အခန်း (၇၆၆-၇၇၀)
Vol. 52 Ch. 766-770
အခန်း ၇၆၆ ထန်သဲ့မင်ကို ဖမ်းဆီးခြင်း
ထန်သဲ့မင်တစ်ယောက် ထန်ဝေ့ရုန်နှင့် ပူးပေါင်းဖို့ သဘောတူခဲ့ခြင်းမှာ ယခင်က ထန်ဝေ့ရုန်က သူ့သားအသက်ကို ကယ်တင်ပေးခဲ့ကာ ဂျဇ်ကလပ်၏ရှယ်ယာ၁၀ရာခိုင်နှုန်းကိုတောင်မှ သူ့ကိုပေးဖို့ ဂတိပေးခဲ့ခြင်းကြောင့်ဖြစ်သည်။
ဂျဇ်ကလပ်တွင် နေ့တိုင်းလိုလို တရားမဝင်လုပ်ငန်းများစွာ လုပ်ဆောင်နေတာကြောင့် သူလဲ နှစ်စဉ် ယွမ်၁၀သန်းမက ဝင်ငွေရပေသည်။
ထိုပမာဏသည် သူထန်ဟွမ်လုပ်ငန်းစုတွင်ပိုင်ဆိုင်သည့် ရှယ်ယာပမာဏနှင့် ယှဉ်၍မရသော်လည်း ငွေရမည့်လမ်းကိုတော့ ငြင်းစရာအကြောင်းမရှိပေ။ အရေးအကြီးဆုံးအချက်သည်ကတော့ ထန်ဝေ့ရုန်သည် သူ့သားအသက်ကို ကယ်တင်ပေးခဲ့ဖူးခြင်း။
သို့ပေမည့် ထန်သဲ့မင်မသိလိုက်သည်က ထန်ဝေ့ရုန်က ထန်သဲ့မင် သူ့အပေါ် အသက်ကြွေးတင်ကာ သူ့အတွက်အလုပ်လုပ်ပေးစေရန်အတွက် တမင်ဟန်ပြ လှည့်စားသွားခြင်းဖြစ်ကြောင်းကိုပင်။
“ထန်သဲ့မင်၊ ထန်မိသားစုက မင်းကိုဒီလောက်ကောင်းကောင်းဆက်ဆံပေးခဲ့တာကို မင်းဘာလို့ ဒီလိုမျိုးလုပ်ရတာလဲ? ပြီးခဲ့တဲ့နှစ်တွေအတွင်း မင်း ဥက္ကဌယွင်ဖန်းနောက်ကွယ်မှာ လုပ်နေတဲ့ကိစ္စတွေကို သူမသိဘူးများထင်နေလား? သူက တမင်ကို မမြင်ချင်ယောင်ဆောင်နေပေးခဲ့တာ၊ ဒါပေမယ့် မင်းကတော့ ထန်ဟွမ်လုပ်ငန်းစုကို ထိခိုက်အောင် လုပ်လိုက်သေးတယ်။ မင်းဘယ်လောက်တောင် အရှက်မဲ့ရတာလဲ!” ထန်ကျီလင်းက ထန်သဲ့မင်အား ပြင်းပြင်းထန်ထန်ကို ပြစ်တင်ရှုံ့ချတော့သည်။
ထန်ယွင်ဟန်နှင့်ထန်ယွင်ရုန်တို့ကလွဲပြီး ထန်ဟွမ်လုပ်ငန်းစုရှယ်ယာရှင်များထဲတွင် ထန်ကျီလင်းအား ထန်ယွင်ဖန်းအယုံကြည်ဆုံးဖြစ်ခဲ့သည်။ ဒါကြောင့်ပဲ ထန်ကျီလင်းသည် ထန်ယွင်ဖန်းနှင့်အလွန်ရင်းနှီးပေသည်။
“ခင်ဗျား ထန်ဟွမ်လုပ်ငန်းစုကို မကောင်းကြံဖို့အတွက် ထန်ဝေ့ရုန်နဲ့မပူးပေါင်းခဲ့သင့်ဘူး!” ၉ယောက်မြောက်ဒါရိုက်တာသည်လဲ ထန်မိသားစုအပေါ် သစ္စာစောင့်သိသူတစ်ဦးဖြစ်သည်။
ချန်ကျုံးရှန်းနှင့်ဝူပေါ်ယန်တို့ကတော့ တစ်ချိန်လုံး အလိုက်သင့်သာနေကြသူများဖြစ်တာကြောင့် ထန်သဲ့မင် ကလဲ့စားချေလာမည်စိုး၍ ဘယ်လောက်ပဲ ထန်သဲ့မင်၏လုပ်ရပ်ကို သဘောမတွေ့ပါစေ ဝင်ရောက်ပြစ်တင်ခြင်းမျိုးမလုပ်ပေ။ ဟိုးတစ်ခေါက်တုန်းက သူတို့ကလေးများ ပြန်ပေးစွဲခံရသည်အား သေသေချာချာမှတ်မိနေစဲပင်!
သူတို့နှစ်ဦးသား ဘာမှဝင်ပြောခြင်းမရှိသော်လည်း ထန်ကျားယန်ကတော့ စိတ်ထဲမထားပေ။
ဖူခိုင်ယွီသည်လဲ ထန်သဲ့မင်ဘက်မှ ထောက်ခံသူဖြစ်ခဲ့ပေမည့် အခုတော့ ဘာမှဝင်မပြောရဲတော့ပေ။
“ဦးလေးသဲ့မင်၊ ခင်ဗျားဘက်က ကျိုးကြောင်းခိုင်လုံတဲ့ဖြေရှင်းချက်မျိုး ပေးလာနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ပြောမရဘူးလေ၊ ကျွန်တော်တို့မိသားစုနဲ့ ခင်ဗျားရဲ့ဆက်နွယ်မှုအရ ပြစ်ဒဏ်ကို လျှော့ပေးကောင်း လျှော့ပေးလိုက်နိုင်တာပဲ။”
ထန်သဲ့မင် မျက်မှောင်ကြုတ်လိုက်မိသည်။ ထန်မိသားစုသာ သူ့ကိုကာကွယ်ပေးဖို့ငြင်းဆန်လိုက်လျှင် သေချာပေါက် ထောင်ကျနိုင်မည်ဖြစ်ကြောင်း နားလည်ပေသည်။ ထန်မိသားစုသာ သူ့ကိုအပြစ်ပေးလိုလျှင် သူ့ဘဝတစ်ခုလုံးပျက်စီးသွားပေမည်။
“ဦးလေးသဲ့မင်၊ ခင်ဗျား ဒီနေရာမှာ အချိန်ဖြုန်းနေလို့မရဘူးနော်။ နာရီဝက်အတွင်း ရဲတွေရောက်လာတော့မှာ။” ထန်ကျားယန် ထပ်ပေါင်းပြောလိုက်သည်။
ထန်ကျားယန် ထန်ဟွမ်လုပ်ငန်းစုအဆောက်အဦးသို့ပြန်လာကတည်းက တစ်စုံတစ်ဦးက ဂျဇ်ကလပ်မှာ လုပ်နေသည့်တရားမဝင်လုပ်ငန်းများအကြောင်းကို သတင်းပေးထားခဲ့ပြီဖြစ်ကာ ထန်ယွင်ဟန်ကိုယ်တိုင် စုံစမ်းစစ်ဖို့သွားခဲ့သည်။ သတင်းပေးချက်ကတော့ သူတို့ကိုယ်တိုင် ဇာတ်တိုက်ကာ ကိုယ်တိုင်ကပြသည့် ပြဇာတ်တစ်ပုဒ်သာဖြစ်ပေမည့် ဂျဇ်ကလပ်တွင် တရားမဝင်လုပ်ငန်းများစွာ လုပ်ကိုင်နေခြင်းကတော့ အမှန်တရားသာဖြစ်သည်။
ဂျဇ်ကလပ်၏အကြီးတန်းမန်နေဂျာတစ်ဦးမှာ ချက်ချင်းပင် အဖမ်းခံလိုက်ရကာ ကလပ်သည်လဲ ချိတ်ပိတ်ခံလိုက်ရသည်။
ရဲများ နာရီဝက်အတွင်းရောက်လာတော့မည်ကို သိလိုက်ရတော့ ထန်သဲ့မင် အားလုံးဖွင့်ပြောလာတော့သည်။ “ငါအရမ်းလုပ်ချင်နေလို့မဟုတ်ဘူး။ ထန်ဝေ့ရုန်က ငါ့သားအသက်ကို ကယ်တင်ဖူးတော့ သူ့အတွက် ပြန်ပြီးလုပ်ကိုင်ပေးရုံပ်။ ထန်ယွင်ဖန်းနဲ့သခင်ကြီးထန်တို့ဖြစ်တဲ့ မတော်တဆမှုကို ငါဘာမှမလုပ်ထားပါဘူး။ ထန်ဝေ့ရုန်ကလဲ ငါ့ကိုအသေးစိတ်ပြောပြတာမဟုတ်ဘူး။”
ထန်သဲ့မင် ကိုယ်တိုင်ကိုယ်ကျ ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိသော်လည်း အပြစ်ပေးခံရမည်ကိုတော့ မလွှဲရှောင်နိုင်ပေ။
ထန်ကျားယန် စာရွက်စာတမ်းတစ်ခုကို ထုတ်ယူကာ ထန်သဲ့မင်ရှေ့ပစ်ပေးလိုက်ပြီး၊ “ဒီမှာ လက်မှတ်ထိုးလိုက်၊ ခင်ဗျားကို လွှတ်ပေးမယ်။”
ထိုစကားကြောင့် သူ့ရှေ့မှ စာရွက်စာတမ်းမှာ ကောင်းသည့်အရာတော့ မဖြစ်နိုင်မှန်း ထန်သဲ့မင် သိလိုက်ပေမည့် ပြောသည့်အတိုင်းလက်မှတ်ထိုးပေးလိုက်ရစဲသာ။
၎င်းစာတမ်းကတော့ နှစ်ဦးသဘောတူ ရှယ်ယာလွှဲပြောင်းခြင်းစာချုပ်ပင်ဖြစ်သည်။ ထန်သဲ့မင်၏ရှယ်ယာများကို ဈေးကွကပေါက်ဈေးအတိုင်း ထန်ဟွမ်လုပ်ငန်းစုက ပြန်ဝယ်မည်ဖြစ်သည်။ ပေါက်ဈေးအတိုင်းတောင် ပေးမည့် သဘောတူညီချက်ဖြစ်သော်လည်း ထန်သဲ့မင်ကတော့ လက်မှတ်ထိုးဖို့ရန် တွန့်ဆုတ်နေသေးသည်။ သူ့မှာသာ ထန်ဟွမ်လုပ်ငန်းစုရှယ်ယာများရှိနေလျှင် နှစ်စဉ် ယွမ်သန်း၁၀၀ကျောက်လောက်က ပုံမှန်ဝင်နေမှာဖြစ်သည်။ သူသာ ရှယ်ယာများကိုး ရောင်းလိုက်ရပါက တစ်ကြိမ်တည်းနှင့် ငွေပမာဏများစွာရရှိမည်ဖြစ်သော်လည်း ကျန်နှစ်များတွင်တော့ တစ်ပြားမှပင်ရတော့မည်မဟုတ်ပေ။
ထန်သဲ့မင် ဘယ်လောက်ပဲ သဘောမတူချင်ပါစေ အဆုံးမှာတော့ လက်မှတ်ထိုးလိုက်ရစဲသာ။ ထန်ကျားယန်က သူ့စကားအတိုင်း ထန်သဲ့မင်လက်မှတ်ထိုးပြီးသည်နှင့် ထန်သဲ့မင်၏ဘဏ်အကောင့်ထဲသို့ ငွေများလွှဲပေးခဲ့သည်။
ထို့နောက်တွင်တော့ ထန်သဲ့မင်ကို ဖမ်းဆီးဖို့ရန် ရဲများရောက်လာတော့သည်။
ထန်ကျားယန်ပြောထားသလိုပဲ နာရီဝက်နေသည်နှင့် ရဲများရောက်လာခြင်းဖြစ်သည်။
ထန်သဲ့မင် အဖမ်းခံလိုက်ရသည်နှင့် အစည်းအဝေးလဲ ပြီးစီးသွားတော့သည်။
ဖူခိုင်ယွီမှာတော့ ထန်ကျားယန် အစည်းအဝေးခန်းထဲမှ မထွက်သွားမချင်း အသက်ပင်ဖြောင့်ဖြောင့်မရှူရဲပေ။ သူပါအပြစ်ပေးမခံလိုက်ရသည့်အတွက် တော်တော်လေးကံကောင်းသည်ဟုလဲ ခံစားနေရသည်။
လုပ်ငန်းစုရှိဝန်ထမ်းများကတော့ ဘာတွေဖြစ်နေလဲ မသိကြသေးပေမည့် ထန်သဲ့မင် တရားမဝင်လုပ်ငန်းတစ်ခုခုလုပ်ခြင်းကြောင့် ရဲများလာဖမ်းခြင်းဖြစ်မှန်းကိုတော့ နားလည်ကြသည်။
“ဒါရိုက်တာထန် ဘာလုပ်လိုက်လို့လဲ? ဘာလို့ ရဲတွေလာဖမ်းသွားတာလဲ?”
“သူကုမ္ပဏီအပေါ် သစ္စာဖောက်သွားလို့လား?”
“မဖြစ်နိုင်တာ! ကုမ္ပဏီသာ အန္တရာယ်ထဲရောက်သွားရင် သူလဲ အကျိုးအမြတ်ရတော့မှာမှမဟုတ်တာ။”
“ပြောရခက်သား၊ ယာယီဥက္ကဌပြန်လာ,လာချင်း ဒါရိုက်တာထန်ကို ရဲတွေလာဖမ်းသွားကြတာ။ ကြည့်ရတာ ဥက္ကဌယွင်ဖန်း၊ သခင်ကြီးထန်နဲ့ ယာယီဥက္ကဌတို့ဖြစ်တဲ့ မတော်တဆမှုရဲနောက်ကွယ်မှာ ဒါရိုက်တာထန်လဲ ပါမယ်ထင်တယ်။”
“အိုး၊ ဖြစ်နိုင်တာပဲ။”
“ဒီလိုသာဆို ဒါရိုက်တာထန်က ဥက္ကဌဖြစ်ချင်နေတာပဲဖြစ်မယ်။”
………
ပြီးခဲ့သည့်ရက်များအတွင်း ကုမ္ပဏီတွင် ဖြစ်ပျက်ခဲ့သည့်အခြေအနေများကြောင့် ခန့်မှန်းကြည့်ဖို့ မခက်လှတာကြောင့် သူတို့၏ထင်မြင်ချက်များမှာ မှန်ကန်ပေသည်။
မကြာခင်တွင်ပဲ ထန်သဲ့မင်ကို ထန်ဟွမ်လုပ်ငန်းစုမှ အလုပ်ထုတ်ပယ်လိုက်သည့်သတင်းကို ကြားလိုက်ရပေမည့် ထန်သဲ့မင်ဘာကြောင့် အဖမ်းခံလိုက်ရသလဲကိုတော့ မသိကြရသေးပေ။
ထန်ဝေ့ရုန်လဲ ထိုသတင်းကိုကြားခဲ့ပေမည့် ဘာကြောင့် အခြေအနေတွေ ရုတ်တရက်ပြောင်းလဲသွားရသလဲကိုတော့ မဖော်ထုတ်နိုင်သေးပေ။
***
အခန်း ၇၆၇ ထန်ဝေ့ရုန်သေဆုံးခြင်း
ထန်သဲ့မင် အလုပ်ဖြုတ်ခံရကာ အဖမ်းလဲခံလိုက်ရတယ်ဆိုကတည်းက သူ့အကြံအစည်များဖော်ထုတ်ခံလိုက်ရပြီဖြစ်ကြောင်းကို ထန်ဝေ့ရုန် နားလည်လိုက်ပြီဖြစ်သည်။ သို့သော်လည်း ထန်မိသားစုဘက်က ဘယ်လောက်အထိသိထားပြီးတာလဲ ထန်သဲ့မင်က သူ့ကိုသစ္စာဖောက်လိုက်ပြီလားဆိုသည်အထိကိုတော့ မသိရသေးပေ။ ယခု သူ့အခြေအနေမှာ အလွန်အန္တရာယ်များနေပြီဖြစ်တာကြောင့် မြန်မြန်လေးပုန်းနေဖို့လိုကြောင်း တွေးလိုက်မိသည်။ နောက်တစ်ဆင့်အနေနဲ့ဘာဆက်လုပ်သင့်သလဲဆိုသည်ကိုတော့ နောက်မှပဲ ဆုံးဖြတ်ပေတော့မည်။
ထို့နောက် ထန်ဝေ့ရုန် သူ့စာရွက်စာတမ်းများကိုထုတ်ယူကာ အိမ်မှအရင်ဆုံးထွက်သွားရန် စီစဉ်လိုက်သည်။ သို့ပေမည့် သူတံခါးဖွင့်လိုက်သည့်အချိန်တွင်ပဲ လူတစ်ဦးက သူ့လမ်းကို ပိတ်ရပ်လာကာ ထိုလူ၏မျက်နှာကို မြင်လိုက်ရချိန်တွင်တော့ အလွန်မယုံကြည်နိုင်အောင် ထိတ်လန့်သွားရတော့သည်။ “ထန်ယွင်ဖန်း၊ မင်း-မင်းဘယ်လိုလုပ်ပြန်ကောင်းနေတာလဲ?”
ထိုလူကတော့ သေချာပေါက် ထန်ယွင်ဖန်းပင်။
ထန်ယွင်ဖန်း သတိမေ့နေတယ်မဟုတ်ဘူးလား? ဘာလို့ ဒီကိုရောက်နေတာလဲ?
ထန်ယွင်ဖန်း ဒီကိုရောက်နေတယ်ဆိုကတည်းက မတော်တမှုမှဒဏ်များပြန်ကောင်းနေသည်ဟု ဆိုလိုခြင်းဖြစ်သည်။ သို့ပေမည့် ထန်ယွင်ဖန်း ဘယ်လိုလုပ် ပြန်သတိရလာသလဲကို ထန်ဝေ့ရုန်မသိသလို အစကတည်းက မတော်တဆမှုကနေ ဘာဒဏ်ရာမှမရခဲ့ခြင်းလားဆိုသည်ကိုလဲ မသိနိုင်ပေ။ ဒါ့အပြင် ထန်ယွင်ဖန်းကိုယ်တိုင် သူ့ဆီရောက်လာတယ်ဆိုမှတော့ ထန်ယွင်ဖန်း အားလုံးသိသွားပြီဟု ဆိုလိုခြင်းဖြစ်သည်။
ထန်ဝေ့ရုန် ကြောက်လန့်လာတော့သည်။
“ဟုတ်တာပေါ့၊ ငါပြန်ကောင်းလာရတာပေါ့၊ မင်းကိုပြန်ပြီးပေးဆပ်ခိုင်းဖို့အတွက်လေ!” ထန်ယွင်ဖန်း ပြောရင်းဖြင့် ထန်ဝေ့ရုန်အနားသို့ တစ်လှမ်းခြင်းတိုးကပ်သွားကာ တစ်ချိန်တည်းမှာပဲ ထန်ဝေ့ရုန်ကလဲ တစ်လှမ်းချင်း နောက်ဆုတ်သွားရသည်။
ထန်ယွင်ဖန်းနှင့် ထိပ်တိုက်တိုက်ခိုက်ပါက သူမနိုင်,နိုင်မှန်း ထန်ဝေ့ရုန်သိပေသည်။ သူ့ခန္ဓာကိုယ်က လွန်ခဲ့သည့်နှစ်များက ကားမတော်တဆမှုကြောင့် ဆိုးဆိုးရွားရွားထိခိုက်သွားခဲ့ပြီမဟုတ်လား။ ထန်ယွင်ဖန်းသာ သူ့ကိုထိုးပါလျှင် တစ်ချက်တောင်မှ ပြန်လည်ခုခံနိုင်မည်မဟုတ်ပေ။
“မ-မင်း ဘာလုပ်မလို့လဲ?”
ထန်ယွင်ဖန်း ဤနေရာသို့ရောက်လာခြင်းက သေချာက်ပေါက် ထန်သဲ့မင်ကို လက်စားချေဖို့မှန်း သိသာလှတာကြောင့် ဒါကတော်တော်လေးမိုက်မဲလွန်းသည့်မေးခွန်းသာဖြစ်သည်။
“ငါဘာများလုပ်ချင်တာလဲ? ငါ့မိသားစုကို အကြိမ်ကြိမ်အခါခါထိခိုက်အောင် လုပ်ခဲ့တဲ့လူတစ်ယောက်ကို ငါဘာလုပ်လိမ့်မယ်လို့ မင်းထင်လဲ?” ထန်ယွင်ဖန်း အေးစက်လှသောလေသံဖြင့် ပြန်မေးလိုက်သည်။
ထန်ဝေ့ရုန်မှာ လွန်စွာကြောက်ရွံ့နေပြီဖြစ်ကာ ထန်ယွင်ဖန်းသူ့ကို သတ်တောင်သတ်ပစ်လောက်မည်မှန်းလဲ သိနေသည်။
“ဥပဒေအရ မင်းကိုသေဒဏ်အထိပေးနိုင်ပေမယ့် ငါကတော့ ငါကိုယ်တိုင်ပဲ လုပ်ချင်တယ်။”
“မင်း…” ထန်ဝေ့ရုန် အလွန်ထိတ်လန့်သွားတော့သည်။ သူဒီအတိုင်းကြီးမသေလိုက်ချင်သေးပေ။
“ထန်ဝေ့ရုန်၊ ငါပြီးခဲ့တဲ့နှစ်တွေတုန်းက မင်းကိုလွှတ်ပေးလိုက်တာတောင် မင်းက ငါ့မိသားစုကို လုပ်ကြံချင်နေတုန်းပဲပေါ့၊ ငါတော်တော်လေးအံ့ဩသွားတယ်။ မင်းမှာ ငါတို့ကို ဆန့်ကျင်နိုင်စွမ်း၊ ဆန့်ကျင်ဖို့အကြောင်းပြချက်ရှိလိမ့်မယ်လို့ မင်းဘယ်လိုများတွေးလိုက်တာလဲ?”
လွန်ခဲ့သည့်၁၉နှစ်က ကားတိုက်မှုမှာ သူ့ဘာသာဖြစ်ခဲ့တာကြောင့် ထန်မိသားစုကို လက်စားချေဖို့ရော လက်စားချေနိုင်စွမ်းကော ထန်ဝေ့ရုန်တွင်မရှိပေ။ သူဒဏ်ရာပြင်းပြင်းထန်ထန်ရနေချိန်တွင် ထန်မိသားစုက သူ့ကိုလွှတ်ပေးလိုက်တာကပင် တော်တော်လေးအကြင်နာတရားပြည့်ဝရာရောက်နေပေပြီ၊ မဟုတ်ပါက သူဒီနှစ်တွေအတွင်း ထောင်ထဲတွင်သာ အရိုးဆွေးနေလောက်ပေပြီ။ မမျှော်လင့်ထားစွာပဲ ထန်ဝေ့ရုန်က ထိုအတွက် ကျေးဇူးတင်စိတ်ပင်ရှိမနေပေ။
ကုနင်းကြောင့်သာ မဟုတ်ပါက ထန်ဝေ့ရုန်၏အကြံအစည်များအောင်မြင်ပြီးနေလောက်ပေပြီ။
အကယ်၍များအောင်မြင်ခဲ့လျှင်တောင်မှ သူ့မှာ ထန်ဟွမ်လုပ်ငန်းစုကို ရယူနိုင်စွမ်းရှိဦးမည်မဟုတ်ပေ။
“ဒါ မင်းအမှားတွေပဲ! မင်းကြောင့် ငါအရာအားလုံးဆုံးရှုံးခဲ့ရတာ!” ထန်ဝေ့ရုန်သည် အလွန်တစ်ကိုယ်ကောင်းဆန်ကာ ကိုယ့်ကိုယ်ကိုယ်မှားတယ်လို့ တစ်ခါမှမထင်ဖူးဘဲ ကိစ္စတိုင်းအတွက် သူများကိုသာ အပြစ်ဖို့လေ့ရှိသည်။
“မင်းအရင်ငါ့ကိုလုပ်ကြံခဲ့တာလေ၊ ပြီးတော့ မင်းရဲ့မိုက်မဲတဲ့ဆုံးဖြတ်ချက်ကြောင့်ပဲ မင်းအားလုံးဆုံးရှုံးသွားတာ!” ထန်ယွင်ဖန်း ပြန်လည်အော်ဟစ်တော့သည်။
“ငါ့အဖေကသာ ထန်မိသားစုကို ဦးဆောင်သင့်တာ၊ မင်းတို့မဟုတ်ဘူး! ငါတို့က ငါတို့ပိုင်တဲ့အရာကို ပြန်ရယူဖို့လုပ်ရုံပဲ။” ထန်ဝေ့ရုန်ကတော့ သူလုပ်သင့်သည့်အရာကို လုပ်ခဲ့ခြင်းဟုသာ ထင်မြင်နေစဲပင်။
“ထန်ဝေ့ရုန်၊ ငါ့အဖေ ထန်မိသားစုခေါင်းဆောင်ဖြစ်မလာဘူးဆိုရင်တောင်မှ မင်းအဖေကတော့ ရနိုင်မှာမဟုတ်ဘူး။ ဘာကြောင့်ဆို မင်းအဖေက ကောက်ကျစ်တဲ့လူဖြစ်ပြီး မိသားစုကြီးတစ်ခုကို ကောင်းကောင်းမွန်မွန်ဦးဆောင်နိုင်တဲ့ အရည်အချင်းလဲမရှိဘူးလေ။ ပြောရင် ငါတို့အဖိုးက ငါ့အဖေကိုထန်မိသားစုကို လွှဲမပေးခဲ့ရင်တောင် ငါတို့အဒေါ်ကိုပဲ လွှဲပေးမှာ။ မင်းအဖေကတော့ ဘယ်တော့မှ ရွေးချယ်ခံရတဲ့အထဲပါလာမှာမဟုတ်ဘူး။”
“မင်း….” ထန်ယွင်ဖန်း၏ပြောစကားများမှာ အမှန်တွေချည်းသာဖြစ်တာကြောင့် ထန်ဝေ့ရုန် ဘာပြန်ပြောလို့ပြောရမှန်း မသိတော့ပေ။ ထန်ဟိုင်မင်သည် ထန်မိသားစုကိုဆက်ခံဖို့ အရည်အချင်းမပြည့်ဝသော်လည်း သူတို့ကတော့ လက်မခံနိုင်ကြစဲပင်။
“ငါ့မှာ မင်းနဲ့စကားများနေဖို့ အချိန်မရှိဘူး။ မင်းက လွန်ခဲ့တဲ့၁၉နှစ်ကတည်းက သေသင့်ခဲ့တဲ့လူဆိုမှတော့ အခုမှသေသွားရန်လဲ ဘာမှမထူးခြားသွားပါဘူး။” ထန်ယွင်ဖန်းပြောရင်းဖြင့် ထန်ဝေ့ရုန်အနားသို့ ပိုတိုးလာခဲ့သည်။
“မင်း…” ထန်ဝေ့ရုန် ကြောက်ကြောက်လန့်လန့်ဖြင့် နောက်သို့သာ ဆုတ်နေမိတော့သည်။ သူလဲ သေခြင်းတရားကိုကြောက်ရွံ့ပေမည့် ထန်ယွင်ဖန်းက သူတောင်းပန်လို့လဲ ဒုတိယအခွင့်အရေးပေးလာတော့မည်မဟုတ်တာကြောင့် မတောင်းပန်မိတော့ပေ။
ထန်ယွင်ဖန်း၏အတွေးက မှန်ကန်ပေသည်။ ထန်ဝေ့ရုန်က လွန်ခဲ့သည်၁၉နှစ်ကတည်းက သေသင့်နေမှတော့ အခုချိန်မှသေလဲ ဘာမှမကွာခြားပေ။ ထို့အပြင် ထန်မိသားစုအတွက်တော့ လူတစ်ယောက်ကို ဥပဒေအရအပြစ်မပေးဘဲ သတ်လိုက်ဖို့လဲ အလွန်လွယ်ကူပေသည်။
ဘာပဲဖြစ်ဖြစ် သူကတော့ ဒီကနေ့သေချာပေါက် သေရပေတော့မည်။ သို့သော်လည်း နည်းနည်းလေးတောင် ထွက်ပြေးဖို့မကြိုးစားကြည့်ဘဲနဲ့တော့ အသေမခံလိုတာကြောင့် ချက်ချင်းအပေါ်ထပ်သို့ တက်ပြေးတော့သည်။
ထန်ယွင်ဖန်းလဲ တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ ထန်ဝေ့ရုန်ကို သေနတ်ဖြင့်ချိန်လိုက်တော့သည်။ အသံတိတ်ပြောင်း၏အကူအညီဖြင့် ကျည်ဆံမှာ အသံသေးလေးတစ်ခုဖြင့်သာ ထွက်သွားခဲ့သည်။ ၎င်းက ထန်ဝေ့ရုန်၏ကိုယ်အတွင်းသို့ဝင်ရောက်သွားကာ ထန်ဝေ့ရုန်လဲ ဆက်လက်မလှုပ်ရှားနိုင်တော့ပေ။
စက္ကန့်ပိုင်းအတွင်းမှာပဲ ထန်ဝေ့ရုန် အောက်သို့ပြန်ပြုတ်ကျလာကာ သေသွားတော့သည်။
ထန်ဝေ့ရုန်လဲ သေသွားပြီဖြစ်တာကြောင့် ထန်ယွင်ဖန်း ထိုအိမ်မှပြန်ထွက်လာခဲ့ပေသည်။
……….
ထန်ရှင်းယွဲ့ကတော့ ဟိုတယ်တစ်ခုတွင်နေနေကာ ဘာဆက်လုပ်သင့်လဲဆိုသည်ကို တွေးနေခဲ့သည်။
မီကျားမိ်န သူမကိုမဆက်သွယ်လာခင်အထိ ထန်သဲ့မင်အဖမ်းခံရကာ ဂျဇ်ကလပ်လဲ ချိတ်ပိတ်ခံလိုက်ရပြီဖြစ်သည့်အကြောင်း မသိခဲ့ပေ။
ဂျဇ်ကလပ်၏အဖွဲ့ဝင်တစ်ဦးအနေနှင့် မီကျားမိန်သည်လဲ အလိုရှိစာရင်းဝင်သွားခဲ့သည်။ သို့ပေမည့် ဤရက်များအတွင်း သူမကလပ်ကို မသွားဖြစ်တာကြောင့် ရဲများသူမကို မမိသွားခဲ့ပေ။
မီကျားမိန် ထန်ဝေ့ရုန်အားဆက်သွယ်ကြည့်သော်လည်း အဆက်အသွယ်မရတာကြောင့် သူလဲ အဖမ်းခံလိုက်ရလောက်ပြီဟု တွေးလိုက်မိသည်။
ထိုသတင်းများကိုကြားလိုက်ရပြီးနောက် ထန်ရှင်းယွဲ့ အလွန်ထိတ်လန့်နေတော့သည်။
***
အခန်း ၇၆၈ ထင်သလောက် မရိုးရှင်းဘူး!
ထန်ရှင်းယွဲ့အမြန်ဆုံး စိတ်ပိုင်းဖြတ်လိုက်တော့သည်။ သူမဒီမှာ ကြာကြာသာဆက်နေလျှင် ထန်မိသားစုက သူမကိုဖမ်းမိသွားနိုင်တာကြောင့် ချက်ချင်းပင် Yနိုင်ငံသို့သွားမည့် လေယာဉ်လက်မှတ်တစ်စောင်ဖြတ်လိုက်ကာ လေဆိပ်သို့တန်းသွားလိုက်သည်။ ကံအားလျော်စွာပဲ သူမနှင့်အတူ လိုအပ်သည့်စာရွက်စာတမ်းအားလုံး အတူတကွပါရှိနေပေသည်။
ထန်ဝေ့ရုန်ကိုတော့ သေသေ ရှင်ရှင် သူမဂရုစိုက်လိမ့်မည်မဟုတ်ပေ။ သူကိုယ်တိုင်က သူမကိုခွဲခြားဆက်ဆံထားမှတော့ အခုချိန်မှာ သူ့ကိုပြန်စွန့်ပစ်လိုက်လို့လဲ သူမအမှားမဟုတ်တော့ပေ။
ထန်ရှင်းယွဲ့သည့် ထန်ဝေ့ရုန်အားလျှို့ဝှက်ကူညီနေသူဖြစ်မှန်း ချွမ်မင်ခိုင်သိထားကတည်းက သူမကိုစောင့်ကြည့်ဖို့ရန် လူလွှတ်ထားတာကြောင့် ထန်ရှင်းယွဲ့ Bမြို့မှ ထွက်ခွာဖို့ပြင်နေသည်ကိုလဲ သိပေသည်။ သို့ပေမည့် ထန်ရှင်းယွဲ့သည် ထန်အိမ်တော်၏အကျိုးအမြတ်များကို ထိခိုက်ပျက်စီးအောင် လုပ်ဖူးထားခြင်းမရှိသေးတာကြောင့် တားဆီးခြင်းမပြုခဲ့ပေ။
မကြာခင်တွင်ပဲ Bမြို့လူကုံထံအသိုင်းအဝိုင်းများအကြား ထန်သဲ့မင်အဖမ်းခံရသည့်သတင်း ပျံ့သွားခဲ့ကာ ထန်သဲ့မင်နှင့် ဂျဇ်ကလပ်၏ဆက်နွယ်မှုကို လူတိုင်းသိသွားတော့သည်။
ထန်မိသားစုဘက်ကတော့ ထန်ယွင်ဖန်း၊ ထန်ဟိုင်ဖုန်းနှင့် ထန်ကျားယန်တို့ မတော်တဆမှုဖြစ်သည့်ကိစ္စများတွင် ထန်သဲ့မင်ပါဝင်ပတ်သတ်မှုရှိသည်ဟု ပြောကြားခြင်းမရှိခဲ့ပေမည့် လူအများအတွက်တော့ အခြေအနေများကို ဆက်စပ်တွေးတောကြည့်ဖို့ လွယ်ကူလှပေသည်။ ဒါကြောင့် လူအများက ထိုကိစ္စအမှန်ဖြစ်ကြောင်း ယုံကြည်လာကြသည်။
ထန်သဲ့မင်၏မိသားစုသည်လဲ ထိုကိစ္စများအတွက်ကြောင့် ပြစ်တင်ရှံ့ချခြင်းခံကြရသည်။
မူဝမ်ချီသည်လဲ ဂျဇ်ကလပ်တွင် ရှယ်ယာ၂၀ရာခိုင်နှုန်းပိုင်ဆိုင်ထားတာကြောင့် ရဲများ၏ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။
ထိုသတင်းကို မူရွှီရှင်းကြားလိုက်သည်နှင့် မူဝမ်ချီကို အာမခံနှင့်ထုတ်ပေးရန်အတွက် ပြည်သူ့လုံခြုံရေးဌာနသို့ အမြန်မောင်းထွက်လာခဲ့သည်။ မူဝမ်ချီသည် တရားမဝင်လုပ်ငန်းလုပ်ခဲ့သည်မှန်သော်လည်း သိပ်ပြီးကြီးကျယ်သည့်ကိစ္စမဟုတ်တာကြောင့် အများဆုံးမှထောင်ဒဏ်၂-၃နှစ်လောက်သာ ကျခံရပေလိမ့်မည်။ မူမိသားစုသည် Bမြို့တွင် အာဏာလွှမ်းမိုးမှုရှိသည့် မိသားစုပဲဖြစ်တာကြောင့် မူရွှီရှင်းလဲ သူ့သားဖြစ်သူကို လွှတ်အောင်လုပ်ပေးနိုင်မည်ဟု ယုံကြည်ချက်ရှိသည်။
သို့ပေမည့် ထန်မိသားစုကတော့ ဒီလောက်လွယ်လိမ့်မယ်လို့ မထင်ပါဘူး။ ပြည်သူ့လုံခြုံရေးဌာနက မူရွှီရှင်းအား မူဝမ်ချီနှင့်တွေ့ဆုံနိုင်ဖို့ရန် အချိန်ခဏလောက်သာပေးခဲ့သည်။
မူရွှီရှင်းသည် မူဝမ်ချီနှင့်ထန်ဝေ့ရုန်တို့ကြားက ဆက်နွယ်မှုကို မသိထားဘဲ ဂျဇ်ကလပ်၏ရှယ်ယာ၂၀ရာခိုင်နှုန်းကို မူဝမ်ချီပိုင်ထားသည်ကိုသာ သိပေသည်။ ဂျဇ်ကလပ်သည်လဲ တရားမဝင်လုပ်ငန်းများကြောင့် ချိတ်ပိတ်ခံထားရပြီဖြစ်ပေမည့် မူရွှီရှင်းကတော့ ဒါကိုကိစ္စကြီးတစ်ခုလို့ မတွေးမိပေ။ ဘာပဲဖြစ်ဖြစ် ဒီလိုကိစ္စမျိုးတွေဆိုတာ ကလပ်တိုင်းလိုလိုမှာ ဖြစ်ပျက်နေကျပဲဖြစ်ကာ ကလပ်အကြောင်း ထုတ်ဖော်မခံရလျှင် ဒါမှမဟုတ် နောက်ကွယ်မှာ အင်အားကြီးသူတစ်ဦးဦး၏ အထောက်အပံ့ရှိထားပါလျှင် အဆင်ပြေနေမည်သာဖြစ်သည်။ ဒါကြောင့်ပဲ မူရွှီရှင်းက ယခုကိစ္စအတွက် မူဝမ်ချီအပေါ် အပြစ်တင်ခြင်းမရှိပေ။
ဂျဇ်ကလပ်သည် Yနိုင်ငံမှ အမျိုးသားတစ်ဦးပိုင်ဆိုင်ခြင်းဖြစ်တာကြောင့် Bမြို့တွင်တော့ သူ့အာဏာသက်ရောက်မှုမရှိသည်မှာ သိသာလှသည်။ ဒါကြောင့် တစ်ချက်လောက်ဖော်ထုတ်ခံလိုက်သည်နှင့် သေချာပေါက် အဆုံးထိကျဆုံးသွားပေလိမ့်မည်။
သို့ပေမည့် မူဝမ်ချီသည် မူမိသားစုဝင်တစ်ဦးဖြစ်နေတာတောင် ရဲများက သူ့ကိုလွှတ်ပေးဖို့ ငြင်းဆန်နေစဲဖြစ်နေတာကြောင့် မူရွှီရှင်း နားမလည်နိုင်ဖြစ်လာကြတော့သည်။ တစ်ချိန်တည်းမှာပဲ ဒီပြဿနာက သူထွေးထားသလောက် မရိုးရှင်းလောက်မှန်း တွေးမိသွားတော့သည်။
အသေးစိတ်အကြောင်းအရာများကိုတော့ မူရွှီရှင်း မသိရသေးဘဲ ဂျဇ်ကလပ်သည် လိင်ကုန်ကူးမှုနှင့် မူးယစ်ဆေးရောင်းဝယ်မှုများတွင် ပါဝင်ပြီး လက်ရှိတွင် အကြီးပိုင်းအုပ်ချုပ်သူအားလုံးကို ရဲများဖမ်းဆီးထားမိပြီဖြစ်ကြောင်းလောက်သာ သိပေသည်။
“ဝမ်ချီ၊ ဘာတွေဖြစ်ကုန်ရတာလဲ? ဘာလို့ သူတို့က မင်းကိုမလွှတ်ပေးရသေးတာလဲ?” မူရွှီရှင်း လေးနက်စွာမေးလိုက်သည်။
ထိုအခါ မူဝမ်ချီက၊ “ဒီကိစ္စထဲမှာ ထန်မိသားစုလဲ ပါတယ်။ ဒီတော့ ထန်မိသားစုဘက်က ခွင့်ပြုမိန့်မရှိဘဲ သူတို့သေချာပေါက် ဘယ်လွှတ်ပေးရဲကြပါ့မလဲ။”
“ငါအခုပဲ ထန်ယွင်ဟန်ကို သွားရှာလိုက်မယ်။” မူဝမ်ချီပြန်ပြောလိုက်သည်။ သူနှင့်ထန်မိသားစုကြားမှ စီးပွားရေးအရရင်းနှီးမှုကို ထောက်ထားကာ မျက်နှာသာပေးလိမ့်မည်ဟု ယုံကြည်နေခဲ့သည်။ သူ့အမြင်တွင်တော့ ထန်မိသားစုက ဒီပြဿနာထဲတွင် မူဝမ်ချီပါနေကြောင်း မသိထားဘဲ မူဝမ်ချီက တခြားသူများနှင့်ရောယောင်ကာ အဖမ်းခံလိုက်ရခြင်းဖြစ်လိမ့်မည်ဟုသာ ထင်နေသည်။ ဒီလိုကိစ္စမျိုးလောက်ကို ဖြေရှင်းဖို့အတွက်က ထန်မိသားစုကိုယ်တိုင်ဝင်လုပ်စရာမှမလိုအပ်ဘဲ။
“ဒါက အဲ့လောက်မရိုးရှင်းဘူး။” မူဝမ်ချီ စိတ်ညစ်သွားသည်။
“ဘာလို့လဲ?” မူရွှီရှင်းမှာ သူ့သားစကားကြောင့် စိတ်လှုပ်ရှားလာရသည်။
“ဂျဇ်ကလပ်ရဲ့ပိုင်ရှင်က ထန်မိသားစုကို မလိုမုန်းထားတဲ့လူဖြစ်နေတာ ကျွန်တော်အခုပဲ သိလိုက်ရတယ်။ ဒါကြောင့် ထန်မိသားစုကလဲ ကျွန်တော် သူတို့ကိုကူညီပေးနေတာလို့ ထင်သွားမှာစိုးရတယ်။ ဒါပေမယ့် ကျွန်တော်က ငွေရဖို့အတွက်လောက်နဲ့ပဲ ပူးပေါင်းရုံပါ။”
တကယ်တော့ မူဝမ်ချီသည် သူနှင့် ထန်ဝေ့ရုန်ကြားမှ ဆက်ဆံရေးကို သူ့အဖေသိသွားမည်စိုးတာကြောင့် အလိမ်အညာစကားပြောလိုက်ခြင်းသာဖြစ်သည်။
မူဝမ်ချီသည် ထန်ဝေ့ရုန်က ထန်ဟွမ်လုပ်ငန်းစုကို သိမ်းယူဖို့ကြံစည်နေကြောင်းသာသိထားပြီး ထန်ယွင်ဖန်း၊ ထန်ဟိုင်ဖုန်းနှင့် ထန်ကျားယန်တို့ဖြစ်သွားသည့် မတော်တဆမှုများထဲတွင် သူပါဝင်ပတ်သတ်ထားခြင်းမရှိလျှင်တောင်မှ ထန်မိသားစု၏ရန်သူဘက်မှ ရပ်တည်ခဲ့တာကြောင့် အပြစ်ကတော့ ရှိနေစဲပင်။ အခုချိန်မှသာ ထန်မိသားစုထံမှ ခွင့်လွှတ်မှုကိုလိုချင်နေပါလျှင် အစထဲကကို ပြဿနာထဲဝင်မပါခဲ့သင့်ပေ။
သို့သော်လည်း ထန်မိသားစုကို အလွယ်တကူအရူးလုပ်၍မရနိုင်တာကြောင့် သူသည်လဲ သေချာပေါက် ထောင်ကျနိုင်လောက်မည့်အရေးကို မူဝမ်ချီစိုးရိမ်နေရသည်။
“အဆင်ပြေသွားမှာပါ၊ ငါသူ့ကို ရှင်းပြလိုက်မယ်။” မူရွှီရှင်းကတော့ မူဝမ်ချီ၏စကားများကို ယုံကြည်နေတော့သည်။
လက်ရှိအချိန်တွင် မူဝမ်ချီ ဘာလုပ်လို့လုပ်ရမှန်း မသိတော့တာကြောင့် သူ့အဖေ သူ့ကိုအလွတ်လောက်လုပ်ပေးနိုင်ဖို့ကိုသာ မျှော်လင့်နေမိတော့သည်။
ထို့နောက် မူရွှီရှင်း ချက်ချင်းပင် ထန်ယွင်ဟန်အား ဖုန်းဆက်လိုက်သည်။
ထန်ယွင်ဟန်သည် အစကတော့ မူရွှီရှင်း၏ခွင့်ပြုချက်ရှိခြင်းကြောင့်သာ မူဝမ်ချီ အခုလို ထန်ဝေ့ရုန်နှင့်ပူးပေါင်းရဲခြင်းဖြစ်မည်ဟု ထင်ထားခဲ့ပေမည့် အခု မူရွှီရှင်း၏ဖုန်းထဲမှ ရှင်းပြပြောဆိုမှုများအရ သူမသိထားသည်မှာ သိသာလှသည်။
ဒီကိစ္စထဲတွင် မူဝမ်ချီသည် ထန်ဝေ့ရုန်၏ကြံရာပါလိုဖြစ်နေသော်လည်း သူကိုယ်တိုင်ကတော့ ထန်မိသားစုအကျိုးစီးပွားကို တိုက်ရိုက်ထိခိုက်နစ်နာအောင် လုပ်ခဲ့ခြင်းမရှိတာကြောင့် ထန်ယွင်ဟန်လဲ မူမိသားစု၏မျက်နှာကိုထောက်ကာ သူ့ကိုတရားမစွဲတော့ဖို့ ဆုံးဖြတ်လိုက်သည်။ သို့သော်လည်း ဂျဇ်ကလပ်တွင် သူပါဝင်ထားသည့် ပြဿနာအတွက်ကိုတော့ ထန်မိသားစု ဝင်ရောက်ကူညီပေးမည်မဟုတ်သလို အပြစ်ပေးခံရဖို့ကိုတောင်မှ မျှော်လင့်ပေသည်။
ထန်ယွင်ဟန် ခဏမျှတွေးတောလိုက်ပြီးနောက်၊ “ရွှီရှင်း၊ ငါ ဝမ်ချီကို လွတ်အောင်လုပ်မပေးနိုင်လောက်ဘူး။ သတင်းကပျံ့နေပြီးသားလေ၊ ငါသာပါဝင်လိုက်ရင် ငါလဲ အန္တရာယ်ရှိသွားလိမ့်မယ်။ ငါ့နေရာကို လူဘယ်လောက်တောင် လိုချင်နေကြလဲဆိုတာ မင်းလဲသိသားပဲ?”
ထန်ယွင်ဟန်သည် မြူနီစီပါယ်ပါတီကော်မတီ၏အတွင်းရေးမှူးဖြစ်သော်လည်း လူတိုင်း သူ့ကိုကြောက်ကြလိမ့်မည်လို့တော့ မဆိုလိုပေ။ ထိုအစား ဤနိုင်ငံရေးလောကတွင် သူ့ရန်သူများစွာတောင် ရှိနေသေးသည်။
နိုင်ငံရေးလောကတွင်လဲ အုပ်စုအဖွဲ့အစည်းများရှိမြဲဖြစ်ကာ အရာရှိတိုင်းတွင်လဲ သူတို့ကိုပံ့ပိုးပေးသည့် လူများစွာရှိသည်။
ပုံမှန်အားဖြင့် ထောက်ခံသူများများရှိသည့်ဘက်က အင်အားအကြီးဆုံးရာထားကို ရဖို့ဖြစ်နိုင်ချေအများဆုံးဖြစ်သည်။
နိုင်ငံရေးလောကတွင် မတူညီသည့်အဖွဲ့များစွာ ကွဲပြားနေကာ ကိုယ့်မှာသာနောက်ခံအင်အား တောင့်တောင့်တင်းတင်းမရှိပါက ကိုယ့်နေရာကို တခြားလူအလွယ်လေး လုယူသွားနိုင်တာကြောင့် ဘယ်သူမှ သင်းကွဲတစ်ကိုယ်တည်းမနေရဲကြပေ။
လူတိုင်းက သူတို့ဘက်တော်သားများကို အမြဲတိုးပွားအောင်လုပ်ကာ အရေးပါသည့်ရာထူးများတွင် ထည့်သွင်းနေကြတာကြောင့် ထိုသို့လူများလေ အကျိုးအမြတ်ပိုမျာများရနိုင်လေဖြစ်သည်။
ထန်ယွင်ဟန်သည်တော့ သူ့နောက်ခံက ထန်မိသားစုဖြစ်နေတာကြောင့် Bမြို့နိုင်ငံရေးသမားများကြားတွင် တစ်ကိုယ်တည်းနေနေသူဖြစ်သည်။
***
အခန်း ၇၆၉ ရှယ်ယာလွှဲပြောင်းပေးခြင်း
နိုင်ငံရေးလောကတွင် ထန်ယွင်ဖန်းသည် သင်းကွဲသမားဖြစ်နေသော်လည်း လူများစွာကတော့ သူ့ကို သူတို့နှင့်ပူးပေါင်းဖို့ရန် စည်းရုံးနေကြစဲဖြစ်သည်။ တစ်ဖက်လူ ကိုယ့်ဖက်ပါလာစေရန် ပုံမှန်အားဖြင့် အကျပ်ကိုင်ကာ လာဘ်ပေးသည့်နည်းလမ်းကို အသုံးပြုရလေ့ရှိသည်။ တစ်ခါတစ်ရံတော့ မင်းကို သူတို့က သကြားလုံးချိုချိုလေးတစ်လုံးမပေးလာခင် အရင်ဆုံး ပါးတစ်ချက်လောက်တော့ ရိုက်သွားတတ်သည်။
ပြောရလျှင်တော့ မင်းကိုအရင်ဆုံး ဒုက္ခရောက်အောင် လုပ်ကြံပြီးကာမှ မင်းအန္တရာယ်တွေ့နေတဲ့အချိန်မှာ လာရောက်ကူညီပေးခြင်းဖြစ်သည်။ ဒါပေါ့ သူတို့မင်းကို မကောင်းကြံစည်သည့်အချိန်မျိုးမှာတော့ သူတို့အကြောင်းမသိအောင် ဖုံးထားကြမည်သာဖြစ်သည်။ သူတို့က မင်းကိုကူညီပေးလိုက်ပြီးလျှင်တော့ မင်းအနေနဲ့ သူတို့အပေါ် ကျေးဇူးကြွေးတင်သွားပေပြီ။
ကံကောင်းစွာဖြင့် ထန်ယွင်ဟန်သည် အမြဲတမ်းစည်းမျဉ်းများနှင့်အညီနေထိုင်သည့် လူမှန်တစ်ဦးဖြစ်တာကြောင့် ဘယ်သူ့ဘက်မှလဲ မလိုက်ပေးပေ။ ဒါကလဲ သူ့မှာ ထန်မိသားစုနောက်ခံရှိနေတာကြောင့် လာဘ်ထိုးတာ ခြိမ်းခြောက်တာတွေက သူ့အပေါ်တော့ အလုပ်မဖြစ်ခြင်းဖြစ်သည်။
ထန်ယွင်ဟန်၏ရှင်းပြချက်ကို မူရွှီရှင်းနားလည်သော်လည်း ထန်ယွင်ဟန်၏ရာထူးနှင့် ထန်မိသားစု၏လွှမ်းမိုးနိုင်စွမ်းဖြင့်ဆိုလျှင် ဒီပြဿနာလောက်ကိုဖြေရှင်းရသည်က ကိစ္စကြီးတစ်ခုလို့ မထင်မိပေ။ ဒါကြောင့် ထန်ယွင်ဟန်က မူဝမ်ချီကို တမင်မကူညီလိုခြင်းဟုသာ မူရွှီရှင်းထင်သွားတော့သည်။ သူကလဲ သူ့သားမူဝမ်ချီကို အပြစ်ကင်းသည့်ကောင်လေးလို့ ထင်ထားသည်ကိုး။
သက်သေအတိအကျမရှိတာကြောင့် မူဝမ်ချီကို ထန်ယွင်ဟန် မယုံကြည်သည်မှာ ကျိုးကြောင်းသင့်ပေသည်။ ထန်ယွင်ဟန်က မူဝမ်ချီကို အချုပ်ထဲမှလွတ်အောင် မကူညီနိုင်ဘူးဆိုမှတော့ မူရွှီရှင်းလဲ လက်လျှော့လိုက်တော့သည်။
ချီကျီယွဲ့လဲ သတင်းကြားသည်နှင့် မူဝမ်ချီကိုတွေ့ဖို့ရန် ချက်ချင်းပင် ပြည်သူ့လုံခြုံရေးဌာနသို့ လိုက်လာခဲ့သည်။ သို့သော်လည်း မူဝမ်ချီ၏ဖခင်က လာတွေ့သွားခဲ့ပြီဖြစ်တာကြောင့် မူဝမ်ချီကို နောက်ထပ်လူတွေ့ခွင့်မပြုတော့ပေ။
ချီကျီယွဲ့လဲ နားမလည်နိုင်ဖြစ်သွားသည်။ မူဝမ်ချီ၏အဖေတောင် ဒီကိုလာပြီးနေမှတော့ သူ့အဖေက ဘာလို့တစ်ခါတည်း အချုပ်ထဲက မထုတ်ပေးသွားတာလဲ? ဒါက ပြစ်မှုကြီးတစ်ခုဘဲ လူကုံထံအသိုင်းအဝိုင်းများအတွက်တော့ မျက်စိထဲထည့်လောက်စရာကိစ္စတောင် မဟုတ်ဘူးမလား။ မူမိသားစုသည် Bမြို့တွင် အာဏာရှိသည့်မိသားစုတစ်စုဖြစ်တာကြောင့် မူဝမ်ချီကို အချုပ်မှထုတ်ဖို့ အလွန်လွယ်ကူသင့်နေပေမည့် အခုထိ မူဝမ်ချီကတော့ ပြည်သူ့လုံခြုံရေးဌာနထဲတွင် အချုပ်ခံထားနေရတုန်းပင်။
ချီကျီယွဲ့နှင့်မူဝမ်ချီသည် အလွန်ရင်းနှီးသည့်သူငယ်ချင်းများဖြစ်တာကြောင့် သူလဲ မူမိသားစုသို့ အကြိမ်ပေါင်းများစွာ သွားရောက်လည်ပတ်ဖူးကာ မူရွှီရှင်းနှင့်လဲ အတော်အတန်ရင်းနှီးပေသည်။ ဒါကြောင့် ကိစ္စများကို သိရစေရန် မူရွှီရှင်းထံသို့ ချီကျီယွဲ့ ဖုန်းခေါ်လိုက်တော့သည်။
မူရွှီရှင်းနှင့်ဖုန်းပြောပြီးသည့်နောက်တွင်တော့ ဒီပြဿနာထဲမှာ Bမြို့ထန်မိသားစုပါ, ပါဝင်ပတ်သတ်နေကြောင်း ချီကျီယွဲ့သိလိုက်ရတော့သည်။
ဒါတော်တော်ရှုပ်ထွေးတဲ့ ပြဿနာပဲ။
ချီကျီယွဲ့လဲ ကူညီပေးချင်ပေမည့် အခုချိန်တွင်ဘာလုပ်လို့လုပ်ပေးရမှန်းတော့ မသိပေ။
ထန်ဟွမ်လုပ်ငန်းစု ရင်ဆိုင်ကြုံတွေ့နေရသည့် အကျပ်အတည်းကာလမှာ စတယ်ဆိုရုံရှိသေး အဆုံးသတ်သို့ ရောက်လာခဲ့ပေမည့် ထန်မိသားစုကတော့ နောက်ကွယ်တွင် မြောက်များစွာရင်ဆိုင်ခဲ့ရသည်။ ကုနင်းကြောင့်သာမဟုတ်လျှင် ထန်ယွင်ဖန်း၊ ထန်ဟိုင်ဖုန်းနှင့် ထန်ကျားယန်တို့ သေချာပေါက် အသတ်ခံလိုက်ရနိုင်သည်။
သူတို့၏ဘဝများနှင့်ယှဉ်လျှင်တော့ ထန်ဟွမ်လုပ်ငန်းစုမှာ ဘာမှမဟုတ်တော့ပေ။ သူတို့သာ ဆက်လက်ရှင်သန်နိုင်လျှင် အရာအားလုံးဖြစ်နိုင်နေဦးမည်ဖြစ်သော်လည်း အသတ်ခံလိုက်ရပြီးလျှင်တော့ ထန်ဟွမ်လုပ်ငန်းစုဆိုတာ သူတို့အတွက် ဘာမှလုပ်လို့မရတော့ပေ။
ထန်ဝေ့ရုန်ကို သတ်ပြီးသည်နှင့် ထန်ယွင်ဖန်း ထန်ဟွမ်လုပ်ငန်းစုသို့ ပြန်လာခဲ့သည်။ လက်ရှိအခြေအနေများကို သူတစ်ယောက်တည်းကသာ ထိန်းချုပ်နိုင်မည်ဖြစ်သောကြောင့်သာဖြစ်သည်။
ထန်ယွင်ဖန်းပေါ်လာသည်နှင့် အားလုံးက ဒီမနက်အထိ ထန်ယွင်ဖန်း သတိမေ့မျောနေစဲဟုသာ သိထားခဲ့ကြတာကြောင့် စိတ်လှုပ်ရှားကာ အံ့ဩတုန်လှုပ်ကုန်ကြသည်။
ထန်ယွင်ဖန်းပေါ်လာပြီဆိုမှတော့ လက်ရှိသတင်းများမှာ အတုအယောင်သာဖြစ်မည်ဟုလဲ ယုံကြည်သွားကြတော့သည်။
တချို့သည်လဲ ထန်ယွင်ဖန်း ကားတိုက်မှုဖြစ်သည်က အမှန်ဟုပင်ယုံကြည်ကြကာ ထန်ဟွမ်လုပ်ငန်းစုအား ဆန့်ကျင်နေသည့်နောက်ကွယ်မှလူကို သိချင်တာကြောင့် တမင်စောင့်ဖမ်းခြင်းဖြစ်မည်ဟုထင်ကြသည်။
ထန်သဲ့မင်အဖမ်းခံရသည်နှင့်ချက်ချင်း ထန်ယွင်ဖန်းပြန်ရောက်လာခြင်းမဟုတ်လား။
ထန်ယွင်ဖန်း ကုမ္ပဏီသို့ပြန်ရောက်လာသည့် သတင်းက အချိန်တိုအတွင်းပင် ပျံ့နှံ့သွားကာ အစောပိုင်းကထွက်ခဲ့သည့်သတင်းများက ကောလဟလများသာဖြစ်သည်ဟု လူတိုင်းယုံကြည်လိုက်ကြတော့သည်။
ဘာပဲဖြစ်ဖြစ် ထန်မိသားစုသည် အကျပ်အတည်းများကို ကျော်လွှားနိုင်ခဲ့ကာ ထန်ယွင်ဖန်းကလဲ ထန်ဟွမ်လုပ်ငန်းစုကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။
နေ့လည်ပိုင်းတွင်တော့ ထန်ဟိုင်းဖန်းလဲ ဆေးရုံမှနေပြီး ထန်မိသားစုအိမ်တော်သို့ ပြန်လာခဲ့သည်။ သူ ဆေးရုံမှာရက်ပေါင်းများစွာ နေခဲ့ရသည်ကတော့ စိတ်ချမ်းသာစရာကောင်းသည့် အခိုက်အတန့်မဟုတ်ခဲ့ဘဲ ကိုယ့်အိမ်ကိုယ့်ရာကသာ သက်တောင့်သက်သာအကောင်းဆုံးဖြစ်သည်။
လေ့မိသားစုသည်လဲ မကြာခင်တွင်ပဲ ထန်ဟိုင်ဖုန်းဆီသို့ လာလည်ခဲ့သည်။
ကျောက်ယီရူသည်လဲ သခင်ကြီးလေ့နှင့်လေ့ဟောက်ဝေ့တို့နှင့်အတူ လိုက်ပါလာသည်။
ကျောက်ယီရူကတော့ အားလုံးသိထားပြီးသားဖြစ်၍ လုံးဝစိုးရိမ်မနေပေမယ့် လေ့မိသားစုသည်တော့ ထန်မိသားစုအတွက် အလွန်စိုးရိမ်ပူပန်နေသည်။ သူတို့လဲ အစက ထန်ယွင်ဖန်းကို နိုင်ငံရပ်ခြားသို့သွားနေခြင်းဟု ထင်ထားခဲ့ပေမည့် ယနေ့မှသာ ကားမတော်တဆမှုဖြစ်ခဲ့ခြင်းဖြစ်မှန်း သိကြရသည်။
လေ့ဟောက်ဝေ့က သတင်းဆိုးများကြားကြားခြင်းပင် ထန်ယွင်ဟန်ထံ ဖုန်းဆက်ကာ အကျိုးအကြောင်းမေးမြန်းခဲ့သည်။
လေ့ဟောက်ဝေ့ ထန်ယွင်ဟန်အားဖုန်းဆက်လာချိန်တွင် ပြဿနာအားလုံးဖြေရှင်းပြီးလုနီးနေပြီဖြစ်တာကြောင့် ထန်ယွင်ဟန်လဲ ဆက်ပြီးဖုံးကွယ်မနေတော့ဘဲ အမှန်အတိုင်းပြောပြခဲ့ပေမည့် အသေးစိတ်အကြောင်းအရာတိုင်းကိုတော့ မပြောပေ။
လေ့ဟောက်ဝေ့သည်လဲ ဒါက သူတို့မိသားစုတွင်းပြဿနာမှန်း သိတာကြောင့် ထန်ယွင်ဖန်း နေကောင်းသည်ကိုသိရသည်နှင့် တခြားဆက်လက်မေးမြန်းခြင်းမပြုခဲ့ပေ။
လေ့ဟောက်ဝေ့၊ သခင်ကြီးလေ့နှင့် ကျောက်ယီရူတို့အားလုံး ထန်မိသားစုတွင် အေးအေးဆေးဆေးညစာအတူစားကြပြီးကာမှ ပြန်ခဲ့ကြသည်။
ထို့နောက် ထန်ယွင်ဖန်းက ကုနင်းကို သူနှင့်အတူ စာကြည့်ခန်းသို့လိုက်လာရန်ပြောလိုက်သည်။ စာကြည့်ခန်းထဲတွင် နှစ်ယောက်တည်းရှိသည်ဆိုတော့မှ ထန်ယွင်ဖန်းက ကုနင်းကို ဖိုင်တစ်ခုထုတ်ပေးလိုက်ကာ၊ “လက်မှတ်ထိုးလိုက်။”
ကုနင်းရုတ်တရက်ကြောင်အသွားပြီးနောက် ကျောက်စိမ်းမျက်ဝန်းဖြင့် ဖိုင်ထဲမှ စာရွက်စာတမ်းများကို ကြည့်လိုက်သည်။ အထဲတွင်ရှိနေသည့် စာရွက်စာတမ်းများမှာ ရှယ်ယာလွှဲပြောင်းသည့်စာချုပ်များဖြစ်နေတာကြောင့် သူမအံ့ဩသွားရတော့သည်။
ထန်ယွင်ဖန်းက သူမကို ထန်သဲ့မင်ဆီမှပြန်ဝယ်ထားသည့် ထန်ဟွမ်လုပ်ငန်းစု၏ရှယ်ယာ၈ရာခိုင်နှုန်းကို ပေးလာခြင်းဖြစ်သည်။
ကုနင်း ထိုရှယ်ယာများကို ယူဖို့ရည်ရွယ်ချက်မရှိသော်လည်း ဖွင့်တော့ကြည့်လိုက်သေးသည်။
“သမီးမယူနိုင်ဘူး။” ဖွင့်ကြည့်ပြီးနောက် ကုနင်းပြောလိုက်ကာ စာရွက်များကို စားပွဲပေါ်ပြန်တင်ပြီး ထန်ယွင်ဖန်းဘက်သို့ ပြန်တွန်းပေးလိုက်သည်။
“ဘာလို့လဲ?” ထန်ယွင်ဖန်းကတော့ ကုနင်းမယူလောက်မှန်း သိထားတာကြောင့် အရမ်းမအံ့ဩသွားခဲ့သော်လည်း သူ့စိတ်ရင်းအမှန်ဖြင့် သူမကိုလက်ခံစေချင်နေစဲပင်။
“ဒါအရမ်းများလွန်းတယ်။ သမီးက သမီးလုပ်ငန်းကို ကိုယ်ပိုင်အင်အားနဲ့ပဲတည်ဆောက်ချင်တာ။”
“ဒါသမီးနဲ့ထိုက်တန်တဲ့အရာတွေပါ။ သမီးကြောင့်သာမဟုတ်ရင် အဖေတို့မိသားစု ပျက်စီးသွားနိုင်တယ်။ ဒါကို သမီးလုပ်ပေးခဲ့သမျှအတွက် ဆုကြေးတစ်ခုအနေနဲ့ ယူလိုက်ပါ။”
“သမီးတို့က မိသားစုတွေပဲလေ။ မိသားစုဝင်အချင်းချင်း ဆုလာဒ်အကြောင်းပြောနေဖို့မလိုပါဘူး။”
***
အခန်း ၇၇၀ မင်္ဂလာပွဲပြင်ဆင်ခြင်း
“အမ်၊ ဒါဆိုလဲ လက်ဆောင်အနေနဲ့လက်ခံလိုက်ပါလား။ မင်းက အဖေ့သမီးပဲ ဒီတော့ အဖေဖြစ်သူက သမီးအတွက် လက်ဆောင်ပေးတာ ဖြစ်သင့်တာပဲမဟုတ်လား?” ထန်ယွင်ဖန်း ပြန်ပြောလိုက်သည်။
ကုနင်း ရုတ်တရက်မှင်သက်သွားရသည်။ သူမကအမှန်ကိုပဲ ထန်ယွင်ဖန်း၏သမီးဖြစ်နေတာကြောင့် သူ့လက်ဆောင်ကို သူမငြင်းပယ်လိုလျှင် ထန်ယွင်ဖန်း စိတ်ထိခိုက်သွားပေလိမ့်မည်။ ကုနင်း ခဏလောက်တွေးဆကြည့်နေပြီးနောက် အကြံတစ်ခုရသွားခဲ့သည်။
“သမီးယူလိုက်ပါ့မယ်၊ ဒါပေမယ့် ပြီးရင်တော့ အမေ့အတွက် မင်္ဂလာလက်ဖွဲ့အဖြစ်ပြန်ပေးမယ်။ အမေနဲ့အဖေတို့ မင်္ဂလာဆောင်ပြီးတာနဲ့ အမေ့ကို လက်မှတ်ထိုးခိုင်းလိုက်မယ်။” ကုနင်းပြောပြီးသည်နှင့် ရှယ်ယာလွှဲပြောင်းခြင်းစာချုပ်ကို ယူထားလိုက်သည်။
ထန်ယွင်ဖန်းလဲ သဘောတူလိုက်ပေသည်။ သူမလက်ခံသ၍ နောက်ပိုင်းဘာလုပ်လုပ် သူဝင်ပြောမည်မဟုတ်ပေ။
ထို့နောက် နှစ်ဦးသား အိမ်အောက်ထပ်သို့ပြန်ဆင်းလာခဲ့ကြသည်။
ဧည့်ခန်းအတွင်းတွင်တော့ ကုမန့်တစ်ယောက် ခေါင်းငုံ့ကာ တိတ်ဆိတ်နေလေသည်။ သူမပုံစံက စိတ်မသက်မသာဖြစ်နေပုံရသော်လည်း ကျန်လူများကတော့ စကားတပြောပြောနှင့် ရယ်မောနေကြသည်။
“နင်းနင်း၊ ဒီကိုလာခဲ့ဦး၊ အဖိုး မင်းနဲ့ဆွေးနွေးစရာရှိတယ်။” ထန်ဟိုင်ဖုန်းက အပြုံးလေးဖြင့် ကုနင်းကို လှမ်းခေါ်လိုက်သည်။
“ဟုတ်ကဲ့ပါ၊ ဖိုးဖိုး။” ကုနင်း ထန်ဟိုင်ဖုန်းအနားသို့သွားကာ ဘေးတွင်ဝင်ထိုင်လိုက်သည်။
“နင်းနင်း၊ အခုအဖိုးတို့မိသားစုရဲ့ အကျပ်အတည်းမှန်သမျှကို ဖြေရှင်းပြီးသွားပြီဆိုတော့ မင်းအမေကို မင်းအဖေနဲ့မင်္ဂလာဆောင်ပေးဖို့ အချိန်ကျပြီ၊ ဒီလိုဆို သမီးလဲ အဖိုးတို့မိသားစုဝင်အဖြစ် တရားဝင်,ဝင်ရောက်နိုင်ပြီလေ။” ထန်ဟိုင်ဖုန်းသည် ကုနင်းကို ထန်မိသားစုဝင်အဖြစ် သတ်မှတ်ဖို့ အချိန်ထပ်မစောင့်ချင်တော့ပေ။
ထိုစကားကိုကြားလိုက်ရတော့ ကုမန့်ဘာကြောင့် နေရခက်ကာခေါင်းငုံ့နေလဲဆိုသည်ကို ကုနင်းနားလည်သွားတော့သည်။
ထန်ဟိုင်ဖုန်း၏စကားကိုကြားလိုက်ရတော့ ကုမန့်က ပိုလို့ပင်ခေါင်းကိုငုံ့လိုက်ပေမည့် ထန်ယွင်ဖန်း၏မျက်နှာသည်တော့ ချက်ချင်းဝင်းလက်သွားတော့သည်။
ကုနင်းလဲ ပြုံးလိုက်မိကာ၊ “ဖိုးဖိုး၊ သမီးအဖေကို လက်ထပ်နိုင်ဖို့ဆိုတာ အဖေနဲ့ပဲသက်ဆိုင်တယ်လေ။ အဖေသာ တကယ်ပဲ အမေ့ကိုလက်ထပ်ချင်ရင် အရင်ဆုံး အမေ့ကိုလက်ထပ်ခွင့်တောင်းရမှာပေါ့။”
ကုမန့်က အခုချိန်တွင် ထန်ယွင်ဖန်းနှင့်ချစ်သူရည်းစားအဆင့်မှာသာရှိနေသေးသည်။ သူတို့မှာ သမီးတစ်ယောက်ပင် ရှိထားပြီးပြီဆိုသော်လည်း တကယ်လက်ထပ်မယ်ဆိုရင်တော့ အရင်ဆုံးလက်ထပ်ခွင့်တောင်းတာကို လုပ်ဖို့လိုအပ်နေစဲပင်။
“ဟုတ်တာပေါ့၊ နင်းနင်းပြောတာမှန်တယ်၊ မင်း အရင်ဆုံးလက်ထပ်ခွင့်တောင်းမှရမယ်။” ကျန်းလီဟွာကလဲဝင်ပြောလိုက်သည်။ ရင်ခုန်စိတ်လှုပ်ရှားစရာ လက်ထပ်ခွင့်တောင်းခံရခြင်းဟာ အမျိုးသမီးတိုင်းအတွက် စိတ်ကူးယဉ်အိပ်မက်တစ်ခုပင်ဖြစ်သည်။
ကျန်းလီဟွာ၏စကားကို တခြားသူများကလဲ ထောက်ခံခဲ့ကြသည်။
“ယွင်ဖန်း၊ လက်ထပ်ခွင့်တောင်းတော့လေ!” ထန်ဟိုင်ဖုန်းက ထန်ယွင်ဖန်းကို တွန်းအားပေးလိုက်သည်။
“ဟ-ဟ။” ကုနင်း မနေနိုင်ဘဲ ထရယ်မိသွားကာ ကုနင်းတင်မကဘဲ ကျန်လူများကပါ ရယ်မောလာတာကြောင့် ကုမန့်ပိုလို့ပင် ရှက်ရွံ့လာရတော့သည်။
ထန်ယွင်ဖန်းအနေနဲ့ ကုမန့်ကို လက်ထပ်ခွင့်အရင်တောင်းဖို့ လိုသေးသည်ဆိုသော်လည်း ဘာပြင်ဆင်မှုမှမရှိဘဲ လုပ်နိုင်တယ်လို့တော့ မဆိုလိုပေ။
ဒါကြောင့် ကုနင်းက၊ “ဖိုးဖိုး၊ လက်ထပ်ခွင့်မတောင်းခင် အရင်ဆုံး ပြင်ဆင်ဦးမှရမယ်လေ။ သမီးတို့ ပန်းတွေရယ်၊ စိန်လက်စွပ်တစ်ကွင်းရယ်နဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာ အပြင်အဆင်မျိုးလဲပြင်ဆင်ဖို့လိုသေးတယ်။ အဖေ့ရဲ့လက်ထပ်ခွင့်က သိပ်ပြီးစိတ်လှုပ်ရှားစရာမကောင်းရင် အမေက လက်ထပ်ခွင့်ပြုလိမ့်မှာမဟုတ်လောက်ဘူး။”
ထန်ယွင်ဖန်း ဒီလိုကိစ္စများနဲ့ပတ်သတ်ပြီး ဘာမှမသိထားမည်စိုးတာကြောင့် ကုနင်းတမင်ကို ထန်ယွင်ဖန်းအားအကြံဉာဏ်ပေးသည့် သဘောဖြင့် ထုတ်ပြောလိုက်ခြင်းဖြစ်သည်။
တကယ်တော့ ထန်ယွင်ဖန်းသည် ကုမန့်အတွက် စိန်လက်စွပ်လုပ်ပေးရန် နိုင်ငံတကာလက်ဝတ်ရတနာဒီဇိုင်နာတစ်ဦးကိုပင် ငှားထားပြီးပြီဖြစ်ပေမည့် ထန်မိသားစုမှ တစ်ယောက်ကိုမျှ မပြောပြထားခဲ့ပေ။
ထန်ဟိုင်ဖုန်းသည် ရှေးလူကြီးတစ်ဦးဖြစ်တာကြောင့် လူငယ်များကြားက ရင်ခုန်စိတ်လှုပ်ရှားစရာအစီအစဉ်များကို သိပ်ပြီး နားမလည်ပေမည့် ကုနင်း၏ရှင်းပြချက်ကို နားထောင်ပြီးနောက် လုပ်သင့်သည့်အရာတစ်ခုပဲလို့ ထင်မိသွားသည်။
“ဟုတ်တာပေါ့၊ ယွင်ဖန်း၊ သွားမြန်မြန်လေးပြင်ဆင်လိုက်တော့၊ ဒါမှ ငါတို့လဲ မင်္ဂလာပွဲကို အမြန်ဆုံးပြင်ဆင်ထားနိုင်မှာ။”
“ဟုတ်ကဲ့ပါ။” ထန်ဟိုင်ဖန်း အလွန်ဝမ်းသာပျော်ရွှင်နေခဲ့ရသည်။ ဖြစ်နိုင်ရင် ကုမန့်ကို မနက်ဖြန်တွင်ပဲ လက်ထပ်ခွင့်တောင်းကာ သန်ဘက်ခါမှာပဲ လက်ထပ်ပစ်ချင်လှသည်။ သူ ကုမန့်အတွက် အခမ်းနားဆုံးသော မင်္ဂလာပွဲမျိုးကျင်းပပေးဖို့ရန် စိတ်ကူးထားတာကြောင့် ပြင်ဆင်ဖို့အချိန်လိုမည်ဖြစ်ကြောင်းလဲ သိပေသည်။
ကုမန့်ကတော့ တစ်မျက်နှာလုံး နီရဲနေအောင် ရှက်နေကာ ဘာဝင်ပြောလို့ပြောရမှန်း မသိဖြစ်နေသော်လည်း ဒီအချိန်က သူမဘဝမှာ အပျော်ရွှင်ရဆုံးအချိန်အခါလေးတော့ ဖြစ်နေစဲပင်။
ကုမန့် အလွန်ရှက်နေပုံကိုမြင်ရတော့ အချိန်လဲ သိပ်မစောလှတော့တာကြောင့် ကုနင်းက သူတို့အိမ်ပြန်သင့်ပြီဆိုသည့်အကြောင်း ပြောခဲ့သည်။
ထန်ယွင်ဖန်းက ကားနားရောက်သည်အထိ လိုက်ပို့ပေးကာ သူ့မြင်ကွင်းထဲမှ ကားအရိပ်အယောင် မပျောက်မချင်း အိမ်ထဲပြန်မဝင်လာခဲ့ပေ။
“အဖေ၊ အဖေက အမေ့ကိုအရမ်းချစ်နေတာပဲ။” ကုနင်း စနောက်လိုက်သည်။
ထိုအခါ ကုမန့်၏မျက်နှာမှာ ပိုလို့ပင် နီရဲလာကာ၊ “နင်းနင်း၊ မိဘတွေကို မစနောက်ရဘူး!”
“သမီး မနောက်ပါဘူး။ အမှန်တွေပဲကို၊ ဟုတ်တယ်မလား ချောင်ယ?”
“ဟုတ်ပါတယ်။” ချောင်ယက လေးနက်လှသည့်မျက်နှာထားဖြင့် ပြန်ဖြေလာသည်။ “ကောင်းယိဆိုရင် ငါ့ကို ချစ်ကြောင်း သူမျက်နှာပေါ်ရာ မျက်လုံးထဲမှာပါ တစ်ခါမှ မဖော်ပြဖူးဘူး။”
ကောင်းယိသည် ချောင်ယကို အလွန်ချစ်မြတ်နိုးကာ သူ့အသက်ထက်တောင်မှ ပိုတန်ဖိုးထားပေသည်။ သူတို့နှစ်ဦးအန္တရာယ်နှင့်ကြုံရတိုင်း ကောင်းယိက အမြဲတမ်း ချောင်ယကိုသာ ကာကွယ်ပေးလေ့ရှိပေမည့် ဘာပဲဖြစ်ဖြစ် သူက အထူးလေ့ကျင့်ထားသည့် သတ်ဖြတ်သူတစ်ဦးသာဖြစ်တာကြောင့် သူ့ခံစားချက်အစစ်အမှန်ကို ဘယ်လိုဖုံးကွယ်ရမလဲဆိုသည်ကိုသာ သင်ယူထားရခဲ့သည်။
ကောင်းယိနှင့်ချောင်ယအကြောင်း ပြောကာမှ သူတို့နှစ်ဦးလုံးမှာ ရက်စက်ကာ အကြင်နာမဲ့လွန်းသည့် သတ်ဖြတ်သူများဖြစ်နေသော်လည်း နောက်ဆုံးမှာတော့ ချစ်မိသွားကြစဲသာ။ သူတို့နှစ်ဦးသည် သတ်ဖြတ်သူအဖွဲ့အစည်းကို အတူတကွဝင်ခဲ့သလို အတူတကွပဲ လေ့ကျင့်မှုများပြုလုပ်ခဲ့ကြသည်။ အချိန်များ ကုန်ဆုံးလာသည်နှင့်အမျှ သူတို့နှစ်ဦး၏သံယောဇဉ်ကလဲ ပိုလို့နက်ရှိုင်းလာကာ သာမာန်လူများလို ဘဝကိုရှင်သန်နေထိုင်လာချင်ကြတော့သည်။
ကုမန့်ကတော့ ဘာမှပြန်မပြောနိုင်ခဲ့ပေမည့် သူမနှလုံးသားထဲမှာတော့ အလွန်အမင်းပျော်ရွှင်နေခဲ့သည်။
သူမနှင့်ထန်ယွင်ဖန်းတို့ နှစ်ပေါင်းများစွာ ဝေးကွာခဲ့ကြရသော်လည်း အချင်းချင်းအမြဲတမ်း လွမ်းဆွတ်နေသူများဖြစ်တာကြောင့် တစ်ဖန်ပြန်လည်ချစ်မိဖို့ရန် လွယ်ကူလှသည်။
ထန်ယွင်ဖန်းနှင့် လက်ထပ်ရတော့မည့်အကြောင်း ပြန်တွေးမိသွားတော့ ကုမန့် ထပ်ပြီးရှက်သွေးဖြာလာခဲ့ပြန်ပေမည့် မင်္ဂလာပွဲ အမြန်ဆုံးဖြစ်မြောက်လာဖို့ကိုလဲ မျှော်လင့်လို့နေမိသည်။
ကုနင်းလဲ ဆက်လက်စနောက်မနေတော့ဘဲ ကုမန့်အတွက် မင်္ဂလာလက်ဖွဲ့ဘာပေးရမလဲဆိုသည်ကို စတင်တွေးတောတော့သည်။ သူမအမေအတွက် အထူးခြားဆုံးလက်ဆောင်မျိုးပေးရမည်ဟုလဲ စိတ်ဆုံးဖြတ်ထားသည်။
ခဏတာတွေးပြီးနောက် သူမကို လင်ရှောင်းထင်ပေးထားသည့် စိန်နှစ်ပွင့်အကြောင်းပြန်တွေးမိသွားတော့သည်။ ဒါကြောင့် အပြာရောင်စိန်ပွင့်ဖြင့် နှစ်ကပ်တစ်စုံနှင့် လက်ကောက်လုပ်ဖို့ ဆုံးဖြတ်လိုက်တော့သည်။
ထို့အပြင် ကုမန့်အတွက် နောက်ထပ်မင်္ဂလာလက်ဖွဲ့အနေဖြင့် Bမြို့တွင်လဲ Kameiအလှပြင်ဆိုင်,ဆိုင်ခွဲကို ဖွင့်ပေးပေဦးမည်။
***