မင်းကထိုက်တန်လို့လား
Vol. 158 Ch. 2357
ယန်လောရှု၏ လိုဏ်ဂူခန်းဝါဘေးပတ်ဝန်းကျင်က ယိုယွင်းပျက်စီးနေဆဲဖြစ်ပြီး ပေါင်းပင်များတက်နေ၏။ အဲ့ဒါက အတန်ကြာအောင် စွန့်ပစ်ခံထားရသည့်အလားပင်။
ဆူဇီမိုက ရှေ့သို့တက်လှမ်းပြီး တံခါးကို ညင်သာစွာခေါက်လိုက်၏။
“ဘယ်ဧည့်သည်ကိုမှ တွေ့ခွင့်မပေးဘူး”
သိပ်မကြာခင် အနည်းငယ်နုနယ်သောအသံတစ်သံက အတွင်းကနေထွက်ပေါ်လာပြီး သူက ဒေါသထွက်နေသည်မှာ သိသာလေသည်။
“သွားသွား ဝေးဝေးကိုသွားကြ”
“ငါပါ”
ဆူဇီမိုက လေးနက်သောအသံဖြင့် ပြောလိုက်၏။
လိုဏ်ဂူခန်းဝါက ခဏမျှငြိမ်သက်သွားပြီးနောက် အဝတ်စသံတဖျပ်ဖျပ်ထွက်ပေါ်လာ၏။ လိုဏ်ဂူခန်းဝါတံခါးက ပွင့်သွားပြီး ကလေးငယ်တစ်ယောက်၏ မျက်နှာက ပေါ်ထွက်လာသည်။
အဲ့ဒါက လျှိုဖျင်ဖြစ်၏။
“စီနီယာအစ်ကိုဆူ”
လျှိုဖျင်၏ မျက်လုံးက ဝင်းလက်သွားပြီး အော်ခေါ်လိုက်၏။
ဆူဇီမိုက ပြုံး၍ခေါင်းညိတ်ပြလိုက်၏။
သူက လျှောက်လှမ်းဝင်ရောက်လာရင်း မေးလိုက်၏။
“စီနီယာအစ်ကိုယန် ဘယ်လိုနေလဲ”
ယန်လောရှုအကြောင်းပြောချိန်မှာ လျှိုဖျင်၏ မျက်နှာက နောက်တစ်ဖန်ငိုင်ကျသွား၏။
“စီနီယာအစ်ကိုယန်ရဲ့ အမြုတေစိတ်ဝိညာဥ်က ပိုပြီးတော့အားနည်းလာတယ်... သူက သတိမရတာ သုံးရက်ရှိသွားပြီး သူက ဆက်ပြီးတောင့်ခံနိုင်တော့မယ်လို့တော့ ကျုပ်မထင်ဘူး”
ထို့နောက် သူက မျက်လုံးကို တစ်ဖန်ပုတ်ခတ်လိုက်၏
“ဒီအချိန်အတောအတွင်း စီနီယာအစ်မသက်တံနီရဲ့ ခရေစေ့တွင်းကျ ပြုစုစောင့်ရှောက်မှုကြောင့်မဟုတ်ရင် စီနီယာအစ်ကိုယန်က သေသွားတာကြာလောက်ပြီ”
လျှိုဖျင်၏ စကားက တစ်စုံတစ်ရာကို သွယ်ဝိုက်ပြောဆိုနေပုံရ၏။ သို့သော်လည်း ဆူဇီမိုက ယန်လောရှုကိုစိုးရိမ်ပူပန်နေပြီး အဲ့ဒါနှင့်ပတ်သက်၍ များစွာစဥ်းစားတွေးတောမနေနိုင်ပေ။
သိပ်မကြာခင် သူတို့နှစ်ယောက်က ယန်လောရှု၏ ကုတင်ဘေးသို့ ရောက်ရှိလာကြ၏။
မင်းသမီးသက်တံနီနှင့် ကောင်လေးတစ်ယောက်က သူ့ကို စောင့်ရှောက်ပေးနေ၏။
သူမက စိုးရိမ်ပူပန်သော အမူအရာတစ်ခုနှင့်အတူ ယန်လောရှု၏ လက်ကို ဆုပ်ကိုင်ထား၏။
သူမက ဆူဇီမိုပြန်ရောက်လာသည်ကို တွေ့မြင်သောအခါ ကြိုးစား၍ပြုံးပြပြီး ခေါင်းညိတ်လိုက်၏။
ယန်လောရှု၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေပြီး သူက ချည့်နဲ့သော အသက်ဓာတ်အားတစ်ခုနှင့်အတူ သတိလစ်နေဆဲဖြစ်၏။
ဆူဇီမိုက တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သူ၏ သိုလှောင်အိပ်ထဲကနေ အသောကသစ်သီးကိုထုတ်ယူကာ ယန်လောရှု၏ ညောင်စောင်းရှေ့သို့ ရောက်ရှိလာခဲ့၏။
သူက အသောကသစ်သီးကို ယန်လောရှု၏ ပါးစပ်ဘေးမှာထားပြီး အဲ့ဒါကို သူ၏ လက်သည်းချွန်ဖြင့် ညင်သာစွာခြစ်လိုက်၏။
အသောက်သစ်သီးပေါ်မှာ အက်ကွဲကြောင်းတစ်ခုပေါ်ထွက်လာပြီး တစ်မူထူးခြားသောမွှေးရနံ့နှင့်အတူ ကြွယ်ဝသော သစ်သီးရည်က ယန်လောရှု၏ ပါးစပ်ထဲသို့ ဖြည်းဖြည်းချင်းကျဆင်းသွား၏။
“ဒါက...”
မင်းသမီးသက်တံနီနှင့် အခြားနှစ်ယောက်မှာ ထူးဆန်းသောအမူအရာများရှိလာ၏။
ဆူဇီမိုသည် အသောကသစ်သီးကိုရှာဖို့အတွက် အဝီစိသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်ကို သူတို့သုံးယောက်သိရှိထားသော်လည်း သူတို့က မျှော်လင့်ချက်များစွာမထားခဲ့ကြပေ။
“အဲ့ဒါက အသောကသစ်သီးပဲ”
ဆူဇီမိုက ပြောဆိုလိုက်ပြီး ယန်လောရှု၏ အမူအရာကို တွေ့မြင်သောအခါ သူက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
ယန်လောရှုက အသောကသစ်သီးတစ်လုံးလုံးကို စားသုံးပြီးပြီဖြစ်၏။ သို့သော်လည်း သူ၏ အခြေအနေက တိုလးတက်လာမည့် မည်သည့်လက္ခဏာမှ မပြသပေ။
တကယ်တော့... ဆူဇီမိုသည် အသောကသစ်သီးနှင့်ပတ်သက်၍ များစွာသိရှိမထားပေ။
ဒဏ္ဍာရီအရ... အသောကသစ်သီးသည် ဒဏ်ရာအပြင်းအထန်ရရှိထားသော အမြုတေစိတ်ဝိညာဥ်များကို ကုသပေးနိုင်၏။
သို့သော်လည်း ဤအသောကသစ်သီးသည် အဝီစိမှာနှစ်ပေါင်းများစွာ မြှုပ်နှံခံထားရ၏။ ၎င်းမှာ အမြုတေစိတ်ဝိညာဉ်ကို ကုသပေးနိုင်သည့် သက်ရောက်မှုကျန်ရှိနေသေးသလား မသိနိုင်ပေ။
“ဘာဖြစ်နေတာလဲ... အသောက်သစ်သီးကတောင် အဲ့ဒါကို မလုပ်ပေးနိုင်ဘူးလား”
နင်းသမီးသက်တံနီက ထိတ်ထိတ်ပျာပျာ ဖြစ်နေပြီး သူမ၏ အသံက တုန်ယင်နေ၏။ ဆူဇီမိုက သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်ပြီး ယန်လောရှု၏ ခန္ဓာကိုယ်ကို ဂရုတစိုက်စစ်ဆေးကြည့်ကာ အသံနှိမ့်၍ပြောလိုက်၏။
“စီနီယာအစ်ကိုယန်ရဲ့ အမြုတေစိတ်ဝိညာဥ်က ဒဏ်ရာရထားတာကြာခဲ့ပြီ... သူ့ရဲ့ခန္ဓာကိုယ်ကလည်း ဒဏ်ရာအပြင်းအထန် ရရှိထားတယ်... သူက အသောကသစ်သီးကိုစားသုံးပြီးတာတောင် သူ့ရဲ့ ခန္ဓာကိုယ်က အထဲမှာပါတဲ့စွမ်းအားကို စုပ်ယူသန့်စင်နိုင်မှာ မဟုတ်ဘူး”
“ဒါဆို... အဲ့ဒါကို သူစုပ်ယူနိုင်အောင် ငါတို့က ကောင်းကင်နဲ့မြေကြီးအမြုတေချီကို သူ့ရဲ့ခန္ဓာကိုယ်ထဲ ထည့်သွင်းပေးရမှာပေါ့”
မင်းသမီးသက်တံနီ၏ တုံ့ပြန်မှုက အလွန်တရာမြန်ဆန်ပြီး သူမက ဤနည်းလမ်းကို ချက်ချင်းပင်တွေးမိသွား၏။
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။
မင်းသမီးသက်တံနီက ကောင်းကင်နှင့်မြေကြီးအမြုတေချီကို လှည့်ပတ်ပြီး အဲ့ဒါကို ယန်လောရှု၏ ခန္ဓာကိုယ်ထဲသို့ ဂရုတစိုက်ပို့လွှတ်လိုက်၏။
သို့သော်လည်း ခဏကြာပြီးနောက် ယန်လောရှု၏ အခြေအနေက တိုးတက်လာမည့် မည်သည့်လက္ခဏာမှ မပြသပေ။
“ငါ..ငါတို့ဘာလုပ်ရမလဲ”
မင်းသမီးသက်တံနီက ငေးငိုင်နေ၏။
“အဲ့ဒါကို ငါစမ်းကြည့်မယ်”
ဆူဇီမိုက သူ၏ လက်ညှိုးကိုဆန့်ထုတ်ပြီး ယန်လောရှု၏ နှာရောင်ကို ညင်သာစွာထိကာ သန့်စင်ကြွယ်ဝသောအမြုတေချီစီးကြောင်းတစ်ခုကို ပို့လွှတ်လိုက်၏။
သိပ်မကြာခင် ယန်လောရှု၏ မျက်နှာက အသားရောင်တချို့ကိုပြန်ရပြီး သူ၏ ခန္ဓာကိုယ်ထဲရှိ အသက်ဓာတ်အားက တဖြည်းဖြည်းတည်ငြိမ်လာခဲ့၏။
“အဲ့ဒါက အလုပ်ဖြစ်တာပဲ”
မင်းသမီးသက်တံနီက ကျေနပ်နှစ်ခြိုက်သွား၏။
ယန်လောရှု၏ အသက်ရှူသံက တဖြည်းဖြည်းမှန်၍ သန်မာလာသည်ကို ဆူဇီမိုတွေ့မြင်ရသောအခါ သူက စိတ်လက်ပေါ့ပါးသွားပြီး သက်ပြင်းတစ်ချက်ချလိုက်၏။
သူက အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာဖြစ်ပြီး သူ၏ ခန္ဓာကိုယ်ထဲရှိ ကောင်းကင်နှင့်မြေကြီးအမြုတေချီက မင်းသမီးသက်တံနီထက် များစွာပိုမိုသန့်စင်ပြီး ပိုမိုသိပ်သည်းကျစ်လစ်၏။
ဒါ့အပြင် ဖန်တီးခြင်းကြာပဒုမ္မာသည် အစကတည်းက အပင်များ၏ နတ်ဘုရားဖြစ်ပြီး အသောကသစ်သီးကို အလွယ်တကူစုပ်ယူသန့်စင်နိုင်သည်။
ယန်လောရှု၏ အခြေအနေက တည်ငြိမ်လာသော်လည်း သူက နိုးထလာမည့် မည်သည့်လက္ခဏာမှ မပြသေးပေ။ ဆူဇီမိုက သူလုပ်နေသည့်အရာကို ရပ်တန့်ခြင်းမရှိဘဲ ကောင်းကင်နှင့်မြေကြီးအမြုတေချီကို ဆက်လက်၍ပို့လွှတ်ကာ အသောကသစ်သီးကို ယန်လောရှုစုပ်ယူနိုင်ရန် ကူညီပေးနေ၏။
ဒုန်း ဒုန်း ဒုန်း....
ထိုစဥ်မှာပင် လိုဏ်ဂူခန်းဝါအပြင်ဘက်ကနေ ပြင်းထန်သော တံခါးခေါက်သံက ထွက်ပေါ်လာ၏။
အတိအကျဆိုရလျှင် အဲ့ဒါကို တံခါးခေါက်သံဟု ဆက်လက်၍ မခေါ်ဆိုနိုင်တော့ပေ။ သူက တံခါးကို ပြင်းထန်စွာထုရိုက်နေခြင်းဖြစ်၏။
ထိုရိုက်ခတ်မှုကြောင့် လိုဏ်ဂူခန်းဝါတစ်ခုလုံးက အနည်းငယ်တုန်ခါလာပြီး ဖုန်မှုန့်များက ကျဆင်းလာ၏။
“ဟိုလူတွေ ရောက်လာပြန်ပြီ”
ကောင်လေးက မုန်းတီးစွာပြောလိုက်၏။
“ဖန့်ချင်းယွင်လား”
ဆူဇီမိုက မျက်မှောင်ကြုတ်၍ မေးလိုက်၏။
လျှိုဖျင်က ပြောလိုက်သည်။
“ဖန့်ချင်းယွင်က ဒီအချိန်အတောအတွင်း သူ့ကိုယ်သူရုပ်လုံးထွက်မပြဘူး... ဒါပေမဲ့ ဒီအချိန်အတောအတွင်းမှာ ရောက်လာတဲ့ လူတွေအားလုံးနီးပါးက သူ့ရဲ့နောက်လိုက်တွေပဲ”
“အဲ့ဒီလူတွေက စီနီယာအစ်ကိုယန်ဆီကို အလည်လာဖို့ အကြောင်းပြချက်မျိုးစုံပြနေတာ... တကယ်တော့ သူတို့တွေက မကောင်းတဲ့ရည်ရွယ်ချက်တွေနဲ့ပဲ”
ဒုန်း.. ဒုန်း... ဒုန်း...
တံခါးကိုထုရိုက်သောအသံက နောက်တစ်ဖန်ထွက်ပေါ်လာပြီး ပို၍ပြင်းထန်ကြမ်းတမ်းလာ၏။
ဆူဇီမိုက ယန်လောရှုကို ကူညီပေးနေရဆဲဖြစ်ပြီး သူက လောလောဆယ်မှာ မထွက်ခွာနိုင်ပေ။ လျှိုဖျင်က မတ်တတ်ထရပ်ပြီး ပြောလိုက်၏။
“ကျုပ် သူတို့ကို မောင်းထုတ်လိုက်မယ်”
လျှိုဖျင်နှင့် ယန်လောရှု၏ အစေခံကောင်လေးက အပြင်ဘက်သို့ ဦးတည်သွား၏။
“ထွက်သွားကြ... ငါတို့ရဲ့သခင်လေးက ဧည့်သည်တွေနဲ့ အခုချိန်မှာ မတွေ့နိုင်သေးဘူး”
ကောင်လေးက အော်ပြောလိုက်၏။
“ဒါက... တစ်ဂိုဏ်းတည်းသားချင်းတွေအပေါ် စီနီယာအစ်ကိုယန်ရဲ့ ပြုမူဆက်ဆံပုံလား... မင်းက တံခါးမဖွင့်ဘူးဆိုရင် ဒီလိုဏ်ဂူခန်းဝါကို ဖျက်ဆီးရမယ့်အတွက် ငါ့ကိုအပြစ်မတင်နဲ့”
လိုဏ်ဂူအတွင်းသို့ အသံတစ်သံက ဝင်ရောက်လာ၏။
“ချန်ချီ... စီနီယာအစ်ကိုယန်ရဲ့ ခွင့်ပြုချက်မရှိဘဲ လိုဏ်ဂူခန်းဝါထဲကို မင်းဘယ်လိုတောင် အတင်းဝင်ရဲတာလဲ”
လျှိုဖျင်က ထိုလူ၏ အသံကို မှတ်မိသွားပြီး အော်ပြောလိုက်၏။
“ဟဲဟဲ”
ချန်ချီကရယ်မောလိုက်၏။
“စီနီယာအစ်ကိုယန်က ဒဏ်ရာအပြင်းအထန်ရထားတယ်... ငါတို့တွေက သတင်းလာမေးပေမယ့် မင်းတို့တွေက သူ့ကိုငါတို့နဲ့တွေ့ခွင့်မပေးဘူး... အခု စီနီယာအစ်ကိုယန်က မင်းတို့သတ်လို့သေပြီလို့တောင် ငါကသံသယရှိနေတယ်”
“စီနီယာအစ်ကိုယန်ရဲ့ ဘေးကင်းလုံခြုံမှုကိုထောက်ထားပြီး ငါတို့က လိုဏ်ဂူခန်းဝါထဲကို အတွင်းဝင်ရောက်မယ်ဆိုရင် တက္ကသိုလ်က ငါတို့ကို အရေးယူမှာမဟုတ်ဘူး”
“ခင်ဗျားတို့တွေ...”
ကောင်လေးက ဒေါသထွက်သွား၏။
လျှိုဖျင်က လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ငါတို့တွေက လိုဏ်ဂူခန်းဝါတံခါးကို သေချာပေါက်ဖွင့်ပေးမှာမဟုတ်ဘူး... မင်းတို့တွေပြန်သွားကြတော့”
“အဲ့ဒါဆိုလည်း ရိုင်းပျရတဲ့အတွက် ငါ့ကိုအပြစ်မတင်တော့နဲ့”
ချန်ချီက အေးစက်စွာပြောလိုက်၏။
ထို့နောက် ချက်ချင်းပင် သိပ်သည်းပြင်းထန်သော အင်အားတစ်ရပ်က လိုဏ်ဂူခန်းဝါတံခါးကို ပစ်ဆောင့်ချလိုက်၏။
ဘုန်း...
ကျယ်လောင်သောမြည်သံနှင့်အတူ လိုဏ်ဂူခန်းဝါတံခါးက ကြေမွသွားပြီး ဖုန်များက တထောင်းထောင်းထသွား၏။
ချန်ချီက သူနှင့်အတူ အတွင်းဂိုဏ်းတပည့်တချို့နှင့် တက္ကသိုလ်၏ အစေခံအယောက်တစ်ရာကို ခေါ်ဆောင်လာခဲ့၏။ သူတို့အားလုံးက ရန်လိုသောအမူအရာများရှိနေပြီး အတွင်းဝင်ရောက်လာကြ၏။
“မင်းတို့တွေ ဘယ်လိုတောင် လုပ်ရဲတာလဲ”
လျှိုဖျင်က တုန်လှုပ်၍ဒေါသထွက်နေပြီး ပြူးကျယ်နေသောမျက်လုံးများနှင့်အတူ သူ၏လက်သီးနှစ်ဖက်ကိုဆုပ်ထား၏။
“ခင်ဗျားတို့တွေကို အဲ့ဒီကိုသွားခွင့်မပေးဘူး”
ကောင်လေးက သူးလက်ကိုဆန့်ထုတ်ပြီး ချန်ချီနှင့် အခြားသူများကို တားဆီးလိုက်၏။
“မင်းတို့တွေက ဒီလောက်ထိ အကြောက်အကန်ဖြစ်နေပုံထောက်ရင် ယန်လောရှုက မသေသေးဘူးနဲ့တူတယ်”
ချန်ချီက မျက်ခုံးအနည်းငယ်ပင့်ပြီး အေးအေးဆေးဆေးပင်ပြောလိုက်၏။
“ဒါပေမဲ့... သူက မသေသေးဘူးဆိုရင်တောင် သူက ဒုက္ခိတတစ်ယောက်ဖြစ်နေပြီ... မင်းတို့က ငါ့ကိုမဝင်ခွင့်မပေးဘူးဆိုလည်းရတယ်လေ... ယန်လောရှုရဲ့ မှန်ကန်ဖြောင့်မတ်ခြင်းဓားကို ငါ့ကိုထုတ်ပေးလိုက်”
“ဘာလို့ထုတ်ပေးရမှာလဲ”
ကောင်လေးက ကျယ်လောင်စွာပြန်မေးလိုက်၏။
“ယန်လောရှုက ဒုက္ခိတတစ်ယောက်ဖြစ်နေပြီ... သူက မှန်ကန်ဖြောင့်မတ်ခြင်းဓားကို ကိုင်ဆောင်ထားဖို့ မထိုက်တန်တော့ဘူး”
ချန်ချီက ဝင့်ကြွားစွာဖြင့် ထုတ်ဖော်ပြောဆိုလိုက်၏။
“ငါကလည်း... မှန်ကန်ဖြောင့်မတ်ခြင်းသုတ္တန်ကို ကျင့်ကြံထားတယ်... တက္ကသိုလ်မှာ မှန်ကန်ဖြောင့်မတ်ဓားကို ကိုင်ဆွဲဖို့ ငါပဲအဆင့်မီတယ်”
ကောင်လေးက အထင်အမြင်သေးစွာဖြင့် လှောင်ရယ်လိုက်၏။
ချန်ချီက သူ၏ မျက်လုံးကို မှေးကျဥ်းပြီး အေးစက်စွာပြောလိုက်၏။
“သူ့ကိုရိုက်လိုက်”
“မင်းလိုမျိုးကလေးတစ်ယောက်က တက္ကသိုလ်က တပည့်ဂိုဏ်းသားတွေကို ဘယ်လိုတောင် လှောင်ပြောင်ရဲတာလဲ”
ချက်ချင်းပင် အစေခံဆယ်ယောက်ကျော်က ထွက်ရပ်ပြီး အော်ငေါက်ပြောဆိုလိုက်ကြ၏။ သူတို့က ရှေ့ကိုပြေးဝင်လာပြီး ကောင်လေးကို ချုပ်နှောင်ကာ သူ၏ မျက်နှာကို ရိုက်လိုက်ကြ၏။
ချက်ချင်းပင် ကောင်လေး၏ မျက်နှာက ရောင်ကိုင်းသွား၏။ သို့သော်လည်း သူကအလျှော့မပေးဘဲ ချန်ချီကို တင်းမာခက်ထန်စွာဖြင့် စိုက်ကြည့်နေဆဲဖြစ်၏။
လျှိုဖျင်က လှုပ်ရှားတော့မည့်ဆဲဆဲမှာပင် ချန်ချီက သိပ်သည်ပြင်းထန်သော စိတ်ဝိညာဥ်အသိစိတ်ဖိအားတစ်ရပ်ကို ထုတ်ဖော်ပြီး လျှိုဖျင်ကို နေရာမှာပင်ဖိနှိမ်လိုက်၏။
လျှိုဖျင်က အဆင့်-၁ ကောင်းကင်အင်မော်တယ်တစ်ယောက်သာဖြစ်ပြီး ချန်ချီက အဆင့်-၆ ကောင်းကင်အင်မော်တယ်တစ်ယောက်ဖြစ်၏။
သူတို့နှစ်ယောက်ကြားကွာဟချက်က အရမ်းကိုကြီးမားပြီး လျှိုဖျင်က အဲ့ဒါကို လုံးဝမခုခံနိုင်ပေ။
“သွားကြမယ်”
ချန်ချီက သူ၏ လက်ကိုဝေ့ယမ်းပြီး သူ့လူများနှင့်အတူ အထဲကိုဝင်ရောက်ဖို့ပြင်လိုက်၏။
ထိုစဥ်မှာပင် လိုဏ်ဂူခန်းဝါထဲကနေ အသံတစ်သံက ထွက်ပေါ်လာ၏။
“မင်းလိုကောင်မျိုးက မှန်ကန်ဖြောင့်မတ်ခြင်းဓားကို ကိုင်ဆောင်ဖို့ ထိုက်တန်လို့လား”
အစိမ်းရောင်ဝတ်ကျင့်ကြံသူတစ်ယောက်က လိုဏ်ဂူခန်းဝါထဲကနေ လျှောက်လှမ်းထွက်လာခဲ့၏။