← Chapters

အခန်း (၆၀၁-၆၀၅)

Vol. 41 Ch. 601-605

အခန်း (၆၀၁-၆၀၅)

Vol. 41 Ch. 601-605

အခန်း ၆၀၁

သူလျှို

ရှန်းယွေ့ယင်း၏ အကျင့်ကို ထန်ဟွမ်ဖျော်ဖြေရေးလုပ်ငန်းမှ ဝန်းထမ်းများက အတော်အတန်သိထားကြပြီးဖြစ်သောကြောင့် သူမဆီမှနေပြီး ဓါတ်ပုံစတူဒီယိုကို တခြားလူတစ်ယောက်က ဖြတ်လုသွားဖို့ ဘယ်လိုမှမဖြစ်နိုင်ပေ။ အကယ်၍ တကယ်ပဲဖြစ်ခဲ့မည်ဆိုလျှင်ပင် ရှန်းယွေ့ယင်း အော်ကျယ်အော်ကျယ်နှင့် သေချာပေါက် ပြန်ရန်တွေ့ပေလိမ့်မည်။ သေချာတာကတော့ ဝန်ထမ်းများမသိသေးသည်က ထိုအဖြစ်အပျက်ကို ရှန်းယွေ့ယင်း မကြားရသေး၍ ငြိမ်နေခြင်းမဟုတ်ပါဘဲ အင်တာနက်ပေါ် သတင်းဖြန့်သူမှာ သူမကိုယ်တိုင်ဖြစ်နေခြင်းကိုပင်။

ထို့အပြင် ထန်ဟွမ်ဖျော်ဖြေရေးလုပ်ငန်းတွင် ဓါတ်ပုံစတူဒီယိုများစွာရှိနေသောကြောင့် အခြားလူများအနေဖြင့် ရှန်းယွေ့ယင်းထံမှ လုယူစရာမလိုအပ်ပေ။ ထို့ကြောင့် ဤသတင်းကို တစ်စုံတစ်ယောက်က တမင်ရည်ရွယ်ကာ တင်လိုက်ခြင်းဖြစ်မှန်း သိသာနေတော့သည်။

သို့ပေမည့် ဤကိစ္စမှာ စုထုံနျို၏အမှားမဟုတ်မှန်း သူတို့မသိကြသေးသော်လည်း တမင်လူအများရှေ့ဟန်ဆောင်နေခြင်းဟုတ်မဟုတ်ကိုလဲ မသိသေးသောကြောင့် ဘာမှမပြောခဲ့ပေ။ ထို့အပြင် လူအများရှေ့ဟန်ဆောင်ခြင်းသည်လဲ သရုပ်ဆောင်များအတွက် လိုအပ်သည့်အခြေအနေတစ်မျိုးပင်ဖြစ်သောကြောင့် သူတို့ကိုပါ ထိခိုက်လာမည်စိုး၍ လောလောဆယ် ဘယ်သူ့ဘက်ကမှ ပါပေးခြင်းမရှိပေ။

ဖေးနန်၏ဓါတ်ပုံအဖွဲ့သားအားလုံးကတော့ Weiboပေါ်မှ လူပြောအများဆုံးသတင်းကို ဖတ်ပြီးသွားချိန်တွင် သတင်းနှင့်အမှန်တရားမှာ လုံးဝကွားခြားနေခြင်းကြောင့် အလွန်ရယ်ရသည့်သတင်းဟုသာ တွေးလိုက်မိကြလေသည်။ အဖွဲ့ဝင်တစ်ဦးကတော့ စုထုံနျို၏နာမည်ကို ရှင်းလင်းပေးခဲ့ချင်ပေမည့် ဘယ်သူသတင်းလွှင့်လိုက်သလဲဆိုသည်ကို သူမလဲမသေချာသေးသောကြောင့် ရှန်းယွေ့ယင်း၏ အသေရေဖျက်ဖို့မလုပ်နိုင်ပေ။ ထို့အတွက်ကြောင့် ပုံမှန်အတိုင်း ဘယ်ဘက်မှဝင်မပါဘဲနေလိုက်ခြင်းကသာ ပိုကောင်းပေသည်။

“အားလုံးဘဲ စိတ်အေးအေးထားပြီး သေချာပြန်စဉ်းစားကြည့်ကြပါ။ ဒီဓါတ်ပုံကစတူဒီယိုက ထန်ဟွမ်ဖျော်ဖြေရေးလုပ်ငန်းကနော်။ ထန်ဟွမ်ဖျော်ဖြေရေးလုပ်ငန်း၏ ခွင့်ပြုချက်မပါဘဲနဲ့ တခြားကုမ္ပဏီက မင်းသမီးတစ်ယောက် အလွယ်တကူဝင်ထွက်အသုံးပြုလို့ရပါ့မလား ?”

ထိုမှတ်ချက်ထွက်လာပြီးသည်နှင့် လူများစွာ ထိုအချက်ကို သတိထားမိသွားကြတော့သည်။ ဤဓါတ်ပုံစတူဒီယိုသည် ထန်ဟွမ်ဖျော်ဖြေရေးလုပ်ငန်းစုကပိုင်ခြင်းဖြစ်သည်။ ထန်ဟွမ်ဖျော်ဖြေရေးလုပ်ငန်း၏ ခွင့်ပြုချက်မပါပါဘဲနှင့် မည်သူတစ်ဦးတစ်ယောက်ကမှ ဝင်ခွင့်မရှိသလို အသုံးပြုနိုင်မည်လဲမဟုတ်ပေ။

ရှန်းယွေ့ယင်းသည် စုထုံနျိုကိုသာ နာမည်ဖျက်ချင်လွန်းအားကြီးနေသောကြောင့် ထိုအကြောင်းကို မတွေးမိခဲ့ပေ။ သို့ပေမည့် အချို့လူများကတော့ စုထုံနျိုတစ်ယောက် ထန်ဟွမ်ဖျော်ဖြေရေးလုပ်ငန်း၏ ရာထူးကြီးသူများနှင့် မကောင်းသည့် ကိစ္စအချို့အပေးအယူလုပ်ထား၍သာ ဓါတ်ပုံစတူဒီယိုထဲသို့ဝင်ခွင့်ရခြင်းဖြစ်မည်ဟု ယုံကြည်နေကြလေသည်။

သို့ပေမည့် အချို့လူများကတော့ အကယ်၍များ အထက်လူကြီးတစ်ဦးဦးက အမှန်တကယ်ပဲ အခြားကုမ္ပဏီမှမင်းသမီးကို သူတို့ကုမ္ပဏီ၏စတူဒီယိုတွင် ရိုက်ကူးခွင့်ပေးလျှင် ထန်ဟွမ်ဖျော်ဖြေရေးလုပ်ငန်း၏ စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ခြင်းဖြစ်သည်ဟု စဉ်းစားနိုင်သည့်လူများလဲရှိသည်။ အချို့ကတော့ ထိုအချက်ကို လက်ခံကြကာ အချို့သည်တော့ သိပ်ပြီးမယုံကြည်ကြသေးပေ။

ဖျော်ဖြေရေးလောကဆိုသည်မှာ လူအများသိထားပြီးဖြစ်သည့် မကောင်းသည့်ကိစ္စများရှိနေသည့်နေရာဖြစ်သောကြောင့် စုထုံနျိုဘက်က အပြစ်ကင်းသည်ဟု အခြားလူများအတွက် ယုံကြည်ပေးဖို့ရန် ခက်ခဲနေကြစဲပင်။

ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်းနှင့် စာချုပ်ချုပ်ထားသည့် မင်းသမီးတစ်ယောက်အနေနှင့် ဖုန့်ဟွာဘက်ကနေပြီး သူမနှင့်ပတ်သတ်သည့်လှုပ်ရှားမှုမှန်သမျှကို အသေအချာစောင့်ကြည့်လို့နေသည်။ ထိုကောလဟာလသတင်း လူပြောအများဆုံးခေါင်းစဉ်ဖြစ်လာချိန်တွင်တော့ ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်းဘက်မှလဲ သတိထားမိသွားခဲ့ပေမည့် လူထုဆက်ဆံရေးဌာနဘက်မှ ချက်ချင်းလက်ငင်း ပြဿနာကိုဖြေရှင်းခြင်းမပြုခဲ့ပေ။ သရုပ်ဆောင်တစ်ဦး အောင်မြင်ကျော်ကြားဖို့ရန်က လူအာရုံစိုက်ခံရဖို့ အရေးအကြီးဆုံးအချက်ဖြစ်လေသည်။ လူတစ်ယောက်ယောက်ကနေပြီး သူတို့ကို လူအာရုံစိုက်မှုများရရှိအောင် လုပ်ထားပေးနေမှတော့ သူတို့ဘက်ကလဲ ရပ်တန့်ပစ်စရာအကြောင်းမရှိပေ။

ယခုအချိန်တွင် စုထုံနျိုကို အပြစ်တင်ဝေဖန်နေကြသော်လည်း အမှန်တရားသာပေါ်ပေါက်သွားခဲ့လျှင် သူမအပေါ် အကောင်းမြင်စိတ်များဖြင့် အဆုံးသတ်နိုင်သွားပေမည်။

ကုနင်းသည်တော့ ထိုသတင်းကို ချွမ်မင်ခိုင် ဖုန်းဆက်အသိမပေးခင်အထိ မသိရှိခဲ့ပေ။

ချွမ်မင်ခိုင်ဖုန်းဆက်လာချိန်တွင် သူမမှာ စုထုံနျို၊ လင်းရှောင်ရှား၊ ယုကျီ၊ဖေးနန်တို့နှင့်အတူ သီးသန့်စားသောက်ခန်းတစ်ခုတွင် နေ့လည်စားစားနေခဲ့လေသည်။

လူပြောအများဆုံးသတင်းကို ကုနင်းဖတ်ကြည့်လိုက်ပြီးနောက်တွင်တော့ ဘယ်သူသတင်းဖြန့်လိုက်လဲဆိုသည်ကို တွေးနေစရာပင်မလိုပဲ ချက်ချင်းဖော်ထုတ်နိုင်လိုက်သည်။ ဒီကိစ္စက ရှန်းယွေ့ယင်းဘက်မှ လက်တုန့်ပြန်လိုက်ခြင်းသာဖြစ်မှန်း သူမသိပေသည်။

“သခင်မလေးနင်း၊ အခုချက်ချင်း စုထုံနျို၏နာမည်ပျက်ကို ရှင်းဖို့အတွက် ကျွန်တော်စီစဉ်လိုက်ပါ့မယ်။” ချွမ်မင်ခိုင် စိတ်မကောင်းဖြစ်စွာဖြင့်ပြောလိုက်သည်။

ကုနင်းက အခုချိန်တွင် ထန်ယွင်ဖန်းကို အဖေဟုစတင်ခေါ်နေပြီဖြစ်သောကြောင့် ချွမ်မင်ခိုင်လဲ သူမကို တစ်မျိုးတစ်မည်ပြောင်းလဲ ခေါ်ဆိုချိန်ရောက်ပေပြီ။

“အဲ့အကြံသိပ်မကောင်းဘူးထင်တယ်။” ကုနင်း ငြင်းပယ်လိုက်သည်။

“စုထုံနျိုက ကျော်ကြားဖို့ လိုအပ်နေတာဆိုတော့ ဒီကိစ္စကို ဒီအတိုင်းပဲ လွှတ်ထားလိုက်ပါ။”

“ကြော်ငြာပေးဖို့ကောလိုသေးလား?” ချွမ်မင်ခိုင်မေးလိုက်သည်။

“ကျေးဇူးပါ၊ ဦးလေးချွမ်၊ ဒါပေမယ့် အဲ့လိုဆိုအရမ်းသိသာသွားပြီး မကောင်းတဲ့အကျိုးဆက်တွေနဲ့ အဆုံးသတ်သွားနိုင်လို့ အဲ့လိုလုပ်ဖို့မလိုတော့ပါဘူး။”

ကုနင်းဘက်ကငြင်းလာသောကြောင့် ချွမ်မင်ခိုင်လဲ အတင်းအကျပ်မတိုက်တွန်းတော့ပေ။

“ဒါဆို ဘယ်သူလုပ်လဲဆိုတာ ရှာဖို့လိုသေးလား?”

ကုနင်း ခနလောက်ပြန်စဉ်းစားကြည့်လိုက်ပြီးနောက်

“အခုတော့ မလုပ်ပါနဲ့ဦး၊ ဘာတွေဖြစ်လာမလဲ ဆက်စောင့်ကြည့်ကြရအောင်။”

ရှန်းယွေ့ယင်း နောက်ထပ်ဘာတွေဆက်လုပ်လာမလဲဆိုသည်ကို ကုနင်း အလွန်သိချင်နေမိသည်။ အကယ်၍များ ရှန်းယွေ့ယင်းသည် ဒီလောက်နှင့် ရပ်သွားလျှင်တော့ ကုနင်းလဲ သူမကိုအခွင့်အရေးတစ်ကြိမ်လောက်ပေးလိုက်ဦးမည်ဖြစ်ပြီး ထိုသို့သာမဟုတ်လျှင်တော့ သူမလုပ်သမျှကို ပြန်ပေးဆပ်စေရပေမည်။

ကုနင်း စုထုံနျိုကို သူမ၏အစီအစဉ်အားပြောပြကာ စုထုံနျိုသည်လဲ လုံးဝစိုးရိမ်မနေဘဲ ကုနင်းကိုသာ ယုံကြည်ထားလေသည်။ သူမကို ယခုလို ပြစ်တင်ရှုံချကြသည်မှာ ပထမဆုံးအကြိမ်မဟုတ်ဘဲ အရင်တစ်ကြိမ်တုန်းကလဲ ကုနင်းကသာ ပြဿနာကို အကောင်းဆုံးဖြေရှင်းပေးခဲ့လေသည်။

“ထုံနျို၊ နင်ဘာလို့ လုံးဝမစိတ်မပူတာလဲ?” စုထုံနျိုတစ်ယောက် စိတ်အေးလက်အေးနေနေသည်ကို မြင်ရကာ ယုကျီတစ်ယောက် စိတ်မအေးနိုင်ဖြစ်နေလေသည်။ ဖျော်ဖြေရေးလောကသည် ဘယ်လောက်တောင် အန္တရာယ်များသလဲဆိုတာ စုထုံနျိုနားမလည်ဘူးလားစုပင် ယုကျီတွေးမိလေသည်။

စုထုံနျိုသည်တော့ ပြုံးပြလိုက်ကာ ယုံကြည်အချက်အပြည့်ဖြင့်၊

“ဘော့စ်သာ ရှိနေရင် စိုးရိမ်နေစရာဘာမှကို မလိုဘူးလို့ပဲထင်တယ်။”

ထိုစကားကြောင့် ယုကျီ တစ်ဖက်မှ ကုနင်းကို လှည့်ကြည့်လိုက်ရာ ကုနင်းသည်လဲ ယုံကြည်မှုရှိနေပုံရသောကြောင့် သူမလဲ သူမ၏ဘော့စ်က သာမာန်မိန်းကလေးတစ်ဦးမဟုတ်ကြောင်း ပြန်သတိရသွားတော့သည်။ ထို့ကြောင့် သူမလဲ ဆက်ပြီး စိုးရိမ်မနေတော့ပေ။

“ကျွန်မအထင်၊” ကုနင်း ပြန်ပြီး နှုတ်ဟလာကာ ဖေးနန်ကို အဓိပ္ပါယ်သည့် အကြည့်ဖြင့်ကြည့်လိုက်ပြီး

“ရှင့်အဖွဲ့ထဲမှာ သူလျှိုတစ်ယောက်ရှိနေလောက်တယ်။”

ဓါတ်ပုံစတူဒီယိုထဲမှ ဓါတ်ပုံက အပြင်သို့ပေါက်ကြားခြင်းမှာ သေချာပေါက် အဖွဲ့ထဲတွင် သူလျှိုရှိနေခြင်းကြောင့်သာဖြစ်သည်။

ဖေးနန်၏အမူအရာလဲ ချက်ချင်းပြောင်းလဲလို့သွားလေသည်။

“ကျွန်တော်ဖော်ထုတ်လိုက်ပါ့မယ်။” အေးစက်စက်လေသံဖြင့် ပြန်ဖြေလိုက်သည်။ ဖေးနန်သည် သူလျှိုလှပ်ခြင်းကို အမုန်းတီးဆုံးဖြစ်ကာ သူ့အဖွဲ့တွင်လဲ သူလျှိုတစ်ယောက်ရှိနေဖို့ ခွင့်ပြုမည်မဟုတ်ပေ။

“ဘုရားရေ၊ JadeBeautyလက်ဝတ်ရတနာလုပ်ငန်းက လူပြောအများဆုံးသတင်းထဲပါနေပြီ။”

လင်းရှောင်ရှား၏ အံ့ဩတကြီးအသံကြောင့် လူတိုင်းလဲ ကုနင်းကို နားမလည်နိုင်စွာဖြင့် ဝိုင်းကြည့်လာကြသည်။ Weiboတွင် လူပြောအများဆုံးသတင်းဖြစ်ဖို့ရန် မလွယ်ကူသလို အထူးသဖြင့် စီးပွားရေးကိစ္စများဆိုလျှင် ပိုလို့ပင် စာရင်းထဲရောက်နိုင်ချေနည်းပါးလှပေသည်။

ကုနင်းသည်လဲ အံ့ဩသွားကာ ဘာတွေဖြစ်ပျက်နေမှန်း သူမကိုယ်တိုင်လဲမသိပေ။

***

အခန်း ၆၀၂

မင်းငတုံးလား?

“အိုး!” လင်းရှောင်ရှားထပ်မံပြီး အလန့်တကြားရေရွတ်လိုက်ပြန်သည်။

“ဘာဖြစ်လို့လဲ?” စုထုံနျိုလဲ စိုးရိမ်သွားရသည်။

“ကိုယ်တိုင်ဖတ်ကြည့်လိုက်။” လင်းရှောင်ရှားလဲ ဘယ်လိုမှမရှင်းပြတတ်တာကြောင့် သူမဖုန်းကိုသာ ထိုးပေးလိုက်ပြီး အားလုံးကိုဖတ်ခိုင်းလိုက်တော့သည်။

သတင်းသည်တော့ ကုနင်းနှင့်JadeBeautyလက်ဝတ်ရတနာလုပ်ငန်းအကြောင်းဖြစ်သည်။ ထိုသတင်းကိုဖတ်ကြည့်ပြီးနောက် ကုနင်းလဲ ဘာတွေဖြစ်ပျက်သွားခဲ့သလဲဆိုသည်ကို နားလည်သွားပေမည့် အံ့ဩသွားခြင်းတော့မရှိပေ။ သို့ပေမည့် အခြားလူများသည်တော့ အံ့ဩလွန်း၍မျက်လုံးများပင် ပြူးကုန်ကြတော့သည်။

“ဘော့စ်က သိုင်းပညာရှင်လား?”

“ဘော့စ်က ဂြိုဟ်သားလား?”

ကုနင်း ရယ်ချင်သွားရသည်။ ဟုတ်တော့ဟုတ်သည်လေ၊ သူမလုပ်ခဲ့သမျှက သာမာန်လူများအမြင်တွင်တော့ လုံးဝယုံကြည်နိုင်စရာမကောင်းမှန်း သူမလဲ လက်ခံလေသည်။

ဖေးနန်လဲ အလွန်ထိတ်လန့်အံ့ဩသွားခဲ့ရသည်။ သူလဲ သုံးနှစ်လောက်စစ်မှုထမ်းခဲ့ဖူးကာ နေ့စဉ် လေ့ကျင့်မှုများပြုလုပ်ခဲ့ရပေမည့် ကုနင်းနှင့်တော့ ပြိုင်ကဘက်လုံးဝမဖြစ်နိုင်မှန်း သိလေသည်။

သူမဒီလောက်ငယ်ငယ်လေးရှိသေးတာကို! သို့သော်လည်း သူမက အဆင့်မြင့်လက်ဝတ်ရတနာတံဆိပ်ပိုင်ရှင်တစ်ယောက်ဖြစ်နေကာ ဖျော်ဖြေရေးလောကတွင်လဲ ပါဝင်လုပ်ကိုင်နေလေပြီ။ ထို့အပြင် ထန်ဟွမ်ဖျော်ဖြေရေးလုပ်ငန်းနှင့်တောင်မှ ထူးဆန်းသည့်ဆက်ဆံရေးမျိုး ရှိနေသေးလေသည်။ သေချာပေါက် သာမာန်ရိုးရှင်းသည့်မိန်းကလေးတော့မဟုတ်နိုင်ပေ!

အချိန်ကြာလာသည်နှင့်အမျှ စုထုံနျိုသည်လဲ Weiboပေါ်တွင် လူပြောအများဆုံးဖြစ်လာခဲ့သည်။ ကျန်သည့်အနုပညာရှင်များသည်တော့ စုထုံနျိုတစ်ယောက် တစ်လအတွင်းတွင်ပဲ လူပြောအများဆုံး အကြိမ်များစွာ ဖြစ်နေခဲ့သောကြောင့် သူမကို အလွန်မနာလိုဖြစ်ကုန်ကြပေပြီ။

ထို့အပြင် ဤတစ်ခေါက်ဆိုလျှင် စုထုံနျိုကို မုန်းတီးသူထက် အားပေးထောက်ခံသူကပင် ပိုလို့များလာပြီဖြစ်သည်။

အရင်ထွက်ခဲ့သည့်သတင်းကြောင့်လဲ ဖြစ်နိုင်ပေသည်။ လူအများက သူမအပေါ် အမြင်ကောင်းများရှိနေခဲ့ပြီဖြစ်ကာ ရှန်းယွေ့ယင်းသည်တော့ အရင်ကတည်းက ဆိုးသည့်ဘက်သို့ရောက်နေခြင်းကြောင့်လဲဖြစ်မည်။

အကျဉ်းချုပ်ရလျှင်တော့ဖြင့် စုထုံနျိုက ရှန်းယွေ့ယင်းထံမှ စတူဒီယိုနှင့်ဓါတ်ပံဆရာကို ကြားဖြတ်လုသွားသည့်သတင်းကို အခုချိန်ထိ တိတိကျကျရှင်းလင်းလာခြင်းမရှိသေးပေ။ စုထုံနျိုတကယ်ပဲ ကြားဖြတ်လုခဲ့သည်ဆိုလျှင်တောင်မှ အရင်ဆုံးဖြေရှင်းချက်ပေးရမည့်သူမှာ ထန်ဟွမ်ဖျော်ဖြေရေးလုပ်ငန်းဘက်မှဖြစ်သည်။ ထို့ကြောင့်လဲ လူအများစုက စုထုံနျိုအပြစ်ကင်းသည်ဟု ယုံကြည်နေကြလေသည်။

တချိန်တည်းတွင်ပဲ စုထုံနျိုဘက်က ထန်ဟွမ်ဖျော်ဖြေရေးဘက်နှင့် မကောင်းသည့်အပေးအယူများရှိနေခြင်းကြောင့် စတူဒီယိုကိုယူသုံးခွင့်ရခြင်းဖြစ်မည်ဟု တွေးနေသူကလဲ တချို့တလေရှိနေစဲပင်။

နာရီအတော်ကြာကာမှသာ ဝမ်ဝေ့တစ်ယောက် ရှန်းယွေ့ယင်း အင်တာနက်ပေါ်တွင် ပြဿနာအကြီးကြီးရှာခဲ့ခြင်းကို သိခဲ့လေသည်။ ဓါတ်ပုံနှင့်သတင်းကိုတင်သူမှ ရှန်းယွေ့ယင်းမှန်း ဝမ်ဝေ့သိသည်နှင့် ချက်ချင်းပင် ရှန်းယွေ့ယင်းကို ဖုန်းဆက်တော့သည်။

“မင်းWeiboပေါ်မှာ ပုံတွေတင်ခဲ့တာလား?”

ရှန်းယွေ့ယင်းလုပ်တာမှန်း ဝမ်ဝေ့သေချာပေါက်သိနေပြီဖြစ်သော်လည်း အရင်ဦးစွာမေးမြန်းလိုက်သေးသည်။

“ဟုတ်တယ်။” ရှန်းယွေ့ယင်းဘက်မှလဲ မငြင်းဆန်ခဲ့ပေ။ တစ်နည်းအားဖြင့် ဝမ်ဝေ့ကိုတော့ ညာလို့မရခြင်းမျိုးလဲဖြစ်သည်။

“မင်း ငတုံးလား? ဒါ အရမ်းဈေးပေါလွန်းတဲ့ထောင်ချောက်မှန်း နားမလည်ဘူးလား? စုထုံနျိုရဲ့ နာမည်ကိုသာ ငါတို့ကုမ္ပဏီဘက်က ရှင်းချက်ထုတ်ပေးလိုက်ရင် မင်းရဲ့အလုပ်အကိုင်ကလုံးဝပျက်စီးသွားပြီပဲ။” ဝမ်ဝေ့ငေါက်ငမ်းလိုက်သည်။ ရှန်းယွေ့ယင်း ဒီလောက်တုံးအမိုက်မဲလိမ့်မည်ဟု သူလုံးဝမထင်ထားမိခဲ့ပေ။

“ကျွန်မရဲ့Weiboအကောင့်အစစ်ကို မသုံးထားပါဘူး။ ဘယ်သူမှသိမှာမဟုတ်ဘူး!” ရှန်းယွေ့ယင်းကတော့ အေးဆေးစွာပြန်ပြောနေစဲပင်။ ဘာပဲဖြစ်ဖြစ် သူမဤကဲ့သို့လုပ်ဖူးသည်က ပထမဆုံးအကြိမ်လဲမဟုတ်ဘူးမဟုတ်လား။

“မင်းကတော့ တကယ့်ကိုငတုံးပဲ! ဒီပြဿာနာမှာ မင်းက နံပါတ်တစ်သံသယအရှိခံရဆုံးလူဖြစ်မယ်ဆိုတာ မသိဘူးလား? ဒီပုံတွေက စတူဒီယိုမှာရိုက်ထားတာမှန်း ဒီလောက်သိသာနေတာ ဖေးနန်သာဆို အလွယ်လေးဘယ်သူမှန်း ဖော်ထုတ်နိုင်တယ်။ ဓါတ်ပုံရိုက်ပေးတဲ့လူသာ မင်းကို သစ္စာဖောက်သွားရင် မင်းဘဝပျက်ပြီပဲ!” ဝမ်ဝေ့ဒေါသထွလွန်း၍ အော်ဟစ်မိလုနီးနီးပင်။

လွန်ခဲ့သည့်နှစ်အနည်းငယ်ခန့်က သူ ရှန်းယွေ့ယင်းနှင့်စာချုပ်ချုပ်ခဲ့ချိန်က သူမသည် အတော်အတန် ထက်မြက်သည့်မိန်းကလေးတစ်ယောက်ဖြစ်ခဲ့လေသည်။ သို့ပေမည့် သူမအောင်မြင်မှုအချို့ရလာချိန်တွင်တော့ မောက်မာရိုင်းစိုင်းလာကာ မိုက်မဲသူတစ်ယောက်ဖြစ်လာခဲ့တော့သည်။

ဝမ်ဝေ့၏စကားကြောင့် ရှန်းယွေ့ယင်း ထိတ်လန့်လို့သွားခဲ့ပေပြီ၊

“ကျွန်-ကျွန်မတို့ ဘာဆက်လုပ်ကြမလဲ?”

“အခုချိန်မှတော့ ငါတို့ဘာများလုပ်နိုင်ဦးမယ်လို့ ထင်လဲ? အခုချက်ချင်း သတင်းကိုဖျက်ပြီး တောင်းပန်စာတင်လိုက်။ မှားသွားတယ်လို့ပြောပြီးရင် တောင်းပန်စာကို မင်းရဲ့အကောင့်အစစ်နဲ့ပါ ပြန်တင်ပေးလိုက်။ မင်းတစ်ချိန်လုံး အလုပ်ရှုပ်နေခဲ့လို့ ဒီသတင်း လူပြောအများဆုံးဖြစ်မလာခင်အထိ မသိလိုက်ရတာလို့ အကြောင်းပြပြီး အမှန်မဟုတ်ကြောင်းလဲ ပြောလိုက်။” ဝမ်ဝေ့မှာတော့ ရှန်းယွေ့ယင်းနှင့် စာချုပ်ချုပ်ခဲ့မိသည့်အတွက် နောင်တရလို့နေပေပြီ။

“ဟုတ်-ဟုတ်” ရှန်းယွေ့ယင်း ထိုသို့မှားကြောင်း မတင်ချင်သော်လည်း သူမ၏အနာဂါတ်လမ်းကြောင်း ပျောက်ရှမသွားရေးအတွက် ဝမ်ဝေ့ပြောသည့်အတိုင်း နားထောင်မှဖြစ်ပေမည်။

မကြာခင်တွင်ပဲ ရှန်းယွေ့ယင်း အရင်သတင်းကိုဖျက်လိုက်ကာ နောက်ထပ်သတင်းအသစ်တစ်ပုဒ်ကိုတင်လိုက်လေသည်။

“ကျွန်မတောင်းပန်ပါတယ်။ သတင်းကအမှားပါ၊ စုထုံနျိုက ရှန်းယွေ့ယင်းဆီက ဓါတ်ပုံစတူဒီယိုဖြတ်လုသွားတယ်ဆိုတာလဲ အမှန်မဟုတ်ပါဘူး။ ခွင့်လွှတ်ပေးကြပါ။”

ထိုသတင်းတင်ပြီးသွားသည်နှင့် Weiboပေါ်တွင် နောက်ထပ်ဗုံးတစ်လုံးပေါက်ကွဲသလိုဖြစ်သွားခဲ့ပြန်သည်။

အင်တာနက်အသုံးပြုသူအများစုသည် အစကတည်းက စုထုံနျို အပြစ်ကင်းမှန်း ယုံကြည်ထားကြသူများဖြစ်သောကြောင့် အခုချိန်တွင်တော့ ထိုသတင်းမှားတင်သည့် အကောင့်ကို ဝိုင်းဝန်းတိုက်ခိုက်ကြတော့သည်။

တစ်ချိ်နတည်းတွင်ပဲ ရှန်းယွေ့ယင်း၏ပရိတ်သတ်များသည်လဲ အပြစ်တင်ခံရလေသည်။

“ဟ-ဟ၊ နောက်ထပ်သတင်းတစ်ပုဒ်တော့ထွက်လာပြီ!”

“ဘာများပြောနိုင်သေးလဲ?”

“မုန်းတီးရေးသမားတွေ မင်းတို့တိရိစ္ဆာန်တွေလား!”

“ဒီအကောင့်ပိုင်ရှင်က ခြိမ်းခြောက်ခံရလို့ တောင်းပန်လိုက်ရတာလဲဖြစ်နိုင်တာပဲ။”

“ဟုတ်တယ်။”

“စုထုံနျိုက ရှန်းယွေ့ယင်းဆီက စတူဒီယိုနေရာလုသွားတယ်လို့ မင်းတို့ဘာလို့ ဒီလောက်တောင် ယုံကြည်နေကြတာလဲ၊ အခုလဲ တောင်းပန်တဲ့သတင်းကို အမှန်မဟုတ်ဘူးလို့ အတင်ငြင်းနေပြန်ပြီလား?”

“ဒီကောင်တွေက ဦးဏှောက်ဆေးခံထားရတဲ့ ငတုံးပရိတ်သတ်တွေပဲ၊ သူတို့က သူတို့ဖြစ်စေချင်တာကိုပဲ အတင်းမျက်စိစုံမှိတ်ယုံကြည်နေကြတာ။”

“စိတ်လျှော့ကြပါကွာ၊ ရှန်းယွေ့ယင်းနဲ့ စုထုံနျိုတို့တောင် အခုထိ တိတ်နေကြတာကို။”

လင်းရှောင်ရှားသည်က တစ်ချိန်လုံး Weiboပေါ်မှ လူပြောအများဆုံးသတင်းများကို ကြည့်နေခဲ့သောကြောင့် တောင်းပန်စာထွက်လာပြီးချင်းတွင်ပဲ တန်းပြီး မြင်ခဲ့လေသည်။ ကုနင်းနှင့်အခြားသူများလဲ ဖတ်ကြည့်လိုက်ကြပေမည့် ချက်ချင်းတော့ ဘာမှမပြောကြသေးပေ။

ကုနင်းသည်လဲ ရှန်းယွေ့ယင်းဘာဆက်လုပ်မလဲဆိုသည်ကို အလွန်သိချင်နေလေသည်။ သူမသာ စုထုံနျို၏နာမည်ကို ရှင်းလင်းပေးမည်ဆိုလျှင် ကုနင်းလဲ ဒီတစ်ခေါက်တော့ သူမ၏လုပ်ရပ်ကို လျစ်လျူရှုပေးလိုက်မည်။

ဆယ်မိနစ်ကျော်ကြာပြီးနောက်တွင်တော့ ရှန်းယွေ့ယင်း သူမ၏အကောင့်အစစ်ဖြင့် စာကြောင်းတွေအများကြီးပါဝင်သည့် တောင်းပန်စာကို ပြန်ရေးတင်လာခဲ့သည်။

“အားလုံးပဲ တောင်းပန်ပါတယ်။ အစောပိုင်းက အလုပ်ရှုပ်နေခဲ့လို့ သတင်းတွေအကြောင်း မသိလိုက်ရတာပါ။ ဓါတ်ပုံစတူဒီယိုကိစ္စက သတင်းအမှန်မဟုတ်ပါဘူး!! ဒါကြောင့် သတင်းအမှားတွေဖြန့်နေတာ ရပ်လိုက်ကြပါတော့။”

လူအများစုသည်တော့ ဤဖြစ်ရပ်မှာ ရှန်းယွေ့ယင်းတစ်ယောက်တည်း ဇာတ်လမ်းရေးကာ သရုပ်ဆောင်သွားခြင်းမှန်း မသိကြသောကြောင့် အမှားလုပ်မိသွားခြင်းဟုသာ ယုံကြည်လိုက်ကြလေသည်။

ထို့နောက်တွင်တော့ စုထုံနျို၏ပရိတ်သတ်များက ရှန်းယွေ့ယင်း၏ပရိတ်သတ်များကို စတင်တိုက်ခိုက်တော့သည်။

“အခုဘယ်လိုများ ခံစားသွားကြရလဲ၊ ရှန်းယွေ့ယင်းပရိတ်သတ်တွေ?”

“ဘာလို့ အခုကျ တိတ်ကုန်ကြတာလဲ?”

***

အခန်း ၆၀၃

ကုနင်း၏ဆွဲဆောင်နိုင်မှု

ရှန်းယွေ့ယင်း၏ပရိတ်သတ်များမှာတော့ ရှန်းယွေ့ယင်းကိုယ်တိုင်က စုထုံနျို၏နာမည်ကို ရှင်းပေးသွားခဲ့သောကြောင့် အသံတိတ်လို့သွားတော့သည်။

ဤပြဇာတ်ပြီးသည့်နောက်တွင်တော့ စုထုံနျို၏Weiboအကောင့်တွင် လူပေါင်းများစွာ ဆက်တိုက်ဆိုသလို တိုးလာတော့သည်။

နာရီဝက်ကြာပြီးနောက်တွင်တော့ ကုနင်းကလဲ စုထုံနျိုကို သတင်းတစ်ပုဒ်တင်ဖို့ရန်ပြောလိုက်သည်။

စုထုံနျို : @JadeBeautyလက်ဝတ်ရတနာအမှတ်တံဆိပ်အတွက် ပင်တိုင်မော်ဒယ်ဖြစ်ခွင့်ရတာ ဂုဏ်ယူမိပါတယ်! ကျွန်မတို့ ထန်ဟွမ်ဖျော်ဖြေရေးလုပ်ငန်း၏ ဓါတ်ပုံစတူဒီယိုင်တွင် ကြော်ညာရိုက်ကူးရေးလုပ်ခဲ့ပေမယ့် မမျှော်လင့်ထားပါဘဲ နားလည်မှုလွဲစရာကိစ္စများဖြစ်သွားခဲ့ပါတယ်။ အခုတော့ ကျွန်မနာမည်ကို ရှင်းသွားပြီမှန်းသိရလို့လဲ ဝမ်းသာပါတယ်။ ကျောက်စိတ်လက်ဝတ်ရတနာတွေကို အရမ်းချစ်တယ်! [ပုံနှင့်တကွ]

စုထုံနျို ကျောက်စိမ်းလက်ဝတ်ရတနာ၆စုံနှင့်တွဲရိုက်ထားသည့် ကိုယ်တိုင်ရိုက်ဓါတ်ပုံ၆ပုံကိုပါတင်ပေးလိုက်သည်။ ကျောက်စိမ်းလက်ဝတ်ရတနာများ၏ဒီဇိုင်းများမှာ အထူးအဆန်းမဟုတ်သော်လည်း အဆင့်မြင့်ကျောက်စိမ်းများကို အသုံးပြုထားသောကြောင့် ကြည့်လိုက်ရုံဖြင့် အလွန်ဆွဲဆောင်မှုရှိလှပေသည်။

ထိုသတင်းပျံ့သွားသည်နှင့်မိနစ်ပိုင်းအတွင်းတွင်ပဲ ချီးမွမ်းသည့်မှတ်ချက်များစွာတက်လာတော့သည်။

“ဝါး၊ ထုံနျိုကတော့ အရမ်းလှတာပဲ၊ လက်ဝတ်ရတနာတွေကလဲ လှတယ်!”

“ဒါ JadeBeautyလက်ဝတ်ရတနာအမှတ်တံဆိပ်လား?”

“ဒီတံဆိပ်က အခုတလော အရမ်းလူကြိုက်များနေပြီး အခုတောင်မှ လူပြောအများဆုံးသတင်းဖြစ်နေသေးတယ်! ထုံနျို မင်းက ကုနတ်ဘုရားမနဲ့သိတာလား? သူ့ပုံလေးနည်းနည်းလောက် တင်ပေးပါလား?”

“ကုနတ်ဘုရားမပုံလေးတင်ပေးပါ!”

“တင်ပေးပါ!”

တကယ်တမ်း စုထုံနျိုကသာ ကြော်ညာ၏အဓိကဖြစ်ရမှာပေမည့် JadeBeautyဆိုသည့်သတင်းပါလာသည်နှင့် ကုနင်းက သူမနေရာကို အစားဝင်ယူလို့သွားတော့သည်။

ထို့နောက်တွင်တော့ JadeBeautyလက်ဝတ်ရတနာလုပ်ငန်းနှင့် ကုနင်းတို့ထပ်မံပြီး အာရုံစိုက်မှုများစွာရသွားခဲ့ပြန်သည်။

JadeBeautyလက်ဝတ်ရတနာများ၊ စုထုံနျို နှင့်ကုနင်းတို့ ပိုပြီး ကျော်ကြားလာလေ JadeBeautyလက်ဝတ်ရတနာလုပ်ငန်းကို ဝယ်သူပိုများလာလေဖြစ်သည်။

အချို့ကတော့ ဤကိစ္စဟာ JadeBeautyဘက်မှ ဟန်ပြခြင်းဖြစ်မည်ကို ထင်ကြသော်လည်း ကျော်ကြားမှုကတော့ ရပ်စဲသွားခြင်းမရှိပေ။

ကုနင်းတွင် ကိုယ်ပိုင်Weiboမရှိသော်လည်း လူအများအပြားကတော့ စုထုံနျိုနှင့် JadeBeautyလက်ဝတ်ရတနာလုပ်ငန်း၏ တရားဝင်အကောင့်များတွင် တိုးပွားလာလေသည်။ နာရီပိုင်းအတွင်းတွင်ပဲ စုထုံနျို၏အကောင့်တွင် ပရိတ်သတ်ပေါင်း၁၀သန်းကျော်သွားတော့သည်။ အချို့လူများကတော့ ကုနင်း၏ပရိတ်သတ်များဖြစ်ပြီး ကုနင်းအကြောင်း သိရဖို့အတွက် စုထုံနျို၏အကောင့်ကို စောင့်ကြည့်ကြခြင်းဖြစ်ပေမည့် သူတို့လဲ အခုချိန်တွင် စုထုံနျိုကို ကြိုက်နေကြပြီဖြစ်သည့် အချက်ကိုတော့ မထိခိုက်စေပေ။

တစ်ချိန်တည်းတွင်ပဲ လီယွင်မင်တစ်ယောက်လည်း မှတ်ချက်ပေါင်းသောင်းချီကို ပြန်စာရေးနေရသောကြောင့် ရူးတော့မတတ်ဖြစ်ပေပြီ။

သို့ပေမည့် ရှန်းယွေ့ယင်းသည်တော့ သူမထက် စုထုံနျိုပိုလို့တောင် နာမည်ကြီးသွားသောကြောင့် အလွန်ဒေါသထွက်နေခဲ့သည်။

“ဘော့စ်၊ ကျွန်မရဲ့နေရာကို ခိုးသွားပြီ။” ပရိတ်သတ်များ၏မှတ်ချက်များကို ဖတ်ပြီးနောက် စုထုံနျို ကုနင်းကို မကျေမနပ်ဖြင့်ပြောလိုက်သည်။ သို့ပေမည့် စနောက်ခြင်းသာဖြစ်လေသည်။ ကုနင်းသာ သရုပ်ဆောင်တစ်ဦးဆိုလျှင်တော့ သူမမနာလိုဖြစ်မိမှာမှန်ပေမည့် အခုတော့ ကုနင်းက သူမဘော့စ်ဖြစ်နေလေသည်။

ကုနင်းလဲ သူမ၏ဆံပင်လေးကို ခါကာမော်ကြွားနေဟန်ဖမ်းလိုက်ပြီး၊

“ငါက အရမ်းဆွဲဆောင်မှုရှိနေတော့ ဘယ်လိုမှ လူမသိအောင် နေလို့မရဘူးလေ။” ကုနင်းလဲ နောက်ပြောင်လိုက်ခြင်းသာဖြစ်ပေမည့် စားပွဲဝိုင်းတွင် ထိုင်နေကြသည့်လူအများကတော့ မှင်သက်လို့သွားခဲ့သည်။

ကုနင်းပုံမှန်အတိုင်း အေးစက်စက်နှင့်ရုပ်တည်ကြီးသာနေလျှင် သူမလဲ ဆွဲဆောင်မှုရှိလိမ့်မည်ဟု ဘယ်သူမှတွေးမိလိမ့်မည်မဟုတ်ပေ။

စုထုံနျိုလဲ သက်ပြင်းတစ်ချက်ချကာ လေးနက်သည့်အနေအထားတစ်ဝက်ဖြင့်၊

“ဘော့စ်က အေးစက်ပြီး ရုပ်တည်နဲ့နေရင်နေ မဟုတ်ရင် ချစ်စရာကောင်းအောင် နေတာပဲ ပိုကောင်းမယ်၊ အဲ့လိုမှမဟုတ်ဘဲ ဆွဲဆောင်မှုရှိတဲ့ပုံစံမျိုးနဲ့သာနေရာ မိန်းမတိုင်းရဲ့ ရန်သူဖြစ်သွားလိမ့်မယ်။”

စုထုံနျိုပြောသည်ကလဲ မှန်ပေသည်။ ကုနင်းသည် အလွန်ထူးချွန်ပြီး မိန်းမတိုင်း သူမကို အလွယ်တကူ မနာလိုဖြစ်စေနိုင်ပေသည်။

ကုနင်းသာ အရွယ်ရောက်ကြီးပြင်းလာပြီး မှင်သက်စရာကောင်းလောက်သည့် အလှမျိုးပိုင်ဆိုင်သွားလျှင် သူမသည် ယောက်ျားတိုင်း၏ အိပ်မက်ချစ်သူဖြစ်လာပေလိမ့်မည်။

“အဲ့လိုဖြစ်လဲ မကြောက်ပါဘူး။” ကုနင်း တကယ်လဲ ထိုသို့ဖြစ်သွားလျှင်တောင် ဂရုမစိုက်ပေ။

“ဘော့စ် ဓါတ်ပုံနည်းနည်းလောက် တင်ပေးစေချင်လား?” စုထုံနျိုမေးလိုက်သည်။

“မတင်ပါဘူး။ ငါက အနုပညာရှင်မှမဟုတ်ဘဲ လူထုရဲ့အာရုံစိုက်မှုကို ရဖို့စိတ်ကူးမရှိဘူး။”

“ကောင်းပြီလေ။”

ညနေ၅နာရီခွဲတွင်တော့ ရိုက်ကူးရေးပြီးဆုံးသွားတော့သည်။

ဖေးနန်ကို မူရင်းဓါတ်ပုံများကိုသာ ပို့ပေးဖို့ ကုနင်းပြောလိုက်ပြီး ကြော်ညာပိုစတာအတွက် ကေကိုသာ ပြင်ဆင်ခိုင်းဖို့ စီစဉ်ထားလေသည်။ ကြော်ညာဗီဒီယိုအတွက်ကိုတော့ ထန်ဟွမ်ဖျော်ဖြေရေးလုပ်ငန်းကပဲ ရိုက်ကူးကာ ကေကပဲ ပြင်ဆင်မှုလုပ်ပေလိမ့်မည်။

သူမ ထိုသို့စီစဉ်ရခြင်းက ထန်ဟွမ်ဖျော်ဖြေရေးလုပ်ငန်းမှ ပညာရှင်များကို မယုံကြည်ရမဟုတ်ဘဲ သူမလူများကိုသာ သုံးလိုခြင်းကြောင့်သာဖြစ်သည်။ ထန်ဟွမ်ဖျော်ဖြေရေးဘက်ကိုလဲ ကုနင်းအတင်းအကြပ် အခကြေးငွေပေးခဲ့သောကြောင့် မငြင်းဆန်နိုင်ခဲ့ပေ။

အချိန်အတော်ကြာပြီးနောက်တွင်တော့ သူမတို့အဖွဲ့ ဓါတ်ပုံစတူဒီယိုထဲမှ ပြန်ထွက်လာကြလေသည်။

“ကြည့်စမ်း၊ အဲ့ဒါ စုထုံနျိုမဟုတ်လား?”

သူမတို့ထွက်လာသည့်အချိန်တွင်ပဲ ထန်ဟွမ်ဖျော်ဖြေရေးလုပ်ငန်းမှ ဝန်ထမ်းအချို့က သတိထားမိသွားကြပေမည့် စုထုံနျိုသည် ဦးထုပ်နှင့်နှာခေါင်းစည်ကိုတပ်ထားသောကြောင့် မသေမချာဖြစ်နေကြသည်။

“ဟုတ်မယ်ထင်တယ်! ငါသူ့ကို ဓါတ်ပုံရိုက်ထားရမယ်!” ပြောရင်းနှင့်ပင် ကောင်မလေးတစ်ယောက် သူတို့အဖွဲ့ကို ဓါတ်ပုံများစွာရိုက်ကူးနေပေမည့် အလုပ်ချိန်သာဖြစ်သေးသောကြောင့် သူမခေါင်းဆောင်ဆူမည်စိုး၍ အနားထိတော့ ကပ်မလာရဲပေ။

စုထုံနျိုတို့အဖွဲ့လဲ သူမကို မဟန့်တားပါဘဲ လမ်းကိုသာ ဆက်လျှောက်လာခဲ့သည်။

စုထုံနျို၏ပုံများစွာ ရိုက်ကူးနိုင်သွားခဲ့ကာ ပုံထဲတွင် ကုနင်းလဲ ပါနေလေသည်။ ကုနင်း သူမကို ဓါတ်ပုံရိုက်မည်အားမလိုချင်သော်လည်း ပုန်းနေမည်တော့လဲမဟုတ်ပေ။ သူမက အနုပညာရှင်လဲမဟုတ်သောကြောင့် ပုန်းနေဖို့ရန်မလိုအပ်ပေ။

“သူ့ဘေးနားက ကောင်မလေးက လှလိုက်တာ!”

“ဟုတ်သားပဲ! သူဘယ်သူလဲသိလား?”

“မသိဘူးလေ၊ သူ့လက်ထဲမှာလဲ ပစ္စည်းတွေသယ်လာတာဆိုတော့ စုထုံနျိုရဲ့ လက်ထောက်ဖြစ်မယ်ထင်တယ်။”

“သူ့အလှတွေကို ဖြုန်းတီးနေတာပဲ!”

သူတို့အားလုံး ကုနင်းကို JadeBeautyလက်ဝတ်ရတနာလုပ်ငန်း၏ ပိုင်ရှင်းမှန်းမမှတ်မိကြပေမည့် ရင်းနှီးနေသည်ဟုတော့ ခံစားနေမိလေသည်။

ကုနင်းတို့အဖွဲ့လဲ မကြာခင်တွင်ပဲ ထန်ဟွမ်ဖျော်ဖြေရေးလုပ်ငန်းအဆောက်အဦးမှ ထွက်လာခဲ့ကာ ညစာစားဖို့ရန်အတွက် ဟွမ်းဒင်ဟိုတယ်သို့ပဲသွားခဲ့ကြသည်။

ကားမောင်းနေသည့်အချိန်တွင်ပဲ ကုနင်း ကျိုးကျန်းဟုန်ကို ဆက်သွယ်လိုက်သည်။

ကျန်းကျန်းဟုန်လဲ အခုပဲ ဟိုတယ်သို့ပြန်ရောက်နေခြင်းဖြစ်သောကြောင့် သူ့ကို ခနအနားယူပြီး ညစားစားမှတွေ့ကြမည်ဟု ကုနင်းပြောလိုက်သည်။

***

အခန်း ၆၀၄

ကုနတ်ဘုရားမလား!

ဖေးနန်သည်တော့ စတူဒီယိုထဲတွင်ပဲ ရှိနေစဲဖြစ်ကာ အခန်းထဲမှလူတိုင်းကို လေးနက်သည့်အမူအရာဖြင့် စကားပြောနေခဲ့သည်။

“ဒီနေ့ Weiboမှာ လူပြောအများဆုံးဖြစ်သွားတဲ့ သတင်းကို မင်းတို့အားလုံးလဲသိမှာပေါ့။ ပြီးတော့ ဓါတ်ပုံတွေကလဲ ငါတို့စတူဒီယိုထဲကနေ ပေါက်ကြားသွားတာတွေ။ ဒီတော့ ဘယ်သူလုပ်တာလဲဆိုတာ ငါမေးချင်တယ်။ ဒါပေမယ့် ကိုယ့်အသိနဲ့ကိုယ် ဝန်ခံမယ်လို့လဲ မျှော်လင့်တယ်၊ ဒီလိုသာဆို ငါ့ဘက်ကလဲ အပြစ်ဒဏ်ကို လျှော့ပေါ့ပေးမယ်။ တကယ်လို့ အဆုံးထိဝန်မခံဘဲ ငါကိုယ်တိုင်ရှာလို့တွေ့သွားရင်တော့ အလုပ်ဖြုတ်ခံရမယ်။”

ထို့နောက် ဖေးနန်ထွက်သွားတော့သည်။

ကုနင်းမသွားခင်တုန်းက ဓါတ်ပုံများအပြင်ဘက်ရောက်အောင်လုပ်သူမှာ သူ့အဖွဲ့သားထဲမှဖြစ်ပေမည့် သတင်းတင်သူကတော့ မဟုတ်ကြောင်း ပြောပြခဲ့လေသည်။

ကုနင်းတို့အဖွဲ့ထွက်သွားပြီးသည်နှင့် သူမတို့ဓါတ်ပုံများကို ရိုက်ထားကြသူများလဲ အင်တာနက်ပေါ်တွင် ချက်ချင်းတင်ကြတော့သည်။

ယနေ့အတွက် စုထုံနျိုသည် လူပြောအများဆုံးအနုပညာရှင်ဖြစ်နေတာကြောင့် အင်တာနက်အသုံးပြုသူများက ထိုဓါတ်ပုံများကို မိနစ်ပိုင်းအတွင်းမှာပင် မှတ်ချက်များ ပြန်လည်တင်ခြင်းများ များစွာပြုလုပ်ခဲ့ကြသည်။

ထန်ဟွမ်ဖျော်ဖြေရေးလုပ်ငန်းမှ ဝန်ထမ်းမိန်းကလေးသည်လဲ သူမတင်သည့်ပုံများတွင် စာများစွာကိုလဲ ရေးသားခဲ့သေးသည်။

“စုထုံနျိုနဲ့ အမှတ်မထင်တွေ့ဆုံခြင်း! သူ့ဘေးက အလှလေးကလဲ ဆွဲဆောင်မှုရှိတယ်။ သူဘာကြောင့်များ ဖျော်ဖြေရေးလောကမှာ မလုပ်ရတာပါလိမ့်။”

ကုနင်းကို မမှတ်မိကြသည့်လူများကလဲ ထိုသို့တွေးမိကြလေသည်။ သို့ပေမည့် အချို့ကတော့ ကုနင်းလှကြောင်း သတိပြုမိကာ၊

“အား! သူက ကုနတ်ဘုရားမပဲ! သူက အရမ်းအောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်လေ၊ သေချာပေါက် အနုပညာရှင်အလုပ်ကို ဘယ်ဂရုစိုက်မလဲ။”

“တကယ်လား? ဝါး မှင်သက်လောက်စရာအလှမျိုးပဲ။”

ကုနင်း၏ပုံအောက်တွင် မရေမတွက်နိုင်လောက်သည့် မှတ်ချက်များဖြင့် ပြည့်သွားတော့သည်။

ဝန်ထမ်းမိန်းကလေးလဲ မှတ်ချက်များကို ဖတ်ကာ အလွန်ထိတ်လန့်သွားတော့သည်။ ဘာ? အလှလေးက ကုနတ်ဘုရားမလား? သူဘယ်လိုကြောင့်များ မမှတ်မိလိုက်ရတာပါလိမ့်! သူမအတော်လေး နောင်တရသွားလေသည်။ ထိုသို့ဆိုလျှင်တောင်မှ အခုချိန်မှတော့ သူမဘာမှမလုပ်နိုင်တော့ပေ။

အချို့အပုပ်ချသူများလဲရှိပေမည့် မကြာခင်တွင်ပဲ တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်ခံလိုက်ကြရသောကြောင့် ဘယ်သူမှ ကုနင်းကို မကောင်းမပြောရဲတော့ပေ။

စုထုံနျိုနှင့်ကုနင်းတို့ ဤရက်ပိုင်းအတွင်း အာရုံစိုက်မှုများစွာရရှိထားပြီးဖြစ်သောကြောင့် သူတို့နှစ်ဦး၏သတင်းများမှာ အချိန်တိုအတွင်းတွင်ပဲ ဝဘ်ဆိုဒ်များစွာ၏ ခေါင်းစီးသတင်းဖြစ်လာတော့သည်။

ကုနင်းသာမကဘဲ ယုကျီ၏မျက်နှာသည်လဲ ပုံများထဲတွင် ရှင်းလင်းစွာပေါ်နေခဲ့သည်။

…….

ထိုအချိန်တွင် လင်းထျန်းယွီနှင့်ကျောက်ရှောင်ရွှမ်းတို့မှာ စားသောက်ဆိုင်တစ်ခုတွင် ညစာစားနေကြသည်။ ကျောက်ရှောင်ရွှမ်းသည် အတင်းပြောရတာကြိုက်သူဖြစ်သောကြောင့် ဟင်းပွဲများလာမချခင် အင်တာနက်မှသတင်းမှန်သမျှကို လင်းထျန်းယွီအား ပြန်ပြောပြလို့နေသည်။

လင်းထျန်းယွီမှာ ပြီးခဲ့သည့်နှစ်ရက်အတွင်း ယုကျီက သူ့ဖုန်းဆိုလျှင် မကိုင်သောကြောင့် ကျောက်ရှောင်ရွှမ်းပြောနေသမျှကို အာရုံမထားနိုင်ပေ။ ယုကျီသည် သူ၏ရည်းစားဟောင်းဆိုသော်လည်း သူမကို နှစ်သက်နေစဲဖြစ်သောကြောင့် ယခု ယုကျီတွင် ချမ်းသာသည့် ချစ်သူကောင်လေးရှိနေပြီဆိုသည်ကို သိရချိန် မနာလိုဖြစ်ကာ ဝမ်းနည်းမိနေသည်။

“ဘာ? ယုကျီက အခု စုထုံနျိုနဲ့ JadeBeautyလက်ဝတ်ရတနာလုပ်ငန်းပိုင်ရှင်နဲ့အတူ ရှိနေတယ်!” ကျောက်ရှောင်ရွှမ်း ထိတ်လန့်တကြားအော်မိသွားသောကြောင့် စားသောက်ဆိုင်ထဲမှလူများ၏အကြည့်များ သူမထံကျရောက်လာခဲ့သည်။ သို့ပေမည့် တစ်ချက်လောက်သာ ကြည့်ရုံကြည့်ပြီးနောက် သူတို့လုပ်လက်စကိစ္စများကို ပြန်ဦးတည်သွားခဲ့သည်။

“ဘာ? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?” လင်းထျန်းယွီလဲ ထိတ်လန့်သွားကာ ဘယ်လိုမှမယုံကြည်နိုင်ခဲ့ပေ။ ယုကျီသည် သာမာန်ကောင်မလေးတစ်ယောက်သာဖြစ်သောကြောင့် ဘယ်လိုလုပ် နာမည်ကြီးသရုပ်ဆောင်တစ်ယောက်နှင့် အောင်မြင်သည့်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးနှင့်အတူ ရှိနေနိုင်ပါမည်နည်း?

စုထုံနျိုသည် ယခုအထိတော့ Aအဆင့်သရုပ်ဆောင်တစ်ဦးမဟုတ်သေးသော်လည်း လူအများ၏အမြင်တွင်တော့ ကျော်ကြားသည့် သရုပ်ဆောင်တစ်ဦးဖြစ်နေပေပြီ။ ထို့အပြင် စုထုံနျိုသည် ယခုမှ Bအဆင့်သရုပ်ဆောင်တစ်ဦး ဖြစ်နေတာတောင်မှ လင်းထျန်းယွီလိုလူမျိုးထက်တော့ ပိုပြီး ကျော်ကြားကာ ချမ်းသာသူဖြစ်လေသည်။ Bမြို့တွင် လင်းထျန်းယွီ၏မိသားစုမှာ အရမ်းချမ်းသာနေသည်မှမဟုတ်ဘဲ။

ယုကျီ အခုလို အောင်မြင်ကျော်ကြားသည့်လူများနှင့်သိနေသည်က သူမကိုယ်တိုင်ကြောင့်ပဲလား သူမ၏ရှူးဂါးဒယ်ဒီကြောင့်ပဲလားဆိုသည်ကို လင်းထျန်းယွီ နားမလည်နိုင်သေးပေ။ ယုကျီသာ သူမကိုယ်တိုင်အားထုတ်မှုကြောင့် နာမည်ကြီးသူများနှင့်သိနေခြင်းဆိုလျှင် သူမလဲ အောင်မြင်လာနိုင်ပေသည်။ လင်းထျန်းယွီ အလွန်အံ့အားသင့်သွားတော့သည်။ ထို့နောက် ယုကျီကို စွန့်ပစ်မိသည့်အတွက်လဲ နောင်တရလို့လာတော့သည်။

“ဘယ်လိုလုပ် ယုကျီက စုထုံနျိုနဲ့ မိန်းကလေးကုကိုတွေ့နိုင်တာလဲ?” ကျောက်ရှောင်ရွှမ်း၏မျက်နှာသည်တော့ မနာလိုမှုများကြောင့် တွန့်ရှုပ်လို့နေလေသည်။ သူမကသာ ထိုသို့အောင်မြင်သည့်လူများနှင့်တွေ့ဆုံဖို့ရန် ယုကျီထက်ပိုပြီး အရည်အချင်းပြည့်မီသည်ဟု တွေးနေလေသည်။ ယုကျီသည် အမြဲတမ်းအဆင့်နိမ့်သူဖြစ်သောကြောင့် ယခုအချိန်တွင် ယုကျီက သူမထက်သာလွန်နေသည်ကို သိရချိန် လုံးဝသည်းမခံနိုင်တော့ပေ။

ကျောက်ရှောင်ရွှမ်း မုန်းတီးစွာပြုံးလိုက်ရင်း သူမဘာသာတွေးလိုက်လေသည်။ ယုကျီ! တွေ့ကြသေးတာပေါ့!

……..

မိနစ်အနည်းငယ်ကြာပြီးနောက် ကုနင်းတို့ရှိနေသည့် သီးသန့်ခန်းထဲသို့ ကျိုးကျန်းဟုန် ရောက်ရှိလာခဲ့သည်။ ထို့နောက် ကုနင်းက အားလုံးကို အချင်းချင်းမိတ်ဆက်ပေးလိုက်ပြီး ညစာစားကြတော့သည်။

…….

တစ်ချိန်တည်းတွင်ပဲ ထန်ဝေ့ရုန်၏နေအိမ်တွင်တော့၊

ထန်ရှင်းယွဲ့ပြန်ရောက်လာကာ အိမ်တော်ထိန်းမှနေပြီး ညစာစားဖို့ရန် အပေါ်ထပ်သို့သွားကာ ထန်ဝေ့ရုန်အား ခေါ်ခဲ့သည်။

ထန်ဝေ့ရုန် အောက်ထပ်သို့ဆင်းလာသည်နှင့် ထန်ရှင်းယွဲ့လဲ နှုတ်ဆက်လိုက်သည်။

“အဖေ၊ ဒီကိုလာကြည့်ပါဦး။”

“ဘာလဲ?” ထန်ဝေ့ရုန် လျှောက်လာခဲ့သည်။

“ဖတ်ကြည့်ပါဦး။” ထန်ရှင်းယွဲ့ သူမဖုန်းကို သူမအဖေထံထိုးပေးလိုက်သည်။

ထန်ဝေ့ရုန်လဲ သတင်းကိုဖတ်ကြည့်ပြီးနောက် ထိတ်လန့်အံ့ဩသွားတော့သည်။ ကုနင်းက အင်အားရှိတယ်လား?

ကုနင်း၏သတင်းများကို ထန်ဝေ့ရုန်ဖတ်ခဲ့ခြင်းဖြစ်သည်။ ကုနင်းတွင် လက်ဝတ်ရတနာဆိုင်တစ်ဆိုင်ပိုင်မှန်း သူသိထားကာ သာမာန်မိန်းကလေးလဲမဟုတ်ကြောင်း သိပေမည့် သိုင်းပညာအဆင့်ပါမြင့်ကြောင်းနှင့် သူမ၏အရည်အချင်းများကြောင့် အံ့ဩသွားရခြင်းဖြစ်သည်။

“ကြည့်ရတာ၊ သူ့ကို ရှင်းဖို့က သိပ်မလွယ်မယ့်ပုံပဲ။” ထန်ဝေ့ရုန် အလွန်မကျေမနပ်ဖြစ်သွားတော့သည်။ သို့ပေမည့် ကုနင်းနှင့်ကုမန့်ကို တိုက်ခိုက်ဖို့အစီအစဉ်ကိုတော့ ဘယ်တော့မှ လက်လျှော့မည်မဟုတ်ပေ။ ကုနင်း၏အင်အားပိုကြီးမားလေ သူ့လမ်းကြောင်းပေါ်က သူမကိုရှင်းထုတ်ပစ်ဖို့ ပိုပြီး စိတ်အားထက်သန်လေပင်။

“အဖေ၊ နောက်တစ်ဆင့်ကိုဘာဆက်လုပ်ကြမလဲ? ထန်ယွင်ဖန်းသာ သတိပြန်ရလာရင် သမီးတို့အစီအစဉ်တွေ ပျက်စီးသွားလိမ့်မယ်။” ထန်ရှင်းယွဲ့ စိုးရိမ်စွာဖြင့်ပြောလိုက်သည်။

“စိုးရိမ်မနေနဲ့၊ အဖေအားလုံးစီစဉ်ပြီးပြီး၊”

“ထန်ယွင်ဖန်း ဒီတစ်ခေါက်တော့ ဘယ်တော့မှပြန်နိုးလာမှမဟုတ်တော့ဘူး။”

“ပြီးတော့ ကုနင်းကို ချဉ်းကပ်ဖို့လဲ အခွင့်ရေးရအောင်လုပ်။” ထန်ဝေ့ရုန်ထပ်ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ၊ အဖေ။”

…..

ဖန်အိမ်တော်တွင်၊

ရက်အနည်းငယ်အနားယူပြီးနောက်တွင်တော့ ဖန်ရွှယ်ချင်၏မျက်နှာပြန်ကောင်းသွားပေပြီ။

သူမ၏မိဘများ ကျန်းကျန်းမာမာနှင့်အသက်ရှင်လျက်ရှိနေသေးသော်လည်း သူမ၏အစ်ကို ဖန်ပင်းဟွေ့ကပဲ မိသားစုလုပ်ငန်းကို ဦးစီးနေသူဖြစ်သည်။ ဖန်ရွှယ်ချင်တွင် ဖန်ပင်းဟွမ်ဆိုသည့် အသက်၃၂နှစ်ပြည့်တော့မည့် မောင်တစ်ယောက်လဲရှိသေးသည်။

ဖန်ရွှယ်ချင်သည် အသက်၃၅နှစ်ရှိပြီဖြစ်တာတောင် တစ်ကိုယ်တည်းသမားဖြစ်နေသောကြောင့် သူမ၏မိသားစုက အလွန်ချမ်းသာသည့်မိသားစု၏သမီးမိန်းကလေးက လက်ထပ်ဖို့ငြင်းဆိုနေခြင်းကြောင့် အရှက်ရရသည်ဟုတွေးကာ သဘောမတွေ့ကြပေ။ သို့ပေမည့် သူတို့မိသားစု အဆင်ပြေကာ စည်းလုံးကြောင်း ပြသဖို့ရန်အတွက် အတူတကွနေထိုင်နေကြစဲပင်။

***

အခန်း ၆၀၅

အခြေအနေ

ဖန်ရွှယ်ချင်သာ တစ်စုံတစ်ဦးနှင့်လက်ထပ်လိုက်လျှင်တော့ ဖန်အိမ်တော်မှ ခွဲထွက်ကာနေလို့ရမည်ဆိုပေမည့် သူမကိုယ်တိုင်က လက်ထပ်ဖို့ ငြင်းဆန်နေခဲ့သူဖြစ်သည်။

အစပိုင်းတွင်တော့ သူမမိသားစုဘက်က သူမကို ထန်ယွင်ဖန်းအားမေ့ပစ်ကာ အခြားလူတစ်ယောက်နှင့်လက်ထပ်ရန် တိုက်တွန်းကြပေမည့် သူမကတော့ ဘယ်သောအခါကမှ ပြောစကားနားမထောင်ခဲ့ပေ။

ဖန်ပင်းဟွမ်တို့ဇနီးမောင်နှံသည်တော့ ဖန်ရွှယ်ချင်ကို အထင်အသေးဆုံးလူများဖြစ်ကာ သူတို့တတွေ မကြာခဏဆိုသလို စကားများရန်ဖြစ်တတ်ကြပေသည်။

ဖန်ရွှယ်ချင် ဖန်အိမ်တော်သို့ပြန်ရောက်လာချိန်တသည် အတော်လေးနောက်ကျနေပြီဖြစ်ကာ ညစာစားချိန်ပင်ရောက်နေပြီဖြစ်ပေမည့် ဖန်ပင်းဟွေ့တို့ဇနီးမောင်နှံသည်တော့ သူမဝင်လာသည့်အချိန်တွင် အဝတ်အစားကောင်းကောင်းမွန်မွန်ဝတ်စားကာ အပြင်ထွက်လာသည်နှင့်တိုးလေသည်။

“ဘယ်သွားကြမလို့လဲ?” ဖန်ရွှယ်ချင်မေးလိုက်သည်။

“ပါတီသွားမလို့ပေါ့။” ဖန်ပင်းဟွမ်၏ဇနီး ထုံဝမ်က ပေါ့ပျက်ပျက်သာပြန်ဖြေလိုက်သည်။

“ပါတီ? ဘာပါတီလဲ?” ဖန်ရွှယ်ချင်ကတော့ ထုံဝမ်ကို လျစ်လျူရှုကာ လုချိုးထင်ကိုသာ မေးလိုက်သည်။

“အာ၊ လေ့ကတော်ရဲ့မွေးနေ့ပါတီလေ။” လုချိုးထင် ပြန်ဖြေလိုက်သည်။

“ဘာ?” ဖန်ရွှယ်ချင် အလွန်မကျေမနပ်ဖြစ်သွားတော့သည်။

“ဘာလို့ ငါ့ကိုတစ်ယောက်မှအသိမပေးကြတာလဲ?”

လေ့မိသားစုသည် ထန်မိသားစုနှင့် ဆက်ဆံရေးကောင်းမွန်ကြကာ လက်ရှိ လေ့မိသားစု၏ခေါင်းဆောင်တစ်ယောက်ဖြစ်သည့် လေ့ဟောက်ဝေ့ဆိုလျှင် ထန်ယွင်ဖန်း၏ သူငယ်ချင်းကောင်းတစ်ဦးပင်ဖြစ်လေသည်။ ထို့အတွက်ကြောင့် ထန်ယွင်ဖန်းလဲ သေချာပေါက် သူ့သူငယ်ချင်း၏ဇနီးမွေးနေ့ပွဲကို တက်ရောက်ပေလိမ့်မည်။ ထန်ယွင်ဖန်းသာလာခဲ့မည်ဆိုလျှင် ဖန်ရွှယ်ချင်အတွက်လဲ ထန်ယွင်ဖန်းကို တွေ့ဆုံဖို့အခွင့်အရေးရနိုင်ပေသည်။

ကုမန့်နှင့်ကုနင်းတို့ရုတ်တရက်ပေါ်လာသောကြောင့် ဖန်ရွှယ်ချင် အလွန်စိတ်မအေးနိုင်ဖြစ်လို့နေလေသည်။ လုချိုးထင်က သူမကို ကူညီစုံစမ်းပေးခဲ့သော်လည်း အသုံးဝင်လောက်သည့် အချက်အလက်တစ်ခုတစ်လေကိုမှ မရရှိခဲ့ပေ။

ကုနင်း ယနေ့ပါတီကို ထန်ယွင်ဖန်းနှင့်အတူ ပွဲတက်လာမလားဆိုသည်ကိုလဲ ဖန်ရွှယ်ချင် သိချင်နေမိသည်။ သို့ပေမည့် သူမမသိလိုက်သည်က ယနေ့ပွဲကို ထန်ယွင်ဖန်း လုံးဝမလာမည်ကိုပင်။

“ဟမ့်၊ ဒီလိုအရေးကြီးတဲ့ပွဲတစ်ခုမှ ငါတို့မိသားစုအရှက်ရစရာဖြစ်အောင် နင်မလုပ်သင့်ဘူး။” ထုံဝမ်ပြောလိုက်သည်။

“နင့်ပါးစပ်ကိုပိတ်ထားစမ်း!”

သို့သော်လည်း ထုံဝမ်ကတော့ နည်းနည်းလေးတောင်မှမကြောက်သွားပေ။

“ဘာလို့ ပိတ်ထားရမှာလဲ? ငါတို့မိသားစု မျက်နှာမပျက်ရအောင် ကာကွယ်ပေးနေတာကို ငါ့လုပ်ရပ်က မှားနေတယ်လို့ မထင်ပါဘူး။ နင်ကမှ ဘာကြောင့် ပွဲတက်ဖို့လိုရမှာလဲ? နင်က တစ်မိသားစုလုံးအတွက် အရှက်ရစရာပဲဆိုတာတောင် မသိဘူးလား?”

“နင်….” ဖန်ရွှယ်ချင် ဒေါသထွက်သွားပေမည့် သူမဘာမှပြန်မပြောနိုင်သေးခင်တွင်ပဲ ထန်ဝမ်ကဆက်ပြီး ပိတ်ပြောလိုက်ပြန်သည်။

“နင် ထန်ယွင်ဖန်းနဲ့တွေ့ချင်နေတာကို ငါသိပါတယ်၊ ဒါပေမယ့် နင့်မှာအရှက်လေးတစ်စက်တောင် မရှိဘူးလား? ထန်ယွင်ဖန်းက နင့်ကို ဘယ်တော့မှလက်ထပ်ယူမှာမဟုတ်ဘူး၊ အမှန်တရားကို လက်ခံလိုက်တော့တာ ပိုကောင်းမယ်။ ထန်မိသားစုဆိုတာ ငါတို့မိသားစုထက် အစများစွာပိုပြီး အင်အားကြီးတယ်။ နင်လုပ်လိုက်လို့ မိသားစုအကျိုးစီးပွားထိခိုက်တာမျိုး ဖြစ်စေချင်နေတာလား?”

ထုံဝမ်၏စကားအပြောအဆိုမှာ အနည်းငယ်ရိုင်းစိုင်းလှသော်လည်း သူမပြောသမျှမှာ ငြင်းဆန်လို့မရနိုင်လောက်အောင် မှန်ကန်သည့်စကားလုံးများဖြစ်နေပေသည်။

ဖန်ရွှယ်ချင်ကလွဲပြီး ကျန်သည့် ဘယ်ဖန်မိသားစုဝင်ကမှ ထုံဝမ်၏ပြောစကားများကို မှားသည်ဟု မထင်မိပေ။ ထိုအစား သူတို့အားလုံး ထုံဝမ်ဘက်မှသာ ရပ်တည်ကြသောကြောင့် ထုံဝမ်ကို အပြစ်တင်ဟန့်တားဖို့ဆိုသည်မှာ ပိုလို့ပင်မဖြစ်နိုင်သေးပေ။ ဖန်မိသားစုသည် ထန်မိသားစုနှင့် လုံးဝမယှဉ်နိုင်ဘဲ ထိုအကြောင်းကိုလဲ သူတို့အားလုံး ဖန်ရွှယ်ချင်ကို အကြိမ်ပေါင်းမနည်းပြောပြခဲ့ကြပေမည့် သူမကတော့ ဘယ်တော့မှနားမထောင်ခဲ့ပေ။

“နင့်ကိစ္စမဟုတ်ဘူး! နင်ကျတော့ကော လက်ထပ်ပြီး၂နှစ်နေတာတောင် ကလေးတစ်ယောက်လောက်တောင် မွေးပေးနိုင်ခဲ့လို့လား။ နင်ကိုယ်ဝန်မဆောင်နိုင်ရင်လဲ ငါတို့မိသားစုထဲက ထွက်သွားလိုက်တော့။” ဖန်ရွှယ်ချင်ဘက်ကလဲ ငြိမ်မခံပဲ တန်ပြန်တိုက်ခိုက်လေသည်။

“ဟမ့်၊” ထုံဝမ်ကတော့ လုံးဝစိတ်မဆိုးပါဘဲ ပြန်တောင်မှ ခနဲ့လိုက်သေးသည်။

“အဲ့ဒါက ဖန်ပင်းဟွမ်ကြောင့်လေ၊ ငါက ကလေးမလိုချင်လို့မှမဟုတ်ဘဲ။ ငါတို့နှစ်ယောက်လုံးက ကျန်းမာပြီး ငယ်ရွယ်လို့ ဘယ်အချိန်ယူယူရတယ်၊ နင်ကတော့မတူဘူးလေ၊ အသက်၃၆နှစ်ဆိုတာ တော်တော်လေးကြီးနေပြီ နင်သွေးဆုံးသွားပြီးတာမျိုးဖြစ်နေမှာတောင် စိုးရိမ်မိသေးတယ်။”

လုချိုးထင်တွင် ကလေးနှစ်ယောက်ရထားပြီးဖြစ်၍ ဖန်မိသားစုက ထုံဝမ်ကို ကလေးတစ်ယောက် အမြန်မွေးဖို့ရန် အတင်းအကြပ်တိုက်တွန်းခြင်းမရှိကြပေ။

“နင်တော့….” ဖန်ရွှယ်ချင်တစ်ယောက် အလွန်ဒေါသထွက်နေပေပြီ။

“တော်တော့ သွားကြမယ်!” ဖန်ပင်းဟွေ့ကတော့ စိတ်မရှည်တော့ဘဲ အရင်ဦးစွာထွက်သွားတော့သည်။

“ငါလဲလိုက်မယ်!” ထုံဝမ်က သူမကို မိသားစုအတွက် အရှက်ရစရာကောင်းသည်ဟု ဘယ်လောက်ပဲ ပြောထားပါစေ ဖန်ရွှယ်ချင် ဂရုမစိုက်ပေ။

“မင်းက ဘာလိုက်လုပ်ဦးမလို့လဲ? ဒီလောက်အရှက်ရထားတာတောင် လုံလောက်တယ်လို့ မထင်သေးဘူးလား?” ဖန်ပင်းဟွေ့ကိုယ်တိုင် အပြစ်တင်ပြောဆိုလိုက်သည်။ သူသည် လက်ရှိတွင် မိသားစုကို အဓိကဦးဆောင်နေသူဖြစ်သောကြောင့် သူ့တွင် ဆုံးဖြတ်ချက်ချပိုင်ခွင့်လဲရှိပေသည်။ ထို့အပြင် ဖန်ရွှယ်ချင်သည်လဲ သူမ၏အစ်ကို အနည်းငယ်ကြောက်သည့်အထဲတွင်ပါကာ ဖန်ပင်းဟွေ့ စိတ်ဆိုးနေချိန်တွင်ဆိုလျှင် လုချိုးထင်ပင်လျှင် သူမကို ဝင်မကူညီရဲပေ။

ထို့ကြောင့်ပဲ ဖန်ရွှယ်ချင်တစ်ယောက် ဖန်အိမ်တော်တွင် တစ်ယောက်တည်းပစ်ထားခံခဲ့ရကာ ဖန်ပင်းဟွေ့တို့ ဇနီးမောင်နှံသည်တော့ ဖန်ပင်းဟွမ်တို့ဇနီးမောင်နှံနှင့်အတူ ကိုယ်ပိုင်ကားများ အသီးသီးစီးကာ ထွက်ခွာသွားကြတော့သည်။

ထိုသို့ထွက်သွားသည့်အချိန်တွင် ထုံဝမ်၏ပုံစံက အောင်နိုင်သူတစ်ဦးနှယ်မော်ကြွားပြနေခဲ့သေးသောကြောင့် ဖန်ရွှယ်ချင် ပိုလို့ပင် ဒေါသထွက်လာတော့သည်။

သူတို့အဖွဲ့က လေ့မိသားစု၏ပါတီကို ဖိတ်ကြားလွှာနှင့်အတူတက်ရောက်ခြင်းဖြစ်သည့်အတွက် ဖန်ရွှယ်ချင် သူမသဘောနှင့်သူမလိုက်သွားလို့လဲမရပေ။

သို့ပေမည့် ထန်ယွင်ဖန်းနှင့်တွေ့ဆုံနိုင်မည့် အခွင့်အရေးကိုတော့ ဖန်ရွှယ်ချင် လက်မလွှတ်ချင်သေးပေ။ ဖန်ပင်းဟွေ့တို့တတွေ သူမကို မခေါ်ကြဘူးဆိုမှတော့ တခြားတစ်ယောက်ကို အကူအညီတောင်းရတော့မှာပေါ့။

ထို့ကြောင့် ချက်ချင်းမဆိုင်း တစ်စုံတစ်ယောက်ထံ ဖန်ရွှယ်ချင် ဖုန်းဆက်လိုက်သည်။

“ကျင်းယီ၊ နင်တို့မိသားစုကော လေ့မိသားစုရဲ့ဖိတ်ကြားလွှာရလား?”

“ရတယ်၊ အခုပဲ ငါ့ယောက်ျားနဲ့သွားကြတော့မလို့။” ဝူကျင်းယီပြန်ဖြေလိုက်သည်။

“ငါကော နင်တို့နဲ့လိုက်လို့ရလား?”

“ရွှယ်ချင်ရယ် စိတ်မကောင်းပါဘူး။ ငါတို့မှာက ဖိတ်ကြားလွှာတစ်စောင်ပဲရှိတာ နောက်ထပ်လူတစ်ယောက်ကို ခေါ်သွားလို့မရတော့ဘူး။” ဝူကျင်းယီ တောင်းပန်လိုက်သည်။

“အွန်၊ လျှိုရှင်းချီကတော့ တစ်ယောက်တည်းပဲဖြစ်လောက်တယ်။ သူ့ကိုမေးကြည့်ရင်ကော။”

ထိုနာမည်ကိုကြားလိုက်ရသည်နှင့် ဖန်ရွှယ်ချင် ချက်ချင်းဆိုသလို မကျေမနပ်ဖြစ်ကာ ဒေါသလဲထွက်သွားရသည်။ လျှိုရှင်းချီသည် အရင်တုန်းက သူမကို ပိုးပန်းခဲ့ဖူးသူဖြစ်ပေမည့် သူမကတော့ ထန်ယွင်ဖန်းတစ်ဦးတည်းကိုသာ ချစ်ခဲ့သောကြောင့် လျှိုရှင်းချီကို လျစ်လျှူရှုထားခဲ့လေသည်။ ထို့နောက် လျှိုရှင်းချီ လက်ထပ်သွားခဲ့ပေမည့် ရုတ်တရက်ဆိုသလိုပဲ ပြန်ပြီးကွာရှင်းခဲ့ပြန်သည်။ လျှိုရှင်းချီနှင့်ဖန်ရွှယ်ချင်တို့လဲ သာမာန်သူငယ်ချင်းများအဆင့်သို့ ပြန်ရောက်ရှိသွားခဲ့ကာ သူငယ်ချင်းများနျင့်အတူ ကလပ်တစ်ခုတွင် သွားရောက်ပျော်ပါးခဲ့ကြလေသည်။ သို့ပေမည့် မထင်မှတ်ထားစွာပဲ ဖန်ရွှယ်ချင် အမူးလွန်နေသည့်အချိန်တွင် လျှိုရှင်းချီက သူမကို အလိုမတူစွာဖြင့် ရယူခဲ့လေသည်။

ဖန်ရွှယ်ချင်သည် ပြီးခဲ့သည့်နှစ်များတစ်လျှောက် ထန်ယွင်ဖန်းအတွက် တစ်ကိုယ်တည်း ဖြတ်သန်းခဲ့သော်လည်း သူမအလိုဆန္ဒရှိသည့်အချိန်များတွင်တော့ ခန့်ညားသည့် ယောက်ျားများစွာနှင့်တော့ အတူအိပ်သည့် ဆက်ဆံရေးရှိပေမည့် လျှိုရှင်းချီသည်တော့ သူမအမြင်တွင် ရုပ်ဆိုးသည့်ယောက်ျားတစ်ယောက်ဖြစ်လေသည်။ ထို့အတွက်ကြောင့်ဘဲ ထိုညသည် သူမအတွက် အိပ်မက်ဆိုးကြီးတစ်ခုဖြစ်ခဲ့ကာ ပြန်တွေးမိတိုင်း အန်ချင်စရာကောင်းနေတော့သည်။

သို့ပေမည့် ပါတီပွဲကို တက်ရောက်နိုင်ဖို့ရန်အတွက် သူမ လျှိုရှင်းချီကို ဖုန်းဆက်ခေါ်ခဲ့သည်။

“အိုး၊ ရွှယ်ချင် အသံမကြားရတာတောင်ကြာပေါ့ ” တစ်ဖက်မှ မကြာလိုက်ဘဲ ဖုန်းပြန်ဖြေလာခဲ့သည်။

“နင့်ဆီမှာ လေ့မိသားစုပါတီအတွက် ဖိတ်စာရှိတယ်လို့ကြားတယ်။ ငါနင်နဲ့အတူသွားလို့ရလား?” လျှိုရှင်းချီ၏အသံကိုကြားရသည်နှင့် ဖန်ရွှယ်ချင် အလွန်ရွံရှာသွားပေမည့် စိတ်ကိုပြန်ထိန်းချုပ်ထားကာ မေးလိုက်သည်။

“ရတာပေါ့!” လျှိုရှင်းချင် အေးအေးဆေးဆေးပင်သဘောတူလိုက်သည်။ သို့ပေမည့် ဖန်ရွှယ်ချင် ဝမ်းမသာရသေးခင်တွင်ပဲ လျှိုရှင်းချီက ဆက်ပြီး၊

“ဒါပေမယ့် အခြေအနေတစ်ခုတော့ရှိတယ်။”

“ဘာအခြေအနေလဲ?”

All Chapters