← Chapters

အခန်း (၅၉၆-၆၀၀)

Vol. 40 Ch. 596-600

အခန်း (၅၉၆-၆၀၀)

Vol. 40 Ch. 596-600

အခန်း ၅၉၆

နတ်ဘုရားမ? မော်ဒယ်? အိုင်ဒေါ?

“ဒီသောက်မှတ်ချက်ကို ဘယ်ကောင်ရေးသွားတာလဲ?” ထိုအချိန်တွင်ပဲ အတန်းတက်နေသည့် ဟောင်ရန်တစ်ယောက် သတင်းကိုဖတ်မိသွားကာ ဒေါသတကြီး ထအောင်လိုက်သောကြောင့် အတန်းသားများနှင့် ဆရာအပါအဝင်အတန်းထဲမှ လူတိုင်း ထိတ်လန့်ကုကြလေသည်။

“ဟောင်ရန်၊ ဘယ်လိုတွေဖြစ်နေတာလဲ?” ဆရာဖြစ်သူက ဆူပူလိုက်သည်။ ဟောင်ရန်သည် ကျောင်းသားကောင်းတစ်ဦးမဟုတ်မှန်း သူကိုယ်တိုင်သိထားပြီးဖြစ်ကာ ဟောင်ရန်အတန်းကိုပဲ တက်တက် အတန်းထဲပဲအိပ်နေနေ သူဂရုစိုက်နေမည်မဟုတ်ပေမည့် အတန်းထဲနေကာ အခြားကျောင်းသားများကိုပါ အာရုံနောက်အောင် ပြုသည့်အဖြစ်မျိုးကိုတော့ လက်မခံနိုင်ပေ။

“ကျွန်တော်တို့ကျောင်းက တစ်ယောက်က ကုနင်းကို အင်တာနက်ပေါ်ကနေ တိုက်ခိုက်နေလို့။” ဟောင်ရန် စိတ်ရှုပ်ထွေးစွာနှင့်ပြောလိုက်သည်။

“ဘာ? တကယ်လား?” သူတို့စာသင်နှစ်မှ ထိပ်တန်းကျောင်းသူကုနင်းအကြောင်း ကြားလိုက်သည်နှင့် အားလုံး စိတ်ဝင်စားသွားကြသည်။

“ဘာ? တစ်ယောက်ယောက်က အင်တာနက်ပေါ်ကနေ ငါတို့ဘော့စ်ကို တိုက်ခိုက်နေတာလား?” ချင်ကျီရွှမ်းနှင့် ကျန်းထန်ပင်းတို့လဲ ကြားကြားချင်း ဒေါသထွက်သွားကြတော့သည်။

“ပြပါဦး။” ဆရာဖန်လဲ သတင်းကိုသိလို၍ ဟောင်ရန်ကိုမေးလိုက်သည်။

အတန်းထဲမှလူတိုင်းလဲ သတင်းကိုဖတ်ရန် သူတို့ဖုန်းများကိုထုတ်လိုက်ကြသည်။

“အခု လူပြောအများဆုံးသတင်းအောက်က အထင်ပေါ်ဆုံးမှတ်ချက်ပဲ။” ဟောင်ရန် ထပ်ပြောပြလိုက်သောကြောင့် အားလုံးလဲ ချက်ချင်းပင် ရှာဖွေဖတ်ရှုကြတော့သည်။

ဆရာဖန်လဲ သတင်းနှင့်မှတ်ချက်များကို ဖတ်ကြည့်ပြီးနောက် အလွန်စိတ်အလိုမကျဖြစ်သွားခဲ့သည်။ ဒီမှတ်ချက်က အမှန်ဖြစ်ဖြစ် အမှားဖြစ်ဖြစ် ကုနင်း၏ဂုဏ်သတင်းကိုတော့ ဒီမှတ်ချက်က ဖျက်ဆီးပစ်နေပြီဖြစ်ကာ ကောင်းရဲ့ဂုဏ်သတင်းကိုလဲ သက်ရောက်စေသည်။

“ဒီပုံတွေနဲ့ ဗီဒီယိုထဲကကောင်မလေးက ကုနင်းပဲလား? ဘုရား၊ ဘုရား ကုနင်းက အရမ်းတော်တာပဲ!” ကျောင်းသားအချို့ကတော့ သတင်းကိုဖတ်ပြီးနောက် ကုနင်းကို သဘောကျနေသည့်အမြင်များကို ထုတ်ဖော်ပြောကြားခဲ့သည်။

“ဟုတ်တာပေါ့၊ အားလုံး ကုနင်းပဲလုပ်တာ။” ဟောင်ရန် ဖြေပေးလိုက်သည်။

ဆရာဖန်လဲ ကုနင်းလုပ်ဆောင်ခဲ့သည့်ကိစ္စများကြောင့် အလွန်အံ့ဩနေလေသည်။ ထို့အတွက်ကြောင့် အခုလို အင်တာနက်ပေါ်မှ ကုနင်းအကြောင်း မဟုတ်မမှန်ပြောဆိုနေကြခြင်းကို လက်မခံလိုပေ။

“မင်းတို့ကိုယ့်ဘာသာ စာကြည့်ထားကြဦး၊ ငါကျောင်းအုပ်ကြီးရုံးခန်းကို သွားလိုက်ဦးမယ်။” ဆရာဖန်လဲ သတင်းအကြောင်း ကျောင်းအုပ်ကို သတင်းပို့ရန် ချက်ချင်းထွက်သွားတော့သည်။

ဆရာဖန်ထွက်သွားသည်နှင့် ဟောင်ရန်လဲ အခြားသူငယ်ချင်းများကို ကုနင်းအကြောင်းပြောပြရန် Wechatတွင် စာပို့လိုက်သည်။

“ဘယ်ကောင်က ငါ့ဘော့စ်ကို မဟုတ်တာပြောရဲတာလဲ!” ချူးဖေ့ဟန် ဒေါသထွက်ထွက်နှင့် ခုန်တောင်ထရပ်လိုက်ကာ၊

“ကြည့်ထား၊ အဲ့ကောင်မိလို့ကတော့ လူရုပ်မပေါ်အောင်ရိုက်ပစ်မယ်။”

ချူးဖေ့ဟန်၏ရုတ်တရက် ကြမ်းကြမ်းတမ်းတမ်းလှုပ်ရှားလိုက်မှုကြောင့် အတန်းသားအားလုံး ထိတ်လန့်သွားသည်။ သို့ပေမည့် စာသင်နေသည့်ဆရာ အကြောင်းရင်းကို မမေးရသေးခင်တွင်ပဲ အတန်းဆင်းသည့်ခေါင်းလောင်းထိုးသွားလေသည်။

“ဟေ့၊ နင်တို့တွေ၊ အခုချက်ချင်း အင်တာနက်ပေါ်က လူပြောအများဆုံးသတင်းကို ဖတ်ကြည့်ကြ။ ကုနင်းကို တစ်ယောက်ယောက်က မဟုတ်မမှန်စွပ်စွဲနေတယ်။ ငါတို့ သူ့ကိုပြန်ပြီး ဆဲကြရမယ်!” ချူးဖေ့ဟန် အတန်းထဲမှလူတိုင်းကို အမိန့်တစ်ရပ်ပေးလိုက်သည်။

ယခုစာသင်ချိန်သည် သူတို့၏အတန်းပိုင် ကျန်းယွမ်ဖြစ်ပေမည့် ချူးဖေ့ဟန်၏ရိုင်းစိုင်းသည့် အပြုအမူကို မဆူသည့်အပြင် သူကိုယ်တိုင်ကပါ အကြောင်းအရင်းကိုသိရအောင် ဖုန်းကိုထုတ်ကြည့်လိုက်သည်။ ဆရာတစ်ယောက်အနေနှင့် သူတို့ကျောင်းကို ပြဿာနာထဲတွင် မပါဝင်လိုစေပေ။

အတန်းပိုင်ဆရာကတောင် ဘာမှမပြောလာသောကြောင့် ကျောင်းသားများလဲ သူတို့ ဖုန်းကိုထုတ်ကာ အင်တာနက်ပေါ်မှ လူပြောအများဆုံးသတင်းကို ရှာဖတ်လိုက်သည်။ လူတိုင်းကတော့ ကုနင်းကို အရမ်းမကူညီချင်နေပေမည့် အားလုံးကတော့ အကြောင်းအရင်းကို သိချင်နေလေသည်။ သတင်းနှင့်မှတ်ချက်များကို ဖတ်ကြည့်ပြီးနောက်တွင်တော့ အားလုံးထိတ်လန့်အံ့ဩသွားကြတော့သည်။

“ဘုရားရေ! ကုနင်းက ဒီလောက်လူအများကြီးအသက်ကို ကယ်ခဲ့တာလား?!”

“ငါ့မျက်လုံးငါတောင် မယုံတော့ဘူး! လုံခြုံရေးအဖွဲ့တစ်ခုလုံးကိုတောင် သူတစ်ယောက်တည်း အနိုင်ယူတယ်တဲ့လား?”

“သူက တကယ်ပဲ ကုနင်းလား၊ စွမ်းအားရှင်အမျိုးသမီးမဟုတ်ဘူးလား?”

“အားလုံး ဓါတ်ပုံများထဲတွင် မျက်နှာကိုပါ မြင်ထားပြီးဖြစ်ပေမည့် ထိုမိန်းကလေးကို ကုနင်းမဟုတ်ဟု သံသယဝင်မိနေစဲပင်။ ဒါက သူတို့ဘယ်လိုမှမမျှော်လင့်ထားမိသည့် ကိစ္စကြီးတစ်ခုဖြစ်နေသည်။

“ဘာ? ကုနင်းက ယွမ်သန်းရာကျော်တောင် ချမ်းသာနေပြီတဲ့လား?”

“မဖြစ်နိုင်တာ! သူက ဒီလောက်ဆင်းရဲတာကို?”

“နှစ်ဝက်အတွင်း ချမ်းသာလာတယ်ပေါ့။ သူကမဟုတ်မှ….”

“ခွေးကောင်တွေ!” ချူးဖေ့ဟန် ချက်ချင်း ကြားဖြတ် ဆဲဆိုလိုက်ကာ၊

“ကုနင်းက သူကိုယ်တိုင်အားနဲ့ ငွေရှာတာ။ အဆင့်အတန်းမြင့်တဲ့ လူတန်းစားအားလုံးဆို ကုနင်းက JadeBeautyလက်ဝတ်ရတနာလုပ်ငန်းရဲ့ပိုင်ရှင်မှန်း သိကြတယ်။ သူ Gမြို့မှာ JadeBeautyဆိုင်စဖွင့်တုန်းကဆို မြို့ရဲ့ အထင်ကရလူတစ်ဝက်လောက်ကို တက်ရောက်ကြတာ။”

“ဘာ? ကုနင်းက JadeBeautyလက်ဝတ်ရတနာလုပ်ငန်းရဲ့ ပိုင်ရှင်ဟုတ်လား?” ထိုစကားကြောင့် လူတိုင်း အလွန်ထိတ်လန့်တုန်လှုပ်ကုန်ကြလေသည်။ JadeBeautyလက်ဝတ်ရတနာလုပ်ငန်းသည် အလွန်နာမည်ကြီးနေသောကြောင့် သူတို့လဲ ကြားဖူးကြလေသည်။ သို့ပေမည့် ဒီလို အဆင့်မြင့်လက်ဝတ်ရတနာအမှတ်တံဆိပ်ကို ပိုင်ဆိုင်သူက သူတို့၏အတန်းဖော်ဖြစ်နေသည်ကိုတော့ ဘယ်လိုမှမယုံကြည်နိုင်ကြပေ။

ကျောင်းသားများမဆိုနှင့် ကျန်းယွမ်ပင်လျှင် အလွန်ထိတ်လန့်လို့သွားလေသည်။

“ငါကြားဖူးတာတော့ JadeBeautyလက်ဝတ်ရတနာလုပ်ငန်းရဲ့ပိုင်ရှင်က ကျောက်အလောင်းအစားပထမဆုံးအကြိမ်လုပ်လိုက်ရာကနေ ရွှေတွင်းတူးမိသွားတာတဲ့။ ပြောရရင် ကုနင်းကို ကျောက်အလောင်းအစားလုပ်တတ်ရုံမက အရမ်းလဲတော်တာပေါ့?”

“အဲ့လိုပဲဖြစ်မှာပေါ့! ကျောက်အလောင်းအစားလုပ်တယ်ဆိုတာ ဘယ်လောက်တောင် ဆိုးကျိုးများတဲ့လုပ်ငန်းလဲ!”

“ဝါး၊ ကုနင်းကတော့ အံ့ဩစရာပဲ။”

“ငါ့အထင် သူက အပြီးပြည့်စုံဆုံး နတ်ဘုရားမ၊ ငါ့ဘဝရဲ့မော်ဒယ် အိုင်ဒေါတစ်ယောက်ပဲ။”

လူအများစုက ကုနင်းဘက်တွင်ရပ်တည်လိုက်ကြကာ ကုနင်းကို မဟုတ်မမှန်ပြောသည့်လူကို ဆဲဆိုကြတော့သည်။

“နင်က ဘာကောင်လဲ? ဘာလို့ နင့်နာမည်အရင်းကိုကျ ထုတ်မပြောရဲရတာလဲ?”

“ကုနင်းဆိုတာ ငါတို့ကျောင်းရဲ့ထိပ်တန်းကျောင်းသူ၊ ဒီတော့ သူအတန်းပျက်တာက နားလည်ပေးလို့ရတယ်။”

“သူက JadeBeautyလက်ဝတ်ရတနာလုပ်ငန်းရဲ့ပိုင်ရှင်ဆိုလဲ ဟုတ်သေးတယ်!”

“သွားစမ်းပါ၊ နင်က ကုနင်းကိုခုတုံးလုပ်ပြီး အောင်မြင်ချင်နေတာမှန်း ငါတို့အားလုံးသိပြီးပြီ။”

“…….”

မိနစ်ပိုင်းအတွင်းတွင်ပဲ ကုနင်းကို ထောက်ခံသည့် မှတ်ချက်ပေါင်းများစွာ သတင်းတင်းအောက်တွင် ရောက်ရှိလာခဲ့သည်။

အင်တာနက်အသုံးပြုသူအများအပြားသည်တော့ ထိုမှတ်ချက်များမှသတင်းကြောင့် အလွန်ထိတ်လန့်သွားကြလေသည်။ အချို့လူများကတော့ JadeBeautyလက်ဝတ်ရတနာလုပ်ငန်းဆိုသည်ကို မသိကြသော်လည်း အင်တာနက်ပေါ်တွင် ချက်ချင်းရိုက်ရှာလိုက်သည်နှင့် ထိတ်လန့်အံ့ဩဖို့ကောင်းသည့် သတင်းများစွာကို တွေ့လိုက်ရလေသည်။

ရုတ်တရက်ဆိုသလိုပင် ကုနင်းကို အဆက်အသွယ်များကို ကြောက်ကြ၍ ကုနင်းကို မကောင်းပြောနေသည့်မှတ်ချက်ပေးမှုများ ချက်ချင်းပင် ရပ်တန့်သွားတော့သည်။

ထိုသတင်းထွက်ပေါ်လာပြီးနောက်တွင်တော့ ကုနင်းသာမကဘဲ JadeBeautyလက်ဝတ်ရတနာလုပ်ငန်းသည်လဲ အချိန်တိုအတွင်း အလွန်နာမည်ကြီးသွားတော့သည်။

အချို့လူများကတော့ JadeBeautyလက်ဝတ်ရတနာလုပ်ငန်းမှ တီထွင်လိုက်သည့် လူစိတ်ဝင်စားမှုရအောင် လုပ်ခြင်းတစ်မျိုးဟု ယုံကြည်နေကြသေးပေမည့် အများစုသည်တော့ ကုနင်းဘက်မှသာ ရပ်တည်ကြလေသည်။

***

အခန်း ၅၉၇

ရှောင်ဖေးဖေးကို ဆော်ကြမယ်

JadeBeautyလက်ဝတ်ရတနာလုပ်ငန်းအကြောင်းသည်လဲ ချက်ချင်းပင် လူပြောအများဆုံးသတင်းဖြစ်သွားကာ လက်ဝတ်ရတနာကုမ္ပဏီများစွာကလဲ အာရုံစိုက်လာကြပြီး အင်အားကြီးရန်သူအဖြစ် ယုံကြည်သတ်မှတ်ခဲ့ကြသည်။ ထို့ကြောင့် လူပေါင်းများစွာ ပို၍ပို၍ JadeBeautyလက်ဝတ်ရတနာလုပ်ငန်း အကြောင်းကိုပို၍ စိတ်ဝင်တစားပြောဆိုဆွေးနွေးလာကြလေသည်။

ကျော်ကြားသည့်လူပေါင်းများစွာကလဲ JadeBeautyလက်ဝတ်ရတနာလုပ်ငန်း၏ တရားဝင်အကောင့်မှ ကြော်ငြာပိုစတာများကိုမြင်ကာ အလွန်စိတ်ဝင်စားသွားကြလေသည်။ ယခုခေတ်တွင် တန်ဖိုးကြီးကျောက်စိမ်းလက်ဝတ်ရတနာတစ်ခုဝယ်ယူဖို့ရန် အလွန်ခက်ခဲပေမည့် JadeBeautyတွင်တော့ ကျောက်စိမ်းအတန်းအစားမျိုးစုံရှိလေသည်။

အချို့ကတော့ အဆင့်မြင့်တံဆိပ် ဝတ်စုံအသုံးအဆောင်များကို သဘောကျကြကာ အချို့သည်တော့ အရည်အသွေးမြင့် လက်ဝတ်ရတနာများကို ပိုသဘောကျကြလေသည်။ တကယ်တော့ အဆင့်မြင့်တံဆိပ်နှင့် အသုံးအဆောင်တိုင်းကတော့ အရည်အသွေးကောင်းမွန်ကြသည်မဟုတ်ဘဲ လူအများစုကလဲ နာမည်ကြီးဒီဇိုင်းနာ၏ကျော်ကြားမှုကြောင့်သာ ထိုတံဆိပ်များကိုဝယ်ယူကြခြင်းဖြစ်သည်။ ထို့အတွက်ကြောင့် လူများစွာမှာ JadeBeautyလက်ဝတ်ရတနာများကို ပိုမိုဝယ်ယူချင်လာကြလေသည်။

တွေးနေရန်ပင် မလိုဘဲ သတင်းပျံ့သွားသည်နှင့် ကုနင်းကို အင်တာနက်ပေါ်တွင် ဆဲဆိုသူများစွာရှိနေစဲဖြစ်သော်လည်း အကျိုးအမြတ်များစွာလဲရရှိလိုသည်။

သို့ပေမည့် ကုနင်းသည်တော့ ထိုအကြောင်းအရာများကို လုံးဝမသိဘဲ Bမြို့သို့ပြန်သည့် ကိုယ်ပိုင်ဂျက်လေယာဉ်ပေါ်တွင်ပင် ရောက်လို့နေပေပြီ။

ရှောင်ဖေးဖေးသည်တော့ အင်တာနက်ပေါ်မှသတင်းများကိုသာ အာရုံစူးစိုက်လို့ထားသည်။ အင်တာနက်ပေါ်တွင် လူပေါင်းများစွာ ကုနင်းကို ဆဲဆိုနေကြချိန်တွင် သူမအောင်မြင်သွားသည့်အတွက် အလွန်ဝမ်းသာနေခဲ့သော်လည်း မကြာမီတွင်ပဲ သူမကိုအပြစ်တင်မာန်မဲသည့် မှတ်ချက်များကို ဖတ်ရကာ ကြောက်ရွံ့လာသလို ကုနင်းကို မနာလိုဖြစ်လွန်း၍ ရူးတော့မတတ် ခံစားနေရသည်။

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ကုနင်းက JadeBeautyလက်ဝတ်ရတနာလုပ်ငန်းရဲ့ပိုင်ရှင်တဲ့လား?

ဆရာဖန် ကျောင်းအုပ်ရုံးခန်းသို့ရောက်သည့်အချိန်တွင် ကျောင်းအုပ်သည်တော့ ကျောင်းအုပ်ချုပ်ရေးမှူးများနှင့် အစည်းအဝေးလုပ်နေခဲ့သည်။

“ဆရာဖန်၊ ဘာများဖြစ်လို့လဲ?” ကျောင်းအုပ်ကြီးမေးလိုက်လေသည်။

“ဆရာကြီး၊ တစ်ယောက်ယောက်က အင်တာနက်ပေါ်မှာ ကုနင်းအကြောင်း မဟုတ်မမှန်သတင်းတွေတင်ပြီး သတင်းကလဲ တော်တော်လေးပျံ့နေပြီ။” ဆရာဖန်က သတင်းစာမျက်နှာကိုပြရင်းကို ကျောင်းအုပ်ကြီးကိုပြောလိုက်သည်။

“ဘာပြောတယ်?” ကျောင်းအုပ်ကြီး အလွန်အံ့အားသင့်သွားကာ ချက်ချင်းပင် ဆရာဖန်၏ဖုန်းကို ယူကြည့်လိုက်ပြီး အုပ်ချုပ်ရေးမှူးများသည်လဲ ဝိုင်းကြည့်လာကြသည်။

သတင်းနှင့်မှတ်ချက်များကို ဖတ်ပြီးချိန်တွင်တော့ ကုနင်း၏ရဲရင့်မှုကို အားလုံးသဘောကျသွားကာ ကုနင်းနှင့်တစ်ကျောင်းတည်းတက်နေသည်လို့ပြောလာသည့် ကျောင်းသားကိုလဲ ဒေါသထွက်သွားကြသည်။

“ကုနင်းကို မဟုတ်မမှန်ပြောတဲ့ ကျောင်းသားကို သတိပေးလိုက်။ အခုချက်ချင်း အမှားဝန်ခံပြီးတောင်းပန်ရင်တောင်းပန် မဟုတ်ရင် ကျောင်းထုတ်ပစ်မယ်လို့ကြေညာလိုက်။” ကျောင်းအုပ်ကြီး အမိန့်ပေးလိုက်သည်။

ကျောင်းအုပ်ကြီး ဤသို့လုပ်ရခြင်းမှာ ကုနင်းကြောင့်သာမဟုတ်ဘဲ ကျောင်း၏ဂုဏ်သိက္ခာကို ကာကွယ်ရန်အတွက်လဲ ပါဝင်လေသည်။

“ပြီးရင် ငါတို့ကျောင်းရဲ့တရားဝင်အကောင့်ကနေပြီး ကုနင်းရဲ့နာမည်ပျက်ကိုရှင်းဖို့ သတင်းထုတ်ပြန်လိုက်။”

ကျောင်းအုပ်ချုပ်ရေးမှူးများလဲ ချက်ချင်းပင် အမိန့်အတိုင်း ဆောင်ရွက်ဖို့ရန် ထွက်သွားကြတော့သည်။

ထို့နောက်တွင်တော့ ကျောင်းအသံလွှင့်ဌာနမှနေပြီး၊

“သတိပေးချက်! သတိပေးချက်! ကုနင်းအကြောင်း အင်တာနက်ပေါ်မှာ မဟုတ်မမှန်ပြောခဲ့တဲ့ ကျောင်းသား အခုချက်ချင်း ရေးထားတဲ့မှတ်ချက်ကို ဖျက်ပြီး ကုနင်းကိုတောင်းပန်ပါ၊ မဟုတ်ရင် မင်းကိုကျောင်းထုတ်ရလိမ့်မယ်။”

ထိုသတိပေးချက်ကြောင့် ကျောင်းရှိလူတိုင်းအလွန်အံ့ဩသွားကြလေသည်။

တချိန်တည်းတွင်ပဲ ရှောင်ဖေးဖေးသည်တော့ အလွန်ကြောက်ရွံ့သွားခဲ့သည်။ ကျောင်းက သူမလုပ်ခဲ့သည့်ကိစ္စကို သိသွားရုံမက အသံလွှင့်ပြီးတော့ပင် သတိပေးလာလိမ့်မည်ဟု သူမမထင်ထားမိခဲ့ပေ။

ထိုအချိန်တွင်ပဲ တခြားသတင်းကိုမသိသေးကြသည့် ကျောင်းသားများလဲ သူတို့ဖုန်းများကို ထုတ်ကာ အင်တာနက်ပေါ်မှ လူပြောအများဆုံးသတင်းကို ရှာဖွေဖတ်ကြတော့သည်။ ထို့ကြောင့် အချိန်တိုလေးအတွင်းတွင်ပဲ ထိုသတင်းသည် ကျောင်းအနှံ့ကိုပျံ့သွားတော့သည်။

သတင်းဖတ်ပြီးနောက်တွင်တော့ ကုနင်း၏အရည်အချင်းကြောင့် အားလုံး ထိတ်လန့်အံ့ဩမိသလို အလွန်လဲ လေးစားမိသွားကြသည်။ ထို့နောက် ကုနင်းကို စတင်ကာကွယ်ပြောဆိုကြပြီး မဟုတ်မမှန်သတင်းရေးသူကို ဆဲဆိုကြတော့သည်။

ဤကိစ္စအားလုံးမှာ အင်တာနက်ပေါ်တွင်သာ ဖြစ်နေခြင်းဖြစ်ပေမည့် ရှောင်ဖေးဖေးကတော့ အလွန်စိတ်ဖိအားများနေခဲ့သည်။ သူမ၏မှတ်ချက်ကို ပြန်မဖျက်ချင်သော်လည်း ရွေးချယ်စရာကမရှိတော့ပေ။

သူမ၏မှတ်ချက်ကို ဖျက်လိုက်သည်နှင့် အခြားလူများ၏ သူမအပေါ်အပြစ်တင်ဝေဖန်မှုများ ချက်ချင်းပျောက်ကွယ်သွားတော့သည်။ သို့ပေမည့် သူမ၏မှတ်ချက်ကို ဓါတ်ပုံရိုက်ထားခဲ့သူတစ်ဦးမှနေပြီး အင်တာနက်ပေါ် ပြန်တင်လိုက်သည့်အချိန်တွင်တော့ သူမကို ဆဲဆိုသည့် အင်တာနက်အသုံးပြုသူ များစွာ ပို၍ပင်တိုးပွားလာတော့သည်။

ထို့နောက် ရှောင်ဖေးဖေးလဲ အင်တာနက်ပေါ်တွင်ပဲ ကုနင်းကိုတောင်းပန်သည့် အကြောင်း ရေးတင်ခဲ့ရတော့သည်။

“ကုနင်း၊ ငါလုပ်ခဲ့တဲ့ကိစ္စအတွက် တောင်းပန်ပါတယ်။ နင်က ကျောင်းမှာ အရမ်းလှပြီး ထူးချွန်လွန်းလို့ ငါမနာလိုဖြစ်မိတာပါ။ ငါ့ကိုခွင့်လွှတ်ပါနော်၊ တရားမစွဲပါနဲ့။”

ရှောင်ဖေးဖေး တောင်းပန်လိုက်ပြီဖြစ်သော်လည်း အင်တာနက်အသုံးပြုသူများစွာကတော့ သူမကို လွယ်လွယ်နှင့် ခွင့်လွှတ်ပေးလိုက်ဖို့ ရည်ရွယ်ချက်မရှိကြသေးပေ။

ချူးဖေ့ဟန်သည်လဲ အလွန်မကျေမနပ်ဖြစ်နေစဲဖြစ်ကာ သူတို့၏Wechatတွင် ပြောလိုက်သည်။

ချူးဖေ့ဟန် : ငါကတော့ သူဒီလိုတောင်းပန်ရုံလောက်လေးနဲ့ လုံလောက်ပြီမထင်ဘူး!

ဟောင်ရန် : ဒါဆို အခုဘယ်လိုလုပ်ကြမလဲ? သူဘယ်သူလဲ မင်းတို့ရှာနိုင်လား?

မုခယ် : သိပ်တော့မလွယ်ဘူးနော်။

ချူးဖေ့ဟန် : ငါကတော့ ခက်မယ်မထင်ပါဘူး။ ငါ ဟက်ကာတစ်ယောက်ကို အကူအညီတောင်းလိုက်မယ်။

ချင်ဂိုဏ်းသည် သူတို့၏ရက်စက်မှုကြောင့် ကျော်ကြားရုံတင်မကဘဲ ဂိုဏ်းထဲမှလူတိုင်းသည် နယ်ပယ်အသီးသီးမှ အရည်အချင်းရှိသူများဖြစ်နေခြင်းကြောင့်လဲ ပါဝင်သည်။ ဟက်ကာတစ်ယောက်အတွက် အင်တာနက်အသုံးပြုသူ၏ IPကိုရှာဖို့ရန်က အလွယ်လေးပင်ဖြစ်သည်။

ချူးဖေ့ဟန် အချိန်ဆွဲမနေတော့ဘဲ ဟက်ကာတစ်ဦးကို အင်တာနက်ပေါ်မှ တောင်းပန်စာ၏ပိုင်ရှင်ကို အမြန်ဆုံးရှာပေးရန်ပြောလိုက်သည်။

၅မိနစ်အတွင်းမှာပဲ အဖြေကိုရှာတွေ့သွားခဲ့ပေပြီ။ ထိုလူက ဖုန်းမှနေပြီး တောင်းပန်စာတင်ခဲ့ခြင်းဖြစ်ကာ ဟက်ကာက ချူးဖေ့ဟန်ကို ထိုလူ၏ဖုန်းထဲရသမျှ ဖုန်းနံပါတ်၊ အိုင်ဒီနံပါတ်၊ နာမည်နှင့် ပုံများကိုပင်ပို့ပေးခဲ့သည်။

ရှောင်ဖေးဖေး!

ချူးဖေ့ဟန် အံ့ဩသွားကာ ချက်ချင်းပင် ထိုအကြောင်းကို Wechatထဲသို့ပို့လိုက်သည်။

ချူးဖေ့ဟန် : ဒီနေ့လည် သူ့ကိုသွားဆော်ကြရအောင်! ဘယ်သူငါနဲ့လိုက်မလဲ?

ဟောင်ရန် : ရှောင်ဖေးဖေးလား? သူကများ ငါတို့ဘော့စ်ကို ထပ်ပြီး မဟုတ်တာကြံစည်ရဲသေးတယ်ပေါ့?

မုခယ် : ငါ ရှောင်ဖေးဖေးကို မုန်းပေမယ့် မိန်းကလေးတွေကိုတော့ မရိုက်နိုင်ဘူး။

ချင်ကျီရွှမ်း : ဖေ့ဟန်၊ ငါ့အထင်တော့ နင်တစ်ယောက်တည်းနဲ့ လုံလောက်ပါပြီ၊ ငါတို့က အားဖြည့်ရုံပြလိုက်ပေးမယ်လေ။

ချူးဖေ့ဟန် : ရတယ်လေ!

ကောင်လေးတွေက မိန်းကလေးများကိုတော့ မရိုက်ချင်မှန်း ချူးဖေ့ဟန်သိသောကြောင့် အတင်းအကြပ်မတိုက်တွန်းတော့ပေ။ ဘာပဲဖြစ်ဖြစ် သူမတစ်ယောက်တည်းလဲ ရှောင်ဖေးဖေးကို ကောင်းကောင်းရိုက်နှက်နိုင်ပေသည်။

…..

အသက်၂၇နှစ်ရှိပြီဖြစ်သည့် လီယွင်မင်သည် ဝဘ်ဆိုဒ်ဒီဇိုင်းပိုင်းနှင့်အဓိကကျောင်းပြီးထားသူဖြစ်ကာ JadeBeautyလက်ဝတ်ရတနာလုပ်ငန်း၏တရားဝင်ဝဘ်ဆိုဒ်ကိုတာဝန်ယူ စီမံသူလဲဖြစ်သည်။ ရုတ်တရက် ပေ့ချ်ကိုကြည့်ရှုသူနှင့်မှတ်ချက်ပေးသူများ ရုတ်တရက်များစွာတိုးလာခြင်းကြောင့် သူပင် လန့်သွားကာ စနစ်တစ်စုံတရာချို့ယွင်းခြင်းဖြစ်မည်ဟုပင် ထင်မိသွားသည်။ သို့သော်လည်း မှတ်ချက်များကို ဖတ်မိချိန်တွင်တော့ အစောကထက်ပင် ပို၍ထိတ်လန့်လို့သွားတော့သည်။ အကြောင်းသည်တော့ JadeBeautyလက်ဝတ်ရတနာအမှတ်တံဆိပ်သည့် နိုင်ငံအတွင်း နေရာတစ်ခုအခိုင်အမာယူနိုင်သွားသောကြောင့်ပင်။

လီယွင်မင်လဲ ထိုမှတ်ချက်များကို စတင် ပြန်လည်ဖြေကြားတော့သည်။

……

၃နာရီကြာပျံသန်းပြီးသည့်နောက်တွင်တော့ ကုနင်းနှင့်ကျိုးကျန်းဟုန်တို့ ညနေ၅နာရီခွဲတွင်ပင် Bမြို့လေဆိပ်သို့ရောက်ရှိလာခဲ့ကြသည်။

သူတို့နှင့်အတူ လက်ဝတ်ရတနာများ ဖြည့်ထားသော၂၆လက်မရှိသည့် လက်ဆွဲအိတ်နှစ်လုံးကိုလဲ ဆွဲလာကြလေသည်။

“ဘော့စ်၊ ဒီအဖြူရောင် Lamborghiniက မင်းရဲ့ကားလား?” ကိုယ်ပိုင်ဂျက်လေယာဉ်ပေါ်မှဆင်းချိန်တွင် ကျိုးကျန်းဟုန် မေးလိုက်ခြင်းဖြစ်သည်။

***

အခန်း ၅၉၈

ရှောင်ဖေးဖေး၏ကံကြမ္မာ

“ဟုတ်ပါတယ်။” ကုနင်း ကျိုးကျန်းဟုန်၏အမေးကို ပြန်ဖြေလိုက်သည်။

ကုနင်း၏ကြွယ်ဝမှုကို ထပ်မံသိလိုက်ရပြန်သောကြောင့် ကျိုးကျန်းဟုန် ထိတ်လန့်အံ့အားသင့်သွားပြန်သည်။

ထို့နောက် ကျိုးကျန်းဟုန် ဆက်ပြီးမေးမနေတော့ဘဲ လက်ဆွဲအိတ်များကို ကားနောက်ခန်းထဲထည့်လိုက်ပြီးနောက် ထိုဇိမ်ခံကားထဲသို့ဝင်လိုက်တော့သည်။

“ဦးလေးကို ဟိုတယ်အရင်ပြန်လိုက်ပို့ပေးမယ်၊ ဒီနေ့တော့ နားလိုပါဦး။ မနက်ဖြန်ကျရင်တော့ ဒီဘက်ဆိုင်ခွဲက ဝန်ထမ်းတွေနဲ့ရင်းနှီးဖို့နဲ့ ဖွင့်ပွဲအခမ်းအနားပြင်ဆင်ဖို့အတွက် သွားရမယ်။”

ဆိုင်ခွဲကို အခုထိ တရားဝင်မဖွင့်ရသေးပေမည့် ဝန်ထမ်းများကတော့ အဆင်သင့်ခန့်အပ်ထားပြီးပေပြီ။

“ရပါတယ်။” ကျန်းကျန်းဟုန်ပြန်ဖြေလိုက်သည်။

………

Fမြို့တွင်

ညနေ၆နာရီတွင်တော့ စာသင်ချိန်အားလုံးပြီးဆုံးသွားပြီဖြစ်ကာ ကျောင်းသားအားလုံး စားသောက်ခန်းသို့ ထွက်လာကြလေသည်။

သို့ပေမည့် ချူးဖေ့ဟန်ကတော့ ရုတ်တရက် ရှောင်ဖေးဖေး၏လမ်းတွင် ပိတ်ရက်ကာ သူမပါးကို ဘယ်ပြန်ညာပြန် အချက်အရေအနည်းငယ်ခန့် ချလိုက်တော့သည်။

ထိုမြင်ကွင်းကြောင့် အနားရှိကျောင်းသားများ၊ ရှောင်ဖေးဖေး၏ အခင်ဆုံးသူငယ်ချင်းဟု သတ်မှတ်ထားသည့် ဝူချင်းယနှင့် ယန်ယွိလုတို့ပါ ကြောက်လန့်တကြား ထွက်ပြေးကုန်ကြလေသည်။

ကျောင်းတွင် အခုလို လူအများကြီးရှိနေသည့်အချိန်မျိုးတွင်ပင် ချူးဖေ့ဟန် ရန်ဖြစ်ခြင်းမှာ အထူးအဆန်းမဟုတ်သောကြောင့် ရှောင်ဖေးဖေးကို အသိပေးမနေဘဲ တန်းပြီးရိုက်ချလိုက်ခြင်းဖြစ်သည်။

အနားရှိလူများကတော့ ဘာကြောင့် ချူးဖေ့ဟန် ရုတ်တရက်ကြီး ရှောင်ဖေးဖေးကို ပါးရိုက်လဲဆိုသည်ကို နားမလည်နိုင်ကြပေမည့် ချူးဖေ့ဟန်ဘက်က အကြောင်းအရင်းတစ်ခုခုရှိခြင်းကြောင့်သာ ဤသို့လုပ်ခြင်းဖြစ်မည်ကိုတော့ အားလုံးသိကြလေသည်။

“ရှောင်ဖေးဖေး၊ နင်ကများ ကုနင်းကို အပုတ်ချရဲတယ်ပေါ့!”

ထိုစကားကြောင့် လူတိုင်းအံ့အားသင့်သွားကြတော့သည်။ ဘာလဲ? ကုနင်းအကြောင်း မဟုတ်မမှန်သတင်းလွှင့်တာ ရှောင်ဖေးဖေးလား?

“နင့်ရဲ့ အပေါ်ယံတောင်းပန်စာလေးနဲ့တင် လွတ်မြောက်ပြီလို့ ထင်မနေနဲ့။ ကိုယ်လုပ်တာကိုတော့ ပြန်ခံရမှာပဲ!”ထို့နောက် ချူးဖေ့ဟန် ဆက်ပြီး ရှောင်ဖေးဖေးကို ရိုက်နှက်ကန်ကျောက်တော့သည်။ သို့ပေမည့် ဘယ်သူကမှတော့ သူမကိုတားဖို့ရန် ရှေ့တက်လာခြင်းမရှိကြပေ။ သူတို့အားလုံး ချူးဖေ့ဟန်ကို ကြောက်ကြသလို အင်တာနက်ပေါ်တွင် ကုနင်းကို မဟုတ်မမှန်ပြောဆိုသူက ရှောင်ဖေးဖေးဖြစ်နေခြင်းကြောင့်လဲ စိတ်တိုနေကြလေသည်။ ထို့ကြောင့် ဘယ်သူကမှ ရှောင်ဖေးဖေးကို သွားရောက်ကူညီပေးလိုခြင်းမရှိကြပေ။

“ကုနင်းအကြောင်း သတင်းလွှင့်တာ ဖေးဖေးပါလို့ နင်က ဘာလို့ဒီလောက်တောင် သေချာနေရတာလဲ?” ထိုအချိန်တွင်ပဲ ယန်ချန်ကျွင်းရောက်လာကာ ချူးဖေ့ဟန်ကို မေးခွန်းထုတ်လိုက်လေသည်။ သို့ပေမည့် သူလဲ ချူးဖေ့ဟန်ကို ကြောက်တာကြောင့် ရှေ့ထွက်လာကာ ရှောင်ဖေးဖေးကို ကာကွယ်ပေးခြင်းတော့မရှိပေ။

“ဘာလို့လဲ ဟုတ်လား?” ချူးဖေ့ဟန် ခနဲ့သံဖြင့်ပြန်မေးလိုက်ကာ၊

“ငါ့ကို သက်သေတွေ ထုတ်ပြစေချင်နေတာလား? အပြင်မှာထုတ်ဖော်ပြနေမှ နင်တို့မကောင်းတာလုပ်တာကို သိနိုင်တာမဟုတ်ဘူး။ ဒီကမ္ဘာပေါ်မှာ ဟက်ကာလို့ခေါ်တဲ့လူတွေရှိနေသေးတယ်ဆိုတာ နင်သိသင့်တယ်။ နင်တို့သာ ဖုန်း ဒါမှမဟုတ် ကွန်ပျူတာတစ်ခုခုကိုသုံးပြီး အင်တာနက်ပေါ်မှာ သတင်းတင်လိုက်တာနဲ့ နင့်ရဲ့ IPလိပ်စာကိုသုံးပြီး နင့်ကိုဖမ်းဖို့အလွယ်လေးပဲ။”

ထိုစကားကြောင့် လူတိုင်းထိတ်လန့်သွားကာ သူတို့ အင်တာနက်ပေါ်တွင် ဘာသတင်းမှားမှမဖြန့်မိသည့်အတွက် ဝမ်းသာမိသွားကြသည်။

ယန်ချန်ကျွင်းလဲ ချက်ချင်းပင် ပါးစပ်ပိတ်သွားတော့သည်။

ရှောင်ဖေးဖေးကို သေတဲ့အထိတော့ ရိုက်လို့မရမှန်း ချူးဖေ့ဟန် သိသောကြောင့် ပြန်မသွားခင်အတွင်း ဆိုးဆိုးရွားရွားဒဏ်ရာရအောင်တော့ ရိုက်နှက်ခဲ့သေးသည်။

ချူးဖေ့ဟန် ထွက်သွားတော့မှသာ ဝူချင်းယနှင့် ယန်ယွီလုတို့လဲ သူတို့ဆရာမနှင့်လူနာတင်ယာဉ်ကို ခေါ်ကြတော့သည်။

ကျန်းချိုးဟွာရောက်လာပြီး အကြောင်းအရင်းကိုသိသွားချိန်တွင်တော့ ရှောင်ဖေးဖေး၏လုပ်ရပ်ကို ထိတ်လန့်အံ့ဩမိပေမည့် အခုလိုမျိုးလူကြားထဲ ရှောင်ဖေးဖေးကို ချူးဖေ့ဟန် ရိုက်နှက်ဖို့မသင့်ဟု ထင်မိသည်။ ထို့နောက် ဤကိစ္စကို ကျောင်းသားရေးရာဌာနသို့ သူမသွားရောက်သတင်းပို့လေသည်။

သို့ပေမည့် ရှောင်ဖေးဖေးသည်တော့ ဆေးရုံသို့ချက်ချင်းခေါ်ဆောင်သွားခြင်းခံရလေသည်။

ရှောင်ဖေးဖေး၏မိဘများ ထိုသတင်းကိုကြားချိန်တွင် အလွန်ဒေါသထွက်သွားကြသည်။ သူတို့သမီးဘက်က အရင်စမှားခြင်းဖြစ်မှန်းသိသော်လည်း ကိစ္စကြီးတစ်ခုမဟုတ်ပါဘူးဟုပင် တွေးမိကြစဲဖြစ်ကာ ကိစ္စတိုင်းအတွက် ချူးဖေ့ဟန်ကိုသာ အပြစ်တင်တော့သည်။ ထို့ကြောင့် နောက်တစ်နေ့တွင်တော့ သူတို့သမီးကို ကာကွယ်ပေးရန် ကျောင်းသို့သွားရောက်မည်ဟု ဆုံးဖြတ်ချက်ချလိုက်တော့သည်။

……

တစ်ချိန်တည်းတွင်ပဲ Bမြို့တွင်တော့ ကုနင်း ကျိုးကျန်းဟုန်ကို ဟွမ်းဒင်ဟိုတယ်သို့ပို့ဆောင်ပေးကာ အခန်းနှစ်ခန်းငှားလိုက်သည်။ တစ်ခန်းသည်တော့ ကျိုးကျန်းဟုန်အတွက်ဖြစ်ကာ ကျန်တစ်ခန်းသည်တော့ စုထုံနျိုနှင့် သူမလက်ထောက်အတွက်ဖြစ်လေသည်။

ထို့နောက် သူတို့သွားရလာရလွယ်ကူစေရန်အတွက် ဟိုတယ်မှနေပြီး အထူးသီးသန့်ကားများ ကုနင်းစီစဉ်ပေးခဲ့သေးသည်။

ကျောက်စိမ်းလက်ဝတ်ရတနာများကိုတော့ ကုနင်းသည် သိုင်းပညာရှင်တစ်ယောက်ဖြစ်သောကြောင့် ကျိုးကျန်းဟုန်တို့ သိမ်းခြင်းထက် ပို၍လုံခြုံမှုရှိမည်ဖြစ်၍ သူမသာ သိမ်းထားလိုက်သည်။

ကုနင်းထွက်သွားပြီးသည်နှင့် ထိုလက်ဆွဲအိတ်နှစ်လုံးကို သူမ၏စိတ်စွမ်းအင်အာကာပြင်ထဲသို့ ထည့်သွင်းသိမ်းဆည်းလိုက်လေသည်။

ထို့နောက် ထန်အိမ်တော်သို့ပြန်လာခဲ့လိုက်သည်။

လမ်းရောက်သည်နှင့် စုထုံနျိုက ကုနင်းကို ဖုန်းဆက်လာကာ သူမBမြို့သို့ရောက်နေပြီဖြစ်ကြောင်း ပြောလာခဲ့သည်။

ကုနင်းလဲ သူမကို ဒီတစ်ညကောင်းကောင်းအနားယူပြီး မနက်ဖြန်မှ အလုပ်စကြမည့်အကြောင်း ပြောပြလိုက်သည်။

ကုနင်း ထန်အိမ်တော်သို့ရောက်ရှိချိန်တွင်တော့ အားလုံး ပျော်ပျော်ပါးပါး ညနေစာစားသောက်နေကြချိန်တွင် ကြုံကြိုက်သွားသောကြောင့် သူမလဲတစ်ခါတည်း ဝင်စားလိုက်သည်။

“နင်းနင်း၊ အန်တီကြားတာတော့ သမီးရဲ့လက်ဝတ်ရတနာဆိုင်က ဖွင့်တော့မှာဆို? အန်တီ မနက်ဖြန် ပါတီတစ်ခုတက်ဖို့ရှိတော့ သမီးဆိုင်က လက်ဝတ်ရတနာတွေကို ဝတ်သွားပြီး ကြော်ညာပေးလို့ရတယ်။” ကျန်းလီဟွာ ပြောလိုက်ခြင်းဖြစ်သည်။

“အဲ့လိုဆို အရမ်းကောင်းတာပေါ့၊ ကျေးဇူးတင်ပါတယ်။”

“အန်တီတို့က တစ်မိသားစုထဲပင်ကို ကျေးဇူးတင်ဖို့မလိုပါဘူး။”

“ဟုတ်ကဲ့ပါ။” ကုနင်းပြုံးလိုက်မိသည်။

“လိမ္မလိုက်တဲ့ကလေး၊” ကျန်းလီဟွာသည်တော့ သမီးမိန်းကလေးချစ်သူဖြစ်၍ ကုနင်းကို ကြည့်ရင်းအလွန်ကျေနပ်လို့နေသည်။

ညစာစားပြီးနောက်တွင်တော့ ကုနင်း ထန်ယွင်ဖန်းနှင့် သီးသန့်စကားပြောဖို့ရန် ခွင့်တောင်းကာ သူမဖန်ချင်ရွှယ်နှင့် ဆုံခဲ့သည့်အကြောင်း ပြောပြခဲ့သည်။ ကုမန့်ကို ထန်ယွင်ဖန်းကြောင့်နှင့် အခြားမိန်းမတစ်ဦးက ထိခိုက်နာကျင်အောင် လုပ်မည့်အဖြစ်မျိုး သူမခွင့်မပြုပေးနိုင်ပေ။

ကုမန့်ကို ဘယ်သူကမှထိခိုက်အောင် မလုပ်စေရပါဘူးဟု ထန်ယွင်ဖန်းလဲ ကတိပေးလိုက်လေသည်။ ထို့အပြင် ဖန်ချင်ရွှယ်ကိုလဲ စောင့်ကြည့်ရန် လူလွှတ်ထားဖို့ စီစဉ်ထားလိုက်ပေမည်။ ထို့နောက် ကုနင်းကိုလဲ ကုမန့် စိတ်ဆင်းရဲမည်စိုး၍ ဖန်ချင်ရွှယ်အကြောင်းမပြောရန် တောင်းဆိုလိုက်သည်။

ကုနင်း တုံ့ဆိုင်းခြင်းမရှိ ချက်ချင်းသဘောတူလိုက်ပေသည်။

ကုနင်းနှင့်ကုမန့်တို့ ကုနင်းအိမ်သို့ပြန်ရောက်ချိန်တွင် ကုမန့်က ချက်ချင်း အိပ်ရာဝင်သွားခဲ့ကာ ကုနင်းသည်တော့ နောက်တစ်နေ့ ကြော်ညာရိုက်ကူးရန်အတွက် ကျောက်စိမ်းလက်ဝတ်ရတနာဆယ်စုံကို ထုတ်ယူကာ သီးသန့်ထည့်ထားလိုက်သည်။

ထို့နောက် ထိုသီးသန့်ထည့်ထားသည့် အိတ်ငယ်ကိုလဲ သူမ၏စိတ်စွမ်းအင်အာကာပြင်ထဲသို့ ထည့်သိမ်းထားလိုက်သည်။

…….

နောက်တစ်နေ့တွင်တော့ ကုနင်း ပုံမှန်အတိုင်း ကုမန့်ကို ထန်အိမ်တော်သို့ လိုက်ပို့ပေးခဲ့ပြီးနောက် စိတ်စွမ်းအင်အာကာပြင်ထဲထည့်ထားခဲ့သည့် လက်ဝတ်ရတနာအိတ်အသေးကို ထုတ်ယူကာ သူမဘေးထိုင်ခုံတွင်တင်ထားလိုက်ပြီးနောက် ယုကျီကိုကြိုရန်အတွက် ဈေးဝယ်စင်တာသို့သွားလိုက်သည်။

ထို့နောက် ဂါဝန်များနှင့် ယုကျီကို ကားထဲခေါ်လိုက်ကာ စုထုံနျိုနှင့်ချိန်းထားသည့်နေရာသို့ ဆက်ထွက်လာခဲ့သည်။ ကုနင်းတို့သွားနေသည့်နေရာမှာ ထန်ဟွမ်လုပ်ငန်းစုလက်အောက်ရှိ ဖျော်ဖြေရေးကုမ္ပဏီ၏ဓါတ်ပုံစတူဒီယိုတစ်ခုသို့ဖြစ်သည်။

ဟိုတယ်နှင့် ဈေးဝယ်စင်တာသည် သိပ်မဝေးသောကြောင့် စုထုံနျိုနှင့် ကုနင်းတို့ တချိန်တည်းလိုလိုပင် ချိန်းဆိုထားသည့်နေရာသို့ ရောက်ရှိခဲ့ကြသည်။

အခုချိန်တွင် စုထုံနျိုသည် အလွန်နာမည်မကြီးသေးသော်လည်း ဦးထုပ်နှင့်မက်စ်ကိုတော့ ဝတ်ဆင်ထားစဲဖြစ်သည်။

စုထုံနျိုကားထဲမှထွက်လာသည်နှင့် ကုနင်းအနားသို့လျှောက်လာကာ လေးစားမှုအပြည့်ဖြင့် နှုတ်ဆက်လိုက်သည်။

“မိတ်ဆက်ပေးရဦးမယ်၊ ထုံနျို သူက ယုကျီ Charmရဲ့ဒီဇိုင်နာ။ ယုကျီ သူကတော့ စုထုံနျိုတဲ့ ငါတို့ လက်ဝတ်ရတနာအမှတ်တံဆိပ်အတွက် ပင်တိုင်မော်ဒယ်လေ။” ကုနင်းကပဲ နှစ်ယောက်လုံးကို မိတ်ဆက်ပေးလိုက်သည်။

“တွေ့ရတာဝမ်းသာပါတယ်။” စုထုံနျိုနှင့် ယုကျီတို့လဲ အချင်းချင်း ယဉ်ယဉ်ကျေးကျေးပင် နှုတ်ဆက်လိုက်ကြသည်။

ယုကျီအနေနှင့် သရုပ်ဆောင်တစ်ဦးကို အခုမှ ပထမဆုံးအကြိမ် ကိုယ်တိုင်ကိုယ်ကျတွေ့ဖူးခြင်းဖြစ်သောကြောင့် အနည်းငယ်စိတ်ရိမ်စိတ်ဝင်ကာ စိတ်လှုပ်ရှားနေမိသည်။ သူမ၏ဒီဇိုင်းများကို နာမည်ကြီးများ ဝတ်ဆင်ခြင်းခံရဖို့က ယုကျီ၏အိပ်မက်ဖြစ်သော်လည်း ထိုအိပ်မက်အမှန်တကယ်ဖြစ်လာပါမည်ဟုတော့ သူမကိုယ်တိုင်ပင် ဘယ်တုန်းကမှ ယုံကြည်မှုမရှိခဲ့ပေ။

ကုနင်း၏လက်ထဲမှ အိတ်ကို စုထုံနျိုမြင်လိုက်ချိန်တွင်တော့၊

“ကိစ္စတိုင်း ကိုယ်တိုင်လိုက်လုပ်တဲ့ဘော့စ်မျိုး ကျွန်မတစ်ခါမှမတွေ့ဖူးဘူး။”

“တစ်ခါတလေတော့လဲ တချို့အရာတွေကို ကိုယ်တိုင်လုပ်လိုက်တာက မဆိုးလှပါဘူး။” ကုနင်းပြုံးလိုက်သည်။

“ငါကဘော့စ်ဆိုတော့ ငါ့ကုမ္ပဏီဘယ်လိုတွေလုပ်ကိုင်နေလဲဆိုတာကို သိဖို့လဲလိုတယ်လေ။”

***

အခန်း ၅၉၉

ဖေးနန်

“ဘော့စ်အနေနဲ့ အတွင်းရေးမှူးနဲ့ကိုယ်ပိုင်ယာဉ်မောင်းတစ်ယောက်လောက်စီတော့ လိုအပ်တယ်လို့ထင်တယ်။ အခုကျ ကိုယ့်ဘာသာကားမောင်းပြီး ကိုယ့်ဘာသာအိတ်သယ်လာတယ်။ လုံးဝကိုဘော့စ်တစ်ယောက်နဲ့မတူတော့ဘူး။” စုထုံနျိုနောက်ပြောင်လိုက်ကာ၊

“လင်းရှောင်ရှားကို သယ်ကူခိုင်းလိုက်ပါ!”

စုထုံနျိုသည်လဲ နာမည်ကြီးတစ်ယောက်ဖြစ်သောကြောင့် သူမကိုယ်တိုင်တော့ အိတ်ကိုသယ်မည်မဟုတ်ပေ။

“ဘော့စ်၊ ကျွန်မကူသယ်ပေးပါ့မယ်!” လင်းရှောင်ရှားလဲ ချက်ချင်းရှေ့တက်လာခဲ့သည်။

“မလိုတော့ပါဘူး။ ငါ့ဘာသာ သယ်နိုင်ပါတယ်။ ဝင်ကြတာပေါ့။” ထို့နောက် ကုနင်းဦးဆောင်ကာ အလုံးအထဲသို့ဝင်သွားကြသည်။

ကုနင်းက အဆင်ပြေတယ်ဆိုမှတော့ လင်းရှောင်ရှားလဲ အတင်းအကျပ်မပြောတော့ပေ။ ထို့အပြင် ထိုအိတ်ထဲတွင် လက်ဝတ်ရတနာများထည့်ထားလောက်ခြင်းဖြစ်မည်မှန်း သိသာလှသောကြောင့် လင်းရှောင်ရှားလဲ အမှန်တကယ်ကူမသယ်ပေးဝံ့ပေ။

သူမတို့အဖွဲ့ အဆောက်အဦးထဲသို့ဝင်လာသည်နှင့် လူငယ်လေးတစ်ဦးက ကြိုဆိုနှုတ်ဆက်လာကာ ကုနင်းကို ယဉ်ကျေးစွာမေးမြန်းလာခဲ့သည်။

“မင်္ဂလာနံနက်ခင်းပါ၊ မိန်းကလေးက မိန်းကလေးကုများလား?”

“ဟုတ်ပါတယ်။”

“တွေ့ရတာဝမ်းသာပါတယ်၊ မိန်းကလေးကု၊ ကျွန်တော်က ဓါတ်ပုံဆရာဖေးနန်ရဲ့ လက်ထောက် ယန်ချောင်ပါ၊ မိန်းကလေးတို့ကိုလာ ကြိုပေးတာပါ။ ” ယန်ချောင် ပြောလိုက်ရင်း ကုနင်းလက်ထဲမှ အိတ်ကိုသတိထားမိသွားကာ၊

“မိန်းကလေးကု၊ ကျွန်တော်ကူညီပေးရမလား?”

“ကျေးဇူးပါ၊ ကျွန်မသယ်နိုင်ပါတယ်။ အထဲဝင်ကြတာပေါ့!”

ထိုအခါ ယန်ချောင်လဲ အတင်းမတိုက်တွန်းတော့ပေ၊

“ကောင်းပါပြီ၊ ကြွပါ။”

ထို့နောက် အားလုံး အထဲသို့ဆက်ဝင်သွားခဲ့ကြသည်။ သို့ပေမည့် သူတို့ ဓါတ်ပုံစတူဒီယိုအနားသို့ရောက်ခါနီးချိန်တွင်တော့ အထဲမှ ဆူညံသံများကို ကြားလိုက်ရသည်။

“ဖေးနန်၊ နင်ခရီးထွက်နေတာလို့ ပြောခဲ့တာမဟုတ်ဘူးလား? ငါကို ဓါတ်ပုံရိုက်ပေးဖို့ပြောတုန်းကကျ ငြင်းလိုက်ပြီး အခုမှ ရုတ်တရက်ကြီး ပြန်ပေါ်လာတယ်လေား?” အမျိုးသမီးတစ်ယောက်၏ ဒေါသတကြီး မေးခွန်းထုတ်သံပေါ်ထွက်လာခဲ့သည်။

“မင်းအတွက် ငါ့မှာအချိန်မရှိဘူး။ ဒီမှာငါအလုပ်များနေတာ မမြင်ဘူးလား?” နောက်အမျိုးသားတစ်ယောက်ကလဲ စိတ်မရှည်စွာဖြင့် ပြန်ပြောလာခဲ့သည်။

ရှန်းယွေ့ယင်းသည် ထန်ဟွမ်ဖျော်ဖြေရေးလုပ်ငန်းတွင် လုပ်ကိုင်နေသည့် သရုပ်ဆောင်တဦးဖြစ်ကာ ပွဲဦးထွက်ပြီး သုံးနှစ်အတွင်းတွင်ပဲ Bအဆင့်သရုပ်ဆောင်တစ်ဦးဖြစ်လာခဲ့သည်။

သူမသည် သရုပ်ဆောင်ကောင်းသူတစ်ဦးဖြစ်သော်လည်း အောင်မြင်မှုအနည်းငယ်ရလာသည်နှင့် အတော်လေး မောက်မာရိုင်းစိုင်းလာခဲ့လေသည်။

“ဂရုမစိုက်ဘူး။ ဒီနေ့ ငါ့ကိုဓါတ်ပုံရိုက်ပေးတာပဲလိုချင်တယ်။ အခုရိုက်ရမယ့်ဟာကို နင့်အစားတခြားတစ်ယောက်ကို ခိုင်းလိုက်။” ရှန်းယွေ့ယင်း အမိန့်ပေးသည့်အသံဖြင့် ခပ်ပြတ်ပြတ်ပြောလိုက်သည်။

ဖေးနန်သည် ထန်ဟွမ်ဖျော်ဖြေရေးလုပ်ငန်းမှ ခေါင်းဆောင်ဓါတ်ပုံဆရာဖြစ်ပြီး အနုပညာရှင်များစွာကလဲ သူနှင့်အလုပ်တွဲလုပ်ရသည်ကို သဘောကျကြလေသည်။ သို့ပေမည့် ဖေးနန်သည်လဲ သူ့အလုပ်တွင် ကိုယ်ပိုင်စည်းမျဉ်းစည်းကမ်းများ ထားရှိထားသူဖြစ်သည်။ သူ့ဘော့စ်၏စကားကိုသာ နားထောင်ပြီး သူ့စိတ်အလိုဆန္ဒကိုလဲ နားထောင်တတ်သူဖြစ်သည်။ ထို့အပြင် သူကိုယ်တိုင်ကလဲ ခေါင်းဆောင်တစ်ဦးဖြစ်သောကြောင့် သူ့တွင် ကိုယ်ပိုင်ရွေးချယ်ပိုင်ခွင့်လဲ ရှိသည်။

တကယ်တော့ အစတုန်းက ဒီတစ်ပတ်ကို အပန်းဖြေခရီးထွက်ဖို့ ဖေးနန်စီစဉ်ထားခဲ့သော်လည်း ချွမ်မင်ခိုင်က သူ့ကို ကိုယ်တိုင်ဆက်သွယ်လာခဲ့သည်။ ချွမ်မင်ခိုင်ကတောင်မှ သူ့ကို တတ်နိုင်သမျှ ယဉ်ကျေးမှုရှိရန် ပြောလာခဲ့သောကြောင့် ယနေ့ စတူဒီယိုသို့လာမည့်သူမှာ သေချာပေါက် အရေးကြီးပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း တွေးမိနိုင်လေသည်။

“ငါအလုပ်လုပ်ရဦးမယ်။ ထွက်သွားပေးပါ။” ဖေးနန် သူ၏သည်းခံနိုင်စွမ်းများ လုံးဝပျောက်ဆုံးနေပေပြီ။

“နင်….” ရှန်းယွေ့ယင်း ဒေါသထွက်သွားတော့သည်။ ထိုအချိန်တွင်ပဲ ရှန်းယွေ့ယင်း၏ ကိုယ်စားလှယ်က ဝင်ပြောလာခဲ့သည်။

“ဖေးနန်၊ ငါကြားတာတော့ ဒီနေ့ငါတို့ကုမ္ပဏီက ဘယ်အနုပညာရှင်မှ ဓါတ်ပုံရိုက်ဖို့မရှိပါဘူး။ မင်းဒီနေ့ရိုက်ပေးရမယ့်လူက ဘယ်သူလဲ? လူသစ်ဆိုရင် တခြားတစ်ယောက်ကို လွှဲလိုက်ပါလား။ ယွေ့ယင်းရဲ့ တန်ဖိုးက နိမ့်တာမဟုတ်ဘူး။ မင်းသေချာပြန်စဉ်းစားဦး။”

“သေချာပြန်စဉ်းစားရမယ်?” ဖေးနန်ရယ်ချင်သွားရသည်။

“ဝမ်ဝေ့၊ မင်း ငါ့ကို ရှန်းယွေ့ယင်းကို ဓါတ်ပုံရိုက်ပေးစေချင်ရင် ဘော့စ်ကိုသာသွားပြော။ ငါက ဒီကုမ္ပဏီရဲ့ပိုင်ရှင်မဟုတ်ဘူး။ ဒီတော့ ငါ့မှာဆုံးဖြတ်ပိုင်ခွင့်လဲမရှိဘူး။”

“မင်း…” ဖေးနန်ဒီလိုပြန်ပြောလိမ့်မည်ဟု ဝမ်ဝေ့မမျှော်လင့်ထားခဲ့ပေ။

ထိုအချိန်တွင်ပဲ ယန်ချောင် လမ်းညွှန်ခေါ်ဆောင်လာသည့် ကုနင်းတို့အဖွဲ့ အထဲသို့ဝင်လာသောကြောင့် အားလုံး၏အာရုံသည်လဲ သူမတို့အဖွဲ့ဆီသို့ ရွှေ့ပြောင်းသွားကြသည်။

စုထုံနျိုသည် ထိုအဖွဲ့ထဲတွင် ထင်သာမြင်သာ အဖြစ်ဆုံးနှင့် အနုပညာရှင်တစ်ယောက်လို ပြုမူသူလဲ ဖြစ်သောကြောင့် လူအများက သူမကို အရင်ဦးဆုံး သတိပြုမိလိုက်သည်။ သို့ပေမည့် ရှန်းယွေ့ယင်း ကုနင်းကို မြင်လိုက်ချိန်တွင်တော့ စိတ်အနှောက်အယှက်ဖြစ်သွားကာ မနာလိုဖြစ်သွားတော့သည်။ အနုပညာလောကမှ သရုပ်ဆောင်အများစုသည် လှပသည့်ကြကာ ရှန်းယွေ့ယင်းသည်လဲ အလွန်လှပလေသည်။ သို့ပေမည့် ကုနင်းသည်တော့ သူမထက်ပင် ပို၍မှင်သက်လောက်စရာကောင်းနေလေသည်။

ထို့ကြောင့်ပင် ရှန်းယွေ့ယင်းတစ်ယောက် ကုမ္ပဏီနှင့် စာချုပ်အသစ်ချုပ်ဆိုသူမှာ ကုနင်းဟုထင်သွားကာ ယနေ့ သူမအကြောင်း ကြော်ညာဖို့ ဓါတ်ပုံလာရိုက်ကူးခြင်းဟု ထင်မှတ်မိသွားသည်။ သို့ပေမည့် ဖေးနန်က ဘာလို့ အသစ်တစ်ယောက်ကို ကိုယ်တိုင်လာရိုက်ကူးပေးရတာလဲ? ထိုအကြောင်းတွေးကာ စဉ်းစားမရလေ ရှန်းယွေ့ယင်း ပို၍မကျေမနပ်ဖြစ်မိလေပင်။

“ဟိုင်း၊ မိန်းကလေးကု ရောက်လာပါပြီ။” ယန်ချောင်က ဖေးနန်ကို အသိပေးလိုက်သည်။

ဖေးနန်သည် အရပ်ရှည်ရှည်နှင့် ချောမောခန့်ညားသည့် အမျိုးသားတစ်ယောက်ပင်ဖြစ်ကာ အသက်၃၀ ဝန်းကျင်အရွယ်လောက်ရှိပေပြီ။ ထို့အပြင် သူ၏ခန္ဓာကိုယ်တည်ဆောက်ပုံအရလဲ အားကစားလိုက်စားသူတစ်ယောက်ဖြစ်ကြောင်း သိသာလှသည်။

“တွေ့ရတာဝမ်းသာပါတယ်၊ မိန်းကလေးကု၊ ကျွန်တော်က ဒီနေ့ မင်းတို့ကို ဓါတ်ပုံရိုက်ပေးမယ့်သူ ဖေးနန်လို့ခေါ်ပါတယ်။” ဖေးနန်လဲ ချက်ချင်းပင် ကုနင်းကို ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။

“တွေ့ရတာဝမ်းသာပါတယ်၊ လူကြီးမင်းဖေး။” ကုနင်းလဲ ပြုံးလိုက်ကာ ဖေးနန်နှင့်လက်ဆွဲနှုတ်ဆက်လိုက်သည်။

“ဒီနေ့ ကူညီပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။”

“ပြောနေစရာမလိုပါဘူးဗျာ”

ဖေးနန် ကုနင်းကို ယဉ်ယဉ်ကျေးကျေးဆက်ဆံနေသည်ကို မြင်လိုက်ရသောကြောင့် ဝမ်ဝေ့ရော ရှန်းယွေ့ယင်းပါ အလွန်မကျေမနပ်ဖြစ်သွားကြတော့သည်။

“နင်က အသစ်လား?” ရှန်းယွေ့ယင်း မောက်မာလှသည့်လေသံဖြင့် မေးလိုက်သည်။ သူမကပဲ ကုနင်းထက် ပိုပြီး အရေးပါသည့်လူတစ်ယောက်ဖြစ်နေသလိုပင်။ ထို့နောက် ကုနင်းဘက်ကပြန်မဖြေရသေးခင်တွင်ပဲ ဆက်ပြီး၊

“နင်ကအသစ်ဆိုမှတော့ ဒီနေရာရဲ့စည်းမျဉ်းတွေကို သင်ယူထားသင့်တာပေါ့။ ဓါတ်ပုံဆရာတစ်ယောက်အတွက်နဲ့ ဘယ်တော့မှ နင့်ထက်ဝါရင့်တဲ့ အနုပညာရှင်တွေကို မပြိုင်ဆိုင်ရဘူး!”

ကုနင်း ရှန်းယွေ့ယင်းကို အေးစက်စက်သာကြည့်လိုက်ပြီး အလုပ်ရှုပ်ခံရှင်းပြလိုစိတ်တော့မရှိပေ။

“ပြိုင်ခဲ့ရင်ကော?”

“နင်….” ကုနင်းဘက်က မာနကြီးနေသောကြောင့် ရှန်းယွေ့ယင်း အလွန်ထိတ်လန့်အံ့ဩသွားလေသည်။

“လူကြီးမင်းဖေး၊ ကျွန်မမှာ အချိန်အများကြီးမရှိဘူး။ မြန်မြန်လေး ပြင်ဆင်လိုက်ကြရအောင်။” ကုနင်း ဖေးနန်ကိုသာ ပြောလိုက်သည်။ သူမအသံက အေးစက်နေပေမည့် ဖေးနန်ကို အပြစ်တင်နေခြင်းမျိုးတော့မဟုတ်ပေ။ သူမက မဖိတ်ခေါ်ထားသည့် ဧည့်သည်များကို ထွက်သွားလိုစေသည့်သဘောသာဖြစ်သည်။

“နင့်လိုအသစ်လေးက ငါ့ကိုကို နှင်ထုတ်လို့ရမလား!” ရှန်းယွေ့ယင်း အရှက်ခွဲခံလိုက်ရသလိုခံစားလိုက်ရကာ အသံကျယ်ကျယ်ဖြင့် အော်လိုက်တော့သည်။

“ဟုတ်တယ်၊ နင်တို့ကိုနှင်ထုတ်နေတာ။ အဲ့တော့ ဘာလုပ်ချင်လဲ?” သူမအလုပ်ကို ရှန်းယွေ့ယင်း ကာစီးကာစီးလုပ်နေသောကြောင့် ကုနင်း အတော်လေးမကျေမနပ်ဖြစ်လို့နေပေပြီ။ ရှန်းယွေ့ယင်းသာ သူမကုမ္ပဏီအတွင် အုလပ်လုပ်ပါက ချက်ချင်းပင် အလုပ်ထုတ်ပစ်လိုက်မည်ဖြစ်သည်။

တကယ်တော့ ထန်ယွင်ဖန်းလဲ ဤသို့သောလူစားမျိုးများကို သည်းမခံနိုင်ပေမည့် သူသည် ကြီးမားသည့် စီးပွားရေးလုပ်ငန်းစုကြီးတစ်ခု၏ ဥက္ကဌဖြစ်သောကြောင့် အမြဲတမ်း အရေးကြီးကိစ္စများနှင့် အလုပ်ရှုပ်နေရသည်။ ထို့အပြင် ရှန်းယွေ့ယင်းသည်လဲ ကုမ္ပဏီအတွက် ငွေရှာပေးနိုင်နေသောကြောင့် ဤနေရာရှိ ဝန်ထမ်းများကလဲ သူမ၏မကောင်းသည့်အကျင့်စရိုက်ကို လက်ခံပေးထားကြလေသည်။

စီးပွားရေးသမားများသည် တခြားထက် အကျိုးအမြတ်ကိုသာ အဓိကကြည့်သူများဖြစ်သည်။

“နင်တော့…..” ကုနင်း၏ အေးစက်စက်အပြုအမူကြောင့် ရှန်းယွေ့ယင်း ဒေါသထွက်သွားရပြန်သည်။ ထိုအချိန်တွင်ပဲ ဖေးနန်က ကြားဖြတ်လိုက်ကာ၊

“လူကြီးမင်းဝမ်၊ မိန်းကလေးရှန်း၊ အခုချက်ချင်းထွက်သွားပေးပါ။”

“မသွားဘူး! နင် ငါ့အတွက် ဒီနေ့ဓါတ်ပုံမရိုက်ပေးမချင်း ထွက်မသွားနိုင်ဘူး။” ရှန်းယွေ့ယင်း ချက်ချင်းပင် အော်ဟစ်လိုက်တော့သည်။

***

အခန်း ၆၀၀

ပရိတ်သတ်များကြားမှ တိုက်ပွဲ

“ဝမ်ဝေ့၊ ရှန်းယွေ့ယင်း မင်းတို့တွေ သုံးနှစ်သားလေးတွေလိုလုပ်နေရအောင် ကလေးတွေမို့လို့လား? မင်းမှာ သူ့ကိုဓါတ်ပုံရိုက်ပေးဖို့ အထွေထွေမန်နေဂျာကနေ အမိန့်ပေးလာအောင် လုပ်နိုင်စွမ်းရှိရင် မင်းတို့ပြောတာ နားထောင်မယ်။ မဟုတ်ရင်တော့ ထွက်သွားလိုက်တော့။” ဖေးနန် အေးစက်စွာဖြင့် ဝမ်ဝေ့ကိုပြောလိုက်သည်။

ဝမ်ဝေ့ အလွန်ဒေါသထွက်သွားပေမည့် သူ့တွင် အထွေထွေမန်နေဂျာကို အကူညီတောင်းဖို့ရန်အထိ အရည်အချင်းရှိမနေသောကြောင့် ပြောစရာစကားမဲ့သွားကာ ရှန်းယွေ့ယင်းကိုသာဆွဲပြီး ထွက်လာခဲ့တော့သည်။ သို့ပေမည့် ရှန်းယွေ့ယင်း စုထုံနျိုးအနားသို့ ဖြတ်လာချိန်တွင်တော့ ချက်ချင်းပင် စုထုံနျို၏မျက်နှာကို မှတ်မိသွားကာ သူမမျက်လုံးကိုပင် မယုံနိုင်ဖြစ်သွားရသည်။

“စုထုံနျို!” ရှန်းယွေ့ယင်း အံ့ဩသွားလေသည်။ ပြီးခဲ့သည့်ရက်များက ရုတ်တရက် စုထုံနျို အင်တာနက်ပေါ်တွင် လူပြောအများဆုံး အနုပညာရှင်ဖြစ်သွားခဲ့သောကြောင့် သူမအလွန်မနာလိုဖြစ်နေခဲ့သည်။ ရှန်းယွေ့ယင်းသည် အခုချိန်တွင် Bအဆင့်သရုပ်ဆောင်ဖြစ်နေပြီဆိုသော်လည်း စုထုံနျိုသည်တော့ သူမထက်ပို၍နာမည်ကြီးကာ လှပနေစဲပင်ဖြစ်သောကြောင့် အလွန်မနာလိုဖြစ်မိလေသည်။

ထိုအခိုက်အတန့်တွင်ပဲ ရှန်းယွေ့ယင်း အလေးအနက်ပုံစံပြောင်းလဲသွားကာ ဖေးနန်ဘက်သို့လှည့်လိုက်ပြီး အပြစ်တင်လိုက်သည်။

“ဖေးနန်၊ နင်က တခြားကုမ္ပဏီရဲ့မင်းသမီးကို ဓါတ်ပုံရိုက်ပေးမယ်ပေါ့။ ငါတို့ ကုမ္ပဏီမှာ ဒီလိုကိစ္စမျိုး ခွင့်မပြုထားဘူးဆိုတာ မသိဘူးလား?”

သူမ၏အသံက သူမကပဲ ကုမ္ပဏီပိုင်ရှင်တစ်ဦးလို မာန်မဲနေပေမည့် တကယ်တမ်းတော့ မဟုတ်ပေ။ သို့ပေမည့် ရှန်းယွေ့ယင်းပြောသွားသည်ကလဲ မှန်ပေသည်။ ဖေးနန်သည် ထန်ဟွမ်ဖျော်ဖြေရေးလုပ်ငန်းတွင် အလုပ်လုပ်နေသူဖြစ်ပြီး စည်းမျဉ်းများအရလဲ တခြားကုမ္ပဏီများမှ အနုပညာရှင်များသည် ပြိုင်ဘက်များသာဖြစ်သောကြောင့် ရိုက်ကူးပေးရန်မသင့်ပေ။ စိတ်မကောင်းစရာအချက်ကတော့ဖြင့် ထိုတာဝန်ကို ဖေးနန်အားပေးလာသူမှာ သူတို့၏ဘော့စ်ကိုယ်တိုင်က ဖြစ်နေခြင်းကိုတော့ သူမမသိလိုက်ခဲ့ပေ။

“ရှန်းယွေ့ယင်၊ ငါ့ကိုတိုင်ချင်တိုင်လိုက် ဒါပေမယ့် အခုထွက်သွားတော့!” ဖေးနန်၏စိတ်ရှည်သည်းခံနိုင်မှုပျောက်ဆုံးသည့်အပြင် ဒေါသလဲထွက်လာခဲ့ပေပြီ။

“နင်….” ရှန်းယွေ့ယင်း ဆွံ့အသွားတော့သည်။

“သွားကြရအောင်ပါ!” ဖေးနန်၏အပြုအမူအရ ဤရိုက်ကူးရေးကို အထက်အရာရှိများက စီစဉ်ပေးထားခြင်းဖြစ်ကြောင်း ဝမ်ဝေ့နားလည်သွားပြီး ထိုနေရာတွင် ဆက်မနေရဲတော့ဘဲ ရှန်းယွေ့ယင်းကိုဆွဲကာ အပြင်သို့ထွက်လာတော့သည်။

ရှန်းယွေ့ယင်းမှာ ဒေါသထွက်နေစဲဖြစ်ပေမည့် ဝမ်ဝေ့စကားအတိုင်း ထွက်လာခဲ့ရသည်။

ဝမ်ဝေ့နှင့် ရှန်းယွေ့ယင်းတို့ထွက်သွားပြီးသည်နှင့် ကုနင်းကပဲ စုထုံနျိုနှင့် ဖေးနန်တို့ကို အချင်းချင်းမိတ်ဆက်ပေးလိုက်ကာ စုထုံနျိုကို မိတ်ကပ်ပြင်ဆင်စေလိုက်သည်။

“ဝမ်ဝေ့၊ ဖေးနန်ဘာလို့ ငါတို့အပေါ် ဒီလိုလုပ်နိုင်ရတာလဲ!” ဓါတ်ပုံစတူဒီယိုအပြင်သို့ရောက်သည်နှင့် ဝမ်ဝေ့ကို သူမမကျေနပ်သည့်အကြောင်း ရှန်းယွေ့ယင်းပြောလိုက်သည်။

“တော်ပြီ၊ ငါ့အထင်တော့ ဒီနေ့ရိုက်ကူးရေးကို အထက်လူကြီးတွေ စီစဉ်ပေးတာမဟုတ်ရင် ခွင့်ပြုချက်ပေးထားလို့ပဲ ဖေးနန် ဒီလောက် အသံမာမာနှင့်ပြောရဲနေတာဖြစ်မယ်။” ဝမ်ဝေ့လဲ အတော်လေး မကျေမနပ်ဖြစ်လို့နေသည်။

ဝမ်ဝေ့ကိုယ်တိုင်က ထိုသို့ပြောလာခြင်းကြောင့် ရှန်းယွေ့ယင်း ဘာမှထပ်မပြောတော့ပေမည့် ဒီအတိုင်း လက်လွှတ်လိုက်ဖို့တော့ ရည်ရွယ်ချက်မရှိပေ။

“ထားပါ၊ မင်းလဲ အလုပ်သွားလုပ်တော့၊ ငါလဲ လုပ်စရာရှိသေးတယ်။” ဝမ်ဝေ့ ထိုစကားပြောပြီးသည်နှင့် လှည့်ထွက်သွားတော့သည်။

ဝမ်ဝေ့ထွက်သွားသည်နှင့် ရှန်းယွေ့ယင်း သူမလက်ထောက်ကိုပြောလိုက်သည်။

“ငါ့နောက်ကျောပုံကိုရိုက်ပြီး အခု စတူဒီယိုထဲမှဖြစ်နေတဲ့ကိစ္စကို ရှောင်တုကို ဓါတ်ပုံရိုက်ပြပေးဖို့ပြောလိုက်၊ မြန်မြန်လေး!”

ရှောင်တုသည် ဓါတ်ပုံစတူဒီရိုတွင် လုပ်သူဖြစ်ကာ ရှန်းယွေ့ယင်း၏လက်ထောက်နှင့် တစ်နယ်တည်းမှ တက်လာသူဖြစ်သောကြောင့် သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာလဲ ကောင်းမွန်ကြသည်။ ရှန်းယွေ့ယင်း၏လက်ထောက်ကြောင့်ပဲ ရှောင်တုသည် ရှန်းယွေ့ယင်းကို မျက်နှာလိုမျက်နှာကများစွာ လုပ်နိုင်ခဲ့ကာ ရှန်းယွေ့ယင်းထံမှလဲ အကျိုးအမြတ်များစွာ ပြန်ရခဲ့သည်။

ရှန်းယွေ့ယင်း၏စကားကြောင့် လက်ထောက်လဲ ရှန်းယွေ့ယင်းတစ်ယောက် စုထုံနျိုကို မဟုတ်မမှန်သတင်းဖြင့် ချောက်တွန်းတော့မည်မှန်းနားလည်လိုက်သည်။ ရှန်းယွေ့ယင်း၏လက်ထောက်ကတော့ ရှန်းယွေ့ယင်း၏ လုပ်ကြံမှုအကြောင်း ပေါ်ထွက်သွားမည်ကို စိုးရိမ်မိပေမည့် ရှန်းယွေ့ယင်း၏အမိန့်ကို နာခံပေးနေရစဲပင်။

ထို့နောက် စတူဒီယိုအပြင်ဘက်တွင် ရပ်နေရသည့် ရှန်းယွေ့ယင်း၏ဓါတ်ပုံကို ရိုက်ယူလိုက်ကာ ရှောင်တုထံ စာပို့လိုက်ပြီးနောက် ရှန်းယွေ့ယင်းနှင့်အတူ ပြန်ထွက်သွားခဲ့သည်။

သရုပ်ဆောင်များသည် အခြားသူများထက်သာလွန်စွာ လှပဖို့ရန်နှင့် အကောင်းမွန်ဆုံးဓါတ်ပုံများကိုလဲ လိုအပ်ပေသည်။ အချို့ပုံများသည်တော့ ကြော်ညာရန်ဖြစ်ကာ အချို့ကိုတော့ သူတို့ကုမ္ပဏီ၏တရားဝင် ဝဘ်ဆိုဒ်များတွင် တင်ရန်အတွက်ဖြစ်သည်။

၁နာရီခန့်ကြာပြီးနောက်တွင်တော့ ရှောင်တုထံမှ ဓါတ်ပုံတစ်ပုံ ရှန်းယွေ့ယင်း၏လက်ထောက် ရလာခဲ့သည်။ သူရိုက်ထားသည်မှာ အလွန်ဝေးကာ မရှင်းမလင်းဖြစ်ပေမည့် ဤမျှလောက်နှင့်ကို လုံလောက်နေပေပြီ။

ရှန်းယွေ့ယင်းသည်တော့ ရိုက်ကူးရေးလုပ်နေစဲဖြစ်သောကြောင့် သူမ၏လုပ်ကြံမှုကို နောက်မှသာ စတင်အကောင်အထည်ဖော်နိုင်ပေမည်။

နေ့လည်ဖက်နားချိန်ရောက်သည်နှင့် ရှန်းယွေ့ယင်း သူမ၏ သူမမှန်း လူအနည်းငယ်သာသိထားသည့် Weiboအကောင့်ထဲသို့ဝင်လိုက်သည်။ ထိုအကောင့်သည် သူမ၏တရားဝင်အကောင့်လောက်တော့ လူမများပေမည့် သိန်းကျော်တော့ရှိနေစဲပင်။

ရှန်းယွေ့ယင်းလဲ ချက်ချင်းပင် အကောင့်တွင် ပုံနှစ်ပုံကိုတင်လိုက်သည်။

သတင်းကြီး! ရိုင်းစိုင်းတဲ့ စုထုံနျို တယောက်တည်းကျန်ခဲ့ရတဲ့ သနားစရာရှန်းယွေ့ယင်းဆီက ဓါတ်ပုံစတူဒီရိုနဲ့ ဓါတ်ပုံဆရာကို ဖြတ်လုသွားတယ်။ [ပုံများနှင့်တကွ]

သတင်းတင်ပြီးသွားသည်နှင့်တပြိုင်နက် ချက်ချင်းပျံ့နှံ့သွားကာ ရှန်းယွေ့ယင်း၏ပရိတ်သတ်များကြား ဗုံးတစ်လုံးကျဲချလိုက်သကဲ့သို့ပင်။

“စုထုံနျိုဆိုတာ ဘယ်ကောင်မလဲ?”

“ကြည့်ရတာ အခုမှထပ်ပြီး နာမည်ပြန်ကြီးလာတဲ့ သရုပ်ဆောင်ထင်တယ်။”

“ရိုင်းစိုင်းလိုက်တာ!”

“သူကများ ယွေ့ယင်းဆီကနေ စတူဒီယိုနဲ့ ဓါတ်ပုံဆရာကို လုသွားရဲတယ်။”

…….

စုထုံနျို၏ပရိတ်သတ်ပမာဏသည် ရှန်းယွေ့ယင်းထက်နည်းသော်လည်း သူမကို သစ္စာရှိကာ ဘယ်အချိန်မဆို သူမကိုကာကွယ်ပေးကြမည့် ပရိတ်သတ်များစွာကတော့ ရှိစဲပင်။

“တော်လောက်ပြီ! နင်တို့မှာ သက်သေရှိလို့လား? ဒီလိုပုံလေးနှစ်ပုံထဲနဲ့ ဘာမှသက်သေမပြနိုင်ဘူး။”

“ဟုတ်တယ်! ဒါ သက်သက်ဟန်ပြနေတာပဲ!”

“ယွေ့ယင်းက နာမည်ကြီးပြီးသားလူ ဟန်ပြနေဖို့မလိုဘူး။”

“တိကျတဲ့သက်သေမရှိဘူး၊ ဒါ သက်သက်အပုပ်ချတာပဲ! ထုံနျိုဘက်က ရပ်တည်ပေးကြ!”

“ထုံနျိုဘက်က ရပ်တည်ပေးမယ်!”

“နင်တို့ရဲ့ရူးနေတဲ့ အနုပညာရှင်လိုပဲ ပရိတ်သတ်တွေကလဲ အရူးတွေ!”

“ပါးစပ်ပိတ်ထားကြစမ်း!”

“ရှန်းယွေ့ယင်း၊ ဘာလို့ နင်ကိုယ်တိုင် လာရှင်းမပြတာလဲ?”

“ဟုတ်တယ်၊ လာရှင်းပြ!”

ရှန်းယွေ့ယင်းနှင့် စုထုံနျို၏ ပရိတ်သတ်များ Weiboအပေါ်တွင် ပြင်းပြင်းထန်ထန် ငြင်းခုံနေကြကာ အခြားသာမာ န် အင်တာနက်အသုံးပြုသူများကိုပါ ဆွဲဆောင်သွားခဲ့ပြီး သူတို့လဲ ဤရန်ပွဲတွင် ပါဝင်လာကြသည်။

“ဝိုး၊ ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်းက ထန်ဟွမ်ဖျော်ဖြေရေးလုပ်ငန်းကို ဆန့်ကျင်ယှဉ်ပြိုင်ချင်နေတာပဲ!”

“ငါကြားတာတော့ ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်းက တရားဝင်တောင် မဖွင့်လှစ်ရသေးဘူးဆိုပဲ။”

ထန်ဟွမ်ဖျော်ဖြေရေးလုပ်ငန်းမှ ဝန်ထမ်းအချို့လဲ ထိုသတင်းကိုမြင်သွားကာ စုထုံနျိုက သူတို့ကုမ္ပဏီတွင် ရိုက်ကူးရေးလုပ်နေသောကြောင့် အားလုံးအံ့အားသင့်သွားကြသည်။ သူတို့ထဲမှ အများစုမှာ စုထုံနျို၏ပရိတ်သတ်များဖြစ်သောကြောင့် ချက်ချင်းပင် အပြေးလေးသွားကြည့်ကြပေမည့် စုထုံနျိုတို့အဖွဲ့ကတော့ နေ့လည်စာစားဖို့ ထွက်သွားနှင့်ကြပေပြီ။

တစ်ချိန်တည်းတွင်ပဲ စုထုံနျိုက ရှန်းယွေ့ယင်းထံမှ စတူဒီယိုနှင့် ဓါတ်ပုံဆရာကို ဖြတ်ယူသွားသည်ကိုလဲ မယုံကြည်နိုင်ကြပေ။

***

စာစဉ် ၄၀ ပြီး၏။

All Chapters