အခန်း (၇၈၆-၇၉၀)
Vol. 53 Ch. 786-790
အခန်း ၇၈၆ နျိုကော၏ဝန်ခံချက်
ဆိုင်အပြင်မှ ဖြတ်သွားဖြတ်လာအများစုမှ နျိုကော၏အော်သံကိုကြားကြပြီး ဆိုင်ထဲတွင် ဘာတွေဖြစ်နေသလဲဆိုသည်ကို သိရရန် အနားသို့တိုးကပ်ကြကြပေမည့် တံခါးကို ကျဉ်းကျဉ်းလေးသာဖွင့်ထားတာကြောင့် သေချာမမြင်ရပေ။
လီဖုန့်ရှာသည်တော့ ဆိုင်ကို တစ်ချိန်လုံးအာရုံစိုက်နေခဲ့ကာ သူမအကြောင်းပေါ်သွားမည်စိုးတာကြောင့် အနားကိုလဲ သိပ်မကပ်ရဲပေ။
ဆိုင်ထဲတွင်တော့ ကျန်လူမိုက်အားလုံးကြောက်လန့်ကာ နောက်သို့တစ်လှမ်းချင်း ဆုတ်သွားကြသည်။ သူတို့က သာမာန်အလုပ်လက်မဲ့နှင့်ပျင်းရိသည့်အဖွဲ့တစ်ဖွဲ့သာဖြစ်ပြီး ဂိုဏ်းအဖွဲ့ဝင်များမဟုတ်ပေ။ ဒါကြောင့်ပဲ နျိုကောကို ကုနင်းစက္ကန့်ပိုင်းအတွင်း အနိုင်ယူလိုက်သည်ကို မြင်လိုက်ရသည်နှင့် ကြောက်လန့်သွားကြတော့သည်။
“မင်း…” နျိုကော စိတ်တိုသွားကာ ဒေါသတကြီးအော်ဟစ်တော့သည်။ “သူ့ကို ဝိုင်းရိုက်ကြစမ်း!”
လူမိုက်များမှာ တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်းဖလှယ်နေကြပေမည့် မည်သူကမှတော့ စပြီးရှေ့မထွက်လာကြပေ။
“နျို-နျိုကော၊ ဒီကောင်မလေးက အတိုက်အခိုက်တကယ်ကောင်းပုံပဲ။” လူမိုက်ငယ်လေးတစ်ယောက်က အနည်းငယ်စိတ်ဓါတ်ကျနေသည့်ဟန်ဖြင့် ပြောလိုက်သည်။ သူတို့သည် နျိုကောကိုတောင်မှ နိုင်အောင် တိုက်နိုင်ကြသူများမဟုတ်တာကြောင့် ဘယ်လိုလုပ်များ ကုနင်းကိုအနိုင်ယူရမတဲ့လဲ?
“မင်းတို့တွေ….” နျိုကော ပိုလို့တောင် ဒေါသထွက်သွားတော့သည်။ “မင်းတို့လေးယောက်ပေါင်းတိုက်လို့ရနေတာပဲ!”
ထိုစကားကိုကြားလိုက်တော့မှ လူမိုက်များမှာ ကျိုးကြောင်းသင့်လှသည်ဟု တွေးမိသွားကာ ချက်ချင်းပင် ကုနင်းထံသို့ပြေးဝင်သွားကြတော့သည်။
တုလဲ့ဖုန်းကတော့ အနည်းငယ်စိုးရိမ်နေမိသည်။ ကုနင်းကိုတော့မဟုတ်ဘဲ လတ်တလောလေးမှ ရောက်ထားသည့်ပစ္စည်းများ ကွဲသွားမည်ကိုသာဖြစ်သည်။ ကုနင်းကိုကတော့ သူမ၏တိုက်ခိုက်နိုင်စွမ်းကို ယုံကြည်ထားပြီးသားဖြစ်သည်။
သခင်ကြီးရှောင်းနှင့်လူကြီးမင်းချန်တို့သည်လဲ အပြင်သို့ထွက်လာကာ မြင်လိုက်ရသည့်မြင်ကွင်းကြောင့် အလွန်အံ့ဩသွားကြသည်။
ကုနင်းကို လူမိုက်လေးယောက် တစ်ပြိုင်တည်း ဝိုင်းတိုက်လာကြသည်ကို မြင်လိုက်ရတာကြောင့် အလွန်စိုးရိမ်သွားပေမည့် သူတို့ကလဲ အဖိုးကြီးတစ်ယောက်နှင့်အရွယ်ရနေသည့်လူကြီးတစ်ယောက်ဖြစ်တာကြောင့် သူမကိုကူမတိုက်ပေးနိုင်၍ ကုနင်းအဆင်ပြေဖို့သာ ဆုတောင်းနေရသည်။
ကုနင်းကတော့ ခန်းမထဲမှပစ္စည်းများ ကွဲသွားမည်စိုး၍ များများစားစားမလှုပ်ရှားပါဘဲ သူမနားကပ်လာသည့် လူမိုက်များ၏ ခွကြားကိုသာ တန်းကန်လိုက်သည်။
ခနချင်းအတွင်းမှာပင် လူမိုက်လေးယောက်၏ နာနာကျင်ကျင်အော်ဟစ် ညည်းညူသံများမှာ ဆိုင်ပြင်ပသို့ပင် ပျံ့နှံ့သွားတော့သည်။
အခုဆိုလျှင်တော့ လူမိုက်ငါးယောက်လုံး ဆိုင်ကြမ်းပြင်တွင် နာကျင်စွာအော်ဟစ်ရင်း လူးလိမ့်နေကြသည်။
“တံခါးကိုဖွင့်လိုက်။” ကုနင်း တုလဲ့ဖုန်းကိုပြောလိုက်သည်။ နောင်တစ်ချိန် တခြားလူများ တုလဲ့ဖုန်းကို ဒုက္ခမပေးနိုင်အောင် ကာကွယ်ရန်အတွက် ဒီနေ့ပဲ ဒီလူမိုက်များကိုဆုံးမက နမူနပြဖို့ ဆုံးဖြတ်ထားသည်။
တုလဲ့ဖုန်းလဲ ချက်ချင်းပင် ဆိုင်ရှေ့တံခါးကိုဖွင့်ဖို့သွားလိုက်သည်။ အခုဆိုလျှင်တော့ ဆိုင်ခန်းမထဲမှ အဖြစ်အပျက်များကို ဆိုင်ရှေ့တွင် ရောက်နေသည့် ပွဲကြည့်ပရိတ်သတ်အပေါင်း သေချာမြင်နိုင်ပေပြီ။
ထိုထဲမှလူတချို့ကသာ ကုနင်း ထိုလူမိုက်များကို ရိုက်နှက်ခဲ့သည်အား မြင်ခဲ့ပေမည့် သတင်းပျံ့သွားကတည်းက လူတိုင်းက ဖြစ်ကြောင်း ကုန်စင်ကိုသိချင်နေကြသည်။
“ပြောစမ်း၊ မင်းနဲ့ တုလဲ့ဖုန်းကြားမှာ ရန်ငြှိုးရှိကြလား?” ကုနင်းမေးလိုက်သည်။
“မ-မရှိပါဘူး။” နျိုကော တုန်တုန်ရီရီပင်ပြန်ဖြေလိုက်သည်။
“မရှိဘူး။ ဒါဆို ဒီနေ့ ဘာလို့သူ့ဆိုင်ကိုဖျက်ဆီးဖို့ လာကြတာလဲ?”
ကုနင်း၏အသံကမယုံကြောင်း သိသာနေတာကြောင့် နျိုကော ရှင်းပြချင်ပေမည့် သူနှင့်တုလဲ့ဖုန်းကြားမှာ ရန်ငြှိုးမရှိကြောင်းကို ဘယ်လိုဘယ်ပုံဖြင့် ရှင်းပြရမလဲ မသိဖြစ်နေသည်။ “ဒါ…”
“မင်းတို့ကို ဘယ်သူငှားထားတာလဲ?” ကုနင်းထပ်မေးလိုက်သည်။ တကယ်တမ်း အဖြေကိုသူမသိထားပြီးဖြစ်ပေမည့် ထိုခိုင်းစေသူ၏ဂုဏ်သတင်းပျက်စီးအောင် တခြားလူများပါကြားနိုင်စေရန် တမင်ရည်ရွယ်ကာ ထုတ်မေးလိုက်ခြင်းဖြစ်သည်။
ကုနင်း၏အမေးကိုကြားကာမှ သူတို့လဲ တခြားလူအလုပ်အပ်လာ၍လုပ်ရခြင်းဖြစ်ကြောင်း ပြန်အမှတ်ရသွားကြသည်။
သူတို့က သာမာန်လူမိုက်အဖွဲ့လေးဖြစ်ကာ ငွေပေးလာလျှင်လုပ်ပေးကြသူသာဖြစ်သည်။ သူတို့တွင် လိုက်နာကျင့်သုံးသည့်ကျင့်ဝတ်ဟူ၍လဲမရှိတာကြောင့် သူတို့အသက်အန္တရာယ်သာရှိလာလျှင် သူတို့ကိုငွေပေးငှားသူအား သစ္စာဖောက်လိုက်ဖို့လဲ ဝန်မလေးပေ။ ဒါကြောင့်ပဲ နျိုကောက မြန်မြန်ဆန်ဆန် ဝန်ခံလိုက်တော့သည်။ “ဟုတ်တယ်၊ ငါတို့ကို ဒီဆိုင်ကိုဖျက်ဆီးပေးဖို့ တစ်ယောက်ကငှားခဲ့တာ။ သူက တုကျီရှေးဟောင်းပစ္စည်းဆိုင်ရဲ့ပိုင်ရှင် လီဖုန့်ရှာပဲ။ သူက တုလဲ့ဖုန်းရဲ့မိထွေးဆိုလဲဟုတ်တယ်။ တုလဲ့ဖုန်းရဲ့စီးပွားရေးကို ဖျက်ဆီးပေးဖို့ ငါတို့ကို ယွမ်သုံးထောင်ပေးခဲ့တယ်။”
နျိုကောက ဝန်ခံခဲ့ရုံတင်မကဘဲ ငှားရမ်းသူ၏နောက်ခံအကြောင်းကိုပါထုတ်ပြောခဲ့သေးသည်။ ကုနင်း သူ့ကိုမယုံကြည်သေးမှာကိုစိုးကာ ထပ်ပြီးပင်ဆက်ပြောလိုက်သေးသည်။ “မင်းမယုံသေးရင် ငါ့ဖုန်းကိုစစ်ကြည့်လို့ရတယ်။ လွန်ခဲ့တဲ့နာရီဝက်လောက်ကပဲ ငါ့ကိုဖုန်းဆက်ထားတာရှိတယ်။ ဒါတင်မကသေးဘူး၊ ဒီတစ်ခေါက်အတွက် ငွေမလွှဲရသေးဘူးဆိုပေမယ့် အရင်ကလဲ ငါတို့ကိုအကြိမ်ရေအများကြီး ငှားထားသေးတယ်။ အရင်ငှားတုန်းက ပေးချေခဲ့တဲ့ ငွေစာရင်းတွေလဲ ငါ့ဖုန်းထဲမှာရှိတယ်။”
လက်ရှိမှာ နျိုကော အလွန်နာကျင်နေတာတောင်မှ ကုနင်းကို သူသိသလောက် အကုန်ပြောပြနေစဲပင်။
“ပြီးတော့ ဒီဆိုင်ကို ငှားဖို့ ဝယ်ဖို့ စိတ်ကူးတဲ့ဘယ်သူ့ကိုမဆိုလဲ လီဖုန့်ရှာက ခြိမ်းခြောက်ခိုင်းသေးတယ်။ သူက တုလဲ့ဖုန်းရဲ့ဆိုင်ကို ဈေးနှိမ်ပြီးဝယ်ချင်နေတာ။” နျိုကောက အသေးစိတ်ကိုဝန်ခံနေတော့သည်။
ထိုစကားကြောင့် လီဖုန့်ရှာ စဉ်းလဲလှသည့်အကျင့်စရိုက်ကို ပွဲကြည့်သူများ ဒေါသဖြစ်သွားကြသည်။
“မိထွေးမှန်သမျှ အကျင့်ကိုမကောင်းကြဘူး။ ဘယ်လိုကြောင့်များ လင်ပါသားရဲ့စီးပွားရေးကို ဖျက်ဆီးဖို့ လူမိုက်ငှားရတာလဲ!”
“လူကြီးမင်းတုမှာ ရှေးဟောင်းပစ္စည်းဆိုင်နှစ်ဆိုင်ရှိတယ်လေ၊ သူဆုံးသွားတော့ သူ့သားနှစ်ယောက်ကို တစ်ဆိုင်စီခွဲပေးခဲ့တာ။ သားတစ်ယောက်ကို တစ်ဆိုင်ရခဲ့ပေမယ့် လီဖုန့်ရှာနဲ့သူ့သားကတော့ တုလဲ့ဖုန်းရဲ့ဆိုင်ကိုပါ သိမ်းချင်နေတာပဲ!”
“တော်တော်ဆိုးတဲ့မိန်းမ!”
………
လူတိုင်းက လီဖုန့်ရှာနှင့်သူမသားကို ပြစ်တင်ရှုံ့ချနေကြသည်။
“လီဖုန့်ရှာကိုပြောလိုက်၊ ဒီဆိုင်က တုလဲ့ဖုန်းရဲ့ဆိုင်မဟုတ်တော့ဘူး။ ကုနင်းအပိုင်ဖြစ်သွားပြီ။ သူနောက်တစ်ကြိမ်ထပ်ပြီး လာနှောက်ယှက်ရဲရင် ထောင်ထဲသွင်းပစ်မယ်!” ကုနင်း သတိပေးစကားပါးလိုက်သည်။
“ကောင်း-ကောင်းပါပြီ။”
“ထွက်သွားကြ!”
ထိုစကားကြားလိုက်သည်နှင့် လူမိုက်အဖွဲ့မှာ ချက်ချင်းပင် တင်ပါးနဲ့ဖနှောင့်တစ်သားတည်းကျအောင် ထွက်ပြေးကြတော့သည်။
လီဖုန့်ရှာသည်တော့ နျိုကောတို့အဖွဲ့ ဆိုင်ထဲမှနေပြီး ကြွက်များပမာ ဝရုန်းသုန်းကားထွက်ပြေးလာသည်ကို မြင်လိုက်ရတာကြောင့် ကြောင်အသွားသည်။
ဘာ-ဘာတွေဖြစ်ကုန်တာလဲ? ဘယ်လိုလုပ်ဒီလိုဖြစ်သွားတာလဲ?
လီဖုန့်ရှာသည် တုံးအလွန်းနေသူလဲမဟုတ်တာကြောင့် သူတို့ကိုတစ်ယောက်ယောက် ရိုက်နှက်လိုက်ခြင်းဖြစ်ကြောင်း သိလိုက်ပေသည်။ ဒါပေမယ့် ဘယ်သူရိုက်လွှတ်လိုက်တာလဲ? တုလဲ့ဖုန်းကလုပ်နိုင်လိမ့်မည်ဟုတော့ မယုံကြည်ပေ။
လီဖုန့်ရှာလဲ ဆက်မကြည့်ရဲတော့ဘဲ သူမဆိုင်သို့ အမြန်ပြန်ပြေးတော့သည်။ သူမရောက်ပြီးသည်နှင့် နျိုကောတို့လူမိုက်အဖွဲ့သည်လဲ သူမဆိုင်ထဲသို့ဝင်လာကြသည်။
“လီဖုန့်ရှာ၊ ဟိုဆိုင်က တုလဲ့ဖုန်းဆိုင်မဟုတ်တော့ဘူး။ မင်း ငါတို့ကိုဆိုင်ကို ဖျက်ဆီးဖို့မပြောခင် သေချာရှင်းအောင် စုံစမ်းထားမှပေါ့၊ အခုတော့ ငါတို့အားလုံး ဒဏ်ရာရကုန်ကြပြီ။ မင်း ငါ့တို့အတွက် ဆေးဖိုးပြန်ပေးရမယ်။ တစ်ယောက်ကို ယွမ်၁သောင်းနှုန်းပဲ။”
နျိုကော၏စကားများထဲက တုလဲ့ဖုန်း၏ဆိုင်က ပိုင်ရှင်အသစ်ဖြစ်သွားပြီဆိုသည်ကို ကြားရကတည်းက လီဖုန့်ရှာ အလွန်အံ့ဩနေတော့သည်။
***
အခန်း ၇၈၇ အရှက်ခွဲတာကိုတော့ လက်မခံနိုင်ဘူး
နျိုကောက ငွေတောင်းလာတာကြောင့် လီဖုန့်ရှာ ထိတ်လန့်သွားကာ သူ့နားသူတောင် မယုံနိုင်ဖြစ်သွားသည်။ “ဘာ? တစ်ယောက်ကို ယွမ်၁သောင်းတဲ့လား? နင်တို့တွေ!”
တုလဲ့ဖုန်းကို ပြဿနာရှာဖို့အတွက်ဆိုလျှင် လီဖုန့်ရှာ ငွေထုတ်လိုက်ဖို့ လက်မတွန့်သော်လည်း ယခုလိုငွေညှစ်ခံရသည့်အခါတွင်တော့ မပေးလိုပေ။
“မင်း ငါတို့ကိုဆေးဖိုးမပေးဘူးဆိုရင် နောက်တစ်ခေါက် ပျက်စီးရမယ့်ဆိုင်က မင်းဆိုင်ဖြစ်သွားမယ်!” နျိုကော ခြိမ်းခြောက်လိုက်သည်။ ယနေ့အတွက် ငွေသာမရလျှင် ထွက်သွားမည့်ပုံမပေါ်ပေ။
လီဖုန့်ရှာ ဒေါသထွက်သလို ကြောက်လဲကြောက်နေမိသည်။
သူမသည် ဘာနောက်ခံမှမရှိသည့် သာမာန်မိန်းမတစ်ယောက်သာဖြစ်ပေသည်။ သူမသားနှင့်သူမတို့၏ဘဝတွေက ဒီဆိုင်လေးအပေါ်တွင်သာ မှီတည်နေခြင်းဖြစ်သည်။ တကယ်ပဲ ဒီဆိုင်ပျက်စီးသွားပါက ယွမ်၅သောင်းထက်ပိုပြီးပင်ဆုံးရှုံးရပေလိမ့်မည်။ ဒါ့အပြင် အကယ်၍များ ဒီလူမိုက်တွေကို ဖမ်းခိုင်းလိုက်ပါကလဲ ရက်အနည်းငယ်အတွင်းမှာပဲ ပြန်လွတ်လာမည်ဖြစ်တာကြောင့် သူမရဲကိုလဲ အကြောင်းမကြားရဲပေ။ ထိုအခါ ထိုလူများက အချုပ်မှလွတ်လာသည်နှင့် သူမကို ယခုထက်ပိုဆိုးသည့် လက်စားချေခြင်းမျိုးနှင့် အဆုံးသတ်စေလိမ့်မည်။
ဒါကလဲ သူတို့နှင့် ပထမဆုံးအကြိမ် ဆက်သွယ်ဖူးတာမဟုတ်တာကြောင့် ထိုလူများအကြောင်း အနည်းနှင့်အများတော့ နားလည်နေပြီဖြစ်သည်။ ဒါကြောင့်ပဲ လီဖုန့်ရှာ ဘယ်လောက်ပဲ မပေးချင်ပါစေ စိတ်ကိုပြင်ဆင်ကာ နျိုကောထံသို့ ယွမ်၅သောင်းလွှဲပေးလိုက်ရတော့သည်။
ငွေရသည့်အခါမှ နျိုကောလဲ စိတ်ကျေနပ်လို့သွားကာ၊ “လီဖုန့်ရှာ၊ ပိုင်ရှင်အသစ်က မင်းကိုစကားပါးလိုက်တယ်၊ မင်းနောက်တစ်ကြိမ် ပြဿနာထပ်ရှာရဲရင် မင်းကိုထောင်ထဲပို့ပစ်မယ်တဲ့။”
ထိုစကားပြောပြီးသည်နှင့် နျိုကောတို့အဖွဲ့ပြန်ထွက်သွားတော့သည်။
လီဖုန့်ရှာသည်တော့ သူမသစ္စာဖောက်ခံလိုက်ရသည့်အကြောင်း သိလိုက်ရတာကြောင့် အလွန်ထိတ်လန့်လို့နေခဲ့သည်။
တစ်ချိန်တည်းတွင်ပဲ ဒေါသလဲထွက်လာခဲ့သည်။ သူမ တုလဲ့ဖုန်းဆိုင်ကို ဖျက်ဆီးဖို့ထပ်ခါထပ်ခါ ခိုင်းစေခဲ့သည်အား ဘယ်သူမှမသိလောက်ပါဘူးဟု တွေးခဲ့သည်။ တကယ်တော့ တုလဲ့ဖုန်းမှာ အစပိုင်းကတည်းက သိထားခဲ့ပေမည့် သူ့တွင် ပြန်လည်တိုက်ခိုက်နိုင်စွမ်းမရှိပေ။ ထိုအကြောင်းကြောင့်သာမဟုတ်လျှင် သူ့မိထွေး သူ့ကို ထပ်ခါထပ်ခါ တိုက်ခိုက်နေခြင်းမျိုးကို ဘယ်လိုလုပ် ခွင့်ပြုထားပါလိမ့်မလဲ။
လက်ရှိတွင် ဆိုင်က ပိုင်ရှင်အသစ်ပြောင်းသွားပြီဆိုမှတော့ လီဖုန့်ရှာလဲ ထပ်ပြီးပြဿနာမရှာရဲတော့ပေ။ ဘယ်လောက်ပဲ လက်ရှိအခြေအနေကို သူမလက်မခံချင်ပါစေ နောက်ဆုံးသူမဒေါသကိုသာ ပြန်မြိုသိပ်လိုက်ရသည်။
ယနေ့ဖြစ်ပျက်သွားသမျှပြန်တွေးမိလေ လီဖုန့်ရှာ၏ဒေါသများ ပိုလို့တိုးပွားလာရလေဖြစ်ကာ သူမရှေ့စားပွဲပေါ်မှ လက်ဖက်ရည်ခွက်ကိုပင် ကြမ်းပေါ်သို့ ပစ်ပေါက်ခွဲမိသွားတော့သည်။ ထိုအခိုက်အတန့်တွင်ပဲ သူမသား တုမင်တပြန်ရောက်လာသည်နှင့်တိုးကာ ခွက်က သူ့ခြေထောက်နားတွင်ပဲ တစ်စစီကွဲကြေသွားတော့သည်။
တုမင်တကြောက်လန့်သွားသလို လီဖုန့်ရှာလဲ လန့်သွားရသည်။ သူမက ချက်ချင်းပင် သူမသားအနားသို့ပြေးသွားကာ စိုးရိမ်ပူပန်စွာဖြင့်၊ “မင်တ၊ ဘာဖြစ်သွားသးလဲ?”
လီဖုန့်ရှာသည် သူမသားကို အလွန်အလိုလိုက်ကာ ဖျက်ဆီးထားခဲ့သည်။ သူမသားက အခုဆိုလျှင် အသက်၂၀ပင်ကျော်နေပြီဖြစ်သော်လည်း သူမကတော့ ကလေးငယ်တစ်ဦးပမာ ဆက်ဆံနေစဲပင်။ တုမင်တသည်တော့ ဆိုင်အကြောင်း ဂရုမစိုက်ဘဲ အမြဲလိုလို အပြင်တွင် သူချစ်သူနှင့်မဟုတ်လျှင် သူနှင့်လိုက်ပါပျက်စီးနေသည့် သူငယ်ချင်းတစ်စုနှင့် လျှောက်လည်နေတတ်သည်။ လီဖုန့်ရှာလဲ သိပေမည့် သူမသားကို တစ်ခါမှ ဆုံးမသင်ကြားပေးခြင်းမရှိတာကြောင့် လက်ရှိတုမင်တ၏ အခြေအနေမှာ ကောင်းကွက်တစ်ကွက်မှကို ရှိမနေပေ။
“ဘာမှမဖြစ်ပါဘူး။ ဒါနဲ့ အမေဘာလို့ ဒေါသထွက်နေတာလဲ?” တုမင်တ အနည်းငယ်မကျေမနပ်ဖြင့် ပြန်မေးလိုက်သည်။
“တုလဲ့ဖုန်းဆိုင်ကို အခုပဲ ပစ္စည်းအသစ်တွေရောက်လာတယ်၊ ပြီးတော့ သူ့ဆိုင်ကို တစ်ခြားတစ်ယောက်က လက်လွှဲယူ…” လီဖုန့်ရှာစကားမဆုံးသေးခင်တွင်ပဲ တုမင်တက ဖြတ်ပြောလိုက်သည်။ “ဘာ? သူ့ဆိုင်ကို တခြားတစ်ယောက် ယူသွားတယ်ဟုတ်လား? အမေ ဘာလို့ လူမိုက်တွေငှားပြီး ဝယ်သွားတဲ့လူကို မခြိမ်းခြောက်ရတာလဲ?”
“ဒီနေ့ခင်း သူ့ပစ္စည်းတွေရောက်ကာမှ အမေလဲသိတာလေ! အစောကပဲ နျိုကောတို့အဖွဲ့ကို သွားဖျက်ဆီးခိုင်းခဲ့ပေမယ့် သူတို့ပဲ ဒဏ်ရာရပြီး ပြန်လာကြတယ်။ ဒါတင်မကဘူး သူတို့က ဆေးဖို့အတွက် ယွမ်၅သောင်းတောင် တောင်းသွားကြသေးတယ်။”
တုမင်တ ဒေါသထွက်သွားတော့သည်။ “ယွမ်၅သောင်း? ဒါ သပ်သပ်ငွေညှစ်ကြတာပဲ! အဲ့လောက်ငွေနဲ့ဆို ကျွန်တော် ရက်အတော်ကြာ ပျော်ပါးနေလို့ရတယ်။”
တုမင်တ ဒေါသထွက်နေပေမည့် နျိုကောတို့ကိုတော့ အပြစ်မပြောရဲတာကြောင့် တုလဲ့ဖုန်းကို ဆဲဆိုနေတော့သည်။
“အမေသာ သူတို့ကိုငွေမပေးရင် သူတို့နေပြန်ကောင်းတာနဲ့ အမေတို့ဆိုင်ကို ဖျက်ဆီးကြမယ်တဲ့လေ။ ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ အမေတို့ဘေးကင်းသွားတာပေါ့။”
……..
တုလဲ့ဖုန်း၏ဆိုင်တွင်တော့ နျိုကောတို့အဖွဲ့ထွက်သွားပြီးသည်နှင့် လူတိုင်းက ကုနင်းကို ချီးကျူးနေကြသည်။
ပြီးနောက်တွင်တော့ သခင်ကြီးရှောင်းက ကုနင်းအိတ်ထဲမှ ရှေးဟောင်းပစ္စည်းများကို ကြည့်ချင်နေသေးတာကြောင့် ရုံးခန်းသို့ပြန်လာဖြစ်ခဲ့ကြသည်။
ပစ္စည်း၁၀ခုကျော်လောက်က ပစ္စည်းအစစ်များဖြစ်နေတာကြောင့် သခင်ကြီးရှောင်းရော လူကြီးမင်းချန်ပါ အလွန်အံ့အားသင့်သွားကြသည်။
“ဝါး၊ ဒါတွေအားလုံး အစစ်တွေတဲ့လား၊ မယုံနိုင်စရာပဲ!” သခင်ကြီးရှောင်း အလွန်အံ့ဩနေခဲ့သည်။
“ဒီလောက် ရှေးဟောင်းပစ္စည်းတွေအများကြီးကို ပြတိုက်တို့ ချမ်းသာတဲ့ စုဆောင်းရေးသမားတွေဆီမှာပဲ မြင်ဖူးခဲ့တာ။” လူကြီးမင်းချန်ကလဲ ပြောလိုက်သည်။
ပုံမှန်ဆိုလျှင် ရှေးဟောင်းပစ္စည်းဆိုင်တစ်ခုတွင် အများဆုံးမှ ရှေးဟောင်းပစ္စည်းအစစ် အနည်းငယ်မျှသာ ရှိတတ်ကြသည်။
“ကောင်မလေးကု၊ ဘာလို့ မင်းဆိုင်တံခါးမှာ ဆိုင်းဘုတ်မရှိတာလဲ?” သခင်ကြီးရှောင်း သိချင်စွာဖြင့်မေးလိုက်သည်။
ကုနင်းပြုံးလိုက်မိကာ၊ “ဆိုင်ကို လက်လွှဲယူထားတာမကြာသေးဘူးလေ၊ မနက်ဖြန်ဆိုရင်တော့ ဆိုင်စဖွင့်ဖို့ စီစဉ်ထားတယ်၊ ဆိုင်းဘုတ်ကိုလဲ မနက်ဖြန်မှ တင်မှာပါ။”
“အိုး၊ ဟုတ်သားပဲ။” နောက်နေ့ ဆိုင်ဖွင့်လျှင်လဲ ထပ်လာဖို့ရန် သခင်ကြီးရှောင်းတွေးထားလိုက်သည်။
ခဏအကြာတွင်တော့ သခင်ကြီးရှောင်းနှင့် လူကြီးမင်းချန်တို့ ထွက်သွားကြကာ ကုနင်းလဲ ရှေးဟောင်းပစ္စည်းအစစ်များကို လုံလုံခြုံခြုံသိမ်းစည်းရန် တုလဲ့ဖုန်းအား သတိပေးလိုက်သည်။ ထိုပစ္စည်းများကို မနက်ဖြန် စတင်ရောင်းချမည်ဖြစ်သည်။
……….
ကျန်းဝမ်ဟောက် အလုပ်ဆင်းသည်နှင့် သူ့အဖေ ကျန်းလီလင်းနှင့်အတူ ဆေးရုံသို့ထွက်လာခဲ့သည်။
ကျန်းလီလင်းသည် ယနေ့တစ်နေ့လုံး အစည်းအဝေးများနှင့်ဆက်နေခဲ့တာကြောင့် အခုချိန်ထိ သူ့ဇနီးနှင့်သမီးဖြစ်သူထံ သွားလည်ဖို့ အချိန်မရခဲ့ပေ။
ကျန်းလီလင်းက ကျန်းဝမ်ဟောက်ကို သူ့ကားထဲပင် ဝင်ထိုင်လိုက်ဖို့ပြောလိုက်ပြီးနောက် စတင်မေးမြန်းတော့သည်။ “ဒီနေ့ ကုမ္ပဏီကို ရဲတွေရောက်လာပြီး မင်းကို ခေါ်သွားတယ်လို့ ကြားတယ်။ မင်း ဂိုဏ်းတစ်ခုနဲ့တွဲပြီး အကြမ်းဖက်မှုမှာ ပါခဲ့တာလား? ဘုတ်အဖွဲ့ဝင်ဒါရိုက်တာတွေက မင်းကို မျက်စိဒေါက်ထောက်ကြည့်နေကြတာ မသိဘူးလား? ဘာလို့ ကိုယ့်ကိုကိုယ်မထိန်းရတာလဲ?”
ဟဲထျန်းလုပ်ငန်းစု၏ အမွေဆက်ခံသူတစ်ယောက်အနေနှင့် ကျန်းဝမ်ဟောက်တွင် ဘာအောင်မြင်မှုမှမရှိထားသည်ကိုပင် ရှယ်ယာရှင်များက အလိုမကျဖြစ်နေကြပြီဖြစ်သည်။ အခုတော့ ပြဿနာထဲဝင်ပါပြီး သူ့သေတွင်းကိုတောင် သူတူးနေပေပြီ။
ကျန်းဝမ်ဟောက်လဲ အခြေအနေကိုကောင်းကောင်းသိပေမည့် သူ့အမှားမဟုတ်ကြောင်းသာ ပြန်ငြင်းခဲ့သည်။ “ဒီနေ့ အမေနဲ့ဝမ်မေ့တို့ တစ်ယောက်ယောက်ကြောင့် ဒဏ်ရာရခဲ့ကြတယ်လေ။ ကျွန်တော်ကတော့ ဒီလိုအရှက်ခွဲတာမျိုးကို လက်သင့်မခံနိုင်ဘူး။ ဒါကြောင့် အဲ့လူရဲ့ဆိုင်ကို ဖျက်ဆီးဖို့ လူမိုက်နည်းနည်းငှားလိုက်တာ။”
အဆုံးမှာတော့ သူသာအရှုံးကြီးရှုံးခဲ့သည်ဆိုသော်လည်း နောက်တစ်ကြိမ်ရွေးချယ်ဖို့အခွင့်အရေးရခဲ့လျှင်တောင် တူညီသည့်လမ်းအတိုင်း လျှောက်ဦးမည်ဖြစ်သည်။
ဒုတိယအခွင့်အရေးရခဲ့လျှင်တောင် ကုနင်း၏လွှမ်းမိုးနိုင်စွမ်းကို မသိသေးတာကြောင့် ဒီလိုအရှက်ခွဲခံရမှုမျိုးကို ငြိမ်ခံနေလိမ့်ဦးမည်မဟုတ်ပေ။
ထိုစကားကြောင့် ကျန်းလီလင်း မျက်မှောင်ကြုတ်သွားကာ နောက်တော့မှ ထိုပြဿနာနှစ်ခု ဆက်စပ်နေကြောင်း သဘောပေါက်သွားသည်။
“မင်း ယုံကြည်ရတဲ့လူတွေကို မငှားနိုင်ဘူးလား?” ကျန်းလီလင်းဆိုလျှင်လည်း သည်းခံနေမည်မဟုတ်တာကြောင့် ကျန်းဝမ်ဟောက်၏ လက်စားပြန်ချေသည့် ဆုံးဖြတ်ချက်ကို ထောက်ခံပေသည်။
***
အခန်း ၇၈၈ မောင်နှမ ဆက်ဆံရေးထက်ပိုသော
“လော့ကျုံးမင်က ကီရင်းဂိုဏ်းရဲ့ အလယ်တန်းအဆင့်မန်နေဂျာတစ်ယောက်ဆိုတော့ သူဖြေရှင်းနိုင်လောက်မယ်လို့ ထင်လိုက်မိတာ။ ဒါပေမယ့် အလှပြင်ဆိုင်ပိုင်ရဲ့အာဏာက ကျွန်တော်ထင်ထားတာထက် ပိုကြီးနေတယ်လေ။” ကျန်းဝမ်ဟောက် ဝမ်းနည်းနေမိသည်။ သူက သူမိသားစုပိုင်ကုမ္ပဏီထဲတွင်ကို ဆိုးဆိုးရွားရွားအရှက်ခွဲခံလိုက်ရတာမဟုတ်လား။
“အလှပြင်ဆိုင်ပိုင်ရှင်က ဘယ်သူမို့လို့တုန်း?” ကျန်းလီလင်းပြန်မေးလိုက်သည်။
“JadeBeautyလက်ဝတ်ရတနာလုပ်ငန်းရဲ့ ပိုင်ရှင်ပါ။”
“ဘာ? JadeBeautyလက်ဝတ်ရတနာလုပ်ငန်းရဲ့ ပိုင်ရှင်လား?” ကျန်းလီလင်း အလွန်အံ့အားသင့်သွားသည်။
JadeBeautyလက်ဝတ်ရတနာလုပ်ငန်းအကြောင်းကို သူကြားဖူးကာ ပိုင်ရှင်ကလဲ ၁၈နှစ်အရွယ်မိန်းမငယ်လေးဖြစ်ကြောင်း သိထားပေသည်။ သူမသည် အတော်လေးငယ်ရွယ်ပေးပေမည့် အောင်မြင်ကျော်ကြားသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် ဖြစ်နေပေပြီ။ ဒါတင်မကသေး သူမ၏အဆက်အသွယ်များမှာ အင်အားကြီးလှကာ သူမ၏လက်ဝတ်ရတနာဆိုင်ဖွင့်ပွဲကိုပင် အထူးပုဂ္ဂိုလ်များစွာ တက်ရောက်ခဲ့ကြသည်။
JadeBeautyလက်ဝတ်ရတနာလုပ်ငန်းတစ်ခုတည်းဆိုလျှင်တော့ ကျန်းမိသားစုကို ဘယ်လိုမှယှဉ်နိုင်မည်မဟုတ်သော်လည်း ပိုင်ရှင်တွင်က ကျန်းမိသားစုထက် ပို၍အာဏာရှိသည့် အဆက်အသွယ်ကောင်းများ ရှိထားပေသည်။ ဒါပေါ့ ယခုလိုအခြေအနေဖြစ်နေရတာက အဲ့ကောင်မလေးမှာ အင်အားကြီးအဆက်အသွယ်များ ရှိနေတာကြောင့်ပဲ၊ မဟုတ်ရင် ဒီကောင်မလေးကို တစ်ခါတည်း ဒုက္ခပေးနှင့်ပြီးဖြစ်သည်။
ကျန်းလီလင်းသည် သူ့ဘဝသက်တမ်းတစ်ဝက်တာလုံးကို စီးပွားရေးနှင့်သာ အချိန်ကုန်ခဲ့ရတာကြောင့် စည်းမျဉ်းများအကြောင်း သေချာသိထားသည်။
သူသည် ဟဲထျန်းလုပ်ငန်းစု၏ အာဏာအရှိဆုံးရာထူးကို ကိုင်ဆွဲထားကာ အထူးပုဂ္ဂိုလ်များစွာနှင့်လဲ သိထားပေမည့် သူတို့အချင်းချင်းက အကျိုးအမြတ်အတွက် ပေါင်းသင်းနေခြင်းသာဖြစ်သည်။ အများစုမှာ အကျိုးအမြတ်အတွက်သာ သူနှင့် ဆက်သွယ်နေကြခြင်းဖြစ်သလို သူကိုယ်တိုင်ကလဲ အလားတူသဘောမျိုးပင်ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် ဒီတစ်ခေါက် ကျန်းဝမ်ဟောက်ကို ကုနင်းပညာပြသွားပြီဆိုမှတော့ သူမသည် သူတို့ သွားရှုပ်လို့ရသည့်သူမဟုတ်ကြောင်း သက်သေပြသွားပေပြီ။
ကျန်းလီလင်းလဲ လက်ရှိရလဒ်ကို လက်မခံလိုက်ပေမည့် ကျန်းဝမ်ဟောက်ကိုတော့ ပိုပြီး သတိထားပြီးလုပ်ရန် မှာကြားလိုက်သည်။ “ဒီတစ်ခေါက်ပြဿနာကနေ သင်ယူထား။ နောင်ဆို စိတ်ထင်ရာလျှောက်မလုပ်နဲ့။ မင်းတကယ်ပဲ လက်တုန့်ပြန်ဖို့လိုအပ်တယ်ဆိုရင် မင်းရော ငါတို့မိသားစုကိုပါ ပြဿနာထဲ ဆွဲမထည့်နိုင်အောင် သေချာအကွက်ချပြီးမှလုပ်။”
“ဟုတ်ကဲ့ပါ။” ကျန်းဝမ်ဟောက် ပြန်ဖြေလိုက်သည်။ သို့ပေမည့် သူ့စိတ်ထဲမှာတော့ အခွင့်အရေးရသည့်နှင့် ထပ်ပြီးလက်စားချေဖို့ ဆုံးဖြတ်ထားပြီးဖြစ်သည်။ သူ့ရန်သူကို လွယ်လွယ်တွက်လို့မရနိုင်မှန်း သိသွားပြီဖြစ်တာကြောင့် နောက်တစ်ကြိမ်ဆိုလျှင် ပိုပြီးဂရုတစိုက်လုပ်ရပေမည်။
“မင်းအမေနဲ့ဝမ်မေ့တို့ ဘာဖြစ်သွားတာလဲ ပြောပြ?” ကျန်းလီလင်း အသေးစိတ်အခြေအနေကို မေးမြန်းလိုက်သည်။
“အမေနဲ့ ဝမ်မေ့က အလှပြင်ဆိုင်တစ်ဆိုင်ကို သဘောကျပြီး ငှားချင်နေတာ။ ဒါပေမယ့် သူတို့ဆုံးဖြတ်ချက်ချဖို့ အချိန်လိုတယ်လေ။ ဒီနေ့တော့ ဆုံးဖြတ်နိုင်တာနဲ့ ဆိုင်ကို ငှားဖို့သွားကြတာ။ သူတို့ထက်အရင် ကုနင်းကရောက်နေပြီး စာချုပ်ချုပ်ဖို့ လုပ်နေတာ။ ဒီလိုမျိုးကို အမေနဲ့ဝမ်မေ့တို့က ဘယ်လက်ခံနိုင်ပါ့မလဲ။ ဒါနဲ့ပဲ အဲ့ကောင်မလေးနဲ့ စကားများကြရင်း သူတို့နှစ်ယောက်လုံး ဒဏ်ရာရသွားကြတာပဲ။” ကျန်းဝမ်ဟောက်ကတော့ အခုထိ ကျန်းကတော်နှင့်ကျန်းဝမ်မေ့တို့ အမှားလို့မထင်မိသေးပေ။
သို့ပေမည့် ကျန်းလီလင်းသည်တော့ သူ့ဇနီးနှင့်သမီးအကြောင်း သေချာသိပေသည်။ သေချာပေါက် ဟိုကောင်မလေးကို သူတို့အရင်ဆုံး ခြိမ်းခြောက်ကြပေလိမ့်မည်။ ဒါပေမယ့် ဖြစ်ရပ်အလုံးစုံကို သူသေချာခန့်မှန်းနိုင်နေပြီဆိုလျှင်တောင်မှ ကျန်းလီလင်းကတော့ သူ့မိသားစုဘက်ကသာ ရပ်တည်ဦးမည်ဖြစ်သည်။
စရိုက်တူတဲ့လူတွေကသာ တစ်မိသားစုတည်း ဖြစ်နေနိုင်တာမဟုတ်လား။ ကျန်းကတော်နှင့်ကျန်းဝမ်မေ့တို့၏ရန်လိုတတ်သည့် အမူအကျင့်မှာ ကျန်းလီလင်းနှင့် တစ်ပုံစံတည်းပင်။
ကျန်းလီလင်းသည် သူ့ဇနီးနှင့်သမီးကို အလိုလိုက်ဖျက်ဆီးထားကာ သူတို့အမှားလုပ်ခဲ့မှန်း သိလျှင်တောင်မှ ကာကွယ်ပေးမြဲပင်။
ဆေးရုံတွင်တော့ ကျန်းဝမ်မေ့မှာ သူမ၏လက်ကောက်ဝတ်ပုံမှန်ပြန်ဖြစ်သွားပြီးသည်နှင့် အနည်းငယ် နာကျင်နေသေးသော်လည်း အခြေအနေလဲကောင်းသွားပြီဖြစ်သည်။ ကျန်းကတော်လဲ တော်တော်ပြန်ကောင်းနေပြီဖြစ်ကာ ကျန်းလီလင်းနှင့်ကျန်းဝမ်ဟောက်တို့ ရောက်လာလျှင် အိမ်ပြန်နိုင်တော့မည်ဖြစ်သည်။
အလှပြင်ဆိုင် ဖျက်ဆီးခံလိုက်ရပြီကို သိရတာကြောင့် ကျန်းဝမ်မေ့ စိတ်အခြေအနေမှာလဲ ကောင်းမွန်နေပြီဖြစ်ပေမည့် ကုနင်းဘေးကင်းနေသည်ကိုတော့ မကျေနပ်သေးပေ။ ဘာပဲဖြစ်ဖြစ် ရလဒ်ကတော့မဆိုးပဲ ကုနင်းကို မကြာခင် သူမကိုယ်တိုင် သင်ခန်းစာကောင်းကောင်း ပေးနိုင်လိမ့်မည်ဟု ယုံကြည်နေသည်။
သို့ပေမည့် သူမမသိထားတသည်က တကယ်တမ်း ကုနင်းကို ဒဏ်ရာရအောင် မလုပ်နိုင်ခဲ့သည့်အပြင် ကျန်းဝမ်ဟောက်မှာ သူ့လုပ်ရပ်အတွက်ပင် ငွေများစွာ လျော်ခဲ့ရသည်ကိုပင်။ သူမစိတ်မကောင်းဖြစ်မည်စိုး၍ ကျန်းဝမ်ဟောက်က ထိုအကြောင်းကိုလျှို့ဝှက်ထားခြင်းဖြစ်သည်။
ကျန်းလီလင်းနှင့်ကျန်းဝမ်ဟောက်တို့ ရောက်သွားချိန်တွင် ကျန်းဝမ်မေ့သည် သူငယ်ချင်းတစ်ယောက်နှင့် ဖုန်းပြောနေကာ ပုံစံကလဲ ပျော်ရွှင်နေပုံရသည်။
ထိုမြင်ကွင်းကြောင့် ကျန်းဝမ်ဟောက် မကျေမနပ်ဖြစ်သွားပေမည့် ဘာမှတော့ မပြောခဲ့ပေ။
ကျန်းလီလင်းနှင့်ကျန်းဝမ်ဟောက်တို့ သူမဆီလာနေသည်ကို တွေ့လိုက်သည်နှင့် ကျန်းဝမ်မေ့လဲ ဖုန်းချလိုက်တော့သည်။
“ဟိုင်း၊ အဖေ၊ ဝမ်ဟောက်!” ကျန်းဝမ်မေ့က သူတို့နှစ်ဦးထံသို့ပြေးသွားကာ ကျန်းလီလင်း ရင်ခွင်ထဲသို့တိုးဝင်လိုက်သည်။
“ဘယ်သူနဲ့ဖုန်းပြောနေတာလဲ? သမီးကို ကြည့်ရတာ တော်တော်ပြောနေပုံပဲ။ ကောင်လေးတစ်ယောက်နဲ့များပြောနေတာလား?” ကျန်းလီလင်းက သူ့သမီးကို စနောက်လိုက်သည်။
‘ကောင်လေးတစ်ယောက်’ဆိုသည့်စကားကြောင့် ကျန်းဝမ်ဟောက် စိတ်တိုသွားပေသည်။ ကျန်းဝမ်မေ့တွင် ချစ်သူရှိနေမည်မျိုး မဖြစ်စေလိုပေ။
ကျန်းဝမ်မေ့က အနည်းငယ်ရှက်သွေးဖြာသွားကာ ဂုဏ်ယူနေဟန်ဖြင့်ပြန်ဖြေလိုက်သည်။ “သူက သမီးကို ပိုးပန်းနေရုံပါ။ သမီးဘက်က သဘောမတူရသေးဘူး။ လွယ်လွယ်ရတဲ့မိန်းကလေးကို ယောက်ျားတွေက ဘယ်တော့မှတန်ဖိုးထားမချစ်ခင်ဘူးဆိုတဲ့စကား ရှိတယ်မဟုတ်လား။”
“မင်းက အဖေ့သမီးပဲ။ ဘယ်သူက ငါ့သမီးကို တန်ဖိုးထားမချစ်ပေးရဲလဲ၊ အဖေ သူ့ကိုဆုံးမပစ်မယ်!” ကျန်းလီလင်း၏ပုံစံက အလေးအနက်ထားကာပြောနေပုံပင်။
ကျန်းဝမ်မေ့ကတော့ ရယ်မောလိုက်ကာ၊ “အဖေ့ကို အချစ်ဆုံးပဲ!”
“ငါ့ကိုရော?” ကျန်းဝမ်ဟောက်ကလဲ သူ့ကိုလျစ်လျူရှုထားသည်အား မခံလိုစွာ ဝင်မေးလိုက်သည်။
ထိုစကားကြောင့် ကျန်းဝမ်မေ့က ကျန်းလီလင်း၏ရင်ခွင်ထဲမှထွက်ကာ ကျန်းဝမ်ဟောက်ရင်ခွင်ထဲသို့ တိုးဝင်လိုက်ပြီး၊ “အစ်ကိုကတော့ ကမ္ဘာမှာအကောင်းဆုံးအစ်ကိုပဲ!”
ကျန်းဝမ်ဟောက် ကျေနပ်သွားပေမည့် ကျန်းဝမ်မေ့တွင် ချစ်သူရှိလာနိုင်သည့်အကြောင်း ပြန်တွေးမိသွားသည်နှင့် မပျော်ရွှင်နိုင်တော့ပေ။ သူ့ရဲ့ ကျန်းဝမ်မေ့အပေါ်ထားသည့် ခံစားချက်များအကြောင်းကို သူကိုယ်တိုင်လဲ သေချာရှင်းရှင်းလင်းလင်းသိပေသည်။ သူ့စိတ်ထဲတွင်တော့ ကျန်းဝမ်မေ့သည် သူ့ညီမလေးဆိုတာထက် ပိုပေသည်။ သူမအပေါ် ပိုင်ဆိုင်လိုစိတ်ကြီးကာ သူမတွင် ချစ်သူရှိသွားမည်ကိုလဲ မလိုလားပေ။
တစ်ချိန်တည်းတွင်ပဲ သူတို့နှစ်ယောက်က သွေးသားတော်စပ်သည့် မောင်နှမများဖြစ်ကြသည်ကိုလဲ သိနေကာ သူတို့တွင် မိသားစုဆက်ဆံရေးထက်ပိုသည့် မည်သည့်ဆက်ဆံရေးမျိုးမှ ရှိလာနိုင်မည်လဲမဟုတ်ပေ။ သို့ပေမည့် သူ့စိတ်ကိုယ်သူ မထိန်းချုပ်နိုင်တာကြောင့် အတော်အခက်တွေ့ရသည်။
“ဟုတ်ပါပြီ၊ သမီးအမေရော အခုဘယ်လိုနေသေးလဲ?” ကျန်းလီလင်း ဆက်မေးလိုက်သည်။
“ဟန်နီ!” ကျန်းကတော်တစ်ယောက် ကျန်းလီလင်းကို မြင်လိုက်သည့်နှင့် ငိုချင်လာတော့သည်။
အခြားသူများအမြင်တွင်တော့ ကျန်းကတော်သည် မောက်မာကာ ရန်လိုတတ်သူဖြစ်သော်လည်း ကျန်းလီလင်းရှေ့တွင်တော့ အားနည်းပျော့ညံ့သည့် မိန်းမတစ်ယောက်သာဖြစ်သည်။ ကျန်းလီလင်းကလဲ ထိုပုံစံလေးကိုပဲ ချစ်မြတ်နိုးကာ သူ့ဇနီးက သူ့ကိုလိုအပ်နေသည့်ခံစားချက်မျိုးက သူ့ကိုပျော်ရွှင်စေသည်။
ကျန်းလီလင်း ချက်ချင်းပင် အမြန်လျှောက်သွားကာ စိုးရိမ်ပူပန်စွာဖြင့် မေးမြန်းလိုက်သည်။ “ဘယ်လိုနေသေးလဲ၊ ဟန်နီ?”
“အရမ်းနာတာပဲ။” ကျန်းကတော်၏ပုံစံလေးက တော်တော်ကို သနားချင့်စဖွယ်ကောင်းလှသည်။
“အခုတော့ သည်းခံထားလိုက်ဦး။ ရက်နည်းနည်းကြာရင် ပြန်ကောင်းသွားလိမ့်မယ်။ ကိုယ်ပဲ ဒဏ်ရာရတဲ့သူဖြစ်လိုက်ချင်ပါတယ်။”
“မဟုတ်တာ၊ ဟန်နီရယ်၊ အဲ့လိုမျိုးမပြောပါနဲ့။” ကျန်းကတော်ကချက်ချင်းပင် ကျန်းလီလင်း၏နှုတ်ခမ်းထက် သူမလက်ချောင်းများကို တင်ကာ ဟန့်တားလိုက်သည်။
သူတို့နှစ်ဦးလက်ထပ်ထားသည့်မှာ နှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်သော်လည်း သူတို့ကတော့ တစ်ချိန်လုံး ကြင်စဦးဇနီးမောင်နှံများလို ချစ်နေကြတုန်းပင်။
***
အခန်း ၇၈၉ သတင်းထူး!
တစ်ခါတစ်ရံ လူတစ်ယောက်တွင် မကောင်းသည့်ဘက်ခြမ်းများစွာ ရှိကြပေမည့် ထိုလူများသည်လဲ သူ၏တွဲဖက်နှင့်အတူ ရှည်ကြာစွာ သစ္စာရှိရှိချစ်ခင်မြတ်နိုးမှုအပြည့်ဖြင့် နေနိုင်ကြသည်။
“ဝမ်ဟောက်၊ အဲ့ခွေးမလေးကို အစ်ကိုဘယ်တော့ သွားပြီးပညာပေးမှာလဲ?” ကျန်းဝမ်မေ့ မေးလိုက်ခြင်းဖြစ်သည်။
ကျန်းဝမ်ဟောက်ဘက်ကတော့ မရေမရာအဖြေမျိုးသာ ပြန်ပေးလာသည်။ “အဲ့ကောင်မလေးဘယ်သူဆိုတာ မသိသေးဘူးလေ။ သူ့အကြောင်းသိပြီးတော့မှ ဘာလုပ်လို့ရနိုင်လဲကြည့်လိုက်မယ်။”
“ဟုတ်ပါပြီ။” အလှပြင်ဆိုင်လဲ ဖျက်ဆီးခံထားရပြီဖြစ်တာကြောင့် ကျန်းဝမ်မေ့အတင်းအကြပ်မတိုက်တွန်းတော့ပေ။
ကျန်းကတော်ကတော့ ကျန်းလီလင်းရှေ့တွင် ပိုလို့နူးညံ့သိမ်မွေ့နေကာ ကောင်မလေးအပေါ် လက်တုန့်ပြန်ဖို့အကြောင်း မမေးမြန်းခဲ့ပေ။ ဘာပဲဖြစ်ဖြစ် အလှပြင်ဆိုင်ဖျက်ဆီးခံလိုက်ရသည်ဆိုကတည်းက သူမခံစားလို့အတော်ပြန်ကောင်းနေပေပြီ။
ထို့နောက်တွင်တော့ ကျန်းမိသားစုဝင်များ အိမ်သို့ပြန်လာခဲ့ကြသည်။
………..
ချောင်ယနှင့်ကုမန့်တို့ ဈေးဝယ်စင်တာသို့ ဈေးဝယ်ထွက်လာခဲ့ပေမည့် ပစ္စည်းများများစားစားတော့ မဝယ်ဖြစ်ခဲ့ပေ။
နေ့လည်စာစားချိန်ရောက်သည်နှင့် စားသောက်ဆိုင်တစ်ခုသို့သွားကာ နေ့လည်စာစားကြသည်။ ဤရက်များအတွင်း ကုနင်းအလွန်အလုပ်ရှုပ်နေကြောင်း ကုမန့်နားလည်တာကြောင့် သူမသမီးကို ဖုန်းဆက်မခေါ်တော့ပေ။
………..
ယနေ့သည် မြို့တော်ရှိJadeBeautyလက်ဝတ်ရတနာဆိုင်ဖွင့်ပွဲနေ့ဖြစ်ကာ လူများနှင့်သတင်းဌာနများ၏အာရုံစိုက်မှုကို အထူးအလေးပေးခံနေရသည်။
သခင်ကြီးလင်သည်လဲ ယနေ့မှာပဲ မြို့တော်တွင် JadeBaeutyလက်ဝတ်ရတနာဆိုင် ဖွင့်မည်အားသိရသည်နှင့် သခင်ကြီးရှုနှင့် ကျန်းကျုံးယွီတို့ကို ခေါ်ကာ အရောက်သွားခဲ့သည်။
ယခုဆိုလျှင် ကျန်းကျုံးယွီ၏ကျန်းမာရေးမှာ အပြည့်အဝနီးပါးပြန်ကောင်းနေပြီဖြစ်ကာ ယခင်ကထက်ပင် ပို၍ကျန်းမာနေသေးသည်။
သခင်ကြီးလင်နှင့်သခင်ကြီးရှုတို့ကလဲ ရင်းနှီးသည့်သူငယ်ချင်းများဖြစ်တာကြောင့် သခင်ကြီးလင်က သခင်ကြီးရှုကိုလဲ စွမ်းအင်သလင်းကျောက်နှစ်လုံးပို့ပေးခဲ့သည်။
သခင်ကြီးရှု၏ခန္ဓာကိုယ်အခြေအနေသည်လဲ ဆေးသောက်ပြီးနောက် ပို၍အခြေအနေကောင်းလာကာ ယခုဆိုလျှင် သခင်ကြီးသုံးဦးမှာ အသက်၇၀ရှိနေပြီဖြစ်သော်လည်း အသက်၅၀အရွယ်များလို သန်မာဖြတ်လတ်လို့နေကြသည်။
သခင်ကြီးလင်ကတော့ ဖွင့်ပွဲသို့ ကုနင်းလာလိမ့်မည်ထင်တာကြောင့် သူ့မြေးချွေးမလေးကို တွေ့ရရန်သွားခဲ့ခြင်းဖြစ်ပေမည့် စိတ်မကောင်းစွာပဲ ကုနင်းမရှိနေပေ။
သို့ပေမည့် JadeBeautyလက်ဝတ်ရတနာဆိုင်ဖွင့်ပွဲတွင် သူတို့သုံးဦး ထွက်ပေါ်လာသည်နှင့် မြို့တော်ရှိလက်ဝတ်ရတနာလောကမှာ တုန်လှုပ်သွားရပြန်သည်။
လက်ဝတ်ရတနာလောကနှင့် ဆက်စပ်နေသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် လုပ်သားများမှာ သူတို့လုပ်ငန်းတူများကို အထူးအာရုံစိုက်လေ့ရှိတာကြောင့် သူတို့နယ်ပယ်မှ နောက်ဆုံးရသတင်းထူးများကို အမြဲသိနိုင်သည်။ ဒါကြောင့်ပဲ JadeBeautyလက်ဝတ်ရတနာဆိုင်ဖွင့်ပွဲတွင် အထူးပုဂ္ဂိုလ်သုံးဦးရောက်ရှိလာသည်ကို တွေ့လိုက်ရသည်နှင့် မယုံကြည်နိုင်ဖြစ်ကုန်ကြသည်။
ဒါတင်မကသေး ထိုသုံးဦးမှာ ပန်းများနှင့်လက်ဆောင်များကလဲ တစ်ဦးချင်းအလိုက်ပါလာကြသေးသည်။ ဒါကပဲ သူတို့သုံးဦးသည် JadeBeautyလက်ဝတ်ရတနာလုပ်ငန်းနှင့် ဆက်ဆံရေးရင်းနှီးမှုရှိကြောင်း ဖော်ပြသွားခြင်းပင်။
ကုနင်းမရှိတာကြောင့် သခင်ကြီးသုံးဦးလဲ ကြာကြာမနေဘဲ ပြန်ထွက်လာခဲ့သည်။
Bမြို့JaedeBeautyလက်ဝတ်ရတနာဆိုင်၏ သတင်းထုတ်ပြန်ပွဲကပင် လူအများ၏အာရုံစိုက်ခြင်းကို ခံထားရနေပြီဖြစ်တာကြောင့် မြို့တော်ဆိုင်ခွဲသည်လဲ လူများစွာ၏အာရုံကို ဆက်လက်ဖမ်းစားထားနိုင်စဲဖြစ်သည်။ သခင်မကြီးများဆိုလျှင် Charmမှဂါဝန်များအကြောင်းကိုပင် မေးမြန်းနေကြသည်။
ဆိုင်ဖွင့်ပွဲအခြေအနေများ ပြီးစီးခါနီးတွင်တော့ ယနေ့အခြေနေများကို ကျိုးကျန်းဟုန်က ကုနင်းထံသို့ဖုန်းဆက်တင်ပြသည်။
ကျိုးကျန်းဟုန် ဖုန်းဆက်လာချိန်တွင် ကုနင်းသည် စားသောက်ဆိုင်တစ်ဆိုင်၌ ညနေစာစားနေခဲ့သည်။
“ဘော့စ်၊ သတင်းထူး! သတင်းထူး!” ကျိုးကျန်းဟုန်၏အသံအရ အလွန်စိတ်လှုပ်ရှားနေပုံပင်။
“ဘာဖြစ်လို့လဲ?” ကုနင်း ရယ်ချင်စိတ်ကိုထိန်းကာ ပြန်မေးလိုက်သည်။
“တကယ်ကောင်းတဲ့ သတင်းထူးပဲ! ဒီနေ့ ဆိုင်ဖွင့်ပွဲကို ဘယ်သူတွေရောက်လာလဲ ဘော့စ်သိရဲ့လား!?”
“ဘယ်သူများလဲ?” ကုနင်း သိချင်သွားသည်။ သခင်ကြီးလင်တို့မိတ်ဆွေတစ်ဖွဲ့ ဖွင့်ပွဲကို တက်ရောက်ခဲ့မှန်း ကုနင်းမသိထားပေမည့် လင်ရှောင်းထင်ကတော့ သူမအံ့ဩအောင် တစ်ခုခုစီစဉ်ပေးထားလောက်မည်ဟု တွေးမိသည်။
လင်ရှောင်းထင်အကြောင်းတွေးမိသွားကာမှ သူမ ထိုယောကျ်ားကို မမြင်ရသည်မှာ ရက်ပေါင်းများစွာရှိနေပြီမှန်း သတိရကာ လွမ်းဆွတ်မိသွားသည်။
“သခင်ကြီးလင်၊ သခင်ကြီးကျန်း နဲ့ သခင်ကြီးရှုတို့ပဲ! သူတို့ရောက်လာတာနဲ့ လူတွေအများကြီး အံ့ဩသွားကြတာ။ ဒီနေ့ဆိုင်အတွက် သူတို့က အခမဲ့ကြော်ငြာတွေလိုပဲ!”
ထိုစကားကြောင့် ကုနင်းအံ့သွားပေမည့် ထိတ်လန့်သွားခြင်းတော့ မဖြစ်ပေ။
“ဘော့စ်၊ မင်းကတော့ အမြဲကိုအံ့ဟဖို့ကောင်းနေတာပဲ! သူတို့နဲ့သိထားအောင် ဘယ်လိုများလုပ်လိုက်တာလဲ?” ကျိုးကျန်းဟုန်မှာ အဖြစ်အပျက်တစ်ခုဖြစ်သွားလေ ကုနင်းအပေါ် ပိုလို့လေးစားသဘောကျမိလေပင်။
“သူတို့နဲ့ ရှေးဟောင်းလမ်းမှာတွေ့ခဲ့တာပါ။ နောက်ထပ်လဲ အကြိမ်ရေနည်းနည်းလောက် ထပ်တွေ့ကြဖူးရုံပဲ။”
“ရှေးဟောင်းလမ်းမှာတောင် ဒီလိုအထူးပုဂ္ဂိုလ်တွေနဲ့ တွေ့နိုင်တာ မင်းတစ်ယောက်ပဲရှိလောက်တယ်!” ကျိုးကျန်းဟုန် စနောက်ပြောလိုက်သည်။
“ဟ-ဟ၊ ဟုတ်တာပေါ့၊ ကျွန်မက အမြဲကံကောင်းတယ်လေ။” ကုနင်း ရယ်မောကာ ပြန်ဖြေလိုက်သည်။ တကယ်တော့ သူမဘဝကူးပြောင်းပြီးနောက်တွင်မှ အလွန်ကံကောင်းလာခဲ့ခြင်းဖြစ်သည်။ တချို့လူတွေက သူမကို မကောင်းကြံစည်ခဲ့ကြသော်လည်း ဘယ်သူကမှ အောင်မြင်သွားသည်မရှိပေ။
“ဒါနဲ့၊ သခင်မတော်တော်များများက မြို့တော်မှာရော ဘယ်အချိန် Charmဆိုင်ခွဲဖွင့်မလဲမေးနေကြတယ်။ Charmကဂါဝန်တွေကို သူတို့အရမ်းကြိုက်ကြပုံပဲ။”
“ကျွန်မ ယုကျီနဲ့ဆွေးနွေးကြည့်လိုက်ပါ့မယ်။”
“ကောင်းပါပြီ။” စကားပြောဆိုပြီးနောက် ကျိုးကျန်းဟုန် ဖုန်းချလိုက်သည်။
ထို့နောက်တွင်တော့ ကုနင်း ယုကျီထံသို့ ဖုန်းဆက်လိုက်သည်။
“ဟိုင်း၊ ဘော့စ်။” စက္ကန့်ပိုင်းအတွင်းမှာပဲ တစ်ဖက်ကယုကျီက ဖုန်းကိုင်လာသည်။
“မင်းအခု စကားပြောဖို့အဆင်ပြေလား?” ကုနင်းမေးလိုက်သည်။
“ပြေပါတယ်၊ ဘာကိစ္စလဲ။”
“အရင်တစ်ခေါက် မင်းသွားတဲ့ ဒီဇိုင်းလောကဖိုရမ်အကြောင်းတောင် မေးဖို့မေ့နေတာ။ ဘယ်လိုနေလဲ?”
“အများကြီး သင်ယူနိုင်ခဲ့တာပေါ့!” ယုကျီ၏အသံက အလွန်ပျော်ရွှင်နေပုံရသည်။
“ကောင်းလိုက်တာ။” ကုနင်းလဲ ယုကျီအတွက် ပျော်ရွှင်မိပေသည်။
“ဒါနဲ့ ဘော့စ်၊ ငါ နင့်ကို နာမည်ကြီး ပဲရစ်ဒီဇိုင်နာ ဂျေဆင်အကြောင်း ပြောပြပြီးပြီလား? ဒီရက်တွေအတွင်း သူငါတို့စက်ရုံကိုလာပြီး စကားတွေလဲ အများကြီးပြောဖြစ်တယ်။ သူကတယ့်ကိုဆရာကောင်းပဲ။ သူဆီကသင်ရတာ အခွင့်ကောင်းလို့ထင်တယ်။ ဒါပေမယ့် သူဘာလို့ဒီလိုသင်ပေးနေလဲဆိုတာကို အခုထိနားမလည်နိုင်သေးဘူး။”
ဒီဇိုင်းပညာရှင်တစ်ဦးက သူမကိုသင်ကြားပေးချင်နေသည့်အတွက် ဂုဏ်ယူမိသော်လည်း သူတို့က လုံးဝမရင်းနှီးဖူးတဲ့သူစိမ်းတွေမဟုတ်လား!
ကုနင်းလဲ မျက်မှောင်ကြုတ်မိသွားသည်။ “သူနဲ့ ဒီဇိုင်းအကြောင်းတစ်မျိုးတည်း ပြောဖြစ်တာလား?”
“ဟုတ်တယ်။”
“အမ်၊ သူက မင်းရဲ့ဒီဇိုင်းတွေက အရမ်းစိတ်ဝင်စားနေတာဖြစ်နိုင်ပါတယ်။ သူက အဝတ်အထည်ဒီဇိုင်းတွေကို မြတ်နိုးတဲ့ပြီး အရမ်းဝါသနာကြီးတဲ့လူပဲကို။”
ယုကျီ ဂျေဆင်အကြောင်း ပထမအကြိမ်ပြောကတည်းက ကုနင်း ဂျေဆင်နှင့်ပတ်သတ်သမျှကို ရှာဖွေကြည့်ခဲ့ကာ ထိုလူသည် ဂုဏ်သတင်းကောင်းများနှင့် ထူးချွန်သည့်ဒီဇိုင်းနာကောင်းတစ်ဦးဖြစ်ကြောင်း သူမသိလိုက်ရသည်။ သူတို့ချင်း မရင်းနှီးကြသော်လည်း သူ့ဂုဏ်သတင်းကတော့ လိမ်ညာလို့ရသည့်အရာမဟုတ်ပေ။
“တကယ်လား?” ယုကျီပြန်မေးလိုက်သည်။ ဂျေဆင်က သူမ၏ဒီဇိုင်းများအား မှတ်ချက်ကောင်းများစွာပေးခဲ့တာကြောင့် သူမလဲ ထိုသို့သာတွေးမိပေသည်။
***
အခန်း ၇၉၀ ခြောက်ခြားဖွယ်နယ်မြေ
“ဒီနေ့ဖွင့်ပွဲမှာ Charmရဲ့မြို့တော်ဆိုင်ခွဲဖွင့်ဖို့ လာမေးတဲ့လူတွေများတယ်လို့ ဦးလေးကျိုးပြောတယ်။ သူတို့က Charmရဲ့ဂါဝန်တွေကို အရမ်းကြိုက်နေကြတယ်တဲ့။ ငါလဲ မြို့တော်မှာ Charmဆိုင်ခွဲဖွင့်ဖို့ စိတ်ကူးရှိတယ်။ မင်း ဒီရက်တွေအတွင်း လိုအပ်တဲ့ဂါဝန်တွေ ပြင်ဆင်ထားလိုက်ပေါ့။ ငါလဲ မြို့တော်မှာ ဆိုင်ကောင်းကောင်းတစ်ဆိုင်ရှာခိုင်းထားလိုက်မယ်။”
“ကိစ္စမရှိဘူး။” ယုကျီသည်လဲ မြို့တော်တွင်ဆိုင်ခွဲဖို့ စိတ်အားထက်သန်နေသည်။ ထိုသို့သာဆိုလျှင် သူမ၏အမှတ်တံဆိပ်ကလဲ ပိုလို့ပိုလို့နာမည်ကြီးလာမည်မဟုတ်လား။
“လတ်တလော ငါအရမ်းအလုပ်များနေလို့ မင်းကို ကုမ္ပဏီအခြေအနေအကြောင်း မေးဖို့အချိန်မရှိခဲ့ဘူး။ အားလုံးအဆင်ပြေရဲ့လား?”
“ပြီးခဲ့တဲ့ရက်တွေအတွင်း ကုမ္ပဏီတော်တော်များများက ပူးပေါင်းမယ့်အကြောင်း မန်နေဂျာကောင်းနဲ့ဆွေးနွေးဖြစ်ကြတယ်။ ပြီးတော့ ငါတို့လဲ မင်္ဂလာဝတ်စုံကုမ္ပဏီတစ်ခုနဲ့ ညှိနှိုင်းမှုတွေပြီးနေပြီး၊ တခြားအထူးသီးသန့်ဂါဝန်ဆိုတွေရောနဲ့ပေါ့။” သူမ၏ဂါဝန်များ ရောင်းအားကောင်းနေသည်ကို မြင်ရ၍ ယုကျီအလွန်ပျော်ရွှင်နေသည်။
မန်နေဂျာကောင်းဆိုသည်မှာ ကောင်းဝေ့ချန်ဖြစ်ပြီး ကုနင်း၏အထည်ကုမ္ပဏီမှ အထွေထွေမန်နေဂျာဖြစ်သည်။ ကုမ္ပဏီက လက်ရှိတွင် ဆောက်လုပ်စဲဖြစ်တာကြောင့် ကောင်းဝေ့ချန်နှင့် အခြားသော ဝန်ထမ်းများမှာ လောလာဆယ် စက်ရုံတွင်သာ အလုပ်တက်ကြရသည်။ စက်ရုံကလဲ သူတို့အားလုံး အလုပ်လုပ်ဖို့ရန်အတွက် ကြီးမားပေသည်။
Charmသည် ကုနင်း၏အထည်ကုမ္ပဏီမှ အစိတ်အပိုင်းတစ်ခုဖြစ်ကာ တစ်ချိန်တည်းတွင်ပဲ အခြားသောစတိုင်လ်အမျိုးမျိုးဖြင့် အဝတ်အစားများလဲ ထုတ်လုပ်နိုင်တာကြောင့် ကောင်းဝေ့ချန်က အခုဆိုလျှင် ဒီဇိုင်းနာများစွာ ငှားရမ်းထားပြီဖြစ်သည်။
ကုနင်းလဲ လာမည့်ရက်များအတွင်း သူမအားသည်နှင့် နောက်ထပ်အဝတ်အစားအမှတ်တံဆိပ်အသစ်များ စာရင်းသွင်းဖို့ စီစဉ်ထားသည်။
ယုကျီနှင့်ဖုန်းချပြီးကာမှ ကုနင်း ညစာဆက်စားခဲ့သည်။
သူမညစာစားပြီးချိန်တွင် မှောင်နေပြီဖြစ်သော်လည်း ချက်ချင်းမထွက်သွားသေးဘဲ ချွမ်မင်ခိုင်ထံ ဖုန်းဆက်လိုက်ပြန်သည်။
“ဟိုင်း၊ သခင်မလေးနင်း ဘာများကူညီရမလဲ?” ချွမ်မင်ခိုင်က ရိုသေစွာပင် မေးမြန်းလိုက်သည်။
“ဦးလေးချွမ်၊ xxနယ်မြေက စွန့်ပစ်မြေနေရာတွေအကြောင်း သိလား?”
“သိပါတယ်။”
“ပြောကြတာတော့ အဲ့ဒီနေရာက သရဲခြောက်တယ်တဲ့၊ ဒါကြောင့်ပဲ အချိန်အတော်ကြာ စွန့်ပစ်ခံထားရတာ။”
“အဲ့ဒီမြေနေရာက မြေနေရာကောင်းလို့ထင်လို့၊ ရုံးဆောင်ဖို့ ကျွန်မဝယ်ချင်တယ်။ မြေဝယ်ဖို့ ကျွန်မကို ကူညီပေးပါလား?”
ကုနင်း ရှန်းနဉ်လုပ်ငန်းစုအဆောက်အဦးတည်ဆောက်ရန် ဆုံးဖြတ်ထားသည်။ ရှန်းနဉ်လုပ်ငန်းစု၏ရုံးချုပ်က မြို့တော်တွင် တည်ရှိနေသော်လည်း Bမြို့ ရုံးခွဲအတွက် အဆောက်အဦးဆောင်ဖို့ လိုသေးသည်။ သူမ၏လုပ်ငန်းစုအခြေအနေ တိုးတက်ကျယ်ပြန့်လာသည်နှင့်အမျှ ရုံးခွဲများလဲ ပိုပြီးဆောက်ဖို့လိုအပ်ပေသည်။
“ဘာ? အဲ့ဒါသိပ်မကောင်းဘူးထင်တယ်နော်။” ကုနင်း ထိုမြေနေရာအား ဝယ်ချင်နေသည်ကို သိလိုက်ရတာကြောင့် ချွမ်မင်ခိုင်အံ့အားသင့်သွားသည်။
“ဦးလေးချွမ်၊ အဆင်ပြေမှာပါ။ ကျွန်မ မြေကိစ္စကို ဘယ်လိုဖြေရှင်းရမလဲသိပါတယ်။” ကုနင်း ယုံကြည်ချက်ရှိရှိပင် ပြန်ပြောလိုက်သည်။ သရဲမကိုဖြေရှင်းနိုင်သ၍ မြေနေရာမှာ အဆင်ပြေလှသည်။
ကုနင်းဘက်က ယုံကြည်ချက်ရှိနေမှတော့ ချွမ်မင်ခိုင်လဲ သဘောတူလိုက်ရတော့သည်။ သို့ပေမည့် ထိုကိစ္စအကြောင်း ထန်ယွင်ဖန်းကို အသိပေးသင့်သည်ဟုတော့ တွေးမိစဲပင်။
ည၇နာရီရှိနေပြီဖြစ်သော်လည်း ထန်ယွင်ဖန်းမှာ ကုမ္ပဏီတွင် အလုပ်လုပ်နေစဲဖြစ်တာကြောင့် ချွမ်မင်ခိုင် ဥက္ကဌရုံးခန်းသို့သွားကာ ကုနင်းအကြောင်းပြောပြခဲ့သည်။
ထန်ယွင်ဖန်းလဲ စကြားကြားခြင်းက လန့်သွားပေမည့် ကုနင်းဆုံးဖြတ်ပြီးနေမှတော့ နောက်ဆုံးသဘောတူပေးလိုက်သည်။
…………
ကုနင်း စားသောက်ဆိုင်မှထွက်လာပြီးသည်နှင့် စွန့်ပစ်ဆောက်လုပ်ရေးနယ်မြေဆီသို့ သွားခဲ့သည်။
ညအချိန်ရောက်သည်နှင့် စွန့်ပစ်နယ်မြေမှာ အလင်းလုံးဝမရှိဘဲ မှောင်မိုက်လို့နေသည်။
ဒီနေရာက တကယ်ကိုပဲ ယင်စွမ်းအင်များဖြင့် ဖုံးလွှမ်းနေသည့် ခြောက်ခြားဖွယ်မြေနေရာကြီးပင်။ အဆောက်အုံများဝန်းကျင်၌ လွင့်မျောနေသည့် အနီရောင်ပုံသဏ္ဍာန်တစ်ခုကလဲရှိပေမည့် ကုနင်းကတော့ မကြောက်ပေ။
သရဲမကတော့ ကုနင်းကို ထပ်မြင်လိုက်ရတာကြောင့် အံ့ဩသွားကာ ဘာကြောင့်ရောက်လာလဲဆိုသည်ကို သိချင်သွားသည်။ ကုနင်း သူမကိုမမြင်ဘူးလို့ပဲ တွေးထားတာကြောင့် သူမကြောင့် ရောက်နေသည်မှန်း မထင်ခဲ့ပေ။ သို့ပေမည့် သရဲမမှာ မျှော်လင့်ချက်အနည်းငယ်ကို ဆုပ်ကိုင်ထားကာ ချက်ချင်းပင် ကုနင်းအနားသို့ ပျံသန်းသွားလိုက်သည်။ မကြာခင်တွင်ပဲ သရဲမက ကုနင်းရှေ့တွင် ပေါ်ထွက်လာပေမည့် ကုနင်းကတော့ အေးဆေးတည်ငြိမ်နေကာ တစ်ချက်လေးတောင် မကြည့်ခဲ့ပေ။
အခုက သူတို့အပြင်မှာသာရှိနေသေးတာကြောင့် ကုနင်းက အဆောက်အုံထဲရောက်မှသာ စကားစပြောရန် ကြံရွယ်ထားသည်။
ကုနင်းဘက်က တုံ့ပြန်မှုမရှိတာကြောင့် သရဲမမှာ အတော်လေးစိတ်ပျက်သွားရပေမည့် ကုနင်းလို့ မိန်းမငယ်လေးက ဘာကြောင့် ဒီလိုနေရာကို တစ်ယောက်တည်းလာလဲ သိချင်မိတာကြောင့် ပျက်စီးနေသည့်အဆောက်အုံတစ်ခုထဲသို့ရောက်သည်အထိ ကုနင်းနောက်မှ လိုက်လာခဲ့သည်။
“ပြောပါဦး၊ ငါ့ကို မင်းအတွက် ဘာများကူညီပေးစေချင်တုန်း?” ကုနင်း ရုတ်တရက် စကားပြောလိုက်တာကြောင့် သရဲမပင် လန့်သွားရကာ မသေချာမရေရာစွာဖြင့် ပြန်မေးလိုက်သည်။ “မင်း ငါ့ကိုပြောနေတာလား?”
“ဒီနေရာမှာ မင်းတစ်ယောက်တည်း ရှိနေတာလေ၊ ငါက ဘယ်သူကိုပြောရဦးမှာလဲ?”
“နင်-နင် ငါ့ကိုမြင်နိုင်တယ်ပေါ့? နင်တကယ်ငါ့ကိုမြင်နိုင်တာပဲ!” သရဲမစိတ်လှုပ်ရှားသွားသည်။
“ဒီမြေနေရာကို ဘယ်သူမှမဆောက်လုပ်ရဲဘူး၊ မင်းမှာလဲ အကြောင်းပြချက်ရှိမှာပေါ့။ ငါ ဒီမြေကိုလိုချင်တယ်၊ ဒီတော့ မင်းရဲ့ လုပ်ရှိလုပ်ရပ်တွေကို ရပ်မယ်ဆိုရင် မင်းကိုလဲ ငါပြန်ကူညီပေးမယ်။ ငါ့လုပ်နိုင်စွမ်းကို မကျော်လွန်ရင်တော့ ပိုကောင်းတာပေါ့။”
သူမသာ မကူညီနိုင်ဘူးဆိုလျှင် ပြဿနာတွေရပ်သွားအောင် ထိုသရဲမကို ဖျက်ဆီးပစ်ပေမည်။ ဒီသရဲမက မဆိုးလောက်ဘူးဟု ကုနင်းတွေးမိကာ ဖျက်ဆီးပစ်မည်ဆိုသည်က အနည်းငယ်ရက်စက်ရာကျပေမည့် ဘာပဲဖြစ်ဖြစ် သရဲတစ်ကောင်သာဖြစ်တာကြောင့် ကမ္ဘာပေါ်တွင် တည်ရှိနေတာကိုက လက်မခံနိုင်စရာပင်။ ထိုသရဲသာ ပြန်လည်မမွေးဖွားလျှင် တစ်လျှောက်လုံး အမုန်းတရားတွေကို လက်မလွှတ်နိုင်ဘဲဖြစ်နေလိမ့်မည်။ ကုနင်းကတော့ သူမကို ဖျက်ဆီးကာ ပြန်လည်ဝင်စားစေလိုလျှင် ထိုသရဲမ၏ပြဿနာကိုလဲ ဖြေရှင်းပေးရပေမည်။
“ကောင်းပြီလေ၊ နင်သာ ငါ့ရင်ထဲက ရန်ငြှိုးတွေကို ဖယ်ရှားပေးနိုင်ရင်၊ ငါပျောက်ကွယ်သွားပေးမယ်။” သရဲမကပြောရင်းဖြင့် အလွန်မုန်းတီးနေသည့်အမူအရာများထွက်ပေါ်လာခဲ့သည်။ သူ့ရင်ထဲတွင် ထိုမုန်းတီးမှုများက နက်နက်ရှိုင်းရှိုင်းနစ်မြုပ်နေခဲ့ခြင်းဖြစ်သည်။
“ပြောလေ၊ ငါဘယ်လိုကူညီပေးရမလဲ?”
“ငါ့နာမည်က ထောင်တင်းလင်၊ ငါက မိဘမဲ့ဂေဟာမှာကြီးပြင်းလာတာ၊ ငါ့ကောင်လေးကလဲ အတူတူပဲ။ အစတုန်းကတော့ ငါတို့နှစ်ယောက်က အရမ်းချစ်ကြတဲ့စုံတွဲဖြစ်ခဲ့တယ်။ ကောလိပ်ကဘွဲရပြီးတာနဲ့ တောက်ပတဲ့အနာဂါတ်တစ်ခုအတွက် အတူတူကြိုးပမ်းတိုက်ခိုက်ခဲ့ကြတယ်။ ငါတို့ရဲ့နေထိုင်မှုပုံစံကလဲ မြင့်တက်လာခဲ့တာပေါ့။ ဒါပေမယ့် ငါးနှစ်ကြာပြီးနောက်မှာတော့ ငါ့ကောင်လေးက ချမ်းသာတဲ့မိသားစုကောင်မလေးတစ်ယောက်နဲ့ အဆက်အသွယ်ရသွားတယ်။ ငါကသူနဲ့လမ်းမခွဲချင်ဘူးလေ၊ ဒါကြောင့်ပဲ သူက ငါ့ကိုအဓမ္မပြုကျင့်ဖို့ လူတစ်ဖွဲ့ငှားခဲ့တယ်၊ နောက်ဆုံးတော့ အဲ့ဒီကိစ္စကြောင့်ပဲ ငါသေဆုံးသွားရတယ်။ ငါသူ့ကိုမုန်းတယ်။ သေလောက်အောင်ကို မုန်းတယ်။ သူမသေသေးသ၍ ငါလဲ ပြန်ဝင်စားနိုင်မှာမဟုတ်ဘူး!”
***