← Chapters

အခန်း (၄၆၆-၄၇၀)

Vol. 32 Ch. 466-470

အခန်း (၄၆၆-၄၇၀)

Vol. 32 Ch. 466-470

အခန်း ၄၆၆

ကုရှောင်ရှောင်၊ ချင်ကျန်း နှင့် ချန်းကျီယောင်

သီးသန့်ခန်းအပြင်ဘက်မှလူများသည်တော့ အခန်းထဲတွင် မည်သို့သောကိစ္စမျိုးဖြစ်သွားလဲဆိုသည်ကို မသိကြဘဲ သူတို့ဘာသာ ပျော်ပါးလို့နေလေသည်။

ကုနင်းတို့သူငယ်ချင်းအဖွဲ့ထွက်သွားသည်နှင့် သီးသန့်ခန်းထဲ၌ စစ်ထူယဲ့နှင့် ချူးရွှမ်ဖန်တို့ နှစ်ယောက်သာ ကျန်နေခဲ့တော့သည်။

ထိုအချိန်တွင်ပဲ စစ်ထူယဲ့က ကြောက်စရာကောင်းလှသည့်အမူအရာဖြင့် ဆိုဖာသို့မှီထိုင်လိုက်ကာ အသံတိမ်တိမ်ဖြင့်ပြောလိုက်သည်။

“ကြည့်ရတာ တစ်ယောက်ယောက်ကတော့ ဆက်ပြီးမစောင့်နိုင်တော့ဘူးထင်တယ်။” သူ့တွင် သက်သေအတိအကျမရှိသေးသော်လည်း ဤတိုက်ခိုင်မှု၏နောက်ကွယ်မှလူကို စစ်ထူယဲ့သိထားပြီးပြီ ဖြစ်သည်။

ဂိုဏ်းထဲတွင် ဂိုဏ်းသားများ၏ အချင်းချင်း လျှို့ဝှက်ကြံစည်တိုက်ခိုက်မှုများသည် နိုင်ငံရေးလောကမှ မကောင်းကြံစည်မှုများထက်ပို၍ ဆိုးဝါးလေသည်။ သူတို့ချင်း အကျိုးအမြတ်ကိစ္စတစ်ခုခုကြောင့် သို့မဟုတ် သဘောထားခြင်းမတိုက်ဆိုင်မှုကြောင့် ပြဿနာဖြစ်ပြီဆိုလျှင် တစ်ဖက်ဖက်ကတော့ သေချာပေါက် သေရပေလိမ့်မည်။ ထို့အပြင် ဂိုဏ်းထဲမှ တစ်ယောက်ယောက်အသတ်ခံရလျှင် ဥပဒေအရ အရေးယူလို့မရနိုင်အောင် ရှောင်ရှား၍ရသော နည်းလမ်းပေါင်းများစွာလဲ ရှိလို့နေသေးသည်။ ထို့ကြောင့်ပဲ လူများစွာက ဂိုဏ်းများဆိုလျှင် အလွန်ကြောက်ရွံ့နေကြခြင်းဖြစ်သည်။ ဂိုဏ်များကို ဥပဒေအရ ကိုင်တွယ်ဖြေရှင်း၍မရနိုင်ပေ။

“ကျွန်တော်တို့ဘာဆက်လုပ်ကြမလဲ?” ချူးရွှမ်ဖန်သည်လဲ နောက်ကွယ်မှလူကို သိနေခြင်းကြောင့် အလွန်မကျေမနပ်ဖြစ်လို့နေသည်။

“မတော်တဆမှုတစ်ခုဖြစ်အောင်လုပ်ပြီး သူ့ကိုရှင်းထုတ်လိုက်။” စစ်ထူယဲ့ အမိန့်ပေးလိုက်သည်။

တကယ်တမ်း ထိုနောက်ကွယ်မှလူသည် ချင်ဂိုဏ်းတည်ထောင်သူများထဲမှ တစ်ဦးအပါအဝင်ဖြစ်သောကြောင့် စစ်ထူယဲ့က ဖြစ်ခဲ့သမျှ ပြဿနာကို မမြင်ချင်ယောင်ဆောင်ကာ ကျော်သွားဖို့ရန် စီစဉ်ထားခြင်းဖြစ်ပေသည်။ သို့ပေမည့် ထိုလူက သူ့ကိုသတ်ဖို့ရန်ပင် ကြံစည်ခဲ့သောကြောင့် ထိုသစ္စာဖောက်တစ်ယောက်လောက်ကို သတ်ဖို့ရန်အတွက် စိတ်သောကရောက်နေတော့မည်မဟုတ်ပေ။ စစ်ထူယဲ့တွင် သက်သေအတိအကျမရှိထားဘူး ဆိုလျှင်တောင်မှ သူ့အတွက် လူတစ်ယောက်ကို သတ်ဖို့ရန်က အလွန်လွယ်ကူလှသည့် ကိစ္စရပ်ဖြစ်လေသည်။

……..

ဟောင်ရန်နှင့် အခြားလူများအောက်ထပ်သို့ရောက်ချိန်အထိ ကြောက်ရွံ့ထိတ်လန့်လို့နေသေးကာ မည်သူမျှ အစောကဖြစ်ပျက်ခဲ့သည့်ကိစ္စအား ပြန်မဖော်ထုတ်ဝံ့ပေ။

ယွီမီရှီ၏မျက်နှာသည်တော့ ဖြူဖျော့လို့နေပြီး မုခယ်သည်လဲ သူမကို စိုးရိမ်ပူပန်စွာဖြင့် မေးမြန်းလိုက်သည်။

“မင်းအဆင်ပြေရဲ့လား?”

“အင်း၊ အဆင်ပြေပါတယ်။” ယွီမီရှီ အားတင်းပြုံးပြရင်းပြန်ဖြေလိုက်သည်။

ကုနင်းကတော့ မုခယ်နှင့် ယွီမီရှီကို တစ်လှည့်စီလှမ်းကြည့်လိုက်မိသည်။ မုခယ်၏မျက်ဝန်းများအတွင်းမှ ယွီမီရှီအပေါ်သဘောထားကိုသူမမြင်လိုက်ရပေမည့် ယွီမီရှီဘက်ကတော့ မုခယ်အပေါ် နှစ်သက်သဘောကျနေဟန် မပေါ်ပေ။ ယွီမီရှီက မုခယ်အား သူငယ်ချင်းအဖြစ်သာ သဘောထားခြင်းလား ဒါမှမဟုတ် သူတို့ချင်း ချစ်သူရည်းစားအဆင့်တက်နိုင်သည်ကိုပင် မသိနိုင်လောက်အောင် တုံးအနေသည်လား ဆိုသည်ကိုတော့ ကုနင်းမသိပေ။

သူတို့၏အသက်အရွယ်မျာငယ်ရွယ်လွန်းသေးသည့်အပြင် သူငယ်ချင်းဖြစ်နေသည်မှာ အတော်ကြာလေပြီဖြစ်သည်။ ထို့ကြောင့် သူတို့ချင်း သူငယ်ချင်းအဖြစ်မှ အဆင့်တက်ဖို့ရန်မှာ မလွယ်ကူလောက်ပေ။

သူတို့အားလုံး တိဟိုင်အသင်းတိုက်အပြင်ဘက်သို့ ထွက်လာသည့်အချိန်တွင် ခန်းမထဲ၌ ချင်ယီဖန်းကိုတွေ့လိုက်ရသည်။ ချင်ယီဖန်းသည်လဲ ဤနေရာသို့ သူ့သူငယ်ချင်းများနှင့် ချိန်းဆိုထား၍ရောက်ရှိနေခြင်းဖြစ်ကာ သူကအနည်းငယ်နောက်ကျနေခြင်းဖြစ်သည်။

ချင်ယီဖန်း ကုနင်းကိုမြင်လိုက်သည်နှင့် စက္ကန့်ပိုင်းမျှ ကြောင်အမှင်တက်နေပြီးမှ ဖွဖွလေးပြုံးလိုက်ကာ၊

“ဟိုင်း၊ ကုနင်း၊ မင်းတို့ရောပဲ တိုက်ဆိုင်လိုက်တာ။”

ချင်ယီဖန်းသည် ယခင်ခံစားချက်များကို သိမ်းဆည်းထားလိုက်ပြီဖြစ်သောကြောင့် ဝမ်းနည်းသလို ကူကယ်ရာမဲ့သလိုပုံစံမျိုးမဖြစ်တော့ပေ။ ကုနင်းကို ရုတ်တရက်မြင်လိုက်ရသည့်အချိန်တွင် ရင်ထဲ၌အနည်းငယ်နာကျင်သွားရပေမည့် ခနတွင်းချင်းပဲ ပြန်လည်ငြိမ်သက်သွားတော့သည်။

“ဟိုင်း၊ ယီဖန်း၊” ကုနင်းသည်တော့ အစကတည်းက ချင်ယီဖန်းအပေါ် အမြင်ကြည်ပြီးသားဖြစ်သောကြောင့် သူ့ကို အမြဲတမ်း သူငယ်ချင်းတစ်ယောက်အဖြစ် သတ်မှတ်ထားပြီးဖြစ်လေသည်။

“မင်းတို့အခုချိန်ကြီး အိမ်ပြန်ကြတော့မလို့လား? အခုမှအစောကြီးရှိသေးတယ်လေ။” ချင်ယီဖန်း မေးလိုက်သည်။

“မဟုတ်ဘူး။ နောက်တစ်နေရာသွားမလို့ပါ။”

“ကျွန်မတို့သွားတော့မယ်နော်။ အေးဆေးပျော်ပါ။”

“ကောင်းပြီလေ၊ ဘိုင့်ဘိုင်။” ချင်ယီဖန်းလဲ ပြန်ဖြေလိုက်ကာ သူတို့ပြန်လမ်းခွဲလိုက်သည်။

ကုနင်းတို့ထွက်သွားသည်ကိုမြင်တော့မှ ချင်ယီဖန်း စိတ်ပျက်စွာဖြင့်ပြုံးလိုက်မိသည်။ ယခုအချိ်နထိတိုင် ကုနင်းအတွက် သူ့နှလုံးသားက နာကျင်မိနေစဲပင်။

“အခုမှ၁၀နာရီတောင်မထိုးသေးဘူး။ V5ဘားကိုသွားကြရအောင်။ ငါတို့စိတ်ငြိမ်သွားအောင် တစ်ခုခုသောက်ဖို့လိုတယ်။” ဟောင်ရန်က အကြံပြုလိုက်သည်။

ထို့နောက် သူတို့အားလုံးကုနင်းကို လှည့်ကြည့်လိုက်ကာ သူမ၏ဆုံးဖြတ်ချက်ကိုစောင့်လိုက်သည်။

“သွားကြတာပေါ့။”

“ယေး! ဘော့စ်က အကောင်းဆုံးပဲ!” ချူးဖေ့ဟန်ကပျော်ရွှင်စွာပြောလိုက်သည်။

“နင်တို့ငါမပါဘဲလဲ သွားပျော်လို့ရတာပဲ။” ကုနင်း၏သူငယ်ချင်းများသည် အမြဲတမ်းသူမစကားကိုသာ နားထောင်ကြလေသည်။

“မင်းမရှိရင်က သိပ်ပျော်ဖို့မကောင်းတော့ဘူးလေ။” ဟောင်ရန် ပြန်ဖြေလိုက်သည်။

“အဟုတ်ပဲ။” ချင်ကျီရွှမ်းကလဲ ထောက်ခံလိုက်သည်။

မမျှော်လင့်ထားစွာဘဲ သူမတို့ V5ဘားသို့ရောက်ချိန်တွင် ပြဇာတ်တစ်ပုဒ်ကိုတွေ့လိုက်ရသည်။ အဓိကပါဝင်သူများကတော့ ကုရှောင်ရှောင်၊ ချန်းကျီယောင် နှင့် ချင်ကျန်းတို့ပင်ဖြစ်လေသည်။

ကုရှောင်ရှောင်နှင့် ချန်းကျီယောင်သည် တစ်ယောက်နှင့်တစ်ယောက် ဆွဲလားရမ်းလားလုပ်နေကြသည်။ ချင်ကျန်းက ထိုနေရာသို့ လျှောက်သွားလိုက်ကာ ကုရှောင်ရှောင်အား တွန်းထုတ်လိုက်ပြီး၊

“ကုရှောင်ရှောင် တော်လောက်ပြီ။”

“ဘာ? တော်လောက်ပြီ?” ကုရှောင်ရှောင်၏ဒေါသများပေါက်ကွဲထွက်လာကာ၊

“ချင်ကျန်း၊ ချန်းကျီယောင် နင်တို့ဘယ်လိုများငါ့အပေါ် ဒီလိုလုပ်ရဲရတာလဲ? တစ်ယောက်က ငါ့ချစ်သူ၊ တစ်ယောက်ကတော့ ငါ့အချစ်ဆုံးသူငယ်ချင်းလေ။ ဘယ်လိုလုပ်များ ငါ့နောက်ကွယ်မှာ ဖောက်ပြန်နေရတာလဲ?”

ထိုစကားများကိုကြားလိုက်ရတော့ ဘေးနားမှ ပွဲကြည့်ပရိတ်သတ်များက ချန်းကျီယောင်နှင့် ချင်ကျန်းအား အထင်သေးစွာဖြင့်ကြည့်လိုက်ကြသည်။

“ဘာ? သူက သူ့အချစ်ဆုံးသူငယ်ချင်းရဲ့ ရည်းစားနဲ့ အိပ်တဲ့လူလား?”

“ဝိုး၊ ပြဇာတ်တစ်ပုဒ်တော့ ကြည့်ရပြီ။”

“ယောကျ်ားတွေများအမြဲတမ်း သူတို့စိတ်အလိုကိုပဲ လိုက်ကြတယ်။”

“နင်ကတော့ ပြောလိုက်ရင်ဒဲ့ထိပဲ။”

“အချစ်ဆုံးသူငယ်ချင်းရဲ့ ရည်းစားကိုတောင် ခိုးတာဆိုတော့ ဒီမိန်းကလေးက မြေခွေးမပဲ။”

“ဟုတ်ပါ့။”

ဤနေရာရှိလူများသည် နိုက်ကလပ်သို့လာနေကြဖောက်သည်များဖြစ်သောကြောင့် ယဉ်ကျေးမှုကို ခေါင်းထဲထည့်မနေကြပေ။

ချန်းကျီယောင်မှာ ယခုလိုမျိုး ဘယ်တုန်းကမှ စော်ကားပြောဆိုခြင်းမခံခဲ့ဖူးသောကြောင့် ချက်ချင်းပင် မျက်ရည်များကျလာကာ ချင်ကျန်းသည်တော့ ယောက်ျားလေးတစ်ဦးလဲဖြစ်သောကြောင့် စိတ်မာလေသည်။

“ပါးစပ်ပိတ်ထားကြ။ ခင်ဗျားတို့ အခြေအနေကိုသေချာလဲမသိဘဲနဲ့ ကျွန်တော်တို့ကို အပြစ်တင်စရာအကြောင်းမရှိဘူး။” ချင်ကျန်းက ထိုလူအုပ်ကြီးအား အော်ပြောလိုက်ပြီးနောက် ကုရှောင်ရှောင် ဘက်သို့လှည့်လိုက်ကာ၊

“ကုရှောင်ရှောင်၊ ငါတို့လမ်းခွဲပြီးသွားပြီလေ။ ငါဘယ်သူနဲ့နေနေ မင်းကိစ္စမဟုတ်ဘူး။”

“လမ်းခွဲတယ်? ဘယ်အချိန်တုန်းကလဲ?” ကုရှောင်ရှောင်ပြန်မေးလိုက်သည်။

ထိုစကားကိုကြားလိုက်ရတော့ ချင်ကျန်းလဲ အလွန်လန့်ဖြန့်သွားရသည်။ တကယ်တမ်း ချင်ကျန်းနှင့် ကုရှောင်ရှောင်မှာ မျက်နှာချင်းဆိုင် ထိပ်တိုက်တွေ့ဆုံကာ လမ်းခွဲစကားမပြောကြရသေးပေ။ ကုရှောင်ရှောင် Fမြို့မှထွက်သွားချိန်တွင် သူတို့ချင်းလဲ အလိုအလျောက် အဆက်အသွယ်မရှိကြတော့ခြင်းဖြစ်သည်။ ထိုသို့ဖြင့် တရားဝင်ထုတ်မပြောသော်လည်း လမ်းခွဲလိုက်ကြပြီဖြစ်ကြောင်း သူတို့အချင်းချင်းကြား နားလည်ထားကြခြင်းဖြစ်သည်။ သို့ပေမည့် ချင်ကျန်းနှင့် ချန်းကျီယောင်တို့တွဲနေကြောင်း ကုရှောင်ရှောင် သိလိုက်ရချိန်တွင်တော့ ထိုအမှန်တရားအားလက်မခံနိုင်ဘဲ ချင်ကျန်းကသာ သူမကို သစ္စာဖောက်သွားသကဲ့သို့ ပြုမူနေခြင်းဖြစ်သည်။ ထိုသို့ဖြင့် ဤညအခြေအနေမျိုးဖြစ်ပွားသွားခြင်းဖြစ်သည်။

ချင်ကျန်းနှင့် ကုရှောင်ရှောင်တို့ တရားဝင်လမ်းခွဲစကားအတည်တကျမပြောရသေးဘူးဆိုလျှင်တောင်မှ ချင်ကျန်းသည် သူ၏ဂုဏ်သိက္ခာကြောင့် ထိုအမှန်တရားကို ဝန်ခံမည်မဟုတ်ပေ၊

“ကုရှောင်ရှောင် မင်းနဲ့ငါလမ်းခွဲပြီးသွားပြီ။ ဒါကြောင့်ပဲ ငါတို့ဒီကြားထဲ မဆက်သွယ်ကြတော့တာလေ။ ဒီလောက် တလကျော်ကျော်မဆက်သွယ်ဘဲနေတဲ့ ဘယ်အတွဲကိုများ မင်းမြင်ဖူးထားလို့လဲ?”

“ရှင်…” ကုရှောင်ရှောင် အလွန်စိတ်တိုသွားရပေမည့် ချင်ကျန်း၏စကားများမှာ အမှန်ဖြစ်သောကြောင့် သူမဘယ်လိုပြန်ခွန်းတုန့်ပြန်သင့်မှန်း မသိတော့ပေ။

သူမ၏အမူအရာကို ပွဲကြည့်နေသူများလဲ သတိထားမိသောကြောင့် အခုချိန်တွင်တော့ သူတို့အားလုံး ကုရှောင်ရှောင်အပေါ် စတင်အထင်မြင်သေးလာကြတော့သည်။

“အိုး၊ ဒါဆို သူကမှမြေခွေးမပေါ့။ သူနဲ့ပြတ်ပြီးသွားကာမှ ကောင်လေးရှေ့လာပြီး ရန်တွေ့ပြနေတာ တော်တော်အရှက်မဲ့တာပဲ။”

***

အခန်း ၄၆၇

ထောင်ထဲထည့်လိုက်

“ဟုတ်တယ်၊ သူက ငါတို့ ဟိုမိန်းကလေးကို အပြစ်တင်အောင် တမင်သက်သက်လုပ်နေတာ။”

ကုရှောင်ရှောင် အလွန်ဒေါသထွက်နေပေမည့် လူအများပြောနေသည်က အမှန်တရားသာဖြစ်သောကြောင့် သူမပြန်မတုံ့ပြန်နိုင်ခဲ့ပေ။

“ကျီယောင်၊ သွားကြစို့။” ချင်ကျန်းက ချန်းကျီယောင်၏လက်ကို ဆွဲကိုင်ကာ ထွက်သွားလိုက်သည်။

ဖြစ်စဉ်အစမှအဆုံးအထိ ချန်းကျီယောင်သည် ချင်ကျန်း၏တုံ့ပြန်ချက်ကို မြင်ချင်သည့်အပြင် သူမ၏ ဂုဏ်သိက္ခာကိုလဲ ကာကွယ်ချင်သောကြောင့် စကားတစ်ခွန်းတစ်လေမျှ ဝင်ပြောခဲ့ခြင်းမရှိပေ။

“မသွားရဘူး။” ကုရှောင်ရှောင်ကချက်ချင်းပင် ချင်ကျန်းကို အနောက်မှပြန်ဆွဲထားလိုက်သည်။ သူမအနေဖြင့် လူကြားထဲ အရှက်ကွဲပြီးနေပြီဖြစ်သောကြောင့် လွယ်လွယ်အရှုံးမပေးချင်တော့ပေ။ ထို့ကြောင့် သူတို့ကို တောင်းပန်ကာ အချိုသပ်ရန် ကြံရွယ်လိုက်သည်။

ကုရှောင်ရှောင် လှမ်းဆွဲလိုက်သည်နှင့် တပြိုင်နက် ချင်ကျန်းက သူမကိုလက်ကို ဖမ်းယူကာ တွန်းထုတ်လိုက်၍ သူမကြမ်းပြင်ပေါ်သို့ လဲကျသွားရတော့သည်။

ကုနင်းတို့သူငယ်ချင်းအဖွဲ့သည်တော့ ထိုဇာတ်လမ်းပြီးဆုံးသည်အထိ ဆက်ကြည့်ပြီးကာမှ ဘားထဲသို့ဝင်သွားခဲ့သည်။ အခုချိန်တွင် ကုနင်းအတွက် ကုရှောင်ရှောင်ဆိုသည်မှာ စိတ်ဝင်စားဖို့ကောင်းသည့် ကိစ္စမဟုတ်တော့ပေ။ ချူးဖေ့ဟန်သည်တော့ ဝင်ပါက ပိုပြီးအရှက်ခွဲပေးချင်ပေမည့် ကုနင်းဘက်က စိတ်ဝင်စားမှုပြမလာသောကြောင့် သူမလဲ ဘာမှမပြောနေတော့ပေ။

သူတို့အားလုံး သီးသန့်ခန်းတစ်ခုသို့သွားကာ သောက်စားရင်း စကားစမြည်ပြောနေလိုက်တော့သည်။

အခန်းထဲသို့ရောက်သည်နှင့် မုခယ်က ယွီမီရှီအတွက် ရေတစ်ခွက်ငှဲ့ပေးလိုက်သောကြောင့် အားလုံး၏အာရုံက သူ့ထံသို့ရောက်ရှိလာခဲ့သည်။ ထိုအတွက်ကြောင့် မုခယ်လဲ လျင်လျင်မြန်မြန်ရှင်းပြရတော့သည်၊

“မီရှီက သိပ်မသောက်တတ်ဘူးလေ၊ ဒီတော့ သူ့အတွက် ရေသောက်တာက ပိုအဆင်ပြေမယ်ထင်လို့ပါ။”

ယွီမီရှီကတော့ဖြင့် တစ်ခုခုထူးခြားနေသည်ဟု မတွေးလိုက်မိပေ။

“ငါလဲသိပ်မသောက်နိုင်ဘူးလေ။” ချူးဖေ့ဟန်က တမင် စနောက်လိုက်သည်။

“ဒါဆိုလဲ မင်းအတွက်ပါ ရေထည့်ပေးမယ်လေ။” မုခယ်ကချက်ချင်းပင် ရေထည့်ပေးဖို့လုပ်လိုက်ပေမည့် ချူးဖေ့ဟန်က တားလိုက်ကာ၊

“တော်ပါပြီ။ ငါ့ရှေ့မှာ အရက်တွေရှိနေမှတော့ ရေကိုဘာလို့သောက်နေတော့မှာလဲ။ နှမြောစရာကောင်းအောင်လို့။”

ထိုအချိန်တွင်ပဲ အားလုံးလဲ မုခယ်၏ ယွီမီရှီအပေါ် ခံစားချက်ရှိနေကြောင်းကို သတိထားမိသွားကြတော့သည်။ သို့ပေမည့် ယွီမီရှီကတော့ သတိထားမိဟန်မပေါ်သောကြောင့် မလိုအပ်သည့်ပြဿနာများ မဖြစ်သွားစေရန်အတွက် မည်သူမျှ ထုတ်ဖောခြင်းမပြုကြပေ။

“အိုး၊ မီရှီ၊ နင့်ရဲ့ဦးလေးတွေနဲ့ အဒေါ်တွေ နင်တို့ကို အနှောင့်အယှက်ပေးသေးလား?” ကုနင်းမေးမြန်းလိုက်သည်နှင့် မုခယ်ကလဲ စိုးရိမ်ပူပန်သည့်အမူအရာဖြင့် ယွီမီရှီအား ကြည့်လာခဲ့သည်။

“သူတို့ နှစ်ခေါက်တော့ ပြဿနာလာရှာပေမည့် ငါတို့ ရဲကိုအကြောင်းကြားလိုက်လို့ ထပ်မလာတော့ဘူး။”

“တော်သေးတာပေါ့။”

အချိန်ခနကြာပြီးနောက်တွင်တော့ ဟောင်ရန်က ဖုန်းကြည့်နေရင်းဖြင့် အထိတ်တလန့် ရေရွတ်လာခဲ့သည်။

“ဘယ်လိုတောင်လဲ?”

“ဘာဖြစ်လို့လဲ?” အားလုံးလဲ ဟောင်ရန် ဘာကြောင့် ဒီလောက်အံ့ဩသွားရလဲ ဆိုသည်ကို သိချင်သွားကြသည်။

“ဒါကိုဖတ်ကြည့်ကြ၊” ဟောင်ရန်က အခြားလူများအား သူ့ဖုန်းကို ပြလိုက်ကာ ဖုန်းမျက်နှာပြင်တွင်တော့ ထိတ်လန့်စရာသတင်းတစ်ပုဒ်ကို ဖွင့်ထားလေသည်။

ကောင်လေးတစ်ယောက်နှင့် ကောင်မလေးနှစ်ယောက် ပုဂ္ဂိုလ်ရေးပြဿနာတစ်ခုကြောင့် လမ်းပေါ်တွင် ရန်ဖြစ်ကြခြင်း။ မိန်းကလေးတစ်ယောက်က ကျန်မိန်းကလေးအား လမ်းလယ်ခေါင်သို့ တွန်းထုတ်လိုက်ရာ တစ်ဖက်မှ မောင်းနှင်လာသည့် ကားတစ်စီးဖြင့်တိုက်မိသွား။(ပုံနှင့်တကွ)

ပုံထဲတွင်တော့ အဖြူရောင်ကားတစ်စီး၏ရှေ့၂မီတာခန့်တွင် အဖြူရောင်ဝတ်စုံဝတ်ထားသည့် မိန်းကလေးတစ်ဦး လဲကျလို့နေသည်။ သူမ၏မျက်နှာတစ်ဝက်သည်တော့ သွေးများဖြင့်ဖုံးလွှမ်းနေကာ မတော်တဆမှုကြောင့် သူမ၏မျက်နှာ ပျက်စီးသွားပုံပေါ်ပေသည်။ ထိုမိန်းကလေးသည်တော့ ချန်းကျီယောင်ပင်ဖြစ်သည်။

သတင်းခေါင်းစဉ်အရ ချန်းကျီယောင်ကို တွန်းထုတ်ခဲ့သည့် မိန်းကလေးမှာ ကုရှောင်ရှောင်ဖြစ်ပေမည်။ ကုနင်းတို့အားလုံး ကုရှောင်ရှောင်၏လုပ်ရပ်ကြောင့် အလွန်ထိတ်လန့်အံ့ဩသွားကြသည်။ သို့ပေမည့် ကုရှောင်ရှောင် မည်သူ့ကို သတ်လိုက်ပါစေ သူတို့ဂရုမစိုက်ပေ။

“ကြည့်ရတာတော့ ဒီတစ်ခေါက် ကုရှောင်ရှောင် ထောင်ထဲသွားရတော့မယ်ထင်တယ်။” ချူးဖေ့ဟန် ထိုသို့ပြောလိုက်ပေမည့် နည်းနည်းလေးတောင် သနားသလို မခံစားမိပေ။ တကယ်တော့ ပြီးခဲ့သည့်အခေါက် ကုနင်းကို ကုရှောင်ရှောင် လုပ်ခဲ့သည့် လုပ်ရပ်ဖြင့်ပင်လျှင် သူမကို ထောင်ထဲထည့်ဖို့ အကြောင်းရင်း လုံလောက်လို့နေပြီဖြစ်သည်။

“သူ့သေတွင်းသူတူးသွားတာပဲ။” ဟောင်ရန် ပြောလိုက်မိသည်။

သို့ပေမည့် ထိုမတော်တဆမှုက သူတို့၏သောက်စား စကားပြောနေခြင်းအပေါ် သက်ရောက်မှုမရှိဘဲ ဆက်လက်ပျော်ပါးနေကြလေသည်။

ကုရှောင်ရှောင်သည် တစ်ကိုယ်ကောင်းဆန်ကာ ရက်စက် ကြမ်းကြုတ်သူဖြစ်သောကြောင့် ဖြစ်လာမည့် အကျိုးဆက်ကို မတွေးဘဲ သူမမကျေနပ်သမျှကို ဒေါသရှေ့ထားပြီး တုန့်ပြန်တတ်လေသည်။

ထိုမတော်တဆမှုဖြစ်ပြီးနောက်တွင်တော့ မျက်မြင်သက်သေများမှ ဆေးရုံကားခေါ်သူခေါ် ရဲကိုအကြောင်းကြားသူကြားဖြင့် စတင်လှုပ်ရှားခဲ့ကြသည်။

ဆေးရုံကားရော ရဲကားပါ တပြိုင်နက်တည်းလိုလိုရောက်ရှိလာကြပြီး ချန်းကျီယောင်နောက်ကိုတော့ ချင်ကျန်းလိုက်သွားကာ ဆေးရုံသို့ခေါ်ဆောင်သွားပြီး ကုရှောင်ရှောင်သည်တော့ ရဲစခန်းသို့ ခေါ်ဆောင်သွားခြင်း ခံရလေသည်။ ထို့နောက်တွင်တော့ ဆေးရုံနှင့် ရဲစခန်းမှနေပြီး ကုရှောင်ရှောင်နှင့် ချန်းကျီယောင်၏မိဘများ အသီးသီးထံသို့ ဆက်သွယ်အကြောင်းကြားကြသည်။

ထိုဆိုးရွားလှသည့် သတင်းအကြောင်းကြားချက်ကို ရပြီးချိန်တွင်တော့ ချန်းကျီယောင်၏မိဘများက ဆေးရုံသို့အပြေးသွားကြကာ ကုရှောင်ရှောင်၏မိဘများသည်တော့ ရဲစခန်းသို့ သုတ်ခြေတင်ပြေးကြရတော့သည်။

ချင်ကျန်းသည်တော့ စိတ်ရှုပ်ထွေးလို့နေလေသည်။ ချန်းကျီယောင်ကို စိတ်ပူမိ၍တော့မဟုတ်ဘဲ ထိုမတော်တဆမှုကြောင့် သူ့ကိုပါ လာရောက်ထိခိုက်မည်ကို စိုးရိမ်ခြင်းကြောင့်ဖြစ်လေသည်။ သူသည်လဲ တစ်ကိုယ်ကောင်းဆန်သည့် လူတစ်ဦးဖြစ်သည်။

ဆေးရုံကားဆေးရုံသို့ရောက်ရှိသည်နှင့် ချန်းကျီယောင်အား အရေးပေါ်ခန်းသို့ အမြန်ခေါ်ဆောင်သွားသည်။ သူမမိဘအုပ်ထိန်းသူများထံမှ လက်မှတ်မရရှိသေးသော်လည်း ချန်းကျီယောင်၏ဖခင် ချန်းလန်ဝေ့က သူတို့အချိန်မှီ ဆေးရုံသို့ရောက်ဖို့ရန် မသေချာသောကြောင့် ချက်ချင်းခွဲစိတ်မှုပြုလုပ်ထားရန် ပြောကြားထားလေသည်။ ဆေးရုံကလဲ ချန်းကျီယောင်၏ဖခင်က မြို့၏အရေးပါသည့်ပုဂ္ဂိုလ်တစ်ဦးမှန်း သိထားသောကြောင့် ချက်ချင်းပင် ခွဲစိတ်မှုစတင်ကြတော့သည်။

ချန်းကျီယောင်၏မိဘများ မတော်တဆမှုဖြစ်စဉ်အလုံးစုံကို စုံစမ်းသိရှိသွားချိန်တွင်တော့ ဒေါသထွက်လွန်း၍ ချင်ကျန်းကိုပင် ထထိုးတော့မတတ်ဖြစ်သွားကြသည်။ ချင်ကျန်းကြောင့်သာမဟုတ်လျှင် ကုရှောင်ရှောင်ကလဲ ချန်းကျီယောင်အား လမ်းလယ်ခေါင်သို့ တွန်းထုတ်လိုက်မည်မဟုတ်ပေ။ သို့ပေမည့် ချင်ကျန်း၏ဖခင်သည် ကမ္ဘာလှည့်ခရီးသွားဌာန၏ ဒုတိယဒါရိုက်တာဖြစ်သောကြောင့် ချန်းကျီယောင်၏မိဘများမှာ ချင်ကျန်းကို ထိခိုက်အောင် မလုပ်ရဲကြပေ။ ထို့အတွက်ကြောင့် ကုချင်းရှန်နှင့် သူတို့ဆက်ဆံရေးကောင်းကြသော်လည်း ကုရှောင်ရှောင်ကိုသာ သူတို့ဒေါသများအားလုံး စုံပုံချလိုက်ရန် ဆုံးဖြတ်လိုက်ကြသည်။

ကုချင်းရှန်၊ လင်းလိကျွမ်း နှင့် ကုချင်းယွမ်တို့သည်လဲ မကြာမီအချိန်မှာပဲ ရဲစခန်းသို့ ရောက်ရှိသွားကြသည်။ ဖြစ်စဉ်တစ်ခုလုံးကို သူတို့သိပြီးသွားချိန်တွင်တော့ ကုရှောင်ရှောင်၏အပြုအမူအတွက် စိတ်ဆိုးသွားကြသည်။ ကုရှောင်ရှောင် အခုလိုအသက်အရွယ်လေးနှင့် လူသတ်ရဲသည်ကိုလဲ အလွန်ထိတ်လန့် အံ့ဩနေမိကြသည်။ ထို့အပြင် အခြားမိန်းကလေးတစ်ဦးအား ကုရှောင်ရှောင် သတ်ဖို့ရန်ကြိုးစားခြင်းက ဒါပထမဆုံးအကြိမ်လဲ မဟုတ်တော့ပေ။

အရင်ဖြစ်ခဲ့သည့် ကိစ္စတုန်းကတော့ ကုရှောင်ရှောင် အောင်အောင်မြင်မြင်ဖြင့် လွတ်မြောက်လာနိုင်ခဲ့သောကြောင့် အခုလိုရဲစခန်းရောက်ရသည့် ကြောက်ရွံ့ဖွယ်အခြေအနေအားမခံစားဖူးလိုက်ပေ။ ကုချင်းရှန်နှင့် လင်းလိကျွမ်းတို့ ရောက်လာသည်ကိုမြင်သည်နှင့် ကုရှောင်ရှောင် မျက်ရည်များကျဆင်းလာခဲ့ကာ၊

“အဖေ၊ အမေ၊ သမီးကို ဒီကထုတ်ပေးပါ။”

“ချင်းရှန်၊ တစ်ခုခုကြံပါဦး။ ရှောင်ရှောင်ကို ထုတ်ပေးပါ။” လင်းလိကျွမ်းသည် ဆွေမျိုးသားချင်းများရှေ့တွင် မည်သို့ကြွားဝါမောက်မာရမည်လဲဆိုသည်ကိုသာသိပြီး အခက်အခဲများကို မည်သို့ဖြေရှင်းရမလဲဆိုသည်ကိုတော့ လုံးဝမစဉ်းစားတတ်ပေ။

ကုချင်းရှန်သည်လဲ သူသာ ဤကိစ္စကို သေချာမကိုင်တွယ်နိုင်ခဲ့လျှင် ကုရှောင်ရှောင် ထောင်ထဲတွင် နှစ်အတော်ကြာ နေသွားရမည်မှန်း နားလည်သောကြောင့် ချန်းကျီယောင်၏ဖခင်ကို ဖုန်းဆက်ကာ တောင်းပန်ရင်း လျော်ကြေးကိစ္စဆွေးနွေးတော့သည်။ သူက ချန်းကျီယောင်၏ဖခင်ကို ဤကိစ္စအား ရည်ရွယ်ကြံစည်ခြင်းမျိုးမဟုတ်ဘဲ မတော်တဆမှုတစ်ခုအဖြစ်သာ သဘောထားရန် တောင်းပန်ခယခဲ့သည်။ ဤသို့ဖြင့် ကုရှောင်ရှောင် ထောင်မကျသွားစေရန် ဖြစ်သည်။

ထိုအခါ ချန်းကျီယောင်၏ဖခင်က၊

“ကုချင်းရှန်၊ လျော်ကြေးက ဘာမှအရေးမပါဘူး မင်းသမီးကိုပဲ ထောင်ထဲထည့်ပစ်မယ်။” ထိုသို့ပြောပြီးသည်နှင့် ဖုန်းချသွားတော့သည်။

“ဘယ်လိုလဲ? ဘယ်လိုဖြစ်သွားပြီလဲ?” လင်းလိကျွမ်းက စိုးရိမ်ပူပန်စွာဖြင့်မေးလိုက်သည်။

***

အခန်း ၄၆၈

သွေးအေးတယ်လား?

“ချန်းလန်ဝေ့က ရှောင်ရှောင့်ကို ထောင်ထဲထည့်ပစ်မယ်လို့ပြောတယ်။” ကုချင်းရှန် စိတ်ပျက်စွာဖြင့် ပြန်ဖြေလိုက်သည်။

“ဘာပြောတယ်?” လင်းလိကျွမ်း အလွန်ထိတ်လန့်သွားကာ ကြမ်းပြင်ပေါ်သို့ လဲကျတော့မတတ်ပင်။ ကံကောင်းစွာဖြင့် သူမနောက်တွင်ရပ်နေသည့် ကုချင်းယွမ်က ချက်ချင်းထိန်းထားပေးခဲ့သည်။

“အဖေ၊ သမီးထောင်ထဲမသွားချင်ဘူး။ သမီးကို ကူညီပေးပါ။” ထောင်ချမည်ဟုအသံကြားလိုက်သည်နှင့် ကုရှောင်ရှောင် ကြောက်လန့်တကြား ငိုကြွေးတော့သည်။

“ဘာ၊ ထောင်ထဲမသွားချင်ဘူး? ဒါဆို ကျီယောင်ကို လမ်းပေါ်မတွန်းထုတ်ခင်တုန်းက ဘာလို့ ဖြစ်လာမယ့် ပြဿနာကို ဦးဏှောက်က မစဉ်းစားတာလဲ?” ကုချင်းရှန်မှာ ကုရှောင်ရှောင်ကို စိတ်ဆိုးလွန်းပြီး ရိုက်ပင် ရိုက်ပစ်ချင်လာခဲ့သည်။

“ကျွန်မတို့ အခုဘယ်လိုလုပ်ကြမလဲ? ရှောင်ရှောင့်ကို ဒီတိုင်းထောင်ထဲတော့ မထည့်လိုက်နိုင်ဘူးလေ။” လင်းလိကျွမ်းမေးမြန်းလိုက်သည်။

“ငါကဘာလုပ်နိုင်မှာလဲ? ချန်းလန်ဝေ့က ညှိနှိုင်းဖို့ကို ငြင်းလိုက်တယ်လေ၊ ပြီးတော့ ဒါမတော်တဆမှုသပ်သပ်လဲ မဟုတ်ဘူး။” ဤအခြေအနေကို မည်သို့ဖြေရှင်းရမည်မှန်း မတွေးတတ်တော့၍ ကုချင်းရှန်မှာ စိတ်လဲမရှည်နိုင်တော့ပေ။

“ဟုတ်သားပဲ၊ ကုမန့်ကို ဖုန်းဆက်လိုက်။ သူက အမျိုးသမီးဟောင်နဲ့သိတယ်မလား? ဟောင်မိသားစုသာဆိုရင် ရှောင်ရှောင့်ကို ကာကွယ်ပေးဖို့အလွယ်လေးပဲ။” လင်းလိကျွမ်း ရုတ်တရက် ကုမန့်ကိုတွေးလိုက်မိကာ ကုချင်းရှန်ကို ကုမန့်အား ဖုန်းဆက်ရန်ပြောလိုက်သည်။

ကုမန့်က ကူညီပေးဖို့ သဘောတူပါ့မလားကို ကုချင်းရှန်မသိသော်လည်း အခုလို ဘာမှကြံမရတော့သည့်အချိန်တွင် သူမကိုဖုန်းဆက်ကြည့်ရုံသာ ကျန်တော့လေသည်။

ကုချင်းရှန် ငွေချေးဖို့ ဖုန်းဆက်ခြင်းဖြစ်မည်ဟု ကုမန့်တွေးမိသော်လည်း တခြားတစ်ခုခုပြောလာနိုင်သောကြောင့် သူမဖုန်းပြန်ဖြေလိုက်သည်။

ကုရှောင်ရှောင်ဖြစ်ခဲ့သမျှကို ကုမန့်ကြားပြီးချိန်တွင်တော့ အလွန်အံ့အားသင့်သွားခဲ့ရသည်။ သို့ပေမည့် ကုချင်းရှန်၏တောင်းဆိုချက်ကိုတော့ တုံ့ဆိုင်းခြင်းမရှိ ချက်ချင်း ငြင်းဆိုလိုက်လေသည်။

“ကုမန့်၊ မင်းသွေးအေးလှချည်လား?” ကုချင်းရှန်၏ ဒေါသများပေါက်ကွဲထွက်လာတော့သည်။

“မင်းငါ့ကို ငွေချေးဖို့လဲ ငြင်းတယ်၊ ဒါပေမယ့် ရှောင်ရှောင် ဒုက္ခရောက်နေတဲ့အချိန်မှာပါ မင်းက ဘယ်လိုလုပ်ဘေးထွက် နေနိုင်တာလဲ?”

ကုချင်းရှန်၏အမြင်တွင်တော့ ကိစ္စအားလုံး ကုမန့်၏အမှားချည်းသာ။ ကုမန့်လဲ အလွန်ဒေါသထွက်သွားကာ စိတ်ဆိုးမာန်ဆိုးဖြင့် ပြန်အော်တော့သည်။

“ကုချင်းရှန်၊ နင်တို့မိသားစုတစ်ခုလုံး အရှက်မဲ့ပြီး တစ်ကိုယ်ကောင်းဆန်လွန်းတယ်ဆိုတာ သိရဲ့လား? ကုရှောင်ရှောင်က အပြစ်ကျူးလွန်ခဲ့လို သူနဲ့ထိုင်တဲ့ ပြစ်ဒဏ်ခံရသင့်တယ်။ အရင်တစ်ခေါက် သူ့ဝမ်းကွဲက နင်းနင်းကို ထိခိုက်အောင်လုပ်တုန်းကတည်းက သူ့ကို ထောင်ထဲထည့်လိုက်သင့်နေပြီ။ ငါတို့က ဆွေးမျိုးဖြစ်နေလို့သာ ငဲ့ညှာတဲ့အနေနဲ့ သူ့ကို တရားမဆွဲခဲ့တာ။ ဒီလိုတရားခံကို ဟောင်မိသားစုက ကူညီလိမ့်မယ်လို့ ဘယ်လိုများတွေးလိုက်တာလဲ။”

ထို့နောက်တွင်တော့ ကုမန့်ချက်ချင်းဖုန်းချလိုက်သည်။ ကုချင်းရှန်မှာ ထိုစကားများကြောင့် ဖုန်းကိုပင် ပေါက်ခွဲမိလုမတတ် ဒေါသထွက်သွားရသည်။

“ဘယ်လိုလဲ? သူသဘောတူလိုက်လား?” ကုချင်းရှန်၏အမူအရာအရာ အဖြေစကားကို လင်းလိကျွမ်း ခန့်မှန်းမိပြီဖြစ်သော်လည်း လက်မခံနိုင်ဘဲ ကုမန့်က ကူညီပေးလိမ့်မည်ဟုသာ မျှော်လင့်နေခဲ့သည်။

ကုချင်းရှန်နှင့် ဖုန်းပြောပြီးနောက်တွင်တော့ ကုရှောင်ရှောင်လုပ်ခဲ့သမျှကို ဘေးအိမ်တွင်နေသည့် ကုချင်တို့မိသားစုအား ကုမန့်ပြန်ပြောလိုက်သည်။

ကုချင်နှင့် ကျန်းရွှီလဲ ထိတ်လန့်အံ့ဩမိသွားပေမည့် ကုရှောင်ရှောင်အပေါ် မသနားမိပေ။ ဘယ်လိုပြဿနာမျိုးကြောင့် ကုရှောင်ရှောင်က တစ်ဖက်မိန်းကလေးအား လမ်းပေါ်တွန်းထုတ်သည်အထိ ဖြစ်သွားလဲကို သူတို့သေချာမသိသော်လည်း ကုရှောင်ရှောင်က ရည်ရွယ်ချက်ရှိရှိဖြင့် ပြစ်မှုကျူးလွန်သည်ကိုတော့ ငြင်းမရပေ။ ချန်းကျီယောင်၏မိဘများက သူမကို ခွင့်မလွှတ်ပေးသ၍ သေချာပေါက် ထောင်ကျပေလိမ့်မည်။

သူတို့အနေဖြင့် အပြစ်သားတစ်ယောက်အပေါ် သနားစိတ်ဝင်မိမည်မဟုတ်သလို အရင်တုန်းက ကုရှောင်ရှောင် ကုနင်းအပေါ် လုပ်ခဲ့သည့်လုပ်ရပ်များကြောင့် ပိုလို့ပင် မသနားမိပေ။ ထို့ကြောင့် ကုချင်းရှန်က ကုချင်နှင့်ကျန်းရွှီအား ဖုန်းခေါ်လာချိန်တွင် သူတို့ကပြန်မဖြေသောကြောင့် ကုချင်းရှန်အလွန်ဒေါသထွက်ရပေမည့် ဘာမှတော့ မလုပ်နိုင်ခဲ့ပေ။ ထို့အပြင် ကုချင်းရှန်က လက်မလျှော့သေးဘဲ ကုချင်းယန်ကိုပါ ဖုန်းဆက်ခဲ့သည်။ သူက ကုချင်းယန်ကို အကူအညီတောင်းပြီး ကုမန့်ကိုတောင်းဆိုပေးစေလိုခြင်းဖြစ်သည်။ ကုချင်းယန်သည်လဲ ထိုထိတ်လန့်စရာသတင်းကို ကြားပြီးနောက်တွင် အလွန်အံ့အားသင့်သွားခဲ့သည်။ ကုရှောင်ရှောင်သည် အပြစ်ကျူးလွန်သူတစ်ယောက်ဖြစ်နေပြီဖြစ်သလို ကုချင်းယန်ကလဲ အစိုးရဝန်ထမ်းတစ်ယောက်ဖြစ်ပြီးကတည်းက ထိုသို့အပြစ်ကိုရှောင်ပြေးသူများကို မုန်းတီးခဲ့သောကြောင့် အချိန်တစ်ခုထိတုန့်ဆိုင်းနေပြီးနောက် ကုချင်းရှန်၏တောင်းဆိုချက်ကို ငြင်းဆန်လိုက်သည်။

ယခင် ကုနင်းအပေါ် ကုရှောင်ရှောင် ပြုလုပ်ခဲ့သည့် ကိစ္စအား ကုချင်းယန် သိပြီးကတည်းက ကုရှောင်ရှောင်ကို သဘောမကျတော့ခြင်းဖြစ်သည်။ ကုချင်းရှန်သည် ကလေးများ ပျက်ဆီးသည်အထိ အလိုလိုက်ထားသောကြောင့် ဤသို့ ဥပဒေမဲ့ လုပ်ရပ်များလုပ်နေခြင်းဖြစ်သည်။ တစ်ချိန်တည်းတွင်ပဲ ကုချင်းယန်မှာ သူ့ကလေးများကိုလဲ ကုရှောင်ရှောင်ကဲ့သို့သော အမူအကျင့်များမရှိလာစေရန်အတွက် ကောင်းကောင်းမွန်မွန်ဆုံးမရန် သတိရသွားတော့သည်။

ကုချင်းရှန်က ကုချင်းယန်အား ဆဲဆိုအော်ဟစ်ပေမည့် ဘာမှတော့ လက်တွေ့သွားမလုပ်နိုင်ပေ။ အဆုံးတွင်တော့ ကုချင်းရှန်မှာ ဆေးရုံသို့သွားကာ ချန်းကျီယောင်၏မိဘများအား ကိုယ်တိုင်ကိုယ်ကျသွားရောက် တောင်းပန်ရတော့သည်။

စိတ်မကောင်းစရာပင် ချန်းကျီယောင်၏မိဘများမှာ ညှိနှိုင်းဆွေးနွေးဖို့ရန် ငြင်းဆိုနေစဲဖြစ်သောကြောင့် ကုချင်းရှန်မှာ တရားရုံးမှ ရလဒ်ပြောင်းလဲနိုင်ဖို့ရန်အတွက် မျှော်မှန်းကာ သူတတ်နိုင်သလောက် အကောင်းဆုံးရှေ့နေတစ်ဦဂ ငှားရန်သာ ရှိတော့သည်။

ကုချင်းယန်မှာ ကုချင်းရှန်၏အတောင်းဆိုချက်ကို ငြင်းခဲ့သော်လည်း ကုချင်ကို ဖုန်းဆက်ကာ ထိုကိစ္စများအား ပြန်ပြောပြသေးသည်။

ကုချင်ကတော့ တည်ငြိမ်စွာဖြင့်၊

“နင်ကတော့ ငါတို့ကိုသွေးအေးတယ်လို့ ထင်မှာပေမယ့် ငါတို့မှာလဲ အကြောင်းပြချက်ကောင်းရှိတယ်။ ကုရှောင်ရှောင် နင်းနင်းကိုလုပ်ခဲ့တဲ့ကိစ္စအတွက် ငါတို့သူ့ကို တရားမဆွဲပေမယ့် သူကတော့ သူလုပ်ခဲ့တဲ့ပြစ်ဒဏ်ပြန်ရသွားတာပဲ။ တကယ်လို့ သူလုပ်ခဲ့သမျှကိစ္စတိုင်းအတွက် ပြစ်ဒဏ်မခံရဘူးဆိုရင် ဒီကိစ္စတွေကနေ သူသင်ယူနိုင်မှာမဟုတ်ဘူး။ နင်ရှောင်မန့်အစား ငါ့ကိုဖုန်းဆက်လိုက်တာ ကံကောင်းတယ်။ နင်သာ ရှောင်မန်ကို ဖုန်းဆက်ပြီး ဒီအကြောင်းပြန်အစဖော်ပေးလိုက်ရင် သူနာကျင်နေမှာ။ အခုဆို နင်းနင်းအရမ်း အောင်မြင်နေပြီမှန်း နင်လဲသိသားပဲ။ နင်သာ ငါတို့ကို နင့်မိသားစုဝင်အဖြစ် အမှန်တကယ်ဆက်ဆံရင် နောင်အနာဂါတ်မှာ နင်ဘာပြဿနာပဲဖြစ်ဖြစ် ငါတို့ကူညီပေးမယ်။”

“ငါနားလည်ပါတယ်။” ကုချင်းရှန်လဲ ကုနင်း၏အရည်အချင်းအရ သူတို့ကို အလွယ်လေးကန်ထုတ်နိုင်ကြောင်း သေချာသိထား၍ သူမကို စိတ်အနှောင့်အယှက်မပေးလိုပေ။ ထို့အပြင် သူကုမန့်နှင့်ကုချင်အား အနှောင့်အယှက်ပေးမိသော်လည်း ရည်ရွယ်ချက်ရှိရှိဖြင့် ထိခိုက်နာကျင်အောင်မလုပ်ခဲ့မိသည့်အပေါ်ကိုလဲ ကံကောင်းသည်ဟု ခံစားနေမိသည်။ ထို့အပြင် ကုနင်းကလဲ သူတို့ကိုခွင့်လွှတ်ပေးခဲ့သည်။ ကုချင်းယန်နှင့် သူ့ဇနီးသည် သာမာန်အစိုးရဝန်ထမ်းများသာဖြစ်၍ သူတို့တွင် ငွေအားရော အာဏာပါမရှိပေ။

ချန်းကျီယောင်မှာ သူမ၏မျက်နှာကို ဒဏ်ရာရသွားသလို ခြေနှစ်ဖက်လုံးလဲ ကျိုးသွားခဲ့သည်။ သူမမျက်နှာကိုတော့ ပလက်စတစ်ဆာဂျရီလုပ်ကာ ပြန်လည်ပြုပြင်၍ရသော်လည်း ထပ်မံပြီးတော့ လမ်းလျှောက်နိုင်တော့မည်မဟုတ်ပေ။ ထို့အတွက်ကြောင့် သူမမိဘများမှာ ကုရှောင်ရှောင်အား သေချာပေါက် ထောင်ချဖို့ရန် ဆုံးဖြတ်လိုက်တော့သည်။

ကုနင်းတို့သူငယ်ချင်းအဖွဲ့သည်တော့ သတင်းများကို ဆက်ကြည့်မနေတော့ဘဲ ပျော်ပါးနေကာ ည၁၂နာရီထိုးခါနီးလောက်မှပဲ အိမ်ပြန်ဖြစ်ကြတော့သည်။

“မုခယ်၊ နင်မီရှီ့ကို အိမ်ပြန်ပို့ပေးလို့ရလား?” ကုနင်းက သူတို့၏ကိုယ်ရေးကိုယ်တာကိစ္စကို ကြားဝင်စွက်ဖက်မည်မဟုတ်သော်လည်း သူတို့နှစ်ယောက်တည်း အတူရှိနိုင်ရန်အတွက်တော့ အခွင့်ရေးဖန်တီးပေးချင်လေသည်။ ထိုသို့ဖြင့် သူတို့ အဆင့်တစ်ဆင့်လောက်တိုးသွားနိုင်လေသည်။

“ရပါတယ်။” မုခယ်ကတော့ သေချာပေါက် ထိုသို့အခွင့်ရေးမျိုးကို မငြင်းပေ။ သို့သော်လည်း ကုနင်းက သူယွီမီရှီအပေါ်ထားသည့် ခံစားချက်အား သိသွားလောက်ပြီမှန်း သိလိုက်သောကြောင့် အလွန်စိတ်လှုပ်ရှားသွားရသည်။ ယွီမီရှီသည်တော့ နောက်ကွယ်မှအကြောင်းရင်းများကို မသိသောကြောင့် မုခယ်အိမ်ပြန်လိုက်ပို့ပေးမည်ကို သဘောတူလိုက်ကာ သူတို့တက္ကစီတစ်စီးပေါ်တက်သွားလိုက်သည်။

မုခယ်နှင့်ယွီမီရှီတို့ တက္ကစီနှင့်ထွက်သွားပြီဆိုတော့မှ ဟောင်ရန်က ပြုံးလိုက်ရင်း၊

“ဘော့စ် မင်း သူတို့အတွက် အခွင့်ရေးဖန်တီးပေးလိုက်တာမဟုတ်လား?” ဤက မေးခွန်းသက်သက်သာဖြစ်သော်လည်း အဖြေကိုတော့ သူသိထားပြီးပြီဖြစ်သည်။

“မီရှီကတော့ သူ့အပေါ် မုခယ်ဘယ်လိုခံစားချက်ရှိနေလဲကို မသိဘူးလို့ထင်တယ်။ ငါကတော့ သူတို့ အမှန်တကယ်တွဲသွားနိုင်ဖို့ မျှော်လင့်မိတယ်။” ချူးဖေ့ဟန်ပြောလိုက်သည်။ သူတို့က အခုချိန်တွင် ငယ်ရွယ်သေးကြပြီး လက်ထပ်ဖို့ မိသားစုတစ်ခုတည်ဆောက်ဖို့ဆိုသည်က အလှမ်းဝေးလွန်းသောကြောင့် ဘယ်သူမှနောက်အနာဂါတ်တွင် မည်သို့မည်ပုံဖြစ်လာမလဲဆိုသည်ကို မသိကြပေ။ မုခယ်နှင့်ယွီမီရှီသာ တွဲပြီးမှပြတ်သွားကြလျှင် ပြတ်ပြီးသားစုံတွဲက ဆက်ပြီး သူငယ်ချင်းအဖြစ်နေနိုင်သည်က ရှားလွန်းသောကြောင့် တစ်ယောက်ကတော့ သူတို့အဖွဲ့ထဲမှထွက်သွားနိုင်ပေသည်။

***

အခန်း ၄၆၉

ရန်သူတွေက တစ်ခါတလေ တစ်ယောက်လမ်း တစ်ယောက် ကြားဝင်မိတတ်ကြတယ်

“ဘာပဲဖြစ်ဖြစ် ဖြစ်ချင်တာတွေကတော့ ဖြစ်သွားမှာပါပဲ။” ကုနင်းပြောလိုက်မိသည်။ အနာဂါတ်လမ်းကြောင်းဆိုသည်မှာ အပြောင်းအလဲများစွာရှိနေပြီး ကိုယ်တိုင်စီစဉ်ထားသလိုမျိုး မပြောင်းမလဲ ဖြစ်တည်သွားပါမည်ဟု မပြောနိုင်သောကြောင့် အလိုက်သင့်လေးသာ ကံကြမ္မာအလိုကျ နေပေးလိုက်ခြင်းက အကောင်းဆုံးဖြစ်သည်။

ယွီမီရှီသည်တော့ သူမအပေါ် မုခယ်စိတ်ဝင်စားနေခြင်းကိုမသိသောကြောင့် မုခယ်နှင့် နှစ်ယောက်တည်းအတူရှိနေရချိန်တွင်လဲ ရှက်ရွံ့သလို နေရခက်သလိုမဖြစ်မိပေ။ မုခယ်သည် ငယ်ရွယ်သေးပေမည့် ချောမောကာ တည်ငြိမ်မှုအပြည့်ရှိသည်။ ယွီမီရှီသာ သူမမုခယ်အပေါ် နည်းနည်းလေးတောင် ခံစားချက်မရှိဖူးပါဘူးဆိုလျှင်တော့ သေချာပေါက် အလိမ်အညာပင်ဖြစ်ပေသည်။ သို့ပေမည့် သူမတို့နှစ်ယောက်ကြားမှ ကြီးမားလှသည့် ကွာခြင်းချက်ကို သိသောကြောင့်သာ မုခယ်နှင့် သူမအတူရှိနေနိုင်မည့် အနာဂါတ်မျိုးကို ကိုယ်တိုင်စိတ်ကူးယဉ်ခွင့်ပင် မပေးထားခဲ့ခြင်းဖြစ်သည်။

လမ်းတစ်လျှောက် သူမတို့နှစ်ယောက် စကားမပြောဖြစ်ခဲ့ကြပေ။ သို့ပေမည့် သူတို့အိမ်သို့ရောက်ချိန်တွင်တော့ ယွီမီရှီ ကားပေါ်မှဆင်းကာ သူမအိမ်လှေကားနားသို့သွားသည့်နောက် မုခယ်လိုက်သွားခဲ့သည်။

“ကျေးဇူးပါ။” ယွီမီရှီစပြောလိုက်သည်။

“မလိုပါဘူး၊ ကောင်းသောညပါ။” မုခယ်ပြန်နှုတ်ဆက်လိုက်သည်။

ယွီမီရှီအတွက် အခုလိုမျိုး ယောကျ်ားလေးတစ်ဦးက ကောင်းသောညပါဟု ပြောခြင်းသည် မုခယ်က ပထမဆုံးဖြစ်သောကြောင့် နှလုံးခုန်နှုန်းမြန်ဆန်သွားရသည်။

“ကောင်းသောညပါ။” ယွီမီရှီလဲ ပြန်နှုတ်ဆက်ကာ အပေါ်ထပ်သို့တက်သွားတော့သည်။

မုခယ်သည်တော့ ယွီမီရှီ သူ၏မြင်ကွင်းမှပျောက်သွားသည်အထိ စောင့်ကြည့်ပြီးကာမှ ပြန်ထွက်လာခဲ့သည်။

……

ကုနင်းအိမ်ပြန်ရောက်ချိန်တွင် ကုမန့်မှာ အခုထိမအိပ်သေးပေ။ ကုနင်းလဲ သူမမိခင်၏စိတ်ခံစားချက်မကောင်းနေမှန်း ခန့်မှန်းမိလိုက်သည်။

“အမေ၊ ဘာဖြစ်လို့လဲ?” ကုနင်း စိုးရိမ်ပူပန်စွာဖြင့် မေးလိုက်သည်။

ထို့နောက် ကုမန့်လဲ ကုရှောင်ရှောင်၏အကြောင်း သူမကြားထားသမျှကို ကုနင်းအားပြောပြလိုက်တော့သည်။

ကုနင်းသည် ထိုသတင်းကို ကြားထားနှင့်ပြီးဖြစ်သောကြောင့် အံ့ဩသွားခြင်းမရှိပေ။ သို့ပေမည့် ကုချင်းရှန်က ကုမန့်ကို ဖုန်းဆက်ရုံမက ဟောင်မိသားစုကိုပါ ကုရှောင်ရှောင်အား ကူညီပေးစေချင်နေသည့် အကြောင်းသည်တော့ အလွန်အဓိပ္ပါယ်မရှိလှသောကြောင့် ကုနင်းအလွန်အံ့အားသင့်သွားမိသည်။

“သူ့ကို လျစ်လျူရှုထားလိုက်ပါ၊ သမီးတို့ ဒီပြဿနာထဲ ဝင်ပါစရာမလိုဘူး။ ကုရှောင်ရှောင် သူနဲ့ ထိုက်တဲ့ ပြစ်ဒဏ်ခံစားရတာပဲ။” ကုနင်း ဖြစ်စဉ်အသေးစိတ်ကိုတော့ အရေးစိုက်စရာမလိုသောကြောင့် ကုမန့်အားမပြောပြနေတော့ပေ။

အချိန်ခနကြာပြီးနောက်တွင်တော့ ကုနင်းထံသို့ လင်ရှောင်းထင်ဖုန်းဆက်လာခဲ့သည်။ အခုက ည၁၂နာရီကျော်သွားပြီဖြစ်သောကြောင့် လင်ရှောင်းထင်က သူမကို မီးပုံးပွဲတော်အတွက် ပျော်ရွှင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးခြင်းဖြစ်သည်။ အခုချိန်ထိ ကုမန့်ကမအိပ်သေးသောကြောင့် ကုမန့်သံသယမဝင်သွားစေရန် ကုနင်းလဲ လင်ရှောင်းထင်နှင့် အချိန်အကြာကြီး ဖုန်းမပြောပေးနိုင်ခဲ့ပေ။

နောက်တစ်နေ့သည်တော့ မီးပုံးပွဲတော်နေ့ပင်ဖြစ်သည်။

မြို့တော်ရှိ၊ လင်မိသားစုအိမ်တော်ဟောင်းတွင်…..

ဆရာကြီးလင်တစ်ယောက် မနက်စောစောကတည်းက နိုးထလို့နေကာ အားအင်ပြည့်ဝကာ တက်ကြွလန်းဆန်းလို့နေသည်။ ထိုသို့ဖြစ်ရခြင်းမှာ မနေ့က လင်ရှောင်းထင် သူ့ကိုပေးခဲ့သည့် ဆေးလုံး၏အစွမ်းကြောင့်ဖြစ်မှန်းလဲ သိသောကြောင့် အလွန်အံ့အားသင့်နေရသည်။ ဆရာကြီးလင်က လင်ရှောင်းထင်ရှေ့တွင် ကုနင်းကို ဆက်လက်ချီးကျူးနေစဲဖြစ်သောကြောင့် လင်ရှောင်းထင်သည်လဲ အလွန်ကျေနပ်လို့နေလေသည်။ လင်ရှောင်းထင်မှာ သူ့ကို သူ့အဘိုးက မချီးကျူးသည့်အတွက်တောင်မှ မပျော်မရွှင်မဖြစ်ခဲ့ပေ။

ထို့နောက်တွင်တော့ ဆရာကြီးလင်က ချက်ချင်းပင် ဆရာကြီးကျန်းကို ဖုန်းဆက်လိုက်သည်။ ဆရာကြီးလင်မှာ သူ့သူငယ်ချင်းဟောင်းကြီးများရှေ့ ကြွားလုံးထုတ်ဖို့မအောင့်အီးနိုင်တော့ပေမည့် ထိုဆေးကို ကုနင်းဆီမှရကြောင်းကိုတော့ဖြင့် ဆရာကြီးကျန်းအား မပြောပြခဲ့ဘဲ သူ့ကျန်းမာရေးအတွက် အရမ်းအကျိုးထူးစေသည့် အထူးဆေးဝါးတစ်မျိုးရှိသည်ဟုသာ ဆရာကြီးကျန်းအား ပြောပြခဲ့သည်။

သို့ပေမည့် ဆရာကြီးကျန်းကတော့ စိုးရိမ်ပူပန်စွာဖြင့်၊

“အဘိုးကြီးလင်၊ အဲ့ဒီဆေးက ဘေးဥပါဒ်ကင်းတာ သေချာရဲ့လား? အရမ်းကြီးယုတ္တိမရှိဘူးနော်။” ဆရာကြီးကျန်းသည် ဆရာကြီးလင် အလိမ်ခံရမည်အား စိုးရိမ်နေမိသည်။

“သေချာပေါက် ဘေးကင်းတာပေါ့၊ ငါကငတုံးမှမဟုတ်တာ။” ဆရာကြီးလင် ပြန်ပြောလိုက်သည်။

“ငါတကယ်ကိုနေလို့ကောင်းပြီး အားအင်အပြည့်နဲ့ လန်းဆန်းနေတာပဲ။ အရင်ဆို ငါဆယ်နစ်ကျော်လောက် လမ်းလျှောက်ပြီးရင် မောနေပြီ၊ အခုတော့ ဒီမနက် ငါ့ခြံထဲမှာ နာရီဝက်လောက်လျှောက်တာတောင်မှ နည်းနည်းလေးတောင် မမောဘူး။ ပြီးတော့ စားချင်သောက်ချင်စိတ်တွေလဲ ဖြစ်လာတယ်။”

“တကယ်ပဲလား?” ဆရာကြီးကျန်းသည် သံသယဝင်နေမိသော်လည်း စူးစမ်းချင်နေမိပြန်သည်။ ထိုမျှအစွမ်းထက်သည့် ဆေးမျိုး သူတစ်ခါမှမကြားဖူးသောကြောင့် မယုံကြည်နိုင်ခဲ့ပေ။ တစ်ချိန်တည်းတွင်ပဲ သူမကြားဖူးသည့် ကိစ္စများစွာရှိနေမည်ဖြစ်ကြောင်းကိုလဲ နားလည်လေသည်။ ထို့ကြောင့် အလွန်စိတ်ဝင်စားနေမိသည်။

“ငါကမင်းကိုဘာကိစ္စနဲ့ ညာရမှာလဲ?” ဆရာကြီးလင်သည် ဒီအတိုင်းရိုးရိုးရှင်းရှင်းလေးသာ ကြွားလိုက်ချင်ပေမည့် သူ၏သူငယ်ချင်းက သာမာန်မဟုတ်ဘူးဟု တွေးနေသောကြောင့် အနည်းငယ် စိတ်ဆိုးလာမိသလို စိတ်လဲပျက်လာတော့သည်၊

“ထားလိုက်၊ မေ့လိုက်တော့။” ထိုသို့ပြောပြီးသည်နှင့် ဖုန်းချလိုက်တော့သည်။

အစကတော့ ဆရာကြီးလင်သည် ဆရာကြီးရှုထံပါ ဖုန်းဆက်ကာ ကြွားဝါဖို့ရန် စဉ်းစားထားခဲ့ခြင်းဖြစ်သော်လည်း အခုတော့ သူ့စိတ်အခြေအနေကောင်းအား ဆရာကြီးကျန်းက ဖျက်ဆီးလိုက်ပြီဖြစ်၍ အကြံအားပြန်ဖျက်လိုက်တော့သည်။

ဆရာကြီးလင်၏မိသားစုသည်လဲ ဆရာကြီးလင် ဘာကြောင့်များ ရုတ်တရက်ကြီး အားအင်အပြည့်ဖြင့် လန်းဆန်းတက်ကြွနေကာ စားချင်သောက်ချင်စိတ်များ ပြည့်နေလဲဆိုသည်ကို သိချင်နေကြပေမည့် ဆရာကြီးလင်က သူတို့ကို မပြောပြသောကြောင့် မည်သူမျှ အကြောင်းရင်းကို မသိနိုင်ကြပေ။

Fမြို့တွင်တော့ ကုနင်းသည် ကုချင်နှင့် ကုမန့်တို့နှင့်အတူ မနက်ပိုင်းတွင် ဟင်းချက်စရာပစ္စည်းများ ထွက်ဝယ်ခဲ့သည်။

နှစ်သစ်ကူးပွဲတော်နေ့တုန်းက ကုမန့်၏အိမ်တွင် သူတို့ဆင်နွှဲခဲ့ကြသောကြောင့် ဒီတစ်ခေါက် မီးပုံးပွဲတော်ကို ကုချင်၏အိမ်တွင် ကျင်းပရန် ဆုံးဖြတ်ထားကြသည်။

သူမတို့အပြင်ထွက်လာသည်နှင့် သူတို့ကို တစ်ယောက်ယောက် စောင့်ကြည့်နေကြောင်း ကုနင်းခံစားလိုက်မိကာ တစ်ခါတည်းပဲ ထိုစောင့်ကြည့်နေသည့်လူ မည်သူဖြစ်မှန်းလဲ သူမသိလိုက်သည်။ သူအခုထိဒီမှာရှိနေသေးတာလား? မီးပုံးပွဲတော်အတွက် အိမ်မပြန်ဘူးလား? ကုနင်း သူမဘာသာ တွေးလိုက်မိကာ ရုတ်တရက် ထန်ယွင်ဖန်းအတွက် စိတ်မကောင်းဖြစ်မိသွားရသည်။ သူမလဲ ထန်ယွင်ဖန်းအား မီးပုံးပွဲတော်အချိန်အခါကို သူမတို့နှင့်အတူ ကုန်ဆုံးရန်အတွက် ဖိတ်ခေါ်ချင်ပေမည့် အခုက အချိန်ကောင်းမဟုတ်သေးပေ။

ကုချင်းရှန်၏အိမ်တွင်တော့ ကုရှောင်ရှောင်၏ကိစ္စကြောင့် အဆိုးရွားဆုံး မီးပုံးပွဲတော်နေ့တစ်နေ့ဖြစ်လို့နေသည်။ ကုရှောင်ရှောင်၏အမှုအတွက် မနက်အစောကတည်းက ကုချင်းရှန်သည် ရှေ့နေထံသို့သွားကာ အကြံဉာဏ်တောင်းခံခဲ့သော်လည်း ရှေ့နေ၏အဖြေကတော့ ချန်းမိသားစုကသာ ညှိနှိုင်းဖို့ရန် ဆန္ဒမရှိလျှင် ကုရှောင်ရှောင် သေချာပေါက် ထောင်ကျမည်ဟုသာ ဖြစ်သည်။

ထိုအဖြေစကားအား ကြားရတော့ ကုချင်းရှန်သည် မျှော်လင့်ချက်လုံးဝမဲ့သွားပြီမှန်း သိသွားပေမည့် ကုရှောင်ရှောင် ထောင်ဒဏ်လျှော့ပေါ့စေရန်အတွက် အကောင်းဆုံးကြိုးစားနေစဲဖြစ်သည်။

ချောင်ဝမ်ရှင်းတို့မိသားစုသည်တော့ ဤနှစ်မီးပုံးပွဲတော်ကို သူမအဒေါ်၏အိမ်တွင် ကုန်ဆုံးကြမည်ဖြစ်၍ မနက်စာစားပြီးသည်နှင့် အိမ်မှထွက်လာခဲ့ကြသည်။

သို့ပေမည့် ချောင်ဝမ်ရှင်း သူမအဒေါ်၏အိမ်ထဲသို့ဝင်လိုက်သည်နှင့် ဆိုဖာထက်တွင် ထိုင်နေသည့် အမျိုးသားတစ်ဦးကို သတိထားမိလိုက်သည်။

ရှင်းပိုင်! သူကဘယ်လိုလုပ်ဒီမှာရှိနေရတာလဲ? ဆိုဖာပေါ်တွင် ထိုင်နေသည့် အမျိုးသားမှာ ရှင်းပိုင်ပင်ဖြစ်သည်။

ရှင်းပိုင်က သူ့ဦးလေးအိမ်သို့သွားလည်မည်ဟုပြောခဲ့ခြင်းဖြစ်ပေမည့် ဤအိမ်တွင်ရှိနေခဲ့သည်။ ဒါဆိုဖြစ်နိုင်တာက… သူမ၏ဦးလေးက သူ့ရဲ့ဦးလေးပဲပေါ့! ဘုရားရေ! ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!

ချောင်ဝမ်ရှင်းမှာ မနေ့က လေယာဉ်ပေါ်တွင်ဖြစ်ပျက်ခဲ့သည်များကိုပါ ပြန်တွေးမိသွားတော့ ရူးတော့မလိုပင်ဖြစ်သွားရသည်။ ယခုအချိန်တွင် သူမချက်ချင်းကို ထွက်ပြေးသွားလိုက်ချင်သည်။

ရှင်းပိုင်သည်လဲ ချောင်ဝမ်ရှင်းပေါ်လာသောကြောင့် ကြောင်အနေခဲ့သည်။ မမျှော်လင့်ထားစွာဘဲ ချောင်ဝမ်ရှင်းသည် သူ့အဒေါ်၏မောင်ကမွေးသော သမီးဖြစ်နေသည်။ ရှင်းပိုင်လဲ မနေ့က လေယာဉ်ပေါ်တွင် ဖြစ်ပျက်ခဲ့သည်များအား ပြန်တွေးမိသွားကာ နေရခက်သွားသောကြောင့် ချက်ချင်းပင် မျက်နှာလွှဲလိုက်ကာ ချောင်ဝမ်ရှင်းအား မသိချင်ယောင်ဆောင်နေလိုက်သည်။

“ဝမ်ကျွင်း၊ ဝမ်ရှင်း၊ လာကြလေ၊ မိတ်ဆက်ပေးရဦးမယ်။ ဒါကငါ့ဝမ်းကွဲညီ၊ ရှင်းပိုင်တဲ့။” ရှင်းပိုင်အနားတွင်မတ်တပ်ရပ်နေသည့် အသက်၃၀အရွယ်အမျိုးသားက ချောင်ဝမ်ကျွင်းနှင့် ချောင်ဝမ်ရှင်းအားပြောလိုက်ကာ တစ်ဖန် ရှင်းပိုင်ဘက်သို့လှည့်ပြီး၊

“သူတို့ကလဲ ငါ့ရဲ့ဝမ်းကွဲတွေပဲ၊ ချောင်ဝမ်ကျွင်းနဲ့ ချောင်ဝမ်ရှင်းတဲ့။”

မိတ်ဆက်ပေးနေသည့် အမျိုးသား၏နာမည်မှာ ရှင်းချန်ဖြစ်ကာ ရှင်းပိုင်၏ဦးလေးဖြစ်သလို ချောင်ဝမ်ကျွင်းနှင့် ချောင်ဝမ်ရှင်းတို့၏ဦးလေးလဲဖြစ်သူ၏ သားပင်ဖြစ်သည်။

“တွေ့ရတာဝမ်းသာပါတယ်!”

“တွေ့ရတာဝမ်းသာပါတယ်!”

ရှင်းပိုင်က ချောင်ဝမ်ကျွင်းကိုသာ နှုတ်ဆက်လိုက်ပြီး ချောင်ဝမ်ရှင်းကိုတော့ လျစ်လျူရှုထားလိုက်သည်။ ကံကောင်းစွာဖြင့် ထိုအခြေအနေအား သူတို့ချင်းကလွဲ၍ အခြားလူများသတိမထားမိလိုက်ကြပေ။

“အစ်ကိုချန် အစ်မဝေကော ဘယ်မှာလဲ?” ချောင်ဝမ်ရှင်းက ထိုနေရာတွင် ဆက်မနေနိုင်တော့၍ သူမအစ်ကိုဝမ်းကွဲ၏ဇနီးထံသို့ စကားလမ်းကြောင်းလွှဲလိုက်သည်။

“သူက ကလေးနဲ့အပေါ်ထပ်မှာ။” ရှင်းချန်ပြန်ဖြေလိုက်သည်။

“ဒါဆို အစ်မဆီသွားလိုက်ဦးမယ်။” ပြောပြီးသည်နှင့် တပြိုင်နက် ချောင်ဝမ်ရှင်း အသက်ဘေးမှ ထွက်ပြေးသလိုမျိုး အပေါ်ထက်သို့ ပြေးတက်သွားတော့သည်။

ရှင်းချန်ရော ချောင်ဝမ်ကျွင်းပါ ယနေ့ ချောင်ဝမ်ရှင်း ထူးဆန်းနေသည်ဟု ခံစားမိပေမည့် ရှည်ရှည်ဝေးဝေးတွေးမနေခဲ့ကြပေ။ အမျိုးသားများကတော့ အောက်ထပ်တွင်ပင် ထိုင်ကာ စကားဝိုင်းဖွဲ့ကြတော့သည်။

***

အခန်း ၄၇၀

ဘယ်သူက လူဆိုးလဲ?

ရှင်းချန်သည် နိုင်ငံရေးလောကတွင် လုပ်သူဖြစ်ပြီး ရှင်းပိုင်သည်တော့ စစ်ထဲတွင် တာဝန်ထမ်းဆောင်သူဖြစ်ကာ ချောင်ဝမ်ကျွင်းသည်တော့ ရဲအရာရှိတစ်ဦးဖြစ်လေသည်။ သူတို့ထဲတွင် ရှင်းပိုင်က အောင်မြင်မှုအများဆုံးဖြစ်ပေမည့် အခြားလူများကတော့ သူ့ကို သာမာန် တပ်ဖွဲ့မှ ဒုတိယဗိုလ်မှူးကြီးတစ်ဦးအဖြစ်သာ သိထားကြသည်။ သူက မီးတောက်နီအဖွဲ့ဝင်တစ်ယောက်ဖြစ်သည့် အကြောင်းကတော့ လျှို့ဝှက်ချက်ကြီးတစ်ခုဖြစ်၍ လူအနည်းငယ်ကသာ သိထားကြသည်။

ချောင်ဝမ်ကျွင်းသည် ရှင်းပိုင်အကြောင်းကို ရှင်းချန်မှတဆင့် ကြားဖူးထားပြီးဖြစ်ကာ အလွန်လေးစားမိပြီးဖြစ်ပေမည့် အကြောင်းအမျိုးမျိုးကြောင့် သူတို့ချင်း ယခုမှသာ ပထမဆုံးအကြိမ် တွေ့ဆုံဖူးကြခြင်းဖြစ်သည်။

“ရှင်းပိုင်၊ မင်းလဲ ချစ်သူလေးဘာလေးရှိရမယ့် အရွယ်ရောက်နေပြီနော်။ မင်းဝမ်ရှင်းကို ဘယ်လိုသဘောရလဲ?” ရှင်းချန်က ရုတ်တရက်ကြီး ရှင်းပိုင်အားမေးလိုက်သည်။ တကယ်တော့ ရှင်းချန်သည် ယနေ့မီးပုံးပွဲတော်တွင် ရှင်းပိုင်ကို ချောင်ဝမ်ရှင်းနှင့် မိတ်ဆက်ပေးရန်အတွက် အစကတည်းက ရည်ရွယ်ထားခဲ့ခြင်းဖြစ်သည်။

ရှင်းချန်၏အမြင်တွင်တော့ ရှင်းပိုင်သည် အောင်မြင်မှုရှိပြီးသားသူတစ်ဦးဖြစ်ကာ ချောင်ဝမ်ရှင်းသည်လဲ မိန်းမကောင်းလေးတစ်ယောက်ဖြစ်သောကြောင့် သူတို့ချင်းအင်မတန်ကို လိုက်ဖက်ညီလှပေသည်။ သို့ပေမည့် ရှင်းချန်ဘက်က သူတို့ကို ရိုးရိုးတန်းတန်းမိတ်ဆက်ပေးမည့် အဆင့်သာဖြစ်ပြီး ကျန်အပိုင်းကတော့ဖြင့် ကာယကံရှင်နှစ်ဦးအပေါ်တွင်သာ မူတည်ပေသည်။

ထိုတခန ရှင်းပိုင် ကြောင်အသွားကာ ခံစားချက်များလဲ ရှုပ်ထွေးလို့သွားရသည်။ သူ့အနေနှင့် ချောင်ဝမ်ရှင်းအပေါ် မည်သို့ ခံစားရလဲဆိုသည်ကို မသေချာပေ။ သူမကို သဘောမကျသလို မုန်းလဲမမုန်းပေမည့် ဤကဲ့သို့သော ကိစ္စရပ်များဖြစ်ပြီးနောက်တွင် သူတို့ချင်း အဆင်ပြေပြေနေနိုင်လောက်မည်ဟုလဲ မထင်မိပေ။

“ကျွန်တော့်အတွက် စိတ်ပူဖို့မလိုပါဘူး။ အချိန်တန်ရင်တော့ ကျွန်တော့်ဘဝလက်တွဲဖော်ကို သေချာပေါက်ရှာမှာပါ။” ရှင်းချန်၏အကြံပြုချက်ကို လုံးဝမငြင်းဆန်လိုက်ပေမည့် တိတိကျကျလဲ ပြန်မဖြေခဲ့ပေ။

ရှင်းပိုင် ကိုယ်တိုင်က ထိုသို့ပြောလာခြင်းကြောင့် ရှင်းချန်လဲ အတင်းအကြပ်မတိုက်တွန်းတော့ပေမည့် ချောင်ဝမ်ကျွင်းသည်တော့ သူ့ညီမကို ရှင်းပိုင်နှင့်အဆင်ပြေသွားစေချင်သူဖြစ်သောကြောင့် အနည်းငယ်စိတ်ပျက်မိသွားရသည်။ သို့ပေမည့် သူတို့ချင်း ပထမဆုံးအကြိမ်တွေ့ဖူးကြခြင်းသာဖြစ်သောကြောင့် ဤတစ်ခေါက်တည်းဖြင့် ဆုံးဖြတ်ချက်အတိအကျချဖို့ရန်က ခက်ခဲသေးသည်ဟုလဲ ချောင်ဝမ်ကျွင်းတွေးလိုက်မိသည်။ ထိုနောက် ညစာစားပြီးချိန်တွင် ရှင်းပိုင်နှင့် ချောင်ဝမ်ရှင်းတို့ အတူရှိနိုင်ဖို့ အခွင့်ရေးရစေရန်အတွက် အပြင်ထွက်ပျော်ပါးကြရန် ဖိတ်လိုက်မည်ဟု ချောင်ဝမ်ရှင်း ကြံစည်ထားလိုက်သည်။

ရှင်းပိုင်နှင့်ချောင်ဝမ်ရှင်းတို့ အကြိမ်များစွာတွေ့ဆုံဖူးထားကြပြီဖြစ်သည့် အကြောင်းကိုတော့ဖြင့် ချောင်ဝမ်ကျွင်းမသိခဲ့ပေ။

ချောင်ဝမ်ရှင်းသည်တော့ ရှင်းပိုင်ကို ရှောင်ရန်အတွက် သူမအစ်ကိုဝမ်းကွဲ၏ဇနီးကို ရှာဖို့ရန်ထွက်လာခဲ့သည်။ သို့ပေမည့် ကံမကောင်းစွာဖြင့် သူမအစ်ကိုဝမ်းကွဲ၏ဇနီးဖြစ်သော ချောင်းဝေက အောက်ထပ်သို့ ဆင်းသွားသောကြောင့် ချောင်ဝမ်ရှင်းလဲ သူမနှင့်အတူ အောက်ထပ်ဧည့်ခန်းရှိရာသို့ ပြန်လိုက်လာရတော့သည်။ အဆိုးဆုံးအဖြစ်ကတော့ ချောင်ဝေက ယောကျ်ားလေးများ စကားဝိုင်းဖွဲ့ပြောနေသည့်နေရာတွင် ဝင်ထိုင်လိုက်၍ ချောင်ဝမ်ရှင်းမှာ ပုန်းရှောင်ရန် မဖြစ်နိုင်တော့ပေ။

“ဝမ်ရှင်း၊ ဒီကိုလာလေ။” ချောင်းဝေက သူမကိုခေါ်လိုက်သည်။

ပုံမှန်မဟုတ်သည့်အခြေအနေကို အခြားလူများ သိရှိမသွားစေရန်အတွက် ချောင်ဝမ်ရှင်းလဲ သူမကိုယ်သူမအားတင်းကာ ထိုအဖွဲ့နားတွင် ဝင်ထိုင်လိုက်ရတော့သည်။ သို့ပေမည့် ရှင်းပိုင်နှင့် အကြည့်ချင်း မဆုံစေရန်အတွက် ၂နှစ်အရွယ်ကလေးလေးဖြင့်သာ ကစားပေးနေခဲ့သည်။ ရှင်းပိုင်သည်လဲ ချောင်ဝမ်ရှင်းဘက်ကို လုံးဝမလှည့်ကြည့်ဘဲ ချောင်ဝမ်ကျွင်း၊ရှင်းချန်တို့နှင့်အတူသာ စကားဆက်ပြောနေခဲ့သည်။

အခြားလူများ၏အမြင်တွင်တော့ သူတို့ချင်း အချင်းချင်း သဘောမကျကြသည့်ပုံပေါ်နေပေသည်။ ထိုသို့ဆိုလျှင်တောင်မှ ချောင်ဝမ်ကျွင်းကတော့ ညဘက် သူ့အကြံအစည်အား ဆက်လက်အကောင်အထည်ဖော်ချင်နေသေးသည်။

ညစာစားပြီးနောက်တွင်တော့ ချောင်ဝမ်ရှင်းမှာ နောက်ဆုံးတော့ သူမအိမ်ပြန်၍ရပြီဟု ထင်လိုက်မိပေမည့် ချောင်ဝမ်ကျွင်းက အားလုံးအတူ မီးပုံးကြည့်ရင်း လမ်းလျှောက်ထွက်ရန် အဆိုပြုလာခဲ့သည်။

“ညီမ မလိုက်လို့ရလား?” ချောင်ဝမ်ရှင်းမေးလိုက်သည်။ သူမအမှန်တကယ်ကို ရှင်းပိုင်နှင့်အတူ တစ်မိနစ်လောက်ပင် ဆက်မနိုင်ချင်တော့ပေ။ သို့ပေမည့် ရှင်းပိုင်သည်တော့ ချောင်ဝမ်ရှင်း၏ငြင်းဆိုချက်ကြောင့် အနည်းငယ်စိတ်ပျက်သလို ခံစားလိုက်ရသည်။

“မင်းဒီလိုလျှောက်သွားရတာကို ကြိုက်တယ်မဟုတ်ဘူးလား? ဘာလို့မလိုက်တာလဲ?” ချောင်ဝမ်ကျွင်း မျက်မှောင်ကြုတ်လိုက်မိသည်။

“ဝမ်ရှင်း၊ သမီးအစ်ကိုတွေနဲ့ ထွက်လည်လေ။ သမီးတစ်ယောက်တည်း အိမ်အရင်ပြန်နှင့်လဲ ဘာမှလုပ်စရာမှမရှိတာ။” ထန်ယွင်ရုန်က ဝင်ပြောလိုက်သည်။

“ဝမ်ရှင်း၊ အစ်မလဲသွားမှာလေ။ ညီမတစ်ယောက်တည်း မဟုတ်ပါဘူး။” ချောင်းဝေကတော့ ချောင်ဝမ်ရှင်းက ယောကျ်ားလေးများကြားတွင် သူမတစ်ယောက်တည်း မိန်းကလေးဖြစ်နေမည်စိုးသောကြောင့် ရှက်၍ မလိုက်ခြင်းဟု တွေးလိုက်မိသည်။

ချောင်ဝမ်ရှင်း ငြင်းလိုက်ချင်ပေမည့် သူမသာအတင်းအကြပ်ငြင်းဆန်နေလျှင် မူမမှန်ကြောင်း သိသွားသွားမည်ဖြစ်၍ ဆက်မငြင်းနိုင်တော့ပေ။

“ကောင်းပြီလေ၊ သွားကြတာပေါ့။” ချောင်ဝမ်ရှင်း သဘောတူလိုက်သည်။

ချောင်ဝမ်ရှင်း၏မလိုက်ချင် လိုက်ချင်နှင့် သဘောတူလိုက်ရပုံကို မြင်တော့ ရှင်းပိုင် မကျေမနပ်ဖြစ်သွားရပေမည့် ဘာမှတော့မပြောခဲ့ပေ။ ရှင်းချန်က ကားမောင်းပေးပြီး ချောင်းဝေသည်တော့ ဘေးက ခရီးသည်ထိုင်ခုံတွင် ထိုင်ကာ ရှင်းပိုင်နှင့်ချောင်ဝမ်ရှင်းသည်နောက် ကားနောက်ခန်းတွင်ထိုင်ပြီး ချောင်ဝမ်ကျွင်းကတော့ သူတို့နှစ်ဦးကြားတွင် ထိုင်ရလေသည်။

လမ်းတစ်လျှောက်တွင်တော့ ချောင်ဝမ်ရှင်းက သူမဘာသာ စကားလုံးဝစမပြောခဲ့ခြင်းက သူမ၏စရိုက်နှင့် ကွာခြင်းလွန်းနေလေသည်။ ထို့ကြောင့် ကားထဲရှိလူများလဲ တစ်ခုခုတော့ လွဲမှားနေပြီဖြစ်ကြောင်း ခံစားမိလိုက်ရပေမည့် ထိုသို့ဖြစ်နေရခြင်းမှာ ရှင်းပိုင်ကြောင့်မှန်းတော့ မည်သူမှမသိကြပေ။

“ဝမ်ရှင်း၊ ဘာဖြစ်နေတာလဲ? ဒီနေ့ငါတို့ကို စကားလဲမပြောဘူး။ တော်တော်လေးထူးဆန်းနေတယ်။” ရှင်းချန်က စပြောလိုက်သည်။

“ပြောစရာမရှိလို့ပါ။” ချောင်ဝမ်ရှင်းပြန်ဖြေလိုက်သည်။ “ညီမကို ဒီတိုင်းမသိချင်ယောင်ဆောင်ထားလိုက်။”

သို့ပေမည့် ရှင်းချန်ကတော့ သူမကို မသိချင်ယောင်ဆောင်မထားနိုင်ပေ၊

“မင်းအရင်နေ့တုန်းက မြို့တော်ကိုသွားသေးတယ်ဆို?”

“ဟုတ်တယ်။”

“ပျော်ခဲ့ရဲ့လား?”

ချောင်ဝမ်ရှင်း စက္ကန့်ပိုင်းလောက် တွေဝေသွားကာ၊

“ပျော်ရတဲ့အချိန်တော့ ပျော်ပါတယ်၊ မပျော်တဲ့အချိန်တော့မပျော်ဘူးပေါ့။”

သူမမပျော်ခဲ့ဘူးဆိုသည့်နေရာတွင် လေသံကို တမင်တကာ ပိုဖိပြီးတော့မှ ချောင်ဝမ်ရှင်းပြောလိုက်သည်။ သူမမပျော်ရခြင်းအတွက် ရှင်းပိုင်ကို အပြစ်တင်နေခြင်းက သိသာလေသည်။ ချောင်ဝမ်ရှင်းတစ်ယောက်တည်း မပျော်ရခြင်းမဟုတ်ဘဲ ရှင်းပိုင်လဲမပျော်ခဲ့ရခြင်းကြောင့် အခုလိုမျိုး တဖက်သတ်အပြစ်တင်ခံလိုက်ရ၍ ရှင်းပိုင် စိတ်တိုသွားရသည်။

သူတို့ပထမဆုံးတွေ့ဆုံချိန်တွင် ချောင်ဝမ်ရှင်းက သူ့မျက်နှာထက်သို့ ကော်ဖီဖြင့်ပက်ခဲ့ပြီး လူဆိုးဟုလဲပြောခဲ့သည်၊ ဒုတိယတစ်ခေါက်တွေ့ချိန်တွင်တော့ ဘိလိယက်ကျူတံဖြင့် သူ့ကို ထိုးခဲ့သည်။ တတိယအကြိမ်တွင်တော့ သူ့ကိုထပ်ပြီး ကော်ဖီနှင့်လောင်းချခဲ့သည့်အပြင် သူ့ရဲ့အဓိကနေရာကိုလဲ ထိခိုက်စေခဲ့လေသည်။ ထိုအကြောင်းတွေကို ပြန်တွေးလိုက်မိတော့ သူကသာ အမှန်တကယ် စိတ်မပျော်ရွှင်ရဆုံးလူဖြစ်သည်ဟု ရှင်းပိုင် တွေးလိုက်မိသည်။

“ခရီးမှာဘာတွေဖြစ်ခဲ့လို့လဲ?” ချောင်းဝေမေးလိုက်သည်။

“ညီမ လူဆိုးတစ်ယောက်နဲ့တွေ့ခဲ့လို့။” ချောင်ဝမ်ရှင်း ရုတ်တရက် ထိုစကားအား နှုတ်မှထွက်သွားရကာ ချက်ချင်းပင် နောင်တရသွားပေမည့် ပြန်လည်ရုတ်သိမ်းဖို့ရန်က မဖြစ်နိုင်တော့ပေ။

“လူဆိုးတစ်ယောက်?” ရှင်းပိုင်လဲ ဆက်ပြီး သည်းမခံနိုင်တော့ကာ ချောင်ဝမ်ရှင်းကို စိတ်တိုတိုနှင့် လှမ်းကြည့်လိုက်တော့သည်။

ကားထဲရှိကျန်လူများလဲ ချက်ချင်းဆိုသလို ပင် ချောင်ဝမ်ရှင်းနှင့် ရှင်းပိုင်တို့ကြား သူတို့မသိထားသေးသည့် ပြဿနာတစ်စုံတစ်ရာရှိနေမှန်း ခန့်မှန်းမိလိုက်ကြတော့သည်။

“ညီမမှားလို့လား? ညီမက သူ့ကိုမတော်တဆတိုက်မိတာကို သူကတမင်တကာ ပြန်ပြီးတင်တိုက်တယ်လေ။” ချောင်ဝမ်ရှင်း၏မကျေနပ်ချက်များ ပေါ်ထွက်လာတော့သည်။

ရှင်းပိုင်လဲ ဒေါသထွက်သွားကာ၊

“တကယ်လား? ဒါဆို သူများတကာရဲ့အခြေအနေကို ကောင်းကောင်းမသိဘဲနဲ့ ကော်ဖီနဲ့လာပက်တာဘယ်သူလဲ၊ ပြီးတော့ ငါ့ကို ကျူတံနဲ့တမင်ထိုးတာကကောဘယ်သူလဲ? မနေ့ကလဲ ငါ့ပေါ်ကို ကော်ဖီတွေထပ်လောင်းချပြီး ငါ့ရဲ့ဟိုဟာ….” ထိုစကားကတော့ လူကြားထဲထုတ်ပြောဖို့ရန် အလွန်ရှက်စရာကောင်းသောကြောင့် ရှင်းပိုင်ရပ်လိုက်သည်။

“ကောင်းပြီလေ၊ ငါတို့ပထမဆုံးအကြိမ်တွေတုန်းကဖြစ်တာကတော့ နားလည်မှုလွဲသွားတယ်ပဲထား၊ နောက်ပိုင်း မင်းငါ့ကိုလုပ်ခဲ့တာတွေကရော?”

“ရှင်…” ချောင်ဝမ်ရှင်း မည်သို့မည်ပုံပြန်ပြောလို့ပြောရမှန်းပင်မသိတော့ပေ။

ထိုစကားများကိုကြားပြီးနောက်တွင်တော့ လူတိုင်းလဲ ထိုနှစ်ယောက် အရင်ကတည်းကတွေ့ဖူးပြီးကြသလို ပြဿနာများစွာလဲတက်ထားဖူးကြောင်းကို သိသွားကြတော့သည်။

All Chapters