← Chapters

အခန်း (၆၈၆-၆၉၀)

Vol. 46 Ch. 686-690

အခန်း (၆၈၆-၆၉၀)

Vol. 46 Ch. 686-690

အခန်း ၆၈၆

သူမက ငါ့မြေးချွေးမ

“ထျန်းယွီရဲ့ ဒီတစ်ခေါက်လုပ်ရပ်က လွန်သွားပြီ။ ကျွန်မတို့ရှောင်ရွှမ်းကို ဒီလိုမျိုး လေဆိပ်မှာ ထားရစ်ပစ်ခဲ့လို့ရမလား၊ ကျွန်မတို့ဘက်ကတော့ ဒီလိုအမူအကျင့်မျိုးကို ဘယ်လိုမှ လက်မခံနိုင်ဘူး! လင်းကတော်၊ ရှင်ဘက်က ကျွန်မတို့ စိတ်ကျေနပ်လောက်စေမယ့် ဖြေရှင်းချက်မျိုးပေးရလိမ့်မယ်။” ကျောက်ကတော် အတော်လေးကို စိတ်တိုနေပြီဖြစ်သည်။

“ဟုတ်တာပေါ့၊ ဟုတ်တာပေါ့၊ သားကို ဖုန်းဆက်လို့ ပြန်ဖြေတာ ဒါမှမဟုတ် အိမ်ပြန်ရောက်လာနဲ့ ချက်ချင်းဆုံးမလိုက်ပါ့မယ်။” လင်းကတော်လဲ ကျောက်ကတော်ကျေနပ်လောက်မယ့် အဖြေမျိုးပေးကာ ဖုန်းချလိုက်တော့သည်။

ထို့နောက်တွင်တော့ လင်းကတော်၏အမူအရာမှာ အထင်သေးစက်ဆုပ်ဟန်သို့ ချက်ချင်းပြောင်းလဲလို့သွားတော့သည်။ သူမသားက ကျောက်ရှောင်ရွှမ်းထက် သာလွန်သည့် မိန်းကလေးကို လက်ထပ်နိုင်တော့မည်ဖြစ်တာကြောင့် အခုချိန်တွင် ကျောက်မိသားစုကို သူမဂရုစိုက်မနေတော့ပေ။

……..

ချူးဖေ့ဟန်နှင့်အခြားလူများကတော့ Bမြို့သို့မသွားခဲ့တာကြောင့် သတင်းထုတ်ပြန်ပွဲဗီဒီယို အင်တာနက်ပေါ် ရောက်လာသည်ကိုသာ စောင့်ပြီးကြည့်နိုင်လေသည်။

ထိုအချိန်တွင် အတန်းတက်နေရစဲဖြစ်သည်။ သို့ပေမည့် Fမြို့၏ အမှတ်၃အထက်တန်းကျောင်းမှ ကျောင်းသားအများစုသည်တော့ အတန်းတက်နေရသည့်အချိန်တွင်ပင် နားကြပ်များတပ်ကာ ခေါင်းငုံ့ရင်း သူတို့ဖုန်းများကိုသာ စိတ်ဝင်တစားကြည့်ရှုနေကြသည်။

အစပိုင်းတွင်တော့ ဘယ်သူကမှ စာကိုလိုက်မနားထောင်ကြတာကြောင့် ဆရာများစိတ်ဆိုးဒေါသထွက်ကြပေမည့် ကျောင်းသားတွေဘာကို ကြည့်နေကြတာလဲဆိုသည်ကို သိသွားချိန်တွင်တော့ ဘာမှမပြောကြတော့ပေ။ ဆရာတော်တော်များများကတောင်မှ သူတို့ဖုန်းများနှင့် ဗီဒီယိုကို ဖွင့်ကြည့်လိုက်ကြသေးသည်။ ကုနင်းဆိုသည်က သူတို့ကျောင်း၏ဂုဏ်ဆောင်ကျောင်းသူတစ်ယောက်မဟုတ်ပါလား။

ဆရာတိုင်းကလဲ ကုနင်းသည် အမှန်တကယ်ကို ထူးချွန်ထက်မြက်လွန်းသူဖြစ်ကြောင်း ထောက်ခံကြသည်။

အမှတ်၃အထက်တန်းကျောင်းမှ ကျောင်းသားများတင်မကဘဲ အခြားကုနင်းကို သိထားသူများသည်လဲ ဗီဒီယိုကိုကြည့်နေကြသည်။ ရလဒ်အနေနှင့်ကတော့ ထိုသတင်းထုတ်ပြန်ပွဲ ဗီဒီယိုမှာ နာရီဝက်လေးအတွင်းတွင်ပင် ကြည့်ရှုသူပေါင်း တစ်သန်းကျော်၊ ပြန်လည်မျှဝေမှုပေါင်း တစ်သိန်းကျော်နှင့် မှတ်ချက်ပေါင်း သိန်းပေါင်းများစွာ ရရှိသွားခြင်းဖြစ်သည်။ မှတ်ချက်ရေးသူအများစုကတော့ အကောင်းဘက်ကချည်းသာ။

………

မြို့တော်ရှိ လင်မိသားစုစံအိမ်တော်ကြီးတွင်၊

ကုနင်းက လင်ရှောင်းထင်၏ချစ်သူဖြစ်ကြောင်း သခင်ကြီးလင်သိထားပြီးသည်နှင့် ကုနင်းအကြောင်း သတင်းမှန်သမျှကို စောင့်ကြည့်နေခဲ့တာကြောင့် JadeBeautyလက်ဝတ်ရတနာဆိုင်၏ဖွင့်ပွဲအခမ်းအနားနှင့် သတင်းထုတ်ပြန်ပွဲကိုလဲ ချက်ချင်းသိရှိခဲ့သည်။

ဒီမနက်တုန်းက ကျန်းကျုံးယွီ၏ဆေးရုံသို့ သွားရောက်သတင်းမေးနေခဲ့ရသေးတာကြောင့် ဗီဒီယိုကို နေ့လည်ဘက် သူအိမ်ပြန်ရောက်မှသာ ကြည့်နိုင်ခဲ့သည်။

ကျန်းကျုံးယွီသည် အတော်လေးပြန်ကျန်းမာလာပြီဖြစ်ပေမည့် ရက်များစွာတော့ အိပ်ရာထဲတွင်ပြ လှဲနေရဦးမည်ဖြစ်သည်။ ဒါကတော် ထူးခြားဆန်းကြယ်မှုတစ်ခုမဟုတ်ပါလား။ ကျန်းမိသားစုဝင်များက ဆရာဝန်ကို လျှို့ဝှက်ထားဖို့ရန် မပြောထားခဲ့ပါလျှင် ဤဆန်းကျယ်မှုကြီးသည် အခုဆိုလျှင် ဆေးလောက၌ အလွန်အမင်း ပျံ့နှံ့နေလောက်ပေပြီ။

ဤဆေးမှာ ကုနင်းက သခင်ကြီးလင်အား လက်ဆောင်ပေးထားခြင်းဖြစ်တာကြောင့် သတင်းပျံ့သွားပါက ကုနင်းပြဿနာတက်သွားမည်ကို စိုးရိမ်ကြလေသည်။

သခင်ကြီးလင်အိမ်သို့ပြန်ရောက်သည်နှင့် ချန်ပင်းကို အင်တာနက်ပေါ်မှ JadeBeautyလက်ဝတ်ရတနာလုပ်ငန်းနှင့်ဆိုသည့်သတင်းများကို ရှာခိုင်းလိုက်သည်။

မွန်းလွဲပိုင်းသာရှိသေးတာကြောင့် အင်တာနက်ပေါ်တွင် ဧည့်သည်များမှ ရိုက်ကူးထားသည့် ဗီဒီယိုများသာရှိသေးကာ သတင်းထောက်များတင်လာမည့် ဗီဒီယိုများကတော့ နောက်နာရီအနည်းငယ်ကြာမှ ထွက်လာပေမည်။

သခင်ကြီးလင် ဗီဒီယိုကိုကြည့်လိုက်သည်နှင့် ကုနင်းဘေးတွင် လင်ရှောင်းထင်ရပ်နေသည်ကို တစ်ချက်တည်းဖြင့် တန်းမြင်လိုက်သည်။ သူတို့နှစ်ဦးသည် အမှန်တကယ်ကို လိုက်ဖက်ညီလှသည့် စုံတွဲဖြစ်ကာ သခင်ကြီးလင်လဲ ကုနင်းကို ပိုလို့ပင် သဘောကျလာတော့သည်။

ဘေးနားတွင် ရှုကျင်းချန် တစ်ကိုယ်တည်းရပ်နေရသည်ကို သခင်ကြီးလင် မြင်လိုက်ရတော့ ဝမ်းသာအားရဖြစ်သွားကာ ချက်ချင်းပင် သခင်ကြီးရှုထံသို့ ဖုန်းဆက်လိုက်ပြီး၊

“အဖိုးကြီးရှု၊ မင်း အင်တာနက်ပေါ်က JadeBeautyလက်ဝတ်ရတနာဆိုင် ဖွင့်ပွဲအခမ်းအနားကို ကြည့်ပြီးသွားပြီလား? ငါ့မြေးနဲ့မြေးချွေးမလေး အတူယှဉ်တွဲရပ်နေတာ အရမ်းကြည့်ကောင်းတာပဲ၊ ဒါပေမယ့် မင်းမြေးကတော့ တစ်ကိုယ်တည်းသမားလေး၊ သူ့ဘေးမှာရပ်နေတဲ့ မိန်းကလေးတစ်ယောက်တောင် မရှိနေဘူးနော်။” သခင်ကြီးလင် ကြွားဝါပြောဆိုလိုက်သည်။

ထိုစကားများကြောင့် သခင်ကြီးရှုစိတ်ရှုပ်သွားတော့သည်။ ယခုအချိန်တွင် သခင်ကြီးလင်ထံမှ မကြားချင်ဆုံးစကားမှာ သူ၏မြေးနှင့်မြေးချွေးမအကြောင်းပင်ဖြစ်ကာ ထိုကြောင်းက သခင်ကြီးရှုကို အလွန်မနာလိုဖြစ်စေသည်။

“အဖိုးကြီးလင်၊ မင်း ငါ့မနာလိုဖြစ်တာကို မြင်ချင်နေတာမဟုတ်လား။ ငါပြောလိုက်မယ်။ သူတို့အကြောင်းငါဘယ်တော့မှမကြည့်ဘူး။” သခင်ကြီးရှုပြောပြီးပြီးချင်းပင် ဖုန်းချပစ်လိုက်သည်။

သခင်ကြီးလင်ကို ဖုန်းထဲတွင် မကြည့်ပါဘူးဟု သခင်ကြီးရှုပြောခဲ့သော်လည်း ဖုန်းချပြီးသည်နှင့် ချက်ချင်းပင် ရှုချင်ယင်းအား ဗီဒီယိုကိုရှာခိုင်းတော့သည်။

“JadeBeautyလက်ဝတ်ရတနာဆိုင်? ဒါ ကုနင်းရဲ့ကုမ္ပဏီမဟုတ်လား? ဘာလို့ သမီးကိုကျ ဖွင့်ပွဲတက်ဖို့ မဖိတ်တာလဲ?” ရှုချင်ယင်း မကျေမနပ်ဖြစ်သွားသည်။

သို့ပေမည့် သခင်ကြီးလင်ကတော့ အံ့ဩသွားကာ၊ “မြေးကကော ကုနင်းကိုသိတာလား?”

“သိတာပေါ့!” ရှုချင်ယင်းပြောရင်းဖြင့် အင်တာနက်ပေါ်တွင် JadeBeautyလက်ဝတ်ရတနာဆိုင် သတင်းများကိုရှာလိုက်ရာ လင့်ခ်ပေါင်းများစွာ ထွက်ပေါ်လာသည်။

ဗီဒီယိုများစွာကိုကြည့်ရှုပြီးနောက်တွင်တော့ သူမအစ်ကိုကပါ သူမကို မပြောပါဘဲနှင့် ဖွင့်ပွဲသွားတက်ကြောင်း ရှုချင်ယင်းတွေ့သွားတော့သည်။

“ဘာလဲ? အစ်ကိုကပါ ရှိနေတာလား? ဘာလို့ သမီးကျ မပြောသွားတာလဲ?” ရှုချင်ယင်း ပိုလို့ပင် မကျေမနပ်ဖြစ်သွားတော့သည်။

……….

သခင်ကြီးလင်သည်တော့ JadeBeautyလက်ဝတ်ရတနာဆိုင်ဖွင့်ပွဲအခမ်းအနား ဗီဒီယိုများကို ဆက်လက်ကြည့်ရှုနေစဲဖြစ်သည်။ ကုနင်း ကျောက်အလောင်းအစားပြိုင်ပွဲမှ အနိုင်ရရှိသည့် ငွေများကို လှူဒါန်းလိုက်သည်အားမြင်လိုက်ရတာကြောင့် အလွန်သဘောကျနှစ်သက်သွားတော့သည်။ ကုနင်းက မိန်းမကောင်းလေးပဲ။

သတင်းထုတ်ပြန်ပွဲအခမ်းအနားမှ ကုနင်း၏မိန့်ခွန်းတိုလေးကို သခင်ကြီးလင် ကြားလိုက်ရပြီးချိန်တွင်တော့ သူမ၏ တည်ငြိမ်ရင့်ကျက်သည့်အသွင်နှင့် ယုံကြည်ချက်ရှိကာ အင်အားကြီးသည့် အရှိန်အဝါများရှိနေသည့်အပေါ် သဘောကျသွားရပြန်သည်။ ကုနင်းက ရည်မှန်းချက်ကောင်းတွေရှိတဲ့မိန်းကလေးပဲ။

သခင်ကြီးလင်သည် သူ့ဘဝသက်တမ်းတစ်လျှောက် ထူးချွန်လှသည့် လူပေါင်းများစွာနှင့် တွေ့ဆုံကြုံကြိုက်ခဲ့ဖူးတာကြောင့် အခြားလူများကို ချီးကျူးခဲကာ အထူးသဖြင့် မိန်းမငယ်လေးများဆိုလျှင် မရှိသလောက်ကို ရှားပါးခဲ့သည်။ သို့ပေမည့် ကုနင်းသည်တော့ ချွင်းချက်ဖြစ်ခဲ့ပြီ။ တစ်ချိန်တည်းတွင်ပဲ ကုနင်းသည် လင်ရှောင်းထင်၏ချစ်သူဖြစ်နေသည့်အတွက်ကြောင့်လဲ ပျော်ရွှင်ဝမ်းသာခဲ့ရသည်။

“ဟ-ဟ၊ တွေ့လား? ဒါ ငါ့မြေးချွေးမလေးပဲ!” သခင်ကြီးလင် ကျေကျေနပ်နပ်ကြီးပြုံးကာ ချန်ပင်းအားပြောလိုက်သည်။

ချန်ပင်းအတွက်ကတော့ ဒီစကားကို ယခုနေ့လည်ပိုင်းလေးအတွင်းမှာပဲ သခင်ကြီးလင်ထံမှ မရေမတွက်နိုင်အောင် ကြားထားရပြီးဖြစ်သည်။ ဒါ့အပြင် ကုနင်းက အခုထိ လင်မိသားစုနှင့် လက်ဆတ်ထားခြင်းမရှိသေးတာကြောင့် သခင်ကြီးလင်၏မြေးချွေးမဖြစ်သေးဘူး မဟုတ်လား။

ဒါပေါ့၊ ထိုစကားကိုတော့ ချန်ပင်း အသံထွက်မပြောရဲပါဘူး။ သခင်ကြီးလင်၏ စိတ်ကြည်လင်နေမှုကို ဖျက်ဆီးလို့မှမဖြစ်ဘဲ။

………

လင်းလိကျွမ်းနှင့် ကုချင်းရှန်သည်တော့ ကွာရှင်း၍မရသေးခဲ့ပေမည့် နှစ်ယောက်သား ခွဲနေကာ လင်းလိကျွမ်းသည်လဲ လင်းမိသားစုအိမ်သို့ ပြန်ရောက်နေပေပြီ။

လင်းလိကျွမ်း၏အစ်ကို လင်းတချန်က ဘာမှမပြောသလို လင်းယွဲ့ဟောင်ကလဲ ဂရုစိုက်ခြင်းမရှိပေမည့် သူမ၏ယောက်မ ကျန်းမေယွိကတော့ သိပ်သဘောမကျပေ။ လင်းလိကျွမ်းကိုတော့ သူမအပြစ်မတင်ပေမည့် အရမ်းလဲ ကြည်သာနေသည်တော့မဟုတ်ပေ။ လင်းလိကျွမ်းက လင်းမိသားစုကို အကူအညီအမြောက်အမြားပေးထားခဲ့သည်ဆိုသော်လည်း တစ်မိုးအောက်တည်းအတူနေလျှင်ကတော့ ပြဿနာတက်ဖို့ လွယ်လှပေသည်။

***

အခန်း ၆၈၇

လင်းလိကျွမ်းရူးသွားပြီ

လင်းလိကျွမ်းမှာ တစ်ချိန်လုံးဝမ်းနည်းပူဆွေးနေကာ လင်းမိသားစုအိမ်၏ အေးချမ်းနေသာသည့် အခြေအနေကို ဖျက်ဆီးနေတာကြောင့် ဘယ်သူမှ စိတ်သက်သက်သာသာမရှိတော့ပေ။

ကျန်းမေယွိကတော့ လင်းလိကျွမ်းကို ကလေးများမျက်နှာကိုထောက်ကာ ကုချင်းရှန်နှင့် မကွာရှင်းရန်အတွက် ဖြောင်းဖျပြောဆိုသည်။ ကုချင်းရှန်သာ သူမအပေါ် ဆက်ပြီး မဖောက်ပြန်တော့ပါက ဘဝကို ကောင်းကောင်းမွန်မွန်အတူတကွ ဆက်လက်ဖြတ်သန်း၍ရသည်ဟုပင်။ သို့ပေမည့် လင်းလိကျွမ်းကတော့ ဝမ်းနည်းပူဆွေးနေစဲဖြစ်ကာ ကျန်းမေယွိ၏အကြံကို လက်မခံတာကြောင့် ကျန်းမေယွိလဲ လက်လျှော့လိုက်ရတော့သည်။

လင်းလိကျွမ်းနှင့်သိပ်ပြီးစကားစမြည်မပြောချင်တာကြောင့် ကျန်းမေယွိလဲ အားလပ်ချိန်ရသည်နှင့် အပြင်ထွက်ကာ သူငယ်ချင်းများနှင့် ဈေးဝယ်ထွက်ခြင်း မာကျောက်ကစားခြင်းများပြုလုပ်သည်။

ထိုအချိန်တွင်တော့ ကျန်းမေယွိသည် မီးဖိုခန်းထဲတွင် ချက်ပြုတ်နေကာ လင်းလိကျွမ်းသည်တော့ ဧည့်ခန်းထဲတွင်ပင် စိတ်လွတ်နေသည့်အမူအရာဖြင့် ထိုင်နေခဲ့သည်။

လင်းယွဲ့ဟောင်သည်တော့ ဆိုဖာပေါ်တွင် မှီလှဲနေကာ ဖုန်းကစားနေသည်။

တီဗီတွင် ကြော်ငြာတစ်ခုပြီးနောက် သတင်းကြေညာသူမိန်းကလေးမှနေပြီး “ဖက်ရှင်သတင်းအစီအစဉ်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီနေ့ကတော့ JadeBeautyလက်ဝတ်ရတနာလုပ်ငန်းနဲ့Charmရဲ့ သတင်းထုတ်ပြန်ပွဲသတင်းကို ထုတ်လွှင့်ပြသွားမှာပဲဖြစ်ပါတယ်။”

ထိုစကားကြောင့် လင်းလိကျွမ်းရော လင်းယွဲ့ဟောင်ပါ အံ့ဩတကြီးနှင့် တီဗီကိုကြည့်လိုက်ကြသည်။ JadeBeautyလက်ဝတ်ရတနာလုပ်ငန်းဆိုသည်မှာ ကုနင်း၏လုပ်ငန်းဖြစ်ကြောင်း သူတို့အားလုံးသိထားပြီးဖြစ်တာကြောင့် အာရုံစိုက်နားထောင်လိုက်ကြသည်။

ကြေညာသူမှဆက်ပြီး သတင်းထုတ်ပြန်ပွဲအကြောင်းကို မပြသခင် JadeBeautyနှင့်Charmအကြောင်းကို မိတ်ဆက်ပေးနေသည်။

“JadeBeautyလက်ဝတ်ရတနာလုပ်ငန်းနဲ့ Charmဖက်ရှင်လုပ်ငန်းက အခုမှအသစ်တည်ထောင်ထားတဲ့ ကုမ္ပဏီတွေဆိုပေမယ့် သူတို့ရဲ့ထုတ်ကုန်တွေ ဈေးကွက်ထဲဝင်လာကတည်းက လူများစွာရဲ့အာရုံစိုက်မှုကို ရထားသလို ကောင်းမွန်တဲ့မှတ်ချက်များစွာလဲ ရရှိထားခဲ့ပါတယ်။ ဒါပေမယ့် ဒီကုမ္ပဏီနှစ်ခုရဲ့ ပိုင်ရှင်ကတော့ အသက်၁၈နှစ်သာရှိသေးတဲ့ အထက်တန်းစီနီယာနှစ်ကျောင်းသူတစ်ယောက်ဖြစ်နေပါတယ်။”

ထို့နောက် ဖန်သားပြင်ပေါ်တွင် သတင်းထုတ်ပြန်ပွဲအကြောင်းကို ထုတ်လွှင့်ပြသကာ ကုနင်းနှင့်အခြားသူများက စင်ပေါ်သို့တက်လာကြသည်။

လင်းယွဲ့ဟောင်ဆိုသူမှာ ကုနင်းကို အမြဲတမ်းကြောက်ရွံ့နေသူဖြစ်ပြီး မုန်းတီးခြင်းတော့မရှိပေ။ သူက သာမာန်လူမိုက်လေးသပ်သပ်သာမဟုတ်ပါလား။ သူ့တွင် ကုနင်းကို ထိခိုက်အောင်လုပ်နိုင်စွမ်းမရှိကြောင်း သိပြီးသည်နှင့် သူမကို ထပ်ပြီး အနှောက်အယှက်မပြုရဲတော့ပေ။

သို့ပေမည့် လင်းလိကျွမ်းသည်တော့ ကုနင်းအောင်မြင်လာချိန်တွင် ပိုလို့ပင်မုန်းတီးလာသူဖြစ်သည်။ သူမသမီးကတော့ ထောင်ထဲမှာပင်ရှိနေသးသည်မဟုတ်လား! ဒါက ကုနင်း၏အမှားမဟုတ်သော်လည်း လင်းလိကျွမ်းကတော့ ဖြစ်သမျှကို ကုနင်းအပေါ်သာ အပြစ်ပုံချနေတော့သည်။ ထို့ကြောင့် ကုနင်းကို တီဗီဖန်သားပြင်ထက်တွင် လင်းလိကျွမ်းမြင်လိုက်ရသည်နှင့် ကုနင်းကို သူမ၏အကြီးမားဆုံးရန်သူတော်ကြီးတစ်ဦးလို စိုက်ကြည့်နေတော့သည်။

“ဘုရားရေ! ကုနင်းက တကယ်ကိုအံ့ဩစရာကောင်းတာပဲ!” လင်းယွဲ့ဟောင် အံ့ဩလွန်း၍ ချီးမွမ်းမိသွားသည်။ သူက ကုနင်းကို မနာလိုမဖြစ်ဘဲ လေးတောင်လေးစားမိသေးသည်။

ထိုစကားကို လင်းလိကျွမ်းကြားလိုက်ရသည်နှင့် လင်းယွဲ့ဟောင်အား မကျေမနပ် မျက်စောင်းထိုးကြည့်လိုက်တော့သည်။

လင်းယွဲ့ဟောင်သည်တော့ လင်းလိကျွမ်း၏ အကြည့်ကို လျစ်လျူရှုထားကာ သူ့နှလုံးသားထဲတွင်တော့ လင်းလိကျွမ်းကို အထင်သေးနေသည်။ လင်းယွဲ့ဟောင်၏အမြင်တွင် လင်းလိကျွမ်းသည် ဒီလိုထူးချွန်လှသည့် တူမကို ကလန်ကဆန်လုပ်ကာ အမုန်းတရားဖွဲ့ခဲ့သည့် ဉာဏ်မရှိသူတစ်ယောက်သာဖြစ်သည်။ လင်းလိကျွမ်း၏မိသားစုသာ ကုနင်းကို စိတ်အနှောက်အယှက်မပေးခဲ့ပလျှင် သူတို့မိသားစုအခြေနေလဲ အခုဆို တိုးတက်ကြီးပွားလာနိုင်သည်။ လင်းယွဲ့ဟောင်ကတော့ အရင်က ကုနင်းကို အနိုင်ကျင့်ခဲ့မိသည့်အတွက် နောင်တရနေတော့သည်။

ကျန်းမေယွိလဲ လင်းယွဲ့ဟောင်၏အသံကိုကြားတာကြောင့် မီးဖိုခန်းထဲမှ ထွက်လာခဲ့သည်။ ကုနင်းကို ဖန်သားပြင်ထက်တွင် မြင်လိုက်ရတာကြောင့် သူမလဲ စိတ်ဝင်စားသွားခဲ့သည်။ ကုနင်း အခု အရမ်းအောင်မြင်နေသည်ကို မြင်ရတော့ ကုနင်းအပေါ် လင်းလိကျွမ်းပြုလုပ်ခဲ့သည့်အရာများအတွက် လင်းလိကျွမ်းကို မုန်းတီးနေတော့သည်။

လင်းလိကျွမ်း၏မိသားစုသာ ကုနင်းနှင့်အဆင်ပြေခဲ့လျှင် အခုချိန်တွင် ကုနင်းက သူတို့ကို သေချာပေါက် လက်တွဲကူညီပေးသွားမည်သာ။

ကုချင်းရှန်၏ဆောက်လုပ်ရေးကုမ္ပဏီမှာ အခုဆိုလျှင် ဒေဝါလီခံရခါနီးဖြစ်နေသည်။ သို့ပေမည့် ကုချင်၏မိသားစုသည်တော့ ကုနင်း၊ ကုမန့်တို့နှင့် ရင်းနှီးတာကြောင့် အခုဆိုလျှင် သူတို့ထက် ပိုကောင်းမွန်သည့်ဘဝမှာနေထိုင်နေရပေပြီ။

ကုချင်းယန်၏မိသားစုသည်လဲ ကုမန့်၊ ကုနင်းနှင့်ကုချင်တို့ မိသားစုအပေါ် ဆက်ဆံပုံသဘောထားများ ပြောင်းလဲလိုက်တာကြောင့် သူတို့မှာ တစ်ခုခု အခက်အခဲရှိလာပါက ကုနင်းက သေချာပေါက် ကူညီပေးပေလိမ့်မည်။

ကျန်းမေယွိသည် အလွန်အကြင်နာတရားရှိကာ သဘောထားကြီးလွန်းသူတစ်ယောက်မဟုတ်သော်လည်း သူမ၏ဆင်းရဲသော ဆွေမျိုးများကိုတော့ အပြစ်တင် အနိုင်ကျင့်ခြင်းမျိုးမရှိပေ။ ထို့အပြင် အခုခေတ်တွင် အိမ်ထောင်မပြုရသေးမီ ကိုယ်ဝန်ရှိသွားခြင်းမျိုးက ရှက်စရာကိစ္စမဟုတ်တော့ပေ။ သို့ပေမည့် လင်းလိကျွမ်းနှင့် ကုမန့်၏မိခင်သည်တော့ ထိုကိစ္စကြောင့် ကုနင်းနှင့်ကုမန့်အပေါ် အကြိမ်ပေါင်းမရေမတွက်နိုင်အောင် အရှက်ခွဲနှိမ့်ချစော်ကားခဲ့သည်။

ရုတ်တရက်ဆိုသလို လင်းလိကျွမ်း ကော်ဖီစားပွဲပေါ်ရှိ ရီမုဒ်ကိုယူကာ ပေါက်ခွဲလိုက်တာကြောင့် သတင်းတွင် စီးမျောနေသည့် လင်းယွဲ့ဟောင်ရော ကျန်းမေယွိပါ ကြောက်လန့်သွားတော့သည်။ “ဘာလို့လဲ? ဘာလို့ ငါ့ဘဝကျတော့ ဆိုးရွားနေပြီး အဲ့ခွေးမ ကုမန့်နဲ့ မိမစစ်ဖမစစ်လေးကုနင်းကျတော့ ထင်ပေါ်နေရတာလဲ?!” လင်းလိကျွမ်း ဒေါသတကြီးအော်ဟစ်နေကာ ဘယ်လောက်တောင် မုန်းတီးကြောင်း သူမအသံထဲကပင် သိနေရသည်။

ထိုစကားကြောင့် လင်းယွဲ့ဟောင်ရော ကျန်းမေယွိပါ မကျေနပ်စွာဖြင့် မျက်မှောင်ကြုတ်လိုက်မိကြသည်။

လင်းယွဲ့ဟောင်က အထင်သေးစက်ဆုပ်ဟန်ဖြင့်၊ “ဘာလို့လဲဟုတ်လား? ဘာလို့ဆို သူတို့မှာ ဘဝကိုကောင်းကောင်းမွန်မွန်ရှင်သန်နေနိုင်မယ့် အရည်အချင်းရှိလို့ပေါ့!”

“မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး!” လင်းလိကျွမ်း ဘယ်လိုမှလက်မခံနိုင်ပေ။

လင်းလိကျွမ်းရူးသွပ်သလိုဖြစ်နေတာကြောင့် လင်းယွဲ့ဟောင် သူမနှင့် ဆက်ပြီး အတိုက်အခံမပြောတော့ပေ။ ကျန်းမေယွိသည်လဲ တိတ်ဆိတ်လို့နေသည်။ သို့ပေမည့် လင်းလိကျွမ်းကတော့ဆက်ပြီး ကော်ဖီစားပွဲပေါ်မှ ဆေးလိပ်ပြာခွက်ကို ယူကာ တီဗီရှိရာသို့ အားပါပါနှင့် ပစ်ပေါက်လိုက်လေသည်။ သူမစိတ်ထဲတွင် တီဗီသာ ကွဲသွားပါက ကုနင်း၏ သတင်းထုတ်ပြန်ပွဲလဲ ပျက်စီးသွားလိမ့်မည်ဟု ထင်နေခဲ့သည်။

လင်းလိကျွမ်း ထိုသို့ ခပ်မြန်မြန်လှုပ်ရှားလိုက်လိမ့်မည်ဟု လင်းယွဲ့ဟောင်ရော ကျန်းမေယွိပါ မထင်မှတ်ထားတာကြောင့် တီဗီဖန်သားပြင်လဲ ချက်ချင်းကွဲကြေသွားတော့ကာ နှစ်ယောက်လုံး ကြောင်အမှင်သက်သွားတော့သည်။

“ခင်ဗျားရူးသွားပြီလား?” လင်းယွဲ့ဟောင် ချက်ချင်းပဲ ဆိုဖာပေါ်မှ ခုန်ထကာ လင်းလိကျွမ်းအားစိုက်ကြည့်လိုက်သည်။

လင်းလိကျွမ်းသည်လဲ သူမလုပ်လိုက်သည့်အပြုအမူကြောင့် ကြောင်အနေကာ တုန်လှုပ်ဖြူလျော်သွားတော့သည်။ တီဗီကို ခွဲပစ်ဖို့ သူမမရည်ရွယ်ခဲ့သော်လည်း သူမစိတ်ကို သူမမထိန်းချုပ်နိုင်ခဲ့ပေ။

ထိုအချိန်မှာပဲ တီဗီမှ အမဲရောင်မီးခိုးငွေများထွက်လာခဲ့တာကြောင့် လင်းယွဲ့ဟောင်လဲ တီဗီမပေါက်ကွဲသွားစေရန် အလျင်အမြန်ပြေးကာ ပလက်ကိုဆွဲဖြတ်လိုက်ရသည်။

***

အခန်း ၆၈၈

ထပ်ပြီးအလောင်းအစားလုပ်မယ်

တီဗီက မတော်တဆမီးထလောင်ချိန်တွင် ဘယ်တော့မှ ရေနှင့်မပတ်သင့်ပေ။ ထိုအစား လျှပ်စစ်ကို ဖြတ်တောက်ကာ ပေါက်ကွဲရာမှ လူများမထိခိုက်မိစေရန် ဂွမ်းစောင်များဖြင့် အုပ်ထားလိုက်သည်။

တီဗီက အခုထိ မီးထတောက်သည့် အဆင့်သို့မရောက်သေးသော်လည်း မီးခိုးမဲများထွက်လာပြီဖြစ်တာကြောင့် ပေါက်ကွဲတော့မလိုဖြစ်နေသည်။

ထို့နောက် လင်းယွဲ့ဟောင် ကျန်းမေယွိကို ကူညီကာ ဧည့်ခန်းနှင့်ဝေးရာသို့ ခေါ်သွားဖို့ပြင်လိုက်သည်။ လင်းလိကျွမ်းကတော့ နေရာတွင်ပဲ မလှုပ်မယှက်ရှိနေသေးကြောင်း မြင်လိုက်ရတော့ လင်းယွဲ့ဟောင် ဘယ်လောက်ပဲ သူမကို သဘောမတွေ့ပါစေ ဝေးဝေးသွားဖို့ရန်အတွက် သတိပေးလိုက်စဲပင်။ “ဘာလို့ အဲ့မှာရပ်နေသေးတာလဲ? ပေါက်ကွဲမှုထဲပါပြီး သေချာင်နေလို့လား?”

ထိုစကားကိုကြားကာမှ လင်းလိကျွမ်းလဲ သတိဝင်ကာ တီဗီနှင့်ဝေးဝေးသို့ပြေးတော့သည်။

“အန်တီလိကျွမ်း၊ အန်တီရဲ့ ဘဝက အခုရက်တွေအတွင်း အရမ်းခက်ခဲနေတယ်ဆိုတာ ကျွန်တော်သိပေမယ့် ဒါတွေက ကျွန်တော်တို့မိသားစုရဲ့အမှားမဟုတ်ဘူး။” လင်းယွဲ့ဟောင်၏ လင်းလိကျွမ်းအပေါ် ကျန်ရစ်နေသည့် သနားငဲ့ညှာမှုအားလုံး ကုန်ဆုံးသွားပြီဖြစ်သည်။ သူမစိတ်အခြေအနေမကောင်းမှန်းတာကြောင့် တမင်ရည်ရွယ်ပြီး လုပ်လိုက်ခြင်းမဟုတ်မှန်း သူသိသော်လည်း ပျက်စီးတာကတော့ အမှန်တကယ်ပျက်စီးသွားခြင်းသာ။

ထိုအချိန်တွင်ပဲ အပြင်ကပြန်လာသည့် လင်းတချန်က လင်းယွဲ့ဟောင်၏ ဒေါသသံကို တံခါးအပြင်ဘက်ကနေပင်ကြားလိုက်ရသည်။ ထို့ကြောင့် လင်းယွဲ့ဟောင်ကို အပြစ်တင်ဆုံးမရန်အတွက် ဝင်လာတော့သည်။

“လင်းယွဲ့ဟောင်၊ မင်းစကားကိုကြည့်ပြောစမ်း။ မင်းအဒေါ်ကို ဘယ်လိုလေသံနဲ့ပြောနေတာလဲ?” သူ့မိသားစုက လင်းလိကျွမ်းကို သဘောမကျကြမှန်း လင်းတချန်သိပမေည့် သူမကိုတော့ နှင်ထုတ်လို့မဖြစ်နိုင်ဘူးလေ။ သို့ပေမည့် လင်းတချိန်တစ်ယောက် မီးခိုးညှော်နံ့ရလိုက်ချိန်တွင်တော့ မျက်မှောင်ကြုတ်သွားကာ၊ “ဘာတွေဖြစ်နေတာလဲ? ငါ့နှာခေါင်းထဲ ဘာလို့ မီးခိုးနံ့တွေရနေတာလဲ?”

တီဗီရှိရာသို့ လင်းတချန်အကြည့်ရောက်သွားချိန်တွင်တော့ အလွန်အံ့အားသင့်သွားကာ၊ “ဘာတွေဖြစ်ကုန်တာလဲ?”

“တီဗီကနေပြီး အခုလေးတင် ကုနင်းရဲ့လက်ဝတ်ရတနာလုပ်ငန်း သတင်းထုတ်ပြန်ပွဲအစီအစဉ်လာနေတာကို အန်တီလိကျွမ်းက ရုတ်တရက်ကြီး ဆေးလိပ်ပြာခွက်နဲ့ ပစ်ပေါက်လိုက်တယ်လေ။” လင်းယွဲ့ဟောင် ပြောရင်းဖြင့် လင်းလိကျွမ်းကို အကြည့်စူးစူးဖြင့် မျက်စောင်းထိုးကြည့်လိုက်သည်။

ထိုစကားကြောင့် လင်းတချန်၏အမူအရာပြောင်းလဲလို့သွားကာ၊

“လင်းလိကျွမ်း၊ မင်းအခုချိန် စိတ်အခြေအနေမကောင်းနေမှန်း သိပေမယ့် မင်းဒေါသထွက်ပေါက်အနေနဲ့တော့ ငါ့အိမ်က ပစ္စည်းတွေကို ဖျက်ဆီးပစ်လို့မရဘူးလေ။ မင်းက သုံးနှစ်ကလေးလဲမဟုတ်တော့ဘူး။ တီဗီသာပေါက်ကွဲသွားရင် ဘယ်လောက်တောင် အန္တရာယ်များမလဲ မသိဘူးလား? ကြည့်ရတာ ငါတို့နဲ့အတူ မင်းကို ဆက်ခေါ်ထားလို့ မရလောက်တော့ဘူးပဲ။”

လင်းတချန်တစ်ယောက် ပြင်းထန်သည့် အန္တရာယ်အငွေ့အသက်ကို ရလာခဲ့သည်။ လင်းလိကျွမ်းသာ ထပ်ပြီး ထိန်းချုပ်နိုင်စွမ်းလွတ်သွားပါက သူတို့ပါ သူမနှင့်အတူ သေလမ်းသွားလိုက်ရနိုင်သည်။

လင်းလိကျွမ်းကတော့ ဘာမှမပြောနိုင်တော့ဘဲ ဒေါသတကြီးနှင့်သာ အိမ်ပြင်သို့ပြေးထွက်သွားတော့သည်။

“မင်း…” လင်းတချန်လဲ ဒေါသထွက်နေတာကြောင့် လိုက်ခေါ်ဖို့ မကြိုးစားတော့ပေ။

လင်းလိကျွမ်း သူ့မိသားစုနှင့်အတူ လာနေသည်ကို လင်းတချန် စိတ်ထဲမထားသော်လည်း သူမ၏ရိုင်းစိုင်းသည့် အပြုအမူများကို သည်းခံပေးနေမည်ဟုတော့ မဆိုလိုပေ။

………….

ကုချင်းရှန်၏ကုမ္ပဏီသည်လဲ ဒေဝါလီခံရနိုင်သည့် အခြေအနေသို့ရောက်နေပြီဖြစ်ကာ ဒီလအတွက် သူ့ဝန်ထမ်းများကိုပင် လစာမပေးနိုင်တော့ပေ။ ဘယ်သူကမှလဲ သူ့ကို ကူညီပေးလိုခြင်းမရှိတာကြောင့် ကုချင်းရှန်၏မျှော်လင့်ချက်များ‌ ပျောက်ဆုံးနေပေပြီ။

လင်းမိသားစုတွင်လဲ ငွေများများစားစားမရှိသလို လင်းတချန်ကလဲ ကုချင်းရှန်၏ ယခင်လုပ်ရပ်များကြောင့် ကူညီပေးဖို့ရန် ဆန္ဒမရှိပေ။ ဒါ့အပြင် ကုချင်းရှန်သည် သူ့ကို ဤဒုက္ခတွင်းထဲမှ ဆွဲထုတ်ပေးနိုင်သည့် တစ်ဦးတည်းသောသူဖြစ်သော ကုနင်းကိုလဲ စိတ်အနှောက်အယှက်ပြုထားခဲ့တာကြောင့် အခုချိန်တွင် ကုချင်းရှန်အနေနှင့် ငွေရဖို့အတွက် သူ့အိမ်ကိုရောင်းဖို့သာတတ်နိုင်တော့မည်။

………..

ကုနင်း ထမင်းစားဖို့ပြင်နေချိန်တွင် သူမဖုန်းမြည်လာခဲ့ကာ ခေါ်ဆိုသူကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဖုန်းဖြေဖို့ရန် အပြင်သို့ ထွက်လာခဲ့သည်။

“မိန်းကလေးကု၊ ငါကတော့ မင်းငါ့လက်ဆောင်ကို လက်ခံပြီးရင်တော့ သေချာပေါက် ဆက်သွယ်လာလိမ့်မယ်လို့ ထင်ထားတာ။” ချီထျန်းလင် ဖုန်းထဲမှနေပြီး မကျေမနပ်ဖြင့်ပြောလိုက်သည်။

တကယ်တော့ ဖွင့်ပွဲအခမ်းအနားကို သူလက်ဆောင်ပို့လိုက်ပြီးနောက်တွင်တော့ ကုနင်းက သူ့ကို ထမင်းတစ်နပ်လောက် ဖိတ်ကျွေးဖို့ရန် ဖိတ်ခေါ်လာလိမ့်မည်ဟု ချီထျန်းလင် ထင်ထားခဲ့သည်။ သို့ပေမည့် ကုနင်းကတော့ တစ်ခေါက်တောင် မဆက်သွယ်လာဘဲ လျစ်လျူရှုထားတာကြောင့် ချီထျန်းလင် ဝမ်းနည်းစိတ်ပျက်သွားသည်။

ထိုစကားကိုကြားကာမှ ကုနင်း လက်ဆောင်အကြောင်း ပြန်အမှတ်ရသွားပေမည့် နည်းနည်းလေးမှ နေရခက်သလို မခံစားရပါဘဲ၊ “ရှင့်လက်ဆောင်အတွက် ကျေးဇူးအများကြီးတင်ပါတယ်။”

ချီထျန်းလင် ရုတ်တရက် ကြောင်အသွားရသည်။ ကုနင်းက သူ့ကို ဝတ်ကျေတန်းကျေ အဖြေလေးတစ်ခုသာ ပေးလာတာကြောင့် ရုတ်တရက် ဘာပြန်ပြောလို့ပြောရမှန်း မသိဖြစ်သွားသည်။

“မင်း အရမ်းကျေးဇူးတင်နေတယ်လို့ ငါဘာလို့ မခံစားရတာပါလိမ့်။” ချီထျန်းလင် အတော်တော်လေး မကျေမနပ်ဖြစ်သွားတော့သည်။

ကုနင်း၏ နှုတ်ခမ်းစွန်းများမြင့်တက်သွားကာ ပြန်မေးလိုက်သည်။ “ဒီတော့ ရှင်က ကျွန်မဆီက ဘာပြန်လိုချင်တာလဲ?”

“အလောင်းအစားထပ်လုပ်ရအောင်။” ချီထျန်းလင်ပြောလိုက်သည်။

“ရတယ်လေ၊ ဒါပေမယ့် ကျွန်မက ကြေးနည်းရင် စိတ်မဝင်စားဘူးနော်။” ချီထျန်းလင်ဘက်က သူ့ငွေတွေကို သူမဆီ စိတ်လိုလက်ရပေးချင်နေမှတော့ ကုနင်းလဲ ငြင်းစရာအကြောင်း မရှိပေ။

“မင်းက ဒီတစ်ခါရော ၃ဘီလီယံကြေးလောင်းချင်နေတာလား?” ချီထျန်းလင် လက်မခံလိုသည့် အသံဖြင့် ပြောလိုက်သည်။ ထိုမျှငွေကို သူတတ်နိုင်သော်လည်း အလောင်းအစားလုပ်ရမှာ ရှုံးသွားပြီး ငွေအများကြီးဆုံးရှုံးသွားမည်ကိုတော့ မဖြစ်လိုပေ။

“မဟုတ်တာ။ ယွမ်သန်း၁ရာလောက်ဆို လုံလောက်ပါပြီ။”

“ကောင်းပြီ၊ သဘောတူတယ်!” ချီထျန်းလင် အေးအေးလူလူပင် သဘောတူလိုက်သည်။ သူ့ဘက်ကတော့ အခေါက်တိုင်းရှုံးလိမ့်မည်ဟု မယုံကြည်ပေ။

“နောက်ရက်အနည်းငယ်နေမှ လောင်းကစားပွဲလုပ်လို့ရမလား? ကျွန်မအခုလောလောဆယ် အလုပ်အရမ်းများနေလို့။”

“ရတယ်လေ။” ကုနင်း အခုချိန်အလုပ်များနေမည်မှန်း ချီထျန်းလင် နားလည်ပေသည်။

ချီထျန်းလင်နှင့် ဖုန်းချပြီးနောက် ကုနင်း စစ်ထူယဲ့ကို ကျေးဇူးတင်ကြောင်းပြော ဖုန်းဆက်လိုက်သည်။ စစ်ထူယဲ့လဲ ချီထျန်းလင်လိုပဲ တွေးနေလောက်မည်မဟုတ်ပါလား။

“မင်းအလုပ်တွေပြီးသွားပြီလား?” ကုနင်းဖုန်းခေါ်သည်နှင့် စစ်ထူယဲ့ ချက်ချင်းကိုင်ကာ စိုးရိမ်ပူပန်ဟန်ဖြင့် မေးလိုက်သည်။

ချီထျန်းလင်နှင့်ယှဉ်လျှင် စစ်ထူယဲ့သည် ပိုပြီးနားလည်ပေးတတ်ကာ သူ့ကို အတော်ကြာသည်အထိ မဆက်သွယ်လာခဲ့သည့်အတွက် ကုနင်းကို မကျေမနပ်ဖြစ်နေပုံမရပေ။

“အွန်း၊ တောင်းပန်ပါတယ်။ ကျွန်မဒီရက်ပိုင်းအရမ်းအလုပ်ရှုပ်နေလို့ အခုမှပဲ ဖုန်းခေါ်ဖို့ အချိန်ရတော့တယ်။ ရှင့်လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်။”

“ရပါတယ်။”

သူတို့နှစ်ဦး အချိန်ခဏလောက်ဆက်ပြောပြီးနောက် ဖုန်းချလိုက်ကြသည်။

ထို့နောက် ကုနင်း ထမင်းစားခန်းသို့ပြန်လာကာ သူမသူငယ်ချင်းများနှင့် ပျော်ပျော်ရွှင်ရွှင်စားသောက်တော့သည်။

ရှုကျင်းချန်က ညကိုဆက်ပြီး အပြင်တွင် ပျော်ပါးရန်အတွက် ဖိတ်ခေါ်လာပေမည့် ကုနင်းကတော့ တခြားလုပ်စရာရှိသေးတာကြောင့် မလိုက်နိုင်ပေ။

အခြားလူများထွက်သွားပြီးနောက် ထန်ဟိုင်ဖုန်းအကြောင်းကို ကုမန့်အား ကုနင်းပြောပြလိုက်သည်။ ကုမန့်ပထမတော့ ထိတ်လန့်သွားပြီးကာမှ ထန်ဟိုင်ဖုန်း အဆင်ပြေကြောင်း သိလိုက်ရကာ စိတ်သက်သာရာရသွားတော့သည်။

“အမေတို့ သွားသတင်းမေးသင့်လား?” ကုမန့်မေးလိုက်သည်။

အခုချိန်တွင် အရာရာတိုင်းအတွက် ကုနင်း၏အကြံဉာဏ်ကိုသာ ကုမန့်မေးမြန်းလုပ်ဆောင်တော့သည်။

***

အခန်း ၆၈၉

တစ်ရက်တာခွင့်

“ရတာပေါ့၊ အခုပဲသွားကြမယ်လေ။” ကုနင်း ကုမန့်အမေးကို ပြန်ဖြေလိုက်သည်။

“ဟုတ်ပြီ၊ အမေ အဝတ်အစားသွားလဲလိုက်ဦးမယ်။” ကုမန့်ပြောပြီးသည်နှင့် အပေါ်ထပ်သို့တက်သွားခဲ့သည်။ သူမအခုလေးတင်မှ ချက်ပြုတ်ထားခဲ့တာကြောင့် အစားအသောက်အနံ့များစွဲနေသည့်အတွက် ထန်ဟိုင်ဖုန်းဆီသို့ ဤအတိုင်းသွားဖို့ မသင့်တော်ပေ။

ထို့နောက် ကုနင်း ကောင်းယိနှင့်ချောင်ယဘက်လှည့်ကာ၊

“နင်တို့နှစ်ယောက်လဲ တခြားကုမ္ပဏီတွေ ကိစ္စနဲ့ တော်တော်ကြာ အနားမယူခဲ့ရသေးဘူးဆိုတော့ ခွင့်တစ်ရက်ယူလို့ရတယ်။ သွားချိန်းတွေ့ကြပေါ့၊ ဒီညပြန်လာဖို့ မလိုဘူး။ နောက်နေ့လိုအပ်တော့မှ လှမ်းခေါ်လိုက်မယ်။”

ကုနင်းတမင်တကာ ညဘက်ပြန်လာဖို့မလိုကြောင်းကို ပြောလိုက်ခြင်းဖြစ်သည်။ စုံတွဲတွေအတွက် ညဘက်အနားယူချိန်လေး ရှိဖို့လိုအပ်သည်မဟုတ်ပါလား။

ကောင်းယိရော ချောင်ယပါ ကုနင်း၏ဆိုလိုရင်းကို နားလည်ကြတာကြောင့် အနည်းငယ်ရှက်သွားပေမည့် နှစ်ယောက်လုံး ပျော်ရွှင်သွားကြသည်။

လင်းရှောင်းထင်လဲ နားလည်ပေမည့် သူနှင့်ကုနင်းကတော့ နှစ်ယောက်တည်း အေးဆေးအချိန်မဖြုန်းရသည်မှာ တော်တော်ကြာနေပြီဖြစ်တာကို တွေးမိလိုက်တော့ ဝမ်းနည်းသွားရသည်။ သို့ပေမည့် တကယ်တမ်း သူတို့နှစ်ဦးဝေးကွာနေရသည်က တစ်ညသာရှိသေးပေသည်။

“ကျေးဇူးတင်ပါတယ်၊ ဘော့စ်။” ကောင်းယိနှင့် ချောင်ယတို့ပြန်ပြောလိုက်သည်။

“ကားလိုကြသေးလား?”

“မလိုတော့ပါဘူး။ ကျွန်တော်တို့ လမ်းလျှောက်ပဲသွားလိုက်ပါ့မယ်။” ကောင်းယိပြန်ဖြေလိုက်သည်။

“ကောင်းပြီလေ၊ ဘိုင့်-ဘိုင်။”

ကောင်းယိနှင့်ချောင်ယတို့ ထွက်သွားသည်နှင့် လင်ရှောင်းထင် ကုနင်းအနားသို့ တိုးကပ်လာခဲ့သည်။ သို့ပေမည့် ကုနင်းကို နမ်းတော့မည့်အချိန်တွင်ပဲ ကုမန့်က အပေါ်ထပ်မှ ဆင်းလာခဲ့လေသည်။ ထိုအခါ လင်ရှောင်းထင် ခပ်မြန်မြန်လေး နောက်တစ်လှမ်းပြန်ဆုတ်လိုက်ကာ ရင်ထဲနာကျင်သွားတော့သည်။

ကုနင်းကတော့ ရယ်ချင်နေပေမည့် အခုချိန်မှာတော့ သူမလဲ ဘာမှပြန်မလုပ်ပေးနိုင်သေးပေ။

“ကောင်းယိနဲ့ချောင်ယ ဘယ်သွားကြလဲ?” ကုမန့် ဧည့်ခန်းထဲဝင်လာချိန်တွင် ကောင်းယိနှင့်ချောင်ယမရှိတော့သည်ကို သတိထားမိလိုက်တာကြောင့် မေးလိုက်သည်။

“သူတို့ကို ခွင့်တစ်ရက်ပေးလိုက်တယ်။”

ဆေးရုံသို့သွားရာလမ်းတွင် ကုနင်း သူမ၏မေးလ်ကို ဝင်စစ်ကြည့်ကာ ကေမှ ရှန့်တုန်ပင်းနှင့်ပတ်သတ်သမျှ အသေးစိတ်အချက်အလက်များကို ပို့ထားပြီးဖြစ်သည်။

ရှန့်တုန်ပင်းသည် အသက်၄၃နှစ်ရှိပြီဖြစ်ပြီး Bမြို့အနီးရှိ ရွာတစ်ရွာမှတက်လာခြင်းဖြစ်သည်။ သူက ကုမ္ပဏီငယ်လေးတစ်ခုမှ သူဌေး၏ယာဉ်မောင်းဖြစ်တာကြောင့် သူမောင်းလာသည့်ကားမှာလဲ တကယ်တမ်း သူ့သူဌေး၏ကားသာဖြစ်သည်။ ထို့အပြင် သူ့နာမည်ဖြင့်ဖွင့်ထားသည့် ဘဏ်ကဒ်နှင့် ဖုန်းနံပါတ်များထဲတွင် မူမမှန်မှုတစ်ခုမှရှိမနေပေ။

လုံခြုံရေးကင်မရာများကို စစ်ဆေးပြီးနောက်တွင်တော့ ရှန့်တုန်ပင်းသည် ကားပြင်ရန်အတွက် ထွက်လာခြင်းဖြစ်ပြီး ဒီနေ့နေ့လည်မတိုင်ခင်အထိ ပြန်မသွားခဲ့ခြင်းဖြစ်ကြောင်း ကုနင်းတွေ့လိုက်ရသည်။ ကားရပ်နားရာနေရာမှ ဥမင်ဘက်ရှိ ကင်မရာများတွင်တော့ ရှန့်တုန်ပင်းသည် စားသောက်ဆိုင်တစ်ခုတွင် နေ့လည်စာစားသောက်ရင်း ထန်ဟိုင်ဖုန်း၏ကား မဖြတ်သွားခင်အထိ အချိန်အကြာကြီး ထိုင်စောင့်နေခဲ့လေသည်။ ထို့နောက်တွင်မှ ထန်ဟိုင်ဖုန်း၏ကားနောက်မှ ကပ်လိုက်လာခဲ့ခြင်းဖြစ်သည်။

ဒါက တိုက်ဆိုင်မှုတစ်ခုလဲဖြစ်နိုင်တာကြောင့် တိကျသည့်သက်သေအဖြစ်မယူနိုင်ပေ။ ရှန့်တုန်ပင်းသည် အပြစ်ကင်းသည်ဟု ထင်ရကောင်းထင်ရနိုင်ပေမည့် ကားတိုက်မှုကတော့ ကြိုတင်ကြံစည်မှုပင်။

ရှန့်တုန်ပင်း၏မိသားစုအကြောင်း အချက်အလက်များစွာကိုလဲ ကေရှာပေးထားသေးသည်။ ရှန့်တုန်ပင်းသည် မိခင်၊ ဇနီးနှင့်သားတို့နှင့်အတူ နေထိုင်ပေမည့် သူ့သားဖြစ်သူက ပြင်းထန်သည့်ရောဂါဝေဒနာခံစားနေရကာ ခွဲစိတ်ဖို့ လိုအပ်နေသည်။ သူ့မိသားစုက ခွဲစိတ်စားရိတ်မတတ်နိုင်တာကြောင့် လက်လျှော့လိုက်ရသည်။ သို့ပေမည့် မနေ့ကပဲ ရှန့်တုန်ပင်း၏သားကို ဆေးရုံတင်လိုက်ကာ ဒီနေ့ပဲ ခွဲစိတ်ဖို့လုပ်ခဲ့သည်။

၎င်းကိုတော့ ရှန့်တုန်ပင်းက သူ့သားအခြေအနေအကြောင်းပြောပြကာ ဆေးကုသဖို့ရန် ငွေလိုအပ်၍ အလှူခံသည့်သတင်းကို အင်တာနက်တွင် တင်ထားတာကြောင့် ထိုသတင်းကိုဖတ်ပြီး နိုင်ငံခြားမှလူတစ်ဦးက ဆေးဖိုး ယွမ်၂သိန်း လှူဒါန်းခဲ့သည်ဟု အဖြေထွက်လာခဲ့သည်။

ဒါကြောင့် ရှန့်တုန်ပင်းက ငွေကြောင့် တစ်ယောက်ယောက်နှင့် သဘောတူညီမှုလုပ်ကာ ကြံစည်ခြင်းဟု မထင်ရတော့ပေ။

အမည်မသိအလှူရှင်က ဆွစ်ဘဏ်ကနေ ငွေလွှဲခဲ့တာကြောင့် ကေလဲ ထိုလူ၏အချက်အလက်အသေးစိတ်ကို ရှာဖွေ၍မရခဲ့ပေ။ ကေသည် နိုင်ငံတကာကျွမ်းကျင်ဟက်ကာတစ်ဦးဖြစ်ပေမည့် သူမလုပ်နိုင်သည့် အချို့ကိစ္စများရှိနေစဲပင်။

ကေပို့သည့် မေးလ်ကိုဖြတ်ပြီးနောက်တွင်တော့ သူမ၏ရန်သူမှာ အင်အားကြီးလှကြောင်း ကုနင်းနားလည်လိုက်တော့သည်။ တကယ်တော့ အဲ့လူတွင် အာဏာအင်အားကြီးကြီးမားမားမရှိခဲ့ပါက ထန်မိသားစုက မကောင်းကြံစည်ရဲခဲ့မည်လဲ မဟုတ်ပေ။

ကုနင်းဘက်က အသုံးဝင်သည့်အချက်အလက်မရသေးဘူးဆိုမှတော့ ရန်သူဘက်က မကြာခင်အချိန်အတွင်း စတင်လှုပ်ရှားလာနိုင်တာကြောင့် စိတ်ရှည်ရှည်စောင့်ဖို့ရန်သာ ရှိတော့သည်။

သူမတို့ ဆေးရုံသို့ရောက်ချိန်တွင်တော့ ထန်ယွင်ဟန်နှင့်ချောင်ယွေ့ဟွာတို့က ထန်ဟိုင်ဖုန်း၏အခန်းထဲတွင် ရှိနေကြသည်။ ပြောရရင်တော့ တစ်ချိန်လုံးစောင့်ပေးနေကြခြင်းဖြစ်သည်။ အခန်းထဲတွင် အပြင်လူတစ်ယောက်မှရှိမနေတာကြောင့် ထန်ဟိုင်ဖုန်းလဲ သတိလစ်နေသလို ဟန်ဆောင်နေဖို့ မလိုခဲ့ပေ။

“ဘာသတင်းရထားတာရှိလဲ?” ကုနင်းမေးလိုက်သည်။

“ငါတို့လုပ်ငန်းစုက တချို့ဒါရိုက်တာတွေကတော့ အစောတုန်းက အဖေ့ဆီလာလည်ကြသေးတယ်။ ဆရာဝန်တွေ လာစစ်တဲ့အချိန်နဲ့ ကွက်တိပဲ။ ရလဒ်ကတော့ သိပ်မကောင်းလှဘူး။” ထန်ယွင်ဟန် ပြောပြလိုက်သည်။

ထန်ဟိုင်ဖုန်းသည် အချိန်အကြာကြီး သတိလစ်နေသလို အိပ်ရာထဲတွင် လှဲနေတာကြောင့် ဆရာဝန်က ဘာများထူးထူးထွေထွေဖြစ်နေသလဲ သိရရန် လာရောက်စစ်ဆေးခြင်းဖြစ်သည်။ တစ်ချိန်တည်းတွင်ပဲ ထန်လုပ်ငန်းစုမှ ဒါရိုက်တာများစွာကလဲ ထန်ဟိုင်ဖုန်းထံ သတင်းမေးရောက်လာကြသည်။

ထို့ကြောင့် ထန်ဟိုင်ဖုန်း၏အခြေအနေ ထူးထူးခြားခြားမရှိမှန်း ထန်သဲ့မင်သိသွားခဲ့သည်။

“ကားနဲ့တိုက်ခဲ့တဲ့ ယာဉ်မောင်းရော ဘယ်လိုနေလဲ?” ကုနင်းထပ်မေးလိုက်သည်။

“သူကတော့ သတိမေ့မျောနေတုန်းပဲ။ သူ့ဖုန်းက လျှို့ဝှက်နံပါတ်ကိုမသိတော့ ရဲတွေက အိုင်ဒီကဒ်က လိပ်စာအတိုင်း သူ့အိမ်ကို လိုက်သွားပေမည့် တစ်ယောက်မှရှိမနေဘူး။ ဒီတော့ သူ့မိသားစုနဲ့ဆက်သွယ်လို့မရခဲ့ဘူး။”

………

လင်းထျန်းယွီ အပြင်တွင်ပဲ ညစာစားပြီးကာမှ အိမ်ပြန်လာခဲ့သည်။ သူပြန်ရောက်ရောက်ချင်းတွင်ပဲ လင်းကတော်က မျှော်လင့်တကြီးမေးလာခဲ့သည်။

“ထျန်းယွီ၊ ဘယ်လိုဖြစ်သွားလဲ? သူမ သားဆီပြန်လာမယ်တဲ့လား?”

မေးခွန်းတစ်ခုသာဖြစ်ပေမည့် လင်းကတော်ကတော့ သေချာပေါက် ပြန်လာမည်ဆိုသည့် အဖြေသာဖြစ်မည်ဟု ယုံကြည်ချက်အလွန်ရှိနေသည်။ ယုကျီက သူမသားကို ငြင်းလိမ့်မည်ဟု ဘယ်လိုမှမထင်မိပေ။

“သား သူ့ဆိုင်ကိုသွားခဲ့ပေမယ့် ဒီနေ့ပိတ်ထားတယ်။”

“သူ့ကို ဖုန်းဆက်လိုက်သေးလား?”

“သားတို့ လမ်းခွဲပြီးကတည်းက ကျွန်တော့်နံပါတ်ကို ပိတ်ထားတယ်။” လင်းထျန်းယွီပြန်ဖြေလိုက်သည်။

“ဘာ? သူကများ ပိတ်ထားရဲတယ်?” လင်းကတော် မကျေမနပ်ဖြစ်ကာ မျက်မှောင်ကြုတ်လိုက်သည်။ သူမအမြင်တွင်တော့ ယုကျီဆိုသူက သူမတို့အပေါ် အမြဲတမ်း ရိုကျိုးဝပ်တွားနေရမည်ဟုပင်။

“သူ့ဖုန်းနံပါတ်ပေး။ အမေ ခေါ်လိုက်မယ်။” လင်းကတော် ပြောပြောဆိုဆိုနှင့် သူမဖုန်းကို ထုတ်ယူလိုက်သည်။

“ရပါတယ်။ သားမနက်ဖြန်မှ သွားရှာလိုက်မယ်။” လင်းထျန်းယွီ သူ့အမေကိုတားလိုက်သည်။

“ကောင်းပြီလေ။” လင်းကတော် အတင်းအကြပ်မပြောတော့ပေမည့် ယုကျီ၏အပြုအမူကိုတော့ သဘောမတွေ့ပေ။

“ဒါနဲ့၊ ကျောက်ရှောင်ရွှမ်းကို ဘယ်လိုလုပ်မှာလဲ? သူ့အမေက အမေ့ကိုဖုန်းဆက်ပြီး ဖြေရှင်းချက်တောင်းနေတယ်။” လင်းကတော်ပြောလိုက်သည်။

ထိုစကားကြောင့် လင်းထျန်းယွီ၏မျက်လုံးများထဲ အထင်သေးစက်ဆုပ်မှုများပြည့်နှက်သွားကာ၊ “ထားလိုက်ပါ၊ ယုကျီကိုတွေ့ပြီးကာမှ ဖြေရှင်းလိုက်မယ်။”

ယုကျီ သူ့ကိုငြင်းလိုက်မည်အား လင်းထျန်းယွီ စိုးရိမ်လို့နေသည်။ အခုချက်ချင်းသာ ကျောက်ရှောင်ရွှမ်းနှင့် လမ်းခွဲလိုက်ပါက နှစ်ယောက်လုံးကို တစ်ပြိုင်တည်း ဆုံးရှုံးသွားရနိုင်သည်။ ထို့အတွက်ကြောင့် ကျောက်ရှောင်ရွှမ်းကို အရံအနေဖြင့်ထားထားရမည်။

“သူ့အမေ ဖုန်းထပ်ဆက်ရန် ဘာပြောလိုက်ရမလဲ?”

“သားနဲ့မတွေ့ရသေးဘူးလို့သာပြောလိုက်ပါ။”

“ဟုတ်ပြီလေ။”

***

အခန်း ၆၉၀

ကားထဲမှာလုပ်ကြရင်ကော?

ကျောက်ရှောင်ရွှမ်းသည်တော့ လင်းကတော်ရော လင်းထျန်းယွီပါ သူမကို ဖုန်းပြန်မဆက်လာတာကြောင့် စိတ်အခြေအနေမကောင်းလှပေ။ သူမသူငယ်ချင်းတစ်ယောက်ကလဲ ကျောက်ရှောင်ရွှမ်းကို ဖုန်းဆက်ကာ သူမ၏ရည်းစားနှင့်အခုပဲ ပြတ်သွား၍ အတူတူပျော်ပါးဖို့ရန် ဖိတ်ခေါ်လာတာကြောင့် ကျောက်ရှောင်ရွှမ်းလဲ သူမ၏ဝမ်းနည်းမှုများကို ပြေပျောက်ရန် လက်ခံလိုက်သည်။

ကျောက်ရှောင်ရွှမ်းသည် သူမ၏အသွင်အပြင်ကိုများစွာ ဂရုစိုက်သူဖြစ်တာကြောင့် သူငယ်ချင်းနှင့်မတွေ့ခင် အရင်ဆုံးသေချာပြင်ဆင်သေးသည်။ ကျောက်ရှောင်ရွှမ်း၏အလှမှာ မှင်သက်လောက်စရာအထိမဟုတ်သော်လည်း ရုပ်ဆိုးနေသည်လဲ မဟုတ်တာကြောင့် သူမ၏လှပသည့် ခန္ဓာကိုယ်အချိုးအစားနှင့် တွဲဖက်လိုက်ချိန်တွင် ဆွဲဆောင်မှုရှိသွားသည်။

ကျော်ကကတော်ကတော့ ကျောက်ရှောင်ရွှမ်း သူငယ်ချင်းများနှင့်အပြင်ထွက်လည်မည်ကို မတားပေ။ ကျောက်ရှောင်ရွှမ်း ယနေ့ စိတ်မကြည်ဖြစ်နေမှန်းသိတာကြောင့် ကျောက်ကတော်က ဘာမှမပြောဘဲ ဂရုစိုက်သွားရန်သူ သတိပေးခဲ့သည်။

ရာသီဥတုမှာ ပူနွေးလာပြီဖြစ်တာကြောင့် ကျောက်ရှောင်ရွှမ်း တော်တော်လေးတိုသည့် ကိုယ်ကျပ်အင်္ကျီကို ဝတ်ဆင်ထားကာ သူမ၏ရင်သားတစ်ဝက်ခန့်လောက်ကာ လှစ်ဟထွက်ပေါ်နေသေးသည်။

ကျောက်ရှောင်ရွှမ်း သူမသူငယ်ချင်းနှင့် ချိန်းဆိုထားသော သီးသန့်ခန့်သို့ရောက်ချိန်တွင်တော့ တံခါးဖွင့်လိုက်သည်နှင့် အထဲမှ လိင်စိတ်ပြင်းပြသည့်အသံများကို ကြားလိုက်ရသည်။ အထဲတွင် မိန်းကလေးတစ်ယောက်နှင့် ယောက်ျားလေးနှစ်ယောက်ရှိကာ အဝတ်အစားမကပ်သလောက်ပုံစံနှင့် ဆိုဖာထက်တွင် လုံးထွေးနေကြသည်။

ထိုမြင်ကွင်းကြောင့် ကျောက်ရှောင်ရွှမ်း မအံ့ဩသလို အထိတ်လန့်သွားခဲ့ပေ။ ဒါမျိုးကို မြင်ရသည်မှာ ပထမဆုံးအကြိမ်လဲ မဟုတ်သလို သူမကိုယ်တိုင်လဲ အကြိမ်ပေါင်းများစွာ လုပ်ခဲ့ဖူးပြီးသားမဟုတ်လား။

အရင်တုန်းကဆိုလျှင် သူမရည်းစားတစ်ယောက်နှင့် လမ်းခွဲတိုင်း ကလပ်သို့သွားကာ ယောက်ျားလေးများငှားရမ်းခဲ့သည်။ သို့ပေမည့် ထိုအငှားကောင်လေးများကို သူမကိုယ်ထဲသို့ အစစ်အမှန်ထိုးဖောက်ခွင့်တော့မပေးဘဲ လက်ဖြင့်သာကစားစေသည်။ သို့သော်လည်း လင်းထျန်းယွီနှင့်တွဲပြီးနောက်တွင်တော့ ထိုအကျင့်ကိုရပ်တန့်ခဲ့သည်။

ကျောက်ရှောင်ရွှမ်း တံခါးဖွင့်လိုက်သံက အထဲမှလူများကို နှောက်ယှက်သလိုဖြစ်သွားတာကြောင့် အားလုံးလှည့်ကြည့်လာကြသည်။

“ရှောင်ရွှမ်း၊ လာလေ!” ထိုမိန်းကလေးသည် ကျေနပ်နေဟန်ဖြင့်ပြုံးလို့နေကာ ရည်းစားနှင့်လမ်းခွဲတာကြောင့် ဝမ်းနည်းနေပုံလုံးဝမပေါ်ပေ။ သူမစိတ်လိုအင်ကို ဖြည့်စည်းဖို့ရန်အတွက် ရွေးချယ်စရာတွေ အများကြီးရှိနေတာကြောင့် အတည်တကျ လက်တွဲဖော်ဆက်ဆံရေးကို သိပ်ဂရုမစိုက်ပေ။

ကျောက်ရှောင်ရွှမ်း အေးအေးဆေးဆေးလျှောက်လာကာ ထိုင်ချလိုက်ပြီးနောက် ချက်ချင်းပင် ဘီယာတစ်ခွက် ငှဲ့လိုက်သည်။

“ဘာလဲ? နင်ရော ဒီနေ့မပျော်နေဘူးလား?” ထိုမိန်းကလေးက သူမနှင့်အတူရှိနေသည့် အမျိုးသားပေါ်မှထလိုက်ကာ အင်္ကျီကို သေချာပြင်ဆင်ပြီးနောက် ကျောက်ရှောင်ရွှမ်းရှိရာသို့ လျှောက်လာခဲ့သည်။

ကျောက်ရှောင်ရွှမ်းနားထိုင်လိုက်ပြီးနောက် သူမလက်ကို ကျောက်ရှောင်ရွှမ်းပုခုံးပေါ်သို့ လှမ်းတင်လိုက်ကာ၊

“လင်းထျန်းယွီနှင့်ရန်ဖြစ်လာပြန်ပြီလား?”

အမေးသပ်သပ်သာဖြစ်ပြီး အဖြေကိုတော့ သိနှင့်နေပြီးသားပင်။

“ဟုတ်တယ်။”

“သူတို့နဲ့ နည်းနည်းပါးပါး ပျော်ချင်သေးလား?”

“နင်ပဲပျော်ပါ။ သိရဲ့သားနဲ့၊ လင်းထျန်းယွီ ငါ့ချစ်သူဖြစ်လာကတည်းက ငါဒါမျိုးတွေ မလုပ်တော့ဘူးလေ။”

သူမတို့နှစ်ဦးသည် ရင်းနှီးလှသည့် သူငယ်ချင်းများဖြစ်ကာ တစ်ယောက်၏မကောင်းသည့် လျှို့ဝှက်ချက်များကို အချင်းချင်းမျှဝေကြသူများလဲဖြစ်သည်။ သို့ပေမည့် အခြားလူများ၏အမြင်တွင်တော့ သူမတို့နှစ်ဦးသည် ပညာတတ်မိန်းမငယ်လေးများသာ။

“သွားစမ်းပါဟာ၊ သူ့ကြောင့်နဲ့ နင့်အပျော်တွေကို မရပ်တန့်ပစ်ချင်စမ်းပါနဲ့! သူကကော နင့်အပေါ် သစ္စာရှိနေပါမယ်လို့ ယုံကြည်လို့လား?” ကျောက်ရှောင်ရွှမ်း၏သူငယ်ချင်းက ပြောလိုက်သည်။ ထိုသို့သောယောက်ျားများကို သူမအများကြီးကြုံတွေ့ဖူးပြီးဖြစ်သည်။ သူမသည် ယောက်ျားလေးပေါင်းများစွာနှင့် အိပ်ခဲ့ဖူးကာ အချို့ဆိုလျှင် ချစ်သူရှိကြပြီး အချို့ဆိုလျှင် လက်တောင်ထပ်ထားပြီးသူများဖြစ်ပေမည့် ဘယ်သူမှ တွဲဖက်ရှိပြီးသား မရှိပြီးသားကို ဂရုစိုက်မနေကြပေ။

ထိုစကားကြောင့် ဖန်ခွက်ကိုကိုင်ထားသည့် ကျောက်ရှောင်ရွှမ်း၏လက် ရုတ်တရက် တုန့်ဆိုင်းသွားသည်။ လင်းထျန်းယွီ သူမကို ဖောက်ပြန်နေလားဆိုသည်ကို မသိပေမည့် လင်းထျန်းယွီ ယုကျီကိုကြိုက်နေသေးသည် ဆိုသည့်အကြောင်း တွေးမိလိုက်သည်နှင့် ချက်ချင်းဒေါသများပြန်ထွက်လာတော့သည်။ သူမကတော့ လင်းထျန်းယွီအပေါ် သစ္စာရှိထားပေမည့် သူကတော့ တခြားမိန်းမတစ်ယောက်ကို ချစ်နေတုန်းပင်။

“နင်ဒီနေရာမှာ ဘယ်လိုပဲပျော်ပါးခဲ့ပါစေ ဘယ်သူမှ သိမှာမဟုတ်ဘူး။ လာပါဟာ၊ တစ်ချိန်လုံး ဝမ်းနည်းနေသလိုကြီး မနေစမ်းပါနဲ့!” ထိုမိန်းကလေးက ကျောက်ရှောင်ရွှမ်းကိုပါ သူမတို့နှင့်အတူ ပါဝင်ဖို့ရန် အတင်းတိုက်တွန်းနေသည်။ ဤကိစ္စမျိုးက လူများလေပိုပျော်ဖို့ကောင်းလေမဟုတ်ပါလား။

“ဟုတ်ပြီလေ။” ကျောက်ရှောင်ရွှမ်း စိတ်ညစ်ညူးစွာဖြင့် သဘောတူလိုက်တော့သည်။ သူမ လင်းထျန်းယွီကို ဒေါသထွက်နေစဲပင်။ သူက ယုကျီကို ချစ်နေစဲဆိုမှတော့ သူမဘက်က သူအပေါ် သစ္စာမရှိလဲ မတရားသလိုမဖြစ်တော့ဘူးမဟုတ်လား။

ကျောက်ရှောင်ရွှမ်း နောက်ထပ် ဘီယာတစ်ခွက်သောက်လိုက်ပြီးသည်နှင့် အားလုံးရှေ့တွင်ပင် သူမအဝတ်အစားများကို ချွတ်ချကာ လေးယောက်တွဲ ပျော်စရာများဖန်တီးကြတော့သည်။

………….

ကုနင်း၊ ကုမန့်နှင့် လင်ရှောင်းထင်တို့ မကြာခင်တွင်ပဲ ဆေးရုံမှပြန်လာကြကာ အိမ်ပြန်ရောက်သည်နှင့် ကုနင်းက အနားယူရန် အခန်းထဲသို့ ထွက်သွားပြီး ကုနင်းနှင့်လင်ရှောင်းထင်ကို လွတ်လွတ်လပ်လပ်ရှိနေခွင့်ပေးထားခဲ့သည်။

ကုနင်းသည် သူမကိုယ်ပိုင်စည်းမျဉ်းစည်းကမ်းရှိသည့် ရင့်ကျက်သည့် မိန်းကလေးတစ်ယောက်ဖြစ်မှန်း ကုမန့်သိတာကြောင့် သူမကိုယ်သူမကောင်းကောင်း ကာကွယ်နိုင်မည်မှန်းလဲ သိသည်။

ကုမန့် အခန်းထဲသို့ပြန်သွားသည်နှင့် လင်ရှောင်းထင်တစ်ယောက် ကုနင်းကို စိုက်ကြည့်လာတော့သည်။ သူတစ်ခုခုလုပ်ချင်နေပေမည့် ကုမန့်ရုတ်တရက်ပြန်ရောက်လာမည်ကိုလဲ စိုးရိမ်လို့နေသည်။

ထိုပုံစံကြောင့် ကုနင်းပြုံးလိုက်ကာ၊ “လာ၊ လမ်းလျှောက်ထွက်ရအောင်!”

လင်ရှောင်းထင်လဲ ချက်ချင်းသဘောတူကာ လိုက်ပါသွားသည်။ အခြားလူများမရှိသည့်နေရာတွင် သူတို့နှစ်ဦးသီးသန့်ရှိနေနိုင်သ၍ ဘယ်နေရာသွားသွားကျေနပ်ပေသည်။

ထို့နောက် ကုနင်းနှင့်လင်ရှောင်းထင်တို့ အိမ်ထဲမှ ထွက်လာခဲ့ကြသည်။ သို့ပေမည့် ကုနင်းက အပြင်သို့မသွားဘဲ ကားဂိုဒေါင်ရှိရာသို့ သွားနေတာကြောင့် လင်ရှောင်းထင် နားမလည်နိုင်ဖြစ်သွားသည်။

“ကိုယ်တို့ ကားမောင်းထွက်ကြမလို့လား?”

ကုနင်း ပြုံးလိုက်ကာ၊ “မဟုတ်ပါဘူး။ လာပါ၊ ရှင့်ကိုလက်ဆောင်ပေးစရာရှိလို့။”

ထိုစကားကြောင့် လင်ရှောင်းထင်လဲ ဘာမှမပြောတော့ဘဲ ကုနင်းနောက်သာဆက်လိုက်လာခဲ့သည်။

ကားဂိုဒေါင်ထဲတွင် မှောင်နေပေမည့် ကုနင်းကတော့ မီးဖွင့်ဖို့ရန် စိတ်ကူးမရှိပေ။ ရုတ်တရက်ဆိုသလို ကုနင်းနောက်သို့လှည့်ကာ လင်ရှောင်းထင်၏ လည်ပင်းကို လှမ်းဖက်လိုက်ပြီး အနမ်းပေးလိုက်သည်။

လင်ရှောင်းထင် ပထမတော့ ကြောင်သွားပေမည့် ချက်ချင်းဆိုသလိုပဲ ပြန်လည်တုန့်ပြန်လာခဲ့သည်။

ဘယ်လောက်ထိ နမ်းနေပါစေ လင်ရှောင်းထင်သည်တော့ လုံးဝကျေနပ်မှုမရှိဘဲ ပို၍ပို၍သာလိုချင်လာသည်။ သို့ပေမည့် သူတို့က အခု ကားဂိုဒေါင်ထဲရောက်နေသည်မဟုတ်လား။ ထိုအခိုက်အတန့်တွင်ပဲ လင်ရှောင်းထင် အကြံတစ်ခုရသွားကာ၊

“ကိုယ်တို့ကားထဲမှာလုပ်ကြမလား?”

ကုနင်း အံ့ဩသွားသလို စိတ်လဲလှုပ်ရှားသွားရပေမည့် နည်းနည်းတော့ စိုးရိမ်နေသေးသည။

“အမ်၊ ကားထဲက အရမ်းကျဉ်းတယ်လေ။ အသံတွေ အရမ်းထွက်ကုန်ရင်ဘယ်လိုလုပ်မလဲ?”

သူမတို့ကိစ္စကို ကုမန့်သိသွားမည်အား ကုနင်း စိုးရိမ်နေခဲ့သည်။

“ကိုယ်ညင်သာမှာပါ။” လင်ရှောင်းထင် ထိုသို့ပြောလိုက်သော်လည်း ကုနင်းကတော့ သံသယဝင်မိသည်။ လင်ရှောင်းထင်ဆိုသည်က အမြဲတမ်း ခွန်အားအပြည့်ဖြင့် တစ်ခါတရံ သားရဲကြီးတစ်ကောင်လိုပင် ကြမ်းတမ်းလွန်းသည်မဟုတ်ပါလား။

***

စာစဉ် ၄၆ ပြီး၏။

All Chapters