← Chapters

အဲ့ဒါကိုလိုချင်တဲ့ဘယ်သူမဆို လာယူလိုက်

Vol. 158 Ch. 2358

အဲ့ဒါကိုလိုချင်တဲ့ဘယ်သူမဆို လာယူလိုက်

Vol. 158 Ch. 2358

“ဆူ..ဆူဇီမိုလား”

ချန်ချီသည် ဝင်ရောက်လာသူကို တွေ့မြင်သောအခါ သူ၏ အမူအရာက ပြောင်းလဲ၍ မယုံကြည်နိုင်ဖြစ်သွား၏။

“ဘာတွေဖြစ်နေတာလဲ”

“သူက သေသွားပြီ မဟုတ်ဘူးလား”

ချန်ချီ၏ ဘေးမှာရှိသောအတွင်းဂိုဏ်းတပည့်များက အိုးတိုးအမ်းတမ်းအမူအရာများနှင့်အတူ တီးတိုးပြောဆိုလိုက်ကြ၏။

ဆူဇီမိုက အသောကသစ်သီး၏ စွမ်းအားကို ယန်လောရှုစုပ်ယူသန့်စင်နိုင်ရန် ကူညီပေးခဲ့ပြီဖြစ်၏။ ယန်လောရှုက သူ၏ အမြုတေစိတ်ဝိညာဥ်ကို သူ့ဘာသာသူလှည့်ပတ်၍ ကုသနိုင်ပြီကို တွေ့ရသောအခါ သူက ချန်ချီနှင့် အခြားသူများထံသို့ လျှောက်လှမ်းလာခဲ့၏။

ဆူဇီမိုက ဒီရေလှိုင်းတစ်ခုကဲ့သို့ တလိပ်လိပ်ထိုးတက်လာသည့် သိပ်သည်းပြင်းထန်သော စိတ်ဝိညာဥ်အသိစိတ်ဖိအားတစ်ရပ်ကို ထုတ်လွှတ်လိုက်၏။

ဘုန်း...

ချန်ချီက ဆတ်ခနဲတုန်ယင်သွား၏။

ဆူဇီမို၏ အမြုတေစိတ်ဝိညာဥ်က အဆင့်-၅ ကောင်းကင်အင်မော်တယ်၏ အထွတ်အထိပ်ကို ရောက်ရှိနေပြီဖြစ်၏။

သူ၏ အစိမ်းရောင်ကြာပန်း အမြုတေစိတ်ဝိညာဥ်၏ စွမ်းအားကြီးမားသော သိပ်သည်းကျစ်လစ်မှုနှင့်အတူ သူ၏ စိတ်ဝိညာဥ်အသိစိတ်က ချန်ချီထက် သေချာပေါက်အားမနည်းပေ။

လျှိုဖျင်အပေါ်ဖိအားက တစ်စွန်းတစ်မကျန်ပျောက်ကွယ်သွားပြီး သူက သူ၏ လွတ်လပ်မှုကို ပြန်လည်ရရှိလိုက်၏။

ဆူဇီမို၏ အကြည့်က အစေခံကောင်​လေး၏ ခန္ဓာကိုယ်ပေါ်သို့ ဆင်းသက်ရောက်ရှိသွားသည်။ သူ၏ အမူအရာက အေးစက်နေပြီး သူ၏ အင်္ကျီလက်စနှစ်ဖက်ကို သာမန်ကာလျှံကာ ဝေ့ယမ်းလိုက်၏။

သူတို့သည် မိုးကြိုးပစ်ချခံလိုက်ရသည့်အလား အင်မော်တယ်အစေခံများက တဆတ်ဆတ်တုန်ယင်သွားပြီး ချက်ချင်းပင်လွင့်စင်ထွက်ကာ သွေးများက ဖိတ်စင်ပြန့်ကျဲသွား၏။ သူတို့အားလုံးက လိုဏ်ဂူ၏ နံရံနှင့်ပစ်ရိုက်မိပြီး ဆိုးဆိုးဝါးဝါးပုံစံဖြင့် လိမ့်ဆင်းသွား၏။

ကောင်လေးက ဘေးကင်းလုံခြုံစွာဖြင့် နေရာမှာပင်မတ်တတ်ရပ်နေဆဲဖြစ်၏။

“ဂျူနီယာညီဆူ... ဒါက ဘာသဘောလဲ”

ချန်ချီ၏ အမူအရာက သုန်မှုန်သွားပြီး သူက ဖြည်းဖြည်းချင်း မေးလိုက်၏။

“စီနီယာအစ်ကိုချန်... သူက အခု ဂိုဏ်းချုပ်ရဲ့အမည်ခံတပည့်ဖြစ်နေပြီ ကျုပ်တို့က သူ့ကို စီနီယာအစ်ကိုဆူလို့ ခေါ်ရမယ်ထင်တယ်”

ချန်ချီ၏ နောက်မှာရှိသော အတွင်းဂိုဏ်းတပည့်တစ်ယောက်က ညင်သာစွာသတိပေးလိုက်၏။

အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး ချန်ချီက ဘာမှမတတ်နိုင်ဘဲ ဆူဇီမိုအပေါ် သူ၏ ခေါ်ဝေါ်ပုံကို ပြောင်းလဲလိုက်ရ၏။

“စီနီယာအစ်ကိုဆူ... ခင်ဗျားက ခွေးတစ်ကောင်ကိုရိုက်မယ်ဆိုရင် ခွေးရှင်ကိုကြည့်ရမှာပေါ့... ခင်ဗျားက အကြောင်းအရင်းကို မေးမြန်းစုံစမ်းတာမရှိဘဲနဲ့ ကျုပ်လူတွေကို ထိခိုက်အောင်လုပ်လိုက်တယ်... ခင်ဗျားက အဲ့ဒါအတွက် တာဝန်ယူပေးရမယ်”

“ခွေးရှင်ကို ကြည့်ရမတဲ့လား”

ချန်ချီရှေ့သို့ ရောက်ရှိလာပြီး ဆူဇီမိုက ရုတ်တရက် သူ၏ လက်ကိုမြှောက်ကာ ချန်ချီ၏ မျက်နှာကို ပြင်းထန်စွာရိုက်ချလိုက်၏။

“​ဖြောင်း...”

“ဒါဆို ငါက ခွေးရှင်ကိုပါ ရိုက်ပေးရမှာပေါ့”

ဆူဇီမိုက အေးစက်နေသောအကြည့်ဖြင့် ချန်ချီကို အမူအရာကင်းမဲ့စွာကြည့်နေ၏။ သူက အစေခံတစ်ယောက်ကို မောင်းထုတ်နေသည့်အလား တစ်ခွန်းတည်းသာပြောလိုက်၏။

“ထွက်သွားစမ်း”

လျှိဖျင်နှင့် ကောင်လေးက အော်ဟစ်အားပေးလုမတတ် ဖြစ်သွား၏။ သူတို့သည် ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း သူတို့ခံစားခဲ့ရသည့် မကျေမနပ်ချက်များကို ဖွင့်ထုတ်နိုင်သွားသည့်အလား ကျေနပ်သဘောကျသွား၏။

ချန်ချီက ခဏမျှမှင်တက်နေ၏။

ဆူဇီမိုသည် တက္ကသိုလ်၏ အတွင်းဂိုဏ်းမှာ သူ့ကို တိုက်ရိုက်တိုက်ခိုက်ရဲလိမ့်မည်ဟု သူက ထင်မှတ်မထားပေ။

“မင်း... “

ချန်ချီက လျင်မြန်စွာတုံ့ပြန်လာပြီး ဒေါသချောင်းချောင်းထွက်နေ၏။

သူသည် အတွင်းဂိုဏ်းတပည့်များနှင့် အင်မော်တယ်အစေခံများစွာရှေ့မှာ ဆူဇီမို၏ ဤကဲ့သို့ အရှက်ခွဲခြင်းခံလိုက်ရ၏။ သူ၏ အမျက်ဒေါသက ငယ်ထိပ်ထိဆောင့်တက်လာပြီး သူ၏ မျက်လုံးများက နီရဲလာခဲ့၏။ သူက ဆူဇီမိုကို ခပ်စိမ်းစိမ်းစိုက်ကြည့်ပြီး ရှေ့သို့ပြေးဝင်ကာ တိုက်ခိုက်တော့မည့်ဆဲဆဲဖြစ်၏။

“စီနီယာအစ်ကိုချန်... အရမ်းကာရောမလုပ်နဲ့”

အတွင်းတပည့်နှစ်ယောက်က ရှေ့သို့အလောတကြီးတက်လာပြီ ချန်ချီ၏ လက်ကို ဖမ်းဆွဲလိုက်၏။

“မင်းတို့ဘာလုပ်တာလဲ”

ချန်ချီက အော်ပြောလိုက်၏။

“ဆူဇီမိုက တက္ကသိုလ်မှာ ကိုယ့်သဘောနဲ့ကိုယ် ဂိုဏ်းသားအချင်းချင်းတိုက်ခိုက်လိုက်တာ ဂိုဏ်းစည်းမျဥ်းစည်းကမ်းကို ဖောက်ဖျက်ပြီးနေပြီ... သူက ရိုင်းပျတဲ့အတွက် ငါ့ကိုအပြစ်တင်လို့မရဘူး”

“ဂိုဏ်းစည်းမျဥ်းစည်းကမ်းအရဆို... စီနီယာအစ်ကိုယန်ရဲ့ လိုဏ်ဂူခန်းဝါထဲကို အရင်ဆုံးအတင်းဝင်ရောက်လာတဲ့သူက မင်းပဲ... ငါကမင်းကို အခုချိန်မှာ ဒုက္ခိတတစ်ယောက်ဖြစ်အောင် လုပ်လိုက်မယ်ဆိုရင်တောင် ဂိုဏ်းအကြီးအကဲတွေက ငါ့ကိုအပြစ်ပေးမှာ မဟုတ်ဘူး”

ဆူဇီမိုက မကောင်းဆိုးဝါးဆန်ဆန်လေသံဖြင့် အေးစက်စွာပြောလိုက်၏။

ချန်ချီက ဆူဇီမို၏ အကြည့်အောက်မှာ ဆတ်ခနဲတုန်ယင်သွား၏။

ထိုအခိုက်အတန့်မှာ ချန်ချီသည် ဆူဇီမို၏ အော်ရာဖြင့် လွှမ်းမိုးခြင်းခံထားရ၏။ သူက အဆင့်-၆ ကောင်းကင်အင်မော်တယ်တစ်ယောက်ဖြစ်လျှင်တောင် သူသည် ထိုအခိုက်အတန့်မှာ မလုံမလဲခံစားနေရပြီး သူ၏ စိတ်က တဖြည်းဖြည်း ငြိမ်သက်လာခဲ့၏။

လွန်ခဲ့သည့်နှစ်တစ်ထောင်က သူ့ရှေ့မှလူသည် တာအိုနှလုံးသားလှေခါးပေါ်မှာ ဒသမမြောက်ကျောက်လှေခါးထစ်ကိုစုဖွဲ့ခဲ့၏။ အကြီးအကဲ ၉ဦးကို သတိထားမိသွားစေရုံသာမက တက္ကသိုလ်၏ ဂိုဏ်းချုပ်ပင်လျှင် ပေါ်ထွက်လာခဲ့ရ၏။

ထိုနေရာမှာ လုံးလုံးလျားလျား ဒုက္ခိတတစ်ယောက်ဖြစ်သွားခဲ့သော အမွေခံတပည့်တစ်ယောက်ပင်ရှိခဲ့၏။

ထိုအမွေခံတပည့်နှင့်နှိုင်းယှဥ်လျှင် သူက အဆင့်-၆ ကောင်းကင်အင်မော်တယ်တစ်ယောက်သာဖြစ်ပြီး တကယ့်ကိုဘာမှမဟုတ်ပေ။

ဂိုဏ်းချုပ်၏ အမည်ခံတပည့်တစ်ယောက်ဟူသော ဆူဇီမို၏ အဆင့်အတန်းအရ သူ၏ ကျင့်ကြံမှုနယ်ပယ်က မြင့်မားခြင်းမရှိလျှင်တောင် အတွင်းဂိုဏ်းမှာ သူနှင့် ဘယ်သူက တိုက်ရိုက်ပဋိပက္ခဖြစ်ရဲပါ့မလဲ။

သို့သော်လည်း သူ့အနေဖြင့် လူတိုင်း၏ ရှေ့မှာ ဆူဇီမို၏ ဖြတ်ရိုက်ခံရခြင်းက ရှက်စရာကောင်းလွန်းနေ၏။ ချန်ချီက မချင့်မရဲ ဖြစ်နေဆဲပင်။

ချန်ချီက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။

“စီနီယာအစ်ကိုဆူ... ငါက တက္ကသိုလ်ရဲ့ စီနီယာအစ်ကိုတစ်ယောက်အဖြစ် မင်းအပေါ်မှာ လေးစားမှုရှိတယ်... ငါမင်းကို တိုက်ခိုက်မှာမဟုတ်ဘူး... ဒါပေမဲ့ အရာရာတိုင်းမှာ အကြောင်းပြချက်တစ်ခုတိုတာ အမြဲတမ်းရှိတယ်... ယန်လောရှုက ဒုက္ခိတတစ်ယောက်ဖြစ်နေပြီ... သူက မှန်ကန်ဖြောင့်မတ်ခြင်းဓားကို ဘာလို့ထုတ်မပေးရမှာလဲ”

ဆူဇီမိုက လှောင်ရယ်လိုက်၏။

“ပွင့်လင်းပြီး ရိုးသားတဲ့သူတစ်ယောက်ကပဲ မှန်ကန်ဖြောင့်မတ်ခြင်းဓားကို ကိုင်ဆွဲဖို့အဆင့်မီတယ်.. မင်းက အဲ့ဒီဓားကို ကိုင်ဆောင်ဖို့ ထိုက်တန်မှုရှိရဲ့လား မင်းကိုယ်မင်းပြန်မေးကြည့်ပါဦး”

ချန်ချီက တုန်လှုပ်သွား၏။

ဆူဇီမို၏ စကားလုံးများက အလွန်တရာစွမ်းအားကြီးမားပြီး နတ်ဘုရားလက်နက်တစ်ခုကဲ့သို့ သူ၏ တာအိုနှလုံးသားကို ချိန်ရွယ်လာခဲ့၏။

ချန်ချီ၏ အမူအရာက ညိုမည်းသွားပြီး သူကနောက်ပြန်ဆုတ်ချင်လာ၏။

ထိုစဥ်မှာပင် တက္ကသိုလ်မှတပည့်များစွာက အဝေးတစ်နေရာကနေ အပြေးအလွှားလာနေကြ၏။ အဲ့ဒါက ကြီးမားသောလူအုပ်ကြီးတစ်ခုဖြစ်ပြီး ကြည့်ရသည်မှာ အရေအတွက်တစ်သောင်းကျော်ရှိပေလိမ့်မည်။

သူတို့၏ ခေါင်းဆောင်က ဖန့်ချင်းယွင်ဖြစ်၏။

တက္ကသိုလ်၏ ပို့ဆောင်ရေးဝင်္ကပါမှာရှိသောလူများသည် ဆူဇီမိုပြန်လည်ရောက်ရှိလာသည့်သတင်းကို ဖန့်ချင်းယွင်ထံ အကြောင်းကြားပေးခဲ့သောအခါ တစ်စုံတစ်ရာလွဲမှားနေသည်ကို သူက နားလည်သဘောပေါက်သွားပြီး အတွင်းဂိုဏ်းတပည့်များစွာကို စုစည်းကာ ခမ်းနားထည်ဝါသောပုံစံဖြင့် ရောက်ချလာခြင်းဖြစ်၏။

အတွင်းဂိုဏ်းမှာ တပည့်ပေါင်းသိန်းချီရှိလေသည်။

ဖန့်ချင်းယွင်က အတွင်းဂိုဏ်းမှာ နှစ်ပေါင်းများစွာနေလာခဲ့ပြီး အတွင်းဂိုဏ်း၏ နံပါတ်တစ်လည်းဖြစ်၏။ သူက အလွန်တရာ နာမည်ကြီးလာခဲ့ပြီး သူက လက်တစ်ချက်ဝေ့ယမ်းရုံဖြင့် အတွင်းဂိုဏ်းတပည့်ထောင်ချီကို စုစည်းနိုင်သည်။

“စီနီယာအစ်ကိုဆူ... ကျန်းမာပါရဲ့လား”

ဖန့်ချင်းယွင်က အပြုံးတစ်ခုနှင့်အတူ သူ၏ လက်နှစ်ဖက်ကို ယှက်ပြလိုက်၏။

သူက ပြုံးနေသော်လည်း ဘာပဲပြောပြော သူ၏ နောက်ဘက်မှာ အတွင်းဂိုဏ်းတပည့်ပေါင်းတစ်သောင်းကျော်ရှိနေ၏။

သူတို့က ရန်လိုခက်ထန်မှုရှိနေကြ၏။

ဆူဇီမိုက မှင်သေသေ အမူအရာဖြင့် ပြန်လည်နှုတ်တက်ခြင်းမရှိပေ။

“ဘာတွေဖြစ်သွားတာလဲ”

ဖန့်ချင်းယွင်က မျက်မှောင်ကြုတ်ကာမေးလိုက်၏။

ချန်ချီက ဖြစ်ပျက်ခဲ့သမျှအရာရာတိုင်းကို အသေးစိတ်ပြန်ပြောပြလိုက်၏။

ဖန့်ချင်းယွင်က အဲ့ဒါကိုကြားသောအခါ သူက ဆူဇီမိုကိုကြည့်ပြီး လေးနက်သောအသံဖြင့်ပြောလိုက်၏။

“စီနီယာအစ်ကိုဆူ... ခင်ဗျားက သေချာပေါက်မှားခဲ့တာပဲ.. ဂျူနီယာညီယန်ရဲ့ ကျင့်ကြံမှုက ပျက်စီးသွားပြီ.. တကယ်ဆို သူ့အနေနဲ့ မှန်ကန်ဖြောင့်မတ်ခြင်းဓားကို ကိုင်ဆွဲထားဖို့က တကယ်ပဲ မသင့်လျော်တော့ဘူး... အဲ့ဒါက တက္ကသိုလ်ကအဲ့ဒီဓားကို ချေးတက်သွားစေလိမ့်မယ်”

“ချန်ချီက မှန်ကန်ဖြောင့်မတ်ခြင်းဓားကို ကိုင်ဆွဲဖို့ အဆင့်မမီဘူးဆိုရင်တောင် ဂျူနီယာညီယန်က အဲ့ဒါကို ဂိုဏ်းထံ ပြန်ပေးသင့်တယ်... အဲ့ဒါမှ သင့်လျော်တဲ့လူတွေကို ပြန်ပြီးလက်ဆင့်ကမ်းပေးနိုင်မှာ”

ဖန့်ချင်းယွင်၏ စကားလုံးတိုင်းက မျှတမှုရှိပြီး တက္ကိသိုလ်၏ အကျိုးကို ကြည့်သည်ဟုထင်ရသော်လည်း သူက တကယ်တမ်းမှာတော့ ယန်လောရှုကို ​ပစ်မှတ်ထားနေဆဲဖြစ်၏။

“စီနီယာအစ်ကိုဖန့်ပြောတာမှန်တယ်... စီနီယာအစ်ကိုယန်က သေတော့မှာပဲ... သူကဘာလို့အဲ့ဒီဓားကို ယူထားမှာလဲ”

“စီနီယာအစ်ကိုယန်... ခင်ဗျားက တစ်ကိုယ်ကောင်းဆန်လွန်းရာမကျဘူးလား...ဒီဓားကို တက္ကသိုလ်ကို ပြန်ပေးသင့်တယ်ဆိုတာအမှန်ပဲလေ”

“မှန်ကန်ဖြောင့်မတ်ခြင်းဓားကို ထုတ်ပေး”

ဖန့်ချင်းယွင်၏ နောက်ဘက်မှ အတွင်းဂိုဏ်းတပည့်များစွာက တစ်ယောက်ပြီးတစ်ယောက် အော်ပြောကာ တားဆီးမရနိုင်သော စွမ်းပကားတစ်ခုနှင့်အတူ ရုပ်ရုပ်သဲသဲအခြေအနေတစ်ရပ်ကို ဖြစ်ပေါ်လာစေ၏။

ဖန့်ချင်းယွင်၏ မျက်နှာပေါ်မှာ ခပ်ယဲ့ယဲ့အပြုံးတစ်ခုက တစ်ချိန်လုံးရှိနေ၏။

ဆူဇီမိုက ဂိုဏ်းချုပ်၏ အမည်ခံတပည့်တစ်ယောက်ဖြစ်ပြီး အဆင့်အတန်းအရာမှာ သူ့ထက်ပင် ပိုမိုမြင့်မားသည်ကို သူက ကောင်းကောင်းသိထား၏။ ထို့ကြောင့် ဤကိစ္စကို သူက မီးမွှေးပေးရပေမည်။

တကယ်ဆို အဲ့ဒါသည် တက္ကသိုလ်၏ အပေါ်ပိုင်းအကြီးအကဲများနှင့် အမွေခံကုန်းမြေသို့ ရောက်ရှိနိုင်မည်ဆိုလျှင် သူသည် သူတို့၏ စွမ်းအားကို အသုံးချကာ ဆူဇီမိုအပေါ်ဖိအားပေးနိုင်မည်ဖြစ်၏။

တက္ကသိုလ်မှ အကြီးအကဲတစ်ယောက်ပေါ်ထွက်လာမည်ဆိုလျှင်တောင် သူသည် ဤကိစ္စနှင့်ပတ်သက်၍ တစ်စုံတစ်ရာပြောဆိုနိုင်မည် မဟုတ်ပေ။

ယန်လောရှုက ဒုက္ခိတတစ်ယောက်ဖြစ်နေပြီး မှန်ကန်ဖြောင့်မတ်ခြင်းဓားကို ကိုင်ဆွဲဖို့ မသင့်လျော်တော့ဘူးဆိုသည်မှာ တကယ်ပင်ဖြစ်၏။

အဲ့ဒါက ငြင်းဆန်မရသောအချက်တစ်ချက်ဖြစ်၏။

ဆူဇီမိုက ဂိုဏ်းချုပ်၏ အမည်ခံတပည့်ဖြစ်လျှင်တောင် သူက ဤအခြေအနေကို ပြန်ပြောင်းပေးနိုင်တော့မည် မဟုတ်ပေ။

ကြီးမားသော ရုတ်ရုတ်သဲသဲအခြေအနေနှင့် ရင်ဆိုင်ရချိန်မှာ ဆူဇီမို၏ အမူအရာက မှင်သေသေဖြင့်ရှိနေပြီး လှောင်ပြောင်သရော်လိုမှုတစ်စွန်းတစ်စနှင့်အတူ ဖန့်ချင်းယွင်ကို ကြည့်နေ၏။

ဖန့်ချင်းယွင်က ဆူဇီမို၏ အကြည့်ကို သတိထားမိသွားပြီး ရုတ်တရက်မအီမသာခံစားလာရ၏။

‘ငါ့ရဲ့တွက်ချက်မှုမှာ တစ်ခုခုမှားနေတာများလား’

‘ငါတော့ အဲ့လိုမထင်ဘူး’

ဖန့်ချင်းယွင်က နောက်တစ်ဖန်ဂရုတစိုက်စဥ်းစားကြည့်လိုက်သော်လည်း သူက မည်သည့်အားနည်းချက်ကိုမှ ရှာမတွေ့ပေ။

“မှန်ကန်ဖြောင့်မတ်ခြင်းဓားက ငါ့လက်ထဲမှာရှိတယ်... အဲ့ဒါကိုလိုချင်တဲ့ဘယ်သူမဆို လာယူလိုက်”

ထိုစဥ်မှာပင် သန်မာအားကောင်းသော အသံတစ်သံက လိုဏ်ဂူထဲကနေထွက်ပေါ်လာ၏။

ထိုအသံနှင့်အတူ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်က ဘေးချင်းယှဥ်ကာ လျှောက်လှမ်းထွက်လာ၏။

အမျိုးသမီးက မင်းသမီးသက်တံနီဖြစ်ပြီး အမျိုးသားက ယန်လောရှုဖြစ်၏။

ထိုအခိုက်အတန့်မှာ ယန်လောရှုသည် ဒဏ်ရာအပြင်းအထန် ရရှိထားခြင်း သို့မဟုတ် သေခါနီးဆဲဆဲအချိန်သို့ ရောက်ရှိနေခြင်းနှင့် လုံးဝမတူပေ။ ထိုအစား သူ၏ အော်ရာက သန်မာအားကောင်းနေပြီး သူ့ကို မှန်ကန်​ဖြောင့်မတ်ခြင်းအော်ရာက လွှမ်းခြုံထား၏။ မှန်ကန်ဖြောင့်မတ်ခြင်းဓားကို ကိုင်ဆွဲထားရင်း သူက မိုးကြိုးလျှပ်စီးလိုအကြည့်နှင့်အတူ ဘေးပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုနေ၏။

တပည့်ဂိုဏ်းသားများစွာက သူ့အော်ရာကို မယှဥ်နိုင်ဘဲ သူနှင့် အကြည့်ချင်း မဆုံရဲကြပေ။

All Chapters