← Chapters

အခုကစပြီး ငါ ပြန်လည်မမွေးဖွားတော့ဘူး

Vol. 108 Ch. 1652

အခုကစပြီး ငါ ပြန်လည်မမွေးဖွားတော့ဘူး

Vol. 108 Ch. 1652

သမိုင်းမြင်ကွင်းထဲတွင် မှတ်ဉာဏ်များကို ဖုံးကွယ်ထားသော အနီရောင်ကန့်လန့်ကာက ယခု မြှောက်တင်ခံလိုက်ရသည်။ ယင်းက သခင်လေး၏ နှလုံးသားကို ပရမ်းပတာ တုန်ယင်သွားစေသည်။

ယင်းက ချိပ်ပိတ်ခံထားရသော သူ့မှတ်ဉာဏ်များ၏ အနက်ပိုင်းထဲမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

နှစ်ပေါင်းများစွာကြာပြီးနောက် ဤပြန်သတိရမှုက တဖြည်းဖြည်း လျော့ပါးလာခဲ့သည်။ သို့တိုင် တိတ်ဆိတ်ခြောက်ကပ်နေသော အင်မော်တယ်နန်းတော်ထဲတွင် နှစ်ပေါင်းမရေမတွက်နိုင်အောင် သူစောင့်ဆိုင်းပြီးနောက် အဖြေတစ်ခုကို ရှာတွေ့သွားသည်။

သို့သော်လည်း ဤအခိုက်အတန့်မှာ သမိုင်းအမှန်က သူ့မျက်စိရှေ့မှာ ထွက်ပေါ်နေသည့်တိုင် သူက ငြိမ်းချမ်းမှုကို မရှာဖွေနိုင်သေးပေ။

ထို့ကြောင့် ဝိညာဉ်ဖီးနစ်နတ်သမီးက သူ့လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။

ဤအခိုက်အတန့်မှာ သခင်လေးနှင့် အတူပေါင်းစပ်နေသော ရွှီချင်းသည်လည်း တစ်ဖက်လူ၏ နှလုံးသားထဲမှ လှိုင်းထမှုကို အာရုံခံမိသွားသည်။

ယင်းကို သူနားလည်ပေးနိုင်သည်။ သို့တိုင် သူက ဆက်ပြီး နှုတ်ဆိတ်နေသည်။

အမှန်တရားနှင့် ပုံရိပ်ယောင်များ ရောထွေးနေသော ဘဝတစ်ခု…

စိတ်ပျက်အားလျော့ခြင်းနှင့် မျှော်လင့်ချက်များ ရောထွေးနေသော နှစ်များ…

တိတ်တဆိတ် ငိုကြွေးသံများနှင့် ရယ်မောသံများ ကိန်းဝပ်နေသော ကမ္ဘာ…

ယင်းတို့အားလုံးက ဖခင်တစ်ယောက်၏ ချစ်ခြင်းမေတ္တာ ဖြစ်သည်။

သို့သော်လည်း ထိုသို့ချစ်ခြင်းမေတ္တာကို ပေးခဲ့သော လူက အစောကြီးကတည်းက အချိန်သဲထဲမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ရွှီချင်းက လက်မြှောက်လိုက်စဉ် သဲပွင့်များက သူ၏ လက်ချောင်းများကြားထဲမှ လျှောဆင်းသွားကြောင်း မြင်သွားသည်။

ဒီတော့ လုပ်ဆောင်ရမှာက သေခြင်းရှင်ခြင်းကြားက မဟာချောက်နက်ကြောင့် မတုန်လှုပ်သွားဘဲ အချိန်ကို ဆက်ပြီး ဖြတ်သန်းသွားဖို့ပဲ… အိမ်မက်တွေနဲ့ လေလွင့်ဝိညာဉ်တွေ၊ ကြီးမားတဲ့ ဝမ်းနည်းမှုတွေနဲ့ အကူအညီမဲ့မှုတွေ၊ အထီးကျန်မှုတွေကို သယ်ဆောင်ပြီး တည်ရှိမှုအကန့်အသတ်ကို ဖြတ်ကျော်မယ်… အချိန်ကို ဖြတ်လျှောက်သွားမယ်…

သူ့ရဲ့ အရင်းနှီးဆုံး မိတ်ဆွေတွေ နေကောင်းသလားလို့ ဘယ်နှစ်ကြိမ်တောင် သူစဉ်းစားမိလဲ…

ရွှီချင်းက နူးညံ့စွာ သက်ပြင်းချလိုက်လေသည်။

သူက ပြိုင်ဘက်ကင်းမြို့တော်နှင့် သူ့မိဘများ၏ ပုံရိပ်များကို တွေးတောလိုက်သည်။ သူ၏ မှတ်ဉာဏ်များထဲမှာ သူ့မိဘများ၏ ပုံရိပ်က အနည်းငယ် ဝေဝါးနေသော်လည်း သူတို့က မည်သည့်အခါမှ မပျောက်ကွယ်သွားပေ။

သူက ချီယွဲ့ထုံဂိုဏ်း၊ သူ့ဆရာ၊ ခေါင်းဆောင်လဲ့နှင့် ဆရာသခင်ပိုင်ကိုလည်း စဉ်းစားမိသွားသည်။

နောက်ဆုံးမှာတော့ ထိုပုံရိပ်များက ရှေးဟောင်းအသံအဖြစ် သူ၏ အသိစိတ်ထဲမှာ ပဲ့တင်ထပ်သွားသည်။

“ အဆုံးမဲ့စွာ အရှေ့သို့… လမ်းဆုံးမရှိဘူး ”

…..

သမိုင်းမြင်ကွင်းထဲတွင် အချိန်က ဆက်ပြီး စီးဆင်းနေသည်။

အနီရောင်ကန့်လန့်ကာက မြှောက်တင်ခံလိုက်ရသော်လည်း အနီရောင်က အဝေးသို့ ယူဆောင်သွားခြင်း မခံရချေ။ သို့ဖြစ်၍ မင်္ဂလာပွဲ၏ အနီရောင်က သမိုင်းထဲမှာ စွန်းထင်သွားသည်။

ယင်းက သွေးနှင့် ဆင်တူသည်။

ထိုမြင်ကွင်းထဲတွင် မိုးသောက်အင်မော်တယ်အရှင်သခင်က စိတ်သက်သာရာရစွာ ပြုံးလိုက်သည်။

သခင်လေးနှင့် ဝိညာဉ်ဖီးနစ်နတ်သမီးက အရိုအသေပေးလိုက်ကြသည်။

သို့သော်လည်း ခြားနားချက်အနေဖြင့် တကယ့်သမိုင်းအမှန်ထဲတွင် မည်သူကမှ သူတို့နှစ်ယောက်အတွက် အချိန်ပိုဆယ့်ငါးမိနစ် ဆွဲဆန့်မပေးပေ။

လောက၏ အပြောင်းအလဲများနှင့် အလင်းပင်လယ်သည်တော့ သူတို့နှစ်ယောက် ပထမဆုံးအကြိမ် အရိုအသေပေးလိုက်သည်နှင့် ဆင်းသက်လာသည်။

နေနှင့်လက ယူဆောင်ခံလိုက်ရသည်။

အနီရောင်က မိုးသောက်အင်မော်တယ်အရှင်သခင်၏ တန်ခိုးစွမ်းအား ဖြစ်လာသည်။ သို့ဖြစ်၍ ကောင်းကင်ပေါ်တွင် နေနှင့်လ ပျောက်ကွယ်သွားသည်နှင့်ချက်ချင်း အနီရောင်မိုးသောက်အလင်းက တစ်ခုတည်းသော အလင်းရောင်ဖြစ်လာသည်။

အလင်းရောင်အောက်မှာ မရေမတွက်နိုင်သော ပူဖောင်းများက နောက်တစ်ကြိမ် ထွက်ပေါ်လာကြသည်။

တစ်ချိန်တည်းမှာ အရွယ်အိုမင်းသော လက်က ထွက်ပေါ်လာသည်။

သူက ပူဖောင်းကို ချေမွဖျက်ဆီးလိုက်သည့်အခါ အက်ကွဲသံက ပဲ့တင်ထပ်သွားသည်။ တစ်ချိန်တည်းမှာ အင်မော်တယ်နန်းတော်က အပျက်အစီးပုံအဖြစ် ပြောင်းလဲသွားသည်။ ဇနီးမောင်နှံနှစ်ယောက်တည်းသာ အပျက်အစီးပုံထဲတွင် မိန်းမောတွေဝေစွာ ရပ်နေကြသည်။ သူတို့က စိတ်ရှုပ်ထွေးသွားကြပြီး သူတို့၏ အသိစိတ်က ဝေဝါးသွားကြသည်။

ဤသည်မှာ အင်မော်တယ်အရှင်သခင်ဖြစ်စေ သို့မဟုတ် အင်မော်တယ်ဘုရင်ဖြစ်စေ သူတို့နှစ်ယောက်စလုံးက လျှို့ဝှက်ချက်များကို ထိုကလေးနှစ်ယောက်ထံမှ ဖုံးကွယ်ထားရန် ဆန္ဒရှိကြပုံပေါ်သည်။

သို့ဖြစ်၍ သူတို့က သီးခြားခွဲထုတ်ခံလိုက်ရပြီး သတိမေ့မြောသွားကြသည်။

သတိမမေ့ခင် နောက်ဆုံးသူမြင်လိုက်ရသော မြင်ကွင်းမှာ သူ့အဖေက အာဏာစက်ကို နတ်ဘုရားစွမ်းအင်အမြူတေအဖြစ် ပြောင်းလဲပြီး ပုန်ကန်ရန် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။ ယခု သူက အနီရောင်အလင်းတန်းနှင့်အတူ ကြယ်တာရာကောင်းကင်ဆီသို့ ပျံတတ်သွားနေသည်။

သူက ဖိနှိပ်ခံမည့်အစား တိုက်ခိုက်ရန် ဆန္ဒရှိသည်။

ထို့နောက် သခင်လေးက အသိစိတ်ကင်းလွတ်သွားသည်။

သမိုင်းမြင်ကွင်းက ဆက်လက် ဖြစ်ပွားနေသည်။

ကြေးမုံပုံရိပ်ထဲမှ ထွက်လျှောက်လာကြသော သခင်လေးနှင့် ဝိညာဉ်ဖီးနစ်နတ်သမီးသည်တော့ သမိုင်းအမှန်ကို ကြည့်နေကြဆဲပင်။

ထို့ကြောင့် သူတို့က မြင်တွေ့သွားကြသည်။

မိုးသောက်အင်မော်တယ်အရှင်သခင်၏ တစ်ကိုယ်လုံးမှာ အနီရောင်အလင်းဖြင့် ပြည့်လျှံနေသော်လည်း သူ့ဆီမှာ တိုက်ပွဲစိတ်ဆန္ဒ နည်းနည်းလေးမှ မရှိပေ။

သူက ရယ်မောနေသလို ငိုကြွေးနေသည်။ သူက အရွယ်အိုမင်းသော လက်ကို ကြည့်လိုက်ပြီး အော်ပြောလိုက်သည်။

“ အဖေ… သားကို သတ်ပေးပါ ”

ထိုစကားများက သခင်လေး၏ စိတ်ထဲမှာ မိုးကြိုးသန်းပေါင်းများစွာပမာ ပေါက်ကွဲသွားသည်။

ယင်းက ပုန်ကန်မှုကို ဖိနှိပ်သော တိုက်ပွဲမဟုတ်ပေ။

ယင်းက…

“ အဖေက… သေဖို့ တောင်းဆိုတာလား… ”

သခင်လေး၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။ သူက ခါးသီးစွာ ရေရွတ်လိုက်သည်နှင့် ရှေးဟောင်းသက်ပြင်းချသံက သမိုင်းထဲမှာ ပဲ့တင်ထပ်သွားသည်။

ပူဖောင်းအားလုံးက ထွန်းလင်းတောက်ပလာပြီး အလင်းရောင်က စုဝေးသွားသည်။ ထို့နောက် အလင်းရောင်က ဧရာမပုံရိပ်တစ်ခုကို ဖွဲ့စည်းသွားသည်။

ဧရာမပုံရိပ်က ကြယ်တာရာကောင်းကင်ပေါ်မှာ ထွက်ပေါ်လာပြီး မိုးသောက်အင်မော်တယ်အရှင်သခင်၏ အရှေ့မှာ ရပ်လိုက်ကာ အရာအားလုံးကို ဖုံးအုပ်သွားသည်။

ဤသည်မှာ သူကိုယ်၌က ကြယ်တာရာကောင်းကင် ဖြစ်သည့်အလားပင်။

သူ၏ အကြည့်ထဲမှာ စိတ်ရှုပ်ထွေးမှု၊ ဝမ်းနည်းမှု၊ အကူအညီမဲ့မှုနှင့် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မှု ရှိသည်။ ထို့နောက် အက်ရှရှအသံက သူ၏ ပါးစပ်ထဲမှ ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။

“ မင်းရဲ့ ကိုယ်ထဲမှာ နတ်ဘုရားကပ်ဘေးကို ချိပ်ပိတ်ထားလို့ ငါ့အပေါ် မင်းစိတ်မဆိုးဘူးလား ”

မိုးသောက်အင်မော်တယ်အရှင်သခင်က ခေါင်းမော့လိုက်ပြီး သူ၏ အရှေ့မှ ရင်းနှီးကျွမ်းဝင်သော ပုံရိပ်ကို ကြည့်လိုက်သည်။

ထိုလူက သူ့အဖေဖြစ်ပြီး အမှတ်ငါးကြယ်တာရာစက်ဝန်း၏ အထွတ်အမြတ်တည်ရှိမှု ဖြစ်သည်။

အင်မော်တယ်ဘုရင်…

သူက ကမ္ဘာငယ်များမှ ကျင့်ကြံသူများကို ဦးဆောင်ပြီး နတ်ဘုရားများကို ဆန့်ကျင်တိုက်ထုတ်ခဲ့သူ ဖြစ်သည်။

သူက နတ်ဘုရားများ၏ အုပ်ချုပ်မှုစည်းမျဉ်းကို ဖယ်ရှားခဲ့ပြီး သက်ရှိအားလုံး၏ ကပ်ဘေးဒုက္ခများကို အဆုံးသတ်စေခဲ့သူ ဖြစ်သည်။

သူက အမှတ်ငါးကြယ်တာရာစက်ဝန်းကို ပြားပြားဝပ်စေခဲ့ပြီး ဤနေရာကို ကျင့်ကြံသူများအတွက် လောကအဖြစ် ပြောင်းလဲခဲ့သူ ဖြစ်သည်။

သူ၏ စွမ်းဆောင်မှုများက အမှတ်ငါးကြယ်တာရာစက်ဝန်းထဲတွင် တုနှိုင်းမဲ့သည်။

သူက လူပေါင်းများစွာ၏ ရိုသေလေးစားမှုကို ခံရသော အထွတ်အမြတ် သူရဲကောင်းတစ်ဦးလည်း ဖြစ်သည်။ အမှတ်ငါးကြယ်တာရာစက်ဝန်းထဲမှ ကလေးငယ်များသည် ငယ်ငယ်လေးကတည်းက အင်မော်တယ်ဘုရင်၏ ပုံပြင်များကို နားထောင်ပြီး ကြီးပြင်းလာခဲ့ကြသည်။

“ သားစိတ်မဆိုးပါဘူး ”

“ အတိတ်တုန်းက နတ်ဘုရင်နဲ့ တိုက်ပွဲမှာ အဖေ အနိုင်ရခဲ့တယ်လို့ လူတွေသိထားကြပါတယ်… ဒါပေမဲ့ တကယ်တမ်းတော့ နတ်ဘုရင်က သူမသေဆုံးခင်မှာ နတ်ဘုရားကပ်ဘေးကို အဖေ့ရဲ့ ခန္ဓာကိုယ်ထဲမှာ ထည့်သွင်းခဲ့တယ်ဆိုတာ သားသိပါတယ် ”

“ နတ်ဘုရားတွေ… ဘာပဲပြောပြော သူတို့က အဆင့်မြင့်ကြယ်တာရာစက်ဝန်းတွေရဲ့ အမြူတေကနေ မွေးဖွားလာကြတဲ့ သက်ရှိတွေပါ… သူတို့က အဆင့်မြင့်ကြယ်တာရာစက်ဝန်းတွေရဲ့ အနှစ်သာရတစ်စိတ်တစ်ပိုင်းလည်း ဟုတ်ပါတယ်… သူတို့က တန်ခိုးကြီးမားပြီး ဖျက်ဆီးမခံရနိုင်ပါဘူး… ကြယ်တာရာစက်ဝန်းတွေက သူတို့နာမည်ကို မှတ်မိနေသရွေ့ ခေတ်တွေဘယ်လောက်ပဲ ကုန်လွန်သွားပါစေ တစ်ယောက်ယောက်က သူတို့ကို ဆင့်ခေါ်လိုက်တာနဲ့ ပြန်ရောက်လာနိုင်ကြပါတယ် ”

“ အစစ်အမှန်နတ်ဘုရားတစ်ပါးတောင် အဲ့လိုလုပ်ဆောင်နိုင်တာ နတ်ဘုရင်ကိုတော့ ပြောနေစရာမလိုပါဘူး… ”

မိုးသောက်အင်မော်တယ်အရှင်သခင်က သူ့အရှေ့မှ အင်မော်တယ်ဘုရင်ကို ကြည့်လိုက်သည်။ သူ၏ အနီရောင်အလင်းက လှိုင်းထသွားစဉ် သူ၏ အသံက ဆက်ပြီး ပဲ့တင်ထပ်သွားသည်။

“ အမှတ်ငါးကြယ်တာရာစက်ဝန်းရဲ့ နတ်ဘုရင်က သူမသေဆုံးခင်မှာ သူ့ရဲ့ အကန့်အသတ်မဲ့ နတ်ဘုရားစွမ်းအင်ကို စုစည်းပြီးတော့ အန္တိမကပ်ဘေးကျိန်စာတစ်ခုကို ထုတ်ဖော်ခဲ့တယ်… နတ်ဘုရင်လောက် အစွမ်းကြီးမားတဲ့ အဖေတောင် အဲ့ဒီနတ်ဘုရားကပ်ဘေးကို အပြည့်အဝ မဖယ်ရှားနိုင်ခဲ့ဘူး… နတ်ဘုရားကပ်ဘေးရဲ့ အမျှင်တန်းတစ်ခုက ဖျက်ဆီးမခံရဘဲ ကျန်နေခဲ့တယ် ”

“ ဒါကြောင့် တိုက်ပွဲပြီးတာနဲ့ အဖေက တံခါးပိတ်ကျင့်ကြံခြင်းဝင်ရောက်ခဲ့တယ် ”

“ နတ်ဘုရင်က အဲ့ဒီနတ်ဘုရားကပ်ဘေးကို အသုံးပြုပြီး အဖေ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ပြန်လည်ရှင်သန်ဖို့ ကြံစည်နေတယ်ဆိုတာ သားသိတယ် ”

“ အဲ့ဒီပြန်လည်ရှင်သန်မှုက အချိန်အကြာကြီး လိုအပ်မယ်ဆိုပေမဲ့ အဲ့ဒါကို သေချာမဖြေရှင်းဘူးဆိုရင် နတ်ဘုရင်က တကယ် ပြန်လည်ရှင်သန်လာလိမ့်မယ်… သူပြန်လည်ရှင်သန်နိုင်တာနဲ့ အမှတ်ငါးကြယ်တာရာစက်ဝန်းက ကျင့်ကြံသူတွေအားလုံး အမြစ်ဖြတ်သုတ်သင်ခံရလိမ့်မယ် ”

“ အဲ့ဒီအခြေအနေကို ကာကွယ်ဖို့အတွက် အဖေက အထက်နယ်မြေနဲ့ အောက်နယ်မြေဆီက ကြယ်တာရာစက်ဝန်းတွေဆီကို ခရီးထွက်သွားခဲ့တယ်… အဖေက မရေမတွက်နိုင်တဲ့ အသွင်သဏ္ဍာန်တွေကို ပြောင်းလဲပြီး ကျိန်စာကို ဖယ်ရှားဖို့ နည်းလမ်းရှာခဲ့တယ်… နောက်ဆုံးမှာတော့ ဖြေရှင်းနည်းတစ်ခုကို ရှာတွေ့သွားခဲ့တယ် ”

ထိုနေရာသို့ ရောက်သည့်အခါ မိုးသောက်က တစ်ခဏ ရပ်လိုက်သည်။ ခါးသီးမှုက သူ၏ လေသံထဲမှာ ထွက်ပေါ်လာသည်။

“ အဲ့ဒီနည်းလမ်းအရ အဖေ့ရဲ့ မူလခန္ဓာကိုယ်က ကပ်ဘေးစိတ်ဆန္ဒကို ရှောင်လွှဲဖို့ နှစ်ချိုက်စွာ အိပ်ပျော်သွားမယ်… အဲ့ဒီနောက် နတ်ဘုရားကပ်ဘေးကို လွှဲပြောင်းပေးရမယ် ”

“ ဒါပေမဲ့ လွှဲပြောင်းတဲ့အခါမှာ ထူးခြားတဲ့ အခြေအနေတချို့ လိုအပ်တယ်… နတ်ဘုရားကပ်ဘေးရဲ့ အာနိသင်အနှစ်သာရကို မဖယ်ရှားရဘူး… ပြီးတော့ အဖေ့ရဲ့ တိုက်ရိုက် မျိုးဆက်ဖြစ်ပြီး တစ်ဦးတည်းသော မျိုးဆက်ဖြစ်တဲ့လူကပဲ အဲ့ဒါကို လွှဲပြောင်းယူနိုင်တယ်… ဒါကြောင့် အဖေ့မှာ သားတစ်ယောက်ပဲ ရှိနိုင်တယ်… သားမှာလည်း သားတစ်ယောက်ပဲ ရှိနိုင်တယ် ”

“ မျိုးဆက်ပေါင်း (၄၉၀၀)အထိ လွှဲပြောင်းပြီးမှပဲ နတ်ဘုရားကပ်ဘေးက အပြီးတိုင် ပျောက်ကွယ်သွားလိမ့်မယ် ”

“ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းသွားတာနဲ့ အဲ့ဒီနတ်ဘုရားကပ်ဘေးက တဖြည်းဖြည်း ပိုအားနည်းသွားလိမ့်မယ် ”

“ ဒါကြောင့် အဆုံးမှာတော့ အဖေက အမှတ်ငါးကြယ်တာရာစက်ဝန်းရဲ့ အနာဂတ်ကို ရှေးရှုပြီးတော့ နတ်ဘုရားကပ်ဘေးကို သားရဲ့ ကိုယ်ထဲ လွှဲပြောင်းပေးခဲ့တယ်… အဖေ့ရဲ့ မူလခန္ဓာကိုယ်က နှစ်ချိုက်စွာ အိပ်ပျော်သွားတယ် ”

“ အဲ့ဒါကြောင့် အမှတ်ငါးကြယ်တာရာစက်ဝန်းမှာ ခေတ်ဆယ့်နှစ်ခေတ် ပေါ်ထွန်းလာပြီး အင်မော်တယ်အရှင်သခင်တစ်ပါးက ခေတ်တစ်ခေတ်စီကို အုပ်ချုပ်ရတယ်… ဘာလို့လဲဆိုတော့ အဖေ့ရဲ့ မူလခန္ဓာကိုယ်က အိပ်ပျော်နေလို့ပဲ… အဖေ့ရဲ့ ကိုယ်ပွားတွေတောင် ရံဖန်ရံခါ အဖေ့ရဲ့ မူလခန္ဓာကိုယ်ဘေးမှာ လာအိပ်ပေးရတယ် ”

“ အဖေက အမှတ်ငါးကြယ်တာရာစက်ဝန်းရဲ့ အကျိုးအတွက် အဲ့ဒီလိုလုပ်ဆောင်ခဲ့တယ်ဆိုတာ သားနားလည်ပေးနိုင်တယ်… အဲ့ဒီအတွက်လည်း သားသဘောတူတယ် ”

အင်မော်တယ်အရှင်သခင်၏ အသံက ပိုပြီးအက်ရှလာသည်။

“ ဒါပေမဲ့ အဖေ… နတ်ဘုရားကပ်ဘေးကို အဖေလွှဲပြောင်းပေးခဲ့တဲ့အတွက် မင်အာရဲ့ အမေ သေဆုံးခဲ့ရတယ်… နတ်ဘုရားကပ်ဘေး ပထမဆုံးအကြိမ် နိုးထလာတဲ့အချိန် သားအသိစိတ်လွတ်သွားပြီးတော့… ”

“ သားသူ့ကို… သားလက်နဲ့ ကိုယ်တိုင်… အပိုင်းပိုင်းဆုတ်ဖြဲပစ်ခဲ့တယ် ”

“ သားချစ်ရတဲ့လူကို သားကိုယ်တိုင် သတ်မိခဲ့တယ်… ”

“ အဖေသိလား… လန်စီက ထွက်မပြေးသလို သားအပေါ် စိတ်မဆိုးဘူး… သူမသေခင်မှာ သားကို သိမ်မွေ့ညင်သာစွာ ကြည့်သွားခဲ့တယ်… လန်စီက သူ့ရဲ့ အသက်ကို စတေးပြီး သားကို အသိစိတ်ပြန်ဝင်စေခဲ့တယ် ”

“ အမှန်တရားကို သားမရင်ဆိုင်ရဲတာကြောင့် နှစ်ချိုက်စွာ အိပ်ပျော်သွားဖို့ ရွေးချယ်ခဲ့တယ် ”

မျက်ရည်က မိုးသောက်အင်မော်တယ်အရှင်သခင်၏ မျက်လုံးထဲမှ စီးကျလာသည်။ သူက နှလုံးနာကျင်သော အမူအရာအဖြင့် သူ့အရှေ့မှ အင်မော်တယ်ဘုရင်ကို ကြည့်လိုက်သည်။ အတိတ်မှ မြင်ကွင်းကို သူမခံစားနိုင်သလို လက်မခံနိုင်ပေ။ ထိုအတွက် သူက သူ့ကိုယ်သူ ဘယ်တော့မှ ခွင့်မလွှတ်ခဲ့ပေ။

သို့သော်လည်း သူ့အဖေကို သူအပြစ်မတင်ရက်ပေ။ အင်မော်တယ်ဘုရင်က အမှတ်ငါးကြယ်တာရာစက်ဝန်း၏ အကျိုးအတွက် သူ၏ မျိုးဆက်ကို စတေးခဲ့ကြောင်း သူနားလည်သည်။

သို့သော်လည်း ထိုအချက်ကို ကောင်းမွန်စွာ သူပိုပြီးနားလည်လေ သူ့ကိုယ်သူ ပိုပြီးအပြစ်တင်မိလေ ဖြစ်သည်။ ထိုအပြစ်တင်စိတ်က အာကာသတွင်းနက်တစ်ခုပမာ ဖြစ်လာပြီး သူနှင့်ပတ်သက်သော အရာအားလုံးကို ဝါးမျိုပစ်လိုက်သည်။

သို့ဖြစ်၍ အဆုံးမဲ့သော နာကျင်မှုကြားမှာ သူက ကိုယ့်ကိုယ်ကိုယ် ချိပ်ပိတ်လိုက်သည်။

သူက နတ်ဘုရားကပ်ဘေးကြောင့် အသိစိတ်ကင်းလွတ်သွားပြီး တခြားလူများအား ဒုက္ခပေးမိမည်ကို စိုးရိမ်သည်။

ထိုအကြောင်းအရင်းကြောင့် မိုးသောက်က သမိုင်းထဲမှာ နက်ရှိုင်းစွာ အိပ်ပျော်သွားခဲ့ခြင်း ဖြစ်သည်။

“ နှစ်တစ်သောင်းကြာပြီး သားပြန်နိုးလာတော့ နတ်ဘုရားကပ်ဘေးကို အောင်အောင်မြင်မြင် ဖိနှိပ်နိုင်ခဲ့ပြီလို့ အစက သားထင်မှတ်ခဲ့တယ်… အဲ့ဒါကြောင့် မင်အာရဲ့ ချိပ်တံဆိပ်ကို ဖြေလျော့ပေးခဲ့တယ်… သားရဲ့ လက်ကျန်ဘဝမှာ မင်အာရဲ့ ကြီးပြင်းမှုကို အဖော်ပြုပေးခဲ့တယ် ”

“ သားအတွက်တော့… မင်အာရဲ့ ကြီးပြင်းမှုက အားဆေးတစ်ခွက်ပါပဲ… ”

“ ဒါပေမဲ့ အဖေ… နတ်ဘုရားကပ်ဘေးကို ဘယ်တုန်းကမှ သားမဖိနှိပ်နိုင်ခဲ့ဘူးလို့ မမျှော်လင့်ထားခဲ့ဘူး… အဲ့ဒီနေ့မှာ… နောက်တစ်ကြိမ် သားအသိစိတ်ပျောက်သွားခဲ့တယ် ”

မိုးသောက်အင်မော်တယ်အရှင်သခင်၏ ခန္ဓာကိုယ်နှင့် အသံက ပိုပြီးတုန်ယင်လာသည်။

“ အဲ့ဒီနေ့မှာ… သားသူ့ကို အပိုင်းပိုင်းဆုတ်ဖြဲမိဖို့ နည်းနည်းလေး… နည်းနည်းလေးပဲ လိုတော့တယ်… ”

“ အဲ့ဒီနောက် မြေအောက်နန်းတော်ကို သားဆောက်လုပ်ခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် ချုပ်နှောင်ခဲ့တယ်… မင်အာကို ညဘက်ရောက်ရင် သားကို လာမတွေ့ဖို့ ပြောခဲ့တယ် ”

“ ချိပ်တံဆိပ်ကို ပိုပြီးအားကောင်းအောင် လုပ်ဖို့ အစက သားစဉ်းစားခဲ့တယ် ”

“ ဒါပေမဲ့ တစ်နေ့မှာ မင်အာရဲ့ အာဏာစက်က ပြောင်းလဲသွားတာကို သားအာရုံခံမိခဲ့တယ်… အဖေက မင်အာရဲ့ ကြေးမုံအာဏာစက်ကို ကမ္မသုံးခုနတ်ဆိုးဆယ်ပါးချိပ်တံဆိပ်အဖြစ် ပြောင်းလဲပစ်ခဲ့တယ်ဆိုတာ သားသိတယ်… အဖေက ချိပ်တံဆိပ်အာဏာစက်ကို အသုံးပြုပြီး သားကိုယ်ထဲက နတ်ဘုရားကပ်ဘေးကို မင်အာဆီ လွှဲပြောင်းပြီး ချိပ်ပိတ်ပစ်ချင်တယ် ”

“ နတ်ဘုရားကပ်ဘေးကို နောက်ထပ် သားမတောင့်ခံနိုင်တော့တဲ့အခါကျရင် အဖေက အဲ့ဒါကို မင်အာဆီ လွှဲပြောင်းပေးလိမ့်မယ် ”

“ ဒါပေမဲ့ သားက ဘယ်လိုလုပ် ကိုယ့်သားကို အဲ့ဒီလိုဝေဒနာမျိုး ခံစားစေချင်မှာလဲ… နေ့တိုင်း ညတိုင်း ခံစားရတဲ့ နာကျင်မှုတွေ၊ ကိုယ်ချစ်ရတဲ့ လူတွေကို ကိုယ့်လက်နဲ့ သတ်ပစ်ရတဲ့ နာကျင်မှုတွေ… အဲ့ဒါတွေကို ဘယ်လိုလုပ် သားက မင်အာဆီ လွှဲပြောင်းပေးနိုင်မှာလဲ ”

မိုးသောက်အင်မော်တယ်အရှင်သခင်က ရူးသွပ်စွာ ရယ်လိုက်ပြီး အင်မော်တယ်ဘုရင်ကို လက်ညှိုးညွှန်လိုက်သည်။

“ အဖေက အင်မော်တယ်ဘုရင်ဖြစ်ပြီး အမှတ်ငါးကြယ်တာရာစက်ဝန်းအတွက် ကြီးမားတဲ့ အကျိုးဆောင်မှုတွေကို ပြုလုပ်ခဲ့တဲ့လူ ဖြစ်တယ်… အဲ့ဒါကြောင့် အဖေက ကိုယ့်မျိုးဆက်ကို စတေးခဲ့တဲ့အပေါ် သားအပြစ်မတင်ပါဘူး ”

“ ဒါပေမဲ့… သားဟာလည်း အဖေတစ်ယောက်ပါ ”

“ သားက အဖေ့လောက် မကြီးမြတ်ပါဘူး… သားရဲ့ ဝေဒနာကို သားရဲ့ နောင်မျိုးဆက်တွေဆီ လက်ဆင့်ကမ်းပေးဖို့ သားဆန္ဒမရှိဘူး ”

“ နတ်ဘုရားကပ်ဘေးကို အပြီးတိုင် ဖယ်ရှားပစ်နိုင်မယ့် နောက်ထပ် နည်းလမ်းတစ်ခု ရှိတယ်ဆိုတာ သားသိပါတယ်… ဒီလောက် ဒုက္ခအများကြီး ခံနေစရာမလိုပါဘူး ”

“ တကယ်တော့ အတိတ်မှာ အဖေ သားဆီကို နတ်ဘုရားကပ်ဘေး လွှဲပြောင်းပေးပြီးတဲ့နောက် အဲ့ဒါကို အပြီးတိုင် ဖျက်ဆီးဖို့ အဖေစီစဉ်ထားတဲ့ နည်းလမ်းကို အသုံးပြုလို့ရတယ် ”

“ အဲ့ဒါက အချိန်ကျလာတဲ့အခါ သားကို သတ်ပစ်ဖို့ပဲ ”

“ အခု… နတ်ဘုရားကပ်ဘေးက သားနဲ့ တစ်သားတည်း ပေါင်းစပ်သွားပြီ… အချိန်ကျပြီ ”

“ သားက အာဏာစက်ကို နတ်ဘုရားစွမ်းအင်အမြူတေအဖြစ် ပြောင်းလဲခဲ့ပြီး ပုန်ကန်ခဲ့တယ်… နတ်ဘုရားရဲ့ စိတ်ဆန္ဒက နိုးထလာတော့မယ်… အဖေ… အချိန်သိပ်မရှိတော့ဘူး ”

“ ဒါကြောင့်… သားကို သတ်ပေးပါ ”

“ သားရဲ့ အရိုးတွေနဲ့ အသွေးအသားတွေကို ဖုန်မှုန့်ဖြစ်စေပြီး သားရဲ့ ဝိညာဉ်ကို ငြိမ်းသတ်ပစ်ပါ… သားနဲ့ပတ်သက်တဲ့ အရာအားလုံးကို ဖျက်ဆီးပစ်ပေးပါ… အဲ့ဒါမှ သားရဲ့ တည်ရှိမှုက အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်မှာ လုံးဝ မကျန်ရှိတော့မှာ… သက်ရှိအားလုံးရဲ့ မှတ်ဉာဏ်ထဲမှာ မိုးသောက်အင်မော်တယ်အရှင်သခင်ဆိုတာ ပျောက်ကွယ်သွားပါစေ ”

“ ပြန်လည်မွေးဖွားခြင်းစက်ဝန်းကို သားအပေါ် မကျရောက်ပါစေနဲ့… မိုးသောက်က အနာဂတ်မှာ ဘယ်တုန်းကမှ မတည်ရှိခဲ့သလိုမျိုး လုပ်ဆောင်ပေးပါ ”

“ ဥပမာ အဖေ့မှာ သားဘယ်တုန်းကမှ မရှိခဲ့ဘူး ”

မိုးသောက်အင်မော်တယ်အရှင်သခင်က အပေါ်သို့ မြှောက်တတ်သွားသည်။

အနီရောင်မိုးသောက်အလင်းက သမိုင်းတစ်ခုလုံးကို စွန်းထင်သွားသည်။

ယင်းက မင်္ဂလာပွဲ၏ အရောင်ဖြစ်ပြီး သွေး၏ အရောင်ဖြစ်သည်။

ယင်းက ဖခင်တစ်ယောက်၏ ချစ်ခြင်းမေတ္တာလည်း ဖြစ်သည်။

ဤအခိုက်အတန့်မှာ အသံတစ်သံက သမိုင်းမြင်ကွင်းထဲမှာ ဝေဝေဝါးဝါး ပဲ့တင်ထပ်နေဟန် ရ၏။

“ အခုချိန်ကစပြီး မင်းက အမှတ်ငါးကြယ်တာရာစက်ဝန်းရဲ့ နေနဲ့လ ဖြစ်သွားပြီ… မင်းရဲ့ ကိုယ်ထဲမှာ တည်ရှိနေတာက အကန့်အသတ်မဲ့အလင်းရောင်နဲ့ ဘယ်အရာနဲ့မှ မစွန်းထင်နိုင်တဲ့ သန့်စင်မှုပဲ… မင်းရဲ့ အရှေ့က နတ်ဘုရားအကာအကွယ်ကြောင့် နတ်ဘုရားကပ်ဘေးက ဘယ်တော့မှ မင်းအပေါ်ကို ကျရောက်လာမှာ မဟုတ်ဘူး ”

All Chapters