← Chapters

အခန်း (၇၄၁-၇၄၅)

Vol. 50 Ch. 741-745

အခန်း (၇၄၁-၇၄၅)

Vol. 50 Ch. 741-745

အခန်း ၇၄၁ ဂျေဆင် ရော်ဘာဒ်

“မိန်းကလေးကု၊ နည်းနည်းလောက်ပြန်တွေးကြည့်ပေးပါဦးလား? ဒါက မင်းအတွက်တော့ အလွယ်လေးပါ!” ကုနင်းဘက်က သူ့ကိုအကြောင်းအရင်းတစ်ခုကြောင့် ငြင်းမှန်းသိနေပေမည့် ဘာအကြောင်းကြောင့်လဲဆိုသည်ကို ကျုံးကျန်းဟွေ့ မဖော်ထုတ်နိုင်သေးပေ။

“ကျွန်မဘက်ကသာ သဘောတူလိုက်မယ်ဆိုရင်၊ ကျွန်မနဲ့ကျွန်မမိသားစု ဘေးကင်းပြီး ဘယ်သူကမှ ကျွန်မတို့ကို လက်စားလာမချေကြပါဘူးလို့ ရှင်ကတိပေးနိုင်လား?” ကုနင်းပြန်မေးလိုက်သည်။

“ဒါကတော့…” ကျုံးကျန်းဟွေ့ မှင်သက်သွားကာ ရုတ်တရက် ဒီမေးခွန်းအတွက် သူ့ဘက်က ကတိမပေးနိုင်တာကြောင့် ဘယ်လိုပြန်ဖြေရမှန်းမသိတော့ပေ။

အကျိုးအမြတ်နှင့်စွန့်စားမှုဆိုတာ ဒွန်တွဲနေတာပဲမဟုတ်လား။ ကုနင်းသာ ဟဲစစ်ရင်ကိုကူညီဖို့သဘောတူခဲ့လျှင် ဖြစ်လာသမျှအကျိုးဆက်အားလုံးကို သူမဘာသာတာဝန်ယူရမည်ဖြစ်သည်။ ဟဲစစ်ရင်ဘက်ကတော့ ကုနင်း HKတွင်ရှိနေစဉ်အတွင်း ကာကွယ်ပေးဖို့ အစွမ်းကုန်ကြိုးစားမည်ဖြစ်သည်။ သို့ပေမည့် ကုနင်း ကျုံးကျန်းဟွေ့ကိုမေးလိုက်သည့် အဓိပ္ပါယ်ကတော့ ဖြစ်လာသမျှကိစ္စတိုင်းနှင့် အဆိုးတိုင်းအတွက် သူ့ကိုတာဝန်ယူပေးဖို့ ကုနင်းက မျှော်လင့်ခြင်းမျိုးဖြစ်သည်။

“ရှင့်ဘက်က ကတိမပေးနိုင်ဘူးဆိုမှတော့ ဒီလိုမျိုး ကျွန်မမှာမရှိတာမျိုးမဟုတ်တဲ့ ငွေပမာဏလောက်လေးအတွက် ဘာကြောင့်များ အန္တရာယ်ကိုဆောင်ယူရတော့မှာလဲ?” ကုနင်း မာန်အပြည့်ဖြင့်ပြောလိုက်သည်။ သူမအတွက် ယွမ်သန်း၅၀၀ဆိုသည့်ပမာဏမှာ မရှိနေတာမှမဟုတ်ဘဲ။

ထိုအဖြေစကားက ကျုံးကျန်းဟွေ့ကို စိတ်ညစ်သွားစေသည်။ လောင်းကစားဘုရင်၏အလုပ်သင်တစ်ဦးအနေဖြင့် သူ့တွင်တော့ ယွမ်သန်းတစ်ထောင်သာရှိပေသည်။ ထို့ကြောင့် သူသာ ကုနင်းနေရာမှာဆိုလျှင် တုံ့ဆိုင်းမနေဘဲ သေချာပေါက် လက်ခံလိုက်မှာဖြစ်ပေမည့် စိတ်မကောင်းစွာပဲ ဤအပေးအယူက သူ့အတွက်ဟုတ်မနေပေ။

ကုနင်း မကူညီချင်ဘူးဆိုမှတော့ ကျုံးကျန်းဟွေ့ လက်လျှော့လိုက်တော့သည်။ သို့ပေမည့် သူ့နာမည်ကဒ်ကိုတော့ ကုနင်းကို ပေးလိုက်စဲဖြစ်ကာ၊ “မိန်းကလေးကု၊ မင်းထပ်ပြီးစဉ်းစားကြည့်ပေးဖို့တော့ မျှော်လင့်တယ်။ ဒါက ငါ့နာမည်ကဒ်ပ။ မတ်လ၂၈ရက်မတိုင်ခင် မင်းစိတ်ပြောင်းသွားခဲ့ရင် ငါ့ကိုဆက်သွယ်လိုက်ပါ။ မင်းလိုအပ်တာမှန်သမျှ စိတ်ကျေနပ်မှုရအောင် ငါအကောင်းဆုံးလုပ်ပေးမယ်လို့တော့ ကတိပေးပါတယ်။”

ကုနင်း ကျုံးကျန်းဟွေ့၏အဆိုကို ငြင်းဆိုသော်လည်း အရှက်ခွဲဖို့အထိမလိုတာကြောင့် နာမည်ကဒ်ကိုတော့ လက်ခံလိုက်ပေမည့် သူမနာမည်ကဒ်ကိုတော့ ပြန်မပေးခဲ့ပေ။

ကျုံးကျန်းဟွေ့ မျက်မှောင်ကြုတ်သွားကာ၊ “မိန်းကလေးကု၊ မင်းစိတ်မရှိဘူးဆိုရင် မင်းရဲ့နာမည်ကဒ်လေး ငါ့ကိုပြန်ပေးပါလား? မင်းရဲ့ လောင်းကစားစွမ်းရည်ကို အရမ်းလေးစားမိလို့ နောင်တစ်ချိန် ငါ့တို့ထပ်ပြီး ကစားပွဲတစ်ခုလုပ်နိုင်ဖို့ မျှော်လင့်တယ်။”

ကျုံးကျန်းဟွေ့ ဘယ်လိုအကွက်ရွှေ့ချင်နေလဲဆိုသည်ကို ကုနင်းလဲသိချင်တာကြောင့် နောက်ဆုံးသူမနာမည်ကဒ်ကို ပြန်ပေးလိုက်သည်။

ဟဲစစ်ရင်သည်တော့ စကားဝိုင်းအစမှအဆုံးထိ သူမနှင့်မဆိုင်သလိုမျိုး တိတ်ဆိတ်နေခဲ့သည်။

နေ့လည်စာစားပြီးသည်နှင့် ကုနင်းလဲ ဟိုတယ်မှပြန်ထွက်လာခဲ့သည်။

………..

နေ့လည်ပိုင်းတွင် အသက်၃၀ ဝန်းကျင်နိုင်ငံခြားသားတစ်ဦး Charmဆိုင်သို့ရောက်လာခဲ့သည်။

“ဟိုင်း၊ ဒီမှာ မိန်းကလေးယုရှိလား?” ထိုနိုင်ငံခြားသားက အရောင်းဝန်ထမ်းကို မေးလိုက်သည်။

“တွေ့ရတာဝမ်းသာပါတယ်၊ ဆာရ်။ မစ္စယုက အခုတော့ ဒီမှာမရှိပါဘူး။ ကျွန်မ သူ့ကိုဖုန်းဆက်ပေးရမလား?”

ယုကျီကို ဘယ်သူပဲလာတွေ့ပါစေ စီးပွားရေးကိစ္စဖြစ်နေနိုင်တာကြောင့် ဝန်ထမ်းအနေဖြင့် ယုကျီကို ဖုန်းဆက်အကြောင်းကြရပေမည်။

“ကောင်းတာပေါ့၊ ကျေးဇူးပဲ။”

ထို့နောက် အရောင်းဝန်ထမ်းက ဆိုင်ဖုန်းဖြင့် ယုကျီကိုဆက်သွယ်လိုက်သည်။

“မိန်းကလေးယု။ ဆိုင်မှာ နိုင်ငံခြားသားတစ်ယောက် လာရှာနေတယ်။” အရောင်းဝန်ထမ်း ပြောပြီးသည်နှင့် နိုင်ငံခြားသားကို ဖုန်းလွှဲပေးလိုက်သည်။

“ဟိုင်း၊ မစ္စယု၊ ငါက ပဲရစ်က ဂျေဆင်ရော်ဘာဒ်ပါ။”

ထိုလူသည် အင်တာနက်ပေါ်တွင် ယုကျီကို သူ့လက်ထောက်အဖြစ်လက်ခံလိုကြောင်း ပြောခဲ့သည့် နာမည်ကြီးဒီဇိုင်နာ ဂျေဆင်ရော်ဘာဒ်ပင်ဖြစ်သည်။ သူ့ဘက်က စိတ်ရင်းကိုပြသလို၍ ယခုလိုလူကိုယ်တိုင်လာရောက်ခဲ့ခြင်းဖြစ်သည်။

“ဘ-ဘာ?” ကုနင်း လန့်ဖြန့်သွားကာ သူမကြားရသည်ကို မယုံနိုင်ဖြစ်သွားသည်။ “ရှင်-ရှင်က ပဲရစ်က နာမည်ကြီးဒီဇိုင်းနာ ဂျေဆင်ရော်ဘာဒ်လား?”

ဂျေဆင်ရော်ဘာဒ်အကြောင်းကို ယုကျီကြားဖူးသလို ထိုလူ၏ပရိသတ်လဲဖြစ်သေးသည်။ ယုကျီသည် အထည်ဒီဇိုင်နာတစ်ဦးဖြစ်ကာ ဂါဝန်ဒီဇိုင်းပိုင်းကို အဓိကလုပ်သူဖြစ်တာကြောင့် သူမနှင့်နယ်ပယ်တူသည့် နာမည်ကြီးဒီဇိုင်းနာများစွာကို လေ့လာအားကျခဲ့သည်။ ဂျေဆင်ကတော့ သူမ၏အိုင်ဒေါပင်ဖြစ်သည်1

“ဟုတ်တယ်၊ ငါပါပဲ။”

တစ်ဖက်က ကိုယ်တိုင်အတည်ပြုပေးတာကို ကြားရသည့်တိုင် ယုကျီ ဘယ်လိုမှမယုံနိုင်သေးပေ။ သူမ အင်တာနက်ပေါ်မှ ဂျေဆင်၏မှတ်ချက်ကို မမြင်ရသေးတာကြောင့် ရုတ်တရက်ကြီး ဂျေဆင် သူမကို ဘာကြောင့် လာရှာရလဲမသိခြင်းဖြစ်သည်။

“အမ်၊ မစ္စတာရော်ဘာဒ် ကျွန်မဆီ ဘာကြောင့် ရုတ်တရက်ကြီး လာရှာလဲဆိုတာ သိလို့ရမလား?” ယုကျီစိတ်လှုပ်ရှားစိုးရိမ်မှုများဖြင့် မေးလိုက်သည်။

“မင်းအဆင်ပြေရင် ငါတို့လူချင်းတွေ့ပြီးပြောကြလို့ရမလား?”

“ရတာပေါ့၊ ကျွန်မလာခဲ့ပါ့မယ်၊ ခဏလေးစောင့်ပေးပါ။”

ဂျေဆင်ကြောင့် သူမစိတ်လှုပ်ရှားနေသော်လည်း ထိုလူက တကယ်ပဲဂျေဆင်ဟုတ်ရဲ့လား မသေချာခင်အထိတော့ သတိထားရပေဦးမည်။ တကယ်ပဲ ထိုလူက ဂျေဆင်သာဆိုလျှင်တော့ အကောင်းဆုံးစားသောက်ဆိုင်မှာပင် နေ့လည်စာဖိတ်ကျွေးရပေမည်။

ဂျေဆင်အကြောင်း သတင်းပေါင်းများစွာ ဖတ်ဖူးမြင်ဖူးထားတာကြောင့် ဂျေဆင်၏ရုပ်ရည်ကို သူမအလွန်ရင်းနှီးထားပြီးသားဖြစ်တာကြောင့် တွေ့လိုက်သည်နှင့် ချက်ချင်းမှတ်မိနိုင်မည်ဟု ယုံကြည်ချက်ရှိသည်။

“ကောင်းပြီလေ။”

ယုကျီမရောက်သေးခင် ဂျေဆင်က စောင့်ရင်းနှင့်ဆိုင်ထဲသို့ တစ်ပတ်ပတ်ကာ ဂါဝန်များကို လိုက်လံလေ့လာနေသည်။

ယုကျီ၏ဒီဇိုင်းများကို ဂျေဆင်သဘောကျသော်လည်း သူမ၏ဒီဇိုင်းများမှာ လုံးဝပြီးပြည့်စုံနေပြီဟုတော့ မဆိုလိုဘဲ ထိုဒီဇိုင်းများကို သူမထပ်ပြီးပိုကောင်းအောင် ပြင်ဆင်မှုများပြုလုပ်နိုင်ပေသေးသည်။

ဒီဇိုင်းနာတစ်ဦးအနေဖြင့် ယုကျီသည် အလွန်အရည်အချင်းရှိသူဖြစ်တာကြောင့် ဂျေဆင်က သူမကိုတွေ့ချင်ခြင်းဖြစ်ကာ သူမကို ထူးချွန်သည့်ဒီဇိုင်းနာတစ်ဦးဖြစ်လာဖို့ရန်လဲ ကူညီပေးချင်ခြင်းဖြစ်သည်။

နာမည်ကြီးဒီဇိုင်းနာတစ်ဦးအတွက် အလားအလာကောင်းသည့်လက်ထောက်တစ်ဦး ရွေးချယ်နိုင်ဖို့ရန် မလွယ်ကူပေ။ အရည်အချင်းရှိသည့်လက်ထောက်ဆိုသည်မှာ ဆရာဖြစ်သူ၏ဂုဏ်ဆောင်လဲဖြစ်ကာ အရည်အချင်းညံ့ဖျင်းနေလျှင်တော့ ဆရာဖြစ်သူ၏ဂုဏ်သိက္ခာကို ထိခိုက်ပျက်စီးသွားစေလိမ့်မည်။

အခုချိန်ထိ ဂျေဆင်တွင်လက်ထောက်နှစ်ယောက်သာရှိသေးကာ နှစ်ယောက်လုံးကလဲ နာမည်ကြီးဒီဇိုင်းနာများဖြစ်နေကြပြီဖြစ်သည်။ ထို့အပြင် ဂျေဆင်သည် သူ့သင်ခန်းစာများအတွက် ငွေတစ်ဆင့်ပင် မယူပေ။ သူက ဒီဇိုင်းဆွဲကာ အနုပညာဖန်တီးရခြင်း တခြားသောအရာများထက် မြတ်နိုးတန်ဖိုးထားသလို ငွေဆိုသည်မှာလဲ အလျှံအပါယ်ရှိနေတာကြောင့်ဖြစ်သည်။

***

အခန်း ၇၄၂ ပါရမီထူးသည့်ဒီဇိုင်းနာ

ယုကျီ ဂျေဆင်နှင့်ဖုန်းပြောပြီးသည်နှင့် အမြန်ပင် ဆိုင်သို့ပြန်လာတော့သည်။

မိနစ်၂၀အတွင်းမှာပဲ သူမရောက်ရှိလာခဲ့သည်။ ဂျေဆင်ကို လူကိုယ်တိုင်တွေ့လိုက်ရသည်နှင့် အမှန်တကယ်ဂျေဆင်ဖြစ်ကြောင်း သေချာသွားကာ စိတ်လှုပ်ရှားလာတော့သည်။

“တွေ့ရတာဝမ်းသာပါတယ်။ မစ္စတာရော်ဘာဒ်! အခုလိုလူချင်းတွေ့ခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။” ယုကျီ လေးစားစွာဖြင့်နှုတ်ဆက်လိုက်သည်။ သူမအိုင်ဒေါကို လက်တွေ့ဘဝတွင် အမှန်တကယ်တွေ့ခွင့်ရလိမ့်မည်ဟု သူမလုံးဝမထင်ထားခဲ့ပေ။

“တွေ့ရတာဝမ်းသာပါတယ်။ မစ္စယု။” ယုကျီကိုတွေ့လိုက်သည်နှင့် ဂျေဆင်ကလဲ မတ်တပ်ထကာ လက်ဆွဲနှုတ်ဆက်လိုက်သည်။

ယုကျီကိုတွေ့ရသည့်အတွက် ဂျေဆင်လဲ စိတ်လှုပ်ရှားနေရသည်။ ဒီလိုမျိုး ပင်ကိုယ်ပါရမီရှိသည့် ငယ်ရွယ်သောဒီဇိုင်းနာတစ်ဦးကို ရှာတွေ့ဖို့က သူ့အတွက်လဲ မလွယ်ကူပေ။ သို့သော်လည်း ယုကျီက သူ့လက်ထောက်အဖြစ်အရည်အချင်းပြည့်ဝရဲ့လားဆိုသည်ကိုတော့ အချိန်ပေးကာစောင့်ကြည့်ရပေဦးမည်။ အခုတော့ ယုကျီ၏ထင်မြင်ချက်ကို အရင်နားထောင်ရပေမည်။ သူမသာ သူ့ရဲ့လက်ထောက်လုပ်ဖို့ဆန္ဒမရှိလျှင် သူဖိအားပေးလိမ့်မည်မဟုတ်ပေ။

“ထိုင်ပါဦး၊ မစ္စတာရော်ဘာဒ်။ ဒီနေ့ ကျွန်မကိုလာရှာရတဲ့အကြောင်းအရင်းကို ပြောပြပေးလို့ရမလား?”

“ငါ ဒီရက်ပိုင်း Bမြို့မှာရှိနေတုန်း မမျှော်လင့်ဘဲ အရင်နေ့တွေတုန်းက Charmရဲ့သတင်းထုတ်ပြန်ပွဲဗီဒီယိုကို ကြည့်ဖြစ်ခဲ့တယ်။ မင်းရဲ့ဒီဇိုင်းတွေကို ငါသဘောကျတာကြောင့် မင်းနဲ့လူချင်းတွေ့ချင်ခဲ့တာ။” ဂျေဆင်က သူ့ရည်ရွယ်ချက်ကို ဖုံးကွယ်ခြင်းမပြုခဲ့ပေ။

ထိုစကားကြောင့် ယုကျီအလွန်ပျော်ရွှင်သွားကာ၊ “အခုလိုသဘောကျပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ မစ္စတာရော်ဘာဒ်!”

နာမည်ကြီးကာ အတွေ့အကြုံများသည့် ဒီဇိုင်းနားတစ်ဦး၏ သဘောကျမှုကို ရခြင်းက ယုကျီအတွက်တော့ အလွန်တန်ဖိုးကြီးလှပေသည်။ အထူးသဖြင့် သူမအိုင်ဒေါ၏ထောက်ခံချက်ဖြစ်နေတာကြောင့် ပိုလို့ပင် တန်ဖိုးကြီးလှသည်။

အခြားသော ဒီဇိုင်းနယ်ပယ်မှမဟုတ်သည့် လူများက သူမ၏ဒီဇိုင်းများကို စိတ်ဝင်စားကာ သဘောကျပေးလျှင်လဲ ပျော်ရွှင်ရပေမည့် နာမည်ကြီးဒီဇိုင်နာတစ်ဦးက သူမဒီဇိုင်းကို မှတ်ချက်ကောင်းပေးခြင်းက သူမကိုပို၍ယုံကြည်ချက်ရှိသွားစေသည်။

“မစ္စယု၊ မင်းအခုအားလား? အဆင်ပြေမယ်ဆိုရင် မင်းရဲ့နောက်ဒီဇိုင်းအိုင်ဒီယာတွေအကြောင်း ငါနားထောင်ချင်မိတယ်။”

“ရတာပေါ့၊ ကျွန်မလဲ ရှင့်ရဲ့အကြံပေးချက်ကို လိုချင်နေခဲ့တာပါ၊ မစ္စတာရော်ဘာဒ်။”

ထို့နောက် ယုကျီ သူမ၏နောက်ထုတ်မည့်ဒီဇိုင်းများအကြောင်း ဂျေဆင်နှင့် အချိန်အကြာကြီး ဆွေးနွေးပြောဆိုဖြစ်ခဲ့ကြသည်။

ယုကျီ၏အိုင်ဒီယာများကို နားထောင်ကာ ဂျေဆင်က တစ်ချိန်လုံးခေါင်းတညိတ်ညိတ်လုပ်နေရင်း သူ၏သဘောကျမှုကို ဖော်ပြနေသည်။ စကားပြောနေရင်းနှင့်လဲ သူ့ဘက်ကအမြင်များကို ယုကျီကို အကြံပေးတာကြောင့် ယုကျီလဲ သူ့ဆီမှ များစွာသင်ယူရရှိခဲ့သည်။

အချိန်အတော်ကြာစကားပြောကြပြီးသည့်နောက် ယုကျီက တကယ်ကိုပါရမီရှိသည့်ဒီဇိုင်းနာတစ်ဦးမှန်း ဂျေဆင်ပိုလို့သေချာသွားတော့သည်။ တကယ်တမ်း ကမ္ဘာပေါ်တွင် ပါရမီထူးသည့်လူများစွာရှိပေမည့် အတော်များများမှာ သူတို့၏အရည်အချင်းများကို ထုတ်ဖော်ပြသမည့်အခွင့်အရေးများမရှိကြခြင်းဖြစ်သည်။ ဂျေဆင်အနေနှင့် ယုကျီကိုရှာတွေ့ခဲ့ပြီဖြစ်တာကြောင့် တစ်ခုခုတော့လုပ်ဖို့ရန် ဆုံးဖြတ်ထားတော့သည်။

စကားဝိုင်းဆုံးသွားတော့ ဂျေဆင်က၊ “မစ္စယု၊ မနက်ဖြန်နေ့လည် ၂နာရီ ဟွမ်းဒင်ဟိုတယ် အစည်းအဝေးခန်းမမှာ အဝတ်အစားနယ်ပယ်ဖိုရမ်ပွဲလုပ်ဖို့ရှိတယ်။ မင်းအချိန်ရရင် လာတက်ပါလား။”

“တကယ်လား? ကျွန်မလာခဲ့ပါ့မယ်။” ထိုသတင်းက ယုကျီကိုပိုလို့တောင် စိတ်လှုပ်ရှားလာစေခဲ့သည်။

ထိုဖိုရမ်ကိုတက်ရောက်ခွင့်ရှိသူများအားလုံးမှာ နာမည်ကြီး သို့မဟုတ် ဒီဇိုင်းနယ်ပယ်မှ အတွေ့အကြုံရင့်သူများဖြစ်ကာ လူတိုင်းကိုဝင်ခွင့်ပေးထားသည့် ပွဲမျိုးမဟုတ်ပေ။

ဂျေဆင်က သူ့နာမည်ကဒ်ကိုထုတ်ယူကာ ယုကျီကိုပေးလိုက်ပြီး၊ “မင်းမနက်ဖြန်ကျရင် ငါ့ကိုဖုန်းဆက်လိုက်၊ အပြင်ထွက်ခေါ်ပေးမယ်။”

ဂျေဆင်နှင့်အတူသာ ဖိုရမ်သို့တက်ရောက်ပါက ဘယ်သူကမှ သူမကို တားမြစ်ကြမည်မဟုတ်ပေ။

“ကျေးဇူးတင်ပါတယ်!” ယုကျီ သူမနာမည်ကဒ်နှင့် လဲလိုက်ပြီးနောက် ဂျေဆင်ပြန်ထွက်သွားတော့သည်။

“မိန်းကလေးယု၊ မစ္စတာရော်ဘာဒ်ဆိုတာ ဘယ်သူလဲ? ရှင်အရမ်းစိတ်လှုပ်ရှားနေသလိုပဲ။” အရောင်းဝန်ထမ်းမလေးက သိချင်စိတ်ပြင်းပြစွာဖြင့် ယုကျီကိုမေးလိုက်သည်။ အနားရှိဖောက်သည်များတောင်မှ သူမ၏အဖြေကို စောင့်နားထောင်နေကြသည်။

ယုကျီပြုံးလိုက်ကာ၊ “သူက အဝတ်အစားဒီဇိုင်းနယ်ပယ်မှာ အထူးပုဂ္ဂိုလ်တစ်ယောက်ပဲ။ ပဲရစ်ကနေလာတာလေ။”

“ပဲရစ်က ဒီဇိုင်းနာ?”

ထိုစကားကြောင့် အားလုံးအံ့အားသင့်သွားကြပေမည့် ဒီဇိုင်းအကြောင်းကို သူတို့လဲ နည်းနည်းပါးပါးသာသိတာကြောင့် ဒီဇိုင်းနယ်ပယ်တွင် ဂျေဆင်ဘယ်လောက်အာဏာရှိတယ်၊ လွှမ်းမိုးမှုရှိလဲဆိုသည်ကိုတော့ နားမလည်ကြသေးပေ။

“များများပိုသိချင်ရင်တော့ သူ့နာမည်ကို အင်တာနက်ပေါ်ကနေရှာကြည့်ကြ။”

နောက်ထပ်အရောင်းဝန်ထမ်းမလေးက ချက်ချင်းပင် ကွန်ပျူတာကနေပြီး ဂျေဆင်၏နာမည်ကို ရှာလိုက်ကာ ချက်ချင်းပင် သူမအနားတွင် လူအုံသွားတော့သည်။ ဂျေဆင်၏ဒီဇိုင်းများနှင့် ဆုတံဆိပ်များကိုမြင်ရလိုက်ချိန်တွင်တော့ အလွန်အံ့အားသင့်ကုန်ကြတော့သည်။

သူတို့အတွက် အံ့အားအသင့်စေဆုံးကတော့ ဂျေဆင်ဒီဇိုင်းဆွဲသည့် မင်္ဂလာဂါဝန်မှာ ယွမ်၁၀သန်းကျော်နှင့်ရောင်းထွက်ခဲ့ခြင်းကိုပင်!

“ဘုရားရေ, မိန်းကလေးယု၊ ရှင်အရမ်းအံ့ဩဖို့ကောင်းတာပဲ၊ ဒီလိုပုဂ္ဂိုလ်မျိုးနဲ့တောင် သိတယ်!”

“ဟုတ်တယ်၊ ဟုတ်တယ်!”

အရောင်းဝန်ထမ်းနှစ်ဦးမှာ အလွန်စိတ်လှုပ်ရှားနေကာ ယုကျီနှင့်တွဲလုပ်နိုင်သည့်အတွက်လဲ ဂုဏ်ယူနေမိတော့သည်။

ထိုအခိုက်အတန့်တွင်ပဲ Charmဆိုင်ထဲတွင် ရှိနေသည့်ဖောက်သည်များကလဲ ဆိုင်ကို ပိုလို့ပင်အထင်ကြီးလာတော့သည်။

ယုကျီ စက်ရုံမှာ လုပ်စရာများကျနေသေးတာကြောင့် ဆိုင်တွင်အကြာကြီးဆက်မနေခဲ့ပေ။ ဤရက်များအတွင်း Charmကို မှာယူမှုများစွာရှိလာကာ တော်တော်များများကလဲ သူမကိုယ်တိုင်ချုပ်ပေးသည်ကို လိုချင်ကြသည်။

ဝတ်စုံများချုပ်ဖို့ရန်သူမတွင် အချိန်လုံလုံလောက်လောက်ရှိထားသော်လည်း သူမကတော့ သူ၏အချိန်မှန်သမျှကိုအသုံးချကာ သူမအလုပ်ကို အကောင်းဆုံးလုပ်ချင်နေစဲဖြစ်သည်။

ယုကျီ ကားထဲသို့ပြန်ရောက်သည်နှင့် ကုနင်းကိုဖုန်းဆက်ကာ အစောကဖြစ်သွားသည့်ကိစ္စများကို ပြန်ပြောပြခဲ့သည်။

ကုနင်းလဲ ယုကျီ၏ပျော်ရွှင်ကာ စိတ်လှုပ်ရှားနေမှုကို ဖုန်းထဲကနေပင် ခံစားသိရှိနေရပြီး သူမကိုဂုဏ်ပြုစကားဆိုလိုက်သည်။ ထို့အပြင် ဒါက ကုနင်း၏အရည်အချင်းရှိသူကို ရွေးချယ်နိုင်သည့် အရည်အချင်းကောင်းကို သက်သေပြသွားခြင်းလဲဖြစ်ပေသည်။

…………

ကျောက်ရှောင်ရွှမ်း တစ်ချိန်လုံးအိမ်တွင်းအောင်းနေခဲ့သည်။ ပြီးခဲ့သည့်ရက်များအတွင်း သူမတစ်ချိန်လုံးငိုယိုမနေခဲ့သော်လည်း အလွန်ဝမ်းနည်းနေခဲ့မိစဲပင်။ ဘာပဲဖြစ်ဖြစ် သူမလင်းထျန်းယွီကို နက်နက်ရှိုင်းရှိုင်းချစ်ခဲ့ခြင်းဖြစ်သည်မဟုတ်လား။

ထိုအခိုက်အတန့်တွင်ပဲ ရုတ်တရက်ဆိုသလို လင်းထျန်းယွီက ဓါးဖြင့် ယုကျီကိုခြိမ်းခြောက်ခဲ့သည့် ထိတ်လန့်စရာသတင်းကို ကျောက်ရှောင်ရွှမ်း ဖတ်လိုက်ရသည်။

သူမလင်းလထျန်းယွီအကြောင်း ကောင်းကောင်းသိပေမည့် လင်းထျန်းယွီ အခုလိုမျိုး ဥပဒေချိုးဖောက်သည့် လုပ်ရပ်မျိုးလုပ်ခဲ့သည်အား သိရချိန်၌ထိတ်လန့်မိသွားစဲပင်။ လင်းထျန်းယွီလုပ်ခဲ့သည့်လုပ်ရပ်အကြောင်း ပြန်တွေးမိသွားတော့ ကျောက်ရှောင်ရွှမ်းလဲ ကြောက်ရွံ့သွားရသည်။ ယုကျီ အခုအကောင်းတိုင်းဖြစ်သည့်သတင်းကို မတွေ့ရမချင်း သူမစိတ်မအေးခဲ့ပေ။

ဖြစ်ပျက်ခဲ့သည့်ကိစ္စများကြောင့် ကျောက်ရှောင်ရွှမ်းပိုလို့ပင် တည်ငြိမ်လို့လာခဲ့သည်။ ယုကျီထံမှ လင်းထျန်းယွီကို ခိုးယူခဲ့မိသည့်အတွက်လဲ သူမနောင်တရနေပေပြီ။ သို့ပေမည့် သူမအခုချိန်တွင် ဘယ်လောက်ပဲ အပြစ်ရှိကာ နောင်တရသလိုခံစားနေရပါစေ ဖြစ်ပြီးသမျှကို ပြန်လည်ပြင်ဆင်၍တော့ မရတော့ပေ။

***

အခန်း ၇၄၃ မူမိသားစုကို စုံစမ်းခြင်း

ကျောက်ရှောင်ရွှမ်း ဖုန်းကိုစိုက်ကြည့်နေတာကြောင့် ကျောက်ကတော်စိုးရိမ်သွားကာ အနားကိုလျှောက်လာခဲ့သည်။ သူမလဲ ဖုန်းစခရင်ထက်မှသတင်းကို မြင်တွေ့သွားပြီးနောက် အလွန်ထိတ်လန့်တုန်လှုပ်သွားကာ၊ “ဘယ်လိုများ ဒီလိုကိစ္စများလုပ်နိုင်တာပါလိမ့်? သူတော့ ကိုယ့်သေတွင်းကိုယ်တူးလိုက်တာပဲ!”

တွေးနေစရာပင်မလိုစွာ လင်းထျန်းယွီ နှစ်ပေါင်းများစွာထောင်ကျသွားပေလိမ့်မည်။

ကျောက်ကတော်သည် လင်းထျန်းယွီကို သူမသမီးအားစွန့်ပစ်သည့်အတွက် အလွန်ဒေါသထွက်ခဲ့ရသည်။ ဒါကြောင့် လင်းထျန်းယွီထောင်ကျတော့မည့်အကြောင်းကိုသိလိုက်ရတော့ သူ့ရဲ့ဆိုးဝါးလှသည့်ဘဝအပေါ် မနေနိုင်ပဲ ဝမ်းသာအားရပင်ဖြစ်သွားမိသည်။

………..

ကုနင်း ကီရင်းဟိုတယ်မှထွက်လာပြီးနောက် ထန်အိမ်တော်သို့မပြန်သေးဘဲ ရှေးဟောင်းလမ်းသို့အရင်သွားခဲ့သည်။

သူမမှာ ရှေးဟောင်းပစ္စည်းများစွာရှိနေပေမည့် ရှန်းယွင်ဆိုင်တွင် အားလုံးတင်ရောင်းဖို့ကတော့ မဖြစ်ပေ။ ဆိုင်မှာ ရှေးဟောင်းပစ္စည်းအများကြီးရှိနေပါက ဆိုင်ကိုသာ ပြဿနာများစေနိုင်တာကြောင့်ပင်။ သို့သော်လည်း သူမ၏စိတ်စွမ်းအင်အာကာပြင်ထဲမှာလဲ တစ်ချိန်လုံးသိမ်းဆည်းထားလျှင်ကလဲ အလကားဖြုန်းတီးသလိုဖြစ်တာကြောင့် မဖြစ်သေးပေ။ ဒါကြောင့်ပဲ Bမြို့တွင်နောက်ထပ်ရှေးဟောင်းပစ္စည်းဆိုင်တစ်ဆိုင်ထပ်ဖွင့်ဖို့ရန် ကုနင်းစီစဉ်ထားခဲ့သည်။

အခုလဲ သူမအားလပ်နေတာကြောင့် ရှေးဟောင်းလမ်းသို့ဆိုင်ကြည့်ဖို့သွားလိုက်ပေမည်။

သူမရှေးဟောင်းလမ်းသို့ရောက်သည်နှင့် လမ်းတစ်ဖက်တစ်ချက်ရှိဆိုင်ခန်းငယ်များမှ ပစ္စည်းများကို ကျောက်စိမ်းမျက်ဝန်းဖြင့် လိုက်ကြည့်လိုက်သည်။ လမ်းတစ်ဝက်လောက်လျှောက်ပြီးသည်အထိ ရှေးဟောင်းပစ္စည်းအစစ်တစ်ခုကိုပင် သူမမတွေ့ခဲ့ရပေ။ ထိုအစား ရင်းနှီးနေသည့်သွင်ပြင်တစ်ခုနှင့်တွေ့လိုက်ရသည်။ တကယ်တမ်း ထိုလူနှင့် သူမ အမှန်တကယ်ရင်းနှီးနေတာမဟုတ်ဘဲ သူမတို့တစ်ကြိမ်သာ တွေ့ဖူးခဲ့ခြင်းဖြစ်သည်။

ထိုလူကတော့ မူဝမ်ချီဖြစ်ကာ အခါးရည်အိမ်တော်သို့ ဝင်သွားခြင်းဖြစ်သည်။

အရင်တစ်ခေါက် သူမမူရွှီရှင်း၏နာမည်ကို ကေ့အားပြောပြချိန်တွင် တစ်ဖက်က တုံ့ပြန်ပုံအရ သူတို့နှစ်ဦးသား၏ဆက်ဆံရေးမှာမကောင်းလှမှန်း ကုနင်းသဘောပေါက်ခဲ့သည်။ ကေ့ကိုတောင် မူရွှီရှင်း၏တရားမဝင်သားဖြစ်လောက်သည်ဟုပင် သူမတွေးမိခဲ့သည်။ သို့သော်လည်း မူဝမ်ချီသည် ကေထက်ပင်ငယ်နေပုံရတာကြောင့် ကေ၏မိခင်က မူရွှီရှင်း၏ဇနီးဟောင်းဖြစ်လောက်မည်ဟု သူမပြန်ပြောင်းတွေးခဲ့သည်။ ဘယ်လိုပဲဖြစ်ဖြစ် ကေ့နာမည်က မူပါနေတာကြောင့် သူ့မိခင်က အရင်က သေချာပေါက် မူရွှီရှင်းနှင့်လက်ထပ်ဖူးပေလိမ့်မည်။

ဘာလိုပဲဖြစ်ဖြစ် သူမကတော့ ကေနှင့်မူရွှီရှင်းသည် သားအဖဖြစ်လောက်ကြောင်း သေချာနေပေပြီ။

ကေနှင့်မူမိသားစုက တစ်နည်းနည်းနှင့်ဆက်နွယ်မှုရှိနေမှတော့ ကုနင်းဘက်ကလဲ မူမိသားစုကို သေချာအာရုံစိုက်ပေးရတော့မှာပေါ့။ သူမကျောက်စိမ်းမျက်ဝန်းကိုသုံးကာ မူဝမ်ချီဝင်သွားသည့်နောက်ကို လိုက်ကြည့်လိုက်သည်။

မူဝမ်ချီက အပေါ်ထပ်သို့မသွားဘဲ ခြံဝန်းထဲသို့တင်သွားသည်။ နောက်ဘက်ခြံဝန်းသည် မကြီးမားဘဲ လွတ်လပ်နေသည့် စစ်ဟယ်ယွမ်တစ်ခုသာဖြစ်သည်။

မူဝမ်ချီက တည့်တည့်ဆက်လျှောက်သွားကာ အခန်းတံခါးကို ခေါက်ပြီးအထဲသို့ဝင်သွားသည်။ အခန်းထဲတွင်တော့ယောက်ျားတစ်ဦးထိုင်နေကာ ထိုလူ၏မျက်နှာကြောင့် ကုနင်းအံ့အားသင့်သွားရပြန်သည်။ ထိုလူကတော့ ထန်သဲ့မင်ပင်ဖြစ်သည်။

တစ်ယောက်က ထန်မိသားစုကို ပုန်ကန်ဖို့လျှို့ဝှက်ကြံစည်နေသည့်သူဖြစ်ကာ ကျန်တစ်ဦးကတော့ ထန်မိသားစုနှင့် ဆက်ဆံရေးကောင်းသည့်လူဖြစ်နေသည်။ သူတို့နှစ်ဖွဲ့သာအတူစုသွားပါက သေချာပေါက် ပူးပေါင်းလိုက်ခြင်းသာဖြစ်မည်။

ကုနင်း ဒုတိယထပ်သို့တက်သွားကာ စစ်ဟယ်ယွမ်ငယ်လေးကို သေချာမြင်နိုင်ဖို့ ပြတင်းပေါက်ဘေးတွင်ထိုင်လိုက်သည်။

ကုနင်း လက်ဖက်ရည်တစ်ခွက်မှာလိုက်ပြီးနောက် ကြိုးမဲ့ကင်မရာအသေးလေးကို ထုတ်ကာ ထိုအခန်းသို့ချိန်ထားလိုက်သည်။ စိတ်မကောင်းစွာပဲ ထိုနေရာနှင့် သူမထိုင်နေသည့်နေရာမှာ ဝေးကွာလှသလို သူတို့ကလဲ တိုးတိုးလေးသာပြောနေကြတာကြောင့် သူတို့စကားများကို ကုနင်းသေချာမကြားရပေ။

၁၀မိနစ်ကြာပြီးနောက် မူဝမ်ချီအပြင်သို့ပြန်ထွက်လို့လာသည်။

ထန်သဲ့မင်သည်တော့ မူဝမ်ချီထွက်လာပြီး နောက်မိနစ်၂၀လောက်နေမှသာ ပြန်ထွက်လာခဲ့သည်။

ကုနင်း ကင်မရာငယ်လေးကို ပြန်ယူလိုက်ပြီးနောက် မူဝမ်ချီအကြောင်းစုံစမ်းပေးရန် ကေ့ထံသို့စာလှမ်းပို့လိုက်သည်။ မူဝမ်ချီက ထန်သဲ့မင်နှင့်လျှို့ဝှက်တွေ့ဆုံတယ်ဆိုမှတော့ ထန်သဲ့မင်၏အကြံအစည်အတွင် မူမိသားစုလဲပါဝင်နေနိုင်သည်ဟု ကုနင်းသံသယဝင်မိသည်။

တကယ်တမ်း ဒီတစ်ခေါက်ကိစ္စမှာ မူမိသားစုနှင့် ဆက်နွယ်နေတာကြောင့် ကေ့ဘက်က ကူညီပါ့မလားဆိုတာတော့ ကုနင်းလဲ သေချာမပြောတတ်ပေ။ တကယ်လို့ ကေသာစုံစမ်းပေးမည်ဆိုလျှင်တော့ ပိုကောင်းမည်ဆိုပေမည့် မူရွှီရှင်းသည် ကေ့အဖေသာဖြစ်တာကြောင့် သူ့ဘက်ကမလုပ်ချင်လျှင်တော့ ကုနင်း သူ့ကိုအတင်းဖိအားပေးမည်မဟုတ်ပေ။

မူရွှီရှင်းက ထန်သဲ့မင်နှင့်ပူးပေါင်းဖို့ရည်ရွယ်ချက်ရှိနေသည်ဟု ကုနင်းယုံကြည်သလို မူဝမ်ချီကလဲ သူ့ဖခင်အမိန့်အတိုင်းလိုက်နာခြင်းဖြစ်လောက်မည်။

ထို့အကြောင့်ပဲ ကေသာမလုပ်ပေးလိုလျှင် ငြင်းဆန်နိုင်ကြောင်း ကုနင်းစာအဆုံးတွင် ထည့်ရေးလိုက်သည်။

ကုနင်း၏စာကို ကေရရှိချိန်တွင် ချန်စန်းယိနှင့် အကြောင်းအရာတစ်ခုကို ဆွေးနွေးနေခဲ့ခြင်းဖြစ်သည်။ သူက ဂိမ်းတစ်ခုကို တီထွင်ခဲ့ကာ အောင်မြင်နိုင်ချေရှိသည်ဟုလဲ တွေးထားခဲ့သည်။ ထိုအကြောင်းကို ချန်စန်းယိနှင့် ဆွေးနွေးပြီးသည်နှင့် ကုနင်းကို ပြောပြဖို့စီစဉ်ထားခြင်းဖြစ်သည်။

ဂိမ်းကစားခြင်းကို သဘောကျသည့်ဆယ်ကျော်သက်များစွာရှိမှန်း သူသိသော်လည်း ဈေးကွက်မှာက ဂိမ်းအသစ်များစွာဆက်တိုက်ထွက်ပေါ်နေခြင်းဖြစ်တာကြောင့် သူတို့အနေနှင့် လူငယ်များ၏အာရုံကို ဆွဲဆောင်နိုင်ဖို့ များစွာသော တီထွင်ဖန်တီနိုင်စွမ်းများ ဆက်တိုက်ရှိနေဖို့လိုအပ်ပေသည်။

ကေက ဒီဂိမ်းသည် လက်ရှိဂိမ်းကစားကြသူများကြားထဲတွင် နာမည်ကြီးလာနိုင်ပါ့မလားကို ချန်စန်းယိ၏အမြင်အား မေးမြန်းနေခြင်းဖြစ်သည်။

ကေကိုယ်တိုင်က ဂိမ်းကစားရာတွင်တော်တော်လေး ထူးချွန်တာကြောင့် သူ့ကိုယ်ပိုင်ဂိမ်းကို တီထွင်ခဲ့ခြင်းဖြစ်သည်။ ဒါကြောင့် အနည်းဆုံးတော့ ဒီဂိမ်းကို သူ့ဘာသာကစားလိုက်လဲရတာပေါ့။

သူ ကုနင်းကို ဆက်သွယ်ဖို့ကြံနေချိန်တွင်ပဲ တစ်ဖက်မှစာဝင်လာခဲ့သည်။

စာကိုဖတ်ပြီးနောက် အစကဖြစ်ပေါ်နေသည့် ကေ့မျက်နှာပေါ်မှအပြုံးက ချက်ချင်းပျောက်ကွယ်လို့သွားတော့သည်။

မူဝမ်ချီကို သူသေချာသိတာပေါ့။

“ဘာဖြစ်လို့လဲ?” ချန်စန်းယိ စိုးရိမ်ကာမေးလိုက်သည်။

“ဘော့စ်က ငါ့ကိုမူဝမ်ချီအကြောင်း စုံစမ်းစေချင်နေတယ်။ မူဝမ်ချီက ထန်သဲ့မင်နှင့် တိတ်တဆိတ်တွေ့ဆုံနေတာကို သူမြင်ခဲ့လို့ ထန်မိသားစုကို လျှို့ဝှက်ကြံစည်တဲ့ထဲမှာ မူမိသားစုပါဝင်ပတ်သတ်လိမ့်မယ်လို့ သူသံသယရှိနေတယ်။” မူဝမ်ချီ၏နာမည်ကိုပြောသည့်အချိန်တွင် ကေ့အသံထဲ၌ မုန်းတီးမှုများပြည့်နှက်လို့နေသည်။

မူဝမ်ချီကော မူမိသားစုကောက သူ့ဘဝတစ်သက်တာအတွက်ရန်သူများပင်ဖြစ်သည်။

ထိုစကားကြောင့် ချန်စန်းယိမျက်မှောင်ကြုတ်သွားကာ၊ “ကြည့်ရတာ၊ မင်းမူမိသားစုနှင့်ထိပ်တိုက်တွေ့ဖို့ ရှောင်လွှဲလို့မရတော့မယ့်ပုံပဲ။”

ကေ့အနေနှင့် မူမိသားစုကို လက်စားမချေရလျှင် ဘယ်လိုမှ စိတ်ဖြောင့်နိုင်မည်မဟုတ်တာကြောင့် ချန်စန်းယိပုံစံက ဤသတင်းအတွက် ဝမ်းသာနေပုံတောင်ပေါ်နေသည်။

“သူတို့ဘက်က တောင်းဆိုလာမှတော့ ငါလဲရှောင်စရာမလိုဘူး။” ကေအသံက အေးစက်လို့နေသည်။ သူ့အမေက မူမိသားစုအကြောင်းရှာဖွေဖော်ထုတ်မည်မဟုတ်ဟု သူကတိပေးထားခဲ့ပေမည့် မူမိသားစု၏မကောင်းမူများကို တွေ့ရသည်နှင့် စုံစမ်းဖော်ထုတ်ဖို့ တွန့်ဆုတ်နေမည်မဟုတ်ပေ။

ခဏအကြာတွင်တော့ ကေက မူမိသားစုကို စုံစမ်းပေးဖို့သဘောတူညီကြောင်း ကုနင်းကို စာပြန်ပို့ပေးလိုက်သည်။

ကေ၏ပြန်စာကြောင့် ကေက မူမိသားစုကိုလုံးဝဂရုမစိုက်ကြောင်း ကုနင်းနားလည်လိုက်တော့သည်။

ထို့နောက် ကုနင်း အခါးရည်အိမ်တော်မှပြန်ထွက်လာကာ ရှေးဟောင်းလမ်းတစ်လျှောက် ပျော်ပျော်ပါးပါးလျှောက်ပတ်ကြည့်နေလိုက်သည်။

မကြာခင်တွင်ပဲ ဆိုင်ငှားမည်ဟုရေးထားသည့် ရှေးဟောင်းဆိုင်တစ်ဆိုင်ကို ကုနင်းတွေ့ရှိသွားသည်။

သူမအထဲသို့ဝင်သွားကာ ကြည့်လိုက်သည်။ ဆိုင်မှာ စတုရန်းမီတာ၄၀ပတ်လည်လောက်ရှိကာ သိပ်မကျဉ်းပေ။

ဆိုင်တွင် နှစ်ထပ်ရှိကာ အပေါ်ထပ်သည်တော့ ဧည့်ခန်းဖြစ်ပြီး အောက်ထပ်ကိုတော့ ဧည့်သည်များအတွက် ဖွင့်ထားပေးသည့်နေရာဖြစ်သည်။ ဆိုင်၏အပြင်အဆင်ကကောင်းလှပေမည့် အထဲတွင် လက်မှုပစ္စည်းအနည်းငယ်သာရှိသည်။

ဒါ့အပြင် ဆိုင်ထဲတွင် အရောင်းဝန်ထမ်းတစ်ဦးကလွဲလို့ တခြားဘယ်သူမှကို ကုနင်းမတွေ့ရပေ။

ကြည့်ရတာ ဆိုင်က ဒေဝါလီခံရခါနီးသည့်ဆိုင်ဖြစ်ပုံရပေသည်။

***

အခန်း ၇၄၄ တုလဲ့ဖုန်း

“ဟိုင်း၊ ကြိုဆိုပါတယ်။”

အရောင်းစာရေးမှာ အသက်၂၀ကျော်လောက်သာရှိသေးပြီး အိပ်ငိုက်နေပုံရကာ သူ့ကိုယ်တစ်ဝက်ကို ကောင်တာပေါ်မှီထားသေးသည်။ ဝယ်သူတစ်ယောက်ဝင်လာလို့လဲ ဘာစိတ်အားထက်သန်မှုမှရှိလာပုံမရပေ။ ဒါကလဲ ဆိုင်ထဲတွင် ဘာပစ္စည်းမှမရှိတာကြောင့်လဲဖြစ်နိုင်သလို ဝယ်သူတွေကလဲ အမြဲတမ်း ဝင်ကြည့်ပြီးသည်နှင့် ပြန်ထွက်သွားတတ်သည်ကို အကျင့်ဖြစ်နေပုံရခြင်းကြောင့်လဲ ဖြစ်နိုင်သည်။

ကုနင်း ဘယ်လိုမှမခံစားရဘဲ ဆိုင်ထဲသို့ဖြည်းဖြည်းချင်းလှည့်ပတ်ကြည့်နေသည်။ ဆိုင်နေရာနှင့် အကျယ်အဝန်ကတော့ သူမသဘောကျပင်ဖြစ်သည်။

“ဒီဆိုင်မှာ ဘာလို့ ပစ္စည်းအသစ်တွေမရှိတာလဲ?” ကုနင်းမေးလိုကသ်ည်။

“အပြင်ဘက်မှာ ဆိုင်ငှားမယ်လို့ကပ်ထားတာမမြင်ဘူးလား? ဆိုင်ကငှားလိုက်တော့မှာလေ။ ပစ္စည်းအသစ်တွေထပ်ဖြည့်ရင် ငွေဖြုန်းတာပဲရှိမှာပေါ့။” လူငယ်က စိတ်မရှည်ဟန်ဖြင့် ပြန်ဖြေလိုက်သည်။

လူငယ်၏စိတ်မရှည်သည့်အပြုအမူကို ကုနင်းစိတ်ထဲမထားပေ။ “မင်းရဲ့ဘော့စ်က ဘယ်မလဲ?”

“ဘာအတွက်မေးတာလဲ?” ကုနင်းက အလွန်ငယ်နေတာကြောင့် ဒီဆိုင်ကို ဝယ်ဖို့လာခြင်းဖြစ်လောက်မည်ဟု မထင်မိပေ။

“ဒီဆိုင်ကငှားမှာမလား? ငါငှားမှာမို့လို့၊ မင်းရဲ့ဘော့စ်နဲ့စကားပြောချင်တယ်။” ကုနင်း ပြုံး၍သာပြန်ပြောလိုက်သည်။

“ဘာ?” ကုနင်း၏စကားကြောင့် လူငယ်၏မျက်လုံးများ ချက်ချင်းလင်းလက်သွားကာ ရုတ်ချည်းပင်ထရပ်ကာ ကုနင်းကိုကြည့်လိုက်သည်။

ကုနင်း၏မျက်နှာကို မြင်တွေ့ သူမကိုရင်းနှီးနေသည်ဟု တွေးလိုက်မိပေမည့် ပြန်မစဉ်းစားနိုင်ပေ။

“မင်း ဒီဆိုင်ကို ငှားမယ်လို့ပြောလိုက်တာလား?”

“ဟုတ်တယ်လေ။”

“မင်းလာနောက်နေတာတော့မဟုတ်ပါဘူးနော်။” လူငယ်မှာ မယုံကြည်သေးပေ။

သူမစကားကို လူငယ်မယုံနိုင်မှန်း ကုနင်းနားလည်ပေသည်။ “ဒီဆိုင်ရဲ့တည်နေရာရော အကျယ်အဝန်းကိုပါ ငါစိတ်တိုင်းကျတယ်။ ဈေးနှုန်းကသာသင့်ရင် ငှားဖြစ်လောက်ပါတယ်။”

“ငါက ဒီဆိုင်ရဲ့ပိုင်ရှင်ပဲ။” လူငယ်ကပြောရင်းနှင့် ကောင်တာနောက်မှ ထွက်လာခဲ့သည်။ ကုနင်းအပေါ် သူ့အပြုအမူမှာ လုံးဝပြောင်းလဲသွားပြီး စိတ်အားထက်သန်မှုအပြည့်ဖြင့် နှုတ်ဆက်လိုက်သည်။ “ထိုင်ပါဦး၊ မိန်းကလေး။”

ကုနင်း ထိုင်လိုက်ကာ ထိုလူငယ်က ဆိုင်ပိုင်ရှင်ဖြစ်နေတာကြောင့် အနည်းငယ်အံ့အားသင့်သွားရသည်။

လူငယ်က ကုနင်းအတွက် အခါးရည်တစ်ခွက်ငှဲ့ပေးကာ သူမရှေ့မှ စားပွဲပေါ်တင်လိုက်သည်။

“တွေ့ရတာဝမ်းသာပါတယ်။ ငါက ဒီဆိုင်ပိုင်ရှင် တုလဲ့ဖုန်းပါ၊ မင်းနာမည်ကို သိလို့ရမလား။”

“ငါ့မျိုးရိုးက ကုပါ။”

“တွေ့ရတာဝမ်းသာပါတယ်၊ မိန်းကလေးကု! မင်းဒီဆိုင်နဲ့ ဘယ်လိုလုပ်ငန်းမျိုးလုပ်ဖို့စိတ်ကူးထားလဲဆိုတာ ငါ့ကိုပြောပြလို့ရမလား?”

“ရှင့်လိုဆိုင်ပါပဲ။” ကုနင်းပြန်ဖြေလိုက်သည်။ “ရှင့်ဆိုင် အခုဘာကြောင့်များ ဒေဝါလီခံမလိုဖြစ်သွားတာလဲ သိချင်မိတယ်။”

ထိုစကားကြောင့် တုလဲ့ဖုန်း ဒေါသထွက်သလို ဝမ်းနည်းသွားပုံလဲရပေသည်။ “ဒီလမ်းထဲမှာတော့ ဒါက လျှို့ဝှက်ချက်တစ်ခုမဟုတ်ပါဘူး။ မင်းကိုပြောပြလို့ရပါတယ်။ ငါ့အဖေက ဆိုင်နှစ်ဆိုင်ဖွင့်ခဲ့ပြီး နှစ်ဆိုင်လုံးက အမြတ်အရမ်းရခဲ့တယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ပထမနှစ်ဝက်ကပဲ ငါ့အဖြေအရမ်းနေမကောင်းဖြစ်လို့ ဆိုင်နှစ်ဆိုင်ကို ငါနဲ့ငါ့အဖေတူအမေကွဲညီ လွှဲပေးခဲ့တယ်။ ငါ့မိထွေးနဲ့ ငါ့ဖအေတူမအေကွဲညီက နှစ်ဆိုင်လုံးကို သူတို့အပိုင်လိုချင်ကြပေမယ့် တစ်ဆိုင်က ငါ့နာမည်နဲ့ဖြစ်နေတာကြောင့် ငါသဘောမတူရင် သူတို့ဘာမှမလုပ်နိုင်ဘူးလေ။”

“ဒါကြောင့်ပဲ သူတို့က လူမိုက်အဖွဲ့ကိုငှားပြီး ငါ့ကိုပြဿနာတွေတက်အောင် ဒုက္ခပေးကြတယ်။ အဲ့ကတည်းက ငါ့ဖောက်သည်တွေကော တင်သွင်းသူတွေပါ ဆုံးရှုံးသွားရတယ်။ အဆိုးဆုံးကတော့ ငါ့မိထွေးနဲ့ဖအေတူမအေကွဲညီကြောင့် ဘယ်သူကမှ ငါ့ဆိုင်ကိုမဝယ်ရဲကြတော့ဘူး။”

ဒီလိုနောက်ခံဇာတ်လမ်းကြီးရှိနေမှန်း သိလိုက်ရတာကြောင့် ကုနင်း အံ့ဩသွားရသည်။

“ရှင် ရှေးဟောင်းပစ္စည်းတွေအကြောင်း ဘယ်လောက်ထိသိလဲ?” ကုနင်းမေးလိုက်သည်။

“အများကြီးပေါ့၊ ငါဒါတွေနဲ့ပဲကြီးပြင်းလာရတာကို။”

“ဒီဆိုင်ကိုကျွန်မယူလိုက်ရင် ရှင်ဘာဆက်လုပ်ဖို့တွေးထားလဲ?”

“ငါ့ဝမ်းငါဖြည့်ဖို့ အလုပ်တစ်ခုရှာရမှာပေါ့။ ငါ့လစာရယ် ဆိုင်ငှားခရယ်နဲ့ဆိုရင် ကောင်းကောင်းနေလို့ရနိုင်ဦးမှာပါ။”

“ကျွန်မဒီဆိုင်ကို ငှားပြီးရင် ရှင် ဒီဆိုင်ကို ကျွန်မကိုယ်စားစီမံပေးနိုင်မလား? ရှင့်ကို အမြင့်ဆုံးလစာပေးမယ့်အပြင် နှစ်စဉ်အမြတ်ငွေ၁၀ရာခိုင်နှုန်းလဲပေးမယ်။”

တုလဲဖုန်း စက္ကန့်ပိုင်းမျှမှင်တက်နေမိသည်။ သူကြားလိုက်ရသည့်စကားက အစစ်အမှန်ဆို တကယ်ကိုကောင်းမှာပဲ!

“မိန်းကလေးကု၊ ငါသာ ဒီမှာအလုပ်ဆက်လုပ်မယ်ဆိုရင် ငါ့မိထွေးနဲ့သွေးတစ်ဝက်ညီက ငါ့ကိုဆက်ပြီးပြဿနာရှာနေဦးမှာကြောင့် မင်းကိုပါ ပြဿနာတက်စေမိမှာစိုးတယ်။” တုလဲ့ဖုန်းသည် လူကောင်းလူမှန်တစ်ဦးပင်ဖြစ်သည်။

“စိတ်မပူပါနဲ့။ သူတို့ကျွန်မကို ပြဿနာမရှာနိုင်ပါဘူး။ ” ကုနင်းယုံကြည်ချက်အပြည့်ဖြင့် ပြန်ပြောလိုက်သည်။

“တကယ်လား?” တုလဲ့ဖုန်းဘက်ကတော့ စိုးရိမ်မိနေစဲပင်။

“ကဲပါ၊ ရှင့်ကိုသက်သေပြမယ်။ ရှင့်ဖုန်း ခနပေး။” ကုနင်း တုလဲ့ဖု်နးထံသို့ လက်လှမ်းလိုက်သည်။

ကုနင်းဘာကြောင့် သူ့ဖုန်းကိုတောင်းမှန်း တုလဲ့ဖုန်းနားမလည်နိုင်ပေမည့် ပြောသလိုပေးလိုက်စဲဖြစ်သည်။

“ဖွင့်လိုက်ဦး။”

တုလဲ့ဖုန်း ဖုန်းကိုဖွင့်ပြီးမှ ကုနင်းကိုပေးလိုက်သည်။

ထို့နောက် ကုနင်း သူမနာမည်ကို အင်တာနက်ပေါ်တွင် ရိုက်နှိပ်ရှာကာ သူမအကြောင်းစစချင်းတွေ့သည့် ဝဘ်ဆိုဒ်တစ်ခုကို ဖွင့်လိုက်သည်။ ထိုသတင်းထဲတွင် သူမအကြောင်းမှန်သမျှပါပေသည်။

“ရှင်မဆုံးဖြတ်ခင် အရင်ဆုံးဖတ်ကြည့်လိုက်ဦး။” ကုနင်း ဖုန်းကို တုလဲ့ဖုန်းထံပြန်ပေးလိုက်သည်။

တုလဲ့ဖုန်း ပြန်ယူကာ သတင်းကိုဖတ်ကြည့်လိုက်သည်။ ပြီးနောက်တွင်တော့ သူအလွန်တုန်လှုပ်လို့သွားတော့သည်။ သူဒီသတင်းများကို အရင်ကတည်းက ဖတ်ဖူးထားပြီး သူနှင့်မျက်နှာချင်းဆိုင်မှာရှိနေတဲ့ မိန်းကလေးက…. ချက်ချင်းပင် တုလဲ့ဖုန်း ကုနင်းကိုပြန်ကြည့်လိုက်ကာ ဘာကြောင့် ဒီမိန်းကလေး၏မျက်နှာကို ရင်းနှီးသလိုဖြစ်နေလဲဆိုသည်ကို အမှတ်ရသွားတော့သည်။ သူမကိုအရင်ကလဲ မြင်ဖူးထားတာပဲ!

တုလဲ့ဖုန်း သူ့အိုင်ဒေါနှင့်တွေ့ဆုံနေရခြင်းဖြစ်ကြောင်း သိသွားသည်နှင့်တပြိုင်နက် အလွန်စိတ်လှုပ်ရှားသွားကာ၊ “မင်း၊ မင်းက ကုနတ်ဘုရားမပေါ့? ကုနတ်ဘုရားမပေါ့? တကယ်လား?”

တုလဲ့ဖုန်း သူမသတင်းများဖတ်ဖူးထားမှန်း သိလိုက်ရတာကြောင့် ကုနင်းအံ့ဩသွားပေမည့် သူမဆိုင်ကို ဝင်လာကာစတုန်းက မမှတ်မိသည့်အကြောင်းကို ပြန်တွေးမိသွားသည်။

***

အခန်း ၇၄၅ မိန်းမတစ်ယောက်၏သတိပေးချက်

“အခု ယုံပြီလား?” ကုနင်း တုလဲ့ဖုန်းကို ကြည့်ကာမေးလိုက်သည်။

“ယုံတာပေါ့! မင်းနဲ့ယှဉ်ရင် သူတို့က ဘာမှတောင်မဟုတ်ဘူး။ မင်းနာမည်ကြားရုံနဲ့တောင် လှည့်ပြေးလောက်တယ်!”

ကုနင်း အလွန်နာမည်ကြီးလာတာကြောင့် သူမဘယ်လောက်အင်အားကြီးကြောင်းကိုလဲ လူတော်တော်များများသိနေကြပြီဖြစ်သည်။

အခုချိန်တွင် တုလဲ့ဖုန်းတစ်ယောက် သူ့ဘဝကို ပြောင်းလဲပေးနိုင်သည့် ကုနင်းနှင့်တွေ့ဆုံခွင့်ရ၍ ဂုဏ်ယူနေကာ ကံကောင်းသည်ဟု ခံစားနေရသည်။

“ငှားခကဘယ်လောက်လဲ?” ကုနင်းမေးလိုက်သည်။

“အဲ့ဒါက…” တုလဲ့ဖုန်း တော်တော်လေးတွေးနေခဲ့သည်။ ကုနင်းကသူ့ကိုအခွင့်ရေးကြီးပေးထားပြီးပြီဖြစ်တာကြောင့် ငှားခအများကြီး မယူနိုင်ပေ။

တုလဲ့ဖုန်း၏အတွေးကို ကုနင်းနားလည်တာကြောင့် တုလဲ့ဖုန်းပြန်မပြောခင် ကုနင်းအရင်ဆုံးစပြောလိုက်သည်။ “ဈေးကိုသာပြောလိုက်ပါ၊ ငါက လိမ်တာကိုမုန်းပေမယ့် သူများအပေါ် အမြတ်ထုတ်ရတာလဲ မကြိုက်ဘူး။”

ကုနင်းဘက်က ပွင့်ပွင့်လင်းလင်းပြောလာမှတော့ လဲ့တုဖုန်းလဲ အသင့်တော်ဆုံးဈေးနှုန်းကိုတွေးကာ ကမ်းလှမ်းလိုက်သည်။ ထို့နောက် သူတို့ငါးနှစ်စာ စာချုပ်ချုပ်လိုက်ကြသည်။ ထို့အပြင် ဝန်ထမ်းစာချုပ်ကိုလဲ ချုပ်ခဲ့ကြသေးသည်။ တုလဲ့ဖုန်းက Bမြို့ရှိရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်ခွဲ၏ ရှယ်ယာ၁၀ရာခိုင်နှုန်းနှင့် ဝန်ဆောင်ခ၁ရာခိုင်နှုန်းအပါအဝင် လစာယွမ်၁သောင်းရပေမည်။

သူသာ ယွမ်၁သန်းကျော်သည့် ရှေးဟောင်းပစ္စည်းအစစ်ကို ရောင်းရခဲ့ပါက ဝန်ဆောင်ခယွမ်၁သောင်းရပေလိမ့်မည်။

ဒါပေါ့ သူသာ လပေါင်းများစွာအတွင်း ရှေးဟောင်းပစ္စည်းအစစ်တစ်ခုတောင်မှ မရောင်းရနိုင်သလို ရက်ပိုင်းလောက်အတွင်း ယွမ်၁၀သန်းမကသည့် ရှေးဟောင်းပစ္စည်းအစစ်များစွာရောင်းခဲ့ရနိုင်ပေသည်။ ဝန်ဆောင်ခ၁ရာခိုင်နှုန်းက ရောင်းအားပေါ်သာ မူတည်ပေသည်။

ဘာပဲဖြစ်ဖြစ် Bမြို့ရှန်းယွင်ဆိုင်ခွဲ၏ရှယ်ယာ၁၀ရာခိုင်နှုန်းတောင် ရနိုင်သည့်အခြေအနေဖြစ်တာကြောင့် တုလဲ့ဖုန်းအတွက်တော့ အရမ်းကိုရက်ရောလွန်းသည့် ပေးဆောင်မှုဖြစ်ပေသည်။ ဒါ့အပြင် ရှေးဟောင်းပစ္စည်းအစစ်များများရောင်းရလေ သူငွေပိုရလေပင်။

ဒါတင်မကသေး ကုနင်းကလဲ အခွင့်အရေးရသည်နှင့် ရှန်းယွင်ဆိုင်အကြောင်း လူအများသိအောင် ကြော်ငြာပေးနေပေဦးမည်။

ယနေ့ခေတ်တွင် ရှေးဟောင်းပစ္စည်းအစစ်ရှာတွေ့ဖို့က ခက်နေပြီဖြစ်သည်။ ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်တွင် ရှေးဟောင်းပစ္စည်းအစစ်ရှိနေသ၍ ဆိုင်နာမည်ကြီးလာသည်နှင့် လူအများက ဝယ်ယူရန်ရောက်လာကြပေလိမ့်မည်။

တုလဲ့ဖုန်းကတော့ ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်နာမည်ကိုကြားကတည်းက မှင်သက်နေတာကြောင့် ဘာမှသိပ်မတွေးနိုင်တော့ပေ။

ရှေးဟောင်းပစ္စည်းလောကတွင် သူနှစ်ပေါင်းများစွာကျင်လည်ခဲ့တာကြောင့် နောက်ဆုံးရသတင်းများကို အမြဲတမ်းအာရုံထားခဲ့သည်။ ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်က မြို့တော်တွင်တည်ရှိခြင်းဖြစ်သော်လည်း Bမြို့ရှိရှေးဟောင်းပစ္စည်းနှစ်သက်သူများကတော့ ထိုဆိုင်၏ဂုဏ်သတင်းကောင်းကို ကြားဖူးနေကြပြီးဖြစ်သည်။

အတော်ကြာကြာက ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်ကို လေလံတင်ကာရောင်းလိုက်ကာနှင့် ပိုင်ရှင်အသစ်က ကောင်းမွန်စွာ ဆက်လက်ဖွင့်နိုင်ကြောင်း တုလဲ့ဖုန်းသတင်းကြားခဲ့သည်။ စာချုပ်မှာလက်မှတ်ထိုးစဉ်ကလဲ Bမြို့ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်ခွဲဆိုသည့်နေရာကို သူသတိထားမိခဲ့တာကြောင့် ရုတ်တရက်ဆိုသလို အတွေးတစ်ခုဝင်လာတော့သည်။

“ကုနတ်ဘုရားမ၊ မင်း-မင်းက ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်ရဲ့ပိုင်ရှင်လား?” တုလဲ့ဖုန်း အံ့အားသင့်စွာမေးလိုက်သည်။

“ဟုတ်ပါတယ်။” ကုနင်းကတော့ ပုံမှန်အတိုင်းတည်ငြိမ်နေစဲပင်။ “ငါ့မှာ ရှေးဟောင်းပစ္စည်းအစစ်တွေအများကြီးရှိနေတယ်၊ ဒါပေမယ့် အားလုံးကို မြို့တော်ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်မှာပဲ ထားလိုက်လို့မဖြစ်ဘူးလေ၊ ဒါကြောင့် Bမြို့မှာဆိုင်ခွဲဖွင့်ပြီးထားဖို့ စီစဉ်လိုက်တာ။”

ကုနင်းဘက်က အေးအေးဆေးဆေးပြောနေပေမည့် တုလဲ့ဖုန်းကတော့ အလွန်အံ့အားသင့်နေခဲ့သည်။ ရှေးဟောင်းပစ္စည်းများသည် အလွန်ဈေးကြီးကြတာကြောင့် သာမာန်ရှေးဟောင်းပစ္စည်းဆိုင်တစ်ဆိုင်တွင် ရှေးဟောင်းပစ္စည်းများစွာရှိဖို့က ခက်ခဲလှသည်။ သို့ပေမည့် ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်ကတော့ ဆိုင်ထဲတွင်ပဲ ရှေးဟောင်းပစ္စည်းအစစ်၁၀ခုမက ခင်းကျင်းပြသထားတာကြောင့် မြို့တော်မှ ရှေးဟောင်းပစ္စည်းချစ်မြတ်နိုးသူတို့ ထိတ်လန့်သွားခဲ့ရသည်။

ကုနတ်ဘုရားမက မယုံနိုင်လောက်အောင် ချမ်းသာတာပဲ!

စာချုပ်များတွင် လက်မှတ်ထိုးပြီးနောက် ကုနင်းက၊ “ဒီရက်ပိုင်းအတွင်း ဆိုင်ကိုရှင်းလင်းထားလိုက်ပါ၊ ပြီးတော့ ဆိုင်ထဲက လက်မှုပစ္စည်းအားလုံးကိုလဲ စာရင်းလုပ်ထားပါ၊ အဲ့ဒါတွေက မင်းအပိုင်ပဲ ငါမယူပါဘူး။”

တုလဲ့ဖုန်းက ကုနင်းကို ထိုပစ္စည်းများပေးလိုက်ဖို့ တွေးထားခဲ့ပေမည့် ကုနင်းဘက်က အလွန်ရက်ရောကာ မယူကြောင်းသိလိုက်ရတော့ ပိုလို့တောင်အံ့ဩသွားရသည်။

ကုနင်းကပဲ ဆက်ပြီး၊ “ပြီးတော့မှ ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်ရဲ့ အမှတ်အသားဓါတ်ပုံကို မင်းဆီပို့ပေးမယ်။ မင်းအဲ့ဒါကို ကြည့်ပြီး ‘Bမြို့ဆိုင်ခွဲ’ဆိုပြီး တူအောင်လုပ်လိုက်ပေါ့။”

“ကောင်းပါပြီ၊ ဘော့စ်။”

စာချုပ်မှာလက်မှတ်ထိုးပြီးသည်နှင့် သူတို့ကြားမှကွာခြားချက်ကို ပေါ်လွင်စေရန် တုလဲ့ဖုန်းက ကုနင်းကိုပြောင်းလဲခေါ်ဆိုလိုက်သည်။

ထို့နောက် ကုနင်း နှစ်စဉ်ငှားရမ်းခကို တုလဲ့ဖုန်းအားလွှဲပေးလိုက်သည်။

သူကလဲ ဆိုင်ခွဲမှာရှယ်ယာရှိနေတာကြောင့် စရန်ချဖို့မလိုအပ်ပေ။

ကုနင်းရှေးဟောင်းလမ်းမှထွက်လာပြီးနောက်တွင် တစ်ယောက်ယောက်က သူမနောက်ကို လိုက်လာကြောင်း သတိပြုမိလိုက်သည်။

“မိန်းကလေး၊ ခနနေပါဦး။” အသက်၄၀လောက်ရှိသည့် အမျိုးသမီးတစ်ဦးက သူမကိုတားလာသည်။

“ဘာများဖြစ်လို့လဲ?”

“မိန်းကလေး၊ အစောက တုလဲ့ဖုန်းနဲ့ သူ့ရှေးဟောင်းပစ္စည်းဆိုင်မှာ စာချုပ်ချုပ်နေတာတွေ့လိုက်တယ်။ မင်း သူ့ဆိုင်ကို မငှားတာပိုကောင်းမယ်၊ မဟုတ်ရင် မင်းပါ ပြဿနာထဲပါသွားလိမ့်မယ်။” ထိုအမျိုးသမီးက ကုနင်းအတွက်စဉ်းစားပေးသလိုနှင့် ပြောလာသည်။

သို့ပေမည့် ကုနင်းကတော့ ထိုအမျိုးသမီးအလွန်စေတာရှိတာကြောင့် ပြောလာသည်ဟု မမြင်မိဘဲ တုလဲ့ဖုန်း၏မိထွေးဖြေနေတာကြောင့် တုလဲ့ဖုန်း၏ဆိုင်ကို တခြားလူများမငှားအောင် တားနေသည်ဟုသာ တွေးမိသည်။

ဒီလိုဆိုလျှင်တောင် ကုနင်းပုံမှန်အတိုင်းပြန်မေးလိုက်စဲပင်။ “ဘာကြောင့်များလဲ?”

ထိုအမျိုးသမီးက အနားတစ်ဝိုက်ကို အကဲခတ်လိုက်ပြီးမှ ကုနင်းအနားသို့တိုးကပ်ကသွားကာ လေသံတိုးတိုးဖြင့်၊ “တုလဲ့ဖုန်းက ဂိုဏ်းတစ်ဂိုဏ်းကို အပြစ်ပြုထားတယ်။ သူ့ဆိုင်ကို ဘယ်သူပဲ ငှားငှား၊ လူမိုက်အဖွဲ့က အဲ့လူကို ပြဿနာလာရှာမှာ!” ထိုအမျိုးသမီးက ပြောရင်းနှင့်ပင်ကြောက်လန့်လာသလိုလုပ်ပြနေသည်။

သာမာန်လူတိုင်းသည် ဂိုဏ်းဆိုလျှင်ကြောက်ရွံ့ကြသည်။ ထိုအမျိုးကလဲ ကုနင်းလိုမိန်းမငယ်လေးဆိုလျှင် ထိုအကြောင်းကိုကြားသည်နှင့် ကြောက်ရွံ့ထိတ်လန့်သွားမည်ဟု ယုံကြည်ထားခဲ့ပေမည့် ကုနင်းက ပုံမှန်အတိုင်းအေးအေးလူလူပင်ရှိနေတာကြောင့် နားမလည်နိုင်ဖြစ်သွားတော့သည်။

ကုနင်းကိုကြောက်လန့်စေရန်အတွက် အမျိုးသမီးက ထပ်ပေါင်းပြောလိုက်သေးသည်။ “မင်းက အရမ်းလှပြီး ငယ်သေးတယ်။ အဲ့လူမိုက်တွေသာ မင်းသူတို့ကို ဆန့်ကျင်တဲ့အပြုအမူမျိုးလုပ်ရဲ့တာ သိသွားရင် မင်းကိုဖျက်ဆီးဖို့ ဘာမဆိုလုပ်ကြလိမ့်မယ်!”

***

All Chapters