိမှပဲ ထန်ဟိုင်ဖုန်းလဲ စိတ်အေးသွားကာ ထန်ယွင်ဖန်းနှင့် ကုနင်းကိုပြန်မိတ်ဆက်ပေးလိုက်သည်။

“သူကတော့ သမီးရဲ့ဦးလေးယွင်ဖန်းပဲ။”

“တွေ့ရတာဝမ်းသာပါတယ်။” ကုနင်း စနှုတ်ဆက်လိုက်သည်။

“အင်း၊ မင်္ဂလာပါ။” ထန်ယွင်ဖန်းပုံမှန်သာ ပြန်နှုတ်ဆက်လိုက်သည်။ ရုတ်တရက်ဆိုသလိုပင် ထန်ယွင်ဖန်း၏ဦးခေါင်းမှပြင်းပြင်းထန်ထန် နာကျင်ကိုက်ခဲလာခဲ့သည်။

“ယွင်ဖန်း၊ ဘာဖြစ်လို့လဲ?” ထန်ဟိုင်ဖုန်းလဲ အလွန်စိုးရိမ်သွားခဲ့သည်။

ထန်ယွင်ဖန်း၏နောက်တွင်ရှိနေသည့် အတွင်းရေးမှူးချွမ်မင်ခိုင်လဲ ချက်ချင်းပြေးလာကာ သူ့အိတ်ထဲမှဆေးဗူးကိုထုတ်ယူလိုက်သည်။

ချွမ်မင်ခိုင်သည် အိမ်တော်ထိန်းချွမ်ပေါ်ဟန်၏သားဖြစ်ပြီး ထန်မိသားစုအပေါ် သစ္စာရှိသောကြောင့် ထန်ယွင်ဖန်း၏အယုံကြည်ရဆုံးလက်ထောက်တစ်ဦးဖြစ်လာခြင်းဖြစ်သည်။ သို့ပေမည့် ချွမ်မင်ခိုင် ဆေးဗူးထုတ်၍မပြီးသေးခင်မှပဲ ကုနင်းအရင်လျှောက်သွားလိုက်ကာ ထန်ယွင်ဖန်း၏နားထင်ကို နှိပ်နယ်ပေးလိုက်သည်။ သူမဖြည်းဖြည်းချင်းနှိပ်ပေးရင်းဖြင့် ထန်ယွင်ဖန်း၏ကိုယ်ထဲသို့ သူမ၏စွမ်းအားများကိုလဲ တိတ်တဆိတ်ထည့်သွင်းပေးနေသေးသည်။

“ဘာလုပ်….” ချွမ်မင်ခိုင် ရုတ်တရက်ကြောင်အသွားကာ ဘာဖြစ်လို့ဖြစ်သွားမှန်းမသိလိုက်ပေ။ သူဆေးလှမ်းပေးမည့်အချိန်တွင်ပဲ ထန်ဟိုင်ဖုန်းက သူ့ကိုတားလိုက်ကာ

“ခနနေဦး။”

ကုနင်းတွင်ထူးခြားသည့်နှိပ်နည်းတစ်မျိုးရှိမှန်း အားလုံးသိထားကြပြီးဖြစ်ပေမည့် ယခုတစ်ခေါက်တွင်ရော အကျိုးသက်ရောက်မှုရှိပါ့မလားဆိုသည်ကိုတော့ မသိသေးပေ။

ကုနင်းစနှိပ်လိုက်သည်နှင့် ထန်ယွင်ဖန်း သူ၏ဦးခေါင်းအတွင်းသို့ အေးမြသည့်စီးကြောင်းတစ်ခုဖြတ်သန်းလာကြောင်း ခံစားလိုက်ရသလို ခနလေးအတွင်းတွင်ပဲ ခေါင်းကိုက်သည့်ဝေဒနာလဲ သက်သာပျောက်ကင်းလာတော့သည်။ အချိန်ခနအကြာတွင်တော့ ခေါင်းလုံးဝမကိုက်တော့ဘဲ ပုံမှန်ပြန်ဖြစ်သွားတော့သည်။ ထန်ယွင်ဖန်း မျက်လုံးပြန်ဖွင့်လာသည်နှင့် သူ့ရှေ့တည့်တည့်တွင်ရှိနေသည့် ကုနင်းကိုကြည့်လိုက်မိကာ ထိုမိန်းကလေးနှင့် အလွန်ရင်းနှီးနေသလိုခံစားမိရသည်။

“ယွင်ဖန်း ဘယ်လိုခံစားရသေးလဲ?” ထန်ဟိုင်ဖန်း စိုးရိမ်ပူပန်စွာဖြင့်မေးလိုက်သည်။

“အခုတော့ လုံးဝမနာတော့ဘူး။” ထန်ယွင်ဖန်းပြန်ဖြေရင်း ကုနင်းဘက်သို့လှည့်လိုက်ကာ၊

“ကျေးဇူးအများကြီးတင်ပါတယ်။”

“ရပါတယ်။” ကုနင်း နူးနူးညံ့ညံ့ပြန်ပြုံးပြလိုက်သည်။

ချွမ်မင်ခိုင်သည်တော့ အစတုန်းက ကုနင်း၏မျက်နှာကို မမြင်ခဲ့ရဘဲ အခုမှသာ မြင်ဖူးလိုက်သောကြောင့် ထိုမိန်းကလေးမှာ သူ့သူဌေးနှင့်တူလွန်းနေ၍ အလွန်အံ့အားသင့်သွားတော့သည်။

“ကျွန်တော် စာရွက်စာတမ်းစစ်ဆေးစရာလေးတွေရှိသေးလို့ အခန်းကိုပြန်လိုက်တော့မယ်။ ညစာအဆင်သင့်ဖြစ်သွားမှ ကျွန်တော့်ကိုအသိပေးပါ။” ထန်ယွင်ဖန်း ဆက်မနေတော့ဘဲ အေးစက်သည့်လေသံဖြင့် အသိပေးစကားဆိုလိုက်သည်။

ချွမ်မင်းခိုင်လဲ ချက်ချင်းပင် ထန်ယွင်ဖန်းနောက်မှလိုက်သွားလိုက်သည်။

“ကောင်မလေးကု၊ စိတ်ထဲမထားနဲ့နော်။ သူ့အကျင့်ကဒီလိုပဲ။” ထန်ဟိုင်ဖုန်းက ကုနင်းကို အားနာစွာဖြင့်ပြောလိုက်သည်။

“သမီးနားလည်ပါတယ်။ ကိစ္စမရှိပါဘူး။”

“ယွင်ဖန်း ဘာလို့ရုတ်တရက်ကြီးခေါင်းကိုက်သွားရတာလဲ? ပြီးတော့ ဆေးလဲဆောင်ထားသေးတတယ်။ ကြည့်ရတာ ပထမဆုံးအကြိမ်ဖြစ်တာမဟုတ်ဘူးထင်တယ်။ သူ…” ထန်ဟိုင်ဖုန်းအလွန်စိတ်ပူသွားခဲ့သည်။

“အဘိုးစိတ်ပူနေဖို့မလိုတော့ပါဘူး။ ဦးလေးအခုနေကောင်းသွားပါပြီ။” ကုနင်း ကြားဖြတ်ကာ နှစ်သိမ့်ပေးလိုက်သည်။

ကုနင်း၏ထူးချွန်သည့်အရည်အချင်းအကြောင်း ကြားလိုက်ရသည်နှင့် ထန်ဟိုင်ဖုန်း စိတ်အေးသွားတော့သည်။ ကုနင်းက သူ့နှလုံးရောဂါကိုပင် ပျောက်ကင်းအောင်ကုပေးနိုင်မှတော့ ထန်ယွင်ဖန်း၏ခေါင်းကိုက်ရောဂါကိုကုရန်မှာ အလွန်လွယ်ကူလောက်ပေသည်။

“ဝိုး၊ ညီမလေး၊ နင်အရမ်းတော်တယ်!” ထန်ကျားခိုင် လေးစားသွားတော့သည်။

“ညီမလေး၊ နင်က လူသားခန္ဓာကိုယ်ထဲရောက်နေတဲ့ နတ်ဘုရားမများလား? သိုင်းပညာလဲ တော်သလို ဦးလေးနဲ့အဘိုးရဲ့ရောဂါကိုလဲ နင်လွယ်လွယ်လေးကုပေးနိုင်နေတယ်။” ချောင်ဝမ်ရှင်းကလဲ ဆက်ပြောလာသည်။

“ဖြစ်နိုင်ပါတယ်!” ကုနင်း ရုပ်တည်နှင့်ပြန်စနောက်လိုက်သည်။

“ဟ-ဟ၊နင်ကတော့ ချီးကျူးတာမှန်သမျှကို မငြင်းဘူးပဲ”

“ဒါနဲ့ ငါ့ကို တိုက်ခိုက်နည်းလေးနည်းနည်းပါးပါးသင်ပေးပါလား!” ချောင်ဝမ်ရှင်းပြောနေရက်နှင့်ပင် ကုနင်းသဘောတူသည် မတူသည်ကိုပဲ မစောင့်ဘဲ သူတို့တိုက်ခိုက်ခဲ့သည့် ခြံဝန်းအလယ်ဘက်သို့ပြန်ခေါ်သွားတော့သည်။ ကုနင်းလဲ ဘာမှပြောမနေတော့ပေ။

လွန်ခဲ့သည့်၁၉နှစ်က ထန်ယွင်ဖန်းမတော်တဆမှုဖြစ်ခဲ့ခြင်းကြောင့် ထန်မိသားစုသည် လူငယ်မျိုးဆက်အားလုံးကို သိုင်းပညာလေ့ကျင့်စေခဲ့သည်။ သိုင်းပညာကို စိတ်မဝင်စားသည့် ထန်ကျားခိုင်အပါအဝင် လူငယ်မျိုးဆက်အားလုံး ငယ်စဉ်ကတည်းက ကျွမ်းကျင်ပညာရှင်များနှင့် စနစ်တကျလေ့ကျင့်ခဲ့ကြရခြင်းကြောင့် တစ်စုံတစ်ခုဖြစ်လာလျှင် သူတို့ကိုသူတို့တော့ ကာကွယ်နိုင်ကြလေသည်။

ချောင်ဝမ်ရှင်းသည်လဲ သူမတစ်ယောက်တည်းဖြင့် သာမာန်လူ၁၀ယောက်လောက်ကို တစ်ပြိုင်တည်းရင်ဆိုင်တိုက်ခိုက်နိုင်ကာ ချူးဖေ့ဟန်ထက်ပင် ပို၍တော်လေသည်။

အဓိကအိမ်တော်၏တတိယထပ်မှနေပြီး တစ်စုံတစ်ယောက်က သူမကို တစ်ချိန်လုံးစိုက်ကြည့်နေသည်ကို ကုနင်းခံစားနေရသည်။ သံသယရှိရန်မလိုစွာ ထိုတစ်စုံတစ်ယောက်မှာ ထန်ယွင်ဖန်းပင်ဖြစ်လေသည်။ ထန်ယွင်ဖန်းက ကုနင်းအပေါ် စိတ်ဝင်စားမှုရှိနေသည်ဆိုခြင်းက သတင်းကောင်းပင်ဖြစ်သည်။

တတိယထပ်၏စာကြည့်ခန်းတွင်တော့ ထန်ယွင်ဖန်း ပြတင်းပေါက်ရှေ့တွင် မတ်တပ်ရပ်ကာ ခန်းစီးလိုက်ကာကိုဖယ်ပြီး ခြံဝန်းထဲရှိလှပသော ကောင်မလေးကို စိုက်ကြည့်နေမိသည်။ သူဘာကြောင့် ယခုလိုမျိုးကြည့်နေမိလဲဆိုသည်ကို ကိုယ်တိုင်ပင်နားလည်ပေမည့် အနားမယူချင်သေးဘဲ သူမကိုသာကြည့်နေချင်မိသည်။

ချွမ်မင်ခိုင်လဲ သူ့သူဌေးတစ်ခုခုထူးခြားနေကြောင်း သတိထားမိပြီး စိတ်ထဲတွင် အတွေးများနေတော့သည်။ သို့ပေမည့် သူကိုယ်တိုင်လဲ သေချာမသိသေးသည့်အခြေအနေဖြစ်သောကြောင့် ထုတ်မပြောရဲပေ။

ထိုအချိန်တွင်ပဲ ထန်ယွင်ဖန်းက သူ့နားထင်ကို အုပ်ကိုင်လိုက်ပြန်သောကြောင့် ချွမ်ခင်ခိုင်လဲ ထန်ယွင်ဖန်းထပ်ပြီးခေါင်းကိုက်ပြန်ပြီထင်ကာ အလောတကြီးမေးလိုက်မိသည်။

“ဘော့စ်၊ ခေါင်းကိုက်ပြန်ပြီလား?”

“အဆင်ပြေပါတယ်။ ငါဒီကောင်မလေးနဲ့ပတ်သတ်ပြီး ထူးဆန်းသလိုခံစားနေရလို့။ ဘာကြောင့်လဲဆိုတာတော့မသိပေမယ့် သူ့ကိုပဲ ဆက်ကြည့်ချင်နေမိတယ်။” ချွမ်မင်ခိုင်နှင့် နှစ်ယောက်တည်းရှိနေချိန်တွင်တော့ ထန်ယွင်ဖန်း သူ၏ခံစားချက်အစစ်အမှန်များကို ထုတ်ဖော်ပြောကြားလာခဲ့သည်။ ချွမ်မင်ခိုင်သည် ထန်မိသားစုတွင် ထန်ယွင်ဖန်းစကားအများဆုံးပြောသည့် လူတစ်ဦးဖြစ်လေသည်။ ထန်ဟိုင်ဖုန်းပင်လျှင် ထန်ယွင်ဖန်းအကြောင်း ချွမ်မင်ခိုင်ထက်ပို၍သိပါသည်ဟုပြောဖို့ရန် ယုံကြည်ချက်မရှိပေ။

“ဘော့စ်၊ သူက ဘော့စ်နဲ့ တစ်မျိုးတစ်ဖုံဆက်နွယ်မှုရှိနေတာကြောင့်များ ဖြစ်နိုင်မလား? ဘော့စ်လဲ တစ်နှစ်စာမှတ်ဉာဏ်တွေ ပျောက်ထားသေးတယ်လေ။ အဲ့ဒီတစ်နှစ်အတွင်း အမျိုးသမီးတစ်ယောက်နဲ့ချစ်ကြိုက်မိပြီး သမီးတစ်ယောက်ရှိနေခဲ့တာမျိုးလဲ ဖြစ်နိုင်နေမလား?” ချွမ်မင်ခိုင် ရုတ်တရက်အတွေးရသွားသည်။ ကုနင်းကိုမမြင်ဖူးသေးသည့်အချိန်တုန်းကတော့ ဘယ်သူမှ ထိုသို့အတွေးမျိုး မတွေးမိဖူးကြပေမည့် ကုနင်းသည် ထန်ယွင်ဖန်းနှင့်အလွန်တူနေသည်ကိုမြင်လိုက်ရချိန်ွင်တော့ ထိုသို့သောအတွေးမျိုး အားလုံးတွေးလာမိကြတော့သည်။

ထိုစကားကိုကြားလိုက်ရတော့ ထန်ယွင်ဖန်း၏ခန္ဓာကိုယ်တစ်ခုလုံး အနည်းငယ်တုန်လှုပ်သွားရသည်။ သူခေါင်းကိုက်သည့်အချိန်တွင် သူ့အာရုံထဲတွင် အမျိုးသမီးတစ်ယောက်၏ဝေဝါးလှသောပုံရိပ်အမြဲ ပေါ်လာခဲ့သည်။ ထိုပုံရိပ်ကို ရှင်းရှင်းလင်းလင်းမမြင်တွေ့ရသော်လည်း သူ့စိတ်ထဲ နက်နက်ရှိုင်းရှိုင်းခံစားရကာ အခြားအမျိုးသမီးတစ်ဦးနှင့်လက်ထပ်ဖို့ရန်ကို ငြင်းဆန်မိသွားသည်။

အရင်တုန်းကတော့ ထိုဝေဝါးသည့် အမျိုးသမီးပုံရိပ်နှင့် သူ့တွင် ဆက်နွယ်မှုတစ်ခုခုရှိနေိုင်မည်ဟု ထန်ယွင်ဖန်းတွေးခဲ့မိဖူးသော်လည်း သက်သေပြစရာကမရှိခဲ့ဘဲ ထိုအရာမှာ စိတ်ထဲမှပုံရိပ်တစ်ခုမျှသာဖြစ်ခဲ့သည်။ သို့ပေမည့် ကုနင်း၏ပုံပန်းသဏ္ဍာန်က ထန်ယွင်ဖန်းနှင့်ဆင်တူနေသည်ကိုတွေ့လိုက်ရချိန်တွင်တော့ ချွမ်မင်ခိုင်၏စကားမှာ မှန်ကန်နေလောက်သည်ဟု တွေးမိနေတော့သည်။

ထန်ယွင်ဖန်း ကိုယ်တိုင်က ထိုသို့သံသယဝင်နေမိမှတော့ အမှန်တရားကိုရှာဖွေရပေမည်။

“ကုနင်းရဲ့ ဘဝနောက်ကြောင်းကို မြန်နိုင်သမျှမြန်မြန်စုံစမ်းကြည့်လိုက်!”

“ဟုတ်ကဲ့ပါ၊ သူဌေး။” ချွမ်မင်ခိုင် ပြန်ဖြေလိုက်သည်။ ထို့နောက် တစ်စုံတစ်ယောက်ထံဖုန်းဆက်လိုက်ကာ အမိန့်တစ်ခုပေးလိုက်သည်။ ထန်မိသားစု၏အာဏာအရှိန်အဝါကြောင့် လူတစ်ယောက်အကြောင်း စုံစမ်းရသည်မှာ မလွယ်ကူဘဲမနေပေ။

ညနေ၆နာရီထိုးပြီးချိန်တွင်တော့ ချောင်မိသားစု၏ကား ထန်အိမ်တော်၏ခြံဝန်အတွင်းသို့ဝင်လာခဲ့တော့သည်။ ချောင်ဝမ်ရှင်းနှင့် ကုနင်းသည်တော့ ခြံဝန်းထဲတွင် သိုင်းပညာလေ့ကျင့်နေကြစဲပင်။ ဤတစ်ခေါက်တော့ သူတို့အချင်းချင်းယှဉ်ပြိုင်နေကြခြင်းမဟုတ်တော့ဘဲ ကုနင်းက ချောင်ဝမ်ရှင်းကိုသင်ပြပေးနေခြင်းဖြစ်သည်။

ထိုမြင်ကွင်းကို ချောင်ဝမ်ရှင်း၏မိဘများဖြစ်သည့် ချောင်ယွေ့ဟွာနှင့် ထန်ယွင်ရုန်တို့တွေ့လိုက်ရချိန်တွင်တော့ အလွန်အံ့ဩသွားကြကာ၊

“ဝမ်ရှင်းကို သင်ပေးနေတဲ့ မိန်းကလေးက အဖေ့ရဲ့ မြေးမအသစ်လေး၊ ကုနင်းပဲဖြစ်ရမယ်! သူက ဝမ်ရှင်းထက်တောင်မှ သိုင်းပညာပိုတော်နေတယ်ပေါ့။ သူ့နောက်ကြောင်းကိုတော့ အရမ်းသိချင်လာပြီ။” ထန်ယွင်ရုန်က အံ့အားသင့်စွာဖြင့်ပြောလိုက်သည်။

***

အခန်း ၄၂၃

မိသားစုညစာစားပွဲ

“သူလဲပညာရှင်နဲ့သေချာလေ့ကျင့်ထားတာလို့ထင်တယ်။” ချောင်ယွေ့ဟွာကပြောလိုက်သည်။ ထိုမိန်းကလေးသည် သာမာန်မဟုတ်မှန်းသိသာပေသည်။ သူမဘက် ထန်မိသားစုနှင့် အခုလိုရင်းနှီးကျွမ်းဝင်လာခြင်းတွင် အမှန်တကယ်ပဲ အခြားရည်ရွယ်ချက်ရှိမနေတာ သေချာရဲ့လား? ကုနင်းက ထန်ဟိုင်ဖုန်း၏အသက်ကိုကယ်ခဲ့သောကြောင့် ထန်မိသားစုဘက်က သူမအပေါ်တွင် အကြွေးတင်သွားပြီဖြစ်ပေမည့် သူမကိုယ်ကျိုးအတွက် ချဉ်းကပ်လာခြင်းမျိုးဖြစ်နိုင်သည့်အချက်ကိုလဲ မေ့ထား၍မရသေးပေ။

ချောင်ယွေ့ဟွာလဲ ကုနင်းကို မကောင်းသည့်အကြံဖြင့်ချဉ်းကပ်လာသူဟု သံသယမဝင်လိုပေ။ သို့ပေမည့် သတိလက်လွတ်နေ၍လဲမဖြစ်ပေ။ ကုနင်းသာ ရိုးရိုးသားသားဖြင့် သူမ၏စီးပွားရေးကို တိုးချဲ့ချင်၍ ထန်မိသားစု၏ထောက်ပံ့မှုကိုလိုချင်ခြင်းဆိုလျှင် တရားဥပဒေနှင့် ညီညွတ်နေသ၍ သူတို့တွင်လဲ ကုနင်းအပေါ် အသက်ကြွေးတင်နေခြင်းကြောင့် သူမကိုအပြစ်ယူမည်မဟုတ်ပေ။ သို့သော်လည်း သူမကသာ ထန်မိသားစုကို ထိခိုက်စေရန်အကြံဖြင့် ရင်းနှီးမှုရယူနေခြင်းဆိုလျှင်တော့ ထိုသို့သောအဖြစ်မျိုးကို သူတို့ဘက်ကလုံးဝ ခွင့်ပြုမည်မဟုတ်ပေ။

ချောင်မိသားစု၏ကားသည် အဓိကအိမ်တော်၏အပြင်ဘက်တွင် ရပ်တန့်လိုက်ပြီး ချောင်ယွေ့ဟွာနှင့် ထန်ယွင်ရုန်တို့ထွက်လာကာ ကုနင်းနှင့် ချောင်ဝမ်ရှင်းရှိရာသို့သွားလိုက်သည်။

“မင်္ဂလာပါ၊ ဦးလေး၊ အန်တီ၊” ထန်ကျားခိုင်နှုတ်ဆက်လိုက်သည်။

“ကျားခိုင်၊ အဲ့ဒီမိန်းကလေးက မင်းအဘိုးရဲ့မြေးမအသစ်လေးလား?” ထန်ယွင်ရုန်က အနားသို့ရောက်သည်နှင့် ထန်ကျားခိုင်အား သေချာအောင်မေးလိုက်သည်။

“ဟုတ်ပါတယ်။”

ထိုအချိန်တွင်ပဲ ချောင်ဝမ်ရှင်းနှင့် ကုနင်းတို့ လေ့ကျင့်မှုကို ရပ်တန့်လိုက်ကြသည်။ ချောင်ဝမ်ရှင်းက ချက်ချင်းပင် ကုနင်း၏လက်ကိုဆွဲကာ ချောင်ယွေ့ဟွာနှင့် ထန်ယွင်ရုန်တို့ထံခေါ်သွားပြီး၊

“အဖေ၊ အမေတို့နဲ့ မိတ်ဆက်ပေးရဦးမယ်။ သူကကုနင်းလေ၊ အဘိုးရဲ့မြေးအသစ်လေး။” ချောင်ဝမ်ရှင်း၏အမူအရာအရ သူမ ကုနင်းကို အလွန်သဘောကျနေသည်မှာ သိသာလေသည်။

ချောင်ယွေ့ဟွာနှင့် ထန်ယွင်ရုန်တို့နှစ်ဦးလုံး ကုနင်း၏မျက်နှာကို အနီးကပ်မြင်တွေ့လိုက်ရချိန်တွင် အလွန်အံ့အားသင့်သွားကြတော့သည်။ သူတို့က တကယ်ကိုဆင်တူတာပဲ! ထန်ယွင်ရုန် ကုနင်းအပေါ် ချက်ချင်းပင် သဘောကျသွားတော့သည်။

“မင်းက ယွင်ဖန်းငယ်ငယ်တုန်းကနဲ့ အတော်ကိုတူတာပဲ!”

“တွေ့ရတာဝမ်းသာပါတယ်။ လူကြီးမင်းချောင်၊ အမျိုးသမီးချောင်!” ကုနင်းယဉ်ယဉ်ကျေးကျေး ပြန်နှုတ်ဆက်လိုက်သည်။ သူတို့ဘက်က အခုထိ သူမကို မိသားစုဝင်တစ်ဦးအဖြစ် တရားဝင်မသတ်မှတ်သေးသောကြောင့် ကုနင်းအနေဖြင့် သူတို့ကို ဦးလေးနှင့်အန်တီဟု ချက်ချင်းသွားခေါ်၍ အသင့်တော်လေသးပေ။

ကုနင်း၏ယဉ်ကျေးသည့်အမူအရာကြောင့် ချောင်လင်မယားနှစ်ဦး ပို၍ပင်သဘောကျသွားကြတော့သည်။

“တွေ့ရတာဝမ်းသာပါတယ်ကွယ်။” ထန်ယွင်ရုန်က နူးညံစွာပြန်နှုတ်ဆက်လိုက်သည်။

“မင်္ဂလာပါ။” ချောင်ဝေ့ဟွာသည်တော့ သာမာန်မျှသာ ပြန်နှုတ်ဆက်ခဲ့သည်။ ထိုသို့နှုတ်ဆက်ပုံက ကုနင်းကိုသံသယရှိနေသေးသောကြောင့် သဘောမကျ၍မဟုတ်ပေ။ ချောင်ယွေ့ဟွာ၏နဂိုစရိုက်ကပင် တည်ငြိမ်ခြင်းကြောင့်ဖြစ်လေသည်။ ကုနင်းအပေါ် သံသယရှိနေခဲ့သော်လည်း မျက်နှာအမူအရာတွင်တော့ မနှစ်သက်သည့်ပုံစံ သံသယဝင်နေသည့်ပုံစံ လုံးဝမဖော်ပြထားပေ။

တကယ်တော့ ကုနင်းသည် သူတို့နှင့် အခုမှပထမဆုံးအကြိမ်တွေ့ဖူးသည့် သူစိမ်းမျှသာဖြစ်သောကြောင့် သူမကို အခုချိန်ထိမယုံကြည်နိုင်ကြသေးသည်ကို အပြည့်အဝနားလည်ပေးနိုင်ပေသည်။ သူမက ထန်ဟိုင်ဖုန်း၏အသက်ကိုကယ်တင်ပေးခဲ့ရုံဖြင့် သူတို့ဘက်က သူမကို အပြည့်အဝစုံလုံးမှိတ်ယုံကြည်နေခဲ့မည်ဆိုလျှင် ယခုလိုအောင်မြင်သည့် မိသားစုကြီးတစ်ခုဖြစ်လာစရာအကြောင်းမရှိပေ။

ကုနင်းယခုအချိန်အထိ ထန်မိသားစုထိခိုက်စေမည့်အဖြစ်မျိုးလုပ်ဆောင်ထားခြင်းမရှိသေးသောကြောင့် သူတို့ဘက်က ယဉ်ယဉ်ကျေးကျေးပြောဆိုဆက်ဆံနေကြပေမည့် အခုလိုအချိန်တိုလေးအတွင်းမှာပဲ သူမကို မိသားစုဝင်တစ်ဦးအဖြစ်သတ်မှတ်ဖို့ရန်ကတော့ မဖြစ်နိုင်သေးပေ။ မကြာခင်အချိန်တွင်ပဲ ကုနင်းသည် ထန်ယွင်ဖန်း၏ သမီးရင်းဖြစ်နေသည်ကို သိသွားကြပေလိမ့်မည်။ သို့ပေမည့် ကုနင်းကတော့ သူတို့ဘာသာသိသွားမည်ကိုသာစောင့်မည်ဖြစ်ပြီး အလျင်မလိုပေ။

“မှောင်တောင်မှောင်နေပြီ။ အထဲဝင်ကြရအောင်!” ထန်ယွင်ရုန်ကပြောလိုက်သည်။ ချောင်ဝမ်ရှင်းမှာ ဆက်ပြီးလေ့ကျင့်ချင်နေသေးပေမည့် အတော်လေးနောက်ကျနေပြီဖြစ်သည်။

ထို့ကြောင့် ချောင်ဝမ်ရှင်း ကုနင်း၏ပုခုံးကိုဖက်လိုက်ကာ၊

“ညီမလေး၊ ငါတို့ဒီညအပြင်ထွက်ပြီးပျော်ကြရင်ဘယ်လိုလဲ?”

“ဘယ်သွားမှာလဲ? ငါလဲလိုက်မယ်!” ထန်ကျားခိုင်က စိတ်လှုပ်ရှားစွာဖြင့် ဝင်ပြောလိုက်သည်။

“ဈေးဝယ်ထွက်မယ်၊ လမ်းသလားမယ်၊ ညလယ်စာတစ်ခုခုစားမယ်၊ အဲ့လိုမျိုးပေါ့။” ချောင်ဝမ်ရှင်းက ထန်ကျားခိုင်အား ‘သိတယ်မလား?’ ဆိုသည့်အကြည့်မျိုးဖြင့် ကြည့်လိုက်သည်။ ထန်ကျားခိုင်လဲ ချောင်ဝမ်ရှင်း ဒီညဘယ်ကိုသွားချင်လဲဆိုသည်ကို ချက်ချင်းနားလည်လိုက်ကာ ပို၍ပင်စိတ်လှုပ်ရှားသွားတော့သည်။

“ကောင်းတယ်၊ ကောင်းတယ်၊ ငါ့ကားနဲ့လိုက်ပို့ပေးမယ်။”

ကုနင်းသည်တော့ သူတို့ယနေ့ညဘယ်ကိုသွားဖို့စီစဉ်နေလဲဆိုသည်ကို စဉ်းစားလို့မရပေမည့် ဘယ်ကိုသွားသွားကိစ္စမရှိပေ။ ယနေ့သူတို့အားလုံး စိတ်ကြည်နေကြသောကြောင့် ညဘက်အပြင်ထွက်လည်မည့်အကြံသည် မဆိုးပေ။

မကြာခင်တွင်ပဲ ထန်ယွင်ဟန်နှင့် ဇနီးဖြစ်သည့်ကျန်းလီဝမ်လဲ ထန်အိမ်တော်သို့ရောက်လာခဲ့ကြသည်။ သူတို့ ကုနင်းကိုမြင်လိုက်ရချိန်တွင်တော့ သူတို့၏အမူအရာမှာ ရှေ့လူများနှင့်အလားတူပင်။

“အိုး၊ မင်းက ကုနင်းပဲဖြစ်ရမယ်!” ကျန်းလီဝမ် ပြုံးလိုက်သည်။

“တွေ့ရတာဝမ်းသာပါတယ်! ဟုတ်ကဲ့၊ ကျွန်မက ကုနင်းပါ!” ကုနင်းချက်ချင်းမတ်တပ်ထရပ်ကာ နှုတ်ဆက်လိုက်သည်။

“မင်းလုပ်ပေးခဲ့တာတွေကို အန်တီတို့ကြားထားပြီးသွားပြီ။ ဒီအသက်အရွယ်လေးနဲ့ကို အရမ်းထူးချွန်တာပဲ! အန်တီတို့ယောက္ခထီးကို ကယ်တင်ပေးခဲ့တဲ့အတွက် ထပ်ပြီးကျေးဇူးတင်ပါတယ်။” ကျန်းလီဝမ် လေးစားမှုအပြည့်ဖြင့် ကျေးဇူးတင်လိုက်သည်။

“ရပါတယ်၊ အခုလိုကျွန်မတို့ဆုံတွေ့ခွင့်ရတာကိုက ကံကြမ္မာကဖန်တီးပြီးသားဖြစ်မယ်ထင်တယ်။”

“မှန်တာပေါ့၊ တကယ့်ကိုကံကြမ္မာကဖန်တီးပေးထားတာပဲ။” ကျင်းလီဝမ်ရယ်လိုက်မိသည်။ သူမ ကုနင်းကိုအလွန်သဘောကျသွားပြီဖြစ်သည်။ ကုနင်းသည် လှပကာ ကြင်နာပြီး ဉာဏ်လဲထက်မြက်သလို သူမသည်လဲ ကုနင်းကဲ့သို့သမီးတစ်ယောက်ရရှိနိုင်ဖို့ရန် အမြဲဆန္ဒရှိနေခဲ့သည်။

တကယ်တော့ ကျန်းလီဝမ်သည် သမီးတစ်ယောက်လိုချင်ခဲ့သော်လည်း မမျှော်လင့်ထားစွာဘဲ သူမသည် ထန်ကျားခိုင်တို့အမွှာညီအစ်ကိုနှစ်ယောက်ကို မွေးပြီးနောက် ထိခိုက်ဒဏ်ရာရခဲ့၍ နောက်ထပ်ကိုယ်ဝန်ထပ်မဆောင်နိုင်တော့ပေ။

ချောင်ဝမ်ရှင်းသာ ထန်မိသားစုတွင်မွေးဖွားခဲ့ခြင်းမဟုတ်လျှင် ချောင်ဝမ်ရှင်းကို သူမသမီးအဖြစ်မွေးစားလိုက်ပြီဖြစ်သည်။

“လာ၊ လာ ထိုင်ကြရအောင်။” ကျန်းလီဝမ် ကုနင်းအား သူမနားဘေးတွင်ထိုင်ရန်ဆွဲခေါ်သွားလိုက်ကာ ကုနင်းနှင့်စကားစမြည်ပြောနေတော့သည်။

ညစာမှာအဆင်သင့်မဖြစ်သေးသောကြောင့် ချောင်ယွေ့ဟွာနှင့် ထန်ယွင်ဟန်တို့ အပေါ်ထပ်သို့ ဆွေးနွေးစရာများ ဆွေးနွေးရန်အတွက် ခေါ်သွားတော့သည်။ သူတို့ ထန်ယွင်ဟန်၏ဟာကြည့်ခန်းသို့ရောက်ချိန်တွင်တော့ ချောင်ယွေ့ဟွာ သူ ကုနင်းအပေါ်သံသယဖြစ်နေသည့်ကိစ္စကို ထန်ယွင်ဟန်အားပြောလိုက်တော့သည်။ ချောင်ဝေ့ဟွာက တမင်ရန်တိုက်ပေးချင်၍မဟုတ်ဘဲ ထန်ယွင်ဟန်ကို ပို၍သတိထားစေရန် အသိပေးခြင်းသာဖြစ်သည်။

အမှန်တော့ ထန်ယွင်ဟန်သည်လဲ ချောင်ယွေ့ဟွာကဲ့သို့ အတွေးမျိုးရှိလေသည်။ အခုချိန်တွင် ကုနင်းသည် ကြင်နာတတ်ရုံလောက်ဖြင့် သူမတွင် အခြားရည်ရွယ်ချက်မျိုးရှိနေမည်မဟုတ်လောက်ပါဟု မယုံကြည်နိုင်ပေ။ ထို့ကြောင့် သူမဘက်က မကောင်းသည့်လုပ်ရပ်များမလုပ်လာခင်အထိ ယဉ်ယဉ်ကျေးကျေးသာဆက်ဆံပေးမည်ဖြစ်သည်။

“ငါတို့ သူ့နောက်ကြောင်းကိုစုံစမ်းသင့်တယ်ထင်လား?” ချောင်ယွေ့ဟွာကမေးလိုက်သည်။

“အဲ့လောက်တော့မလိုဘူးထင်တယ်။ သူ ငါတို့မိသားစုကို ထိခိုက်အောင်မလုပ်သေးဘဲ သူ့အကြောင်း စုံစမ်းလိုက်ရင် ရိုင်းသလိုဖြစ်သွားလိမ့်မယ်၊ ဒါပေမယ့် သတိတော့လွတ်လို့မဖြစ်ဘူး။”

ချောင်ယွေ့ဟွာလဲ ထန်ယွင်ဟန်၏အပြောကို သဘောတူလိုက်သည်။

ညစာအဆင်သင့်ဖြစ်သွားချိန်တွင်တော့ ထန်မိသားစုဝင်အားလုံးနှင့် ကုနင်းတို့ ထမင်းစားခန်းထဲတွင် စုစည်းရောက်ရှိလာကြသည်။ ကုနင်းအတွက် နေရာကိုတော့ ထန်ဟိုင်ဖုန်း၏နားဘေးတွင် စီစဉ်ထားပေးလေသည်။ ထန်မိသားစုတွင်က ဘယ်သူကဘယ်သူ့ဘေးတွင်ထိုင်ရမည်ဟူ၍ စည်းကမ်းသတ်မှတ်ချက်များမရှိသောကြောင့် ဘယ်သူက ဘယ်သူ့ဘေးတွင်ထိုင်ထိုင် ကိစ္စမရှိပေ။

သူတို့အားလုံး ပျော်ရွှင်စွာညစာစမစားကြသေးခင် ထန်ဟိုင်ဖုန်းမှနေပြီး၊

“ကောင်မလေးကုကိုတော့ အားလုံးသိပြီးသားဖြစ်မှာပါ။ ငါသူ့ကို ဒီနေ့ဖိတ်ထားတာက မင်းတို့အားလုံးနဲ့မိတ်ဆက်ပေးမလို့ပဲ။ အခုကစပြီး သူက ငါတို့မိသားစုဝင်ဖြစ်သွားပြီ၊ ဒီတော့ သူ့ကို တကယ့်မိသားစုဝင်တစ်ယောက်လို မင်းတို့အားလုံးလဲ ဆက်ဆံပေးကြပေါ့။” ထိုစကားကိုကြားတော့ မည်သူမျှမကျေမနပ်မဖြစ်ဘဲ အားလုံးသဘောတူကြလေသည်။

ထို့နောက်တွင်တော့ ထန်ဟိုင်ဖုန်းကနေပဲ ကုနင်းကို ထန်မိသားစုဝင်များနှင့် စတင်မိတ်ဆက်ပေးတော့သည်။

“ကောင်မလေးကု၊ ဒါကတော့ထန်ယွင်ရုန် အဘိုးရဲ့အကြီးဆုံးသမီးပဲ၊ ဒီဘက်ကတော့ သူ့ခင်ပွန်းချောင်ယွေ့ဟွာ။ သူက အဘိုးရဲ့သားကြီးထန်ယွင်ဟန်နဲ့သူ့ဇနီးကျန်းလီဝမ်။ သူကတော့ သားငယ်ထန်ယွင်ဖန်း။ သူတို့အားလုံးက အခုချိန်ကစပြီး မြေးရဲ့ဦးလေးတွေ အဒေါ်တွေဖြစ်သွားပြီ။ ချောင်ဝမ်ကျွမ်းကလဲ ချောင်မိသားစုထဲကဆိုပေမယ့် သူကအလုပ်များနေလို့ ဒီနေ့မလာနိုင်ဘူး။ ကျားခိုင်ရဲ့အမွှာအစ်ကိုထန်ကျားယန်ကတော့ နိုင်ငံခြားမှာ ပညာသွားသင်နေတယ်။”

မိတ်ဆက်ပေးမှုပြီးသွားချိန်တွင်တော့ ကုနင်းမတ်တပ်ထရပ်ကာ အားလုံးကို တစ်ကြိမ်ပြန်နှုတ်ဆက်လိုက်သည်။

“အားလုံးနဲ့အခုလိုမိသားစုဖြစ်ခွင့်ရတာ တကယ်ကိုဝမ်းသာပါတယ်။ အားလုံးပဲ နှစ်သစ်မှာပျော်ရွှင်ပါစေ!”

“နှစ်သစ်မှာပျော်ရွှင်ပါစေ။” အားလုံးလဲ ပြန်ပြီးဆုမွန်ကောင်းတောင်းပေးလိုက်ကြသည်။

***

အခန်း ၄၂၄

နှစ်သစ်ကူးလက်ဆောင်

“အခုက နှစ်သစ်ကူးပွဲတော်ဆိုတော့ အန်တီတို့ မင်းကို နှစ်သစ်ကူးလက်ဆောင်ပေးရမှာပေါ့။” ကျန်းလီဝမ်ကအရင်ဦးစွာပြောလိုက်ပြီး သူမအိတ်ထဲမှ စာရွက်စာတမ်းဖိုင်တစ်ခုကိုထုတ်ယူလိုက်သည်။

“နင်းနင်း၊ ဒါက ဟွားဖုတောင်ကုန်းပေါ်ကဗီလာတစ်လုံးရဲ့စာချုပ်ပဲ။ ဒါက အန်တီနဲ့သမီးရဲ့ဦးလေးကပေးတဲ့ ပထမဆုံးတွေ့ဆုံခြင်းအတွက်လက်ဆောင်ပဲ ယူလိုက်နော်။ သမီးBမြို့ကိုလာဖြစ်လို့ ဒီအိမ်တော်ဟောင်းမှာမနေတတ်ရင် ဗီလာမှာ ကိုယ့်ဘာသာသွားနေလို့ရတာပေါ့။” ကုနင်းအနည်းငယ်အံ့အားသင့်သွားကာ ချက်ချင်းမယူလိုက်ဘဲ၊

“ဝိုး၊ ဒါကတကယ့်ကို ဇိမ်ခံအဆောက်အဦးပဲ။”

“နင်းနင်း၊ ယူလိုက်ပါ! ငါလဲ အဲ့ဒီဗီလာဘေးမှာနေတာဆိုတော့ ငါတို့အိမ်နီးချင်းဖြစ်သွားပြီ” ချောင်ဝမ်ရှင်းကလဲ တိုက်တွန်းလိုက်သည်။

“ဒါပေမယ့်…” ထန်မိသားစုသည် Bမြို့တွင်အချမ်းသာဆုံးမိသားစုဖြစ်၍ ဗီလာတစ်လုံးသည် သူတို့အတွက်ပြောပလောက်သည့်အရာမဟုတ်ပေ။ Bမြို့၏အိမ်ခြံမြေဈေးနှုန်းများမှာ ရူးလောက်အောင်ခေါင်ခိုက်နေကာ မြို့ထဲရှိဗီလာတစ်လုံးဆိုလျှင် အနည်းဆုံးယွမ်၁၀သန်းကျော်လေသည်။

“လက်ခံလိုက်ပါ၊ အန်တီတို့က မိသားစုတွေဖြစ်နေပြီပဲကို!” ကျန်းလီဝမ်က ထပ်မံတိုက်တွန်းလိုက်ပြန်သည်။

ကုနင်းလဲ ဘယ်လိုငြင်းရမလဲမသိတော့သောကြောင့် အဆုံးမှာတော့ လက်ခံလိုက်ရသည်။

“ကျေးဇူးအများကြီးတင်ပါတယ်။”

ထို့နောက်တွင်တော့ ထန်ယွင်ရုန်ကလဲ သူမ၏လက်ဆောင်ကိုထုတ်ပေးလာခဲ့သည်။

“နင်းနင်း၊ ဒါကတော့ အန်တီတို့ရဲ့လက်ဆောင်။ သမီးမှာဗီလာတစ်လုံးရှိနေပြီဆိုတော့ ကားတစ်စီးလဲသေချာပေါက်လိုလာမှာပဲ။ ကားကိုတော့ ဗီလာမှာပဲ ထားထားပေးတယ်။”

“ကျေးဇူးအများကြီးတင်ပါတယ်၊ အန်တီ။” ထန်ယွင်ဟန်တို့ဇနီးမောင်နှံ၏လက်ဆောင်ကိုလက်ခံပြီးမှတော့ ချောင်ယွေ့ဟွာတို့ဇနီးမောင်နှံ၏လက်ဆောင်ကိုလဲ ငြင်း၍မဖြစ်တော့ပေ။

ထိုစာအိတ်ထဲတွင်တော့ ယွမ်၁၀သန်းကျော်တန်သည့် Lamborghiniကားတစ်စီးအတွက် စာချုပ်စာတမ်းများပါလေသည်။

ထို့နောက်တွင်တော့ ထန်ယွင်ဖန်း၏အလှည့်သို့ရောက်လာတော့သည်။ ထန်ယွင်ဖန်းလဲ စာအိတ်နီတစ်အိတ်ကိုထုတ်ယူလိုက်ကာ၊

“နှစ်သစ်မှာပျော်ရွှင်ပါစေ။” ဆိုပြီးပြောရင်းပေးလိုက်သည်။

ထန်ယွင်ဖန်း၏အသံမှာ ပုံမှန်လိုပဲ အေးစက်နေသော်လည်း ပုံမှန်မဟုတ်သည့် နူးညံ့မှုလေးတော့ပါဝင်နေလေသည်။

“ကျေးဇူးတင်ပါတယ်။” ကုနင်း ထိုစာအိတ်နီကိုံယူကာ ကျောက်စိမ်းမျက်ဝန်းဖြင့် ကြည့်လိုက်ချိန်တွင်တော့ အထဲတွင် ဘလက်ခ်ကဒ်တစ်ကဒ်ကိုတွေ့လိုက်ရသည်။ သူမအဖေက ထန်မိသားစုတွင် အချမ်းသာပဲ!

ထန်ယွင်ဖန်းက ကုနင်း၏အဖေရင်းဖြစ်ခြင်းကြောင့်များလားတော့မသိ ထန်ယွင်ဖန်းပေးသည့် ဘလက်ခ်ကဒ်ကို ကုနင်းစိတ်မသက်မသာမဖြစ်ဘဲ လက်ခံနိုင်လေသည်။

လက်ဆောင်များအလားလုံးကို လက်ခံပြီးသွားကြချိန်တွင်တော့ ကုနင်း၏လက်ဆောင်များကို ထုတ်ပေးရန်အချိန်ကျပေပြီ။

“သမီးလဲ အားလုံးအတွက် နှစ်ကူးလက်ဆောင်တွေပြင်ဆင်လာခဲ့ပါတယ်။ ခနလေးစောင့်ပေးပါနော်။” ထို့နောက် ကုနင်း ထမင်းစားပွဲမှထကာ လက်ဆောင်ပစ္စည်းများယူရန်ထွက်သွားတော့သည်။

ထန်မိသားစုတွင် လိုအပ်သည့်ပစ္စည်းဟူ၍မရှိဘဲ ပြည့်စုံနေသော်လည်း ကုနင်းဘာလက်ဆောင်များပေးမလြဆိုသည်ကိုတော့ သိချင်နေမိကြသည်။

ထို့နောက် ကုနင်း သူမ၏ခရီးဆောင်အိတ်အတွင်းမှ သတ္တာတစ်လုံးကိုထုတ်ယူလိုက်ကာ ထိုထဲမှ သူမ၏လက်ဆောင်ပစ္စည်းများကိုလဲ တစ်ခုပြီးတစ်ခုဆက်တိုက်ထုတ်လိုက်သည်။

“အားလုံးရဲ့အကြိုက်တွေကို သမီးမသိထားသေးဘူး။ ပြီးတော့ သမီးမှာရှိတာအားလုံးကလဲ ကျောက်စိမ်းတွေပဲဆိုတော့ လက်ဆောင်အားလုံးက ကျောက်စိမ်းတွေဖြစ်နေတယ်။” ကုနင်းအရင်ဆုံး ထန်ဟိုင်ဖုန်းအတွက် လက်ဆောင်ဗူးကိုပေးလိုက်ကာ၊

“ဒါကအဘိုးအတွက်။ အဘိုးကြိုက်လောက်ဖို့မျှော်လင့်ပါတယ်။”

ကုနင်းတွင် ကျောက်စိမ်းများစွာရှိကြောင်း အားလုံးသိထားကြပြီးဖြစ်သော်လည်း ကျောက်စိမ်းဆိုသည်မှာ အလွန်ဈေးကြီးသည့်လက်ဆောင်မျိုးဖြစ်ကာ အထူးသဖြင့် မိန်းမငယ်လေးတစ်ယောက်အတွက်ဖြစ်သည်။

“အဘိုးအတွက်လား? ဒါပေမယ့် မြေးအဘိုးကို စန့်ချိုင်ကုလားအုတ်ပေးပြီးသွားပြီမဟုတ်ဘူးလား?” ထန်ဟိုင်ဖန်း အလွန်အံ့ဩသွားရသည်။ သူ့အတွက် နှစ်သစ်ကူးလက်ဆောင်နောက်တစ်ခုထပ်ရှိနေဦးမည်ဟု မမျှော်လင့်ထားခဲ့ပေ။

စန့်ချိုင်ကုလားအုတ်ဆိုသည်ကိုကြားလိုက်ရတော့ အားလုံးအံ့အားသင့်သွားကြရသည်။ ထိုပစ္စည်းများအလွန်ဈေးကြီးကာ ရှားပါးပစ္စည်းတစ်မျိုးဖြစ်သောကြောင့်ပင်။ ကုနင်းက အလွန်ရက်ရောသည့်လူမျိုးပဲ!

ကုနင်းပြုံးရုံသာပြုံးလိုက်ကာ ဘာမှမပြောဘဲ လက်ဆောင်ဗူးကို ထန်ဟိုင်ဖုန်း၏ရှေ့သို့ချပေးလိုက်သည်။ ထန်ဟိုင်ဖုန်း ထိုလက်ဆောင်ဗူးကိုဖွင့်ကြည့်ပြီးသွားချိန်တွင်တော့ ထိတ်လန့်အံ့ဩသွားတော့သည်။ ထိုဗူးထဲတွင် အစိမ်းရောင်ဘုရင်ကျောက်စိမ်းဖြင့်ပြုလုပ်ထားသည့် ချီလင်ပုံစံ ခြင်္သေ့ခေါင်းတစ်စုံရှိနေလေသည်။

“ဒါအစိမ်းရောင်ဘုရင်ပဲ!” ထန်ဟိုင်ဖုံး လုံးဝအံ့အားသင့်သွားခဲ့ခြင်းဖြစ်သည်။ ဤကျောက်စိမ်းခြင်္သေ့တစ်စုံသည် ယွမ်သန်း၄၀ဝန်းကျင်တန်ဖိုးရှိပေသည်။

ကုနင်း ဆရာကြီးလင်အတွက်လဲ အစိမ်းရောင်ဘုရင်ပို့ပေးခဲ့ခြင်းဖြစ်သောကြောင့် သူမအဘိုးအရင်အတွက် အကောင်းဆုံးကျောက်စိမ်းပေးရမည်ကို တွန့်တိုနေခြင်းမရှိပေ။ သူမတွင် အစိမ်းရောင်ဘုရင်အများကြီးမရှိသော်လည်း ပစ္စည်းသေးသေးကွေးကွေးများစွာကို ပြုလုပ်နိုင်ရန်အတွက်တော့ လုံလောက်သည့်ပမာဏဖြစ်သည်။

အစိမ်းရောင်ဘုရင်ဖြစ်သည်ကို သိလိုက်ရချိန်တွင်တော့ ထမင်းစားစားပွဲတွင်ရှိနေသည့် ကျန်လူအားလုံးလဲ အလွန်အံ့အားသင့်သွားကြတော့သည်။ ကုနင်း ထိုမျှတန်ဖိုးကြီးသည့်လက်ဆောင်ပစ္စည်းမျိုးပေးလိမ့်မည်ဟု ဘယ်သူမှမမျှော်လင့်ထားကြချေ။

ထို့နောက်တွင်တော့ ကုနင်း နောက်ထပ်လက်ဆောင်သုံးဗူးကိုထုတ်ယူကာ ထန်ယွင်ဖန်း၊ ထန်ယွင်ဟန်နှင့် ချောင်ယွေ့ဟွာတို့ရှေ့သို့ချပေးလိုက်ကာ၊

“အမ်၊ ဦးလေးတို့အတွက်ကတော့ အဘိုးရဲ့လက်ဆောင်လောက်မကောင်းဘူး။ စိတ်မရှိပါနဲ့နော်။”

ထိုအမျိုးသားသုံးယောက်လဲ သူတို့အတွက်လက်ဆောင်များသည်လဲ တန်ဖိုးကြီးကြောင်းသိလိုက်သောကြောင့် ထိတ်လန့်အံ့ဩသွားကြကာ လူငယ်တစ်ယောက်ဆီက ဈေးကြီးသည့်လက်ဆောင်ပစ္စည်းများကိုလက်ခံနေရ၍ အပြစ်ရှိသလိုပင်ခံစားသွားကြရသည်။

သူတို့အားလုံး ပြိုင်တူ လက်ဆောင်ဗူးကိုဖွင့်လိုက်ကြချိန်တွင်တော့ အထဲတွင် လက်သီးဆုပ်အရွယ်ခန့်ရှိသည့် ဖီချူးတစ်ခုစီကိုတွေ့လိုက်ကြရသည်။ ထိုဖီချူးပြုလုပ်ထားသည့် ကျောက်စိမ်းသည် ချောမွေ့ကာ ဖန်သားကဲ့သို့တောက်ပနေသည်။ ထိုအရာသည်ကတော့ တွင်းဟောင်းဖန်သားကျောက်အမျိုးအစားဖြင့်ပြုလုပ်ထားခြင်းဖြစ်သည်။ ထိုကျောက်စိမ်းသည် အစိမ်းရောင်ဘုရင်လောက်မရှားပါးသော်လည်း အနည်းဆုံးယွမ်၁၀သန်းကျော်တန်ဖိုးရှိလေသည်။

သူတို့ကတော့ ကျောက်စိမ်းအကြောင်းအနည်းအကျဉ်းမျှသာသိကြပြီး ထန်ဟိုင်ဖုန်းသာ ရင်းနှီးကျွမ်းဝင်မှုရှိလေသည်။ ထို့ကြောင့် ထန်ဟိုင်ဖုန်း ကျောက်စိမ်းဖီချူးကိုမြင်လိုက်သည်နှင့် အံ့အားသင့်နေသည့်အသံဖြင့်။

“အိုး၊ ဒါကတွင်းဟောင်းဖန်သားကျောက်အမျိုးအစား ကျောက်စိမ်းပဲ!”

ထို့နောက်တွင်တော့ ကျားခိုင်သည်လဲ တွင်းဟောင်းဖန်သားကျောက်နှင့်သာပြုလုပ်သည့် ပစ္စည်းတစ်ခုကိုလက်ဆောင်ရကာ သူ့ဦးလေးများ၏လက်ဆောင်လောက်တော့မကြီးပေ။

ချောင်ဝမ်ရှင်းအပါအဝင် အခန်းထဲရှိအမျိုးသမီးများအတွက်ကိုတော့ နားဆွဲတစ်ရံ၊ ကျောက်စိမ်းဆွဲပြား၊ လက်ကောက်တစ်စုံနှင့် လက်စွပ်တစ်ကွင်းတို့ပါသည့် ကျောက်စိမ်းလက်ဝတ်ရတနာတစ်ဆင်ဆာဆီ ပေးခဲ့သည်။

ထိုရတနာတစ်ဆင်ဆီတိုင်းတိုင်သည် အနည်းဆုံးယွမ်၁၀သန်းကျော်တန်သောကြောင့် ထန်မိသားစုပင်လျှင် ဈေးနှုန်းများကြောင့် အလွန်ထိတ်လန့်အံ့ဩနေမိကြတော့သည်။

သူတို့အားလုံး ထိတ်လန့်နေသည်ကိုမြင်တော့ ကုနင်းအပျော်သဘောစနောက်လိုက်သည်။

“သမီးက အလဟဿရက်ရောပေးနေတာမဟုတ်ဘူးနော်။ မကြာခင်အချိန်တွင်း Bမြို့မှာလက်ဝတ်ရတနာဆိုင်ခွဲတစ်ခုဖွင့်တော့မှာ အဲ့ဒီတော့ အားလုံးလဲ တွေ့ဆုံပွဲ၊ ဧည့်ခံပွဲမျိုးတွေကျရင် သမီးအတွက် ကြော်ငြာပေးကြရမယ်။ ပြီးတော့ JadeBeautyလက်ဝတ်ရတနာတံဆိပ်ကိုပါ ထည့်ပြောပေးကြပေါ့!” ကုနင်းကလက်ဟန်ခြေဟန်ဖြင့် ဟန်ပါပါပြောဆိုနေခြင်းကြောင့် အားလုံး ရယ်ရွှင်သလိုခံစားလိုက်ကြရသည်။ ကုနင်းက သူတို့အားလုံးလက်ဆောင်ပစ္စည်းများလက်ခံစေရန်အတွက် တမင်စနောက်နေခြင်းဖြစ်ကြောင်းကိုလဲ နားလည်ကြလေသည်။

အမျိုးသမီးများသည် လက်ဝတ်ရတနာများကိုချစ်မြတ်နိုးကြပြီး လက်ကပင်မချနိုင်ကြတော့ပေ။ ထိုသို့ဖြစ်နေခြင်းက သူတို့ထိုပစ္စည်း၏တန်ဖိုးကိုမတတ်နိုင်ကြ၍မဟုတ်ဘဲ ပုံစံလှပကာ အရည်အသွေးမြင့်သည့် ကျောက်စိမ်းကိုရှာတွေ့ရန်က မလွယ်ကူခြင်းကြောင့်ပင်ဖြစ်သည်။ ကုနင်း၏လက်ဆောင်များသည်တော့ သူတို့၏အလိုဆန္ဒများနှင့် ထပ်တူကိုက်ညီနေတော့သည်။ ဘယ်တုန်းကမှ လက်ဝတ်ရတနာများကို မဝတ်ဆင်သည့် ချောင်ဝမ်ရှင်းပင်လျှင် သွေးနီရောင်ကျောက်စိမ်းဆွဲဆောင်မှုကိုခံသွားရတော့သည်။ သူမသည် ငယ်ရွယ်သည့်မိန်းကလေးဖြစ်သောကြောင့် အနီရောင်နှင့် တောက်ပမှုများကိုသဘောကျလေသည်။

“ရတာပေါ့၊ သေချာပေါက်ကြော်ငြာပေးမယ်။” ကျန်းလီဝမ်ကာ ပြုံးကာကတိပေးလိုက်ပြီး ထန်ယွင်ရုန်ကလဲ ချက်ချင်းထောက်ခံလိုက်သည်။

“ဦးလေးလဲ ကြေညာပေးမယ်။ တကယ်လို့ တံဆိပ်အတွက် သံတမန်ခန့်ချင်ရင် ထန်ဟွမ်လုပ်ငန်းစုက အကျော်ကြားဆုံးအနုပညာရှင်ကို အလကားလုပ်ခိုင်းပေးဦးမယ်။” ထန်ယွင်ဖန်းကလဲ သဘောတူလိုက်သည်။

ထန်မိသားစုသည် ဖျော်ဖြေရေးနှင့် ဆက်သွယ်ရေးလုပ်ငန်းတစ်ခုကိုလဲပိုင်ဆိုင်သောကြောင့် ကြော်ငြာအစီအစဉ်များတွင် လွှမ်းမိုးမှုရှိလေသည်။ ထန်ဟွမ်လုပ်ငန်းစုမှ ထောက်ပံ့ပေးနနေသည့် အနုပညာရှင်များ၏၉၀ရာခိုင်နှုန်းလောက်မှာ ချက်ချင်းမဆိုင်းကျော်ကြားလာနိုင်သည်။

ထန်ယွင်ဖန်း၏အကြံပြုချက်ကြောင့် အားလုံးအံ့အားသင့်သွားကြပေမည့် သဘောတူကြလေသည်။

***

အခန်း ၄၂၅

ကီရင်းဂိုဏ်း

“အခုလိုကူညီပေးကြမယ့်အတွက် ကျေးဇူးအများကြီးတင်ပါတယ်။” ကုနင်း ကျေးဇူးတင်လိုက်သည်။

“ပြီးတော့ အခုမလာဖြစ်တဲ့အစ်ကိုနှစ်ယောက်အတွက်လဲ ကျားခိုင်နဲ့ဆင်တူ လက်ဆောင်ပြင်ဆင်ထားသေးတယ်။”

“ကဲ၊ ဂုဏ်ပြုလိုက်ကြရအောင်!” ထန်ယွင်ဖန်းမှ စတင်အကြံပြုလိုက်သည်။

“ယေး!” လူတိုင်းသူတို့၏ရေခွက်၊ဝိုင်ခွက်များကို တပြိုင်နက်မြှောက်လိုက်ကြတော့သည်။

သူတို့အားလုံးပျော်ရွှင်အေးချမ်းစွာ ညစာစစားလိုက်ကြတော့သည်။ စကားနည်းသည့် ထန်ယွင်ဖန်းပင်လျှင် တခါတခါကုနင်းနှင့် စကားပြောနေသောကြောင့် ထန်မိသားစုဝင်အားလုံး အံ့အားသင့်နေကြရသေးသည်။

ထန်ဟိုင်ဖုန်းကတော့ ထန်ယွင်ဖန်းအား ကုနင်းကို သမီးအဖြစ်မွေးစားစေချင်နေပေမည့် အခုချိန်မှာတော့ ဘာမှမပြောသေးပေ။ ထိုကိစ္စမျိုးက သူတို့ချင်း သီးသန့်ဆွေးနွေးမှဖြစ်ပေမည်။ အကယ်၍ ထန်ဟိုင်ဖုန်းအခုချိန်ပြောလိုက်လို့ ထန်ယွင်ဖန်းကသာ ထိုကိစ္စကိုငြင်းလိုက်လျှင် ကုနင်းအတွက် နေရခက်သွားနိုင်ပေသည်။

ညစာစားပြီးချိန်တွင်တော့ သူတို့ချက်ချင်းလူစုမခွဲသေးဘဲ ဧည့်ခန်းထဲတွင် အချိုတည်းရင်း စကားဆက်ပြောနေကြသည်။

မကြာခင်မှာပဲ ချောင်ဝမ်ရှင်းက သူနှင့်အပြင်သွားရန်အတွက် ကုနင်းကို အတင်းပူဆာနေခြင်းကြောင့် ကုနင်းလဲ အခြားလူများကိုနှုတ်ဆက်လိုက်ကာ သူမ၏ခရီးဆောင်အိတ်ကိုယူပြီး ထွက်လာခဲ့လိုက်တော့သည်။

ထန်ယွင်ဟန်တို့ဇနီးမောင်နှံက ကုနင်းကို ယနေ့ည ထန်မိသားစုအိမ်တော်ဟောင်းတွင်ပဲ နေသွားရန်ဖိတ်ကြားခဲ့ပေမည့် ကုနင်းကတော့ ပြန်ငြင်းခဲ့လေသည်။ ထို့ကြောင့် သူတို့လဲ ကုနင်းကိုအတင်းမတိုက်တွန်းတော့ဘဲ သူမအားသည့်အချိန်တွင်သာ လာရောက်လည်ပတ်ရန်ပြောလိုက်သည်။

ကုနင်းထွက်သွားပြီးနောက်တွင်တော့ ထန်ဟိုင်ဖုန်း အစောကမပြောနိုင်ခဲ့သည့်စကားကို ထန်ယွင်ဖန်းအားထုတ်ပြောလိုက်တော့သည်။

“ကောင်မလေးကုက တကယ်ကိုတော်တဲ့မိန်းမကောင်းလေးတစ်ယောက်ပါ၊ ငါတော့ သူ့ကိုအရမ်းသဘောကျတယ်။ ဒါကြောင့် ငါ့ရဲ့တရားဝင်မြေးတစ်ယောက်ဖြစ်စေချင်တယ်။ ဒီနေ့ကြည့်ရတာတော့ မင်းတို့နှစ်ယောက်စကားပြောဆိုတာ အဆင်ပြေနေတာပဲ။ မင်းသူ့ကို သမီးအဖြစ်မမွေးစားချင်ဘူးလား?”

“အခုချက်ချင်းတော့ မဖြစ်နိုင်သေးဘူး။” ကုနင်း၏ဘဝနောက်ကြောင်းကို စုံစမ်းစစ်ဆေးပြီးသည်အထိ စောင့်ချင်သောကြောင့် ထန်ယွင်ဖန်း သဘောလဲမတူသလို အပြီးသတ်လဲမငြင်းလိုက်ပေ။

ထန်ယွင်ဖန်းကိုယ်တိုင်က ထိုသို့ပြောလာခြင်းဖြစ်သောကြောင့် ထန်ဟိုင်ဖုန်းလဲ ဘာမှဆက်ပြောမနေတော့ပေ။

ထန်ကျားခိုင်က ချောင်ဝမ်ရှင်းနှင့် ကုနင်းတို့ကို ကိုယ်တိုင်ကားမောင်းလိုက်ပို့ခဲ့သည်။ ချောင်ဝမ်ရှင်းကတော့ သူမကားကို ထန်အိမ်တော်တွင်သာထားခဲ့ပြီး နောက်နေ့မှပြန်လာယူရန် စီစဉ်ထားလေသည်။

“ဝမ်ရှင်း၊ ငါတို့အခုဘယ်သွားကြမှာလဲ?” ကုနင်း စတင်ကာမေးလိုက်သည်။

“ကမ္ဘာမြေကလပ်ကို၊” ချောင်ဝမ်ရှင်းပြန်ဖြေလိုက်သည်။

“အဲ့ဒီကလပ်က လက်ဝှေ့ကြိုးဝိုင်းတွေ၊ ကာရာအိုကေဆိုလို့ရတဲ့နေရာတွေ၊ ဂိမ်းကစားဖို့၊ လောင်းကစားလုပ်ဖို့ အမျိုးမျိုးရှိတဲ့ အဆင့်မြင့်ဖျော်ဖြေရေးကလပ်တစ်ခုပဲ။ ဒါပေမယ့် ငါကတော့ လက်ဝှေ့ပွဲနဲ့ဂိမ်းကစားတာကို စိတ်ဝင်စားဆုံး။ ၁၀နာရီကျရင်တော့ လက်ဝှေ့ပွဲတစ်ပွဲရှိသေးတယ်။ ငါတို့အဲ့ဒီကို ၉နာရီဝန်းကျင်လောက်ထဲကရောက်ကျမှာဆိုတော့ အရင်ဆုံးဂိမ်းလေးဘာလေးဆော့လို့ရတာပေါ့။”

ဂိမ်းအကြောင်းကတော့ ကုနင်းစိတ်မဝင်စားပေမည့် သူမတွင် ကျောက်စိမ်းမျက်ဝန်းရှိနေပြီဖြစ်သောကြောင့် လောင်းကစားပွဲကိုတော့ စမ်းသပ်ကြည့်ချင်သေးသည်။

“မြေကမ္ဘာကလပ်ရဲ့နောက်ခံကဘယ်လိုလဲ? သူတို့ဆီကနေ တစ်ယောက်ယောက်က အများကြီးနိုင်သွားခဲ့ရင် ပြန်ပြီးလက်စားချေလာနိုင်လား? လောင်းကစားဝိုင်းတွေက အရမ်းညစ်ကြတယ်လို့ ငါကြားဖူးတယ်။” ကုနင်းပြောလိုက်သည်။

“မြေကမ္ဘာကလပ်ကိုက ဒီနိုင်ငံရဲ့အအင်အားအကြီးဆုံးဂိုဏ်းကြီးနှစ်ဂိုဏ်းထဲက ကီရင်းဂိုဏ်းက ဖွင့်ထားတာ။ ငါတော့ ပြန်လက်စားချေတယ်ဆိုတဲ့သတင်းတွေမကြားဖူးထားသေးဘူး။ ဒါပေမယ့် ငါကလဲ အနည်းအကျဉ်းလောက်ပဲ သိထားလို့ဖြစ်နိုင်တယ်။” ချောင်ဝမ်ရှင်းပြန်ဖြေလိုက်သည်။

ကုနင်းသည် ထိုသို့လူဆိုးဂိုဏ်းလောကကို မယုံကြည်သော်လည်း ထိုနေရာသို့ရောက်သွားပြီးမှတော့ ငွေနည်းနည်းပါးပါးမှ နိုင်အောင်မဆော့ခဲ့လျှင် အရှက်ရစရာပင်။

သူတို့လမ်းတဝက်ရောက်သည့်အချိန်တွင်ပဲ လင်ရှောင်းထင်ထံမှ ဖုန်းဝင်လာခဲ့သည်။ ကုနင်းလဲ သူမတို့ပြောစကားများကို ချောင်ဝမ်ရှင်းနှင့် ထန်ကျားခိုင်တို့အားမကြားစေချင်သောကြောင့် ဖုန်းပြန်မဖြေခင် အရင်ဆုံးနားကြပ်ကိုတပ်လိုက်သည်။

“ဘယ်သူမို့လို့လဲ? အရမ်းတွေလျှို့ဝှက်နေပါလား?” ချောင်ဝမ်ရှင်း စနောက်လိုက်သည်။

ကုနင်း သူမ၏စနောက်မှုများကို လျစ်လျူရှုလိုက်ကာ၊

“ဟိုင်း၊”

“နင်းနင်း၊ အခုဘာတွေလုပ်နေတာလဲ?” လင်ရှောင်းထင်မေးလိုက်သည်။

“အခုပဲ ညစာစားပြီးလို့ အစ်မရယ် အစ်ကိုရယ်နဲ့ အပြင်လျှောက်လည်မလို့။ ရှင်ကရော?”

“မင်းကိုယ့်ကို မလွမ်းဘူးလား?” ကုနင်း၏အမေးကိုမဖြေဘဲ လင်ရှောင်းထင်ရုတ်တရက်ပြန်မေးလိုက်သည်။

ကုနင်းတခနမျှကြောင်အမှင်သက်သွားတော့သည်။ လင်ရှောင်းထင် သူမကို ယခုလိုမေးခွန်းမျိုးမေးဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်လေသည်။ သူမအမှန်တကယ်ကို လင်ရှောင်းထင်အားလွမ်းနေမိပေသည်။ သို့ပေမည့် ချောင်ဝမ်ရှင်းနှင့် ထန်ကျားခိုင်လဲ ကားထဲတွင် အတူတကွရှိနေသောကြောင့် သူတို့ရှေ့တွင် သူမ၏ခံစားချက်ကို ထုတ်ဖော်ပြောပြဖို့ရန်က ရှက်စရာကောင်းလှပေသည်။

လင်ရှောင်းထင်လဲ သူမထုတ်ပြောလာသည်အထိ တွန်းအားပေးမနေတော့ဘဲ သူ့ဘက်ကသာ၊

“ကိုယ်ကတော့လွမ်းတယ်။ ကိုယ်ကတော့ အရမ်းကိုလွမ်းနေတာ။”

“”ကျွန်မ လုပ်စရာကိစ္စလေးရှိသေးလို့ မနက်ဖြန်လောက် မြို့တော်ကိုလာခဲ့မယ်။”

“ဒါဆို ကိုယ်လေဆိပ်ကိုလာကြိုပေးမယ်။” လင်ရှောင်းထင် စိတ်လှုပ်ရှားသွားတော့သည်။

“ကောင်းပြီလေ!”

သူတို့ခနလောက်ဖုန်းဆက်ပြောနေလိုက်ကြပြီးနောက်တွင်မှ ဖုန်းချလိုက်ကြသည်။ လင်ရှောင်းထင်လဲ အခုချိန် ကုနင်း သူနှင့်ဖုန်းပြောလို့အဆင်မပြေသေးကြောင်း နားလည်သောကြောင့် သူမကိုဆက်ပြီးနှောက်ယှက်မနေတော့ပေ။

“ဟ-ဟ၊ နင့်ရဲ့ရည်းစားမဟုတ်လား? အရမ်းကို အချစ်မှာပျော်ဝင်နေတဲ့ပုံပဲ။” ချောင်ဝမ်ရှင်း ပြောလိုက်သည်။

“ဟုတ်တယ်။”

“မဖြစ်နိုင်တာ! မင်းအသက်ဘယ်လောက်မို့လို့လဲ?” ကုနင်း ဒီလောက်အသက်ငယ်ငယ်လေးဖြင့် ရည်းစားရှိနေပြီဆိုတာကို သိလိုက်ရတော့ ထန်ကျားခိုင် မယုံကြည်နိုင်ဖြစ်သွားရသည်။

“ဟင်း- နင်က အသက်၁၈နှစ်တည်းနဲ့ ရည်းစားတောင်ရနေပြီ။ ငါလို၂၃နှစ်ကအခုထိ တစ်ကိုယ်တည်းသမားဖြစ်နေတော့ ကိုယ့်ကိုကိုယ်တောင် သနားမိသွားပြီ။” ချောင်ဝမ်ရှင်း သက်ပြင်းချလိုက်သည်။

“နင်းနင်း၊ အခုလိုရည်းစားထားတာက မင်းပညာရေးကိုမထိခိုက်နိုင်ဘူးလား?” ထန်ကျားခိုင် စိုးရိမ်ပူပန်စွာဖြင့်မေးလိုက်သည်။

“မထိခိုက်ပါဘူး။”

“ဒါကနောက်ဆုံးတစ်ယောက်ပဲလား? နင်အခုမှအငယ်လေးရှိသေးတာနော်။” ချောင်ဝမ်ရှင်းလဲ စိုးရိမ်စွာဖြင့်မေးလိုက်သည်။ ကုနင်းငယ်ငယ်ရွယ်ရွယ်ဖြင့် လှည့်စားခံလိုက်ရမည်ကို သူမစိုးရိမ်မိလေသည်။

“အမ်… ငါကဟုတ်တယ်လို့ပြောရင်လဲ နင်တို့မယုံနိုင်လောက်ဘူးပေါ့။ ဒါပေမယ့် သူက ငါ့အတွက်အမှန်ကန်ဆုံးဖူးစာဖက်ပဲ၊ သူ့ဘက်ကလဲ ဒီလိုပဲတွေးတယ်။ ဒါပေမယ့် သူသာ တစ်နေ့နေ့ ငါ့ကိုလိမ်ညာခဲ့မယ်ဆိုရင်တော့ ငါကိုယ်တိုင် သူ့ကိုအဆုံးသတ်ပစ်မယ်။” ကုနင်းဘက်ကပေါ့ပေါ့ပါးပါးသာပြောလိုက်ခြင်းဖြစ်ပေမည့် ချောင်ဝမ်ရှင်းနှင့် ထန်ကျားခိုင်တို့ကတော့ ကြောက်ရွံ့သွားကြတော့သည်။ ထိုလူကသာ သူမကို အမှန်တကယ်သစ္စာဖောက်ခဲ့လျှင် သူမဘယ်လိုလုပ်ပြီးများ ထိုလူကို ဖျက်ဆီးပစ်လောက်မလဲ?

တကယ်တော့ ကုနင်းသည် လင်ရှောင်းထင်ကို တိုက်ခိုက်ရာတွင်တော့ အနိုင်မယူနိုင်သေးပေမည့် သူမ၏စွမ်းအားအကူအညီဖြင့် အခွင့်ရေးယူနိုင်လေသည်။ သူမဘယ်လောက်ပဲ ဒဏ်ရာရသွားပါစေ သူမ၏စွမ်းအားဖြင့် ပြန်လည်ကုသနိုင်လေသည်။ သူမသေဆုံးသည်အထိဖြစ်သွားနိုင်သော်လည်း သူမစွမ်းအားလုံးဝမကုန်ဆုံးသွားခင် လင်ရှောင်းထင်အား အနိုင်တိုက်ခိုက်နိုင်လိမ့်မည်ဟု ယုံကြည်ချက်ရှိပေသည်။

ထိုသို့သောအဖြစ်မျိုး သူမအမှန်တကယ်ဖြစ်လာမည်ကို မလိုချင်ပေမည့် သစ္စာဖောက်ခြင်းကို သူမအမုန်းဆုံးဖြစ်သည်။ ယခုဘဝတွင် လင်ရှောင်းထင်အား ယုံကြည်ပစ်လိုက်ဖို့ရန် သူမအတွက်မလွယ်ကူပေ။ ထို့ကြောင့် လင်ရှောင်းထင်သာ သူမကိုသစ္စာဖောက်ရဲခဲ့လျှင် သေချာပေါက် လုံးဝခွင့်လွှတ်မပေးနိုင်ပေ။

“နင်းနင်း၊ နင်တောင် ဒီလောက်အံ့ဩစရာကောင်းတဲ့လူမျိုးဆိုတော့ နင့်ရည်းစားကလဲ သာမာန်မဟုတ်လောက်ဘူး၊ မှန်တကယ်မဟုတ်လား? သူဘာအလုပ်လုပ်လဲ?” ချောင်ဝမ်ရှင်းက သိချင်စွာဖြင့်မေးလိုက်သည်။

“သူလဲ အရမ်းကိုတော်ပါတယ်။ ပြီးတော့ စစ်အရာရှိတစ်ယောက်လေ။”

“အိုး! စစ်အရာရှိလား!” ချောင်ဝမ်ရှင်း မျက်ဝန်းများ ချက်ချင်းလင်းလက်သွားတော့သည်။ သူမသည် ငယ်စဉ်ကလေးဘဝကတည်းက စစ်အရာရှိများကို လေးစားအားကျခဲ့ပြီး သူမကိုယ်တိုင်လဲ စစ်ထဲသို့ဝင်ချင်ခဲ့သည်။ မမျှော်လင့်ထားဘဲ သူမမိသားစုက ထိုသို့လုပ်ရန် ခွင့်မပြုခဲ့ပေ။

ချောင်ဝမ်ရှင်း ကုနင်းရည်းစား၏ ရာထူးကို မေးချင်မိသော်လည်း မယဉ်ကျေးရာရောက်သောကြောင့် မမေးတော့ပေ။

မကြာခင်တွင်ပဲ သူတို့ကားလေး ကမ္ဘာမြေကလပ်ရှိရာသို့ ဆိုက်ရောက်လာခဲ့သည်။

ကမ္ဘာမြေကလပ်သည် ကြီးမားရုံတင်မကဘဲ အဆင့်အတန်းမြင့်စွာ ပြင်ဆင်ထားသည့် ဇိမ်ခံအပန်းဖြေနေရာတစ်ခုလဲဖြစ်ပေသည်။ လက်ဝှေ့ကြိုးဝိုင်းသည်က မြေအောက်ထပ်တွင်ရှိကာ ဧည့်ကြိုစားပွဲသည်တော့ ပထမထပ်၊ ကာရာအိုကေနှင့်ဘားသည်တော့ ဒုတိယထပ်နှင့် တတိယထပ်၊ ဂိမ်းခန်းမသည်တော့ တတိယထပ်နှင့် စတုတ္ထထပ်တွင်ရှိပြီး လောင်းကစားဝိုင်းသည်တော့ စတုတ္ထထပ်နှင့်ပဉ္စမထပ်တွင်တည်ရှိလေသည်။ အခြားအထပ်များတွင်လဲ အမျိုးမျိုးသော အပန်းဖြေခန်းမများစွာရှိနေသေးသည်။

သူတို့ တခါတည်း ဂိမ်းအခန်းသို့သာတန်းသွားလိုက်ကြသည်။

ဒုတိယထပ်၌၊ ဂိမ်းစက်အမျိုးအစားများစွာရှိနေသောကြောင့် ကုနင်းပင် အံ့အားသင့်သွားရသည်။

ခန်းမထဲတွင် လူများထူထပ်နေပြီး အချင်းချင်း စကားများသံများ ရန်ဖြစ်သံများ ကျယ်လောင်စွာထွက်ပေါ်လို့နေသည်။ ဤနေရာသို့ ပထမဆုံးအကြိမ်ရောက်ဖူးသည့်သူများသည်တော့ အလွန်ဆူညံလွန်းသည်ဟုထင်မိကြပေမည်။

All Chapters