← Chapters

အခန်း (၄၈၆-၄၉၀)

Vol. 33 Ch. 486-490

အခန်း (၄၈၆-၄၉၀)

Vol. 33 Ch. 486-490

အခန်း ၄၈၆

တစ်ယောက်တည်းဝင်သွားခြင်း

“ဘာ? မင်းအရင်ကလဲ ဇွန်ဘီနဲ့တွေ့ခဲ့ဖူးတယ်လား?” စစ်သားအားလုံး ထိတ်လန့်ကုန်ကြသည်။

“တကယ်လား?” တစ်ယောက်က အတည်ပြုလိုဟန်ဖြင့် ထပ်မေးလိုက်သည်။

“ဟုတ်တယ်၊ ပြီးတော့ တစ်ကြိမ်တည်းနဲ့လဲအောင်မြင်ခဲ့တယ်။ ဒါကြောင့် ဒီတစ်ခေါက်ကိုလဲ စမ်းကြည့်လို့ရတာပဲ။” ကုနင်းပြန်ဖြေလိုက်သည်။

“မင်းပြောတာမှန်တယ်၊ ဒါပေမယ့် ငါတို့မှာ လောလောဆယ် ဓါတ်ဆီရှိမနေဘူး။” စစ်သားခေါင်းဆောင်က ပြောလိုက်သည်။

“ကျွန်မမှာရှိတယ်။” ထို့နောက် ကုနင်း မီးတောက်ထုတ်သည့် ကိရိယာနှင့် ဓါတ်ဆီတစ်ပုံးအား လွယ်အိတ်(စိတ်စွမ်းအင်အာကာပြင်မှတစ်ဆင့်)ထုတ်ယူလိုက်သောကြောင့် လူတိုင်း သူမကို အံ့အားသင့်စွာ ကြည့်မိလိုက်ကြသည်။

ကုနင်း ထိုမီးတောက်ထုတ်သည့်ကိရိယာနှင့် ဓါတ်ဆီပုံးကိုကိုင်ကာ ဇွန်ဘီရှိရာသို့ သွားလိုက်သည်။ စစ်သားများကတော့ စိုးရိမ်ပူပန်နေကြကာ တစ်ယောက်မှနေပြီး၊

“ငါလုပ်ပေးပါ့မယ်။”

“ကျေးဇူးပါ၊ ဒါပေမယ့် စိတ်ပူစရာမလိုပါဘူး။ ကျွန်မဖြေရှင်းနိုင်ပါတယ်။” တခြားသူများဆိုလျှင် အမှားဖြစ်သွားမည်စိုး၍ ကုနင်းကိုယ်တိုင် လုပ်ရန်သာဆုံးဖြတ်ထားသည်။ ကုနင်း၏ဆုံးဖြတ်ချက်ကိုကြားရတော့ တခြားလူများလဲ အတင်းအကျပ်မတိုက်တွန်းနေတော့ပေ။

ကုနင်း ဓါတ်ဆီပုံးကို ဖွင့်လိုက်ကာ ဇွန်ဘီအပေါ်သို့ လောင်းချလိုက်ပြီးသည်နှင့် မီးတောက်ထုတ်သည့် ကိရိယာကို ဖွင့်ကာ ချက်ချင်းမီးရှို့လိုက်ပြီးသည်နှင့် ဇွန်ဘီ၏ခန္ဓာကိုယ်လဲ ချက်ချင်း မီးတောက်များဖြင့် ဖုံးလွှမ်းသွားခဲ့သည်။ ချည်နှောင်ထားသည့်ကြိုးများကလဲ မီးများတောက်လောင်နေကာ ဇွန်ဘီကောင်သည်လဲ နာနာကျင်ကျင် အော်ဟစ်ညည်းညူလာသောကြောင့် လူတိုင်း ကြောက်လန့်သွားကြတော့သည်။ နောက်မိနစ်ပေါင်းများစွာအထိ ထိုဇွန်ဘီကောင်မှာ အော်ဟစ်ခုန်ပေါက်နေသောကြောင့် လူများလဲ အတော်ဝေးဝေးသို့ ချက်ချင်းပြောင်းရွှေ့နေရတော့သည်။ မကြာမီတွင်ပဲ ပုပ်အဲ့အဲ့ညော်နံ့ကြီးက လေထုအတွင်းပျံ့နှံ့လာကာ အန်ချင်စရာကောင်းနေတော့သည်။

ကျန်းပါးဝမ့်နှင့် အခြားလူများသည်တော့ အလွန်ဝေးဝေးတွင်ရပ်နေကြသော်လည်း အော်ဟစ်သံကြီးများကို ကြားနေရစဲဖြစ်ကာ ကြောက်လန့်တုန်လှုပ်နေကြသည်။

ဇွန်ဘီကို အချိန်တိုအတွင်းလေးတွင်တော့ ဖျက်ဆီးပစ်၍ရမည်မဟုတ်သောကြောင့် ကုနင်း သူမလက်ထဲမှ မီးတောက်ထုတ်သည့်ကိရိယာအား ပြန်ချထားကာ ဆက်ကြည့်နေခဲ့သည်။ အကယ်၍မီးတောက်အရှိန်သေသွားလျှင် ကုနင်းချက်ချင်း မီးပြန်ညှိနိုင်ပေသည်။

ထိုအချိန်ရောက်သည်တွင်တော့ လူတိုင်းသည် ကုနင်းကို လေးစားမှုဖြင့် ကြည့်နေမိကြပေပြီ။ ဤမိန်းမငယ်လေးသည် အလွန်ထူးခြားပေသည်။ ဤဇွန်ဘီက အလွန်လျင်မြန်ဖြတ်လတ်လွန်းသောကြောင့် စစ်သားများပင် မနည်းရင်ဆိုင်ခဲ့ရပေသည်။ ဤမိန်းကလေးသည်တော့ ဆရာကျစွာ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သည်။

“မြို့တော်ဝန်ကျန်း၊ အဲ့ဒီမိန်းကလေးက ဘယ်သူလဲ?” ပြည်သူ့လုံခြုံရေးဌာန၏ခေါင်းဆောင် ထုံချိန်တန်က မနေနိုင်စွာဖြင့် မေးလိုက်သည်။

“ငါလဲ သူနဲ့နှစ်ခေါက်ပဲတွေ့ဖူးသေးတာဆိုတော့ သူ့အကြောင်း သေချာမသိဘူး။” ကျန်းပါးဝမ့်သည် ကုနင်းအကြောင်း အနည်းငယ်သာသိထားသော်လည်း သူမ၏စွမ်းဆောင်ရည်အကြောင်းကိုတော့ မြောက်များစွာကြားဖူးထားပြီးဖြစ်သည်။

သူမနဲ့နှစ်ကြိမ်ပဲတွေ့ဖူးတာတောင် ဒီလောက်ယုံကြည်နေတယ်လား? ထုံချိန်တန်ရော စစ်တပ်မှဒုတိယဗိုလ်မှူးကြီး အန်းဝမ်လီပါ အလွန်အံ့ဩသွားကြသလို နားမလည်နိုင်လဲဖြစ်သွားကြသည်။

“သူ့ပုံစံကို ကြည့်ဦး။ သူက စစ်တပ်ထဲက အတော်ဆုံးစစ်သားတွေထက်တောင် ပိုတော်နေသေးတယ်။ သူက ထူးချွန်စစ်သားတစ်ယောက်ဖြစ်ဖို့ အလားအလာရှိတယ်လို့ ငါတော့ထင်တယ်။” အန်းဝမ်လိသည်တော့ ကုနင်းကို အလွန်သဘောကျနေကာ စစ်ထဲဝင်ဖို့ပင် တိုက်တွန်းချင်နေတော့သည်။

သို့ပေမည့် ကျန်းပါးဝမ့်သည်တော့ ကုနင်းလို ယွမ်ဘီလီယံပေါင်းများစွာချမ်းသာသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက စစ်မှုထမ်းလိမ့်မည်ဟုမထင်မိပေ။

မိနစ်၂၀ကျော်လောက်ကျွမ်းပြီးသည့်နောက်တွင်တော့ ထိုဇွန်ဘီလဲ ဆက်လက်မရုန်းကန်နိုင်တော့ဘဲ မြေပြင်ထက်သို့ လဲကျသွားတော့သည်။ သို့ပေမည့် တစ်ခါတစ်ရံတော့ လှုပ်ရှားနေစဲပင်။

ကုနင်း သူမလက်ထဲရှိ မီးတောက်ထုတ်သည့်ကိရိယာအား ဘေးမှစစ်သားတစ်ယောက်ထံ ကမ်းပေးလိုက်ကာ၊

“ဒါကိုယူထားလိုပါ။ အထဲမှာ တခြားဇွန်ဘီတွေရှိဦးမလားလို့ ကျွန်မသွားဝင်စစ်ကြည့်လိုက်ဦးမယ်။”

ကုနင်းဘက်က အေးအေးသက်သာဖြင့်သာ ပြောလာခြင်းဖြစ်သော်လည်း အနားရှိလူတိုင်းသည်တော့ ထိတ်လန့်တုန်လှုပ်သွားကြသည်။

“ဘာ? မင်းအထဲဝင်ဦးမယ်။ အရမ်းအန္တရာယ်များလွန်းတယ်။”

“ဟုတ်တယ်၊ မင်းအပြင်မှာပဲနေတာပိုကောင်းမယ်။” သူတို့အားလုံး ကုနင်းကို တားဆီးဖို့ရန် ကြိုးပမ်းနေကြသည်။

“စိတ်မပူပါနဲ့။ ကျွန်မဝင်သွားလို့ အဆင်ပြေပါတယ်။ ပြီးတော့ ပြောပြရဦးမယ်။ တကယ်တော့ ကျွန်မဆရာက ဇွန်ဘီဖမ်းတဲ့နေရာမှာ ကျွမ်းကျင်ပညာရှင်ပဲ ကျွန်မလဲ သေချာသင်ယူထားခဲ့တယ်။” ထိုလူများ သူမကို ဂူအတွင်းသို့ဝင်ခွင့်ပြုရန်အတွက် ကုနင်းလိမ်ညာလိုက်သည်။

“ပြီးတော့ သူတို့ကို အခုတစ်ခါတည်း အပြီးသတ်မရှင်းပစ်ရင် လူတွေထပ်ပြီး ထိခိုက်နိုင်တယ်။”

“ဒါကတော့….”

ကုနင်း၏စကားများ မှန်ကန်ကြောင်း သူတို့လဲ သိလေသည်။ ယခုနေ့မတိုင်ခင်အထိ မည်သူမျှ ဇွန်ဘီများ ကမ္ဘာပေါ်တွင်ရှိသည်ကို မယုံကြည်ခဲ့ကြသလို အခုချိန်တွင်ပဲ ထိုဇွန်ဘီအားလုံးကို နှိမ်နင်းဖြေရှင်းပစ်ဖို့ရန် လိုအပ်ကြောင်းကိုလဲ လက်ခံလေသည်။ သူတို့သာ တစ်ခါတည်း အပြီးသတ်မရှင်းခဲ့မိလျှင် လူအများအပြားထပ်ပြီး ဒဏ်ရာရသွားနိုင်ပေသည်။

“ဒါဆို ငါလဲမင်းနဲ့အတူလိုက်ခဲ့မယ်။” ခေါင်းဆောင်ဖြစ်သူက စပြောလိုက်ကာ ကျန်စစ်သားများလဲ သူတို့ပါ လိုက်မည့်အကြောင်း ပြောလာသည်။

မိန်းမငယ်လေးတစ်ဦးတည်း ဤတွင်းကြီးထဲသို့ ဝင်သွားမည်ကို သူတို့လို ယောက်ျားရင့်မာကြီးများက ထိုင်ကြည့်မနေလိုပေ။

“မလိုတော့ပါဘူး။” ထိုလူများသာ သူမနှင့်အတူလိုက်လာမည်ဆိုလျှင် ရှေးဟောင်းပစ္စည်းများကိုတွေ့ပါက သူမတစ်ခုမျှပင် ယူလို့ရလိမ့်မည်မဟုတ်ပေ။

ထို့အတွက်ကြောင့် ကုနင်း ထိုလူများအား တည်ငြိမ်စွာကြည့်လိုက်ကာ၊

“ဒီဇွန်ဘီက မပျက်စီးသွားသေးဘူး။ ဒီတော့ ထပ်ပြီးပြန်ရှင်လာနိုင်လို့ ရှင်တို့စောင့်ကြည့်ထားမှရမယ်။ ဒီတွင်းထဲကိုလဲ ဘယ်သူ့ကိုမှ ဝင်ခွင့်မပြုနဲ့။ နောက်ထပ်တစ်ယောက်ယောက် ဇွန်ဘီကြောင့် ဒဏ်ရရဦးမယ်ဆိုရင် ကျွန်မကူညီပေးတော့မှာမဟုတ်ဘူး။”

ထို့နောက် ကုနင်း အလျင်အမြန်ပင် ထိုတွင်းထဲသို့ဝင်သွားကာ စစ်သားများကို အပြင်၌ ချန်ထားရစ်ခဲ့တော့သည်။

ထိုအချင်းအရာကို ကျန်းပါးဝမ့်တို့ အဝေးမှမြင်လိုက်သည်နှင့် အလွန်ထိတ်လန့်သွားကာ ထုံချိန်တန်နှင့် အန်းဝမ်လိတို့ပါ အပြေးအလွှားရောက်ရှိလာကြသည်။

“သူဘာလို့တစ်ယောက်တည်း အထဲဝင်သွားတာလဲ?” ထုံချိန်တန်သည် ကုနင်း၏ဘေးကင်းမှုအတွက် စိုးရိမ်မိသောကြောင့် အနည်းငယ်ဒေါသထွက်နေသည့်အသံဖြင့် မေးလိုက်သည်။ ကုနင်း ယခုလေးတင် လုပ်ပြခဲ့သည့် ကိစ္စများကြောင့် သူတို့အားလုံး သူမကို လေးစားသဘောကျနေမိပြီး သူမထိခိုက်ဒဏ်ရာရမည့်အဖြစ်မျိုးကို မဖြစ်စေချင်ကြပေ။

“သူတွင်းထဲကိုတောင် ဝင်သွားရဲမှတော့ ကိုယ့်ကိုကိုယ် ယုံကြည်ချက်ရှိနေလို့ပေါ့။” အန်းဝမ်လိကပြန်ပြောလိုက်သည်။

“ဒီလိုဆိုရင်တော့ အရမ်းအန္တရာယ်များတယ်လေ။” ကျန်းပါးဝမ့်သည်လဲ အလွန်စိုးရိမ်နေမိသည်။

“မင်းတို့ဘယ်လိုလုပ် သူ့ကိုတစ်ယောက်တည်း အထဲဝင်ခွင့်ပေးလိုက်တာလဲ? ဇွန်ဘီက ဒီထဲကနေထွက်လာခဲ့တာလေ၊ အထဲမှာ အရမ်းအန္တရာယ်များတယ်။” ကျန်းပါးဝမ့်က တွင်းအပြင်မှ စစ်သားများကို ပိတ်ဟောက်လိုက်သည်။

“မြို့တော်ဝန်ကျန်း၊ သူက သူသာအထဲကိုဝင်ပြီးမကြည့်ဘူးဆို နောက်ထပ်ဇွန်ဘီထပ်ထွက်လာရင် အပြစ်မဲ့တဲ့ လူတွေထပ်ပြီး ဒဏ်ရာရသွားလိမ့်မယ်လို့ပြောလို့ပါ။” ခေါင်းဆောင်က ပြန်ဖြေလိုက်သည်။

“ဒါဆို မင်းတို့ကကော ဘာလို့ သူနဲ့အတူ လိုက်မဝင်သွားပေးတာလဲ?” ထုံချိန်တန်က ထပ်မေးလိုက်သည်။

“ဒီဇွန်ဘီက လုံးဝမလှုပ်နိုင်တော့တာမဟုတ်လို့ ကျွန်တော်တို့ကို စောင့်ကြည့်ဖို့နေခဲ့ခိုင်းလို့ပါ။” ခေါင်းဆောင်ကပဲ ပြန်လည်ဖြေကြားပေးခဲ့သည်။

“ဒါက….” ကျန်းပါးဝမ့်လဲ ဘာပြန်ပြောလို့ပြောရမည်မှန်းမသိတော့က အပြင်မှပင် ရပ်စောင့်နေနိုင်တော့သည်။

ကုနင်းကလွဲပြီး ဇွန်ဘီများကို ကောင်းကောင်းကိုယ်တွယ်နိုင်သူ တစ်ယောက်မှမရှိသောကြောင့် ကုနင်းသည်သာ သူတို့၏မျှော်လင့်ချက်ဖြစ်နေရတော့သည်။ ထို့အပြင် ကုနင်းသည် စိတ်လိုက်မာန်ပါလုပ်တတ်သည့် လူမျိုးမဟုတ်ဘဲ သူမတစ်ယောက်တည်း အမှန်တကယ်ကိုင်တွယ်နိုင်လောက်အောင် ယုံကြည်ချက်ရှိခြင်းကြောင့်သာ ဖြစ်မည်ဟု ကျန်းပါးဝမ့်ယုံကြည်နေမိသည်။

ကုနင်း တွင်းထဲသို့ဝင်သွားပြီးချိန်တွင် မိုင်းတွင်း၌ လမ်းခွဲပေါင်းများစွာရှိနေသောကြောင့် သေချာမြင်ရစေရန် ညလင်းပုလဲကို ထုတ်ယူကာ အလင်းပြလိုက်သည်။ ထို့နောက်တွင်တော့ ယင်စွမ်းအင်အဓိကပေါ်ထွက်နေသည့်နေရာကို ကုနင်းသတိထားလိုက်မိကာ ထိုနေရာသို့ ချက်ချင်းလျှောက်သွားလိုက်တော့သည်။

***

အခန်း ၄၈၇

ရှေးဟောင်းဂူသင်္ချိုင်းမဟုတ်ဘူး

ကုနင်း ယင်စွမ်းအင်များအဓိကထွက်ပေါ်ရာနေရာသို့ ရောက်သွားသည့်အချိန်တွင် တွေ့လိုက်ရသည်က အံ့ဩစရာကောင်းစွာဖြင့် ထိုနေရာသည် ရှေးဟောင်းဂူသင်္ချိုင်းတစ်ခုမဟုတ်ဘဲ ၁၀စတုရန်းမီတာကျယ်သည့် နောက်ထပ်တွင်းတစ်ခုပင်ဖြစ်သည်။ ထိုတွင်းထဲတွင်တော့ ကျိုးပဲ့နေသည့် ခန္ဓာကိုယ်အပိုင်းအစများ၊ အရိုးများ၊ ဆွေးမြေ့နေသည့် ရှေးခေတ်စစ်သည်တော် ဝတ်စုံများဖြင့် ရှုပ်ပွနေသည်။ တစ်ခုတည်းသော ပုံသဏ္ဌာန်အတိအကျရှိသည်က မြင်းများ၊ ဘီးများမရှိတော့သည့် လှည်းတစ်စီးပင်ဖြစ်သည်။

ကုနင်းကျောက်စိမ်းမျက်ဝန်းအားအသုံးပြုကာ ကြည့်လုက်ချိန်တွင်တော့ လှည်းထဲတွင် ဒင်္ဂါးအချို့နှင့် ကြွေထည်ပစ္စည်းအချို့ပါဝင်သည့် ၂၀လက်မခန့်ရှိသော မဟော်ဂနီသတ္တာတစ်လုံးကိုတွေ့လိုက်ရသည်။ ပစ္စည်းမှာ အရမ်းမများသော်လည်း တန်ဖိုးကတော့ ရှိနေစဲပင်။

ထိုရှေးခေတ်စစ်သည်တော်များဤနေရာမှဖြတ်သွားခြင်းဖြစ်မည်ဟု ကုနင်းတွေးလိုက်မိသည်။ ဒါဆို ဒီနားရောက်မှာ ဘာလို့များသူတို့ရုတ်တရက်ကြီး သေသွားရတာလဲ? ကုနင်းမတွေးနိုင်ခဲ့သလို အမှန်တရားကို ဖော်ထုတ်ဖို့ရန်ကလဲ အရေးကြီးသည့်အရာမဟုတ်ပေ။

ညလင်းပုလဲထုတ်ထားခြင်းကြောင့် ဤနေရာရှိ ယင်စွမ်းအင်များကို စုပ်ယူသွားနေပြီဖြစ်သည်။ ထို့နောက် ကုနင်း မဟော်ဂနီသတ္တာအား သူမ၏စိတ်စွမ်းအင်အာကာပြင်အတွင်းသို့ ထည့်သွင်းပြ ပြန်ထွက်လာခဲ့သည်။ သူမထိုတွင်းထဲတွင် သိပ်မကြာခဲ့လိုက်ဘဲ ၁၀မိနစ်သာနေပြီး ပြန်ထွက်လာခဲ့ခြင်းဖြစ်သည်။

ကုနင်းဘေးကင်းလုံခြုံစွာဖြင့် ပြန်ထွက်လာနိုင်သည်ကိုမြင်သောအခါမှ ကျန်းပါးဝမ့်တို့အားလုံး စိတ်သက်သာရာရသွားခဲ့သည်။

“မိန်းကလေးကု၊ အထဲမှာအရမ်းအန္တရာယ်များလွန်းတယ်ဆိုတာ သိရဲ့လား? အထဲမှာ နောက်ထပ် ဇွန်ဘီတွေများရှိနေရင် ဘယ်လိုလုပ်မလဲ? မင်းအများကြီးဆို တစ်ယောက်တည်း ရင်ဆိုင်နိုင်ပါ့မလား?” ကျန်းပါးဝမ့်က စိုးရိမ်ပူပန်စွာဖြင့် ပြောလိုက်သည်။

ကုနင်းလဲ ကျန်းပါးဝမ့်က သူမအတွက်စိုးရိမ်ခြင်းကြောင့် ပြောမှန်းနားလည်၍ ပြန်ပြီး နှစ်သိမ့်လိုက်ရသည်။

“မြို့တော်ဝန်တို့ကို အရင်မပြောဘဲ အထဲဝင်သွားမိလို့ ကျွန်မတောင်းပန်ပါတယ်၊ ဒါပေမယ့် အခုဘာမှမှမဖြစ်ဘဲ။ ပြီးတော့ ကျွန်မသာ ကိုယ့်ကိုကိုယ်ယုံကြည်ချက်ရှိမနေရင် အထဲတောင်ဝင်နေမှာမဟုတ်ဘူး။”

ကုနင်းဘက်က ထိုသို့ပြောလာခြင်းကြောင့် ကျန်းပါးဝမ့်လဲ ဘာမှဆက်ပြောမနေတော့ပေ။

“ဒါနဲ့၊ အထဲမှာ အရိုးတွေ ခန္ဓာကိုယ်အပိုင်းအစတွေ တစ်ပုံကြီးတွေ့ခဲ့သေးတယ်၊ ဇွန်ဘီကတော့ ထပ်မရှိတော့ဘူး။” ကုနင်း အထဲတွင် မြင်တွေ့ခဲ့ရသည်များအား ပြန်ပြောပြလိုက်သည်။

ဇွန်ဘီထပ်မရှိတော့သည့်သတင်းကိုကြားခါမှ အားလုံး စိတ်အေးသွားတော့သည်။

“ဒီမှာ ဇွန်ဘီတစ်ကောင်ရှိနေမှန်း မင်းဘယ်လိုလုပ်ပြီးသိသွားတာလဲ?” နောက်ဆုံးတော့ ထိုအကြောင်းကို ကုနင်းအား ကျန်းပါးဝမ့်မေးဖို့အချိန်ရသွားပြီဖြစ်သည်။

“အင်တာနက်ပေါ်မှာ သတင်းတွေ့လိုက်လို့၊ ကျွန်မကလဲ ဇွန်ဘီကိုဘယ်လိုသတ်ရမလဲသိတော့ ကူညီရအောင်လာခဲ့တာ။”

“ငါတို့အင်တာနက်ပေါ်ကသတင်းကိုတော့ ဖျက်ပစ်လိုက်ပြီ လူတွေမကြောက်အောင်လို့ မင်းဒီကိစ္စကို လျှို့ဝှက်ထားဖို့မျှော်လင့်တယ်။”

“လျှို့ဝှက်ထားပါ့မယ်။” ဤသတင်းမျိုးကို လျှို့ဝှက်ထားသင့်ကြောင်း ကုနင်းလဲ နားလည်လေသည်။ အခုတော့ ဇွန်ဘီသည်လဲ မီးလောင်ပြာကျသွားပြီဖြစ်ကာ တာဝန်ရှိသူများက မိုင်းအလုပ်သမားများကိစ္စကိုရှင်းလင်းပေးခဲ့ပြီး ဒဏ်ရမရသူများက အလုပ်ခွင်သို့ပြန်ဝင်သွားကြသည်။

ထို့နောက် ကုနင်းတို့သည်တော့ တောင်မှပြန်ထွက်လာခဲ့သည်။ ကျန်းပါးဝမ့်က ကုနင်းကိုနေ့လည်စာအတူစားရန်အတွက်ဖိတ်ကြားပေမည့် ငြင်းဆန်ခဲ့သည်။ သို့ပေမည့် ကုနင်းတစ်ကြိမ်ငြင်းပြီးသွားပြီဖြစ်သော်လည်း ကျန်းပါးဝမ့်က လက်မလျှော့သေးသောကြောင့် နောက်ဆုံး ကုနင်းကသာ သဘောတူလိုက်ရတော့သည်။

ဘာပဲဖြစ်ဖြစ် သူမလဲဗိုက်ဆာလို့နေပေပြီ။ ထို့အပြင် ယနေ့နေ့လည်ပိုင်း အရှုပ်အထွေးကြောင့် သူမ၏လေယာဉ်ချိန်လဲ လွတ်သွားခဲ့သည်။

သူမဘယ်အချိန်မှပြန်ဖြစ်မည်ကိုလဲ ကုနင်းသေချာမသိတော့သောကြောင့် လေယာဉ်လက်မှတ်ထပ်မှာသေးရန် ဆုံးဖြတ်လိုက်သည်။

ထုံချိန်တန်နှင့်အန်းဝမ်လိသည်လဲ ကျန်းပါးဝမ့်တို့ကုနင်းတို့နှင့်အတူ နေ့လည်စာ စားလေသည်။

ထန်ကျန်းဖုန်းသည် ဗဟိုဆေးရုံမှ နာမည်ကြီးဆရာဝန်တစ်ဦးဖြစ်သော်လည်း ဤကဲ့သို့အထူးပုဂ္ဂိုလ်များရှေ့တွင်တော့ ဘာမှမဟုတ်ပေ။ သို့ပေမည့် ထန်ကျန်းဖုန်းသည် ရည်ရွယ်ချက်ကြီးလွန်းသူဖြစ်သောကြောင့် ဤသို့အရေးကြီးပုဂ္ဂိုလ်များရှေ့ ကိုယ့်ကိုကိုယ်ဖော်ထုတ်ကာ အဆက်အသွယ်ကောင်းများရှိစေရန်အတွက် ဖိတ်ကြားခြင်းမရှိဘဲ သူတို့နောက်မှ တောက်လျှောက်လိုက်နေခဲ့သည်။ မမျှော်လင့်ထားစွာဘဲ ကုနင်းရုတ်တရက်ပြန်ပေါ်လာသည်နှင့် လူတိုင်း၏အာရုံက သူမဆီသို့ပြန်ရောက်သွားခဲ့သည်။ ထို့ကြောင့် ထန်ကျန်းဖုန်းသည် ကုနင်းကို အလွန်တရာပိုလို့ပင် မုန်းတီးလို့နေပေမည့် ဘာမှတော့ ထုတ်မပြောရဲခဲ့ပေ။ သို့ပေမည့် ဤလောက်နှင့်တော့ လက်လျှော့သွားမည်မဟုတ်သေးပေ။

ကုနင်းလဲ ထန်ကျန်းဖုန်း၏ သူမအပေါ် ရန်လိုသည့်အကြည့်များအား ခံစားမိပေမည့် ဂရုစိုက်မနေပေ။

ကုနင်းက ကျန်းပါးဝမ့်၏ကားနှင့် လိုက်ကာ ထုံချိန်တန်သည်တော့ အန်းဝမ်လိ၏ကားနှင့်လိုက်သည်။

တခြားရဲများသည်တော့ ဤနေရာအား ရှင်းလင်းရန် ကျန်ရှိခဲ့ပြီး ရှင်းလင်းပြီးသည်နှင့် ပြည်သူ့လုံခြုံရေးဌာနသို့ ပြန်ထွက်သွားသည်။

ရဲများတောင်ခြေသို့ရောက်ချိန်တွင် သတင်းထောက်များစွာက သူတို့ဆီအပြေးအလွှားရောက်ရှိလာကြကာ ဓါတ်ပုံရိုက်ရင်း စုံစမ်းမေးမြန်းဖို့လုပ်ကြပေမည့် အငြင်းခံလိုက်ရသည်။ ရဲများဘက်က ဖြေကြားဖို့ရန် ငြင်းဆိုလိုက်ခြင်းကြောင့် ထိုသတင်းထောက်များလဲ ဆက်မမေးနိုင်ကြတော့ပေ။ ထို့ကြောင့် သန့်ရှင်းနေပြီဖြစ်သည် အခင်းဖြစ်ရာနေရာကိုသာ ဓါတ်ပုံတွေရိုက်ကာ သတင်းတင်ရတော့သည်။

ကျန်းပါးဝမ့်သည် နေ့လည်စာအတွက် ချွမ်လင်းအပန်းဖြေစခန်းကို ရွေးချယ်လိုက်သည်။ သူတို့သီးသန့်ခန်းတစ်ခုတွင် နေရာယူပြီးသွားသည့်နောက် ကျန်းပါးဝမ့်က ထုံချိန်တန်နှင့်အန်းဝမ်လိအား ကုနင်းနှင့်မိတ်ဆက်ပေးလိုက်သည်။ ကုနင်းလဲ ယုံကြည်ချက်ရှိရှိနှင့် ယဉ်ကျေးစွာ ပြန်လည်နှုတ်ဆက်လိုက်သောကြောင့် သူမ၏အပြုအမူကောင်းများအတွက် ပို၍ပင် သဘောကျကုန်ကြတော့သည်။

ဤကဲ့သို့ ပုဂ္ဂိုလ်ကြီးများနှင့်တွေ့ဆုံရချိန်တွင်ပင် ကုနင်းသည် နောက်မတွန့်နေသလို အေးဆေးတည်ငြိမ်နေခဲ့သည်။ နေ့လည်ခင်းမှ အဖြစ်အပျက်များစွာကိုလဲ ကိုယ်တွေ့သိမြင်ခဲ့ကြပြီးဖြစ်သောကြောင့် ကုနင်းသည် ငယ်ရွယ်သော်လည်း မည်သူမျှ သူမကို အထင်မသေးဝံ့ပေ။

“ကုနင်း၊ မင်းက ဘယ်ကလဲ?” အန်းဝမ်လိက မေးမြန်းလိုက်သည်။

“Fမြို့ကပါ။”

“မင်းကတော်တော်ငယ်သေးတယ်ဆိုတော့ ကျောင်းသူပဲဖြစ်ရဦးမယ်၊ မှန်တယ်မလား?”

ကုနင်းပြုံးလိုက်မိကာ၊

“ဟုတ်ပါတယ်၊ ကျွန်မက အထက်တန်းနောက်ဆုံးနှစ်ကျောင်းသူပါ။ နောက်လအနည်းငယ်အတွင်း တက္ကသိုလ်ဝင်ခွင့်စာမေးပွဲလဲ ဖြေရပါတော့မယ်။”

အခန်းထဲရှိလူတိုင်းထပ်မံပြီး အံ့အားသင့်သွားကြပြန်သည်။ ကုနင်းသည် တက္ကသိုလ်ကျောင်းသူတစ်ယောက်ပင်မဟုတ်ဘဲ အထက်တန်းနောက်ဆုံးနှစ်ကျောင်းသူသာဖြစ်နေမည်ဟု မည်သူမျှမထင်မှတ်ထားကြပေ။ ဤမိန်းကလေးသည်က ငယ်ငယ်ရွယ်ရွယ်ဖြင့် သူတို့ကို တချိန်လုံး အံ့ဩစရာတွေကြီးပေးနေသည်ပဲ။

“မင်းကတကယ်ကိုထူးချွန်တဲ့မိန်းကလေးပဲ။” ထုံချိန်တန် ချီးကျူးလိုက်မိသည်။

ကုနင်းပြုံးရုံသာပြုံးလိုက်ပြီး ထပ်မပြောပေ။

“ကုနင်း၊ မင်းစစ်တပ်ထဲဝင်ဖို့စိတ်ကူးများရှိလား?” အန်းဝမ်လိက မျှော်လင့်ချက်ကြီးစွာဖြင့်မေးလိုက်သည်။

ကုနင်းရုတ်တရက် ကြောင်အသွားပြီးမှ အန်းဝမ်လိ၏ရည်ရွယ်ချက်ကို သဘောပေါက်သွားသောကြောင့် ပြုံးရင်းဖြင့် တောင်းပန်လိုက်သည်။

“စိတ်မကောင်းပါဘူး။ ကျွန်မစီးပွားရေးပိုင်းကိုပဲ စိတ်ဝင်စားတယ်။”

ထိုစကားကြောင့် အန်းဝမ်လိ အနည်းငယ်စိတ်ပျက်မိသွားရသည်။ ကုနင်းသာ စစ်ထဲဝင်လျှင် အမှန်တကယ်ကို ထူးချွန်သည့်စစ်သားတစ်ဦးဖြစ်လာနိုင်သောကြောင့်ပင်။

မကြာခင်တွင်ပဲ စားပွဲထက်သို့ ဟင်းပွဲမျိုးစုံရောက်ရှိလာကာ အားလုံးစတင်စားသောက်ကြတော့သည်။

ကုနင်းသည် လူအများအပြားအားကယ်တင်ခဲ့ကာ ဇွန်ဘီတစ်ကောင်ကိုလဲ သတ်ခဲ့သောကြောင့် သူမကို ဆုချီးမြင့်ဖို့ရန် လုပ်ကြပေမည့် သူမကတော့ ငြင်းဆန်ခဲ့သည်။

ကုနင်းသည် အမြဲတမ်း သိုသိုသိပ်သိပ်နေတတ်သောကြောင့် ကျန်းပါးဝမ့်မှာ ပိုလို့ပိုလို့ပင် လေးစားနေရတော့သည်။

***

အခန်း ၄၈၈

ဇာတ်လမ်းရိုက်ခြင်း ၁

ကျန်းပါးဝမ့်က ကုနင်းကို နောင်အခါ Dမြို့တွင် အခက်ခဲတစ်ခုခုကြုံရပါက သူ့ထံအကူညီလာတောင်းနိုင်ကြောင်းပြောခဲ့သည်။ ဥပဒေဘောင်အတွင်းမှ ကိစ္စဖြစ်နေသ၍ သူ့ဘက်က တတ်အားသ၍ ကူညီပေးမည်ဖြစ်ကြောင်းကိုလဲ ထည့်ပေါင်းပြောကြားခဲ့ကာ ထုံချိန်တန်နှင့် အန်းဝမ်လိတို့သည်လဲ ထိုအတိုင်းသာ ပြောကြသည်။

သူတို့လေးယောက် ပေါ့ပေါ့ပါးပါးပျော်ပျော်ရွှင်ရွှင် စားသောက်နေကြချိန်တွင် အင်တာနက်ပေါ်၌ သတင်းတစ်ပုဒ်ပျံ့လို့နေလေပြီ။ ထိုသတင်းမှန်ကန်ကြောင်းကိုလဲ အတည်ပြုလို့ထားပြီးဖြစ်သည်။ ‘ချန်ယန်းတောင်ပေါ်ရှိ မိုင်းတွင်းမှ ဇွန်ဘီတစ်ကောင် ထွက်ပေါ်လာခြင်း။ (ဗီဒီယိုမှတ်တမ်းနှင့်တကွ)’

ဗီဒီယိုမှတ်တမ်းသည် ၅စက္ကန့်မျှသာ ကြာမြင့်သော်လည်း အရာအားလုံးရှင်းရှင်းလင်းလင်းမြင်ရလေသည်။ ထိုထဲတွင် ဇွန်ဘီတစ်ကောင်အား ပြင်းထန်သည့်မီးတောက်များက လောင်ကျွမ်းနေကာ နာနာကျင်ကျင်အော်ဟစ်သံကြီးကလဲ ပါလို့နေသည်။ ဗီဒီယိုမှတ်တမ်းမှာ တိုတောင်းလှသော်လည်း ထိုအော်သံကြီး လူအများကို အလွန်ကြောက်လန့်တုန်လှုပ်အောင် လုပ်ဆောင်နိုင်စဲပင်။ ထို့ကြောင့် အချိန်တိုလေးတွင်းတွင်ပဲ ထိုဗီဒီယိုနှင့်သတင်းသည် အထူးခြားဆုံးသတင်းတစ်ပုဒ်ဖြစ်သွားရတော့သည်။

“ဘုရား၊ဘုရား၊ ဒါတကယ်ဇွန်ဘီအစစ်ကြီးလား?”

“အသံကြီးက ဖုန်းထဲကဆိုတာတောင် ငါကြောက်လွန်းလို့တုန်နေပြီ။”

“သူတို့ပြောတော့ အကြမ်းဖက်တစ်ယောက်ပါပဲဆို? အခုမီးတောက်ထဲက ဘာကြီးလဲ?”

“သူတို့လိမ်နေလို့ပေါ့!”

“ဒါဆို အကြမ်းဖက်သမားမဟုတ်ဘဲ ဇွန်ဘီဆိုတာကမှ သတင်းအမှန်ပေါ့?”

“ဘုရားရေ၊ အရမ်းကြောက်ဖို့ကောင်းတာပဲ!”

“ဟုတ်တယ်၊ ဟုတ်တယ်။”

“အဖြစ်အပျက်အမှန်က ဘာလဲဆိုတာ တစ်ယောက်ယောက် ရှင်းပြပေးကြပါလား?”

“ငါကတော့ ဇွန်ဘီဆိုတာ အစစ်ထင်တယ်။ အရာရှိတွေက ညာထားကြတာ။”

“သူတို့က ဘာလို့ ငါတို့ကိုညာပြောရတာလဲ?”

ကျန်းပါးဝမ့်လဲ သတင်းကိုကြားသည်နှင့် သတင်းကို အင်တာနက်ပေါ်တင်လိုက်သည့်လူသည် အစိုးရအားတရားဝင် ဆန့်ကျင်လိုက်ခြင်းသာဖြစ်သောကြောင့် အလွန်ဒေါသထွက်နေတော့သည်။

ကုနင်းသည်လဲ သူမဖုန်းထဲမှတစ်ဆင့် ထိုသတင်းကို ဖတ်လိုက်ရသည်။ အစိုးရဘက်မှ ပြည်သူပြည်သားများ မထိတ်လန့်စေရန်အတွက် သူတို့နှင့်ရင်ဆိုင်ခဲ့ရသည်မှာ ဇွန်ဘီတစ်ကောင်မဟုတ်ဘဲ အကြမ်းဖက်သမားတစ်ဦးသာဖြစ်ကြောင်း လိမ်ညာခဲ့သည်။ သို့ပေမည့် ယခုသတင်းကိုတင်လိုက်သည့် လူသည်တော့ အစိုးရအရာရှိများ၏အခွင့်အာဏာအား တိုက်ရိုက်စိန်ခေါ်လိုက်ခြင်းပင်ဖြစ်သည်။

လူများပို၍ပို၍ပင် အရာရှိများအား စိတ်တိုလာကြကာ မည်သူမျှ သူတို့ကို စိတ်လျှော့အောင် လုပ်နိုင်စွမ်းမရှိကြပေ။

ထို့နောက် ဇွန်ဘီသတင်းနောက်တစ်ပုဒ် အင်တာနက်ပေါ် တက်နေပြီဆိုသည့်အကြောင်း ထုံချိန်တန်နှင့် အန်းဝမ်လိအား ကျန်းပါးဝမ့်ပြောပြလိုက်ချိန်တွင် သူတို့နှစ်ဦးလုံးလဲ အလွန်ဒေါသထွက်သွားကြတော့သည်။

“သေစမ်း! ဘယ်ကောင်ကများ ငါတို့ဒီလောက်သတိပေးထားတာကို အင်တာနက်ပေါ် တင်ရဲရတာလဲ!” အန်းဝမ်လိ ဒေါသထွက်ထွက်နှင့်ပြောလိုက်သည်။

ထုံချိန်တန်သည်လဲ အလွန်မကျေမနပ်ဖြစ်နေကာ၊

“ဒီဗီဒီယိုက အစိုးရအရာရှိတွေကို အရူးဖြစ်အောင် လုပ်လိုက်တာပဲ။”

ပြည်သူများကသာ ဤဗီဒီယိုထဲမှ သတ္တဝါသည် ဇွန်ဘီအစစ်ဖြစ်ကြောင်း ယုံကြည်သွားကြလျှင် ဤသို့သောကိစ္စမျိုးသည် သာမာန်လူများတွေးခေါ်နိုင်သည်ကို ကျော်လွန်နေပြီဖြစ်သောကြောင့် အစိုးရဘက်မှ မည်သို့မည်ပုံရှင်းပြရမလဲဆိုသည်ကို မသိကြတော့ပေ။ ဇွန်ဘီများသည် ထိတ်လန့်စရာပုံပြင်များ ဇာတ်လမ်းများတွင် ပါရှိသောကြောင့် သူတို့စကားကို မည်သူမျှ ယုံကြည်ကြမည်မဟုတ်ပေ။ သို့သော်လည်း အခုလို အမှန်တကယ်ကြီး ပြင်ပလောကတွင် ပေါ်ထွက်လာချိန်တွင်တော့ လူအများအလွန်ကြောက်ရွံ့သွားကြပေလိမ့်မည်။

“ငါဒီသတင်းကို မြန်မြန်ပြန်ဖျက်ဖို့ပြောလိုက်မယ်၊ ဒီလိုဆို စိတ်ဝင်စားမှုလျော့သွားနိုင်တယ်။” ကျန်းပါးဝမ့်က ထိုသို့ပြောလိုက်ပေမည့် ကုနင်းက တားလိုက်ကာ၊

“အဲ့လိုသာဖျက်လိုက်ရင် လူတွေက အစိုးရဘက်ကအရမ်းလန့်ပြီးဖျက်တယ်လို့ထင်ပြီး သတင်းကိုပိုယုံသွားကြလိမ့်မယ်။”

“ဒါဆို ငါတို့ဘယ်လိုလုပ်ကြမလဲ? အခုချက်ချင်းမှ မဖြေရှင်းဘူးဆိုရင် အကြောက်တရားတွေပျံ့နှံ့သွားလိမ့်မယ်။”

“ကျွန်မမှာ အကြံရှိတယ်။” ကုနင်းမျက်မှောင်ကြုတ်လိုက်မိသည်။ သူမဤကိစ္စရပ်အတွင်းပါဝင်ပြီးသွားမှတော့ လမ်းတစ်ဝက်မှရှောင်ထွက်သွား၍မရတော့ပေ။

“ဘာအကြံလဲ?”

ယနေ့ဖြစ်ပျက်ကြုံတွေ့ခဲ့သည့် ကိစ္စများကြောင့် သူတို့မသိစိတ်ထဲကနေပါ ကုနင်းကိုအလွန်ယုံကြည်နေကြပြီဖြစ်သောကြောင့် သူမတွင် အကြံရှိသည်ဟုပြောလိုက်သည်နှင့် သူမအမှန်တကယ် ဖြေရှင်းနိုင်မည်ဟု ချက်ချင်းယုံကြည်သွားကြသည်။

“ကျွန်မတို့သတင်းကို အင်တာနက်ပေါ်မှာပဲ ဆက်တင်ထားခွင့်ပေးလိုက်မယ်။ လောလောဆယ် ဘာတုံ့ပြန်မှုမှမပေးနဲ့ဦး။ ပြီးရင် ဇွန်ဘီဇာတ်အိမ်မျိုးကိုသုံးပြီး ထိတ်လန့်သည်းဖိုဇာတ်လမ်းတစ်ပုဒ်ရိုက်လိုက်မယ်။ ဒီလိုဆို အခုသတင်းကိုလဲ ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မယ်။” ဤနည်းလမ်းသည် ငွေကြေးအကုန်အကျများမည်ဖြစ်သော်လည်း ကြိုးစားကြည့်သင့်လေသည်။ ဤနည်းဖြင့် ကုနင်းတွင်လဲ သူမ၏ဖျော်ဖြေရေးကုမ္ပဏီအား အများစိတ်ဝင်စားလာစေရန် ဆွဲဆောင်နိုင်ဖို့ကြော်ငြာပြီးသားဖြစ်သွားပေလိမ့်မည်။

“ဘာ? ဇာတ်လမ်းတစ်ပုဒ်ရိုက်လိုက်မယ်? အဲ့ဒါမျိုးက အလုပ်ထက်အပြောကပိုလွယ်လွန်းတယ်။ ငါတို့အချိန်ကြာကြာဆွဲထားလို့မဖြစ်တော့ဘူး။” ဗီဒီယိုသတင်းသည် အလွန်ပျံ့နေပြီဖြစ်သောကြောင့် သူတို့ဘက်က အချိန်အကြာကြီးဆွဲထား၍မရတော့ပေ။

“ကျွန်မအချိန်တိုတိုနဲ့ပြီးအောင် စီစဉ်လိုက်ပါ့မယ်။ ရှင်တို့ကတော့ ချန်ယန်းတောင်ကို ပိတ်ပြီး လူတွေမဝင်နိုင်အောင် ပိတ်ထားပေးပါ။ ပြီးတော့ ဒီနေ့ ဇွန်ဘီနဲ့ရင်ဆိုင်ခဲ့တဲ့ စစ်သားတွေကို နောက်၃နာရီနေရင် ကျွန်မနဲ့ ချန်ယန်းတောင်မှ လာတွေ့ဖို့ပြောပေးပါ။ ပြီးတော့ လေဆိပ်ကနေလူတွေကြိုပေးဖို့ ကားများများလဲလိုသေးတယ်။” ထိုအချိန်ခနဤ ကုနင်းသည် မြို့တော်ဝန်များ၊ ပြည်သူ့လုံခြုံရေးဌာနခေါင်းဆောင်များ၏ ခေါင်းဆောင်ဖြစ်သွားတော့သည်။

အခြားလူများသည်တော့ ခဏလောက်တိတ်ဆိတ်နေကြပြီးနောက် ထိုအကြံထက်ကောင်းသည့်အကြံကို မစဉ်းစားနိုင်ကြတော့၍ သဘောတူလိုက်ကြတော့သည်။

ထို့နောက် ထန်ယွင်ဖန်းအား ကုနင်းဖုန်းဆက်လိုက်သည်။

“ဟလို၊ နင်းနင်း။” ကုနင်းဖုန်းဆက်လာခြင်းကြောင့် ထန်ယွင်ဖန်း အနည်းငယ်စိတ်လှုပ်ရှားသွားရသည်။

“ဦးလေးထန်၊ သမီးဦးလေးရဲ့အကူအညီလိုလို့ပါ။ သမီးကို ရုပ်ရှင်ရိုက်ကူးရေးစက်ပစ္စည်း တစ်စုံလောက်ငှားပေးလို့ရမလား? ပြီးရင် Dမြို့က ချန်ယန်းတောင်ကို ရဟတ်ယာဉ်နဲ့ မြန်မြန်လေးပို့ပေးပါလား? သမီးအခုချက်ချင်းအရေးတကြီးလိုနေလို့ နောက်တော့မှ အကြောင်းရင်းကို ရှင်းပြပါ့မယ်။”

“ပြီးတော့၊ သရုပ်ဆောင်ဖို့ ရှေးခေတ်စစ်သည်တော် ဝတ်စုံတစ်ခုစုံလဲလိုသေးတယ်။ သမီးကို တစ်စုံလောက်ရအောင် ကူပေးပါဦးလား။”

ထန်မိသားစုသည် Bမြို့၏အချမ်းသာဆုံးမိသားစုဖြစ်သောကြောင့် သူတို့တွင် ရဟတ်ယာဉ်များရှိသည်က မထူးဆန်းပေ။

ထိုစကားများကိုကြားပြီးနောက် ကုနင်းဇာတ်လမ်းတစ်ပုဒ်ရိုက်မည်အား ထန်ယွင်ဖန်းနားလည်ကာ ဘာမှဆက်မေးမနေဘဲ၊

“ကောင်းပြီလေ။” ဟုသာ ချက်ချင်းပြန်ဖြေလိုက်သည်။

သို့ပေမည့် ကျန်းပါးဝမ့်နှင့်ကျန်နှစ်ယောက်သည်တော့ ‘ရဟတ်ယာဉ်’ ဆိုသည့်စကားကြောင့် အလွန်အံ့ဩနေကြသည်။ ရဟတ်ယာဉ်ပိုင်နိုင်သည့်လူမှာ အလွန်ချမ်းသာရင်ချမ်းသာ ထိုသို့မဟုတ်ရင် အာဏာအလွန်ရှိသည့်လူများသာဖြစ်လေသည်။ ထို့အတွက်ကြောင့် သူတို့ယခုရင်ဆိုင်နေရသည့် ပြဿနာအား ကုနင်းသေချာပေါက် ဖြေရှင်းနိုင်မည်ဟု အပြည့်အဝကို ယုံကြည်သွားနိုင်ကြတော့သည်။

ထန်ယွင်ဖန်းနှင့် ဖုန်းပြောပြီးသည်နှင့် ကုနင်း လုကျန်းထံချက်ချင်းဖုန်းဆက်လိုက်ပြန်သည်။

“ဦးလေးလု၊ လက်ရှိရိုက်ကူးရေးအဖွဲ့ဘယ်လိုလဲ?”

ဇာတ်လမ်းတစ်ပုဒ်ရိုက်ကူးရန်အတွက် မင်းသားမင်းသမီးအပြင် သူမတို့အတွက် လူများစွာလိုအပ်နေသးသည်။

ဒါရိုက်တာအဖွဲ့ : ဒါရိုက်တာ၊ လက်ထောက်ဒါရိုက်တာ၊ စီမံခန့်ခွဲရေးဒါရိုက်တာ။

ထုတ်လုပ်ရေးအဖွဲ့ : ထုတ်လုပ်သူ၊ ထုတ်လုပ်ရေးမန်နေဂျာ၊ တွဲဖက်ထုတ်လုပ်သူ။

***

အခန်း ၄၈၉

ဇာတ်လမ်းရိုက်ခြင်း ၂

ကင်မရာအဖွဲ့ : ကင်မရာမန်း၊ လက်ထောက်ကင်မရာမန်း၊ ခေါင်းဆောင်။

အနုပညာအဖွဲ့ : အဝတ်အစားပြင်ဆင်သူ၊ မိတ်ကပ်ပြင်ဆင်ပေးသူ၊ ဆံပင်ပုံစံပြင်ဆင်ပေးသူ။

အသံသွင်းအဖွဲ့ : အသံဖမ်းသူ၊ နောက်ခံအသံထည့်သွင်းသူ။

ထိုအဖွဲ့သားအားလုံးသည် ဇာတ်လမ်းတစ်ပုဒ်ရိုက်ကူးရာတွင် လိုအပ်ကြပြီး တချို့လူများဆိုလျှင် တစ်ယောက်တည်းဖြင့် အလုပ်မျိုးစုံကို တစ်ချိန်တည်းလုပ်ကြရသည်။

“အားလုံးအဆင်ပြေတယ်။” လုကျန်းပြန်ဖြေလိုက်သည်။

“ငါ့ဝမ်းကွဲတစ်ယောက်ရဲ့အဖွဲ့ပဲ။ သူက ငယ်ငယ်ကတည်းက ငါ့လမ်းကြောင်းနောက်လိုက်တာဆိုတော့ ဖျော်ဖြေရေးလုပ်ငန်းပိုင်းမှာကောင်းကောင်းလုပ်နိုင်တယ်။ သူကနာမည်တော့မကြီးဘူးဆိုပေမယ့် သူ့အဖွဲ့၏အရည်အသွေးကတော့ အရမ်းကောင်းတယ်။ ငါ့လုပ်ဖော်ကိုင်ဖက်တွက် ငါအနုပညာလောကထဲပြန်ဝင်လာတာကို မသိကြသလို ငါ့ကိုကူညီဖို့လဲ ဘယ်သူမှဆန္ဒမရှိဘူး။ ဒါကြောင့် သူ့ကိုပဲ အလုပ်ခန့်လိုက်တာ။”

ရိုက်ကူးရေးအဖွဲ့တွင် လုကျန်းကသာ အဓိကတာဝန်ရှိသူဖြစ်ပေမည့် ကုနင်းသည်က သူ၏ဘော့စ်ဖြစ်သောကြောင့် ကိစ္စအားလုံးကို သတင်းပို့ပေးရန်လိုအပ်လေသည်။

“ကောင်းပြီ၊ အားလုံးဘယ်နှယောက်ရှိလဲ?” ကုနင်းထပ်မေးလိုက်သည်။

“၁၆ယောက်။”

“ကောင်းလိုက်တာ၊ အခုချက်ချင်းရရာလေယာဉ်နဲ့Dမြို့ကိုလာခဲ့ပေးပါ။ ကျွန်မတို့ဇာတ်လမ်းတစ်ပုဒ်မြန်မြန်လေးရိုက်ရမယ်။ လိုအပ်တဲ့ပစ္စည်းတွေကိုတော့ ငှားထားပြီးပြီ၊ ဒီတော့ ကိုယ့်အဝတ်အစားကိုသာထုတ်ပြီးလာခဲ့လိုက်ကြပါ။ အသေးစိတ်အကြောင်းအရာကိုတော့ လေယာဉ်ဆိုက်ပြီးမှ ဆက်ပြောကြတာပေါ့၊ ကြိုပေးဖို့အတွက်ကိုလဲ ကျွန်မအားလုံးပြင်ဆင်ပေးထားပြီးပြီ။” ကုနင်း တည်ငြိမ်စွာဖြင့် အားလုံးကိုစီစဉ်ပေးလိုက်သည်။

“ကောင်းပြီ၊ အခုပဲ လူစုလိုက်တော့မယ်။” ဤအခြေအနေက အရေးပေါ်ကိစ္စဖြစ်ကြောင်းကိုလဲ လုကျန်းနားလည်သလို ဘော့စ်၏အမိန့်လဲဖြစ်သောကြောင့် မငြင်းဆန်နိုင်ပေ။

ထို့နောက် ကုနင်း သွမ့်လီရှင်းနှင့်စုထုံနျိုကိုလဲ ဆက်သွယ်ကာ Dမြို့သို့လာကြရန် ပြောလိုက်သည်။

ထိုတင်မကသေး အတန်းပျက်နေကျဖြစ်သည့် ချူးဖေ့ဟန်၊ ဟောင်ရန်နှင့် ကျန်းထန်ပင်းတို့ကိုလဲ ကူညီပေးရန်အတွက် ကုနင်းခေါ်လိုက်သည်။ သူတို့အနေနှင့် တစ်ပတ်လောက်ကျောင်းပျက်မည်ဆိုလျှင်ပင် အကြောင်းမဟုတ်ကြပေ။

ကုနင်း သူတို့ကိုတော့ အသေးစိတ်မပြောပြနေဘဲ တခြားသူငယ်ချင်းများစာလုပ်နေသည်ကို ထိခိုက်မည်စိုး၍ လျှို့ဝှက်ထားဖို့ရန်သာပြောလိုက်သည်။

ကုနင်းက သူတို့အကူအညီကိုလိုလာမှတော့ သူတို့လဲ အမြန်ဆုံးDမြို့သို့လာခဲ့ကြသည်။

ထို့နောက် ကုနင်း ကေ့ကိုလဲ ဆက်သွယ်ကာ အင်တာနက်ပေါ်သတင်းတင်လိုက်သူမည်သူဖြစ်ကြောင်းကို စုံစမ်းခိုင်းလိုက်သည်။ ကေလဲ ထိုသတင်းကိုဖတ်မိပြီးသည်နှင့် အလွန်ထိတ်လန့်သွားကာ မယုံကြည်နိုင်ခဲ့ပေ။

အင်တာနက်ပေါ် ထိုဗီဒီယိုတက်လာပြီးကတည်းကာ သူတို့အားလုံး နေ့လည်စာကို ပျော်ပျော်ရွှင်ရွှင် ဆက်မစားနိုင်ကြတော့ပေ။

မကြာခင်တွင်ပဲ စုထုံနျို၊ သွမ့်လီရှင်း၊ ချူးဖေ့ဟန်နှင့်သူငယ်ချင်းများ Dမြို့သို့သွားရန် လေယာဉ်လက်မှတ်ဖြတ်ပြီးသွားကြပေမည့် လုကျန်းတို့အဖွဲ့သည်တော့ လူအုပ်များသောကြောင့် လေယာဉ်လက်မှတ်ရဖို့ရန် အချိန်နည်းနည်းပိုယူရလေသည်။

စုထုံနျိုတို့သည်တော့ ည၁၁နာရီခွဲလောက်တွင် ချန်ယန်းတောင်သို့ရောက်ရှိလာပေမည်။ သွမ့်လီရှင်းသည်တော့ စုထုံနျိုထက် မိနစ်၅၀ပို၍စောရောက်မည်ဖြစ်သည်။ ချူးဖေ့ဟန်၊ ဟောင်ရန်နှင့် ကျန်းထန်ပင်းသည်တော့ ည၁၀နာရီကတည်းက ရောက်ကြခြင်းဖြစ်၍ ကုနင်းနှင့်ပထမဆုံးတွေ့မည့်အဖွဲ့ဖြစ်သည်။

ဖုန်းခေါ်ဆိုမှုများပြီးသည့်နောက် ကျန်းပါးဝမ့်ကို လေဆိပ်တွင် ကြိုဆိုမှုများလုပ်ပေးရန်အတွက် ကုနင်းတောင်းဆိုလိုက်သည်။

အခုမှည၇နာရီသာထိုးသေးသောကြောင့် ကုနင်းခနတာအားလပ်ချိန်ရရှိသွားခဲ့သည်။ ကျန်းပါးဝမ့်က ချွမ်လင်းအပန်းဖြေစခန်းတွင်ပင် ကုနင်းအတွက် အခန်းတစ်ခန်းငှားပေးပေမည့် ကုနင်းငြင်းလိုက်သည်။ သူမတွင် ဟွမ်းဒင်ဟိုတယ်၏ ဘလက်ခ်ကဒ်ရှိနေခြင်းကြောင့် နေစားစရိတ်အလကားရနိုင်မည်ဖြစ်သောကြောင့် အခြားဟိုတယ်တစ်ခုတွင် ငွေဖြုန်းတီးဖို့မလိုအပ်ပေ။

ကုနင်းတွင် ဟွမ်းဒင်ဟိုတယ်အတွက်ဘလက်ခ်ကဒ်ရှိနေကြောင်း သိလိုက်ရကာ အခြားလူများထပ်ပြီး အံ့အားသင့်သွားကြပြန်သည်။ ဟွမ်းဒင်ဟိုတယ်သည် နိုင်ငံတကာအဆင့်မီ နာမည်ကြီးကြယ်ငါးပွင့်ဟိုတယ်ဖြစ်ကာ ပြည်တွင်းတွင်ရော ပြည်ပတွင်ပါ ကျော်ကြားလေသည်။ ထို့အပြင် ထန်မိသားစုသည် သူတို့၏ဘလက်ခ်ကဒ်ကို ဆွေမျိုးများ အလွန်ရင်းနှီးသူများကိုသာပေးခြင်းဖြစ်၍ ဟွမ်းဒင်ဟိုတယ်၏ဘလက်ခ်ကဒ်ကိုတွေ့ဖူးဖို့ရန်က အလွန်ရှားပါးလွန်းသည့် အခွင့်ရေးပင်ဖြစ်သည်။

ရုတ်တရက်ပဲ ကုနင်းပထမဆုံးခေါ်ဆိုခဲ့သည့် ဖုန်းအကြောင်းကို သူတို့ပြန်တွေးမိလို့သွားသည်။ သူမက တစ်ဖက်လူအား ‘ဦးလေးထန်’ ဟုခေါ်ခဲ့ခြင်းဖြစ်၍ ထိုလူသည် ထန်မိသားစုဝင်ဖြစ်နိုင်ပေသည်။

သူတို့အားလုံး ကုနင်းနှင့် ထန်မိသားစုဆက်နွယ်မှုကို သိချင်နေကြပေမည့် ဘယ်သူမှ ထုတ်မမေးကြပေ။

ကေသည်တော့ အရင်လိုပဲ စွမ်းဆောင်ရည်မြင့်မားနေစဲပင်။ ကုနင်း ချွမ်လင်းအပန်းဖြေစခန်းမှထွက်လာရုံရှိသေး ကေဘက်က ဖုန်းဆက်လာခဲ့သည်။

“ဘော့စ်၊ သတင်းတင်တဲ့လူက ဗဟိုဆေးရုံက ဆရာဝန်ထန်ကျန်းဖုန်းပဲ။”

ထိုစကားကြောင့် ကုနင်းအတော်လေးစိတ်မကြည်ဖြစ်သွားရသည်။ ထန်ကျန်းဖုန်းကသာ အင်တာနက်ပေါ် သတင်းတင်သူဆိုလျှင် သူမကိုထိခိုက်စေလို၍ ရည်ရွယ်ကာတင်ကြောင်း သိသာလေသည်။ သူမနှင့်ထန်ကျန်းဖုန်းကြားတွင် နေရခက်စရာအခြေအနေမျိုးမရှိခဲ့လျှင် သူကလဲ ဤသတင်းကို ဖြန့်ပစ်လိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် ဤပြဿနာ၏အရင်းမြစ်မှာ ကုနင်းဟုပြော၍ရလေသည်။ ဒီလိုသာဆို သူမအနေနှင့်ပိုပြီးတော့ အကောင်းဆုံးကိုင်တွယ်ဖြေရှင်းရပေမည်။

“ဒါနဲ့၊ ဘော့စ် သတင်းကအမှန်လား?” ကေကသိချင်စွာဖြင့်မေးလိုက်သည်။

“ရှင်ယုံလို့လား?”

“မယုံပါဘူး၊ ဒါပေမယ့် ဗီဒီယိုကြည့်ပြီးတော့ နည်းနည်းသံသယဝင်မိလို့ပါ။”

“ဟုတ်ပါပြီ၊ ကျွန်မသွားရတော့မယ်။ ဒါပဲ။” ကုနင်း ချက်ချင်းဖုန်းချလိုက်တော့သည်။ တစ်ဖက်ရှိကေသည်တော့ ဖုန်းကိုကိုင်ကာ ကြောင်အလို့နေသည်။ ကုနင်းက သူ့ကို သတင်းမှန်လား မှားလားမပြောသွားသင့်ဘူးလား?

ချန်စန်းယိ၏ခြေထောက်သည်တော့ အပြည့်အဝပြန်ကောင်းလို့နီးပါးဖြစ်နေပေမည့် ကေက သူနှင့်အတူ ဆေးရုံတွင်သာ နေပေးစဲဖြစ်သည်။ ကေကြောင်အနေသည်ကိုမြင်ပြီး ကေ၏ပုံစံက အနည်းငယ်ချစ်ဖို့ကောင်းနေသည်ဟု သူတွေးလိုက်မိသည်။ ထို့နောက် ချက်ချင်းပင် ထိုအတွေးအား ချန်စန်းယိ ဖယ်ထုတ်ပစ်လိုက်ကာ၊ ကေ့အားမေးလိုက်သည်။

“သတင်းက အမှန်ပဲလား?”

“ငါ့ကိုမပြောသွားဘူး။” ကေ့အသံက အတော်လေးမကျေမနပ်ဖြစ်နေပုံပင်။

ကျန်းပါးဝမ့်ကနောက်တော့ ကုနင်းကိုမေးလိုက်သည်။

“မိန်းကလေးကု၊ အင်တာနက်ပေါ်သတင်းဖြန့်တဲ့လူ မင်းမတွေ့သေးဘူးလား?”

“ထန်ကျန်းဖုန်း၊” ကုနင်း ပြန်ဖြေလိုက်သည်။

“ဒီနေ့ ကျွန်မလူတွေကိုကုသပေးခဲ့ပြီး သူ့ကိုအရှက်ခွဲသလိုဖြစ်သွားလို့ ကျွန်မကို ထိခိုက်ဖို့ရည်ရွယ်ပြီး ဖြန့်လိုက်တာထင်တယ်။”

“ဘာ?” ကျန်းပါးဝမ့်အလွန် အံ့အားသင့်သွားခဲ့သည်။

“ထန်ကျန်းဖုန်းဒီလောက် တစ်ကိုယ်ကောင်းဆန်ပြီး အငြှိုးကြီးတဲ့လူမှန်းမသိခဲ့ဘူး။ သူ့ဒေါသပြေဖို့တစ်ခုတည်းနဲ့ ဒီလိုကိစ္စမျိုးဘယ်လိုလုပ် လုပ်နိုင်ရတာလဲ?”

“မိန်းကလေးကု၊ ဒါမင်းနဲ့မဆိုင်ပါဘူး။ ကိုယ့်ကိုကိုယ်အပြစ်တင်မနေပါနဲ့။ မင်းကြောင့်သာမဟုတ်ရင်၊ ဒဏ်ရာရထားတဲ့ မိုင်းလုပ်သားတွေ သေသွားနိုင်တယ်။ ဇွန်ဘီကိုဆိုရင်လဲ မင်းကလွဲပြီး ဘယ်သူကမှ ဘယ်လိုခြေမှုန်းရမှန်းသိတာမဟုတ်ဘူး။” ကျန်းပါးဝမ့်က ကုနင်းကိုနှစ်သိမ့်ပေးလိုက်သည်။

ကျန်းပါးဝမ့်ပြောသည်က အမှန်များသာဖြစ်သောကြောင့် ကုနင်းဘာမှပြန်ပြောမနေတော့ပေ။ သူမယနေ့ လူအများကြီးအသက်ကိုကယ်တင်ခဲ့ခြင်းသာဖြစ်သည်။

ထန်ကျန်းဖုန်းက ဗီဒီယိုတင်သူမှန်း သူတို့သိသွားပြီဖြစ်သောကြောင့် သူနှင့်ပြဿနာကို နောက်မှဖြေရှင်းရန် ဆုံးဖြတ်လိုက်ကြသည်။

ကုနင်းဟော်တယ်သို့မရောက်ခင်အချိန်တွင်ပဲ လုကျန်းက ဖုန်းဆက်လာကာ သူတို့အဖွဲ့ ည၁၁နာရီလောက်ရောက်မည်ဖြစ်ကြောင်းပြောခဲ့သည်။

***

အခန်း ၄၉၀

ဇာတ်လမ်းရိုက်ခြင်း ၃

ကုနင်းကို ဟွမ်းဒင်ဟိုတယ်သို့ ကျန်းပါးဝမ့်လိုက်ပို့ပြီးသည့်နောက် ကုနင်း၏မိတ်ဆွေသူငယ်ချင်းများအား ကြိုဆိုရင်အတွက် ကားများသွားစီစဉ်ရသည်။

ကုနင်းလဲ ဟိုတယ်ထဲသို့ဝင်သွားပြီးသည် ဧည့်ကြိုဌာနသို့တန်းသွားကာ ဘလက်ခ်ကဒ်ကိုထုတ်ပြပြီး အခန်းတစ်ခန်းငှားလိုက်သည်။ သူမအနေဖြင့် ရုပ်ရှင်အဖွဲ့သားများမရောက်ခင် ဇာတ်ညွှန်းအပြီးသတ်ပြင်ဆင်ထားဖို့ရန် လိုအပ်လေသည်။

ဧည့်ကြိုဌာနက ဘလက်ခ်ကဒ်ကိုမြင်သည်နှင့် အံ့အားသင့်သွားကာ ချက်ချင်းပင် အကောင်းဆုံးအခန်းတစ်ခန်းကို ပြင်ဆင်ပေးလိုက်သည်။

ဧည့်ကြိုဌာနဘေးတွင် မတ်တပ်ရပ်နေသည့် သက်လတ်ပိုင်းအရွယ်အမျိုးသမီးသည်တော့ ဧည့်ကြိုမိန်းကလေးက ကုနင်းအတွက် အခန်းတစ်ခန်း ချက်ချင်းပြင်ပေးနေသည်ကို မြင်လိုက်ရသောကြောင့် ဒေါသထွက်သွားတော့သည်။

“ဟေ့၊ မင်းပြောတော့ အခန်းလွတ်တွေမရှိတော့ဘူးဆို? သူကျတော့ ဘာလို့ အခန်းရသွားတာလဲ? ဘာလို့ သူ့ကျတော့ တစ်မျိုးဆက်ဆံတာလဲ? ငါကဒီဟိုတယ်က အခန်းတွေ မငှားနိုင်ဘူးလို့ ထင်နေလို့လား?”

“မဒမ်၊ ကျွန်မတောင်းပန်ပါတယ်၊ ဒါပေမယ့် ဒီဘက်ကမိန်းကလေးက ဘလက်ခ်ကဒ်ရှိနေတာကြောင့်ပါ။” ဧည့်ကြိုဝန်ထမ်းလေးက ယဉ်ယဉ်ကျေးကျေးဖြင့်ပင် ပြန်ရှင်းပြလိုက်သည်။

“သူ့မှာ ဘလက်ခ်ကဒ်ရှိတာဖြစ်ဖြစ် ဝှိုက်ကဒ်ဖြစ်တာဖြစ်ဖြစ် ငါဂရုမစိုက်ဘူး။ ငါက ဒီဟွမ်းဒင်ဟိုတယ်ရဲ့ ဗီအိုင်ပီဧည့်သည်ပဲ။” ထိုအမျိုးသမီး၏ပုံစံက ဘလက်ခ်ကဒ်ဆိုသည်မှာ ဘာကိုဆိုလိုမှန်း နားလည်ပုံမရပေ။ သူမက ဟွမ်းဒင်ဟိုတယ်၏ဗီအိုင်ပီဧည့်သည်ဖြစ်နေသောကြောင့် သူမသာ အခြားလူများထက် အရေးကြီးဆုံးဖြစ်သည်ဟု ထင်မှတ်နေပုံပင်။ သို့ပေမည့် ဟွမ်းဒင်ဟိုတယ်သည် နိုင်ငံတကာအဆင့်မီ ကြယ်ငါးပွင့်ဟိုတယ်ဖြစ်သောကြောင့် ဗီအိုင်ပီအဖွဲ့ဝင်ကဒ်ကို ရဖို့ရန် လူများများလဲ မတတ်နိုင်ပေ။

“တောင်းပန်ပါတယ်၊ ဘလက်ခ်ကဒ်ဆိုတာ ဟွမ်းဒင်ဟိုတယ်ရဲ့ ထိပ်တန်းဗီအိုင်ပီကဒ်ပါ။ ဘလက်ခ်ကဒ်ပိုင်တဲ့ ဘယ်သူမဆို တစ်ဘဝစာ ပြည်တွင်းဟွမ်းဒင်ဟိုတယ်ဖြစ်ဖြစ် ပြည်ပကဖြစ်ဖြစ် ဝန်ဆောင်မှုအခမဲ့ရမှာပါ။ ဟွမ်းဒင်ဟိုတယ်က ထိပ်တန်းဗီအိုင်ပီအဖွဲ့ဝင်များအတွက် သီးသန့်အခန်းတစ်ခန်း အမြဲဖယ်ပေးထားပြီးသားမို့လို့ပါ။”

ထိုရှင်းပြချက်များကိုကြားပြီးနောက် ထိုအမျိုးသမီးလဲ ရှက်ရွံ့ကာ မျက်နှာတစ်ပြင်လုံးနီရဲသွားရသည်။ သူမက ကုနင်းကို လှောင်ပြောင်ဖို့ရည်ရွယ်လိုက်ပေမည့် မမျှော်လင့်ထားစွာဘဲ ကုနင်းက ဤဟိုတယ်တွင် သူမထက် ပို၍ အဆင့်မြင့်သည့် ပုဂ္ဂိုလ်ဖြစ်နေလေသည်။

ထိုအချိန်တွင်ပဲ နောက်ထပ် အမျိုးသမီးနှစ်ဦး သူတို့နားသို့လျှောက်လာက ထိုထဲမှတစ်ဦးက၊

“ရှူးလန်၊ အဆင်ပြေရဲ့လား။ သူတို့မှာ အခန်းလွတ်မရှိတော့ရင် ငါတို့တခြားမှာနေလို့ရတာပဲ။ ပြီးတော့ ဒီမှာနေရင် ငွေအရမ်းကုန်မှာ။ ငါတို့အတွက်နဲ့ နင်ငွေအများကြီးဖြုန်းဖို့မလိုပါဘူး။”

“ဒီဟိုတယ်က ကြယ်ငါးပွင့်ဟိုတယ်လေးတစ်ခုပါပဲ။ ငါ့မှာလဲ ငွေပြတ်နေတာမှမဟုတ်တာ။ သူတို့မှာ အခန်းလွတ်မရှိတော့ဘူးဆိုမှတော့ ငါတို့တခြား ကြယ်ငါးပွင့်ဟိုတယ်တစ်ခုမှာ တည်းလို့ရတာပဲ။ ငါနင်တို့ကို ဒီနေ့ပျော်ဖို့ခေါ်ထားမှတော့ သေချာပေါက်ပျော်ရမှာပေါ့။” ရှူးလန်ဆိုသည့် အမျိုးသမီးက မောက်မာစွာဖြင့်ပြောလိုက်ကာ သူမပုံစံက ဟန်ထုတ်ကြွားဝါနေမှန်း သိသာလှပေသည်။

အခြားအမျိုးသမီးနှစ်ဦးသည်တော့ ရှူးလန်အစားရှက်ရွံ့နေကြပေမည့် စကားတစ်ခွန်းမှ ထပ်မပြောကြပေ။ ထို့နောက် သူတို့သုံးဦးထွက်သွားကာ ကုနင်းလဲ ဓါတ်လှေကားရှိရာသို့ ထွက်လာခဲ့သည်။

ကျန်းပါးဝမ့်သည်တော့ ကိစ္စအားလုံး စီစဉ်စရာရှိတာစီစဉ်ပြီးနောက် နားချိန်ခနတဖြုတ်ရလိုက်ပေမည့် ကိစ္စအားလုံး အမှန်တကယ် ဖြေရှင်းနိုင်ခဲ့ခြင်းဖြစ်သောကြောင့် စိတ်မချနိုင်သေးပေ။

ထိုအချိန်တွင်ပဲ ရှောင်းချန်ချွန်းတစ်ယောက် ကျန်းပါးဝမ့်အား ဆက်သွယ်လာခဲ့သည်။ ရှောင်းချန်ချွန်းသည် Dမြို့တွင်ရှိနေခြင်းမဟုတ်သောကြောင့် ဇွန်ဘီသတင်းအား ယခုမှသာ ကြားရခြင်းဖြစ်သည်။

ကျန်းပါးဝမ့်က ထိုသတင်းအမှန်ဖြစ်ကြောင်း အတည်ပြုပေးလိုက်ကာ ယနေ့ကုနင်းပြုလုပ်ခဲ့သမျှကိုလဲ ပြန်လည်ပြောပြခဲ့သည်။

ရှောင်ချန်ချွန်းသည်တော့ ကျန်းပါးဝမ့်က ဇွန်ဘီများအမှန်တကယ်ရှိခြင်းဖြစ်ကြောင်း အတည်ပြုပေးလိုက်၍ အလွန်ကြောက်ရွံ့သွားရသလို ကုနင်း၏ ထူးချွန်ပြောင်မြောက်သည့် စွမ်းရည်နှင့် ရဲစွမ်းသတ္တိများကြောင့်လဲ ထိတ်လန့်အံ့ဩသွားခဲ့ရသည်။ ရှောင်ချန်ချွန်းသည် လောလောဆယ်တွင်တော့ Dမြို့တွင်ရှိမနေခဲ့၍ ကျန်းပါးဝမ့်ကိုသာ ကုနင်းလိုအပ်သမျှကို ပူးပေါင်းလုပ်ဆောင်ပေးလိုက်ရန် သတိပေးလိုက်သည်။

ကုနင်း ဟိုတယ်အခန်းသို့ရောက်သည့်အချိန်တွင် စာရွက်တစ်ရွက်နှင့် ဘောပင်တစ်ချောင်းကိုထုတ်ယူလိုက်ကာ ဝယ်ရန်လိုအပ်သည့် ပစ္စည်းများစာရင်းကို ချရေးမှတ်လိုက်သည်။

၂နာရီကြပြီးသည့်နောက်တွင်တော့ ည၉နာရီထိုးပြီးလို့သွားခဲ့ပေပြီ။ ထို့နောက် ကုနင်း အပြင်သို့ပြန်ထွက်လာကာ ဟိုတယ်မှ ဘက်စ်ကားတစ်စီးငှားယူလိုက်သည်။ ကုနင်းသည်က ဟိုတယ်၏ထိပ်တန်းဗီအိုင်ပီဧည့်သည်တော်ဖြစ်သောကြောင့် သူမဘက်စ်ကားငှားလာသည်နှင့် အကြောင်းပြချက်တစ်စုံတစ်ရာ မေးမြန်းမနေဘဲ ချက်ချင်းပင် ပေးလိုက်ကြသည်။

ဘက်စ်ကားဆိုသည်မှာ လူများစွာအနားယူရန်အတွက် အကောင်းဆုံးသောနေရာတစ်နေရာဖြစ်သည်။ ယခုအချိန်သည် နွေဦးသို့ပြန်လည်ရောက်ရှိလာပြီဖြစ်သော်လည်း အပြင်ဘက်တွင် အနည်းငယ်ချမ်းအေးလို့နေသေးပြီး ကားထဲတွင်တော့ အပူပေးစက်ဖွင့်ထား၍ နွေးထွေးလို့နေလေသည်။

တခြားအရာများကို မစီစဉ်ခင် ကုနင်း ဈေးသို့သွားကာ ရေသန့်၁၀ပါကင်၊ ပုံနှိပ်စက်အသေးလေးတစ်လုံး၊ A4စာရွက် တစ်ထုပ်၊ နဖူးစည်းစာတန်းရှည်များ၊ ကော်၊ အနီရောင်ပိတ်စများ၊ အမွှေးနံ့သာတိုင်များ စသည်ဖြင့် ရုပ်ရှင်ရိုက်ကူးရေးဖွင့်ပွဲအခမ်းအနားအတွက် လိုအပ်မည်ထင်သည့် ပစ္စည်းမျိုးစုံကို ဝယ်ယူခဲ့လိုက်သည်။ သူမအနေဖြင့် ဤရုပ်ရှင်ရိုက်ကူးခြင်းသည် အပျော်သက်သက်လုပ်ခြင်းမျိုးမဟုတ်ဘဲ အတည်ရိုက်ကူးသည့် လုပ်ငန်းတစ်ခုဖြစ်သောကြောင့် ကန်တော့ပွဲအခမ်းအနားများ၊ ကန်တော့ပွဲများကို ပြုလုပ်ရပေမည်။

ကုနင်း ချန်ယန်းတောင်သို့ရောက်သည့်အချိန်တွင် စစ်သား၁၀ယောက်သည် သူတို့စီးလာသည့် ဘက်စ်ကားငယ်တစ်စီးပေါ်၌ အနားယူလို့နေသည်။ တစ်ဖက်မှ ဘက်စ်ကားကို ကုနင်းကိုယ်တိုင်မောင်းနှင်လာသည်အား မြင်လိုက်ရချိန်၌ ထိုစစ်သားအားလုံး အလွန်ထိတ်လန့်အံ့အားသင့်ကုန်ကြတော့သည်။ ကုနင်းလို မိန်းမငယ်လေးတစ်ယောက်က ဤမျှကြီးသည့် ဘက်စ်ကားကြီးတစ်စီးကို ကိုယ်တိုင်မောင်းသည်အား မည်သူမျှ မတွေ့မြင်ဖူးခဲ့ကြပေ။

စစ်သားများအားလုံး သူတို့၏ဘက်စ်ကားအသေးလေးထဲမှ တစ်ယောက်ပြီးတစ်ယောက်ဆင်းလာကာ ကုနင်းရှိရာသို့လျှောက်လာကြပြီး လေးစားမှုအပြည့်ဖြင့် နှုတ်ခွန်းဆက်လိုက်ကြသည်။

“မင်္ဂလာပါ၊ မိန်းကလေးကု၊”

ယနေ့ ဖြစ်ပျက်တွေ့ကြုံခဲ့ရသည့် ကိစ္စရပ်များကြောင့် သူတို့အားလုံး ကုနင်း၏ထူးချွန်ပြောင်မြောက်လှသည့် အရည်အချင်းကြောင့်ရော သူတို့ခေါင်းဆောင်ဆီမှအမိန့်ပေးထားခြင်းကြောင့်ပါ သူမကို အလွန်လေးစားနေကြပြီဖြစ်သည်။ သူတို့၏ခေါင်းဆောင်ဖြစ်သူက ယခုဖြစ်ပျက်နေသည့် ပြဿနာရပ်များကို ဖြေရှင်းရန် ကုနင်း၏ဦးဆောင်မှုအတိုင်း သူတို့အားလုံး နာခံလုပ်ဆောင်ရမည်ဖြစ်ကြောင်း အမိန့်ပေးထားခဲ့သောကြောင့် ယခုအချိန်တွင် ကုနင်းသည် သူတို့၏ခေါင်းဆောင်ဖြစ်နေပြီဖြစ်ကာ သူမ၏အမိန့်တိုင်းကို နာခံလုပ်ဆောင်ကြမည်ဖြစ်သည်။

“မင်္ဂလာပါ၊ အားလုံးပဲ လောလောဆယ် ဘက်စ်ထဲမှာပဲ ဝင်နားနေကြပါဦး။ အပြင်မှာကအေးတယ်။” ကုနင်းစိုးရိမ်ပူပန်စွာဖြင့်ပြောလိုက်သည်။

စစ်သားများအားလုံး ကုနင်း၏စိုးရိမ်ပေးမှုကြောင့် ရင်ထဲထိသွားကြပေမည့် မည်သူမျှ ပြန်မဝင်သွားခဲ့ပေ။

“စိတ်မပူပါနဲ့၊ မိန်းကလေးကု၊ ကျွန်တော်တို့မအေးပါဘူး။” အားလုံး တညီတညွတ်တည်းပြန်ဖြေလိုက်ကြသည်။

စစ်သားများဖြစ်သောကြောင့် သူတို့သည် သာမာန်လူများထပ် ပို၍ ကြံ့ခိုင်သန်မာကြသည်။ သူတို့သာ နွေဦး၏ အအေးဒဏ်လောက်ကိုတောင် မခံနိုင်လျှင် စစ်သားဖြစ်ဖို့ အရည်အချင်းပြည့်ဝမည်မဟုတ်ပေ။

စစ်သားများက မအေးပါဘူးဟု ဆိုလာမှတော့ ကုနင်းလဲ အတင်းပြန်မဝင်ခိုင်းနေတော့ဘဲ သူမဝယ်လာသည့် ရေဗူးများကိုသာ မျှဝေပေးလိုက်သည်။

“ကျေးဇူးပါ၊ မိန်းကလေးကု။”

“မိန်းကလေးကု၊ ကျွန်တော်ကတော့ ဒီအဖွဲ့ရဲ့ခေါင်းဆောင် မော့ချန်ယိပါ။ မိန်းကလေးမှာ တာဝန်ပေးစရာရှိရင် ကျွန်တော့်ကို ပြောလို့ရပါတယ်။ ကျန်တဲ့လူတွေကိုက ကျွန်တော်တစ်ဆင့် ပြန်ပြောပေးပါ့မယ်။”

မော့ချန်ယိသည် အသက်၂၇နှစ်ဝန်းကျင်ရှိပြီး ကျန်သည့် စစ်သားများသည်တော့ ၂၅နှစ်မှ၂၈နှစ်ဝန်းကျင်ရှိကြသည်။ ထိုသူများအားလုံးသည် တပ်ထဲရှိ ငယ်ရွယ်သည့် လက်ရွေးစင် စစ်သားများ ဖြစ်လောက်ပေသည်။ ထိုသို့သာမဟုတ်လျှင် သူတို့ကို ဤနေရာသို့ ဇွန်ဘီသတ်ရန်အတွက် လွှတ်လိုက်လိမ့်မည်မဟုတ်ပေ။

ထိုအဖွဲ့မှလွဲ၍ စစ်တပ်ထဲမှ အခြားသော အုပ်ချုပ်ရေးပိုင်းလူကြီးအနည်းငယ်မျှသာ ဤဇွန်ဘီကိစ္စကို သိထားကြလေသည်။

“ဟုတ်ပါပြီ၊ ကျေးဇူးပါ။” ကုနင်းပြန်ဖြေလိုက်သည်။

ထိုအချိန်တွင်ပဲ စစ်သားတစ်ဦးက “မိန်းကလေးကု၊ ဒီနေ့ ဇွန်ဘီကို မင်းသတ်တုန်းက အရမ်းလျင်မြန်လွန်းတာကို ကျွန်တော်သတိထားလိုက်မိတယ်။ မင်းက သိုင်းပညာအရည်အချင်းတော်တော်ကောင်းမယ့်ပုံပဲ။ ကျွန်တော်တို့ တစ်ပွဲလောက် ယှဉ်ပြိုင်ကြည့်ကြရင်ဘယ်လိုလဲ?”

သို့ပေမည့် ကုနင်းပြန်မဖြေသေးခင်တွင်ပဲ မော့ချန်ယိက ထိုစစ်သားကို ခြေထောက်ဖြင့် လှမ်းကန်ကာ ပြစ်တင်ပြောဆိုလိုက်သည်။

“အခုချိန်က အပျော်ရှာရမယ့်အချိန်များထင်နေလား?”

“ရပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့လဲအားနေတာဆိုတော့ ခနတဖြုတ် အပန်းဖြေကြတာပေါ့။” ကုနင်းသည် အမြဲတမ်း အကောင်းဘက်မှတွေးပေးတတ်သူဖြစ်ကာ ဘဝ၏ပျော်စရာအချိန်ကောင်းများကိုလဲ လက်လွတ်ခံတတ်သူမဟုတ်ပေ။ ထို့အပြင် ဤဇွန်ဘီပြဿနာကိုလဲ သူမသေချာပေါက် ဖြေရှင်းနိုင်သည်ဟု ယုံကြည်ချက်ရှိထားပြီးဖြစ်လေသည်။

တကယ်တမ်း ထိုစစ်သားတစ်ယောက်တည်းတင်မကဘဲ တော်တော်များများက ကုနင်းနှင့် ယှဉ်ပြိုင်ကြည့်ချင်နေကြသောကြောင့် ကုနင်းသဘောတူလိုက်သည်နှင့် အားလုံးစိတ်လှုပ်ရှားကုန်ကြသည်။

မိုင်းလုပ်ငန်းခွင်တွင် ရှင်းလင်းနေသည့် မြေပြင်ကျယ်ကြီးလဲရှိနေသောကြောင့် သူတို့ယှဉ်ပြိုင်တိုက်ခိုက်ရန် နေရာကောင်းပင်ဖြစ်သည်။

“ဘယ်သူအရင်စမလဲ?” ကုနင်းမေးလိုက်သည်။

“ကျွန်တော်စမယ်!” ယှဉ်ပြိုင်ရန် အကြံပြုခဲ့သည့် စစ်သားက ချက်ချင်းပင်ပြန်ဖြေလိုက်သည်။ သူအရင် မြန်မြန်ဆန်ဆန်နှင့် ယှဉ်ပြိုင်မည်ဟု ပြောလိုက်သောကြောင့် အခြားလူများ ဝင်ပြောချိန်ပင် မရလိုက်ကြ၍ အားလုံး မကျေမနပ်ဖြစ်သွားကြတော့သည်။

All Chapters