သူ့ကို ရှုံးတာ ရှက်စရာမဟုတ်ဘူး
Vol. 108 Ch. 1661
နတ်ဘုရားသွေးမြစ်က ပရမ်းပတာ လှုပ်ခတ်သွားစဉ် အလွန်ပြင်းထန်သော သွေးနံ့က လေနှင့်အတူ ပျံ့လွင့်လာသည်။ သို့ဖြစ်၍ သွေးနံ့က မြစ်ထဲမှာသာမက တောင်ပိုင်းကြယ်စင်စု၏ မြစ်ကမ်းနံဘေးမှာလည်း လှိုင်လှိုင်သင်းနေသည်။
ချောက်ချားဖွယ်သော သွေးမြူခိုးက ကောင်းကင်ပေါ်မှ မိုးသောက်အလင်းနှင့် ရောယှက်သွားပြီး အနီရောင်ကို ပိုပြီးရဲရဲတောက်စေသည်။
သွေးမြူခိုးကြားတွင် မည်သည့်ခရီးသည်မှမရှိသော အထီးကျန်ကူးတို့လှေက တရွေ့ရွေ့ ရွေ့လျားသွားပြီး အကန့်အသတ်မဲ့သော မြစ်၏ အနက်ပိုင်းထဲသို့ ဝင်ရောက်သွားသည်။ စက္ကန့်ပိုင်းအတွင်းမှာ ကူးတို့လှေက မြင်ကွင်းထဲမှ ပျောက်ကွယ်သွားသည်။
ရွှီချင်းက သစ်သားတံတားပေါ်မှာ ရပ်နေရင်း အဝေးသို့ ထွက်ခွာသွားသော ကူးတို့လှေကို ကြည့်လိုက်သည်။
ဝိညာဉ်ဖီးနစ်နတ်သမီးပေးခဲ့သော လက်ဆောင်ကို အပြင်သို့ မယူသွားနိုင်ပေ။
ကူးတို့လှေက နတ်ဘုရားသွေးမြစ်ပေါ်မှာသာ ရှိနိုင်သည်။
၎င်းက ရွှီချင်း နောက်တစ်ကြိမ် ဆင့်ခေါ်မည့်အချိန်ကို စောင့်ဆိုင်းနေလိမ့်မည်။
အချိန်အတော်ကြာပြီးနောက် ရွှီချင်းက အကြည့်ပြန်ရုပ်လိုက်ပြီး သူ၏ ဘေးမှာ လွင့်မျောနေသော မြူမှုန်ကို ကြည့်လိုက်သည်။
“ ကောင်းကင်ဘုံဥပဒေသ… ”
ရွှီချင်းက နူးညံ့စွာ တီးတိုးရေရွတ်လိုက်သည်။
ယင်းက ကြယ်တာရာစက်ဝန်းကို သူသတ်ပြီးနောက် ရရှိခဲ့သောအရာ ဖြစ်သည်။
“ အဲ့ဒါက အာဏာစက်နဲ့ ဆင်တူသလို ဥပဒေသတစ်ခုနဲ့လည်း ဆင်တူတယ်… ဒါပေမဲ့ အဲ့ဒါက အာဏာစက်မဟုတ်သလို ဥပဒေသလည်း မဟုတ်ပြန်ဘူး… အဲ့ဒါက စိတ်ကူးယဉ်မှုနဲ့ ဆင်တူတယ်… အဲ့ဒါက တကယ်တည်ရှိနေတာနဲ့ ဆင်တူပေမဲ့ တကယ်မတည်ရှိပြန်ဘူး ”
ရွှီချင်းက မြူမှုန်ကို ကြည့်နေရင်း နက်နဲစွာ တွေးတောလိုက်သည်။
သူက ထိုပစ္စည်းကို သူ၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်ရန် မစဉ်းစားခဲ့ပေ။ ယင်းအစား မြူမှုန်ကို ပြင်ပပစ္စည်းတစ်ခုအဖြစ်သာ အသုံးပြုရန် သူရည်ရွယ်ထားသည်။ နတ်ဘုရားသွေးမြစ်ကို ဖြတ်ကူးနေစဉ်အတွင်း ယင်းကို အတိုင်းအတာတစ်ခုထိ သူစူးစမ်းလေ့လာခဲ့သည်။
ကြယ်တာရာစက်ဝန်းသည်တော့…
နတ်ဘုရားသွေးမြစ်၏ ထူးခြားသော ပတ်ဝန်းကျင်ကြောင့် တစ်ဖက်လူက ဤလှေပေါ်မှာသာ ပြန်အသက်ရှင်နိုင်သည်။ ထို့ပြင် ကြယ်တာရာစက်ဝန်းက တစ်ကြိမ် အသက်ပြန်ရှင်လာတိုင်း ယခင်ကထက် ပိုပြီးအားနည်းသွားလိမ့်မည်။
သို့ဖြစ်၍ ရွှီချင်း လိုအပ်သည်မှာ လှေပေါ်မှာ ထိုင်စောင့်နေရုံသာ ဖြစ်သည်။
နောက်ဆုံးမှာတော့ ခုနစ်ကြိမ်မြောက် သေဆုံးပြီးနောက် ကြယ်တာရာစက်ဝန်း၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်က ဖျက်ဆီးခံလိုက်ရသည်။
“ ကြယ်တာရာစက်ဝန်းရဲ့ အရည်အချင်းပြည့်မီတုံကင်ကို ငါရရှိပြီးပြီဆိုပေမဲ့ သူ့ရဲ့ သေဆုံးမှုကို အတည်ပြုကြည့်ရဦးမယ် ”
“ ဘာပဲပြောပြော တစ်ဖက်လူက နတ်ဘုရားသွေးမြစ်ဆီ တကယ်ရောက်လာတာက သိပ်မသင်္ကာစရာပဲ ”
ထိုသို့တွေးမိသောအခါ အနက်ရောင်အလင်းက သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။ ထို့နောက် သူက တံတားမှ မထွက်သွားခင် ကောင်းကင်ဘုံဥပဒေသမြူမှုန်ကို ပြန်သိမ်းဆည်းလိုက်သည်။
သူက နတ်ဘုရားသွေးမြစ်နှင့် ဝေးရာသို့ ဦးတည်သွားပြီး တောင်ပိုင်းကြယ်စင်စု၏ လေထဲမှာ ပျံသန်းလိုက်သည်။
ရွှီချင်းက ပျံသန်းနေစဉ် သူ၏ အရည်အချင်းပြည့်မီတုံကင်ပေါ်မှ ဖုံးကွယ်မှုကို ဖြေလျော့လိုက်သည်။ နောက်အခိုက်အတန့်မှာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါက သူ၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာပြီး အနီရောင်တိုင်လုံးအဖြစ် အသွင်ပြောင်းလဲသွားသည်။ တစ်ဆက်တည်းမှာ ယင်းက ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။
အနီရောင်တိုင်လုံးက မိုးသောက်အလင်းထဲသို့ ဝင်ရောက်သွားသည့်အခါ ယင်းက သာမန်မျက်စိဖြင့်ပင် မြင်နိုင်သော ဝဲကတော့တစ်ခုကို ဖွဲ့စည်းလိုက်သည်။
ဝဲကတော့က လှည့်ပတ်သွားသည်နှင့် ရွှီချင်း၏ အရှိန်အဝါက အံ့မခန်း ကြီးကျယ်ခမ်းနားလာသည်။ သူ၏ အရှိန်အဝါက ဟင်းလင်းပြင်ကို ပုံပျက်တွန့်လိမ်စေပြီး ဘေးပတ်ဝန်းကျင်ကို ဝေဝါးစေသည်။
ထိုအရှိန်အဝါထဲမှ တစ်ဝက်က သူ့ထံမှ ထွက်ပေါ်လာခြင်းဖြစ်ပြီး တခြားတစ်ဝက်က အရည်အချင်းပြည့်မီတုံကင်ထံမှ ဖြစ်သည်။
ထိုသို့အရှိန်အဝါ၏ ပေါ်ထွက်လာမှုက တောင်ပိုင်းကောင်းကင်အလွန်မှ ကြယ်တာရာမြေပုံကိုပင် လှုံ့ဆော်လိုက်သည်။ ထို့ကြောင့် ကြယ်တာရာမြေပုံက တဒင်္ဂ ထွက်ပေါ်လာသည်။
ထိုတဒင်္ဂအတွင်းမှာ ကြယ်တာရာမြေပုံထဲ၌ တောင်ပိုင်းကြယ်စင်စုအတွင်းမှ အရည်အချင်းပြည့်မီတုံကင်များက ၎င်းတို့၏ သက်ဆိုင်ရာကြယ်များနှင့်အတူ ထွက်ပေါ်လာကြသည်။ ထိုထဲတွင် ကြယ်သုံးလုံးက အတောက်ပဆုံး ဖြစ်ကြသည်။
ကြယ်တစ်လုံးက ရွှီချင်းဖြစ်ပြီး တခြားကြယ်နှစ်လုံးသည်တော့ တောင်ပိုင်းကြယ်စင်စု၏ ကြယ်နှစ်ပွင့်ဖြစ်ကြသည်။
သူတို့က ကျန်းဖန်နှင့် ယွင်ရှန်းစု ဖြစ်သည်။
“ ကြယ်တာရာစက်ဝန်းရဲ့ အရည်အချင်းပြည့်မီတုံကင်ထဲမှာ အမှတ်သင်္ကေတတွေ အများကြီး မရှိဘူး… ဒါကြောင့် သူ့ကို သတ်လိုက်တာက ငါ့ကို ထိပ်ဆုံးအယောက်တစ်ရာထဲပဲ ဝင်ရောက်နိုင်စေခဲ့တယ် ”
“ လက်ရှိ ငါက အမှတ်ငါးကြယ်တာရာစက်ဝန်းတစ်ခုလုံးမှာ အဆင့်(၇၃) ”
ကြယ်တာရာစက်ဝန်း၏ အရည်အချင်းပြည့်မီတုံကင်ကို သူစုပ်ယူလိုက်ပြီးနောက် သူ၏ အဆင့်က ကြီးကြီးမားမား မပြောင်းလဲသွားကြောင်း ရွှီချင်း ရှာတွေ့သွားသောအခါ အနည်းငယ် အံ့ဩသွားခဲ့သည်။ သို့သော်လည်း အကြောင်းအရင်းကို သူခန့်မှန်းနိုင်သည်။
ကြယ်တာရာစက်ဝန်းက သူ၏ စွမ်းရည်နှင့် စိတ်အာရုံကို ကျင့်ကြံခြင်းမှာသာ အပြည့်အဝ အာရုံစိုက်ထားခဲ့ခြင်း ဖြစ်နိုင်သည်။ ထို့ကြောင့် သူက တခြားလူများ၏ တုံကင်များကို စောစောစီးစီး လိုက်မစုဆောင်းခဲ့ပေ။
သူက မိုးသောက်အင်မော်တယ်နန်းတော်ထဲမှာ ခြေလှမ်းဝက်အင်မော်တယ်အဆင့်သို့ အောင်မြင်စွာ အဆင့်ချိုးဖြတ်ပြီးမှသာ ထိုသို့လုပ်ဆောင်ရန် စီစဉ်ထားခဲ့ဟန် ရ၏။
ရွှီချင်းက ခေါင်းမော့လိုက်ပြီး ကောင်းကင်ကို ကြည့်လိုက်သည်။
“ ဒီကြယ်နှစ်ပွင့်ရဲ့ ရွေးချယ်မှုက ကြယ်တာရာစက်ဝန်းနဲ့ ကွာခြားတယ်… သူတို့က တတိယအဆင့်ကို မရောက်ခင်ကတည်းက အမှတ်သင်္ကေတတွေကို အလုံအလောက် စုဆောင်းခဲ့ကြတယ်… ဒါကြောင့် အခု တတိယအဆင့်မှာ သူတို့က တခြားလူတွေထက် ပိုပြီးရှေ့ရောက်နေကြတယ် ”
“ အမှတ်ငါးကြယ်တာရာစက်ဝန်းထဲက ကျင့်ကြံသူတွေအတွက် အင်မော်တယ်မြို့တော်ဆီ ဝင်ရောက်နိုင်ဖို့ နည်းလမ်းနှစ်ခု ရှိတယ် ”
“ ပထမတစ်နည်းက အင်မော်တယ်မြို့တော်ရဲ့ စမ်းသပ်မှုမှာ ထိပ်ဆုံးအယောက်(၁၀၀)ထဲကို ဝင်ရောက်ဖို့ပဲ… ပြီးတော့ အဆင့်သတ်မှတ်ချက်က ပိုပြီးမြင့်မားလေ အင်မော်တယ်မြို့တော်ထဲကို ဝင်ရောက်နိုင်ဖို့ ပိုပြီးရာခိုင်နှုန်းများလေပဲ ”
“ ဒုတိယတစ်နည်းက စမ်းသပ်မှုမှာ မပါဝင်ကြတဲ့ လူတွေအတွက် အဓိကရည်ရွယ်တယ်… သူတို့အတွက်တော့ အဲ့ဒီနည်းလမ်းက ပိုပြီးစိန်ခေါ်မှုများတယ်… ဘာလို့လဲဆိုတော့ သူတို့က အင်မော်တယ်မြို့တော်ဆီ ဝင်ရောက်နိုင်ဖို့ ခြေလှမ်းဝက်အင်မော်တယ်အဆင့်ကို ရောက်ရှိနေရမှာတင်မကဘူး နောင်အနှစ်ငါးရာအတွင်းမှာလည်း အဆင့်နိမ့်အင်မော်တယ်တစ်ပါး သေချာပေါက် ဖြစ်လာရလိမ့်မယ် ”
“ ဒုတိယနည်းလမ်းက ငါနဲ့ မသက်ဆိုင်ဘူး ”
“ ငါ့အတွက်တော့ နည်းလမ်းတစ်ခုပဲ ရှိတယ်… ”
ရွှီချင်းက မျက်လုံးမှေးကျဉ်းလိုက်သည်။
“ ထိပ်ဆုံးအယောက်(၁၀၀)ထဲက လူတိုင်းက အင်မော်တယ်မြို့တော်ဆီ ဝင်ရောက်နိုင်ဖို့ အခွင့်အရေးပိုများတယ်ဆိုပေမဲ့ အင်မော်တယ်မြို့တော်ဆီ ဝင်ရောက်ပြီးသွားတဲ့အခါ အဆင့်သတ်မှတ်ချက်ပေါ် မူတည်ပြီး သူတို့ရရှိကြမယ့် ဆုလာဘ်တွေက ကွဲပြားခြားနားသွားလိမ့်မယ် ”
သူ၏ အနာဂတ်ကျင့်ကြံခြင်းတွင် အာဏာစက်ကို အာရုံစိုက်စရာမလိုတော့ကြောင်း ရွှီချင်း ရှင်းလင်းစွာ နားလည်သည်။ ယင်းအစား သူက ကြယ်တာရာစက်ဝန်းထံမှ မူလအနှစ်သာရအား စုပ်ယူခြင်းကို အဓိကအာရုံစိုက်ရလိမ့်မည်။
“ မူလအနှစ်သာရ အလုံအလောက်ကို ငါစုပ်ယူနိုင်မယ်ဆိုရင် ငါ့ရဲ့ အင်မော်တယ်သန္ဓေသားလောင်းက မြန်မြန်ဆန်ဆန် ကြီးထွားလာလိမ့်မယ်… တကယ်လို့ အင်မော်တယ်သန္ဓေသားလောင်းကို ပြီးပြည့်စုံစေချင်တယ်ဆိုရင် မူလအနှစ်သာရ အများကြီးကို ငါလိုအပ်လိမ့်မယ် ”
“ အင်မော်တယ်မြို့တော်ကို အဆင့်တစ်အနေနဲ့ ငါဝင်ရောက်မယ် ”
ရွှီချင်းက ဆုံးဖြတ်ချက်ချလိုက်သည်နှင့် သူ၏ အရှိန်အဝါက ကောင်းကင်နှင့် မြေပြင်တစ်လျှောက် ပျံ့လွင့်သွားသည်။ ထို့နောက် သူက အဝေးသို့ ကြည့်လိုက်သည်။
သူ့အကြည့်၏ ဦးတည်ရာက မဟာအင်မော်တယ်တောင် ဖြစ်သည်။ တောင်ပိုင်းကြယ်စင်စု၏ ကြယ်နှစ်ပွင့်ထဲမှ ကျန်းဖန်က ထိုနေရာမှာ ရှိသည်။
“ ကြယ်ပွင့်တွေအားလုံးကို ဖယ်ရှားပြီး သူတို့ရဲ့ တုံကင်ကို ငါလုယက်မယ်… အဲ့ဒီအခါ ငါက အလိုအလျောက် အဆင့်တစ် ဖြစ်လာမယ်… ဒီဟာက အရိုးရှင်းဆုံး နည်းလမ်းပဲ ”
“ ဒီတော့… ကောင်းကင်အရွေးချယ်ခံလီကနေ စမယ် ”
ရွှီချင်းက မဟာအင်မော်တယ်တောင်၏ ဦးတည်ရာဆီသို့ တစ်ဟုန်ထိုး ပျံသန်းသွားသည့်အခါ သူ၏ မျက်လုံးက ဝင်းလက်သွားသည်။
…..
ဆယ်ရက်ကြာပြီးနောက် ရွှီချင်း၏ ပုံရိပ်က တောင်ပိုင်းကြယ်စင်စု၏ အဓိကဧရိယာထဲမှာ ထွက်ပေါ်လာသည်။
ရွှီချင်းက အဝေးမှ လှမ်းကြည့်လိုက်သည့်အခါ အံ့ဖွယ်ကောင်းသော အဆုံးမဲ့တောင်တန်းဒေသတစ်ခုက မိုးကုပ်စက်ဝိုင်းအထိ ဆန့်တန်းနေကြောင်း မြင်တွေ့သွားသည်။
တောင်ထွတ်များက တစ်တောင်ပေါ်တစ်တောင်ဆင့်၍ သွယ်တန်းတည်ရှိနေကြသည်။ ယင်းတို့က တိမ်တိုက်များနှင့် ထိစပ်လုနီးပါး မြင့်မားကြပြီး အရေအတွက်ရာထောင်ချီသည်။
အဖြူရောင်မြူခိုးက အဆုံးမဲ့တောင်တန်းဒေသတစ်ခုလုံးကို ဖုံးလွှမ်းထားလေရာ အင်မော်တယ်တောင်များ၏ ပုံရိပ်များကို ဝေဝေဝါးဝါးသာ မြင်တွေ့နိုင်ပေသည်။ ရံဖန်ရံခါ လေကြမ်းတိုက်ခတ်လာသည့်အခါမျိုးတွင် ခမ်းနားထည်ဝါသော နန်းတော်များက အဆုံးမဲ့တောင်တန်းဒေသထဲမှာ ထွက်ပေါ်လာလေ့ ရှိသည်။ ထိုနန်းတော်များကို ကျောက်စိမ်းဖြင့် ဆောက်လုပ်ထားလေရာ အရောင်အဝါတောက်ပကြသည်။
မြူခိုးကြောင့် နန်းတော်များကို သေချာမမြင်တွေ့နိုင်သော်လည်း ယင်းက ရင်သပ်ရှုမောဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်၏။
သို့ဖြစ်၍ အဆုံးမဲ့တောင်တန်းဒေသက အင်မော်တယ်ကုန်းမြေဟူသော ခံစားချက်မျိုး ပေးသည်။
ဤနေရာမှ အင်မော်တယ်အရှိန်အဝါသည် တောင်ပိုင်းကြယ်စင်စုထဲမှ တခြားဧရိယာများထက် အများကြီး သာလွန်သည်။ ဤနေရာသည် တောင်ပိုင်းကြယ်စင်စု၏ အကြီးမြတ်ဆုံးဂိုဏ်းဖြစ်သော မဟာအင်မော်တယ်တောင်၏ တည်နေရာ ဖြစ်သည်။
ယင်းက ကျန်းဖန်၏ ဂိုဏ်းလည်း ဖြစ်သည်။
ရွှီချင်းက အင်မော်တယ်တောင်ဆီသို့ အတင်းကာရော မဝင်ရောက်ချေ။ သူ၏ လက်ရှိ တိုက်ပွဲစွမ်းအားက တူညီသော မျိုးဆက်ထဲမှာ အလွန်အစွမ်းထက်ပြီး ခြေလှမ်းဝက်အင်မော်တယ်များနှင့် ရင်ဆိုင်တိုက်ခိုက်နိုင်သော်လည်း ဤမဟာအင်မော်တယ်တောင်ထဲမှာ ခြေလှမ်းဝက်အင်မော်တယ်များစွာရှိကြောင်း သူသိသည်။
ထို့ပြင် ဤနေရာမှာ အစွန်းရောက် အကြောက်တရားကို ထုတ်လွှတ်နေသော အရှိန်အဝါတစ်ခုလည်း ရှိ၏။
ယင်းက အဆင့်နိမ့်အင်မော်တယ်တစ်ပါး၏ စွမ်းအား ဖြစ်နိုင်သည်။
“ ဒါပေမဲ့ အင်မော်တယ်မြို့တော်ရဲ့ စည်းမျဉ်းတွေအရ စမ်းသပ်မှုထဲမှာ မပါဝင်ကြတဲ့ ခြေလှမ်းဝက်အင်မော်တယ်တွေက ဝင်စွက်ဖက်လို့ မရဘူး… အဆင့်နိမ့်အင်မော်တယ်တွေလည်း အတူတူပဲ… ဒါကြောင့် ဒီတိုက်ပွဲက ဂုဏ်သိက္ခာရှိတဲ့ တိုက်ပွဲဖြစ်ရမယ် ”
ရွှီချင်းက တီးတိုးရေရွတ်လိုက်သည်။ ထို့နောက် သူက ကောင်းကင်နှင့် မြေပြင်ကြားမှာ ရပ်လိုက်စဉ် သူ၏ အရှိန်အဝါက ဒီရေသဖွယ် ပေါ်လျှိုးလာသည်။ တစ်ချိန်တည်းမှာ သူ့အရည်အချင်းပြည့်မီတုံကင်၏ အရှိန်အဝါက ပေါက်ကွဲထွက်လာပြီး သူ့ကိုယ်ပိုင်အရှိန်အဝါနှင့် ပေါင်းစပ်သွားသည်။ ထိုအခါ ကမ္ဘာတုန်ဟီးစေနိုင်သော တိုက်ပွဲစိတ်ဆန္ဒက ထွက်ပေါ်လာသည်။
တိုက်ပွဲစိတ်ဆန္ဒက မဟာအင်မော်တယ်တောင်ကို လွှမ်းခြုံသွားပြီးနောက် စိန်ခေါ်မှုတစ်ခုကို ကြေညာလိုက်သည်။
အေးစက်စက် အသံက သူ၏ ပါးစပ်ထဲမှ ထွက်ပေါ်လာသည်။
“ ကျန်းဖန်… ငါတို့ တိုက်ရအောင် ”
သူ၏ အသံက ပဲ့တင်ထပ်သွားသည်နှင့် သူ၏ တိုက်ပွဲစိတ်ဆန္ဒက ပရမ်းပတာ လှုပ်ခတ်သွားပြီး အရပ်ရှစ်မျက်နှာတွင် ပေါက်ကွဲသွားသည်။
ချက်ချင်းဆိုသလို နတ်ဘုရားစိတ်အာရုံများက မဟာအင်မော်တယ်တောင်ထဲမှ ထွက်ပေါ်လာကြသည်။ ၎င်းတို့က ရွှီချင်းကို ပစ်မှတ်ထားလိုက်သည်နှင့် စစ်ဆေးအကဲဖြတ်သော ခံစားမှုက ထွက်ပေါ်လာသည်။
ထိုနတ်ဘုရားစိတ်အာရုံများထဲတွင် ခြေလှမ်းဝက်အင်မော်တယ်များက မနည်းလှပေ။
သို့သော်လည်း သူတို့ထဲမှ မည်သူမှ ရွှီချင်းကို မတားဆီးကြချေ။
ရွှီချင်း၏ စိန်ခေါ်မှုက တရားမျှတပြီး နည်းလမ်းကျသည်။ မရေမတွက်နိုင်သော လူများ၏ အာရုံစိုက်မှုအောက်မှာ မဟာအင်မော်တယ်တောင်သည် အင်မော်တယ်မြို့တော်၏ စည်းမျဉ်းများကို မချိုးဖောက်ဝံ့ချေ။
ယင်းက အင်မော်တယ်မြို့တော်၏ စမ်းသပ်မှုအတွင်းမှ တိုက်ပွဲဖြစ်သည်။
ရွှီချင်းက ယခင်အတိုင်း တည်ငြိမ်နေဆဲပင်။ သူက ထိုနတ်ဘုရားစိတ်အာရုံများ၏ စစ်ဆေးလေ့လာမှုကို လျစ်လျူရှုထားလျက် ကျန်းဖန်၏ ရောက်လာမှုကို စောင့်ဆိုင်းနေသည်။
ဤအခိုက်အတန့်မှာ မဟာအင်မော်တယ်တောင်၏ နန်းတော်တစ်ခုထဲတွင် ကျန်းဖန်က တင်ပျဉ်ခွေထိုင်လျက် တိတ်ဆိတ်နေသည်။
အပြင်လောကမှ တိုက်ပွဲစိတ်ဆန္ဒနှင့် ရွှီချင်း၏ အသံကို သူကြားသည်။ ရွှီချင်း၏ စိန်ခေါ်မှုကိုလည်း သူအာရုံခံမိသည်။
ဂိုဏ်းထဲတွင် မည်သူမှ သူ့အား တိုက်ခိုက်ရန် အတင်းအကျပ် ဖိအားမပေးချေ။ သူက ခေါင်းငုံ့နေပြီး ထိုစိန်ခေါ်မှုကို လက်မခံရန် ရွေးချယ်နိုင်သည်။
အဘယ့်ကြောင့်ဆိုသော် သူက ရွှီချင်း၏ ပြိုင်ဘက်မဟုတ်ကြောင်း သူသိသည်။
သို့သော်လည်း သူက မတ်တတ်ရပ်လိုက်ဆဲပင်။ သူ၏ မျက်လုံးက ဝင်းလက်တောက်ပလာသည့်အခါ သူ၏ ခန္ဓာကိုယ်ထဲမှ အရှိန်အဝါက ခမ်းနားထည်ဝါစွာ ဆက်ပြီး မြင့်တတ်သွားသည်။ သူက နန်းတော်အပြင်သို့ ထွက်လျှောက်သွားစဉ် အပြင်ဘက်မှာ မတ်တတ်ရပ်နေသော ပုံရိပ်တစ်ခုကို မြင်တွေ့သွားသည်။
ကျန်းဖန်က ထိုလူကို အရိုအသေပေးလိုက်သည်။
“ ဆရာ ”
ထိုသက်လတ်ပိုင်းအမျိုးသားမှာ တမူထူးခြားသော အသွင်သဏ္ဍာန် ရှိသည်။ သူက တိမ်တိုက်တာအိုဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး ကောင်းကင်ဘုံတောင်သဖွယ် မြဲမြံစွာ ရပ်နေသည်။
ထိုသက်လတ်ပိုင်းအမျိုးသားက လန်ယွင်ဖြစ်ပြီး မဟာအင်မော်တယ်တောင်၏ အင်မော်တယ်သခင်မှလွဲ၍ ရာထူးအမြင့်ဆုံးပုဂ္ဂိုလ် ဖြစ်သည်။
သူက ကျန်းဖန်၏ ဆရာလည်း ဖြစ်သည်။
“ မင်းက သူ့ပြိုင်ဘက်မဟုတ်ဘူး ”
လန်ယွင်က တည်ငြိမ်စွာ ပြောသည်။
“ မင်းရဲ့ လက်ရှိ အဆင့်အရ ဂိုဏ်းထဲမှာနေဖို့ ရွေးချယ်နိုင်တယ်… တတိယအဆင့် ပြီးဆုံးသွားရင် မင်းက အင်မော်တယ်မြို့တော်ထဲမှာ နေရာတစ်နေရာ ရရှိလိမ့်မယ် ”
ယင်းကို ကျန်းဖန်ကြားသောအခါ သူက ခေါင်းမခါမီ တစ်ခဏကြာ နှုတ်ဆိတ်သွားခဲ့သည်။
“ ဆရာ… အရှုံးကို ငါလက်ခံနိုင်ပါတယ်… ဒါပေမဲ့ သူ့ကို ငါမတိုက်ခိုက်ရဲတာကိုတော့ လက်မခံနိုင်ပါဘူး ”
“ အင်မော်တယ်မြို့တော်ကို ဝင်ရောက်ဖို့က ငါ့အတွက် အရမ်းအရေးကြီးတဲ့ကိစ္စဆိုတာ သိပါတယ်… ဒါပေမဲ့ တိုက်ပွဲကို ရှောင်လွှဲပြီး အင်မော်တယ်မြို့တော်ကို ဝင်ရောက်တာက ငါလိုချင်တဲ့အရာ မဟုတ်ပါဘူး ”
ထိုသို့ပြောပြီးနောက် သူက သူ့ဆရာကို နောက်တစ်ကြိမ် အရိုအသေပေးလိုက်ပြီး အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ သူက မဟာအင်မော်တယ်တောင်မှ ထွက်သွားသည်။
သူပြန်ပေါ်လာသည့်အခါ ကောင်းကင်နှင့် မြေပြင်ကြားမှာ ရပ်နေသော ရွှီချင်း၏ အရှေ့သို့ ရောက်ရှိသွားသည်။
ရွှီချင်းကို ကြည့်နေရင်း သူက အင်မော်တယ်နန်းတော်၏ စတုတ္ထအလွှာဆီသို့ ပြန်ရောက်သွားသကဲ့သို့ ကျန်းဖန် ခံစားမိသွားသည်။ အတိတ်မှ အဖြစ်အပျက်များက သူ၏ စိတ်ထဲမှာ ပုံရိပ်ပြန်ပေါ်လာသည်။ ထို့နောက် သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ၏ ညာလက်ကို ဝှေ့ယမ်းလိုက်သည်။
ချက်ချင်းဆိုသလို သူပိုင်ဆိုင်သော အရည်အချင်းပြည့်မီတုံကင်က သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ခွာသွားပြီး သူ့အာဏာစက်၏ လမ်းညွှန်မှုအောက်မှာ လေထဲ၌ မျောလွင့်သွားသည်။
“ မင်းငါ့ကို အနိုင်ရတာနဲ့ ဒီဟာက မင်းအပိုင်ပဲ ”
သူ၏ စကားဆုံးသည်နှင့်ချက်ချင်း အံ့ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုက ကျန်းဖန်၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာသည်။ ထူထဲသော မြူခိုးက သူ၏ ဘေးပတ်ပတ်လည်မှ လေထဲမှာ ထွက်ပေါ်လာပြီး အရပ်ရှစ်မျက်နှာဆီသို့ တလိပ်လိပ် ပျံ့ပွားသွားသည်။
မြူခိုးက ဘေးပတ်ဝန်းကျင်ကို လွှမ်းခြုံသွားပြီးနောက် စကြာဝဠာနှင့် ကမ္ဘာထက် သာလွန်သော အရှိန်အဟုန်နှင့်အတူ ရွှီချင်းထံသို့ ရုတ်တရက် ဦးတည်သွားသည်။
ကျန်းဖန်၏ အာဏာစက်က အင်မော်တယ်နန်းတော်ထဲသို့ သူမဝင်ရောက်ခင်ကထက် အများကြီး ပိုသန်မာလာကြောင်း ထင်ရှားပေသည်။ ဤအခိုက်အတန့်မှာ ထိုမြူခိုး၏ စွမ်းအားက အရာအားလုံးကို ဝါးမျိုနိုင်ပြီး သက်ရှိအားလုံးကို ဖုံးကွယ်ပေးနိုင်သည်။
လျှပ်တစ်ပြက်အတွင်းမှာ မြူခိုးက ရွှီချင်းကို ဖုံးလွှမ်းသွားသည်။ အမှန်မှာ မြူခိုးက သူ၏ အချိန်လေဟာနယ်ထဲသို့ပင် စတင်ထိုးဖောက်ဝင်လာသည်။
ထို့ကြောင့် ရွှီချင်းရှိနေသော အချိန်လေဟာနယ်က မြူခိုးဖြင့် ဖုံးလွှမ်းခံလိုက်ရသည်။
သို့သော်လည်း နောက်အခိုက်အတန့်မှာ ကျန်းဖန်က တိုက်ခိုက်ရန် ဟန်ပြင်လိုက်စဉ် သူက ရုတ်ချည်း ရပ်တန့်သွားသည်။ ခါးသီးမှုက သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။
အဘယ့်ကြောင့်ဆိုသော် ကောင်းကင်၊ မြေပြင်၊ အရပ်ရှစ်မျက်နှာနှင့် သူ၏ မျက်လုံးထဲမှ လောကတစ်ခုလုံးတွင် ရွှီချင်း၏ အချိန်လေဟာနယ်များဖြင့် ပြည့်နှက်နေကြောင်း သူမြင်လိုက်ရသောကြောင့် ဖြစ်သည်။
ဤသည်မှာ သူက ရောင်စုံမှန်ပြောင်းတစ်ခုထဲသို့ ရောက်ရှိသွားသည့်အလားပင်။
မရေမတွက်နိုင်သော အချိန်လေဟာနယ်များထဲတွင် အချိန်လေဟာနယ်တစ်ခုတည်းသာ မြူခိုးဖြင့် ပြည့်နှက်နေသည်။ တခြားအချိန်လေဟာနယ်များထဲမှ ရွှီချင်းများက သူ့ကို တည်ငြိမ်စွာ ကြည့်နေကြသည်။
နောက်အခိုက်အတန့်မှာ ကျန်းဖန်၏ အနောက်ရှိ အချိန်လေဟာနယ်တစ်ခုထဲမှ ရွှီချင်းက အပြင်သို့ ထွက်လျှောက်လာပြီး သူ၏ ညာလက်ကို မြှောက်လိုက်ကာ ကျန်းဖန်၏ ပခုံးကို ပုတ်လိုက်သည်။
သူက ပခုံးကို ညင်သာစွာ ပုတ်ရုံလေး ပုတ်လိုက်ခြင်း ဖြစ်သည်။
သို့သော်လည်း နောက်အခိုက်အတန့်မှာ ကျန်းဖန်၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး အက်ကွဲသံက သူ၏ ခြေဖဝါးအောက်မှ ပဲ့တင်ထပ်လာသည်။ ယင်းက ဟင်းလင်းပြင်၏ အက်ကွဲသံမဟုတ်သလို မြေပြင်အက်ကွဲသံလည်း မဟုတ်ပေ။ ယင်းက အချိန်လေဟာနယ်၏ အက်ကွဲသံဖြစ်သည်။
သူက ဆက်ပြီး မတိုက်ခိုက်နိုင်တော့သလို ဆက်ပြီး တိုက်ခိုက်ရန်လည်း မလိုတော့ပေ။
ရွှီချင်းက ကျန်းဖန်ကို ဖြတ်လျှောက်သွားပြီး လေထဲမှ အရည်အချင်းပြည့်မီတုံကင်ကို ဖမ်းဆုပ်လိုက်သည်။ သူက လက်ဝှေ့ယမ်းလိုက်သည့်အခါ ဘေးပတ်ဝန်းကျင်မှ အချိန်လေဟာနယ်အားလုံးက လွင့်ပြယ်သွားကြသည်။ ထို့နောက် သူက အဝေးသို့ လျှောက်သွားသည်။
သူက မည်သည့်စကားမှ မပြောပေ။
ယင်းက အဝေးသို့ သူရောက်ရှိသွားသည်အထိ ဖြစ်သည်။
မဟာအင်မော်တယ်တောင်ထဲမှ အမြင့်ဆုံးတောင်ထွတ်ပေါ်တွင် ငွေရောင်အလင်းတောက်ပသော ခန်းမတစ်ခု ရှိသည်။ ခန်းမက ယဇ်ပလ္လင်တစ်ခုကဲ့သို့ မွန်မြတ်သန့်စင်ပြီး ငြိမ်းချမ်းမှုနှင့် ပျော်ရွှင်မှုကို ပေးသည်။
အမွှေးတိုင်ခွက်ပေါ်မှ အမွှေးတိုင်များက စန္ဒကူးရနံ့ကို ထုတ်လွှတ်ပေးနေသည်။ စန္ဒကူးရနံ့က လေထဲမှာ တလိပ်လိပ် မြှောက်တတ်နေစဉ် ခန်းမ၏ အလယ်ဗဟိုမှ ရှစ်ထောင့်နန်းတော်မီးအိမ်က ယခင်အတိုင်း ထိန်ထိန်လင်းစွာ တောက်ပနေသည်။
ခန်းမ၏ အမြင့်ဆုံးနေရာတွင် ငွေရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အကြီးအကဲတစ်ယောက်က ခပ်ရေးရေး ပြုံးလိုက်သည်။
“ အရင်ဆုံး… အချိန်လေဟာနယ်ကို ဆင်ခြင်နားလည်နိုင်ခဲ့တယ်… အဲ့ဒီနောက် မျဉ်းပြိုင်ကို ဖမ်းဆုပ်နိုင်ခဲ့ပြီး အုပ်ချုပ်သူအဆင့်မှာတင် မဟာဧကရာဇ်တစ်ပါးရဲ့ အာဏာစက်အစွမ်းကို ရရှိခဲ့တယ် ”
“ ဒီကလေးက သာမန်မဟုတ်ဘူး… အင်မော်တယ်ဘုရင်က သူ့ကို တန်ဖိုးထားတာ မထူးဆန်းတော့ပါဘူး ”
…..
ကျန်းဖန်က နှုတ်ဆိတ်သွားသည်။
ရွှီချင်းကို သူမနိုင်ကြောင်း သိသည်။ သို့သော်လည်း ကွာခြားချက်က လုံးဝ သူမတိုက်ခိုက်နိုင်သည်အထိ ကြီးမားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ထိုသို့နားလည်သွားသည့်အခါ သူ၏ နှလုံးသားထဲမှ ခါးသီးမှုက ပိုပြီးကြီးမားလာသည်။
အချိန်အတော်ကြာပြီးနောက် သူ့ဘေးမှ ဟင်းလင်းပြင်က တအိအိလှိုင်းထသွားပြီး သူ့ဆရာ လင်းယွင်က အပြင်သို့ ထွက်လျှောက်လာသည်။ သူက ကျန်းဖန်၏ ဘေးမှာ ရပ်လိုက်ပြီး ရွှီချင်းထွက်သွားသော ဦးတည်ရာဆီသို့ ကြည့်လိုက်သည်။ တစ်ခဏအကြာမှာ သူက တည်ငြိမ်စွာ ပြောသည်။
“ သူ့ကို ရှုံးတာက မင်းအတွက် အရှက်ရစရာ မဟုတ်ဘူး ”