← Chapters

အခန်း (၆၈၁-၆၈၅)

Vol. 46 Ch. 681-685

အခန်း (၆၈၁-၆၈၅)

Vol. 46 Ch. 681-685

အခန်း ၆၈၁

လူသတ်မှု၊ မတော်တဆမှုမဟုတ်ဘူး

ထန်ဟိုင်ဖုန်း၏ကိုယ်ရံတော်နှင့် ထန်ယွင်ဟန်၏အတွင်းရေးမှူးတို့ကို ကုနင်းအမိန့်ပေးလိုက်သည်။ သူမတွင် ထိုသို့အမိန့်ပေးနိုင်သည့် အာဏာမျိုးမရှိသော်လည်း အခုက အထူးအခြေအနေဖြစ်နေသည်။

ထန်ဟိုင်ဖုန်း၏ကိုယ်ရံတော်ကတော့ ထွက်သွားခဲ့ကာ ထန်ယွင်ဟန်၏အတွင်းရေးမှူးသည်တော့ ထန်ယွင်ဟန်၏အမိန့်ကိုသာ နာခံသူဖြစ်တာကြောင့် မတ်တပ်ရပ်နေစဲပင်။ ထန်ယွင်ဟန်သူ့ကို ခေါင်းညိတ်ပြလိုက်ကာမှ အပြင်သို့ထွက်သွားခဲ့သည်။

နှစ်ယောက်လုံးအပြင်ရောက်ကာ တံခါးပြန်ပိတ်လိုက်ပြီးကာမှ ကုနင်းက၊

“အဖိုး၊ မျက်လုံးဖွင့်လို့ရပါပြီ။”

ထိုစကားကိုကြားသည်နှင့် ထန်ဟိုင်ဖုန်း ချက်ချင်းမျက်စိများပွင့်လာတာကြောင့် အခန်းထဲမှ လူတိုင်းအံ့အားသင့်သွားကြကာ၊

“ဘာ-ဘာတွေဖြစ်ကုန်တာလဲ?” ကုနင်းပဲ ထန်ဟိုင်ဖုန်း သတိလစ်နေစဲပါလို့ ပြောထားတယ်မဟုတ်ဘူးလား?

“တကယ်တော့ အခုကိစ္စက မတော်တဆမှုမဟုတ်ဘဲ လူသတ်ရန်ကြံစည်မှုပါ။ နောက်ကွယ်က အဓိကကြိုးကိုင်သူကို ရှာတွေ့နိုင်ဖို့ အဖိုးကို ရက်ပိုင်းလောက် အဖေ့အခုလုပ်နေသလိုမျိုး သတိလစ်နေသလို ဟန်ဆောင်ထားမှရမယ်။ သမီးတို့ဘက်က အဖိုးအသက်အန္တရာယ်ရှိနေပါတယ်လို့ သတင်းဖြန့်လိုက်ရင် ရန်သူဘက်ကလဲ ရက်ပိုင်းအတွင်း ချက်ချင်း စလှုပ်ရှားလာလိမ့်မယ်။”

လူသတ်ရန်ကြံစည်မှုဖြစ်ကြောင်းသိလိုက်ရသည်နှင့် အားလုံးဒေါသထွက်ကုန်ကြသည်။

“ဒီရက်တွေအတွင်း သမီးတို့မိသားစု ပြဿနာတွေကြုံနေရတယ်ဆိုပေမယ့် ထပ်ပြီးပြဿနာတွေ ပိုမကြီးလာဖို့ တခါတည်း အပြတ်ဖြတ်လိုက်ဖို့ လိုတယ်။” ကုနင်းဆက်ပြောလိုက်သည်။

ထိုအချိန်တွင်ပဲ လင်ရှောင်းထင်နှင့် ယာဉ်ထိန်းရဲနှစ်ယောက်လဲ ဆေးရုံသို့ရောက်လာခဲ့သည်။

ထန်ဟိုင်ဖုန်း၏ ယာဉ်မောင်းကတော့ ကားကိစ္စလုပ်ဆောင်စရာများရှိသေးတာကြောင့် ယာဉ်ထိန်းရဲများနှင့်အတူကျန်နေခဲ့ကာ လင်ရှောင်းထင်သည်တော့ သူ့ကားကို ဟဲချီမင်းထံထားခဲ့သည်။ လင်ရှောင်းထင်၏ကားမှာ ပျက်စီးသွားသော်လည်း အရမ်းမများတာကြောင့် ပြန်ပြင်၍ရနိုင်သေးသည်။ လင်ရှောင်းထင်တွင် ငွေမရှိ၍မဟုတ်သော်လည်း အလကားတော့မဖြုန်းလိုပေ။ ကားတစ်စီးအသစ်ပြန်ဝယ်ပါက ယွမ်၂သန်းလောက်ကုန်ကြမည်ဖြစ်ပြီး ပြင်ရုံသာဆိုပါက ယွမ်သိန်းဂဏန်းလောက်နှင့် ပြီးသွားမည်မဟုတ်ပါလား။

သူတို့လူနာခန်းရှိရာသို့ ရောက်လာချိန်တွင် ထန်ဟိုင်ဖုန်း၏ကိုယ်ရံတော်၏တားမြစ်ခြင်းကို ခံလိုက်ကြရသည်။

ဤသို့ ကုနင်းအမိန့်ပေးထား၍ဖြစ်မှန်း လင်ရှောင်းထင်နားလည်တာကြောင့် ဘာမှမပြောပေ။

ယာဉ်ထိန်းရဲနှစ်ဦးသည်လဲ ထန်ယွင်ဟန်၏အတွေးရေးမှူးကို မှတ်မိနေတာကြောင့် အမိန့်ကိုငြင်းဆန်ဖို့ မဝံ့ရဲကြပေ။

လူနာခန်းထဲတွင်တော့ ကုနင်းတို့ဆွေးနွေးမှုပြီးဆုံးသွားကာ ထန်ဟိုင်ဖုန်း အိပ်ရာပေါ်ပြန်တက်ကာ မျက်စိမှိတ်ပြီးသွားသည်နှင့် တံခါးကိုဖွင့်လိုက်သည်။

“မင်္လာပါ၊ အတွင်းရေးမှူးထန်၊ ဒါရိုက်တာချောင်!” ထန်ယွင်ဟန်နှင့်ချောင်ယွေ့ဟွာကို မြင်သည်နှင့် ယာဉ်ထိန်းရဲနှစ်ဦး လေးစားစွာနှုတ်ဆက်လိုက်သည်။ ဒီလိုမျိုး အထူးပုဂ္ဂိုလ်များနှင့် မျက်နှာချင်းဆိုင်တွေ့ဖူးသည်မှာ သူတို့အတွက် ပထမဆုံးအကြိမ်ဖြစ်ပေသည်။

“အတွင်းရေးမှူးထန်၊ ကျွန်တော်တို့က သခင်ကြီးထန်ရဲ့အခြေအနေကို သိချင်လို့ လာခဲ့တာပါ။” ယာဉ်ထိန်းရဲတစ်ဦးက ဆက်ပြောလိုက်သည်။

“ကောင်းပြီလေ။” ထို့နောက် ထန်ယွင်ဟန် သူ၏အတွင်းရေးမှူးဘက်သို့လှည့်ကာ၊ “ဆရာဝန်သွားရှာလာခဲ့။”

ထို့နောက် သူ့အတွင်းရေးမှူးလဲ ဆရာဝန်ရှာရန်ထွက်သွားတော့သည်။

ထိုအချိန်အတွင်း ယာဉ်ထန်းရဲတစ်ဦးက ကားတိုက်မှုဖြစ်စဉ်အကြောင်း ထန်ယွင်ဟန်ကို အစီရင်ခံနေခဲ့သည်။ ဒါက လူသတ်ရန်ကြံစည်ခြင်းဖြစ်သော်လည်း သက်သေကတော့ မရှိသေးပေ။ ထို့အပြင် ကားဘရိတ်များကလဲ ပြတ်နေတာကြောင့် မတော်တဆမှုလို့ ထင်နေရပေသည်။

“အတွင်းရေးမှူးထန်၊ အခုချိန်မှာတော့ ကျွန်တော်တို့ တစ်ဖက်က ယာဉ်မောင်းပြန်နိုးလာတာကိုပဲ စောင့်ရတော့မယ်ထင်တယ်။”

ထန်ယွင်ဟန်လဲ ခေါင်းသာညိတ်ပြကာ ဘာမှမပြောခဲ့ပေ။

ခနအကြာတွင်တော့ ဆရာဝန်ရောက်လာပြီး ထန်ဟိုင်ဖုန်း၏အခြေအနေအကြောင်း ယာဉ်ထိန်းရဲနှစ်ဦးကိုပြောပြခဲ့သည်။

ဆေးစစ်ချက်ရလဒ်များကို သိပြီးသည်နှင့် ယာဉ်ထိန်းရဲများလဲ ပြန်သွားတော့သည်။

“လူတွေအများကြီး အဖေ့ဆီလာသတင်းမေးကြမှာဆိုတော့ ဒီလျှို့ဝှက်ချက်ကို အကြာကြီး မလျှို့ဝှက်ထားနိုင်မှာစိုးတယ်။ ဆေးရုံမှာပါ အဖေ့ကို လုပ်ကြံဖို့ကြိုးစားတာမျိုး မဖြစ်လာအောင် ထပ်ပြီးကိုယ်ရံတော်များများနဲ့ ကာကွယ်ပေးရမယ်။” ထန်ယွင်ဟန်ပြောလိုက်ခြင်းဖြစ်သည်။

ထို့နောက် တံခါးစောင့်ဖို့ရန် ကျွမ်းကျင်ကိုယ်ရံတော်များစွာရောက်ရှိလာခဲ့သည်။ ကျန်းလီဟွာနှင့် ထန်ယွင်ရုန်တို့ကတော့ ထန်ဟိုင်ဖုန်းကို ပြုစုပေးရန်နေခဲ့ကာ ကျန်လူများကတော့ ပြန်ထွက်လာခဲ့သည်။ ထန်ဟိုင်ဖုန်း အဆင်ပြေနေတာကြောင့် အားလုံးတစ်ပြုံလိုက်ကြီး ဆေးရုံတွင်ရှိနေဖို့ မလိုအပ်ပေ။

ကျန်းလီဟွာနှင့် ထန်ယွင်ရုန်တို့သည်တော့ အလုပ်များလှသူများမဟုတ်တာကြောင့် ထန်ဟိုင်ဖုန်းကို စောင့်ရှောက်ရန်အတွက် ဆေးရုံတွင်နေခဲ့ကြပေမည့် ချောင်ယွေ့ဟွာနှင့် ထန်ယွင်ဟန်တို့သည်တော့ အလွန်အလုပ်များသူများဖြစ်သည်။

ကုနင်းနှင့်လင်ရှောင်းထင်သည်လဲ ဟွားဖုတောင်ကုန်းသို့ အတူပြန်လာခဲ့ကြသည်။

လမ်းတွင်တော့ ကုနင်း ထန်ယွင်ဖန်းအားဖုန်းဆက်ကာ ကိစ္စအလုံးစုံကို ပြောပြခဲ့သည်။

သတင်းဆိုးကိုကြားလိုက်ရတာကြောင့် ထန်ယွင်ဖန်း အလွန်ထိတ်လန့်ကာ စိုးရိမ်သွားရသည်။ ကုနင်းက သူမအစီအစဉ်ကို ပြောပြလာကာ ထန်ယွင်ဖန်းလဲ သဘောတူခဲ့တာကြောင့် သူသည်လဲ ဆက်ပြီး သတိမေ့မျောနေဟန်ဆောင်လိုက်သည်။

ကုနင်း သူမအိမ်ပြန်ရောက်ချိန်တွင်တော့ ထန်ဟိုင်ဖုန်းလဲ အဆင်ပြေနေတောကြောင့် ကားတိုက်မှုအကြောင်း စကားမစခဲ့ဘဲ သူမသူငယ်ချင်းများနှင့် ပျော်ပျော်ရွှင်ရွှင် စကားဖောင်ဖွဲ့ရင်း ဂိမ်းများကစားခဲ့ကြသည်။

ညနေ၅နာရီထိုးခါနီးတွင်တော့ ကုနင်း သူမသူငယ်ချင်းများကို အိမ်မှာပဲ ညစာစားသွားရန် ဖိတ်ခေါ်ခဲ့ကာ အားလုံးလဲ သဘောတူကြသည်။

JadeBeautyလက်ဝတ်ရတနာလုပ်ငန်းနှင့် Charm၏ သတင်းထုတ်ပြန်ပွဲအကြောင်းသည်လဲ မကြာခင်တွင်ပဲ သတင်းမီဒီယာများထက်တွင် ပါလာခဲ့ကာ လူထုအာရုံစိုက်မှုများစွာ ရရှိခဲ့သည်။

မရေမတွက်နိုင်သော အင်တာနက်အသုံးပြုသူများသည်လဲ မှတ်ချက်များစွာ ရေးသားခဲ့ကြသည်။ ကုနင်း၏ဝန်ထမ်းများမှလဲ သတင်းထုတ်ပြန်ပွဲမှ ဓါတ်ပုံများ၊ ဗီဒီယိုများကို သူတို့၏Weiboများထက်တွင် ပြန်လည်မျှဝေကြလေသည်။

သတင်းထုတ်ပြန်ပွဲမှ ကုနင်း၏တိုတောင်းလှသည့် မိန့်ခွန်းကို သူမပရိသတ်များကြားလိုက်ရချိန်တွင်တော့ အလွန်လေးစားသဘောကျကုန်တော့သည်။

“ဘုရားရေ! ကုနတ်ဘုရားမ၊ မင်းတကယ်ပဲ ၁၈နှစ်ဆိုတာသေချာရဲ့လား?”

“သူက တကယ်ကိုအောင်မြင်တဲ့စီးပွားရေးသမားတစ်ယောက်လို့ပဲ ငါတော့ထင်တယ်။”

“ကုနတ်ဘုရားမရေ၊ JadeBeautyက ထိပ်တန်းအဆင့်အထိ အောင်မြင်လာပြီး သူ့ရဲ့ဒီဇိုင်းနာတွေကလဲ သေချာပေါက် နာမည်ကြီးလာမယ်လို့ ငါတော့ယုံကြည်တယ်။”

***

အခန်း ၆၈၂

အားပေးထောက်ခံသူ နှင့် မုန်းတီးသူ

“JadeBeautyလက်ဝတ်ရတနာလုပ်ငန်းက အရမ်းနာမည်ကြီးသွားပြီ!”

……..

အင်တာနက်ပေါ်တွင် မလိုမုန်းတီးကာ မကောင်းပြောသူများစွာလဲ ရှိနေသေးသည်။

“ကုနင်းက သူ့ကိုသူအထင်ကြီးနေတယ်လို့ပဲ ငါတော့ထင်တယ်။ JadeBeautyလက်ဝတ်ရတနာလုပ်ငန်းက နည်းနည်းပါးပါး အောင်မြင်လာတယ်ဆိုပေမယ့် အဆင့်မြင့်အမှတ်တံဆိပ်ဖြစ်လာနိုင်ပါ့မလားဆိုတာတော့ ဘယ်သူမှ မသိနိုင်ဘူးလေ။ အပြောလေးကတော့ လွယ်တာပေါ့။”

“ဟုတ်ပါ့! သူက ငကြွားပဲ!”

သို့ပေမည့် ထိုမုန်းတီးသူနှစ်ယောက်ပေါ်ထွက်လာသည်နှင့် တပြိုင်နက် ကုနင်း၏ပရိသတ်များက ပြန်လည်တိုက်ခိုက်လေသည်။

“အဓိပ္ပါယ်မရှိလိုက်တာ! နင်တို့က ဘာဆက်ဖြစ်လာနိုင်တယ်ဆိုတာ ဘယ်လိုများသိနိုင်မှာလဲ?!”

“သူတို့ကိုယ်တိုင်က ဘာမှမစွမ်းဆောင်နိုင်လို့ တခြားလူရဲ့ အောင်မြင်မှုကို မနာလိုဝန်တို လိုက်ပြီးပြောနေတာပါကွာ။”

“ကုနတ်ဘုရားမက အခုမှ ၁၈နှစ်တည်းနဲ့ ယွမ်သန်းတစ်ရာကျော်ကြွယ်ဝနေပြီ။ ဒီမုန်းတီးသူတွေထဲမှာကော အဲ့လိုလူမျိုးတစ်ယောက်တောင် ရှိလို့လား? နိုင်ငံတကာအဆင့်မှီလုပ်ငန်းစုကြီးတွေဖြစ်တဲ့ ရှန်းရှစ်လုပ်ငန်းစုတို့ ကျန်းလင်လုပ်ငန်းစုတို့ ထန်ဟွမ်လုပ်ငန်းစုတို့တောင်မှ ကုနတ်ဘုရားမနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိထားကြတာ။ ငါကတော့ ကုနတ်ဘုရားမက သူမနဲ့ရွယ်တူတွေထဲမှာ အထူးချွန်ဆုံးလူပဲလို့ ယုံကြည်တယ်။”

……….

အင်တာနက်အသုံးပြုသူအများစုသည် ကုနင်း၏လက်ဝတ်ရတနာဆိုင်ဖွင့်ပွဲသို့ သခင်ကြီးထန်နှင့် သခင်ကြီးလေ့တို့ တက်ရောက်သည်ကို မသိထားကြဘဲ သတင်းများတွေ့လိုက်ရသည်နှင့် အလွန်အံ့အားသင့်ကုန်ကြတော့သည်။

ကုနင်း ဒီလောက်များတဲ့ အထူးပုဂ္ဂိုလ်များနှင့် သိနေတာကြောင့် သူတို့အံ့ဩမိရလေသည်။

ရှန်းရှစ်လုပ်ငန်းစု၊ ကျင်းလင်လုပ်ငန်းစု နှင့် ထန်ဟွမ်လုပ်ငန်းစုတွင်မကဘဲ နိုင်ငံ၏အကြီးမားဆုံးသော ဂိုဏ်းကြီးနှစ်ဂိုဏ်း၏လုပ်ငန်းစုများလဲ တက်ရောက်လာသေးသည်! ကုနင်း၏စီးပွားရေးမိတ်ဖက်များမှာ အရမ်းကို အင်အားကြီးကြတာပဲ!

ကုနင်းကို သတင်းထောက်များအင်တာဗျူးထားသည်ကို ကြည့်နေရချိန်တွင် အားလုံးစိတ်လှုပ်ရှားမိနေကြသည်။

ကျိုးကျန်းဟုန် သူ၏အတိတ်ဇာတ်လမ်းအားပြောပြချိန်တွင်တော့ ကုနင်း၏ကြင်နာတတ်မှုကို လေးစားမိကြသည်။

ထို့နောက် စုထုံနျို၏အင်တာဗျူးအလှည့်သို့ရောက်လာခဲ့သည်။

“စုနတ်ဘုရားမရေ၊ အားတင်းထား! ငါမင်းကို အမြဲထောက်ပံ့ပေးနေမယ်!”

“ငါရောပဲ!”

လုကျန်းဘာကြောင့် ဖျော်ဖြေရေးလောကမှ ကန်ထုတ်ခံထားရသည့်အကြောင်း မေးခွန်းကို စုထုံနျိုပြန်လည်ဖြေကြားချိန်တွင်တော့ အင်တာနက်အသုံးပြုသူများတွင် အမြင်နှစ်မျိုးကွဲထွက်သွားတော့သည်။

အချို့ကတော့ စုထုံနျို၏အဖြေကို ထောက်ခံအားပေးကြသည်။ သို့သော်လည်း အခြားလူများကတော့ စုထုံနျိုသည် ယနေ့ခေတ်လူမှုအသိုင်းအဝိုင်းနောက်ကွယ်မှ အာဏာနှင့်အင်အားကို မသိနားမလည်နိုင်သည်အထိ ရိုးအလွန်းသည်ဟု တွေးကြသည်။

လုကျန်းသည် မည်သည့်အထူးပုဂ္ဂိုလ်တစ်ဦးအား အပြစ်ပြုမိလဲဆိုသည်ကို သူတို့မသိကြသော်လည်း လုကျန်းလို အလွန်နာမည်ကျော်ကြားခဲ့သည့် ဒါရိုက်တာတစ်ဦးကိုတောင် ဖျော်ဖြေရေးလောကမှ ကန်ထုတ်နိုင်သည်ဆိုမှတော့ သေချာပေါက် အလွန်အင်အားကြီးသည့် ပုဂ္ဂိုလ်ဖြစ်ရမည်ဟု တွေးမိကြသည်။

တစ်ချိန်တည်းတွင်ပဲ အချို့သောအင်တာနက်အသုံးပြုသူများကတော့ ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်းသည် လုကျန်းနှင့်စာချုပ်ချုပ်ဆိုရဲမှတော့ ပြဿနာကို ဖြေရှင်းနိုင်သည့် အရည်အချင်းလဲ ရှိထားလိမ့်မည်ဟု ယုံကြည်နေသည်။

ခနအကြာတွင်တော့ ယုကျီ၏အင်တာဗျူးအလှည့်ဖြစ်သည်။

ယုကျီ၏အဖြေစကားများကိုကြားပြီးနောက်တွင်တော့ အင်တာနက်အသုံးပြုသူတော်တော်များများ ကုနင်း၏ပရိသတ်များဖြစ်လာကာ ကုနင်းသည် သူတို့အတွက် အမှန်တကယ်တော်လွန်းသည့် အိုင်ဒေါတစ်ဦးလို့ မြင်ယောင်လာတော့သည်။

Charm၏ဂါဝန်ပုံများသည်လဲ အင်တာနက်ပေါ်တွင် ပျံ့နှံ့နေကာ လူအများစု၏ ကြိုက်နှစ်သက်ခြင်းကို ခံရပေသည်။

JadeBeautyနှင့် Charmအကြောင်း အင်တာနက်ပေါ်တွင် ထပ်မံပြီး လူပြောအများဆုံးသတင်းဖြစ်လာချိန်တွင် လင်းထျန်းယွီနှင့်ကျောက်ရှောင်ရွှမ်း နှစ်ဦးသားသည်တော့ လေယာဉ်ပေါ်မှ ဆင်းလာရုံရှိသေးသည်။

သူတို့၏ခရီးဆောင်အိတ်များယူဖို့ရန်စောင့်ဆိုင်းနေချိန်တွင်ပဲ ကျောက်ရှောင်ရွှမ်းဆီသို့ သူမ၏ရင်းနှီးသည့် သူငယ်ချင်းမလေးတစ်ဦးက စာပို့လာခဲ့သည်။

ကျောက်ရှောင်ရွှမ်း၏သူငယ်ချင်း : ရှောင်ရွှမ်း၊ နင်အခုထိ JadeBeautyနဲ့Charmရဲ့ သတင်းထုတ်ပြန်ပွဲ ဗီဒီယိုကို မကြည့်ရသေးဘူးလား? ယုကျီက Charmရဲ့ ဒီဇိုင်နာတဲ့နော်! [ဝဘ်ဆိုဒ်လင့်ခ်]

“ဘာ? ယုကျီက Charmရဲ့ ဒီဇိုင်နာလား!” ကျောက်ရှောင်ရွှမ်း အလွန်ထိတ်လန့်အံ့အားသင့်သွားကာ ချက်ချင်းပင် ဝဘ်ဆိုဒ်ထဲသို့ ဝင်ကြည့်လိုက်သည်။

ထိုစကားကို လင်းထျန်းယွီလဲကြားလိုက်ရတာကြောင့် အံ့အားသင့်သွားပြီး မယုံကြည်နိုင်ဖြစ်သွားခဲ့သည်။ သူတို့လဲ JadeBeautyနှင့်Charm၏ ကြော်ငြာဗီဒီယိုများကို မြင်ဖူးထားကြပြီးသလို ယုကျီလဲ ထိုလုပ်ငန်းထဲတွင် ပါဝင်ကြောင်း သိထားပြီးဖြစ်ပေမည့် ယုကျီသည် Charm၏ ဒီဇိုင်နာနှင့် ရှယ်ယာရှင်တစ်ဦးဖြစ်နေသည်ကိုတော့ မသိထားကြပေ။

လင်းထျန်းယွီ ကျောက်ရှောင်ရွှမ်းအား မမေးမြန်းရသေးခင်တွင်ပဲ ကျောက်ရှောင်ရွှမ်းက သူမဖုန်းမှတဆင့် သတင်းထုတ်ပြန်ပွဲဗီဒီယိုကို ဖွင့်လိုက်ကာ ယုကျီ၏အင်တာဗျူးကို ကျော်ကြည့်လိုက်သည်။

ထိုအင်တာဗျူးအားကြည့်ရင်း လင်းထျန်းယွီရော ကျောက်ရှောင်ရွှမ်းပါ အလွန်အံ့အားသင့်နေပြီး အမှန်တရားကို ဘယ်လိုမှ လက်မခံနိုင်ခဲ့ပေ။

ယုကျီက တကယ်ပဲ Charmရဲ့ဒီဇိုင်နာနဲ့ ရှယ်ယာရှင်တစ်ယောက်ပေါ့! ဒါဖြစ်နိုင်လို့လား! သူတို့နှစ်ဦးသား အမှန်တရားကို မယုံကြည်နိုင်ပေ။

Charmက ဘယ်လိုပဲ အသစ်စတင်တည်ထောင်ထားသည့် အမှတ်တံဆိပ်တစ်ခုဖြစ်ပါစေ သူ၏ဂါဝန်များမှာ အလွန်စွဲဆောင်မှုရှိကာ လှပတာကြောင့် မြန်မြန်ဆန်ဆန်ပဲ နာမည်ကြီးလာပေလိမ့်မည်။ ကျောက်ရှောင်ရွှမ်းပင်လဲ ထိုဒီဇိုင်းများကို သဘောကျခဲ့ရသည်မဟုတ်ပါလား။

သို့ပေမည့် ယုကျီက Charm၏ဒီဇိုင်နာနှင့် ရှယ်ယာရှင်တစ်ဦးဖြစ်နေသည်ကိုတော့ ကျောက်ရှောင်ရွှမ်းဘယ်လိုမှ လက်မခံနိုင်ပေ။ ကျောက်ရှောင်ရွှမ်း၏အမြင်တွင်တော့ ယုကျီသည် သူမထက် အမြဲတမ်းပို၍နိမ့်ကျနေသင့်သည်ဟုသာ ယုံကြည်လက်ခံထားသူဖြစ်သည်။

တစ်ဖက်ရှိလင်းထျန်းယွီသည်တော့ ယုကျီကို သစ္စာဖောက်ကာ စွန့်ပစ်ခဲ့သည့်အတွက် အလွန်နောင်တရနေတော့သည်။ ယုကျီသာ ယခုလိုအောင်မြင်လာမည်မှန်း သူသိထားပါက ဒီလိုဆုံးဖြတ်ချက်မျိုး ချခဲ့လိမ့်မည်မဟုတ်ပေ။ သူသာ အခုချိန် ယုကျီ၏ချစ်သူဖြစ်နေစဲဆိုလျှင် JadeBeautyလက်ဝတ်ရတနာလုပ်ငန်း၏ ပိုင်ရှင်ဖြစ်သည့် မိန်းကလေးကုနှင့်လဲ သိကျွမ်းလာနိုင်သည်။ JadeBeautyလက်ဝတ်ရတနာလုပ်ငန်းဆိုသည်မှာ ယွမ်သန်း၁၀၀ကျော်ကြွယ်ဝသည့်လုပ်ငန်းတစ်ခုဖြစ်ကာ ကျောက်မိသားစုသည်တော့ ယွမ်၁၀သန်းကျော်လောက်သာ ရှိသည်မဟုတ်ပါလား။ ဒီကွာခြားချက်က အလွန်ကြီးမားလှပေသည်။

Charm၏ကြော်ငြာဗီဒီယိုကို မြင်ပြီးနောက်တွင်တော့ ယုကျီသည် သူ့မိသားစုထက်ပင် ပို၍ချမ်းသာကြွယ်ဝလာနိုင်သည်ဟု လင်းထျန်းယွီယုံကြည်သွားတော့သည်။

ဗီဒီယိုထဲတွင် အလှပြပွဲစတင်ပုံနှင့် အင်တာနက်အသုံးပြုသူများစွာကလဲ ဂါဝန်များလှပကြောင်း ချီးမွမ်းထားသည့် မှတ်ချက်များစွာ ရေးသားထားကြသည်။

“ဝါး၊ ဂါဝန်တွေက အရမ်းလှတာပဲ! ငါ့မွေးနေ့အတွက် တစ်စုံလောက်မှာထားရမယ်။ သေချာ‌ပေါက် အဲ့နေ့ကျရင် ငါအလှဆုံးဖြစ်နေတော့မှာ!”

“ငါတော့ ပထမဆုံးတစ်စုံကို ကြိုက်တယ်!”

“ငါ့အမေကတော့ ၅စုံမြောက်ဝတ်စုံကို ကျောက်စိမ်းလက်ဝတ်ရတနာနဲ့ပါ တွဲရက်မှာလိုက်ပြီ!”

“နင့်မိသားစုက အရမ်းချမ်းသာတာပဲ! ငါလဲတစ်စုံလောက်လိုချင်ပေမယ့် ဝယ်ဖို့မတတ်နိုင်ဘူး။”

“ဒီဂါဝန်တွေက တစ်စုံကိုတောင် အနည်းဆုံး ယွမ်၁သောင်းကျော်လောက်ရှိတာ!”

“လူချမ်းသာတွေပဲ ဝယ်နိုင်မှာပါ။”

………

***

အခန်း ၆၈၃

ကျိန်ပြ

ထိုသို့အကောင်းဘက်မှ ချီးမွမ်းထားသည့် မှတ်ချက်များကို ကျောက်ရှောင်ရွှမ်းမြင်ရလေ မျက်နှာအမူအရာမှာလဲ ဒေါသနှင့်မနာလိုမှုကြောင့် ပို၍တွန့်ရှုပ်လာရလေပင်။ သူမဖုန်းကို ခပ်တင်းတင်းဆုပ်ကိုင်ထားကာ အချိန်မရွေးပေါက်ခွဲလိုက်တော့မလိုပင်။ ဘာလို့လဲ? ဘာလို့ သူမ မဟုတ်ဘဲ ယုကျီက Charmရဲ့ဒီဇိုင်နာဖြစ်နိုင်နေရတာလဲ?

ယုကျီနှင့်ကျောက်ရှောင်ရွှမ်းသည် ကောလိပ်တွင် အတန်းဖော်များဖြစ်ခဲ့တာကြောင့် ကျောက်ရှောင်ရွှမ်းသည်လဲ အဝတ်အစားဒီဇိုင်းကို အဓိကသင်ယူခဲ့ခြင်းပင်ဖြစ်သည်။ သို့ပေမည့် သူမက ချမ်းသာသည့်မိသားစုတွင် မွေးဖွားလာသူဖြစ်တာကြောင့် သူမဘာသာ ရပ်တည်ဖို့ရန် မတွေးတောခဲ့ပေ။ ဒါ့အပြင် ကောလိပ်တွင်လဲ ကြိုးစားလေ့လာသင်ယူခြင်းမရှိခဲ့တာကြောင့် သူမတွင် လုပ်နိုင်စွမ်းများများစားစား မရှိပေ။

ယုကျီ အခုလိုအောင်မြင်သည့်ဒီဇိုင်နာတစ်ယောက် ဖြစ်လာသည်ကိုမြင်ရတော့ သူမအလွန်မနာလိုဖြစ်မိတော့သည်။

ထိုအချိန်တွင်ပဲ Weiboပေါ်မှ နာမည်ကြီးဘလော့ဂါတစ်ဦးက Charm၏ဂါဝန်များကို သတိပြုမိသွားခဲ့သည်။

ဂျေဆန် ဗီ (ပဲရစ်မှ နာမည်ကြီးဒီဇိုင်နာ) : ဘုရားရေ! ဒီဂါဝန်တွေက အရမ်းလှတာပဲ!

ထိုမှတ်ချက်ထွက်ပေါ်လာသည်နှင့် အင်တာနက်အသုံးပြုသူများ၏ မှတ်ချက်များ လှိုင်းလုံးသဖွယ် တိုးလာတော့ပြန်သည်။

“အိုး၊ အဲ့ဒါက ပဲရစ်က နာမည်ကြီးဒီဇိုင်နာ ဂျေဆန်မဟုတ်လား?”

ဒါက တကယ်တမ်း မသိလို့မေးခြင်းမဟုတ်ဘဲ မယုံကြည်နိုင်လောက်အောင် ထိတ်လန့်သွားတာကြောင့်သာ ပြောလိုက်ခြင်းဖြစ်သည်။ ဂျေဆန်သည် နိုင်ငံတကာအဆင့်မှီ ကျော်ကြားသည့် မင်္ဂလာပွဲဂါဝန်ဒီဇိုင်နာတစ်ဦးဖြစ်ကာ အခြားသော ဒီဇိုင်နာများကို ချီးကျူးဖူးသည်က ရှားပါးပြီး ယုကျီကတော့ ချွင်းချက်ဖြစ်သွားပေပြီ။

“သူပဲထင်တယ်! အိုး၊ ငါတော့ ဂျေဆန်ကြောင့် စိတ်လှုပ်ရှားသွားပြီ!”

“ငါရောပဲ! ငါက ဒီဇိုင်းမေဂျာကလေ၊ ဂျေဆန်ဆိုတာက ငါ့အိုင်ဒေါပဲ!”

“ဂျေဆန်က ယုကျီကို ချီးကျူးလိုက်တာလား?”

“ဟုတ်တယ်၊ တကယ်ပဲ!”

……

ဂျေဆန် ဗီ (ပဲရစ်မှ နာမည်ကြီးဒီဇိုင်နာ) : မင်းတို့မှန်တယ်၊ ငါမိန်းကလေးယုကို ချီးမွမ်းလိုက်တာ။ မိန်းကလေးယုရဲ့ဒီဇိုင်းတွေက တီထွင်နိုင်စွမ်းအပြည့်ပါတယ်။ သူမသာ သူမရဲ့အရည်အချင်းတွေကို ထပ်မြှင့်တင်ချင်ရင် ငါသင်ပေးဖို့ဆန္ဒရှိတယ်။

ကမ္ဘာကျော်ဒီဇိုင်နာတစ်ဦးအနေဖြင့် ဂျေဆန်တွင် ဒီဇိုင်းများကို တစ်ချက်ကြည့်ရုံနှင့် ကောင်းလားဆိုးလား ခွဲခြားသိမြင်နိုင်စွမ်းရှိသည်။ အခုပုံစံအရ ယုကျီ၏ဒီဇိုင်းများကို အမှန်တကယ်သဘောကျနေပုံပင်။ အရင်ကလဲ ဒီဇိုင်နာတော်တော်များများ၏ ဒီဇိုင်းများကို သဘောကျခဲ့ဖူးပေမည့် ယုကျီသည်သည် သူသင်ပေးဖို့ရန်အထိ စိတ်ဝင်စားခြင်းခံရသောသူဖြစ်လေသည်။

“အိုး! ငါ့ဘာတွေမြင်နေတာလဲ။ တကယ်ပဲ ဂျေဆန်က သူ့ပညာတွေကို ယုကျီကို သင်ပေးဖို့ဆန္ဒရှိနေတာလား!”

“ငါတော့မယုံနိုင်တော့ဘူး!”

“ယုကျီ အရမ်းကံကောင်းတာပဲ!”

……….

အင်တာနက်ပေါ်မှ မှတ်ချက်မျးကို ကျောက်ရှောင်ရွှမ်းဖတ်ပြီးနောက် သူမဖုန်းကိုပင် ပေါက်ခွဲမိတော့မတတ်ဒေါသထွက်သွားတော့သည်။ ဘာလို့လဲ? ဘာလို့ ယုကျီလိုလူမျိုးက ကမ္ဘာကျော်ဒီဇိုင်နာ ဂျေဆန်ရဲ့ အာရုံစိုက်မှုကိုတောင် ရသွားရတာလဲ? ငါလဲ ဂါဝန်တွေ ဒီဇိုင်းဆွဲနိုင်စွမ်းရှိတယ်လေ! ကျောက်ရှောင်ရွှမ်းကတော့ ယုကျီက သူမထက်သာသည်ဟု မထင်ပေ။

လင်းထျန်းယွီသည်တော့ အခုထက် ပိုပြီးနောင်တရစရာအဖြစ်မျိုး မရှိနိုင်တော့သလိုကို နောင်တရနေတော့သည်။ ထို့နောက် ယုကျီကို ပြန်ရအောင်လိုက်ရန် ဆုံးဖြတ်လိုက်သည်။ လင်းထျန်းယွီသည်လဲ ကိုယ့်ကိုကိုယ်အထင်ကြီးသူတစ်ယောက်သာဖြစ်တာကြောင့် ယုကျီသူ့ကို ငြင်းလိမ့်မည်ဟု မထင်မိပေ။

လင်းထျန်းယွီသည် အမှန်တကယ်ကို အရှက်မဲ့လှသူပင်။ ကိုယ့်ကိုကိုယ်အထင်ကြီးကာ ကိုယ့်အတွက်ကိုယ်သာကြည့်သူများသည် အခြားလူများဘာဖြစ်ဖြစ် သူတို့ကိုယ်ပိုင်ခံစားချက်များကိုသာ ရှေ့တန်းတင်တတ်ကြသည်။

လင်းထန်းယွီ၏မျက်နှာပေါ်မှာ ဗလာသပ်သပ်အကြည့်များကို မြင်လိုက်ရသည်နှင့် ကျောက်ရှောင်ရွှမ်းအတွေးတစ်ချက်ပေါ်လာကာ အနည်းငယ်ထိတ်လန့်သွားသည်။ လင်းထျန်းယွီသည် အစကတည်းက ယုကျီကို ကြိုက်နေတုန်းပင်ဖြစ်ကာ ယုကျီ၏နောက်ခံမိသားစုက ဆင်းရဲတာကြောင့်သာ စွန့်ပစ်ခဲ့ခြင်းဖြစ်ကြောင်း သူမသေချာသိထားပြီးဖြစ်သည်။ လင်းထျန်းယွီ သူမနှင့်တွဲဖို့ သဘောတူခဲ့သည်က သူမသည် ချမ်းသာသည့်မိသားစုမှဖြစ်ကာ သူ့အတွက် အကျိုးအမြတ်ရရှိနိုင်ခြင်းကြောင့်သာဖြစ်သည်။ သို့ပေမည့် အခုတော့ အရာအားလုံးပြောင်းလဲကုန်ကာ ယုကျီထံသို့ လင်းထျန်းယွီပြန်သွားဖို့ ကြံနေပေပြီ! မဖြစ်ရဘူး! ဒီလိုမျိုး သူမဘယ်တော့မှဖြစ်ခွင့်ပြုမှာမဟုတ်ဘူး။

“လင်းထျန်းယွီ၊ နင် ယုကျီအကြောင်း တွေးနေတာမဟုတ်လား? သူ့ဆီပြန်သွားချင်နေတာလား?” ကျောက်ရှောင်ရွှမ်း ဒေါသတကြီးမေးလိုက်သည်။

ထိုစကားကြောင့် လင်းထျန်းယွီ မျက်မှောင်ကြုတ်သွားကာ ဝန်မခံခဲ့ပေ။

“မဟုတ်ပါဘူး။ ဖြစ်စရာလား။”

သူ ယုကျီဘက်သို့ ပြန်လှည့်မည်ဆိုလျှင်တောင်မှ ကျောက်ရှောင်ရွှမ်းကိုတော့ သူ့အစီအစဉ်များ မအောင်မြင်ခင်အထိ သိခွင့်ပေးမည်မဟုတ်ပေ။ တစ်ပြိုင်နက်တည်း မိန်းမနှစ်ယောက်လုံးကိုတော့ အဆုံးရှုံးမခံချင်ပေ။ လင်းထျန်းယွီစိတ်ထဲ အကြံအစည်များစွာ တွေးတောနေတော့သည်။

“တကယ်လား?” ကျောက်ရှောင်ရွှမ်းကတော့ မယုံကြည်သေးပေ။

“ဒါဆိုလဲ အခုချက်ချင်း ကျွန်မအပေါ် သစ္စာရှိသွားမယ့်အကြောင်း ကျိန်ဆိုပြ။ ရှင်သာ ယုကျီဆီပြန်သွားချင်နေတုန်းဆိုရင် ကားတိုက်ခံရမယ်လို့။”

လင်းထျန်းယွီ၏စိတ်အခြေအနေကောင်းမနေတာကြောင့် ကျောက်ရှောင်ရွှမ်း၏စကားများကို ကြားလိုက်ရသည်နှင့် ချက်ချင်းဒေါသထွက်သွားကာ၊ “မင်းရူးနေလား? ငါက ဘာကြောင့် မင်းကို ကျိန်ပြနေရမှာလဲ? ငါ့ကို ကားတိုက်ခံစေချင်နေတာလား?” လင်းထျန်းယွီ၏အသံမှာ အတော်လေးကျယ်လှတာကြောင့် အနားရှိလူများ၏ အာရုံစိုက်ခြင်းကို ခံလိုက်ရသည်။

ဘေးမှကြည့်လာသူများကတော့ ကျောက်ရှောင်ရွှမ်း၏ ကြမ်းတမ်းလှသည့် စကားကြောင့် အမြင်မကြည်ကြတော့ပေ။ လင်းထျန်းယွီဘက်က မဟုတ်ပါဘူးလို့ ငြင်းနေတာတောင် သူမက ဘာလို့ ကားတိုက်တာအထိ ပြောနေရတာလဲ။

ယောက်ျားလေးတွေတင်မဆိုထားနှင့် မိန်းကလေးများပင် သူမ၏စကားလုံးများကို သဘောမကျကြပေ။ ထို့ကြောင့် လူတိုင်း ကျောက်ရှောင်ရွှမ်းကို အထင်သေးစက်ဆုပ်ဟန်ဖြင့် ကြည့်လာကြသည်။

ကျောက်ရှောင်ရွှမ်းသည်တော့ အခုချိန်တွင် အခြားလူများ၏အထင်အမြင်ကို ဂရုစိုက်မနေနိုင်ဘဲ လင်းထျန်းယွီ သူမကိုအော်လိုက်တာကြောင့်သာ ဒေါသများပေါက်ကွဲလာတော့သည်။

“နင်မလုပ်ရဲဘူးဆိုရင်၊ သူမကို ချစ်နေတုန်းပဲလို့ ဆိုလိုတာပေါ့! ငါပြောတာမှားနေလို့လား?”

“ငါမင်းကို နာကျင်အောင် တစ်ခါမှမလုပ်ခဲ့ဖူးဘူး။ ဘာလို့ မင်းယုံကြည်အောင် ငါက ကျိန်ပြနေရမှာလဲ? မင်းစကားတွေက အရမ်းရက်စက်လွန်းရာမကျနေဘူးလား?” လင်းထျန်းယွီ သူ့အသံနှုန်းကို ဆက်လက်မြှင့်ထားစဲပင်။

“ငါကတော့ ငါ့ဘဝနဲ့ပတ်သတ်ပြီး ဘယ်တော့မှ နောက်ပြောင်တာတောင်မလုပ်ဘူး!”

***

အခန်း ၆၈၄

လင်းထျန်းယွီ၏မိခင်

ဘေးလူများကတော့ လင်းထျန်းယွီဘက်မှ ထောက်ခံနေကြသည်။

“ငါက ဒီလိုမိန်းမမျိုးကို အမုန်းဆုံးပဲ။ သူဘက်သူပဲ ကြည့်ပဲ ရက်စက်တဲ့မိန်းမ!”

“ဟုတ်တယ်! သူ့ကိုယ်သူ ဘုရင်မများထင်နေလားပဲ?”

“ငါ့ချစ်သူသာ ဒီလိုလူမျိုးဆို ချက်ချင်း စွန့်ပစ်လိုက်ပြီ။”

“ချစ်သူဆို တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုရှိမှဖြစ်မှာပေါ့။”

…….

လူတိုင်း ကျောက်ရှောင်ရွှမ်းကိုပဲ အပြစ်တင်နေကြသည်။ သို့ပေမည့် ကျောက်ရှောင်ရွှမ်းသည်တော့ နည်းနည်းလေးပင် ရှက်သည်ဟု မခံစားရပဲ ဒေါသတောင်ထွက်လာကာ၊

“ပါးစပ်ပိတ်ထားကြစမ်း! နင်တို့ကိစ္စမို့လို့လား! ငါ့ကို အပြစ်လာမတင်ကြနဲ့၊ မဟုတ်ရင် ကားတိုက်ခံရမယ့်လူက နင်တို့ဖြစ်သွားမယ်!” ကျောက်ရှောင်ရွှမ်း ဒေါသတကြီးနှင့် ဘေးလူများကိုပါ ကြုံးအော်လိုက်သည်။

ကျောက်ရှောင်ရွှမ်း၏ အကြင်နာတရားမဲ့သည့်စကားလုံးများကြောင့် လူတိုင်းစိတ်တိုသွားကြသည်။ သူတို့က ကျောက်ရှောင်ရွှမ်းကို လူကြားထဲ ပြစ်တင်ပြောဆိုခဲ့သည်မှန်သော်လည်း သူမလုပ်ခဲ့သည့် လုပ်ရပ်နှင့် ပြောခဲ့သည့်စကားများကိုက အဓိပ္ပါယ်မရှိ ဟာသများဖြစ်နေသည်မဟုတ်ပါလား။

“တော်လောက်ပြီ!” လင်းထျန်းယွီ ကျောက်ရှောင်ရွှမ်းကို ပိတ်အော်လိုက်တာကြောင့် သူမကျောက်သွားခဲ့သည်။

“ကျောက်ရှောင်ရွှမ်း၊ မင်းတခြားလူတွေအပေါ် အကြင်နာတရားလေးထားလို့ မရနိုင်ဘူးလား? မင်းရဲ့လုပ်ရပ်တွေအတွက် နောင်တချိန်မှ ပြန်ပေးဆပ်နေရလိမ့်မယ်!”

ထို့နောက် လင်းထျန်းယွီ ကျောက်ရှောင်ရွှမ်းကိုကော သူမ၏ခရီးဆောင်အိတ်များကိုပါ ချန်ထားကာ ထွက်သွားတော့သည်။ ကျောက်ရှောင်ရွှမ်းမှာ သူ့ကို လူကြားထဲ အရှက်ခွဲခဲ့တာကြောင့် ဘယ်လိုမှ ဆက်ပြီးသည်းခံမနေနိုင်တော့ပေ။

“လင်းထျန်းယွီ၊ အခုချက်ချင်းပြန်လာခဲ့စမ်း!” ကျောက်ရှောင်ရွှမ်း အလွန်ထိတ်လန့်သွားပေမည့် သူမခရီးဆောင်အိတ်ကို အခုထိ မယူရသေးတာကြောင့် လိုက်သွား၍မရပေ။ သူမအိတ်ထဲတွင် နိုင်ငံခြားမှဝယ်လာသည့် တန်ဖိုးကြီးလှပါသည့် ပစ္စည်းများပါရှိနေသည်မဟုတ်လား။

သို့ပေမည့် လင်းထျန်းယွီကတော့ သူမအော်သံကို လျစ်လျူရှုထားသည်ကို မြင်ရတာကြောင့် ကျောက်ရှောင်ရွှမ်း အလွန်ဒေါသထွက်ကာ ခြိမ်းခြောက်ပြောဆိုလိုက်သည်။

“လင်းထျန်းယွီ၊ နင်အခု ထွက်သွားတာနဲ့ ငါတို့ဇာတ်လမ်း ဒီမှာတင်ပြတ်ပြီနော်။”

ထိုစကားကြောင့် လင်းထျန်းယွီ တစ်စက္ကန့်စာလောက် ရပ်ဆိုင်းသွားပေမည့် ချက်ချင်း ပြန်ထွက်သွားခဲ့သည်။

ကျောက်ရှောင်ရွှမ်းနှင့် ပြတ်စဲသွားပါက သူ့ဘက်က ဆုံးရှုံးမှုများစွာရှိမည်မှန်း လင်းထျန်းယွီသိသော်လည်း ကျောက်ရှောင်ရွှမ်း၏ဒေါသကို ဆက်ပြီး သည်းခံမပေးနိုင်တော့ပေ။ သူမက ကိုယ့်ကိုကိုယ်မင်းသမီးတစ်ပါးလို ထင်မှတ်ကာ သူမကသာ အားလုံးပိုင်ဆိုင်သင့်သည်ဟု ထင်မှတ်နေသူဖြစ်သည်။ အစကတော့ ကျောက်မိသားစု၏ပိုင်ဆိုင်မှုများကို လက်ဝါးကြီးအုပ်နိုင်ဖို့ရန်အတွက် ကျောက်ရှောင်ရွှမ်း၏အကျင့်စရိုက်ကို လင်းထျန်းယွီ လက်ခံပေးနိုင်ခဲ့ပေမည့် အခုတော့ ယုကျီကပိုသာနေသည်ဟု တွေးမိသွားပြီဖြစ်သည်။

လင်းထျန်းယွီ ထိုကဲ့သို့ တစ်ချက်ပင် လှည့်မကြည့်ဘဲ ထွက်သွားသည်ကိုမြင်တော့ ဘေးကလူတိုင်း အားပေးလိုက်ကြသည်။

“သူမနဲ့ အဲ့လိုပဲတန်တယ်!”

“ဘယ်ယောကျ်ားလေးကမှ ကျန်တဲ့ဘဝသက်တမ်းမှာ တစ်ချိန်လုံး စကားများရန်ဖြစ်နေရမယ့် မိန်းကလေးမျိုးကို မလိုချင်ကြဘူး။”

“ဟုတ်တယ်၊ သူမကလဲ အရမ်းကြီးလှနေတာမှမဟုတ်တာ!”

တကယ်တော့ ကျောက်ရှောင်ရွှမ်းသည် ရုပ်ရည်လဲ မလှသလို ဒေါသကလဲ ကြီးလှပေသည်။ သူမမိသားစု၏ကြွယ်ဝမှုကြောင့်သာမဟုတ်လျှင် လင်းထျန်းယွီ သူမနှင့်တွဲဖို့ လက်ခံခဲ့မည်မဟုတ်ပေ။

“နင်တို့….” ကျောက်ရှောင်ရွှမ်း ပိုလို့ပင် ဒေါသထွက်လာတော့သည်။

ထိုအချိန်တွင်ပဲ သူမ၏ခရီးဆောင်အိတ် ထွက်လာတာကြောင့် ချက်ချင်းယူကာ ထွက်သွားတော့သည်။

လင်းထျန်းယွီ ကားပါကင်တွင်တော့ စောင့်နေကာ သူမကို အရင်လိုမျိုး တောင်းပန်လာလိမ့်မည်ဟု ကျောက်ရှောင်ရွှမ်း ထင်ထားခဲ့သည်။ ဒီလိုသာဆို သူမလဲ သူ့ကို ခွင့်လွှတ်ပေးလိုက်မည်ပေါ့။ သို့ပေမည့် သူမထင်မြင်ချက်မှားယွင်းကာ လင်းထျန်းယွီတစ်ယောက် သူ့ကားနှင့်အတူ ပျောက်ခြင်းမှပျောက်သွားပေပြီ။

ကျောက်ရှောင်ရွှမ်းသည် လင်းထျန်းယွီကို အမှန်တကယ်ချစ်မြတ်နိုးခဲ့တာကြောင့် အခုတော့ အလွန်စိုးရိမ်ပူပန်သွားတော့သည်။ မဟုတ်လျှင် သူမ၏အရင်းနှီးဆုံးသူငယ်ချင်းဖြစ်သည့် ယုကျီကိုပင် ထိခိုက်နာကျင်အောင်လုပ်ကာ လင်းထျန်းယွီကို ရယူခဲ့ပါ့မလဲ။ လင်းထျန်းယွီက သူမ၏နောက်ခံမိသားစုကြောင့်သာ သူမချစ်သူဖြစ်ဖို့ လက်ခံခဲ့မှန်း သိထားတာတောင်မှ ဘယ်လိုမှစိတ်ထဲမထားခဲ့ဘဲ လင်းထျန်းယွီကိုသာ လိုချင်ခဲ့သည်။ ထိုလူကို သူမဆုံးရှုံးရမည်အား ကြောက်တာကြောင့် အမြဲတမ်း မျက်ခြည်မပြတ်စောင့်ကြည့်နေခဲ့သည်။ သူ့နားချဉ်းကပ်လာသည့် ဘယ်မိန်းကလေးကိုမဆို ချက်ချင်းမောင်းထုတ်ပေးခဲ့ပေသည်။

သူမထိုကိစ္စများအတွက်ကြောင့် လင်းထျန်းယွီနှင့် အကြိမ်ပေါင်းများစွာ ရန်ဖြစ်ခဲ့သော်လည်း နောက်ဆုံးတွင်တော့ လင်းထျန်းယွီဘက်က အလျှော့ပေးပြေလည်သွားပေးခဲ့မြဲပင်။ ထို့ကြောင့် လင်းထျန်းယွီ သူမ၏ ကြောင်းကျိုးမစဉ်းစားဘဲ ကလေးဆန်ဆန် အပြုအမူများကို မနှစ်သက်မှန်း သူမဘယ်တုန်းကမှ သတိမထားခဲ့မိလိုက်ပေ။

ထို့အပြင် သူမဘက်က တကယ်ပဲ လင်းထျန်းယွီ ဒီနေ့သူမနားက ထွက်သွားတာနှင့် လမ်းခွဲမယ်လို့ ပြောလိုခြင်းမဟုတ်ပေ။ လင်းထျန်းယွီဘက်ကသာ တောင်းပန်လာလျှင် သူမလဲ အလွယ်တကူ ခွင့်လွှတ်လိုက်မည်ဖြစ်သည်။ သို့ပေမည့် ထိုလူကတော့ သူမကို အကြည့်တစ်ချက်လေးပင် မပေးဘဲ ထွက်သွားခဲ့တာကြောင့် သူမဘယ်လိုမှ လက်မခံနိုင်ပေ။

ကျောက်ရှောင်ရွှမ်း လင်းထျန်းယွီကို ဖုန်းဆက်ဖို့ရန် တွန့်ဆုတ်နေမိတာကြောင့် လင်းထျန်းယွီ၏မိခင်ကိုသာ ဆက်သွဘ်လိုက်သည်။ လင်းထျန်းယွီ၏မိခင်က သူမကို ကူညီကာ လင်းထျန်းယွီကို သူမအားတောင်းပန်ခိုင်းပေးဖို့ရန် မျှော်လင့်နေသည်။ ထိုသို့ဆိုလျှင် သူမလဲ ချက်ချင်းခွင့်လွှတ်ပေးကာ သူမတို့နှစ်ယောက် ပြန်လည်အဆင်ပြေသွားနိုင်ပေမည်။

“ရှောင်ရွှမ်း၊ အိမ်ပြန်ရောက်နေပြီလား? အန်တီတို့နဲ့အတူ ထမင်းလာစားပါလား!” လင်းကတော်ကတော့ ကျောက်ရှောင်ရွှမ်း ဖုန်းဆက်တာကြောင့် အလွန်ပျော်ရွှင်နေသည်။ ကျောက်ရှောင်ရွှမ်းကို သူမ၏အနာဂါတ်ချွေးမတစ်ယောက်အနေဖြင့် အလွန်ကျေနပ်သဘောကျသည်မဟုတ်ပါလား။

အတိအကျပြောရလျှင်တော့ လင်းကတော် ကျေနပ်သဘောကျသည်က ကျောက်ရှောင်ရွှမ်း၏ မလှဘဲ ဒေါသကြီးတတ်သည့် အကျင့်စရိုက်ကိုမဟုတ်ဘဲ ကျောက်မိသားစုနောက်ခံကြောင့်သာဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ကျောက်ရှောင်ရွှမ်းသည် လင်းကတော်ရှေ့တွင်တော့ ဒေါသတကြီးမပြုမူရဲတာကြောင့် လင်းကတော်လဲ သူမ၏အကျင့်ကို လျစ်လျူရှုပေးထားခဲ့သည်။

ယုကျီသည် ကျောက်ရှောင်ရွှမ်းထက် များစွာပိုလှကာ ကြင်နာနူးညံ့သော်လည်း သူမသည် သာမာန်မိသားစုမှဖြစ်တာကြောင့် လင်းကတော်က သူမသားနှင့်သဘောမတူပေ။ လင်းကတော်သည်လဲ ဘာပဲနေနေ တစ်ကိုယ်ကောင်းသမားပဲမဟုတ်လား။

“အဲ့ဒါကလေ၊ ထျန်းယွီက သမီးကို လေဆိပ်မှာထားခဲ့ပြီး ထွက်သွားလို့!” ကျောက်ရှောင်ရွှမ်း ဖုန်းထဲကပင် လင်းထျန်းယွီအား ပစ်တင်ပြောဆိုလိုက်သည်။ သူမအသံက အရမ်းဒေါသထွက်နေသံမပေါက်သော်လည်း ဒေါသထွက်နေသေးသည်။ ကျောက်ရှောင်ရွှမ်းသည်လဲ တုံးအသူတစ်ယောက်မဟုတ်တာကြောင့် လင်းထျန်းယွီကို လက်ထပ်လိုပါက လင်းကတော်က အချိုသတ်ပေါင်းရမည်မှန်း သိပေသည်။

“ဘာ? ထျန်းယွီက သမီးကိုတစ်ယောက်တည်းထားခဲ့တယ်လား? သမီးတို့ ရန်ဖြစ်ကြပြန်ပြီလား?” လင်းကတော်အံ့အားသင့်သွားသည်။

သူတို့ဘာကြောင့်ပဲ ရန်ဖြစ်ဖြစ် လင်းကတော်ကတော့ လင်းထျန်းယွီအမှားဟုသာ ထင်နေမိသည်။

“ဟုတ်တယ်! သမီးတို့ ယုကျီရဲ့ဗီဒီယိုကို ကြည့်နေတာမို့ သူ့ကို ယုကျီကို ကြိုက်နေသေးလားလို့ မေးလိုက်တာ။ ပြီးတော့ သူသမီးအပေါ် သစ္စာရှိကြောင်း ကျိန်ဆိုပြခိုင်းလိုက်တာကို သူက ငြင်းဆန်ပြီး ထွက်သွားတော့တာပဲ။” လင်းကတော်ကို အသေးစိတ်အကြောင်းအရာများတော့ ကျောက်ရှောင်ရွှမ်းမပြောပြပေ။

“ဘာ? ဒီတော့ သူက ယုကျီကို ကြိုက်နေသေးတာလား?” ထိုစကားကြောင့် ယုကျီကို မုန်းတီးနေသည့် လင်းကတော် အေးဆေးမနေနိုင်တော့ပေ။

“ရှောင်ရွှမ်း၊ စိတ်မပူနဲ့။ သူတို့ထပ်ပြီးတွဲမှာကို အန်တီဘယ်တော့မှ ခွင့်ပြုမှာမဟုတ်ဘူး။ သမီးကသာ အန်တီတို့မိသားစုရဲ့ တစ်ဦးတည်းသော အနာဂါတ်ချွေးမလေးပဲ။ အခုတော့ တက္ကစီငှားပြီး သမီးအိမ်ကိုပြန်လိုက်။ အန်တီ သူ့ကို အခုပဲဖုန်းဆက်လိုက်မယ်။”

“ကျေးဇူးတင်ပါတယ်!” ကျောက်ရှောင်ရွှမ်း ပြောပြီးနောက် ဖုန်းချလိုက်သည်။ လင်းကတော်ကတော့ သူမဘက်က ရပ်တည်ပေးမည်ဟု သူမယုံကြည်ချက်အပြည့်ရှိနေသည်။

***

အခန်း ၆၈၅

ကျောက်ရှောင်ရွှမ်း၏မိခင်

ကျောက်ရှောင်ရွှမ်းနှင့် ဖုန်းပြောပြီးသည်နှင့် လင်းကတော် သူမ၏သားလင်းထျန်းယွီထံ ချက်ချင်းဖုန်းဆက်လိုက်သည်။ လင်းထျန်းယွီသည်တော့ အခုမှ လေဆိပ်မှ အပြန်လမ်းတွင်ပင်ရှိသေးကာ သူလုပ်ခဲ့သည့်အပြုအမူထဲတွင် အမှားတစ်စုံတစ်ရာပါသည်ဟု မထင်ထားခဲ့ပေ။

သူ့မိခင်ထံမှ ဖုန်းဆက်လာတာကြောင့် ပြန်ဖြေလိုက်သည်နှင့် လင်းကတော်က ချက်ချင်း ပိတ်ပြောလိုက်တော့သည်။

“ထျန်းယွီ၊ မင်းဘယ်လိုဖြစ်နေတာလဲ? ဘယ်လိုလုပ် ရှောင်ရွှမ်းကို လေဆိပ်မှာတစ်ယောက်တည်း ထားခဲ့နိုင်ရတာလဲ? ပြောပါဦး၊ မင်း ယုကျီကို ကြိုက်နေတုန်းပဲလား? မင်းအဖေနဲ့ငါကတော့ သူမကိုဘယ်တော့မှ ပြန်လက်ခံမှာမဟုတ်ဘူးနော်! မင်းသာ ရှောင်ရွှမ်းထက်သာတဲ့ မိန်းကလေးကို ထပ်မရှာနိုင်ရင် သူမကသာ ငါတို့မိသားစုရဲ့ အနာဂါတ်ချွေးမပဲ။”

လင်းကတော် လင်းထျန်းယွီအားပြောနေသည့် စကားများကိုသာ ကျောက်ရှောင်ရွှမ်း ကြားသိခဲ့ရလျှင် အလွန်နာကျင်သွားပေလိမ့်မည်။ တကယ်တော့ သူမသည်လဲ လင်းကတော်၏အမြင်တွင် အရံအစီစဉ်လောက်သာဖြစ်နေသည်မဟုတ်ပါလား။

“ကျောက်ရှောင်ရွှမ်း လှမ်းတိုင်လိုက်ပြန်တာလား?” လင်းထျန်းယွီ အံကိုကြိတ်လိုက်သည်။ သူနှင့်ကျောက်ရှောင်ရွှမ်းစကားများ ရန်ဖြစ်ကြတိုင်း ဤကဲ့သို့ သူ့အမေထံလှမ်းတိုင်တတ်တာကြောင့် သိပ်မအံ့ဩမိတော့ပေ။

“အဲ့ဒါအသာထား၊ မင်းယုကျီကို ကြိုက်တုန်းပဲလားဆိုတာကို အရင်ဖြေဦး?” လင်းကတော်ထပ်မေးလိုက်သည်။

“ကြိုက်နေတုန်းပဲ။” လင်းထျန်းယွီ အေးအေးလူလူပင် ဝန်ခံလိုက်သည်။

“လင်းထျန်းယွီ၊ မင်းအဖေနဲ့ငါကတော့ သူမကို ငါတို့မိသားစုထဲ ဘယ်တော့မှ အဝင်ခံမှာမဟုတ်ဘူး။” လင်းကတော် ဒေါသသံဖြင့် သတိပေးလိုက်သည်။

“ယုကျီက ကျောက်ရှောင်ရွှမ်းထက် ပိုသာလွန်တဲ့ ရွေးချယ်မှုဖြစ်နေတယ်ဆိုရင်ရော?” လင်းထျန်းယွီမေးလိုက်သည်။

“မဖြစ်နိုင်တာတွေ! ယုကျီက ရှောင်ရွှမ်းထက်ပိုလှတာသိပေမယ့် သူမကအရမ်းဆင်းရဲတယ်။” လင်းကတော် အထင်သေးစွာဖြင့် ပြန်ပြောလိုက်သည်။

“သူမက အခုချိန်မှာတော့ ကျောက်ရှောင်ရွှမ်းထက် ဆင်းရဲကောင်းဆင်းရဲနေနိုင်ပေမယ့် မကြာခင်အချိန်အတွင်းမှာပဲ အရမ်းအောင်မြင်လာတော့မှာ။”

“ဘာဖြစ်ဖြစ်၊ ဂရုမစိုက်ဘူး။ မင်းအခုချက်ချင်း ရှောင်ရွှမ်းကို တောင်းပန်တာပဲ ငါလိုချင်တယ်။ ပြီးတော့ မင်းတို့နှစ်ယောက် မြန်မြန်လေးလက်ထပ်ကြတော့။” လင်းကတော်ကတော့ သူမဆုံးဖြတ်ချက်ကို မပြောင်းတော့မည့်ပုံစံဖြင့် ပြောလိုက်သည်။

“ယုကျီက အခု Charmရဲ့ ဒီဇိုင်နာနဲ့ ရှယ်ယာရှင်တစ်ယောက်ဖြစ်နေပြီ။” လင်းထျန်းယွီ ပြောရင်းဖြင့် ဝမ်းနည်းသလိုခံစားလာရသည်။

“ဘာ?” လင်းကတော် အလွန်အံ့ဩသွားတော့သည်။ သူမလဲပဲ JadeBeautyနှင့်Charm၏ ကြော်ငြာများကို မြင်ဖူးထားပြီးဖြစ်ပေမည့် ယုကျီက ဒီဇိုင်နာရော ရှယ်ယာရှင်တစ်ဦးပါ ဖြစ်နေသည်ကိုတော့ အခုမှ ကြားဖူးရခြင်းပင်။ ဒီလိုသာဆို ယုကျီက နောင်တစ်ချိန်မှာ အရမ်းချမ်းသာလာတော့မှာပေါ့!

“တ-တကယ်ပြောနေတာလား?” လင်းကတော် မယုံကြည်နိုင်သေးပေ။

“အမေ အင်တာနက်ပေါ်ကနေ သတင်းထုတ်ပြန်ပွဲဗီဒီယိုကိုသာ သွားကြည့်လိုက်တော့။” လင်းထျန်းယွီ စိတ်မရှည်ဟန်ဖြင့် ပြောကာ ဖုန်းချလိုက်တော့သည်။

လင်းထျန်းယွီနှင့်ဖုန်းပြောပြီးသွားသည်နှင့် လင်းကတော်တစ်ယောက် ကျောက်ရှောင်ရွှမ်းကို လုံးဝမေ့သွားကာ အင်တာနက်ပေါ်မှ JadeBeautyနှင့်Charm၏ သတင်းထုတ်ပြန်ပွဲ ဗီဒီယိုကို အမြန်သွားရှာကြည့်တော့သည်။ ယုကျီက အမှန်တကယ်ပဲ Charm၏ ဒီဇိုင်နာနှင့် ရှယ်ယာရှင်တစ်ယောက်ဖြစ်နေမှန်း တွေ့လိုက်ရသည်နှင့် ယုကျီ၏အရင်နှင့်လုံးဝမတူတော့ဘဲ မကြာတော့မည့်အချိန်လေးအတွင်းတွင် သူမအရမ်းကိုအောင်မြင်ကျော်ကြားလာတော့မည်မှန်း လင်းကတော်သိသွားတော့သည်။

ထိုအချိန်တော့ လင်းကတော် နောက်ထပ်ဘာဆက်လုပ်သင့်သည်ကို တုန့်ဆိုင်းသွားတော့သည်။ ကျောက်ရှောင်ရွှမ်းသည် သူမမိသားစုတွင် တစ်ဦးတည်းသောကလေးဖြစ်တာကြောင့် သူမနှင့်လက်ထပ်ခိုင်းလိုက်ပါက နောင်တစ်ချိန် လင်းထျန်းယွီက ကျောက်မိသားစုပိုင်ဆိုင်မှုအားလုံးကို သိမ်းယူနိုင်မည်ဆိုသော်လည်း ကျောက်မိသားစုသည် ကျိကျိတက်ချမ်းသာလွန်းသည့် မိသားစုတစ်ခုဖြစ်ဖို့ရန်တော့ အလှမ်းကွာဝေးလွန်းနေစဲပင်။

တစ်ဖက်တွင်တော့ JadeBeautyနှင့်Charmဆိုသသည်မှာ နာမည်ကျော် အထက်တန်းအဆင့် အမှတ်တံဆိပ်တစ်ခုဖြစ်ကာ တိုးတက်အောင်မြင်လာနှုန်းကလဲ အလွန်မြန်ဆန်လှသည်။ အရေးအကြီးဆုံးအချက်သည်ကတော့ ယုကျီသည် Charmတွင်အလုပ်လုပ်နေတာကြောင့် အထူးပုဂ္ဂိုလ်များစွာနှင့် သိမ်းကျွမ်းနိုင်သည်။ လင်းထျန်းယွီသာ ယုကျီနှင့်ပြန်တွဲခဲ့ပါက ယုကျီဘက်က သေချာပေါက် လင်းမိသားစုကိုလဲ ကောင်းကောင်းကူညီပေးလိမ့်မည်။ ထို့သို့သာဆိုလျှင် လင်းမိသားစုသည် အောင်မြင်ကြီးပွားလာပေမည်။

ထိုသို့တွေးမိသွားသည်နှင့် လင်းကတော် လင်းထျန်းယွီကို ချက်ချင်းဖုန်းပြန်ဆက်လိုက်တော့သည်။

“ထျန်းယွီ၊ သားအခုထိ ယုကျီကို ကြိုက်နေတုန်းဆိုမှတော့ သူ့ကိုပြန်ရအောင်လိုက်ပေါ့၊ အမေတို့ ဒီတစ်ခေါက်တော့ မတားတော့ဘူး။” လင်းကတော်က သူမတို့ဘက်က ယုကျီကိုလက်ခံပေးလိုက်တာကပဲ ယုကျီဘက်က ဂုဏ်ယူဖွယ်ရာ၊ ကျေးဇူးတင်စရာကိစ္စဖြစ်ရမည့်ဟန်ဖြင့် ပြောလိုက်သည်။ ယုကျီစိတ်က ဘယ်လိုမှပြန်မလှည့်လာနိုင်တော့တာကြောင့် ဤစကားများမှာ ရယ်စရာသပ်သပ်သာဖြစ်နေတော့မည်။

လင်းကတော်၏မျက်လုံးထဲတွင်တော့ ယုကျီဘက်ကသာ လင်းထျန်းယွီကို ငမ်းငမ်းတက် လက်ထပ်ချင်နေသည်ဟု မြင်နေခြင်းဖြစ်သည်။

လင်းမိသားစုဝင်အားလုံးသည် တစ်ကိုယ်ကောင်းဆန်ကာ ကိုယ်သာအကောင်းဆုံးဟု မှတ်ယူထားကြသူများဖြစ်သည်။

မိခင်ဆီမှ ခွင့်ပြုချက်လဲ ရရှိထားပြီဖြစ်တာကြောင့် လင်းထျန်းယွီ အလွန်ဝမ်းသာနေကာ ယုကျီကို ပြန်လိုက်၍ရနိုင်မည်ဟု ပိုလို့တော့ ယုံကြည်ချက်ရှိလာတော့သည်။

သူချက်ချင်းပဲ ယုကျီကို ဖုန်းဆက်လိုက်ပေမည့် နောက်တော့မှသာ သူ့ကို ယုကျီက သူ့ဖုန်းနံပါတ်ကို ပိတ်ထားကြောင်း ပြန်အမှတ်ရသွားခဲ့သည်။ ထို့ကြောင့် Charmဆိုင် တည်ရှိရာလိပ်စာကို ရှာဖွေက ထိုနေရာသို့ မောင်းထွက်လာခဲ့လိုက်သည်။ ကံမကောင်းစွာဖြင့် Charmသည် ယနေ့ပိတ်ထားတာကြောင့် လင်းထျန်းယွီ ယခုတော့ဖြင့် ပြန်လှည့်ကာ မနက်ဖြန်မှ ပြန်လာနိုင်တော့မည်။

ကျောက်ရှောင်ရွှမ်းဘက်ကတော့ အချိန်အတော်ကြာသည်အထိ လင်းကတော်ရော လင်းထျန်းယွီဆီကပါ ဆက်သွယ်လာခြင်းမရှိခဲ့ပေမည့် နောက်တစ်ကြိမ် ဆက်သွယ်ဖို့ကိုတော့ တွန့်ဆုတ်နေမိသည်။

ကျောက်ရှောင်ရွှမ်း အလွန်ဝမ်းနည်းနေပုံကိုမြင်ရတာကြောင့် ကျောက်ကတော်က မေးမြန်းလာခဲ့သည်။

“ရှောင်ရွှမ်း၊ ဘာဖြစ်နေတာလဲ?”

ကျောက်ရှောင်ရွှမ်းလဲ သူမမိခင်အား ဖြစ်ပျက်သမျှ အလုံးစုံကို အသေးစိတ်ပြန်ပြောပြလိုက်သည်။

သို့ပေမည့် ကျောက်ကတော်သည်လဲ ဤကိစ္စကို ကျောက်ရှောင်ရွှမ်း၏ အမှားဟု မတွေးဘဲ လင်းထျန်းယွီကိုသာ အပြစ်အားလုံးပုံချလိုက်တော့သည်။

“ဘာ? သူကများငါ့သမီးကို ဒီလိုပုံစံလုပ်ရဲတယ်ပေါ့? အမေအခုချက်ချင်း သူ့ကိုဖုန်းဆက်လိုက်မယ်!” ပြောရင်းဆိုရင်းဖြင့်ပင် ကျောက်ကတော် လင်းထျန်းယွီအား ဖုန်းဆက်လိုက်သည်။

ကျောက်ရှောင်ရွှမ်းက လင်းထျန်းယွီကို ဖုန်းမဆက်ချင်ပေမည့် သူမအမေ ဆက်သည်ကိုတော့ မတားခဲ့ပေ။ သူမလဲ လင်းထျန်းယွီ အခုချိန်ဘာတွေလုပ်နေလဲဆိုသည်ကို သိချင်မိနေသည်မဟုတ်ပါလား။

အံ့ဩစရာကောင်းသည်က လင်းထျန်းယွီဘက်က ကျောက်ကတော်၏ဖုန်းခေါ်ဆိုမှုကို ပြန်လည်ဖြေကြားခြင်းမရှိခဲ့တာကြောင့် ကျောက်ကတော် ဒေါသထွက်လာတော့သည်။

“အမေ၊ လင်းကတော်ကိုပဲ ဆက်လိုက်ပါလား။ သမီးဖုန်းခေါ်တုန်းက သမီးကို ကူပြောပေးမယ်လို့ ကတိပေးထားပေမယ့် အခုထိ ဘာသတင်းမှပြန်မကြားရသေးဘူး။”

ထိုစကားကြောင့် ကျောက်ကတော် ပိုလို့ပင် မကျေမနပ်ဖြစ်သွားကာ ချက်ချင်း လင်းကတော်ကို ဖုန်းဆက်တော့သည်။

ကျောက်ကတော် ဆက်သွယ်လာသည်အား လင်းကတော် မြင်လိုက်ရသည်နှင့် ကျောက်ရှောင်ရွှမ်းကြောင့်မှန်း သိတာကြောင့် ပြန်ဖြေလိုက်သည်။

“ဟိုင်း၊ ကျောက်ကတော်!” လင်းကတော် ဖြေလိုက်သည်။ သူမအသံကတော့ ပုံမှန်အတိုင်း ချိုသာနေစဲပင်။ ယုကျီကို ပြန်လိုက်ဖို့ရန် လင်းထျန်းယွီကို မြှောက်ပင့်ပေးခဲ့သော်လည်း လောလောဆယ်တော့ ကျောက်ရှောင်ရွှမ်းနှင့် လင်းထျန်းယွီ၏ ဆက်ဆံရေးကိုတော့ ကြားဝင်နှောက်ယှက် ဖြတ်တောက်ဖို့ရန် စိတ်ကူးမရှိသေးပေ။

“လင်းကတော်၊ လင်းထျန်းယွီက ဘာလို့ ရှောင်ရွှမ်းကို လေဆိပ်မှာထားခဲ့ရတာလဲ? ကျွန်မဖုန်းကိုလဲ ဘာကိစ္စပြန်မဖြေရတာလဲ? ယုကျီလို့ခေါ်တဲ့မိန်းမကြောင့်နဲ့ ကျွန်မတို့ရှောင်ရွှမ်းကို လမ်းခွဲတော့မလိုလား?” ကျောက်ကတော်မေးမြန်းလိုက်သည်။

“ကျွန်မလဲ အဲ့ကိစ္စကိုပဲ စိတ်ပူနေရတာ။ ထျန်းယွီက ကျွန်မဖုန်းကိုလဲ မကိုင်ဘူးလေ၊ ဒါကြောင့် ကျွန်မလဲ အခု ဘာလုပ်လို့လုပ်ရမှန်းမသိတော့ဘူး။ ကျွန်မသားနဲ့အဆက်အသွယ်ရတာနဲ့ ရှင့်ကိုပြန်ခေါ်လိုက်ပါ့မယ်၊ ဟုတ်ပြီလား?”

***

All Chapters