← Chapters

ပြန်လည်ရောက်ရှိလာခြင်း

Vol. 158 Ch. 2356

ပြန်လည်ရောက်ရှိလာခြင်း

Vol. 158 Ch. 2356

ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှာ...။

လျှို့ဝှက်စံအိမ်တစ်ခု၏ အပေါ်ဆုံးထပ်ရှိ လျှို့ဝှက်ခန်းတစ်ခုထဲမှာ ဆေးနံ့က ပျံ့လွင့်နေ၏။

လူအိုကြီးရွှမ်က ညောင်စောင်းတစ်ခုပေါ်မှာ တင်ပျဥ်ခွေထိုင်ပြီး သူ၏ မျက်လုံးနှစ်ဖက်ကို မှိတ်ကာ အနားယူနေ၏။

သူက အနည်းငယ်ဖြူဖပ်ဖြူရော်ဖြစ်နေသည့်ပုံပေါ်ပြီး သူ၏ အော်ရာက အားနည်းနေ၏။

ရုတ်တရက်ဆိုသလို တစ်စုံတစ်ယောက်က လျှို့ဝှက်ခန်းထဲမှာ ပေါ်ထွက်လာခဲ့၏။

အဲ့ဒါက တက္ကသိုလ်၏ ဂိုဏ်းချုပ်ဖြစ်၏။

“ဒီရက်ထဲ အားဖြည့်ပြီးတဲ့နောက် မင်းဘယ်လိုခံစားရသေးလဲ”

တက္ကသိုလ်၏ ဂိုဏ်းချုပ်က မေးလိုက်၏။

“ငါ.. လောလောဆယ်တော့ မသေလောက်သေးပါဘူး”

သူ၏ မျက်လုံးနှစ်ဖက်ကို ဖွင့်ကြည့်ခြင်းမရှိဘဲ လူအိုကြီးရွှမ်က သာမန်ကာလျှံကာပြောလိုက်၏။

“ဟိုကောင်လေး ဆူဇီမိုသတင်းရော ဘာကြားသေးလဲ”

“သူက အဝီစိကို ဝင်သွားလောက်ပြီ... ဒါပေမဲ့ သူ့ရဲ့ကံကြမ္မာက ဘာမှန်းမသိရသေးဘူး”

တက္ကသိုလ်၏ ဂိုဏ်းချုပ်က ပြန်ဖြေလိုက်၏။

“ဒီရက်တွေထဲ အဝီစိကနေတစ်ယောက်ယောက် ထွက်လာတာရှိလား”

လူအိုကြီးရွှမ်က ထပ်မေးလိုက်၏။

“မရှိဘူး”

တက္ကသိုလ်၏ ဂိုဏ်းချုပ်က သူ၏ ခေါင်းကို ညင်သာစွာခါပြလိုက်၏။

“မင်းကြည့်ရတာ စိုးရိမ်တဲ့ပုံလည်းမပေါ်ဘူး”

လူအိုကြီးရွှမ်သည် သူ၏ မျက်လုံးနှစ်ဖက်ကို ဖွင့်မကြည့်သော်လည်း သူက ဂိုဏ်းချုပ်၏ စိတ်ကို ဖတ်မိနိုင်ပုံရ၏။

“စိုးရိမ်နေလို့လည်း အလကားပဲ”

တက္ကသိုလ်၏ ဂိုဏ်းချုပ်က ပြောလိုက်၏။

“နောက်ပြီး ငါစောစောကတင် ဆူဇီမိုကို ဗေဒင်တွက်ကြည့်ထားတယ်... သူက သူ့ရဲ့ကံကြမ္မာဆိုးကို ကောင်းချီးမင်္ဂလာအဖြစ် ပြောင်းလဲနိုင်​တော့မယ့်ပုံပဲ”

“အဲ့ဒါဆိုရင်တော့ ကောင်းတာပေါ့”

လူအိုကြီးရွှမ်က ခေါင်းညိတ်လိုက်၏။

လျှို့ဝှက်ခန်းက နောက်တစ်ဖန်တိတ်ဆိတ်ငြိမ်သက်သွား၏။

ခဏနေပြီးနောက် လူအိုကြီးရွှမ်က ရုတ်တရက်မေးလိုက်၏။

“မင်းက... ဟိုမျက်ခုံးမွေးရှည်ရှည်နဲ့ ဘုန်းကြီးအိုအကြောင်းရော ဘာရှာတွေ့သေးလဲ”

“ငါမပြောတတ်ဘူး... ငါသူ့ကို သူ့ကို ဘယ်လိုမှ တွက်ချက်လို့မရဘူး”

ဂိုဏ်းချုပ်က သူ၏ ခေါင်းကို ညင်သာစွာခါပြလိုက်၏။

“အကြည့်တစ်ချက်နဲ့ ငါ့ရဲ့ကောင်းကင်လိုဏ်ဂူကို ထွင်းဖောက်မြင်နိုင်တဲ့သူကို မင်းမတွက်ချက်နိုင်တာ သိပ်တော့မထူးဆန်းဘူး”

ထိုသို့ပြောပြီးနောက် လူအိုကြီးရွှမ်က ထပ်မံ၍မမေးတော့ဘဲ ဆက်လက်၍အနားယူအားဖြည့်နေ၏။

ခဏနေပြီးနောက် လူအိုကြီးရွှမ်က မည်သည့်စကားမှမဆိုတော့သည့်အခါ ဂိုဏ်းချုပ်က လှည့်ထွက်သွား၏။

ထိုအခါမှသာ လူအိုကြီးရွှမ်က သူ၏ မျက်လုံးနှစ်ဖက်ကို ဖြည်းဖြည်းချင်းဖွင့်ပြီး ဂိုဏ်းချုပ်ပျောက်ကွယ်သွားရာဘက်ကို မှင်သေသေဖြင့် ကြည့်နေ၏။ သူက အလေးအနက်စဥ်းစားတွေးတောကာ ခဏမျှကြည့်နေ၏။

အတန်ကြာပြီးနောက် လူအိုကြီးရွှမ်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး သူ၏ မျက်လုံးနှစ်ဖက်ကိုမှိတ်ကာ ဆက်လက်၍ကုသနေ၏။

.........

တက္ကသိုလ်၏ အတွင်းဂိုဏ်း၊ ဖန့်ချင်းယွင်၏ လိုဏ်ဂူခန်းဝါထဲမှာ...။

ဖန့်ချင်းယွင်က အလယ်မှာထိုင်နေပြီး သူ၏ နှာရောင်ကို ညင်သာသွာပွတ်သပ်ကာ အလေးအနက်စဥ်းစားတွေးတောနေ၏။

“စီနီယာအစ်ကိုဖန့်... ခင်ဗျားစိတ်ထဲမှာ တစ်ခုခုရှိလို့လား”

မလှမ်းမကမ်းမှာ စကားပြောလိုက်သောသူက တက္ကသိုလ်၏ အတွင်းဂိုဏ်းတပည့်တစ်ယောက်ဖြစ်၏။

သူက ချန်ချီဟုအမည်ရသော အဆင့်-၆ ကောင်းကင်အင်မော်တယ်တစ်ယောက်ဖြစ်၏။ သူသည် ဖန့်ချင်းယွင်နှင့် အတော်လေး ရင်းနှီးမှုရှိလေသည်။

ဖန့်ချင်းယွင်က တစ်စုံတစ်ရာနှင့်ပတ်သက်၍ တကယ်ပင်အခက်တွေ့ပြီး ဂနာမငြိမ်ဖြစ်နေ၏။

မဟာထျဲဝေတောင်ပေါ်မှာ အဖွဲ့အစည်းလေးခုသည် ရှင်းလင်းခံခဲ့ရပြီး ထန်ပန်ပင်လျှင်သေဆုံးခဲ့ရသည်ဟု လွန်ခဲ့သည့်ရက်အနည်းငယ်က မင်းသားယွမ်ကျောထံမှ သူက သတင်းလက်ခံရရှိခဲ့၏။

ဆူဇီမိုက အဝီစိသို့ ထွက်ပြေးသွားပြီး အခြားသူများက သူ့နောက်သို့ပြေးလိုက်သွားခဲ့ကြ၏။

ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း သူတို့ထံမှ မည်သည့်သတင်းမှရရှိမလာဘဲ သူတို့အားလုံးက သေဆုံးသွားကြလောက်ပြီ ကောက်ချက်ချနိုင်သည်။

ဒါ့အပြင် အချိန်ကြာလာသည်နှင့်အမျှ အဝီစိသို့ ဝင်​ရောက်သွားသော မည်သည့်ကျင့်ကြံသူကမှ အသက်ရှင်လျက်ပြန်ထွက်မလာနိုင်သည်ကို ကောင်းကင်ဘုံကမ္ဘာ၏ အမျိုးမျိုးသောအဖွဲ့အစည်းများက တဖြည်းဖြည်းနားလည်သဘောပေါက်လာကြ၏။

အဝီစိသည် ထောင်ချောက်တစ်ခုဖြစ်နိုင်သည်ဟု ပညာရှင်များစွာက တဖြည်းဖြည်း နားလည်သဘောပေါက်လာပြီး သူတို့၏ တပည့်ဂိုဏ်းသားများကို ထပ်မံ၍ စူးစမ်းရှာဖွေမှုမပြုလုပ်ရန် တားမြစ်လိုက်ကြ၏။

ဆူဇီမိုက အဝီစိသို့ ထွက်ပြေးသွားမည်ဆိုလျှင် သူက သေသွားလောက်လေပြီ။ သို့သော်လည်း ဤတစ်ခေါက်ပေးဆပ်ရသောတန်ဖိုးက အရမ်းကိုကြီးမား၏။

ထန်ပန်သည် အတွင်းဂိုဏ်းမှာ သူ၏ နောက်သို့ နှစ်ပေါင်းများစွာလိုက်ပါလာခဲ့၏။ ယခုသူက အပြင်မှာသေဆုံးခဲ့ရ၏။

ဖန့်ချင်းယွင်က ဝမ်းနည်းသွားသည့်တစ်ချိန်တည်းမှာပင် သူက စိတ်သက်သာရာရမှုကိုလည်း ခံစားလိုက်ရ၏။

အစကတော့... သူတို့သည် အဆင့်-၂ ကောင်းကင်အင်မော်တယ်တစ်ယောက်ကို ကိုင်တွယ်ဖို့အတွက် သေချာပေါက် စိတ်ချရသည်ဟု သူကတွေးခဲ့၏။ ထို့ကြောင့်ပင်လျှင် သူက သူတို့နောက်သို့ လိုက်ပါမသွားခဲ့ခြင်းဖြစ်၏။

ထိုအတွေးတစ်ချက်ကပင် သူ့အသက်ကို ကယ်တင်ခဲ့ခြင်းဖြစ်ပေလိမ့်မည်။

ဒါ့အပြင် ဖန့်ချင်းယွင်သည် အဲ့ဒါနှင့်ပတ်သက်၍ မည်သူ့ကိုမှ ပြောမပြနိုင်ပေ။

သူသည် ဂိုဏ်းသားအချင်းချင်းကိုင်တွယ်ဖို့အတွက် အပြင်လူများနှင့် ပူးပေါင်းခဲ့သည့်အတွက် ထန်ပန်၏ သေဆုံးမှုမှာ မည်သူ့ကိုမှ အပြစ်မတင်နိုင်ပေ။ သို့သော်လည်း မဟာအကြီးအကဲများက ထိုအကြောင်းကို ကြားသိသွားမည်ဆိုလျှင် ဖန့်ချင်းယွင်အပေါ်မှာပါ သက်ရောက်မှုရှိလာနိုင်၏။

“ယန်လောရှုက ဘယ်လိုနေလဲ သူက ခုထိ မသေသေးဘူးလား”

ဖန့်ချင်းယွင်က မျက်မှောင်ကြုတ်၍မေးလိုက်၏။

ဆူဇီမိုက သေဆုံးသွားပြီဆိုမှတော့ ယန်လောရှုကို အသက်ရှင်လျက် ဆက်ထားစရာမလိုတော့ပေ။

သူက အပြင်လူများနှင့် ပူးပေါင်းခဲ့သည်ကို ယန်လောရှုက သိရှိထား၏။ ယန်လောရှုအသက်ရှင်နေသေးသည့်အချက်က သူ့အတွက်ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်နေ၏။

ချန်ချီက ပြောလိုက်၏။

“ကျုပ်က ဒီအချိန်အတော်အတွင်း အဆင်ပြေလောက်မယ့်အခွင့်အရေးကို ရှာမတွေ့ဘူး... လျှိုဖျင်နဲ့ မင်းသမီးသက်တံနီက ယန်လောရှုရဲ့ လိုဏ်ဂူခန်းဝါထဲမှာ အမြဲတမ်း စောင့်ကြပ်နေတယ်”

“ဂိုဏ်းရဲ့အရင်းအမြစ်တချို့ကို လက်ခံရယူဖို့ တစ်ယောက်ယောက်က ထွက်သွားမယ်ဆိုရင်တောင် သူတို့ထဲက တစ်ယောက်ကတော့ အမြဲတမ်းကျန်နေခဲ့တယ်”

“သူတို့နှစ်ယောက်စလုံးက အတွင်းဂိုဏ်းတပည့်တွေပဲ... ကျုပ်က အတင်းဝင်လို့ မရဘူး”

“ဟမ်...”

ဖန့်ချင်းယွင်က ပြောလိုက်၏။

“အခွင့်အရေးက ပေါ်မလာဘူးဆိုရင် မင်းက အဲ့ဒါကိုရအောင်မဖန်တီးဘူးလား... ငါထင်တာမမှားဘူးဆိုရင် မင်းကလည်း တက္ကသိုလ်ရဲ့ မှန်ကန်ဖြောင့်မတ်ခြင်းသုတ္တန်ကို ကျင့်ကြံထားတယ်မလား”

“ဟုတ်ပါတယ်”

ချန်ချီက ပြန်ဖြေလိုက်၏။

ချန်ချီက သဘောမပေါက်သေးသည်ကို တွေ့မြင်သောအခါ ဖန့်ချင်းယွင်က မျက်မှောင်ကြုတ်ကာပြောလိုက်၏။

“ယန်လောရှုက အခုချိန်မှာ ဒုက္ခိတတစ်ယောက်ဖြစ်နေပြီ... မှန်ကန်ဖြောင့်မတ်ခြင်းဓားက သူနဲ့အတူရှိနေတုန်းပဲ... အဲ့ဒါက ဗွက်အိုင်ထဲကိုကျဆင်းနေတဲ့ ပုလဲလုံးတစ်လုံးလိုပဲ... အဲ့ဒါကိုသွားပြန်ယူရမယ်”

“နားလည်ပါပြီ”

ချန်ချီ၏ မျက်လုံးက ဝင်းလက်သွား၏။

“ကျုပ်အခုပဲ သွားလိုက်မယ်”

………

ရုတ်တရက် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်၏ ပို့ဆောင်ရေးဝင်္ကပါကနေ အလင်းတန်းတစ်ခုက တောက်ပလာခဲ့၏။

ထို့နောက် ချက်ချင်းပင် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်က ပို့ဆောင်ရေးဝင်္ကပါပေါ်မှာ ပေါ်ထွက်လာ၏။

အဲ့ဒါက သုခဘုံသန့်စင်ကုန်းမြေကနေ ပြန်လည်ရောက်ရှိလာသော ဆူဇီမိုနှင့်နတ်မိမယ်မိုချင်ဖြစ်၏။

“နင်ဘယ်ကိုသွားမှာလဲ”

မိုချင်က ဆူဇီမိုကို လှည့်ကြည့်လိုက်၏။

ဆူဇီမိုက လေးနက်စွာ ပြောလိုက်၏။

“ကျုပ်က စီနီယာအစ်ကို ယန်လောရှုဆီကိုသွားဖို့ပြင်ထားတယ်... ကျုပ်က အသောကသစ်သီးကို တတ်နိုင်သမျှမြန်မြန် သွားပို့ပေးရမယ်”

“သူဘာဖြစ်လို့လဲ”

မိုချင်ကမေးလိုက်၏။

ဆူဇီမိုက အံ့အားသင့်သွားပြီး မေးလိုက်၏။

“စီနီယာအစ်မ... အဲ့ဒီအကြောင်းကို ခင်ဗျားမသိဘူးလား”

မိုချင်က သူမ၏ ခေါင်းကို ညင်သာစွာခါပြလိုက်၏။

စီနီယာအစ်မမိုချင်သည် သူမ၏ အချိန်အများစုကို ပန်းချီဆွဲခြင်းမှာ ကုန်ဆုံးပြီး တက္ကသိုလ်မှအရေးကိစ္စများနှင့် ကင်းကွာနေခဲ့တတ်သည်ကို ဆူဇီမိုက ပြန်လည်အမှတ်ရသွား၏။

သူမအနေဖြင့် ယန်လောရှု၏ အခြေအနေနှင့်ပတ်သက်၍ မသိရှိသည်မှာ သဘာဝကျ၏။

အနည်းဆုံးတော့ အဲ့ဒါက အချက်တစ်ချက်ကို အတည်ပြုပေးနိုင်၏။

မိုချင်နှင့် ယန်လောရှုကြားမှာ မည်သည့်အရာမှ ရှိမနေပေ။

မဟုတ်ပါက မိုချင်သည် ယန်လောရှုဒဏ်ရာအပြင်းအထန်ရရှိထားသည်ကို မသိရှိစရာအကြောင်းမရှိပေ။

“စီနီယာအစ်ကိုယန်က အများနဲ့တစ်ယောက် တိုက်ခိုက်ခံရပြီး ဒဏ်ရာအပြင်းအထန် ရထားတယ်... သူ့ရဲ့အမြုတေစိတ်ဝိညာဥ်က ပျက်စီးထိခိုက်ထားလို့ အသောကသစ်သီးကပဲ သူ့ကိုကုသပေးနိုင်တယ်”

ဆူဇီမိုက ပြောလိုက်၏။

“ဒီတစ်ခေါက် အဝီစိကို ကျုပ်သွားရောက်ခဲ့ရတာကလည်း အသောကသစ်သီးကြောင့်ပဲ”

“အို”

မိုချင်က ဤအကြောင်းနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုမရှိသည့်အလား သာမန်ကာလျှံကာပြန်ဖြေလိုက်၏။ သူမက ခေါင်းညိတ်၍​ပြောလိုက်၏။

“စီနီယာအစ်မ... ခင်ဗျားကရော”

ဆူဇီမိုက မေးလိုက်၏။

မိုချင်က ပြောလိုက်၏။

“ငါက ငါ့ရဲ့လိုဏ်ဂူခန်းဝါကို ပြန်ရမှာပေါ့”

ခဏမျှစဥ်းစားတွေးတောပြီးနောက် သူမက ဆက်ပြောလိုက်၏။

“နင်က နောက်ပိုင်း တစ်ခုခုနဲ့ကြုံတွေ့ရမယ်ဆိုရင် ဒါမှမဟုတ် တာအိုနဲ့ပတ်သက်ပြီး သံသယတစ်ခုခုရှိမယ်ဆိုရင် အမွေအနှစ်ကုန်း​​မြေမှာ ငါ့ကိုလာရှာလို့ရတယ်”

“အာ..”

ဆူဇီမိုက အနည်းငယ်မှင်တက်သွား၏။

ထိုစကားသည် စီနီယာအစ်မမိုချင် ပြောလေ့ပြောထရှိသော စကားများနှင့်မတူပေ။

စီနီယာအစ်မမိုချင်၏ စိတ်နေစရိုက်အရ သူမသည် အခြားသူတစ်ယောက်ကို သူမ၏ လိုဏ်ဂူခန်းဝါသို့ ဘာကြောင့်အရင်စပြီးဖိတ်ခေါ်မှာလဲ။

ဓားအင်မော်တယ်ယွဲ့ဟွားပင်လျှင် ဤကဲ့သို့သောပြုမူဆက်ဆံမှုကို မရရှိခဲ့ပေ။

ဆူဇီမိုက ဝေခွဲမရဖြစ်နေစဥ်မှာပင် နတ်မိမယ်မိုချင်က ထွက်ခွာသွားခဲ့ပြီဖြစ်၏။

သူမက လေထဲကနေပျံသန်းသွားပြီး တိမ်စိုင်များကြား ဖြတ်ကျော်သွား၏။ သူမ၏ ခြေအိတ်များက တလက်လက်တောက်ပနေပြီး ရေခဲလိပ်ပြာက သူမ၏ ဘေးနားမှာ ကခုန်နေ၏။ အမျိုးသမီးနှင့် လိပ်ပြာက ဘေးပတ်ဝန်းကျင်သဘာဝနှင့် ပေါင်းစည်းသွားပုံရပြီး လှပကြော့ရှင်းနေ၏။။

“ဂျူနီယာမောင်ဆူက ဘာပဲပြောပြော ငါတို့ဂိုဏ်းက ဂျူနီယာတစ်ယောက်ပဲ... နောက်ပြီး ငါတို့တွေက ဒီကပ်ကိုဘေးအတူတကွတွေကြုံခဲ့ရတယ်... ငါကနောက်ပိုင်း သူ့ကို ဂရုစိုက်ပေးဖို့က ဖြစ်သင့်တာပဲလေ”

နတ်မိမယ်မိုချင်က တီးတိုးပြောဆိုလိုက်၏။

“နောက်ပြီး... ဂျူနီယာမောင်ဆူက ဟို..အမ်း... ဟိုတာအိုရောင်းရင်းနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိနေတယ်”

ထိုလူအကြောင်းတွေးမိချိန်မှာ နတ်မိမယ်မိုချင်က ရုတ်တရက် တစ်စုံတစ်ရာကို အမှတ်ရသွားပြီး အပြစ်တင်ဟန်ဖြင့်ပြောလိုက်၏။

“လိပ်ပြာလေး.. နင်ဘာလို့ တာအိုရောင်းရင်း အထီးကျန်သိုင်းသခင်နားကိုသွားပြီး ပြဿနာသွားရှာရတာလဲ”

“နင်က ခါတိုင်းလိုဆို အဲ့လိုမဟုတ်ပါဘူး”

“အဲ့ဒါက ထူးဆန်းနေလို့”

ရေခဲလိပ်ပြာက ကြွပ်ဆတ်ဆတ်ဖြင့်ပြောလိုက်၏။

“ငါက... အဲ့ဒီလူဆီကနေလည်း ငါတို့သားရဲဧကရီရဲ့ အော်ရာကို အာရုံခံမိနေတယ်”

“ငါ့ရဲ့အာရုံခံစိတ်က မှားယွင်းသွားတာများလား”

ရေခဲလိပ်ပြာ၏ မတင်မကျအသံက ထွက်ပေါ်လာခဲ့၏။

All Chapters