အခန်း (၄၄၁-၄၄၅)
Vol. 30 Ch. 441-445
အခန်း ၄၄၁
ထန်ယွင်ဖန်း၏အိပ်မက်
ကုနင်းကိုတော့ဖြင့် ထန်ယွင်ဖန်းက သူ၏မိသားစုဝင်အဖြစ်လက်ခံချင်သော်လည်း ဤပြဿနာထဲတွင် ကုမန့်ကပါ ပါဝင်ပတ်သတ်လာပြီဖြစ်သောကြောင့် အရင်ဆုံးမှတ်ဉာဏ်များကိုပြန်ရချင်လေသည်။ ထိုမှသာ သူ၏ကိုယ်ပိုင်ခံစားချက်အစစ်အမှန်ဖြင့် သူမတို့ကိုလက်ခံပေးနိုင်ပေလိမ့်မည်။ ထို့အတူ သူမတို့နှစ်ဦးလုံးကိုလဲ အိမ်သို့ခေါ်ဆောင်လာနိုင်ဖို့ကိုလဲ မျှော်လင့်မိပေသည်။
ထန်ဟိုင်ဖုန်းသည်တော့ ထန်ယွင်ဖန်း ဘာတွေတွေးနေလဲဆိုသည်ကို မသိသောကြောင့် စိတ်တိုသွားရကာ၊
“ဘာလို့လဲ? အားလုံးလက်ခံထားပြီးနေမှတော့ မြန်မြန်ဆန်ဆန် ပွဲလုပ်ပြီးကြေညာဖို့လိုတယ်!”
ယခုအချိန်တွင် မည်သူမှ ထန်ဟိုင်ဖုန်းထက် ကုနင်းကို သူ၏မြေးအဖြစ် လူအများအား ကြေညာဖို့ရန် စိတ်အားအထက်သန်ဆုံးဖြစ်လိမ့်မည်မဟုတ်ပေ။
“ကျွန်တော်ကတော့ အဖေ့စကားကို သဘောတူတယ်။ ကျွန်တော်တို့ပွဲလုပ်မယ်ဆိုရင်တော့ သေချာပေါက် ခမ်းခမ်းနားနားလုပ်ကြတာပေါ့။” ထန်ယွင်ဟန်သည်တော့ ထန်ဟိုင်ဖုန်း၏အကြံကိုသဘောတူလိုက်သည်။
“ကျွန်တော့်မှာလဲအကြောင်းပြချက်ရှိတယ်။ ဒီတစ်ကြိမ်တော့ ကျွန်တော့်စကားကိုနားထောင်ပေးကြပါ။” ထန်ယွင်ဖန်းက ငြင်းဆန်ခွင့်မပေးသည့်အသံမျိုးဖြင့် ပြောလိုက်ပြီးနောက် ချက်ချင်းအပေါ်ထပ်သို့ တက်သွားတော့သည်။ ထန်ဟိုင်ဖုန်းမှာတော့ ဒေါသထွက်နေရပေမည့် ဘာဆက်ပြောလို့ပြောရမှန်းမသိတော့ပေ။ ထန်ယွင်ဖန်းတွင် သူကိုယ်ပိုင်အစီအစဉ်တစ်ခုခုရှိနေကြောင်း သိသာလေသည်။ ထန်ဟိုင်ဖုန်းကတော့ ထိုသို့ဖြစ်နေခြင်းမှာ ထန်ယွင်ဖန်းက ကုနင်းကို သမီးတစ်ဦးအဖြစ်မမှတ်ယူလိုသောကြောင့်ဟု တွေးမိပေမည့် ထန်ယွင်ဟန်သည်တော့ သူနှင့် ချောင်ယွေ့ဟွာတို့ ဆွေးနွေးခဲ့ကြသည့် ကိစ္စကို ရုတ်ချည်းပြန်တွေးမိသွားတော့သည်။
ထန်ယွင်ဖန်းက ကုနင်းဘာကြောင့် သူတို့မိသားစုနှင့်အဆက်အဆံရှိသွားရလဲဆိုသည့် ဖုံးကွယ်ထားမှုတစ်စုံတစ်ရာကို စုံစမ်းသိရှိသွားသောကြောင့် အခုလိုအလျင်စလိုမလုပ်လိုခြင်းဖြစ်နိုင်မလား? ယခုအတွေးသည် ထန်ယွင်ဟန်၏အတွေးမျှသာဖြစ်သောကြောင့် အခုချက်ချင်းထုတ်ပြောလိုက်ရန်က မသင့်တော်လှပေ။
ကုနင်းနှင့်အခြားလူများသည်တော့ ညခင်းအိမ်မပြန်ခင် မြစ်ထဲတွင် နှစ်နာရီလောက် အပျော်စီးလှေစီးခဲ့ကြသေးသည်။
သူမတို့အိမ်ပြန်ရောက်ချိန်တွင်တော့ ကုနင်းနှင့်ချောင်ဝမ်ရှင်းတို့ချက်ချင်းပင် နောက်နေ့မနက် မြို့တော်သို့သွားရန်အတွက် လေယာဉ်လက်မှတ် ကြိုတင်မှာလိုက်ကြသည်။ လေယာဉ်က မနက်၈နာရီ၁၀မိနစ်တွင် ထွက်ခွာမည်ဖြစ်၍ မြို့တော်သို့ ၁၀နာရီခွဲဝန်းကျင်တွင်ရောက်ရှိကြမည်ဖြစ်သည်။ ကုနင်းကတော့ စီးပွားရေးကိစ္စတစ်ခုဆွေးနွေးစရာရှိ၍ နေ့လည်စာစားချိန်အမှီ မြို့ထဲသို့ရောက်ဖို့ရန် အစီစဉ်ချထားခဲ့သည်။
လေယာဉ်လက်မှတ်မှာပြီးသွားသည့်နောက်တွင်တော့ ချောင်ဝမ်ရှင်းက သူမ၏ကိုယ်ပိုင်အိမ်သို့ပြန်သွားကာ ကုနင်းကတော့ လင်ရှောင်းထင်နှင့် အနည်းဆုံးတစ်နာရီလောက်ဖုန်းပြောခဲ့သည်။ ကုနင်း လင်ရှောင်းထင်အား သူမချောင်ဝမ်ရှင်းနှင့်အတူ မြို့တော်သို့လာမည်ဖြစ်ကြောင်း ပြောခဲ့ပေမည့် ချောင်ဝမ်ရှင်းကို ရှုကျင်းချန်နှင့်မိတ်ဆက်ပေးမည့်အကြောင်းကိုတော့ဖြင့် ထည့်မပြောခဲ့ပေ။ ထိုအစား ရှုကျင်းချန်နှင့် ရှုချင်ယင်းတို့အားလျှင် သူတို့အတူတူညစာစားနိုင်မလားဟုသာ မေးခဲ့သည်။
လင်ရှောင်းထင်လဲ သိပ်မတွေးနေဘဲ သဘောတူခဲ့သည်။ ထို့နောက် ကုနင်း မြို့တော်သို့ရောက်လောက်မည့်အချိန်အား လင်ရှောင်းထင်ကို ပြောပြလိုက်သည်။
ဟွမ်းဒင်ဟိုတယ်သည် မြို့တော်တွင်လဲရှိပြီး ချောင်ဝမ်ရှင်းသည်လဲ ဟိုတယ်အတွက် ဘလက်ခ်ကဒ်ရှိသောကြောင့် သူမမိသားစုပိုင်ဟိုတယ်တွင်သာတည်းပေလိမ့်မည်။
လင်ရှောင်းထင်နှင့် ဖုန်းပြောပြီးချိန်တွင်တော့ ည၁၁နာရီပင်ရှိနေပြီဖြစ်သည်။ ကုနင်းလဲ သူမ၏WeChatကိုဖွင့်ကြည့်စစ်ဆေးလိုက်ချိန်တွင်တော့ သူမသူငယ်ချင်းအားလုံးက သူမအလုပ်များသည်ကို သိထားကြ၍ သူမကိုရည်ညွှန်းကာ ကိုယ့်ကိုကိုယ်ဂရုစိုက်ရန်သာ သတိပေးထားကြသည်။
ပြီးခဲ့သည့်တစ်ခေါက် သူတို့စုအန်းယာ၏မွေးနေ့ပွဲသို့တက်ရောက်ပြီးသည်နှင့် စုအန်းယာသည်လဲ ဤWeChatအဖွဲ့တွင် ပါဝင်လာခဲ့သည်။ အမြဲတမ်းမရှိသည့်ကုနင်းမှလွဲ၍ ကျန်လူများသည်တော့ အချင်းချင်းစကားပြော စနောက်ကြကာ အမြဲတမ်းအလုပ်ရှုပ်နေကြသည်။ ကုနင်းသည် တစ်ခါတရံမှသာ ပေါ်လာတတ်သော်လည်း သူမသူငယ်ချင်းများကတော့ သူမကိုဘယ်တုန်းကမှမမေ့ခဲ့ကြပေ။ ကုနင်းသည် သူတို့အားလုံး၏ဘော့စ်ပင်။ သူမသာမရှိခဲ့လျှင် သူတို့အချင်းချင်းဤသို့ကောင်းမွန်သည့်ဆက်ဆံရေးမျိုး ရှိလာခဲ့လိမ့်မည်မဟုတ်ပေ။
ကုနင်းပေါ်လာသည်နှင့် အားလုံးစိတ်လှုပ်ရှားသွားကြသည်။ သူတို့ချင်းရက်အနည်းငယ်များသာ မတွေ့ဆုံဖြစ်ခဲ့ကြခြင်းဖြစ်သော်လည်း နှစ်ပေါင်းများစွာဝေးကွာနေကြရသလို ခံစားနေကြရသည်။
ကုနင်းသည်လဲ သူမတွင် ဤသို့စစ်မှန်သည့်သူငယ်ချင်းတစ်ဖွဲ့ရှိနေ၍ အလွန်ဝမ်းသာနေမိသည်။
တစ်ချိန်တည်းတွင်ပဲ တစ်ဖက်ရှိ ထန်ယွင်ဖန်းသည်တော့ အိပ်၍မရနိုင်ခဲ့ပေ။ သူကုမန့်နှင့်ကုနင်းအကြောင်းကိုသာ တွေးနေမိပြီး မေ့ပျောက်သွားသည့်မှတ်ဉာဏ်များကို အတင်းဖိအားပေးကာ ရှာဖွေနေခဲ့သည်။ သို့ပေမည့် ဘယ်လောက်ပဲ ခက်ခက်ခဲခဲကြိုးစားနေပါစေ နည်းနည်းလေးတောင်မှတ်မိမလာခဲ့ပေ။ အဆုံးတွင်တော့ ထန်ယွင်ဖန်း ဆက်ပြီးသည်မခံနိုင်တော့ဘဲ အိပ်ဆေးသောက်၍သာ အိပ်လိုက်ရတော့သည်။ သို့ပေမည့် သူအိပ်မောကျသွားသည့်အချိန်တွင်တော့ လမ်းမတစ်ခုထက်တွင် ဘက်စ်ကားဟောင်းတစ်စီးမောင်းနှင်နေသည်ကို အိပ်မက်မက်ခဲ့သည်။ ထိုကားကွေ့လိုက်ချိန်တွင်တော့ ကားတစ်စီးက လျင်မြန်သည့်အရှိန်ဖြင့် ထိုဘက်စ်ကားရှိရာသို့ တိုးဝင်လာခဲ့သည်။ ထိုဘက်စ်ကားလဲ အမြန်မောင်းလာသည့် ကားကိုရှောင်တိမ်းရန်ကြိုးစားလိုက်ပေမည့် မတော်တဆဘီးချော်ကာ မြစ်ထဲသို့ကျသွားတော့သည်။
ရုတ်ချည်းပင် ထန်ယွင်ဖန်း သူ၏အိပ်မက်မှ နိုးထလာခဲ့တော့သည်။ ထိုအိပ်မက်သည် အစစ်အမှန်ဖြစ်ပျက်ခဲ့သည်ဟုပင် ခံစားမိလေသည်။ ထို့ကြောင့် ချက်ချင်းပင် သူ၏အိပ်မက်ထဲမှနေရာကို သေချာပြန်တွေးကြည့်ရင်း ကွန်ပျူတာမှတစ်ဆင့် Dမြို့၏မြေပုံကိုဖွင့်ကာ Dမြို့တစ်ဝိုက်ရှိ မြစ်များကိုလိုက်လံရှာဖွေတော့သည်။
Dမြို့၏တောင်ဘက် ၃၀ကီလိုမီတာခန့်အကွာတွင်တော့ ထန်ယွင်ဖန်း၏အိပ်မက်နှင့် ကိုက်ညီသည့် မြစ်တစ်ဆင်းနှင့် ထိုမြစ်ပေါ်တွင်ဖြတ်ကာ တည်ရှိနေသည့် လမ်းမတစ်ခုရှိသည့်နေရာကို တွေ့ရှိသွားတော့သည်။ သို့ပေမည့် ထိုလမ်းက ထန်ယွင်ဖန်း၏အိပ်မက်ထဲတွင် မြင်မက်ခဲ့သည့်လမ်းဖြစ်ကြောင်းကိုတော့ မသချောသေးသော်လည်း ၎င်းသည်သာ Dမြို့တွင်ရှိသည့် မြစ်နှင့်လမ်းမတွဲရက်ရှိသည့် တစ်ခုတည်းသောနေရာဖြစ်လေသည်။
ထို့ကြောင့် ထိုနေရာသို့ သွားရောက်ရန်အတွက် ထန်ယွင်ဖန်း စိတ်ထဲတွင် တေးမှတ်ထားလိုက်တော့သည်။
နောက်တစ်နေ့တွင်တော့ ကုနင်းနှင့်ချောင်ဝမ်ရှင်း မနက်၆နာရီတွင်နိုးခဲ့ကြသည်။ ချောင်ဝမ်ရှင်းကတော့ မိတ်ကပ်ခပ်ပါးပါးလေး လိမ်းဆင်ချယ်သကာ ခရီးဆောင်အိတ်အသေးတစ်လုံးကို သယ်၍ ထွက်လာခဲ့သည်။
သူတို့မြို့တော်တွင် ၂ရက်သာနေမည်ဖြစ်သောကြောင့် ချောင်ဝမ်ရှင်းနေနှင့် လဲဝတ်ဖို့ရန် အဝတ်အစားအများကြီးမလိုအပ်ပေ။ တစ်ဖက်တွင်တော့ ကုနင်း၏ခရီးဆောင်အိတ်သည် ချောင်ဝမ်ရှင်းထက်များစွာပိုကြီးလေသည်။ အကြောင်းမှာတော့ ကုနင်းသည် သူမ၏စိတ်စွမ်းအင်အာကာပြင်ထဲမှ ပစ္စည်းများထုတ်ယူသည်ကို အခြားလူများမသိစေရန်အတွက် အခုလို ခရီးဆောင်အိတ်ကြီးကို သူမနှင့်အတူသယ်ဆောင်သွားနေရခြင်းဖြစ်သည်။
လေဆိပ်သို့သွားရာတွင် ချောင်ဝမ်ရှင်း သူမ၏LandRoverအနီရောင်လေးကိုပဲ မောင်းနှင်ခဲ့ကာ ထိုနေရာတွင်ပင် ထားခဲ့လိုက်သည်။ ဤသို့ဖြင့်သူမBမြို့သို့ပြန်လာသည့်အခါ အိမ်ပြန်ဖို့အတွက် အသုံးပြုနိုင်ပေလိမ့်မည်။
လေဆိပ်တွင် လိုအပ်သည့်စာရွက်စာတမ်းကိစ္စများလုပ်ဆောင်ပြီးသွားချိန်တွင်တော့ လေယာဉ်ထွက်ခွာရန် နာရီဝက်ပင်လိုနေသေးသည်။
ချောင်ဝမ်ရှင်းသည် ပစ္စည်းအများကြီးမသယ်လာခဲ့သော်လည်း ကုနင်းနှင့်အတူ အိတ်ကိုအပ်ရန်သွားလိုက်သည်။
“ကုနင်း?”
ကုနင်းတို့ နားနေခန်းသို့ပြန်ရောက်သည့်အချိန်တွင်ပဲ သူမကို တစ်စုံတစ်ယောက်ခေါ်သံကိုကြားလိုက်ရသောကြောင့် လှည့်ကြည့်လိုက်ရာ ထိုလူမှာ ချိုးယွီရှင်းဖြစ်နေခဲ့သည်။
ချိုးယွီရှင်းသည် သူမတို့နှင့်မလှမ်းမကမ်းတစ်နေရာမှနေပြီး သူမကိုလက်ဝှေ့ယမ်းနှုတ်ဆက်လို့နေသည်။
ချိုးယွီရှင်းကိုမြင်ရတော့မှ ကုနင်းလဲ ချိုးယွီရှင်းBမြို့တွင်နေကြောင်း အမှတ်ရသွားရတော့သည်။ သို့ပေမည့် သူမတို့ချင်းအရမ်းမရင်းနှီးသောကြောင့် ချိုးယွီရှင်းထံ သွားရောက်မလည်ပတ်မိသည့်အပေါ် အားနာသလို မခံစားမိရပေ။
ကုနင်းလဲ ချိုးယွီရှင်းကိုပြုံးပြကာ ချောင်ဝမ်ရှင်းနှင့်အတူ ချိုးယွီရှင်းရှိရာသို့သွားလိုက်သည်။
“ဟိုင်း၊ ယွီရှင်း!” ကုနင်းပြန်နှုတ်ဆက်လိုက်သည်။
ကုနင်းနှင့်ချောင်ဝမ်ရှင်းအနားသို့ရောက်လာသည့်အချိန်တွင်ပဲ ကုနင်း၏နံဘေးမှမိန်းကလေးမှာ ချောင်ဝမ်ရှင်းဖြစ်ကြောင်း ချိုးယွီရှင်းမှတ်မိသွားတော့သည်။ သူမတို့နှစ်ယောက်အတူတူလာခြင်းကြောင့် ချိုးယွီရှင်း အနည်းငယ်လဲ အံ့ဩသွားမိသည်။
“မင်္လာပါ၊ မိန်းကလေးချောင်။”
သူမတို့နှစ်ယောက်လုံးသည့် အဆင့်အတန်းမြင့်သည့် မိသားစုများကသာဖြစ်သောကြောင့် အချင်းချင်း သိထားကြလေသည်။
“မိန်းကလေးချိုး၊ တွေ့ရတာဝမ်းသာပါတယ်။” ချောင်ဝမ်ရှင်းလဲ ချိုးယွီရှင်းကို မှတ်မိလေသည်။ သူတို့ချင်း ပွဲလမ်းသဘင်များတွင်တွေ့ဖူးပြီး ချိုးယွီရှင်းသည်လဲ နာမည်ကြီးသည့်မော်ဒယ်တစ်ဦးဖြစ်သောကြောင့် သူမကို မကြာခန မဂ်ဇင်းများတွင် ချောင်ယွီရှင်းမြင်ဖူးသေးလေသည်။
ချိုးယွီရှင်းသည် မော်ဒယ်တစ်ယောက်ဖြစ်သော်လည်း သူမစည်းကမ်းနှင့်သူမရှိလေသည်။ သူမသည် ကင်မရာရှေ့တွင် မည့်သည့်အခါတွင်မှ ရေကူးဝတ်စုံဖြင့် ရိုက်ကူးရေးမလုပ်သလို မလုံတလုံအဝတ်အစားများလဲ မဝတ်ဆင်ပေ။ အကြောင်းသည်တော့ သူမသည် မော်ဒယ်အလုပ်ကို ဝါသနာအရလုပ်ခြင်းဖြစ်ပြီး ထိုသို့ရိုက်ကူးခြင်းဖြင့် သူမကိုယ်သူမနာမည်ကြီးအောင်မလုပ်ချင်သောကြောင့်ပင်။ ထို့အပြင် ချိုးယွီရှင်းသည် အလွန်ချမ်းသာသည့်မိသားစုမှသာဖြစ်သည်။ ထိုသို့သောပုံစံမျိုးဖြင့် ရိုက်ကူးပါက သူမ၏မိသားစုလဲ အရှက်ရရပေလိမ့်မည်။
“ဒီနေ့ဘယ်ကိုသွားကြမလို့လဲ?” ချိုးယွီရှင်းမေးလိုက်သည်။
***
အခန်း ၄၄၂
အမျိုးသမီးတစ်ဦးအားကယ်တင်ခြင်း
“မြို့တော်ကို။” ကုနင်းပြန်ဖြေလိုက်ပြီး၊ “နင်ရော၊ ဘယ်ကိုသွားမလိုလဲ?”
ချိုးယွီရှင်းရပ်နေသည့် ဝင်ပေါက်သည့် မြို့တော်သို့သွားမည့်လမ်းမဟုတ်သောကြောင့် ကုနင်းမေးလိုက်ခြင်းဖြစ်သည်။
“အိုး၊ ငါက မလေးရှားကိုအလုပ်ကိစ္စနဲ့သွားမလို့။” ချိုးယွီရှင်းပြန်ဖြေလိုက်သည်။
ထို့နောက် သူတို့ချင်းအတော်ကြာစကားဆက်ပြောခဲ့ကြပြီး မလေးရှားသို့ထွက်မည့်လေယာဉ်က မကြာခင်ထွက်ခွာမည့်အကြောင်း ကြေညာလာသောကြောင့် ချိုးယွီရှင်းလဲ သူမတို့ကိုနှုတ်ဆက်လိုက်သည်။
“ငါသွားရတော့မယ်၊ နောက်မှတွေ့ကြတာပေါ့!”
သူတို့ချင်းနှုတ်ဆက်စကားပြောကြားပြီးနောက် ချိုးယွီရှင်း လေယာဉ်ပေါ်တက်ရန်ထွက်သွားကာ ကုနင်းနှင့် ချောင်ဝမ်ရှင်းလဲ မြို့တော်သွားမည့် လေယာဉ်ဘက် ဝင်ပေါက်သို့ပြန်လာခဲ့လိုက်သည်။
“နင်းနင်း၊ ဘယ်လိုလုပ်များ နင်နဲ့သိသမျှလူအားလုံးက ချမ်းသာပြီး အာဏာရှိတဲ့မိသားစုတွေချည်းဖြစ်နေတာလဲ? ပြောပါဦး၊ ချိုးယွီရှင်းနဲ့ကော ဘယ်လိုဆုံခဲ့ကြတာလဲ?” ချောင်ဝမ်ရှင်း အလွန်သိချင်စွာဖြင့်မေးလိုက်သည်။
“သူက ငါ့ရည်းစားရဲ့ အခင်ဆုံးသူငယ်ချင်းရဲ့ဝမ်းကွဲညီမရဲ့အခင်ဆုံးသူငယ်ချင်း။ ငါတို့တွေ့ဖူးကြရုံပါ။” ကုနင်းပြောပြလိုက်ပေမည့် ထိုသူမရည်းစား၏အခင်ဆုံးသည်သူချင်းသည် ရှုကျင်းချန်းဖြစ်ကြောင်းကိုတော့ ထည့်မပြောခဲ့ပေ။
ချောင်ဝမ်ရှင်းလဲ နားလည်သောကြောင့် အသေးစိတ်ဆက်မမေးတော့ပေ။
သူတို့ ဝင်ပေါက်ရှေ့ရှိထိုင်ခုံများတွင်ထိုင်နေရင်း လေယာဉ်ပေါ်တက်ရန်စောင့်ဆိုင်းနေခဲ့ကြသည်။ မကြာခင်တွင်မှာပဲ၊ မြို့တော်သို့ထွက်ခွာမည့်လေယာဉ်ပေါ်သို့ ခရီးသည်များနေရာယူဖို့ရန် ကြေညာလာခဲ့သည်။ သို့ပေမည့် ထိုအချိန်တွင်ပဲ တစ်စုံတစ်ယောက်၏ထိတ်လန့်တကြားပြောသံကို ကြားလိုက်ရတော့သည်။
“ဘုရားရေ! ဒီမှာအမျိုးသမီးတစ်ယောက်မေ့လဲသွားပြီ!”
ကုနင်းနှင့်ချောင်ဝမ်ရှင်းလဲ ချက်ချင်းပင်လှည့်ကြည့်လိုက်မိကြသည်။ သတိလစ်သွားသည့်အမျိုးသမီးသည်လဲ သူမတို့နှင့်ဝင်ပေါက်အတူတူကပင်ဖြစ်ကာ သိပ်လဲမဝေးပေ။ ထိုအမျိုးသမီးသည် ကြမ်းပြင်ထက်သို့ သတိလစ်ကာလဲကျလို့နေပြီး သူမအနားတွင်တော့ အသက်၄နှစ်အရွယ်ကောင်လေးတစ်ယောက်သည် ငိုကြွေးလို့နေခဲ့သည်။ သူမတို့အနားတွင် လူများချက်ချင်းစုပြုံလာကြပေမည့် ဘယ်သူကမှ ထိုအမျိုးသမီးကိုကူညီဖို့ရန် သွားခြင်းမရှိကြပေ။
ယခုကိစ္စမှာ အန္တရာယ်များသောကြောင့် ထိုအမျိုးသမီးကို နေရာရွှေ့ပေးသင့်လား မသင့်လားဆိုသည်ကို ဘယ်သူမှမသိကြသောကြောင့် လေဆိပ်မှတာဝန်ရှိသူများရောက်လာဖို့ရန်ကိုသာ စောင့်ဆိုင်းနေကြတော့သည်။
ကုနင်းသည်တော့ ချက်ချင်းပင် ထိုအမျိုးသမီးရှိရာသို့ပြေးသွားလိုက်ကာ ချောင်ဝမ်ရှင်းကလဲ သူမနောက်မှလိုက်လာခဲ့သည်။
“ဖယ်ကြပါ၊ သူ့ကိုလေကောင်းလေသန့်ရအောင် ထားပေးကြပါ။” ကုနင်း အသံကျယ်ကျယ်ဖြင့် အနားမှဝိုင်းကြည့်နေသူများကို ပြောလိုက်သည်။
လူအများကလဲ ချက်ချင်းပင် နောက်ကိုစတင်ဆုတ်ပေးကြသည်။ သို့ပေမည့် ကုနင်း ထိုသတိလစ်နေသည့်အမျိုးသမီးနားတွင် ငုတ်တုတ်ထိုင်လိုက်ချိန်တွင်ပဲ အသံတစ်သံကိုကြားလိုက်ရသည်။
“မိန်းကလေး၊ သူ့ကိုမရွှေ့မိစေနဲ့။ အန္တရာယ်များလွန်းတယ်!”
သူတို့အားလုံးသည် ဆရာဝန်များမဟုတ်သောကြောင့် သူတို့ရွှေ့မိ၍ တစ်ခုခုဖြစ်သွားနိုင်ကြောင်း စိုးရိမ်ပြီး ထိုအမျိုးသမီးကို မကူညီကြသည်မှာ နားလည်ပေး၍ရပေသည်။
ကုနင်းသည်တော့ ဂရုစိုက်မနေဘဲ သူမလွယ်အိတ်ထဲမှ ဆေးတစ်ပုလုံးကိုထုတ်ယူကာ အထဲမှစွမ်းအင်သလင်းကျောက်တစ်လုံးကိုထုတ်လိုက်သည်။ ကုနင်း ထိုဆေးအား သတိလစ်နေသည့်အမျိုးသမီး၏ ပါးစပ်ထဲသို့ထည့်ပေးမည့်အချိန်တွင်ပဲ လေဆိပ်ဝန်ထမ်းများဖြစ်သည့် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးနှစ်ယောက်က သူမကိုတားလိုက်ကြသည်။ ဦးဆောင်လာသည့်အမျိုးသမီးကနေပြီး ကုနင်းကို၊
“ရပ်လိုက်စမ်း! ဒါဘာလုပ်နေတာလဲ? သူသေသွားရင်ဘယ်လိုလုပ်မလဲ? နင်တာဝန်ယူနိုင်လို့လား?” ထိုသို့ပြောရင်းဖြင့် ကုနင်းကိုတွန်းထုတ်ရန် အနားသို့ရောက်လာခဲ့သည်။ ကုနင်း ရှောင်လိုက်နိုင်သော်လည်း သတိလစ်နေသည့်အမျိုးသမီးကို ဆေးတော့မတိုက်လိုက်နိုင်ခဲ့ပေ။
“သူသေသွားရင်၊ ငါတာဝန်ယူတယ်။” ချောင်ဝမ်ရှင်းသည် ကုနင်းကိုအပြည့်အဝယုံကြည်သောကြောင့် တာဝန်ခံလိုက်လေသည်။
နောက်ထပ်အမျိုးသမီးဝန်ထမ်းတစ်ဦးက ချောင်ဝမ်ရှင်းကိုကြည့်လိုက်သည်။ ချောင်ဝမ်ရှင်း အလွန်လှပသည်ကို မြင်သည်နှင့် သူမမနာလိုဖြစ်သွားကာ ရုတ်တရက်ကြီး ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုတော့သည်။
“နင်ကတာဝန်ခံမယ်? နင့်ကိုယ်နင်ဘယ်သူထင်နေလို့လဲ? ဟာသပဲ!”
“ဒါဆို သူဒီလေဆိပ်မှာသေသွားရင်ကော နင်တို့တာဝန်ယူနိုင်လား?” ကုနင်း ထိုအဖွဲ့ကို အေးစက်စွာစိုက်ကြည့်ရင်းပြောလိုက်သည်။
“ဘာလို့ငါတို့ကတာဝန်ယူရမှာလဲ? ငါတို့က သူသတိလစ်အောင်လုပ်ခဲ့တာမှမဟုတ်တာ။” ထိုအမျိုးသမီးဝန်ထမ်းက ယဉ်ကျေးမှုမရှိစွာပင် ပြန်ပြောလိုက်သည်။
“ဒါပေမည့် ငါသူ့ကိုကယ်နေတာကို နင်တို့တားတယ်လေ။” ကုနင်းပြန်ပြေလိုက်သည်။
“သူ့ကိုကယ်မယ်? နင့်အသက်ကိုနင်ပြန်ကြည့်ဦး၊ ငါလောင်းရဲတယ်၊ နင်အလွန်ဆုံးရှိ ကျောင်းသူပဲ။ နင့်ကိုယ်နင် ဆရာဝန်များထင်နေလား?” အမျိုးသမီးဝန်ထမ်းက အထင်သေးမှုအပြည့်ဖြင့် ပြန်ပြောလိုက်သည်။
မြို့တော်သို့သွားမည့် ခရီးသည်များသည် စတင်ကာ လေယာဉ်ပေါ်တက်ရန်ထွက်ခွာနေကြပြီဖြစ်ပေမည့် ထိုခေါင်းဆောင်အမျိုးသမီးဝန်ထမ်းသည်တော့ ထိုနေရာတွင်ပင်ရပ်နေကာ ဘာမှလဲမလုပ်ပေ။ ကုနင်းစိတ်ရှည်သည်းခံနိုင်စွမ်းများပျောက်ဆုံးသွားပြီး သူမကိုတွန်းထုတ်လိုက်ကာ၊
“သူ့ကိုတားထား။ သူတို့လှုပ်ရဲတာနဲ့၊ အားလုံးကိုရိုက်ပစ်။” ကုနင်း ငုတ်တုတ်ပြန်ထိုင်လိုက်ရင်း ချောင်ဝမ်ရှင်းကိုပြောလိုက်သည်။
ခေါင်းဆာင်အမျိုးသမီးဝန်ထမ်းမှာ တွန်းထုတ်ခံလိုက်ရသောကြောင့် နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်သွားရပြီး လဲကျလုနီးနီးပင်။ သူမအံ့အားသင့်သွားသလို ဒေါသလဲထွက်သွားပေမည့် သူမဘာမှပြန်မလုပ်ရသေးခင်တွင်ပဲ ကုနင်းက သတိလစ်နေသည့်အမျိုးသမီး၏ပါးစပ်ထဲသို့ ဆေးလုံးကိုထည့်လိုက်တော့သည်။ သို့ပေမည့် ထိုအမျိုးသမီးဘာကြောင့်သတိလစ်ရလဲဆိုသည်ကို ကုနင်းမသိသေးသောကြောင့် ကျောက်စိမ်းမျက်ဝန်းကိုအသုံးပြုကာ ထိုအမျိုးသမီးခန္ဓာကိုယ်ကိုစစ်ဆေးလိုက်သည်။ အကြောင်းရင်းကို ကုနင်းသိသွားသည်နှင့် ချက်ချင်းပင် သူမ၏စွမ်းအင်များကို လျှို့ဝှက်စွာထည့်သွင်းပေးလိုက်တော့သည်။
ခေါင်းဆောင်အမျိုးသမီးဝန်ထမ်းကတော့ ကုနင်းသူမကိုတွန်းထုတ်လိုက်၍ရုံတင်မက ခြိမ်းပါခြိမ်းခြောက်လိုက်သောကြောင့် အလွန်ဒေါသထွက်နေတော့သည်။
“နင်ကများ ငါ့ကိုတွန်းရဲတယ်! ငါဘယ်သူဆိုတာ သိရဲ့လား?” ထိုသို့ပြောရင်းဖြင့် ချောင်ဝမ်ရှင်းနှင့်ကုနင်း သူမကိုအမှန်တကယ်တိုက်ခိုက်ရဲကြလိမ့်မည်ဟုမထင်သောကြောင့် ကုနင်းထံ တစ်ဖန်ပြေးဝင်သွားလိုက်သည်။
တကယ်တော့ ကုနင်းက သူမကို တွန်းထုတ်ခဲ့ပြီးပြီဖြစ်သလို ချောင်ဝမ်ရှင်းကလဲ သူမကို မရိုက်ရဲစရာအကြောင်းမရှိပေ။ ထို့ကြောင့် ထိုအမျိုးသမီး ကုနင်းထံသို့ပြေးဝင်လာသည်နှင့် ချောင်ဝမ်ရှင်း ချက်ချင်း ထိုအမျိုးသမီး၏လက်ကိုဆွဲကာ ကိုင်ပေါက်ချလိုက်သည်။
“နင့်ဘာနင်ဘာကြီးပဲဖြစ်ဖြစ် ဂရုမစိုက်ဘူး ၊ နင်ဘယ်သူဖြစ်ဖြစ်ငါကတော့ ရိုက်ရဲတယ်။”
ချောင်ဝမ်ရှင်းသည် အစကတည်းက နူးညံ့သိမ်မွေ့သည့် မိန်းကလေးတစ်ဦးမဟုတ်သောကြောင့် သူမအားကိုလဲ လျှော့သုံးမနေခဲ့ပေ။ အသံကျယ်ကြီးနှင့်အတူ အော်သံကြီးတစ်သံနှင့်ပါ ထိုဝန်ထမ်းအမျိုးသမီး ကြမ်းပေါ်သို့ အရှိန်ပြင်းပြင်းဆောင့်မိသွားရတော့သည်။
ထိုအခြေအနေကိုမြင်တော့ ချောင်ဝမ်ရှင်း ထိုခေါင်းဆောင်အမျိုးသမီးကို တိုက်ခိုက်ရဲ၍မဟုတ်ဘဲ သူမ၏ခွန်အားကြောင့် လူတိုင်းထိတ်လန့်သွားကြတော့သည်။
အော်သံကိုကြားလိုက်ရသောကြာင့် ကျန်သည့်ဝန်ထမ်းနှစ်ဦးလုံးကြောက်ရွံ့သွားကြတော့သည်။
“နင်တို့….” သူတို့နှစ်ဦးလုံး နောက်သို့ဆုတ်သွားကြကာ ထိုခေါင်းဆောင်အမျိုးသမီးအား ကြမ်းပေါ်မှပင် မထူရဲခဲ့ကြပေ။
ထိုအချိန်တွင်ပဲ သတိလစ်နေခဲ့သည့်အမျိုးသမီး ပြန်လည်သတိရလာခဲ့တော့သည်။
လူတိုင်း၏အာရုံမှာ ချက်ချင်းပင် သူမထံသိုပြန်လည်ရောက်ရှိသွားပြီး ကုနင်းကိုလဲ အံ့အားသင့်စွာဖြင့်ကြည့်လိုက်ကြသည်။ အချို့လူများသည်တော့ လူတစ်ဦးအချိန်တိုအတွင်း ပြန်လည်သတိရနိုင်ခြင်းသာ သာမာန်မဟုတ်သည့် ဖြစ်ရပ်မျိုးမဟုတ်သောကြောင့် ကုနင်းကံကောင်းသွားချင်းဟုသာ ထင်ကြလေသည်။ သို့ပေမည့် ဘာကြောင့်ပင်ဆိုဆို ထိုအမျိုးသမီး ပုံမှန်အတိုင်းပြန်ဖြစ်သွားသည်က သတင်းကောင်းပင်။
ထိုအမျိုးသမီးသည် ကိုယ်ခန္ဓာကြံ့ခိုင်မှုအားနည်းသောကြောင့် အားအင်ကုန်ခမ်းကာ သတိလစ်သွားလေ့ရှိသည်။ ထိုသို့ရုတ်တရက်သတိလစ်သွားတတ်ခြင်းသည် သေလောက်သည်အထိ မဆိုးရွားဘဲ ခနလောက်နားလိုက်လျှင်ပြန်ကောင်းသွားမည်ဖြစ်ပေမည့် ထိုသို့သတိလစ်နေချိန်အတွင်း မကောင်းတာတစ်ခုခုဖြစ်သွားလျှင်တော့ အန္တရာယ်များလှပေသည်။ ထို့အပြင် အကယ်၍များ သူမသတိလစ်နေတုန်း ကလေးကို ပြန်ပေးဆွဲသွားလျှင်? ထို့အတွက်ကြောင့် ကျန်းမာသည့် ကိုယ်ခန္ဓာပိုင်ဆိုင်ခြင်းထက် ဘယ်အရာကမှ ပို၍တန်ဖိုးမရှိပေ။
စက္ကန့်ပိုင်းအတွင်းတွင်ပဲ ထိုအမျိုးသမီး စိတ်ကြည်လင်လာခဲ့ကာ ချက်ချင်းထရပ်လိုက်ပြီး သူမ၏သားကို ချက်ချင်းပွေ့ဖက်လိုက်သည်။
“သားလေး၊ မငိုနဲ့တော့ ၊ မငိုနဲ့တော့၊ မေမေဘာမှမဖြစ်တော့ဘူး။”
အမေဖြစ်သူ ပြန်လည်သတိရလာပြီကိုမြင်တော့မှပဲ ထိုကောင်လေးလဲ အငိုရပ်သွားရတော့သည်။
***
အခန်း ၄၄၃
အင်အားကြီးသူသည်သာ ဘော့စ်
“ကောင်းပြီ၊ လေယာဉ်ပေါ်တက်ကြရအောင်!” ခရီးသည်အားလုံးနီးပါး လေယာဉ်ပေါ်တက်သွားကြပြီဖြစ်၍ ကုနင်းလဲပြောလိုက်သည်။
ကုနင်း၏အသံကိုကြားတော့မှ ထိုအမျိုးသမီးလဲ သူမ၏ပါးစပ်ထဲသို့ ဆေးလုံးထည့်ပေးကာ ကယ်တင်ပေးသူမှာ ကုနင်းဖြစ်မှန်းသတိထားမိသွားခဲ့သည်။ ထို့နောက် လေယာဉ်ပေါ်သို့တက်ရန်မသွားခင် ကုနင်းကို စိတ်ရင်းဖြင့် ကျေးဇူးတင်စကားပြောလိုက်သည်။
“နင်ကထွက်ပြေးချင်တယ်ပေါ့? စိတ်ကူးမနေနဲ့! သူတို့ကိုချက်ချင်းတားကြစမ်း!” ချောင်ဝမ်ရှင်း၏ ပစ်ပေါက်ခြင်းကို ခံလိုက်ရသည့် ခေါင်းဆောင်အမျိုးသမီးဝန်ထမ်းက သူမ၏နောက်လိုက်များကို အော်ဟစ်အမိန့်ပေးလိုက်သည်။ ထိုခေါင်းဆောင်ဆိုသည့် ရာထူးကြောင့် ကျန်နှစ်ယောက်လဲ သူမ၏အမိန့်ကို နာခံကြရတော့သည်။
“နင်တို့ကကော သူ့လိုထိခိုက်ချင်လို့လား?” ချောင်ဝမ်ရှင်း၏အေးစက်လှသည့် အသံကိုကြားသည်နှင့် ထိုဝန်ထမ်းနှစ်ဦး ချက်ချင်းပင်ရပ်တန့်သွားကြတော့သည်။
“သူတို့ကိုဖမ်းလေ!” ခေါင်းဆောင်အမျိုးသမီးဝန်ထမ်းမှာ ဒေါသထွက်လွန်း၍ ဆူဆဲမိတော့မတတ်ပင်။
“ဒီမှာ စုမနေကြပါနဲ့၊ သွားကြပါ!” ထိုအချိန်တွင်ပဲ စည်းကမ်း အမျိုးသားတစ်ယောက်၏ အသံတစ်သံကို ကြားလိုက်ရသည်။ လူတိုင်းလှည့်ကြည့်လိုက်ချိန်တွင်တော့ လေဆိပ်ဝန်ထမ်းများနှင့် ဆေးဝန်ထမ်များ အလောတကြီးလျှောက်လာနေသည်ကို တွေ့လိုက်ကြရသောကြောင့် ခရီးသည်အားလုံး သူတို့အတွက် လမ်းဖွင့်ပေးလိုက်ကြသည်။
ဦးဆောင်လာသည့်အမျိုးသားသည် အသက်၃၄နှစ်ဝန်းကျင်ရှိပြီဖြစ်ကာ ဤလေဆိပ်၏မန်နေဂျာပင်ဖြစ်သည်။
“အစ်ကိုဝမ်းကွဲ!” ချောင်ဝမ်ရှင်းရိုက်တာကိုခံခဲ့ရသည့် ခေါင်းဆောင်အမျိုးသမီးဝန်ထမ်းက ချက်ချင်းပင် တိုင်တန်းတော့သည်။
“အစ်ကိုဝမ်းကွဲ! သူတို့ကျွန်မကို တိုက်ခိုက်ကြတယ်။ အခုချက်ချင်း သူတို့ကို ဖမ်းပစ်!”
ထိုလေဆိပ်မန်နေဂျာဆိုသူသည် ထိုအမျိုးသမီး၏အကိုဝမ်းကွဲဖြစ်နေသောကြောင့် ထိုအမျိုးသမီးအခုလို မောက်မာကာ ရိုင်းစိုင်းနေရခြင်းဖြစ်ပေမည်။
ထိုစကားကိုကြားလိုက်ရသည်နှင့် လူတိုင်း ကုနင်းနှင့်ချောင်ဝမ်ရှင်းအားကြည့်လိုက်မိကာ သူမတို့တော့ ဒုက္ခရောက်ပြီဟုတွေးလိုက်မိကြသည်။ ဤလောကသည် အင်အားကြီးသူသာ ဘော့စ်ဖြစ်သောကြောင့်ပင်။
အမှန်ကိုပင် အင်အားကြီးသူသာ ဘော့စ်ဖြစ်ပေမည့် ထိုအင်အာကြီးသူသည် ကုနင်းနှင့် ချောင်ဝမ်ရှင်းတို့ဖြစ်နေခဲ့သည်။ ထို့ကြောင့် မန်နေဂျာက ခေါင်းဆောင်အမျိုးသမီးဝန်ထမ်းအားလျစ်လျူရှုကာ ချောင်ဝမ်ရှင်းကိုပဲ သွားရောက်နှုတ်ဆက်လိုက်သည်။
“တွေ့ရတာဝမ်းသာပါတယ်။ မိန်းကလေးချောင်! မိန်းကလေးတို့စီးမယ့် လေယာဉ်အမှတ်ကို ပြောပြလို့ရမလား?”
မန်နေဂျာ၏ ချောင်ဝမ်ရှင်းအပေါ်ထားသည့် အပြုအမူအရ မည်သူကအမှန်တကယ်အင်အားကြီးသူဖြစ်ကြောင်း လူအများနားလည်သွားကြတော့သည်။
“ဒီအစီးပဲ၊ ဒါပေမည့် တခြားခရီးသည်တွေအားလုံး လေယာဉ်ပေါ်ရောက်ကုန်ကြပြီ။” ချောင်ဝမ်ရှင်း ဝင်ပေါက်ကိုကြည့်ရင်းပြောလိုက်သည်။
“ကျွန်တော့်ကို ဝင်ပေါက်အထိ လိုက်ပို့ခွင့်ပြုပါ။” မန်နေဂျာဖြစ်သူက လက်ဟန်ခြေဟန်ဖြင့် ချောင်ဝမ်ရှင်းကို လေယာဉ်ပေါ်တက်လို့ရအောင်စီစဉ်ပေးရန်လဲ အချက်ပြလိုက်သည်။ သူမတို့အစောကဖြစ်ခဲ့သည့်ပြဿနာအကြောင်းကို တစ်ခွန်းမျှပင်မေးမသွားခဲ့ပေ။ ပုံစံအရ ချောင်ဝမ်ရှင်းအဆင်ပြေနေသ၍ သူ၏ညီမဝမ်းကွဲကို လုံးဝဂရုစိုက်မနေပေ။
“အစ်ကိုဝမ်းကွဲ!” ထိုအမျိုးသမီးမှာ လျစ်လျူရှုခံလိုက်ရသောကြောင့် အလွန်မကျေမနပ်ဖြစ်နေတော့သည်။
ချောင်ဝမ်ရှင်းနှင့်ကုနင်းတို့လဲ အလျင်လိုနေပြီဖြစ်၍ အစောက သားအမိနှင့်အတူ ချက်ချင်းထွက်ခွာသွားတော့သည်။ ထိုအမျိုးသမီးက ကုနင်း၏ကူညီပေးမှုကို အလွန်ကျေးဇူးတင်နေသောကြောင့် သူမတို့ချည်း အရင်လေယာဉ်ပေါ်မတက်နှင့်ဘဲ စောင့်ဆိုင်းပေးနေခဲ့ခြင်းဖြစ်လေသည်။
မန်နေဂျာက ကုနင်းတို့အား ဝင်ပေါက်အထိ လိုက်ပို့ပေးပြီးသွားချိန်တွင်တော့ သူ၏ညီမဝမ်းဝမ်းကွဲဖြစ်သူထံ စူးစူးစိုက်စိုက်ကြည့်လိုက်ကာ၊
“မင်းရဲ့လစာထုတ်ဖို့ ငါနဲ့ငွေစာရင်းဌာနကိုလိုက်ခဲ့။ နောက်နေ့ကစပြီး အလုပ်လာစရာမလိုတော့ဘူး!”
မန်နေဂျာသည် သူ၏ဝမ်းကွဲညီမဖြစ်သူက အမြဲတမ်း ပျင်းရိကာ အောက်ခြေလွတ်မောက်မာတတ်သောကြော်င့ အလုပ်ထုတ်ချင်နေခဲ့ခြင်းဖြစ်သည်။ ဒီကနေ့မတိုင်ခင်ကအထိ ပြဿနာကြီးကြီးမားမားမရှာခဲ့ခြင်းကြောင့် သူလဲ မျက်စိစုံမှိတ်သည်းခံထားခဲ့ခြင်းဖြစ်သည်။ သို့ပေမည့် အခုတော့ ဘယ်လိုမှဆက်ပြီး သည်းမခံနိုင်တော့ပေ။ ထို့အပြင် ဤဝမ်းကွဲညီမဆိုသူမှ သူ၏မိထွေးနှင့်ဆွေမျိုးတော်စပ်ခြင်းသာဖြစ်၍ သူနှင့်ဘာမှမပတ်သတ်ပေ။ အဖေဖြစ်သူကြောင့်သာမဟုတ်လျှင် သူမကို အစကတည်းက ဤနေရာတွင်အလုပ်ဝင်ခွင့်ပင် ပေးခဲ့မည်မဟုတ်ပေ။
“အစ်ကိုဝမ်းကွဲ” ထိုအမျိုးသမီးထိတ်လန့်စွာခေါ်လိုက်မိသွားတော့သည်။
ကုနင်းတို့ လေယာဉ်ပေါ်သို့တက်ပြီးချိန်တွင်တော့ တိုက်တိုက်ဆိုင်ဆိုင်ပင် သူတို့အားလုံး ခုံတစ်တန်းတည်းထိုင်ကြရလေသည်။ ချစ်စရာကောင်းသည့် ကောင်ငယ်လေးက သူ့မိခင်၏လက်မောင်းများကြားမှနေကာ ကုနင်းကို ဆက်တိုက်ချောင်းကြည့်လို့နေလေသည်။ ကုနင်းလဲ ထိုကောင်လေး၏ပုံစံကြောင့် ပြုံးလိုက်မိကာ၊
“ဘာလို့တစ်ချိန်လုံး အစ်မကို ကြည့်နေရတာလဲ?”
“မမကအရမ်းတော်လို့၊ မေမေ့ကို ဆေးတစ်လုံးတိုက်လိုက်တာနဲ့ ချက်ချင်းကို နေပြန်ကောင်းသွားတယ်။” ကောင်ငယ်လေးကပြန်ဖြေလိုက်သည်။
ကုနင်းရယ်ရုံသာ ရယ်လိုက်ပြီး ဘာမှပြန်မပြောခဲ့ပေ။
ထို့နောက် ကောင်လေးကပဲ ဆက်ပြီး၊
“သားအဘိုးကလဲနေမကောင်းဘူး။ အဘိုးကိုကော မမကူညီပေးနိုင်လား?”
ထိုစကားကိုကြားလိုက်ရတော့ လူကြီးများအံ့ဩသွားကြတော့သည်။ မိခင်ဖြစ်သူကလဲ နည်းငယ်နေရခက်သွားကာ ချက်ချင်းပြန်ရှင်းပြလာသည်။
“စိတ်ထဲမထားပါနဲ့၊ သူကကလေးပဲ ရှိသေးလို့ပါ။”
ကုနင်း၏ဆေးသောက်ပြီးသည်နှင့် သူမနိုးလာခဲ့ရသည်မှာ မှန်သော်လည်း သူမသည် အစကတည်းက အားနည်းသောကြောင့် သတိလစ်သွားခြင်းသာဖြစ်သည်။ သူမ၏ဖခင်သည်တော့ အခြေနေဆိုးဆိုးနေမကောင်းဖြစ်နေရသောကြောင့် ဆေးတစ်လုံးဖြင့်တော့ ကုသပေးနိုင်မည်မဟုတ်ပေ။
“သားရဲ့အဘိုးက ဘာရောဂါဖြစ်နေတာလဲ? အစ်မတစ်ခုခုများလုပ်ပေးနိုင်လောက်လား။” ကုနင်း ထိုသို့ချစ်စရာကောင်းသည့် ကလေးငယ်တစ်ဦး၏တောင်းဆိုချက်ကို မငြင်းလိုက်နိုင်ပေ။
ထိုစကားကိုကြားတော့ မိခင်ဖြစ်သူ၏မျက်ဝန်းများ လင်းလက်သွားပေမည့် မကြာခင်တွင်မှာပဲ ပုံမှန်အနေအထားပြန်ဖြစ်သွားခဲ့သည်။ သူမ၏ပုံစံအရ သူမ၏ဖခင်အတွက် မျှော်လင့်ချက်မရှိတော့သည့်ပုံပင်။
“ကျွန်မအဖေက လေဖြတ်နေတဲ့လူနာပါ။ အရင်တစ်ခေါက်တုန်းကတော့ ပြန်ကောင်းလာခဲ့ပေမယ့် အခုတော့ အောက်ပိုင်းတစ်ခုလုံးလေဖြတ်သွားပြီး သူ့အသက်ရှည်ဖို့အတွက် ဓါတုကုထုံးအပေါ်ပဲ မှီခိုနေရတော့မှာ။ ကျွန်မတို့လဲ ပြန်ကောင်းလာဖို့ မျှော်လင့်ချက်မရှိတော့မှန်းသိပါတယ်။” ထိုအကြောင်းတွေးမိလိုက်သည်နှင့် ဝမ်းနည်းသွားတော့သည်။
“ရှင့်အဖေက မြို့တော်မှာပဲလား?” ကုနင်းမေးကြည့်လိုက်သည်။
“ဟုတ်ပါတယ်။”
“ရှင်ကျွန်မကိုယုံတယ်ဆိုရင်၊ ရှင်သောက်ခဲ့ဖူးတဲ့ ကျွန်မဆေးကို ရှင့်အဖေကိုတိုက်ကြည့်လိုက်ပါ။ အမ်၊ အခုချိန် ရှင့်ကို ဆေးရဲ့သက်ရောက်မှုအကြောင်းပြောပြလိုက်ရင်တောင်မှ ရှင်ယုံမှာမဟုတ်ဘူး။ ဒါပေမယ့် သေချာပေါက် ဆိုးကျိုးကတော့မရှိပါဘူး။” ကုနင်းရှင်းပြလိုက်သည်။
“ရှင်စိုးရိမ်နေရင်တော့၊ ကျွန်မရဲ့ဖုန်းနံပါတ်ကိုကော မှတ်ပုံတင်ကိုပါ ဓါတ်ပုံရိုက်ယူထားလို့ရပါတယ်။ တစ်ခုခုဖြစ်သွားရင် ကျွန်မကိုလာရှာလို့ရတာပေါ့။”
“ကျွန်မယုံပါတယ်။”
ကောင်လေး၏မိခင်က သူမ၏ဖခင်ကို ကုနင်း၏ဆေးဖြင့် ကုသပေးနိုင်မည်ဟု မယုံကြည်သော်လည်း ဆိုးကျိုးမရှိသည်ကိုတော့ ယုံကြည်လေသည်။ သူမသည်လဲ ကုနင်း၏ဆေးကိုသောက်ပြီးနောက် ပြန်နိုးလာခြင်းဖြစ်ပြီး ကုနင်းက သူမ၏မှတ်ပုံတင်ကိုတောင်မှ ဓါတ်ပုံရိုက်ယူခိုင်းနေလေသည်။ ထို့အပြင် သူမ၏ဖခင်အတွက် အကူညီတစ်စုံတစ်ရာဖြစ်နိုင်ပါစေ အားလုံးကို စမ်းကြည့်ချင်လေသည်။
သူတို့သည် အခုမှပထမဆုံးအကြိမ်တွေ့ဖူးကြသည့် သူစိမ်းများဖြစ်သောကြောင့် ကုနင်းသည်လဲ သူမကို ယုံကြည်ဖို့ခက်ခဲကြောင်းနားလည်လေသည်။
“ဒီဆေးသုံးပုလင်းထဲမှ ဆေးတစ်လုံးစီပါတယ်။ ဒီဆေးက ရေနဲ့ထိတာနဲ့ကို အရည်ပျော်သွားတတ်တယ်။ သုံးရက်ခြားတစ်လုံးသောက်ပေးပြီး ဆေးသောက်ပြီးတိုင်း ရှင့်အဖေရဲ့အခြေအနေကို ဆရာဝန်နဲ့စမ်းသပ်ကြည့်လိုက်ပါ။”
***
အခန်း ၄၄၄
ကျန်းရှင်းယွမ်
“မိန်းကလေး၊ ကျေးဇူးအများကြီးတင်ပါတယ်။” မိခင်ဖြစ်သူက ကျေးဇူးတင်လိုက်သည်။ သူမတွင် မျှော်လင့်ချက်များများစားစားမရှိသော်လည်း လုပ်ဖို့ရန်ဆန္ဒရှိပေသည်။
အဆုံးတွင်တော့ သူမ ကုနင်း၏နာမည်နှင့်ဖုန်းနံပါတ်ကို သူမဖုန်းထဲတွင် မှတ်သားလိုက်ပေမည့် ကုနင်း၏မှတ်ပုံတင်ကိုတော့ ဓါတ်ပုံမရိုက်ယူခဲ့ပေ။ ဖုန်းနံပါတ်ကိုသိမ်းထားသည်က သူမ၏ဖခင်နေပြန်ကောင်းသွားခဲ့လျှင် ကုနင်းကိုကျေးဇူးတင်ဖို့ရန်သာဖြစ်ပြီး မတော်တဆတစ်ခုခုဖြစ်ခဲ့လျှင် ကုနင်းကို ပြဿနာရှာလို၍မဟုတ်ပေ။
စကားအတော်အတန်ပြောပြီးသွားသည့်နောက်တွင်တော့ ထိုကောင်လေး၏မိခင်ဖြစ်သူ၏ အမည်မှာ ကျန်းရှင်းယွမ်ဖြစ်ကြောင်းသိလိုက်ရသည်။ သူမသည် မြို့တော်တွင်နေထိုင်သူဖြစ်ပြီး သူမ၏သားသည်က ကျန်းကျိန်းဖြစ်ပေသည်။ ကျန်းရှင်းယွမ်၏အမျိုးသားသည် သူမကိုယ်ဝန်ရှိနေချိန်တွင် ကားမတော်တဆမှုဖြင့် သေဆုံးသွားခဲ့ခြင်းကြောင့် တစ်ကိုယ်တော်အမေဖြစ်ခဲ့ရပေမည့် သူမယောက္ခမ၏နှင်ထုတ်ခြင်းကို ခံခဲ့ရသည်။
သူမနှင့်သူမ၏ခင်ပွန်းမှာ အလွန်ချစ်ခင်ခဲ့ကြခြင်းကြောင့် ကလေးကို ဖြတ်ချဖို့ရန် ငြင်းဆိုခဲ့လေသည်။ အစပိုင်းတွင်တော့ သူမသည် ငယ်ရွယ်သေးကာ တစ်ကိုယ်တော်မိခင်အဖြစ်နေလျှင် သူမ၏ဘဝလဲ ခက်ခဲကြမ်းတမ်းမည်ဖြစ်၍ သူမမိဘများက အလွန်ဒေါသထွက်ခဲ့ကြလေသည်။ သို့ပေမည့် သူမက အတင်းအကျပ် ကလေးကိုမွေးဖို့ရန်ကြိုးစားနေသောကြောင့် မိဘများလဲ နောက်ဆုံးတွင် လက်ခံပေးလိုက်ကြရတော့သည်။ သူမမိဘများက သားလေးကို ထိန်းကူပေးနေကြချိန် သူမသည်ကတော့ အပြင်တွင် အလုပ်ကြိုးစားလုပ်ရင်း ငွေကိုကြိုးပမ်းရှာဖွေခဲ့သည်။
သူမတို့မိသားစုသည် မဆင်းရဲသော်လည်း သူမ၏မိဘနှစ်ပါးလုံးသည် ပင်စင်ယူထားသည့် ကျောင်းဆရာများဖြစ်ကာ သူမ၏လစာသည်လဲ ယွမ်၁သောင်းကျော်ရပေမည့် သူမဖခင်၏ဆေးဖိုးဝါးခကို ပေးနိုင်ဖို့ပင် မနည်းကြိုးစားနေရလေသည်။ ယခု Bမြို့သို့သွားသည်ကလဲ သူမအစ်ကိုကြီးတို့ လင်မယားထံသို့သွားခြင်းဖြစ်သည်။ သူတို့ထံမှ ငွေချေးချင်သော်လည်း သူတို့ကတော့ သူမကိုတွေ့ဖို့ရန်ပင် ငြင်းဆန်လိုက်လေသည်။
သူမအစ်ကိုကြီးတို့လင်မယားသည် သူမခင်ပွန်းဆုံးသွားပြီးနောက် ကလေးမွေးရန်အတင်းခေါင်းမာခဲ့ကတည်းက စိတ်ဆိုးသွားကြခြင်းဖြစ်ကာ မိဘနှစ်ပါးကို စောင့်ရှောက်ဖို့ရန်လဲ ငြင်းဆိုခဲ့လေသည်။
ထိုအကြောင်းပြောရင်းဖြင့် သူမအစ်ကိုတို့မိသားစု ယခုနေနေသည့် အိမ်မှာလဲ သူတို့နှင့်လုံးဝမဆိုင်တော့ကြောင်းပါ တွေးမိသွားသောကြောင့် သူမစိတ်ပျက်စွာပြုံးလိုက်မိသည်။ လွန်ခဲ့သည့်သုံးနှစ်က သူမအစ်ကိုသည် စီးပွားရေးလုပ်ရင်း ငွေအမြောက်အမြားဆုံးရှုံးခဲ့သောကြောင့် သူတို့မိဘများက တိုက်ခန်းကိုရောင်းကာ သူမအစ်ကို၏အကြွေးများကို ဆပ်ပေးခဲ့သည်။ ဝယ်လိုက်သည့်လူကနေပဲ ထိုတိုက်ခန်းကို သူမအစ်ကိုကြီးထံသို့ပြန်ငှားလိုက်ခြင်းဖြစ်ပေမည့် ငှားရမ်းခကိုတော့ဖြင့် သူမနှင့် သူမမိဘများကသာ ပေးခဲ့ရလေသည်။ သို့ပေမည့် သူမအစ်ကိုတို့မိသားစုကတော့ သူမတို့၏ရှင်းပြချက်ကိုရော အမှန်တရားကိုမယုံကြည်ဘဲ သူတို့ကို လိမ်ညာနေသည်ဟုသာ ထင်ကြလေသည်။
ထိုစကားများကိုကြားရတော့ ကုနင်းနှင့်ချောင်ဝမ်ရှင်းသည်လဲ ကျန်းရှင်းယွမ်အပေါ်သနားမိသွားကာ အရှက်မဲ့လွန်းသည့် ကျန်းရှင်းယွမ်၏အစ်ကိုမိသားစုကိုသာ အပြစ်တင်မိလေသည်။
ကံကောင်းစွာဖြင့် ကုနင်း၏ဆေးကြောင့် ကျန်းရှင်းယွမ်၏ဖခင်မှာ မကြာခင်မှာပဲ ပြန်လည်ကောင်းမွန်လာမည်ဖြစ်ပြီး သူမအဖေကျန်းမာရေးပြန်ကောင်းသည်နှင့် ကျန်းရှင်းယွမ်၏ဘဝလုံး ပိုမိုကောင်းမွန်သွားရန် ကုနင်းလဲ မျှော်လင့်မိလေသည်။
ကုနင်းနှင့်ချောင်ဝမ်ရှင်းတို့ လေယာဉ်ထွက်သွားပြီးမကြာခင်တွင်ပဲ ထန်ယွင်ဖန်းလဲ လေဆိပ်သို့ရောက်လာခဲ့သည်။ ထန်ယွင်ဖန်းတစ်ယောက်တည်းသာ လာခဲ့ခြင်းဖြစ်ပြီး အတွင်းရေးမှူးကိုတော့ဖြင့် လုပ်ငန်းကိစ္စများစီမံရန် ကုမ္ပဏီတွင်ထားခဲ့လေသည်။ ထန်ယွင်ဖန်း Dမြို့သို့သွားကာ ပျောက်ဆုံးသွားသည့် မှတ်ဉာဏ်များကို ပြန်လည်ရှာဖွေမည်ဖြစ်သည်။ ကြားထဲတွင်လဲ မတော်တဆထပ်မဖြစ်နိုင်ပါဘူးဟုမပြောနိုင်သောကြောင့် သူကိုယ်တိုင်လဲ မစောင့်နိုင်တော့သလို ကုနင်းနှင့်ကုမန့်ကိုလဲ ထပ်ပြီးမစောင့်ခိုင်းချင်တော့ပေ။
မြို့တော်လေဆိပ်၏ထွက်ပေါက်တွင်တော့ အရပ်ရှည်ကာ အလွန်ချောမောသည့် အမျိုးသားတစ်ဦးရပ်နေခဲ့သည်။ ပုံမှန်သာဝတ်ဆင်ထားခြင်းဖြစ်သော်လည်း ထိုလူငယ်ကို လျစ်လျူရှုဖို့ရန်မှာ ခဲယဉ်းလှပေသည်။ သူလေဆိပ်ထဲသို့ ဝင်လာသည့်အချိန်တွင်တော့ လူအများ အထူးသဖြင့် အမျိုးသမီးများအားလုံး ဆွဲဆောင်ခြင်းခံလိုက်ရတော့သည်။ အချို့ကတော့ ထိုလူငယ်ထံချဉ်းကပ်ချင်ကြပေမည့် သူ့ပုံစံမှာ အေးစက်ကာ ဘယ်သူနှင့်မှ စကားပြောချင်ဟန်မပေါက်သောကြောင့် ဘယ်သူမှသူ့နားမကပ်ရဲတော့ပေ။
သို့ပေမည့် အတော်ရဲသည့်အမျိုးသမီးတစ်ဦးကတော့ ကြိုးစားကြည့်လေသည်။ သူမသည်အလွန်လှပကာ ၂၅နှစ်သာဝန်းကျင်ရှိပြီဖြစ်သည်။ သူမ၏ပုံစံက အေးဆေးကာ ယုံကြည်ချက်အပြည့်ရှိနေသော်လည်း သူမနှလုံးသားသည်တော့ စိတ်လှုပ်ရှားလွန်း၍ ခုန်ပေါက်နေခဲ့သည်။ သူမ လင်ရှောင်းထင်အနားသို့ရောက်ဖို့ ၂မီတာလောက်အကြွာတွင်တော့ လင်ရှောင်းထင်က သူမကို အေးစက်စွာကြည့်လိုက်၍ သူမအလွန်ကြောက်ရွံ့သွားကာ အနားပင်မကပ်ရဲဖြစ်သွားသည်။ သူမ လင်ရှောင်းထင်ကို အနည်းငယ်ကြောက်ရွံ့မိသွားသည်မှန်သော်လည်း လက်တော့မလျှော့ချင်သေးပေ။ ထို့ကြောင့် အသက်ပြင်းပြင်းရှူလိုက်ကာ လင်ရှောင်းထင်ကို စကားစပြောလိုက်သည်။
“ဟိုင်း၊ ရှင်တစ်ယောက်ယောက်ကိုစောင့်နေတာလား?”
လင်ရှောင်းထင်သည်တော့ သူမကိုလုံးဝလျစ်လျူရှုထားကာ သူ့လမ်းသူဆက်သွားခဲ့သောကြောင့် ထိုမိန်းကလေးလဲ ရှက်ရွံ့ကာ မြန်မြန်ဆန်ဆန်ပြန်ထွက်သွားတော့သည်။
ထိုသို့လှပသည့် မိန်းကလေးတစ်ယောက်တောင်မှ လင်ရှောင်းထင်၏လျစ်လျူရှုခြင်းကို ခံလိုက်ရသောကြောင့် မည်သူမှထပ်မကြိုးစားကြည့်ရဲကြတော့ပေ။
ကုနင်းတို့ကတော့ ၁နာရီကြာပြီးနောက် လေယာဉ်ဆင်းသက်ခဲ့ကာ သူမတို့၏ခရီးဆောင်အိတ်များကို ရွေးယူပြီး ထွက်လာခဲ့ကြသည်။
ကျန်းရှင်းယွမ်က သူမကလေးကို ချီထားရသောကြောင့် ချောင်ဝမ်ရှင်းကပဲ သူမ၏ခရီးဆောင်အိတ်ကို ကူသယ်ပေးလိုက်သည်။ သူမတို့ လေဆိပ်မှထွက်လာကြချိန်တွင်တော့ ကုနင်းနှင့်လင်ရှောင်းထင်သည် တစ်ချက်လောက်ရှာယုံဖြင့် ချက်ချင်းတွေ့သွားကြတော့သည်။
ချောင်ဝမ်ရှင်းနှင့်ကျန်းရှင်းယွမ်တို့နှစ်ယောက်လုံးလဲ လင်ရှောင်းထင်ကိုမြင်လိုက်သည်နှင့် မှင်သက်နေတော့သည်။ အရမ်းကိုချောတဲ့ကောင်လေးတစ်ယောက်က သူတို့ဆီကိုလျှောက်လာနေတာပဲ! မဟုတ်သေးဘူး၊ ကုနင်းဆီကိုလာနေတာပဲ။ ချောင်ဝမ်ရှင်းလဲ ထိုတော့မှ ထိုလူငယ်သည် ကုနင်း၏ရည်းစားဖြစ်မှန်း သိလိုက်တော့သည်။
“ရှင်စောင့်ရတာ ကြာသွားပြီလား?” ကုနင်းပြုံးကာ မေးလိုက်သည်။
လင်ရှောင်းထင် ကုနင်းကိုကြည့်ပြီး ခပ်ဖွဖွပြုံးပြလိုက်ကာ၊
“သိပ်မကြာပါဘူး။ ခရီးကဘယ်လိုလဲ?” လင်ရှောင်းထင် ချက်ချင်းပင် ကုနင်း၏ခရီးဆောင်အိတ်ကို လက်လွှဲယူလိုက်သည်။
“မဆိုးလှပါဘူး။”
“အိုး၊ ကျွန်မမိတ်ဆက်ပေးရဦးမှာပဲ။ ရှောင်းထင်၊ သူကအဘိုးထန်ရဲ့မြေး ချောင်ဝမ်ရှင်း၊ ဝမ်ရှင်း သူကတော့ ငါ့ရည်းစား လင်ရှောင်းထင်။” ကုနင်း ချောင်ဝမ်ရှင်းနှင့်မိတ်ဆက်ပေးလိုက်သည်။
“မင်္ဂလာပါ။” လင်ရှောင်းထင် ပုံမှန်သာပြန်ဖြေလိုက်သည်။
“မင်္ဂလာပါ။” ချောင်ဝမ်ရှင်းသည်တော့ ထိုအမျိုးသားတွင် သဘာဝအလျောက် ကြီးမြတ်မှုနှင့်အင်အားကြီးသည့် အရှိန်အဝါများ ဖြာထွက်နေသည်ဟု ခံစားရသောကြောင့် စိတ်လှုပ်ရှားလို့နေသည်။ သူ၏ပုံစံမှာ အာဏာကြီးသည့် နောက်ခံရှိပုံရပေသည်။ ထို့အပြင် သူသည် အခြားလူများကို လွယ်လွယ်နှင့်အနားကပ်လို့မရစေနိုင်သည့် အရှိန်အဝါလဲရှိနေခဲ့သည်။
ကုနင်း၏ရည်းစားမှာ သာမာန်စစ်တပ်အရာရှိတစ်ဦးတော့မဖြစ်နိုင်ပေ။ သူက မြို့တော်မှအလွန်ချမ်းသာကာ အာဏာရှိသည့်မိသားစုတစ်ခုမှ သခင်လေးများဖြစ်နေနိုင်မလား? ချောင်ဝမ်ရှင်း အံ့အားသင့်သွားရသည်။ သို့ပေမည့် မြို့တော်တွင် မျိုးရိုးနာမည်လင်ရှိသည့် မိသားစုမှာ ထိပ်တန်းလင်မိသားစုတစ်စုသာရှိလေသည်။
ထိုသို့တွေးလိုက်မိပြီးနောက် ချောင်ဝမ်ရှင်းထိတ်လန့်အံ့ဩသွားရပြန်သည်။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ချောင်ဝမ်ရှင်းမယုံမိပေ။ ထို့သို့တွေးခြင်းက ကုနင်းကို လင်မိသားစုနှင့်မလိုက်ဖက်ဟု ထင်မိခြင်းကြောင့်မဟုတ်ဘဲ မဖြစ်နိုင်ဟု ထင်မိခြင်းကြောင့်မျှသာဖြစ်လေသည်။ မြို့တော်၏နာမည်ကျော်လင်မိသားစုဆိုသည်မှာ သူမတွေးနိုင်သည်ထက်ပင် ပို၍အင်အားကြီးလွန်းလှသည့်မိသားစုဖြစ်သည်။
တခြားလင်မိသားစုတစ်ခုခုလဲရှိနိုင်သေးတာပဲ။ လင်ဟူသည့်မိသားစုနာမည်သည် သာမာန်မဟုတ်ခြင်းမျိုးမဟုတ်ပေ။ ထန်နှင့်ချောင်မိသားစုနာမည်မျိုး အခြားမှာလဲ ရှိသလိုပင်။ ထိုစက္ကန့်ပိုင်းလေးအတွင်း ချောင်ဝမ်ရှင်းအတွေးများစွာဖြင့် ယောက်ယက်ခက်သွားသည်။
“ဒါကတော့ ကျန်းရှင်းယွမ်၊ သူနဲ့ကတော့ အခုမှဆုံးဖူးတာ။” ကုနင်း ကျန်းရှင်းယွမ်နှင့်ပါ လင်ရှောင်းထင်ကို မိတ်ဆက်ပေးလိုက်သည်။
“တွေ့ရတာဝမ်းသာပါတယ်၊ လူကြီးမင်းလင်။” ကျန်းရှင်းယွမ် လင်ရှောင်းထင်ကို လေးစားမှုအပြည့်ဖြင့်နှုတ်ဆက်လိုက်သည်။ သူမ၏ပုံစံက အရေးကြီးသည့်ပုဂ္ဂိုလ်တစ်ဦးအား နှုတ်ဆက်နေသည့် သာမာန်ပြည်သူလေးတစ်ယောက်ကဲ့သို့ပင်။
ကျန်းရှင်းယွမ်တွင် ဘဝအတွေ့အကြုံအများကြီးရှိသောကြောင့် ဤလူသည်သေချာပေါက် အာဏာကြီးကာ ချမ်းသာသည့်မိသားစုကဖြစ်မှန်း ခန့်မှန်းမိလေသည်။
လင်ရှောင်းထင်လဲ သူမကိုပြန်နှုတ်ဆက်ခဲ့သည်။
“မိန်းကလေးကျန်း၊ ကျွန်မတို့ရှင့်ကိုဆေးရုံလိုက်ပို့ပါရစေ။” ကုနင်းပြောလိုက်သည်။
“အိုး၊ ရပါတယ်၊ ကျေးဇူးပါ။ ကျွန်မဘာသာ တက္ကစီငှားသွားလိုက်ပါ့မယ်။” မြို့တော်သည် အလွန်ကြီးမားကာ တစ်နေရာမှတစ်နေရာသို့ရောက်ရန် အလွန်ကြာသောကြောင့် ကုနင်းတို့ကို သူမကြောင့် အနှောက်အယှက်မဖြစ်စေလိုပေ။
“ရပါတယ်။ ကျွန်မတို့လဲ ဟွမ်းဒင်ဟိုတယ်ကိုသွားမှာဆိုတော့ ဆေးရုံနဲ့နီးတယ်။ မိန်းကလေးကျန်းသာအဆင်ပြေရင် တခါတည်းပို့ပေးလို့ရပါတယ်။” ကုနင်းပြန်ပြောလိုက်သည်။
***
အခန်း ၄၄၅
ကိုလိန်းဆေးဝါးထုတ်လုပ်ရေးစက်ရုံ
“ဒီလိုဆိုလဲ၊”
“သွားရအောင်ပါ။” ချောင်ဝမ်ရှင်း ဆက်ပင်ပြောမနေတော့ဘဲ ကျန်းရှင်းယွမ်၏ခရီးဆောင်အိတ်ကို ဆွဲကာ ထွက်လာလိုက်တော့သည်။
“ကျေးဇူးအများကြီးတင်ပါတယ်။” ကျန်းရှင်းယွမ်လဲ အဆုံးတွင်တော့ လက်ခံလိုက်ရသည်။
ချောင်ဝမ်ရှင်းသည် အမြဲတမ်းစကားများလေ့ရှိပေမည့် အခုချိန်တွင်တော့ အလွန်တိတ်ဆိတ်နေကာ စကားတစ်ခွန်းပင် မပြောတော့ပေ။
အကြောင်းကတော့ လင်ရှောင်းထင်ကြောင့်ပင် ထိုအမျိုးသားကလဲ ဘာမှမပြောဘဲ ကားကိုသာတိတ်တဆိတ်မောင်းနေခဲ့ခြင်းဖြစ်ပေမည့် သူမကတော့ ထိုအတိုင်းကိုပင် စိတ်မသက်မသာခံစားနေရသည်။ လင်ရှောင်းထင်ကလဲ သူ၏အေးစက်သည့်စရိုက်ကို အတတ်နိုင်ဆုံး ထိန်းချုပ်နေခဲ့သည်။ သို့ပေမည့် ချောင်ဝမ်ရှင်းအတွက်ကတော့ သူနှင့်ကားတစ်စီးတည်းတွင် အတူရှိနေရခြင်းကို စိတ်မသက်မသာဖြစ်နေရစဲပင်။ လင်ရှောင်းထင်၏နဂိုရှိပြီးသား အရှိန်အဝါသည် ဘယ်လိုလုပ်လုပ် ပျောက်ပျက်မသွားနိုင်ပေ။ ကျန်းရှင်းယွမ်သည်လဲ မသက်မသာခံစားနေရပေမည့် သူမလဲ ဘာမှမပြောခဲ့ပေ။
ယခုလိုကားတစ်စီးလုံး တိတ်ဆိတ်နေခြင်းက အရမ်းထူးဆန်းသလိုခံစားနေရသောကြောင့် ကုနင်းလဲ စကားစရှာကာ ပြောရတော့သည်။
“ဝမ်ရှင်း၊ ငါတို့ဟိုတယ်ရောက်လို့နေလည်စာစားပြီးသွားရင် ငါကိစ္စတစ်ခုသွားလုပ်နေတုန်း နင်နားနေခဲ့လိုက်လေ။ ပြီးတော့မှ ညကျရင် အတူတူအပြင်ပြန်ထွက်ကြတာပေါ့။” အများကြီးထုတ်ဖော်ပြောဆိုခြင်းမပြုသည်က ပို၍ကောင်းမည်ဟုတွေးမိသောကြောင့် ကုနင်း သူမဘာသွားလုပ်မလဲဆိုသည်ကိုတော့ ချောင်ဝမ်ရှင်းအားမပြောပြပေ။
“ကောင်းပြီလေ၊” ချောင်ဝမ်ရှင်း သဘောတူလိုက်သည်။
နာရီဝက်အကြာတွင်တော့ သူတို့ဆေးရုံသို့ရောက်ရှိလာခဲ့ကာ ကျန်းရှင်းယွမ်က ကုနင်းတို့ကို ထပ်မံကျေးဇူးတင်စကားပြောရင်းဖြင့် နှုတ်ဆက်လိုက်သည်။ ထို့နောက် သူမတို့ မြို့ထဲရှိဟွမ်းဒင်ဟိုတယ်သို့ဆက်ထွက်လာခဲ့သည်။ ချောင်ဝမ်ရှင်းတွင် ဘလက်ခ်ကဒ်ရှိသောကြောင့် သူမတို့သုံးစွဲသမျှ အရာရာတိုင်းအတွက် အလကားသာဖြစ်ပေသည်။
ကုနင်း သူမ၏ခရီးဆောင်အိတ်ကိုထားရန်အတွက် ကုနင်းနှင့်အတူ အပေါ်ထပ်သို့တက်သွားပြီး လင်ရှောင်းထင်ကတော့ သူမတို့ကို သီးသန့်ခန်းတစ်ခန်းတွင် စောင့်နေခဲ့သည်။
လင်ရှောင်းထင်မရှိတော့သည့်အချိန်တွင်မှ ချောင်ဝမ်ရှင်း စိတ်ပေါ့ပါးသွားကာ မကျေနပ်စကားများပြောတော့သည်။
“နင်းနင်း၊ နင့်ရည်းစားကလဲ ကြောက်စရာကောင်းလိုက်တာ၊ သူ့ပုံစံက အေးစက်စက်နဲ့၊ ငါစကားတစ်ခွန်းတောင် မပြောရဲဘူး။”
“ဟ-ဟ၊ ဟုတ်တယ်၊ သူကနည်းနည်းအေးစက်စက်နိုင်ပေမယ့် ကြင်နာတတ်ပါတယ်။ ဒီတိုင်း စကားအများကြီးမပြောရုံပါ။ နင်သာသူ့ကို စိတ်အနှောက်အယှက်ဖြစ်အောင်မလုပ်သ၍ သူကဖော်ရွေတက်ပါတယ်။” ကုနင်းပြောလိုက်သည်။
ထိုစကားကိုကြားတော့မှ ချောင်ဝမ်ရှင်းစိတ်အေးသွားရတော့သည်။
“ဒါနဲ့၊ နင့်ချစ်သူကော နင်ငါတို့အဘိုးရဲ့မြေးဖြစ်သွားပြီဆိုတာ သိပြီးပြီလား?” ချောင်ဝမ်ရှင်းမေးလိုက်သည်။
“သိပြီးပြီ။”
နေ့လည်စာစားချိန်တွင်တော့ ချောင်ဝမ်ရှင်းဆက်ပြီး တိတ်ဆိတ်မနေတော့ပေမည့် အနည်းငယ်စိတ်လှုပ်ရှားလို့နေသေးသည်။ ကံကောင်းစွာဖြင့် လင်ရှောင်းထင်ကိုတော့ စကားစပြောရဲသွားပေပြီ။
“မတ်လေး၊ နင်းနင်းပြောတာတော့ ရှင်က စစ်တပ်အရာရှိဆို။ ကြည်းတပ် ဒါမှမဟုတ် နယ်မြေစစ်တပ်မှာ တာဝန်ထမ်းဆောင်ရတာလား?” ချောင်ဝမ်ရှင်းမေးလိုက်သည်။
ချောင်ဝမ်ရှင်း၏ ‘မတ်လေး’ ဟူသော အခေါ်အဝေါ်ကြောင့် လင်ရှောင်းထင် ကျေနပ်သွားခဲ့ကာ၊
“မဟုတ်ဘူး။ ကျွန်တော်က ပင်မတပ်မှာ တာဝန်ထမ်းဆောင်တာပါ။”
ချောင်ဝမ်ရှင်း အလွန်အံ့အားသင့်ထိတ်လန့်သွားရသည်။ ပင်မတပ်သည် ကြည်းတပ်နှင့်နယ်မြေတပ်များ၏ အထက်အဆင့်တွင်တည်ရှိလေသည်။ ပင်မတပ်မှ အရာရှိအားလုံးသည် အဆင့်မြင့်ကာ အနိမ့်ဆုံးသည်ပင် ဗိုလ်မှူးအဆင့်ရှိလေသည်။ ထို့သို့ အဆင့်အတန်းမြင့်ရုံတင်မကဘဲ တပ်မမှဗိုလ်မှူးတစ်ယောက်သည် ကြည်းတပ်မှ ဒုတိယဗိုလ်မှူးကြီးတစ်ဦးထက်ပင် ပို၍ အာဏာရှိလေသည်။
“အမ်၊ ရှင်ကဘယ်အဆင့်လဲဆိုတာကော သိခွင့်ရှိမလား?” ချောင်ဝမ်ရှင်းထပ်မေးလိုက်သည်။
လင်ရှောင်းထင်က အသက်ငယ်သေးသောကြောင့် ဗိုလ်မှူးတစ်ယောက်မဟုတ်လျှင် ဗိုလ်မှူးကြီးတစ်ယောက်သာဖြစ်မည်ဟု ချောင်ဝမ်ရှင်းခန့်မှန်းမိသော်လည်း သူကိုယ်တိုင်ပြောသည်ကိုလဲ သိချင်လို့နေသေးသည်။ လင်ရှောင်းထင် ဗိုလ်မှူးတစ်ယောက် သို့မဟုတ် ဗိုလ်မှူးကြီးတစ်ယောက်သာဖြစ်ပါစေ ကိစ္စမရှိပေ။ အခုလို၂၅နှစ်ဝန်းကျင်အရွယ်လောက်ဖြင့် ဗိုလ်မှူးဖြစ်နေခြင်းမှာ တွေ့ရခဲလှသောကြောင့် ဤမျှအသက်ငယ်ငယ်လေးနှင့် ထိုရာထူးပိုင်ဆိုင်နေခြင်းကပင် အလွန်ထူးချွန်လွန်းနေပြီဖြစ်သည်။
“ဗိုလ်ချုပ်ကြီးပါ။” လင်ရှောင်းထင် အေးဆေးစွာပြန်ဖြေလိုက်သည်။
“ဘာ?” ချောင်ဝမ်ရှင်း ဤတစ်ခေါက်တော့ အလွန်ထိတ်လန့်လွန်း၍ သူမအမှန်တကယ်ကြားလိုက်ရခြင်းကို မယုံကြည်နိုင်တော့ပေ။ ဗိုလ်ချုပ်! သူမ၏ဖခင်တောင် စစ်ထဲတွင် ဆယ်နှစ်ကျော်တာဝန်ထမ်းဆောင်ခဲ့တာတောင်မှ အကြီးတန်းဗိုလ်မှူးကြီးအဆင့်သာရောက်သေးလေသည်။ အကြီးတန်းဗိုလ်မှူးကြီးဟူသည့် ရာထူးသည် အဆင့်မနိမ့်သော်လည်း ဗိုလ်ချုပ်ကြီးနှင့်တော့ လုံးဝမယှဉ်နိုင်ပေ။ အကြီးတန်းဗိုလ်မှူးကြီးနှင့် ဗိုလ်ချုပ်ကြီးရာထူးသည် အဆင့်တစ်ဆင့်သာကွာခြားခြင်းဖြစ်သော်လည်း ကွာခြားချက်ချင်းကတော့ဖြင့် အလွန်ကြီးမားလှသည်။
လင်ရှောင်းထင်ကတော့ ချောင်ဝမ်ရှင်း၏အံ့ဩထိတ်လန့်နေမှုကို လျစ်လျူရှုကာ ကုနင်းကိုသာ အစားများများပိုစားရန် တိုက်တွန်းနေသည်၊
“မင်းအရမ်းပိတ်သွားတယ်။ ဝိတ်နည်းနည်းပြန်တက်အောင်လုပ်ဦး။”
ကုနင်းအားတင်း၍သာပြုံးလိုက်ပြီး ဘာပြန်ပြောရမလဲတော့ မသိခဲ့ပေ။ အမှန်တော့ သူမအများကြီးစားပေမည့် ဝိတ်ကမတက်လာခဲ့ရုံသာဖြစ်သည်။ ချောင်ဝမ်ရှင်းအတွက် ထိုမျှထိတ်လန့်စရာသတင်းကြီးကိုကြားပြီးလျှင် လက်ခံနိုင်ဖို့အချိန်တစ်ခုတော့ ယူရမည်မှန်း ကုနင်းနားလည်သောကြောင့် သူမလဲ ချောင်ဝမ်ရှင်းကို လျစ်လျူရှုထားလိုက်သည်။
ချောင်ဝမ်ရှင်းသည်တော့ ကုနင်းနှင့်လင်ရှောင်းထင်တို့နှင့်အတူ နေ့လည်စာစားနေစဉ်တစ်လျှောက်လုံး စိတ်မငြိမ်သက်ဖြစ်နေရသည်။ ပထမတော့ လင်ရှောင်းထင်၏ရာထူးကို ကြားရပြီး အလွန်ထိတ်လန့်သွားခဲ့ရကာ နောက်တွင်တော့ သူမရှေ့တွင် အချစ်ငှက်နှစ်ကောင်ရှိနေခြင်းကြောင့် အထီးကျန်သလိုခံစားသွားရသည်။ ထိုတခနတွင်ပဲ သူမလဲ ချစ်သူတစ်ယောက်လောက် အရမ်းလိုချင်သွားတော့သည်။
နေ့လည်စာစားပြီးနောက် ကုနင်းနှင့်လင်ရှောင်းထင်က အပြင်ထွက်သွားကာ ချောင်ဝမ်ရှင်းသည်လဲ မြို့တော်ရှိ သူမ၏သူငယ်ချင်းရှိရာသို့ သွားရောက်လညပတ်ခဲ့သည်။
ကုနင်းသည် ကိုလိန်းအမည်ရှိ ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ ကိစ္စဆွေးနွေးဖို့ရန်သွားခြင်းဖြစ်ကာ ဤဆေးဝါးကုမ္ပဏီသည် အလယ်အလတ်အရွယ်အစားရှိကာ မြို့တော်လိုနေရာမျိုးတွင်
ယွမ်သန်း၃၀ဖြင့်ရရှိထားခြင်းဖြစ်သည်။ ဤလုပ်ငန်းတွင် တရုတ်ဆေးဝါးမူပိုင်ခွင့်၊ ဓါတုဓါတ်ခွဲမှု၊ ပဋိဇီဝဆေး၊ ဓါတုဆေးဝါးများ၊ ဓါတ်တုဆေးဝါးထုတ်လုပ်ခွင့်(ကာကွယ်ဆေးများမှုလွဲ၍)၊ ဆေးဘက်ဆိုင်ရာသုံးပစ္စည်းများ၊ ကျန်းမာရေးအတွက်အစားအစာများ၊ ထုတ်ပိုးထားသည့်အစားအသောက်များ၊ အခြားအသုံးအဆောင်ပစ္စည်းများနှင့်၊ အလှကုန်ပစ္စည်းများအတွက် ထုတ်လုပ်ခွင့်များ ပါဝင်လေသည်။
ဤကိုလိန်းဆေးဝါးထုတ်လုပ်သည့်ကုမ္ပဏီ ဒေဝါလီခံရလုနီးပါးဖြစ်ရခြင်းသည် ရောင်းအားကျလွန်း၍မဟုတ်ဘဲ စီးပွားရေးပြိုင်ဆိုင်မှုများကြောင့်သာဖြစ်လေသည်။
ကေ ကုနင်းကို ပေးခဲ့သည့်အချက်အလက်များအရ ကိုလိန်းဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ၏ဆေးဝါးများ၏ အရည်အသွးနှင့် ရောင်းအားသည် ကောင်းမွန်ပြီး ဥက္ကဌဖြစ်သည့် နဉ်ချန်ခိုင်သည်လဲ ဖြောင့်မတ်သူတစ်ယောက်ဖြစ်လေသည်။ သို့ပေမည့် ကုမ္ပဏီ၏ရောင်းအားကောင်းမှုကို အခြားသော စီးပွားရေးပြိုင်ဘက်များက မနာလိုဖြစ်သောကြောင့် ကိုလိန်းကို အရာရှိများ၏အကူအညီဖြင့် ဒုက္ခရောက်အောင်လုပ်ခဲ့ကြသည်။
ကိုလိန်းဘက်က သူတို့၏ဆေးဝါးပစ္စည်းများကို စစ်ဆေးဖို့ရန်ပေးပို့ခဲ့ပေမည့် ဘယ်တော့မှခွင့်ပြုချက်မရခဲ့ပေ။ ထို့အတွက်ကြောင့် သူတို့၏ဆေးဝါးများကို ဈေးကွက်အတွင်းသို့ရောက်အောင် မပို့ပေးနိုင်ခဲ့ဘဲ သူတို့နှင့် ဆေးဝါးတင်ပို့ရန် သဘောတူထားသည့် ဖောက်သည်များဖြင့်လဲ မိတ်ပျက်ခဲ့ရသည်။ ရလဒ်သည်တော့ ကိုလိန်းသည် ဆုံးရှုံးမှုအတွက် လျော်ကြေးများစွာပေးရကာ ဆေးဝါးကုန်သည်များနှင့် အရောင်းအဝယ်ကိစ္စများလဲ ပျက်ခဲ့ရသည်။ ရှယ်ရာရှင်များကလဲ သူတို့၏အစုရှယ်ယာများကို စတင်ပြန်ထုတ်သွားကြကာ ဝန်ထမ်းများလဲ ဆက်တိုက်တစ်ယောက်ပြီးတစ်ယောက် အလုပ်ထွက်ကုန်ကြသည်။ ထို့ကြော်င့ အခုချိန်တွင်တော့ ကိုလိန်းဆေးဝါးထုတ်လုပ်သည့်ကုမ္ပဏီသည် ပျက်စီးခြင်းသို့ရောက်နေရပြီဖြစ်သည်။
ကိုလိန်းဆေးဝါးထုတ်လုပ်သည့်လုပ်ငန်းကို တည်ထောင်ခဲ့သည်မှာ ၈နှစ်လောက်သာရှိသေးပြီး အစိုးရဘက်မှ ထောက်ပံ့ပေးမှုလဲ မရှိသောကြောင့် ပြန်လည်နလန်ထူဖို့ရန်ခက်ခဲပေသည်။ အကယ်၍ ပြိုင်ဘက်ကုမ္ပဏီများကသာ ဆက်ပြီး တိုက်ခိုက်နေဦးမည်ဆိုလျှင် သေချာပေါက် ဒေဝါလီခံသွားရမည်ဖြစ်သည်။
ကုမ္ပဏီသာ ဒေဝါလီခံသွားရလျှင် ဥက္ကဌသည်လဲ အကြွေးတစ်ပုံတပင် ဆပ်ရတော့မည်ဖြစ်သည်။ ထို့ကြောင့် ဥက္ကဌက အဆိုးဝါးဆုံးအခြေအနေသို့မရောက်သေးခင် ရောင်းချရန်ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ သို့ပေမည့် အင်အားကြီးအဆက်အသွယ်ကောင်းများရှိသည့် လူတစ်ဦးလောက်ကသာ ထိုကုမ္ပဏီအားဝယ်ယူဖို့ရန်ဆန္ဒမရှိလျှင် ရောင်းထွက်ဖို့မလွယ်ကူပေ။
အချက်အလက်များကိုဖတ်ပြီးနောက်တွင်တော့ ကုနင်း ချက်ချင်းပင် နဉ်ချန်ခိုင်အားဖုန်းဆက်လိုက်ကာ ကုမ္ပဏီအား သူမဝယ်ယူလိုကြောင်းပြောလိုက်သည်။
ကိုလိန်းဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီသည့် အလယ်အလတ်အရွယ်အစားလောက်သာဖြစ်သော်လည်း နေရာကောင်းတွင်တည်ရှိလေသည်။ ကုမ္ပဏီဝန်းတစ်ခုလုံးသည် စတုရန်းမီတာ၃၀၀၀ကျော်ကျယ်ဝန်းသည်။ အဆောက်အဦးသည်တော့ စတုရန်းမီတာ၂၀၀၀ကျော်ကျယ်ပြီး ၈ထပ်ရုံးအဆောက်အဦး၊ ဝန်ထမ်းအိပ်ဆောင် ၆ဆောင်နှင့် စက်ရုံ၅လုံးပါရှိလေသည်။ ကျန်သည့် ၁၀၀၀စတုရန်းမီတာသည်ကတော့ ကားပါကင်များနှင့် အပင်များရှိသည်။
ကုနင်းနှင့်လင်ရှောင်းထင်တို့ရောက်သွားချိန်တွင်တော့ နဉ်ချန်ခိုင်၏အတွင်းရေးမှူးက ခန်းမတွင် သူတို့ကိုစောင့်ဆိုင်းနေခဲ့သည်။ သူမတို့ဝင်လာသည်နှင့်ချက်ချင်းပင် အပေါ်ထပ်ရှိ ဥက္ကဌအခန်းရှိရာသို့ ဦးဆောင်ခေါ်သွားပေးသည်။ ကုနင်းနှင့်လင်ရှောင်းထင်တို့ ဓါတ်လှေကားထဲသို့ဝင်သွားသည်နှင့် ဧည့်ကြိုဌာနမှဝန်ထမ်းမိန်းကလေးနှစ်ဦးမှာ စတင်စကားများကြတော့သည်။
“ဘုရားရေ! အဲ့တစ်ယောက်အရမ်းချောတာပဲ။”
“ဟုတ်ပါ့၊ အနုပညာရှင်တစ်ယောက်ထက်တောင်မှ ချောသေးတယ်။”
“ဒါပေမယ့် သူ့ပုံစံက အေးစက်စက်နဲ့ သီးသန့်နေတတ်ပုံပဲ။”
“ဟဲ့၊ အဲ့ဒါမျိုးကို မြင့်မြတ်တဲ့အရှိန်အဝါတွေ ဖြာထွက်နေတယ်လို့ ခေါ်တယ်။”