← Chapters

အခန်း (၄၄၆-၄၅၀)

Vol. 30 Ch. 446-450

အခန်း (၄၄၆-၄၅၀)

Vol. 30 Ch. 446-450

အခန်း ၄၄၆

ဆေးဝါးကုမ္ပဏီဝယ်ယူခြင်း

“သူ့နားကကောင်မလေးကလဲ တော်တော်လှတယ်။ သူတို့တစ်ခုခုပတ်သတ်မှုများရှိနေတာလားပဲ။”

“အတွဲတွေထင်တယ်၊ အရမ်းလိုက်ဖက်ကြတာပဲ၊”

“ငါကတော့ သူဌေးနဲ့အတွင်းရေးမှူးဖြစ်မယ်လို့ထင်တယ်။ သူတို့က ငါတို့ကုမ္ပဏီကို ဝယ်မယ့်လူတွေများလား?”

ထိုအကြောင်းပြောရင်းဖြင့် ဧည့်ကြိုမိန်းကလေး၂ဦးလုံး ဝမ်းနည်းသွားကြရသည်။ သူတို့သည် ဤကုမ္ပဏီတွင် အချိန်ကြာမြင့်စွာ အလုပ်လုပ်ခဲ့ကြခြင်းဖြစ်သောကြောင့် အလုပ်ထွက်ဖို့ရန် တုန့်ဆိုင်းနေမိကာ အခုချိန်ထိမထွက်ဖြစ်ကြခြင်းဖြစ်သည်။ ထို့အပြင် အခုချက်ချင်းကြီး အလုပ်သစ်တစ်ခုရဖို့ကလဲ ခက်ခဲပေသည်။ ကုမ္ပဏီက ဒေဝါလီခံရလုနီးပါးဖြစ်နေပေမည့် သူတို့အတွက်လစာကိုတော့ ပေးထားနိုင်သေးပေသည်။

အတွင်းရေးမှူးက ကုနင်းနှင့်လင်ရှောင်းထင်တို့အား ၈ထပ်မြောက်ရှိ ဥက္ကဌရုံးခန်းသို့ခေါ်သွားပေးခဲ့သည်။

နဉ်ချန်ခိုင်သည် အသက်၄၀ ဝန်းကျင်ရှိပြီဖြစ်ကာ ရုပ်ရည်သာမာန်ရှိပေမည့် အရပ်ကတော့ ရှည်သည်။ ကုနင်းနှင့်လင်ရှောင်းထင်တို့ကို နဉ်ချန်ခိုင်တွေ့လိုက်ရချိန်တွင်တော့ သူမတို့၏လှပလွန်းသည့်ရုပ်ရည်သွင်ပြင်ကြောင့်တော့မဟုတ်ဘဲ အလွန်ငယ်ရွယ်နေကြသောကြောင့် အံ့အားသင့်သွားခဲ့သည်။ သို့ပေမည့် ငယ်ရွယ်သည့်အမွေဆက်ခံသူလေးများသည် ဘွဲ့ရပြီးသည်နှင့် သူတို့၏မိသားစုအမွေများကို ဆက်ခံကြသောကြောင့် နဉ်ချန်ခိုင်ချက်ချင်းပင် လက်ခံသွားနိုင်ခဲ့သည်။

“လာကြပါ၊ ထိုင်ပါဦး။”

သူ့ကိုဖုန်းဆက်သည့်မိန်းကလေးမှာ ကုနင်းဖြစ်သော်လည်း နဉ်ချန်ခိုင်ကတော့ သူမကို လင်ရှောင်းထင်၏အတွင်းရေးမှူးလောက်သာဖြစ်မည်ဟု ယုံကြည်ထားလေသည်။

သူတို့ပြင်ဆင်ထားသည့်အချက်အလက်များကို မပေးခင် အတွင်းရေးမှူးကနေပြီး ကုနင်းနှင့်လင်ရှောင်းထင်အား လက်ဖက်ရည်တစ်ခွက်စီငှဲ့ပေးလိုက်သည်။

“ဒါကတော့ ကိုလိန်းဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီနဲ့သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေပါ။ အရင်ဆုံးဖတ်ကြည့်လိုက်ပါဦး။”

ကိုလိန်း၏ပြဿနာများကို ကုနင်းသိထားပြီးသားဖြစ်သော်လည်း သူမထိုစာရွက်များကို ဖတ်ချင်ယောင်ဆောင်နေလိုက်သည်။

ကိုလိန်းသည် ကုမ္ပဏီဖွင့်ရန်အတွက် ဤနေရာကိုငှားရမ်းခဲ့ခြင်းဖြစ်သောကြောင့် ကုမ္ပဏီချည်းပဲဝယ်ယူလျှင် သိပ်ပြီးမကုန်ကျနိုင်ပေ။

“ကျွန်တော်တို့ဘက်က ရိုးရိုးသားသားပြောရရင်တော့ လူတစ်ချို့က ကျွန်တော်တို့ရဲ့ဆေးဝါးတွေကို ဆေးဝါးခွင့်ပြုမိန့်မရအောင် ပိတ်ပင်နေကြလို့ ဈေးကွက်ထဲမတင်ပို့နိုင်ခဲ့တာပါ။ ဒီအချက်အလက်တွေကတော့ ကျွန်တော်တို့ကိုလိန်းကုမ္ပဏီမှာ လက်ရှိဖြစ်နေတဲ့ ပြဿနာအားလုံးပါပဲ။ မင်းတို့ဘက်က ကိုလိန်းကို ဝယ်ယူဖို့ဆန္ဒရှိသေးရင်တော့ ကျွန်တော်ပိုပြီးဝမ်းသာတာပေါ့၊ ဒါပေမယ့်လဲ မင်းတို့ဘက်က ဆေးဝါးခွင့်ပြုမိန့်ရအောင်လုပ်ဆောင်နိုင်ဖို့လိုတယ်ဆိုတာကိုတော့ ကျွန်တော်ကြိုပြီး သတိပေးပါစေ။” နဉ်ချန်ခိုင် တည်ငြိမ်လေးနက်စွာဖြင့်ပြောလိုက်သည်။ သူ့ကုမ္ပဏီကိုအလွန်ရောင်းပစ်ချင်နေသော်လည်း အခြားလူတစ်ယောက်ကို ဒုက္ခမရောက်စေလိုပေ။

ထိုစကားများကိုကြားလိုက်ရတော့ ကုနင်းပြုံးမိသွားသည်။ ပုံစံအရ နဉ်ထျန်ခိုင်သည် ဖြောင့်မတ်သူတစ်ဦးဖြစ်ပုံပင်။

“လူကြီးမင်းနဉ်၊ စိတ်မပူပါနဲ့၊ ကျွန်မတို့ဒီအကြောင်းတွေကို စုံစမ်းထားပြီးသားပါ။”

ကုနင်း၏အဖြေကိုကြားတော့မှ နဉ်ချန်ခိုင်စိတ်အေးသွားတော့သည်။

“ဒါပေမယ့်၊” ကုနင်းဆက်ပြီးတော့၊

“လူကြီးမင်းနဉ်၊ ကျွန်မမှာတောင်းဆိုချက်တစ်ခုရှိပါတယ်၊ ပြီးတော့ လူကြီးမင်းလဲ ဒီအကြောင်းကို အရမ်းစိတ်ဝင်စားမယ်လို့ လောင်းရဲတယ်။”

“ဘာများလဲ?” နင်ချန်ခိုင် စိတ်ဝင်စားစွာဖြင့် မေးလိုက်သည်။

“လူကြီးမင်းဘက်က ဒီကိုလိန်းကုမ္ပဏီကို အထွေထွေမန်နေဂျာတစ်ယောက်အဖြစ်နဲ့ ဆက်ပြီးဦးစီးပေးနိုင်ဖို့ မျှော်လင့်တယ်။ တစ်နည်းပြောရရင်တော့၊ ကျွန်မကတော့ နောက်ကွယ်ကဘော့စ်နေနဲ့ရှိမှာဖြစ်ပြီး လူကြီးမင်းကတော့ ဒီကုမ္ပဏီကိုဆက်ပြီးဦးစီးဆောင်ရွက်ရမယ်။ ထိပ်တန်းလစာအပြင် လူကြီးမင်းကို ကုမ္ပဏီရဲ့ရှယ်ယာ၂၀ရာခိုင်နှုန်းကိုလဲ ပေးဦးမယ်။” ကုနင်း သူမ၏အစီစဉ်အားပြောပြလိုက်သည်။

“ဘာပြောလိုက်တယ်?” နဉ်ချန်ခိုင်အလွန်အံ့ဩသွားခဲ့သည်။

ဒီမိန်းကလေးက သူ့ကို ကိုလိန်းကုမ္ပဏီ၏အထွေထွေမန်နေဂျာရာထူးကိုပေးကာ ဆက်ပြီးအုပ်ချုပ်ခိုင်းမည်တဲ့လား? ပြီးတော့ သူကနောက်ကွယ်ကဘော့စ်ဖြစ်မယ်? ဒါဆို ကိုလိန်းရဲ့တကယ့်ဝယ်သူက ဒီဘက်ကအမျိုးသားမဟုတ်ဘဲ သူမလား? ပြီးတော့ ငါ့ကိုလစာရော ရှယ်ယာ၂၀ရာခိုင်နှုန်းပါပေးဦးမှာတဲ့လား?

ဤစကားများက အမှန်ဟုထင်ချင်စရာပင်မကောင်းကာ ကိုယ့်နားကိုပင်မယုံနိုင်တော့ပေ။ ကုနင်း နဉ်ချန်ခိုင်အား အတင်းတွန်းအားမပေးဘဲ စဉ်းစားဆုံးဖြတ်ဖို့ရန် အချိန်တစ်ခုပေးထားလိုက်သည်။ အချိန်အတော်ကြာသည့်နောက်တွင်တော့ နဉ်ချန်ခိုင် သံသယစိတ်လေးဖြင့် ပြန်မေးလာခဲ့သည်။

“မိန်းကလေးကု၊ မင်းပြောတဲ့စကားတွေက သေချာရဲ့လား?”

“သေချာတာပေါ့။” ကုနင်း အတည်ပြုပေးလိုက်သည်။

“ဒါပေမယ့် ရှယ်ယာ၂၀ရာခိုင်နှုန်းဆိုတာ အရမ်းများလွန်းတယ်လို့မထင်ဘူးလား?” နဉ်ချန်ခိုင် မသက်မသာဖြင့် ထပ်မေးလိုက်သည်။

“မများပါဘူး။”

“ဒါကလွယ်ကူတဲ့အလုပ်လေးတစ်ခုပါလို့ မတွေးလိုက်ပါနဲ့။ ကျွန်မက နောက်ကွယ်မှာပဲနေပြီး လူကြီးမင်းကသာ ဒီကုမ္ပဏီနဲ့သက်ဆိုင်တဲ့ ကိစ္စအားလုံးကိုတာဝန်ခံရမှာ။ ပြီးတော့ လူကြီးမင်းကလွဲပြီး တခြားကျွန်မကုမ္ပဏီတွေကို ကူညီလုပ်ကိုင်ပေးနေတဲ့ တခြားအထွေထွေမန်နေဂျာတွေလဲ အများကြီးရှိသေးတယ်။”

ထိုစကားများကိုကြားလိုက်ရတော့ ကုနင်း၏နာမည်ဖြင့် အခြားသော ကုမ္ပဏီများစွာရှိနေသေးကြောင်း နဉ်ချန်ခိုင်သိလိုက်ရသည်။ သူမဒီလောက်ငယ်ငယ်ရွယ်ရွယ်လေးဖြင့် စီးပွားရေးလုပ်ငန်းအများကြီးကို ဘယ်လိုမျိုး လုပ်ကိုင်နေလဲဆိုသည်ကို သူသိချင်နေသော်လည်း ထုတ်တော့မမေးခဲ့ပေ။

ကုနင်းဘက်က ထိုသို့ပြောလာသောကြောင့် အဆုံးတွင် နဉ်ချန်ခိုင်လဲ လက်ခံလိုက်ရတော့သည်။

“ကောင်းပါပြီ၊ ကျွန်တော်လက်ခံပါ့မယ်။”

နဉ်ချန်ခိုင် သဘောတူလိုက်ပြီမှန်သော်လည်း တရားဝင်လက်မှတ်မထိုးသေးခင် နဉ်ချန်ခိုင်အား သတိပေးစကားများပြောရန် ကုနင်းအချိန်ယူလိုက်သေးသည်။

“လူကြီးမင်က အကြီးဆိုတော့ ကျွန်မ ဦးလေးနဉ်လို့ပဲခေါ်ပါ့မယ်။ ဦးလေးနဉ်၊ ဦးလေးဘက်က ကျွန်မအပေါ်သစ္စာရှိနေသ၍ ဦးလေးအပေါ် ဘယ်လိုမတရားမှုမျိုးနဲ့မှ မဆက်ဆံပါဘူး။” ကုနင်းပြောနေရင်းဖြင့် သူမ၏အမူအရာမှာ ရုတ်ချည်းအေးစက်တည်ငြိမ်သွားကာ၊

“ဒါပေမယ့် ကျွန်မကို သစ္စာဖောက်ရဲမယ်ဆိုရင်တော့ ဖြစ်လာမယ့်အကျိုးဆက်ကို ဦးလေးလက်ခံနိုင်မှာမဟုတ်ဘူး။”

ကုနင်း၏စကားများကြောင့် နဉ်ချန်ခိုင်အသက်ရှုပင်ကြပ်သွားရသည်။ ကုနင်းသည် ဤမျှငယ်ငယ်လေးဖြင့် ထိုသို့ဖိအားပေးနိုင်သော အရှိန်အဝါများရှိနေခြင်းကြောင့် အလွန်အံ့အားသင့်သွားခဲ့ရသည်။

“မိန်းကလေးကု၊ မစိုးရိမ်ပါနဲ့။ ကျွန်တော်ဘယ်တော့မှ မင်းအပေါ်သစ္စာမဖောက်ပါဘူး။” နဉ်ချန်ခိုင်ကတိပေးလိုက်သည်။

ကုနင်း လောလောဆယ်အချိန်တွင်တော့ နဉ်ချန်ခိုင်အား ယုံကြည်ဖို့ရန်ရွေးချယ်ထားပေမည့် မည်သူမျှ အနာဂါတ်ကိုကြိုတင်သိနိုင်မည်မဟုတ်ပေ။ သူတို့နှစ်ယောက်လုံး တစ်ယောက်အကြောင်းတစ်ယောက် သေချာသိအောင် အချိန်တစ်ခုလိုအပ်ပေသည်။

ထို့နောက် ကုနင်းစာချုပ်ကိုထုတ်ယူလိုက်သည်။ စာချုပ်စာတမ်းများတွင် လက်မှတ်ထိုးပြီးနောက် သူတို့ ဥပဒေအရလုပ်ငန်းဆောင်တာများပြီးစီးအောင် ဆောင်ရွက်ရန်အတွက် အစိုးရရုံးသို့ ဆက်သွားခဲ့သည်။

“အခုတော့ ကျွန်မတို့ဆေးဝါးအကြောင်းပြောဖို့အချိန်ကျပြီလို့ထင်တယ်။ အခုထုတ်လုပ်ပြီးသား ဆေးအားလုံးကိုဖျက်စီးပစ်ပြီး တံဆိပ်အသစ်ပြန်ထုတ်လုပ်စေချင်တယ်။” ကုနင်းပြောလိုက်သည်။

ထိုစကားကိုကြားတော့ နဉ်ချန်ခိုင် ထိတ်လန့်သွားတော့သည်။ ဤဆေးအားလုံးသည် ယွမ်သန်းပေါင်းများစွာတန်ဖိုးရှိလေသည်။ သို့ပေမည့် နဉ်ချန်ခိုင် ကုနင်းအားမတားဘဲ သူမစကားကို ဆက်ပြောစေခဲ့သည်။

“ကျွန်မမှာ အကျိုးသက်ရောက်မှုအရမ်းကောင်းတဲ့ အထူးဆေးလုံးရှိတယ်။ ဒီဆေးနဲ့ဆိုရင် ဘယ်ရောဂါကိုမဆို ဘေးထွက်ဆိုးကျိုးမရှိဘဲ ကုသပေးနိုင်တယ်။ ပြီးတော့ ဒီဆေးလုံးကိုအသုံးပြပြီး ဆေးဝါးနဲ့အလှကုန်ပစ္စည်း ထုတ်လုပ်ပြီး ငွေအများကြီးရှာလို့ရမယ်။”

နင်ချန်ခိုင်အံ့အားသင့်သွားပေမည့် သံသယလဲဝင်မိသွားသည်။ လင်ရှောင်းထင်တော့မှ ထိုစကားများကြောင့် စိတ်ရှုပ်ကာ မျက်မှောင်ကြုတ်သွားတော့သည်။

ထို့ကြောင့် ကုနင်းချက်ချင်းပင် ရှင်းပြလိုက်သည်။

“ဦးလေးစိုးရိမ်သွားမယ်ဆိုတာ နားလည်ပါတယ်၊ ဒါပေမယ့် ဒါသဆေးဝါးစံနှုန်းနဲ့မညီညွတ်ရင် သေချာပေါက် ခွင့်ပြုချက်ရမှာမဟုတ်ဘူးလေ၊ မှန်တယ်မဟုတ်လား?”

နဉ်ချန်ခိုင် သဘောတူလိုက်သည်။ နိုင်ငံတော်အစားအသောက်နဲ့ဆေးဝါးကွပ်ကဲမှုဌာနာSFDA၏ ထောက်ပံ့မှုကို သူတို့ရနေလျှင်တောင်မှ သတ်မှတ်ထားသည့်စံနှုန်းများနှင့်မကိုက်ညီဘဲ ဆေးဝါးထုတ်လုပ်ခွင့်ပေးလိုက်လျှင် ဦကဒေနှင့်မညီညွတ်သောကြောင့် SFDAက ခွင့်ပြုပေးလိမ့်မည်မဟုတ်ပေ။

“ဆေးတွေကို ဦးလေးထုတ်နေကျအတိုင်းဆက်ပြီးထုတ်လို့ရတယ်၊ ပြီးတော့မှ ကျွန်မရဲ့အထူးဆေးတွေကို အဲ့ဒီထုတ်လုပ်မှုထဲထပ်ပေါင်းထည့်ပေးရုံပဲ။ ဒါပေယ့် ကျွန်မရဲ့ဆေးတွေကအရမ်းဈေးကြီးပြီး ရှားပါးတာကြောင့် ဈေးနှုန်းကတော့ နှစ်ဆဖြစ်သွားလိမ့်မယ်။”

***

အခန်း ၄၄၇

ချောင်ဝမ်ရှင်းနှင့် ရှင်းပိုင်တို့မမျှော်လင့်ဘဲတွေ့ဆုံခြင်း

“အလှကုန်ပစ္စည်းကိုတော့ အဆင့်မြင့်မြင့်နဲ့ထုတ်လုပ်ပြီး နာမည်ကြီးနိုင်ငံတကာတံဆိပ်တွေလိုမျိုး ဈေးကိုလဲမြှင့်ထားဖို့ ရည်ရွယ်ထားတယ်။ အဲ့ဒီအတွက်လဲ မစိုးရိမ်ပါနဲ့၊ ကျွန်မနောက်မှ ဈေးနှုန်းစာရင်းကိုပေးပါ့မယ်။” ကုနင်း သူမအကြံဉာဏ်များကို ဆက်လက်ပြောပြခဲ့သည်။

“အစောပိုင်းမှာတော့ ဆေးဝါးရော အလှကုန်ပစ္စည်းကိုပါ အများကြီးထုတ်လုပ်ဖို့မလိုပဲ တစ်မျိုးကို အခုတစ်ရာလောက်စီပဲ ထုတ်လုပ်ပါ့မယ်။ ထုတ်လုပ်ရေးပိုင်းပြီးသွားရင်တော့ ကျွန်မဘက်ကစီစဉ်စရာလေးတွေရှိသေးလို့ ဆေးဝါးထိန်းချုပ်ရေးဘက်ကို မပို့ခင် အရင်ဆုံးအသိပေးပါ။ တခြားကုန်သည်တွေဘက်နဲ့လဲ ဆက်သွယ်ဖို့မလိုပါဘူး။ ကျွန်မတို့ကိုယ်ပိုင် ဆိုင်တစ်ဆိုင်ဖွင့်ပါမယ်။ ကြော်ငြာပိုင်းနဲ့ အရောင်းပိုင်းကိုတော့ ကျွန်မဘဲကိုင်တွယ်လိုက်မယ်။ ကျွန်မတို့ရဲ့ကုန်ပစ္စည်းက နာမည်ကြီး လူကြိုက်များလာရင် ကုန်သည်တွေဘက်က သူတို့ဘာသာ ဆက်သွယ်လာပါလိမ့်မယ်။”

ထို့နောက်တွင်တော့ သူတို့ဥပဒေဆိုင်ရာ ကိစ္စရပ်များကို ဆက်လက်အပြီးသတ်လိုက်ကြသည်။

ကနဦးပိုင်ဆိုင်မှာအတွက်က ယွမ်သန်း၃၀ပေးရကာ ကုနင်းကထပ်ပြီး ယွမ်သန်း၇၀ထည့်ပေးသောကြောင့် စုစုပေါင်းယွမ်သန်း၁၀၀ဖြစ်သွား၍ နဉ်ချန်ခိုင်အလွန်အံ့အားသင့်သွားခဲ့သည်။

စာချုပ်စာတမ်းများအပြီးသတ်ပြီးနောက်တွင်တော့ ကုနင်း နဉ်ချန်ခိုင်အား ယွမ်၁၀သန်းပါရှိသည့် ဘဏ်ကဒ်တစ်ကဒ်ကိုပေးလိုက်သည်။ ထိုကဒ်ထဲရှိငွေများဖြင့် အကောင်းဆုံးသော ကုန်ကြမ်းပစ္စည်းများကို ဝယ်ယူရန်ဖြစ်သည်။

ကုနင်းက ယုံယုံကြည်ကြည်နှင့်အပ်နှံ့လာသည်ကိုမြင်ရတော့ နဉ်ချန်ခိုင် အလွန်ခံစားသွားရကာ ကုနင်းအပေါ် သစ္စာရှိကာ အလုပ်ကြိုးစားမည့်အကြောင်း ကတိထပ်ပေးလိုက်သည်။

အဆုံးတွင်တော့ ကုနင်းက၊

“အခုဦးလေးပြန်သွားပြီး ကုန်ကြမ်းတွေပြင်ဆင်ပြီး ဝန်ထမ်းလုံလုံလောက်လောက်လဲ ထပ်ခန့်လိုက်ပါဘ။ အဲ့ဒီနှစ်မျိုးလုံး စီစဉ်ပြီးသွားရင်တော့ ကျွန်မကိုပြန်ဆက်သွယ်ပေး။ ဆေးအသစ်ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ ကျွန်မရဲ့အထူးဆေးလုံးတွေကို ကိုယ်တိုင်ယူလာပေးပါ့မယ်။ ဒါပေမယ့် ကျွန်က မြို့တော်မှာ အလွန်ဆုံးသုံးရက်လောက်ပဲ နေမှာမို့လို့ မြန်မြန်ဆန်ဆန်တော့ စီစဉ်ပေးပါ။”

ယခုချက်ချင်း နဉ်ချန်ခိုင်ကို သူမ၏စွမ်းအင်သလင်းကျောက်များ ပေးထားခဲ့၍ဖြစ်သော်လည်း စက်ရုံတွင် ထုတ်လုပ်သည့်အပိုင်းကို သူမကိုယ်တိုင်မြင်တွေ့ချင်သေးသည်။

“ကျွန်တော်တို့ သန်ဘက်ခါလောက်ဆိုရင်တော့ ဆေးအသစ်စပြီးလုပ်ဖြစ်လောက်ပြီထင်တယ်။” နဉ်ချန်ခိုင်ပြန်ဖြေလိုက်သည်။ သူလိုအပ်သည့်ကုန်ကြမ်းများကို ပြင်ဆင်ရမည့်အပြင် ကုန်ကြမ်းတင်ပို့သူများအတွက်လဲ ပစ္စည်းကောင်းများပို့ပေးဖို့ရန် အချိန်ပေးဖို့လိုသေးသည်။

နဉ်ချန်ခိုင် ကိုလိန်းကုမ္ပဏီသို့ပြန်သွားသည်နောက် ကုနင်းနှင့်လင်ရှောင်းထင်တို့လဲ ကုနင်း၏လုပ်ငန်းစုရုံးချုပ်သို့ ထွက်လာခဲ့လိုက်သည်။ ဤနေရာတွင်တော့ အန်းကွမ်းယောင်၏အတွင်းရေးမှူး ကျန်းရွှင်းကျဲ့သည် ကြီးကြပ်ရေးမှူးဖြစ်လေသည်။

ကုနင်း ထိုနေရာသို့ရောက်ခါနီးတွင်တော့ ကျန်းရွှင်းကျဲ့ကို ဖုန်းလှမ်းဆက်လိုက်ကာ ကျန်းရွှင်းကျဲ့သည်လဲ သူမတို့ကို ကြိုဆိုရန်အတွက် အောက်ထပ်သို့ ချက်ချင်းဆင်းလာခဲ့သည်။

“တွေ့ရတာဝမ်းသာပါတယ်၊ မိန်းကလေးကု၊ လူကြီးမင်းလင်။” အနားတွင် အခြားလူများလဲရှိနေသောကြောင့် ကျန်းရွှင်းကျဲ့ ကုနင်းကို ဘော့စ်ဟုမခေါ်ဘဲ သာမာန်သာနှုတ်ဆက်လိုက်သည်။

“အခြေအနေတွေဘယ်လိုများရှိလဲ?” ကုနင်းမေးလိုက်သည်။

“အရမ်းအဆင်ပြေပါတယ်၊ ကျွန်တော်အထင် သုံးလလောက်နဲ့ကို ပြင်ဆင်မှုပြီးသွားပါလိမ့်မယ်။” ကျန်းရွှင်းကျဲ့ပြန်ဖြေလိုက်ကာ၊

“မိန်းကလေး ထောက်ခံပေးခဲ့တဲ့ အမျိုးသမီးဒီဇိုင်နာကလဲ အရမ်းထူးချွန်တယ်။” စုန့်မန်နီကိုပါ ချီးကျူးလိုက်သည်။

ကုနင်း ခေါင်းလေးအသာညိတ်ကာ ကျေနပ်နေတော့သည်။

ထို့နောက် ကုနင်း စုန့်မန်နီနှင့်လဲတွေ့ဆုံခဲ့ကာ စကားခနပြောလိုက်သည်။

“ဘော့စ်၊ ကျွန်မရဲ့တိုက်ခန်းကိုရောင်းပြီးလို့ ဒီနားတစ်ဝိုက်ကာ အိမ်ရာတစ်ခုမှာ တိုက်ခန်းအသစ်အတွက် စရံငွေလဲချေပြီးသွားပြီ။ ပြင်ဆင်လို့ပြီးတာနဲ့ ပြောင်းနေလို့ရပြီ။” စုန့်မန်နီ ပြောပြလိုက်သည်။

“ပြီးတော့ ဘော့စ်ရဲ့ရုံးခန်းအတွက်လဲ ဒီဇိုင်းဆွဲပြီးသွားပြီ။ တစ်ချက်လောက်ကြည့်,ကြည့်ပါဦး။”

စုန့်မန်နီချက်ချင်းပင် သူမကွန်ပျူတာကိုဖွင့်ကာ ကုနင်းကို ဒီဇိုင်းဆွဲထားသည့်ပုံအား ပြလိုက်သည်။ ကုနင်းအတွက် သက်သောင့်သက်သာဖြစ်နေရုံသာလိုပြီး အခြားအသုံးအဆောင်များများစားစားမလိုသောကြောင့် စုန့်မန်နီ၏ဒီဇိုင်းကို အလွန်သဘောကျသွားသည်။ တစ်ထပ်လုံးသည် သူမအတွက်သာဖြစ်သည်။ ထိုအထပ်တွင် သူမအတွက်ရုံးခန်းအပြင် အိမ်ခန်းတစ်ခန်း၊ ရေချိုးခန်းတစ်ခန်း၊ နှင့်အခြားလိုအပ်သည်များ ပြည့်စုံလေသည်။

“အရမ်းကောင်းတယ်။”

…..

ကုနင်း အလုပ်ရှုပ်နေစဉ်တွင်ပဲ ချောင်ဝမ်ရှင်းသည်တော့ သူမသူငယ်ချင်းနှင့်အတူ ဈေးဝယ်ထွက်လို့နေသည်။

သူမသူငယ်ချင်းသည် သူမနှင့်ရွယ်တူသာဖြစ်သော်လည်း ပို၍ငယ်ပုံပေါ်ကာ ကလေးမျက်နှာလေးနှင့်ဖြစ်သည်။ သူမတို့အချိန်အတော်ကြာသည်အထိ ဈေးဝယ်ထွက်ပြီးနောက်တွင်တော့ ကော်ဖီဆိုင်တစ်ဆိုင်တွင် ဝင်နားရန်ဆုံးဖြတ်လိုက်ကြသည်။ သို့ပေမည့် သူတို့မှာထားသည့် ကော်ဖီများ မရောက်လာခင်အချိန်တွင်ပဲ ထောင့်တစ်နေရာရှိစားပွဲဝိုင်းမှ ငြင်းခုံသံများကို ကြားလိုက်ရသည်။

“ရှင်းပိုင်! ကျွန်မရှင့်ကိုအရမ်းသဘောကျတယ်။ ပြီးတော့ ကျွန်မရှင့်အတွက် အများကြီးလုပ်ပေးခဲ့ပြီးပြီ။ ဘယ်လိုလုပ် ကျွန်မအပေါ် ဒီလောက်ထိ ရက်စက်နိုင်ရတာလဲ? ရှင်အခုအောင်မြင်နေပြီဆိုတော့ ကျွန်မကို အထင်သေးလို့ရပြီလို့ ရှင်ထင်နေတာလား?” လှပသည့်မိန်းကလေးတစ်ဦးက သူမရှေ့ရှိ အမျိုးသားကို အော်ဟစ်ပြောဆိုနေခဲ့သည်။ ထိုအမျိုးသားသည်က လင်ရှောင်းထင်၏အဖွဲ့သား ရှင်းပိုင်ပင်ဖြစ်သည်။

ရှင်းပိုင်ဘက်ကတော့ အေးစက်လှသည့်အမူအရာဖြင့် ထိုအမျိုးသမီးကိုကြည့်ကာ၊

“ဘာ? ငါ့ကရက်စက်တယ်ဟုတ်လား? မင်းအရှက်မရှိဘူးလား? ဟုတ်တယ်၊ ငါအခုအောင်မြင်နေပြီ၊ ဒီတော့ မင်းကိုအထင်သေးလို့ရတယ်။ အဲ့တော့ ဘာဖြစ်ချင်လဲ? မင်းငါ့အတွက် အရာရာလုပ်ပေးဖို့ဆိုပြီး အတင်းတွန်းအားပေးခဲ့လို့လား?”

ထိုစကားကိုကြားရတော့ ချောင်ဝမ်ရှင်းချက်ချင်းပင် မကျေမနပ်ဖြစ်သွားတော့သည်။ ဒီလူက ပွေရှုပ်တဲ့လူပဲဖြစ်ရမယ်၊ ချောင်ဝမ်ရှင်း သူမဘာသာတွေးလိုက်မိကာ ကော်ဖီဆိုင်ထဲရှိလူတိုင်းလဲ ထိုသို့တွေးမိကြသည်။

“ရှင်…” ထိုအမျိုးသမီးဒေါသထွက်သွားတော့သည်။

“ယွီဝမ်ကျင်း၊ ငါ့ကိုလွှတ်ပေးထားစမ်းပါ၊ ဒီလိုမှမဟုတ်ရင် မင်းကိုပြန်ပေးဆပ်ရအောင် လုပ်ပစ်မယ်။” ရှင်းပိုင်ပြောရင်းဖြင့် မတ်တပ်ထရပ်လိုက်ကာ လှည်ထွက်ဖို့ပြင်လိုက်သည်။

“ရှင်းပိုင်၊ အဲ့လိုမလုပ်ပါနဲ့…” ယွီဝမ်ကျင်းလဲ ချက်ချင်းမတ်တပ်ရပ်ကာ ရှင်းပိုင်၏လက်ကိုဖမ်းဆွဲပြီး တားဖို့လုပ်လိုက်ပေမည့် ရှင်းပိုင်က သူမကို ဆိုဖာပေါ်ပြန်ကျသွားစေရန် ခါထုတ်လိုက်သည်။

“ယွီဝမ်ကျင်း၊ မင်းမှာ အရှက်နဲနဲလေးတောင်မရှိတော့ဘူးလား?” ရှင်းပိုင်၏အမြင်တွင် ထိုအမျိုးသမီးမှာ လုံးဝကိုအရှက်မဲ့နေသောကြောင့် စိတ်မရှည်တော့ဘဲ ဒေါသထွက်လာခဲ့တော့သည်။

“အဓိပ္ပါယ်မရှိလိုက်တာ!” ချောင်ဝမ်ရှင်းလဲ အလွန်ဒေါသထွက်သွားကာ ချက်ချင်းပင် အခုလေးတွင် စားပွဲထိုးလာချပေးသွားသည့် ကော်ဖီခွက်အား ဆွဲယူကာ ပြေးထွက်သွားတော့သည်။

“ဝမ်ရှင်း!” ချောင်ဝမ်ရှင်း၏သူငယ်ချင်း အိုက်ရှင်းယွီက သူမကိုတားချင်ပေမည့် နောက်ကျလို့သွားပေပြီ။

သူတို့စားပွဲနှစ်လုံးကြားရှိ အကွာအဝေးမှာ သိပ်မဝေးသောကြောင့် စက္ကန့်ပိုင်းအတွင်းမှာပဲ ချောင်ဝမ်ရှင်း ရှင်းပိုင်၏ရှေ့မှောက်သို့ရောက်သွားလေသည်။သူမချက်ချင်းပင် လက်ထဲမှ ကော်ဖီနွေးနွေးကို ရှင်းပိုင်၏မျက်နှာသို့ လှမ်းပက်လိုက်ကာ အပြစ်တင်စကားဆိုတော့သည်။

“လူဆိုးကောင်!”

ရှင်းပိုင်လဲ သူမလာသည်ကိုမသိလိုက်သောကြောင့် ချောင်ဝမ်ရှင်း သူ့မျက်နှာထံ ကော်ဖီများပက်လိုက်သည်ကို မရှောင်လိုက်နိုင်ပေ။ ကံကောင်းစွာဖြင့် ကော်ဖီမှာ အရမ်းမပူပေမည့် နေရထိုင်ရတော့မကောင်းပေ။

“မင်းရူးနေလား! မင်းအခြေအနေကိုသိလို့လား၊ ပြီးတော့ ဒါမင်းကိစ္စလဲမဟုတ်ဘူး။” ရှင်းပိုင် ချောင်ဝမ်ရှင်းအား စိုက်ကြည့်လိုက်သည်။ သူအလွန်ဒေါသထွက်နေပေမည့် ပညာတတ်လူငယ်တစ်ယောက်ဖြစ်သောကြောင့် သူ့ဒေါသကိုသူထိန်းချုပ်ထားလိုက်ကာ အမျိုးသမီးတစ်ဦးကိုလဲ ဘယ်တော့မှရိုက်မည်မဟုတ်ပေ။

“ဒီလောက်နဲ့တောင် မရှင်းနိုင်လို့လား? အားလုံးရှင်းရှင်းလင်းလင်းကြားထားပြီးပြီ။ ကောင်မလေးက ရှင့်အတွက် အများကြီးလုပ်ပေးခဲ့တာတောင်မှ ရှင်ကအောင်မြင်သွားတာနဲ့ သူ့ကိုစွန့်ပစ်လိုက်တယ်လေ။ တကယ့်ကို လူဆိုးကောင်ပဲ။” ချောင်ဝမ်ရှင်း ဒေါသတကြီး အော်ဟစ်ပြောလိုက်သည်။

အိုက်ရှင်းယွီလဲချက်ချင်းပင် ချောင်ဝမ်ရှင်းအား ဝင်ဆွဲကာ ပြန်ခေါ်ဖို့လုပ်တော့သည်။

“ဝမ်ရှင်း၊ ဒါသူတို့ကိစ္စလေ။ သွားရအောင်ပါ။”

“မသွားဘူး။” ချောင်ဝမ်ရှင်း ချက်ချင်းငြင်းလိုက်သည်။

“ရှင်ကများ မိန်းကလေးတစ်ယောက်ကို ငိုအောင်လုပ်ရဲတယ်လား! ဒီနေ့ ကျွန်မရှင့်ကို သင်ခန်းစာပေးပြမယ်။” ပြောရင်းဖြင့်ပင် ချောင်ဝမ်ရှင်း ရှင်းပိုင်အားပါးရိုက်ဖို့လုပ်လိုက်တော့သည်။ သို့ပေမည့် သူမ၏လက်ဝါး ရှင်းပိုင်၏မျက်နှာထက်သို့ မရောက်သေးခင်မှာပဲ အဖမ်းခံလိုက်ရတော့သည်။ အခုချိန်တွင်တော့ ရှင်းပိုင်အလွန်ဒေါသထွက်သွားပြီဖြစ်ကာ၊

“မင်း အရူးမ။”

ထိုလူက သူမလက်ကို ဖမ်းကိုင်ကာ ထိန်းချုပ်ထားနိုင်သောကြောင့် ချောင်ဝမ်ရှင်းအံ့ဩသွားခဲ့သည်။ ဤလူကသာမာန်တော့မဟုတ်နိုင်ပေ။ ထို့နောက် ချောင်ဝမ်ရှင်း ရှင်းပိုင်အားထပ်ကန်လိုက်ပေမည့် ချက်ချင်းရှောင်လိုက်ပြန်သည်။ အခုချိန်တွင်တော့ ဤလူသည်လဲ အတိုက်အခိုက်ကောင်းမှန်း ချောင်ဝမ်ရှင်းသိသွားသလို သူမထက်ပင်ပို၍တော်နေသေးပေသည်။

“လွှတ်ပေးစမ်း!” ချောင်ဝမ်ရှင်း လက်လျှော့လိုက်ကာ လွတ်မြောက်ဖို့ရန်သာ ရုန်းကန်လိုက်သည်။

***

အခန်း ၄၄၈

အရူးမနှင့်လူဆိုးကောင်

ရှင်းပိုင်လဲ ကော်ဖီများက သူ့အင်္ကျီများမှတစ်ဆင့် စီးကျနေပြီဖြစ်သောကြောင့် အခုချက်ချင်း အဝတ်အစားသွားလဲချင်နေပြီဖြစ်၍ သူမနှင့်ဆက်ပြီးအချိန်မဖြုန်းလိုတော့ပေ။ ထို့ကြောင့် ချောင်ဝမ်ရှင်း၏လက်ကိုလွှတ်ပေးလိုက်ကာ လှည့်ထွက်သွားတော့သည်။

ချောင်ဝမ်ရှင်း အလွန်ဒေါသထွက်နေသော်လည်း ဤလူကိုမယှဉ်နိုင်မှန်းသိသောကြောင့် သူမဒေါသကိုထိန်းကာ ကိုယ့်စားပွဲတွင် ပြန်သွားထိုင်နေလိုက်တော့သည်။

“သူက လူဆိုးကောင်အစစ်ပဲဖြစ်ရမယ်။”

“နင့်ကိစ္စနင်တွေးတာက ပိုကောင်းမယ်လို့ ထင်တယ်။ တွေ့ပြီလား၊ နင်အဲ့လူကို ရိုက်တောင်မရိုက်လိုက်နိုင်ဘူး။” အိုက်ရှင်းယွီကပြောလိုက်သည်။

“ငါကကောင်မလေးကို ကူညီရုံပါ။ အဲ့လူဘယ်လောက်ဆိုးရွားလဲ နင်မမြင်လို့လား?” ချောင်ဝမ်ရှင်းက ချက်ချင်းပြန်ခံပြောလိုက်သည်။

“အဲ့ဒါက သူတို့ပြဿနာလေ၊ နင်နဲ့ဘာမှမဆိုင်ဘူး။” အိုက်ရှင်းယွီ မနိုင်စွာဖြင့် ပြန်ပြောလိုက်သည်။

……

ရုံးခန်းကိုလှည့်ပတ်ကြည့်ရှုပြီးနောက်တွင်တော့ ကုနင်း လုကျန်းကို ဖုန်းဆက်ကာ ပြောစရာရှိသည်များပြောလိုက်သည်။

ရုံးအဆောက်အဦးတစ်ခုလုံးပြင်ဆင်ဖို့ရန်အတွက် နောက်ထပ်၃လကြာဦးမည်ဖြစ်သောကြောင့် လူများမရွှေ့ပြောင်းမီ အနည်းဆုံးတစ်လလောက်အလိုကတည်းက ထုတ်လွှင့်မှုလုပ်ဖို့သင့်ပေသည်။ ထို့ကြောင့် လုကျန်းအတွက် လောလောဆယ် စတူဒီယိုငယ်တစ်လုံးလောက်ငှားပေးဖို့ရန် ဆုံးဖြတ်လိုက်သည်။ ထိုသို့ဖြင့် လုကျန်းလဲ တီဗီအစီအစဉ်အတွက် ကြိုတင်ပြင်ဆင်ထားနိုင်ပေသည်။

ကုနင်း အနေဖြင့် မန်နေဂျာကောင်းတစ်ယောက် အရေးတကြီးလိုနေသော်လည်း အခုထိ အရည်အချင်းပြည့်မှီသူရှာမတွေ့သေးသောကြောင့် လင်ရှောင်းထင်က ကူညီက လူနှစ်ဦးခန့်ထားပေးခဲ့သည်။ ကုနင်းကလဲ လင်ရှောင်းထင်ကူညီပေးသောကြောင့် ပျော်ရွှင်သွားရပြီး သူခန့်ပေးသည့်လူနှစ်ဦဂက သေချာပေါက် ထူးချွန်ကြမည်ဟုလဲ ယုံကြည်ပေသည်။ လုကျန်း၏စတူဒီယိုရှာဖွေပြင်ဆင်ဖို့ရန်ကိုတော့ ကျန်းရွှင်းကျဲ့ကိုသာ စီစဉ်ပေးရန်ပြောလိုက်သည်။

ကုနင်းနှင့်လင်ရှောင်းထင်တို့ ရှန်းနဉ်လုပ်ငန်းစုအဆောက်အဦးမှ ညနေ၅နာရီခွဲလောက်မှပြန်ထွက်လာခဲ့ပြီး ချောင်ဝမ်ရှင်းကိုလဲ ဘယ်ရောက်နေလဲဆိုသည်ကိုလှမ်းမေးလိုက်သည်။ ထိုအချိန်တွင်တော့ ချောင်ဝမ်ရှင်းသည် ဟိုတယ်သို့ပြန်လည်ရောက်ရှိလို့နေပြီဖြစ်သည်။

ချိန်းဆိုထားသည့်နေရာသည် ရှုမိသားစုပိုင်သည့် ကျင်းလင်ဟိုတယ်ဖြစ်သောကြောင့် ချောင်ဝမ်ရှင်းနေသည့် ဟိုတယ်နှင့်မဝေးသောကြောင့် ကုနင်းသူမကို တက္ကစီစီး၍သာ ထွက်လာခဲ့ခိုင်းလိုက်သည်။ ကုနင်းတို့ ကျန်းလင်ဟိုတယ်ကိုရောက်ဖို့ရန်လဲ နာရီဝက်လောက်သာ လိုပေသည်။

ကုနင်း ချောင်ဝမ်ရှင်းအား သီးသန့်ခန်းနံပါတ်ကိုပြောပြီးနောက်တွင်တော့ ချောင်ဝမ်ရှင်းနှင့်ဟိုတယ်မှာသာ တွေ့ဆုံကြရန် တိုင်ပင်လိုက်သည်။

ရှုကျင်းချန်နှင့် သူ၏ညီမသည်တော့ အစောဆုံးရောက်ရှိလာပြီး နောက်တွင်တော့ ချန်းမင်နှင့် စစ်မင်တို့ရောက်ရှိလာခဲ့သည်။

စစ်မင်ကိုမြင်လိုက်သည်နှင့် ရှုချင်ယင်းစနောက်လိုက်သည်။

“အိုး၊ ယွီရှင်းကဘာလို့ မလာတာလဲ?”

သူမထိုသို့မေးလိုက်တော့ စစ်မင်၏အမူအရာမှာ ဝမ်းနည်းဟန်ပေါက်သွားကာ ဘာမှပြန်ဖြေမလာပေမည့် သူ့မျက်နှာတွင်က အဖြေအားလုံးထင်ပေါ်နေပေပြီ။ သူသည်လဲ ချိုးယွီရှင်း မြို့တော်သို့မလာနိုင်သောကြောင့် စိတ်ပျက်နေရပြီဖြစ်သည်။ ရှုချင်ယင်းကလဲ သိသိရက်နှင့် တမင်စစ်မင်အား စနောက်ခြင်းဖြစ်သည်။ အဆိုးဆုံးကတော့ သူတို့နှစ်ဦး၏ဆက်ဆံရေးမှာ မရှင်းမလင်းဖြစ်နေ၍ စစ်မင်ပို၍ပင် စိတ်ညစ်နေရသည်။

“မင်းက တစ်ကိုယ်တည်းသမားမဟုတ်တော့ဘူးဆိုတော့ ငါတစ်ယောက်တည်း အထီးကျန်ရပြီ။” ရှုကျင်းချန်ကပြောလိုက်သည်။

“သူကအခုထိ တစ်ကိုယ်တည်းသမားပဲလေ။” ချန်းမင်က ရယ်မောကပြန်ပြောလိုက်သည်။

ထိုစကားကြောင့် စစ်မင်နာကျင်သွားရကာ၊

“တော်ကြတော့၊ ငါဝမ်းနည်းလွန်ပြီး သေသွားရင် မင်းတို့နားမှာ တစ်ချိန်လုံးကပ်နေမှာ။”

“ကိစ္စမရှိပါဘူးကွာ၊ ကြိုဆိုတယ်။” ရှုကျင်းချန်နှင့်ချန်းမင်တို့ တညီတညာပြန်ပြောလိုက်ကြသည်။

“မင်းတို့ဘယ်လိုလုပ်များ….” စစ်မင် သူ့ရင်ဘက်သို့လက်တစ်ဖက်ဖြင့်အုပ်ကိုင်လိုက်သည်။ သို့ပေမည့် သူစကားဆုံးအောင် မပြောရသေးခင်တွင်ပဲ အခန်းတံခါးကကျယ်လောင်စွာဖြင့် ပွင့်သွားတော့သည်။ အခန်းထဲရှိလူတိုင်း အံ့ဩကာ လှည့်ကြည့်လိုက်ကြချိန်တွင်တော့ ပိုင်ရှင်းကမြင်ရခဲလှသည့် ဒေါသတကြီးပုံစံဖြင့် ဝင်လာသည်ကို တွေ့လိုက်ရသည်။

ရှုကျင်းချန်မှနေပြီး၊

“ရှင်းပိုင်၊ ဘာဖြစ်လို့လဲ? ဘာလို့ဒီလောက်ဒေါသထွက်နေတာလဲ?”

ရှင်းပိုင် စားပွဲဝိုင်းရှေ့တွင်ထိုင်လိုက်ကာ အရင်ဦးဆုံး လက်ဖက်ရည်တစ်ခွက်မော့သောက်လိုက်ပြီး၊

“ငါဒီနေ့ ယွီဝမ်ကျင်းနဲ့တွေ့ခဲ့တယ်။ ငါ့ကိုလက်မလွှတ်တဲ့အပြင် သူငါ့အတွက် အများကြီးလုပ်ပေးခဲ့တာတောင်မှ ငါကစွန့်ပစ်ပါတယ်ဆိုပြီး အပြစ်တင်လိုက်သေးတယ်။ ဒီမိန်းမတကယ်ကို အရှက်မရှိတာပဲ။”

ထိုစကားကိုကြားတော့ အားလုံးလဲ ယွီဝမ်ကျင်းအပေါ် မနှစ်မြို့သည့် အမူအရာများဖြစ်ပေါ်လာကြသည်။

“ဟွန့်၊ ယွီဝမ်ကျင်းက လုံးဝကိုအရှက်မရှိတော့တာ။ မင်းအရင်ဘာမှမဟုတ်တုန်းက သူကသာ မင်းကိုအထင်သေးခဲ့တာလေ၊ မင်းအခုအောင်မြင်သွားတော့မှ မင်းနားကိုပြန်ကပ်ချင်နေတယ်တဲ့လား?” စစ်မင်ကပြောလိုက်သည်။

“ဟုတ်ပါ့၊ သူ့ရဲ့အကျင့်စရိုက်ကာ ရွံစရာပဲ။” ရှုကျင်းချန်ကလဲ အထင်သေးစွာဖြင့်ပြောလိုက်သည်။

“ပြီးတော့ ရုတ်တရက်ကြီးပေါ်လာပြီး ငါ့မျက်နှာကို ကော်ဖီနဲ့ပက်သွားတဲ့ အရူးမတစ်ယောက်ကလဲရှိသေးတယ်။ ငါ့ကိုတောင် လူဆိုးကောင်ဆိုပြီး အော်သွားသေးတယ်။” ရှုင်းပိုင် ပို၍ပင်ဒေါသထွက်လာခဲ့သည်။

“ငါကလူဆိုးကောင်မို့လို့လား? ငါလိုလူကလေ?”

“ဟ-ဟ-ဟ-ဟ-ဟ” လူတိုင်း အကျယ်ကြီးထရပ်လိုက်ကြတော့သည်။ ပိုင်ရှင်းက မတရားသဖြင့်ခံလိုက်ရသည် မှန်သော်လည်း ရယ်စရာကောင်းလှပေသည်။ သူတို့သည် အရင်းနှီးဆုံးသူငယ်ချင်းများဖြစ်ပြီး တစ်ယောက်ကို တစ်ယောက် စနောက်ရယ်မောရသည်ကို သဘောကျကြလေသည်။

“ဒါပေမယ့်လဲ၊ ယွီဝမ်ကျင်းမင်းကို ပြောတာတွေက အခြားလူတွေကိုကိုတော့ အထင်လွဲသွားစေနိုင်တယ်လေ။” ချန်းမင်ကပြောလိုက်သည်။

ရှုချင်ယင်းကလဲ ထောက်ခံလိုက်ပြီး၊

“ဟုတ်တာပေါ့၊ အဲ့ဒီမိန်းကလေးမပြောနဲ့၊ ငါဆိုရင်တောင် နင့်ကိုလူဆိုးကောင်လို့ထင်မိမှာ။”

“ဒီလိုဆိုရင်တော့ ဒီကိစ္စက သူနဲ့မှမဆိုင်ဘဲ။” ရှင်းပိုင်မကျေနပ်စွာပြောလိုက်ပြီး၊

“သူ့ကိစ္စသူပဲ အာရုံစိုက်သင့်တယ်။”

“သူကကြင်နာတတ်လို့ဖြစ်မှာပါ၊ ဒါပေမယ့် လူမှားပြီးတိုက်ခိုက်လိုက်မိသွားတာပဲ။” ရှုကျင်းချန် မနေနိုင်စွာဖြင့် ထပ်ရယ်လိုက်ပြန်သည်။

ရှင်းပိုင်လဲ ထိုအချက်ကိုနားလည်ပေမည့် ထိုအရူးမအပေါ် ဒေါသထွက်နေမိစဲပင်။

၅နာရီမိနစ်၅၀လောက်တွင်တော့ ချောင်ဝမ်ရှင်း ကျင်းလင်ဟိုတယ်သို့ရောက်ရှိလာခဲ့ပေမည့် အခန်းထဲရှိ ဘယ်သူ့ကိုမှ သူမမသိဘဲ တစ်ယောက်တည်းဝင်သွားလျှက် ရှက်စရာကောင်းသောကြောင့် သီးသန့်ခန်းထဲသို့ အရင်မသွားနှင့်ပေ။ ထို့ကြောင့် ကုနင်းနှင့်လင်ရှောင်းထင်တို့ ရောက်လာမည်ကိုသာ ခန်းမထဲ၌စောင့်နေခဲ့သည်။

၆နာရီထိုးခါနီးတွင်တော့ ကုနင်းနှင့်လင်ရှောင်းထင်တို့ ရောက်ရှိလာခဲ့ပြီး သူတို့သုံးဦးအတူတူ အပေါ်ထပ်သို့တက်လာခဲ့သည်။

“ဟိုင်း၊ ရှောင်းထင်၊ ကုနင်း” အားလုံး သူတို့ကို နှုတ်ဆက်လိုက်ကြသည်။

ရှင်းပိုင် ကုနင်းကိုတွေဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်လေသည်။ ထို့အပြင် ကုနင်းသည် သူ့ဘော့စ်၏စိတ်နေစိတ်ထားကို ပြောင်းလဲသွားအောင်လုပ်နိုင်သူဖြစ်သောကြောင့် ယခုလိုတွေ့ရချိန်တွင် စိတ်လှုပ်ရှားနေမိသည်။

“မင်းက ရှောင်းထင်ရဲ့ချစ်သူပဲဖြစ်ရမယ်၊ ဟုတ်တယ်မလား?”

“ဟုတ်ပါတယ်၊ တွေ့ရတာဝမ်းသာပါတယ်။ ကျွန်မကကုနင်းပါ။” ကုနင်းယဉ်ကျေးစွာနှုတ်ဆက်လိုက်သည်။

“ဟိုင်း၊ ငါကတော့….” ရှင်းပိုင် စကားဆုံးအောင်မပြောရသေးခင်မှာပဲ ချောင်ဝမ်ရှင်းက သူ့ကိုမှတ်မိသွားကာ၊

“လူဆိုးကောင်!”

ထိုအသံကိုကြားတော့ လူတိုင်းတစ်စက္ကန့်လောက် ကြောင်အသွားကြသည်။ ချောင်ဝမ်ရှင်းကိုမြင်လိုက်သည်နှင့် ရှင်းပိုင်လဲ ချက်ချင်းဒေါသပြန်ထွက်လာကာ၊

“မင်း အရူးမပဲ၊ နားထောင်၊ ငါကလူဆိုးမဟုတ်ဘူး။”

ကုနင်းနှင့် လင်ရှောင်းထင်မှလွဲပြီး အခြားလူများကတော့ ကုနင်းတို့နှင့်အတူပါလာသည့်အမျိုးသမီးသည် ရှင်းပိုင် အစောက သူတို့ကိုပြောပြထားသည့် အရူးမဖြစ်မှန်း နားလည်သွားကြတော့သည်။ သို့ပေမည့် ထိုအရူးမသည် ကုနင်းတို့ လင်ရှောင်းထင်တို့နှင့်အတူ ပါလာသည်ပဲ။ တိုက်ဆိုင်လိုက်တာ။

“ဘာတွေဖြစ်နေကြတာလဲ?” ကုနင်းသိချင်စွာဖြင့်မေးလိုက်သည်။

***

အခန်း ၄၄၉

ရှင်းပြစရာမလိုဘူး

“နင်းနင်း၊ ဒီနေ့ကော်ဖီဆိုင်မှာ အဲ့လူကောင်မလေးတစ်ယောက်ကို စွန့်ပစ်ဖို့လုပ်နေတာ ငါတွေ့ခဲ့တယ်။” ချောင်ဝမ်ရှင်း ရှင်းပိုင်အား ဆိုးရွားလှသည့်အပြစ်သားတစ်ဦးကဲ့သို့ စိုက်ကြည့်ကာပြောလိုက်သည်။

“မင်းအကြောင်းအရာကို သေချာမသိဘဲနဲ့၊ ငါ့ကိုမစော်ကားနဲ့။” ရှင်းပိုင် ပြန်အော်လိုက်သည်။

“ဘယ်မှာစော်ကားလို့လဲ၊ ငါ့နားနဲ့သေချာကြားခဲ့တာ။” ချောင်ဝမ်ရှင်းလဲ ပြန်ငြင်းတော့သည်။

ရှုကျင်းချန်နှင့် ကျန်လူများမှာ အမှန်တရားကိုသိသော်လည်း ရှင်းပိုင်ကိုကူညီ၍ ရှင်းပြခြင်းမရှိဘဲ ဘေးထွက်ကာ ဇာတ်လမ်းတစ်ပုဒ်လိုကြည့်နေကြသည်။

ရှင်းပိုင် အလွန်ဒေါကန်နေသည်ကို မြင်လိုက်ရတော့ ကုနင်းလဲ ချောင်ဝမ်ရှင်း တစ်ခုခုနားလည်မှုလွဲနေပြီမှန်း နားလည်လိုက်သည်။

“တစ်ခုခုနားလည်မှုလွဲနေကြတာလို့ ငါထင်တယ်။ သူ့ကိုရှင်းပြဖို့အခွင့်ရေးလေးပေးလိုက်ပါဦး။” ကုနင်းပြောလိုက်သည်။

“ငါဒီအရူးမကို မရှင်းပြနိုင်ဘူး။” ရှင်းပိုင်က ချက်ချင်းပင် ငြင်းလိုက်သည်။

ကုနင်းက အထင်လွဲခြင်းဖြစ်လောက်သည်ဟု ပြောခြင်းကြောင့် ချောင်ဝမ်ရှင်း သူမမှားနေတာဖြစ်နိုင်သည် တွေးမိလိုက်သော်လည်း ရှင်းပိုင်က အကြောင်းအရာအလုံးစုံကို သူမအားရှင်းပြဖို့ ငြင်းဆန်လိုက်သောကြောင့် ထပ်မံဒေါသထွက်လာကာ၊

“ရှင်လူဆိုးကောင်!”

“မင်း…” ရှင်းပိုင်လဲ အလွန်ဒေါသထွက်နေတော့သည်။

“ကုနင်းရဲ့မျက်နှာကြောင့် ငါမင်းနဲ့ဆက်ပြီး မငြင်းတော့ဘူး။”

ကုနင်းလဲ ချောင်ဝမ်ရှင်းကိုဆွဲကာ ထိုင်ခိုင်းလိုက်ရသည်။ ဤသို့သောအငြင်းအခုံများကြောင့် ရှုကျင်းချန် ချောင်ဝမ်ရှင်းအပေါ် အဆိုးမြင်သွားမည်အား ကုနင်းစိုးရိမ်မိလေသည်။ သို့ပေမည့် ဘယ်သူကမှ ချောင်ဝမ်ရှင်းကို ရိုင်းသည်ဟုမတွေးကြဘဲ သူမသည် ဒေါသကြီးသော်လည်း ကူညီတတ်သောကြောင့် သဘောကျသွားကြသည်။

“မိတ်ဆက်ပေးရဦးမယ်။ ဒါကကျွန်မရဲ့သူငယ်ချင်း၊ ချောင်ဝမ်ရှင်းပါ။” ကုနင်း သူတို့ကိုမိတ်ဆက်ပေးလိုက်သည်။

“တွေ့ရတာဝမ်းသာပါတယ်။”

ရှင်းပိုင်မှလွဲ၍ လူတိုင်း ချောင်ဝမ်ရှင်းအား ကောင်းကောင်းမွန်မွန်နှုတ်ဆက်ကြလေသည်။

“ရှင်တို့ကိုလဲ တွေ့ရတာဝမ်းသာပါတယ်။” ချောင်ဝမ်ရှင်းလဲ ပြုံး၍ပြန်နှုတ်ဆက်လိုက်သည်။

ထို့နောက် ကုနင်း‌ ချောင်ဝမ်ရှင်းဘက်သို့လှည့်ကာ၊

“ဒါကချန်းမင်၊ စစ်မင်၊ ရှုကျင်းချန်၊ ဒါကသူ့ညီမ ရှုချင်ယင်း၊ ဒါကတော့ ရှင်းပိုင်။ သူတို့အားလုံး နင့်ထက် အသက်ကြီးကြတယ်။”

ကုနင်းသူမနှင့်မိတ်ဆက်ပေးရန် စီစဉ်ထားသည့် လူမှာ မည်သူမှန်း ချောင်ဝမ်ရှင်းမသိသော်လည်း တစ်ဖက်လူကို တမင်တကာ အာရုံစိုက်မနေချင်သောကြောင့် မေးမနေတော့ပေ။ အကယ်၍ သူတို့ချင်းသာ အမှန်တကယ်ဆုံဆည်းဖို့ရန် ကံပါလာလျှင် အဆုံးတွင်တော့ ဆုံဆည်းကြရမည်သာဖြစ်သည်။ ထို့အပြင် ရှင်းပိုင်ကလွဲ၍ အခြားလူများအားလုံးကို ချောင်ဝမ်ရှင်း အမြင်ကောင်းများရှိလေသည်။

“ဘာမှာကြမလဲ? မိန်းကလေးတွေကိုဦးစားပေးတယ်!” ရှုကျင်းချန်ကနေပြီး အစားအသောက်စာရင်းသုံးခုအား မိန်းကလေးသုံးယောက်ထံသို့ပေးလိုက်ကာ သူတို့လဲ အချိန်ဆွဲမနေဘဲ သူတို့စားချက်သည်များကို မှာကြတော့သည်။

အခန်းထဲတွင် အပြင်လူရှိနေလျှင် စကားပြောရ၌ အဆင်မပြေသောကြောင့် စားပွဲထိုးအား လက်ဖက်ရည်ခွက်များ ငှဲ့ပေးပြီးသည်နှင့် ထွက်သွားရန် ရှုကျင်းချန်ပြောလိုက်သည်။

“မိန်းကလေးချောင် တကယ်တော့ မင်း ပိုင်ရှင်းအပေါ်နားလည်မှုလွဲနေတာပါ။ ဒါကမင်းထင်သလိုမဟုတ်…” ရှုကျင်းချန်က ရှင်းပိုင်အစားရှင်းပြဖို့ရန် ကြိုးစားလိုက်သည်။ သူတို့အားလုံး ဇာတ်လမ်းတစ်ပုဒ်လိုမျိုး ဘေးမှနေ ပျော်ရွှင်စွာကြည့်နေကြပေမည့် ကုနင်း၏သူငယ်ချင်းဘက်က သူတို့အပေါ် မကောင်းသည့် ထင်မြင်မျိုး ကျန်ရှိသွားမည်ကိုတော့ မဖြစ်စေချင်ပေ။ သို့ပေမည့် ရှုကျင်းချန် စကားဆုံးအောင် မပြောရသေးခင်တွင်ပဲ ရှင်းပိုင်က ကြားဖြတ်ဟန့်တားလိုက်ကာ၊

“ဘာမှရှင်းပြနေစရာမလိုဘူး။ ဒီကိစ္စလောက်က အရေးကြီးနေလို့လား?”

“ငါက ကုနင်းရဲ့သူငယ်ချင်း ငါတို့အပေါ် မကောင်းမြင်သဘောထားမကျန်သွားစေရုံပါ။” ရှုကျင်းချန် ပြန်ဖြေလိုက်သည်။

“မင်းဘယ်ကတည်းက တခြားလူတွေရဲ့ သဘောထားအမြင်ကို ဒီလောက်ဂရုစိုက်တတ်သွားတာလဲ?” ရှင်းပိုင်က မျက်မှောင်ကြုတ်လျက်သားနှင့် ရှုကျင်းချန်ကို စိုက်ကြည့်ကာမေးလိုက်သည်။ ရှုကျင်းချန်က သူ့ဘက်မှာမနေပေး၍ မကျေမနပ်ဖြစ်နေသည့်ပုံပင်။

“ကောင်းပြီလေ၊ မေ့လိုက်ပါတော့။” ရှင်းပိုင် မကျေမနပ်ဖြစ်နေသည်ကို ရှုကျင်းချန်လဲ နားလည်သောကြောင့် ဆက်ပြီးမပြောတော့ပေ။

“စိတ်မပူပါနဲ့။ ရှင်တို့အားလုံးကို သဘောကျပါတယ်။ ဒီလိုလူတစ်ယောက်အတွက်နဲ့ ရှင်တို့အားလုံးကိုပါ ရောပြီး အမြင်မကြည်မဖြစ်ပါဘူး။” ချောင်ဝမ်ရှင်း သိသိသာသာပင် ရှင်းပိုင်ကို အပြစ်တင်လိုက်သည်။

“အရူးမ။” ချောင်ဝမ်ရှင်းသည်လဲ ယွီဝမ်ကျင်းခဲ့သည့် စိတ်ရှုပ်စရာကောင်းသည့်မိန်းမဟူ၍ ရှင်းပိုင် တွေးလိုက်မိတော့သည်။

“လူဆိုးကောင်။” ချောင်ဝမ်ရှင်း သူမအထင်လွဲနေမှန်းသိတာတောင်မှ ရှင်းပိုင်၏အပြုအမူများကို မနှစ်သက်စဲပင်။

“မင်း…။”

“မိန်းကလေးတစ်ယောက်နဲ့ ပြိုင်ငြင်းမနေနဲ့တော့။ ”အဆုံးတွင်တော့ လင်ရှောင်းထင် ဝင်ပြောလိုက်မှပဲ ချောင်ဝမ်ရှင်းနှင့် ရှင်းပိုင်တို့၏ငြင်းခုံမှုကြီး အဆုံးသတ်သွားရတော့သည်။

“မတ်လေးကသာ တကယ့်စစ်မှန်တဲ့ယောက်ျားကောင်းလို့ ထင်တယ်။” ချောင်ဝမ်ရှင်း ချီးမွမ်းပြောဆိုလိုက်ကာ ရှင်းပိုင်ကိုတော့ ရန်စသည့်အကြည့်ဖြင့်ကြည့်လိုက်သည်။

လင်ရှောင်းထင်ကတော့ သူ့ကို ချောင်ဝမ်ရှင်း မတ်လေးဟုခေါ်လိုက်လျှင် အလွန်သဘောကျသွားတတ်ကာ မသိလိုက်ဘာသာဖြင့် ချောင်ဝမ်ရှင်းဘက်မှပင် ရပ်တည်မိသွားသည်။ ထိုပုံစုံမြင်တော့ လင်ရှောင်းထင်ဘာကြောင့် ချောင်ဝမ်ရှင်းက သူ့ကို မတ်လေးဟုခေါ်လိုက်လျှင် အလွန်ပျော်ရွှင်သွားပုံရဲလဲဆိုသည်ကို နားမလည်သောကြောင့် သူမဘာပြောလို့ပြောရမှန်းကိုပင်မသိတော့သည်။

လင်ရှောင်းထင်၏အမြင်တွင်တော့ ချောင်ဝမ်ရှင်းသည် အခုချိန်တွင် ကုနင်း၏မိသားစုဝင်ဖြစ်နေပြီဖြစ်သောကြောင့် ကုနင်းဂရုစိုက်ရသည့်လူများထံမှ တရားဝင်အသိအမှန်ပြုမှုများရဖို့ရန်က သူ့အတွက် အလွန်အရေးကြီးသည့် ကိစ္စရပ်ဖြစ်သည်။

မကြာမီအချိန်မှာပဲ ဟင်းပွဲများ စုံလင်လာခဲ့သည်။ ထို့နောက် သူတို့အားလုံး စားကြသောက်ကြရင်း စကားစမြည်ပြောလို့နေသည်။ ဆိုးသည်က ချောင်ဝမ်ရှင်းသာ အခြားလူများနှင့် စကားပြောဆိုနေလျှင် ရှင်းပိုင်က တိတ်ဆိတ်လို့နေပြီး ရှင်းပိုင်သာအခြားလူများနှင့် စကားပြောနေလျှင် ချောင်ဝမ်ရှင်းက တိတ်ဆိတ်လို့နေသည်။ သူတို့နှစ်ဦး၏ပုံစံက စိတ်ကောက်ကာ စကားမပြောကြသည့် ကလေးများလိုပင်။

စားသောက်ပြီးသည့်နောက်တွင်တော့ ရှုကျင်းချန်က၊

“ဒီတော့ ငါတို့ဘယ်ကိုဆက်သွားကြမလဲ?”

“မင်းဘယ်သွားချင်လဲ?” လင်‌ရှောင်းထင်က ကုနင်းကိုမေးလိုက်သည်။

“မပြောတတ်ဘူးလေ။ ရှင်တို့ဘာသာရွေးလိုက်ကြပါ။” ကုနင်းပြန်ဖြေလိုက်သည်။

“ဒီလိုဆို ငါတို့ဘာလို့ ကမ်းရိုးတန်းအသင်းတိုက်ကိုမသွားကြတာလဲ? အဲ့ဒီမှာဆို ကစားပွဲအစီအစဉ်တွေ အများကြီးရှိတယ်။” စစ်မင်က အကြံပေးလိုက်သည်။

ကမ်းရိုးတန်းအသင်းတိုက်သည် အဆင့်မြင့်ဖျော်ဖြေရေးနေရာဖြစ်ကာ အရက်ဘား၊ ကာရာအိုကေအခန်းများ၊ အားကစားခန်းမ၊ ဘိလိယက်ခုံများ၊ ဝိုင်စမ်းသပ်ခန်းများနှင့် အခြားကစားနည်းမျိုးစုံရှိပေမည့် လောင်းကစားဝိုင်းတော့ မပါဝင်ပေ။ ဤနေရာသည် မြို့တော်ဖြစ်သောကြောင့် လောင်းကစားဝိုင်းများကို တရားဝင် ဖွင့်လှစ်ခွင့်မပြုထားပေ။ သူတို့သည်လဲ ဆူညံသည့်နေရာများကို သဘောမကျကြသောကြောင့် ကမ်းရိုးတန်းအသင်းတိုက်အား သွားမည့်အစီစဉ်ကို သဘောမတူသူမရှိကြပေ။

ထို့နောက်တွင်တော့ သူတို့တစ်ဖွဲ့လုံး ကမ်းရိုးတန်းအသင်းတိုက်သို့ ကားဖြင့်ထွက်လာခဲ့ကြကာ ချောင်ဝမ်ရှင်းသည်တော့ ကုနင်းနှင့်အတူ လင်ရှောင်းထင်၏ကားဖြင့်သာ လိုက်ခဲ့သည်။

“နင်ရှင်းပိုင်ကို တော်တော်သဘောမကျဘူးထင်တယ်။” ကုနင်းစလိုက်သည်။

ချောင်ဝမ်ရှင်းလဲ သူမနှုတ်ခမ်းကိုကိုက်လိုက်ကာ၊

“အစကတော့ ဟုတ်တယ်။ ဒါပေမယ့် ငါအထင်လွဲနေတာမှန်းသိသွားတော့ သူ့ကိုမမှန်းတော့ပါဘူး။ သူ့အပြုအမူကိုသာ သဘောမကျရုံပဲ။”

“သူ့မှာဘာကောင်မှမဟုတ်ခင်တုန်းက အဲ့ဒီအမျိုးသမီးက သူ့ကိုစွန့်ပစ်ခဲ့တယ်။ ဒါပေယ့်အခု သူအောင်မြင်သွားတော့ အဲ့ဒီအမျိုးသမီး သူ့နားကကို မခွာတော့ဘူး။” လင်ရှောင်းထင်က ရှင်းပြလိုက်သည်။

ထိုစကားများကို ကြားရတော့ ချောင်ဝမ်ရှင်း ရှင်းပိုင်အပေါ်ရုတ်ရက်သနားမိသွားပေမည့် ဘာမှပြန်ပြောမလာခဲ့ပေ။

မကြာခင်အချိန်တွင်မှာပဲ သူတို့အားလုံး ကမ်းရိုးတန်းအသင်းတိုက်သို့ရောက်လာခဲ့ကြသည်။ ရှုကျင်းချန်က လမ်းမှာကတည်းက ဇိမ်ခံပစ္စည်းအပြည့်အစုံနှင့် ကစားနည်းမျိုးစုံပါဝင်သည့် အကျယ်ဆုံးအခန်းကို ကြိုတင်မှာယူထားပြီးဖြစ်သည်။

စစ်မင်ကတော့ သီးသန့်ခန်းသို့ရောက်သည်နှင့် ဘိလိယက်စကစားဖို့ မစောင့်နိုင်တော့ပေ။

“ရှင်းပိုင်၊ လာခဲ့၊ တစ်ပွဲလောက်ကစားကြရအောင်။”

ရှင်းပိုင်လဲ နောက်ထပ် ကျူတံတစ်ချောင်းကို ယူလိုက်ကာ၊ “ကစားကြတာပေါ့။” လောလောဆယ် သူ့စိတ်အခြေအနေမကောင်းနေသောကြောင့် ဒေါသတရားများကို ဖြေဖျောက်ဖို့ရန်အတွက် ကစားဖို့ ဆုံးဖြတ်လိုက်သည်။

မိန်းကလေး၃ဦးသည်တော့ တစ်ဖွဲ့ရှိနေကာ ရှုချင်ယင်းမှ မေးလိုက်သည်။

“နင်တို့ဘာကစားကြမလဲ?”

***

အခန်း ၄၅၀

တောင်းပန်ပြီးထွက်သွားကြ

ချောင်ဝမ်ရှင်း တွေးကြည့်လိုက်ပြီးနောက်၊

“ဒီကမ်းရိုးတန်းအသင်းတိုက်ရဲ့ နောက်ခံကဘာလဲ?”

“ငါလဲသေချာမသိထားဘူး။ ဘာလို့မေးတာလဲ?” ရှုချင်ယင်းပြန်ဖြေလိုက်သည်။

“အဲ့ဒါက၊ ငါဒုတိယထပ်မှာ ဂိမ်းခန်းရှိတာ သတိထားမိလိုက်လို့…” ကမ္ဘာမြေကလပ်တွင်ဖြစ်ပျက်ခဲ့သည်များကို ချောင်ဝမ်ရှင်း သတိရနေသေးသောကြောင့် အခြားဖျော်ဖြေရေးလုပ်းငန်းများတွင် ငွေနိုင်အောင် မလုပ်ရဲတော့ပေ။ သူမကိုယ်တိုင်နိုင်အောင် ကစားနိုင်ခြင်းမဟုတ်ပေမည့် ကုနင်းကတော့ သေချာပေါက် နိုင်,နိုင်ပေသည်။

ရှုချင်ယင်းသည်တော့ ကမ်းရိုးတန်းအသင်းတိုက်၏နောက်ခံနှင့် ချောင်ဝမ်ရှင်း ဂိမ်းကစားချင်ခြင်းက ဘာများသက်ဆိုင်နေလဲဆိုသည်ကို နားမလည်နိုင်ဖြစ်နေပေမည့် ကုနင်းကတော့ ချက်ချင်းနားလည်လိုက်သည်။

“ရပါတယ်။ သွားကစားကြရအောင်။” ကုနင်းကပဲ ဦးဆောင်က မတ်တပ်ထရပ်လိုက်သည်။

ဤကမ်းရိုးတန်းအသင်းတိုက်ကို ချင်ဂိုဏ်းလဲမပိုင်သလို ကီရင်းဂိုဏ်းလဲမပိုင်ကြောင်း ကုနင်းစုံစမ်းထားပြီးဖြစ်လေသည်။ ဒီနေရာကို အခြားဂိုဏ်းတစ်ခုခုကပိုင်ဆိုင်ခြင်းဖြစ်မည်ဆိုပေမည့် နိုင်ငံ၏အကြီးမားဆုံး ဂိုဏ်းကြီးနှစ်ဂိုဏ်းကိုပင် သူမကိုင်တွယ်ဖြေရှင်းထားနိုင်မှတော့ ကျန်သည့်အသေးအမွှားဂိုဏ်းလေးများကို ဂရုစိုက်မနေတော့ပေ။ ထိုဂိုဏ်းများကို သူမဂရုမစိုက်သော်လည်း ပြဿနာတက်အောင် တမင်ဖန်တီးမည်ဟုလဲ မဆိုလိုပေ။ ထို့ကြောင့် သူမဘာသာ သိုသိုဝှက်ဝှက်နေရန်သာ ဆုံးဖြတ်လိုက်သည်။

ထို့နောက် လင်ရှောင်းထင်ကို သူမတို့ ဂိမ်းကစားခန်းမသို့သွားမည်ဖြစ်ကြောင်း ကုနင်းပြောလိုက်ကာ ချောင်ဝမ်ရှင်း၊ ရှုချင်ယင်းတို့နှင့်အတူ ထွက်လာခဲ့သည်။

ချောင်ဝမ်ရှင်းထွက်သွားသည်ကိုမြင်တော့မှ ရှင်းပိုင်က အထင်သေးကာ မနှစ်သက်သည့်ဟန်ဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။

“ရှင်းပိုင်၊ မင်းဘာလို့ ကောင်မလေးတစ်ယောက်နဲ့ အတိုက်အခံလုပ်နေရတာလဲ? ယောက်ျားက ယောကျ်ားလို့ပြုမူစမ်းပါ။” ချန်းမင်က ပြောလိုက်သည်။

“ချီးပဲ!” ရှင်းပိုင် ဒေါသတကြီးရေရွတ်လိုက်ပြီးနောက် ချန်းမင်ကို လျစ်လျူရှုကာ ဘိလိယက်ကစားဝိုင်းဆီသို့ အာရုံပြန်ပို့လိုက်သည်။

“ရှင်းပိုင်၊ မင်းကြည့်ရတာ ဒီနေ့စိတ်အခြေအနေတော်တော်မကောင်းပုံပဲ။” ရှုကျင်းချန် ခေါင်းခါရင်းပြောလိုက်သည်။ ပုံမှန်ဆိုလျှင် ရှင်းပိုင်၏ဘိလိယက်ကစားနှုန်းသည် အလွန်ကောင်းသည့်အဆင့်တွင်ရှိပေမည့် ယနေ့တွင်တော့ စစ်မင်ထက်ပင် ပို၍ဆိုးဝါးသည့် အခြေအနေဖြစ်နေသည်။

ကောင်မလေးသုံးယောက်ကတော့ ဒုတိယထပ်သို့သွားကာ ယွမ်၁သောင်းဖိုး အကြွေစေ့လဲလိုက်ပြီးနောက် ခန်းမအတွင်းသို့ ဝင်သွားခဲ့လိုက်သည်။ သူမတို့၏လှပလွန်းသည့် ပုံစံများကြောင့် သူမတို့ဂိမ်းခန်းမအတွင်းသို့ဝင်လိုက်သည်နှင့် လူအများ၏အာရုံစိုက်ခြင်းကို ခံလိုက်ရသည်။

သူတို့သုံးယောက် ဂိမ်းစက်တစ်ခုသို့သွားလိုက်ကြပေမည့် သူမတို့စတင်မကစားကြရသေးခင်တွင်ပဲ လူမိုက်၄ယောက်ရောက်လာခဲ့သည်။ ထိုလူမိုက်များမှာ မိန်းမလှလေးသုံးဦးထံသို့ တမင်ချဉ်းကပ်လာကြကာ အနှောင့်အသွားမလွတ်သည့် စကားများကိုဆိုကြသည်။

“ဟေး၊ အလှလေးတွေ။ မင်းတို့ဘာကစားကြမလို့လဲ? ကိုယ်တို့ကူညီပေးမယ်လေ။ ကိုယ်တို့က ကစားတာတော်တယ်နော်။”

“မလိုဘူး။” ချောင်ဝမ်ရှင်းက အေးစက်သည့်လေသံဖြင့် ပြောလိုက်သည်။ “ထွက်သွားကြ။”

“အဲ့လောက်ကြီးမအေးစက်ပြပါနဲ့။” ထိုလူမိုက်အုပ်စုမှ တစ်ယောက်ကပြောသည်။

“ရှင်တို့က ကျွန်မတို့နဲ့ကစားချင်တယ်ပေါ့? ဖြစ်လာမယ့်အကျိုးဆက်ကို ရှင်တို့လက်မခံနိုင်မှာ စိုးမိတယ်။” ကုနင်းက လှောင်ပြောင်လိုက်သည်။

ထိုလူမိုက်အုပ်စုလဲ ချက်ချင်းပင် အကျေမနပ်ဖြစ်သွားကာ ခေါင်းဆောင်ကနေပြီး၊

“ဘာ? စိတ်ဝင်စားဖို့ကောင်းသားပဲ။ ဒီနေရာမှာ ငါတို့မတတ်နိုင်တာ ဘာမှမရှိဘူး။”

“ဒီလိုဆိုမှတော့ တစ်ခေါက်လောက်စမ်းကြည့်ကြတာပေါ့။ လောင်းကြေးကတော့ ယွမ်၁သောင်း။ ရှင်တို့နိုင်ရင် ကျွန်မတို့ ရှင်တို့စကားကိုနားထောင်မယ်။ ကျွန်မတို့နိုင်ရင်တော့ ရှင်တို့အားလုံး ကျွန်မတို့ကိုတောင်းပန်ပြီးတော့ ထွက်သွားရမယ်။ ဘယ်လိုလဲ?” ကုနင်းအေးဆေးစွာဖြင့်ပြောလိုက်သည်။

“နင်းနင်း။” ရှုချင်ယင်းကအနည်းငယ်စိုးရိမ်မိသွားသည်။ ထို့ကြောင့် သူမ ကုနင်းကို တားဖို့ပြင်လိုက်ပေမည့် ချောင်ဝမ်ရှင်းကသာ သူမကိုတားလိုက်ကာ၊

“စိတ်မပူနဲ့။ ငါတို့အဆင်ပြေသွားလိမ့်မယ်။” ချောင်ဝမ်ရှင်းကတော့ အခုချိန်တွင် ကုနင်းကို အပြည့်အဝယုံကြည်နေပြီဖြစ်သောကြောင့် လုံးဝမစိုးရိမ်မိပေ။

ရှုချင်ယင်းသည်တော့ ကုနင်းရှုံးသွားမည်ကို စိုးရိမ်မိပေမည့် သူမတို့ကို ထိုလူမိုက်များ ထိခိုက်အောင်လုပ်ရဲလိမ့်မည်ဟုတော့ မထင်မိပေ။ အပေါ်ထပ်တွင် လင်ရှောင်းထင်တို့အဖွဲ့ရှိနေခြင်းကြောင့် သူတို့သေချာပေါက် သူမတို့ကို ကာကွယ်ပေးကြလိမ့်မည်။

ကုနင်း အေးဆေးစွာပြောနေပေမည့် ထိုလူမိုက်များကတော့ ဂရုပင်မစိုက်ဘဲ၊

“ကောင်းပြီလေ၊ မင်းက ငါနဲ့လောင်းရဲမှတော့ ဒီနေရာရဲ့တကယ့်ဘော့စ်က ဘယ်သူလဲဆိုတာ ပြရသေးတာပေါ့။ ဒီနေ့ညတော့ ငါတို့အတွက်အကောင်းဆုံးညဖြစ်တော့မယ်နဲ့တူတယ်။” ထိုလူမိုက်ခေါင်းဆောင်က သူကပဲ ဤနေရာတွင် အရာရာကို ထိန်းချုပ်နိုင်သူဟု ထင်မှတ်ကာ မိန်းမလှလေးများဖြင့် ပျော်ပါးရတော့မည်ဟူ၍ ပျော်ရွှင် စိတ်လှုပ်ရှားနေတော့သည်။

ကုနင်းလဲ အတော်လေးမကျေမနပ်ဖြစ်သွားခဲ့သည်။ ဒီလူမိုက်တွေက သူတို့သေတွင်းကို သူတို့တူးနေကြတာပဲ။

သူတို့နားတွင်လဲ ပြဇာတ်တစ်ပုဒ်လို စောင့်ကြည့်ဖို့ရန်အတွက် လူအများစုပြုံလာကြသည်။ သို့ပေမည့် လူအနည်းစုကသာ ကုနင်းဘက်ကနေ အကောင်းမြင်ပေးကြပြီး ပုံမှန်လာရောက်လည်ပတ်သူအများစုကတော့ ဒီလူမိုက်များသည် ဂိမ်းကစားရာတွင်အတော်လေးတော်ကြကြောင်း သိထားကြလေသည်။

“စကြတာပေါ့။” ကုနင်းပြုံးကာပြောလိုက်ပေမည့် သူမအသံသည်တော့ အေးစက်လို့နေသည်။

ကုနင်းနှင့် လူမိုက်ခေါင်းဆောင်တို့ ဂိမ်းစက်ရှေ့တွင် ရပ်လိုက်ကြကာ နှစ်ယောက်လုံး ပုံအောလောင်းခဲ့ကြသည်။

ထို့နောက်တွင်တော့ ကုနင်းထက်အရင် တစ်ဖက်လူက ခလုတ်ကိုနှိပ်လိုက်သောကြောင့် ဆူညံသံအကျယ်ကြီးနှင့်အတူ ဂိမ်းစက်ကစတင်လည်ပတ်တော့သည်။

ထိုဂိမ်းစက်လည်နေသည့်အချိန်တွင်ပဲ ကုနင်းသည်လဲ သူမ၏ခလုတ်ကို နှိပ်လိုက်သောကြောင့် ထိုစက်လဲ စတင်ရွေ့လျားလာခဲ့သည်။

လူမိုက်ခေါင်းဆောင်ဘက်ကပဲ ရပ်သည့်ခလုတ်ကို အရင်ဦးစွာနှိပ်လိုက်သောကြောင့် ဂိမ်းစက်မှာ လူတစ်ယောက် ကားဘရိတ်အား အရှိန်ပြင်းပြင်းမောင်းနေရာမှ ရုတ်တရက်နင်းလိုက်သည့် အသံမျိုးထွက်လာကာ တစ်တန်းပြီးတစ်တန်းစတင်ရပ်လာတော့သည်။ လူတိုင်း၏မျက်လုံးများသည်လဲ ထိုစက်ကိုသာ အာရုံစိုက်ကြည့်နေကြသည်။

ထိုလူမိုက်ခေါင်းဆောင်၏စက်တွင်က ပထမ၅တန်းမှ တစ်တန်းတွင် အကြိမ်၂၀၀ရုပ်ပုံကိုရခဲ့သည်။ အကြိမ်၂၀၀ဆိုသည်မှာ မများလှသော်လည်း သူတို့အားလုံးအတွက်လောင်းလျှင်တောင်မှ နိုင်ဖို့ရန်ခက်ခဲလွန်းသည့် ကစားနည်းဖြစ်၍ ဤမျှရသည်ကိုပင် လူမိုက်ခေါင်းဆောင်မှာ ကျေနပ်လို့နေသည်။

ထိုအခါတွင်တော့ လူမိုက်အဖွဲ့က ကုနင်းတို့ကို ဂုဏ်ယူနေသည့်အကြည့်များဖြင့် ကြည့်လိုက်ကာ၊

“ကဲ-ကဲ-ကဲ၊ ကောင်မလေးတွေ၊ ဒီညတော့ ငါတို့နဲ့အိမ်လိုက်ခဲ့ဖို့ အဆင်သင့်ပြင်ထားတော့။”

“ဟ-ဟ-ဟ-ဟ-ဟ” ထို့နောက် ထိုလူမိုက်အားလုံး ကျယ်လောင်စွာဖြင့်ရယ်လိုက်ကြသည်။

“ကျွန်မကတော့ အဲ့လိုဖြစ်မယ်မထင်ဘူး။” ကုနင်းပြောရင်းဖြင့် ရပ်သည့်ခလုတ်ကိုနှိပ်လိုက်ကာ ရုပ်ပုံများလဲ တစ်ခုချင်းစီရပ်တန့်လို့သွားတော့သည်။

တစ်ချိန်တည်းတွင်ပဲ တစ်ဖက်လူမိုက်ဘက်မှစက်သည်က အဆုံးထိရလဒ်ကိုပြနေပြီဖြစ်ကာ အကြိမ်၂၀၀တစ်ခေါက်နှင့် အကြိမ်၁၀၀တစ်ခေါက်ရခဲ့သည်။ သို့ပေမည့် သူတို့ ဂုဏ်ယူလို့မရနိုင်သေးခင်တွင်ပဲ ကုနင်း၏စက်ဘက်မှ အတန်းများတွင် တစ်တန်းပြီးတစ်တန်း ရုပ်ပုံများပါကာ ရပ်နေကြောင်းကို သတိထားထားမိလိုက်၍ အားလုံး ထိတ်လန့်သွားကြသည်။ အတန်းအားလုံးတွင် မတူညီသည့်ရုပ်ပုံများပါရှိလို့နေပေသည်။

စက္ကန့်ပိုင်းအတွင်းတွင်ပဲ ဂိမ်းစက်မှနေပြီး အနိုင်ရရှိသည့် အကြွေစေ့များ တရစပ်ထွက်ကြလာတော့သည်။

“မဖြစ်နိုင်တာ၊ သူအားလုံးနိုင်သွားတာလား!”

“ဘုရားရေ! သူရဲ့ကံကောင်းမှုကတော့ မယုံနိုင်စရာပဲ။”

“ဒါတွေအားလုံး အနည်းဆုံး ယွမ်သန်း၁၀၀တော့ရှိရမယ်။”

လူများစွာက တဖြည်းဖြည့်နှင့် ကုနင်းကို မနာလိုအားကျစွာဖြင့် ဝန်းရံလာကြသည်။

ချောင်ဝမ်ရှင်းမှာ နိုင်ပွဲအတွက် စိတ်ကိုကြိုတင်ပြင်ဆင်လို့ထားပြီးဖြစ်ပေမည့် ထပ်မံအံ့အားသင့်မိရစဲပင်။

“ငါ-ငါအိပ်မက်များ မက်နေတာလား?” ရှုချင်ယင်းမှာတော့ သူမမြင်နေရသည်များကို မယုံကြည်လို့နိုင်ပေ။

“ငါနင့်ကိုလိမ်ဆွဲပေးဖို့လိုသေးလား?” ချောင်ဝမ်ရှင်းကမေးလိုက်သည်။

“မလိုတော့ဘူး၊ ကျေးဇူးပဲ။” ရှုချင်ယင်း ချက်ချင်းပင် ငြင်းလိုက်သည်။

ထို့နောက် ကုနင်း ထိုလူမိုက်များကို ကြည့်ကာ အေးစက်လှသည့်လေသံဖြင့်၊

“ရှင်တို့ရှုံးသွားပြီ၊ တောင်းပန်ပြီးတော့ ထွက်သွားကြတော့။”

“မင်း ငါဘယ်သူလဲဆိုတာသိရဲ့လား? မင်းကများ ငါ့ကိုတောင်းပန်ဖို့ပြောရဲသေးတယ်?” လူအများကြားတွင် တောင်းပန်ရခြင်းသည် အလွန်ရှက်ရွံ့စရာကောင်းသောကြောင့် တစ်ဖက်လူမိုက်က အလောင်းအစားကို ငြင်းဆိုတော့သည်။ အစတုန်းက ဤအလောင်းအစားကို သူသဘောတူခဲ့ခြင်းသည် သေချာပေါက် သူနိုင်လောက်မည်ဟု ထင်နေခြင်းကြောင့်သာဖြစ်သည်။

“ရှင်တို့ တောင်းပန်မှာလား၊ မတောင်းပန်ဘူးလား?” ကုနင်း အသံကိုနှိမ့်ကာ ခြိမ်းခြောက်သည့်အနေအထားဖြင့်မေးလိုက်သည်။ ထိုလူမိုက်များလဲ အအေးခန်းတစ်ခုထဲသို့ ရောက်သွားရလိုခံစားလိုက်ရပြီး ကြောက်လန့်စွာဖြင့် တုန်ရီလာကြတော့သည်။

***

စာစဉ် ၃၀ ပြီး၏။

All Chapters