← Chapters

အခန်း (၆၇၆-၆၈၀)

Vol. 46 Ch. 676-680

အခန်း (၆၇၆-၆၈၀)

Vol. 46 Ch. 676-680

အခန်း ၆၇၆

သတင်းထုတ်ပြန်ပွဲတွင် အင်တာဗျူးခြင်း

သတင်းထုတ်ပြန်ပွဲမှာ ပျော်ပွဲရွှင်ပွဲတစ်ခုမဟုတ်တာကြောင့် အလွန်သမားရိုးကျဆန်ပေသည်။

နေ့လည်၁၂နာရီထိုးခါနီးတွင်တော့ ပွဲကြေညာသူမှနေပြီး သတင်းထုတ်ပြန်ပွဲ စတင်တော့မည့်အကြောင်း ကြေညာကာ ဤနေ့အတွက် အဓိကပုဂ္ဂိုလ်၄ယောက်ဖြစ်သည့် JadeBaeutyလက်ဝတ်ရတနာလုပ်ငန်းပိုင်ရှင် ကုနင်း၊ JadeBeautyလက်ဝတ်ရတနာလုပ်ငန်း၏အထွေထွေမန်နေဂျာ ကျိုးကျန်းဟုန်၊ Charm၏ဒီဇိုင်နာ ယုကျီ နှင့် JadeBeautyလက်ဝတ်ရတနာနှင့်Charm၏ပင်တိုင်မော်ဒယ် စုထုံနျိုတို့ကို တစ်လှည့်ချင်းဖိတ်ခေါ်သွားမည်ဖြစ်သည်။

ပထမဆုံးအနေနှင့် ကုနင်းကို ပရိသတ်များရှေ့မှောက်သို့ JadeBeautyလက်ဝတ်ရတနာလုပ်ငန်း၏ ပိုင်ရှင်အနေဖြင့် ဖိတ်ခေါ်လေသည်။

“လူကြီးမင်းအပေါင်းတို့ ဒီကနေ့ JadeBeautyလက်ဝတ်ရတနာ နှင့် Charmရဲ့ သတင်းထုတ်ပြန်ပွဲကို ကြွရောက်လာပေးကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။” ကုနင်း စကားစလိုက်သည်။

“JadeBeautyလက်ဝတ်ရတနာ နှင့် Charmဆိုတာက အဆင့်မြင့်အမှတ်တံဆိပ်များဖြစ်တာကြောင့် အရည်အသွေးမြင့် လက်ဝတ်ရတနာများနဲ့ ပွဲတက်ဝတ်စုံများကိုသာ ထုတ်လုပ်သွားမှာပါ။ ကျွန်မတို့ရဲ့ ကျောက်စိမ်းလက်ဝတ်ရတနာနဲ့ ပွဲတက်ဝတ်စုံတွေကို ဖန်တီးတဲ့ ဒီဇိုင်နာပညာရှင်များကလဲ သေချာပေါက် ကျော်ကြားလာကြမယ်လို့ ယုံကြည်ချက်ရှိထားပြီးဖြစ်ပေမယ့် ကျွန်မတို့ထုတ်ကုန်များရဲ့ ဈေးနှုန်းများကတော့ အခုလိုပဲ အမြဲတမ်း မပြောင်းမလဲဆက်လက်တည်ရှိသွားမယ်လို့ ကျွန်မကတိပေးနိုင်ပါတယ်။”

ကုနင်း၏ တိုတိုတုတ်တုတ်အပြောလေးကပင် လူအများကို ယုံကြည်သွားစေလေသည်။

ယခုခေတ်ထုတ်ကုန်တော်များများသည် အရည်အသွေးညံ့ဖျင်းလာခဲ့ကာ ကျော်ကြားသည့် အမှတ်တံဆိပ်များပင် ချွင်းချက်မဟုတ်ပေ။ ထိုအမှတ်တံဆိပ်၏ ဒီဇိုင်နာက နာမည်ကြီးလာသည်နှင့်အမျှ ပစ္စည်းဈေးနှုန်းကလဲ မြင့်မားလာခဲ့သည်။ ထုတ်ကုန်၏နာမည်ကျော်ကြားလာရုံနှင့် ဈေးနှုန်းကပါ မြင့်တက်လာသည်ကတော့ မသင့်လျော်လှပေ။

အနုပညာရှင်တွေလိုပဲပေါ့။ အဆိုတော်နှစ်ဦးက တူညီသည့် စင်မြင့်ထက်မှာပဲ သီချင်းတစ်ပုဒ်တည်းကို ဆိုခဲ့ရင်တောင်မှ ပို၍နာမည်ကြီးသည့် အဆိုတော်ကို အခကြေးငွေပိုပေးရပေသည်။

JadeBeautyလက်ဝတ်ရတနာလုပ်ငန်းက လူပိုသိလာသည်နှင့်အမျှ လက်ဝတ်ရတနာများကို ဒီဇိုင်းဆွဲသူများနှင့် ထုဆစ်ပုံဖော်သူများကလဲ ကျော်ကြားလာပေလိမ့်မည်။ သို့ပေမည့် ကုနင်းကတော့ လက်ရှိဈေးနှုန်းအတိုင်းမပြောင်းမလဲ ဆက်ရှိနေဖို့ရန် ကတိပေးခဲ့ပေပြီ။

စင်အောက်ရှိ ဧည့်သည်တော်များကတော့ ဝမ်းသာကျေနပ်လွန်း၍ မျက်ရည်များပင် ကျမိတော့မတတ်ပင်။

ထို့နောက် အင်တာဗျူးနိုင်သည့်အချိန်သို့ရောက်လာသည်နှင့် သတင်းထောက်များလဲ တစ်စက္ကန့်တောင် အချိန်မဆွဲဘဲ စတင်မေးမြန်းတော့သည်။

သတင်းထောက် : မိန်းကလေးကု၊ မင်းက သာမာန်မိသားစုက မွေးလာခဲ့ပြီး ကျောက်အလောင်းအစားလုပ်တဲ့ ပထမဆုံးအကြိမ်မှာပဲ အချီကြီးပေါက်သွားခဲ့တယ်လို့ ပြောခဲ့တယ်နော်။ ဒါပေမယ့် မင်းဘယ်လိုလုပ်များ ဒီလိုမျိုး နိုင်ငံ့ထိပ်တန်းစီးပွားရေးလုပ်ငန်းစုကြီးတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးမျိုး တည်ဆောက်ထားနိုင်တာလဲ?

ကုနင်း : သူတို့အားလုံးက ကျွန်မမိတ်ဆွေတွေရဲ့ မိတ်ဆွေတွေပါ။ အခုလို လာရောက်ဂုဏ်ပြုပေးတာကလဲ ကျွန်မမိတ်ဆွေတွေရဲ့ မျက်နှာကို ထောက်ထားခြင်းကြောင့်ပါ။ အခုလိုမျိုး တန်ဖိုးရှိတဲ့အချိန်တွေကို ခွဲဝေပြီး ယနေ့ပွဲကို လာရောက်ပေးကြတဲ့အတွက် ကျွန်မအရမ်းဝမ်းသာပါတယ်။ အဖိုးထန်ကတော့ ကျွန်မတို့ ကျောက်အလောင်းအစားလုပ်ရင်းနဲ့တွေ့ခဲ့ကြတာပါ။ သခင်ကြီးလေ့ကတော့ အဖိုးထန်ရဲ့ရင်းနှီးတဲ့ မိတ်ဆွေဖြစ်နေလို့ပါ။ သူတို့ ဒီနေ့လိုလာရောက်ပေးကြတဲ့အတွက် အရမ်းပဲ ဂုဏ်ယူမိပါတယ်။

ကုနင်း သူမနှင့် ထိုပြည်တွင်းစီးပွားရေးလုပ်ငန်းစုကြီးများကြား အမှန်တကယ်ရင်းနှီးသည့် ဆက်ဆံရေးမျိုးရှိသည်ကိုတော့ ထုတ်မပြောခဲ့ဘဲ သူမမိတ်ဆွေများကြောင့်သာ တက်ရောက်ပေးကြခြင်းဟု ပြောခဲ့သည်။ ထိုသို့ဆိုလျှင်တောင်မှ ဒီလိုမိတ်ဆွေကိုအမှီပြုကာ ခေါ်ယူခြင်းဆိုလျှင်ပင် လွယ်ကူလှတာမဟုတ်တာကြောင့် ကုနင်းကို အထင်ကြီးနေကြစဲဖြစ်သည်။

သတင်းထောက် : မိန်းကလေးကုက အရမ်းငယ်သေးတာကို ဘယ်လိုကြောင့်များ သိုင်းပညာမှာ အရမ်းထူးချွန်နေရတာလဲ?

ကုနင်း : ကျွန်မမှာ အရမ်းတော်ပြီး အရမ်းလဲ စည်းကမ်းကြီးတဲ့ ဆရာတစ်ယောက်ရှိလို့ပါ။

သတင်းထောက် : မိန်းကလေးကုရဲ့ ဆရာနာမည်ကိုပြောပြလို့ရမလား?

ကုနင်း : သူမက ဆုံးပါးသွားပါပြီ။

ကုနင်း ထိုစကားကိုပြောနေစဉ် အလွန်ဝမ်းနည်းသွားဟန် မျက်နှာထားမျိုးသို့ ပြောင်းလိုက်လေသည်။

ထိုအချင်းအရာကြောင့် မေးခွန်းမေးလိုက်သည့် သတင်းထောက်လဲ ချက်ချင်းပင် ပြန်တောင်းပန်ကာ၊ “အခုလို ကြားရတာ စိတ်မကောင်းပါဘူး။”

“ရပါတယ်။”

ထို့နောက် အင်တာဗျူးအစီအစဉ် ဆက်လက်လုပ်ဆောင်ခဲ့သည်။ ကုနင်းတင်မကဘဲ ကျိုးကျန်းဟန်၊ စုထုံနျိုနှင့် ယုကျီတို့ကိုလဲ အင်တာဗျူးလေသည်။

သတင်းထောက် : လူကြီးမင်းကျိုး မိန်းကလေးကုနဲ့ ဘယ်လိုများ ဆုံဖြစ်သွားပြီး သူမအတွက် အလုပ်လုပ်ပေးဖို့ ဆုံးဖြတ်ဖြစ်သွားလဲဆိုတာ ပြောပြပေးလို့ရမလား?

ကျိုးကျန်းဟုန် : ကျွန်တော် မိန်းကလေးကုနဲ့ ကျောက်အလောင်းအစားလမ်းမှာ တွေ့ခဲ့တာပါ။ ကျွန်တော်ကိုယ်တိုင်ကလဲ လက်ဝတ်ရတနာလုပ်ငန်းရှင်တစ်ယောက်ဆိုပေမယ့် စီးပွားရေးရန်ဘက်တစ်ယောက်ရဲ့ ထောင်ချောက်ထဲကျသွားပြီး ဒေဝါလီခံလိုက်ရပါတယ်။ မိန်းကလေးကုကသာ ကျွန်တော့်ကို အဲ့ဒီအခြေအနေကနေ ကယ်ထုတ်ပြီး သူမလက်ဝတ်ရတနာဆိုင်ရဲ့ မန်နေဂျာအဖြစ်တောင် ခန့်အပ်ပေးခဲ့တာပါ။ မိန်းကလေးကုအတွက် အလုပ်လုပ်ပေးရတာ ကျွန်တော့်အတွက် တကယ့်ကံကောင်းမှုကြီးတစ်ခုလို့ အမြဲခံစားရပြီး မိန်းကလေးကုရဲ့ ကမ်းလှမ်းကူညီပေးခဲ့တာအတွက်ကိုလဲ ကျေးဇူးတင်စကားပြောချင်ပါတယ်။

ထို့နောက် ပြောရင်းဖြင့်ပင် ကုနင်းဘက်သို့လှည့်ကာ ကျိုးကျန်းဟုန် ဦးညွှတ်ဂါရဝပြုလိုက်သည်။

ကုနင်းလဲ တားမြစ်ချင်းမပြုပါဘဲ အပြုံးလေးဖြင့် လက်ခံလိုက်ကာ၊

“ရှင်က တကယ်တော်တယ်မန်နေဂျာတစ်ယောက်မို့ ခန့်ခဲ့တာပါ!” ကုနင်း၏ တုံ့ပြန်ပြောဆိုချက်မှာ အလွန်လက်တွေ့ဆန်ကာ ကျိုးကျန်းဟုန်၏ အရည်အချင်းကို အသိအမှတ်ပြုကြောင်းလဲ ပေါ်လွင်သည်။

ကျိုးကျန်းဟုန် ပြောခဲ့သည့်စကားများကြောင့် ဧည့်သည်များလဲ ကုနင်းကိုပို၍လေးစားသဘောကျကုန်တော့သည်။ ကုနင်းသည် ကြင်နာက ရက်ရောတတ်ရုံမကဘဲ လူမှန်ရွေးချယ်နိုင်စွမ်းလဲ ရှိလေသည်။ အောင်မြင်သည့် လူတစ်ယောက်ဖြစ်ဖို့ရန်အတွက် တွဲဖက်ကောင်းများရှာတတ်သည့် စွမ်းရည်ရှိဖို့ကလဲ အရေးကြီးလှသည်။

နောက်ထပ်အင်တာဗျူးခံရမည့်လူကတော့ စုထုံနျိုပင်ဖြစ်သည်။

သတင်းထောက် : မိန်းကလေးစု၊ မင်းကို ဖျော်ဖြေရေးလောကကနေ ဖယ်ထုတ်ခံထားရတာ တော်တော်ကြာပြီလို့ ကျွန်တော်တို့ ကြားထားပါတယ်။ အခုတော့ မင်းတစ်နှစ်တည်းနဲ့ ပြန်ရောက်လာနိုင်တယ်နော်။ ဒီကိစ္စတွေကို မင်းဘယ်လိုများ ဖြေရှင်းဆောင်ရွက်လိုက်လဲဆိုတာ ပြောပြပေးလို့ရမလား?

စုထုံနျို : ကျွန်မဖျော်ဖြေရေးလောကက ဖယ်ထုတ်ခံထားရခြင်းရဲ့ အကြောင်းရင်းမှန်တွေကို ဖေးထန်ဖျော်ဖြေရေးလုပ်ငန်းဘက်က ရှင်းလင်းပြောပြထားပြီးပြီလို့ ထင်ပါတယ်။ ဒီနယ်ပယ်မှာ သရုပ်ဆောင်တစ်ယောက်က ကုမ္ပဏီတစ်ခုနဲ့ စာချုပ်ဖျက်သိမ်းလိုက်တယ်ဆိုတာက မထူးဆန်းလှပါဘူး။

အရင်တုန်းက ဖေးထန်ဖျော်ဖြေရေးလုပ်ငန်းဘက်က သူမကို ဖျော်ဖြေရေးလောကမှ ဖယ်ထုတ်ခဲ့သည်ဆိုသော်လည်း ယခုအချိန်တွင် စုထုံနျိုထံ၌ သူတို့ကို စကားစစ်ထိုးကာ ပြန်လည်တိုက်ခိုက်ဖို့ရန် ရည်ရွယ်ချက်မရှိပေ။ ထိုသို့တိုက်ခိုက်လိုက်တာက သူမလုပ်ငန်းအတွက် ကောင်းကျိုးရှိလာမည်မှမဟုတ်ဘဲ။

စုထုံနျို : အခု ကျွန်မက ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်းနဲ့ စာချုပ်ချုပ်ဆိုထားတာပါ။ ဖုန့်ဟွာက တောက်ပတဲ့အနာဂါတ်ရှိတဲ့ ကုမ္ပဏီကောင်းတစ်ခုလို့လဲ ကျွန်မထင်တာကြောင့် ဒီကုမ္ပဏီလဲ လက်တွဲလိုက်ရခြင်းပါ။

စုထုံနျိုသည် ယခင်ထက် ပို၍အောင်မြင်ကျော်ကြားလာပြီဖြစ်သည်။ သူမအခုထိ နာမည်ကြီးနိုင်သည့်အလုပ်များစွာ ရရှိထားခြင်းမရှိသေးသော်လည်း လူထုအာရုံစိုက်မှုကိုတော့ များစွာရရှိလို့ထားပြီးပေပြီ။ သူမသာ အလုပ်ကောင်းကောင်းဆက်လုပ်နေသ၍ မကြာခင်အချိန်အတွင်းမှာပဲ ပြည်တွင်းထိပ်တန်းအနုပညာရှင်စားရင်းဝင်လာပေလိမ့်မည်။ ထို့အပြင် အခု သူမ၏ဘော့စ်မှာ ကုနင်းဖြစ်နေတာကြောင့် ထိုသို့အောင်မြင်လာဖို့ရန်က အလွယ်လေးသာ။

***

အခန်း ၆၇၇

အင်အားကြီးအထောက်အပံ့?

သတင်းထောက်အများစုတွင် ယခုမှအသစ်စတင်တည်ထောင်ထားသည့် ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်းအပေါ် အမြင်ကောင်းရှိထားပေသည်။

ဖုန့်ဟွာမှာ ယခုထိတရားဝင်စတင်မဖွင့်လှစ်ရသေးဘူးဆိုသော်လည်း ၎င်းနာမည်ကိုတော့ လူတော်တော်များများကြားဖူးထားကြပြီးဖြစ်သည်။ လီကျားယွဲ့နှင့် ဖြစ်ခဲ့သည့်ပြဿနာတွင် ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်းဘက်က အပြည့်အဝထိန်းချုပ်နိုင်ခဲ့ကာ ဖေးထန်ဖျော်ဖြေရေးလုပ်ငန်းဘက်ကတော့ နှုတ်ဆိတ်နေခဲ့ရသည်။

တကယ်တမ်း ဖေးထန်ဖျော်ဖြေရေးလုပ်ငန်းတွင်က အစိုးရဘက်မှ တစ်စုံတစ်ဦး ထောက်ပံ့ပေးထားခြင်းရှိပေမည့် ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်းလက်ထဲတွင် ကျရှုံးရမြဲဖြစ်သည်။ ထို့အပြင် အကောင်းဆုံးသရုပ်ဆောင်မင်းသမီး ဖန့်ထန်နှင့် အကောင်းဆုံးသရုပ်ဆောင်မင်းသား လုယဲ့ကျီတို့သည်လဲ ဖု့န်ဟွာဖျော်ဖြေရေးလုပ်ငန်းဘက်မှ ထောက်ခံပေးခဲ့ကြသေးသည်။ ထို့အတွက်ကြောင့် ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်းဘက်က ပို၍အာဏာလွှမ်းမိုးမှုရှိကြောင်း သိသာသွားပေသည်။

လီကျားယွဲ့ကတော့ ကိုယ့်သေတွင်းကိုယ်တူးသွားခဲ့တာပဲ။

လီကျားယွဲ့နှင့် သူမလက်ထောက် ထုံကျန်းတို့ ဖေးထန်ဖျော်ဖြေရေးကုမ္ပဏီမှ ထုတ်ပယ်ခံရပြီးနောက် အခြားသောကုမ္ပဏီများကလဲ သူတို့ကို အလုပ်မခံရဲ့တော့၍ ဖျော်ဖြေရေးလောကတွင် သူတို့အတွက် နေရာထပ်မရှိတော့ပေ။ ထို့ကြောင့် လီကျားယွဲ့မှာ ငွေရရှိရန်အတွက် သူမခန္ဓာကိုယ်ကိုသာ ရောင်းစားနိုင်တော့သည်။ သူမဆိုသည်မှာ ဇိမ်ကျလှသည့်ဘဝတွင် နေသားကျနေခဲ့သူဖြစ်တာကြောင့် ဇိမ်ခံပစ္စည်းအစုံအလင်မရှိပါဘဲ မနေနိုင်တော့ပေ။

ဘာပဲဖြစ်ဖြစ် လူချမ်းသာများကတော့ သူမနှင့်ပျော်ပါးရသည်ကို နှစ်သက်ကြကာ မယားငယ်အဖြစ်တောင်မှ အဆင့်မြှင့်ထားပေးကြသေးသည်။ အခုချိန်တွင် လီကျားယွဲ့၏ ငွေရှာနိုင်နှုန်း လျော့နည်းသွားပြီဖြစ်သော်လည်း ဈေးကြီးလှသည့် တိုက်ခန်းတွင်နေနိုင်သေးကာ တန်ဖိုးကြီးဇိမ်ခံပစ္စည်းများကို သုံးစွဲနိုင်နေစဲပင်။

ထုံကျန်းသည်တော့ နိုင်ငံခြားသို့ ပြောင်းရွှေ့သွားခဲ့ရသည်။

သတင်းထောက် : မိန်းကလေးစုက အခု လုကျန်းရိုက်ကူးတဲ့ အသည်းတထိတ်ထိတ်ရင်တဖိုဖို ဇာတ်လမ်းမှာ အဓိကသရုပ်ဆောင်နေရာက ပါဝင်ရိုက်ကူးနေတယ်နော်။ ဒါရိုက်တာလုက ရာထူးကြီးအထူးပုဂ္ဂိုလ်တစ်ယောက်ကို စိတ်အနှောက်အယှက်ပြုမိလို့ ဖျော်ဖြေရေးလောကကနေ နှစ်ပေါင်းများစွာ ဖယ်ထုတ်ခံထားရတဲ့သူမဟုတ်လား။ သူရိုက်ကူးတဲ့ဇာတ်လမ်းဖြစ်နေတာကြောင့် ရုံတင်ခွင့်မရမှာကို မစိုးရိမ်မိဘူးလား?

ဖုန့်ဟွာဖျော်ဖြေရေးကုမ္ပဏီ၏ပိုင်ရှင်မှာလဲ ကုနင်းဖြစ်ကြောင်း သိထားပြီးသူများကတော့ အခုချိန်တွင် ကုနင်းကို မဆန့်ကျင်ရဲကြတော့၍ မဖြစ်နိုင်ဟု မထင်မိကြတော့ပေ။

ယခုမေးမြန်းလိုက်သည့် သတင်းထောက်သည်တော့ ဖုန့်ဟွာဖျော်ဖြေရေးကုမ္ပဏီသည် ကုနင်းအပိုင်မှန်း မသိထားထားတာကြောင့်သာ ယခုလို မေးမြန်းခဲ့ခြင်းဖြစ်သည်။

ကုနင်းတွင် အင်အားကြီးအဆက်အသွယ်ကောင်းများရှိနေတာကြောင့် သူမဆန္ဒရှိသ၍ ထိုဇာတ်ကားကို ရုံတင်ပြဖို့ရန်မှာ မခက်ခဲပေ။

လုကျန်းကို ဖျော်ဖြေရေးလောကမှ ကန်ထုတ်ထားသူမှာ မည်သူပင်ဖြစ်ပါစေ ဒါရိုက်တာတစ်ယောက်ကြောင့်နှင့်တော့ ဤမျှများပြားလှသည့် အထူးပုဂ္ဂိုလ်များကို ဆန့်ကျင်လိမ့်မည်မဟုတ်ပေ။

စုထုံနျို : ဒါရိုက်တာလု အမှားလုပ်ထားတာ ဘာမှမရှိပါဘူး။ ဒီကိစ္စက ဒါရိုက်တာလုကို ဖျော်ဖြေရေးနယ်ပယ်ကနေ မောင်းထုတ်ထားတဲ့လူရဲ့ အမှားလို့ပဲ ကျွန်မထင်ပါတယ်။

ထိုစကားကြောင့် လူတိုင်း ပင့်သက်ရှိုက်မိသွားကြသည်။ ဒါအမှန်တရားဆိုသော်လည်း စုထုံနျို တကယ်ကြီးကို ရဲရဲဝံ့ဝံ့ ထုတ်ပြောနေလေသည်။ အဲ့ဒီလူက သူမကို ပြစ်ဒဏ်ခတ်လာမည်ကို မကြောက်လေဘူးလား?

သတင်းထောက် : အဲ့ဒီပုဂ္ဂိုလ်က မင်းကိုလဲ ဖျော်ဖြေရေးလောကကနေ မောင်းထုတ်လိုက်မှာ မကြောက်ဘူးလား?

စုထုံနျို : ဖုန့်ဟွာဖျော်ဖြေရေးကုမ္ပဏီက သူ့ဝန်ထမ်းတွေကို ကာကွယ်ပေးနိုင်တယ်လို့ ကျွန်မယုံကြည်လို့ပါ။

တစ်နည်းပြောရလျှင်တော့ သူမကို အနုပညာလောကမှ ဖယ်ထုတ်ဖို့ ဖုန့်ဟွာဘက်က ခွင့်ပြုပေးလိမ့်မည်မဟုတ်ဟုပင်။

သတင်းထောက် : ဖုန့်ဟွာဖျော်ဖြေရေးကုမ္ပဏီဘက်က သူ့ဝန်ထမ်းတွေကို ကာကွယ်နိုင်မယ်လို့ မင်းအရမ်းယုံကြည်နေတယ်ဆိုတော့ ဖုန့်ဟွာနောက်ကွယ်မှာ အင်အားကြီးတဲ့ အထောက်အပံ့ရှိနေတယ်လို့များ ဆိုလိုတာလား?

စုထုံနျို : စိတ်မကောင်းစရာပဲ။ ကျွန်မလဲ မပြောတတ်ဘူးလေ။

စုထုံနျိုထိုသို့ပြောလာတာကြောင့် သတင်းထောက်လဲ အတင်းအကြပ်မမေးမြန်းတော့ဘဲ အခုထိ ကျော်ကြားခြင်းမရှိသေးသည့် ယုကျီကို အင်တာဗျူးရန်လှည့်သွားတော့သည်။

ယုကျီသည် လုံးဝမကျော်ကြားသေးသော်လည်း ယနေ့ပွဲတွင် သူမသည်လဲ အဓိကလူဖြစ်တာကြောင့် သတင်းထောက်များအဖို့ သူမကိုအင်တာဗျူးဖို့လဲ လိုအပ်ပေသည်။

ယုကျီအနေဖြင့် ဒီလောက် လူတွေအများကြီး သတင်းထောက်တွေအများကြီးရှေ့မှာ အင်တာဗျူးခံရသည်မှာ ပထမဆုံးအကြိမ်ဖြစ်တာကြောင့် အလွန်စိတ်လှုပ်ရှားလို့နေသည်။

သတင်းထောက် : မိန်းကလေးယုက ဘယ်လိုမျိုး မိန်းကလေးကုရဲ့ကုမ္ပဏီနဲ့ လက်တွဲနိုင်တဲ့ အခွင့်အရေးရရှိသွားတာလဲ?

ယုကျီ : တကယ်တော့ အစက ကျွန်မကိုယ်ပိုင်ပွဲတက်ဂါဝန်ဆိုင်တစ်ဆိုင်ဖွင့်ထားခဲ့ပေမယ့် အမြတ်အစွန်းသိပ်မရတာကြောင့် ပိတ်ရခါနီးဖြစ်ခဲ့ပါတယ်။ ကျွန်မရဲ့ဒီဇိုင်းတွေကို ကျွန်မမြတ်နိုင်းပေမည့် ဝယ်ယူသူတွေကတော့ အမြင်မတူကြဘူးလေ။ ကျွန်မသူငယ်ချင်းတစ်ယောက်ကနေပြီး မိန်းကလေးကုကို ကျွန်မဆိုင်ဆီခေါ်လာပေးခဲ့တာပါ။ ဒီလိုနဲ့ပဲ မိန်းကလေးကုနဲ့ ဆုံခဲ့တာပေါ့။ မိန်းကလေးကုက ကျွန်မဒီဇိုင်းတွေကို အလေးပေးခဲ့တဲ့အတွက် အရမ်းဂုဏ်ယူရတဲ့အပြင် Charmရဲ့ဒီဇိုင်နာတစ်ယောက်အနေနဲ့ မန်နေဂျာအဖြစ်ပါ ခန့်အပ်ခဲ့ပါသေးတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်မက Charmရဲ့တည်ထောင်သူလဲဖြစ်နေစဲပါ။

သတင်းထောက် : မိန်းကလေးကုက အရမ်းညှာတာထောက်ထားတတ်ပုံပေါ်တော့ မင်းရဲ့အကျိုးခံစားခွင့်တွေကို ပိတ်ပင်တာမျိုးမရှိလောက်ပါဘူး။ ဒီတော့ မိန်းကလေးယုကလဲ Charmရဲ့ ရှယ်ယာရှင်တစ်ဦးပါပဲလား?

ယုကျီ : ဟုတ်ပါတယ်။ မိန်းကလေးက အရမ်းရက်ရောလွန်းတဲ့ဘော့စ်တစ်ယောက်ဆိုပေမယ့် ရှယ်ယာအတိအကျကိုတော့ ကျွန်မထုတ်မပြောပြနိုင်ပါဘူး။

ယုကျီဘက်က ထုတ်မပြောချင်တာကြောင့် သတင်းထောက်များလဲ ထပ်မမေးတော့ပေ။ သူတို့သည် အရာရာတိုင်းကို အတင်းအဖျင်းအသွင်သို့ ပြောင်းလဲပစ်မည့် ဖျော်ဖြေရေးနယ်ပယ်မှ သတင်းထောက်များ၊ ပါပါရာဇီများမဟုတ်ပေ။

သတင်းထောက် : မိန်းကလေးယု၊ အခုလက်ရှိCharmကိုကော ယုံကြည်မှုရှိရဲ့လား?

ယုကျီ : သေချာပေါက် ယုံကြည်မှုရှိတာပေါ့။

သတင်းထောက် : ကောင်းပါတယ်။ ကျွန်တော်တို့လဲ မိန်းကလေးယုရဲ့ ဒီဇိုင်းတွေကို စောင့်မျှော်နေပါ့မယ်။

အင်တာဗျူးအစီအစဉ် အဆုံးသတ်သွားကာ အားလုံးနေရာတွင်ပြန်လည်ထိုင်လိုက်ကြပြီး အလှပြပွဲစတင်တော့မည်ဖြစ်သည်။

သီချင်းစဖွင့်လိုက်သည်နှင့် ပထမဆုံးမော်ဒယ်ထွက်ပေါ်လာခဲ့သည်။

သူမကတော့ နို့နှစ်ရောင် တောင်ပံသဏ္ဍန်ကျောက်စိမ်းဆွဲပြားကို လည်တိုင်ထက်တွင် ဝတ်ဆင်ထားသည်။ ၎င်းကျောက်စိမ်းသည်တော့ အလယ်အမြင့်အဆင့် ဂလူတီးနက်ရိုက်စ်ကျောက်စိမ်းအမျိုးအစားဖြစ်ကာ နားဆွဲကိုလဲ ထိုကျောက်စိမ်းဖြင့်ပင် တောင်ပံပုံစံပြုလုပ်ထားပေသည်။ သူမ၏ညာဘက်လက်မှ လက်ကောက်သည်လဲ လှပစွာပုံဖော်ထုဆစ်ထားသည်။

ဧည့်သည်များကတော့ ကျောက်စိမ်းလက်ဝတ်ရတနာကို သေချာရှင်းရှင်းလင်းလင်းမြင်နိုင်စေရန်အတွက် စင်နောက်ဘက်မှကြီးမားသည့် တီဗီဖန်သားပြင်ကို စိုက်ကြည့်လို့နေကြသည်။

ပထမဆုံးမော်ဒယ်ထွက်လာသည်နှင့် လူတိုင်းမျက်လုံးများလင်းလက်လို့သွားတော့သည်။

ဒီမော်ဒယ်လေးက နတ်သမီးလေးတစ်ပါးလို ဖြူစင်တဲ့ပုံစံလေးပဲ။

စင်အောက်ဘက်ရှိ လူတော်တော်များများမှာ ဂါဝန်နှင့် ကျောက်စိမ်းလက်ဝတ်ရတနာများအကြောင်း ပြောဆိုဆွေးနွေးနေကြသည်။

ဒုတိယမော်ဒယ်သည်တော့ လျှောက်လမ်းနှင့်တိုက်နေသည့် ပြာလဲ့နေသည့် ဂါဝန်ရှည်ကြီးတစ်ထည်ကို ဝတ်ဆင်ထားသည်။ လက်ကောက်ဝတ်နေရာကတော့ သေးသွယ်လှကာ အဖြူရောင်လိုင်းများဖြင့် ပုံဖော်ထားသည်။ ထိုမော်ဒယ်သည်တော့ ကြွေရုပ်လေးတစ်ရုပ်လျှောက်လှမ်းလာသလို တည်ကြည်လှပပေသည်။

တတိယမြောက်မော်ဒယ်သည်တော့ ငါးမြှီးသဏ္ဍာန် ခရမ်းရင့်ရောင်ဂါဝန်ဖြင့် ထွက်ပေါ်လို့လာသည်။ ဂါဝန်သည် အလွန်နူးညံ့ချောမွေ့သည့် ပိုးသားနှင့် ချူပ်လုပ်ထားတာကြောင့် မီးအလင်းရောင်များအောက်တွင် တောက်ပလို့နေကာ မော်ဒယ်၏ဆွဲဆောင်မှုရှိလှသော ခန္ဓာကိုယ်ပုံစံကိုလဲ ပေါ်လွင်နေစေသည်။ သူမသည်တော့ တော်ဝင်ဆန်သည့် အမျိုးသမီးတစ်ဦးနှယ်။

ထိုမော်ဒယ်သည်တော့ ဖန်သားကျောက်အမျိုးအစား ကျောက်စိမ်းလက်ဝတ်ရတနာအစုံကို ဝတ်ဆင်ထားခဲ့တာကြောင့် ပိုလို့ပင် တော်ဝင်ဆန်သည့်ဘက်သို့ ပေါ်လွင်လှပေသည်။

မော်ဒယ်တိုင်းသည် ဧည့်သည်တော်များ၏စိတ်ထဲသို့ နက်နက်ရှိုင်းရှိုင်းစွဲထင်ဟစ်နေစေခဲ့သည်။ Charmမှဂါဝန်များနှင့် JadeBeautyမှ ကျောက်စိမ်းလက်ဝတ်ရတနာများမှာ ဧည့်သည်တော်များထဲမှ ချမ်းသာသည့် အမျိုးသမီးများကို လွန်စွာ စွဲဆောင်သွားခဲ့ပေပြီ။

ကုနင်း ယနေ့ပွဲတွင် ဂလူတီးနက်ရိုက်စ်၊ ခရမ်းရင့်ရောင်၊ သွေးနီရောင်၊ အစိမ်းရောင်ဘုရင်၊ ဖူလူရှိုးစသည့် မတူညီသည့် ကျောက်စိမ်းဆယ်မျိုးကို ပြသခဲ့ပေသည်။

***

အခန်း ၆၇၈

ထန်ဟိုင်ဖုန်း အန္တရာယ်တွေ့ခြင်း

“ဝါး၊ ဒီကျောက်စိမ်းလက်ဝတ်ရတနာအစုံတွေကို အစောက ဆိုင်ထဲမှာမတွေ့မိပါဘူး။ နှစ်စုံတည်းဝယ်ခဲ့ရတာ အခုတော့ ထပ်ဝယ်ချင်သွားပြီ! အနီရောင်လေးက ပိုတောင်လှသေးတယ်!”

“ငါတော့ အစိမ်းရောင်လေးကို ကြိုက်တယ်။ ပိုပြီးတော့ မြင့်မြတ်တဲ့အရှိန်အဝါတွေရှိနေသလိုပဲ။”

“ဟုတ်တာပေါ့! အဲ့ဒီအစိမ်းရောင်အစုံက ဈေးအကြီးဆုံးကျောက်စိမ်းအမျိုးအစားဖြစ်တဲ့ အစိမ်းရောင်ဘုရင်နဲ့လုပ်ထားတာလေ။”

“အိုး! အဲ့ဒါ အစိမ်းရောင်ဘုရင်လား! တော်ဝင်တဲ့အငွေ့အသက်တွေ ထွက်ပေါ်နေတာ မအံ့ဩတော့ပါဘူး။”

“Charmရဲ့ဂါဝန်တွေကလဲ အရမ်းလှတာပဲ။ ငါတော့ ကြိုမှာထားချင်နေပြီ။”

“ဟုတ်ပ၊ ဟုတ်ပ၊ ဂါဝန်တွေနဲ့ ကျောက်စိမ်းတွေက အရမ်းကို လိုက်ဖက်ညီတာပဲ။”

“လူတော်တော်များများကတော့ နိုင်ငံတကာအမှတ်တံဆိပ်တွေကို ကြိုက်ကြပေမယ့် ဒီတံဆိပ်က အဲ့ဒီနာမည်ကြီးတွေထက် အရည်အသွေးရော ဒီဇိုင်းပါ ပိုကောင်းတယ်လို့ ငါတော့ထင်တယ်။”

“ဟုတ်တယ်။ ဒီအမှတ်တံဆိပ် ကျော်ကြားတာ မကျော်ကြားတာတွေကို ငါတော့ ဂရုမစိုက်ဘူး။ ကိုယ်ကြိုက်တာကိုယ်ဝတ်မှာပဲ။”

…….

ဘာပဲဖြစ်ဖြစ် ကျောက်စိမ်းလက်ဝတ်ရတနာများ၊ ပွဲတက်ဂါဝန်များဆိုသည်မှာ နေ့စဉ်လိုအပ်သည့်အရာမဟုတ်ဘဲ တန်ဖိုးကြီးဇိမ်ခံပစ္စည်းအမျိုးအစားသာဖြစ်တာကြောင့် လူအနည်းစုသာ ဝယ်ယူဖို့ တတ်နိုင်မည်ဖြစ်သည်။

အလှပြပွဲမှာ သိပ်မကြာလိုက်ဘဲ သတင်းထုတ်ပြန်ပွဲပြီး နောက်မိနစ်၂၀တွင်ပဲ ပြီးဆုံးသွားခဲ့သည်။ သတင်းထုတ်ပြန်ပွဲပြီးသွားပြီဖြစ်သော်လည်း စားသောက်ပွဲကျန်သေးပေသည်။

ဧည့်သည်တော်များလဲ ဧည့်ခံပွဲခန်းမသို့ ပြောင်းရွှေ့ကြကာ အချို့ကတော့ ပြန်ထွက်သွားကြပြီဖြစ်သည်။

နေ့လည်၁နာရီထိုးခါနီးနေပြီဖြစ်တာကြောင့် နေ့လည်စာအတွက် အနည်းငယ်နောက်ကျလို့နေပေပြီ။

ဧည့်သည်များအားလုံး နေရာယူပြီးသည်နှင့် ၁၀မိနစ်အတွင်းမှာပဲ စားသောက်ဖွယ်ရာများ တည်ခင်းလာခဲ့သည်။

စားသောက်ပွဲပြီးသည့်နောက်တွင်တော့ ဧည့်သည်များတစ်ယောက်ပြီး တစ်ယောက်ပြန်ထွက်သွားကြတော့သည်။

ကုနင်းနှင့်လင်ရှောင်းထင်တို့ သခင်ကြီးထန်နှင့်သခင်ကြီးလေ့တို့ကို သူတို့ကားရှိရာဆီသို့ လိုက်ပို့ပြီးနောက် သူမတို့သူငယ်ချင်းများရှိရာ ပြန်လာခဲ့သည်။

“ဘော့စ်၊ မင်းအရမ်းထူးချွန်မှန်းသိထားပြီးသားပေမည့် ဒီနေ့လဲ ငါ့ကိုအံ့ဩအောင်လုပ်လိုက်ပြန်ပြီနော်။” ဖန်းကျီရွေ့ ကုနင်းကို စိုက်ကြည့်ရင်း စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ပြောလိုက်သည်။

လင်ရှောင်းထင် သူ့ထံသို့ အေးစက်စက်အကြည့်တစ်ချက် ထုတ်လွှတ်လိုက်သည်နှင့် ဖန်းကျီရွေ့တစ်ယောက် ငြိမ်ကျသွားတော့သည်။

အခြားလူများသည်လဲ ကုနင်းကို လေးစားမှုအပြည့်ဖြင့် ချီးမွမ်းပြောဆိုကြလေသည်။

“မိန်းကလေးကုကတော့ တကယ့်အံ့ဖွယ်ပဲ!”

“မိန်းကလေးကု၊ ကျွန်မ Charmရဲ့ဂါဝန်တွေကို အရမ်းကြိုက်တာပဲ။ ဝယ်သူစိတ်တိုင်းကျအထည်အပ်လို့ကောရတော့မှာလား? ကျွန်မနှစ်စုံမှာချင်လို့ရမလား?” ထုံကျားယောင် ပြောလိုက်ခြင်းဖြစ်သည်။ သူမကုနင်းကို မြှောက်ပင့်ပြောဆိုခြင်းမျိုးမဟုတ်ဘဲ အမှန်တကယ် Charmမှ ဂါဝန်များကို သူမနှစ်သက်နေခြင်းကြောင့်ဖြစ်သည်။

“ကျွန်မလဲ တစ်စုံမှာချင်တယ်ရလား?” ကျူးယွမ်ကျန်းလဲ အလောတကြီးမေးလိုက်သည်။

ကုနင်းပြုံးလိုက်ကာ၊

“Charmရဲ့အရောင်းဆိုင်ကို ဖန်ရှန်းဈေးဝယ်စင်တာရဲ့ Bဇုံ ဒုတိယထပ် အမှတ် ၂-၃၆မှာ ဖွင့်ထားပါတယ်။”

ထုံကျားယောင် လင်ရှောင်းထင်ကို လုယူချင်နေသည့် ဆန္ဒများ လက်လျှော့သွားပြီဖြစ်မှန်း ကုနင်း နားလည်တာကြောင့် သူမနှင့် သူငယ်ချင်းဖွဲ့ဖို့ရန် ကုနင်း စိတ်မခုတော့ပေ။

ထန်ရှင်းယွဲ့သည်တော့ အခွင့်ရေးကို စောင့်နေသူဖြစ်တာကြောင့် ချက်ချင်းပင် စကားဝိုင်းထဲဝင်လာကာ၊

“မိန်းကလေးကု၊ တွေ့ရတာဝမ်းသာပါတယ်။ ကျွန်မက ထန်ရှင်းယွဲ့ပါ။ မိန်းကလးကုအကြောင်း သတင်းတွေအများကြီးကြားထားပါတယ်! တကယ်ကို အံ့အားသင့်စရာတွေချည်းပဲ! အသက်ငယ်တာကိုထည့်မပြောနဲ့ဦး၊ မိန်းကလေးရဲ့အောင်မြင်မှုတွေ့ရဲ့ တစ်ဝက်လောက်ကိုတောင် ကျွန်မတို့ မရရှိနိုင်တာကြီးပဲ။”

ထန်ရှင်းယွဲ့ ကုနင်းကို ချီးကျူးလိုက်ပေမည့် တမင်တကာတော့ မျက်နှာလိုမျက်နှာရ မြှောက်ပင့်ပြောဆိုခြင်းမပြုပေ။ ထိုသို့ပြုလုပ်ပါက ကုနင်း အနေနှင့် သူမကို အထင်အမြင်ကောင်းရှိသွားမည်မဟုတ်ကြောင်း နားလည်လေသည်။

ကုနင်းအနေနှင့် ထန်ရှင်းယွဲ့နှင့် ပထမဆုံးအကြိမ်တွေ့ဆုံခြင်းဖြစ်တာကြောင့် ယဉ်ယဉ်ကျေကျေးသာ ပြန်လည်ပြောဆိုခဲ့သည်။

“ကျေးဇူးပါ။” ကုနင်းပြန်ပြောလိုက်သည်။

ထန်ရှင်းယွဲ့က ထပ်မံပြီး၊

“ကျွန်မလဲ Charmကနေပြီး ဝတ်စုံတစ်စုံလောက်မှာချင်တယ်။ ၅စုံမြောက်ဝတ်စုံကို အရမ်းသဘောကျလို့။”

“ကျွန်မတို့ဆိုင်ကနေ ကြိုဆိုနေပါတယ်။” ကုနင်းအပြုံးလေးဖြင့် ပြန်ပြောလိုက်သည်။

“ဘော့စ်၊ မင်းဒီနေ့အားလား?” ဖန်းကျီရွေ့မေးလိုက်သည်။

“စိတ်မကောင်းပါဘူး။ ငါဒီနေ့ အရမ်းအလုပ်ရှုပ်ဦးမှာ။” ဖန်းကျီရွေ့ သူမကို သူ့သူငယ်ချင်းများနှင့်အတူ ပျော်ပါးရန် ဖိတ်ကြားလိုခြင်းဖြစ်ကြောင်း ကုင်းသိလေသည်။

“ရပါတယ်။”

ခနအကြာတွင်တော့ အခြားလူများလဲ ပြန်သွားကာ၊ လင်ရှောင်းထင်၊ ကုနင်း၊ ကုမန့်၊ ချောင်ဝမ်ရှင်း၊ ရှုကျင်းချန်နှင့် ရှင်းပိုင်တို့သာ ခန်းမထဲတွင် ကျန်ရစ်တော့သည်။

ချောင်ဝမ်ရှင်းကတော့ ကုနင်း၏လက်မောင်းကို မှီတွယ်ရင်း၊

“နင်းနင်း၊ ငါတို့မိသားစုဆက်ဆံရေးကိုထောက်ပြီး၊ ငါ့ကို ဂါဝန်တစ်စုံလောက် လက်ဆောင်ပေးသင့်တယ်မထင်ဘူးလား?”

“နင်လိုချင်သလောက်ယူလို့ရပါတယ်!” ကုနင်း ချက်ချင်းပင်ပြန်ဖြေလိုက်သည်။

“ဟ-ဟ၊ ကောင်းလိုက်တာ။” ချောင်ဝမ်ရှင်း အလွန်ကျေနပ်သွားတော့သည်။

“နင်တို့နေ့လည်ခင်းအလုပ်မများကြဘူးဆိုရင်၊ ငါ့အိမ့်မှာ နေ့လည်ခင်းလက်ဖက်ရည်လေးလိုက်သောက်ကြပါလား?” ကုနင်း သူမသူငယ်ချင်းများကို သူမအိမ်သို့ဖိတ်ခေါ်လိုက်သည်။ သတင်းထုတ်ပြန်ပွဲလဲ ပြီးသွားပြီဖြစ်တာကြောင့် ကျန်တာအားလုံး ကျိုးကျန်းဟုန်ကို လွှဲပေးခဲ့၍ဖြစ်ပေပြီ။ ဖန်းကျီရွေ့ကိုကတော့ တမင်အကြောင်းပြကာ ငြင်းဆန်လိုက်ခြင်းဖြစ်သည်။

ဖန်းကျီရွေ့တို့နှင့် သူမအချိန်မဖြုန်းချင်၍မဟုတ်ဘဲ သူမ၏သူငယ်ချင်းများကိုလဲ ဒီနေ့တော့ ကောင်းကောင်းဧည့်ခံချင်တာကြောင့်ဖြစ်သည်။

“ရတာပေါ့!” အရင်ဆုံး ချောင်ဝမ်ရှင်း သဘောတူလိုက်သည်။

“နင်ဘာလို့ ဒီလောက်စိတ်လှုပ်ရှားနေတာလဲ? ငါတို့အိမ်က တစ်ဆက်တည်းပဲကို။” ကုနင်းပြောလိုက်သည်။

ချောင်ဝမ်ရှင်းလဲ ခနလောက်ကြောင်သွားပြီးကာမှ ထိုအကြောင်းကို ပြန်အမှတ်ရသွားတော့သည်။

ထို့နောက် ကုနင်းတို့အဖွဲ့ ကားများရှိရာသို့ ထွက်လာခဲ့ကြသည်။ သို့ပေမည့် ကုနင်း သူမကားနားသို့ ရောက်ခါနီးတွင်ပဲ သူမ၏အာရုံထဲသို့ ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်ထွက်လာလေသည်။ ထိုပုံရိပ်ထဲတွင် ထန်ဟိုင်ဖုန်း၏ကားသည် ဥမင်ထဲတွင် တိုက်မိကာ ချက်ချင်းပေါက်ကွဲသွားသည်ကိုပင်။

ကုနင်း အလွန်ထိတ်လန့်သွားကာ ချက်ချင်းစိတ်ကို တည်ငြိမ်အောင် ပြန်ထိန်းလိုက်ရင်း၊

“ငါအခုပဲ အရေးကြီးကိစ္စလုပ်စရာရှိသေးတာ သတိရသွားလို့။ နင်တို့အရင်သွားနှင့်ပါလား၊ ရှောင်းထင်ကတော့ ကျွန်မနဲ့လိုက်ခဲ့ပေ။ ကောင်းယိ၊ ချောင်ယ ငါ့အမေကို သေချာပြန်ပို့ပေးပါဦး။”

“ကောင်းပါပြီ။” ကောင်းယိနှင့်ချောင်ယတို့ချက်ချင်းဖြေကြားလိုက်သည်။

အခြားလူများကလဲ အရေးပေါ်ကိစ္စဆိုတာကြောင့် သိပ်ပြီးမေးမနေကြပေ။

သို့ပေမည့် ရှုကျင်းချန်၊ စစ်မင် နှင့်ရှင်းပိုင်သည်တော့ ကုနင်း၏မူမမှန်မှုကို သတိပြုမိကြကာ စိုးရိမ်သွားကြသည်။ သို့ပေမည့် လင်ရှောင်းထင်နှင့် ကုနင်းတို့၏ ထူးခြားလှသည့် အရည်အချင်းများအကြောင်း ပြန်တွေးမိသွားချိန်တွင်တော့ သူတို့နှစ်ယောက် အဆင်ပြေလောက်မည်ဟု နားလည်လိုက်ကြသည်။

ထို့နောက် ကုနင်း သူမကားထဲသို့ဝင်လိုက်သည်။ လင်ရှောင်းထင်ကတော့ ကုနင်းနှင့်အနီးဆုံးတွင် ရပ်နေခဲ့သူဖြစ်တာကြောင့် ကုနင်း ရုတ်တရက် ထိတ်လန့်သွားသည်ကို သတိထားမိလိုက်ကာ တစ်ခုခုဖြစ်တော့မည်မှန်း ခံစားမိလိုက်၍ သူမနှင့်အတူ ချက်ချင်းကားထဲသို့လိုက်ဝင်လိုက်သည်။

“ထန်အိမ်တော်ကို သွားရအောင်။ ကျွန်မအဖိုး အန္တရာယ်ရှိတယ်လို့ ခန့်မှန်းချက်ရတယ်။” ကုနင်း ကားထဲသို့ရောက်သည်နှင့် ချက်ချင်းပြောလိုက်သည်။

ထိုစကားကိုကြားသည်နှင့် လင်ရှောင်းထင်လဲ ချက်ချင်းပင် ထန်အိမ်တော်သို့ စတင်မောင်းနှင်လိုက်တော့သည်။

တစ်ချိန်တည်းတွင်ပဲ ကုနင်း ထန်ဟိုင်ဖုန်းကို ဆက်သွယ်ဖို့ကြိုးစားပေမည့် လိုင်းမအားသေးပါပဲဖြစ်နေတာကြောင့် အဆင်မပြေခဲ့ပေ။

ကားပေါက်ကွဲသည်နှင့် ထန်ဟိုင်ဖုန်း ချက်ချင်းသေဆုံးနိုင်တာကြောင့် ကုနင်း အလွန်စိုးရိမ်နေတော့သည်။ သူမတွင် မှော်စွမ်းအားဘယ်လောက်ပဲ ရှိနေပါစေ သေဆုံးသွားလျှင်တော့ အသုံးမဝင်တော့ပေ။

***

အခန်း ၆၇၉

ကားတိုက်မှု

ထိုအခိုက်အတန့်တွင် ကုနင်းကို ဘယ်လိုမျိုးနှစ်သိမ့်ပေးရမလဲဆိုသည်ကို လင်ရှောင်းထင်လဲ မသိတာကြောင့် ကားကိုသာ အမြန်ဆုံးအာရုံစိုက်မောင်းတော့သည်။

ကံမကောင်းစွာဖြင့် လမ်းတွင် ကားအရမ်းကြပ်နေတာကြောင့် လင်ရှောင်းထင်လဲ အလွန်စိုးရိမ်လာရသည်။

လမ်းတစ်လျှောက် ကုနင်း ထပ်ခါထပ်ခါ ထန်ဟိုင်ဖုန်းကို ဆက်သွယ်သလို ကျောက်စိမ်းမျက်ဝန်းကိုသုံး၍လဲ ထန်ဟိုင်ဖုန်း၏ကားကို ရှာခဲ့သည်။

ဖုန်းလိုင်းက မအားနေစဲဖြစ်ကာ ကုနင်းလဲ မနေနိုင်ဘဲ ထန်ဟိုင်ဖုန်းနှင့် ဖုန်းအကြာကြီးပြောနေသည့်လူကိုသာ ကြိမ်ဆဲမိတော့သည်။

သူတို့တော်တော်လေးမောင်းလာပြီးနောက်တွင်တော့ ထန်ဟိုင်ဖုန်း၏ကားကို မီတာ၅၀၀အကွာတွင် တွေ့လိုက်ရပေမည့် မီးပွိုင့်စိမ်းဖို့ရန် စောင့်ရဦးမည်ဖြစ်တာကြောင့် ရှေ့သို့မတိုးနိုင်ခဲ့ပေ။

ထို့နောက်တွင်တော့ ကုနင်း ဖြတ်လမ်းတစ်ခုတွေ့လိုက်ပေမည့် ထိုနေရာသို့ ကားကိုမောင်းသွားဖို့ရန်ကပင် မဖြစ်နိုင်ပေ။

“ရှင်နောက်ဆက်လိုက်လာခဲ့တော့၊ ကျွန်မအရင်ပြေးနှင့်ပြီ။” ကုနင်းပြောပြီးသည်နှင့် လင်ရှောင်းထင် ဖြေသည်ကိုပင်မစောင့်ဘဲ ကားထဲမှခုန်ဆင်းသွားတော့သည်။

ကုနင်းစိတ်ဆုံးဖြတ်ပြီးနေပြီဖြစ်တာကြောင့် လင်ရှောင်းထင်လဲ တားမြစ်ခြင်းမပြုခဲ့ပေ။

ကုနင်းကားထဲမှထွက်သွားပြီးသည်နှင့် လမ်းတစ်လျှောက် အမြန်ဆုံးပြေးသွားကာ ဖြတ်လမ်းရှိရာသို့ အလင်းအလျင်ပမာပြေးထွက်သွားတာကြောင့် အနားရှိလူတိုင်း အလွန်ထိတ်လန့်အံ့အားသင့်ကုန်ကြရသည်။

ကုနင်း အခြားကားများနားသို့ဖြတ်ပြေးသွားချိန်တွင် ကားထဲမှလူများမှာ သူတို့နားသို့ လေတစ်ဝှေ့တိုက်လိုက်သလိုပင် ခံစားလိုက်ရသည်။

ကုနင်း၏အန္တရာယ်များလှသည့် အပြုအမူကြောင့် ပြစ်တင်ကြိမ်းမောင်းသံများလဲ ထွက်ပေါ်လာပေသည်။

“ဘာလို့ လမ်းပေါ်မှာ ဒီလောက်ပြေးနေတာလဲ?”

“အန္တရာယ်များတယ်လေ!”

“ကားတိုက်မိရင်ဘယ်လိုလုပ်မလဲ?”

………

ကုနင်းအတွက်တော့ ထိုပြစ်တင်မှုများကို ဂရုစိုက်နေဖို့ရန်အချိန်မရှိဘဲ ထန်ဟိုင်ဖုန်းကို လိုက်မှီဖို့ရန်သာ စိတ်စောနေသည်။

သူမအမြန်ဆုံးပြေးသွားပေမည့် ထန်ဟိုင်ဖုန်း၏ကားသည်လဲ အမြန်မောင်းနှင်နေခြင်းဖြစ်တာကြောင့် သူတို့ကြားမှ အကွာအဝေးမှာ ခြားနားနေစဲပင်။

ကုနင်း ခနလောက်ဆက်ပြေးနေပြီးနောက် မမှီတော့သည့်အချိန်တွင်ပဲ လင်ရှောင်းထင်၏ကားလဲ သူမအနားသို့ရောက်လာတာကြောင့် ချက်ချင်းကားပေါ်တက်လိုက်ကာ ဆက်လိုက်တော့သည်။

ကုနင်းကားထဲထိုင်ပြီးသည်နှင့် ထန်ဟိုင်ဖုန်းကို ထပ်ပြီးဆက်သွယ်သော်လည်း ဤတစ်ခေါက်တွင်တော့ ဖုန်းအားကုန်သွား၍ကြောင့်လားမသိ စက်ပိတ်ထားသည်ဟုသာ ကြားရတာကြောင့် ကုနင်း ဆဲဆိုမိတော့သည်။

သူတို့မကြာခင်တွင်ပဲ မြို့ထဲမှ ထွက်လာပြီဖြစ်တာကြောင့် လမ်းသိပ်မကြပ်တော့ပေ။ ဥမင်နှင့်နီးလာသည့်အချိန်တွင်တော့ ကုနင်းလဲ ထန်ဟိုင်ဖုန်း၏ကားကို မြင်ရလာပြီဖြစ်ကာ ထန်ဟိုင်ဖုန်း၏ကားနောက်တွင် မူမမှန်သည့် လှုပ်ရှားမှုတစ်စုံတစ်ရာရှိနေကြောင်းလဲ သတိပြုမိသွားသည်။

ကုနင်းတို့ကားလဲ ဥမင်ထဲသို့ဝင်ရောက်လာကာ ထန်ဟိုင်ဖုန်းတို့ကို မှီခါနီးဖြစ်သွားပေမည့် ထန်ဟိုင်ဖုန်း၏ကားနောက်မှ ကားသည်လဲ ရုတ်တရက် အရှိန်မြှင့်လိုက်ကာ ရှေ့ကို ဝင်တိုက်တော့မလိုပင်။

ဒီတော့မှ ထိုကားကြောင့် သူမ၏အာရုံထဲမှ ဆိုးရွားလှသည့် မတော်တဆမှုဖြစ်ပွားခြင်းဖြစ်ကြောင်း သတိထားမိသွားတော့သည်။

“ရှောင်းထင်၊ ရှေ့ကကားကို ဝင်တိုက်လိုက်!” ကုနင်းပြောလိုက်သည်။

လင်ရှောင်းထင်လဲ ထိုကား၏မူမမှန်မှုကို သတိထားမိတာကြောင့် ချက်ချင်း ရှေ့သို့ ချဉ်းကပ်လိုက်သည်။ သို့ပေမည့် ခြားနေသည့် အကွာအဝေးကြောင့် ရှေ့ကားကိုရောက်ခါနီး တစ်စက္ကန့်လောက်အလိုတွင်ပဲ ထိုကားက ထန်ဟိုင်ဖုန်း၏ကားကိုဝင်တိုက်လိုက်တော့သည်။

ထန်ဟိုင်ဖုန်း၏ကားသည် ညာဘက်အခြမ်းတွင်ရှိနေခြင်းဖြစ်ကာ ညာဘက်မှ ဝင်တိုက်လိုက်ခြင်းဖြစ်တာကြောင့် ဆီတိုင်ကီကို တိုက်မိသွားသည်။ လင်ရှောင်းထင်လဲ ချက်ချင်း အလယ်မှဖြတ်ဝင်ကာ ထိုကားကိုဝင်တိုက်ပြီး ထန်ဟိုင်ဖုန်း၏ကားနားမှ ကွာသွားအောင် ခြားလိုက်သည်။

ထို့အတွက်ကြောင့် ထန်ဟိုင်ဖုန်း၏ကားမှာ ပြင်းပြင်းထန်ထန် တိုက်မိမသွား၍ ဆီတိုင်ကီလဲ ဘေးကင်းသွားတာကြောင့် ပေါက်ကွဲမှုမဖြစ်နိုင်တော့ပေ။

သို့ပေမည့် အန္တရာယ်ကတော့ ရှိနေစဲပင်ဖြစ်ကာ ကုနင်းလဲ ကားထဲမှထွက်ကာ ထန်ဟိုင်ဖုန်း၏ အခြေအနေကို စစ်ဆေးရန်သွားလိုက်သည်။

ထန်ဟိုင်ဖုန်းသည် နောက်ခန်းထဲတွင် သတိလစ်လို့နေပြီဖြစ်ကာ ရှေ့ခန်းထဲမှ ယာဉ်မောင်းနှင့် ကိုယ်ရံတော်သည်တော့ ဒဏ်ရာရထားပေမည့် သတိရှိနေစဲပင်။

ကုနင်း ချက်ချင်းပင် ယာဉ်မောင်းဘက်မှ ကားမှန်တံခါးကို ခေါက်လိုက်သည်။

ယာဉ်မောင်းလဲ မှန်ကိုချလိုက်ပြီးနောက် ကုနင်းကိုတွေ့လိုက်ရ၍ အံ့အားသင့်သွားတော့သည်။

“တံခါးဖွင့်လိုက်! ကျွန်မအဖိုး သတိလစ်နေပြီ!” ထန်ဟိုင်ဖုန်းသည် အသက်ကြီးနေပြီဖြစ်တာကြောင့် ဤအခြေအနေမှာ အန္တရာယ်များလှသည်။

ကုနင်းဘာကြောင့် ဒီနေရာကိုရောက်နေလဲ ယာဉ်မောင်းနားမလည်နိုင်ဖြစ်နေသော်လည်း ထန်ဟိုင်ဖုန်းသတိလစ်နေကြောင်း ကြားလိုက်ရသည်နှင့် ချက်ချင်းပင် ကားတံခါးကို ဖွင့်ပေးလိုက်တော့သည်။

ကုနင်း ချက်ချင်းကားထဲဝင်လိုက်ပြီး ထန်ဟိုင်ဖုန်း၏အသက်ရှူနှုန်းကို စမ်းသပ်လိုက်သည်။ ကံကောင်းစွာဖြင့် အသက်ရှူနေစဲဖြစ်တာကြောင့် ကုနင်းစိတ်အေးသွားကာ ချက်ချင်းပင် သူမ၏မှော်စွမ်းအားများကို လွှဲပြောင်းပေးနေရင်း တစ်ချိန်တည်းတွင်ပဲ ယာဉ်မောင်းအား၊

“အခုချက်ချင်း ရဲနဲ့ လူနာတင်ယာဉ်ကို ဖုန်းဆက်ခေါ်လေ!”

“အာ! ဟုတ်သားပဲ!” ယာဉ်မောင်းလဲ ချက်ချင်းပဲ ဖုန်းထုတ်ကာ ဆက်သွယ်တော့သည်။

လင်ရှောင်းထင်လဲ ကားထဲမှထွက်လာကာ တစ်ဖက်ကားမှ ယာဉ်မောင်း၏အခြေအနေကို စစ်ဆေးလိုက်သည်။

ထိုယာဉ်မောင်းသည်တော့ ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားကာ သတိလစ်နေပေပြီ။

ဥမင်ထဲတွင် လမ်းကြောင်းသုံးခုရှိကာ အခုတော့ ကားသွားဖို့ရန် တစ်လမ်းသာရှိတော့သည်။

ကားများစွာလဲ သူတို့နားရပ်လာကြပေမည့် ဘယ်သူမှတော့ အနားမကပ်ရဲကြပေ။

မကြာခင်တွင်ပဲ ကုနင်း၏မှော်စွမ်းအားကြောင့် ထန်ဟိုင်ဖုန်း သတိပြန်ရလာကာ ကုနင်းကို မြင်လိုက်ရ၍ အံ့ဩသွားပြီး၊

“နင်းနင်း၊ ဘာတွေဖြစ်ကုန်တာလဲ?” ထန်ဟိုင်ဖုန်းကတော့ ဘာတွေဖြစ်ပျက်သွားမှန်း မသိသေးပေ။

“အဖိုး၊ တစ်ယောက်ယောက်က အဖိုးရဲ့ကားကို တမင်ဝင်တိုက်တာ၊ ကြည့်ရတာ သမီးတို့ရန်သူတွေဘက်က လှုပ်ရှားလာပြီထင်တယ်။ အခုတော့ သတိမရသေးသလို ဟန်ဆောင်ပြီး သူတို့လှည့်ကွက်ကို သူတို့ဘက်ကို ပြန်လှည့်လိုက်ကြတာပေါ့။ သမီးမျက်လုံးဖွင့်လိုက်တော့လို့ မပြောမချင်း မျက်စိမှိတ်ထားလိုက်ပါ။” ကုနင်း အလေးအနက်ဖြင့်ပြောလိုက်သည်။

ထိုစကားကြောင့် ထန်ဟိုင်ဖုန်း ဒေါသထွက်သွားပေမည့် သူ့ရန်သူဘက်က မကြာခင်အချိန်အတွင်း စတင်လှုပ်ရှားလာမည်ဖြစ်ကြောင်း သိထားပြီးဖြစ်၍ မအံ့ဩမိပေ။

“ကောင်းပြီလေ။”

လင်ရှောင်းထင်လဲ ကုနင်းအနားသို့ရောက်လာကာ၊

“ဟိုကားထဲက ယာဉ်မောင်းကတော့ ခေါင်းထိပြီး သတိလစ်နေတယ်။ သူ့ရဲ့ကဒ်နဲ့ဖုန်းကိုတော့ ကိုယ်ရှာတွေ့ထားပေမည့် လျှို့ဝှက်နံပါတ်မသိဘဲ ဖွင့်လို့မရဘူး။”

ကုနင်း ယာဉ်မောင်း၏အိုင်ဒီကဒ်ကို ယူကြည့်လိုက်သည်။

ယာဉ်မောင်း၏နာမည်မှာ ရှန့်တုန်ပင်းဖြစ်ကာ အသက်၄၃နှစ်ရှိပြီဖြစ်ပြီး Bမြို့နားမှ ရွာတစ်ရွာမှဖြစ်သည်။ အခြားသောကဒ်များကတော့ သူ၏ဘဏ်ကဒ်များပင်။

“အဖိုး၊ ဒါကိုကြည့်ပါဦး။ ဒီလူကို သိလား၊ ဒါမှမဟုတ်မြင်ဖူးလား?” ကုနင်း အိုင်ဒီကဒ်ကို ထန်ဟိုင်ဖုန်းအားပြလိုက်သည်။

“သူဘယ်သူလဲ မသိဘူး။”

ထို့နောက် ကုနင်း အိုင်ဒီကဒ်ကို ဓါတ်ပုံရိုက်ကာ ကေဆီသို့ဖုန်းဆက်လိုက်ပြီး၊

“ငါအခုပဲ အိုင်ဒီကဒ်နဲ့ ဘဏ်ကဒ်ပုံတွေပို့လိုက်တယ်။ ကဒ်ပိုင်ရှင်ဘယ်သူလဲဆိုတာရယ် ငွေဝင်စာရင်းရယ်စစ်ပေးပါဦး။ ပြီးတော့ ဒီလူအခုတလောခေါ်ထားတဲ့ဖုန်းနံပါတ်ရဲ့ အကြောင်းတွေကိုလဲသိချင်တယ်။”

ယာဉ်မောင်းကတော့ သူမကောင်းတာမလုပ်ခင် သူ့နောက်ကြောင်းကို ဖုံးကွယ်ထားမည်ဖြစ်သော်လည်း သူမတို့အနေနှင့် သူ့နောက်ကြောင်းကို စုံစမ်းစစ်ဆေးကြည့်ဖို့ရန်တော့ လိုအပ်နေစဲပင်။

***

အခန်း ၆၈၀

ထန်ဟိုင်ဖုန်း သတိမေ့မျောနေဟန်ဆောင်ခြင်း

ကုနင်း ဖုန်းပြောနေသည်ကို ကြားလိုက်ရတာကြောင့် အခြားလူများ အံ့ဩသွားကြသလို ဤသို့ လျှို့ဝှက်အချက်အလက်များကိုပင် ရှာဖွေနိုင်သည့် ဖုန်းတစ်ဖက်မှလူက ဘယ်သူလဲဆိုသည်ကိုလဲ သိချင်သွားကြသည်။

၅မိနစ်ကြာပြီးနောက်တွင်တော့ လူနာတင်ယာဉ်နှစ်စီးရောက်လာခဲ့သည်။

ရှန့်တုန်ပင်းသည် ထန်ဟိုင်ဖုန်းကို သတ်ရန်ကြံရွယ်သူဖြစ်သော်လည်း သူပြန်သတိရလာချိန်တွင် စစ်ဆေးမေးမြန်းကာ ထောင်ချရုံလောက်သာ လုပ်နိုင်ပေမည်။

ထန်ဟိုင်ဖုန်း အသက်အန္တရာယ်ရှိသည်ကို မြင်ရသည်နှင့် ဆေးဝန်ထမ်းများလဲ သူတို့ကိုပါ အမှုပတ်လာမည်စိုးတာကြောင့် အလွန်စိုးရိမ်သွားကြတော့သည်။

ကုနင်းနှင့် ထန်ဟိုင်ဖုန်း၏ကိုယ်ရံတော်လဲ ထန်ဟိုင်ဖုန်းနှင့် အတူ ဆေးရုံသို့ လိုက်သွားကာ လင်ရှောင်းထင်သည်တော့ ရဲများကိုစောင့်ရန်နေခဲ့သည်။

ကုနင်း လူနာတင်ယာဉ်ပေါ်ရောက်မှသာ ထန်ယွင်ဟန်ကို ဆက်သွယ်ခဲ့သည်။ ထို့နောက် ထန်ယွင်ဖန်းသာသိသွားပါက ချက်ချင်း ထန်ဟိုင်ဖုန်းထံသို့ အပြေးရောက်လာနိုင်တာကြောင့် လောလောဆယ်လျှို့ဝှက်ထားဖို့ကိုလဲ ထန်ယွင်ဟန်အား ပြောလိုက်သည်။

ထို့နောက် ထန်ယွင်ရုန်ကိုလဲ ကုနင်းဖုန်းဆက်ကာ ထန်ယွင်ဟန်ကို ပြောခဲ့သလိုပင် ပြောလိုက်သည်။

လူနာတင်ယာဉ်ထဲတွင် ဆေးဝန်ထမ်းများရှိနေတာကြောင့် ထန်ဟိုင်ဖုန်း အဆင်ပြေနေသည့်အကြောင်းကိုတော့ ကုနင်းထုတ်မပြောခဲ့ပေ။

ထန်ယွင်ဟန်တစ်ယောက် သတင်းဆိုးကိုကြားလိုက်ရသည်နှင့် အလောတကြီးပင် ရုံးမှထွက်ကာ ဆေးရုံသို့လာခဲ့တော့သည်။ တစ်ချိန်တည်းမှာပဲ ကျန်းလီဟွာကိုလဲ လှမ်းအကြောင်းကြားခဲ့သေးသည်။

မကြာခင်တွင်ပဲ ထန်ယွင်ရုန်နှင့် ချောင်ယွေ့ဟွာတို့ ဆေးရုံသို့ထွက်လာခဲ့ကြသည်။

ဤကားတိုက်မှုနောက်ကွယ်မှ အဓိကကြိုးကိုင်သူဖြစ်သည့် ထန်ဝေ့ရုန်သည်လဲ နောက်ယောင်ခံလိုက်ဖို့ လွှတ်ထားသည့် လူမှတစ်ဆင့် သတင်းကြားပြီးဖြစ်သည်။ သို့ပေမည့် ရိပ်မိမသွားစေရန် ထိုလူက ခပ်လှမ်းလှမ်းမှနေသာ လိုက်ခဲ့တာကြောင့် ဖြစ်ပျက်သွားသည့် အသေးစိတ်အကြောင်းအရာကိုတော့ မသိခဲ့ပေ။

ဥပမာအားဖြင့် တတိယကကားက ရှေ့ကားကို မတော်တဆမှုမဟုတ်ဘဲ တမင်ဝင်တိုက်သည်ကို သူမသိခဲ့သလို ထန်ဟိုင်ဖုန်း ဒဏ်ရာရမရကိုလဲမသိဘဲ သတိလစ်သွားသည်ကိုသာ သိခဲ့သည်။ ထို့အပြင် ကုနင်းကိုလဲမမှတ်မိခဲ့ပေ။

ထန်ဝေ့ရုန်သည်တော့ တတိယမြောက်ကားက သူ့အစီအစဉ်ကို ဝင်ဖျက်ဆီးလိုက်၍ အလွန်ဒေါသထွက်နေတော့သည်။ ထန်ဟိုင်ဖုန်း သတိလစ်သွားသည်မှန်သော်လည်း ဒဏ်ရာရမရကိုတော့ သူမသိရပေ။ ထန်ဟိုင်ဖုန်းသာ အကောင်းအတိုင်းရှိနေလျှင် သူ့အစီအစဉ် သဲထဲရေသွန်ဖြစ်သွားပေမည်။

ထန်မိသားစုသည် ငတုံးငအများမဟုတ်တာကြောင့် သေချောပေါက် ယခုကိစ္စမှာ တမင်ကြံစည်ခြင်းဖြစ်ကြောင်း မကြာခင်အချိန်အတွင်း သိသွားကြမည်သာ။

ရှန့်တုန်ပင်း သစ္စာမဖောက်လောက်သည်ကိုတော့ ထန်ဝေ့ရုန် ယုံကြည်ချက်ရှိပေသည်။ အကယ်၍များ ရှန့်တုန်ပင်း သူ့ကိုသစ္စာဖောက်ခဲ့လျှင်ပင် သူ့ကိုထိခိုက်မှုဖြစ်စေမည်မဟုတ်ဘဲ နောက်လာမည့်အစီအစဉ်များအတွက် ကျရှုံးသွားနိုင်သည်သာ။

ယခုလက်ရှိအချိန်တွင် ထန်ဝေ့ရုန် အကြားချင်ဆုံးသတင်းမှာ ထန်ဟိုင်ဖုန်း ဒဏ်ရာပြင်းပြင်းထန်ထန်ရလျှင်ရ၊ မဟုတ်လို့ကတော့ သေပြီဆိုသည့် သတင်းကိုသာ။

ဒီလိုသာဆို ထန်ဟိုင်ဖုန်းလဲ ထန်မိသားစုပိုင်စီးပွားရေးလုပ်ငန်းများကို ဝင်ရောက်လုပ်ကိုင်နိုင်တော့မည်မဟုတ်ပေ။

ထိုသို့ဆိုလျှင် ထန်ဝေ့ရုန်လဲ အခွင့်ကောင်းကို အမိအရဖမ်းဆုပ်လိုက်ရုံသာ။

လူနာတင်ယာဉ်ထွက်ခွာပြီး ၂မိနစ်လောက်အကြာတွင်ပဲ ယာဉ်ထိန်းရဲများရောက်ရှိလာခဲ့သည်။ သခင်ကြီးထန်၏ကားနှင့် ယာဉ်မောင်းကို ယာဉ်ထိန်းရဲများ မြင်တွေ့လိုက်ရချိန်တွင်တော့ ဤမတော်တဆမှုကို ပေါ့ပေါ့ဆဆသဘောမထားရဲတော့ပေ။

ထန်ဟိုင်ဖုန်း၏ယာဉ်မောင်းကတော့ သက်သေအတိအကျမရသေးခင်အထိ ယခုယာဉ်တိုက်မှုမှာ တမင်ကြံစည်ထားခြင်းဖြစ်ကြောင်း ထုတ်ပြောဦးမည်မဟုတ်ပေ။ ထိုသို့သာပြောလိုက်ပါက ထန်မိသားစု၏အရှိန်အဝါကြောင့် ယာဉ်ထိန်းရဲများ အလွန်စိတ်ဖိစီးကုန်ကြလိမ့်မည်။

ထန်မိသားစု၏မြင့်မားလှသည့် ပုံရိပ်ကြောင့် ဤလူများကို အလွယ်လေးထိန်းချုပ်နိုင်ကာ ဘယ်သူမှ စစ်ဆေးချက်ရလဒ်အမှန်ကို သိကြလိမ့်မည်မဟုတ်ပေ။

ထို့အပြင် စစ်ဆေးချက်ရလဒ်ကို သိဖို့ရန်လဲ သူတို့အတွက်အလောကြီးနေသည်မဟုတ်တာကြောင့် ရဲများကိုသာ သူတို့တာဝန်သူတို့လုပ်ရန် လွှတ်ထားပေးလိုက်သည်။

ယာဉ်ထိန်းရဲတစ်ဦးက အရင်ဆုံးမေးမြန်းလိုက်သည်။

“သူ့ဘက်က သူ့လမ်းသူပုံမှန်မောင်းလာတာလား?”

“မဟုတ်ပါဘူး။” ထန်ဟိုင်ဖုန်း၏ယာဉ်မောင်း ပြန်ဖြေလိုက်သည်။

ထို့နောက် ယာဉ်ထိန်းရဲများက ထန်ဟိုင်ဖုန်း၏ကားမောင်းသည့် မှတ်တမ်းကိုစစ်ဆေးကြကာ ဥမင်ထဲကိုဝင်ပြီးကာမှ ရုတ်တရက် အရှိန့်မြှင့်လိုက်ပြီးကာမှ မတော်တဆမှုဖြစ်ကြောင်းတွေ့လိုက်ရသည်။ နောက်ကားက လမ်းကြောပြောင်းခြင်းမျိုးမဟုတ်ဘဲ ထန်ဟိုင်ဖုန်း၏ကားကို တည့်တည့်ကြီးဝင်တိုက်လိုက်တာက အတော်လေးထူးဆန်းလှပေသည်။ ဒါက တမင်လုပ်ကြံသည့်ကိစ္စဖြစ်နိုင်ချေများလှသည်။

ဗီဒီယိုထဲတွင် လင်ရှောင်းထင်၏ကားသည်လဲ ရုတ်တရက် အရှိန်မြှင့်ကာ နောက်ကားကို တိုက်လိုက်တာကြောင့် အလွန်ထူးဆန်းနေသည်။ ထို့ကြောင့် ယာဉ်ထိန်းရဲမှနေပြီး လင်ရှောင်းထင်ကိုလဲ မေးမြန်းလိုက်သည်။

“မင်းဘာလို့ ရုတ်တရက်ကြီး အရှိန်မြှင့်လိုက်တာလဲ?”

“ကျွန်တော်က သခင်ကြီးထန်နဲ့ရင်းနှီးတဲ့လူလေ။ ရှေ့ကားရဲ့ မမူမှန်တဲ့ဝင်တိုက်မှုကို တွေ့လိုက်လို့ သခင်ကြီးထန်ရဲ့ကား ပေါက်ကွဲသွားမှာစိုးတာကြောင့် အဲ့ဒီကားကို တွန်းထုတ်နိုင်ဖို့ အရှိန်မြှင့်လိုက်တာ။” လင်ရှောင်းထင်ပြန်ဖြေလိုက်သည်။

ထိုစကားကြောင့် လူတိုင်း လင်ရှောင်းထင်ကို လေးစားသွားကြတော့သည်။ ဤမတော်တဆမှုကနေပြီး သူကိုယ်တိုင်လဲ ဒဏ်ရာရနိုင်သည်မဟုတ်ပါလား။ ဒါတင်မကသေး သူမောင်းလာသည့် ကားမှာ ယွမ်၂သန်းမကတန်ဖိုးရှိကာ အခုတော့ ပျက်စီးလို့သွားပေပြီ။

လင်ရှောင်းထန်နှင့် ထန်ဟိုင်ဖုန်းတို့ရင်းနှီးကြောင်း ကြားရသည်နှင့် ယာဉ်ထိန်းရဲလဲ ထပ်ပြီးရှည်ရှည်ဝေးဝေးမေးမြန်းခြင်းမပြုတော့ပေ။

ထို့နောက် ယခုကားတိုက်မှုမှာ စက်ချို့ယွင်းသည့် ပြဿနာများကြောင့်လားဟု သိစေရန်အတွက် ကားကို စစ်ဆေးကြည့်ကြသည်။ ထို့နောက် ကားဘရိတ်များပြတ်နေသည်ကိုမြင်လိုက်ရတာကြောင့် ဤကားမတော်တဆမှုမှာ ကားဘရိတ်မမိခြင်းကြောင့်ဖြစ်နိုင်သည်ဟု သက်ရောက်သွားပေပြီ။

သေချာပေါက် ယာဉ်တိုက်မှုအကြောင်း အသေးစိတ်စစ်ဆေးမှုများတော့ ပြုလုပ်သွားရပေဦးမည်။

…….

ဆေးရုံတွင်တော့ ကုနင်းက သူမနည်းဖြင့် ဤလှည့်ကွက်ကို တစ်ပတ်ပြန်လှည့်မည်ဟု ဆုံးဖြတ်ထားတာကြောင့် ထန်ဟိုင်ဖုန်းကို ဆေးစစ်မှုများပြုလုပ်စေသည်။

တစ်ချိန်တည်းတွင်ပဲ ထန်ဟိုင်ဖုန်း ကားတိုက်မှုဖြစ်သည့်အကြောင်းကိုလဲ မဖုံးကွယ်ထားခဲ့တာကြောင့် နောက်ကွယ်မှ ကြိုးကိုင်သူထွက်ပေါ်လာပေလိမ့်မည်။ သူတို့ဘက်ကသာ ရန်သူဘယ်သူလဲဆိုသည်ကိုမသိထားပါက ထိုရန်သူကို ဘယ်လိုဖြေရှင်းရမလဲဆိုသည်ကိုလဲ မသိနိုင်ပေ။

ရှန့်တုန်ပင်းသည်တော့ သူ၏ခေါင်းအနောက်ဖက်ကို ပြင်းပြင်းထန်ထန် ရိုက်မိထားတာကြောင့် သတိလစ်နေစဲဖြစ်သည်။

ထန်ဟိုင်ဖုန်းအား လူနာခန်းသို့ရွှေ့ပြီးသွားချိန်တွင်တော့ ထန်ယွင်ဟန်ရောက်လာခဲ့သည်။

ထန်ယွင်ဟန်သည် ပြည်နယ်ပါတီကော်မတီ၏အတွင်းရေးမှူးဖြစ်တာကြောင့် သတင်းများမှတဆင့် သူ၏မျက်နှာကို လူအများရင်းနှီးထားကြပြီးဖြစ်သည်။

ထို့ကြောင့် ထန်ယွင်ဟန်ဆေးရုံထဲသို့ဝင်လာသည်နှင့် လူတော်တော်များများ မှတ်မိကြကာ သူ့ထံမှ ထုတ်လွှင့်နေသည့် အင်အားကောင်းလှသည့် အရှိန်အဝါကြောင့် ဖိအားများကုန်ကြတော့သည်။

“နင်းနင်း၊ သမီးအဖိုး ဘယ်လိုနေသေးလဲ?” ထန်ယွင်ဟန် လူနာခန်းထဲသို့ရောက်သည်နှင့် စိုးရိမ်စွာမေးလိုက်သည်။

“ဆရာဝန်ကတော့ အဖိုး ဘာမှမဖြစ်လို့ မကြာခင်နိုးလာလိမ့်မယ်လို့ ပြောတယ်။” ကုနင်း ချက်ချင်းကြီး အမှန်အတိုင်း အကုန်မပြောခဲ့ပေ။

မကြာခင်တွင်ပဲ ထန်ယွင်ရုန်နှင့် ချောင်ယွေ့ဟွာလဲ ရောက်ရှိလာကာ ထန်ဟိုင်ဖုန်း၏ အခြေအနေကို မေးမြန်းကြချိန်တွင် ကုနင်းကလဲ တစ်ပုံစံတည်းသာ ပြန်ဖြေခဲ့သည်။

မိနစ်များစွာကြာပြီးနောက် ကျန်းလီဟွာလဲ ရောက်ရှိလို့လာခဲ့သည်။

အားလုံးရောက်နေပြီဖြစ်တာကြောင့် ကုနင်းလဲ အမှန်တရားကို ထုတ်ပြောချိန်ရောက်ပြီဟု ဆုံးဖြတ်လိုက်တော့သည်၊

“အတွင်းရေးမှူးလီ၊ ကိုယ်ရံတော်လင်း၊ တံခါးမှာ သွားစောင့်နေပြီး ကျွန်မခွင့်ပြုချက်မရှိဘဲ ဘယ်သူ့ကိုမှ ဝင်ခွင့်မပြုပါနဲ့။”

***

All Chapters