← Chapters

အခန်း (၅၄၁-၅၄၅)

Vol. 37 Ch. 541-545

အခန်း (၅၄၁-၅၄၅)

Vol. 37 Ch. 541-545

အခန်း ၅၄၁

ကုမန့်နှင့်Bမြို့သို့သွားခြင်း

ကုနင်း၏ရှင်းပြချက်အလုံးစုံကိုကြားပြီးသည်နှင့် ထန်ဟိုင်ဖုန်း၏ စိတ်ပူပန်မှုများအားလုံးပြေပျောက်သွားကာ မျက်ရည်များကျဆင်းလာတော့သည်။

“ကောင်မလေးကု၊ အခုလိုနားလည်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ငါတို့ မင်းနဲ့မင်းအမေအပေါ် အကြွေးတွေတင်ခဲ့ပြီ။ မင်းငါတို့နဲ့ မင်းအဖေကို မိသားစုအဖြစ် လက်ခံပေးဖို့ အခွင့်ရေးလေးပေးဖို့ မျှော်လင့်တယ်။”

ကုမန့်သည် ထန်ယွင်ဖန်း ချစ်ခဲ့သည့် တစ်ဦးတည်းသော အမျိုးသမီးဖြစ်ကာ ကုနင်းသည်လဲ သူ၏တစ်ဦးတည်းသော သမီးဖြစ်တာကြောင့် ထန်မိသားစုကို သူမတို့နှစ်ဦး ဝင်ရောက်လာဖို့ရန် ထန်ဟိုင်ဖုန်းမျှော်လင့်လေသည်။ ကုနင်းနှင့်ကုမန့်အကြောင်းကို သူတို့သေချာမသိသေးသော်လည်း ထန်မိသားစုဝင်များ မိသားစုအပေါ် တန်ဖိုးထားမှုသည်ကား ဘယ်အရာမှမယှဉ်နိုင်ပေ။

ကုနင်းက ထန်ဟွမ်လုပ်ငန်းစုကို ဆက်ခံကာ အခြားသော ထန်မိသားဝင်များ၏ ပိုင်ဆိုင်မှုကိုပါ သိမ်းပိုင်သွားနိုင်ချေအလွန်များပေမည့် ဒါမျိုးကတော့ ချမ်းသာလွန်းသည့် မိသားစုကြီးများတွင် သာမာန်ဖြစ်ရိုးဖြစ်စဉ်မျှသာဖြစ်သည်။

သို့ပေမည့် ကုနင်းကတော့ သူမကိုယ်ပိုင်စီးပွားရေးအင်ပါယာတစ်ခုကို ကိုယ်တိုင် ထူထောင်ဖို့ စိတ်ကူးထားသူဖြစ်၍ ထန်ဟိုင်ဖုန်းတို့တွေးထားသလိုမျိုး လုပ်ဖို့ရန် စိတ်ကူးမရှိပေ။

“အဖိုး၊ မစိုးရိမ်ပါနဲ့၊ သမီး ထန်မိသားစုကို ဆန့်ကျင်မဲ့ ဘယ်လိုကိစ္စကိုမှမလုပ်ပါဘူး။ အမေနဲ့ ဦးလေးထန်တို့ ပြန်ပြီးရင်းနှီးမှုရဖို့က အချိန်နည်းနည်းတော့ လိုသေးတယ်လေ၊ ဒါပေမယ့် အခုချိန် အရေးကြီးဆုံးလုပ်ဆောင်ရမှာက ဦးလေးထန် ပြန်သတိရလာဖို့ပဲ။” ယခုထိ တရားဝင် မိသားစုအဖြစ် လက်ခံကြခြင်းမရှိသေးတာကြောင့် ထန်ယွင်ဖန်းကို ကုနင်း ဦးလေးထန်ဟုသာ ဆက်ခေါ်သေးသည်။

“အိုး! ဟုတ်တာပေါ့!” ထန်ယွင်ဖန်းတောင် မနိုးလာသေးဘဲ ဤကိစ္စမျိုးကို ဆွေးနွေးနေဖို့ရန်က စောလွန်းနေသေးကြောင်း ထန်ဟိုင်ဖုန်း ပြန်သတိရသွားသည်။ ထို့အပြင် ကုမန့်လဲ သူမကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိကာ သူတို့ဘက်က သူတို့အလိုရှိသလို သူမကို ဖိအားပေး၍မဖြစ်နိုင်ပေ။

ထန်ဟိုင်ဖုန်း သူ၏ ရှေ့ရောက်လွန်းသည့် အတွေးများကို ပြန်ရုတ်သိမ်းလိုက်ပြီး၊

“မင်ခိုင်ပြောတာတော့ ယွင်ဖန်းရဲ့ စိတ်စွဲလန်းမှုက သမီးအမေနဲ့သမီးပဲတဲ့။ သမီးတို့သာ သူ့ကိုစကားများများပြောပေးရင် ပြန်နိုးလာနိုင်တယ်။”

ထိုစကားကြောင့် ကုနင်းမျက်လုံးများအရောင်လက်သွားသည်။ ဒါဖြစ်နိုင်ချေအတော်များတာပဲ၊ သူမဘာလို့များမတွေးမိလိုက်တာပါလိမ့်။ ဒါမျိုးကြောင့်သာမဟုတ်ရင် ထန်ယွင်ဖန်းက ခန္ဓာကိုယ်အခြေအနေအားလုံး ကောင်းနေရဲ့သားနဲ့ ဘာလို့ မနိုးလာဘဲ နေရမှာလဲ?

ကုနင်းသည် ကိုယ်တိုင်ကိုယ်ကျ မှော်စွမ်းအားများ၊ ဇွန်ဘီများ၊ ယင်စွမ်းအား စတဲ့ လူတိုင်း အစစ်အမှန်ဟု လက်ခံယုံကြည်ဖို့ ခက်ခဲသည့် အရာများကို မျက်မြင်တွေ့ကြုံခဲ့ပြီဖြစ်သည်။ စိတ်စွဲလန်းမှုကြောင့် မဟုတ်ဘူးဆိုလျှင်ပင် ကုနင်း တစ်ခေါက်လောက်တော့ စမ်းသပ်ကြည့်ချင်သေးသည်။

“ဒီလိုသာဆို သမီးသေချာပေါက် လုပ်ပေးချင်တာပေါ့၊ ဒါပေမယ့် အရင်ဆုံး အမေနဲ့ တိုက်ပင်ကြည့်ချင်သေးတယ်။” ကုနင်း ဘယ်လောက်ပင် လုပ်ပေးချင်ပါစေ ကုမန့်၏ဆန္ဒကိုလဲ အလေးထားသေးသည်။

“ဟုတ်တာပေါ့၊ ဟုတ်တာပေါ့။” ထန်ဟိုင်ဖုန်း အလွန်စိတ်လှုပ်ရှားနေတော့သည်။ ကုနင်း အခုထိ သေချာသဘောမတူရသေးဘူးဆိုပေမယ့် သူမက သေချာပေါက် သူတို့ကို ကူညီလိုကြောင်း သိလေသည်။

“ကောင်မလေးကု၊ မင်းဆုံးဖြတ်ပြီးသွားရင် အဖိုးကိုဖုန်းဆက်လိုက်၊ ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ မင်းတို့ကိုလာခေါ်ပေးမယ်။”

“ဟုတ်ကဲ့ပါ။”

ကုနင်းနှင့်ကုမန့် သူမတို့ဘာသာ လေယာဉ်လက်မှတ်ဝယ်ကာ သွားလိုက်လျှင်လဲ ပို၍အချိန်ကုန်သက်သာမည်ဖြစ်ပေမည့် သူမတို့၏ဂုဏ်သိက္ခာအတွက် ထန်ဟိုင်ဖုန်း၏ အကြံပြုချက်ကို လက်ခံလိုက်သည်။

ထန်မိသားစုက ကုနင်းနှင့်ကုမန့်၏အရေးပါမှုကို အလေးထားပြီး သူတို့ဘက်မှ ကြင်နာမှုကိုပါပြနေတာကြောင့် ကုနင်းနှင့်ကုမန့်ကို သူတို့မိသားစုဝင်အဖြစ် အမှန်တကယ်လက်ခံကြောင်း သိသာပေသည်။

ကုနင်းသည်လဲ ကုမန့်နှင့်ထန်ယွင်ဖန်းတို့ နောက်အနာဂါတ်တွင် အတူတကွပျော်ပျော်ရွှင်ရွှင် ရှိစေချင်ပေမည့် ထန်မိသားစုဝင်များဘက်က ကုမန့်အပေါ် မလေးမစားလုပ်လာလျှင်တော့ ဘယ်လိုမှသည်းခံပေးမည်မဟုတ်ပေ။

ထန်မိသားစုဘယ်လောက် ဩဇာလွှမ်းမိုးမှုရှိလဲဆိုသည်ကို သူမဂရုမစိုက်ပေ။ ထန်ယွင်ဖန်းသည် သာမာန်လူမကလို့ သူတောင်းစားတစ်ယောက်ဖြစ်နေလျှင်ပင် သူ ကုမန့်ကို ကောင်းကောင်းမွန်မွန်ဆက်ဆံနေသ၍ သူမဘက်က အကောင်းဆုံးအထောက်အပံ့ပေးသွားမည်ဖြစ်သည်။

ဖုန်းချပြီးနောက်တွင်တော့ ကုနင်း သီးသန့်ခန်းထဲသို့ပြန်လာခဲ့သည်။

“နင်းနင်း၊ ဖုန်းပြောတာကြာလိုက်တာ၊ အရမ်းအရေးကြီးတဲ့ကိစ္စမို့လို့လား?” ကုမန့် စိတ်ပူကာ မေးလိုက်သည်။

ကုနင်းလဲ ဖုံးကွယ်မနေတော့ဘဲ၊

“သမီးကို ထန်ဖိုးဖိုးဖုန်းဆက်လို့ပါ။”

ထိုစကားကြောင့် ကုမန့်၏လှုပ်ရှားမှုများ အနည်းငယ်တုန့်ဆိုင်းသွားခဲ့သည်။ ရုတ်တရက်ဆိုသလို ထန်ယွင်ဖန်းအကြောင်းတွေးမိသွားတာကြောင့် အလောတကြီးဖြင့်၊

“သူတစ်ခုခုဖြစ်လို့လား?”

“ထန်ဖိုးဖိုးရဲ့မိတ်ဆွေက ဦးလေးထန်၏ သတိမေ့မျောနေတာ သူ့စိတ်ဆွဲလန်းမှုထောင်ချောက်ထဲကနေ ရုန်းမထွက်နိုင်တာကြောင့်လို့ ပြောတယ်တဲ့။ ပြီးတော့ အဲ့ဒီစွဲလန်းမှုကလဲ အမေနဲ့သမီးပဲ။ သမီးတို့သာ သူ့ကိုစကားများများပြောပေးရင် ပြန်သတိရလာနိုင်တယ်ဆိုလို့ ထန်ဖိုးဖိုးက သမီးတို့ကို လုပ်ပေးဖို့ဆန္ဒရှိလားဆိုတာ လှမ်းမေးတာ။”

“ပြီးတော့ ထန်ဖိုးဖိုးက သမီးတို့ကို ထန်မိသားစုဝင်အဖြစ် လက်ခံဖို့လဲ မျှော်လင့်နေတယ်။ အမေဘယ်လိုတွေးလဲ?”

ကုမန့် ရုတ်တရက် ဘာမှပြန်မပြောနိုင်တော့ပေ။ သူမသေချာပေါက် ထန်ယွင်ဖန်း သတိရလာအောင် ကူညီပေးလိုပေမည့် ချက်ချင်းကြီး ထန်မိသားစုဝင်ဖြစ်ဖို့ကိုတော့ သူမစိတ်ကို မပြင်ဆင်ရသေးပေ။ ထို့အပြင် ဤသို့ဖြစ်လာမည်ဟုလဲ တစ်ကြိမ်တစ်ခါမှမတွေးထားခဲ့ဖူးတာကြောင့် အလွန်လန့်သွားခဲ့သည်။

“အမေ၊ စိတ်မပူပါနဲ့။ အမေ့နှလုံးသားက စေခိုင်းရာအတိုင်း ရွေးချယ်ပါ။”

ကုနင်း၏အမြင်တွင်တော့ ထန်ယွင်ဖန်းသည် ထန်မိသားစု၏ အစားထိုးမရသည့် မိသားစုဝင်ဖြစ်သလို ထန်မိသားစုသည်လဲ ကုမန့်ကိုမယှဉ်နိုင်ပေ။ သူမကိုသာ ရွေးချယ်ခိုင်းပါက ထန်မိသားစုထက် ကုမန့်ကိုသာ ရွေးချယ်မည်ဖြစ်ပြီး ထန်မိသားစုကလဲ ကုနင်းနှင့်ကုမန့်ထက် ထန်ယွင်ဖန်းကိုသာ ရွေးချယ်ကြမည်ဖြစ်သည်။

“ရှောင်မန့်၊ နင်းနင်းပြောတာမှန်တယ်။ အရမ်းကြီးမတွေးနဲ့၊ နင့်စိတ်ခံစားချက်အတိုင်းသာလုပ်။” ကုချင်သည်လဲ ကုမန့်အနာဂါတ်ပျော်ရွှင်မှုများဖြင့် ပြည့်နေဖို့သာ မျှော်လင့်ပေမည့် ဤကိစ္စကတော့ ရွေးချယ်ဖို့ မလွယ်ကူလှပေ။

ကုမန့်သာ ထန်ယွင်ဖန်းအပေါ် ခံစားချက်မရှိတော့လျှင်၊ ထပ်ပြီးချစ်မိဖို့ရန် မဖြစ်နိုင်တော့လျှင် သူမငြင်းဆိုနိုင်ပေသည်။

ကုမန့် အချိန်အတော်ကြာတိတ်ဆိတ်နေပြီးကာမှ၊

“အမေ သူ့ကိုကူညီပေးနိုင်တယ်၊ ဒါပေမယ့် အမေတို့ကြားဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကိုတော့ စောင့်ကြည့်ဖို့ အချိန်လိုသေးတယ်။”

“ဟုတ်ပါပြီ၊ ဒါဆို သမီးအခုပဲ ထန်ဖိုးဖိုးကို ဖုန်းဆက်လိုက်တော့မယ်။ သူက သမီးတို့ကိုကြိုဖို့ ကိုယ်ပိုင်ဂျက်လေယာဉ်နလွှတ်လိုက်မယ်ပြောတယ်။” ထန်ယွင်ဖန်း၏အခြေအနေသည် အရေးကြီးနေကာ သူတို့လဲ Fမြို့မှာ အရေးတကြီးလုပ်စရာမရှိတာကြောင့် Bမြို့ကိုသာ အရင်သွားရန် ဆုံးဖြတ်လိုက်သည်။

“အန်တီ၊ တစ်ယောက်တည်းပြန်လို့အဆင်ပြေပါ့မလား?” ကုနင်း ကုချင်ကို မေးလိုက်သည်။

“ရတာပေါ့၊ အန်တီအတွက် စိတ်ပူမနေနဲ့။ သမီးဦးလေးကို လေဆိပ်လာကြိုခိုင်းလိုက်မယ်။”

……….

ထန်အိမ်တော်တွင်လဲ ထန်ဟိုင်ဖုန်း ကုနင်းနှင့်ဖုန်းပြောပြီး ဧည့်ခန်းဆီသို့ပြန်လာသည်နှင့် လူတိုင်းက အခြေအနေကို မေးမြန်းကြတော့သည်။

ထန်ဟိုင်ဖုန်းလဲ သူနှင့်ကုနင်းတို့ ဖုန်းထဲတွင်ပြောသမျှကို ပြန်ပြောပြခဲ့ပြီး ကုနင်းရော သူမအမေပါ ထန်ယွင်ဖန်းကို မမုန်းကြောင်းသိလိုက်ကာမှ အားလုံးစိတ်အေးသွားတော့သည်။ သူတို့မျှော်လင့်ထားခဲ့သလိုဖြစ်သွားပေပြီ။ ထို့အပြင် ထန်ယွင်ဖန်း ပြန်နိုးလာအောင် ကူညီဖို့ရန်အတွက် ကုနင်း သူမအနေနှင့်ဆွေးနွေးလိုသေးသည့် အကြောင်းကိုလဲ သူတို့အားလုံးနားလည်ပေးနိုင်လေသည်။

ကုနင်းနှင့်ကုမန့်တို့ သူတို့ကို မိသားစုဖြစ် လက်ခံပေးဖို့ရန်ကတော့ အချိန်ပေးပြီးစောင့်ဆိုင်းဖို့သာ ရှိသည်။

ကုမန့် ထန်ယွင်ဖန်းကို မမုန်းသ၍ သူတို့ကလေးဖြစ်သည့် ကုနင်း၏မျက်နှာကိုထောက်ကာ ပြန်ပေါင်းဖက်နိုင်ချေများလေသည်။

ထိုအချိန်တွင်ပဲ ထန်ဟိုင်ဖုန်းဆီသို့ ကုနင်းဖုန်းဆက်လာခဲ့သည်။

***

အခန်း ၅၄၂

ကလေးတစ်ယောက်လို

ကုနင်းဖုန်းပြန်ခေါ်ခြင်းဖြစ်ကြောင်း ထန်ဟိုင်ဖုန်းသိလိုက်ချိန်တွင် ကုနင်းတို့သားအမိ သဘောတူလား မတူလားကို သူမသိရသေးတာကြောင့် စိတ်လှုပ်ရှားမိသလို စိုးလဲစိုးရိမ်မိနေသည်။ သဘောတူနိုင်ချေပိုများသည်ဟု တွေးထားပြီးဖြစ်သော်လည်း စိုးရိမ်မိနေစဲပင်။

“ကောင်မလေးကု၊ မင်းတို့လားဖြစ်လား?”

“ဟုတ်၊ အမေကလဲ သဘောတူလိုက်ပါတယ်။”

“တ-တကယ်ပါနော်?” ထန်ဟိုင်ဖုန်း အလွန်ဝမ်းသာသွားကာ၊

“ဘယ်တော့လာမလဲ? အဖိုး ချက်ချင်း ဂျက်လေယာဉ်စီစဉ်ပေးမယ်။”

“ဘယ်အချိန်ဖြစ်ဖြစ်ရပါတယ်။”

“ကောင်းလိုက်တာ! ဒါဆိုအခုပဲ သမီးတို့ကိုလာကြိုဖို့လွှတ်လိုက်တော့မယ်။” ထန်ဟိုင်ဖုန်း ကုနင်းနှင့်ကုမန့်တို့ကို တွေ့ဖို့ရန် တစ်စက္ကန့်လေးတောင် မစောင့်နိုင်တော့ပေ။

“ဒါနဲ့၊ သမီးတို့ ထန်အိမ်တော်မှာပဲနေမှာလား ဒါမှမဟုတ် သမီးအိမ်မှာပဲနေမှာလား?” ကုနင်းတို့၏စိတ်ကို အလေးထားသည့်အနေဖြင့် ထန်ဟိုင်ဖုန်း‌ မေးလိုက်ခြင်းဖြစ်သည်။

“သမီးအိမ်မှာပဲ နေလိုက်ပါ့မယ်။” ချက်ချင်းကြီး ထန်အိမ်တော်တွင် နေဖို့က သိပ်အဆင်မပြေလောက်သေးဟု ကုနင်းထင်မိလေသည်။

“ရတယ်-ရတယ်၊ ကိစ္စမရှိဘူး။”

ထို့နောက် ကုနင်း ဖုန်းမချခင် သူမတို့Gမြို့တွင်ရောက်နေသည့် အကြောင်းကိုပြောပြလိုက်ကာ ထန်ဟိုင်ဖုန်းလဲ ချက်ချင်းပင် သူမတို့ကို ကြိုဖို့ရန် ဂျက်လေယာဉ်စီစဉ်ခိုင်းတော့သည်။

ထို့နောက် ကုနင်းနှင့်ကုမန့်တို့ Gမြို့မှတန်းလာမည်ဖြစ်၍ လဲဝတ်စရာအဝတ်အစား မယူလာလောက်တာကြောင့် ထန်ယွင်ရုန်ကို ကြိုတင်ပြင်ဆင်ထားရန်အတွက်လဲ ပြောလိုက်သေးသည်။

သို့ပေမယ့် သူတို့ ကုနင်းကိုပဲ တွေ့ဖူးကြကာ ကုမန့်၏ခန္ဓာကိုယ်အနေအထားကိုတော့ မသိကြပေမည့် ချွမ်မင်ခိုင်ကတော့ သိပေသည်။

ကုမန့်က ကုနင်းနှင့် ခန္ဓာကိုယ်အချိုးအစားဆင်တူပြီး အရပ်တော့ ကုနင်းထက်နည်းနည်းပိုပုကြောင်းသိရသည့်နှင့် ထန်ယွင်ရုန်လဲ ချက်ချင်းပင် ပြင်ဆင်မှုများစလုပ်တော့သည်။

အလွန်ကြွယ်ဝချမ်းသာသည့် မိသားမှ အမျိုးသမီးတစ်ယောက်အနေနှင့် ထန်ယွင်ရုန်သည် အဝတ်အစားလှပမှုအပေါ် အမြင်ခံစားမှုအလွန်ကောင်းပေသည်။

ကုနင်း Bမြို့ကိုသွားမည့်အကြောင်းကြားရာတွင် ကုနင်းက ကုမန့်နှင့်အတူ သွားမည်ဖြစ်တာကြောင့် သူမနှင့်နှစ်ယောက်တည်း အချိန်ဖြုန်းလို့မရနိုင်တော့တာကြောင့် လင်ရှောင်းထင် ဝမ်းနည်းမိသွားသည်။ သို့ပေမည့် ကုနင်းက ထန်အိမ်တော်တွင်မနေဘဲ သူမအိမ်တွင်သာနေမည့်အကြောင်းကြားရချိန်တွင်တော့ ချက်ချင်းပင် ပျော်ရွှင်သွားတော့သည်။

လင်ရှောင်းထင်၏အမူအရာ အပြောင်းအလဲမြန်ဆန်ပုံကြောင့် ကုနင်းရယ်ချင်မိသွားသည်။ လင်ရှောင်းထင်က ငိုနေတဲ့အချိန် သကြားလုံးအပေးခံလိုက်ရသည့် ကလေးတစ်ယောက်လိုပင် မြန်မြန်ဆန်ဆန်ကို ပြန်ပျော်သွားပေသည်။

တကယ်တော့ လင်ရှောင်းထင်၏မျက်လုံးထဲတွင် ကုနင်းဆိုသူမှာ ဘယ်တော့မှ မလွှတ်ပေးချင်လောက်သည့် ချိုမြိန်သည့် သကြားလုံးလေးတစ်လုံးအတိုင်းပင်။

ကုချင်က နေ့လည်၂နာရီ၅၀အချိန်လေယာဉ်နှင့် Fမြို့သို့ပြန်မည်ဖြစ်ပေမည့် ခရီးချိန်ရောက်ဖို့ရန် ၃နာရီလောက်လိုသေးကာ ထန်ဟိုင်ဖုန်း ပို့လိုက်မည့် ဂျက်လေယာဉ်ကလဲ Gမြို့ကိုရောက်ရန် ၃နာရီလောက် ကြာဦးပေမည်။

ကုချင်၊ ကုမန့်နှင့် ကုနင်းတို့ လေဆိပ်သွားရန် အချိန်ရောက်ချိန်တွင် လင်ရှောင်းထင်ကပဲ လိုက်ပို့ပေးခဲ့သည်။

ကုချင်နှင့်ကုမန့်ကတော့ အနည်းငယ်အားနာနေကာ ကုမန့်က၊

“ရှောင်းထင်၊ အန်တီတို့ သားအချိန်တွေကို အများကြီးဖြုန်းမိသွားပြီလား?”

“မဟုတ်တာ၊ ကျွန်တော့်ရဲ့ အားလပ်ရက်ကလဲ မကုန်သေးဘူး၊ ပြီးတော့ ကျွန်တော်လဲ အားနေတာပဲကို။”

အားလုံးလေဆိပ်သို့ရောက်သည်နှင့် ကုချင်ကို အရင်လိုက်ပို့ပေးကာ ကုနင်းတို့ကတော့ ကိုယ်ပိုင်ဂျက်လေယာဉ်ကိုစောင့်ဖို့ရန်အတွက် ဗီအိုင်ပီနားနေခန်းသို့သွားလိုက်သည်။

“နင်းနင်း၊ အမေတို့ အရင်ဆုံးလက်မှတ်သွားယူသင့်တယ်မဟုတ်ဘူးလား?” ကုနင်းက ဗီအိုင်ပီနားနေခန်းရှိရာသို့ ခေါ်သွားနေတာကြောင့် ကုမန့်မေးလိုက်ခြင်းဖြစ်သည်။ အစောပိုင်းက သူမစိတ်လှုပ်ရှားစိုးရိမ်နေတာကြောင့် ထန်မိသားစုဘက်မှ ကိုယ်ပိုင်ဂျက်လေယာဉ်လွှတ်လိုက်သည့်အကြောင်းကို သူမမကြားမိလိုက်ပေ။

“ကိုယ်ပိုင်ဂျက်လေယာဉ်မို့လို့ လေယာဉ်ဆိုက်ကာမှာ သမီးတို့သွားလိုက်ရုံပဲ။”

“ဘယ်လို?” ကုမန့် အလွန်အံ့ဩသွားသည်။ ထန်မိသားစုက သူမတို့ကိုကြိုဖို့ ကိုယ်ပိုင်ဂျက်လေယာဉ်တောင် လွှတ်လိုက်တာတဲ့လား! အရင်တစ်ခေါက် ထန်ယွင်ဖန်းအား လာခေါ်သွားသည့် ရဟက်ယာဉ်အကြောင်းပြန်တွေးမိသွားတော့ ထန်မိသားစုသည် သာမာန်မိသားစုတစ်ခုမဟုတ်လောက်ဟု တွေးမိသွားကာ ကုမန့်ပိုလို့ပင် စိုးရိမ်သွားမိတော့သည်။

“နင်းနင်း၊ ထန်မိသားစုက ဘာလုပ်ကြတာလဲ?” အဆုံးမှာတော့ မနေနိုင်စွာဘဲ ကုမန့်မေးလိုက်တော့သည်။

ကုမန့်စိတ်ပူနေသည်ကို ကုနင်းနားလည်ကာ သူမအမေကိုလဲ ထန်မိသားစုရှေ့တွင် သိမ်ငယ်မနေစေလိုတာကြောင့်၊

“ထန်မိသားစုက အရမ်းအင်အားကြီးတယ်၊ ဒါပေမယ့် အမေ့သမီးကလဲ သာမာန်မဟုတ်ပါဘူး။ ဒါကြောင့် သူတို့ရှေ့မှာ ဘာမှစိတ်ဖိစီးနေစရာမလိုဘဲ ယုံကြည်မှုအပြည့်နဲ့နေနိုင်တယ်။ ထန်မိသားစုက တခြားအရာတွေထက် မိသားစုကိုပဲ ပိုတန်ဖိုးထားကြတဲ့လူတွေ၊ ဘာမှစိုးရိမ်စရာမလိုဘူး။”

ကုနင်း၏နှစ်သိမ့်စကားကြောင့် ကုမန့် အနည်းငယ်စိတ်သက်သာရာရသွားပေမည့် ထန်မိသားစုဆိုသည်မှာ Bမြို့၏အချမ်းသာဆုံးမိသားစု ဖြစ်သည်ကိုတော့ သူမမသိသေးပေ။ ကုနင်းကလဲ ကုမန့် ပိုပြီးစိတ်ဖိစီးသွားမည်စိုးတာကြောင့် တမင်မပြောထားသေးခြင်းဖြစ်သည်။

သူမတို့ဘေးတွင် လင်ရှောင်းထင် တစ်ချိန်လုံးရှိနေသေးတာကိုမြင်ကာ ကုမန့်က၊

“ရှောင်းထင်၊ အန်တီတို့နဲ့ တချိန်လုံးနေပေးဖို့မလိုပါဘူး။ သားလုပ်စရာရှိရင်သွားလို့ရတယ်နော်။”

“ရပါတယ်၊ ကျွန်တော်လုပ်စရာဘာမှမရှိဘူး။ အန်တီတို့နဲ့ ဆက်နေပေးလို့ရပါတယ်။”

လင်ရှောင်းထင်က ထိုသို့ပြောလာတာကြောင့် ကုမန့်လဲ အတင်းအကြပ်မတိုက်တွန်းတော့ပေ။

နာရီဝက်အကြာတွင်တော့ ကိုယ်ပိုင်ဂျက်လေယာဉ်ရောက်လာခဲ့ကာ လေဆိပ်ဝန်ထမ်းတစ်ဦးက ကုနင်း၊ကုမန့်နှင့်လင်ရှောင်းထင်တို့ကို ခေါ်ဆောင်သွားပေသည်။ သူမတို့ ဂျက်လေယာဉ်ရှေ့သို့ရောက်ချိန်တွင်တော့ သူတို့ကို တစ်စုံတစ်ယောက်က ကြိုတင်စောင့်နေပြီဖြစ်သည်။

ကုနင်းနှင့်ကုမန့်တို့ လေယာဉ်ထွက်ခွာသွားမှသာ လင်ရှောင်းထင်ပြန်လှည့်လာပြီး Bမြို့သို့သွားမည့် လေယာဉ်လက်မှတ်ဖြတ်လိုက်ကာ အိုက်ဝေ့ချန်ကို ဖုန်းဆက်လိုက်သည်။

အိုက်ဝေ့ချန်ကလဲ သူ့ကားကိုလာယူဖို့ တစ်ယောက်ယောက်ပို့လိုက်မည်ဖြစ်ကြောင်း ပြန်ပြောခဲ့သည်။

လင်ရှောင်းထင်စီးမည့် လေယာဉ်သည့် နောက်မိနစ်၅၀တွင်ထွက်ခွာမည်ဖြစ်ကာ သူအစောဆုံးဖြတ်နိုင်သည့် လေယာဉ်ချိန်လဲဖြစ်သည်။

၃နာရီကြာပြီးနောက်တွင်တော့ ထန်မိသားစုပိုင် ဂျက်လေယာဉ်သည် Bမြို့လေဆိပ်တွင် ဆင်းသက်ခဲ့ပြီး ထန်အိမ်တော်သို့ လိုက်ပါပို့ဆောင်ပေးမည့် ကားကောင်းတစ်စီးကလဲ အဆင်သင့်စောင့်လို့နေသည်။

လမ်းတစ်လျှောက်လုံး ကုမန့်အလွန်စိတ်လှုပ်ရှားပူပန်နေတာကြောင့် ကုနင်းလဲ သူမအမေလက်ကို ဆုပ်ကိုင်ရင်းတစ်ချိန်လုံး စိတ်အေးအောင် နှစ်သိမ့်ပေးနေရသည်။

“နင်းနင်း၊ အမေတို့ လက်ဆောင်ဝယ်သွားသင့်လား?” ကုမန့်သည် အခုထိ ထန်မိသားစုအတွက် ဧည့်သည်သာဖြစ်သေးသောကြောင့် လက်ဆောင်ပစ္စည်းအချို့ ပါသွားမှသာ ယဉ်ကျေးမှုရှိရာရောက်မည်ဟု တွေးမိလေသည်။

“မလိုပါဘူး။ အမေရဲ့၊ သမီးတို့က ဧည့်သည်တွေမှမဟုတ်တာ။”

ကုမန့်ကတော့ မယဉ်ကျေးသလိုဖြစ်မည်ဟု တွေးနေမိစဲဖြစ်ပေမည့် ထုံးစံအတိုင်း ကုနင်းပြောသည့်အတိုင်းသာ နားထောင်လိုက်သည်။

ကုနင်းတို့စီးလာသည့်ကား ကြီးမားသည့် ထန်အိမ်တော်ဝန်းကြီးထဲသို့ ဝင်ရောက်လိုက်သည်နှင့် လှပသည့် ခြံဝန်းနှင့် ကြီးမားသည့်အဆောင်အအုံကြီးကြောင့် ကုမန့်လုံးဝကိုမှင်သက်သွားတော့သည်။ ဘုရားရေ! ထန်အိမ်တော်က ဒီလောက်တောင်ကြီးတာလား!

ထန်မိသားစုဝင်များသည်တော့ တံခါးရှေ့တွင်ပင် မျှော်လင့်ချက်ကြီးစွာဖြင့် ကုနင်းတို့ကို စောင့်ဆိုင်းလို့နေကြသည်။

ကုမန့် အလွန်စိတ်လှုပ်ရှားနေသည်ကိုမြင်ကာ ကုနင်း သူမလက်ကိုဆုပ်ကိုင်ပေးလိုက်ပြီး၊

“အမေ၊ စိတ်ကိုလျှော့ထား။”

သို့ပေမည့် ကုမန့်ကတော့ အလွန်စိတ်လှုပ်ရှားနေစဲဖြစ်ကာ ဘယ်လိုမှမထိန်းနိုင်ပေ။

“နင်းနင်း၊ အမေ့အဝတ်အစားတွေက ကြည့်ကောင်းရဲ့လား?”

“ကောင်းတာပေါ့။” ကုနင်းပြုံးရင်းပြန်ဖြေလိုက်သည်။

အဓိကအိမ်တော်ရှေ့တွင် ကားရပ်သွားသည်နှင့် အစေခံတစ်ဦးက ချက်ချင်းပင် ကားတံခါးကိုလာဖွင့်ပေးကာ ကုနင်းနှင့်ကုမန့်လဲ ထွက်လာကြပြီး သူမတို့ကိုစောင့်ဆိုင်းနေကြသည့် ထန်မိသားစုဝင်များရှိရာသို့ လျှောက်သွားလိုက်သည်။

ကုမန့် ထန်မိသားစုဝင်များကို ကြည့်နေပေမည့် ဘာပြောလို့ပြောရမှန်းမသိဘဲ စကားစရှာမရဖြစ်နေသည်။

သူက ကုနင်းရဲ့အမေလား? ကုမန့်ထွက်လာသည်ကိုမြင်သည်နှင့် အားလုံးအံ့အားသင့်သွားကြသည်။

***

အခန်း ၅၄၃

ကုမန့်နှင့် ထန်မိသားစုတွေ့ဆုံခြင်း

ကုမန့်နှင့်ကုနင်းတို့ အတူယှဉ်တွဲကာ လမ်းလျှောက်လာချိန်တွင် ကုမန့်က ကုနင်း၏အစ်မဟုပင် ထင်ရလောက်အောင် ရှိရင်းစွဲအသက်ထက် အလွန်နုပျိုလှပေသည်။

“ကောင်မလေးကု၊ လာပြီပေါ့။” ထန်ဟိုင်ဖုန်း စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ကြိုဆိုလိုက်သည်။

“ဟိုင်း၊ ဘိုးဘိုး၊ အားလုံးကို စောင့်ခိုင်းမိသွားပြီ။” ကုနင်း ထန်မိသားစုဝင်တစ်ယောက်ချင်းစီကို နှုတ်ဆက်လိုက်ပြီးကာမှ ကုမန့်ဘက်လှည့်ကာ၊

“ဒါသမီးရဲ့အမေ၊ ကုမန့်ပါ။”

“တွေ့ရတာဝမ်းသာပါတယ်။” အားလုံးလဲ ကုမန့်ကို နှုတ်ဆက်လိုက်သလို ကုမန့်လဲ ပြန်နှုတ်ဆက်လိုက်ပေမည့် နေရတော့ အလွန်ခက်လို့နေသည်။

ထို့နောက် ကုနင်းကပဲ ကုမန့်ကို ထန်မိသားစုဝင်များဖြင့် ပြန်မိတ်ဆက်ပေးခဲ့သည်။

“ပြီးခဲ့တဲ့နှစ်တွေအတွင်း မင်းကြုံတွေ့ခဲ့ရတဲ့ ကိစ္စတွေအတွက် ငါတောင်းပန်ပါတယ်။” ထန်ဟိုင်ဖုန်းက ကုမန့်ကို စိတ်ရင်းဖြင့်တောင်းပန်စကားဆိုရင်း ဝမ်းနည်းလာမိပြန်သည်။

ထန်ဟိုင်ဖုန်းနှင့်ယှဉ်လျှင် ကုမန့်သည် အငယ်ဖြစ်တာကြောင့် သူမကိုလဲ သူ့သားသမီးတစ်ယောက်လို ထန်ဟိုင်ဖုန်းခံစားရလေသည်။

“သခင်ကြီးထန်၊ အဲ့လိုမပြောပါနဲ့။” ထန်ဟိုင်ဖုန်း မျက်ရည်တွေဝဲကာ ရုတ်တရက်တောင်းပန်လာတာကြောင့် ကုမန့်ထိတ်လန့်သွားခဲ့သည်။

“ပြီးခဲ့တဲ့ကိစ္စတွေအတွက် ကျွန်မမကျေမနပ်မဖြစ်ပါဘူး။”

တကယ်လဲ ကုမန့် ဖြစ်ပြီးသမျှ ကိစ္စများအတွက် ထွေထွေထူးထူးမစဉ်းစားတော့ပေ။ ကုနင်းသည် သူမချစ်ရသည့် ‘နဉ်’၏သွေးသားဖြစ်တာကြောင့် သူမလိုလိုချင်ချင်နှင့်ကို မွေးပေးခဲ့သည်။ ထန်ယွင်ဖန်းသည်တော့ သူမမျက်လုံးထဲတွင် ‘နဉ်’နှင့်ခြားနားနေသေးသည်ဟု တွေးနေမိသေးတာကြောင့် သူမချစ်ခဲ့ရသည့် ‘နဉ်’ဟုလဲ လုံးဝမသတ်မှတ်နိုင်သေးသလို ‘နဉ်’ကို ချစ်ခဲ့သလိုလဲ မချစ်နိုင်သေးပေ။ ထန်ယွင်ဖန်းနှင့် အဆင်ပြေဖို့ရန် သူမအတွက် အချိန်တစ်ခုလိုအပ်နေသေးသည်။

“ငါနားလည်ပါတယ်။” ထန်ဟိုင်ဖုန်း သက်ပြင်းချလိုက်ကာ သူ့မျက်ဝန်းထဲတွင်တော့ ဝမ်းနည်းမှုများရှိနေစဲပင်။ ထိုအချိန်တွင်ပဲ ထန်ယွင်ရုန်က ဝမ်းနည်းနေရခက်စရာအခြေအနေကို ကြားဖြတ်လိုက်ကာ၊

“ဟုတ်ပါပြီ၊ အခုတော့ အိမ်ထဲဝင်ကြရအောင်။ အပြင်မှာအေးတယ်။”

“အိုး၊ ဟုတ်သားပဲ၊ အပြင်မှာအရမ်းအေးတယ်။ အထဲဝင်ကြရအောင်။” ထန်ဟိုင်ဖုန်း ထိုတော့မှ သတိရသွားကာ ချက်ချင်းပင် ကုနင်းနှင့်ကုမန့်တို့ကို အိမ်ထဲဝင်ရန် ခေါ်လိုက်သည်။

“ခရီးပင်ပန်းလာသေးလား? ယွင်ဖန်းဆီမသွားခင် အရင်ဆုံးနားလိုက်ကြဦး။” ထန်ဟိုင်ဖုန်းအလိုကျ ကုနင်းနှင့်ကုမန့်လဲ သူ့နောက်မှလိုက်ကာ ဆိုဖာပေါ်တွင် ခနနားလိုက်ကြသည်။

ကုမန့် အလွန်စိတ်လှုပ်ရှားကာ စိုးရိမ်နေသည်ကိုမြင်ပြီး ကျန်းလီဟွာနှင့် ထန်ယွင်ရု်နတို့က သူမစိတ်ပေါ့ပါးသွားအောင် စကားပြောပေးကြပြီး ခနအကြာတွင်တော့ ကုမန့်လဲ တဖြည်းဖြည်းချင်း စိတ်ငြိမ်သွားခဲ့သည်။

မကြာခင်မှာပဲ လင်ရှောင်းထင်က သူလဲ Bမြို့သို့ရောက်ပြီဖြစ်ကြောင်း ကုနင်းကို စာပို့အကြောင်းကြားခဲ့သည်။ သို့ပေမည့် ကုနင်းတွင် သူ့ကိုသွားတွေ့ဖို့ရန် အချိန်မရှိသေးပေ။

နာရီဝက်လောက် ဧည့်ခန်းထဲတွင် ထိုင်နားပြီးနောက် ထန်ဟိုင်ဖုန်း၏ဦးဆောင်မှုဖြင့် ကုနင်းနှင့်ကုမန့်တို့ ထန်ယွင်ဖန်း၏အခန်းသို့လိုက်သွားခဲ့သည်။ ကျန်လူများကတော့ ကုမန့် ပြန်ပြီး စိတ်လှုပ်ရှားနေမည်စိုးတာကြောင့် လိုက်မသွားပေ။ ထို့အပြင် အခန်းထဲဝင် လူတအားများနေရင်လဲ ကြပ်ညှပ်သွားပေလိမ့်မည်။

ထန်ယွင်ဖန်း၏အခန်းသို့ရောက်သည်နှင့် ထန်ဟိုင်ဖုန်းရော ကုမန့်ပါ အလွန်ဝမ်းနည်းလာရပြန်သည်။

“အရမ်းကြီးစိတ်ကို မတင်ထားနဲ့။ မင်းလုပ်နိုင်သလောက်ပဲ လုပ်ပါ၊ ဖိအားပေးစရာမလိုဘူး။” ထန်ဟိုင်ဖုန်းက ကုနင်းကို နှစ်သိမ့်ပေးလိုက်သည်။

“ဟုတ်ကဲ့ပါ။” ကုမန့်ပြန်ဖြေလိုက်သော်လည်း တကယ်တမ်း သူမလဲ အနည်းငယ်စိတ်ဖိစီးနေမိသည်။

ပြီးသည်နှင့် ကုမန့်နေရခက်နေမည်စိုးတာကြောင့် ထန်ဟိုင်ဖုန်း အခန်းထဲကပြန်ထွက်သွားတော့သည်။

“နင်းနင်း၊ အမေဘာပြောပေးရမလဲ?”

ကုနင်းလဲ ခနလောက်စဉ်းစားကြည့်ပြီးခါမှ၊

“အမေ သူနဲ့တွေ့တုန်းကအကြောင်းတွေရယ် သူရုတ်တရက်ပျောက်သွားပြီးနောက် အမေကြုံတွေ့ခဲ့ရတဲ့အကြောင်းတွေရယ် ပြောလို့ရတာပဲ။ အမေ့ဘဝ ဘယ်လောက်တောင် ခက်ခက်ခဲခဲရှင်သန်ခဲ့ရလဲဆိုတာ သူသိအောင် ပြောပြလိုက်၊ ဒါဆို အပြစ်ရှိစိတ်နဲ့ပြန်နိုးလာလိမ့်မယ်။”

ကုမန့်၏ စိတ်ထိခိုက်နာကျင်စရာ အတိတ်အကြောင်းများကို ပြန်လည်ဖော်ထုတ်ဖို့က ခက်ခဲပေမည့် ထန်ယွင်ဖန်းသာ ပြန်နိုးလာလျှင် ဒါမှမဟုတ် မှတ်ဉာဏ်တွေပါ ပြန်ရလာခဲ့လျှင် ထိုအတိတ်မှနာကျင်စရာများက ပြောပလောက်သည့် ကိစ္စများမဟုတ်တော့ပေ။ ထို့အပြင် ကုမန့် ဤနေရာသို့လာဖို့ရွေးချယ်ထားကတည်းက သူမစိတ်ကို အကောင်းဆုံးကြိုတင်ပြင်ဆင်လို့ထားပြီးပြီဖြစ်သည်။

ထို့နောက် ကုနင်းလဲ ကုမန့်ကို လွတ်လွတ်လပ်လပ်ရှိစေရန် တစ်ယောက်တည်းထားခဲ့ပေးကာ အောက်ထပ်သို့ပြန်ဆင်းလာခဲ့သည်။

ဧည့်ခန်းထဲတွင်တော့ ထန်ဟိုင်ဖုန်း၊ ထန်ယွင်ဟန်နှင့် ချောင်ယွေ့ဟွာတို့ရှိနေကာ ထန်ယွင်ရုန်နှင့် လျန်းလီဟွာတို့ကတော့ အိမ်အကူများနှင့်အတူ မီးဖိုခန်းထဲတွင် ညစာအတွက် ပြင်ဆင်နေကြသည်။

ထန်ယွင်ရုန်ရော ကျန်းလီဟွာပါ ကျိကျိတက်ချမ်းသာသည့်မိသားစုမှဖြစ်ကြကာ အရင်က တစ်ခါမှ အိမ်အလုပ်မလုပ်ဖူးကြသော်လည်း လက်ထပ်ပြီးနောက်တွင်တော့ အချို့သော အရာများကို သင်ယူလေ့လာထားခဲ့ကြလေသည်။

“ကောင်မလေးကု၊ သမီးက ယွင်ဖန်းနဲ့အရမ်းတူလို့ အဖိုးက အရင်ကတည်းက သမီးကို အဖိုးတို့မိသားစုဝင်ဖြစ်လာဖို့ မျှော်လင့်ခဲ့တာ။ မမျှော်လင့်ဘဲ တကယ်ကိုဖြစ်လာခဲ့တာပဲ။” ကုနင်း ပြန်လာသည်နှင့် ထန်ဟိုင်ဖုန်းပြောလိုက်ခြင်းဖြစ်သည်။ ဖြစ်ပျက်သမျှသည် မြန်ဆန်လွန်းတာကြောင့် အခုထိ အစစ်အမှန်ဟုပင် မခံစားရတာကြောင့် အိပ်မက်ထဲတွင် နှစ်မြောက်နေခြင်းဖြစ်နေမည်ကို စိုးရိမ်နေမိသည်။

“တကယ်တော့၊ အဖိုးဦးလေးထန် အကြောင်းပြောပြပြီး Bမြို့ကိုပြန်သွားကတည်းက သမီးလဲ အရမ်းတူတယ်လို့တွေးမိလို့ စုံစမ်းခဲ့သေးတယ်။ နောက်တော့မှ ဦးလေးထန်က သမီးရဲ့အဖေရင်းဖြစ်နိုင်တယ်ဆိုတာ သေချာသွားတာ၊ ဒါပေမယ့် ဦးလေးက သမီးအမေအကြောင်းကို မေ့သွားပြီဆိုတော့ သမီးလဲ တခြားဘယ်သူ့ကိုမှပြောပြမနေတော့ဘူး။ နောက်တစ်ချိန်ချိန်မှပဲ ပြောတော့မယ်လို့ ဆုံးဖြတ်လိုက်တာ။ ဒါပေမယ့် သမီး ထန်အိမ်တော်ကို ပထမဆုံးအကြိမ်လာတုန်းက ဦးလေးထန်လဲ သမီးလိုခံစားမိပြီး စုံစမ်းခဲ့တယ်လေ။ နောက်ပိုင်းကိစ္စတွေကတော့ အဖိုးတို့သိပြီးသွားပါ။ သမီး ဦးလေးထန်ကြောင်း တိတ်တဆိတ်စုံစမ်းမိပြီး အစကတည်းက အမှန်တရားကို ထုတ်မပြောခဲ့တဲ့အတွက် အဖိုးတို့ကို တောင်းပန်ပါတယ်။”

ကုနင်း သူတို့ထန်မြို့မှာတွေ့ပြီးကတည်းက အားလုံးသိထားပြီးဖြစ်ကြောင်း ကြားလိုက်ရ၍ အားလုံး အံ့အားသင့်ကုန်ကြသည်။

ချောင်ယွေ့ဟွာနှင့်ထန်ယွင်ရုန်တို့က ကုနင်း သူတို့ထန်မိသားစုကို ရည်ရွယ်ချက်ရှိရှိ ချဉ်းကပ်လာခြင်းဖြစ်မည်ဟု အရင်ကတွေးခဲ့ဖူးပေမည့် တကယ်တမ်းကျ ကုနင်းက အမှန်တကယ်ကို သူတို့မိသားစုဝင်ဖြစ်နေတာကြောင့် အံ့ဩသွားကြသည်။

“အပြစ်တင်စရာလား! အစကတည်းက အဖိုးတို့ကိုမပြောပြခဲ့လို စိတ်မကောင်းဖြစ်ပေမယ့် သမီးရဲ့ဆုံးဖြတ်ချက်ကို နားလည်ပါတယ်။” ဤအချက်မှနေပြီး ကုနင်းက ထန်မိသားစုမှ ငွေများကိုမက်၍ချင်းကပ်လာခြင်းမဟုတ်ကြောင်း သက်သေပြသွားပေပြီ။

ကုနင်းလဲ ထန်ဟိုင်ဖုန်း သူမကို အပြစ်မတင်မှန်း သိထားပေမည့် အခုလို ကိုယ်တိုင်ပြောမလာခင်အထိ သူမကိုယ်သူမအပြစ်ရှိသလို ခံစားခဲ့ရသည်။

“ဒါနဲ့၊ သမီးနဲ့ သမီးအမေတို့ အဝတ်အစားလဲဖို့ပါမလာမှာစိုးလို့ အဝတ်အစားနည်းနည်းပါးပါး ပြင်ဆင်ထားတယ်။ ဒီည အိမ်ပြန်ရင် ယူသွားကြနော်။ မကြိုက်ဘူးဆိုလဲ သမီးအားတဲ့အချိန် ဖုန်းရှန့်ဈေးၐဝယ်စင်တာမှာ ကြိုက်တာသွားရွေးဝယ်လို့ရတယ်။”

ထန်ဟိုင်ဖုန်းက အလားလုံးစီစဉ်ပေးထားတာကြောင့် ကုနင်းအံ့အားသင့်သွားကာ လက်ခံလိုက်သည်။

“ကျေးဇူးပါ။ ဖိုးဖိုး။”

“ဟ-ဟ၊ မလိုပါဘူး။ အဖိုးတို့က တစ်မိသားစုထဲပဲကို။” ကုနင်းနှင့်ထန်ယွင်ဖန်းတို့ တရားဝင် မိသားစုအဖြစ် အသိအမှတ်ပြုထားခြင်းမရှိသေးပေမည့် ထန်ဟိုင်ဖုန်းကတော့ ကုနင်းကို သူ့မြေးမအရင်းလေးအဖြစ် အသိအမှတ်ပြုလက်ခံထားပြီးပြီဖြစ်သည်။

ကုနင်းပြုံးရုံသာပြုံးလိုက်ကာ ဘာမှပြန်မပြောပုံက သူမလဲ ထန်မိသားစုအဖြစ် လက်ခံကြောင်းပြသပေသည်။

***

အခန်း ၅၄၄

အမှတ်တရဟောင်းများ

“ဒါနဲ့၊ ကျားခိုင်ရော?” ကုနင်း ထန်အိမ်တော်သို့ရောက်ကတည်းက ထန်ကျားခိုင်ကို မတွေ့ရတာကြောင့် မေးလိုက်ခြင်းဖြစ်သည်။

“သူအခုကျောင်းမှာ၊ ဒီပိတ်ရက် အလုပ်များလို့ အိမ်ပြန်မလာဖြစ်ဘူးလေ။ ယွင်ဖန်းရဲ့ကိစ္စတောင်မှ အဖိုးတို့ သူ့ကိုမပြောပြရသေးဘူး။”

ထန်ယွင်ဖန်း၏အခန်းထဲတွင်တော့ ကုမန့် အိပ်ယာဘေးတွင်ဝင်ထိုင်လိုက်ကာ ထန်ယွင်ဖန်း၏လက်ကိုဆုပ်ကိုင်ရင်း စကားများပြောပေးနေသည်။

“ ‘နဉ်’၊ ရှင်ကျွန်မတို့အကြောင်းတွေမေ့သွားတယ်လို့ကြားတယ်၊ ဒါကြောင့် အခုပြန်ပြောပြမယ်နော်။”

လွန်ခဲ့သည့်၁၈နှစ်က သူ့နာမည်က ထန်ယွင်ဖန်းမဟုတ်တာကြောင့် ကုမန့် ‘နဉ်’ဟုသာ ခေါ်လိုက်ခြင်းဖြစ်သည်။

“ကျွန်မတို့သမီးကိုဘာလို့ ကုနင်းလို့နာမည်ပေးလဲရှင်သိလား? ဘာလို့ဆို ရှင့်နာမည်ကလဲ ‘နဉ်’မို့လို့လေ။”

“၁၈နှစ်၊ အာ-မဟုတ်သေးဘူး။ အတိအကျဆို ၁၉နှစ်တုန်းကပေါ့ ကျွန်မတို့ဆုံခဲ့ကြတာ။ စစတွေ့တုန်းက ရှင့်တစ်ကိုယ်လုံး ဒဏ်ရာတွေအပြည့်ပဲ။ ကျွန်မရှင့်ကို ဆေးရုံခေါ်သွားပေးခဲ့ပေမယ့် ရှင်ကတော့ အတိတ်မေ့ပြီး ဘာတစ်ခုမှသတိမရခဲ့ဘူး၊ ပြီးတော့လဲ ပြန်နိုးလာကတည်းက ကျွန်မကို အလွတ်မပေးတော့ဘူး။ အမှန်အတိုင်းဝန်ခံရရင် ရှင့်ကအရမ်းခန့်ညာပြီး ချောလွန်းလို့ ရှင့်ကိုစစမြင်ကတည်းက ကျွန်မရင်ခုန်မိသွားတာ။ ဒါပေမယ့် ကျွန်မတို့ တွေ့တဲ့အချိန်မှာ ရှင်က မှတ်ဉာဏ်ပျောက်သွားပြီး ရှင်က အိမ်ထောင်သည်လား လူလွတ်လားဆိုတာကိုလဲ ကျွန်မမသိဘူး၊ ဒါကြောင့် ရှင်နဲ့ခပ်ခွာခွာနေခဲ့တာ။ နောက်ဆုံးတော့လဲ ရှင့်ကိုချစ်မိသွားတာပါပဲ။”

“ကျွန်မတို့တွေ့ဆုံချိန်ကစပြီး ကိစ္စတိုင်းကို အခုထိ မှတ်မိနေတုန်းပဲ။ တစ်ခါတုန်းက ကျွန်မအလုပ်မှာ လူတစ်ယောက် ကျွန်မကိုမတော်မတရားလုပ်ဖို့ကြိုးစားတဲ့အချိန် ရှင်ရောက်လာပြီး အဲ့လူကို လုံးဝမထနိုင်အောင် ရိုက်နှက်ပစ်တယ်လေ၊ ရှင်လဲ ဒဏ်ရာတော်တော်ရသွားတယ်။”

“တခါတုန်းက……”

“တခါတုန်းက…..”

ကုမန့် သူမမှတ်ဉာဏ်ထဲမှ အမှတ်ရများကို အသေးစိတ်ပြန်ပြောပြနေခဲ့သည်။

“ရှင်က အလုပ်မှာလဲ အရမ်းထူးချွန်လို့ နှစ်ဝက်လောက်လုပ်ပြီးတာနဲ့ ကြီးကြပ်ရေးမှူးနေရာကို တန်းရသွားတာ။ ပြီးတော့လဲ မကြာခင်မှာပဲမနေဂျာအဖြစ် ရာထူးတိုးမယ့်ထဲ စားရင်းဝင်နေပြီးပြီ။ ဒါပေမယ့် ရှင်ကားတိုက်မှုဖြစ်ခဲ့ပြီး အဲ့ဒါကပဲ လွန်ခဲ့တဲ့၁၈နှစ်က ကျွန်မတို့ကိုကွဲကွာသွားစေခဲ့တယ်။”

“အစကတော့၊ ကျွန်မကိုယ့်ကိုကိုယ်သတ်သေလိုက်ချင်ပေမယ့် ကျွန်မ ကိုယ်ဝန်ရှိနေတာသိလိုက်ရပြီး ကျွန်မတို့နှစ်ယောက်ရဲ့ကလေးအတွက် ကျွန်မအသက်ဆက်ရှင်သန်ဖို့ ဆုံးဖြတ်လိုက်တာ။”

ည၇နာရီထိုးခါနီးတွင်တော့ ကုနင်း အပေါ်ထပ်သို့တက်ကာ ကုမန့်ကိုညစာစားဖို့ရန် သွားခေါ်ခဲ့သည်။ ကုမန့် ထန်ယွင်ဖန်း၏အခန်းထဲတွင် နှစ်နာရီတောင်မှ တောက်လျှောက် အတိတ်ကအကြောင်းအရာများကို ပြောပေးခဲ့လေသည်။

ထန်ယွင်ဖန်းကို တစ်နေကုန် တစ်နေခမ်းကြီး စကားတောက်လျှောက်ပြောပေးနေရန်မလိုဘဲ ကုမန့်အနေဖြင့် မနက်ပိုင်း၂နာရီ၊ ညနေပိုင်း၂နာရီလောက် ပြောပေးလျှင် လုံလောက်ပြီဖြစ်သည်။ တစ်နေ့ကို ၄နာရီနီးပါး စကားပြောရခြင်းကလဲ ပင်ပန်းလှတာကြောင့် ကုမန့်ကောင်းကောင်းအနားယူဖိုလဲ လိုအပ်သေးသည်။

ကုမန့် အခန်းပြင်ထွက်လာချိန်တွင် သူမမျက်လုံးများမှာ နီရဲမို့ဖောင်းလို့နေသည်။

“နင်းနင်း၊ အမေသူတို့နဲ့တွေ့ဖို့ အဆင်မပြေလောက်ဘူးထင်တယ်။”

“ရပါတယ်၊ ဘာမှစိုးရိမ်စရာမလိုဘူး။” ကုနင်း ကုမန့်၏လက်ကိုကိုင်လိုက်ကာ သူမ၏စွမ်းအားများကို လွှဲပေါင်းပေးကာ ကုမန့်အဆင်ပြေသွားအောင် ကူညီပေးလိုက်ပေမည့် ပုံမှန်အတိုင်းလုံးဝကောင်းသွားခြင်းတော့ မဟုတ်ပေ။ ထန်ယွင်ဖန်း အသက်အန္တရာယ်ရှိနေသည့် အခြေအနေကိုတွေ့ပြီးတာတောင်မှာ ပုံမှန်အတိုင်းဘာမှမဖြစ်နေလျှင် သွေးအေးသည်ဟု အခြားလူများထင်သွားပေလိမ့်မည်။

ထို့ကြောင့် ကုနင်း လုံးဝပျောက်သွားအောင် မကုပေးဘဲ ကုမန့်၏မျက်နှာကို အနည်းငယ်ပင်ပန်းနွမ်းနယ်နေသည့်ဟန်ဖြစ်သည့် အခြေအနေတွင်သာ ရပ်ထားလိုက်သည်။

ဘယ်သူကမှ သူမကိုမလှဘူးလို့တွေးကြမည်မဟုတ်ဘဲ သနားသာသနားမိကြပေလိမ့်မည်။ ထန်မိသားစုဝင်အားလုံးလဲ ကုမန့်ကိုမြင်ကာ အပြစ်ရှိသလိုခံစားလိုက်ကြရပေမည့် သူတို့လဲ ထန်ယွင်ဖန်း အမြန်နိုးလာဖို့ရန် မျှော်လင့်တာကြောင့် ဘာမှမပြောနိုင်ခဲ့ပေ။

ညစာစားနေချိန်အတွင်း ထန်ယွင်ရုန်နှင့်ကျန်းလီဟွာတို့နှစ်ဦးသား ကုမန့်၏ပန်းကန်ထဲသို့ ဟင်းများ မို့မောက်နေအောင် ခပ်ထည့်ပေးကာ သူမကိုလဲ များများစားဖို့ရန် ပြောကြသည်။ တကယ်တော့ ထန်ယွင်ဖန်း၏အခန်းထဲတွင် နှစ်နာရီနီးပါး ငိုထားတာကြောင့် ကုမန့် အစာစားချင်စိတ်သိပ်မရှိလှသော်လည်း ထန်ယွင်ရုန်နှင့် ကျန်းလီဟွာတို့ စိတ်ပူမည်စိုးသောကြောင့် အတတ်နိုင်ဆုံးဝင်အောင် စားခဲ့သည်။

……..

လင်ရှောင်းထင် Bမြို့သို့ရောက်သည်နှင့် စားသောက်ဆိုင်တစ်ဆိုင်သို့သွားကာ ကုနင်းကို ထိုင်စောင့်နေခဲ့သည်။

လင်ရှောင်းထင်၏ ထင်သာလှသော ခန့်ညားသည့်အသွင်အပြင်ကြောင့် သူ့ဘေးနားမှ အမျိုးသမီးများစွာ၏အာရုံကို ဆွဲဆောင်နေမိပေမည့် လင်ရှောင်းထင်၏အနားတစ်ဝိုက်က ရေခဲများဖုံးလွှမ်းနေသလို ခံစားရတာကြောင့် ဘယ်သူကမှ စကားစမပြောရဲကြပေ။ သို့ပေမည့် အမျိုးသမီးတစ်ဦးကတော့ ချွင်းချက်ပင်။

စားသောက်ဆိုင်ထဲတွင် အပူချိန်မြင့်နေတာကြောင့် ဧည့်သည်များသည် သူတို့ဝင်လာသည်နှင့် အပေါ်ထပ်ကုတ်အင်္ကျီများကို ချွတ်ထားကြလေသည်။ လင်ရှောင်းထင်၏စားပွဲဘက်သို့ သွားနေသည့် အမျိုးသမီးသည်လဲ အပေါ်ထပ်အင်္ကျီကို ချွတ်ထားကာ ကိုယ်ကြပ် ခါးတိုဆွယ်တာအင်္ကျီအနီနှင့် တင်ပါးဖုံးရုံစကတ်တစ်ထည်ကိုဝတ်ဆင်ထားသောကြောင့် သူမပုံစံသည် အလွန်ဆွဲဆောင်မှုရှိနေသည်။ ထို့အပြင် သူမ၏ရုပ်ရည်သွင်ပြင်နှင့် မိတ်ကပ်ကြည်ကြည်လေးကိုပါ ထပ်ပေါင်းထည့်လိုက်ချိန်တွင်တော့ ယောက်ျားသားအများစု၏ နှလုံးသားကို ရယူဖို့ရန် မခက်တော့ပေ။ သို့ပေမည့် လင်ရှောင်းထင်သည်တော့ ကုနင်းတစ်ဦးတည်းကိုသာ ချစ်တဲသူဖြစ်တာကြောင့် အခြားအမျိုးသမီးများ သူ့ကိုစကားလာစပြောခြင်းကို မနှစ်သက်ပေ။

“ဟေ့၊ ဒို့ ဒီမှာထိုင်လို့ရမလား?” အမျိုးသမီးက ဆွဲဆောင်မှုရှိလှသည့် အသံဖြင့်မေးလိုက်သော်လည်း လင်ရှောင်းထင်၏နားထဲတွင်တော့ အလွန်အော့အန်ချင်စရာကောင်းနေတော့သည်။

“မရဘူး။” လင်ရှောင်းထင် ရှင်းရှင်းပဲ ပြန်ဖြေလိုက်တာကြောင့် အမျိုးသမီး၏မျက်နှာထက်မှ အပြုံးသည်လဲ အေးခဲသွားရတော့သည်။ သူမကို ယောက်ျားတစ်ယောက်က လူကြားထဲတွင် အခုလို ငြင်းပယ်သည်မှာ ပထမဆုံးအကြိမ်ဖြစ်လေသည်။ ဒီလိုဆိုလျှင်တောင် လင်ရှောင်းထင်က အရမ်းခန့်ညားလွန်းတာကြောင့် သူမလွယ်လွယ် လက်လျှော့လိုက်မည်မဟုတ်ပေ။

“ဟေ့၊ အဲ့လောက်ကြီးမရက်စက်….”

“ကျွန်တော် တစ်ယောက်တည်းပဲနေချင်တယ်။” ထိုအမျိုးသမီး စကားဆုံးအောင်ပင်မပြောလိုက်နိုင်ဘဲ လင်ရှောင်းထင် ဖြတ်ပြောလိုက်ကာ သူမကို အေးစက်ထက်ရှသည့်အကြည့်များဖြင့်လဲ မဖြစ်မနေကြည့်လိုက်သေးသည်။ ထိုအမျိုးသမီးလဲ ကြောက်ရွံ့သွားသလို ရှက်ကိုးရှက်ကန်းဖြစ်သွားကာ အမြန်ပင်ပြန်ထွက်သွားတော့သည်။

ထိုသို့သော အခြေနေမျိုး အကြိမ်ရေများစွာ ဖြစ်ပွားခဲ့သေးသည်။

……..

ကုနင်းနှင့်ကုမန့်တို့ ညစာစားပြီးနောက်တွင်တော့ ဟွားဖုတောင်ကုန်းသို့ပြန်ခဲ့ပြီး နောက်နေ့မနက် ၉နာရီမှာသာ ထန်အိမ်တော်သို့ ပြန်လာကြမည်ဖြစ်သည်။

ထန်ယွင်ဟန်ကပဲ ကိုယ်တိုင်ကားမောင်းကာ ကုနင်းတို့ကို ဟွားဖုတောင်ကုန်းသို့ပြန်ပို့ပေးခဲ့ပြီး မနက်ဖြန်အတွက်ကတော့ ကုနင်း သူမကားနှင့် ထန်အိမ်တော်သို့ လာလို့ရပေသည်။ ဟွားဖုတောင်ကုန်သို့ သူတို့ကားဝင်လိုက်ကာ လှပသည့် အိမ်တစ်အိမ်၏ရှေ့တွင် ရပ်သွားခဲ့သည်။

ထိုအိမ်ကို ကုမန့်မြင်လိုက်ရသည်နှင့် အလွန်ထိတ်လန့်သွားကာ ထန်အိမ်တော်ဘက်က အလွန်ရက်ရက်ရောရောပေးထားတာကြောင့် သူမအလွန်အံ့အားသင့်သွားသည်။

ကုနင်းက သူမတို့မလာခင်ကတည်းက ဤအိမ်ကို ထန်မိသားစုက လက်ဆောင်ပေးထားခြင်းဖြစ်ကြောင်း ကုမန့်ကိုပြောပြထားပြီးဖြစ်ပေမည့် ဤမျှခမ်းနားသည့် ဇိမ်ခံအိမ်တစ်လုံးဖြစ်နေမည်ဟုတော့ မသိထားပေ။ Bမြို့၏အိမ်ဈေးနှုန်းများမှာ အလွန်မြင့်ကာ ဤအိမ်သည်လဲ အနည်းဆုံးယွင်၁၀သန်းမကတန်ပေလိမ့်မည်။

ကားထဲမှ ထွက်လာကြပြီးသည်နှင့် ထန်ယွင်ဟန်က ကားနောက်ဖုံးထဲမှ လက်မ၂၀ခန့်ကြီးသည့် အဝတ်အိတ်နှစ်လုံးကို ထုတ်ယူလိုက်သည်။ တစ်အိတ်သည်တော့ ကုနင်းအတွက် အဝတ်အစားများဖြစ်ကာ ကျန်တစ်အိတ်သည်တော့ ကုမန့်အတွက် အဝတ်အစားများဖြစ်သည်။

“ဒါကဘာတွေလဲ?” ကုမန့်သည်တော့ မသိထားတာကြောင့် နားမလည်နိုင်ခဲ့ပေ။

“ထန်ဖိုးဖိုးက သမီးတို့ Gမြို့ကနေတန်းလာတာဆိုတော့ လဲစရာ မရှိမှာစိုးလို့ဆိုပြီး အဝတ်အစားတွေ ပြင်ဆင်ပေးလိုက်တာ။”

ထန်မိသားစုက သူမတို့ကိုအစစအရာရာစီစဉ်ပေးနေတာကြောင့် ကုမန့်အံ့အားသင့်သွားသည်။

“သခင်ကြီးထန်ကို ကျေးဇူးတင်တဲ့အကြောင်းလေး ပြန်ပြောပေးပါဦး။” ကုမန့် ထန်ယွင်ဟန်ကို စကားပါးလိုက်သည်။

သူမတို့ကိုယ်တိုင်လဲ အဝတ်အစားသစ်များဝယ်နိုင်ပေမည့် ဝယ်ထားပြီးသားလဲဖြစ်နေတာကြောင့် သခင်ကြီးထန်၏စေတနာကို လက်ခံလိုက်ကြသည်။

“ကောင်းပါပြီ။”

ထန်မိသားစုဝင်များ ကုမန့်ကို ကောင်းကောင်းမွန်မွန်ဆက်ဆံခြင်းမှာ ထန်ယွင်ဖန်းနှင့်သူမ၏ဆက်နွယ်မှုကြောင့်သာမကဘဲ ထန်ယွင်ဖန်းပြန်နိုးလာအောင် ကူညီပေးဖို့ သူမBမြို့သို့လာခဲ့ပေးခြင်းကြောင့်ပါ ပါလေသည်။

***

အခန်း ၅၄၅

နင့်အမေက အရမ်းနုတယ်!

ကုနင်းနှင့်ကုမန့်တို့အတွက် အဝတ်အိတ်များကို ထန်ယွင်ဟန်ကပင် အိမ်ထဲအထိ ကူသယ်ပေးပြီးကာမှ ပြန်သွားခဲ့သည်။ ထို့နောက် ကုနင်း ကုမန့်အတွက် သူမအိပ်ခန်းနှင့် အနည်းငယ်ကွာဝေးကာ ကြားတွင် စာကြည့်ခန်းနှင့် ဧည့်သည်ခန်းတို့ခြားနေသည့် အခန်းကိုစီစဉ်ပေးလိုက်သည်။

ယနေ့ည လင်ရှောင်းထင် သူမအခန်းသို့လာမည်ဖြစ်၍ တမင်တကာ ဝေးဝေးတွင် အခန်းပြင်ပေးလိုက်ခြင်းဖြစ်ပေသည်။ ကုမန့်၏အိပ်ခန်းသည် မာစတာအိပ်ခန်းနှင့်စာလျှင်တော့ အနည်းငယ်ပိုကျဉ်းပေမည့် လိုအပ်သမျှပစ္စည်းအစုံအလင်တော့ပါရှိထားပြီးဖြစ်သည်။

ကုမန့်အတွက် အခန်းပြင်ပေးပြီးသည်နှင့် ချက်ချင်းပင် လင်ရှောင်းထင်ထံ သူမအိမ်နေရာကို ကုနင်းပို့ပေးလိုက်သည်။

ကုနင်း : ရှင်လာရဲလား။

ထိုအချိန်တွင် လင်ရှောင်းထင်သည် ဟိုတယ်သို့ရောက်နေပြီဖြစ်ကာ ကုနင်း သူ့ကိုမဆက်သွယ်လာသေး၍ ဖုန်းကို ထိုင်ကြည့်နေချိန်ဖြစ်သည်။ ယနေ့ညအဖို့ ကုနင်းနှင့်တွေ့ရဖို့အထိတော့ သူမမျှော်လင့်သော်လည်း ခနတဖြုန်တော့ ဖုန်းပြောချင်သေးသည်။ သို့ပေမည့် ကုနင်း၏စာဝင်လာကာ ဖတ်ကြည့်ပြီးသွားချိန်တွင်တော့ လင်ရှောင်းထင်ပျော်လွန်း၍ ဆိုဖာပေါ်မှခုန်ထမိလို့နီးနီးပင်ဖြစ်သွားသည်။

လင်ရှောင်းထင် : သေချာပေါက် လာရဲတာပေါ့။

ကုနင်း : ကျွန်မတို့နှစ်ယောက်ဖောက်ပြန်နေတယ်လို့ပဲ အမြဲခံစားနေရတယ်။

လင်ရှောင်းထင် : ဒါဆိုလဲ မင်းအမေကို ဖွင့်ပြောလိုက်ကြမယ်လေ။

ကုနင်း : မေ့လိုက်တော့၊ အမေသာသိသွားရင် သူ့သမီးကို ဖျားယောင်းသွားပါတယ်ဆိုပြီး ရှင့်ကို အပြစ်တင်မယ့်အပြင် အိမ်နားတောင် ကပ်ခွင့်ပေးတော့မှာမဟုတ်ဘူး။ ဟ-ဟ။

လင်ရှောင်းထင် : ဟ-ဟ။

ကုနင်း : ခနတော့စောင့်ဦး၊ အမေမအိပ်သေးဘူး၊ နဲနဲကြာမှလာခဲ့။

လင်ရှောင်းထင် : ကောင်းပြီ။

ကုနင်းနှင့်တွေ့ခွင့်ရသ၍ ဘယ်လောက်ပဲ နောက်ကျပါစေ သူ့အတွက် ကိစ္စမရှိပေ။

တိုက်အိမ်၏အပြင်ဘက်တွင်တော့ ချောင်ဝမ်ရှင်းတစ်ယောက် သူမ၏အနီရောင်Lamborghiniကားကို ဒေါသတကြီး အရှိန်အဟုန်ဖြင့် မောင်းလာဲ့သည်။ ကုနင်း၏အိမ် မီးလင်းနေသည်ကို သူမမြင်လိုက်ရချိန်တွင်တော့ အံ့အားသင့်သွားကာ သူမကိုယ်သူမတောင် မယုံကြည်နိုင်ဖြစ်သွားသည်။ ကုနင်း Bမြို့ကိုရောက်နေတာလား? ဘာလို့သူမကိုကျမပြောရတာလဲ?

ချောင်ဝမ်ရှင်း သူမကားကို ချက်ချင်းထိုးရပ်လိုက်ကာ ကုနင်း၏အိမ်ဘက်သို့ ဒေါသထွက်နေသည့် အမူအရာဖြင့်ပင် လျှောက်သွားလိုက်ပြီး ကုနင်းကို သူမအား ရောက်နေသည့်အကြောင်းမပြောသည့်အတွက် ပညာပြမည်ဟုတွေးရင်းဖြင့် အိမ်တံခါးခေါင်းလောင်းကို တီးလိုက်သည်။

“နင်းနင်း၊ ဘယ်သူလာတာလဲ?” အရမ်းလဲနောက်ကျနေပြီဖြစ်တာကြောင့် ကုမန့်မေးလိုက်ခြင်းဖြစ်သည်။

“ကြည့်ရတာ အန်တီထန်ရဲ့သမီး ချောင်ဝမ်ရှင်းထင်တယ်။ သူက သမီးတို့အိမ်ဘေးကတိုက်မှာပဲနေတာလေ။ ကြည့်ရတာ အိမ်မီးတွေလင်းနေလို့ သမီးရောက်နေတာ သိသွားပုံပဲ။”

ကုနင်း အခုလေးတင် ကားသံကိုလဲကြားထားကာ ဤနေရာတွင် နောက်ထပ်နေသူကလဲ ချောင်ဝမ်ရှင်းဖြစ်တာကြောင့် သေချာပေါက် ချောင်ဝမ်ရှင်းလာတာပဲဖြစ်ရမည်ဟု သိလိုက်ခြင်းဖြစ်သည်။

“အို!” ကုမန့်လဲ ကုနင်းနှင့်အတူ အောက်ထပ်သို့လိုက်ဆင်းသွားခဲ့သည်။ ထန်ယွင်ရုန်၏သမီးဆိုမှတော့ သူမသေချာပေါက် ဆင်းတွေ့မှဖြစ်ပေမည်။

တံခါးဖွင့်လိုက်သည်နှင့် ချောင်ဝမ်ရှင်း၏ ဒေါသတကြီးအော်သံက ဦးအောင်ထွက်လာတော့သည်။

“ကုနင်း! နင်Bမြို့ကိုရောက်နေတာတောင် ဘာလို့ငါ့ကိုမပြောတာလဲ? ဒီညငါသာ အိမ်ပြန်မလာရင် သိရမှာတောင်မဟုတ်….” ချောင်ဝမ်ရှင်းစကားဆုံးအောင် မပြောရသေးခင်တွင်ပဲ ဧည့်ခန်းထဲတွင် ကုမန့်ရှိနေသည်ကို သတိထားမိသွားတာကြောင့် ရှက်ကိုးရှက်ကန်းနှင့် ချက်ချင်း စကားစကိုရပ်လိုက်တော့သည်။

“သူက?” ချောင်ဝမ်ရှင်းမေးလိုက်သည်။

“ငါ့အမေလေ။”

“တကယ်လား? နင့်အမေက အရမ်းနုတာပဲ။” ကုမန့်သည် အသက်၃၀လောက်ဟုသာ ထင်ရကာ နုပျိုနေတာကြောင့် ချောင်ဝမ်ရှင်းအလွန်အံ့အားသင့်သွားခြင်းဖြစ်သည်။

အမျိုးသမီးများသည် သူတို့ကိုချီးမွမ်းပြောဆိုခြင်းအား သဘောကျသူများဖြစ်တာကြောင့် ချောင်ဝမ်ရှင်း၏စကားကို ကြားလိုက်ရချိန်တွင် ကုမန့်လဲ သဘောကျသွားသည်။

“ဟို၊ တွေ့ရတာဝမ်းသာပါတယ်။” ချောင်ဝမ်ရှင်း ချက်ချင်းပင် ကုမန့်ကို ယဉ်ကျေးလှသည့် အသံနေအသံထားဖြင့် နှုတ်ဆက်လိုက်သည်။ ချောင်ဝမ်ရှင်း၏အပြောင်း အလဲ မြန်ဆန်ပုံကြောင့် ကုနင်းရော ကုမန့်ပါ ရယ်ချင်မိသွားကြသည်။

“တွေ့ရတာဝမ်းသာပါတယ်ကွယ်။” ကုမန့်လဲ ပြန်နှုတ်ဆက်လိုက်ကာ ချောင်ဝမ်ရှင်းကို အိမ်ထဲဖိတ်ခေါ်လိုက်သည်။

“ဝင်ခဲ့ပါဦး။”

ချောင်ဝမ်ရှင်း အိမ်ထဲဝင်လိုက်ပြီးသည်နှင့် ကုမန့်ကို အလျင်စလိုမေးမြန်းလိုက်သည်။

“အန်တီ၊ အသားအရေကို ဘယ်လိုမျိုးထိန်းသိမ်းလဲ သမီးကိုပြောပြလို့ရမလား?”

ချောင်ဝမ်ရှင်းသည် ပုံမှန်ဆိုလျှင် ကောင်လေးတစ်ယောက်လိုသာ ပြုမူနေထိုင်သော်လည်း အလှအပကို ချစ်မြတ်နိုးသည့် မိန်းမငယ်လေးတစ်ယောက် ဆိုသည့် အချက်ကတော့ ပြောင်းလဲပစ်၍မရပေ။

ကုမန့်သည် အသက်၄၀ပြည့်လုနီးနီးရှိပြီဖြစ်ပေမည့် သူမပုံစံက အသက်၃၀အရွယ်လောက်ဟုသာ ထင်ရလေသည်။ ချောင်ဝမ်ရှင်းလဲ ကုမန့်ကဲ့သို့ မူရင်းအသက်ထက် အလွန်နုပျိုမှုမျိုးကို လိုချင်လေသည်။

“အမ်၊ အန်တီလဲသိပ်မသိဘူး။ နင်နင်းကပဲ အမြဲတမ်း လုပ်ပေးတာဆိုတော့လေ။” ကုနင်းက သူမနှင့်ကုချင်အတွက် အမြဲလိုလို အာဟာရရှိသည့်စားသောက်စရာများပေးသည်ဆိုတာလောက်သာ ကုမန့်သိထားလေသည်။

“ကုနင်း၊ နင်ငါ့ကိုဒီအကြောင်း ဘာလို့မပြောတာလဲ! ငါတို့က ညီအစ်မကောင်းတွေမဟုတ်ဘူးလား?” ချောင်ဝမ်ရှင်း ကုနင်းကို အပြစ်တင်လိုက်သည်။

“အာ၊ ဈေးကွက်ထဲ မကြာခင်ဖြန့်ချီတော့မယ့် အသားအရေထိန်းသိမ်းတဲ့အလှကုန်တွေ နင့်ကိုပို့ပေးဖို့ စဉ်းစားထားပြီးသားပါ။ နင်ပဲပထမဆုံးအသုံးပြုရတဲ့သူဖြစ်မှာ။”

ထိုတော့မှ ချောင်ဝမ်ရှင်းရယ်လိုက်ကာ၊

“ကောင်းတာပေါ့! ငါကစလိုက်တာပါ။ နင်စိတ်မဆိုးနဲ့နော်။”

ကုနင်းလဲ ချောင်ဝမ်ရှင်းကို မနိုင်သည့်ပုံစံဖြင့် ရယ်သာရယ်လိုက်မိတော့သည်။

“ဒါဆို၊ အမေ သမီးတို့အတွက် ရေသွားခပ်ပေးမယ်နော်။” ကုမန့်ပြောရင်းဖြင့် မီးဖိုခန်းထဲဝင်မည်အပြုတွင် ကုနင်းကတားလိုက်ကာ၊

“အမေ၊ အလုပ်ရှုပ်မခံပါနဲ့။ သူက အိမ်ဘေးမှာတင်နေတာ။ သူရေဆာရင်လဲ အိမ်ပြန်ရောက်တော့မှ သောက်လိမ့်မယ်။”

“နင်းနင်း၊ အဲ့လိုမရိုင်းရဘူးလေ။” ကုမန့် အနည်းငယ်သဘောမကျဖြစ်သွားသည်။

“ရတယ်၊ အန်တီ အလုပ်ရှုပ်မခံပါနဲ့။ သမီးလဲ အစောကတင် ရေအများကြီးသောက်ထားလို့ အခုမဆာသေးဘူး။” ချောင်ဝမ်ရှင်းကပါ ဝင်ပြောလိုက်သည်။

ထိုတော့မှ ကုမန့်လဲ အတင်းအကြပ်ပြောမနေတော့ဘဲ ကောင်မလေးနှစ်ယောက် စကားပြောတာကို မနှောက်ယှက်ချင်တာကြောင့် အပေါ်ထပ်သို့သွားကာ သူမအတွက် ပေးထားသည့် အဝတ်အစားများကို ထုတ်ဆီနေတော့သည်။

ကုမန့်ထွက်သွားသည်နှင့် ချောင်ဝမ်ရှင်းတစ်ယောက် ကုနင်းကို မေးဖို့ရန် အခွင့်ရေးရသွားတော့သည်။

“နင်ဘယ်တုန်းကရောက်နေတာလဲ? ဘာလို့ငါ့ကိုမပြောတာလဲ?”

“ဒီနေ့ပဲ၊ ဒါပေမယ့် တစ်နေ့လဲ အလုပ်ရှုပ်နေလို့၊ ပြီးတော့ အခုမှပဲအိမ်ပြန်ရောက်တာဆိုတော့ နင့်ကိုမပြောလိုက်ရသေးတာ။” ချောင်ဝမ်ရှင်းက သူမနှင့် ထန်မိသားစုကြားမှဆက်နွယ်မှုကို မသိထားလောက်သေးမှန်း ကုနင်းသိတာကြောင့် သာမာန်ကာလျှံကာမျှသာ ပြန်ဖြေလိုက်သည်။

“ထားပါတော့။” ကုနင်း အမြဲတမ်းအလုပ်ရှုပ်နေတတ်သည်ကို ချောင်ဝမ်ရှင်းသိထားပြီး ဖြစ်တာကြောင့် သူမ၏ရှင်းပြချက်ကို အလွယ်တကူ လက်ခံလိုက်သည်။

“ဒါဆို Fမြို့ကို ဘယ်တော့လောက်ပြန်မှာလဲ?”

“မသိသေးဘူး။” ထိုတော့မှ ကုနင်းလဲ သူမအခုထိ အတန်းပိုင်ဆရာမကို ခွင့်ထပ်ပေးရန် မပြောရသေးသည်အား သတိရသွားတော့သည်။

“ဘာလဲ? နင်ကျောင်းတက်ဖို့မလိုဘူးလား?” ချောင်ဝမ်ရှင်း အံ့ဩသွားရသည်။ ကုနင်းက စီးပွားရေးသမားတစ်ယောက်ဆိုသော်လည်း ကျောင်းသူသာဖြစ်သေးကြောင်းကို သူမသိထားပြီးဖြစ်သည်။ ထို့အပြင် ပိုဆိုးသည်က ကုနင်းသည် နောက်လအနည်းငယ်မှာပင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ဖြေဆိုတော့မည့် ကျောင်းသူတစ်ယောက်လဲ ဖြစ်နေသေးသည်။

“ငါဒီမှာအရေးကြီးကိစ္စလုပ်ရဦးမှာဆိုတော့ မတက်နိုင်သေးဘူး။ နောက်နေ့မှ ကျောင်းအုပ်နဲ့ဆက်သွယ်ပြီး တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမတိုင်ခင်အထိ ကျောင်းပျက်လို့ရနိုင်မလားဆိုတာ ဆွေးနွေးကြည့်မှထင်တယ်။”

All Chapters