← Chapters

အခန်း (၄၈၁-၄၈၅)

Vol. 33 Ch. 481-485

အခန်း (၄၈၁-၄၈၅)

Vol. 33 Ch. 481-485

အခန်း ၄၈၁

စာသင်နှစ်ဝက်အသစ်စတင်ပြီ

“ဟုတ်ပါပြီ၊ အခုအဆင်ပြေသွားပြီ။ စိတ်မပူနဲ့တော့၊ ငါဖြေရှင်းနိုင်ပါတယ်။” အခုလိုမျိုး သူငယ်ချင်းအစစ်အမှန်များက သူမကိုဂရုစိုက်ပေးသောကြောင့် ကုနင်းခံစားသွားရသည်။

“မဟုတ်သေးဘူးလေ၊ ဘော့စ်၊ ငါဟောင်ရန်နဲ့ကျန်တဲ့လူတွေကိုပြောပြီး မင်းဆီလာလည်ဦဂမယ်။ ငါတို့က သူငယ်ချင်းကောင်းတွေလေ မငြင်းနဲ့နော်။” မုခယ်၏အသံက ဆုံးဖြတ်ချက်ခိုင်မာနေပုံပင်။

ကုနင်းကတော့ ထိုသို့လုပ်ဖို့ရန်မလိုအပ်ဟုတွေးမိသော်လည်း သူမသူငယ်ချင်းများ၏ခံစားချက်ကို မပစ်ပယ်ချင်သောကြောင့် သဘောတူလိုက်ရသည်။

“ကောင်းပြီလေ။” ကုနင်း ပြန်ဖြေလိုက်ကာ သူမ၏အိမ်လိပ်စာကိုပြောပြလိုက်သည်။ ကုနင်းနှင့်ဖုန်းချပြီးသွားသည်နှင့် မုခယ်ကနေပြီး သူတို့သူငယ်ချင်းအားလုံးကို ဖုန်းဆက်အကြောင်းကြားလိုက်ကာ သူတို့အားလုံးလဲ ချင်ကျန်း၏အဒေါ်အား ဒေါသထွက်နေကြတော့သည်။

ကုမန့်ကိုလဲ သူမသူငယ်ချင်းများ မကြာခင်လာလည်ကြမည့်အကြောင်း ကုနင်းပြောပြလိုက်သည်။ ကုမန့်မှာတော့ ကုနင်းသူငယ်ချင်းများ၏ ကြင်နာရိုင်းပင်တတ်သည့် အပြုအမူကြောင့် အလွန်သဘောကျနေတော့ကာ သူတို့နှင့်လဲ အလွန်တွေ့ချင်နေမိတော့သည်။ ထို့ကြောင့် ကုချင်ကို သူမနှင့်အတူဈေးဝယ်ထွက်ဖို့ရန် ချက်ချင်းလှမ်းခေါ်လိုက်သည်။

ညနေ၃နာရီခန့်တွင်တော့ စုအန်းယာအပါအဝင် မုခယ်တို့အားလုံး ကုနင်းအိမ်သို့ရောက်ရှိလာကြသည်။

ကုနင်းက သူတို့အားလုံးကို လက်ဆောင်မယူခဲ့ရင်ပြောသော်လည်း သူတို့က လက်ဗလာနှင့်မလာချင်ကြသောကြောင့် အားလုံး လက်ဆောင်မျိုးစုံ ကိုယ်ဆီဝယ်လာကြသည်။

ကုမန့်ကလဲ လက်ဆောင်တွေမဝယ်ရန်ပြောပေမည့် သူတို့ကတော့ အထုပ်အပိုးကိုယ်စီဖြင့် ရောက်ရှိလို့နေနှင့်ပြီးပြီဖြစ်သည်။ ထို့အပြင် သူတို့အားလုံးက ကုမန့်နှင့်ကုချင်၏ကျန်းမာရေးကို ဂရုစိုက်ကြသောကြောင့် ကုချင်နှင့်ကုမန့်မှာ အလွန်ရင်ထဲထိသွားကြရတော့သည်။

ကုချင်ရော ကုမန့်ပါ မီးဖိုထဲသွားကာ ချက်ပြုတ်နေကြပြီး ကုနင်းကတော့ သူမသူငယ်ချင်းများနှင့် ဧည့်ခန်းထဲတွင် စကားပြောရင်းနေခဲ့သည်။ အားလုံးဆုံချိန်ဖြစ်၍ အနည်းငယ်ဆူညံလှသော်လည်း အားလုံးပျော်ရွှင်နေကြသလို ကုမန့်တွင်လဲ ထန်ယွင်ဖန်းအကြောင်းတွေးနေရန် အချိန်မရှိတော့ပေ။ ကုမန့် ဆုံးဖြတ်ချက်အတည်တကျမချပြီးခင်အထိတော့ ထိုအကြောင်းကို ကုချင်အားပြောပြဦးမည်မဟုတ်ပေ။

“ဘော့စ် မနက်ဖြန် စာသင်နှစ်ဝက်အသစ်ပြန်စတော့မယ်ဆိုတာ မှတ်မိသေးရဲ့လား?” ကုနင်းက တချိန်လုံးအလုပ်များနေရသူဖြစ်သောကြောင့် မုခယ်မေးလိုက်ခြင်းဖြစ်သည်။

ထိုအမေးစကားကြောင့် ကုနင်းတခနကြောင်အလို့သွားရသည်။ သူမထိုကိစ္စအား လုံးလုံးမေ့လျော့နေခြင်းပင်။ တကယ်တမ်း အထက်တန်းနောက်ဆုံးနှစ်ကျောင်းသားများသည် အစကတည်းက ကျောင်းစတက်နေရပြီဖြစ်ပေမည့် ကုနင်းသည်တော့ တချိန်လုံး အလုပ်ရှုပ်နေခဲ့သောကြောင့် အခုထိကျောင်းသို့ ပြန်မတက်ရသေးပေ။ သို့ပေမည့် သူမ၏ပညာရေးအခြေအနေကအရမ်းကောင်းနေသောကြောင့် သူမ၏ဆရာ၊ဆရာမများက သူမအတန်းမတက်သေးသည်ကို မမြင်ချင်ယောင်ဆောင်နေကြခြင်းသာဖြစ်သည်။

“ဟုတ်သားပဲ၊ ငါလုံးဝကိုမေ့နေတာ။” ကုနင်းပြောလိုက်သည်။

“ငါတော့ နင့်ကိုအရမ်းအားကျတာပဲ။ ငါတို့ဆို ဒီရက်တွေအတွင်း အတန်းတွေစတက်နေရပြီးနေပြီ။” စုအန်းယာ၏ ညည်းညည်းညူညူအပြောအား ချူးဖေ့ဟန်က

“ဒါဆိုနင်ပိုကြိုးစားသင့်တယ်၊ နင်သာတစ်တန်းလုံးမှာ ငါတို့ဘော့စ်လို အဆင့်၁ကျောင်းသူဖြစ်နေမယ်ဆို နင်လဲ စိတ်ရှိသလို အတန်းပျက်လို့ရပြီ။”

“ငါလဲဖြစ်ချင်တာပေါ့၊ ဒါပေမယ့် မလုပ်နိုင်ဘူးလေ။”

“ကိစ္စမရှိပါဘူး။ ငါတို့ထဲမှာလဲ မုခယ်၊ မီရှီနဲ့ အန်းယီပဲကျောင်းသားကျောင်းတွေ သူတို့ကတော့ နေ့တိုင်းကိုကျောင်းတက်ကြတာ ငါတို့တော့မပါဘူး။” ချူးဖေ့ဟန်က နှစ်သိမ့်ပေးဟန်ဖြင့် ပြောလိုက်သည်။

“နင်တို့ထဲ ငါလဲမပါဘူး။ ပြီးခဲ့တဲ့ရက်တွေအတွင်း ငါကျောင်းမှန်မှန်သွားတယ်။” ချင်ကျီရွှမ်းက ကြားဖြတ်ငြင်းဆိုလိုက်သည်။

“ဟ-ဟ၊ မင်းဆက်ပြီးတက်နိုင်ဦးမယ်လို့ ငါတော့မထင်ဘူး။” ကျန်းထန်ပင် အထင်သေးစွာဖြင့်ပြောလိုက်သည်။ ချင်ကျီရွှမ်းက ရုတ်တရက်ကြီး စာထကြိုးစားတော့မည်ဟု သူဘယ်လိုမှမယုံကြည်ပေ။

“ငါလဲမထင်ဘူး။” အန်းယီကလဲ ကျန်းထန်ပင်း၏အပြောကို ထောက်ခံလိုက်သည်။

“မင်းတို့ ငါ့ကိုမယုံကြဘူးပေါ့? စောင့်ကြည့်လိုက်လေ။” ချင်ကျီရွှမ်း၏အသံသည်တော့ ယုံကြည်ချက်များပြည့်လျှမ်းလို့နေသည်။

“ချင်ကျီရွှမ်း မင်းခေါင်းထိသွားတာလား? ဘာလို့ရုတ်တရက်ကြီး စာဂျပိုးလုပ်ချင်သွားတာလဲ?” ဟောင်ရန်ကတော့ ချင်ကျီရွှမ်းအရမ်းထူးဆန်းနေသောကြောင့် အကြောင်းရင်းကိုသိချင်နေမိသည်။

“ဘာလို့ဆို ငါတက္ကသိုလ်ကောင်းကောင်းသွားတက်ချင်တယ်လေ။ ဒီတော့ စာကြိုးစားရမှာပေါ့။” ချင်ကျီရွှမ်း ပြန်ပြောလိုက်သည်။

ထိုစကားကိုကြားလိုက်ရတော့ ချူးဖေ့ဟန်က ကြားဖြတ်ကာ၊

“ဟေ့၊ နင်တို့တွေ ဘယ်တက္ကသိုလ်တက်ကြမှာလဲ?”

“ငါကတော့ စာသင်ရတာစိတ်မဝင်စားဘူး၊ အဲ့ဒါကြောင့် ဘွဲ့ရပြီးရင် ဖျော်ဖြေရေးနယ်ပယ်ထဲဝင်ဖို့ စိတ်ကူးထားတယ်။”

ချင်ဂိုဏ်း၏လက်အောက်တွင် ဖျော်ဖြေရေးကုမ္ပဏီတစ်ခုလဲရှိသောကြောင့် ချူးဖေ့ဟန်အတွက် သရုပ်ဆောင်တစ်ဦးဖြစ်ရန် အခွင့်အလမ်းများလေသည်။

“ငါကတော့ ဥပဒေဘက်လေ့လာပြီး ရှေ့နေတစ်ယောက်ဖြစ်ချင်တယ်။” စုအန်းယာက သူမ၏ရည်မှန်းချက်ကို ပြောပြလိုက်သည်။

“ငါကတော့ စီမံခန့်ခွဲမှုသိပ္ပံဘာသာရပ်ကို ရွေးမယ်။” ဟောင်ရန်သည်ကတော့ သူ့မိသားစုစီးပွားရေးကို ဦးဆောင်ရမည်ဖြစ်၍ ထိုဘာသာရပ်ကို ရွေးချယ်လေသည်။

“ငါလဲ စီမံခန့်ခွဲမှုသိပ္ပံပဲ။” ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းသည် အန်းယီ၏မိသားစုပိုင် စီးပွားရေးမဟုတ်တော့သော်လည်း အန်းမိသားစုက ဆက်လက် စီမံခန့်ခွဲနေရခြင်းသာဖြစ်သောကြောင့် အန်းယီအနေဖြင့်လဲ စီမံခန့်ခွဲမှုသိပ္ပံကို သင်ယူဖို့ရန် လိုအပ်နေသေးသည်။

“ငါကတော့ စားရင်းအင်းပညာကို သင်မှာ။” ယွီမီရှီကလဲ သူမ၏စိတ်ကူးကိုထုတ်ပြောလိုက်သည်။

“ငါကတော့ နိုင်ငံရေးပဲ။” ချင်ကျီရွှမ်းကတော့ သူမိဘနှစ်ပါးလုံးကလဲ နိုင်ငံရေးသမားများသာဖြစ်၍ သူကလဲ နိုင်ငံရေးလောကသို့ ဝင်ဖြစ်နိုင်ချေပိုများလေသည်။

“ငါကတော့ ကွန်ပျူတာပိုင်းကိုသဘောကျလို့ ကွန်ပျူတာသိပ္ပံဘာသာရပ်ကို ယူဖြစ်မယ်။” ကျန်းထန်ပင်းက ဆိုသည်။

ညနေ၄နာရီထိုးခါနီးတွင်တော့ ယွင်ကျီစုန့်မှ တိုက်ရိုက်ပင် ကုနင်းအား ဖုန်းဆက်လာခဲ့သည်။ ယွင်ကျီစုန့်က ချင်းလီလင်းကို ထောင်ဒဏ်၂နှစ်ချမှတ်ခဲ့ပြီး ကုနင်းတို့အတွက် ယွမ်၂သန်းလျော်ကြေးပေးဆောင်ရမည့် အကြောင်း အသိပေးပြောကြားခဲ့သည်။ ထိုကိစ္စပြီးသည့်နောက်တွင်တော့ ကုချင်နှင့်ကုမန့်လဲ ဆိုင်ကိုပြန်လည်ပြင်ဆင် နိုင်တော့မည်ဖြစ်ကာ ဒဏ်ရာရသွားသည့် ဝန်ထမ်းများကိုလဲ စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေမှုအတွက် လျောကြေးအဖြစ် တစ်ဦးလျှင် ယွမ်၅သောင်းစီရမည်ဖြစ်သည်။

ညနေ၆နာရီဝန်းကျင်တွင်တော့ ဟင်းပွဲအားလုံး စားပွဲထက်တွင် စုံလင်လို့နေပြီဖြစ်သောကြောင့် သူမတို့အားလုံး ပျော်ပျော်ရွှင်ရွှင် ဝိုင်းဖွဲ့စားသောက်ခဲ့ကြသည်။ ညစာစားပြီးနောက်တွင်တော့ ကုနင်း၏သူငယ်ချင်းများနှင့် ကုချင်တို့အားလုံး ပြန်သွားကြကာ သူမကတော့ ကုမန့်နှင့်အတူရှိနေပေးခဲ့သည်။

နောက်တစ်နေ့တွင်တော့ ကုနင်း ကျောင်းသို့သွားချိန်တွင် ကျောင်းဂိတ်ပေါက်၌ ချင်ကျန်းနှင့် တည့်တည့်တိုးတော့သည်။ အတိအကျဆိုရပါလျှင် ချင်ကျန်းက တမင်သက်သက် ကုနင်းကို ဂိတ်ပေါက်၌ စောင့်နေခဲ့ခြင်းဖြစ်လေသည်။

ကုနင်းလာနေသည်ကိုမြင်သည်နှင့် ချင်ကျန်း သူမအနားသို့ ချက်ချင်းသွားလိုက်ကာ၊

“ကုနင်း၊ ငါတို့စကားပြောလို့ရမလား?”

“ငါတို့ကြား ပြောစရာအကြောင်းမရှိဘူး။” ကုနင်း ချင်ကျန်းအားလျစ်လျူရှုလိုက်ကာ သူမလမ်းကိုသူမ ဆက်လျှောက်သွားလိုက်သည်။

“ကုနင်း!” ချင်ကျန်းကတော့ ကုနင်းကို တားဆီးဖို့ရန် ကြိုးစားလိုက်သည်။

“နင်အထိုးမခံချင်ဘူးဆိုရင် ငါနဲ့ဝေးဝေးနေ။” ကုနင်းသတိပေးလိုက်ပြီးနောက် ပြန်ထွက်သွားတော့သည်။ ချင်ကျန်းကတော့ ကုနင်းကို အမှန်တကယ်ကြောက်ရွံ့နေပြီဖြစ်၍ သူမကို ထပ်တားဖို့ရန် မဝံ့ရဲတော့ပေ။ တကယ်တော့ ကုနင်းက သူနှင့်စကားပြောပေးရန် သဘောတူလျှင်တောင်မှ သူ့အဒေါ်ဖြစ်သူက ထောင်ကျသွားနှင့်နေပြီဖြစ်သောကြောင့် သူ့အနေနှင့် ဘာစကားပြောလို့ပြောရမှန်းမသိပေ။ သို့သော်လည်း ဤလောက်နှင့်တော့ ချင်ကျန်းလက်မလျှော့လိုက်ချင်သေးပေ။

ချင်ကျန်းသည်တော့ တချိန်က သူအထင်သေးပစ်ပယ်ခဲ့သည့်မိန်းကလေးက ရုတ်တရက်ကြီး ထူးချွန်သွားသည့်အဖြစ်မှန်ကို လက်သင့်မခံနိုင်သေးပေ။

ကုနင်း ကျောင်းရောက်သည်နှင့် သူမသူငယ်ချင်းများနှင့်သွားရောက်တွေ့ဆုံကာ ပြီးတော့မှပဲ သူတို့အခန်းကိုယ်စီသို့ ပြန်လာခဲ့ကြသည်။

အခန်း၄တွင်တော့ ကျောင်းသားအများအပြားရောက်နှင့်လို့နေပြီးဖြစ်သည်။ သို့ပေမည့် ကုနင်းက JadeBeautyလက်ဝတ်ရတနာလုပ်ငန်း၏ ပိုင်ရှင်အစစ်ဖြစ်ကြောင်းကို အဆင့်အတန်းမြင့် အသိုင်းအဝိုင်းများကသာ သိထားသောကြောင့် သူမအတန်းထဲသို့ဝင်လိုက်ချိန်တွင် အခြားလူများက သိပ်ပြီး အာရုံမစိုက်နေကြပေ။

***

အခန်း ၄၈၂

ကျောင်းဖွင့်ပွဲအခမ်းအနား

ကုနင်း၏ ထူးချွန်ပြောင်မြောက်လှသည့်အရည်အချင်းများကို သူမအတန်းဖော်များက လေးစားသဘောကျလို့ နေနှင့်ပြီးဖြစ်သောကြောင့် သူမအတန်းထဲသို့ဝင်လာချိန်တွင် ဖော်ရွေစွာ နှုတ်ဆက်ကြလေသည်။

သို့ပေမည့် ရှောင်ဖေးဖေး၊ ယန်ယွီလုနှင့် ဝူချင်းယတို့သည်တော့ အရင်အတိုင်း ကုနင်းကို မလိုမုန်းတီးနေကြစဲပင်။

“ငါတို့နှစ်တွေထဲ သူအဆင့်၁ရနေရုံနဲ့ အတန်းတောင်လာမတက်တော့ဘူး။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကျမှ နောင်တအကြီးအကျယ်ရနေလိမ့်မယ်။” ရှောင်ဖေးဖေးက အထင်သေးသည့်အမူအရာဖြင့် စတင်ပြောဆိုလိုက်သည်။

ပြီးခဲ့သည့်နောက်ဆုံးစာမေးပွဲဖြေပြီးနောက် အခြားကျောင်းသားအားလုံးသည် နောက်တစ်ပတ်အထိ အတန်းဆက်တက်နေကြရကာ နှစ်သစ်ကူးပွဲတော်ပြီးသည့်နောက်တွင်လဲ စာသင်နှစ်သစ်မစခင် တစ်ပတ်ကြိုကာ ကျောင်းသို့သွားရပြန်ပေမည့် ကုနင်းကတော့ အားလပ်ရက်ရကာ ပျော်ရွှင်နေခဲ့သည်။

“ဟုတ်ပါ့၊ ငါ့အထင် သူလာမယ့် စာမေးပွဲကိုအောင်မှာတောင်မဟုတ်ဘူး။” ယန်ယွီလုကလဲ ထောက်ခံလိုက်သည်။

သူတို့ပြောနေသည့်အသံက သိပ်မကျယ်လှသော်လည်း ကုနင်းကတော့ သေချာကြားရလေသည်။ သို့ပေမည့် ဘာပြောပြော ဂရုစိုက်မနေခဲ့ပေ။

ထို့နောက်တွင်တော့ စာသင်ချိန် စတင်တော့လေသည်။

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲက နီးလို့လာပြီဖြစ်သောကြောင့် အထက်တန်းနောက်ဆုံးနှစ်ကျောင်းသားများမှာ တစ်ပတ်လျှင် နေ့တစ်ဝက်သာ အားလပ်ခွင့်ရတော့ပေမည့် ကုနင်းကတော့ ကွာခြားလေသည်။ သူမကတော့ သူမအားသည့်အချိန်မှသာ ကျောင်းသို့လာခွင့်ရပေမည့် စီးပွားရေးကိစ္စနှင့်အလုပ်ရှုပ်မည့်အချိန်များတွင်တော့ သေချာခွင့်တိုင်သွားခဲ့သည်။

ထို့ကြောင့် ပထမဆုံးအတန်းချိန်ပြီးသည်နှင့် သူမအတန်းပိုင်ရုံးခန်းသို့သွားကာ ခွင့်တိုင်ခဲ့သည်။ သူမ၏အတန်းပိုင်ဆရာမမှာ မကျေမနပ်ဖြစ်နေသော်လည်း ကုနင်းက သူတို့နောက်ဆုံးနှစ်အားလုံးထဲတွင် အဆင့်၁ရထားသူဖြစ်သောကြောင့် ပိတ်ပင်မတားဆီးနိုင်ခဲ့ပေ။

ထို့ကြောင့် ပထမဆုံးအတန်းချိန်ပြီးသည်နှင့် ကုနင်းကျောင်းမှပြန်ထွက်လာခဲ့သည်။

ကေက ကုနင်းကို အကူအညီလှမ်းတောင်းထားသည်ရှိသောကြောင့် သူမနောက်တစ်နေ့အတွက်ပါ ကြိုတင်ခွင့်တင်သွားခဲ့သည်။ ကေ၏သူငယ်ချင်းတစ်ဦးက ကားမတော်တဆမှုဖြစ်ကာ ဆရာဝန်မှနေပြီး ထိုသူငယ်ချင်းဖြစ်သူ၏ခြေထောက်ကို ဖြတ်တောက်ပစ်မှရမည်ဟု ပြောခဲ့သည်။

ထို့ကြောင့် ကုနင်းကသာ ထိုသူငယ်ချင်း၏ခြေထောက်ကို ကုသပေးနိုင်ခဲ့လျှင် ထိုသူငယ်ချင်းကလဲ ကုနင်း၏နောက်လိုက်လုပ်မည်ဖြစ်သည့်အကြောင်း ကေကပြောပြလာခဲ့သည်။ ကေ၏သူငယ်ချင်းဖြစ်သူသည် ငွေစာရင်းထိန်းချုပ်မှုအပိုင်းတွင် အလွန်ထူးချွန်ကာ ထူးချွန်သည့် စီးပွားရေးထိန်းချုပ်နိုင်သူတစ်ယောက်လဲဖြစ်သည်။

ကေ၏သူငယ်ချင်းသည် ကုနင်းရှာနေသည့် ထူးချွန်ကာ အရည်အချင်းရှိသည့်အချက်များနှင့် ကိုက်ညီနေသောကြောင့် သူမဘက်က ပို၍ပင် ကူညီလိုစိတ်ရှိနေသေးသည်။ ထို့ကြောင့် ကုနင်း သူမ၏မြို့တော်မှ စီးပွားရေးလုပ်ငန်းစုကို ဦးဆောင်လည်ပတ်ရန်အတွက် ကေနှင့် သူ၏သူငယ်ချင်းဖြစ်သူထံမှ အကူအညီရယူရန် အစီစဉ်ဆွဲလိုက်သည်။

ကေက စီးပွားရေးလုပ်ငန်းများအကြောင်း အနည်းအကျဉ်းသာ သိသော်လည်း သူ၏ထောက်လှမ်းရေးစွမ်းရည်နှင့် စုံစမ်းဖော်ထုတ်သည့်စွမ်းရည်ကပင် အသိအမှန်ပြုဖွယ်ထူးချွန်ပြောင်မြောက်လှကာ ကြီးမားသည့် လုပ်ငန်းစုတစ်ခု လည်ပတ်ဖို့ရန်တွင် မရှိမဖြစ်လိုအပ်သည့် စွမ်းရည်ဖြစ်နေပေပြီ။

ညဘက် ကုနင်း သူမ၏အတန်းပိုင်ဆရာမထံဖုန်းဆက်ချိန်တွင်တော့ အတန်းပိုင်ဆရာမက အလွန်ဒေါသထွက်နေပြီဖြစ်ကာ သူမကိုဒေါသတကြီးအော်တော့သည်။

“ကုနင်း! နင်၂ရက်အတွင်းမှာပဲ ခွင့်တိုင်တာ ၂ခါရှိနေပြီ! ကိုယ့်ကိုကိုယ် လပိုင်းအတွင်း တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေရတော့မယ့် အထက်တန်းနောက်ဆုံးနှစ်ကျောင်းသူဆိုတာကိုရော သိသေးရဲ့လား?”

ကုနင်း၏အတန်းပိုင်ဆရာမလဲ ကုနင်းသည် ထူးချွန်သည့်ကျောင်းသူတစ်ဦးဖြစ်ကြောင်း နားလည်သိထားပြီးပေမည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဆိုသည်မှာ သူမစိတ်အေးလက်အေးဖြတ်သန်းနိုင်သည့် အရာမဟုတ်ပေ။

“သမီးတောင်းပန်ပါတယ်၊ ဒါပေမယ့် အခုက အရေးပေါ်အခြေအနေမို့လို့ပါ။ သမီးသူငယ်ချင်းက အခုပဲ ကားမတော်တဆမှုဖြစ်ပြီး‌ ခြေထောက်ဖြတ်ပစ်ရတော့မယ်တဲ့။ အဲ့ဒါ သမီးသွားကြည့်မှဖြစ်မယ်။”

“နင်….” အတန်းပိုင်ဆရာမလဲ ဘာပြောလို့ပြောရမယ်မှန်းမသိတော့ပေ။

ထို့နောက်တွင်တော့ ကုန့်ကိုလဲ တူညီသည့်အကြောင်းပြချက်တစ်ခု ကုနင်းပေးလိုက်ပြန်သည်။ ထို့အပြင် ထန်ယွင်ဖန်းက Bမြို့သို့အလုပ်ကိစ္စဖြင့်ပြန်သွားရသည့်အကြောင်းကိုလဲ ကုနင်းပြောလိုက်သောကြောင့် ကုမန့်အတွက် ထန်ယွင်ဖန်းကို လက်ခံသင့်မခံသင့် စဉ်းစားဖို့ရန် အချိန်လဲရသွားပေသည်။

နောက်တစ်နေ့မနက်တွင်တော့ ကုနင်း လေဆိပ်သို့ဆင်းကာ Dမြို့သို့ထွက်လာခဲ့သည်။

ကုနင်းလေယာဉ်ပေါ်တက်ပြီးချိန်တွင်တော့ သူမကျောင်း၏ကျောင်းအုပ်က သူမအတန်းပိုင်ကျန်းချိုးဟွာကို လာရောက်တွေ့ဆုံခဲ့သည်။

“ပါမောက္ခကျန်း အခန်းမှာ ကုနင်းဆိုတဲ့ ကျောင်းသူရှိလား?” ကျောင်းအုပ်ကြီးကမေးလိုက်သည်။

“ရှိပါတယ်၊ ဘာများဖြစ်လို့လဲ?” ကျောင်းအုပ်ကြီးက ကုနင်းအတန်းတွေပျက်နေသည်ကို သိသွားခြင်းကြောင့် မေးခြင်းများလားဆိုသည်ကို မသိသောကြောင့် ကျန်းချိုးဟွာ အနည်းငယ်ထိတ်လန့်သွားရသည်။

ထို့နောက် ကျောင်းအုပ်ကြီးက ကျန်းချိုးဟွာကို သူ့ဖုန်းထဲမှ ဓါတ်ပုံတစ်ပုံအားပြလိုက်ကာ၊

“ဒါကိုကြည့်ပါဦး၊ ဒီတစ်ယောက်လား?”

ထိုပုံသည် ပါတီတစ်ခုတွင် ပွဲတက်ဂါဝန်ကို ဝတ်ဆင်ထားကာ လှပစွာပြင်ဆင်ချယ်သထားသည့် မိန်းမငယ်လေးတစ်ဦးဖြစ်ပြီး ကျန်းချိုးဟွာကလဲ တစ်ချက်ကြည့်ရုံဖြင့် ထိုမိန်းကလေးက ကုနင်းမှန်း မှတ်မိသွားသည်။

“ဟုတ်ပါတယ်၊ သူပါပဲ။ ဘာဖြစ်လို့လဲ?” ကျန်းချိုးဟွာ ပြန်မေးလိုက်သည်။

ကျန်းချိုးဟွာ၏အတည်ပြုချက်ကိုရပြီးနောက် ကျောင်းအုပ်ကြီးက ကျယ်လောင်စွာ ထရယ်လိုက်၍ စိတ်များဆိုးသွားတာလားဟုတွေးမိကာ ကျန်းချိုးဟွာ ကြောင်အသွားရသည်။

“ပါမောက္ခကျန်း၊ မင်းအခုထိမသိသေးဘူးထင်တယ်။ ဒီကုနင်းလိုခေါ်တဲ့ကျောင်းသူက တကယ်ကိုအောင်မြင်နေတာ။” ကျောင်းအုပ်ကြီး၏လေသံအရ ဂုဏ်ယူနေပုံပင်။

“ဘာလို့လဲ?” ကျန်းချိုးဟွာသည်တော့ နားမလည်နိုင်ခဲ့ပေ။

“ပါမောက္ခကျန်း၊ မင်း JadeBeautyလက်ဝတ်ရတနာလုပ်ငန်းအကြောင်း ကြားဖူးလား?”

“သေချာပေါက် ကြားဖူးတာပေါ့။”

“JadeBeautyလက်ဝတ်ရတနာလုပ်ငန်းဆိုတာ အခုချိန်မှာ အကျော်ကြားဆုံး အဆင့်မြင့် လက်ဝတ်ရတနာတံဆိပ်ပဲ။ ပြီးတော့ Gမြို့က ဆိုင်ဖွင့်ပွဲကိုဆိုရင် မြို့ရဲ့အထင်ကရပုဂ္ဂိုလ်တစ်ဝက်နီးပါးကို တက်ရောက်ခဲ့တာ။” ကျောင်းအုပ်ကြီးက ထိုအကြောင်းပြန်ပြောပြပြီးနောက် ကျန်းချိုးဟွာအား ထပ်မေးလိုက်သည်။

“မင်း ဒီJadeBeautyလက်ဝတ်ရတနာလုပ်ငန်းရဲ့ပိုင်ရှင်က ဘယ်သူလဲဆိုတာသိလား?”

ကျန်းချိုးဟွာသည် တုံးအသူတစ်ဦးမဟုတ်သောကြောင့် ကုနင်းက JadeBeautyလက်ဝတ်ရတနာလုပ်ငန်း၏ ပိုင်ရှင်ဖြစ်သည်ဟု ဆိုလိုလိုက်မှန်း ချက်ချင်းနားလည်သွားတော့သည်။ ကုနင်းက တကယ်ပဲ JadeBeautyလက်ဝတ်ရတနာလုပ်ငန်းရဲ့ ပိုင်ရှင်တဲ့လား?

ကျန်းချိုးဟွာ ချက်ချင်းကြီးမယုံနိုင်လိုက်ပေ။

“ကု-ကုနင်းလား?”

“ဟုတ်တာပေါ့။”

“ငါကြားတာတော့ သူက ကျောက်အလောင်းအစားလုပ်ပြီး အရမ်းချမ်းသာသွားတာကနေ JadeBeautyလက်ဝတ်ရတနာလုပ်ငန်းကို တည်ထောင်ခဲ့တာတဲ့။”

ထိုအကြောင်းတွေးမိသည်နှင့် ကျောင်းအုပ်ကြီးမှာ ကုနင်းကိုပိုလေးစားလာမိပြန်သည်။ ကျောက်အလောင်းအစားလုပ်ခြင်းက ဆိုးကျိုးအများဆုံးလုပ်ငန်းတစ်ခုဖြစ်ကြောင်း လူတိုင်းသိထားကြပြီဖြစ်ပေမည့် ကုနင်းကတော့ သမိုင်းဝင်လောက်အောင်ကို ကျောက်အလောင်းအစားလုပ်ရင်းဖြင့် များစွာ ချမ်းသာသွားခဲ့သည်။ သို့ပေမည့် JadeBeautyလက်ဝတ်ရတနာလုပ်ငန်းအတွက် ကျောက်စိမ်းတိုင်းကို ကုနင်းကိုယ်တိုင် ဖြတ်ခြင်းဖြစ်သည့်အကြောင်းကိုတော့ မည်သူမျှမသိပေ။ သူတို့ကလဲ ကျောက်စိမ်းအကြောင်းကို သေချာစိတ်မဝင်စားကြဘဲ ဘယ်လောက်တန်ဖိုးရှိသည်ကိုသာ သိကြလေသည်။

“ဘုရားရေ!” ကျန်းချိုးဟွာ ထိုင်နေရင်းဖြင့်ပင် အလွန်ထိတ်လန့်သွားကာ အိပ်မက်အလားပင် ထင်မှတ်နေမိသည်။

“ပါမောက္ခကျန်း၊ ကုနင်းက ငါတို့ကျောင်းရဲ့ဂုဏ်ဆောင်ပဲ! သူက အဆင့်၁ကျောင်းသားဖြစ်လာရုံတင်မကဘူး ဒီလိုငယ်ငယ်ရွယ်ရွယ်လေးနဲ့ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်လဲဖြစ်နေပြီ။” ကျောင်းအုပ်ကြီးသည် စိတ်လှုပ်ရှားစွာဖြင့်ပြောဆိုနေသည်။

“ဟုတ်သားပဲ။ မနက်ဖြန်ဆို ငါတို့ကျောင်းရဲ့ဖွင့်ပွဲအခမ်းအနားနော်။ ကုနင်းကို မိန့်ခွန်းပြောဖို့ ပြင်ခိုင်းထားလိုက်။ ငါတို့ကျောင်းက ကျောင်းသားအားလုံး သူ့လိုမျိုးကြိုးစားစေချင်တယ်။”

ကျန်းချိုးဟွာ စက္ကန့်ပိုင်းမျှ တုန့်ဆိုင်းသွားမိကာ၊

“အမ်၊ သူအခုခွင့်တိုင်ထားတယ်။”

***

အခန်း ၄၈၃

ချန်စန်းယိ

“ဘာ? သူခွင့်ယူထားတယ်?” အခုမှ စသင်နှစ်ဝက်စခြင်းဖြစ်သောကြောင့် ခွင့်ယူထားသည်ဆို၍ ကျောင်းအုပ်ကြီး အံ့အားသင့်သွားရသည်။ ပထမတော့ ကျောင်းအုပ်ကြီးက အပြစ်တင်ဖို့ဟန်ပြင်လိုက်ပေမည့် အခုဆိုလျှင် ကုနင်းက သာမာန်ကျောင်းသူတစ်ယောက်မဟုတ်တော့ကြောင်း ပြန်အမှတ်ရသွားခဲ့သည်။ သူမသည် အောင်မြင်သည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်နေပြီဖြစ်၍ အလုပ်ရှုပ်နေမည်ကို နားလည်ပေးနိုင်ပေသည်။

“သူ့သူငယ်ချင်းကားမတော်တဆမှုဖြစ်ပြီး ခြေထောက်ဖြတ်ရခါနီးဖြစ်နေလို့ သူသွားကြည့်မှရမယ်လို့ပြောတယ်။” ကျောင်းအုပ်ကြီး ကုနင်းကို စိတ်တိုမည်စိုးသောကြောင့် ကျန်းချိုးဟွာ ချက်ချင်းရှင်းပြလိုက်သည်။

ထိုစကားကိုကြားတော့ စုအန်းယာ၏မွေးနေ့ပွဲ၌ ကုနင်းတွင် အထူးဆေးဝါးတစ်မျိုးရှိကြောင်း ကြားထားဖူးသည်ကို ကျောင်းအုပ်ကြီး သတိရသွားခဲ့သောကြောင့် ကုနင်းက သူ့သူငယ်ချင်းအား ကယ်တင်ရန်သွားခြင်းဖြစ်ကြောင်း ခန့်မှန်းမိလိုက်သည်။

“ကောင်းပြီလေ၊ အဲ့ဒီအကြောင်းမေ့ထားလိုက်တော့။” ကျောင်းအုပ်ကြီးပြန်ပြောလိုက်ကာ ထွက်သွားသည်အထိ ကျန်းချိုးဟွာသည်တော့ ထိတ်လန့်တုန်လှုပ်နေစဲဖြင့် ထိုင်ခုံတွင် ဆက်ထိုင်နေမိစဲပင်။ နောက်ဆုံးကျောင်းခေါင်းလောင်းတီးကာ တခြားဆရာများ ရုံးခန်းထဲသို့ပြန်ဝင်လာမှသာ သူမအသိစိတ်ပြန်ကပ်လာတော့သည်။ ထို့နောက်တွင်တော့ စိတ်တည်ငြိမ်သွားစေရန် ကြိုးစားပြီး ကျန်းချိုးဟွာတစ်ယောက် သက်ပြင်းအရှည်ကြီးသာ ချလိုက်မိတော့သည်။

ကျန်းချိုးဟွာလဲ ကျောင်းအုပ်ကြီးကဲ့သို့ပင် ထိုသတင်းအား တခြားလူများထံမဖြန့်ခဲ့ပေ။ ကုနင်းက သူမကျောင်းတွင်ပါ ထိုထိတ်လန့်စရာသတင်းကြီးကို သိစေချင်နေလားဆိုသည်ကို သူတို့မသိသေးသောကြောင့် လောလောဆယ်လျှို့ဝှက်ထားဖို့ရန် ဆုံးဖြတ်လိုက်ကြသည်။

မနက်၁၀နာရီမိနစ်၂၀ခန့်တွင်တော့ ကုနင်း Dမြို့လေဆိပ်သို့ရောက်ရှိသွားခဲ့သည်။

လေဆိပ်အပြင်ဘက်တွင်တော့ တောက်ပြောင်သည့်အနီရောင်Lamborghiniတစ်စီး လမ်းဘေးတွင်ရပ်ထားကာ ကြည့်ကောင်းငယ်ရွယ်သည့်အမျိုးသားတစ်ယောက်က ထိုကားကိုမှီကာ ရပ်နေခဲ့သည်။ သူ့ပုံစံကြောင့် အထူးသဖြင့် မိန်းကလေးများအပါအဝင် လူမြောက်မြားစွာကို ဆွဲဆောင်လို့နေသည်။ တော်တော်များများကလဲ ထိုလူငယ်အကြောင်း ဆွေးနွေးပြောဆိုနေကြသည်။ ထိုလူငယ်သည်က လင်ရှောင်းထင်ကဲ့သို့ အေးစက်စက်လူစားမဟုတ်ဘဲ သူ့ကို စကားလာပြောသည့် မိန်းကလေးများကို နွေးထွေးပြူငှာစွာဖြင့် ပြန်လည်တုံ့ပြန်ပြောဆိုပေးလေသည်။

ကုနင်းအပြင်သို့ထွက်လာသည်ကို ထိုမြင်ကွင်းကို သတိထားမိသွားကာ မကျေမနပ်ဖြစ်သွားရသည်။ ထိုလူ ဤကဲ့သို့ လူသတိထားစရာပုံစံမျိုးဖြင့် သူမကိုလာကြိုခြင်းက သင့်တော်သည်ဟု မထင်မိပေ။

ထိုတောက်ပြောင်သည့်အနီရောင်Lamborghiniမောင်းလာသည့် ကြည့်ကောင်းသည့်လူငယ်ဆိုသူမှာ ကုနင်းကိုလာကြိုသည့် ကေပင်ဖြစ်လေသည်။

လူများက ကေနှင့် ထိုတောက်ပြောင်နေသည့်အနီရောင်Lamborghiniကို ဓါတ်ပုံများရိုက်နေသည်ကိုမြင်တော့ ကုနင်း သူမမျက်နှာကိုမြင်ရသည့်ပုံများ အင်တာနက်တွင် မပျံ့သွားစေရန်အတွက် ချက်ချင်းပင် နှာခေါင်းစည်းကိုတပ်လိုက်သည်။

နှာခေါင်းစည်းတပ်လို့ပြီးသွားမှသာလျှင် ကေရှိရာသို့ လျှောက်သွားလိုက်သည်။

ကုနင်း နှာခေါင်းစည်းတပ်ထားသောကြောင့် ကေက သူမကိုမမှတ်မိပေမည့် အသံကိုတော့ မှတ်မိလေသည်။

ကုနင်း ကေကို မျက်စောင်းထိုးကြည့်လိုက်ကာ စိတ်ရှုပ်နေသည့် လေသံဖြင့်၊

“သွားရအောင်! ရှင်က တိရိစ္ဆာန်ဥယျာဉ်ထဲမျောက်မို့လို့လား?”

ထိုဥပမာအလင်္ကာက သူ့ကိုအရှက်ခွဲသလိုပုံပေါက်နေသာကြောင့် ကေစိတ်ဆိုးသွားရသည်။ ထိုသို့လှောင်ပြောင်သည့်အသုံးအနှုန်းအစား ကုနင်းက သူ့ရဲ့ဆွဲဆောင်မှုရှိပုံကို ချီးကျူးပေးသင့်သည်ဟုပင် ထင်မိသည်။ ဘာပဲဖြစ်ဖြစ် ကေကလဲ ကုနင်းကိုကြိုဖို့လာခြင်းသာဖြစ်သောကြောင့် အခုပဲပြန်ထွက်တာကပိုကောင်းလေသည်။

ထိုကြည့်ကောင်းသည့်လူငယ်က မိန်းကလေးတစ်ယောက်ကို ကြိုကာ ပြန်ထွက်သွားခြင်းက တခြားလူများ အလွန်မနာလိုဖြစ်ကုန်ကြကာ မိန်းကလေး အတော်များများကတော့ ကုနင်းနေရာတွင် သူတို့သာ ဖြစ်လိုက်ချင်သည်ဟု ဆုတောင်းနေကြတော့သည်။

ကုနင်း ကားထဲဝင်ထိုင်ပြီးသည်နှင့် ချက်ချင်းပင် ကေလဲ ကားကိုပြန်မောင်းထွက်လိုက်တော့သည်။

“ရှင်ပုံမှန်ဆိုဘာလုပ်တတ်လဲ?” ကုနင်း နှာခေါင်းစည်းကို ပြန်ချွတ်ရင်းဖြင့် ကေ့အားမေးလိုက်သည်။

“အပျော်ရှာတာပေါ့။”

“ကျွန်မရှင့်သူငယ်ချင်းကို ကယ်ပေးမယ်။ ဒါပေမယ့် ရှင်တို့နှစ်ယောက်လုံး ကျွန်မအတွက် လုပ်ပေးစရာအလုပ်ရှိတယ်။”

“ဘာများလဲ?” ကုနင်း၏စကားကို ကေ့ဘက်က မကျေနပ်သည့်ဟန်မပေါ်ပေ။

“ကျွန်မက အခုထိကျောင်းသူပဲဆိုတာ ရှင်လဲသိတာပဲ။ ဆိုတော့ ကျွန်မကုမ္ပဏီတွေကို အုပ်ချုပ်ဖို့အတွက် အချိန်အများကြီးမရှိဘူး။ ဒါကြောင့် ရှင်တို့နှစ်ယောက် ကျွန်မကို ကူညီပေးရမယ်။” ကုနင်း ကေ၏သူငယ်ချင်းနှင့် ယခုအထိ မတွေ့ရသေးဘူးဆိုသော်လည်း ကေ့ကိုတော့ဖြင့် ယုံကြည်လေသည်။

“နှစ်စဉ်ဆုကြေးအနေနဲ့ကရော?” ကေက ချက်ချင်းပင် လစာအကြောင်းမေးလိုက်သည်။

“ရှင်တို့တစ်ယောက်ကို အနည်းဆုံးယွမ်၁၀သန်းကျော်တန်တဲ့ ရှယ်ယာ၅ရာခိုင်နှုန်းစီရမယ်။”

“ကောင်းလိုက်တာ။ သဘောတူတယ်။” ကေချက်ချင်းပင် ပြန်ဖြေလိုက်သည်။

မကြာခင်တွင်ပဲ သူတို့နှစ်ယောက် ဆေးရုံသို့ရောက်ရှိလာကာ ဗီအိုင်ပီလူနာခန်းသို့သွားလိုက်သည်။ လူနာခန်း၏အပြင်ဘက်တွင်တော့ လူနှစ်ယောက်ရပ်စောင့်လို့နေသည်။ တစ်ယောက်သည်တော့ ကုနင်းအရင်ကတွေ့ခဲ့ဖူးသည့် ကောဟောက်ဖြစ်ကာ ကျန်တစ်ယောက်သည်တော့ လူစိမ်းဖြစ်သည်။

“မင်္ဂလာပါ၊ ဘော့စ်၊ မိန်းကလေးကု။” ကောဟောက်က တလေးတစားဖြင့် နှုတ်ဆက်လိုက်သည်။

“ဘော့စ်၊ မိန်းကလေးကု။” ကျန်တစ်ယောက်သည်လဲ ကေ၏သက်တော်စောင့်ပင်ဖြစ်ကာ နာမည်မှာတော့ ကျိုးချွင်ဖြစ်သည်။

ထို့နောက် ကောဟောက်က ကုနင်းနှင့်ကေတို့ဝင်ရန်အတွက် အခန်းတံခါးကို ဖွင့်ပေးလိုက်သည်။

ဆေးရုံကုတင်ပေါ်တွင်တော့ အသက်၃၀အရွယ်အမျိုးသားတစ်ဦး လဲလျောင်းလို့နေကာ ရုပ်ရည်သွင်ပြင်က ကြည့်ကောင်းပေမည့် အခုတွင်တော့ အားနည်းဖြူဖျော့လို့နေသည်။

“ဟိုင်း။” ကုနင်းနှင့်ကေတို့ဝင်လာသည်နှင့် ထိုလူက အားနည်းသည့်အသံဖြင့် စတင်နှုတ်ဆက်လိုက်သည်။

ကေက ကုနင်းအကြောင်းကို သူ့အားပြောပြထားပြီးဖြစ်၍ အခုလိုကုနင်းပါလာသည်ကို မအံ့ဩခြင်းဖြစ်သည်။ ထို့အပြင် ကုနင်းက ကေ၏ခြေထောက်များကို ကုသပေးခဲ့သည်အားလဲ သူသိထားသောကြောင့် သူမ၏စွမ်းဆောင်ရည်အပေါ်လဲ သံသယမဝင်မိပေ။ ကေလမ်းပြန်လျှောက်နိုင်သွားပြီဆိုသည့် အမှန်တရားကြောင့် သူထိတ်လန့်အံ့အားသင့်ခဲ့ရသော်လည်း ကုနင်းကို ယုံကြည်ထားဖို့ရန်သာ ရွေးချယ်ခဲ့လေသည်။ ထို့အပြင် ဤကမ္ဘာပေါ်၌ သူမသိသေးသည့် အံ့ဖွယ်ဖြစ်ရပ်များစွာရှိသေးကြောင်းကိုလဲ လက်ခံထားသူဖြစ်သည်။

“ဒါက ငါ့ရဲ့အရင်းနှီးဆုံးသူငယ်ချင်း ချန်စန်းယိပဲ။” ကေက ကုနင်းကိုပြောပြလိုက်ကာ တစ်ဖန် ချန်စန်းယိဘက်သို့လဲလှည့်ပြီး၊

“စန်းယိ၊ သူကတော့ မိန်းကလေးကုပဲ။”

“တွေ့ရတာဝမ်းသာပါတယ်။” ကုနင်းနှုတ်ဆက်လိုက်သည်။

“မိန်းကလေးကု တွေ့ရတာဝမ်းသာပါတယ်။ ကျွန်တော့်ကို ကူညီပေးတဲ့အတွက်လဲ ကျေးဇူးအထူးတင်ပါတယ်။” ချန်စန်းယိ ကုနင်းကို ကျေးဇူးတင်စကားပြောလိုက်သည်။

ထို့နောက် ကုနင်း စွမ်းအင်သလင်းကျောက်တစ်လုံးကို ထုတ်ယူကာ ချန်စန်းယိအားပေးလိုက်သည်။

ချန်စန်းယိ ထိုဆေးကိုသောက်လိုက်သည်နှင့် ချက်ချင်းပင် အရည်ပျော်သွားကာ အေးမြသည့် စီးကြောင်းတစ်ခုက သူ့ခန္ဓာကိုယ်တစ်ခုလုံးအား သက်သောင့်သက်သာဖြစ်သွားစေသည်။ သို့ပေမည့် ချန်စန်းယိက ဆိုးဆိုးရွားရွားဒဏ်ရာရရှိထားခြင်းဖြစ်သောကြောင့် ဆေးတစ်လုံးတည်းဖြင့် မလုံလောက်သေးပေ။ ထို့ကြောင့် ကုနင်း ချန်စန်းယိ၏ခြေထောက်များဆီကို ကိုယ်တိုင် စွမ်းအင်များလွှဲပြောင်းပေးကာ ပြန်ကောင်းလာစေရန် ကူညီပေးလိုက်သည်။

ချန်စန်းယိ၏ဒဏ်ရာများက အရမ်းဆိုးသောကြောင့် ကုနင်းသူ့ကိုထိလိုက်သည့်အချိန်တွင် အလွန်နာကျင်ရပေမည့် ကုနင်း သူမစွမ်းအားများကို သူ့ခြေထောက်အတွင်းလွှဲပြောင်းပေးနေချိန်တွင်တော့ အလွန်သက်သောင့်သက်သာရှိလာကာ နာကျင်မှုများလျော့ပါးလာခဲ့သည်။

ကေ့ဆီမှတစ်ဆင့် ဆေး၏မယုံနိုင်စရာအစွမ်းထက်ပုံကို ကြားဖူးထားသည်မှန်သော်လည်း ယခုလို လက်တွေ့ခံစားရသည့်အခါတွင်တော့ မအံ့ဩဘဲမနေနိုင်ခဲ့ပေ။

ကုနင်း ချန်စန်းယိအား အပြည့်အဝပျောက်ကင်းသည်အထိ မကုသပေးသော်လည်း ပျောက်ကင်းလုနီးပါးပင်ဖြစ်နေပေပြီ။ အခုတော့ ချန်စန်းယိတစ်ယောက် ကောင်းကောင်းအနားယူဖို့ရန်သာ လိုအပ်တော့သည်။

အကယ်၍ သူမသာ ချက်ချင်းကြီး လုံးဝပျောက်ကင်းသည်အထိ ကုသပေးလိုက်ပါကာ အလွန်မယုံကြည်နိုင်ဖွယ်အခြေအနေမျိုးဖြစ်သွားမည်ဖြစ်သောကြောင့် သူ့ဘာသာ ပျောက်ကင်းဖို့ရန် အချိန်တခုထားပေးဖို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် ချန်စန်းယိ၏ခြေထောက်မှာ နာကျင်နေစဲဖြစ်သလို လှုပ်ရှား၍လဲမရသေးပေမည့် တစ်ပတ်အတွင်းမှာပဲ လုံးဝပျောက်ကင်းသွားလိမ့်မည်ဖြစ်သည်။

ချန်စန်းယိပြန်ကောင်းဖို့ရန်အတွက် ကုနင်းစွမ်းအင်များစွာကို အသုံးပြုခဲ့ရခြင်းကြောင့် သူမမျက်နှာမှာလဲ ဖြူဖျော့လာခဲ့သည်။

ထို့နောက် ကုနင်း စွမ်းအင်သလင်းကျောက် နှစ်လုံးပါဝင်သည့် ကြွေပုလင်းတစ်လုံးအားထုတ်ယူလိုက်ကာ၊ ကေ့ကို၊

“ဒီဆေးကို သုံးရက်တစ်လုံးသောက်ခိုင်းလိုက်၊ ဒီလိုဆို တစ်ပတ်အတွင်း သူပြန်ကောင်းသွားလိမ့်မယ်။”

“ကျေးဇူးပါ။” ကေလဲ ထိုကြွေပုလင်းကို ယူလိုက်ကာ၊

“စန်းယိပြန်ကောင်းသွားတာနဲ့ ငါတို့မင်းကိုလာတွေ့မယ်။”

***

အခန်း ၄၈၄

မိုင်းတွင်းထဲမှ ဇွန်ဘီထွက်လာခြင်း

“ကောင်းပြီလေ။ ” ကုနင်းပြန်ဖြေလိုက်သည်။

ထို့နောက် ကေက ကုနင်းကို နေ့လည်စာအတူစားရန် ဖိတ်လိုက်ပေမည့် ကုနင်းက ချိန်းထားတာရှိခြင်းကြောင့်ဟု ဆိုကာ ငြင်းလိုက်သောကြောင့် ကေလဲ အတင်းမတိုက်တွန်းတော့ပေ။

ထို့နောက် ကုနင်းထွက်လာခဲ့ကာ စားသောက်ဆိုင်တစ်ဆိုင်တွင် နေ့လည်စာစားရင်းနှင့် Fမြို့သို့ပျံသန်းမည့် နောက်ဆုံးထွက်လေယာဉ်ရှိလားဆိုသည်ကို ဖုန်းထဲတွင် စစ်ကြည့်လိုက်သည်။ အခုချိန်ကစောနေသေးသောကြောင့် သူမသာ ဒီနေ့အတွင်း အိမ်ပြန်လို့ရရင် ပြန်ပေမည်။

အချိန်ခဏကြာပြီးနောက်တွင်တော့ ကုနင်း လေယာဉ်လက်မှတ်မှာလို့ပြီးသွားခဲ့သည်။ နောက်ဆုံးလေယာဉ်က ညနေ၄နာရီမိနစ်၂၀တွင်ထွက်မည်ဖြစ်ကာ အခုမှ နေ့လည်၁နာရီသာရှိသေးသောကြောင့် သူမလေဆိပ်သို့မသွားခင် သုံးနာရီလောက်နားနေလို့ရသေးသည်။

ကုနင်းပြင်းလာသောကြောင့် လက်ရှိနာမည်ကြီးနေသည့်သတင်းများကို အင်တာနက်ပေါ်မှတစ်ဆင့် ရှာဖွေဖတ်ရှုလိုက်သည်။ သို့ပေမည့် သူမမြင်ကွင်းအတွင်းသို့ အလွန်ထိတ်လန့်စရာကောင်းသည့် သတင်းတစ်ပုဒ်က ဝင်ရောက်လာခဲ့လေသည်။

‘ချန်ယန်းတောင်ရှိ မိုင်းတွင်းတစ်ခုတွင် ဇွန်ဘီတစ်ကောင် ထွက်ပေါ်လာ၊ လူအများအပြားဒဏ်ရာရရှိ’ (ဓါတ်ပုံနှင့်တကွ)

[ဖုတ်ကောင်=ဇွန်ဘီ ဟုပြောင်းလဲသုံးစွဲသွားပါမည်။]

ပုံမှာ အတော်ဝေးဝေးမှနေပြီး ရိုက်ကူးထားခြင်းဖြစ်သောကြောင့် မကြည်လင်ပေ။ လူများမှာ စစ်သား၁၀ယောက်ခန့်က အမည်းရောင်တစ်စုံတစ်ရာကို ဝိုင်းဝန်းတိုက်ခိုက်နေသည်ကိုသာ မြင်ကြပြီး ကုနင်းကလွဲပြီး ထိုအရာက ဇွန်ဘီ ဟုတ်မဟုတ်ကို မသိနိုင်ကြပေ။ ကုနင်းသည်တော့ ပထမအကြိမ်ကြည့်လိုက်သည့်အချိန်တွင်ပဲ ထိုအမည်းရောင်အရာက ဇွန်ဘီတစ်ကောင်မှန်း တန်းသိလိုက်သည်။

ထိုအရာက ဇွန်ဘီတစ်ကောင်မှန်း မည်သူမျှမယုံကြည်ကြသော်လည်း သတင်းသည်တော့ အတော်လေး ပျံ့နှံ့ကာ လူပြောများလို့နေပေပြီ။

“ဘုရားရေ၊ ဒါတကယ်ပဲ ဇွန်ဘီကြီးလား?”

“ကမ္ဘာကြီးအဆုံးသတ်တော့မှာများလား?”

“ငါကတော့ ဇွန်ဘီတွေရှိတယ်လို့ မယုံပါဘူး။”

“အဲ့ဒါကြီးက ဇွန်ဘီမဟုတ်ဘူးဆို စစ်သားတွေက အဲ့ဒီနေရာမှာ ဘာသွားလုပ်နေကြတာလဲ?”

“ဘယ်သိမှာလဲ။ ရိုက်ထားတဲ့ပုံကအရမ်းဝေးလွန်းတယ်။ ဘာမှသေချာမမြင်ရဘူး။”

မည်သို့ပင်ဖြစ်ပါစေ လူအများစုကတော့ ဇွန်ဘီရှိသည်ကို မယုံကြည်ကြပေ။

ကုနင်းသည်တော့ အင်တာနက်အသုံးပြုသူများ၏ ဆွေးနွေးပြောဆိုသည့် မှတ်ချက်များကို စိတ်မဝင်စားပေ။ ဇွန်ဘီတစ်ကောင်‌ပေါ်ထွက်လာမှတော့ သူမဘက်ကတစ်ခုခုလုပ်မှဖြစ်ပေမည်။ ဇွန်ဘီပေါ်ထွက်လာသည်ဆိုကတည်းက ထိုနေရာတွင် ရှေးဟောင်းဂူသင်္ချိုင်းတစ်ခုရှိပေလိမ့်မည်။ ရှေးဟောင်းဂူသင်္ချိုင်းသာရှိလျှင် ရှေးဟောင်းပစ္စည်းများလဲ ရှိပေမည်။ တစ်နည်းဆိုရလျှင်တော့ ကုနင်းထိုနေရာသို့ သေချာပေါက်သွားရပေမည်။

ထို့ကြောင့် ကုနင်း ချက်ချင်းပင် စားသောက်ဆိုင်မှထွက်လာကာ တက္ကစီတစ်စီးကိုငှားလိုက်ပြီး ချန်ယန်းတောင်ရှိရာသို့ ထွက်လာခဲ့လိုက်သည်။

ချန်ယန်းတောင်သည် Dမြို့မှ ၂၃ကီလိုမီတာကွာဝေးပြီး ကုနင်းရှိနေသည့်နေရာမှနေ ထိုတောင်သို့ရောက်ရန် မိနစ်၂၀မျှ ကားစီးရပေမည်။

တောင်နှင့်ဝေးဝေးသို့ရောက်ကတည်းက ကုနင်း ထိုတောင်မှနေပြီး ပြင်းထန်သည်ယင်စွမ်းအင်များကို မြင်တွေ့လိုက်ရကာ ချက်ချင်းပင် တောင်ရှိရာသို့အပြေးသွားလိုက်သည်။

သူမတောင်ခြေသို့ပြေးလာချိန်တွင် လူများအထဲသို့မဝင်စေရန်အတွက် အစောင့်များတားဆီးနေကြသည်ကို မြင်လိုက်ရသည်။ သတင်းထောက်နှစ်ဖွဲ့သည်လဲ အတားခံထားရလေသည်။

အရှေ့ဘက်ကနေတော့ ကုနင်းဝင်သွားလို့မရနိုင်သောကြောင့် တောင်အနောက်ဘက်မှနေဝင်ရန်သာ ဆုံးဖြတ်လိုက်တော့သည်။ သာမာန်လူများအတွက်တော့ ထိုသို့လုပ်ရန်မှာ မလွယ်ကူလှသော်လည်း ကုနင်းအတွက်ကတော့ အလွန်လွယ်ကူသည့် အလုပ်ဖြစ်လေသည်။

မကြာခင်တွင်ပဲ ကုနင်း ယင်စွမ်းအင် အပြင်းထန်ဆုံးရှိသည့်နေရာသို့ရောက်ရှိသွားခဲ့ကာ စစ်သား၁၀ယောက်ကျော်က ဇွန်ဘီတစ်ကောင်နှင့် ရင်ဆိုင်နေရသည်ကို မြင်လိုက်သည်။ ထိုဇွန်ဘီက အလွန်ရန်မူနေကာ ဖျက်ဆီးတိုက်ခိုက်ဖို့ရန် ခက်ခဲပေမည့် စစ်သားများကတော့ အခြေအနေကို ထိန်းချုပ်ထားနိုင်လေသည်။ သူတို့က ထိုဇွန်ဘီအား ကြိုးများဖြင့်ပင် တုတ်နှောင်လို့ထားနှင့်ပြီးဖြစ်သည်။ သို့ပေမည့် ဤမျှလောက်ဖြင့် မပြီးဆုံးသွားသေးပေ။ သူတို့ဘက်က ထိုဇွန်ဘီအား အပြီးသတ်မဖျက်ဆီးပစ်နိုင်သ၍ အန္တရာယ်အလွန်များနေစဲဖြစ်ကာ ကြိုးများကလဲ ဇွန်ဘီကို အမြဲတမ်းထိန်းချုပ်ထားနိုင်မည်မဟုတ်ဘဲ အကန့်အသတ်ရှိလေသည်။

ဇွန်ဘီသည် ရှေးဟောင်းစစ်သည်တောင်ဝတ်စုံအားဝတ်ဆင်ထားပေမည့် ကုနင်းကတော့ ထိုဝတ်စုံက မည်သည့်ခေတ်က ဝတ်စုံမှန်း မခန့်မှန်းနိုင်သေးပေ။

ထိုနေရာရှိ မိုင်းတွင်းမှ မိုင်းအလုပ်သမားများသည်လဲ ခပ်ဝေးဝေးတွင် နေနေကြပေမည့် ထွက်မသွားကြသေးပေ။ အကြောင်းကတော့ သူတို့ကိုသာ လွှတ်ပေးလိုက်လျှင် မိုင်းတွင်းတွင်ဖြစ်ပျက်နေသည့်သတင်းများက အင်တာနက်ပေါ် ပျံ့နှံ့သွားမည်ဖြစ်ကာ လူများကို အလွန်ကြောက်လန့်သွားစေမည်ဖြစ်သောကြောင့်ပင်။ အင်တာနက်ပေါ်ရှိ ယခင်ပျံ့ထားပြီးသားသတင်းသည်တော့ လွန်ခဲ့သည့်မိနစ်ပိုင်းကပင် အဖျက်ခံလိုက်ရပြီဖြစ်သည်။ ထိုသတင်းကိုတင်ခဲ့သည့် မိုင်းလုပ်သားသည်လဲ ထိုသို့မတင်ရန်အတွက် သတိပေးခံခဲ့ရပြီးဖြစ်သည်။ ထို့အပြင် တောင်အတွင်းအပြင်တွင်ရှိနေသည့် အခြားသော လူအားလုံးသည်လဲ သတင်းမတင်ရန်အတွက် သတိပေးခံထားရပြီးဖြစ်သည်။

ထိုထိတ်လန့်စရာသတင်းကြောင့် ရောက်ရှိလာခဲ့သည့် သတင်းသမားများသည်လဲ တောင်ခြေတွင်ပဲ တားဆီးခံထားကြရသည်။

“သူတို့ ဇွန်ဘီကုတ်တာခံလိုက်ရပြီ၊ ဒဏ်ရာတွေကလဲ တဖြည်းဖြည်းမည်းလာတယ်။ သူတို့ကို ကုပေးနိုင်တဲ့ ဆေးမျိုး ငါတို့မှာမရှိဘူး။” သက်လတ်ပိုင်းအရွယ်ဆရာဝန်တစ်ဦးက ပြောလိုက်သည်။

“ဘာ? ဒါဆို ငါတို့ဘာဆက်လုပ်ကြမလဲ?”

အနားရှိလူတိုင်း စိုးရိမ်ပူပန်သွားကြရသည်။

“ကျွန်မကုပေးနိုင်တယ်။” ကုနင်းလဲ ဤနေရာသို့ရောက်ရှိနေပြီးပြီဖြစ်၍ တစ်ခုခုတော့ လုပ်ပေးမှဖြစ်ပေမည်။

“မင်းက ကုပေးနိုင်တယ်ပေါ့?” ရုတ်တရက်ထွက်ပေါ်လာသည့် မိန်းမငယ်လေးတစ်ဦးက ဇွန်ဘီကုတ်ရာကို ကုသပေးနိုင်လိမ့်မည်ဟု မည်သူမှ မယုံကြည်ကြပေ။

“မင်းဘယ်သူလဲ? ဘာလို့ဒီကိုရောက်နေတာလဲ? ရဲတွေက မင်းကိုဘာလို့ဝင်ခွင့်ပေးလိုက်တာလဲ?” ဆရာဝန်က စိတ်အနှောက်အယှက်ဖြစ်စွာဖြင့် ကုနင်းကို မေးခွန်းများတရစပ်မေးလိုက်သည်။ သူသည် Dမြို့ ဗဟိုဆေးရုံမှ ကျွမ်းကျင်ဆရာဝန်တစ်ဦးဖြစ်လေသည်။ သူတောင်မှ ဤဒဏ်ရာကို မကုသနိုင်လျှင် ဘယ်လိုလုပ်များ ကုနင်းလို မိန်းမငယ်လေးတစ်ဦးက ကုနိုင်လိမ့်မည်နည်း? သူမက သူ့ရဲ့အခွင့်အာဏာကို စိန်ခေါ်ယှဉ်ပြိုင်ချင်တာလား?

“ကျွန်မကုနိုင်တယ်လို့ပြောနေတယ်လေ။” ကုနင်း ပြောရင်းဖြင့်ပင် ဒဏ်ရာရနေသည့်လူများရှိရာသို့ ဆက်သွားလိုက်ပေမည့် သူမအနားသို့မရောက်နိုင်ခင်တွင်ပဲ ဆရာဝန်ကတားလိုက်ပြန်သည်။

“မင်းကဆရာဝန်မို့လို့လား? ငါတို့ကဘာကိစ္စ မင်းကိုယုံကြည်ရမှာလဲ?” ဆရာဝန်က သူတောင်မလုပ်နိုင်သည့်ကိစ္စကို ထိုမိန်းမငယ်လေးသေချာပေါက်မလုပ်နိုင်ဟု တွေးနေသည်။

“ရှင်မကုပေးနိုင်မှတော့ ဘာလို့ ကျွန်မကို ကြိုးစားခွင့်မပေးတာလဲ? ဘာလဲ၊ ရှင်သူတို့သေတာကို ထိုင်ကြည့်နေမလို့လား?” ကုနင်း ထိုဆရာဝန်အားစိုက်ကြည့်ကာမေးလိုက်သည်။

“မင်း….” ထိုဆရာဝန်လဲ ဒေါသထွက်သွားတော့သည်။

“ဒေါက်တာထန်၊ ကျွန်တော်ကတော့ ဒီမိန်းကလေးပြောတာ အဓိပ္ပါယ်ရှိတယ်ထင်တယ်။ ခင်ဗျားမကုပေးနိုင်မှတော့ ကျွန်တော်တို့ ဒီမိန်းကလေးကို စမ်းသပ်ခွင့်ပေးရမှာပေါ့။” မိုင်းတွင်း၏ကြီးကြပ်ရေးမှူး ကောင်းချန်က ဆိုသည်။

ကောင်းချန်သည် ထန်ကျန်းဖုန်းဆိုသည့်ဆရာဝန်ကို အပြစ်တင်လိုခြင်းမဟုတ်ဘဲ ဒဏ်ရာရသူများကို တတ်နိုင်သမျှမြန်မြန်ကုသပေးလိုခြင်းသာဖြစ်ပေမည့် ထန်ကျန်းဖုန်းသည်တော့ မကျေမနပ်ဖြစ်သွားရသည်။

“ကောင်းချန်၊ မင်းကငါ့ထက် ဒီမိန်းကလေးကိုယုံဖို့ရွေးချယ်လိုက်တာလား?”

ထို့သို့ထေ့ငေါ့သည်ကိုကြားရချိန် ကောင်းချန်သည်လဲ ဒေါသထွက်သွားရကာ၊

“ဒေါက်တာထန်၊ ခင်ဗျား ကျုပ်စကားကို အဲ့လိုအထအနလိုက်မကောက်ပါနဲ့။ ခင်ဗျားကိုယ်တိုင် ဘာမှမလုပ်နိုင်ဘူးဆိုလဲ ဘာလို့ဒီမိန်းကလေးကို စမ်းခွင့်မပေးနိုင်ရတာလဲ? ဘယ်သူကမှ ကိုယ့်ရှေ့ကလူသေတာကို မမြင်ချင်ကြဘူး။ ဒီမိန်းကလေးသာ တစ်ခုခုလုပ်ပေးနိုင်တယ်ဆိုရင် ကျွန်တော်တို့လဲ အနည်းဆုံးမျှော်လင့်ချက်လေးနည်းနည်းတော့ရှိတာပေါ့။”

“ဘာတွေဖြစ်နေကြတာလဲ?” ဤတစ်ခေါက်တွင်တော့ Dမြို့၏မြို့တော်ဝန် ကျန်းပါးဝမ့်ရောက်လာခြင်းဖြစ်သည်။ သူအနားသို့ရောက်လာသည်နှင့် ကုနင်းကို ချက်ချင်းမှတ်မိသွားကာ အလွန်အံ့အားသင့်သွားခဲ့သည်။

“မိန်းကလေးကု၊ မင်းဘယ်လိုလုပ်ဒီမှာရှိနေတာလဲ?” ကျန်းပါးဝမ့်သည် ကုနင်းက သာမာန်မိန်းကလေးတစ်ဦးမဟုတ်မှန်း သိထားသူဖြစ်သောကြောင့် သူမကိုမြင်လိုက်ရချိန်တွင် အံ့ဩမိသလို အလွန်လဲ စိတ်လှုပ်ရှားသွားရသည်။ ကုနင်းသည် ယန်ကျန်းလင်နှင့်ရှောင်းချန်ချွန်းတို့ကို ကယ်တင်ခဲ့သူဖြစ်ပြီး လျှိုရှီခွန်းတို့အဖွဲ့ကို ဖြုတ်ချရန်အတွက်လဲ ယန်ကျန်းလင်အား ကူညီပေးခဲ့သူဖြစ်သည်။ သို့ပေမည့် သူမကတော့ ထိုကိစ္စများအတွက် ထုတ်ဖော်ကြွားဝါခြင်းမပြုပေ။ ထို့အပြင် သူမသည် ဟုန်ယွမ်လုပ်ငန်းစုကိုတောင်မှ ဝယ်ယူခဲ့သေးလေသည်။

ကျန်းပါးဝမ့်၏မျက်လုံးထဲတွင်တော့ ကုနင်းဆိုသူမှာ ငယ်ရွယ်ကာ ဖြောင့်မတ်သည့်မိန်းမငယ်လေးတစ်ဦးဖြစ်သလို အောင်မြင်သည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလဲဖြစ်လေသည်။

***

အခန်း ၈၄၅

မီးရှို့လိုက်

ဟုန်ယွမ်လုပ်ငန်းစု၏တန်ဖိုးမှာ ၁ဘီလီယံမကသလို ကုနင်းတွင် ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းစုက ရှိထားပြီးသားဖြစ်လေသည်။

ကုနင်းသည် ကျောက်အလောင်းအစားလုပ်ရာတွင် အလွန်ထူးချွန်ကြောင်းနှင့် အဆင့်မြင့်လက်ဝတ်ရတနာဆိုင်တစ်ဆိုင်လဲ ရှိသေးကြောင်း ကျန်းပါးဝမ့် ကြားထားသေးလေသည်။ အခုချိန်တွင်တော့ သူမတွင် လက်ဝတ်ရတနာဆိုင်တစ်ဆိုင်သာရှိသေးသော်လည်း ထိုတစ်ဆိုင်တည်းကပင် ယွမ်၁ဘီလီယံကျော်တန်ဖိုးရှိနေပေပြီ။

ကျောက်အလောင်းအစားလုပ်ခြင်းသည် အလွန်ဆိုးကျိုးများလွန်းသော လုပ်ငန်းဖြစ်ကြောင်း လူတိုင်းနားလည်ထားပြီးဖြစ်သည်။ ကုနင်းသည် ထိုလုပ်ငန်းဖြင့်ပင် ငွေအမြောက်အမြားရှာနိုင်နေပြီဆိုလျှင် ငွေကြေးအတွက် လုံးဝစိတ်ပူစရာမလိုတော့ပေ။ သို့ပေမည့် ကုနင်းလို ထူးချွန်သည့် ကျောက်အလောင်းအစားစွမ်းရည်မျိုးက လူတိုင်းတွင်ရှိနေသည်မဟုတ်ပေ။

မြို့တော်ဝန်ကျန်းပါးဝမ့်က ကုနင်းကို တလေးတစားဆက်ဆံနေသည်အားမြင်လိုက်ရပြီး လူတိုင်း အံ့အားသင့်သွားကြသည်။ သူတို့၏မြို့တော်ဝန်က မိန်းမငယ်လေးတစ်ဦးကို ထိုမျှယဉ်ယဉ်ကျေးကျေး ပြောဆိုဆက်ဆံသည်အား ဘယ်တုန်းကမှ မတွေ့ဖူးခဲ့ကြပေ။ ကျန်းပါးဝမ့်၏အပြုအမူအရ သူတို့ရှေ့မှ မိန်းကလေးသည် အရေးကြီးပုဂ္ဂိုလ်တစ်ဦးဦးဖြစ်လောက်ပေမည်။

“မြို့တော်ဝန်ကျန်း၊ ကျွန်မသူတို့ကို ကုပေးနိုင်တယ်။” ကုနင်းယုံကြည်ချက်အပြည့်ဖြင့်ပြောလိုက်သည်၊

“ဒါပေမယ့် ဒီဆရာဝန်က ကျွန်မကို တားနေတယ်။”

ကျန်းပါးဝမ့် မကျေမနပ်ဖြစ်သွားကာ ထန်ကျန်းဖုန်းကိုစိုက်ကြည့်လိုက်သောကြောင့် ထန်ကျန်းဖုန်းလဲ ချက်ချင်းပင် နှုတ်ပိတ်သွားတော့သည်။ ကျန်းပါးဝမ့်သည် ကုနင်းတကယ်ပဲ ထိုဒဏ်ရာများကို ကုသနိုင်သလားဆိုသည်ကို သံသယဝင်မိသော်လည်း စမ်းကြည့်ဖို့ကိုတော့ဖြင့် ခွင့်ပြုနိုင်ပေသည်။

“မိန်းကလေးကု၊ ကုသကြည့်ပါ။”

ကျန်းပါးဝမ့်ကိုယ်တိုင်က သဘောတူနေခြင်းကြောင့် မည်သူမျှ ကုနင်းကိုထပ်မတားဆီးရဲကြတော့ပေ။ ကုနင်းလဲ ချက်ချင်းပင် သူမလွယ်အိတ်ထဲမှ စွမ်းအင်သလင်းကျောက်များကိုထုတ်ယူကာ ဇွန်ဘီအကုတ်ခံလိုက်ရသည့် မိုင်းအလုပ်သမားငါးဦးအား သောက်ဖို့ရန်ပြောလိုက်သည်။

တခြားလူများကတော့ ထိုလူငါးဦးအား စိုးရိမ်ပူပန်စွာဖြင့် ကြည့်နေကြပေမည့် ထန်ကျန်းဖုန်းသည်တော့ ကုနင်းကျရှုံးသွားဖို့ရန်သာ မျှော်လင့်နေခဲ့သည်။

တကယ်တမ်း ထန်ကျန်းဖုန်းသည် တကိုယ်ကောင်းဆန်ကာ ကိုယ့်အတွက်ကိုယ်သာကြည့်သည့် လူတစ်ယောက်ဖြစ်ပြီး သူ့လိုလူတစ်ယောက် ဆရာဝန်ဖြစ်နေခြင်းသည် လူနာများ၏အနာဂါတ်ကိုပင် ပျောက်ဆုံးစေနိုင်ပေသည်။

မိနစ်အနည်းငယ်ကြာပြီးနောက်တွင်တော့ ထန်ကျန်းဖုန်း၏ဆန္ဒနှင့်ဆန့်ကျင်စွာ ပြင်ပဒဏ်ရာအနည်းငယ်လောက်မှ စတင်ပျောက်ကင်းလာခဲ့သည်။ လူတစ်ယောက်ကို ဆေးတစ်လုံးစီသာသောက်ထားခြင်းဖြစ်သောကြောင့် အချိန်တိုအတွင်း အပြည့်အဝပြန်ကောင်းသွားမည်မဟုတ်ပေမည့် အသက်ကိုတော့ ကယ်တင်ပေးနိုင်ခဲ့ပြီဖြစ်သည်။

ကုနင်း၏ဆေးအစွမ်းကြောင့် လူတိုင်းအံ့အားသင့်နေရသလို ကုနင်းကိုလဲ လေးစားသွားကြတော့သည်။

“ဘုရားရေ၊ အရမ်းအံ့ဩဖို့ကောင်းတာပဲ။”

“ဒေါက်တာထန်တောင်မကုပေးနိုင်တာကို သူကတော့ အချိန်တိုလေးအတွင်း ကုပေးလိုက်နိုင်တာပဲ။”

“သူက တကယ့်ကျွမ်းကျင်ဆရာဝန်ပဲဖြစ်ရမယ်။”

လူတိုင်းက ကုနင်းကို ချီးကျူးနေကြသောကြောင့် ထန်ကျန်းဖုန်းပို၍ပင် ဒေါသထွက်လာရကာ မျက်နှာလဲပူလာရသည်။ ဘာလို့လဲ? ဘာလို့ သူကကျကုပေးနိုင်တာလဲ? ထန်ကျန်းဖုန်း ဒေါသထွက်နေသာ်လည်း ဘာမှတော့ မပြောရဲပေ။

“မိန်းကလေးကု, အရမ်းအံ့ဩဖို့ကောင်းတာပဲ။ အခုလိုကူညီပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။” ကျန်းပါးဝမ့်က ကုနင်းကို စိတ်ရင်းဖြင့် ကျေးဇူးတင်စကားပြောလိုက်သည်။

“ဒါကမပြောပလောက်ပါဘူး။ မြို့တော်ဝန်ကျန်း၊ ကျွန်မလုပ်နိုင်တာကို လုပ်ပေးခဲ့ရုံပါ။”

တကယ်တမ်း ကုနင်းဤနေရာသို့လာခဲ့ခြင်းသည် ဒဏ်ရာရသူများကို ကယ်တင်ရုံသာမကဘဲ ဇွန်ဘီကိုလဲဖျက်ဆီးကာ အမည်မသိရှေးဟောင်းဂူသင်္ချိုင်းအတွင်းမှ ရှေးဟောင်းပစ္စည်းများကိုလဲ တူးဖော်ယူရန်ဖြစ်သည်။

“မြို့တော်ဝန်ကျန်း၊ ဒီဇွန်ဘီကို ဘယ်လိုနှိမ်နင်းရမလဲဆိုတာ ကျွန်မသိတဲ့။ ကျွန်မကိုသွားခွင့်ပြုပေးပါ။” ကုနင်း ကျန်းပါးဝမ့်အား တောင်းဆိုလိုက်သည်။

“ဘယ်လို? မင်းက ဇွန်ဘီကို နှိမ်နင်းနိုင်တယ်?” လူတိုင်းအလွန်အံ့အားသင့်သွားကြတော့သည်။

“ဒဏ်ရာရထားတဲ့လူတွေကို ကယ်နိုင်ခဲ့တာနဲ့ မင်းကိုယ်မင်း တကယ့်ကယ်တင်ရှင်ကြီးတစ်ယောက်ဖြစ်ပြီလို့ ထင်မနေနဲ့။ မင်းကများ ဇွန်ဘီတစ်ကောင်ကို နှိမ်နင်းမယ်? လာနောက်နေတာလား?” တခြားလူများမပြောခင် ထန်ကျန်းဖုန်းက အထင်သေးစွာဖြင့် ဝင်ပြောလိုက်သည်။

တခြားလူများလဲ ထိုသို့ထင်မိပေမည့် အကြောင်းရင်းသေချာမသိသေးခင် အဆုံးသတ်အား ကောက်ချက်ချဖို့ရန်က စောလွန်းနေသည်။

“အစောကပဲ ဒီလူတွေကိုကျွန်မမကယ်နိုင်ပါဘူးလို့ ရှင်မပြောခဲ့ဘူးလား? ကျွန်မကယ်နိုင်ခဲ့တယ်လေ၊ ဒါကြောင့် အဆုံးသတ်ကို ကျော်ခွပြီး ကောက်ချက်မချခင် သေချာစဉ်းစားဦး။ ရှင့်လိုလူတစ်ယောက် ဆရာဝန်ဖြစ်နေတာက လူနာတွေအတွက် ကံဆိုးမှုပဲ!” ကုနင်း ထိုလူအား လုံးဝသည်းခံမထားနိုင်တော့ဘဲ ပြန်ပြောလိုက်မိတော့သည်။

“မင်း…” ထန်ကျန်းဖုန်းလဲ ပိုလို့ဒေါသထွက်သွားရပြန်သည်။

“ကောင်းပြီလေ၊ မိန်းကလေးကု၊ အဆင်ပြေသလိုလုပ်ပါ၊ သေချာလဲဂရုစိုက်ဦးနော်။” ကျန်းပါးဝမ့် ထန်ကျန်းဖုန်း၏စကားကို ဖြတ်ကာပြောလိုက်သည်။ ကုနင်းဘက်က လိုလိုလားလားနှင့်ကူညီပေးချင်နေမှတော့ သူဘက်ကလဲ သေချာပေါက် အခွင့်အရေးပေးပေမည်။ သူမသာ အမှန်တကယ်ထိုဇွန်ဘီအား နှိမ်နင်းနိုင်ခဲ့မည်ဆိုလျှင် အကောင်းဆုံးဖြစ်သည်။

တစ်ချိန်တည်းတွင်ပဲ ကုနင်း၏ ထန်ကျန်းဖုန်းအပေါ်ပေးသည့်မှတ်ချက်များကိုလဲ ကျန်းပါးဝမ့်စိတ်ထဲတွင် တေးမှတ်ထားလိုက်သည်။ တကယ်ပဲ ထန်ကျန်းဖုန်းသည် ကိုယ့်အတွက်ကိုယ်ကြည့်သည် တစ်ကိုယ်ကောင်းသမားတစ်ယောက်ဆိုလျှင် ဆရာဝန်တစ်ယောက်အဖြစ် လေးစားဖို့မထိုက်တန်ပေ။

ကျန်းပါးဝမ့်၏ထောက်ခံပေးမှုကြောင့် ကုနင်းလဲ ဇွန်ဘီရှိရာဆီသို့သွားလိုက်သည်။

စစ်သားများသည်လဲ ထိုဇွန်ဘီကောင်အား မည်သို့မည်ပုံကိုင်တွယ်ရမည်မှန်း ကြံရာမရဖြစ်နေကြသည်။

“ခေါင်းဆောင်၊ ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲ?”

“ငါလဲ ဒီလိုကောင်မျိုးကို ပထမဆုံးအကြိမ်မြင်ဖူးတာလေ။ ဘယ်လိုလုပ်သိမှာလဲ?”

“သေနတ်ကော ဓါးကော ဒီကောင့်ကို ထိခိုက်အောင် မလုပ်နိုင်ဘူး။”

“ခေါင်းဆောင်၊ မိန်းကလေးတစ်ယောက် ဒီဘက်ကိုလာနေတယ်။”

“သူတို့ဘက်ကမတားထားဘူးဆိုတော့ ငါတို့ကို တစ်ခုခုပြောစရာရှိလို့ဖြစ်ရမယ်။”

“ဘာလို့ဒီလိုမိန်းမငယ်လေးတစ်ယောက်ကို ဝင်ခွင့်ပေးလိုက်တာလဲ? သူအရမ်းကြောက်သွားလိမ့်မယ်။”

“မင်းငတုံးလား? သူဒီကိုသတ္တိရှိရှိနဲ့လျှောက်လာနေပြီး အေးဆေးတည်ငြိမ်နေမှတော့ ကြောက်နိုင်ပါတော့မလား။”

“တော်ပြီ၊ စကားမများနေကြနဲ့တော့။”

ကုနင်း ထိုစစ်သားများရှိရာသို့လျှောက်သွားချိန်တွင် ဇွန်ဘီစစ်သည်တော် ဝတ်ထားသည့်ဝတ်စုံအား ရှင်းလင်းစွာ မြင်နိုင်ခဲ့သည်။ ထိုဝတ်စုံသည် စွေ့ခေတ်မှဖြစ်သည်။ ရှေးဟောင်းဂူသင်္ချိုင်းထဲတွင်သာ စစ်သည်တော်များကို မြှုပ်နှံထားသည်ဆိုလျှင် ရာထူးမြင့်ကာ အရေးပါသည့်ပုဂ္ဂိုလ်တစ်ဦးဦးကိုလဲ သေချာပေါက် မြှုပ်နှံထားပေလိမ့်မည်။ အရေးအကြီးဆုံးအချက်သည်က လောလောဆယ် ဤဇွန်ဘီအားနှိမ်နင်းဖို့ရန်ပင်ဖြစ်သည်။

“ဒီကောင့်အပေါ်ကို ဓါတ်ဆီလောင်းပြီး မီးတေ့လိုက်ပါ။” ကုနင်းပြောလိုက်သည်။

ထိုစကားကိုကြားပြီးနောက် အနားရှိစစ်သားအားလုံး စက္ကန့်ပိုင်းမျှ ကြောင်အလို့သွားကြရသည်။

“အဲ့ဒီနည်းက အလုပ်ဖြစ်ရဲ့လား? ကြိုးတွေသာ မီးလောင်သွားရင် ဒီကောင်လဲလွတ်သွားနိုင်တယ်လေ။” စစ်သားတစ်ဦးက စိုးရိမ်စွာဖြင့်မေးလိုက်သည်။

“သေချာပေါက် အလုပ်ဖြစ်တာပေါ့။ ကျွန်မအရင်တုန်းက ဇွန်ဘီတစ်ကောင်နဲ့တွေ့ခဲ့ဖူးတယ်၊ ပြီးတော့ ဒီနည်းလမ်းနဲ့ပဲ နှိမ်နင်းခဲ့တာ။” ကုနင်း သူမကို ထိုလူများယုံကြည်စေရန်အတွက် သူမအရင်တုန်းက ဇွန်ဘီတစ်ကောင်နှင့် တွေ့ခဲ့ဖူးသည့် အမှန်တရားအား ဖုံးကွယ်မနေတော့ပေ။

All Chapters