သမိုင်းအမှန်
Vol. 108 Ch. 1651
ဤသမိုင်းအဖြစ်အပျက်ထဲမှ ကြေးမုံကောင်းကင်ပေါ်တွင် ကြယ်များက ပုံပျက်တွန့်လိမ်နေပြီး ကြယ်တာရာများက ပူဖောင်းများနှင့်အတူ ဝေဝါးနေကြသည်။ ပူဖောင်းများက အရောင်မျိုးစုံရှိကြသော်လည်း အနီရောင်ကင်းမဲ့နေသည်။
အနီရောင်က မိုးသောက်အလင်းတန်းထဲမှာသာ ရှိသည်။
အနီရောင်မိုးသောက်အလင်းက တခြားရောင်စုံအလင်းများဖြင့် တိုက်ခိုက်ရန် အရှေ့သို့ ပျံသန်းသွားသည်။
ဤအလင်းအမှောင်ထဲတွင် မိုးသောက်အင်မော်တယ်အရှင်သခင်နှင့် ရှေးဟောင်းလက်က ပိုပြီးရှင်းလင်းလာသည်။
ယင်းကို မြင်တွေ့လိုက်ရသောအခါ ရွှီချင်းက ဒုတိယအလွှာထဲမှ မဟာနတ်ဆိုးဘုရင်ကို ရုတ်တရက် ပြန်စဉ်းစားမိသွားသည်။
ကောင်းကင်ပေါ်မှ အရာအားလုံးက ဒုတိယအလွှာနှင့် အနည်းငယ် ဆင်တူသည်။
အပျက်အစီးပုံပေါ်တွင် ထောင်မတ်နေသော အချိန်တံခါးသည်တော့ မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသည်။
ယင်းက တံခါးနှင့်ဆင်တူသကဲ့သို့ ကြေးမုံတစ်ချပ်နှင့်လည်း ဆင်တူသည်။
ယင်းက ပထမအလွှာတွင် သူမြင်ခဲ့ရသောအရာနှင့် တူညီသည်။
နားလည်သဘောပေါက်သော ဉာဏ်အလင်းအမျှင်တန်းတစ်ခုက ရွှီချင်း၏ အသိစိတ်ထဲမှာ လှိုင်းဂယက်များသဖွယ် ပျံ့ပွားသွားသည်။
တစ်ချိန်တည်းမှာ အချိန်လေဟာနယ်မှ ထုတ်လွှတ်နေသော အဖြူအနက်အလင်းက ရောင်စဉ်တန်းများသဖွယ် စီးဆင်းမနေကြောင်း သူမြင်တွေ့သွားသည်။ ယင်းအစား အဖြူအနက်အလင်းက အလင်းအမှုန်များကဲ့သို့ မျောလွင့်နေကြသည်။
တလက်လက်တောက်ပသော ထိုအလင်းအမှုန်များက သခင်လေးနှင့် ဝိညာဉ်ဖီးနစ်နတ်သမီး၏ ဘေးပတ်ပတ်လည်မှာ ပျော်ဝင်သွားပြီး သခင်လေးနှင့် အစဉ်မပြတ် ပေါင်းစပ်သွားနေသည်။ တစ်ချိန်တည်းမှာ ယင်းက သူ၏ အသိစိတ်ကို ပဲ့တင်ပြန်နေသည်။
ယင်းက ရွှီချင်းကို မအံ့ဩစေပေ။
အဘယ့်ကြောင့်ဆိုသော် အချိန်လေဟာနယ်သဲက သူ့ကြောင့် မွေးဖွားလာခြင်းဖြစ်ပြီး အချိန်လေဟာနယ်လှိုင်းထမှုက သူ၏ လုပ်ဆောင်မှုများမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
ထို့ကြောင့် အချိန်တံခါးသည် သူ့ကိုယ်ပိုင် အချိန်လေဟာနယ်အာဏာစက်နှင့် ဆက်သွယ်မှုတစ်ခု ရှိသည်။ ဤအခိုက်အတန့်မှာ အချိန်တံခါးက သခင်လေးနှင့် ဝိညာဉ်ဖီးနစ်နတ်သမီးအတွက် တံတားတစ်စင်းဖြစ်လာသည်။ ယင်းက ရှေးခေတ်မှတ်ဉာဏ်များရှိသော အတိတ်နှင့် လက်ရှိပစ္စုပ္ပန်ကို ဆက်သွယ်ပေးမည့် တံတားဖြစ်သည်။
သို့ဖြစ်၍ သမိုင်းအမှန်ကို ရှာဖွေမည့် ဤခရီးစဉ်တွင် သူတို့က ရွှီချင်းကို စောင့်ကြည့်သူအဖြစ် မရှိမဖြစ်လိုအပ်သည်။
“ မိတ်ဆွေလေး… အဆင်ပြေတယ်မလား… ငါတို့ဇနီးမောင်နှံရဲ့ ခရီးစဉ်မှာ ခဏလောက် အဖော်ပြုပေးပါဦး ”
သခင်လေးက နူးညံ့စွာ တီးတိုးရေရွတ်လိုက်သည်။ သူ၏ အသံက ဟင်းလင်းပြင်ထဲသို့ ကျဆင်းသွားပြီး ဝိညာဉ်ဖီးနစ်နတ်သမီး၏ နားနှင့် ရွှီချင်း၏ အသိစိတ်ထဲသို့ ဝင်ရောက်သွားသည်။
သူ၏ လေသံက နူးညံ့သိမ်မွေ့သည်။ သူ၏ ဘေးမှ ဝိညာဉ်ဖီးနစ်နတ်သမီး၏ အကြည့်က ပျော့ပျောင်းသွားသည်။ ထို့နောက် သူက ကတိပေးသည်။
“ မိတ်ဆွေလေး… နင်က ငါတို့ရဲ့ ကျေးဇူးရှင်ပါ… ဒီခရီးစဉ်မှာ ငါတို့က ဘာကိုပဲ တွေ့ကြုံရပါစေ နင့်ရဲ့ ဘေးကင်းလုံခြုံမှုကို တာဝန်ယူပါတယ် ”
ရွှီချင်းက နှုတ်ဆိတ်သွားသည်။ တစ်ခဏအကြာမှာ သခင်လေးနှင့် ဝိညာဉ်ဖီးနစ်နတ်သမီး၏ ခံစားချက်က စစ်မှန်ကြောင်း သူအာရုံခံမိပြီးနောက်…
“ ကောင်းပြီ ”
“ ကျေးဇူးတင်ပါတယ်… ”
သခင်လေးနှင့် ဝိညာဉ်ဖီးနစ်နတ်သမီးက နူးညံ့စွာ ပြောသည်။ ထို့နောက် သူတို့နှစ်ယောက်က အချိန်တံခါးထဲသို့ ခြေမချမီ အချင်းချင်း လက်ကို ဆုပ်ကိုင်၍ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
ဤအခိုက်အတန့်မှာ ရွှီချင်းက ပထမအလွှာဆီသို့ မဝင်ရောက်ခင်က အချိန်ကို ပြန်ရောက်သွားသကဲ့သို့ ခံစားမိသွားသည်။
အရှေ့သို့ ခြေတစ်လှမ်းနှင့်အတူ သူတို့က သမိုင်းအမှန်ဆီသို့ ဝင်ရောက်သွားကြသည်။
…..
သမိုင်းက အချိန်စီးဆင်းမှုထဲမှာ တည်ရှိသည်။ ယင်းက အချိန်မြစ်၏ ဖြတ်သန်းစီးဆင်းမှုထဲမှာ ကျန်ရစ်နေခဲ့သော နုန်းမြေမျှသာ မဟုတ်ပေ။
ယင်းက အချိန်၏ ပုံရိပ်ပြန်မှုနှင့် မှတ်တမ်းတစ်ခုလည်း ဖြစ်၏။
တဖန်အနေနှင့် အချိန်က သမိုင်း၏ နောက်ခံနှင့် မဖြန့်ရသေးသော ဖွဲ့စည်းမှုပုံစံကို ထောက်ပံ့ပေးသည်။
သို့ဖြစ်၍ လူများသည် အချိန်စီးဆင်းမှုမှတဆင့် အတိတ်အဖြစ်အပျက်များကို ဝင်ရောက်နှောင့်ယှက်နိုင်ကြသည်။ သို့တိုင် သမိုင်းက ဆင့်ကဲပြောင်းလဲပြီး ၎င်းဘာသာ အချိန်အဖြစ် ပြောင်းလဲပစ်နိုင်သည်။
သာမန်လူများအတွက်တော့ ယင်းက စိတ်ကူးယဉ်ဆန်သော အယူအဆတစ်ခုသာ ဖြစ်၏။ သို့သော်လည်း အချိန်လေဟာနယ်အာဏာစက်ကို ပိုင်ဆိုင်ထားသူများအတွက်တော့ ယင်းက အာဏာစက်အပေါ် သူတို့၏ နားလည်သဘောပေါက်မှုကို မြှင့်တင်နိုင်မည့် မဟာအခွင့်အရေးတစ်ခု ဖြစ်သည်။
ကြေးမုံပုံရိပ်သည်တော့ ဤမြစ်၏ တစ်စိတ်တစ်ပိုင်းကို အပေါ်မှ ဖုံးလွှမ်းထားသော ကြေးမုံတစ်ချပ်နှင့် ဆင်တူသည်။ ထုံးစံအားဖြင့် ကြေးမုံက မြစ်တစ်စိတ်တစ်ပိုင်းထံမှ မြင်ကွင်းများကို ပုံရိပ်ပြန်ပေးလိမ့်မည်။
ထိုမြင်ကွင်းများက သမိုင်း၏ ကြေးမုံအမြင်ဖြစ်သည်။
“ အဲ့ဒါက အတိတ်တုန်းက ငါ့ရဲ့ အာဏာစက်ကနေ ဖြစ်ပေါ်လာတာပဲ ”
ကြေးမုံထဲတွင် သခင်လေးနှင့် ဝိညာဉ်ဖီးနစ်နတ်သမီး၏ ပုံရိပ်က ဖြည်းညင်းစွာ ထွက်ပေါ်လာပြီး အချိန်မြစ်ပေါ်မှာ ရပ်လိုက်ကြသည်။
သခင်လေးက သိမ်မွေ့နူးညံ့သော လေသံဖြင့် ရွှီချင်းကို ပြောသည်။
သခင်လေး၏ ခန္ဓာကိုယ်ထဲမှ ရွှီချင်းက သူ့ကိုယ်ပိုင် အချိန်လေဟာနယ်အာဏာစက်ကို ပိုပြီးနက်နဲသိမ်မွေ့စွာ နားလည်သွားသည်။ ထို့နောက် သူက သူ့ကိုယ်ပိုင်အတွေးများကို ပြောသည်။
“ ဒီတော့… ဒီနေရာရဲ့ အရာအားလုံးက ကိုယ့်စိတ်ကူးထဲကနေ ဖြစ်ပေါ်လာတာပေါ့… လူတွေက အချိန်လေဟာနယ်ကို မြစ်တစ်စင်းလို့ စိတ်ကူးလိုက်တာကြောင့် အချိန်က မြစ်တစ်စင်းလို ဖြစ်လာတယ် ”
ယင်းကို သခင်လေးကြားသောအခါ သူက ပြုံးလိုက်သည်။
“ ငါ့အဖေလည်း အဲ့ဒီလို ပြောခဲ့ဖူးတယ် ”
သခင်လေးက စကားပြောနေရင်း ဝိညာဉ်ဖီးနစ်နတ်သမီး၏ လက်ကို ဆုပ်ကိုင်လျက် မြစ်၏ ကြမ်းပြင်ဆီသို့ လျှောက်သွားသည်။ သူတို့က နုန်းမြေနှင့် ထိတွေ့သွားသည်အထိ ဟိုးအနက်ပိုင်းထဲသို့ ဆင်းသက်သွားကြသည်။
သူတို့က နုန်းမြေပေါ်တွင် အရှေ့သို့ ဆက်လျှောက်သွားပြီး လက်ရှိရေစီးကြောင်းကို ဆန့်ကျင်လိုက်ကြသည်။
သူတို့က အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း သူတို့၏ ခြေထောက်အောက်မှ နုန်းနှင့် သဲက တလက်လက် တောက်ပလာပြီး ရွေ့လျားသွားလိမ့်မည်။
သို့တိုင် သူတို့၏ ခြေလှမ်းများက ထိုနေရာကို ဖြတ်ကျော်သွားသည်နှင့် နုန်းနှင့် သဲက မူလနေရာသို့ ပြန်ရောက်သွားကြသည်။ ယင်းတို့က နည်းနည်းလေးမှ နေရာမှ မသွေဖယ်သွားကြပေ။
ထိုသဘာဝလွန်ဖြစ်စဉ်က ရွှီချင်း၏ စိတ်အာရုံကို ဆွဲဆောင်သွားသည်။
“ အဲ့ဒါနဲ့ပတ်သက်ပြီး ငါ့အဖေလည်းပဲ တစ်ခါပြောဖူးတယ် ”
ဤတစ်ကြိမ်တွင် ရွှီချင်းကို စကားပြောလိုက်သူက သခင်လေးမဟုတ်ပေ။ ယင်းအစား သူ့ဇနီး ဝိညာဉ်ဖီးနစ်နတ်သမီးဖြစ်သည်။
သူက နူးညံ့စွာ ပြောသည်။
“ အတိတ်က စာမျက်နှာတွေလိုမျိုး ပြောင်းလဲသွားပြီး အချိန်စီးဆင်းမှုထဲမှာ လွင့်ပြယ်သွားတာကြောင့် တူညီတဲ့ လမ်းကြောင်းပေါ်မှာ ဆက်မရှိတော့ဘူး… သဲလွန်စအားလုံးဆီမှာ လျှို့ဝှက်ချက်တစ်ခု ရှိတယ်… အဲ့ဒီလျှို့ဝှက်ချက်တွေက သူတို့ရဲ့ ကိုယ်ပိုင်အစီအစဉ်ကို ဖန်တီးပေးတယ် ”
ရွှီချင်းက နက်နဲစွာ တွေးတောလိုက်သည်။
ကမ်းစပ်ကိုးခုအင်မော်တယ်အရှင်သခင်၏ အာဏာစက်က လျှို့ဝှက်ချက်ဖြစ်ပြီး ယင်းက သူဆင်ခြင်နားလည်ထားသော သမိုင်း၏ ပုံရိပ်ပြန်မှုဖြစ်သည်။
မတူညီသော ရှုထောင့်များက သမိုင်းနှင့် အချိန်အပေါ် ပိုပြီးနက်နဲသိမ်မွေ့သော ဆင်ခြင်နားလည်မှုများကို ပေးလိမ့်မည်။
ရွှီချင်းက အချိန်လေဟာနယ်မြစ်ထဲမှာ လမ်းလျှောက်နေပြီး သမိုင်းသဲမှုန်ပေါ်မှာ ဖြတ်သန်းနေသည်။ ယင်းက သူ့အား များပြားသော ဉာဏ်အလင်းများကို ဆင်ခြင်နားလည်နိုင်စေမည့် မဟာအခွင့်အရေးဖြစ်သည်။ သူ၏ အချိန်လေဟာနယ်အာဏာစက်က အချိန်လေဟာနယ်မြစ်ထဲမှာ ပျံ့နှံ့သွားသည်။
တဖြည်းဖြည်း သူ၏ အာဏာစက်က စတင်လှုပ်ခတ်လာသည်။
ထိုလှိုင်းများက ပိုပြီးကြီးမားလာသည့်အခါ အချိန်လေဟာနယ်၏ ဉာဏ်အလင်းများကို စုပ်ယူမည့် ဝဲကတော့တစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။
လင်းလက်တောက်ပနေသော သဲတစ်မှုန်စီတွင် အချိန်လေဟာနယ်အာဏာစက်၏ မြင်ကွင်းတစ်ခု ကိန်းအောင်းနေသည်။
ရွှီချင်းက သူ၏ အချိန်လေဟာနယ်အာဏာစက်ကို အရပ်ရှစ်မျက်နှာသို့ ဖြန့်ကြက်လိုက်သည့်အခါ မြင်ကွင်းအားလုံးက သူ၏ နှလုံးသားထဲမှာ ပုံရိပ်ပြန်လာသည်။
အချိန်လေဟာနယ်အာဏာစက်ကို ကျင့်ကြံသော ရွှီချင်းအတွက်တော့ အချိန်လေဟာနယ်မြစ်ထဲ၌ ယင်းကို ကိုယ်တိုင်ဆင်ခြင်နားလည်ခြင်းထက် ပိုပြီးကြီးမားသော အခွင့်အရေးမရှိပေ။
ထုံးစံအားဖြင့် သခင်လေးနှင့် ဝိညာဉ်ဖီးနစ်နတ်သမီးက သူတို့၏ ဘေးပတ်ဝန်းကျင်မှ အပြောင်းအလဲများကို အာရုံခံနိုင်ကြသည်။
သူတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့၏ ခြေလှမ်းများကို အနည်းငယ် နှေးကွေးစေသည်။
သူတို့က ထိုဆန္ဒ ပြည့်မြောက်ရန်အလို့ငှာ မြစ်ထဲမှာ မြန်မြန်သွက်သွက် လျှောက်ချင်ကြသည်။ သို့သော်လည်း ယင်းက ရွှီချင်းအတွက် အလွန်ကြီးမားသော အခွင့်အရေးတစ်ခုဖြစ်ကြောင်း သူတို့သိသောကြောင့် တစ်ဖက်လူ၏ လိုအင်ဆန္ဒကို သူတို့ဖြည့်ဆည်းပေးချင်သည်။ မည်သို့ဖြစ်ပါစေ ရွှီချင်းက သူတို့၏ ဆန္ဒကို ဖြည့်ဆည်းပေးရန် ကိုယ်တိုင်ဆန္ဒရှိသည် မဟုတ်ပါလော။
သို့ဖြစ်၍ ကြေးမုံပုံရိပ်ထဲမှ ထွက်လာပြီး သမိုင်းအမှန်ဆီသို့ လျှောက်သွားနေသော ဤခရီးစဉ်တွင် ရွှီချင်း၏ အချိန်လေဟာနယ်အာဏာစက်က သိသိသာသာ အစွမ်းမြင့်တတ်သွားသည်။
ဤဆင်ခြင်နားလည်မှုက အထွတ်အထိပ်သို့ ရောက်ရှိသွားသည့်အခါ ဖော်မပြနိုင်သော အက်ကွဲသံတစ်သံက ရွှီချင်း၏ အသိစိတ်ထဲမှာ ပဲ့တင်ထပ်သွားသည်။
ယင်းက အချိန်လေဟာနယ်အာဏာစက်၏ ချိပ်ပိတ်မှုတစ်ခု ဖွင့်လှစ်သွားသော အသံဖြစ်သည်။
ချိပ်ပိတ်မှု ဖွင့်လှစ်သွားသည်နှင့်ချက်ချင်း မရေမတွက်နိုင်သော အချိန်လေဟာနယ်သဲမှုန်များက ပရမ်းပတာ လှုပ်ခါသွားကြသည်။ ယင်းတို့က အရပ်မျက်နှာအဘက်ဘက်မှ စုဝေးရောက်ရှိလာကြပြီး ရွှီချင်း၏ အသိစိတ်ထဲသို့ ဒလဟော တိုးဝင်သွားကြသည်။
ဤတစ်ကြိမ် သဲမှုန်အရေအတွက်က ယခင်ကထက် အများကြီး သာလွန်သည်။
ယင်းက သခင်လေးနှင့် ဝိညာဉ်ဖီးနစ်နတ်သမီးက ဤအချိန်လေဟာနယ်မြစ်ထဲမှ သူတို့၏ ဦးတည်ရာဆီသို့ ရောက်ရှိသွားသည်အထိ ကြာမြင့်ခဲ့သည်။ နောက်ဆုံးမှာတော့ သူတို့နှစ်ယောက်က သူတို့၏ မှတ်ဉာဏ်များ အစပြုရာနေရာဖြစ်သော အမှတ်ပေါ်သို့ ခြေချလိုက်ကြသည်။
ထိုအချိန်ထဲမှာလည်း နူးညံ့သော သက်ပြင်းချသံက ထွက်ပေါ်လာသည်။
သက်ပြင်းချသံက သဲမှုန်များကို လှုပ်ခါသွားစေပြီး မြစ်ကို ပရမ်းပတာ ဖြစ်စေသည်။ ရွှီချင်း၏ အချိန်လေဟာနယ်အာဏာစက် အကူအညီကြောင့် သခင်လေး၏ ကိုယ်ပိုင်သမိုင်းမှ မြင်ကွင်းများက သူတို့၏ အရှေ့မှာ စာမျက်နှာများသဖွယ် စတင်ထွက်ပေါ်လာကြသည်။ စက္ကန့်ပိုင်းအတွင်းမှာ ယင်းတို့က ဤနေရာမှ အရာအားလုံးကို အစားထိုးသွားသည်။
အချိန်လေဟာနယ်မြစ်က ပျောက်ကွယ်သွားပြီး အတိတ်တုန်းက အင်မော်တယ်နန်းတော်က သူတို့၏ အရှေ့မှာ ပုံရိပ်ပြန်လာသည်။
သို့တိုင် အကာအကွယ်အလွှာတစ်ခုက သူတို့၏ အမြင်အာရုံကို ဖုံးကွယ်ထားသည့်အလား အရာအားလုံးက ဝေဝါးနေသည်။ သို့ဖြစ်၍ သူတို့က ပုံကြမ်းကိုသာလျှင် မြင်နိုင်ကြသည်။ ဤသည်မှာ သူတို့က လစန္ဒာ၏ ပုံရိပ်ပြန်မှုကို မြူဆိုင်းနေသော ရေကန်ပေါ်မှာ မြင်တွေ့နိုင်ရန် ကြိုးစားနေကြသည့်အလားပင်။
အရာအားလုံးက ဝေဝါးနေသည်။
ထိုဝေဝါးမှုကြားတွင် ရွှီချင်းက ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။
၎င်းက မိုးသောက်အင်မော်တယ်အရှင်သခင်ဖြစ်သည်။
သူက ဝတ်စုံဖြူကို ဝတ်ဆင်ထားပြီး ဆံပင်ဖြူနေသည်။ သူက ရေခဲတောင်တစ်လုံး၏ အရှေ့မှာ တစ်ယောက်တည်း မတ်တတ်ရပ်နေသည်။
သူ၏ အမူအရာထဲမှာ ခါးသီးမှု၊ အသိစိတ်ကင်းမဲ့မှုနှင့် အလွန်နက်ရှိုင်းသော ဝမ်းနည်းမှု ရှိသည်။ ထိုစိတ်ခံစားချက်များက အတူတကွ ပေါင်းစည်းသွားပြီးနောက် အထီးကျန်မှုအဖြစ် ပြောင်းလဲသွားသည်။
“ အနာဂတ်မှာ တို့သားအဖနှစ်ယောက်ပဲ ရှိတော့မယ်… မင်းအရွယ်ရောက်လာတဲ့အထိ အဖေ အဖော်ပြုပေးမယ် ”
ရေခဲတောင်ထဲမှာ ကလေးတစ်ယောက်က ချိပ်ပိတ်ခံထားရသည်။
ထိုကလေး၏ သရုပ်သည်တော့ ဖော်ပြစရာမလိုအောင် ထင်ရှားသည်။
…..
ထို့နောက် မြင်ကွင်းက ပိုပြီးဝေဝါးသွားသည်။ ဤသည်မှာ တစ်စုံတစ်ယောက်က အချိန်စီးဆင်းမှုကို အရှိန်မြှင့်တင်လိုက်သည့်အလားပင်။ သို့ဖြစ်၍ မှတ်ဉာဏ်များက မြန်ဆန်စွာ ရွှေ့ပြောင်းသွားသည်။ တစ်ခဏကြာပြီးနောက် မိုးသောက်အင်မော်တယ်အရှင်သခင်နှင့်အတူ ကလေး၏ ကြီးပြင်းလာသော ပုံရိပ်များက ထွက်ပေါ်လာသည်။
ထိုထဲမှာ ကလေးက ပထမဆုံး စကားပြောလိုက်သော အခိုက်အတန့် ပါဝင်သည်။
ဖခင်က ကလေးကို ဝမ်းသာပျော်ရွှင်စွာ မြှောက်ချီလိုက်သော မြင်ကွင်းလည်း ပါဝင်သည်။
ကလေး၏ လေးဘက်ထောက်သွားသော မြင်ကွင်းလည်း ပါဝင်သည်။
အာရုဏ်တတ်ချိန်တွင် ကောင်လေးက သူ့ဖခင်၏ ပခုံးပေါ်မှာ ထိုင်နေပြီး နံနက်ခင်း၏ အေးစက်စက်လေကြားထဲမှာ ကောင်းကင်ပေါ်သို့ လက်ညှိုးညွှန်ပြလိုက်သည်။
“ ဖေဖေ… နေနဲ့လကို အမြဲတမ်း အဲ့ဒီနေရာမှာပဲ ရှိနေစေချင်တယ်… သား သူတို့ကို သဘောကျတယ် ”
မိုးသောက်အင်မော်တယ်အရှင်သခင်က ပြုံးလိုက်သည်။ သူ၏ မျက်လုံးထဲမှာ နူးညံ့သိမ်မွေ့မှု ထွက်ပေါ်လာသည်။ ဤသည်မှာ သူ့သားကို အဖော်ပြုပေးခြင်းက သူ့အတွက် အလွန်စိတ်ချမ်းသာစရာကောင်းသော အခိုက်အတန့်ဖြစ်သည့်အလားပင်။
မူလက ဟာလာဟင်းလင်းဖြစ်နေသော အင်မော်တယ်နန်းတော်ထဲတွင် တဖြည်းဖြည်း လူများပြားလာသည်။
အစေခံများ၊ လက်အောက်ငယ်သားများနှင့် တပည့်များက ထွက်ပေါ်လာကြသည်။ အမှန်မှာ ရွှီချင်းက စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်ကိုပင် မြင်လိုက်ရသည်။ သူတို့က ပြုံးလျက် တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာကြသည်။
သူတို့က အင်မော်တယ်အရှင်သခင်ကို ရိုသေလေးစားပြီး သခင်လေးကို ချစ်ခင်ကြင်နာကြသည်။ သူတို့က သခင်လေး၏ ကြီးပြင်းမှုကို စောင့်ကြည့်ပြီး သူ့အတွက် အဖော်ပြုပေးကြသည်။
အင်မော်တယ်နန်းတော်ထဲမှာ အလင်းရောင်ဖြင့် ပြည့်နှက်သွားသည်။
…..
သို့သော်လည်း အလှအပက ယာယီမျှသာ တည်မြဲသည်။
သမိုင်းစာမျက်နှာများက မြန်ဆန်စွာ လှန်သွားပြီး အချိန်က စီးဆင်းသွားသည်နှင့် တစ်နေ့မှာ အင်မော်တယ်နန်းတော်၏ အလင်းရောင်က မှေးမှိန်သွားသည်။ ရုတ်တရက် အလင်းရောင်က ပျောက်ကွယ်သွားသည်။
အမှောင်ထုက အင်မော်တယ်နန်းတော်တစ်ခုလုံးကို နေရာလပ်မကျန်အောင် ဖုံးလွှမ်းသွားသည်။
အင်မော်တယ်အရှင်သခင်က အမှောင်ထုထဲမှ ထွက်လျှောက်လာသည်။ ဤတစ်ကြိမ်တွင် သူက ဝတ်စုံဖြူကို မဝတ်ထားချေ။
သူက ဝတ်စုံနက်ကို ဝင်ဆင်ထားစဉ် သူ၏ အနက်ရောင်ဆံပင်ရှည်က အင်မော်တယ်နန်းတော်တစ်ခုလုံးမှာ လွင့်မျောနေသည်။ အေးစက်စက် အကြည့်နှင့်အတူ သူက သေမင်းတမန်အလား ဆင်းသက်လာသည်။
သူက အစေခံများကို ကိုယ်တိုင် သတ်ဖြတ်ခဲ့ပြီး သူ၏ လက်အောက်ငယ်သားများကို ဖျက်ဆီးပစ်ခဲ့သည်။ သူက တပည့်ရင်းလေးယောက်ကိုပင် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်။ သူ၏ တပည့်လေးယောက်က အသေဆိုးဖြင့် သေဆုံးသွားကြသည်။
အင်မော်တယ်နန်းတော်တစ်ခုလုံးမှာ သွေးဖြင့် ပြည့်နှက်သွားသည်။
သွေးက မြေပြင်ပေါ်မှာ မြစ်ကြီးတစ်စင်းနှယ် စီးဆင်းသွားပြီး အသွေးအသားအပိုင်းအစများက တောင်ကုန်းများသဖွယ် စုပုံသွားကြသည်။
အင်မော်တယ်နန်းတော်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားစဉ် ကောင်လေးတစ်ယောက်က သွေးပင်လယ်ထဲမှ တွားသွားထွက်လာသည်။ သူက ခန္ဓာကိုယ်တုန်ယင်နေပြီး သူ၏ မျက်နှာပေါ်မှာ ကြီးမားသော ကြောက်ရွံ့မှုဖြင့် ပြည့်နှက်နေသည်။
သူ၏ အရှေ့တွင် အမှောင်ထုက ကြီးစိုးနေသည်။ အမှောင်ထုထဲတွင် သူ့ဖခင်၏ ပုံရိပ်က မျောလွင့်နေပြီး သူက ဖြည်းညင်းစွာ လက်မြှောက်လိုက်သည်။
သို့သော်လည်း သူ၏ လက်က တုန်ယင်နေပြီး အမှောင်ထုက ပရမ်းပတာ လှုပ်ခတ်နေသည်။
သူ၏ အမူအရာသည်လည်း ရှုံ့မဲ့နေသည်။ ဤသည်မှာ သူက ကိုယ့်ကိုယ်ကိုယ် ချုပ်ထိန်းနေပြီး ရုန်းကန်နေသည့်အလားပင်။ နောက်ဆုံးမှာတော့ သူ၏ လက်က အောက်သို့ ကျဆင်းလာပြီး ကောင်လေး၏ ဦးခေါင်းကို ညင်သာစွာ ပုတ်လိုက်သည်။
နေရောင်ခြည်က မြှောက်တတ်လာသည်နှင့် မျက်ရည်က စီးကျလာပြီး ကောင်လေး၏ မျက်နှာပေါ်သို့ ပြုတ်ကျသွားသည်။
“ အဖေ တောင်းပန်ပါတယ်… အဖေ တောင်းပန်ပါတယ်… အဖေ တောင်းပန်ပါတယ်… ”
အင်မော်တယ်အရှင်သခင်၏ ဝတ်စုံနှင့် ဆံပင်က အဖြူရောင်သို့ ပြန်ပြောင်းလဲသွားသည်။ သူက တုန်ယင်နေသော ကောင်လေးကို ပွေ့ဖက်လိုက်ပြီး ခါးသီးစွာ ရေရွတ်လိုက်သည်။
ထို့နောက် သူက ကောင်လေး၏ မှတ်ဉာဏ်များကို ဖျောက်ဖျက်လိုက်ပြီး အင်မော်တယ်နန်းတော်ထဲမှ သွေးနှင့် အပျက်အစီးများကို ဖယ်ရှားလိုက်သည်။
ကောင်လေး ပြန်နိုးလာသည့်အခိုက် နေလုံးက ထိန်ထိန်လင်းစွာ တောက်ပနေသည်။ အင်မော်တယ်နန်းတော်ထဲ၌ လူတိုင်းက တည်ရှိနေကြသည်။ သူတို့၏ အပြုံးက လုံးဝမပြောင်းလဲသွားချေ။ သူတို့ဆီမှာ မည်သည့်မူမမှန်မှုမှ မရှိပေ။
သူတို့က အသက်ရှင်နေတုန်းကနှင့် ဘာမှမခြားသွားပေ။ သူတို့က ကောင်လေး၏ အနောက်သို့ လိုက်သွားကြပြီး ရယ်ရယ်မောမော စကားပြောကြသည်။
တစ်ခုတည်းသော ခြားနားမှုမှာ ထိုနေ့မှစ၍ မိုးသောက်အင်မော်တယ်အရှင်သခင်က ကောင်လေးကို ညအချိန်ရောက်လျှင် သူ့အား လာမတွေ့ရန် မှာကြားခဲ့သည်။
အင်မော်တယ်အရှင်သခင်၏ မိုးသောက်နန်းတော်ထဲတွင် မြေအောက်နန်းတော်တစ်ခုနှင့် သံကြိုးများ ရှိသည်။ ညအချိန်ရောက်သည့်အခါတိုင်း တိုးညင်းသော အော်ဟစ်ညည်းညူသံများက ထိုနေရာမှ ပဲ့တင်ထပ်လာလိမ့်မည်။ သို့တိုင် အင်မော်တယ်နန်းတော်ထဲမှ မည်သူကမှ ယင်းကို မကြားကြချေ။
ထိုသို့ဖြင့် တစ်နေ့ပြီးတစ်နေ့ တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးသွားသည်။
လူငယ်က အရွယ်ရောက်လာသည့်အခါ သူ့ကိုယ်ပိုင်အာဏာစက်ကို ဆင်ခြင်နားလည်သွားသည်။ ယင်းက တမူထူးခြားသော ကြေးမုံအာဏာစက်ဖြစ်သည်။
သို့သော်လည်း ထိုအာဏာစက်က ပြောင်းလဲသွားသည်။
ညအချိန်တွင် သူ့ကလေး၏ အာဏာစက်က ပြောင်းလဲသွားကြောင်း အာရုံခံမိသောအခါ သူခံစားရသော နာကျင်မှုက ယခင်ကထက် သာလွန်သွားသည်။ ထိုအခါ အမှောင်ထုက အင်မော်တယ်နန်းတော်တစ်ခုလုံးကို နောက်တစ်ကြိမ် ဖုံးလွှမ်းသွားသည်။
ထို့နောက် အာရုဏ်တတ်ချိန်တွင် အရာအားလုံးက ပုံမှန်ပြန်ဖြစ်သွားသည်။
အစတွင် အချိန်က ပုံမှန်အတိုင်း စီးဆင်းနေပြီး ပုံရိပ်ယောင်သက်ရှိများနှင့် သားအဖနှစ်ယောက်သာရှိသော ကမ္ဘာပေါ်မှာ ပျံ့နှံ့သွားသည်။
ယင်းက အစွဲအလန်းကြီးသော ကလေးမလေးတစ်ယောက် မထွက်ပေါ်လာခင်အထိ ကြာမြင့်ခဲ့သည်။
သို့ဖြစ်၍ အင်မော်တယ်နန်းတော်ထဲတွင် သက်ရှိလူသားသုံးယောက် နေထိုင်ကြသည်။
ထို့နောက် ခမ်းနားထည်ဝါသော မင်္ဂလာပွဲက သူတို့၏ အရှေ့မှာ ပုံရိပ်ပြန်လာသည်။