← Chapters

မိစ္ဆာတပ်မှူးများကို ပြန်လည်နေရာချပေးခြင်း

Vol. 158 Ch. 2367

မိစ္ဆာတပ်မှူးများကို ပြန်လည်နေရာချပေးခြင်း

Vol. 158 Ch. 2367

“ဒါပေမဲ့လို့..”

သိုင်းတာအိုပင်မခန္ဓာက စကားလမ်းကြောင်း ပြောင်းလိုက်၏။

“တချို့အရာတွေကို မင်း ရှင်းရှင်းလင်းလင်း လုပ်ပေးရမယ်။”

သိုင်းတာအိုပင်မခန္ဓာက အဲ့ဒါကို တိတိပပမပြောဆိုသော်လည်း ကောင်းကင်ဘုံ၀ံပုလွေက ဘာဆိုတာကို သိရှိလိုက်သည်။

ကောင်းကင်ဘုံ၀ံပုလွေက လေးနက်သောအသံဖြင့် ပြောလိုက်သည်။

“ကျုပ်က ကျုပ်သခင်ဟောင်းကို သစ္စာဖောက်မှာမဟုတ်ဘူး။ နောက်ပြီး ကျုပ်က ခင်ဗျားကိုလည်း သစ္စာမဖောက်ဘူးလို့ အာမခံနိုင်တယ်။”

တစ်နည်းအားဖြင့်ဆိုသော် ကောင်းကင်ဘုံ၀ံပုလွေသည် သိုင်းတာအိုပင်မခန္ဓာကို သူ၏ သခင်အဖြစ် ဆက်လက်အသိအမှတ်ပြုထားမည်ဟု အဓိပ္ပာယ်ရသည်။

ကောင်းကင်ဘုံ၀ံပုလွေက ဆက်ပြောလိုက်သည်။

“ခင်ဗျားက တစ်နေ့မှာ ကျုပ်သခင်ဟောင်းနဲ့ တွေ့ဆုံမယ်ဆိုရင် ကျုပ်က ဘယ်သူ့ဘက်ကိုမှ ကူညီပေးမှာ မဟုတ်ဘူး။”

“ကောင်းပြီလေ”

သိုင်းတာအိုပင်မခန္ဓာက ခေါင်းညိတ်ပြလိုက်၏။

ယခု ဧကရာဇ်ပိုရွှင်းက ပြန်လည် ထွက်ပေါ်လာပြီး သူက ကောင်းကင်ဘုံ၀ံပုလွေကို သူ၏ အနားမှာထားချင်သည်ဆိုလျှင် တချို့အရာများကို ထည့်သွင်းစဥ်းစားရပေမည်။

သူတို့နှစ်ယောက်က တစ်နေ့မှာ တိုက်ခိုက်ကြမည်ဆိုလျှင် ကောင်းကင်ဘုံ ၀ံပုလွေက ဘယ်သူ့ကို ကူညီပေးမှာလဲ”

အဲ့ဒါက တမင်သက်သက် စိုးရိမ်ပူပန်နေခြင်း မဟုတ်ပေ။

ဧကရာဇ်ပိုရွှင်းသည် သူ့ကို အဝီစိသို့ ပစ်ချခဲ့ခြင်းဖြင့် သူ့ကိုသေစေချင်သည်မှာ သိသာနေသည်။

သိုင်းတာအိုပင်မခန္ဓာက ကောင်းကင်ဘုံ၀ံပုလွေကို ထိန်းသိမ်းထားပြီး ထိုသူက ဧကရာဇ် ပိုရွှင်း၏ အမိန့်ကို နာခံနေဆဲ ဖြစ်မည်ဆိုလျှင် အဲ့ဒါသည် သိုင်းတာအိုပင်မခန္ဓာအတွက် အချိန်မရွေး ပေါက်ကွဲထွက်ပေါ်နိုင်ပြီး ကြီးမားသော အန္တရာယ်တစ်ခု ဖြစ်လာပေလိမ့်မည်။

ယခုသူသည် ကောင်းကင်ဘုံ၀ံပုလွေ၏ ကတိကဝတ်ကိုရရှိသွားပြီး သိုင်းတာအိုပင်မခန္ဓာက စိတ်သက်သာရာရသွားသည်။

သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်သည်။

“ငါက မင်းရဲ့လွတ်လပ်ခွင့်ကို ပိတ်ပင်ထားမှာမဟုတ်ဘူး။ မင်း ဆန္ဒရှိတဲ့အခါ ဒီနေရာကနေ အချိန်မရွေး ထွက်ခွာသွားနိုင်တယ်။”

“ဟမ်”

ကောင်းကင်ဘုံ၀ံပုလွေက နှာတစ်ချက် မှုတ်လိုက်သည်။

“ဒါပေါ့ ကျုပ်မပျော်ဘူးဆိုရင် ကျုပ်ဘာသာ ထွက်သွားမှာပေါ့။ ခင်ဗျားကိုတောင် ပြောနေမှာမဟုတ်ဘူး။”

“အဲ့ဒီ့အချိန်ကျရင် ခင်ဗျားက ငိုယိုပြီး ကျုပ်ကို တောင်းပန်မယ်ဆိုရင်တောင် ခင်ဗျားအဲ့ဒီအခွင့်ရေးရမှာ မဟုတ်တော့ဘူး။ “

သိုင်းတာအိုပင်မခန္ဓာက သူ့ကို လျစ်လျူရှုပြီး ပကတိမိစ္ဆာရှဲ့ဖုန်၏ သိုလှောင်အိတ်ကို သာမန်ကာလျှံကာ ကောက်ယူလိုက်၏။ သူက ၎င်းအပေါ်မှ စိတ်၀ိညာဥ် အသိစိတ်အမှတ်အသားကို ဖယ်ရှားရှင်းလင်းပြီး ကောင်းကင်ဘုံ၀ံပုလွေ ကူထုံယိုနှင့် အခြားသူများ၏ သိုလှောင်အိတ်များကို ပြန်ပေးလိုက်သည်။

ကောင်းကင်ဘုံ၀ံပုလွေက စိတ်ခံစားချက် ခုနှစ်မျိုး မိစ္ဆာတပ်မှူးများ၏ အလောင်းများကိုကြည့်ပြီး သက်ပြင်းချလိုက်၏။

“ဘာလို့လဲ မင်းအဲ့လုပ်ရပ်နဲ့ ပတ်သက်ပြီး နောင်တရနေတာလား။”

သိုင်းတာအိုပင်မခန္ဓာက မေးလိုက်၏။

ကောင်းကင်ဘုံ၀ံပုလွေက သူ၏ နူတ်ခမ်းကိုမဲ့ကာပြောလိုက်၏။

“ဘယ်ဟုတ်ပါ့မလဲ.. သူတို့တွေက သစ္စာဖောက်ခုနှစ်ယောက်ပဲ။ သူတို့ကို သတ်လိုက်ရတယ်ဆိုလည်း ကိစ္စမရှိဘူး။”

ခဏမျှရပ်တန့်လိုက်ပြီး သူက ထပ်မံ၍ သက်ပြင်းချလိုက်သည်။

“အာ..”

“အစကတော့ စိတ်ခံစားချက် ခုနှစ်မျိုး မိစ္ဆာတပ်မှူးတွေက မိစ္ဆာနယ်​မြေမှာ အထွတ်အထိပ် ဂုဏ်သတင်းတစ်ခုကို ဖော်ဆောင်ပြီး ကောင်းကင်ဘုံ ကမ္ဘာတစ်၀ှမ်းကျော်ကြားလာမယ်လို့ ကျုပ်က တွေးထင်ထားတာ။ အခုတော့ ကျုပ်မှာ အဲ့အခွင့်အရေးမရှိတော့ဘူးနဲ့တူတယ်။”

“မင်းရွေးချယ်ထားတဲ့လူတွေက ဘယ်လိုလူမျိုးတွေဆိုတာ ဘာလို့ မကြည့်တာလဲ။ သူတို့ခုနှစ်ယောက်က မိစ္ဆာမဟာနယ်မြေမှာ သတ်ဖြတ်ခြင်းနဲ့ လမ်းဖောက်ပြီး ကောင်းကင်ဘုံကမ္ဘာထိ ကျော်ကြားလာမယ်လို့ မင်းက တကယ်ကြီးမျှော်လင့်ထားတာလား။”

သိုင်းတာအိုပင်မခန္ဓာက လှောင်ရယ်လိုက်သည်။

“ဘာလို့လဲ ခင်ဗျားလက်မခံဘူးလား။”

သိုင်းတာအိုပင်မခန္ဓာ၏ ရက်ရက်စက်စက် လှောင်ပြောင်သရော်ခြင်းခံလိုက်ရပြီးနောက် ကောင်းကင်ဘုံ၀ံပုလွေ၏ မျက်နှာက နီရဲသွား၏။ သူက လည်ပင်းကိုဆန့်ပြီး အော်ပြောလိုက်၏။

“ခင်ဗျားတတ်နိုင်ရင် လူခုနှစ်ယောက် ရွေးချယ်လိုက်။ ခင်ဗျားရွေးချယ်ထားတဲ့ လူတွေက ဘာအရည်အချင်းတွေရှိလဲ ကျုပ်ကိုပြလေ။”

“စိတ်ခံစားချက်ခုနှစ်မျိုးမိစ္ဆာတပ်မှူးတွေဆိုတော့....”

သိုင်းတာအိုပင်မခန္ဓာက တီးတိုး ရေရွတ်လိုက်သည်။

အစကတော့သူသည် ထျန်ဟွမ်ဂိုဏ်းကို သိပ်ပြီးအရေးမလုပ်ခဲ့ပေ။

သို့သော် ယခုသူသည် အစစ်အမှန် သိုင်းနယ်ပယ်သို့ ဝင်ရောက်လာခဲ့ပြီး ထျန်ဟွမ်ဂိုဏ်း၏ အဆင့်ကလည်း မြင့်တက်လာကာ ကမ္ဘာမြေအဆင့်ဂိုဏ်းတစ်ဂိုဏ်းဖြစ်လာခဲ့သည်။

ဂိုဏ်းအရေအတွက်တိုးလာခြင်းနှင့်အတူ သူတို့၏ စိုးမိုးနယ်မြေနှင့် သူတို့ဂိုဏ်း၏ ကျင့်ကြံသူအရေအတွက်ကလည်း တိုးလာမည်ဟု အဓိပ္ပာယ်ရသည်။

ကောင်းကင်ဘုံ၀ံပုလွေတစ်ယောက်ထဲ ဤအခြေနေကို နိုင်နင်းအောင် ကိုင်တွယ်နိုင်တော့မည်မဟုတ်ပေ။

သူက မကြာခဏ တံခါးပိတ်ကျင့်ကြံမှုသို့ ဝင်ရောက်လိုသည်ဆိုလျှင် သူသည် ထျန်ဟွမ်ဂိုဏ်းကို အတူတကွ အုပ်ချုပ်ဖို့အတွက် ပြိုင်စံရှားပညာရှင်တစ်ချို့ကို သူ၏ လက်အောက်သို့ တကယ်ပင် စည်းရုံးသိမ်းသွင်းရပေမည်။

ဤပြိုင်စံရှားများကို စိတ်ခံစားချက် ခုနှစ်မျိုး မိစ္ဆာတပ်မှူးများဟု ခေါ်ဆိုဖို့က ဆိုးသည့်အကြံတစ်ခု မဟုတ်ပေ။

“စိတ်ခံစားချက်ခုနှစ်မျိုးဆိုတော့..”

သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်၏။

“သူတို့တွေက အဓိပ္ပာယ်ကိုခြုံငုံမိဖို့ဆိုရင် ဝမ်းသာခြင်း၊ အမျက်ဒေါသ ၊ ပူဆွေးဝမ်းနည်းခြင်း၊ အကြောက်တရား၊ ချစ်ခြင်းမေတ္တာ၊ အမုန်းတရားနဲ့ တဏှာရမ္မက်တို့ကို ကိုယ်စားပြုနိုင်ရမှာပေါ့။ မင်းရှာတွေ့ထားတဲ့ လူတွေထဲ ဘယ်သူကများ အဲ့ဒီစိတ်ခံစားချက်တွေနဲ့ ကိုက်ညီမှုရှိလဲ။”

ကောင်းကင်ဘုံ၀ံပုလွေက ဟက်ခနဲ ရယ်လိုက်သည်။

“ခင်ဗျားပြောတာကတော့ လွယ်တာပေါ့။ ကျုပ်တို့က စိတ်ခံစားချက်ခုနှစ်မျိုးကို ကိုယ်စားပြုနိုင်ပြီး စိတ်ခံစားချက် ၇မျိုး မိစ္ဆာတပ်မှူးဘွဲ့နဲ့ ကိုက်ညီတဲ့လူတွေကို ဘယ်မှာသွားရှာရမှာလဲ။”

“ငါတို့မှာ လောလောဆယ် တစ်ယောက်တော့ ရှိနေပြီ။”

သိုင်းတာအိုပင်မခန္ဓာက ယန်ပေးချန်ကို ကြည့်ကာ ပြောလိုက်သည်။

“စိတ်ခံစားချက်ခုနှစ်မျိုး မိစ္ဆာတပ်မှူးတွေမှာ စုစုပေါင်းဘွဲ့ ခုနှစ်ခုရှိတယ်.. အမုန်းက ခင်ဗျားနဲ့ အသင့်လျော်ဆုံးပဲ”

ယန်ပေးချန်က မိစ္ဆာဥပါဒါန်ဗုဒ္ဓကြမ္မာသုတ္တန်ကို ကျင့်ကြံထားသော်လည်း သူ၏ အခြေခံအုတ်မြစ်က အမုန်းသုတ္တန်ဖြစ်၏။

အမုန်းတရားက ကျင့်ကြံဖို့အတွက် သူ၏ စွဲလမ်းမှုဥပါဒါန် အရင်းအမြစ်လည်းဖြစ်၏။

ယန်ပေးချန်၏ ဓမ္မတာအိုသည် စိတ်ခံစားချက်ခုနှစ်မျိုးထဲက အမုန်းတရားကို ကိုယ်စားပြုပေးနိုင်၏။

“ကောင်းပြီလေ”

ယန်ပေးချန်က ငြင်းဆန်ခြင်းမရှိပဲ အလွယ်တကူ သဘောတူလိုက်၏။

“ဟုတ်လှချေလား”

ကောင်းကင်ဘုံ၀ံပုလွေ၏ မျက်နှာက ဝင်းလက်သွားသည်။

“ဒီလောက်ထိ သင့်တော်တဲ့သူကို ငါအရင်က ဘာလို့မတွေးမိတာပါလိမ့်။”

အရင်က ယန်ပေးချန်၏ ကျင့်ကြံခြင်းနယ်ပယ်က မြင့်မားခြင်း မရှိသေးပဲ သူက အဆင့်-၂ ကောင်းကင် အင်မော်တယ် တစ်ယောက်သာဖြစ်၏။ သို့သော်လည်း ဧကရာဇ်ပိုရွှင်း၏ အမွေကို ဆက်ခံရရှိပြီးနောက် သူ၏ ပါရမီအလားအလာက အရမ်းကို ကြီးမားလာခဲ့၏။

ကောင်းကင်ဘုံ၀ံပုလွေသည် ယခုအချိန်မှာ ယန်ပေးချန်ထက် နယ်ပယ်နှစ်ခုပိုမိုမြင့်မားသော်လည်း နောက်နှစ်အနည်းငယ်အကြာမှာ သူသည် ယန်ပေးချန်ကို သေချာပေါက် ယှဥ်နိုင်တော့မည်မဟုတ်ချေ။

“သူက သင့်လျော်တဲ့လူဆိုတာ တကယ်ပါပဲ။ အဲ့ဒါနဲ့ ပတ်သက်ပြီး ကျုပ်မှာ ပြောစရာမရှိဘူး။”

ကောင်းကင်ဘုံ၀ံပုလွေက မျက်လုံး စွေကြည့်ပြီး အရှုံးကို ဝန်မခံလိုသေးပေ။

“ဒါပေမဲ့ ခင်ဗျားက တစ်ယောက်ကိုပဲ ရှာတွေ့သေးတယ်။ နောက်ထပ် ခြောက်ယောက်တောင် ကျန်သေးတယ်။ အဲ့လောက်ထိ ဘဝင်မြင့်ပြနေစရာမလိုဘူး”

သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်သည်။

“ငါရွေးချယ်ထားတဲ့တစ်ယောက်က မင်းရှာတွေ့ထားတဲ့ခုနှစ်ယောက်ထက်ပိုပြီး အဆတစ်ရာပိုသန်မာတယ်”

ကောင်းကင်ဘုံ၀ံပုလွေက ငြင်းဆန်နိုင်ခြင်း မရှိချေ။

ယန်ပေးချန်သည် ဧကရာဇ်ပိုရွှင်း၏ အမွေကို ဆက်ခံရရှိထားပြီး ကျိတုဆေဘာကို ကိုင်ဆွဲထား၏။ သူ့ကို ဒုတိယမြောက်ဧကရာဇ်ပိုရွှင်းဟုပင် ခေါ်ဆိုနိုင်၏။

နှိုင်းယှဥ်မည်ဆိုလျှင် သူရှာတွေ့စုဆောင်းထားခဲ့သည့် လူခုနှစ်ယောက်က တကယ့်ကို သုံးစားမရပေ။

သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်သည်။

“နောက်ပြီး စိတ်ခံစားချက်ခုနှစ်မျိုး မိစ္ဆာတပ်မှူးတွေရဲ့ရာထူးက သေးသေးမွှားမွှား ကိစ္စမဟုတ်ဘူး။ အဲ့ဒါကို သေသေချာချာ စိစစ်ပြီးမှ ရွေးချယ်တာ ပိုကောင်းလိမ့်မယ်။”

ထိုစဥ်မှာပင် ခန်းမ၏ အပြင်ဘက်မှ ငယ်ရွယ်သော ကိုယ်တော်လေးတစ်ပါး ပျံသန်းလာပြီး အနည်းငယ် မောဟိုက်နေ၏။ အဲ့ဒါက မင်းကျန်ဖြစ်၏။

ထျန်ဟွမ်ဂိုဏ်းမှ ပြောင်းလဲမှုကို အာရုံခံရင်း သိုင်းတာအိုပင်မခန္ဓာက အရင်ဆုံးလှုပ်ရှားမှုပြုလုပ်ခဲ့၏။

ယခုသူက အစစ်အမှန်သိုင်းတာအိုခန္ဓာကို စုဖွဲ့ထားပြီး ဓမ္မစွမ်းအား သို့မဟုတ် လျှို့၀ှက်အတတ်များကို အသုံးပြုခြင်းမရှိလျှင်တောင် မင်းကျန်က သူ့ကို လိုက်မမီနိုင်ချေ။

ယခုအခါမှသာ မင်းကျန်သည် ထျန်ဟွမ်ဂိုဏ်း၏ ခန်းမထဲသို့ ရောက်ရှိလာနိုင်ခြင်းဖြစ်သည်။

“မင်းကျန်”

ယန်ပေးချန်က ကိုယ်တော်လေးကို တွေ့မြင်သောအခါ သူက ထိုသူကို ချက်ချင်းမှတ်မိသွားပြီး နှုတ်ဆက်လိုက်၏။

“ဒကာယန်”

မင်းကျန်က ယန်ပေးချန်ကို တွေ့မြင်သောအခါ သူကလည်း ဝမ်းသာအားရဖြင့် ပြုံး၍နှုတ်ဆက်လိုက်၏။

သူတို့အားလုံးသည် တူညီသော မျိုးဆက်မှာ မွေးဖွားလာခဲ့ကြ၏။ သူတို့သည် အတိတ်ကာလတုန်းက ထိတွေ့ဆက်ဆံမှုများစွာ မရှိခဲ့သော်လည်း သူတို့သည် လူသားမျိုးနွယ်အတွက် ရင်ဘောင်တန်း၍ တိုက်ပွဲဝင်ခဲ့ကြသည်။ ယခု သူတို့က အထက်ဘုံလောက၏ သူစိမ်းနယ်မြေမှာ ပြန်လည်ဆုံစည်းမိပြီး သူတို့က အလွန်တစ်ရာရင်းနှီးလာသည်ဟုခံစားရသည်။

သိုင်းတာအိုပင်မခန္ဓာသည် မင်းကျန် လျှောက်လှမ်းလာသည်ကို တွေ့မြင်သောအခါ သူ၏ မျက်လုံးက ဝင်းလက်သွား၏။

“အခုဆိုရင် စိတ်ခံစားချက်ခုနှစ်မျိုး မိစ္တာတပ်မှူးတွေအတွက် ဒုတိယမြောက် သင့်လျော်တဲ့လူကို ရှာတွေ့ပြီ။”

“သူလား”

ကောင်းကင်ဘုံ၀ံပုလွေက သိုင်းတာအိုပင်မခန္ဓာ၏ နောက်သို့ လိုက်ပါ ကြည့်ရှုပြီး မင်းကျန်ကို တွေ့မြင်သွားသည်။

“သူက အဆင့်-၁ ကောင်းကင်အင်မော်တယ်တစ်ယောက်ပဲ ရှိသေးတယ်။”

ကောင်းကင်ဘုံ၀ံပုလွေက သံသယမကင်း အမူအရာတစ်ခုကို ထုတ်ဖော်ပြီး မျက်မှောင်ကြုတ်လိုက်၏။

“ကျုပ်တို့က သေချာစီစစ်ပြီးရွေးချယ်ရမယ်လို့ အခုပဲ ခင်ဗျား ပြောခဲ့တယ်မဟုတ်ဘူးလား။”

“ကျုပ်ခင်ဗျားကို ပြောလိုက်မယ်။ ခင်ဗျားက ပထမဆုံးသင့်လျော်သူအဖြစ် ယန်ပေးချန်ကို ရွေးချယ်လိုက်ပြီဆိုမှတော့ နောက်ထပ်ခြောက်ယောက်ကလည်း အနည်းဆုံး သူ့ကိုယှဥ်နိုင်ရမယ် မဟုတ်ဘူးလား။”

“ဒီဘုန်းကြီးလေးက ဘာများအဆင့်မီလို့လဲ။ သူက ထျန်ဟွမ်ဂိုဏ်းက မိတ်ဆွေဟောင်းတစ်ယောက်ဆိုတာနဲ့ပဲ ကျုပ်တို့က သူ့ကို စိတ်ခံစားချက်ခုနှစ်မျိုး မိစ္ဆာတပ်မှူးတွေရဲ့ရာထူးကို မပေးနိုင်ဘူးလေ.. ဟုတ်တယ်မလား။”

“သူက အဆင့်မမီဘူးလား”

သိုင်းတာအိုပင်မခန္ဓာက ပြုံးလိုက်သည်။

“သူ့ရဲ့အနာဂတ်အောင်မြင်အိုထွန်းပေါက်မှုက အကိုယန်ထက်နိမ့်ကျမှာ မဟုတ်ဘူး။”

“အဓိပ္ပာယ်မရှိတာ”

ကောင်းကင်ဘုံ၀ံပုလွေက မယုံကြည်နိုင်စွာဖြင့် မျက်လုံးစွေကြည့်လိုက်သည်။

ကြုံရာကျပန်း ဘုန်းကြီးလေးတစ်ပါးက ဧကရာဇ်ပိုရွှင်း၏ အမွေကို ဆက်ခံရရှိထားသည့် ယန်ပေးချန်ကို ဘယ်လိုလုပ်ယှဥ်နိုင်မှာလဲ။

ကောင်းကင်ဘုံ၀ံပုလွေက မကျေနပ်သည့်ဟန်ဖြင့် ပြောလိုက်သည်။

“အဲ့ဒါကမမျှတဘူး။ ကျုပ်သဘော မတူဘူး။”

သိုင်းတာအိုပင်မခန္ဓာက ကောင်းကင်ဘုံ၀ံပုလွေကို လျစ်လျူရှုပြီး တီးတိုးရေရွတ်လိုက်သည်။

“စိတ်ခံစားချက်ခုနှစ်မျိုးမှာ ဝမ်းသာခြင်း နေရာအတွက် သူ့ထက်ပိုပြီး သင့်တော်တဲ့သူ မရှိနိုင်တော့ဘူး”

သိုင်းတာအိုပင်မခန္ဓာက ဆုံးဖြတ်ချက်ချပြီးသည်ကို တွေ့ရသောအခါ ကောင်းကင်ဘုံ၀ံပုလွေက မျက်လုံးစွေကြည့်ပြီး အကြံထုတ်နေ၏။

သူက ဤဘုန်းကြီးလေးကို သင်ခန်းစာတစ်ခုပေးဖို့ ပြင်လိုက်၏။

ကောင်းကင်ဘုံ၀ံပုလွေက မင်းကျန်၏ ဘေးသို့ လျှောက်သွားပြီး သူ့ကို အငိုက်ဖမ်းလိုက်၏။ သူက မင်းကျန်၏ ဘက်သို့ ချာခနဲလှည့်ပြီး ထိုသူ၏ မျက်လုံးကို စူးစူးရဲရဲစိုက်ကြည့်ကာ စက္ခုနည်းစနစ် အကြောက်တရားကို ထုတ်ဖော်လိုက်၏။

အကြောက်တရားမျက်လုံးဖြင့် ပစ်မှတ်ထားခံရသည်နှင့် သူတို့၏ စိတ်မှာ ဟာကွက်အနည်းငယ်ပေါ်ထွက်လာပြီး သူတို့က အကြောက်တရားကို ခံစားလာရပေလိမ့်မည်။ အဲ့ဒါက အငွေ့အသက်တစ်စွန်းတစ်စဆိုလျှင်တောင် လုံးလုံးလျားလျား ပေါက်ကွဲထွက်ပေါ်လာပြီး သူတို့က အဲ့ဒါကို ခုခံနိုင်လိမ့်မည် မဟုတ်ပေ။ နောက်ဆုံးမှာ သူတို့က စိတ်ပိုင်းဆိုင်ရာပြိုလဲသွားပေလိမ့်မည်။

All Chapters