← Chapters

မှတ်ဉာဏ်များ

Vol. 108 Ch. 1653

မှတ်ဉာဏ်များ

Vol. 108 Ch. 1653

သမိုင်းမြင်ကွင်းက အနီရောင်အလင်းတန်းထဲမှာ လှုပ်ခါသွားပြီး လှိုင်းတချို့ကို ဖန်တီးလိုက်သည်။

မရေမတွက်နိုင်သော သဲမှုန်များက လှုပ်ယမ်းသွားပြီး ရွေ့လျားသွားကြသည်။ ယင်းတို့က အချိန်မြစ်၏ ကြမ်းပြင်အောက်မှာ တလက်လက် တောက်ပနေကြသည်။

အလင်းအပြင်ဘက်တွင် သခင်လေးက သူ့အရှေ့မှ အရာအားလုံးကို အသိစိတ်ကင်းလွတ်စွာ ကြည့်ရှုနေသည်။

အတိတ်တွင် သူသတိမေ့မြောသွားသောကြောင့် ထိုစကားများကို မကြားနိုင်ခဲ့ပေ။ ဤအခိုက်အတန့်မှာ သမိုင်းမြင်ကွင်းကို ပြန်မြင်လိုက်ရသောအခါ ထိုစကားများကို သူကြားသွားသည်။

လက်စသတ်တော့ အင်မော်တယ်နန်းတော်ထဲ၌ သူ၏ ငယ်စဉ်ကလေးဘဝနှင့်ပတ်သက်သော အရာအားလုံးက အတုအယောင်သာ ဖြစ်သည်။

သူ့အဖေ၏ ပုန်ကန်မှုက သေလမ်းရှာခြင်းသာ ဖြစ်သည်။

သူ့အဖေက သေဆုံးရန် တောင်းဆိုရသည့် အကြောင်းအရင်းမှာ သူ့ကို ကာကွယ်ပေးရန် ဖြစ်သည်။

သူ၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။ အင်မော်တယ်ဘုရင်ဆီသို့ ပျံတတ်သွားနေသော သူ့အဖေကို ကြည့်လိုက်သည့်အခါ မျက်ရည်က သူ၏ ပါးပြင်ပေါ်သို့ စီးကျလာသည်။

အတိတ်တွင် သူ့အဖေက မည်သို့ကြောင့် ပုန်ကန်ခဲ့ကြောင်း သူနားမလည်ခဲ့ပေ။ သူ့အဖိုးဖြစ်သော အင်မော်တယ်ဘုရင်ကိုလည်း သူခွင့်မလွှတ်နိုင်ပေ။

သို့သော်လည်း ဤအခိုက်အတန့်မှာ အမှန်တရားကို သူမြင်တွေ့သွားသောအခါ သူ၏ နှလုံးသားထဲ၌ ခါးသီးမှုတစ်ခုတည်းသာ ရှိတော့သည်။

သူ၏ ဘေးတွင် ဝိညာဉ်ဖီးနစ်နတ်သမီးက နူးညံ့စွာ သက်ပြင်းချလိုက်သည်။ သူက သူ့ခင်ပွန်း၏ လက်ကို လုံးဝမလွှတ်ပေ။

သမိုင်းမြင်ကွင်းကို စောင့်ကြည့်နေသော ရွှီချင်း၏ နှလုံးသည်လည်း ပရမ်းပတာ လှုပ်ခတ်သွားသည်။

လက်စသတ်တော့ ဤကိစ္စတွင် မည်သည့်ဘက်ကမှ မမှားပေ။

အင်မော်တယ်အရှင်သခင်ရဲ့ လုပ်ရက်က မှားလား…

ဝေဒနာကို ဆက်ပြီး လက်ဆင့်မကမ်းပေးချင်သောကြောင့် သူက ပုန်ကန်ခဲ့ပြီး ကိုယ့်သေလမ်း ကိုယ်ရှာခဲ့သည်။ သူက သူ့ကိုယ်ထဲမှ နတ်ဘုရားကပ်ဘေးကို သူ၏ သေဆုံးခြင်းနှင့်အတူ အပြီးတိုင် ဖယ်ရှားပစ်ချင်သည်။ သို့မှသာ သူ့သားက ဘေးကင်းလုံခြုံလိမ့်မည်။

ယင်းက ဖခင်တစ်ယောက်၏ ချစ်ခြင်းမေတ္တာဖြစ်သည်။ ထို့ကြောင့် အင်မော်တယ်အရှင်သခင်၏ လုပ်ရက်က မမှားပေ။

ဒါဆိုရင် အင်မော်တယ်ဘုရင်ရဲ့ လုပ်ရက်က မှားလား…

အမှတ်ငါးကြယ်တာရာစက်ဝန်း၏ အကျိုးအတွက် သူက ကိုယ့်သွေးမျိုးဆက်ကို စတေးခဲ့သည်။ တစ်နည်းဆိုရသော် သူက လူအများအတွက် လူတစ်ယောက်ကို စတေးခဲ့ခြင်း ဖြစ်သည်။ သို့ဖြစ်၍ ဤကိစ္စက သူ့အမှားဟု မပြောနိုင်ပေ။

သမိုင်းအမှန်ကို စောင့်ကြည့်နေစဉ် မိုးသောက်အင်မော်တယ်အရှင်သခင်၏ ရည်ရွယ်ချက်ကို အင်မော်တယ်ဘုရင်က သူ့အစွမ်းဖြင့် အစောကြီးကတည်းက ကြိုမြင်ထားခဲ့ကြောင်း ထင်ရှားပေသည်။

အချိန်ကျလာသည့်အခါ မိုးသောက်အင်မော်တယ်အရှင်သခင်၏ အသက်ကို သူကိုယ်တိုင် အဆုံးသတ်ပေးရလိမ့်မည်ဖြစ်ကြောင်း သူသိသည်။ သို့မှသာ ကပ်ဘေးကျိန်စာအား မျိုးဆက်အစဉ်အဆက် လက်ဆင့်ကမ်းပေးရခြင်းကို ဖြေရှင်းနိုင်လိမ့်မည်။

အင်မော်တယ်ဘုရင်၏ အစွမ်းဖြင့်ဆိုလျှင် သူက ထိုအခိုက်အတန့်ကို စောစီးစွာ ကျရောက်ရန် အရှိန်မြှင့်ပေးနိုင်သည်။ ဤကဲ့သို့ အချိန်အကြာကြီး စောင့်ဆိုင်းနေရန် မလိုပေ။

သို့တိုင် သူက အမှတ်ငါးကြယ်တာရာစက်ဝန်းထဲမှ အရာအားလုံးနီးပါးကို စတေးရမည်ဆိုလျှင်ပင် ထိုအချက်ကို လျစ်လျူရှုထားရန် ရွေးချယ်လိမ့်မည်။

ထိုစိတ်ခံစားချက်ထဲမှာ ဖခင်တစ်ယောက်၏ ချစ်ခြင်းမေတ္တာ ပါဝင်သည်။

သူက သူ့သားကို အဆုံးရှုံးမခံချင်ပေ။

သို့ဖြစ်၍ သူ့မှာ ကပ်ဘေးကျိန်စာကို တစ်ခါတည်း အမြစ်ဖြတ်နိုင်သည့် နည်းလမ်းတစ်ခုရှိသော်လည်း ယင်းကို မျိုးဆက်အစဉ်အဆက် လက်ဆင့်ကမ်းပေးရန်သာ သူဆန္ဒရှိ၏။

အနည်းဆုံးတော့ ထိုနည်းဖြင့်ဆိုလျှင် မိုးသောက်အင်မော်တယ်အရှင်သခင်က ဆက်ပြီး အသက်ရှင်နိုင်လိမ့်မည်။

“ အင်မော်တယ်ဘုရင်က သူ့သားကို ချစ်တယ်… အဲ့ဒါကြောင့် သူ့သားကို မသတ်နိုင်ဘူး… အင်မော်တယ်အရှင်သခင်ကလည်း သူ့သားကို ချစ်တယ်… အဲ့ဒါကြောင့် သူ့သားကို ကျိန်စာလွှဲပြောင်းပေးမယ့်အစား သူ့ကိုယ်သူအသေခံဖို့ ဆန္ဒရှိတယ် ”

ရွှီချင်းက စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်သည်။

ဤအခိုက်အတန့်မှာ သမိုင်းမြင်ကွင်းက ဆက်လက် စီးဆင်းနေဆဲပင်။

ကြယ်တာရာကောင်းကင်တမျှ အရွယ်အစားကြီးမားသော အင်မော်တယ်ဘုရင်သည် အစမှအဆုံးထိ စကားတစ်ခွန်းသာ ပြောခဲ့သည်။

ထို့နောက် သူက နှုတ်ဆိတ်နေသည်။

မိုးသောက်အင်မော်တယ်အရှင်သခင်၏ မျက်လုံးက နီရဲနေပြီး သူက သေချင်နေသည့်တိုင် အင်မော်တယ်ဘုရင်က နှုတ်ဆိတ်နေဆဲပင်။

မိုးသောက်အင်မော်တယ်အရှင်သခင်၏ အာဏာစက်က အရာအားလုံးကို ယိုယွင်းတိုက်စားပစ်နေသည့်တိုင် သူက နှုတ်ဆိတ်နေရန် ရွေးချယ်ခဲ့သည်။

သူက အင်မော်တယ်အရှင်သခင်ကို သူ့အား တိုက်ခိုက်ရန် ခွင့်ပြုပေးထားသည်။

ယင်းက မိုးသောက်အင်မော်တယ်အရှင်သခင်၏ ဆံပင်ဖြူက အနက်ရောင်သို့ ပြောင်းလဲသွားသည်အထိ ကြာမြင့်ခဲ့သည်။

သူ၏ ဝတ်စုံသည်လည်း အနက်ရောင်ဝတ်စုံအဖြစ် ဖြည်းညင်းစွာ ပြောင်းလဲသွားသည်။

နောက်ဆုံးမှာတော့ နတ်ဘုရားအရှိန်အဝါက မိုးသောက်အင်မော်တယ်အရှင်သခင်ထံမှ ထွက်ပေါ်လာသည်။

ရူးသွပ်သော ရယ်မောသံက ပိုပြီးကျယ်လောင်လာသည်နှင့် အက်ရှရှအသံက ကောင်းကင်ဘုံတစ်လျှောက် ပဲ့တင်ထပ်သွားသည်။

“ အဖေ… သားကို သတ်ပေးပါ ”

ဝမ်းနည်းဖွယ်ကောင်းသော အသံက သမိုင်းထဲမှာ ပဲ့တင်ထပ်သွားသည့်အခါ အရာအားလုံးက ပုံပျက်တွန့်လိမ်လာပြီး ဝေဝါးလာသည်။

ဤသည်မှာ နတ်ဘုရင်က မိုးသောက်အင်မော်တယ်အရှင်သခင်၏ ခန္ဓာကိုယ်မှတဆင့် ပြန်ရောက်လာနေသည့်အလားပင်။

အင်မော်တယ်ဘုရင်က မျက်လုံးမှိတ်လိုက်ပြီး ဖြည်းညင်းစွာ လက်မြှောက်လိုက်သည်။

သူ၏ လက်က ညင်သာစွာ အောက်ကျသွားသည်။

အတိတ်တုန်းက ကမ္ဘာငယ်မှာ သူလုပ်ဆောင်ခဲ့သည့်အတိုင်း သူ့ကလေး၏ ဦးခေါင်းကို ချစ်ခင်ကြင်နာစွာ ပုတ်ပေးလိုက်ပြီး အပြုံးဖြင့် ပြောသည်။

“ မင်းအရွယ်ရောက်လာတဲ့အခါ ကြယ်တွေကြည့်ဖို့ ကောင်းကင်အလွန်ကို အဖေခေါ်သွားမယ် ”

ထို့နောက် သူက သူ့ကလေး၏ ဆန္ဒအတိုင်း ဆောင်ရွက်လိုက်သည်။

ကျယ်လောင်သော အက်ကွဲသံနှင့်အတူ သူ၏ လက်က အောက်သို့ ဆင်းသက်လာပြီး မိုးသောက်အင်မော်တယ်အရှင်သခင်၏ ခန္ဓာကိုယ်ကို ပြာအဖြစ် ပြောင်းလဲသွားစေသည်။ ထို့နောက် ပြာမှုန်များက အနီရောင်အလင်းစက်များအဖြစ် အသွင်ပြောင်းလဲသွားပြီး ကြယ်တာရာကောင်းကင်ထဲမှ အကန့်အသတ်မဲ့သော မိုးသောက်အလင်းနှင့် ပေါင်းစပ်သွားသည်။

မိုးသောက်အင်မော်တယ်အရှင်သခင်က မည်သည့်သဲလွန်စမှမကျန်ဘဲ ဖျက်ဆီးခံလိုက်ရသည်။

သူ၏ ဝိညာဉ်က လုံးဝငြိမ်းသတ်သွားသည်။

ယခုအချိန်မှစ၍ သူက ပြန်လည်မမွေးဖွားနိုင်တော့ပေ။

အနီရောင်အလင်းက မှေးမှိန်နေစဉ် အင်မော်တယ်ဘုရင်က မျက်လုံးမှိတ်ထားလျက် ရှိနေဆဲပင်။

သူက နေရာမှာ တိတ်တဆိတ် ရပ်နေလေရာ သူ၏ ပုံရိပ်က ညှိုးမှိုင်နေပုံပေါ်သည်။

အချိန်အတော်ကြာပြီးနောက် သူက အနောက်လှည့်လိုက်ပြီး အဝေးသို့ လျှောက်သွားသည်။

အတိတ်တုန်းက ဖြောင့်မတ်ခဲ့သော ထိုအထီးကျန်ပုံရိပ်က ယခု သူထွက်သွားသည့်အချိန်မှာ အများကြီး ခါးကုန်းသွားသည်။

ဤသည်မှာ သူက ဤအခိုက်အတန့်မှာ အမှတ်ငါးကြယ်တာရာစက်ဝန်း၏ အင်မော်တယ်ဘုရင်မဟုတ်တော့သည့်အလားပင်။

သူက ချစ်လှစွာသော သားကို ဆုံးရှုံးခဲ့ပြီး ခါးသီးမှုဖြင့် ပြည့်နှက်နေသော အထီးကျန်အဖိုးအိုတစ်ယောက်မျှသာ ဖြစ်သည်။

သူ၏ ပုံရိပ်က တဖြည်းဖြည်း ဝေဝါးလာပြီး နောက်ဆုံးမှာတော့ ကြယ်တာရာကောင်းကင်ထဲသို့ ပေါင်းစပ်သွားသည်။

ကြယ်တာရာကောင်းကင်ထဲတွင် တိုးညင်းသော ရေရွတ်သံက ပဲ့တင်ထပ်သွားသည်။

“ မိုးသောက်… သူက မင်းအတွက်၊ အင်မော်တယ်ဘုရင်အတွက်နဲ့ သက်ရှိအားလုံးအတွက် အဲ့ဒါကို လုပ်ဆောင်ခဲ့တယ်… သူလုပ်ခဲ့တာတွေအားလုံးက အင်မော်တယ်ဘုရင် သူ့ကို သတ်ဖို့အတွက် အကြောင်းပြချက်တစ်ခုပေးဖို့ပဲ ”

“ ဒီနည်းနဲ့ မိုးသောက်က သူ့ဘဝရဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းမှုကို ရှာနိုင်မယ်… ”

“ မင်းကို ဘေးကင်းလုံခြုံစေမယ်… ”

“ ပြီးတော့ အင်မော်တယ်ဘုရင်ကို လွတ်လပ်စေမယ်…”

“ သူက လူတိုင်းကို ကူညီပေးခဲ့တယ် ”

ထိုအသံ ပဲ့တင်ထပ်သွားသည်နှင့် ချည်မျှင်များက သမိုင်းမြင်ကွင်းထဲမှာ ထွက်ပေါ်လာကြသည်။

ထိုချည်မျှင်များက သဲမှုန်ကြားထဲမှာ လွင့်မျောသွားသည်။ ယင်းက သမိုင်း၏ လျှို့ဝှက်ချက် ဖြစ်သည်။

ထို့နောက် ချည်မျှင်များက ဖြည်းညင်းစွာ အတူတကွ စုဝေးသွားပြီး ပုံရိပ်တစ်ခုကို ဖွဲ့စည်းသွားကာ သခင်လေးနှင့် ဝိညာဉ်ဖီးနစ်နတ်သမီး၏ အရှေ့မှာ ရပ်လိုက်သည်။

ကမ်းစပ်ကိုးခုအင်မော်တယ်အရှင်သခင်…

သခင်လေးက နှုတ်ဆိတ်သွားပြီး ဝိညာဉ်ဖီးနစ်နတ်သမီးက ခေါင်းငုံ့လိုက်သည်။

“ ဒီသမိုင်းကတော့… ”

ကမ်းစပ်ကိုးခုက ခေါင်းခါလိုက်သည်။

“ ဒီသမိုင်းမြင်ကွင်းကို အင်မော်တယ်အရှင်သခင်အဆင့်အောက်က ဘယ်သူမှ မြင်လို့မရသလို သိလို့မဖြစ်ဘူး… နတ်ဘုရားကပ်ဘေးက အမြစ်ဖြတ်သုတ်သင်ခံလိုက်ရပေမဲ့ တကယ်လို့ တစ်ယောက်ယောက်က အဲ့ဒါကို သိသွားမယ်ဆိုရင် နောက်ထပ်ကမ္မတစ်ခု ထွက်ပေါ်လာမယ့် ဖြစ်နိုင်ခြေရှိတယ် ”

“ အင်မော်တယ်အရှင်သခင်တွေက အဲ့ဒီကမ္မကို ရှောင်တိမ်းနိုင်တယ်… ဒါပေမဲ့ အင်မော်တယ်အရှင်သခင်အောက်က လူတွေအတွက်တော့ သမိုင်းအမှန်ကို သိထားတာက ကြီးမားတဲ့ စွန့်စားမှုပဲ ”

“ ဒီအချက်ကြောင့် မင်းအဖေနဲ့ ငါက အတိတ်မှာ မင်းတို့နှစ်ယောက်ကို အမှန်တရားကနေ သီးခြားခွဲထုတ်ခဲ့တာပဲ ”

ကမ်းစပ်ကိုးခုက နူးညံ့စွာ ပြောသည်။

“ ဒါပေမဲ့ အခု မင်းတို့က အဲ့ဒါကို မြင်ပြီးသွားသလို သိပြီးသွားပြီ… ဒါကြောင့် အင်မော်တယ်ဘုရင်အတွက်တော့… မင်းတို့နှစ်ယောက်ကို ဖယ်ရှားလိုက်တာက အမှတ်ငါးကြယ်တာရာစက်ဝန်းရဲ့ အနာဂတ်အတွက် အကောင်းဆုံးနဲ့ အလုံခြုံဆုံး ရွေးချယ်မှုပဲ ”

“ ဒါပေမဲ့ မင်းတို့ထဲက တစ်ယောက်က ငါ့ရဲ့ သမီးဖြစ်ပြီး သူ့ရဲ့ မြေးချွေးမဖြစ်တယ် ”

“ နောက်တစ်ယောက်က သူ့ရဲ့ မြေးဖြစ်ပြီး အမှတ်ငါးကြယ်တာရာစက်ဝန်းရဲ့ အနှစ်သာရနဲ့အတူ မွေးဖွားလာတဲ့ နေနဲ့လကို သယ်ဆောင်ထားတယ်… နေနဲ့လက ကျင့်ကြံသူတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အရာပဲ ”

“ နောက်ထပ် အကြောင်းအရင်းတစ်ခု ရှိတယ်… အဲ့ဒါက… ”

ကမ်းစပ်ကိုးခုအင်မော်တယ်အရှင်သခင်က စကားရပ်လိုက်သည်။

“ သူ့နှလုံးသားက ပျော့ပျောင်းသွားတယ် ”

“ အမှတ်ငါးကြယ်တာရာစက်ဝန်းအတွက် အရာအားလုံးကို လက်လွှတ်ရဲတဲ့ အဖိုးကြီးက နောက်ဆုံးမှာတော့ နှလုံးသား ပျော့ပျောင်းသွားတယ် ”

“ သူက မင်းတို့နှစ်ယောက်ရဲ့ ကမ္မကို ထမ်းပိုးပေးဖို့ ရွေးချယ်လိုက်တယ် ”

“ အခု… ထွက်သွားကြတော့ ”

ကမ်းစပ်ကိုးခုက လက်မြှောက်လိုက်ပြီး အရှေ့သို့ ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။

ချက်ချင်းဆိုသလို သမိုင်း၏ လှိုင်းဂယက်များက ပရမ်းပတာ လှုပ်ခတ်သွားပြီး အချိန်မြစ်ထဲမှာ လှိုင်းတဝုန်းဝုန်း ထလာသည်။ မခုခံနိုင်သော အင်အားတစ်ခုက တိုက်ရိုက် ထွက်ပေါ်လာပြီး သခင်လေးနှင့် ဝိညာဉ်ဖီးနစ်နတ်သမီးကို ဤနေရာ၏ အပြင်ဘက်သို့ ပို့လွှတ်လိုက်သည်။

ကမ်းစပ်ကိုးခုက အနောက်သို့ လှည့်လိုက်ပြီး ကြယ်တာရာကောင်းကင်ဆီသို့ လျှောက်သွားသည်။ သူ့အနောက်မှ အရာအားလုံးက တဖြည်းဖြည်း ဝေဝါးလာသည်။

အရာအားလုံးက လွင့်ပြယ်သွားတော့မည်။

သခင်လေးက ရုတ်တရက် ခေါင်းမော့လိုက်သည်။

“ အင်မော်တယ်ဘုရင်က ငါနဲ့ ဝိညာဉ်ဖီးနစ်ရဲ့ ကမ္မကို လွှဲပြောင်းယူခဲ့တယ်… ဒါပေမဲ့ ငါ့ရဲ့ ခန္ဓာကိုယ်ထဲမှာ အသိစိတ်အမျှင်တန်းတစ်ခု ရှိတယ်… သူက ငါ့ရဲ့ ကျေးဇူးရှင်ပါ… သူ… ”

“ သူအဆင်ပြေတယ် ”

အဝေးမှ ကမ်းစပ်ကိုးခုအင်မော်တယ်အရှင်သခင်က တည်ငြိမ်စွာ ပြောသည်။

“ အင်မော်တယ်ဘုရင်က သူ့ကိုယ်ပေါ်က ကမ္မကို မတောင့်ခံနိုင်ဘူး… ပြီးတော့ နတ်ဘုရားကပ်ဘေးက သူ့အပေါ်ကို မဆင်းသက်လာရဲဘူး ”

ထိုစကားသံ ပဲ့တင်ထပ်သွားသည်နှင့် ဧရာမလှိုင်းလုံးက အချိန်မြစ်ထဲမှ မြှောက်တတ်လာပြီး ၎င်း၏ လမ်းကြောင်းရှေ့မှာရှိသော အရာအားလုံးကို ဝါးမျိုလိုက်သည်။ လှိုင်းလုံးက အချိန်မြစ်ထဲမှ မဟုတ်သော သဲမှုန်များကို အဝေးသို့ ဖယ်ရှားပစ်လိုက်သည်။

ထို့နောက် သခင်လေးနှင့် ဝိညာဉ်ဖီးနစ်နတ်သမီးက ဧရာမလှိုင်းလုံး၏ ပို့ဆောင်မှုအောက်မှာ ကြေးမုံဆီသို့ ပြန်ရောက်သွားကြသည်။

ထို့နောက် ကြေးမုံက ၎င်းဘာသာ လွင့်ပြယ်သွားသည်။

…..

အရာအားလုံးက နောက်တဖန် ပြန်ကြည်လင်လာသည့်အခါ အင်မော်တယ်နန်းတော်က သူတို့၏ အရှေ့မှာ ထွက်ပေါ်လာသည်။

အင်မော်တယ်နန်းတော်သည် သူတို့ထွက်သွားခဲ့စဉ်ကအတိုင်း အပျက်အစီးပုံမဟုတ်တော့ပေ။ အရာအားလုံးက မင်္ဂလာပွဲကျင်းပနေစဉ်ကအတိုင်း ဆက်လက် ရှိနေသည်။

သို့သော်လည်း ဝမ်းသာပျော်ရွှင်စွာ အားပေးချီးမြှောက်နေကြသော လူအုပ်ကြီးက ပျောက်ကွယ်သွားသည်။

အင်မော်တယ်နန်းတော်ထဲတွင် သခင်လေးနှင့် ဝိညာဉ်ဖီးနစ်နတ်သမီး၏ ပုံရိပ်သည်သာ ကျန်ရှိတော့သည်။ ထို့အတူ အသိစိတ်အမျှင်တန်းတစ်ခုက ဝေဝေဝါးဝါး ပုံရိပ်တစ်ခုကို ဖွဲ့စည်းလိုက်သည်။

၎င်းက ရွှီချင်းဖြစ်သည်။

သူတို့ပြန်ရောက်လာသည့်အခိုက် သူက သခင်လေး၏ ခန္ဓာကိုယ်ထဲမှ ထွက်ခွာနိုင်သွားသည်။ သို့ဖြစ်၍ ယခု သူက လေထဲမှာ မျောလွင့်နေပြီး သူ၏ အရှေ့မှ သခင်လေးနှင့် ဝိညာဉ်ဖီးနစ်နတ်သမီးကို ကြည့်လိုက်သည်။

ဤနေရာမှာ ဖြစ်ပျက်ခဲ့သော ကိစ္စများက အိမ်မက်တစ်ခုနှင့် ဆင်တူသည်။

ထို့ပြင် အချိန်မြစ်ထဲမှ အဖြစ်အပျက်က ပိုပြီးစိတ်ကူးယဉ်ဆန်သေး၏။

ဤအခိုက်အတန့်မှာ ထိုအိမ်မက်က နိုးထလာတော့မည်။

ရွှီချင်းအတွက်တော့ သူရရှိခဲ့သော အကျိုးအမြတ်က ဖော်မပြနိုင်အောင် များပြားလှသည်။

ဤကိစ္စအားလုံးကို တွေ့ကြုံပြီးနောက် အချိန်လေဟာနယ်အာဏာစက်အပေါ် သူ၏ နားလည်သဘောပေါက်မှုက ပြီးပြည့်စုံလုနီးပါး ဖြစ်သွားသည်။

သူက အဆင့်ချိုးဖြတ်တော့မည်ဖြစ်ကြောင်း အာရုံခံနိုင်သည်။

သူလိုအပ်နေသော တစ်ခုတည်းသော အရာမှာ ဦးတည်ရာဖြစ်သည်။

သူက ဦးတည်ရာကို ရွေးချယ်ရလိမ့်မည်။

ဦးတည်ရာကို သူဆုံးဖြတ်လိုက်သည့်အခိုက် သူအဆင့်ချိုးဖြတ်နိုင်လိမ့်မည်။

အမှန်မှာ အိမ်မက်ထဲမှ အမှန်တရားကို သိသွားခြင်းက ကြီးမားသော ကမ္မဖြင့် သက်ရောက်ခံရလိမ့်မည်ဖြစ်ကြောင်း ရွှီချင်းသိသည်။ သို့သော်လည်း ယင်းကို သူက ဂရုမစိုက်ပေ။

ကမ်းစပ်ကိုးခုအင်မော်တယ်အရှင်သခင်က ထိုသို့မပြောခဲ့လျှင်ပင် ရွှီချင်းက ယင်းကို အမှန်တကယ် ဂရုမစိုက်ပေ။

အဘယ့်ကြောင့်ဆိုသော် နတ်ဘုရားမျက်နှာပျက်ကြီးထံမှ ကမ္မက အရာအားလုံးကို ဖိနှိပ်ပစ်ရန် လုံလောက်သည်။

အကယ်၍ နတ်ဘုရားကပ်ဘေးက သူ့ကို တကယ်ရှာတွေ့သွားပြီး နတ်ဘုရင်က သူ၏ ခန္ဓာကိုယ်မှတဆင့် ပြန်လည်ရှင်သန်လာမည်ဆိုလျှင်…

ထိုအခါ ရှေးဦးအပျက်အစီးက အလွန်ဝမ်းသာသွားလိမ့်မည်ဟု ရွှီချင်း တွေးမိသည်။

သို့သော်လည်း အမှန်တရားကို သိရှိသွားပြီးနောက် သူ၏ နှလုံးသားထဲမှ စိတ်ခံစားချက်များက ဆက်လက် ပျံ့နှံ့နေဆဲပင်။

သို့ဖြစ်၍ ရွှီချင်းက သခင်လေးနှင့် ဝိညာဉ်ဖီးနစ်နတ်သမီးကို ကြည့်လိုက်သည်။ သူတို့နှစ်ယောက်က ဆက်လက် နှုတ်ဆိတ်နေကြသည်။

အချိန်အတော်ကြာပြီးနောက် သခင်လေးက လက်မြှောက်လိုက်ပြီး ဝှေ့ယမ်းလိုက်သည်။ အချိန်သဲက ပျံသန်းထွက်လာပြီး ရွှီချင်း၏ အရှေ့မှာ စုဝေးသွားသည်။ မကြာမီ အချိန်သဲက သဲနာရီတစ်လုံးကို ဖွဲ့စည်းသွားသည်။

သဲနာရီထဲမှ အချိန်သဲက ယခင်ကထက် သာလွန်သွားသည်။

ယင်းက နှစ်နာရီမဟုတ်တော့ဘဲ တစ်ရက်ဖြစ်သည်။

“ မိတ်ဆွေလေး… ဒီခရီးစဉ်အတွက် မင်းကို ကျေးဇူးတင်ပါတယ် ”

သခင်လေးက ရွှီချင်းကို ကြည့်လိုက်ပြီး နူးညံ့စွာ ပြောသည်။

“ ငါ့မှာ နောင်တရစရာ မရှိတော့ဘူး… အခု ဒီကနေ ငါထွက်သွားပြီး ငါ့အဖေရဲ့ ဆန္ဒအတိုင်း ငါ့ကိုယ်ပိုင်ဘဝကို ငါတည်ဆောက်တော့မယ် ”

ထိုသို့ပြောပြီးနောက် သူက သူ့ဘေးမှ ဝိညာဉ်ဖီးနစ်နတ်သမီးကို ကြည့်လိုက်သည်။

ဝိညာဉ်ဖီးနစ်နတ်သမီး၏ အကြည့်က သိမ်မွေ့နူးညံ့လာပြီး သူက ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။

သခင်လေးက ပြုံးလိုက်သည်။ ထိုအပြုံးထဲမှာ အတိတ်မှ ညှိုးငယ်မှုနှင့် စိတ်သက်သာရာရမှု ပါရှိသည်။

ထို့နောက် သူတို့က ဟင်းလင်းပြင်ထဲသို့ ခြေချလိုက်ကြသည်။

သူတို့ထွက်သွားသည်နှင့် လောကတစ်ခုလုံး စတင်ဝေဝါးလာသည်။ ဤသည်မှာ အချိန်က ဤနေရာမှာ နှစ်ပေါင်းဆယ်သန်းကုန်ဆုံးသွားပြီး အရာအားလုံးကို ယိုယွင်းတိုက်စားပစ်ချင်နေသည့်အလားပင်။

ရွှီချင်းက ခေါင်းမော့လိုက်ပြီး ကောင်းကင်ပေါ်မှ ပုံရိပ်နှစ်ခုကို ကြည့်လိုက်သည်။ ထိုစဉ် အသံက ကောင်းကင်ပေါ်မှ ပျံ့လွင့်လာပြီး သူ၏ နားထဲမှာ ပဲ့တင်ထပ်သွားသည်။

“ မိတ်ဆွေလေး… မင်းရဲ့ အချိန်လေဟာနယ်အာဏာစက်နဲ့ ပတ်သက်ပြီး ငါအများကြီး မကူညီပေးနိုင်ဘူး ”

“ ဒါပေမဲ့ အချိန်လေဟာနယ်ရဲ့ နောက်တစ်ဆင့်က မျဉ်းပြိုင်လို့ ငါ့အဖေ တစ်ခါပြောခဲ့ဖူးတာကို ငါမှတ်မိတယ် ”

ထိုစကား ထွက်ပေါ်လာပြီး သူ၏ နားထဲသို့ ဝင်ရောက်သွားသည်နှင့်ချက်ချင်း မရေမတွက်နိုင်သော မိုးကြိုးသန်းပေါင်းများစွာက သူ၏ စိတ်ထဲမှာ ပေါက်ကွဲသွားသည့်အလား ရွှီချင်း ခံစားမိသွားသည်။ အလွန်သိပ်သည်းသော ဉာဏ်အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

ဤသည်မှာ သူက ဉာဏ်အလင်းပွင့်သွားသည့်အလားပင်။

သူနားလည်သွားသည်။

ကောင်းကင်ပေါ်မှ အသံက ဆက်ပြီး ပဲ့တင်ထပ်နေဆဲပင်။

“ အင်မော်တယ်နန်းတော်ရဲ့ ပိုင်ဆိုင်မှုနဲ့ ဒီနေရာက အရာအားလုံးကို မင်းကို ငါလွှဲပြောင်းပေးခဲ့မယ် ”

“ မင်းရဲ့ လက်ရှိ အချိန်လေဟာနယ်အာဏာစက်နဲ့ဆိုရင် အဲ့ဒါကို မင်းဆင်ခြင်နားလည်နိုင်မှာပါ ”

“ ကံကြမ္မာက ခွင့်ပြုရင် ငါတို့ နောက်တစ်ကြိမ် ပြန်တွေ့ဆုံကြမယ် ”

“ မိတ်ဆွေလေး… ငါနဲ့ ငါ့ခင်ပွန်းကို ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်… အနာဂတ်မှာ နတ်ဘုရားသွေးမြစ်ဆီ နင်သွားနိုင်တယ်… အဲ့ဒီမှာ နင့်အတွက် လက်ဆောင်တစ်ခု ငါထားခဲ့တယ် ”

နောက်ဆုံးစကားကို ဝိညာဉ်ဖီးနစ်နတ်သမီးက ပြောသွားခြင်း ဖြစ်သည်။

သူတို့အသံက ထွက်ပေါ်လာပြီး သူတို့၏ ပုံရိပ်က ထွက်ခွာသွားသည်နှင့် အင်မော်တယ်နန်းတော်၏ ယိုယွင်းပျက်စီးမှုက အရှိန်မြှင့်တင်သွားသည်။

အသက်ရှူချိန်အနည်းငယ်အတွင်းမှာ ရွှီချင်းက သူ၏ စိတ်ထဲမှ ဦးတည်ရာကို ဆင်ခြင်နားလည်နေစဉ် ဤနေရာက နှစ်ပေါင်းမရေမတွက်နိုင်အောင် ကုန်ဆုံးသွားသည်။

နောက်ဆုံးမှာတော့ အဆောက်အဦးများနှင့် ဤလောကကိုယ်၌က ဖုန်မှုန့်ဖြစ်သွားပြီး အဝေးသို့ လွင့်မျောသွားသည်။

စတုတ္ထအလွှာမှ အချိန်လေဟာနယ်လှိုင်းများသည်လည်း လွင့်ပြယ်သွားကြသည်။

သို့သော်လည်း ရွှီချင်း၏ နှလုံးသားထဲမှာ‌တော့ သူ့ကိုယ်ပိုင် အချိန်လေဟာနယ်အာဏာစက်မှ ဖွဲ့စည်းသွားသော ရေက မြစ်တစ်စင်းသဖွယ် ဆက်လက် ခမ်းနားနေဆဲပင်။

All Chapters