← Chapters

အခန်း (၅၇၁-၅၇၅)

Vol. 39 Ch. 571-575

အခန်း (၅၇၁-၅၇၅)

Vol. 39 Ch. 571-575

အခန်း ၅၇၁

ကုမန့်ကိုသွားခေါ်ခြင်း

ကုမန့်ကို ရှာတွေ့ပြီဆိုသည့်သတင်းကြားကာမှ ထန်ယွင်ဖန်းလဲ စိတ်အေးသွားပြီး ကုနင်းကိုတော့ အသေးစိတ်အကြောင်းအရာများ ဆက်မမေးခဲ့ပေ။

ထို့နောက် ထန်ယွင်ဖန်း သူ့ကားကို ထိုနေရာတွင်ပင်ထားခဲ့ကာ လင်ရှောင်းထင်၏ ကားထဲသို့ပင် လိုက်ဝင်လိုက်ပြီးနောက် ချွမ်မင်ခိုင်ကို ဆက်သွယ်လိုက်သည်။

ချွမ်မင်ခိုင်တစ်ယောက် သူ့ကိုဖုန်းခေါ်ဆိုသူမှာ ထန်ယွင်ဖန်းဖြစ်နေသောကြောင့် အလွန်ထိတ်လန့်လို့သွားခဲ့သည်။ ထန်ယွင်ဖန်းက သူ့ကို ကားပြန်ယူခဲ့ပေးဖို့သာပြောပြီး ချွမ်မင်ခိုင် ဘာမှပြန်မပြောနိုင်သေးခင်တွင်ပင် ဖုန်းချသွားတော့သည်။ ထို့ကြောင့် ချွမ်မင်ခိုင်လဲ ဖုန်းပြန်ခေါ်မနေတော့ဘဲ ထန်ယွင်ဖန်း၏ကားကို သွားယူဖို့ရန်သာ အမြန်ထွက်လာခဲ့တော့သည်။

အချိန်အတော်ကြာသည့်နောက်တွင်မှ ကားထဲတွင် အခြားလူတစ်ယောက်ရှိနေသေးကြောင်း ထန်ယွင်ဖန်း သတိထားမိသွားတော့သည်။

“နင်းနင်း၊ သူကဘယ်သူလဲ?” ထန်ယွင်ဖန်းမေးလိုက်လေသည်။

“အာ၊ သူက သမီးသူငယ်ချင်း လင်ရှောင်းထင်ပါ။” လင်ရှောင်းထင်ကို ချစ်သူဖြစ်ကြောင်းတော့ ကုနင်း မိတ်မဆက်ပေးသေးပေ။

“တွေ့ရတာဝမ်းသာပါတယ်၊ လူကြီးမင်းထန်။” ထန်ယွင်ဖန်းမှာ အနာဂါတ်ယောက္ခထီးလောင်းကြီးဖြစ်သောကြောင့် လင်ရှောင်းထင် ယဉ်ယဉ်ကျေးကျေးပင် နှုတ်ဆက်လိုက်သည်။

“တွေ့ရတာဝမ်းသာပါတယ်၊ လူကြီးမင်းလင်။” ထန်ယွင်ဖန်းလဲ ပြန်နှုတ်ဆက်လိုက်ပေမည့် ကုနင်းနှင့်လင်ရှောင်းထင် ဘယ်လိုဘယ်ပုံဆက်ဆံရေးရှိနိုင်သည်ကိုတော့ ရှည်ရှည်ဝေးဝေးတွေးတောခြင်းမရှိပေ။

အချိန်တခနလောက်တိတ်ဆိတ်သွားပြီးနောက် ထန်ယွင်ဖန်း ရုတ်တရက်ဆိုသလို စကားတစ်ခွန်းကို ပြောလိုက်သည်။

“နင်းနင်း၊ ငါအကုန်လုံးကို မှတ်မိသွားပြီ။”

ကုနင်း ရုတ်တရက်စကားပြန်မပြောနိုင်ဖြစ်သွားခဲ့သည်။ နောက်ဆုံးတော့ ထန်ယွင်ဖန်း ကုမန့်အကြောင်းကို ပြန်မှတ်မိသွားခဲ့ပြီပေါ့၊ ကုနင်း ဝမ်းသာလွန်း၍ ငိုပင်ငိုချင်လာမိသည်။

“ကောင်းလိုက်တာ၊ အရမ်းကောင်းတယ်။”

“နင်းနင်း၊ တောင်းပန်ပါတယ်။” ထန်ယွင်ဖန်း တောင်းပန်စကားဆိုလိုက်သည်။ အရင်တစ်ခါတုန်းကလဲ သူ ကုနင်းကို တောင်းပန်ခဲ့ဖူးပြီးဖြစ်ပေမည့် ထိုအချိန်တုန်းက ထန်ယွင်ဖန်းအနေဖြင့် တောင်းပန်ခဲ့ခြင်းဖြစ်ကာ ဤတစ်ခေါက်သည်တော့ ကုနင်း၏အဖေအရင်းတစ်ယောက်အနေဖြင့် တောင်းပန်ခြင်းဖြစ်ပေသည်။

သူတို့ရောက်ရှိနေသည်မှာ မြို့ဆင်ခြေဖုံးရပ်ကွက်တွင်ဖြစ်ပြီး မြေကမ္ဘာကလပ်သည်က မြို့ထဲတွင်ဖြစ်ကာ မီးပွိုင့်များစွာလဲ ကြားတွင်ရှိနေသောကြောင့် မြေကမ္ဘာကလပ်သို့ရောက်ရန် နာရီဝက်ကျော်လောက် မောင်းရပေသည်။

“ကီရင်းဂိုဏ်း?” ထန်ယွင်ဖန်း မြေကမ္ဘာကလပ်၏ဝင်ပေါက်ကို ကြည့်ပြီးနောက် မျက်မှောင်ကြုတ်သွားတော့သည်။

“ကီရင်းဂိုဏ်းက ဂိုဏ်းသားတွေက အမေ့ကိုပြန်ပေးဆွဲခဲ့တာပေမယ့် ရာထူးမြင့်တဲ့လူတွေတော့မပါပါဘူး။ ဂိုဏ်းသားတွေကပဲ ငွေပေးခိုင်းလို့ လုပ်ကြတာ။ ကီရင်းဂိုဏ်းခေါင်းဆောင်နဲ့ သမီးက သူစိမ်းတွေလဲမဟုတ်တော့ သူက ကူညီပေးမယ်လို့ပြောထားပါတယ်၊ မစိုးရိမ်ပါနဲ့၊ အမေလုံခြုံမှာပါ။”

“ဘာ? သမီးကို ချီထျန်းလင်က ကူညီပေးတယ်ဟုတ်လား?” ထန်ယွင်ဖန်း အလွန်အံ့အားသင့်သွားရသည်။

ချီထျန်းလင်ဆိုသည်မှာ သူ၏မောက်မာဘဝင်မြင့်ပြီး ရိုင်းစိုင်းသွေးအေးသောကြောင့် ဂုဏ်သတင်းကျော်စောသူဖြစ်ကာ သူနှင့်ရင်းနှီးသည့်လူမှာ လက်ချိုးရေတွက်၍ပင်ရလေသည်။ ထန်ယွင်ဖန်းသည်တော့ ချီထျန်းလင်ကို ကြောက်သည်မဟုတ်ပေမည့် သပ်သပ်မဲ့ပြဿနာမဖြစ်ချင်သည့်လူမျိုးထဲတွင်တော့ ပါဝင်လေသည်။

လင်ရှောင်းထင်သည်လဲ ကုနင်း၏နှုတ်မှ ချီထျန်းလင်က သူမကိုကူညီပေးလိုသည်ဟု ကြားလိုက်ရချိန်တွင် နေမထိထိုင်မသာဖြစ်သွားပေမည့် ဘာမှတော့ ဝင်မပြောခဲ့ပေ။

“ရှောင်းထင်၊ ကျွန်မကို ဒီမှာပဲ စောင့်နေပေးပါနော်။” လင်ရှောင်းထင်နှင့် ချီထျန်းလင်မှာ ရှည်ကြာသည့်ပဍိပက္ခများရှိထားသောကြောင့် သူမ လင်ရှောင်းထင်ကို အထဲသို့ခေါ်မသွားလိုပေ။ လောလောဆယ်တွင် ကုမန့်ကိုခေါ်ကာ အိမ်အမြန်ပြန်နိုင်ဖို့ကိုသာ ကုနင်းမျှော်လင့်လေသည်။

“ကောင်းပြီလေ။” လင်ရှောင်းထင်လဲ အခုချိန်က သူချီထျန်းလင်နှင့်တွေ့ဖို့ရန် အချိန်ကောင်းမဟုတ်သေးမှန်း နားလည်သောကြောင့် သဘောတူလိုက်သည်။

ထို့နောက် ကုနင်းနှင့်ထန်ယွင်ဖန်းတို့နှစ်ဦးသား အပေါ်ထပ်သို့တက်သွားကာ နောက်ဆုံးတစ်ခေါက် ကုနင်းနှင့်ချီထျန်းလင်တို့ လောင်းကစားလုပ်ခဲ့ကြသည့် သီးသန့်ခန်းသို့ဝင်သွားလိုက်သည်။

လွန်ခဲ့သည့်၅မိနစ်ခန့်ထဲက ကုမန့်ကို သီးသန့်ခန်းထဲသို့ခေါ်ဆောင်လာပေးခဲ့ပြီးဖြစ်လေသည်။ သူမတွင် ပြင်ပဒဏ်ရာရရှိထားခြင်းမရှိသော်လည်း ပြန်ပေးဆွဲခံလိုက်ရခြင်းကြောင့် နက်ရှိုင်းသည့် စိတ်ဒဏ်ရာတော့ ရရှိသွားပြီဖြစ်သည်။ သူမအဖမ်းခံလိုက်ရချိန်တွင် ကူကယ်ရမဲ့သလိုခံစားလိုက်ရကာ တစ်ခုတည်းသောတွေးမိသည်ကာ သေသွားလိုက်ဖို့ပင်ဖြစ်သည်။ မမျှော်လင့်ထားဘဲ လွန့်ခဲ့သည့်နာရီဝက်ခန့်က သူမကိုဆွဲခေါ်လာကြသည့် ရိုင်းစိုင်းသည့်လူတစ်စုက ရုတ်တရက်ကြီး သူမကို ယဉ်ယဉ်ကျေးကျေးတောင်းပန်လာကြကာ ခွင့်လွှတ်ပေးဖို့ရန်ပင် တောင်းခံလာကြသည်။

အစပိုင်းတွင်တော့ ရုတ်တရက်တောင်းပန်လာမှုကြောင့် နားမလည်နိုင်ဖြစ်သွားရသလို စိုးရိမ်နေမိစဲပင်။

ခနအကြာတွင်တော့ သိပ်ပြီး နှစ်သက်စရာမကောင်းသည့် လူငယ်တစ်ဦးမှ သူက ကုနင်း၏သူငယ်ချင်းဟုပြောလာက သူမကိုရှာပေးရန် ကုနင်းက ဖုန်းဆက်ပြောလာခြင်းဖြစ်ကြောင်း ပြောပြခဲ့သည်။

ထိုအခါ ကုမန့်အတော်အတန်စိတ်အေးသွားပေမည့် ထိုသို့အကြောင်းပြကာ ကုနင်းကို ဖမ်းချင်နေကြခြင်းဖြစ်မည်ကိုလဲ စိုးရိမ်နေမိသေးသည်။ သို့ပေမည့် ကုနင်းကို ဖုန်းဆက်ပေးဖို့ရန်ကိုတော့ သူမမတောင်းဆိုရဲခဲ့ပေ။

ချီထျန်းလင်သည်လဲ ကုမန့်၏စိုးရိမ်ပူပန်မှုများကို မရိပ်မိခဲ့ပေ။ သူ့အတွေးထဲတွင်တော့ ကုမန့်ကိုရှာပေးကာ လုံခြုံဘေးကင်းသည့်နေရာတွင် ထားပေးပြီးလျှင် သူ့အလုပ်ပြီးပြီဟုသာ ထင်ခဲ့သည်။

ကုနင်းနှင့်ထန်ယွင်ဖန်းတို့နှစ်ယောက် အတူတကွ အခန်းထဲဝင်လာချိန်တွင်တော့ ကုမန့် အလွန်ထိတ်လန့်အံ့ဩသွားကာ ကြောင်ကြည့်နေမိသည်။

တစ်ဖက်မှ ထန်ယွင်ဖန်းသည်တော့ ကုမန့်ကို ချစ်ခင်မြတ်နိုးသည့်အကြည့်များ အပြစ်ရှိစိတ်များနှင့်ပြန်ကြည့်လို့နေခဲ့သည်။ သူ့ကြောင့်နှင့် ကုမန့်ဘဝအလွန်ခက်ခဲပင်ပန်းခဲ့မည်ကို သူသိလေသည်။

Bမြို့၏အထင်ကရပုဂ္ဂိုလ်ဖြစ်သည့် ထန်ယွင်ဖန်းပါ ရောက်လာခြင်းကြောင့် ချီထျန်းလင်အံ့ဩသွားရသည်။ ထို့အပြင် ယခုလို ကုနင်းနှင့်ထန်ယွင်ဖန်းတို့ အတူ ယှဉ်တွဲမရပ်နေခင်အထိလဲ သူတို့နှစ်ဦး၏ရုပ်ရည်မှာ အလွန်ဆင်တူကြောင်း သူမရိပ်မိခဲ့ပေ။ သူတို့နှစ်ယောက်ကဘာတော်ကြတာလဲ?

ချီထျန်းလင် အခြားလူများ၏အတွင်းရေးကို စပ်စုရသည်အား သဘောမကျသော်လည်း ကုနင်း၏နောက်ခံကို သူစုံစမ်းထားပြီးဖြစ်ကာ သူမကို တစ်ကိုယ်တော်အမေတစ်ဦးတည်းမှ မွေးခဲ့ခြင်းဖြစ်ကြောင်းလဲ သိထားပြီးဖြစ်သောကြောင့် ယခုလိုအခြေအနေတွင် သိချင်စိတ်ဖြစ်လာခဲ့သည်။

ထန်ယွင်ဖန်းက ကုနင်းရဲ့ အဖေရင်းများဖြစ်နေတာလား? ထန်ယွင်ဖန်းကလဲ ကုမန့်ကြောင့် ဒီကိုရောက်လာတာလား? ချီထျန်းလင်တွေးရင်းတွေးရင်းဖြင့် ပို၍စိတ်ဝင်စားစရာကောင်းသည်ဟု ထင်လာခဲ့သည်။

“ဥက္ကဌထန် ကြိုဆိုပါတယ်။” ချီထျန်းလင် နှုတ်ဆက်လိုက်သည်။

“တွေ့ရတာဝမ်းသာပါတယ်။”

“သူတို့ ငါ့ကိုအကုန်ပြောပြီးသွားပြီ။ မင်းနဲ့မင်းအမေကို ပြန်ပေးဆွဲဖို့ ငွေပေးခိုင်းတဲ့လူက ကျန်းရုန်ကျွင်းလို့ခေါ်တဲ့ ယောက်ျားတစ်ယောက်ပဲ၊ ဒါပေမယ့် မင်းကBမြို့မှာရှိမနေခဲ့လို့ မင်းအမေကိုပဲ ခေါ်သွားကြတာ။” ချီထျန်းလင် ကုနင်းကို ရှင်းပြလိုက်သည်။

ကျန်းရုန်ကျွင်း ?

ထိုနာမည်ကို ထန်ယွင်ဖန်းရော ကုနင်းပါမကြားဖူးကြသလို ထိုလူသည်လဲ ကြားလူဖြစ်လောက်ကာ ကုမန့်ကိုပြန်ပေးဆွဲဖို့ တကယ်ခိုင်းစေသူက သပ်သပ်ရှိကြောင်း ခန့်မှန်းမိသွားခဲ့သည်။

“မင်းအမေကို ပြန်ပေးဆွဲသွားတဲ့လေးယောက်ကိုတော့ မင်းမမေ့နိုင်လောက်စရာ သင်ခန်းစာမျိုးပေးလောက်ပြီးပြီဖြစ်မှာပေါ့၊ ဒီလူတွေကိုလဲ မင်းသဘောအတိုင်းသာလုပ်။” ကုနင်းနှင့် ကောင်းမွန်သည့် ဆက်ဆံရေးမျိုးရှိဖို့ရန် ချီထျန်းလင် မျှော်လင့်ထားသောကြောင့် သူ့လူများကိုကာကွယ်ပေးဖို့ရန် ရည်ရွယ်ချက်မရှိပေ။

သို့ပေမည့် ထိုလူမိုက်များကတော့ ချက်ချင်းပင် ကြမ်းပြင်ထက် ဒူးထောက်ချလိုက်ကြကာ ချီထျန်းလင်ကို တောင်းပန်တော့သည်။”တောင်းပန်ပါတယ်၊ ကျွန်တော်တို့ နောက်ဒါမျိုး ထပ်မလုပ်တော့ပါဘူး။”

ချီထျန်းလင်သည်တော့ ထိုလူများကို လျစ်လျူရှုထားလေသည်။

ထန်ယွင်ဖန်းနှင့်ကုနင်းသည်လဲ ထိုလူများကို သေချာပေါက် ပညာပြန်ပေးဖို့ရန် စိတ်ဆုံးဖြတ်ထားပြီးကြပြီးဖြစ်သည်။

“အမေနဲ့ အရင်ပြန်နှင့်လိုက်ပါ။ ပြီးတော့မှ လာတွေ့ပါ့မယ်။” ကုမန့်ကို ကြမ်းတမ်းသည့်မြင်ကွင်းမျိုးမမြင်စေလိုသောကြောင့် ကုနင်း ထန်ယွင်ဖန်းကို အရင်ပြန်ခေါ်သွားစေလိုက်သည်။

***

အခန်း ၅၇၂

ကုမန့်သတိလစ်သွားခြင်း

“ကောင်းပြီလေ၊” ထန်ယွင်ဖန်းကလဲ ကုမန့်ကို ထပ်မံပြီးမထိတ်လန့်စေချင်သောကြောင့် သဘောတူလိုက်သည်။

ကုနင်း၏ကူညီဖေးမပေးခြင်းနှင့်အတူ ကုမန့်ပြန်ထွက်လာချိန်တွင် ထိတ်လန့်လို့နေမိစဲဖြစ်သည်။ အကြောင်းမှာ ထန်ယွင်ဖန်း သတိပြန်ရနေခြင်းကြောင့်မဟုတ်ဘဲ ထန်ယွင်ဖန်း၏မျက်လုံးထဲတွင် လွန်ခဲ့သည်၁၈နှစ်ကနှင့်တူသော ရင်းနှီးသည့်အငွေ့အသက်များကို သူမခံစားမိနေခြင်းကြောင့်ပင်။ သူမှတ်ဉာဏ်တွေပြန်ရသွားတာများလား? ကုမန့် စိတ်လှုပ်ရှားသွားပေမည့် ရုတ်တရက်ဆိုသလိုပင် သတိလစ်သွားတော့သည်။

“အမေ!” ကုနင်းချက်ချင်းပင် ကုမန့်လဲမကျသွားအောင် ထိန်းလိုက်ကာ တဆက်တည်း မှော်စွမ်းအားများကိုလဲ ကုမန့်၏ခန္ဓာကိုယ်အတွင်းသို့ ဖြည့်သွင်းပေးလိုက်သည်။

“မန့်!” ထန်ယွင်ဖန်းလဲ ချက်ချင်းပင် ကုမန့်အနားသို့ပြေးလာက လှမ်းပွေ့ထားလိုက်သည်။ သူလဲ အလွန်စိုးရိမ်ကာ အလွန်ထိတ်လန့်သွားခဲ့လေသည်။

“လောင်ကော! တစ်ချက်လောက်ကြည့်ပေးလိုက်ပါဦး။” အသက် ၅၀ကျော်ဝန်းကျင်ရှိသည့် ယောက်ျားတစ်ယောက်ကို ချီထျန်းလင် ပြောလိုက်ပြီးနောက် ကုနင်းဘက်သို့ပြန်လှည့်ကာ၊

“လောင်ကောက ဆရာဝန်ပဲ။ မင်းအမေကို ကြည့်ခိုင်းလိုက်ပါလား။”

“ကျေးဇူးပါ။” ကုနင်း သူမ၏မှော်စွမ်းအားများ ထည့်ပေးနေတာတောင်မှ ကုမန့်နိုးမလာသေးသောကြောင့် လောင်ကောကို ကြည့်ခိုင်းလိုက်ခြင်းက မကောင်းသည့်အကြံမဟုတ်ပေ။

လောင်ကောလဲ သူတို့နားသို့လျှောက်လာကာ ကုမန့်၏မျက်လုံးနှင့်နှလုံးခုန်သံကို စစ်ဆေးလိုက်သည်။

“မင်းအမေက ထိတ်လန့်မှုကြီးကြုံလိုက်ရလို့ နှလုံးခုန်နှုန်းမတည်မငြိမ်ဖြစ်ပြီး သတိလစ်သွားရုံပါ။ ဒါပေမယ့် မြန်မြန်ဆန်ဆန်ပဲ နှလုံးခုန်နှုန်း ပြန်တည်ငြိမ်သွားတာတော့ အံ့ဩစရာပဲ မဟုတ်ရင် ကိုမာတောင်ဝင်သွားနိုင်တယ်။ ပြန်နိုးလာတာနဲ့ အဆင်ပြေသွားမှာပါ။” လောင်ကောပြောလိုက်သည်။

ကုနင်းမှော်စွမ်းအားကို မြန်မြန်ဆန်ဆန်သွင်းပေးလိုက်သောကြောင့် ယခုလို လျင်လျင်မြန်မြန် အခြေအနေကောင်းသွားခြင်းဖြစ်သည်။

ထိုစကားကိုကြားကာမှ ကုနင်းနှင့်ထန်ယွင်ဖန်းတို့ စိတ်သက်သာရာရသွားကြတော့သည်။

ထို့နောက် ထန်ယွင်ဖန်းကပဲ ကုမန့်ကို ပွေ့ချီလာကာ အပြင်သို့ထွက်လာခဲ့ပြီး ကုနင်းသည်တော့ ကုမန့်ကိုပြန်ပေးဆွဲကာ ကြောက်ရွံ့ထိတ်လန့်စေခဲ့သည့် လူမိုက်များကို စိုက်ကြည့်လိုက်သောကြောင့် ထိုလူမိုက်များလဲ ချက်ချင်းပင် တောင်းပန်ခယကြတော့သည်။

“မိန်းကလေးကု၊ ကျေး-ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။ ကျွန်တော်တို့ နောက်တစ်ခါထပ်မလုပ်တော့ဘူးလို့ ကတိပေးပါတယ်။”

“နင်တို့ ကျန်းရုန်ကျွင်းအကြောင်း သိသလောက်ပြောပြစမ်း။” ကုနင်းအေးစက်စွာပြောလိုက်သည်။

ထိုအခါ လူမိုက်ခေါင်းဆောင်ကပဲ၊

“သူ့နာမည်က ကျန်းရုန်ကျွင်းဆိုတာပဲ ကျွန်တော်သိတယ်။ သူကအခုမှ အသက်၄၀ကျော်လောက်ပဲရှိသေးတာ။ ကျွန်တော်တို့ အကြိမ်ရေတော်တော်များများ တွေ့ဖူးပေမယ့် သူ့အကြောင်းတော့ သေချာမသိဘူး။”

ကီရင်းဂိုဏ်းသည် ချင်ဂိုဏ်းနှင့်ကွာခြားကာ ကီရင်းဂိုဏ်းသားများသည် သူတို့စိတ်တိုင်းကျ အလုပ်လက်ခံနိုင်ပေသည်။ သို့ပေမည့် ပြဿနာတစ်စုံတစ်ခုတက်လာလျှင်တော့ သူတို့ဘာသာပဲ တာဝန်ယူဖြေရှင်းကြရပေသည်။

“ပြန်ပေးဆွဲပြီးတော့ ဘာဆက်လုပ်ဖို့ပြောလဲ?”

“မိန်းကလေးကုတို့နှစ်ယောက်လုံးကို ပြန်ပေးဆွဲပြီးရင် သူ့ကိုဖုန်းဆက်ဖို့ပြောတယ်၊ နောက်မှ ကျန်တာဆက်ပြောမယ်တဲ့။”

ကုနင်း တွေးကြည့်လိုက်ပြီးနောက် ပြန်ပေးဆွဲပြီး ထိုလူဘာဆက်လုပ်ဖို့ စီစဉ်ထားလဲကို သူမသိချင်လာမိသည်။

“ကောင်းပြီလေ၊ သူပြောထားတဲ့အတိုင်းပဲ လုပ်လိုက်၊ အခုပဲ သူ့ကိုဖုန်းဆက်လိုက်တော့။” ကုနင်း လူမိုက်ခေါင်းဆောင်ကို ပြောလိုက်သည်။

“ကျန်တာကတော့ နင်တို့ ငါ့ကိုအနိုင်ယူနိုင်ရင် လွတ်မယ်။”

ကုနင်း သူမလုပ်နေကျပုံစံအတိုင်းသာ ပြောလိုက်သည်။ သူတို့သာ သူမကို အနိုင်ယူတိုက်ခိုက်နိုင်လျှင် သူတို့ကို သူမလွှတ်ပေးလိုက်ပေမည်။

“ကျွန်-ကျွန်တော်တို့ မတိုက်နိုင်ပါဘူး။” လူမိုက်များမှာ ငိုမိလုမတတ်ပင်။ ကုနင်းက မိန်းမငယ်လေးတစ်ဦးဆိုသည်ကိုအသာထား၊ သူမသည်ချီထျန်းလင်နှင့် ရင်းနှီးသူဖြစ်သောကြောင့် သူမကိုထိခိုက်အောင် မလုပ်ရဲပေ။

“သူပြောတဲ့အတိုင်းလုပ်ပေးလိုက်။” ချီထျန်းလင် ဆိုဖာပေါ်တွင် ပျင်းတိပျင်းယွဲ့ထိုင်ကာ ပြဇာတ်တစ်ပုဒ်ကိုစောင့်ကြည့်နေသည့်ဟန်ဖြင့် ပြောလိုက်သည်။ ကုနင်းကို ထိုလူများဘယ်လိုမှ အနိုင်မယူနိုင်ကြောင်းကို သူသိလေသည်။

ချီထျန်းလင်ကိုယ်တိုင်ခွင့်ပြုလာပြီဖြစ်သောကြောင့် လူမိုက်များလဲ ကုနင်းကို စတင်တိုက်ခိုက်တော့သည်။ သို့ပေမည့် သူတို့ဘယ်သူကမှ ကုနင်းကို ထိတောင်မထိနိုင်သေးခင်တွင်ပဲ ကုနင်းက သူတို့အားလုံးကို မိနစ်ပိုင်းအတွင်းမှာပင် ရက်ရက်စက်စက် ရိုက်နှက်ထိုးကြိတ်တော့သည်။

ချီထျန်းလင်တစ်ယောက်သာ ထိုမြင်ကွင်းကို စိတ်အေးလက်အေးကြည့်နေနိုင်ပြီး ကျန်လူတိုင်းကတော့ အလွန်ထိတ်လန့်အံ့ဩနေကြလေသည်။

ကုနင်းမှာ သူတို့နှင့် အကြာကြီးအချိန်ဖြုန်းမနေနိုင်သောကြောင့် အပြစ်ပေးမှုကို မြန်မြန်ဆန်ဆန်ပင် အဆုံးသတ်လိုက်သည်။

“ချီ၊ ကျွန်မမှာလုပ်စရာတွေရှိသေးတာဆိုတော့ သွားတော့မယ်၊ ဒါပေမယ့် ဒီလူတွေကိုလဲ ကျွန်မခေါ်သွားမယ်နော်။” ကုနင်း ချီထျန်းလင်ကို ပြောလိုက်သည်။

“ဘိုင့်၊ မိန်းကလေးကု၊ ငါတို့နောက်တစ်ကြိမ်တွေ့ရင်တော့ လောင်းကစားတစ်ပွဲလောက် ကစားကြတာပေါ့။”

ပုံမှန်ဆိုလျှင် ကုနင်းကို ယခုလိုလွှတ်ပေးလိုက်မည်မဟုတ်ပေမည့် ယနေ့တော့ ကုနင်းအမှန်တကယ်အလုပ်များနေသောကြောင့် ချီထျန်းလင် သဘောတူလိုက်ခြင်းဖြစ်သည်။ အရင်တစ်ခေါက်တုန်းက သူရှုံးခဲ့သော်လည်း တစ်ပွဲလောက်တော့ ပြန်အနိုင်ယူချင်နေစဲပင်။

“ရှင့်မှာ လျော်ဖို့ငွေလုံလုံလောက်လောက်ရှိနေသ၍ ဘာလို့မကစားနိုင်ရမှာလဲ!” ကုနင်း စိတ်ကြီးဝင်နေသည့်အသံဖြင့်ပြောလိုက်သည်။

“ငါ့မှာရှိတာဆိုလို့ အားလုံးကငွေတွေချည်းပဲ။” ချီထျန်းလင်သည်လဲ ကုနင်းနှင့်ထူးမခြားနားပင်ဖြစ်သည်။ သို့ပေမည့် သူပြောလိုက်ပြီးကာမှ တစ်ခုခုတော့မှားနေပြီမှန်း ခံစားလိုက်ရပေသည်။ ကုနင်းက သူခွက်ခွက်လန်အောင်ရှုံးလိမ့်မည်ဟု တမင်ရည်ရွယ်ကာပြောလိုက်ခြင်းပင်။

“ကောင်းတာပေါ့၊ နောက်တစ်ခေါက်လောက် ရှင့်ငွေတွေကိုယူဖို့ ပြလာခဲ့ပါဦးမယ်။” ကုနင်းပြုံးလိုက်သည်။

ချီထျန်းလင်လဲ မနည်းအားတင်းကာပြုံးလိုက်ရတော့သည်။

ကုနင်းပြန်ထွက်သွားသည်နှင့် လူမိုက်ခေါင်းဆောင်လဲ အတူလိုက်ပါသွားခဲ့ကာ သူ၏ပူးပေါင်းလုပ်ဆောင်ပေးမှုပြီးသည်နှင့် ကုနင်း သူ့ကိုခွင့်လွှတ်ပေးရန်ကို မျှော်လင့်လို့နေသည်။

ကုနင်းထွက်သွားသည်နှင့် လောင်ကောက ချက်ချင်းပင် ချီထျန်းလင်ကိုမေးလိုက်သည်။

“မင်းကို ဆေးလုံးတွေရောင်းပေးလိုက်တာ အဲ့ဒီကောင်မလေးလား?” သူမေးသာမေးလိုက်သော်လည်း အဖြေကိုတော့ သိထားနှင့်ပြီးဖြစ်သည်။ တကယ်တော့ ကုနင်း၏ဆေးလုံးများမှာ အမှန်တကယ်အစွမ်းထက်လှသောကြောင့် သူမကို လောင်ကော လေးစားမိနေပေမည့် ဆေး၏ဖော်စပ်နည်းကိုရဖို့ရန်တော့ အချိန်ကြာမြင့်စွာ ကြိုးစားဖော်ထုတ်နေရစဲပင်။

“ဟုတ်တယ်၊” ချီထျန်းလင် ပြန်ဖြေလိုက်သည်။

ချီထျန်းလင် အတည်ပြုပေးလိုက်ပြီးနောက် ကုနင်းသည် သာမာန်မိန်းကလေးတစ်ယောက်မဟုတ်လောက်ဟု လောင်ကောတွေးလိုက်မိသည်။ သူမတွင် မှော်ဆေးလုံးများရှိနေသလို ဆရာအဆင့်သိုင်းပညာရှင်တစ်ဦးလဲဖြစ်သည်။ ထို့အပြင် ထန်မိသားစုနှင့်နှင့် ရင်းနှီးမှုရှိသေးသည်။ သူမမျိုးရိုးနာမည်က ကုဖြစ်ကာ ထန်ယွင်ဖန်းမှာ ထန်ဖြစ်သော်လည်း သူတို့နှစ်ယောက်၏ ရုပ်ကိုယှဉ်ကြည့်ရုံဖြင့် တစ်ခုခုပတ်သတ်ဆက်နွယ်မှုရှိကြောင်း လောင်ကောခန့်မှန်းမိလေသည်။

ကုမန့်ကို သတိလစ်လျက်သားဖြင့် ထန်ယွင်ဖန်းပွေ့လာသည်ကို လင်ရှောင်းထင် မြင်လိုက်ချိန်တွင် ကီရင်းဂိုဏ်းက ကုမန့်ကို ထိခိုက်အောင်လုပ်လိုက်ခြင်းဖြစ်မည်ဟု ထင်ကာ စိတ်တိုသွားတော့သည်။ ထို့နောက် ချက်ချင်းပင် ထန်ယွင်ဖန်းအတွက် ကားတံခါးကို အလျင်အမြန်ဖွင့်ပေးလိုက်သည်။

“လူကြီးမင်းထန်၊ ဘာတွေဖြစ်ကုန်တာလဲ?”

“ကံကောင်းလို့ မန့်ဘာမှမဖြစ်သွားပါဘူး။ သူလန့်သွားလို့ သတိလစ်သွားရုံပါ၊ အိပ်လိုက်ပြီးရင် ကောင်းသွားလိမ့်မယ်။”

မကြာခင်တွင်ပဲ ကုနင်းလဲ ပြန်ထွက်လာခဲ့သည်။

“ရှောင်းထင်၊ သူတို့ကို ဟွားဖုတောင်ကုန်းကိုပြန်ပို့ပေးပါဦး၊ ကျွန်မလုပ်စရာလေးရှိသေးလို့။”

ကုနင်းနောက်တွင် လူမိုက်ခေါင်းဆောင်ကိုပါမြင်လိုက်ရသောကြောင့် ကုမန့်အတွက်သွားခြင်းဖြစ်မည်ဟု သူတို့သိလိုက်ကြသည်။

“ဒါအရမ်းအန္တရာယ်များတယ်။” ထန်ယွင်ဖန်း မျက်မှောင်ကြုတ်လိုက်မိသည်။ ကုနင်းသည် အားနည်းသည့်မိန်းကလေးမဟုတ်မှန်း သူသိသော်လည်း သူမတစ်ယောက်တည်းသွားသည်ကိုတော့ စိတ်မချနိုင်ပေ။

***

အခန်း ၅၇၃

ကျန်းရုန်ကျွင်းနှင့် ကျန်းရုန်ကျင်း

လင်ရှောင်းထင်လဲ ကုနင်းကိုစိုးရိမ်မိပေမည့် သူမကိုယုံကြည်လိုက်ဖို့ရန်သာ ဆုံးဖြတ်ခဲ့သည်။ ထို့အပြင် ကုနင်းသည် သူမသွားမည်ဟု စိတ်ဆုံးဖြတ်ချက်ချထားပြီးသားဖြစ်သောကြောင့် သူမဆုံးဖြတ်ချက်ကို မည်သူကမျှ ပြန်နိုင်တော့လိမ့်မည်မဟုတ်ပေ။

“စိတ်မပူကြပါနဲ့၊ သမီးအဆင်ပြေမှာပါ။”

“ကောင်းပြီလေ၊ သေချာတော့ သတိထားဦး။” ထန်ယွင်ဖန်းလဲ အတင်းအကြပ် မသွားခိုင်းဘဲမနေတော့ဘဲ သတိထားဖို့ရန်သာ ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ။”

လင်ရှောင်းထင်တို့ကားထွက်သွားချိန်တွင်တော့ ကုနင်းလဲ လူမိုက်ခေါင်းဆောင်၏ကားထဲသို့ဝင်လိုက်ကာ အားလုံးဘေးကင်းသည့်အကြောင်းပြောဖို့ရန် ထန်ဟိုင်ဖုန်းကို ဖုန်းဆက်လိုက်သည်။

ထန်မိသားစုဝင်များလဲ ထိုအခါမှပင် စိတ်အေးသက်သာသွားကြတော့သည်။

“ဟုတ်သားပဲ၊ သမီးရဲ့ဦးလေးထန် သတိပြန်ရနေပြီး သမီးအမေကို ရှာဖို့ထွက်သွားတယ်။” ထန်ဟိုင်ဖုန်း အစောက သူမပြောလိုက်ရသည့်ကိစ္စကို ပြောပြလိုက်သည်။

“သမီးတွေ့လိုက်ပါတယ်၊ အခုလေးတင် အတူတူရှိနေခဲ့သေးတာ။”

“တော်သေးတာပေါ့၊”

“သမီးအမေကို ဘယ်သူပြန်ပေးဆွဲတာလဲဆိုတာကို သိရပြီလား?”

“သမီးပြန်ရောက်တော့မှ အသေးစိတ်ပြောပြပါ့မယ်။”

“ဟုတ်ပါပြီ။”

မိနစ်၂၀ကျော်ကြာပြီးနောက်တွင်တော့ လူမိုက်ခေါင်းဆောင်က ကုနင်းကို ဂိုဒေါင်တစ်လုံးစီသို့ခေါ်ဆောင်သွားခဲ့ပြီး ကုနင်းညွှန်ကြားထားသည့်အတိုင်း ကျန်းရုန်ကျွင်းကို ဖုန်းဆက်ခေါ်လိုက်သည်။

…….

အိမ်တစ်အိတ်၏ဒုတိယထပ်မှ စာကြည့်ခန်းတွင် သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦး စာဖတ်နေလေသည်။ ထိုအချိန်တွင်ပဲ ထိုအမျိုးသား၏ဖုန်းကို တစ်စုံတစ်ဦး ခေါ်ဆိုလာခဲ့ကာ ခေါ်ဆိုသူနာမည်ကို ကြည့်ပြီးသွားသည်နှင့် အလျင်စလိုပြန်ဖြေလိုက်သည်။

“ဘယ်လိုဖြစ်သွားပြီလဲ?”

“ကျွန်တော်တို့ဖမ်းမိထားပါပြီ” လူမိုက်ခေါင်းဆောင် ဟုန်ဖန်ကဖြေလိုက်သည်။

“ကောင်းလိုက်တာ၊ ငါအခုပဲ ထွက်လာခဲ့မယ်။” လူမိုက်ခေါင်းဆောင်နှင့် ဖုန်းပြောပြီးနောက် ချက်ချင်းအိမ်မှထွက်မသွားသေးဘဲ နောက်ထပ်ဖုန်းတစ်လုံးကို ဆက်သွယ်လိုက်ကာ၊

“အခြေအနေဘယ်လိုလဲ?”

“အခုထိရှာနေတုန်းပါပဲ။”

“ဟုတ်ပြီ၊ နောက်မိနစ်၂၀နေရင် အရှေ့ဘက်ဂိုဒေါင်မှာ ငါ့ကိုလာတွေ့။” ထိုဖုန်းကိုပြောပြီးကာမှ စာကြည့်ခန်းထဲမှထွက်ကာ မြေအောက်ထပ်သို့အရင်ဆင်းလာခဲ့သည်။ မြေအောက်ထပ်ထဲတွင်တော့ ပစ္စည်းပုံများရှိနေကာ ထိုပစ္စည်းပုံများအလယ်တွင်တော့ ထိုင်ခုံနှင့်တွဲလျက်ချည်နှောင်ခံထားရသည့် ယောက်ျားတစ်ယောက်နှင့် ထိုယောက်ျား၏ဘေးတစ်ဖက်တစ်ချက်စီတွင် ရပ်နေသည့် အားကောင်းမောင်းသန် လူနှစ်ယောက်ရှိလို့နေသည်။

သက်လတ်ပိုင်းအရွယ်အမျိုးသားက ထိုင်ခုံတွင်ချည်နှောင်ခံထားရသည့်လူကို မကောင်းဆိုးဝါးဆန်သည့်အမူအရာဖြင့် ကြည့်လိုက်ရင်း၊

“ကျန်းရုန်ကျွင်း၊ ဒီနေ့တော့ မင်းလုပ်ခဲ့သမျှအရာရာတိုင်းအတွက် ပြန်ပေးဆပ်ရတော့မယ်။”

ထိုစကားပြောအရ သက်လတ်ပိုင်းအရွယ်အမျိုးသားမှာ ကျန်းရုန်ကျွင်းမဟုတ်ဘဲ ထိုင်ခုံတွင်အချည်ခံထားရသူကမှသာ ကျန်းရုန်ကျွင်းဖြစ်လို့နေလေသည်။

ကျန်းရုန်ကျွင်းက သက်လတ်ပိုင်းအရွယ်အမျိုးသားကို စိုက်ကြည့်ရုံသာစိုက်ကြည့်နေနိုင်ပြီး သူ့ပါးစပ်ကို ပိတ်ထားခြင်းခံရသောကြောင့် စကားပြန်မပြောနိုင်ခဲ့ပေ။

ကျန်းရုန်ကျွင်း ရုန်းကန်နေသည်ကို သက်လတ်ပိုင်းအရွယ်အမျိုးသားက လှောင်ပြောင်ရယ်မောလိုက်ပြီး၊

“မင်းကစကားပြောချင်နေတယ်ပေါ့? ဟုတ်ပါပြီလေ၊ မင်းက ငါ့လက်ထဲမှာသေရတော့မယ့် လူပဲကို နောက်ဆုံးအနေနဲ့စကားပြောခွင့်လေးပေးရမှာပေါ့။”

ကျန်းရုန်ကျွင်းနှင့် သက်လတ်ပိုင်းအရွယ်အမျိုးသားတို့၏ ရုပ်ရည်မှာ အတော်လေးဆင်တူပေသည်။

“ကျန်းရုန်ကျင်း၊ ငါက မင်းရဲ့ညီအရင်းပါ၊ ဘာလို့ငါ့အပေါ် ဒီလိုလုပ်ရတာလဲ?” ကျန်းရုန်ကျွင်း ပါးစပ်ဖွင့်ပေးခံလိုက်ရသည်နှင့် ဒေါသတကြီးအော်ဟစ်တော့သည်။

“အို၊ ငါ့ရဲ့ညီငယ်လေးပေါ့။” ကျန်းရု်နကျင်း မျက်နှာကို မဲ့လိုက်ကာ၊

“ငါတို့မိဘတွေက မင်းအတွက်ပဲ အားလုံးချန်ခဲ့ပေးတာလေ၊ ငါကသူတို့ရဲ့သားကြီးဖြစ်နေမှတော့ သူတို့ပိုင်ဆိုင်သမျှကို ငါပဲရသင့်တာ၊ မင်းရသင့်တာမဟုတ်ဘူး!”

သူတို့နှစ်ဦး၏ မိဘများသည် ကျန်းရုန်ကျင်း၏နှလုံးသားထဲတွင် နက်ရှိုင်းသည့်ဒဏ်ရာအမာရွတ်တစ်ခုကို ချန်ထားပေးခဲ့သောကြောင့် ကျန်းရုန်ကျင်းကလဲ သူနှင့်သက်ဆိုင်သမျှ အရာအလားလုံးကို ပြန်ရအောင်ယူရန် စိတ်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

“မင်း….” ကျန်းရုန်ကျွင်းအလွန်ဒေါသထွက်သွားကာ၊

“ငါတို့မိဘတွေက မင်းလောင်းကစားဆွဲပြီး ပိုင်ဆိုင်သမျှကို လောင်းကစားဝိုင်းမှာ ဆုံးရှုံးသွားမှာစိုးလို့ ဒီလိုလုပ်ခဲ့တာ။”

“သူတို့ပိုင်ဆိုင်သမျှက ငါ့အတွက်ပဲဖြစ်သင့်တာလေ။ ငါ့ဘာသာ ဘာလုပ်လုပ်ရတာပဲ။” ကျန်းရုန်ကျင်းလဲ ပြန်အော်လိုက်သည်။

“ငါတို့မိဘတွေရဲ့ပိုင်ဆိုင်မှုက ဘာလို့ မင်းအပိုင်ချည်းပဲဖြစ်ရမှာလဲ? သူတို့ပေးချင်တဲ့လူ ဘယ်သူ့ကိုမဆိုပေးခွင့်ရှိတယ်။”

“ငါက သူတို့ရဲ့သားကြီးလေ၊ သူတို့ပိုင်ဆိုင်မှုက ငါ့အတွက်ပဲဖြစ်သင့်တယ်။”

“သေချာပေါက် သားအကြီးဖြစ်တာနဲ့ အားလုံးရ,ရမယ်လို့ ဥပဒေမှာများ ပြဌာန်းထားနေလို့လား!” ကျန်းရုန်ကျွင်းနှင့် ကျန်းရှန်ကျင်း အပြန်အလှန်စကားစစ်ထိုးနေကြတော့သည်။

မိသားစုတစ်စု၏ပိုင်ဆိုင်မှုကို အကြီးဆုံးသားဖြစ်သူကသာ အမွေဆက်ခံသည်က ပုံမှန်သာဖြစ်သော်လည်း ဘယ်ဥပဒေမှာမှတော့ ဖော်ပြထားခြင်းမရှိပေ။ ထိုအစား မိဘများ၏ပိုင်ဆိုင်မှုကို ကလေးတိုင်းရပိုင်ခွင့်ရှိသည်ဟုသာ ဖော်ပြထားလေသည်။ ထို့အပြင် မိဘများကလဲ သူတို့ကိုယ်တိုင် ဘယ်ကလေးကို အမွေဆက်ခံခွင့်ပေးမည်ကိုလဲ ရွေးချယ်ပိုင်ခွင့်ရှိသေးလေသည်။

သို့ပေမည့် ကျန်းရုန်ကျင်းသည်တော့ နှစ်တိုင်းယွမ်၁သိန်းသာရရှိလေသည်။ သူတို့မိသားစု၏စီးပွားရေးလုပ်ငန်းမှာ အကျိုးအမြတ်များစွာရသည့် လုပ်ငန်းမျိုးမဟုတ်ဘဲ လယ်ရာလုပ်ငန်းတစ်ခုသာဖြစ်သည်။ သူတို့၏နှစ်စဉ်ဝင်ငွေမှာ အများဆုံးရမှ ယွမ်၄သိန်းဝန်းကျင်သာရှိလေသည်။

ကျန်းရုန်ကျင်းသည် နှစ်တိုင်း ဘာမှအားစိုက်ထုတ်စရာမလိုဘဲ ငွေဝင်နေပေမည့် ကျန်းရုန်ကျွင်းသည်တော့ မိသားစုလုပ်ငန်းကို အမြတ်ငွေရရှိအောင် အစဉ်အမြဲအားထုတ်ကြိုးစားနေရလေသည်။

“အဲ့ဒါတွေဂရုမစိုက်ဘူး။ သူတို့ပိုင်သမျှက ငါ့ဟာပဲ။” ကျန်းရုန်ကျင်းကတော့ တစ်ဖက်သတ် အော်ဟစ်နေလေသည်။

“မင်း….” ကျန်းရုန်ကျွင်း ပြောစရာစကားပျောက်ဆုံးသွားတော့သည်။

“တော်ပြီ၊ သူ့ကိုကားထဲထည့်လိုက်တော့။ ငါတို့အခုသွားရတော့မယ်။” ကျန်းရုန်ကျင်း စကားစရပ်လိုက်သည်နှင့် လူထွားကြီးတစ်ဦးက ကျန်းရုန်ကျွင်းကို ဆွဲထူကာ မြေအောက်ထပ်ထဲမှ ထွက်လာခဲ့ကြသည်။

မိနစ်၂၀ကြာပြီးနောက်တွင်တော့ ကျန်းရုန်ကျင်းတို့အုပ်စု အရှေ့ဘက်ဂိုဒေါင်သို့ရောက်ရှိလာခဲ့ကြသည်။

ကျန်းရုန်ကျင်းသည် ဟုန်ဖန်ကို သူ့အစီအစဉ်ကို ပြောမပြထားသောကြောင့် ကျန်းရုန်ကျွင်းကို ကားထဲတွင် တစ်ယောက်တည်းထားခဲ့ကာ သူ့နောက်လိုက်လူထွားကြီးနှစ်ဦးနှင့်အတူ ဂိုဒေါင်ထဲသို့ဝင်သွားခဲ့သည်။ ကျန်းရုန်ကျွင်းကိုလဲ သေသေချာချာ ချည်နှောင်ခဲ့သောကြောင့် ဘယ်လိုမှလွတ်မြောက်နိုင်မည်မဟုတ်ပေ။

သို့ပေမည့် ကျန်းရုန်ကျင်း ဂိုဒေါင်ထဲသို့ဝင်လိုက်သည်နှင့် အထဲတွင် ဟုန်ဖန်နှင့်ကုနင်းနှစ်ယောက်သာ ရှိနေသည်ကိုတွေ့လိုက်ရသည်။ ထို့အပြင် ထိုင်ခုံပေါ်တွင် ကြိုးတုပ်ခံထားရသင့်သည့် ကုနင်းမှာ ထိုထိုင်ခုံပေါ်တွင်ပင် အေးအေးဆေးဆေးထိုင်နေခဲ့သည်။

“ဟုန်ဖန်၊ ဒါက ဘယ်လိုဖြစ်တာလဲ?” ကျန်းရုန်ကျင်း ဟုန်ဖန်ကို မေးခွန်းထုတ်လိုက်သည်။

ဟုန်ဖန်၏လက်ရှိပုံစံမှာ ကုနင်း၏လက်ထောက်တစ်ယောက်ကဲ့သို့ပင်။ ကုနင်းသာ သူ့ကိုအမိန့်မပေးလျှင် သူ့နှုတ်ကိုပင်ဖွင့်ရဲလိမ့်မည်မဟုတ်ပေ။

“ရှင်က ကျန်းရုန်ကျွင်းပေါ့?” ကုနင်းမေးလိုက်သည်။

ကျန်းရုန်ကျင်းသည်တော့ ကုနင်း၏စကားကိုလျစ်လျူရှုကာ ဟုန်ဖန်ကိုသာ ဆက်မေးလိုက်သည်။

“ဟုန်ဖန်၊ ဘာတွေဖြစ်နေတာလဲလို့ မေးနေတယ်လေ?” ဟုန်ဖန် သူ့ကို သစ္စာဖောက်သွားပြီမှန်း သိပေမည့် ဘာကြောင့်ဆိုသည်ကိုတော့ သိချင်နေသေးသည်။

ကုနင်းကတော့ သူမကို ကျန်းရုန်ကျင်း လျစ်လျူရှုလိုက်သည်ကို စိတ်ထဲထားမနေဘဲ ဟုန်ဖန်ကိုသာ အမိန့်ပေးလိုက်သည်။

“သူ့ကိုပြောပြလိုက်။”

“တကယ်တော့ သူက ကျွန်တော်တို့ခေါင်းဆောင်ရဲ့မိတ်ဆွေပါ။”

ကျန်းရုန်ကျင်းက ကီရင်းဂိုဏ်းခေါင်းဆောင်၏မိတ်ဆွေကို ပြန်ပေးဆွဲဖို့ရန် ကီရင်းဂိုဏ်းသားများစွာကို ငှားရမ်းထားမှတော့ သေချာပေါက် ဘယ်အလုပ်ဖြစ်ပါတော့မလဲ။

***

အခန်း ၅၇၄

လက်ဗွေရာစနစ်

ကျန်းရုန်ကျင်း အနည်းငယ်ထိတ်လန့်သွားကာ၊

“ဘာ? သူက ကီရင်းဂိုဏ်းခေါင်းဆောင်ရဲ့မိတ်ဆွေ? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?”

ကုနင်း ဟွန့်ခနဲအသံပြုလိုက်ရင်း၊

“လူကြီးမင်းကျန်း၊ ကျွန်မနဲ့ကျွန်မအမေက ရှင့်ကိုဘယ်တုန်းကမှ အပြစ်မပြုဖူးပါဘူး။ ဘာကြောင့်များ ကျွန်မတို့ကို ပြန်ပေးဆွဲချင်ရတာလဲ?”

ကျန်းရုန်ကျင်း ဘာပြန်ဖြေရမှန်းမသိသောကြောင့် နှုတ်ဆိတ်နေခဲ့သည်။ သူသည်လဲ ကီရင်းဂိုဏ်းကို အပြစ်ပြုမိမည်အား ကြောက်ရလေသည်။ အခုလို အမှားကြီးတစ်ခုလုပ်မိပြီးနေမှတော့ သူ့အနာဂါတ်လမ်းခရီးမှာလဲ အန္တရာယ်များစွာဖြင့် ပြည့်နှက်နေပေတော့မည်။

ရုတ်တရက်ဆိုသလိုပင် ကျန်းရုန်ကျင်း အပြင်ဘက်မှကားထဲတွင် ချည်နှောင်ထားစဲဖြစ်သည့် ကျန်းရုန်ကျွင်းကို သတိရသွားကာ အကြံတစ်ခုရသွားတော့သည်။

“မင်းတို့ငါ့အပေါ် အထင်မှားနေပြီနဲ့တူတယ်၊ ငါက ကျန်းရုန်ကျွင်းရဲ့ညီ ကျန်းရုန်ကျင်းပါ။ ရုန်ကျွင်း ဘာကြောင့် မင်းတို့သားအမိကို ဒီလိုလုပ်လဲဆိုတာတော့ ငါလဲမသိဘူး။ အခုငါဒီကိုလာရတာလဲ ရုန်ကျွင်းကို ထပ်ပြီးပြစ်မှုမကျူးလွန်စေချင်တော့ရုံတင်ပါ။ အို၊ သူအခုထိ အပြင်ဘက်က ကားထဲမှာရှိသေးတယ်။ သူ့ကို ကြိုးနဲ့တောင် တုပ်ထားပြီးသွားပြီ။ ဒီမှာခနလေးစောင့်ပေးကြနော်။” ပြောရင်းနှင့်ပင် ချက်ချင်း သူ့နောက်ဘက်မှ လူထွားကြီးနှစ်ဦးဘက်သို့လှည့်လိုက်ကာ၊

“ကျန်းရုန်ကျွင်းကို ဒီခေါ်လာခဲ့ကြ။”

ကုနင်း ကျန်းရုန်ကျင်း၏လုပ်ရပ်ကို ဟန်တားခြင်းမရှိပေ။ ကျန်းရှန်ကျင်း၏ရှင်းပြချက်ကို သူမမယုံကြည်သော်လည်း သူဘာများဆက်လုပ်မလဲဆိုသည်ကို သိချင်နေမိလေသည်။

မကြာခင်တွင်ပဲ ကြိုးတုပ်ခံထားရသည့် ကျန်းရုန်ကျွင်း အထဲသို့ရောက်လာခဲ့သည်။ ကျန်းရုန်ကျွင်းပါးစပ်ကို အုပ်ထားသည်အား ဖယ်ပေးလိုက်ချိန်တွင်တော့ ကုနင်းလဲ ကျန်းရုန်ကျင်းနှင့်ကျန်းရုန်ကျွင်းအတော်လေးဆင်တူကြကြောင်း သတိထားမိလိုက်သည်။

“ဝါး…” ဟုန်ဖန်လဲ သူကိုယ်တိုင် ကျန်းရုန်ကျွင်းဆိုသူနှင့် တွေ့ခဲ့ဖူးသော်လည်း အခုအချိန်တွင်တော့ ကျန်းရုန်ကျင်းနှင့် ကျန်းရုန်ကျွင်းကိုမခွဲခြားနိုင်တော့သောကြောင့် အလွန်အံ့အားသင့်သွားခဲ့သည်။ သူတို့တွေ့ဆုံချိန်က မှောင်မှောင်မဲမဲကလပ်ထဲတွင်ဖြစ်ကာ နှစ်ယောက်လုံးလဲ အရက်သောက်ထားကြသောကြောင့် သူတို့တစ်ယောက်မျက်နှာကို တစ်ယောက်သေချာ အတိအကျမမှတ်မိနိုင်ကြပေ။

“ကျန်းရုန်ကျင်း၊ မင်းဘာတွေလုပ်မလို့လဲ?” ကျန်းရုန်ကျင်းဘာမှမပြောရသေးခင်တွင်ပဲ ကျန်းရုန်ကျွင်း အော်မေးလိုက်သည်။ ကျန်းရုန်ကျင်းသူ့ကို အပြစ်လွှဲချလိုသည်ကို သိသော်လည်း ကျန်းရုန်ကျင်း ဘာတွေလုပ်ထားခဲ့သလဲဆိုသည်ကိုတော့ မသိပေ။

“သူပြောတာတော့၊ ရှင်က ကျွန်မနဲ့ကျွန်မအမေကို ပြန်ပေးဆွဲဖို့ ကီရင်းဂိုဏ်းသားတွေအများကြီး ငှားထားတဲ့သူတဲ့။ အမှန်ပဲလား?” ကုနင်းအေးဆေးစွာမေးလိုက်သည်။ တကယ်တော့ ကျန်းရုန်ကျွင်းကိုတွေ့လိုက်ကတည်းက ထိုလူဘာမှမသိထားကြောင်း ကုနင်းခန့်မှန်းနိုင်လေသည်။ ဒါကိုတောင် မခွဲနိုင်ရလောက်အောင် သူမက ငတုံးတစ်ယောက်မှမဟုတ်ဘဲ။

“ဘာ? အဓိပ္ပါယ်မရှိလိုက်တာ!” ကျန်းရုန်ကျွင်း ထိတ်လန့်သွားသလို ဒေါသလဲထွက်သွားခဲ့သည်။

“ကျန်းရုန်ကျင်း၊ ဒါကြောင့် မင်းက ငါ့ကိုအပြစ်ပုံချဖို့လုပ်တာပေါ့?”

သူတို့ချင်း ရန်သူတွေဖြစ်နေပြီဆိုမှတော့ ကျန်းရုန်ကျွင်းအနေနှင့် သူတို့ကြားက မိသားစုဆက်ဆံရေးဆိုသည်ကို ဆက်ပြီးဂရုစိုက်နေတော့မည်မဟုတ်ပေ။

ကျန်းရုန်ကျင်းသည်တော့ ကျန်းရုန်ကျွင်းကို ပြန်အပြစ်တင်တော့သည်။

“ကျန်းရုန်ကျွင်း၊ ငါ့ကိုအပြစ်လာမတင်နဲ့လေ။ ဒါကို မင်းစီစဉ်ထားတာပဲ။ ငါကမင်းနဲ့တခြားတစ်ယောက် သားအမိနှစ်ယောက်ကို ဖမ်းနိုင်ပြီဆိုတဲ့အကြောင်း ဖုန်းပြောနေတာကြားလိုက်လို့ သူတို့ကိုကယ်ဖို့ ငါကမင်းနောက်လိုက်လာရုံပဲ။”

“ကျန်းရုန်ကျင်း၊ မင်းကတကယ်ကို အဆိပ်ပြင်းတဲ့မြွေဆိုးပဲ! မင်းပြောတာတွေအတွက် သက်သေပြဖို့ရှိလို့လား?” ကျန်းရုန်ကျွင်း ကျန်းရုန်ကျင်းကို စိုက်ကြည့်လိုက်သည်။ ဥပဒေမဲ့လုပ်ရပ်မျိုး သူဘာတစ်ခုမှမလုပ်ဖူးသည်ကို သူကိုယ်တိုင်သိသောကြောင့် အပြစ်မရှိကြောင်း ယုံကြည်ချက်အပြည့်နှင့်ပြောနိုင်လေသည်။

“ဟုတ်ပြီလေ၊ မင်းရဲ့ဖုန်းထဲမှာ အသံသွင်းထားတာတွေရှိတယ်။” ကျန်းရုန်ကျင်းပြောလိုက်သည်။

“အဲ့ဒါ မင်းငါ့ဖုန်းကိုယူသွားပြီး တခြားလူတွေကိုဆက်သွယ်ခဲ့တာလေ။”

“ငါမင်းဖုန်းကို ဒီရောက်ကာမှ ယူထားတာပါ။” ကျန်းရုန်ကျင်း ပြန်ငြင်းလိုက်ကာ တစ်ဖန် ဟုန်ဖန်ဘက်သို့လှည့်လိုက်ပြီး၊

“ဟုန်ဖန်က ဒီရက်တွေအတွင်း မင်းကိုဆက်သွယ်ခဲ့တဲ့လူက ကျန်းရုန်ကျွင်းဆိုတဲ့နာမည်မဟုတ်လား?”

“ဟုတ်တယ်၊….” ဟုန်ဖန်ပြန်ဖြေလိုက်ပေမည့် သူ့ကိုဆက်သွယ်ခဲ့သည်က ကျန်းရုန်ကျွင်းလား ကျန်းရုန်ကျင်းလားဆိုသည်ကိုတော့ သူမသိပေ။ သို့ပေမည့် ဟုန်ဖန် ထိုအကြောင်းကို ကျယ်ကျယ်ထုတ်မပြောရသေးခင်တွင်ပဲ ကျန်းရုန်ကျင်းက ကြားဖြတ်ကာ၊

“ကြားပြီမဟုတ်လား။ ဟုန်ဖန်က သူနဲ့ဆက်သွယ်ခဲ့တာ မင်းပါလို့ပြောနေပြီလေ။”

“ငါမလုပ်ဘူး။” ကျန်းရုန်ကျွင်းငြင်းလိုက်သော်လည်း သူ့ညီက သူ့ကိုထောင်ထဲပို့ရန် အသေအချာပြင်ဆင်ထားပြီးလောက်ပြီမှန်းသိနေသောကြောင့် ရဲရဲပင်မငြင်းနိုင်ခဲ့ပေ။

“ဟုတ်ပြီ၊ ဟုန်ဖန်နဲ့ဆက်သွယ်ခဲ့တာ ဘယ်သူဆိုတာကို ဖော်ထုတ်ဖို့ဆိုတာ လွယ်လွယ်လေးပါ။”ကုနင်း အနေနှင့် အဖြေကိုသိနှင့်ထားပြီးဖြစ်သော်လည်း တမင် ထိုလူ ကိုယ့်ဘာသာ ဖော်ထုတ်မိသွားစေချင်နေသည်။

ကျန်းရုန်ကျင်းနှင့် ကျန်းရုန်ကျွင်းတို့ ငြင်းဆန်မှုများရပ်သွားကာ နှစ်ယောက်လုံး ကုနင်းကို ကြည့်လိုက်ကြသည်။

“ဖုန်းဘယ်မှာလဲ? ကျွန်မကိုပေး။”

“ရတာပေါ့။” ကျန်းရုန်ကျင်း ချက်ချင်းပင် ဖုန်းကိုထုတ်ယူကာ ကုနင်းဆီသို့သွားလိုက်သည်။ ကျန်းရုန်ကျင်းက ကုနင်းကို ဘာမှမသိသည့် တုံးအသည့်မိန်းကလေးဟုထင်ကာ အလွယ်တကူ လှည့်စားလို့ရနိုင်မည်ဟု တွေးနေခြင်းဖြစ်သည်။ သို့ပေမည့် သူမသိလိုက်သည်က အခုလိုပေးလိုက်သည်နှင့် ကုနင်း၏ထောင်ချောက်ထဲမိသွားပြီဆိုသည်ပင်။

“အစောကလေးတင် သူ့ဖုန်းကိုရှင်ယူထားလိုက်တာလို့ ပြောတယ်နော်၊ ဒီတော့ အမှန်ဟုတ်လား မဟုတ်လားဆိုတာ လက်ဗွေရာစစ်ကြည့်တာပေါ့။” ထို့နောက် ဖုန်းထည့်ရန်အတွက် ကုနင်းပလက်စတစ်အိတ်တစ်လုံးကိုထုတ်လိုက်သည်။

ထိုစကားကိုကြားလိုက်ရသည်နှင့် ကျန်းရုန်ကျင်းအလွန်တုန်လှုပ်သွားလေသည်။ လက်ဗွေရာသာစစ်လိုက်ပြီဆိုလျှင် သူကြံစည်ထားသမျှ ဗူးပေါ်သလိုပေါ်ကုန်တော့မည်ပင်။ သို့ပေမည့် ကျန်းရုန်ကျွင်းသည်တော့ စိတ်အေးသွားတော့သည်။

“လူကြီးမင်းကျန်း၊ ဘာများမှားနေလို့လဲ?” ကုနင်းတမင်မေးလိုက်သည်။

“ဘာ-ဘာမှမဟုတ်ပါဘူး။” အခုတော့ ကုနင်းကိုဖုန်းပေးဖို့ တွန့်ဆုတ်နေလေပြီ။

“ကောင်းပြီလေ၊ ဒါဆိုလဲ ကျွန်မကိုပေးတော့ပေ။”

သို့ပေမည့် ကျန်းရုန်ကျင်း ဆက်မသွားတော့ဘဲ နေရာတွင်ပဲ ရပ်သွားခဲ့သည်။

“ကျန်းရုန်ကျင်း၊ ဘာလို့ ရပ်လိုက်တာလဲ?” ကျန်းရုန်ကျွင်း လှောင်သည့်အသံဖြင့် ပြောလိုက်သည်။

ကျန်းရုန်ကျင်းကတော့ သူ့ကို လျစ်လျူရှုထားကာ ရှေ့ဆက်တိုးဖို့ တွန့်ဆုတ်နေစဲပင်။ ထိုအခိုက်မှာပဲ သူ့စိတ်ကိုသာ ပြင်ဆင်ကာ အမိန့်ပေးလိုက်တော့သည်။

“သူတို့ကို အခုချက်ချင်း ဖမ်းစမ်း!”

မကြာခင်အချိန်အတွင်းတွင်ပဲ သူ့အကြံအစည်များ ပေါ်သွားတော့မည်ကို ကျန်းရုန်ကျင်းသိသောကြောင့် ကုနင်းကိုသာ ချက်ချင်းဖမ်းလိုက်ဖို့ရန် ဆုံးဖြတ်လိုက်တော့သည်။

***

အခန်း ၅၇၅

ကျန်းရုန်ကျင်း၏ဖြောင့်ချက်

ကျန်းရုန်ကျင်းတွေးလိုက်သည်က သူတို့က ယောက်ျားသားများဖြစ်ကာ ကုနင်းသည်တော့ မိန်းမငယ်လေးတစ်ဦးဖြစ်သောကြောင့် အလွယ်တကူ ထိန်းချုပ်နိုင်မည်ဟုပင်။

ထိုအခါ လူထွားကြီးနှစ်ဦးကလဲ ချက်ချင်းပင် ကုနင်းနှင့်ဟုန်ဖန်ကို ဖမ်းရန်ပြေးသွားတော့သည်။

သို့ပေမည့် ကုနင်းကတော့ သူမလိုချင်သည့်အတိုင်းဖြစ်လာသောကြောင့် အေးဆေးငြိမ်သက်လို့နေသည်။ ကျန်းရုန်ကျင်း သူ့ကိုယ်သူ ဖော်ထုတ်မိသွားပေပြီ။

ဟုန်ဖန်သည်လဲ ကုနင်း သန်မာသည့်ယောက်ျားများစွာကို တစ်ယောက်တည်းနှင့် စက္ကန့်ပိုင်းအတွင်း အနိုင်ယူခဲ့သည်အား မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရပြီးဖြစ်သောကြောင့် သူမအန္တရာယ်ဖြစ်မည်ကို မစိုးရိမ်မိပေ။ သူကိုယ်တိုင်အတွက်လဲ ထိုထဲမှတစ်ယောက်ကို သေချာကိုယ်တွင်ဖြေရှင်းနိုင်မည်ဟု ယုံကြည်ချက်ရှိလေသည်။

လူထွားကြီးနှစ်ဦးအနီးသို့ရောက်လာသည်နှင့် ကုနင်းစတင်တိုက်ခိုက်ခဲ့သလို ဟုန်ဖန်လဲ စတင်တိုက်ခိုက်လေသည်။

ကုနင်းသူမဆီလာနေသည့် လူထွားကြီးတစ်ဦးကို သူမပုခုံးပေါ်မှကျော်ကာ မြေပြင်ပေါ်သို့ ပစ်ပေါက်လိုက်သောကြောင့် မြေပြင်နှင့် ရိုက်မိသော ကျယ်လောင်သည့် အသံကြီးတစ်သံထွက်ပေါ်လာပြီးနောက် အော်ဟစ်သံကပါ တစ်ဆက်တည်းပါလာခဲ့သည်။ ထို့နောက် ကုနင်း ထိုလူထွားကြီးကို ချမ်းသာမပေးဘဲ လက်မောင်းအဆစ်ကို ဖြတ်ချလိုက်သည်။

သို့ပေမည့် ဟုန်ဖန်သည်တော့ ကျန်သည့်လူထွားကြီးနှင့်အကြိတ်အနယ်ယှဉ်ပြိုင်နေရစဲဖြစ်ကာ ကုနင်းကတော့ အလွယ်တကူလေးအနိုင်ရသွားသောကြောင့် မှင်သက်သွားတော့သည်။

ကျန်းရုန်ကျင်းလဲ ကုနင်းကို သာမာန်မိန်းကလေးတစ်ယောက်ဟုသာ ထင်မှတ်ထားသောကြောင့် ယခုလိုတွေ့လိုက်ရချိန်တွင် အလွန်ကြောက်ရွံ့ထိတ်လန့်သွားတော့သည်။

ကျန်းရုန်ကျွင်းလဲ အံ့ဩသွားခဲ့လေသည်။

ထို့အခါ ကျန်းရုန်ကျင်းတစ်ယောက် ချက်ချင်းပင်နောက်လှည့်ပြေးခဲ့ပေမည့် ကုနင်းကတော့ သူ့ကိုအလွတ်ပေးမည်မဟုတ်ပေ! မျက်တောင်တစ်ချက်ခတ်သည့်အချိန်လေးအတွင်းတွင်ပဲ ကုနင်း ကျန်းရုန်ကျင်း၏နောက်သို့ရောက်သွားကာ သူ့လက်မောင်းကိုလှမ်းဆွဲလိုက်ပြီးနောက် ဒူးခေါင်းနောက်ဖက်ကို ဖြတ်ကန်လိုက်သောကြောင့် အလွန်နာကျင်ကာ အရှိန်မထိန်းနိုင်တော့ဘဲ ချက်ချင်းဒူးထောက်ကျသွားတော့သည်။ ထို့နောက် ကျန်းရုန်ကျင်း၏လက်မောင်းအဆစ်ကိုလဲ ဖြုတ်ပစ်လိုက်သောကြောင့် ထပ်ပြီးထွက်ပြေးနိုင်တော့မည်မဟုတ်ပေ။

ကုနင်း ယောက်ျားကြီးနှစ်ဦး၏လက်မောင်းဆစ်ကိုပင် ဖြုတ်နိုင်သွားပေမည့် ဟုန်ဖန်သည်တော့ ကျန်လူထွားကြီးနှင့် တိုက်ခိုက်နေသေးသောကြောင့် ကုနင်းလဲ ချက်ချင်းပင် သွားကူကာ ထိုလူထွားကြီးကို ကန်ချလိုက်သည်။

ထိုအခါ ဟုန်ဖန်တစ်ယောက် ရှက်ရွံ့ကာ မျက်နှာတစ်ပြင်လုံးနီသွားတော့သည်။

လောလောဆယ် ကုနင်း၏စိတ်အခြေအနေကောင်းသေးတာမဟုတ်သောကြောင့် ဟုန်ဖန်၏ခံစားချက်ကို ဂရုစိုက်မနေဘဲ အမိန့်သာပေးလိုက်သည်။

“သူတို့ပါးစပ်တွေကို ဆို့ထားလိုက်!”

“ဟုတ်ကဲ့ပါ။” ဟုန်ဖန်လဲ ချက်ချင်းပင် လူထွားကြီးနှစ်ယောက်၏ပါးစပ်ကို သွားပိတ်ထားလိုက်ကာ ကုနင်းသည်တော့ ကျန်းရုန်ကျင်းရှိရာသို့သွားပြီး လေးနက်သည့်အမူအရာဖြင့်၊

“ပြောပါဦး၊ ကျွန်မနဲ့ကျွန်မအမေကို ဘယ်သူက ပြန်ပေးဆွဲခိုင်းလိုက်တာလဲ?”

ကုနင်း၏အကြည့်များမှာ ထက်ရှနေကာ ကျန်းရုန်ကျင်းကို အတော်လေးစိတ်ဖိအားများသွားစေလေသည်။

“မပြောချင်ဘူးပေါ့?” ကုနင်းမျက်မှောင်ကြုတ်လိုက်ကာ၊

“ကြည့်ရတာ ရှင်ကအသက်ရှည်ရှည်မနေချင်ဘူးထင်တယ်။”

ကျန်းရုန်ကျင်း ထိတ်လန့်သွားကာ၊

“မင်းငါ့ကိုသတ်လို့မရဘူးနော်၊ အဲ့ဒါဥပဒေမဲ့လုပ်ရပ်ပဲ။”

“ဥပဒေမဲ့တယ်?” ကုနင်း အရယ်ရဆုံးဟာသတစ်ပုဒ်ကို ကြားလိုက်ရသလို ရယ်မောလိုက်သည်။

“ရှင့်လိုလူက ဥပဒေဆိုတာရှိမှန်း သိသေးတယ်ပေါ့? ကျွန်မတို့သားအမိကို ပြန်ပေးဆွဲတာကလဲ ဥပဒေမဲ့လုပ်ရပ်ဆိုတာ ရှင်မသိဘူးလား? ကျွန်မမှန်းကြည့်မယ်၊ ရှင်ကျွန်မတို့သားအမိကိုပြန်ပေးဆွဲပြီးတော့ သတ်ချင်တာပဲမဟုတ်လား?”

ကျန်းရုန်ကျင်း အမှန်တကယ်လဲ ကုမန့်ကိုသတ်ပြီး ကျန်းရုန်ကျွင်းကို အပြစ်လွှဲချဖို့ရန် ကြံစည်ထားသောကြောင့် ပြောစရာစကားမဲ့သွားတော့သည်။

“ပြောမလား မပြောဘူးလား?” ကုနင်းထပ်မေးလိုက်သည်။

ကျန်းရုန်ကျင်းဘက်ကတော့ တိတ်ဆိတ်နေစဲပင်။

ကုနင်းမကျေမနပ်ဖြစ်လာကာ ကျန်းရုန်ကျင်း၏ဒဏ်ရာမရထားသေးသည့် ခြေထောက်ပေါ်သို့ သူမခြေထောက်ကို နင်းချလိုက်သည်။ ကျိုးကြေသံကျယ်တစ်သံနှင့်အတူ ကျန်းရုန်ကျင်း၏အရိုးကျိုးသွားကာ နာကျင်မှုကြောင့် အော်ဟစ်လိုက်တော့သည်။

“ပြောမလား၊ မပြောဘူးလား?” ကုနင်းထပ်မေးလိုက်ပြန်သည်။

“ပြော-ပြောပါ့မယ်!” ကျန်းရုန်ကျင်း သူသာ ဆက်ပြီးဖြေဖို့ငြင်းဆန်မည်ဆိုလျှင် ကုနင်းသေချာပေါက် သူ့ကိုသတ်မည်မှန်း နားလည်သွားတော့သည်။ သူသာဖြေလိုက်လျှင် အနည်းဆုံးအသက်တော့ ရှင်နိုင်သေးလေသည်။

“ထန်သဲ့မင်ခိုင်းတာပါ။” ကျန်းရုန်ကျင်းဖြေလိုက်သည်။

ထန်သဲ့မင်? သူက ထန်ဟွမ်လုပ်ငန်းစုက ဒါရိုက်တာမဟုတ်လား? ထိုနာမည်ကို ကုနင်းကြားဖူးလေသည်။ စီးပွားရေးပြဿနာကြောင့် ဤသို့ပြန်ပေးဆွဲခြင်းဖြစ်မည့်ပုံပင်။ သို့ပေမည့် ကုနင်း ချက်ချင်းတော့ ကျန်းရုန်ကျင်း၏စကားကို မယုံကြည်ပစ်လိုက်ဘဲ ကျန်းရုန်ကျင်း၏ဖုန်းကိုယူကာ ဖုန်းခေါ်ဆိုမှုမှတ်တမ်းများကို ဖတ်ကြည့်လိုက်ပြီးနောက် သူမတွေ့သမျှကို ကေ့ထံသို့ ပို့ပေးကာ ခေါ်ဆိုသူများအကြောင်းကို စုံစမ်းခိုင်းလိုက်သည်။

ကေစုံစမ်းစစ်ဆေးနေချိန်အတွင်း ကုနင်းထပ်မေးလိုက်ပြန်သည်။

“ရှင့်တို့ရည်ရွယ်ချက်ကဘာလဲ?”

ထို့နောက် ကျန်းရုန်ကျင်း အကြောင်းစုံကို ပြောပြတော့သည်။ ထန်ယွင်ဖန်း သတိမေ့မျောနေစဉ်အတွင်း ကုမန့်နှင့်ကုနင်းတို့ပေါ်လာသောကြောင့် ထန်သဲ့မင်သတိထားမိသွားကာ ကုနင်းက ထန်ယွင်ဖန်း၏ သမီးအရင်းဖြစ်လောက်ကြောင်း တွေးမိသွားခဲ့သည်။ ထန်ယွင်ဖန်းသာ ပြန်သတိရမလာတော့လျှင် ကုနင်းကသာ ထန်ဟွမ်လုပ်ငန်းစု၏ဆက်ခံသူဖြစ်လာနိုင်ပြီး ထန်သဲ့မင်လိုရည်ရွယ်ချက်ကြီးမားသူက ထိုသို့အဖြစ်မျိုး ဖြစ်လာမည်ကို လုံးဝမမြင်ချင်သောကြောင့် ကုနင်းကို အန္တရာယ်ပေးရန် ကြံစည်ခဲ့ခြင်းဖြစ်သည်။

ထိုစကားများကြောင့် ကျန်းရုန်ကျွင်း အလွန်ထိတ်လန့်သွားသည်။ ကျန်းရုန်ကျင်းက မယုံနိုင်စရာ ပြဿနာအကြီးကြီးတွင် ပါဝင်ပတ်သတ်နေခဲ့တာပဲ! ထန်မိသားစုဆိုတာ Bမြို့ရဲ့ထိတ်တန်းမိသားစုမဟုတ်လား!

ကုနင်းသည်တော့ ထိုစကားများသည် ရယ်စရာကောင်းသည်ဟုသာ တွေးမိလေသည်။

“ကျွန်မပေါ်မလာဘူးဆိုရင်တောင် ထန်မိသားစုမှာ ရွေးချယ်စရာလူတွေအများကြီးရှိနေသေးတာပဲ။ ထန်မိသားစုရဲ့ပိုင်ဆိုင်မှုတွေကို ထန်သဲ့မင်လို့ မိသားစုခွဲကလူတစ်ယောက်က ဆက်ခံနိုင်လိမ့်မယ်လို့တော့ မထင်ဘူး။”

“သူက သူ့လမ်းကြောင်းပေါ် ဘယ်သူ့ကိုမှ ရောက်လာခွင့်မပြုချင်တာကြောင့်ပါ။”

“ဒီတော့ သူက ထန်မိသားစုဝင်တွေအားလုံးကို သတ်မယ်ဆိုတဲ့သဘောပေါ့?” ကုနင်းဒေါသထွက်သွားတော့သည်။

“အသေးစိတ်ကိုတော့ ငါလဲမသိဘူး။”

မကြာခင်တွင်ပဲ ကေ စစ်ဆေးခြင်းပြီးသွားခဲ့သည်။ ကျန်းရုန်ကျင်း၏ ဖုန်းခေါ်ဆိုမှုထဲတွင် ထန်သဲ့မင် အများဆုံးရှိနေကာ ထန်သဲ့မင်ကသာ ကိစ္စအားလုံးကို စီစဉ်ထားပုံပေါက်လေသည်။

“ဒါဆို ဘာလို့ ကျန်းရုန်ကျွင်းကို အပြစ်ပုံချဖို့လုပ်တာလဲ?” ကုနင်းမေးလိုက်သည်။

တကယ်တော့ ကျန်းရုန်ကျင်းသည် ကုမန့်ကိုလိုက်ရှာသည့် ရဲတပ်ဖွဲ့ထဲမှ ရဲတစ်ယောက်ကို လာဘ်ထိုးထားပြီးဖြစ်သည်။ ကုမန့်နှင့်ကုနင်းကို သတ်ပြီးသွားသည်နှင့် သူက ထိုရဲကို အလောင်းရှိရာနေရာကို ပြောပြလိုက်မည်ဖြစ်ကာ ထိုလာဘ်ထိုးခံထားရသည့် ရဲကလဲ ကျန်းရုန်ကျင်း လူသတ်သမားဖြစ်ကြောင်း ဖုံးကွယ်ရန်အတွက် ကျန်းရုန်ကျွင်းကို နေရာတွင်ပင် သတ်ပစ်လိုက်မည်ဖြစ်သည်။ ထိုသို့ဆိုလျှင် ဘယ်သူကမှ ကျန်းရုန်ကျင်းလုပ်ခဲ့သည်ကို သိတော့မည်မဟုတ်ပေ။

ကျန်းရုန်ကျွင်းတစ်ယောက် ယနေ့ကြုံခဲ့ရသမျှကိစ္စများကြောင့် စိတ်ပျက်ကြေကွဲနေရပြီးဖြစ်ပေမည့် သူ့အစ်ကိုကြံစည်ထားသမျှကို ကြားရချိန်တွင် လက်မခံနိုင်ဘဲဖြစ်နေတုန်းပင်။

ကုနင်းသက်ပြင်းသာ ချလိုက်မိတော့သည်။ မကောင်းသည့်လူများ၏အပြုအမူများမှာ သာမာန်လူများ ဘယ်လိုမှလိုက်တွေးနိုင်လိမ့်မည်မဟုတ်ပေ။

ထိုအချိန်တွင်ပဲ ကျန်းရုန်ကျင်း၏ဖုန်းမြည်လာကာ ခေါ်ဆိုသူမှာ ဝမ်ချင်းဖြစ်သည်။

“ဝမ်ချင်းက ဘယ်သူလဲ?” ကုနင်းမေးလိုက်သည်။

“သူက ငါလာဘ်ထိုးထားတဲ့ ရဲပါ။”

ကုနင်း ဖုန်းဖြေသည့်ခလုတ်ကိုနှိပ်ကာ စပီကာကိုလဲ ဖွင့်ပေးလိုက်သည်။

“ဟလို၊ ရုန်ကျင်း၊ ငါတို့ ဟိုမိန်းမကို ရှာတွေ့သွားပြီ။ မြန်မြန်ထွက်မှဖြစ်တော့မယ်။” ဝမ်ချင်းပြောလိုက်သည်။

ထိုစကားကိုကြားပြီးသည်နှင့် ကုနင်းဘာမှပြန်မပြောဘဲ ဖုန်းချလိုက်သည်။ ဝမ်ချင်းလဲ ဘာဖြစ်သွားမှန်းမသိပေမည့် ဖုန်းပြန်ခေါ်ခြင်းတော့မရှိပေ။

“ဟုန်ဖန်၊ သူ့ကိုကြိုးဖြည်ပေးလိုက်။”

ဟုန်ဖန်လဲ ချက်ချင်းပင် ကျန်းရုန်ကျွင်းကို ကြိုးဖြည်ပေးလိုက်သည်။

ထို့နောက် ကုနင်း ကျန်းရုန်ကျွင်းဘက်သို့လှည့်ကာ အေးစက်စက်သတိပေးစကားပြောလိုက်သည်။

“ဒီညဖြစ်ပျက်ခဲ့သမျှ ဘယ်သူ့ကိုမှပြန်မပြောရဘူး။ တစ်ယောက်ယောက်သာသိသွားရင် ရှင်လဲလွတ်မယ်မထင်နဲ့။”

***

All Chapters