← Chapters

သူက သေမှာမဟုတ်တော့ဘူး

Vol. 158 Ch. 2370

သူက သေမှာမဟုတ်တော့ဘူး

Vol. 158 Ch. 2370

မိစ္ဆာမဟာနယ်မြေ၏ ဗဟိုချက်ဒေသ..

နှစ်ပေါင်းထောင်ချီအတွင်း လျင်မြန်စွာ မြင့်မားတိုးတက်လာသော ကမ္ဘာမြေအဆင့်ဂိုဏ်း မိုးကြိုးလေပြေနန်းတော်သည် ယခုအခါ သေရေးရှင်ရေး အခြေအနေနှင့် ရင်ဆိုင်နေရပြီး လဲပြိုကျတော့မည့်ဆဲဆဲ ဖြစ်၏။

မိစ္ဆာမဟာနယ်မြေမှာ ဤကဲ့သို့သော ဖြစ်ရပ်များက သိပ်ပြီး ထူးဆန်းမနေပေ။

အထူးအဖြင့် သွေးရောင်လွှမ်းနေသော ဗဟိုချက်ဒေသမှာဖြစ်၏။ မိုးကြိုးလေပြေနန်းတော်ကဲ့သို့ မရေမတွက်နိုင်သောဂိုဏ်းများနှင့် အဖွဲ့အစည်းများက အချိန်မြစ်ထဲမှာ ဖျက်ဆီးခံခဲ့ရပြီး တဖြည်းဖြည်း အခြားသူများက မေ့ပျောက်သွားကြပေလိမ့်မည်။

မိုးကြိုးလေပြေနန်းတော်က ထိန်းချုပ်ထားခဲ့သည့် ပိုင်နက်နယ်မြေများကို မိစ္ဆာစစ်တပ် ၁၈တပ်က သိမ်းပိုက်ထားခဲ့ပြီဖြစ်၏။

ယခုအချိန်မှာ မိုးကြိုးလေပြေနန်းတော် တစ်ခုထဲသာ ကျန်တော့လေသည်။

ခန်းမက လဲပြိုကျတော့မည့်ဆဲဆဲဖြစ်ပြီး ယိုယွင်းပျက်စီးနေ၏။ သို့သော် သန်မာသောမိစ္ဆာတစ်သန်းစစ်တပ်က တစ်နေ့လုံး ၀ိုင်းပတ်ပိတ်ဆို့တိုက်ခိုက်ခဲ့သော်လည်း အဲ့ဒါကို အပြီးသတ် လှဲမချနိုင်သေးပေ။

အကြောင်းမှာ ခန်းမထဲတွင် နောက်ဆုံးလူတစ်ယောက်က မတ်တပ်ရပ်နေသောကြောင့်ဖြစ်သည်။

မိုးကြိုးဧကရာဇ် ဖုန့်စန်းထျန်..

ခန်းမ၏ ဘေးပတ်လည်က သွေးရောင်တောင်တန်းများနှင့်တူသော အလောင်းများဖြင့် စုပုံထပ်နေ၏။ သူတို့က အနည်းဆုံး အရေအတွက်သောင်းချီရှိလေသည်။

ထိုအလောင်းများကြားမှာ ကမ္ဘာမြေအင်မော်တယ်များ၊ ကောင်းကင်အင်မော်တယ်များနှင့် ပကတိမိစ္ဆာပညာရှင်များပါ ပါ၀င်နေ၏။

ဖုန့်စန်းထျန်က ဒဏ်ရာများနှင့် သွေးများ အလိမ်းလိမ်း အလူးလူးဖြင့် ခန်းမထဲမှာ မတ်တပ်ရပ်နေ၏။ သို့သော်လည်း သူ၏ ခန္ဓာကိုယ်က သူ့ဘေးမှာရှိသော နတ်ဆိုး နှိမ်နင်းလှံကဲ့သို့ ဖြောင့်မတ်နေ၏။

နေက အနောက်အရပ်သို့ ၀င်နေလေပြီ။

ဆည်းဆာရောင်ခြည်က ယိုယွင်းပျက်စီးနေသော ခန်းမဘေးပတ်၀န်းကျင်ရှိ အလောင်းများနှင့် ဖုန့်စန်းထျန်ပေါ်သို့ ဖြာဆင်းလာပြီး သွေးသံရဲရဲ ထိုလူကို အထီးကျန်စွာနှင့် ၀မ်းနည်းနေသည့်ပုံပေါ်နေစေ၏။

တဖြည်းဖြည်း၀င်သွားသောနေသည် မကြာမီ အဆုံးသတ်တော့မည့် မိုးကြိုးလေပြေနန်းတော်နှင့် ဖုန့်စန်းထျန်၏ ကံကြမ္မာကို ကိုယ်စားပြုပေးနေပုံရသည်။

ဖုန့်စန်းထျန်၏ ခန္ဓာကိုယ်ပေါ်မှာ သွေးများက အဆက်မပြတ်စီးကျနေပြီး ခပ်ဖျော့ဖျော့အသံနှင့်အတူ ခန်းမထဲမှာ တစ်စက်စက်ကျနေသည်။

သူ၏ ချုံးချုံးကျနေသာ ခန္ဓာကိုယ်က ဆိုးဆိုး၀ါး၀ါးပုံပေါက်၍ အားနည်းနေ၏။

သို့သော်လည်း မိစ္ဆာတစ်သန်းစစ်တပ်က အရမ်းကာရောဖြင့် ရှေ့သို့တက်လှမ်းလာရဲခြင်းမရှိပေ။

အဲ့ဒီမှာ ပကတိမိစ္ဆာပညာရှင်အရေအတွက် ရာချီရှိနေသည်ဆိုလျှင်တောင် သူတို့ထဲ မည်သူကမှ အလျင်စလို မပြုမူရဲကြပေ။

မဆင်မခြင်ပြုမူခဲ့သော ထိုသူများသည် မိုးကြိုးလေပြေနန်းတော်ရှေ့မှာ ကျဆုံး၍ အေးစက်နေသော အလောင်းများအဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်၏။

ယန်ကျစ် ၊ နတ်မိမယ်ခရမ်းရောင်မြစ်၊ နဂါးမိစ္ဆာနှင့် မိစ္ဆာဆေဘာလီပိုထျန်တို့ကလွဲရင် ပကတိမိစ္ဆာများထဲ မည်သူကမျှ ဖုန့်စန်းထျန်၏ တိုက်ခိုက်မှုများကို မခုခံနိုင်ပေ။

ထိုစဥ်မှာပင် မိစ္ဆာတစ်သန်းစစ်တပ်ထဲမှ ရုတ်ရုတ်သဲသဲ အသံတစ်ချို့ ထွက်ပေါ်လာ၏။

ပကတိမိစ္ဆာ အဆင့်သတ်မှတ်ချက်ပေါ်မှ ပကတိမိစ္ဆာလေးဦးက တစ်ချိန်ထဲမှာပင် ပေါ်ထွက်လာကြ၏။

“ဖုန့်စန်းထျန် အညံ့ခံလိုက် ငါစိတ်ရှည်တာက အကန့်သတ်ရှိတယ်။”

စကားပြောနေသောသူက အနက်ရောင်၀တ်ရုံကို ၀တ်ဆင်ထားပြီး သူ၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေခဲ့၏။ သူ၏ မျက်လုံးများက မကောင်းဆိုး၀ါးဆန်၍ ကြောက်စရာကောင်းနေပြီး သူ့ထံမှ ထိတ်လန့်စရာ အော်ရာတစ်ခု ဖြာထွက်နေသည်။

အဲ့ဒါက အန္တိမ ပကတိမိစ္ဆာ ယန်ကျစ်ဖြစ်လေသည်။

ယန်ကျစ်သည် ငရဲမှာ ယမမင်း၏ အမွေအနှစ်ကို ရရှိခဲ့သည်ဟု ဆိုကြလေသည်။ သူမွေးဖွားလာသည့် အချိန်မှာပင် ကြောက်စရာကောင်းသော မိစ္ဆာအရိပ်များဖြင့် ပြည့်နှက်နေသည့် နိမိတ်ဖြစ်စဥ်တစ်ခုက တွဲဖက်ပေါ်ထွက်လာခဲ့သည်။

ယန်ကျစ်မွေးဖွားလာစဥ်က သူသည် ငိုကြွေးခြင်း သို့မဟုတ် ဂျီကျခြင်း မရှိခဲ့ပေ။ ယင်ယန်မျက်လုံးနှင့်အတူ မွေးဖွားလာပြီး သူက တစ္ဆေသရဲများကို နှိမ်နင်းနိုင်ကာ ထူးဆန်းသော ဓမ္မအစီရင်များစွာကို ပိုင်ဆိုင်ထားသည်။

ဖုန့်စန်းထျန်က အထင်သေးစွာမေးလိုက်၏။

“မင်းလိုလူကြောင့်လား...”

တစ်မူထူးခြားစွာ အရပ်အမောင်း မြင့်မား၍ ဗလတောင့်တင်းသော အမျိုးသားတစ်ယောက်က ရုတ်တရက် လေးနက်သော အသံဖြင့် ပြောလိုက်၏။

“ဖုန့်စန်းထျန် ငါတို့လေးယောက်က ငါတို့ရဲ့ခွန်အားအပြည့်နဲ့ တိုက်ခိုက်မယ်ဆိုရင် မင်းက အခုချိန်ထိ အသက်ရှင်ဦးမယ်ထင်လို့လား”

ထိုလူ၏ အရပ်က ပေလေးဆယ်၀န်းကျင်ရှိပြီး သူ၏ လည်ပင်းက ရွှေရောင်ကြေးခွံများဖြင့် ပြည့်နှက်နေသည်။ သူ၏ အသံက မိုးခြိမ်းသံနှင့်တူလေသည်။ အဲ့ဒါသည် ပကတိမိစ္ဆာအဆင့်သတ်မှတ်ချက်တွင် အဆင့်-၆ ၀င်သော နဂါးမိစ္ဆာဖြစ်၏။

“မင်းတို့တွေက မင်းတို့ရဲ့ ခွန်အားကုန်နဲ့ တိုက်ခိုက်လို့ရတယ်”

ဖုန့်စန်းထျန်က အေးစက်စွာ ပြောလိုက်၏။

“ဒါပေမဲ့ ငါမသေခင် ငါက မင်းတို့ထဲက တစ်ယောက်ကို သေချာပေါက် အပါဆွဲခေါ်သွားနိုင်တယ်။”

သူတို့လေးယောက်က အမူအရာ ကင်းမဲ့နေကြသည်။ ဖုန့်စန်းထျန်မှာ ထိုကဲ့သို့သောအစွမ်းက တကယ်ရှိလေသည်။

သူတို့သည် အန္တိမပကတိအင်မော်တယ်ကို သတ်ဖြတ်လိုသည်ဆိုလျှင် သူတို့က မြင့်မားသော တန်ဖိုးတစ်ခုကို ပေးဆပ်ရပေမည်။

ယခင်က သူတို့လေးယောက်သည် ဖုန့်စန်းထျန်ကို သူတို့၏ ခွန်အား အပြည့်အ၀နှင့် တိုက်ခိုက်ရဲခဲ့ခြင်းမရှိဘဲ ထိန်ချန်ထားခဲ့သည်မှာ သူတို့သည် ထိုသူ၏ မသေခင် နောက်ဆုံးအကြိမ် ရုန်းကန်တိုက်ခိုက်မှုကို စိုးရိမ်နေကြသောကြောင့်ဖြစ်သည်။

“ဖုန့်စန်းထျန် မင်းက မင်းရဲ့ အထွတ်အထိပ်အခြေအနေမှာ ရှိနေမယ်ဆိုရင် မင်းကတန်ပြန်တိုက်ခိုက်ဖို့အတွက် တကယ်ပဲ ခွန်အားရှိလိမ့်မယ်။”

လီပိုထျန်က နက်မှောင်နေသောဆေဘာကို ကိုင်ဆွဲပြီး သူ၏ ခေါင်းကို ခါရမ်းလိုက်သည်။

“ဒါပေမဲ့ မင်းရဲ့သွေးချီက အခုချိန်မှာ အရမ်းကို အားနည်းနေပြီ။ မင်းက ဒဏ်ရာ အပြင်းထန်လည်း ရရှိထားတယ်။ မင်းရဲ့ တိုက်ခိုက်ရေးခွန်အားက ငါးဆယ်ရာခိုင်နှုန်းတောင် မကျန်တော့ဘူး။ မင်းက ငါတို့ကို သတ်ဖြတ်ချင်သေးတယ်ပေါ့။”

“အဲ့ဒါဆိုလည်း မင်းဘာလို့ စမ်းမကြည့်တာလဲ။”

ဖုန့်စန်းထျန်က မျက်ခုံးအနည်းငယ်ပင့်လိုက်ပြီး သူ၏ မျက်လုံးထဲရှိ သတ်ဖြတ်လိုစိတ်က ပေါက်ကွဲထွက်ပေါ်လာ၏။ သူ့ဘေးတွင်ရှိသော နတ်ဆိုးနှိမ်နင်းဓားက သူ့သခင်၏ ဆုံးဖြတ်ချက်ပြတ်သားမှုကို အာရုံခံမိသွားပုံရပြီး တစီစီ အော်မြည်နေ၏။

“ဟီးဟီး”

အလွန်တရာချောမောလှပသော အမျိုးသမီးတစ်ဦးက ရယ်မောလိုက်၏။

“ခေါင်းဆောင်ယန် သူ့ကိုချိုးနှိမ်ဖို့ စဥ်းစားမနေနဲ့တော့ ။ အဲ့လူက တော်တော် ခေါင်းမာတယ်။ သူ့ကိုသတ်လိုက်တာပဲ ပိုကောင်းမယ်။”

“ကိစ္စတွေကို မြန်မြန်အဆုံးသတ်ရအောင်။ ငါက မစားရတာ တော်တော်ကြာသွားပြီ။ ငါအရမ်းကို ဆာလောင်နေပြီ။”

ခရမ်းရောင်၀တ်အမျိုးသမီးက ပကတိမိစ္ဆာအဆင့်သတ်မှတ်ချက်ပေါ်မှ နတ်မိမယ်ခရမ်းရောင်မြစ် ဖြစ်လေသည်။

နတ်မိမယ် ခရမ်းရောင်မြစ်က အလွန်တစ်ရာချောမောပြီး သူမ၏ အသားအရည်က ချောမွတ်နေ၏။ သူမထံမှ မျက်မှောင်တစ်ချက်ကြုတ်ခြင်း သို့မဟုတ် အပြုံးတစ်ချက်က လူတိုင်း၏ စိတ်နှလုံးကို လှုပ်ခတ်သွားစေနိုင်သည်။

သို့သော်လည်း လက်ရှိ မိစ္ဆာတစ်သန်းစစ်တပ်သည် နတ်မိမယ် ခရမ်းရောင်မြစ်ကို ဖော်မပြတတ်သော အကြောက်တရားတစ်ခုနှင့် ကြည့်နေကြသည်။

ဖုန့်စန်းထျန်၏ အကြည့်က မိုးကြိုးလျှပ်စီးကဲ့သို့ ၀င်း၀င်းလက်နေ၏။ သူ၏ ခန္ဓာကိုယ်က ချုံးချုံးကျနေသော်လည်း သူ၏ စွမ်းပကားက လျော့ကျသွားခြင်းမရှိပဲ အော်ပြောလိုက်၏။

“စုန်းအိုမ နင်က လူမဆန်အောင် ရက်စက်ယုတ်မာလွန်းတယ်။ နောက်ပြီးကျရင် ငါနင့်ကို အရင်သတ်မယ်။”

“နင်ငါ့ကို ဘယ်လိုခေါ်လိုက်တယ်”

နတ်မိမယ်ခရမ်းရောင်မြစ်၏ အသံက အေးစက်လာခဲ့သည်။

ဖုန့်စန်းထျန်က အေးစက်စွာ ပြောလိုက်သည်။

“စုန်းအိုမ နင့်ရဲ့မျက်နှာက ပါးရေနားရေတွေတွန့်ပြီး နင်က နှောင်းပိုင်းအရွယ်ကို ၀င်ရောက်နေတာ ကြာခဲ့ပြီ။ နေ့တိုင်း နင်က အချင်းတွေကို စားသုံးပြီး အောက်လမ်းလျှို့၀ှက်အတတ်တစ်ခုနဲ့ နင့်ရဲ့ နုပျိုမှုကို ထိန်းသိမ်းထားတာ ငါသိတယ်။”

“ဒီနှစ်တွေထဲမှာ မရေမတွက်နိုင်တဲ့ အမျိုးသမီးတွေက နင့်လက်ထဲမှာ သေဆုံးခဲ့ရတယ်။ မရေမတွက်နိုင်တဲ့ ကလေးငယ်တွေက သူတို့ မွေးဖွားမလာခင်မှာတင် နင့်လက်ချက်နဲ့ သေဆုံးခဲ့ရတယ်။ ငါက နင့်ကို အပိုင်းပိုင်းစုတ်ဖြဲပစ်မယ်ဆိုရင်တောင် လွန်ကျူးရာကျမှာမဟုတ်ဘူး။”

အချင်းများသည် အမျိုးသမီးများ၏ သားအိမ်များထဲမှာရှိနေသည်။

နတ်မိမယ်ခရမ်းရောင်မြစ်က ငယ်ရွယ်၍ ချောမောလှပသည့်ပုံပေါ်သော်လည်း သူမက တကယ်တော့ အဖွားကြီးအိုတစ်ယောက်ဖြစ်၏။

နေ့စဥ်နေ့တိုင်း သူမသည် သတ်ဖြတ်ဖို့အတွက် ကိုယ်၀န်ဆောင် အမျိုးသမီးငယ်တစ်ယောက်ကို ရှာဖွေနေတတ်၏။ ထိုသူ၏ အချင်းကို ဖြုတ်ယူ၍ စားသုံးခြင်းဖြင့် သူမသည် လျှို့၀ှက်အတတ် တစ်ခုကနေတစ်ဆင့် သူမ၏ နုပျိုမှုကိုထိန်းသိမ်းကာ သူမ၏ သွေးချီကို စုဖွဲ့နိုင်ထားသည်။

သန္ဓေသားများကတော့ သူတို့သည် အချင်း၏ ကာကွယ်မှုမရှိပဲ သိပ်မကြာခင် သေဆုံးသွားပေမည်။

အဲ့ဒါကို တစ်နှစ်မှာတစ်ခါသာ စားသုံးမည်ဆိုရင်တောင် နှစ်ပေါင်းသိန်းချီ ကာလအတွင်း နတ်မိမယ် ခရမ်းရောင်မြစ်၏ လက်ထဲမှာ သေဆုံးခဲ့ရသော အမျိုးသမီးငယ်များနှင့် သန္ဓေသားများ၏ အရေအတွက်က အလွန်တရာ ကြောက်စရာကောင်းနေပြီဖြစ်၏။

“သတ်”

ဖုန့်စန်းထျန်က နတ်မိမယ် ခရမ်းရောင်မြစ်ကို စိုက်ကြည့်လိုက်ပြီး သူ၏ ဘေးမှ နတ်ဆိုးနှိမ်နင်းလှံတံကို ဆွဲထုတ်လိုက်၏။ သူက အရင်စတင်၍ လေဟာနယ်ကနေတစ်ဆင့် သူ၏လှံကို ပစ်ထုတ်လိုက်သည်။

“တိုက်ကြ”

ယန်ကျစ်က အေးစက်စွာ အော်ပြောလိုက်၏။

“ဘုန်း..”

သွေးစွန်းနေသော ဧရာမ သံချိန်းကြိုး တစ်ခုက ယန်ကျစ်၏ လက်ထဲမှာ ပေါ်ထွက်လာ၏။ အနက်ရောင်ချီက ဖြန့်ကျက်သွားပြီး လေထုကို စုတ်ဖြဲကာ နတ်ဆိုးနှိမ်နင်းလှံကို ရစ်ပတ်၍ အဲ့ဒါကို ချုပ်နှောင်လိုက်သည်။

နဂါးမိစ္ဆာက မာန်သွင်းအော်ဟစ်ပြီး သူ၏ သွေးချီကို လှည့်ပတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်က ပေတစ်ရာအမြင့်ထိပြန့်ကားသွားပြီး သူက နဂါးတစ်ပိုင်းလူတစ်ပိုင်းသွင်ပြင်သို့ ပြောင်းလဲလိုက်၏။ သူ၏ နဂါးလက်သည်းများကို ဝှေ့ယမ်းပြီး ဖုန်စန်းထံသို့ ပြေး၀င်သွားလေသည်။

“ဝေါ..”

လီပိုထျန်၏ ခုတ်ချက်က လောကကို စုတ်ဖြဲ ပစ်လိုက်ပုံရ၏။

နတ်မိမယ်ခရမ်းရောင်မြစ်က ခပ်စူးစူးအော်ပြီး ဖုန်စန်းထျန်ထံသို့ လက်ညှိုးထိုးလိုက်သည်။ နံဟောင်နေသော ခရမ်းရောင်မြစ်တစ်စင်းက တစ်လိပ်လိပ် ထိုးတက်လာပြီး မရေမတွက်နိုင်သော တစ်ပိုင်းတစ်ပြတ် တစ္ဆေကလေးငယ်များက အထဲမှာ လွင့်မျောနေ၏။

“ဘန်း ဘန်း ဘန်း”

ဖုန့်စန်းထျန်က နတ်ဘုရားစွမ်းများနှင့် လျှို့၀ှက်အတတ်များကို တစ်ခုပြီး တစ်ခုထုတ်ဖော်ပြီး ပကတိမိစ္ဆာလေးဦးနှင့် ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်ကာ ကျယ်လောင်သော အသံများက ထွက်ပေါ်လာသည်။

ခန်းမအတွင်းမှာ ပုံရိပ်တစ်ခုက လဲကျသွား၏။

ဖုန့်စန်းထျန်က သွေးများကို ထွေးထုတ်လိုက်ရပြီး သူ၏ ခန္ဓာကိုယ်က ဖြူဖပ်ဖြူရော်ဖြစ်နေ၏။ သူက နတ်ဆိုးနှိမ်နင်းလှံနှင့်အတူ သူ၏ ခန္ဓာကိုယ်ကို အနိုင်နိုင်ထိန်းထားရ၏။

သူ၏ ခန္ဓာကိုယ်က ခရမ်းရောင်မြစ်၏ ညစ်ညမ်းသောရေများဖြင့် စွန်းထင်းနေဆဲဖြစ်ပြီး သူ၏ အသားများက အဆက်မပြတ် တိုက်စားခံနေရ၏။ တစ္ဆေကလေးငယ်တစ်ချို့က သူ၏ ခန္ဓာကိုယ်ပေါ်မှာ တွဲလောင်းချိတ်ဆွဲနေပြီး သူ၏ အသားများနှင့် အရွတ်များကို ကိုက်ခဲ၀ါးမျိုနေ၏။

“ဟီးဟီး”

မိစ္ဆာဆေဘာလီပိုထျန်က စိတ်သက်သာရာရသွားပြီး လှောင်ရယ်လိုက်၏။

“မင်းအိတ်ကပ်ထဲမှာ ဘာ၀ှက်ဖဲတွေရှိဦးမလဲလို့ ငါကစဥ်းစားနေတာ။ လက်စသတ်တော့ မင်းက လမ်းဆုံးကို ရောက်နေပြီပဲ။ မင်းက ရိုက်ချက်တစ်ချက်ကိုတောင် ခံနိုင်ရည်မရှိတော့ဘူး။”

“ဖုန့်စန်းထျန်.. ငါမင်းကို နောက်ဆုံးအခွင့်ရေးပေးမယ်”

ယန်ကျစ်က လေးနက်သော အသံဖြင့် ပြောလိုက်၏။

“အခုချက်ချင်း အညံ့ခံလိုက် ငါမင်းအသက်ကို ချမ်းသာပေးမယ်။”

“ဟားဟားဟား”

ဖုန့်စန်းထျန်က အကြောက်အလန့် ကင်းမဲ့စွာဖြင့် ဟားတိုက်ရယ်မောလိုက်၏။

“ငါက တိုက်ပွဲမှာ သေရမယ်ဆိုရင်တောင် ငါက ဂုဏ်သိက္ခာမဲ့စွာနဲ့ ဘယ်တော့မှ ဦးညွှတ်မှာမဟုတ်ဘူး”

ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာတုန်းက သူသည် သူ့ရှေ့မှာရှိသော အန္တိမပကတိမိစ္ဆာထက် အဆတစ်ရာ ပိုမိုသန်မာသည့် ရန်သူများနှင့် ရင်ဆိုင်ခဲ့ရ၏။ သို့သော်လည်း သူက အညံ့မခံခဲ့ပေ။

ယခုသူ့ရှေ့မှာရှိသော အရာများက သူ့ကို ဘယ်လိုလုပ် အညံ့ခံစေနိုင်ပါ့မလဲ။

ယန်ကျစ်၏ အကြည့်က အေးစက်လာပြီး သူ၏ ရင်ထဲရှိ သတ်ဖြတ်လိုစိတ်ကို ဖိနှိမ်မထားတော့ပဲ သူကဖြေးဖြေးချင်းပြောလိုက်သည်။

“မင်းက သေချင်နေတယ်ဆိုမှတော့ ငါက မင်းရဲ့ ဆန္ဒကို ဖြည့်ပေးရတာပေါ့”

ထိုစဥ်မှာပင် အဝေးတစ်နေရာကနေ အသံတစ်သံ ထွက်ပေါ်လာ၏။

“ဒီနေ့ ငါရောက်လာမှတော့ သူက သေတော့မှာ မဟုတ်ဘူး”

All Chapters