← Chapters

ကောင်းကင်ဘုံကပ်ဘေး ကိုးခုထဲမှ ခြောက်ခု

Vol. 158 Ch. 2360

ကောင်းကင်ဘုံကပ်ဘေး ကိုးခုထဲမှ ခြောက်ခု

Vol. 158 Ch. 2360

ကောင်းကင်နှင့်မြေကြီး တက္ကသိုလ် အတွင်းဂိုဏ်း၏ အထက်မှာ….

စွမ်းအားကြီးမားသော အော်ရာများနှင့်အတူ ပုံရိပ်များက ရုတ်တရက် ပေါ်ထွက်လာ၏။ သူတို့က တက္ကသိုလ်၏ မဟာအကြီးအကဲ ကိုးဦးထဲမှ လေးဦးဖြစ်သော အကြီးအကဲချုပ်၊ အကြီးအကဲ-၂၊ အကြီးအကဲ-၅နှင့် အကြီးအကဲ-၉တို့ ဖြစ်၏။

“မြန်မြန်လူစုခွဲကြ… ကောင်းကင်ဘုံကပ်ဘေး ဆင်းသက်လာပြီး မင်းတို့က စက်ကွင်းမလွတ်မှာ မကြောက်ဘူးလား”

အကြီးအကဲ-၂က အောက်ဘက်မှာ ရှိသော အတွင်းဂိုဏ်း တပည့်များစွာကို ငုံ့ကြည့်ပြီး အော်ငေါက်လိုက်၏။

ကျင့်ကြံသူများစွာက ထိတ်လန့်သွားပြီး ကပ်ဘေးဆင်းသက်ခြင်းဖြစ်စဉ်အတွင်း ဖြစ်ပွားတတ်သည့် အန္တရာယ်များကို ပြန်လည်အမှတ်ရသွားကြ၏။ သူတို့က တစ်ယောက်ပြီးတစ်ယောက် နောက်သို့ ဆုတ်ခွာပြီး သူတို့၏ ဦးခေါင်းထက်ရှိ အနက်ရောင် တိမ်စိုင်များ၏ သက်ရောက်မှုကနေ ထွက်ခွာသွားကြ၏။

ကောင်းကင်အင်မော်တယ်တစ်ဦး၏ ကပ်ဘေးဆင်းသက်ခြင်းသည် အထက်ဘုံလောက၏ ကျင့်ကြံခြင်းမှာ အရေးကြီးဆုံးနှင့် အန္တရာယ်အများဆုံး အဆင့်တစ်ဆင့်ဖြစ်၏။

သူတို့က မဟူရာ၊ ကမ္ဘာမြေနှင့် ကောင်းကင်အမြုတေတို့ကို တစ်ခုတည်းအဖြစ် ပေါင်းစည်းပြီး သူတို့၏ ဓမ္မတာအိုထဲသို့ အဲဒါကို ထည့်သွင်းကာ တာအိုသစ်သီးတစ်လုံးကို စုဖွဲ့ရမည်ဖြစ်၏။ ထိုသို့ဖြင့် သူတို့က ပကတိဧကနယ်ပယ်သို့ တက်လှမ်းလာနိုင်ပေမည်။

ပကတိဧကနယ်ပယ် ကျင့်ကြံသူတစ်ယောက်၏ ဘဝသက်တမ်းက နှစ်ငါးသိန်းကျော်သို့ တိုးလာပေလိမ့်မည်။

တာအိုသစ်သီးကို စုဖွဲ့သည့် ဖြစ်စဉ်အတွင်း ကောင်းကင်ဘုံကပ်ဘေးတစ်ခုက ဆင်းသက်ရောက်ရှိလာပေမည်။

အောက်ဘုံလောကများ၏ အကန့်အသတ်သည် ကောင်းကင်ဘုံကပ်ဘေး ကိုးခုထဲမှ လေးခုဖြစ်၏။ ယေဘုယျအားဖြင့် ပကတိဧကနယ်ပယ်အတွက် အားအနည်းဆုံး ကောင်းကင်ဘုံကပ်ဘေးက ကောင်းကင်ဘုံကပ်ဘေး ကိုးခုထဲမှ ခြောက်ခုဖြစ်၏။

တကယ်​တော့ အဲဒါသည် ကောင်းကင်အင်မော်တယ်အများစု ရင်ဆိုင်ရသည့် ကပ်ဘေးလည်းဖြစ်၏။

ရှားရှားပါးပါးဖြစ်ရပ်များမှာ သက်ရှိတချို့သည် မွေးရာပါသန်မာပြီး တစ်မူထူးခြားသည့် မျိုးဆက်သွေးများကို ပိုင်ဆိုင်ထားခြင်းကြောင့်ဖြစ်စေ… သူတို့ကို ကောင်းကင်ဘုံက မနာလိုအားကျရသောကြောင့်ဖြစ်စေ… အဲဒီမှာ ပိုမိုသန်မာသော ကောင်းကင်ဘုံကပ်ဘေး ခုနှစ်ခု သို့မဟုတ် ရှစ်ခုကပင်လျှင် ပေါ်ထွက်လာနိုင်၏။

တကယ်တော့ ကောင်းကင်ဘုံကပ်ဘေး ကိုးခုစလုံး ပေါ်ထွက်လာမည့် အန္တိမကောင်းကင်ဘုံကပ်ဘေးလည်း ရှိလေသည်။

ကောင်းကင်ဘုံကပ်ဘေး ကိုးခုစလုံးကို နှိုးဆွနိုင်သည့် သက်ရှိများ အားလုံးနီးပါးသည် သက်ဆိုင်ရာခေတ်၏ အသန်မာဆုံး ပြိုင်စံရှားများ ဖြစ်ကြ၏။ သူတို့က ကပ်ဘေးဖြတ်ကျော်ခြင်းမှာ အောင်မြင်သွားမည်ဆိုလျှင် သူတို့သည် သူတို့၏ အမည်များကို သမိုင်းမှာ သေချာပေါက် ချန်ထားရစ်ခဲ့နိုင်ပေလိမ့်မည်။

ဥပမာအားဖြင့် ဒဏ္ဍာရီလာ အနန္တမဟာဧကရာဇ်နှင့် ဒီဃာယုမဟာဧကရာဇ်တို့သည် အရင်တုန်းက ကောင်းကင်ဘုံကပ်ဘေး ကိုးခုစလုံးကို ဆွဲဆောင်နိုင်ခဲ့ကြ၏။

ကောင်းကင်ဘုံကပ်ဘေး ကိုးခုစလုံးကို ဆွဲဆောင်နိုင်သည့် ကျင့်ကြံသူတစ်ယောက်သည် သူ၏ ခွန်အားကို သက်သေပြပေးနိုင်သော်လည်း အဲဒါက စဉ်းစားကြည့်၍ မရနိုင်သော အန္တရာယ်နှင့်အတူ တွဲဖက်လာပေလိမ့်မည်။

သမိုင်းတစ်လျှောက်မှာ ကောင်းကင်ဘုံကပ်ဘေး ကိုးခုစလုံး ဆင်းသက်လာခြင်းကြောင့် မအောင်မြင်ဘဲ သေဆုံးခဲ့ရသော ပြန်ဝင်စား မွန်းစတားများစွာ ရှိခဲ့သည်။

ကျင့်ကြံသူများ၏ ကပ်ဘေးဆင်းသက်ခြင်းမှာ ကပ်ဘေးတိမ်စိုင်များ၏ သက်ရောက်မှု ဧရိယာအတွင်းမှာရှိသော ကျင့်ကြံသူများ အားလုံးသည် ကောင်းကင်ဘုံကပ်ဘေး၏ တိုက်ခိုက်ခြင်း ခံရပေလိမ့်မည်။

ထို့​ကြောင့်ပင်လျှင် တက္ကသိုလ်မှ အကြီးအကဲ လေးဦးက တက္ကသိုလ်မှ တပည့်ဂိုဏ်းသားများကို အဝေးကနေ သွားရောက်ကြည့်ရှုဖို့ သတိပေးလိုက်ခြင်းဖြစ်၏။

သမိုင်းတစ်လျှောက်မှာ ကပ်ဘေးဆင်းသက်ခြင်းကို ခံယူခဲ့သော သက်ရှိများ မရေမတွက်နိုင်အောင်ရှိပြီး သူတို့၏ အတွေ့အကြုံများကို မှတ်တမ်းတင်ထားခဲ့ကြသည်။

ကပ်ဘေးဆင်းသက်ချိန် အတောအတွင်း ကပ်ဘေးဆင်းသက်ခြင်းကို ဖြတ်ကျော်နေသော ထိုသူသည် ကောင်းကင်ဘုံကပ်ဘေးကို ခုခံဖို့အတွက် မည်သည့်နည်းလမ်းကိုမဆို အသုံးပြုနိုင်သည်။ အစီအရင်ဝင်္ကပါများဖြစ်စေ… အဆောင်လက်ဖွဲ့များ၊ နတ်ဘုရားစွမ်းအားများ သို့မဟုတ် ဓမ္မရတနာများဖြစ်စေ… ပြဿနာမရှိပေ။

သို့သော်လည်း သူတို့သည် ကောင်းကင်ဘုံကပ်ဘေးကို ခုခံဖို့အတွက် အပြင်လူများထံမှ အကူအညီမတောင်းနိုင်ပေ။

ဒါ့အပြင် ကပ်ဘေးဆင်းသက်ခြင်းဖြစ်စဉ်က တာအိုသစ်သီးကို စုဖွဲ့ဖို့နှင့် ပကတိဧကနယ်ပယ်ကို တက်လှမ်းဖို့အတွက် မရှိမဖြစ် လိုအပ်သော အစိတ်အပိုင်းတစ်ခုဖြစ်၏။

ကောင်းကင်ဘုံကပ်ဘေး၏ ဆေးကြောသန့်စင်ခြင်းနှင့် မီးဆေးမှုမရှိဘဲ အစစ်အမှန် တာအိုသစ်သီးတစ်လုံးကို စုဖွဲ့ဖို့က မဖြစ်နိုင်ပေ။

ဒါ့အပြင် ကပ်ဘေးဆင်းသက်ချိန် အတောအတွင်း ကျင့်ကြံသူများသည် သူတို့၏ ဓမ္မရတနာများကို သန့်စင်မွမ်းမံဖို့အတွက် ကောင်းကင်ဘုံကပ်ဘေးကို အသုံးချနိုင်၏။

ဓမ္မရတနာတစ်ခုသည် ကောင်းကင်ဘုံကပ်ဘေးကနေ ရှင်သန်နိုင်ခဲ့မည်ဆိုလျှင် အဲဒါသည် အသိစိတ်ဓမ္မရတနာတစ်ခုအဖြစ် အသွင်ပြောင်းလဲပြီး ပို၍ပင် သန်မာလာပေလိမ့်မည်။

ထို့ကြောင့်ပင်လျှင် သူတို့ကို ကပ်ဘေးစိတ်ဝိညာဉ်ရတနာများဟု ခေါ်ဆိုခြင်းဖြစ်၏။

ကပ်ဘေးဖြတ်ကျော်ခြင်းအတွက် မှတ်သားရမည့် နောက်ထပ်အချက်တစ်ချက် ရှိသေး၏။

ယေဘုယျအားဖြင့် လူတစ်ယောက်က ကပ်ဘေးဆင်းသက်ခြင်းကို အောင်အောင်မြင်မြင် ဖြတ်ကျော်ပြီး ပကတိဧကနယ်ပယ်သို့ တက်လှမ်းနိုင်မည်ဆိုလျှင်တောင် ကောင်းကင်ဘုံကပ်ဘေးများကို တောင့်ခံပြီးနောက် သူတို့က အလွန်တရာ အားနည်းလာပေလိမ့်မည်။

ထိုအချိန်ကျလျှင် သူတို့ကို ကာကွယ်ပေးမည့် ပညာရှင်များ ရှိနေပါက အကောင်းဆုံးဖြစ်ပေလိမ့်မည်။

မဟုတ်ပါက သူတို့၏ ရန်သူများအနေဖြင့် အခြေအနေကို အခွင့်ကောင်းယူကာ သူတို့ကို လုပ်ကြံသတ်ဖြတ်ဖို့က အလွန်တရာ လွယ်ကူနေပေလိမ့်မည်။

ထို့ကြောင့် အထက်ဘုံလောကမှ ခြေသလုံးအိမ်တိုင် ကျင့်ကြံသူများသည် ဤအဆင့်မှာ အလွန်တရာ သတိကြီးကြီးထားရပြီး ကပ်ဘေးဆင်းသက်ခြင်းကို ဖြတ်ကျော်ဖို့အတွက် လူသူကင်းမဲ့သော စွန့်ပစ်ကုန်းမြေများကို ရှာဖွေတတ်ကြ၏။

ကပ်ဘေးဆင်းသက်ခြင်းကို ဖြတ်ကျော်မည့် တည်နေရာကို အလွန်တရာ လျှို့ဝှက်ထားရ၏။

ယန်လောရှုကဲ့သို့ ကောင်းကင်အဆင့် ဂိုဏ်းတစ်ဂိုဏ်းမှ တပည့်ဂိုဏ်းသားတစ်ယောက်က ကပ်ဘေးဆင်းသက်ခြင်းကို ဖြတ်ကျော်မည်ဆိုလျှင် သူက အခြားသူများထက် ပိုမိုလုံခြုံစိတ်ချရသည်။

သူသည် ကပ်ဘေးဆင်းသက်ခြင်းကို တက္ကသိုလ်မှာ ဖြတ်ကျော်သရွေ့ သူ့ကို ကာကွယ်ဖို့အတွက် အကြီးအကဲတစ်ယောက်က သေချာပေါက် ပေါ်ထွက်လာပေလိမ့်မည်။

မည်သည့် ပကတိအင်မော်တယ်မဆို… ဂိုဏ်းကြီးများ၏ အခြေခံအုတ်မြစ်ကျောက်တုံးများဖြစ်ပြီး အလွန်တရာ အရေးပါ၏။

နက်မှောင်နေသော တိမ်စိုင်များက အုံ့မှိုင်းလာပြီး လျှပ်စီးများက တဖျပ်ဖျပ်လက်ကာ မိုးခြိမ်းသံက တဝုန်းဝုန်းမြည်လာ၏။

ယန်လောရှုသည် သူ၏ လက်ထဲရှိ မှန်ကန်ဖြောင့်မတ်ခြင်း ဓားနှင့်အတူ လေထဲမှာ မတ်တတ်ရပ်နေ၏။ သူက မှန်ကန်ဖြောင့်မတ်ခြင်းအော်ရာနှင့်အတူ မိုးကောင်းကင်ထက်ကို မော့ကြည့်ပြီး အကြောက်အလန့် မရှိပေ။

“လာခဲ့လေ”

ယန်လောရှုက အော်ပြောလိုက်၏။

ဖျောက်…

အနီရောင် ကောင်းကင်ဘုံကပ်ဘေးတစ်ခုက ဆင်းသက်လာခဲ့၏။

ယန်လောရှုက မည်သည့် နတ်ဘုရားစွမ်းအား သို့မဟုတ် မည်သည့် ဓမ္မပညာရပ်ကိုမှ အသုံးပြုခြင်း မရှိဘဲ ခုခံဖို့အတွက် သူ၏ ခန္ဓာကိုယ်ကိုသာ မှီခိုလိုက်၏။

သူ့လက်ထဲရှိ မှန်ကန်ဖြောင့်မတ်ခြင်း ဓားအပြင် သူ၏ ဘေးမှာ ကောင်းကင်အဆင့် ဓမ္မရတနာ ခုနှစ်ခု ရှစ်ခု ရှိနေပြီး ကောင်းကင်ဘုံကပ်ဘေးဖြင့် မီးဆေးမှုကို ခံယူဖို့အတွက် အဆင်သင့်ဖြစ်နေ၏။

ဘုန်း… ဘုန်း… ဘုန်း…

ကောင်းကင်ဘုံကပ်ဘေးက အဆက်မပြတ် ဆင်းသက်လာခဲ့၏။ ၎င်း၏ အရောင်က တဖြည်းဖြည်း ပိုမိုနက်ရှိုင်း၍ ၎င်း၏ စွမ်းအားက ပိုမိုသန်မာလာခဲ့၏။

နောက်ဆုံးမှာ နက်မှောင်နေသော တိမ်စိုင်များ အထက်ကနေ ဆင်းသက်လာသော ကောင်းကင်ဘုံကပ်ဘေးသည် ကျောက်တိုင်တစ်တိုင်ကဲ့သို့ တုတ်ခိုင်သော နီညိုရောင် မိုးကြိုးလျှပ်စီးတစ်ခုအဖြစ် အသွင်ပြောင်းလဲသွားပြီဖြစ်ကာ ယန်လောရှု၏ ခန္ဓာကိုယ်ကို ပြင်းထန်စွာ ပစ်ဆောင့်ချလိုက်၏။

ယန်လောရှုက ဆတ်ခနဲ တုန်ယင်သွားသော်လည်း သူက အံကို တင်းတင်းကြိတ်ကာ သူ၏ ကိုယ်ကာယဖြင့် ခုခံထား၏။

ခဏနေပြီးနောက် ကောင်းကင်ဘုံကပ်ဘေး၏ ရိုက်ချက်ကိုးချက်က အဆုံးသတ်သွား၏။

သို့သော်လည်း အဲဒါက ပထမဆုံးအဆင့်သာ ဖြစ်၏။ အဲဒါသည် ခြိမ်းခြောက်နိုင်စွမ်း အနည်းဆုံးအဆင့်လည်း ဖြစ်၏။

အဲဒီမှာ နောက်ထပ် ကောင်းကင်ဘုံကပ်ဘေး အနည်းဆုံး ငါးခုရှိနေပြီး တစ်ခုချင်းစီက အရင်တစ်ခုထက် ပိုမိုသန်မာလာပေလိမ့်မည်။

ယန်လောရှု၏ ဘေးမှာ ရှိသော ဓမ္မရတနာများအပေါ်မှာ မိုးကြိုးလျှပ်စီးဖြင့် ထိခတ်ခံထားရသည့် လောင်ကျွမ်းရာတစ်ခုက ပေါ်ထွက်လာ၏။

ထိုဓမ္မရတနာများသည် ကပ်ဘေးအသိစိတ်ရှိ ဓမ္မရတနာများအဖြစ် အသွင်ပြောင်းလဲလာခဲ့ပြီဖြစ်၏။

ယန်လောရှု၏ ဦးခေါင်းထက်ရှိ နက်မှောင်နေသော တိမ်စိုင်များက လျင်မြန်စွာ ပြောင်းလဲသွား၏။ သူ့ကို အနားယူချိန် များစွာ မပေးဘဲ ဒုတိယမြောက် ကောင်းကင်ဘုံကပ်ဘေးက အလျင်အမြန် ဆင်းသက်လာ၏။

ဤတစ်ခေါက်မှာ ကောင်းကင်ဘုံကပ်ဘေး၏ အရောင်က အဝါရောင်ဖြစ်လာခဲ့ပြီး ၎င်း၏ ခွန်အားက အဆများစွာတိုးလာခဲ့၏။

ယန်လောရှုသည် ဒုတိယမြောက် ကောင်းကင်ဘုံကပ်ဘေး၏ သက်ရောက်မှုကို ခုခံဖို့အတွက် သူ၏ မှန်ကန်ဖြောင့်မတ်ခြင်းချီကို ထုတ်ဖော်လိုက်ရ၏။

သိပ်မကြာခင် ဒုတိယမြောက် ကောင်းကင်ဘုံကပ်ဘေးက အဆုံးသတ်သွား၏။

ယန်လောရှုက စိတ်သက်သာစွာ သက်ပြင်းချပြီး သူ၏ နှုတ်ခမ်းထောင့်ကနေ သွေးများက စီးကျလာ၏။

သိပ်မကြာခင် တတိယမြောက် ကောင်းကင်ဘုံကပ်ဘေးက ဆင်းသက်လာ၏။

ကောင်းကင်ဘုံကပ်ဘေး၏ အရောင်က အစိမ်း​ရောင်သို့ ပြောင်းလဲသွားခဲ့ပြီဖြစ်ပြီး ၎င်း၏ ခွန်အားကလည်း နောက်တစ်ဖန် မြင့်တက်လာခဲ့ပြီဖြစ်၏။

ဤတစ်ခေါက်မှာ ယန်လောရှုသည် ကောင်းကင်ဘုံကပ်ဘေး၏ စွမ်းအားကို ခုခံဖို့အတွက် သူ၏ ဘေးပတ်လည်မှ ဓမ္မရတနာများကို ထုတ်ဖော်လိုက်ရ၏။

ဖျောက်… ဖျောက်… ဖျောက်…

ကောင်းကင်ဘုံကပ်ဘေး၏ ရိုက်ချက်ကိုးချက်က တရစပ် ကျဆင်းလာပြီး ဓမ္မရတနာ သုံးခုက အဲဒါကို ခံနိုင်ရည် မရှိတော့ပေ။ အက်ကွဲကြောင်းများ ပေါ်ထွက်လာပြီး သူတို့၏ အရောင်အဝါက မှေးမှိန်ကာ ကျဆင်းသွား၏။

ကောင်းကင်ဘုံကပ်ဘေး၏ ဆေးကြောသန့်စင်မှုကနေ ဓမ္မရတနာတိုင်းက ရှင်သန်နိုင်လိမ့်မည် မဟုတ်ပေ။

စတုတ္ထမြောက် ကောင်းကင်ဘုံကပ်ဘေးက ဆင်းသက်လာခဲ့၏။ အဲဒါသည် အပြာရောင် ကောင်းကင်ဘုံကပ်ဘေးတစ်ခု ဖြစ်၏။

ကြီးမားသော အပြာရောင် မိုးကြိုးလျှပ်စီးက အဆက်မပြတ် ကျဆင်းလာခဲ့၏။ ယန်လောရှုက နတ်ဘုရားစွမ်းအားများစွာနှင့် လျှို့ဝှက်အတတ်များစွာကို ဆင့်ခေါ်ပြီး အဲဒါကို ခုခံလိုက်၏။

ဤတစ်ခေါက် ကောင်းကင်ဘုံကပ်ဘေးအပြီးမှာ သူ့ဘေးတွင် ရှိသော နောက်ထပ် ဓမ္မရတနာနှစ်ခုက ပျက်စီးသွား၏။

ထို့နောက် ချက်ချင်းပင် ပဉ္စမမြောက် ကောင်းကင်ဘုံကပ်ဘေးက ဆင်းသက်လာခဲ့၏။

ခရမ်းရောင်မိုးကြိုးလျှပ်စီးက ယန်လောရှုကို လွှမ်းခြုံသွားပြီး သူ့ကို အသက်ရှူခွင့်ပင် မပေးပေ။

ယန်လောရှုသည် သူ၏ မျိုးဆက်သွေးနယ်မြေကို ထုတ်ဖော်ပြီး ကောင်းကင်ဘုံကပ်ဘေးကို ဆက်လက်၍ ခုခံလိုက်၏။

ကျယ်ပြော၍ ကြောက်စရာကောင်းသော ဤကောင်းကင်ဘုံကပ်ဘေး၏ ရှေ့မှာ ယန်လောရှု၏ ခန္ဓာကိုယ်က အလွန်တရာ သေးငယ်သွားပုံရ၏။ သူက ထပ်တလဲလဲ တွန်းလှန်ထုတ်ခံရပြီးနောက် ရှေ့သို့ တစ်ဖန်ပြီးတစ်ဖန် ပြေးတက်လာခဲ့၏။

နောက်ဆုံးမှာ စတုတ္ထမြောက် ကောင်းကင်ဘုံကပ်ဘေးက အဆုံးသတ်သွား၏။

သူ၏ လက်ထဲရှိ မှန်ကန်ဖြောင့်မတ်ခြင်းဓားက လွဲလျှင် ယန်လောရှု၏ ဓမ္မရတနာများ အားလုံးက ကြေမွပျက်စီးသွားပြီဖြစ်၏။

သူသည်လည်းပဲ ကောင်းကင်ဘုံကပ်ဘေးကနေ ဒဏ်ရာများစွာ ရရှိလာခဲ့၏။ သို့သော်လည်း သူက သူ၏ ဓားနှင့်အတူ မတ်တတ်ရပ်နေဆဲဖြစ်ပြီး အညံ့မခံပေ။

ဆဋ္ဌမမြောက် ကောင်းကင်ဘုံကပ်ဘေးက ပေါ်ထွက်လာခဲ့၏။ မရဏစွမ်းအား တစ်စွန်းတစ်စနှင့်အတူ မီးခိုးရောင်မိုးကြိုးလျှပ်စီးက ပြင်းထန်ကြမ်းတမ်းစွာ ကျဆင်းလာပြီး ယန်လောရှု၏ ခန္ဓာကိုယ်ကို ထိုးဖောက်လုနီးပါးဖြစ်၏။

“ဖွီ…”

ယန်လောရှုက သွေးများကို ထွေးထုတ်ပြီး ယိမ်းထိုးသွား၏။

ကောင်းကင်ဘုံကပ်ဘေး၏ ဒုတိယမြောက် ရိုက်ချက်…။

ဘန်း…

ယန်လောရှုက ရွှံ့မြေပေါ်သို့ ပြင်းထန်စွာ ပစ်ဆောင့်ကျသွားပြီး ကြီးမားသော တွင်းချိုင့်တစ်ခုကို ဖြစ်ပေါ်လာစေ၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက လောင်ကျွမ်းတူချစ်နေပြီး မီးခိုးစိမ်းများက အူထွက်နေ၏။ သူက လူသားတစ်ယောက်နှင့် ဆက်လက်၍ မတူတော့ပေ။

ဘုန်း…

ထို့နောက် ချက်ချင်းပင် ကောင်းကင်ဘုံကပ်ဘေး၏ တတိယမြောက် ရိုက်ချက်က ထိခတ်လာခဲ့၏။

ယန်လောရှု၏ ခန္ဓာကိုယ်ကနေ သွေးနှင့် အသားစတို့က ပဲ့စင်ထွက်သွား၏။ နေရာတချို့မှာ အရိုးဖြူများပင် ပေါ်ထွက်လာခဲ့၏။ အဲဒါက တုန်လှုပ်စရာကောင်းသော မြင်ကွင်းတစ်ခု ဖြစ်၏။

ဆူဇီမို၊ မင်းသမီးသက်တံနီ၊ လျှိုဖျင်နှင့် အခြားသူများသည် စိုးရိမ်ပူပန်နေသော အမူအရာများဖြင့် ဤမြင်ကွင်းကို ကြည့်နေရ​ပြီး ဘာမှ မတတ်နိုင်ပေ။

ယန်လောရှုသည် ကောင်းကင်ဘုံကပ်ဘေးကို သူ့ဘာသာသူသာ ကိုင်တွယ်ရပေမည်။

ကောင်းကင်ဘုံကပ်ဘေး၏ ရိုက်ချက်တချို့က ကျန်ရှိနေဆဲဖြစ်၏။ သူက အဲဒီကနေ ရှင်သန်နိုင်သည်နှင့်အမျှ သူသည် တရှိန်ထိုး မြင့်မားတိုးတက်လာပြီး ပကတိအင်မော်တယ်တစ်ပါး ဖြစ်လာပေလိမ့်မည်။

All Chapters