← Chapters

အခန်း (၈၀၁-၈၀၅)

Vol. 54 Ch. 801-805

အခန်း (၈၀၁-၈၀၅)

Vol. 54 Ch. 801-805

အခန်း ၈၀၁ မင်းဆုံးဖြတ်ရမယ့်အရာမဟုတ်ဘူး

သို့ပေမည့် ဖန်ပင်းဟွေ့သည် သူနှင့်လုချိုးထင်မွေးထားသည့် ကလေးတွေကတော့ မွေးကတည်းက ချမ်းချမ်းသာသာနေလာရတာကြောင့် ပျင်းရိကာ ငွေဖြုန်းဖို့လောက်သာ သိကြ၍ စိတ်ပျက်နေခဲ့ရသည်။

လုချိုးထင်နှင့်ရသည့် သူ့ကလေးတွေကိုမှ သဘောမကျဘူးဆိုတာကတော့ မတရားသလိုဖြစ်နေသည်။ လုချိုးထင် လွန်ခဲ့သည့်နှစ်ပေါင်းများစွာက သူချစ်ရသည့်အမျိုးသမီးကို လုပ်ကြံခဲ့သည့် ကိစ္စအတွက် အပြစ်ပေးဖို့ ရည်ရွယ်ချက်မရှိသော်လည်း သူတို့နှစ်ယောက် စရိုက်များအရ ရှေ့ဆက်လက်တွဲဖို့မဖြစ်နိုင်တော့တာကတော့ အမှန်တရားပင်။

ဝမ်ယွင်ပင်းသည်လဲ သူမသားအတွက် ဂုဏ်ယူနေမိသည်။ သို့သော်လည်း ခံစားချက်များကတော့ ရောထွေးနေစဲပါ။ ကိုယ့်ကလေးကိုယ် ပိုမိုကောင်းမွန်တဲ့ဘဝမျိုးမပေးချင်တဲ့ အမေမျိုး ဘယ်ရှိပါ့မလဲ!

ဝမ်ကျဲ့ရှန်ကတော့ ဖန်ပင်းဟွေ့ကို အေးစက်စက်အမူအရာဖြင့် ပြန်ကြည့်လိုက်ကာ၊ “ခင်ဗျားက ကျွန်တော်ရဲ့ အဖေရင်းဖြစ်ဖြစ် ဘာဖြစ်ဖြစ် ဂရုမစိုက်ဘူး။ ကျွန်တော့်အမေက ခင်ဗျားက ကျွန်တော်တို့ဘဝထဲဝင်မနှောက်ယှက်ဖို့ ပြောလာနေမှတော့ ထွက်သွားပေးပါတော့။ ကျွန်တော်ဘဝရှင်သန်ရေးအတွက် ကိုယ့်ကိုကိုယ်အားကိုးနိုင်ပါတယ်။”

ဝမ်ကျဲ့ရှန်သည် အဖေတစ်ယောက်ရှိလာဖို့ အလွန်မျှော်လင့်ခဲ့ဖူးပေမည့် တခြားမိန်းမတစ်ယောက်နှင့်မိသားစုထူထောင်ထားပြီးသား အဖေတစ်ယောက်ကိုတော့ လက်မခံလိုပေ။ သူ့နှလုံးသားထဲတွင် သူ့အမေထက် ပိုအရေးကြီးသည့်အရာ ဘယ်အရာမှမရှိပေ။

ဆုံးဖြတ်ချက်ပြတ်သားဟန်ဖြင့် ပြောလာမှုကြောင့် ဖန်ပင်းဟွေ့လဲ ဘာမှဆက်မပြောတော့ပေ။ သူက နာမည်ကဒ်ကို ဝမ်ယွင်ပင်းထံသို့ပေးလိုက်ပြီး သူတို့ဘာအကူအညီပဲလိုလို သူ့ဆီအချိန်မရွေးဆက်သွယ်ဖို့သာ ပြောနိုင်တော့သည်။ ဒါပေမယ့်လဲ သူတို့နောက်သို့ လျှို့ဝှက်ထောက်လှမ်းဖို့အတွက်ကိုတော့ ဖန်ပင်းဟွေ့ လွှတ်ထားဦးမည်ပင်။ သူတို့သာ အဝေးကိုရှောင်ပြေးဖို့ကြံလျှင် သူတစ်ပြိုင်နက်တည်းသိရစေရန်ဖြစ်သည်။

ထို့နောက်တွင်တော့ လုချိုးထင်နှင့်ကွာရှင်းဖို့ရန်အတွက် ဖန်ပင်းဟွေ့ အိမ်သို့ပြန်လာခဲ့သည်။

ဝမ်ယွင်ပင်းက သူ့မှာမိသားစုရှိနေတာကြောင့် လက်မခံနိုင်တာဆိုရင် သူကွာရှင်းပြီးကာမှ သူမထံနောက်တစ်ကြိမ် ပြန်လာရပေမည်။ ဒီလိုသာဆို သူမလဲ သူ့ကို လက်ခံရင်လက်ခံပေးလိုက်နိုင်တာပဲ။

ဖန်ပင်းဟွေ့ ထွက်သွားသည်နှင့် ဝမ်ယွင်ပင်း အလွန်စိတ်ရှုပ်ထွေးသွားပုံရသည်။

“အမေ၊ ဘာဖြစ်လို့လဲ?” ဝမ်ကျဲ့ရှန် စိုးရိမ်စွာဖြင့် မေးမြန်းလိုက်သည်။

“ကျဲ့ရှန်၊ သားရော သူ့အကူအညီကို လက်ခံချင်လား?”

“အမေ၊ အဲ့ဒါက အရေးမကြီးပါဘူး၊ အဲ့ဒါတွေ သားဂရုမစိုက်ဘူး။ အမေကသာ သားအတွက် အရေးအကြီးဆုံး၊ ဂရုအစိုက်ဆုံးသူပဲ။”

ဝမ်ကျဲ့ရှန်လဲ ကောင်းမွန်တဲ့ပညာရေးမျိုးသင်ယူကာ ပိုမိုကောင်းမွန်သည့်ဘဝမျိုးမှာ နေထိုင်လိုပေမည့် သူ့အမေ၏ခံစားချက်ကို ပိုအလေးထားပေသည်။ ကိစ္စအားလုံး ဝမ်ယွင်ပင်းသဘောအတိုင်းသာ သူလိုက်နာသွားမည်ဖြစ်သည်။

ဝမ်ယွင်ပင်းသည်လဲ သူမသားအကြောင်း ကောင်းစွာသိတာကြောင့် ထိုအကြောင်းဆက်မပြောတော့ဘဲ ညစာပြင်ဖို့ရန် အိမ်ထဲသို့ပြန်ဝင်လိုက်ကြသည်။

……..

လုချိုးထင်သည် အလှပြင်ဆိုင်တွင် အသားအရေထိန်းသိမ်းမှုလုပ်ပြီးသည်နှင့် သူမသူငယ်ချင်းများနှင့် စိတ်အေးချမ်းသာစွာ ညစာစားခဲ့သည်။ ထိုအချိန်ထိက သူမအတွက် နေ့ကောင်းတစ်နေ့လေးဖြစ်ခဲ့ကာ ထိုကောင်းမွန်မှုက ကြာရှည်မခံတော့မည်ကိုတော့ နည်းနည်းလေးပင် မတွေးမိပေ။

ဝမ်ယွင်ပင်း၏နေအိမ်မှ ထွက်လာပြီးသည်နှင့် ဖန်ပင်းဟွေ့ သူ၏ရှေ့နေထံသို့သွားကာ ကွာရှင်းစာချုပ်ပြင်ဆင်ခိုင်းလိုက်သည်။

သူအိမ်ပြန်ရောက်ချိန်တွင် ည၈နာရီထိုးပြီးနေပြီဖြစ်တာကြောင့် အိမ်ထဲ၌ ဖန်မိသားစုဝင်အားလုံး စုံညီနေပြီဖြစ်သည်။ လုချိုးထင်သည်လဲ ဖန်ပင်းဟွေ့ ပြန်မရောက်ခင်လေးတင် အိမ်ပြန်ရောက်ခဲ့ကာ အခုတော့ ဧည့်ခန်းထဲတွင် ထုံဝမ်နှင့်စကားများနေကြသည်။

“ချိုးထင်၊ နင် နင့်သားကို ဒီလိုမျိုးအလိုလိုက်ဖျက်ဆီးထားလို့ရမလား! နင်က သူ့ကိုဘာကမှားတယ်၊ ဘာကတော့မှန်တယ်ဆိုတာ သင်ကြားပေးပြီး သူအမှားလုပ်ရင် အပြစ်ပေးသင့်တာလေ။ နင်က ဘယ်လိုကြောင့်များ သူငယ်သေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နင့်သားလုပ်ချင်တာ လုပ်ခွင့်ပြုထားလို့ရမလား? ငါ့တုလေးကလဲ ငယ်သေးတာပဲ၊ နင့်သားထက်တောင် သုံးနှစ်လောက်ပိုငယ်သေးတယ်! နင့်သားက ငါ့တူကို ဝင်တိုက်ပြီး ပြုတ်ကျအောင်လုပ်တာလေ။ သူမတောင်းပန်သင့်ဘူးလား?” ထုံဝမ်က လုချိုးထင်ကို တည့်တည့်စိုက်ကြည့်ကာ ပြောနေခဲ့သည်။ သူမလက်မောင်းများကြားတွင်တော့ ၁၁နှစ်အရွယ်ကောင်လေးတစ်ယောက်က ငိုယိုနေခဲ့သည်။

ယနေ့တွင် ထုံဝမ်၏မိဘများ၊ အစ်ကိုနှင့်ယောက်မတို့က ဈာပနပွဲတစ်ခုသို့သွားတာကြောင့် ကလေးကိုခေါ်သွားဖို့မသင့်၍ ထုံဝမ်ကို ကြည့်ပေးထားဖို့ အကူအညီတောင်းခဲ့ကာ မကြာခင်တွင်ပဲ လာပြန်ကြိုတော့မည်ဖြစ်သည်။ သို့ပေမည့် လုချိုးထင်၏သားက ထိုကောင်လေးကို သဘောမကျဘဲ ပြုတ်ကျအောင် တမင်တွန်းတိုက်ခဲ့တာကြောင့် ယခုလို ထုံဝမ်ဒေါသထွက်နေခြင်းဖြစ်သည်။

“နင်….” လုချိုးထင် ဒေါသထွက်လာသော်လည်း သူ့သားဘက်ကစမှားခြင်းဖြစ်မှန်း သိတာကြောင့် ပြန်ခံမပြောနိုင်ခဲ့ပေ။ “ပင်းကျဲ့၊ သူ့ကိုပြန်တောင်းပန်လိုက်။”

“မတောင်းပန်ဘူး!” လုချိုးထင်၏သား ဖန်ပင်းကျဲ့က ချက်ချင်းပင် ငြင်းဆိုလိုက်သည်။

“လုချိုးထင်၊ နင့်သားကိုကြည့်ဦး။ သူသာ ဖန်မိသားစုရဲ့စီးပွားရေးကို ဆက်ခံလိုက်ရင် မကြာဘူး စီးပွားရေးတစ်ခုလုံး ပျက်စီးသွားလိမ့်မယ်။” ထုံဝမ်ကတော့ လုချိုးထင်က သူ့သားနှင့်သမီးကို အလွန်အလိုလိုက်ကာ ဖျက်ဆီးနေသူဖြစ်ကြောင်း ယုံကြည်နေသည်။

ထိုစကားကြောင့် လုချိုးထင် စိုးရိမ်ထိတ်လန့်သွားကာ သူ့သားကို လေသံမာမာနှင့် ထပ်ပြောလိုက်သည်။ “ပင်းကျဲ့၊ အခုချက်ချင်းတောင်းပန်လိုက်!”

“သား တမင်လုပ်တာမှမဟုတ်ဘဲ။ ဘာလို့တောင်းပန်ရမှာလဲ?” ဖန်ပင်းကျဲ့သည် တောင်းပန်ဖို့ ငြင်းဆိုရုံတင်မကဘဲ လိမ်ညာစကားပါပြောလိုက်သေးသည်။

“မင်း…” လုချိုးထင် ဘာဆက်လုပ်လို့လုပ်ရမှန်း မသိတော့ပေ။ သူမသားကို အလိုလိုက်ဖျက်ဆီးထားခဲ့ပြီးဖြစ်တာကြောင့် အခုတော့ သူမသားက ဘာကိုမှကြောက်ရကောင်းမှန်း မသိတော့ပေ။

ထိုအခိုက်အတန့်တွင်ပဲ ဖန်ပင်းဟွေ့ အိမ်ထဲသို့ဝင်လာခဲ့သည်။

“ဟန်နီ!” လုချိုးထင်လဲ ချက်ချင်းပင် သွားရောက်ကြိုဆိုလိုက်ပေမည့် ဖန်ပင်းဟွေ့၏ အေးစက်စက်အကြည့်တစ်စုံကိုသာ ပြန်လည်ရရှိပြီး သူမ၏ပွေ့ဖက်မှုကိုလဲ ရှောင်ရှားသွားခဲ့သည်။

လုချိုးထင် ရုတ်တရက်ကြောင်အသွားကာ ရှက်ရွံ့သွားရသည်။ ဒီနေ့မှ ဖန်ပင်းဟွေ့က ဘာကြောင့်များ သူမကို အေးစက်စက်လာကြည့်နေမှန်း နားမလည်ပေ။

ဖန်ပင်းဟွေ့က လုချိုးထင်ဘေးနားမှဖြတ်ကာ ဧည့်ခန်းထဲသို့ဝင်သွားသည်။

“လက်မှတ်ထိုးလိုက်။” ဖန်ပင်းဟွေ့ သူ့လက်ဆွဲအိတ်ထဲမှ စာရွက်စာတမ်းတစ်ခုကို ထုတ်ယူကာပြောလိုက်သည်။

လုချိုးထင် ထိုစာရွက်ကိုယူပြီး ဖတ်ကြည့်လိုက်ချိန်တွင် မြင်လိုက်ရသည့် စကားလုံးများကြောင့် အလွန်ထိတ်လန့်သွားရသည်။ “ရှင်-ရှင် ကျွန်မကိုကွာရှင်းချင်တာလား?” လုချိုးထင် မယုံကြည်နိုင်စွာ မေးလိုက်မိသည်။

ထိုစကားကြောင့် ဧည့်ခန်းထဲတွင်ရှိနေသည့် ထုံဝမ်နှင့်ဖန်ပင်းဟွမ်တို့လဲ အံ့ဩကာ နားမလည်နိုင်ဖြစ်သွားကြသည်။

“ဘာ? ဘာလို့လဲ?” ဖန်ပင်းကျဲ့က ချက်ချင်းပင် ဆိုဖာပေါက်မှ ခုန်ဆင်းလာခဲ့သည်။ “အဖေ၊ ဘာလို့ အမေ့ကို ကွာရှင်းချင်တာလဲ?”

“ဒါ မင်းအမေနဲ့ ငါ့ကြားက ကိစ္စ။” ဖန်ပင်းဟွေ့က လုချိုးထင်ကိုသာ မုန်းတီးစွာ စိုက်ကြည့်နေခဲ့သည်။ “ရွှယ်ချင် ငါ့ကိုအကြောင်းစုံပြောပြပြီးသွားပြီ။ မင်းတို့နှစ်ယောက် ငါ့နောက်ကွယ်မှာ ယွင်ပင်းကို လုပ်ကြံခဲ့တဲ့အကြောင်း သိထားပြီးပြီ။ မင်းတို့က သူရဲ့ဂုဏ်သိက္ခာကိုရော ငါ့ပျော်ရွှင်မှုကိုပါ ဖျက်ဆီးခဲ့ကြတာပဲ။ မင်းမှာ အပြစ်ရှိစိတ် နည်းနည်းလေးတောင် မခံစားမိဘူးလား?”

ထိုစကားများကြောင့် လုချိုးထင်၏မျက်နှာ သွေးရောင်မရှိသလို ဖြူဖျော့လို့သွားကာ မတ်တပ်ပင် ကောင်းကောင်းမရပ်နိုင်တော့သလို ခံစားလိုက်ရသည်။ ဘာ? ဖန်ရွှယ်ချင်က ဖန်ပင်းဟွေ့ကို အားလုံးပြောပြလိုက်ပြီလား? သူ ဘယ်လိုလုပ် ဒီလိုမျိုး လုပ်နိုင်ရတာလဲ?

ထိုသတင်းက ထုံဝမ်နှင့်ဖန်ပင်းဟွမ်တို့အတွက်လဲ ထိတ်လန့်စရာသတင်းတစ်ပုဒ်ဖြစ်ခဲ့သည်။ လုချိုးထင်နှင့်ဖန်ရွှယ်ချင်တို့က လုပ်ကြံမှုလုပ်ခဲ့သည်ဆိုခြင်းက အလွန်အံ့ဩထိတ်လန့်စရာကောင်းလှသည်။ လုချိုးထင်၊ တော်တော်ရက်စက်တာပဲ!

“မင်းလုပ်ခဲ့တာက ဥပဒေဖောက်ဖျက်မှုပဲ၊ မင်းကို နှစ်တွေအကြာကြီး ထောင်ကျသွားအောင်တောင် လုပ်နိုင်တယ်။ ငါတို့ရဲ့ လက်ထပ်ခဲ့ကြတဲ့ နှစ်တွေကိုထောက်ထားပြီး မင်းကို တရားမစွဲတော့ဘူး။ ဒါပေမယ့် မင်း ငါ့ချစ်ရတဲ့အမျိုးသမီးကို ဖျက်ဆီးပြီး နည်းနည်းလေးမှအပြစ်ရှိသလို မခံစားပဲ နေခဲ့ရတာကိုတော့ ငါလက်ခံမပေးနိုင်ဘူး! မင်းကို မုန်းတယ်၊ ဒီတော့ ငါတို့ ကွာရှင်းကြတာပေါ့!” ဖန်ပင်းဟွေ့၏ဆုံးဖြတ်ချက်က ဘယ်လိုမှပြင်၍မရတော့သည့်ပုံပင်။

“မဟုတ်ဘူး၊ မဖြစ်ဘူး။ ကျွန်မလက်မှတ်မထိုးပေးနိုင်ဘူး!” လုချိုးထင် အော်ဟစ်ကာ ပြောတော့သည်။

“ဒါမင်းဆုံးဖြတ်ရမယ့်ကိစ္စမဟုတ်ဘူး။”

“ဖန်ပင်းဟွေ့၊ ရှင်သွေးအေးလှချည်လား? ကျွန်မတို့ လက်ထပ်ခဲ့တာပဲ နှစ်တွေအများကြီးကြာခဲ့ပြီလေ! ဒါက ဟိုးအရင်တုန်းကတည်းက ဖြစ်ပြီးသွားတဲ့ ကိစ္စလေးတွေပဲ။ ဒါတွေက အရေးမကြီးတော့ဘူး!” လုချိုးထင် ပြန်လည်ပြောဆိုလာမှုက တကယ်တမ်း အတိုင်းအတာတစ်ခုအထိ သူမလုပ်ရပ်များကို အတည်ပြုပေးလိုက်ခြင်းဖြစ်သည်။

***

အခန်း ၈၀၂ လုချိုးထင်

“အရေးကြီးတာပေါ့!” ဖန်ပင်းဟွေ့ အော်ဟစ်မိသွားတော့သည်။

“ဖန်ပင်းဟွေ့၊ ကျွန်မ ရှင့်ကို အရမ်းချစ်ခဲ့တာလေ။ ဘာလို့များ ကျွန်မကို ဒီလိုမျိုးဆက်ဆံရတာလဲ? ဘာကြောင့်လဲ?” ဖန်ပင်းဟွေ့ နှလုံးကွဲကြေသွားသလိုမျိုး မခံမရပ်နိုင်စွာဖြင့် ဒေါသတကြီး ပြန်အော်တော့သည်။

“လုချိုးထင်၊ မင်းအခုထိ အပြစ်ရှိသလိုခံစားရကောင်းမှန်း မသိသေးဘူးလား? မင်းဘယ်လောက်ထိတောင် အရှက်မဲ့နိုင်ဦးမှာလဲ? မင်းက အပြစ်သားတစ်ယောက်ဖြစ်နေပြီလေ!” ဖန်ပင်းဟွေ့မှာ လုချိုးထင်၏တစ်ကိုယ်ကောင်းဆန်လှသည့် အတွေးအခေါ်များကြောင့် ရွံရှာလာရသည်။

“ကျွန်မလုပ်ခဲ့တာမှန်သမျှက ရှင့်ကိုချစ်လို့ချည်းပဲ။ ကျွန်မအမှားမဟုတ်ဘူး!”

သားလိုပဲ အမေသည်လဲ အလိုလိုက်ခံရကာ ပျက်စီးနေသူဖြစ်သည်။

“မင်း ငါချစ်ရတဲ့အမျိုးသမီးကို ထိခိုက်အောင်လုပ်ပြီး ငါ့ကို သူ့ဆီကနေခိုးယူလိုက်တာက အချစ်မဟုတ်ဘူး။” ဖန်ပင်းဟွေ့မှာ လုချိုးထင်ကို လက်ထပ်ခဲ့မိသည့်အပေါ် လွန်စွာနောင်တရမိနေတော့သည်။ ထိုအရာက သူ့ဘဝတစ်လျှောက်လုံး လုပ်မိခဲ့သမျှတွင် အဆိုးရွားဆုံး ဆုံးဖြတ်ချက်ပင်ဖြစ်သည်။

တကယ်တော့ သူလုချိုးထင်ကို မချစ်ခဲ့တာကြောင့် သူမအကြောင်းကိုလဲ စိတ်မဝင်စားခဲ့ခြင်းဖြစ်သည်။ ထို့အပြင် သူ့အချိန်အများစုကို အလုပ်တွင်သာ ကုန်ဆုံးခဲ့ရင်း အိမ်ပြန်လာခဲတာကြောင့် သူတို့ချင်း တွေ့ဆုံသည့်အချိန်က နည်းပါးလှသည်။

လုချိုးထင်သည်လဲ ဖန်ပင်းဟွေ့နှင့်လက်ထပ်ပြီးနောက် စံစားခဲ့ရသည့် ချမ်းသာကြွယ်ဝမှုတွင် မွေ့လျော်နေတာကြောင့် သူတို့အိမ်ထောင်ရေးတည်မြဲစေရန်အတွက် ဖန်ပင်းဟွေ့ရှေ့တွင် သူမစရိုက်အမှန်ကို ဖုံးကွယ်ကာ ကြင်နာနူးညံ့သလို ဟန်ဆောင်ခဲ့သည်။

လုချိုးထင် ရင်ထဲနာကျင်သွားကာ ဆက်လက်ခွန်းတုန့်ပြန်ခဲ့သည်။ “ရှင်သူ့ကို အခုထိမမေ့သေးတာမဟုတ်လား? ကျွန်မကို ကွာရှင်းပြီးတာနဲ့ သူ့ကိုသွားရှာတော့မှာမဟုတ်လား?”

“ရွှယ်ချင် ငါ့ကိုအကြောင်းဆုံမပြောပြမချင်း အဲ့လိုစိတ်ကူး တစ်ခါမှတောင် မရှိခဲ့ဖူးဘူး။ ပြီးခဲ့တဲ့နှစ်တွေအတွင်း မင်းအပေါ်ကို သစ္စာရှိခဲ့တယ်။ ဒါပေမယ့် မင်း ငါ့နောက်ကွယ်မှာ ယွင်ပင်းကို လုပ်ကြံခဲ့သမျှကို သိပြီးမှတော့ မင်းကို သေချာပေါက် ကွာရှင်းကိုရှင်းမှာ။”

“အဖေ၊ အမေ့ကို ကွာရှင်းလို့မရဘူး!” ဖန်ပင်းကျဲ့ စိုးရိမ်ထိတ်လန့်စွာ ဝင်ပြောလိုက်သည်။ “အမေ အမှားတစ်ခုလုပ်ခဲ့ဖူးတယ်ဆိုရင်တောင် နှစ်တွေအများကြီးကြာခဲ့ပြီပဲ။ အဖေ ဘာကြောင့်များ မေ့မပစ်လိုက်တာလဲ?”

ဖန်ပင်းကျဲ့သည်လဲ လုချိုးထင်ကဲ့သို့ တစ်ကိုယ်ကောင်းဆန်ပေသည်။ သူကိုယ်တိုင်ကလဲ အမှားတစ်ခုလုပ်ခဲ့မိလျှင်တောင် သူမှားသည်ဟု တွေးတတ်သူမဟုတ်ပေမည့် တစ်ယောက်ယောက်ကသာ သူ့ကို စိတ်အနှောင့်အယှက်ပြုမိလျှင်တော့ ထိုလူကို လုံးဝအလွတ်ပေးမည့်သူမဟုတ်ပေ။

“ကလေးက ကလေးလိုနေ၊ ဝင်မပါစမ်းနဲ့!” ဖန်ပင်းဟွေ့ ဖန်ပင်းကျဲ့ကို ဟောက်လိုက်သည်။ ဖန်ပင်းကျဲ့ ကြောက်လန့်သွားသော်လည်း သူ့မိခင်၏အိမ်ထောင်ရေးကိစ္စဖြစ်တာကြောင့် သူမဆိုင်သလို မနေနိုင်ပေ။

“အဖေ၊ အမေ့ကို ကွာရှင်းလို့မရဘူး။ အဖေသာ အမေ့ကို ကွာရှင်းမယ်ဆို သားလဲ အမေနဲ့လိုက်သွားမှာ!” ဖန်ပင်းဟွေ့သည် ဖန်မိသားစုတွင် အကြီးဆုံးမြေးဖြစ်တာကြောင့် သူဘယ်လောက်အရေးကြီးမှန်း သိထားသည်။ သူ့ကိုယ်သူသာ အသုံးချကာ ခြိမ်းခြောက်လိုလျှင် ဖန်ပင်းဟွေ့ သေချာပေါက် အလျှော့ပေးလိမ့်မည်ဟု တွေးထားခြင်းဖြစ်သည်။

သို့ပေမည့် သူ့အထင်မှားသွားခဲ့သည်။ အခုချိန်တွင် ဖန်ပင်းဟွေ့၏ ဒေါသက အဆုံးအစွန်ထိပေါက်ကွဲနေတာကြောင့် ဖန်ပင်းကျဲ့ သူ့ကို ခြိမ်းခြောက်လိုက်ချိန်တွင် ပိုလို့တောင် ဒေါသထွက်သွားတော့သည်။ “မင်းက မင်းအမေနဲ့အတူထွက်သွားချင်တယ်ပေါ့? လိုက်သွားလေ! ဘာပဲဖြစ်ဖြစ် မင်းက ဒီမိသားစုထဲမှာ အသုံးကျတဲ့ကောင်မှမဟုတ်တာ!”

ဖန်ပင်းဟွေ့ လောလောဆယ် ဒေါသထွက်နေတာကြောင့်သာ ထိုသို့ပြောလိုက်ခြင်းဖြစ်သည်။ ဖန်ပင်းကျဲ့သည် ဖန်မိသားစုတွင် အကြီးဆုံးမြေးဖြစ်တာကြောင့် ဖန်ပင်းဟွေ့ ဘယ်လိုလုပ် စွန့်ပစ်နိုင်ပါ့မလဲ။ ဖန်ပင်းကျဲ့ကို သင်ခန်းစာရသွားစေချင်၍သာ ပြောလိုက်ခြင်းပင်။

“မဟုတ်ဘူး၊ မဖြစ်ဘူး!” လုချိုးထင် ချက်ချင်းပင် ငြင်းဆန်တော့သည်။ ဖန်ပင်းကျဲ့သည် နောင်အနာဂါတ်တွင် ဖန်မိသားစု၏စီးပွားရေးလုပ်ငန်းကို လက်လွှဲယူရမည့်သူဖြစ်သည်။ သူသာ အခုချိန်မှာ ဖန်မိသားစုကထွက်သွားပါက သူ့တွင် ဖန်မိသားစုစီးပွားရေးကို လက်လွှဲယူနိုင်သည့် အနေအထားရှိတော့မည်မဟုတ်ပေ။

ဖန်ပင်းကျဲ့သည်လဲ ကြောက်လန့်ကာ ပါးစပ်ပိတ်သွားတော့သည်။ ဒါပေါ့ သူလဲ ဖန်မိသားစုက ဘယ်လိုမှမထွက်သွားချင်ပါဘူး။ သူအခုချိန်မှာသာ ဖန်မိသားစုက ထွက်သွားရလျှင် များပြားလှသည့် ကြွယ်ဝမှုများကို ချက်ချင်းလက်ငင်း ဆုံးရှုံးလိုက်ရမည်သာ။

“အခုလက်မှတ်ထိုးတော့။ မင်းလက်ရှိစီးနေတဲ့ကားကို ယူသွားနိုင်တယ်။ ပြီးတော့ xxခရိုင်က အိမ်ကိုလဲ ယူလိုက်လို့ရတယ်။”

“ဖန်ပင်းဟွေ့၊ ရှင်တကယ်ပဲ ဒီလိုလုပ်မှဖြစ်မှာလား?”

“မင်းအရှက်မဲ့လွန်းတယ်လို့ မထင်မိဘူးလား? လုချိုးထင် မင်းလုပ်ခဲ့တဲ့ကိစ္စအတွက် မင်းပြန်ပေးဆပ်ရမယ်လေ။ နားလည်ရဲ့လား?” ဖန်ပင်းဟွေ့ စိတ်မရှည်နိုင်တော့ပေ။

လုချိုးထင်လဲ ကူကယ်ရာမဲ့သွားတော့သည်။

“ကောင်းပြီ၊ ကျွန်မလက်မှတ်ထိုးပေးမယ်၊ ဒါပေမယ့် ကျွန်မကို ယွမ်သန်း၁၀၀တော့ ပေးရမယ်။” ကားတစ်စီးနှင့် အိမ်တစ်လုံးက သူမအတွက် မလုံလောက်ပေ။

“ဘာ?” ဖန်ပင်းဟွေ့ မဆိုထားနှင့် ဖန်ပင်းဟွမ်နှင့် ထုံဝမ်တောင်မှ ထိတ်လန့်သွားကြသည်။

“လုချိုးထင်၊ မင်းက ငါ့ဆီက ထပ်တောင်းရဲသေးတယ်ပေါ့? မပေးနိုင်ဘူး!” ဖန်ပင်းဟွေ့ လုံးဝကို စိတ်ကုန်သွားတော့သည်။ “မင်း ငါ့မိသားစုထဲ လက်ထပ်ဝင်လာတုန်းက မင်းဆီမှ တစ်ပြားတစ်ချပ်မှမပြာလာဘူး၊ ဒါတောင်မှ ငါ့နောက်ကွယ်မှာ မင်းမိသားစုကို ခိုးကြောင်ခိုးဝှက်ထောက်ပံ့ခဲ့သေးတယ်၊ ငါ မမြင်ချင်ယောင်ဆောင်ပေးထားပေမယ့် မင်းလုပ်ရပ်မှန်နေတယ်လို့ မဆိုလိုဘူး။ မင်း ငါ့ဆီက ယွမ်သန်း၁၀၀လိုချင်တယ်မဟုတ်လား၊ ရတယ်လေ၊ မင်းမိသားစု ငါ့အိတ်ကပ်ထဲက နှိုက်ထုတ်သွားတဲ့ ငွေတွေ အရင်ပြန်ပေးဖို့ပြောလိုက်!”

လုချိုးထင် ကြောင်အသွားတော့သည်။ သူမမိသားစုက ဘယ်လိုလုပ် ယွမ်သန်း၁၀၀ပေးနိုင်ပါ့မလဲ။

လုမိသားစုသည် သာမာန်မိသားစုတစ်ခုထက် အနည်းငယ်ပိုချမ်းသာရုံသာဖြစ်သော်လည်း လုချိုးထင်ကတော့ ကျိကျိတက်ချမ်းသာသည့် ဖန်မိသားစုနှင့်လက်ထပ်နိုင်ခဲ့သည်။ လုမိသားစုသည် ဖန်မိသားစုနှင့် ပတ်သတ်ခဲ့တာကြောင့် အကျိုးအမြတ်များစွာရရှိခဲ့သည်။ လုချိုးထင်သည်လဲ ဖန်မိသားစု၏ငွေနှင့်အာဏာကို အသုံးချကာ သူမ၏အစ်ကိုများကို ကူညီပေးခဲ့တာကြောင့် သူမအစ်ကိုယ်များကလဲ သူမအကူအညီနှင့် ငွေများစွာရှာနိုင်ခဲ့ကြသည်။

တစ်ဖက်တွင်တော့ ထုံဝမ်သည် လုချိုးထင်က သူမမိသားစုကို ယွမ်သန်း၁၀၀ကျော်ထက်သေချာပေါက်များပြားသည့် ပမာဏမျိုး လျှို့ဝှက်ထောက်ပံ့နေကြောင်း သိလိုက်ရတာကြောင့် ဒေါသထွက်သွားရသည်။ “အိုး၊ ငါတို့က ဖန်မိသားစုအိတ်ထဲကနေပြီး ကိုယ့်မိသားစုကိုယ် ထောက်ပံ့လို့ရတာလား? သိတောင်မသိခဲ့ဘူး! ငါ့မှာတော့ ပွဲတော်တစ်ခုခုရှိမှသာ မိသားစုအတွက် သာမာန်လက်ဆောင်လေးဘာလေး ဝယ်ပေးခဲ့တာ။ ချိုးထင်၊ ငါ နင့်ဆီက သင်ယူထားသင့်လား?”

သူတို့နှစ်ဦးလုံးသည် ဖန်မိသားစုတွင် ချွေးမချင်းအတူတူဖြစ်ကာ လုချိုးထင်တစ်ယောက်သာ ထိုသို့လုပ်နိုင်သည်ကတော့ မတရားပေ။

***

အခန်း ၈၀၃ တစ်ဦးကိုတစ်ဦး နာကျင်စေခဲ့ပြီ

ထုံဝမ်သည် ဒေါသထွက်လွယ်ကာ တည့်တိုးပြောတတ်သူဖြစ်ပေမည့် ဘယ်တုန်းကမှ တခြားလူအပေါ် အမြတ်မထုတ်ခဲ့ပေ။ သူမ ဖန်မိသားစုထဲသို့လက်ထပ်ဝင်ရောက်ခဲ့ခြင်းကလဲ ငွေအတွက်ကြောင့်မဟုတ်ပေ။

ထုံမိသားစုသည် အရမ်းမချမ်းသာသော်လည်း သူတို့တွင် အာဏာရှိသည်။ ထုံဝမ်နှင့်ဖန်ပင်းဟွမ်တို့၏လက်ထပ်ပွဲသည် အာဏာနှင့်ငွေကြေးတို့ ပူးပေါင်းမဟာမိတ်ဖွဲ့ခြင်းဖြစ်သည်။ ဒါပေါ့ သူတို့ချင်းကလဲ တစ်ယောက်ကိုတစ်ယောက် ချစ်မိသွားကြတာလဲ ပါတယ်လေ။

ထုံမိသားစုသည် ဖန်မိသားစုကြောင့် ပိုချမ်းသာလာခဲ့သလို ဖန်မိသားစုသည်လဲ ထုံမိသားစု၏ ထောက်ခံမှုဖြင့် ပိုလို့အောင်မြင်လာခဲ့သည်။ နှစ်မိသားစုလုံးသည် မဟာမိတ်ပြုကာ နှစ်ဦးနှစ်ဖက် အကျိုးအမြတ်ရယူကြခြင်းသာဖြစ်သည်။ ဒါကြောင့်ပဲ ထုံဝမ်သည် သူမတို့မိသားစုထက် ပို၍အာဏာရှိသည့်မိသားစုတစ်ခုနှင့် လက်မထပ်ခဲ့ခြင်းဖြစ်သည်။

လက်ထပ်ပြီးနောက် မိန်းကလေးတစ်ယောက်က သူမမိသားစုဘက်သို့ လက်ဆောင်ပစ္စည်းပို့ပေးသည်က လက်ခံနိုင်စရာကောင်းပေမည့် လုချိုးထင်လိုမျိုး ငွေကြေးပမာဏမြောက်မြားစွာ လျှို့ဝှက်ထောက်ပံ့ခြင်းကတော့ ဘယ်လိုမှလက်မခံနိုင်ပေ! လုမိသားစုက ဆင်းရဲနေတာလဲမဟုတ်ဘဲနဲ့ သပ်သပ်လောဘကြီးနေကြခြင်းသာဖြစ်သည်။

ထုံဝမ်ကတော့ ဒါကအရမ်းမတရားရာရောက်သည်ဟု တွေးနေမိသည်။

“ငါနင့်ငွေကို သုံးခဲ့တာမှမဟုတ်ဘဲ!” လုချိုးထင်က ထုံဝမ်၏စကားကို ပြန်လည်ခွန်းတုံ့ပြန်လိုက်သည်။

“နင် ဖန်မိသားစုရဲ့ငွေကိုတော့ သုံးခဲ့တယ်၊ အခုငါတို့က တစ်မိုးအောက်တည်းမှာနေကြတဲ့လူတွေလေ။”

ထုံဝမ်၏စကားက မှန်ပေသည်။ ဖန်မိသားစုသည် အခုထိ အတူတူနေထိုင်ကြစဲဖြစ်ကာ ဘယ်စုံတွဲကမှ သီးခြားပြောင်းရွှေ့နေခြင်းမရှိတာကြောင့် မိသားစု၏ပိုင်ဆိုင်မှုကို မျှဝေသုံးစွဲကြခြင်းဖြစ်သည်။

ဖန်မိသားစုတွင် ယွမ်ဘီလီယံပေါင်းများစွာတန်ကြေးရှိသည့် ကုမ္ပဏီကြီးရှိသော်လည်း ၆၀ရာခိုင်နှုန်းကသာ သူတို့အပိုင်ဖြစ်ကာ ကျန်ရှယ်ယာများသည်တော့ ရှယ်ယာရှင်များပိုင်ဆိုင်ကြခြင်းဖြစ်သည်။

ဒါ့အပြင် သူတို့မိသားစုစီးပွားရေး၏ ပိုင်ဆိုင်မှု သုံးပုံနှစ်ပုံမှာ ထုတ်ယူ၍မရသည့် ငွေသေဖြစ်ပြီး ကျန်ငွေကြေးများကိုတော့ ကုမ္ပဏီဒေဝါလီမခံရစေရန် သုံးရမည့် အရေးပေါ်ငွေကြေးဖြစ်သည်။ ဒါကြောင့်ပဲ သူတို့အတွက် အိမ်အသုံးစားရိတ်မှာ များစွာမရှိတာကြောင့် လုချိုးထင် သူမမိသားစုကို ပေးခဲ့သည့် ယွမ်သန်းတစ်ရာကျော်သည် အလွန်များပြားလှသည်။

လုချိုးထင် ဘယ်လိုပြန်ပြောလို့ပြောရမှန်း မသိတော့ပေ။

“လက်မှတ်ထိုးလိုက်၊ မဟုတ်ရင် ကားနဲ့အိမ်ကိုတောင် မပေးတော့ဘူး။” ဖန်ပင်းဟွေ့ကတော့ လုချိုးထင်ကို ကွာရှင်းစာချုပ်တွင် လက်မှတ်ထိုးဖို့သာ ဖိအားပေးနေသည်။

“အမေ!” ဖန်ပင်းကျဲ့မှာ သူ့အမေကို တားချင်နေသော်လည်း သူ့အဖေကို ကြောက်ရတာကြောင့် နောက်ဆုံးဘာမှဆက်မပြောနိုင်တော့ပေ။

လုချိုးထင်လဲ စိတ်ပျက်နေရသည်။ သူမ လက်မှတ်မထိုးပေးချင်သော်လည်း သူမမှာ ရွေးချယ်စရာမရှိတော့ပေ။ ဖန်ပင်းဟွေ့သာ သူမ၏မကောင်းမှုများကို ဖော်ထုတ်လိုက်ပါက သူမထောင်ကျသွားနိုင်ကာ သူမမိသားစုကလဲ သူမကို ပြန်ထုတ်ပေးနိုင်ဖို့ အရည်အချင်းမရှိပေ။

နောက်ဆုံး လုချိုးထင် တုန်ရီနေသည့်လက်များဖြင့် သူမနာမည်ကို ရေးထိုးလိုက်ရကာ သူမလက်မှတ်ထိုးပြီးပြီးချင်းပင် ဖန်ပင်းဟွေ့က စာချုပ်ကို ဆွဲယူလိုက်တော့သည်။ “အခုချက်ချင်း မင်းအမှိုက်တွေကို ထုပ်ပိုးပြီး ထွက်သွားတော့!”

ထို့နောက် ဖန်ပင်းဟွေ့ အပေါ်ထပ်သို့တက်သွားတော့သည်။

လုချိုးထင်လဲ ဖန်ပင်းဟွေ့အမိန့်အတိုင်း လုပ်ဆောင်က မကြာလိုက်ဘဲ အိမ်မှထွက်လာလိုက်သည်။ သို့ပေမည့် သူမမိသားစုအိမ်ရှိရာသို့ မပြန်သွားဘဲ ဆေးရုံသို့သာ ဦးတည်ခဲ့သည်။ သူမဖန်ရွှယ်ချင်နှင့်တွေ့ကာ သူမဘာကြောင့်များ ဖန်ပင်းဟွေ့ကို သူတို့လုပ်ခဲ့သည့်အကြောင်းစုံအား ပြောပြလိုက်ရသလဲဆိုသည့် အကြောင်းအရင်းကို မေးချင်နေသည်။

“ဖန်ရွှယ်ချင်၊ ငါတို့လုပ်ထားတာပဲ နှစ်တွေအများကြီးကြာနေပြီကို နင်ဘာကြောင့် နင့်အစ်ကိုကိုသွားပြောလိုက်ရတာလဲ? နင့်အစ်ကိုက အခုပဲ ငါ့ကိုကွာရှင်းလိုက်ပြီ။ နင်အခုပျော်သွားပြီလား?” လူနာခန်းထဲသို့ဝင်လိုက်ပြီးသည်နှင့် ဖန်ရွှယ်ချင်ကို ပြစ်တင်စကားပြောတော့သည်။ ဖန်ရွှယ်ချင် ရုတ်တရက်ကြီး ဘာကြောင့် ထုတ်ဖော်ပစ်သလဲဆိုသည်ကို သူမနားမလည်နိုင်သေးပေ။

“နင်တို့ကွာရှင်းပြီးသွားပြီပေါ့?” ဖန်ရွှယ်ချင် အံ့ဩသွားပေမည့် နောက်တစ်စက္ကန့်တွင်ပဲ ကျေနပ်အားရစွာ အော်ရယ်တော့သည်။ “ဟ-ဟ၊ ဟ-ဟ၊ ကြားရတာ ဝမ်းသာလိုက်တာ!”

“လုချိုးထင်၊ နင်ဒီနေ့အစောပိုင်းက ငါ့ကို သတ်သေလိုက်ဖို့ ပြောခဲ့တာ မမေ့နဲ့လေ!”

“ဘာ?” လုချိုးထင် ထိတ်လန့်အံ့အားသင့်သွားတော့သည်။ ဖန်ရွှယ်ချင်က သူမဒေါသထွက်လို့ပြောလိုက်မိသည့် စကားတစ်ခွန်းအတွက်ကြောင့်နှင့် သူမကို သစ္စာဖောက်သွားလိမ့်မည်ဟု မယုံကြည်နိုင်ပေ။

“ဖန်ရွှယ်ချင်၊ ပြီးခဲ့တဲ့ရက်တွေအတွင်း ငါနင့်ကိုကောင်းကောင်းပြုစုခဲ့တာပါ၊ ဒါတောင် ဒီနေ့ငါဒေါသထွက်သွားလို့ ပြောလိုက်မိတဲ့စကားလေးကြောင့် ငါ့ကိုသစ္စာဖောက်လိုက်တယ်ပေါ့? ငါအတည်ပြောလိုက်တာမှမဟုတ်ဘဲ!” လုချိုးထင် မယုံကြည်နိုင်စွာ အော်ဟစ်လိုက်တော့သည်။

“နင်အတည်ပြောခဲ့တာ!” ရုတ်တရက်ဆိုသလို ဖန်ရွှယ်ချင် ထိန်းချုပ်နိုင်စွမ်းများ လျော့နည်းလာကာ အလွန်အမင်း စိတ်လှုပ်ရှားလာတော့သည်။

“နင်…” လုချိုးထင် ကူကယ်ရာမဲ့သွားတော့သည်။ သူမလဲ ကွာရှင်းခံရပြီးနေမှတော့ အခုမှ ဖန်ရွှယ်ချင်နှင့် စကားများနေ၍လဲ အဓိပ္ပါယ်မရှိတော့ပေ။ သို့သော်လည်း သူမသည်းမခံထားနိုင်ပေ။ ဖန်ရွှယ်ချင်က သူမအိမ်ထောင်ရေးပျက်စီးအောင် လုပ်လိုက်မှတော့ သူမလဲ ထိုက်သင့်သလောက် ပြန်ခံရမှာပေါ့။

“အရမ်းကိုကောင်းတယ်၊ နင်က ငါ့အိမ်ထောင်ရေးကို ဖျက်ဆီးခဲ့တယ်၊ ငါလက်ခံပေးနိုင်ပါတယ်၊ ဒါပေမယ့် နင်ကတော့ အဘွားကြီးပဲ၊ နင်ချစ်တဲ့ယောက်ျားက နင့်ကိုဘယ်တော့မှ အကြည့်ကလေးတစ်ချက်တောင် ပြန်ပေးလာမှမဟုတ်ဘူး၊ သူက လက်ထပ်ခွင့်တောင် တောင်းပြီးသွားပြီ!” ဖန်ရွှယ်ချင်ဒေါသထွက်လာစေရန် မနက်ကဖြစ်ရပ်ကို လုချိုးထင် ပြန်လည်ထည့်သွင်းပြောဆိုလိုက်သည်။

ထိုစကားကြောင့် တကယ်ကိုပဲ ဖန်ရွှယ်ချင် ဒေါသထွက်လာတော့သည်။ “နင့်ပါးစပ်ပိတ်ထားစမ်း!”

ထန်ယွင်ဖန်းက တခြားအမျိုးသမီးတစ်ယောက်နှင့် လက်ထပ်တော့မည်ဟူသည့် အမှန်တရားက ဖန်ရွှယ်ချင်၏နှလုံးသားထဲ ဆူးတစ်ချောင်းလို စူးစိုက်နေကာ ထိုအကြောင်းတွေးမိသွားတိုင်း နာကျင်ခံစားရသည်။

“ဘာလဲ? ဒါအခုတလော နာမည်ကြီးနေတဲ့သတင်းပဲလေ။ နင်ဘာလို့ လက်မခံနိုင်သေးတာလဲ? နင့်ရဲ့ ထန်ယွင်ဖန်းကို ချစ်ပါတယ်ဆိုတဲ့ စကားတွေက မုသားတွေပဲ။ နင်က သူ့ကိုအရမ်းချစ်တယ်လို့ ပြောပြီး သူကသာ နင့်တစ်သက်တာအတွက် လက်ထပ်မယ့် တစ်ဦးတည်းသောယောက်ျားပါလို့ ပြောနေပေမယ့် နင်က တစ်ပြိုင်နက်တည်း တခြားယောက်ျားပေါင်းများစွာနဲ့လဲ ပတ်အိပ်နေသေးတယ်။ နင်က တော်တော်ရွံစရာကောင်းတဲ့မိန်းမပျက်ပဲ။ နင့်လို ယောက်ျားပေါင်းများစွာနဲ့ပတ်အိပ်နေတဲ့မိန်းမကို ဘယ်ယောက်ျားမှ လက်ထပ်ချင်မှာမဟုတ်ဘူး!” လုချိုးထင်က ဖန်ရွှယ်ချင် ဒေါသထွက်ကာ အထိန်းအချုပ်မဲ့လာစေရန် သူမသိသမျှ အကုန်ထုတ်ပြောတော့သည်။

ဖန်ရွှယ်ချင်သည် သူမတခြားယောက်ျားများစွာနှင့် ပရောပရည်လုပ်နေသည့် အမှန်တရားကို ဖုံးကွယ်နိုင်လိမ့်မည်ဟု ထင်ထားပေမည့် လုချိုးထင်က မတော်တဆဆိုသလို သူမနှင့်ထိုယောက်ျားများစွာ စကားပြောထားသည့် ရွံစရာစကားခန်းကိုများကို တွေ့ရှိသွားခဲ့သည်။ ဒါ့အပြင် ဖန်ရွှယ်ချင်နှင့် တခြားယောက်ျားများ အတူရှိနေသည်ကိုလဲ အခေါက်ပေါင်းများစွာ မျက်မြင်တွေ့ခဲ့ဖူးသည်။ နောက်ဆုံး ဖန်ရွှယ်ချင်နှင့်လျှိုရှင်းချီတို့ အိပ်ရာပေါ်မှပတ်သတ်မှုများရှိနေသည်အား သိလိုက်ရချိန်တွင်တော့ သူမအလွန်ထိတ်လန့်သွားရသည်။

အရင်ကတော့ သူမလဲ ဖန်ရွှယ်ချင်ကို သူငယ်ချင်းကောင်းအနေဖြင့် သတ်မှတ်တာကြောင့် ထိုအကြောင်းအရာများကို ထုတ်မပြောခဲ့သော်လည်း ယခုတော့ သစ္စာဖောက်ခံရကာ သူတို့၏သူငယ်ချင်းဆက်ဆံရေး ပျက်စီးသွားပြီဆိုမှတော့ ထပ်ပြီး ဖုံးကွယ်ပေးနေစရာအကြောင်းမရှိတော့ပေ။

“နင့်ပါးစပ်ကို ပိတ်လိုက်!” အခုတော့ ဖန်ရွှယ်ချင်၏စိတ်များလွတ်ထွက်သွားပြီဖြစ်ကာ အခန်းထဲမှ ပစ္စည်းများကို ထပ်မံဖျက်ဆီးလာပြန်သည်။ သူမသာ ခွန်အားအလုံအလောက်ရှိနေလျှင် လုချိုးထင်ကိုတော့ အပိုင်းပိုင်းဆုတ်ဖြဲပစ်လောက်သည်။

ဖန်ရွှယ်ချင်၏ ရူးသွပ်စွာအော်ဟစ်သံက ဆရာဝန်များကို အာရုံစိုက်လာစေခဲ့သည်။

“ဘာဖြစ်တာလဲ?” ဆရာဝန်တစ်ဦးက အလျင်အမြန်ပဲ ဝင်လာကာ လုချိုးထင်ကို မေးလိုက်သည်။

လုချိုးထင်ကလဲ ကြောက်ရွံ့နေသလိုဟန်ဆောင်လိုက်ကာ။ “သူထပ်ပြီးရူးသွားပြန်ပြီထင်တယ်။ မြန်မြန်လေး သူ့ကို စိတ်ငြိမ်ဆေးထိုးပေးလိုက်ပါဦး။”

ဤရက်များအတွင်း ဖန်ရွှယ်ချင် ရူးသွပ်ကာသောင်းကျန်းလေ့ရှိတာကြောင့် ဆရာဝန်ကလဲ လုချိုးထင်၏စကားကို သံသယမဝင်တော့ဘဲ ချက်ချင်းပင် ဖန်ရွှယ်ချင်ကို စိတ်ငြိမ်ဆေးထိုးပေးလိုက်တော့သည်။

စိတ်ငြိမ်ဆေး၏သက်ရောက်မှုအောက်တွင် မကြာလိုက်ပါဘဲ ဖန်ရွှယ်ချင်ငြိမ်ကျသွားကာ အိပ်ရာထက်တွင် မလှုပ်မရှားနိုင်ဘဲဖြစ်သွားတော့သည်။ သို့ပေမည့် တစ်ချိန်လုံး လုချိုးထင်ကိုတော့ ဆိုက်ကြည့်နေခဲ့ကာ ခြိမ်းခြောက်နိုင်စွမ်းတော့မရှိပေ။

ဖန်ရွှယ်ချင်ကို စိတ်ငြိမ်ဆေးထိုးပြီးသွားသည်နှင့် ဆရာဝန်ပြန်ထွက်သွားကာ လုချိုးထင်လဲ ဖန်ရွှယ်ချင် နောက်တစ်ကြိမ် နာကျင်နေရသည့်အပေါ် ဝမ်းမြောက်ဝမ်းသာနေသည်။ “အခုဘယ်လိုခံစားရလဲ? နင်အရမ်းနာကျင်နေမှာပေါ့၊ ဟုတ်တယ်မလား? ဒါမျိုးကိုပဲ ငါဖြစ်စေချင်နေတာ။”

***

အခန်း ၈၀၄ အရှေ့တောင်အာရှမှ ကျီမိသားစု

ဖန်ရွှယ်ချင် တစ်ခုခုပြန်ပြောချင်သော်လည်း သူမပါးစပ်ဖွင့်လိုက်ပြီးအတော်ကြာသည်အထိ ဘာအသံကိုမှမထုတ်နိုင်ပေ။

“ဖန်ရွှယ်ချင်၊ နင်ကငါ့မိသားစုကို ဆုံးရှုံးရအောင်လုပ်ခဲ့တယ်၊ ငါကလဲ နင့်ကို ကောင်းကောင်းနေခွင့်ပြုမှာမဟုတ်ဘူး!” လုချိုးထင် ပြောရင်းဖြင့် ဖန်ရွှယ်ချင်၏ပါးကို ဖြတ်ရိုက်လိုက်သည်။ ရိုက်ချက်က ဖန်ရွှယ်ချင်၏ဒဏ်ရာပေါ်တည့်တည့်ကျရောက်တာကြောင့် လွန်စွာနာကျင်သွားရကာ ဖန်ရွှယ်ချင်၏မျက်ဝန်းထဲ မျက်ရည်ကြည်များ ဝဲတက်လာတော့သည်။

လုချိုးထင်ကတော့ ဖန်ရွှယ်ချင် နာကျင်သွားသည်ကို မြင်လိုက်ရသည်နှင့် လွန်စွာပျော်ရွှင်သွားကာ ဖန်ရွှယ်ချင်၏မျက်နှာပေါ်မှ ဒဏ်ရာတည့်တည့်သို့သာ ထပ်ခါထပ်ခါဆက်ရိုက်တော့သည်။

ပတ်တီးစည်းထားသည်မှာ ဒဏ်ရာတစ်ဝိုက်မှနေပြီ နီရဲရဲသွေးများ စိမ့်ထွက်ကာ ဖန်ရွှယ်ချင်သည်လဲ နာကျင်လွန်း၍ သတိလစ်လုမတတ်ပင်။ သို့ပေမည့် သူမမအော်ဟစ်နိုင်တာကြောင့် ညည်းသံများသာပြုလုပ်နိုင်ခဲ့သည်။

လုချိုးထင်လဲ သူမက အခုချက်ချင်းကြီး ဖန်ရွှယ်ချင်ကို သတ်ဖို့မဖြစ်နိုင်မှန်း သိတာကြောင့် သူမရိုက်ရတာ လုံလောက်သွားပြီဟု တွေးမိသွားသည်နှင့် ပြန်ထွက်သွားခဲ့သည်။

ထိုအချိန်တွင် ဖန်ရွှယ်ချင်မှာတော့ နာလွန်း၍ သေလှမျောပါးပင်။

………

ကုနင်း ယနေ့ညတော့ ကုမန့်ကို သွားမကြိုခဲ့ဘဲ ထန်မိသားစုအိမ်တွင်သာ နေစေခဲ့သည်။ ကုမန့်ကတော့ နေရခက်နေပေမည့် ထန်ယွင်ဖန်းက သူမကို နေစေချင်နေတာကြောင့် နောက်ဆုံး လက်ခံလိုက်သည်။

ဒါကြောင့် ကုနင်းနှင့်ချောင်ယသာ ဟွားဖုတောင်ကုန်းရှိအိမ်သို့ ပြန်လာဖြစ်ခဲ့သည်။

ည၁၀နာရီဝန်းကျင်တွင်တော့ ရက်ရှည်စွာသတင်းပျောက်နေခဲ့သည့် လုချိုးထင်၏ဖုန်းခေါ်ဆိုမှုကို ကုနင်းရရှိလိုက်သည်။

“ရှောင်းထင်!” ဖုန်းကိုင်ပြီးသည်နှင့် ချက်ချင်းပင် ကုနင်းလွမ်းဆွတ်မှုအပြည့်ဖြင့် ခေါ်ဆိုလိုက်မိသည်။

တကယ်တမ်း သူတို့ခွဲခွာနေရသည်မှာ ရက်အနည်းငယ်မျှသာရှိသေးပေမည့် ထိုအချိန်အတွင်း သူတို့ချင်း မဆက်သွယ်နိုင်ခဲ့တာကြောင့် ရက်ပေါင်းများစွာဝေးကွာနေရသလိုမျိုး အချင်းချင်းလွမ်းဆွတ်နေကြခြင်းဖြစ်သည်။

လင်ရှောင်းထင်သည်လဲ ကုနင်းကို တွေ့ချင်နေလှပြီ။

“နင်းနင်း၊ ကိုယ်အရမ်းလွမ်းနေတာ၊ မင်းကော လွမ်းရဲ့လား?” လင်ရှောင်းထင် အဖြေသိပြီးသား အကြောင်းအရာတစ်ခုကို မေးလိုက်သည်။ ကုနင်း၏နှုတ်ဖျားမှ ကိုယ်တိုင်ဖြေလာမည့်အဖြေကို လိုချင်နေခဲ့ခြင်းဖြစ်သည်။

“အွန်း၊ လွမ်းတာပေါ့၊ ရှင့်အကြောင်းပဲ တစ်ချိန်လုံးတွေးနေမိတာ။”

“ကိုယ် မနက်ဖြန်Bမြို့ကို လာမှာ၊ ဒါပေမယ့် တာဝန်ထမ်းဆောင်ဖို့ရှိသေးလို့ မင်းအနားတစ်ချိန်လုံးနေပေးနိုင်မှာတော့မဟုတ်ဘူး။” နောက်နေ့ ကုနင်းနှင့်တွေ့ရဖို့ရန် လင်ရှောင်းထင် အလွန်စိတ်လှုပ်ရှားနေပေမည့် သူမအနားတစ်ချိန်လုံးရှိပေးနိုင်မည်တော့မဟုတ်ပေ။

“အဆင်ပြေပါတယ်၊ ကျွန်မနားလည်တယ်။” ကုနင်း စိတ်ပျက်သွားရသော်လည်း နားလည်နိုင်မှုကတော့ အပြည့်ရှိသည်။

သူတို့ဆက်ပြီး စကားပြောနေခဲ့ကြကာ ခဏအကြာတွင်တော့ တစ်ဖက်ဖုန်းမှနေပြီး အမျိုးသမီးအသံတစ်သံကို ကုနင်းကြားလိုက်ရသည်။ “ဟေး၊ ရှောင်းထင်၊ ခြံထဲမှာဘာလုပ်နေတာလဲ?”

မိန်းကလေးအသံကြားလိုက်ရတာကြောင့် ကုနင်း ရုတ်ချည်းပင် မကျေမနပ်ဖြစ်သွားရကာ လင်ရှောင်းထင်လဲ အနည်းငယ်စိုးရိမ်ကြောက်ရွံ့မိသွားသည်။ “နင်းနင်း၊ ကိုယ်ရှင်းပြပါ့မယ်။ အဲ့ကောင်မလေးက ကိုယ့်သူငယ်ချင်းတစ်ယောက်ရဲ့ ညီမပါ။ အခု ဆွေးနွေးစရာလေးရှိလို့ ကျင်းချန်၊ရှင်းပိုင်တို့နဲ့အတူ ကိုယ့်သူငယ်ချင်းရဲ့နေရာကိုရောက်နေတာ။ သူတို့က အခန်းထဲမှာရှိနေတာ၊ ကိုယ်တစ်ယောက်ပဲ အပြင်ထွက်လာလို့လေ၊ ဒါကြောင့်ပဲ….”

“ကျွန်မယုံပါတယ်။” ကုနင်း လင်ရှောင်းထင်ကို ယုံကြည်ပေသည်။ မိန်းကလေးသံကိုကြားလိုက်ရချိန်က အနည်းငယ် စိတ်အလိုမကျဖြစ်သွားရုံသာဖြစ်သည်။ လင်ရှောင်းထင်အနေနှင့် တစ်ဘဝလုံးတခြားအမျိုးသမီးများနှင့် ပြောဆိုဆက်ဆံမှုမလုပ်ဘဲနေဖို့ မဖြစ်နိုင်ကြောင်း ကုနင်းနားလည်သည်။ သူမကိုယ်တိုင်လဲ အနားတွင် ယောက်ျားလေးမိတ်ဆွေများစွာရှိနေသည်မဟုတ်လား။

လင်ရှောင်းထင် တစ်ယောက်ယောက်နှင့်ဖုန်းပြောနေသည်ကို တွေ့လိုက်ရတော့ ကောင်မလေးက အနားသို့ကပ်မလာတော့သလို စကားလဲထပ်မပြောတော့ပေ။ နောက်ဆုံး ကုနင်းနှင့်လင်ရှောင်းထင်တို့ ဖုန်းပြောပြီးသွားချိန်မှသာ သူမစကားပြန်ပြောလာခဲ့သည်။ “ရှောင်းထင်၊ ဘယ်သူနဲ့ဖုန်းပြောနေတာလဲ?” သူမ၏အသံမှာ လွန်စွာချိုမြိန်လှသည်။

ကောင်မလေးမှာ အသက်၂၀စွန်းစွန်းပင်ရှိသေးကာ သူမ၏တင့်တယ်လှပသည့်သွင်ပြင်ကြောင့် သူမကိုမြင်လိုက်ရသည်နှင့် ဘယ်သူမှအကြည့်လွှဲနိုင်မည်မဟုတ်ပေ။ သို့ပေမည့် လင်ရှောင်းထင်ကတော့ ထိုမိန်းကလေး၏လှပမှင်သက်စရာကောင်းလှသည့် မျက်နှာချောချောအောက်တွင် ပိုင်ဆိုင်လိုစိတ်ကြီးမှုများ ကွယ်ဝှက်နေသည်ကို သိပေသည်။

“ဟိုင်း၊ မိန်းကလေးကျီ၊” လင်ရှောင်းထင် သူမ၏မေးခွန်းကို ပြန်လည်ဖြေကြားခြင်းမပြုဘဲ သာမာန်ကာလျှံကာ နှုန်ဆက်ကာ ဧည့်ခန်းထဲသို့ပြန်ဝင်သွားလိုက်သည်။

လင်ရှောင်းထင်၏အကျင့်စရိုက်ကို ကောင်းစွာသိကာ သူ့အမူအကျင့်များနှင့် ကျင့်သားရနေပြီဖြစ်သည့် ကျီပိုင်ယင်းကတော့ သူမကို လင်ရှောင်းထင် လျစ်လျူရှုသွားသည့်အတွက် လုံးဝစိတ်မကောင်းမဖြစ်မိပေ။ သူမလဲ လင်ရှောင်းထင်နောက်မှလိုက်လာကာ ဧည့်ခန်းထဲသို့ပြန်လာခဲ့သည်။

သူတို့ယခုရောက်ရှိနေသည့်နေရာမှာ အရှေ့တောင်အာရှတွင်တည်ရှိသည့် နိုင်ငံခြားကျွန်းတစ်ခုဖြစ်သည်။ လင်ရှောင်းထင်တို့နေ,နေသည့်နေရာကတော့ ကျီမိသားစုပိုင်အိမ်တော်တွင်ဖြစ်သည်။ ကျီမိသားစုတွင် အရှေ့တောင်အာရှမှ အကြီးဆုံးလက်နက်တင်ပို့သူများထဲမှတစ်ဦးပင်။ ကျီပိုင်ယင်းကတော့ ကျီမိသားစုမှ ပထမဇနီး၏သမီးဖြစ်တာကြောင့် သူမမိသားစုတွင် သူမ၏အနေအထားမှာ မြင့်မားလှသည်။

ဧည့်ခန်းထဲတွင်တော့ ရှုကျင်းချန်၊ ရှင်းပိုင်နှင့် နောက်ထပ်အသက်၃၀ ဝန်းကျင်အမျိုးသားတစ်ဦးတို့ထိုင်နေကြသည်။

လင်ရှောင်းထင်ဝင်လာသည်နှင့် အမျိုးသားက ချက်ချင်းမတ်တပ်ထလိုက်ကာ၊ “အခုပဲ ငါ့အဖေကိုသွားတွေ့ကြတာပေါ့။”

ထိုလူကတော့ ကျီရှောက်မင်ဖြစ်ကာ ကျီမိသားစုမှပထမဇနီး၏သားဖြစ်ပြီး အမွေဆက်ခံသူလဲဖြစ်သည်။

လင်ရှောင်းထင်တို့လဲ ချက်ချင်းပင် ကျီရှောက်မင်နောက်ထလိုက်ခဲ့ကြပေမည့် ကျီပိုင်ရင်းကတော့ နောက်တွင်ချန်နေရစ်ခဲ့သည်။

ကျီမိသားစုအိမ်တော်သည် ကျယ်ဝန်းရုံမက တင်းကျပ်စွာစောင့်ကြပ်ထားခြင်းလဲဖြစ်သည်။ ဧည့်သူများသည် ရှေ့ဘက်ခြံဝန်းထဲတွင်သာ လွတ်လပ်စွာလှုပ်ရှားသွားလာနိုင်သည်။ သူတို့သာ နောက်ဘက်ခြံဝန်းထဲသို့ဝင်လိုက်လျှင် ချက်ချင်းသေနတ်နှင့်အပစ်ခံရမည်သာ။ ကျီမိသားစုသည် လက်နက်တင်ပို့သူများဖြစ်တာကြောင့် သူတို့တွင် သေနတ်များ၊ ဗုံးများရှားပါးသွားသည်ဟူ၍ မရှိပေ။

လင်ရှောင်းထင်၊ ရှုကျင်းချန်နှင့် ရှင်းပိုင်တို့ ကျီရှောက်မင်နောက်မှနေကာ နောက်ဘက်ခြံဝန်းထဲသို့လိုက်သွားပြီးနောက် အဆောက်အဦးငယ်တစ်ခုရှေ့တွင် ရပ်တန့်လိုက်ကြသည်။

ထိုအဆောက်အဦး၏ လေးဘက်လေးတန်လုံးတွင်တော့ အစောင့်များရှိနေကာ ဘယ်သူစိမ်းမှ အထဲသို့ခွင့်ပြုချက်မရှိဘဲ ဝင်သွားနိုင်မည်မဟုတ်ပေ။

သူတို့အားလုံး အဆောက်အဦးငယ်ရှေ့သို့ရောက်သည်နှင့် အထဲမှနေပြီး သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦး ချက်ချင်းထွက်လာကာ ကျီရှောက်မင်ကို တလေးတစားဦးညွှတ်လိုက်ပြီးနောက် အထဲသို့လမ်းပြခေါ်ဆောင်သွားသည်။

အဆောက်အဦးငယ်ထဲသို့ဝင်ပြီးနောက် အထဲမှအခန်းတစ်ခန်းထဲသို့ ဆက်ဝင်ခဲ့ကြသည်။ ထိုအခန်းတစ်ခန်းလုံးတွင်တော့ ဆေးအကူပစ္စည်းမျိုးစုံဖြင့် ပြည့်နှက်နေကာ ကုတင်တစ်လုံးလဲရှိသည်။

ကုတင်ပေါ်တွင်တော့ အောက်ဆီဂျင်တပ်ထားရသည့် သတိလစ်နေသောအမျိုးသားတစ်ဦးရှိနေသည်။

ထိုလူကတော့ ကျီမိသားစု၏ခေါင်းဆောင် ကျီရှောက်မင်နှင့် ကျီပိုင်ယင်းတို့၏အဖေဖြစ်ပေမည့် သူ၏ဦးဏှောက်အာရုံကြောများ ပျက်စီးနေတာကြောင့် အခုတော့ အချိန်ကြာမြင့်စွာ သတိကင်းမဲ့နေခဲ့သည်။ ဒါကြောင့်ပဲ အခုဆိုလျှင် ကျီရှောက်မင်ကသာ ကျီမိသားစုကို ဦးဆောင်နေရခြင်းဖြစ်သည်။

ကျီမိသားစုသည် လင်ရှောင်းထင်နေထိုင်ရာတိုင်းပြည်၏စစ်တပ်နှင့် ရင်းနှီးသည့်ပူးပေါင်းဆောင်ရွက်သူဖြစ်တာကြောင့် ကျီရှောက်မင်နှင့်လင်ရှောင်းထင်တို့သည်လဲ ရင်းနှီးသည့်ရဲဘော်ရဲဘက်များဖြစ်လာကြသည်။

ကျီမိသားစု၏အမွေဆက်ခံသူအနေဖြင့် ကျီရှောက်မင်သည်လဲ ငယ်စဉ်ကတည်းက လင်ရှောင်းထင်တို့ လေ့ကျင့်ခဲ့ရသည့် ငရဲလေ့ကျင့်ရေးမျိုးနှင့် ကွာခြားမှုမရှိသည့် အထူးလေ့ကျင့်ရေးမျိုး လုပ်ဆောင်ခဲ့ရတာကြောင့် သူတို့ချင်း အမေဇုန်တောထဲတွင် အကြိမ်ပေါင်းများစွာ ဆုံခဲ့ဖူးကာ ရန်သူများကိုလဲ အတူတကွ ပူးပေါင်းတိုက်ခိုက်ဖူးကြသည်။

ကျီမိသားစုခေါင်းဆောင်၏သတင်းကို လင်ရှောင်းထင်ကြားရပြီးနောက် ကျီရှောက်မင်နှင့် သူ့စိတ်ဆန္ဒအရစကားပြောညှိနှိုင်းဖို့လာခဲ့ခြင်းဖြစ်သည်။ သူ့ဘက်က ကျီရှောက်မင်၏အဖေကို ကုသပေးနိုင်ပေမည့် အခြေအနေတစ်ခုတော့ ရှိပေသည်။

***

အခန်း ၈၀၅ သဘောကျတာလား? ပိုင်ဆိုင်ချင်ရုံလား?

အခြေအနေကတော့ ကျီမိသားစုဘက်မှနေပြီး လင်ရှောင်းထင်လာရာ တိုင်းပြည်မှစစ်တပ်နှင့် ပူပေါင်းဆောင်ရွက်မှုတွင် ပိုမိုဖြည့်စည်းထောက်ပံ့ပေးရန်ဖြစ်သည်။

ကျီရှောက်မင် ခဏတာသာတုံ့ဆိုင်းမိလိုက်သည်။ ဒါက ဆိုးရွားသည့်အပေးအယူမျိုးလဲမဟုတ်သလို သူတို့ဘက်က အမြတ်များစွာရမည့်အရေးလဲမဟုတ်ပေ။ သို့ပေမည့် လက်ရှိတွင် သူ့အဖေက အသက်အန္တရာယ်ရှိနေတာကြောင့် ကျီရှောက်မင်လဲ သူ့အဖေကို ကယ်တင်ဖို့ရန်အတွက် ကမ်းလှမ်းချက်ကို လက်ခံလိုက်သည်။ လင်ရှောင်းထင်သာ သူ့အဖေကို ကုသပေးနိုင်သွားတာ မဟုတ်လဲ အနည်းဆုံးတော့ သူ့အဖေအခြေအနေ ဒီထက်ပိုမဆိုးလာဘူးဆိုလျှင်ကို အကောင်းဆုံးဖြစ်နေပေပြီ။

သူ့အဖေသာ သေဆုံးသွားခဲ့လျှင် လင်ရှောင်းထင်က သူတာဝန်ယူမည်ဟုလဲ အာမခံထားပေသည်။

ဒါကြောင့်ပဲ တခြားလူများအမြင်တွင် ဤကမ်းလှမ်းချက်မှာ လင်ရှောင်းထင်အတွက် အန္တရာယ်များလွန်းပေမည့် လင်ရှောင်းထင်ကတော့ ကုနင်းကိုယုံကြည်တာကြောင့် ကုသနိုင်မည်ဟု ယုံကြည်ချက်ရှိလို့နေသည်။ လင်ရှောင်းထင်က ကျီမိသားစုခေါင်းဆောင်ကို ကုနင်း၏အထူးဆေးဖြင့် ကယ်တင်ဖို့ကြံရွယ်ထားခြင်းဖြစ်သည်။

ဆေးဘက်ဆိုင်ရာဝန်ထမ်းများထွက်သွားကာမှ လင်ရှောင်းထင် ဆေးပုလင်းငယ်လေးတစ်ခုကို ထုတ်ယူကာ ကျီရှောက်မင်ဆီသို့ ကမ်းပေးလိုက်သည်။ “ဒီထဲမှ ဆေးသုံးလုံးရှိတယ်။ သုံးရက်နေရင် တစ်လုံးစီတိုက်ပေး၊ အခုလဲ တစ်လုံးတိုက်လိုက်ဦး။”

“ကောင်းပြီ။”

ကျီရှောက်မင် ဆေးပုလင်းကို ယူလိုက်ကာ လူနာကုတင်နားသို့သွားလိုက်သည်။ ထို့နောက် သူ့အဖေ၏မျက်နှာပေါ်မှ အောက်ဆီဂျင်ပိုက်ကို ဖြုတ်ကာ ဆေးတစ်လုံးထုတ်ပြီး ချက်ချင်းပင် သူ့အဖေ၏ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။

လင်ရှောင်းထင်နှင့်သဘောတူညီမှုယူပြီးကတည်းက လင်ရှောင်းထင်ကိုသာ ယုံကြည်ထားလို့ဖို့ စိတ်ကူးပြီးသားဖြစ်သည်။ သူ့အဖေ၏အသက်ကို အလေးထားပေမည့် လင်ရှောင်းထင်ကိုလဲ ယုံကြည်ပေသည်။

စိတ်စွမ်းအင်သလင်းကျောက်သည် ကျီရှောက်မင်အဖေ၏ပါးစပ်ထဲသို့ဝင်သွားပြီးသည်နှင့် ချက်ချင်းအရည်ပျော်သွားကာ ခန္ဓာကိုယ်တစ်ခုလုံးသို့ စွမ်းအင်များစီးဆင်းသွားခဲ့သည်။ ထိုစွမ်းအင်များက ခေါင်းပိုင်းသို့ဝင်ရောက်သွားသည့် ဦးဏှောက်အာရုံကြောများပျက်စီးနေခြင်းကို စတင်ကုသတော့သည်။

၁၀မိနစ်ကျော်မျှကြာပြီးနောက်တွင်တော့ ကျီရှောက်မင်အဖေ၏အသက်ရှူနှုန်းမှာ ပုံမှန်ပြန်ဖြစ်လာတာကြောင့် သူပင် ထိတ်လန့်သွားရသည်။

“ဝိုး၊ ဒါက….” ကျီရှောက်မင် ဘာဆက်ပြောလို့ပြောရမှန်းပင် မသိဖြစ်သွားသည်။

တကယ်တော့ အစပိုင်းတွင် ကျီရှောက်မင် အများကြီးမမျှော်လင့်ထားခဲ့ပေမည့် အခုတော့ လုံးဝအံ့အားသင့်နေတော့သည်။

အရင်ကတည်းက ဆေး၏မယုံနိုင်စရာအစွမ်းထက်ပုံကို ကြားဖူးထားပြီးသားဖြစ်သည့် ရှုကျင်းချန်နှင့်ရှင်းပိုင်တို့တောင်မှ အလွန်အံ့အားသင့်သွားရပြန်သည်။ သူတို့ အရင်က ကြားရုံကြားဖူးထားရပေမည့် အခုတော့ မျက်မြင်ကိုယ်တွေ့ ဆေးစွမ်းကို မြင်တွေ့ရပေပြီ။

“ဒီဆေးအကြောင်းကို လျှို့ဝှက်ထားပေးပါ။” လင်ရှောင်းထင် ကျီရှောက်မင်ကို တောင်းဆိုလိုက်သည်။

“ကောင်းပါပြီ။” ကျီရှောက်မင်လဲ ဆေးအကြောင်း ထပ်မမေးတော့ပေ။ ထို့နောက် ချက်ချင်းပင် သူ့အဖေခန္ဓာကိုယ်အခြေအနေကိုစစ်ရန် ဆရာဝန်တစ်ယောက်ကို လှမ်းခေါ်လိုက်သည်။

ဆရာဝန်သည်လဲ သခင်ကြီးကျီ အချိန်တိုအတွင်း ပြန်လည်ကောင်းမွန်လာတာကြောင့် အလွန်အံ့အားသင့်နေတော့သည်။ ဆန်းကြယ်လှချည်လား!

ဆရာဝန်ကတော့ သခင်ကြီးကျီ ပြန်လည်ကောင်းမွန်လာခြင်းက ဆေးတစ်လုံးကြောင့်လို့ မထင်တာကြောင့် ကျီရှောက်မင်ကို ဘာတွေဖြစ်သွားတာလဲဟု မေးမလာပေ။ သူကတော့ သခင်ကြီးကျီ သူ့ဘာသာ ပြန်ကောင်းလာခြင်းဟုသာ ထင်နေသည်။

ကျီရှောက်မင်ကလဲ ထိုအကြောင်းနှင့်ပတ်သတ်ပြီး ရှင်းလင်းပြောပြခြင်းမပြုခဲ့ပေ။

“သခင်လေးကျီ၊ သခင်ကြီးကျီရဲ့အခြေအနေက ပိုကောင်းလာပါပြီ၊ အခုသူ့အသက်အန္တရာယ်ရှိတဲ့အခြေအနေကနေ ကျော်လွှားနိုင်သွားပြီ!” ဆရာဝန်လဲ အတော်စိတ်လှုပ်ရှားလို့နေကာ ကျီရှောက်မင်လဲ စိတ်အေးသွားရသည်။

အခု သခင်ကြီးကျီ၏အခြေအနေ ပိုကောင်းလာပြီဆိုမှတော့ လင်ရှောင်းထင် ကမ်းလှမ်းလာသည့်အခြေအနေအတွက် ကျီရှောက်မင် စိတ်ကျေနပ်စွာ လက်ခံထားလိုက်သင့်ပြီဖြစ်သော်လည်း မနက်ဖြန်ထွက်လာမည့် သခင်ကြီးကျီ၏ကျန်းမာရေး နောက်ဆုံးစစ်ဆေးချက်ကိုတော့ စောင့်ရပေဦးမည်။

ထို့နောက် ကျီရှောက်မင်က လင်ရှောင်းထင်တို့ကို အနားယူဖို့ခေါ်သွားရန် အိမ်အကူတစ်ယောက်ကို ပြောလိုက်သည်။

ကျီရှောက်မင်ကတော့ အဓိကအိမ်တော်မှ ဧည့်ခန်းထဲသို့ပြန်လာခဲ့သည်။

ကျီပိုင်ယင်းသည်တော့ ဧည့်ခန်းထဲတွင် တစ်ချိန်လုံးတီဗီထိုင်ကြည့်နေကာ လင်ရှောင်းထင် ပြန်အလာကို စောင့်နေခဲ့ပေမည့် ကျီရှောက်မင် တစ်ယောက်တည်း ပြန်လာသည်ကိုတွေ့လိုက်ရကာ စိတ်ပျက်သွားတော့သည်။

ကျီပိုင်ယင်း၏အမူအရာကြောင့် ကျီရှောက်မင်ခင်ဗျာ ဘာပြောလို့ပြောရမှန်း မသိတော့ပေ။ ဒါပေါ့ ကျီပိုင်ယင်းသည် တော်တော်ကြာကတည်းက လင်ရှောင်းထင်ကို သဘောကျနေပေမည့် လင်ရှောင်းထင်ဘက်ကတော့ ကျီပိုင်ယင်းကို ဘယ်တုန်းကမှ သဘောမကျခဲ့မှန်းလဲ သူသိပေသည်။ အတိအကျဆိုရလျှင်တော့ အရင်တုန်းကတည်းက လင်ရှောင်းထင်သည် တခြားအမျိုးသမီးများအပေါ် အာရုံထားသည်အား သူတစ်ခါမှမတွေ့ဖူးခဲ့ခြင်းဖြစ်သည်။

သူလဲ ကျီပိုင်ယင်းကို လင်ရှောင်းထင်နှင့်လက်တွဲသွားစေချင်နေလျှင်တောင် လင်ရှောင်းထင်နှင့် သူ့ကြားက ရင်းနှီးမှုကိုလဲ မပျက်စီးစေချင်ပေ။ ဒါကြောင့် သူတို့ကြားထဲ အရှုပ်အရှင်းတွေရှိလာခြင်းထက် အင်အားခြင်းပေါင်းစည်းကာ ကောင်းမွန်သည့်ဆက်ဆံရေးတည်ဆောက်ခြင်းက ပို၍သာပေသည်။

“ရှောက်မင်၊ ရှောင်းထင်ရော?” ကျီပိုင်ယင်းမေးလိုက်သည်။

“သူအနားယူဖို့ ပြန်သွားပြီလေ။”

“အခုမှအစောကြီးရှိသေးတာကို!” ကျီပိုင်ယင်း မကျေမနပ်ပြန်ပြောမိသည်။

“ပိုင်ယင်း၊ မင်းလက်လျှော့လိုက်သင့်ပြီ။ သူက မင်းကို ကြိုက်မှမကြိုက်ဘဲ။” ဒါက ပထမဆုံးအကြိမ်အဖြစ် ကျီရှောက်မင်က သူမကို လက်လျှော့လို့ဖို့ တိုက်တွန်းခြင်းဖြစ်သည်။

ကျီပိုင်ယင်း၏နှုတ်ခမ်းများ တွန့်ချိုးသွားတော့သည်။ သူမလဲ လင်ရှောင်းထင် သူမအပေါ် စိတ်ဝင်စားမှုမရှိမှန်း သိသေချာသိပေမည့် သူမကတော့ သူ့ကိုကြိုက်နေမိစဲပင်။ ထိုသဘောကျခြင်းမျိုးက တကယ်ချစ်မြတ်နိုးတာလား ဒါမှမဟုတ် မရနိုင်သည့်အရာတစ်ခုကို ပိုင်ဆိုင်ချင်ရုံလားကိုတော့ သူမကိုယ်တိုင်လဲ မသိပေ။

စတွေ့ကတည်းက ထိုလူအပေါ် သူမနစ်မျောမိသွားခဲ့သည်။ သို့ပေမည့် ထိုလူက သူမကိုလျစ်လျူရှုထားလေ သူမကလဲ ထိုလူကို ပိုပိုင်ဆိုင်ချင်လာလေပင်။

“ငါ့အထင် ရှုကျင်းချန်ဆိုလဲ ကောင်းတာပါပြ။ ဘာလို့ မင်းပစ်မှတ်ကို မပြောင်းလိုက်တာလဲ?” ကျီရှောက်မင် အဆိုပြုလိုက်သည်။ လင်ရှောင်းထင်နှင့်ယှဉ်လျှင် ရှုကျင်းချန်က ပို၍သာလွန်သော ရွေးချယ်မှုပင်။ လင်ရှောင်းထင်ကတော့ သူ့အမြင်တွင် အေးစက်စက်နှင့်စက်ရုပ်တစ်ရုပ်နှင့်သာ တူပေသည်။

ဒါပေါ့ လင်ရှောင်းထင်မှာ ချစ်ရသူရှိသွားပြီမှန်း သူလုံးဝမသိသေးပါဘူး။

“မရဘူး၊ ရှောင်းထင်ကသာ ငါအလိုချင်ဆုံးယောက်ျားပဲ!”

ကျီရှောက်မင်လဲ ပြောမရသည့်အဆုံး သူ့အခန်းသို့သာ ပြန်လာခဲ့တော့သည်။

နောက်တစ်နေ့မနက်တွင်တော့ လင်ရှောင်းထင်နှင့် မနက်စာအတူစားခွင့် လက်လွှတ်လိုက်ရမည်စိုး၍ ကျီပိုင်ယင် အစောကြီးကတည်းက နိုးလာခဲ့သည်။

“ရှောင်းထင်၊ မနက်စာကို ကြိုက်ရဲ့လား?” ကျီပိုင်ယင်းမှာ စကားစဖို့ကြိုးစားနေပေမည့် လင်ရှောင်းထင်ကတော့ ဘာမှပြန်မပြောဘဲ ခေါင်းညိတ်ရုံသာ ညိတ်ပြလေသည်။

သူတို့အားလုံးမြန်မြန်ဆန်ဆန်ပဲ စားသောက်ခဲ့တာကြောင့် ကျီပိုင်ယင်းခင်ဗျာ လင်ရှောင်းထင်နှင့် စကားပြောဖို့ စကားစမရှာနိုင်သေးခင်တွင်ပဲ မနက်စာစားခြင်းအမှုပြီးဆုံးသွားကြတော့သည်။

ထို့နောက် ကျီရှောက်မင်က သူတို့ကို အနောက်ဘက်ခြံဝန်းထဲသို့ခေါ်သွားကာ ဒီတစ်ခေါက်လဲ ကျီပိုင်ယင်းမလိုက်ခဲ့ပေ။

သူတို့အဖွဲ့ မနေ့က အခန်းထဲသို့ဝင်လာချိန်တွင်တော့ ဆရာဝန်က၊ “သခင်လေးကျီ၊ သခင်ကြီးကျီရဲ့ ဦးဏှောက်အာရုံကြောတွေက အပြည့်အဝနီးပါးပြန်ကောင်းလာပါပြီ၊ တခါတလေတောင် သူ့လက်ချောင်းလေးတွေ လှုပ်လာတတ်ပြီ။ မကြာခင် ပြန်သတိရလာတော့မယ်ထင်တယ်!”

“တကယ်ပဲလား!” ကျီရှောက်မင် အလွန်ဝမ်းသာသွားတော့သည်။

“ဟုတ်တာပေါ့!”

သတင်းကောင်းကိုကြားပြီးနောက် ကျီရှောက်မင်လဲ သူ့အဖေ မကြာခင် ပြန်သတိရလာတော့မည်မှန်း သေချာသွားတာကြောင့် အပေးအယူစာချုပ်အသစ်ချုပ်ရန်အတွက် လင်ရှောင်းထင်တို့ကို အဓိကအိမ်တော်မှ စာဖတ်ခန်းထဲသို့ခေါ်သွားလိုက်သည်။

သခင်ကြီးကျီက လောလောဆယ်သတိမေ့မျောနေစဲဆိုသော်လည်း မကြာခင်အချိန်အတွင်း ပြန်သတိရလာမည်သာ။

စာချုပ်အသစ်တွင် လက်မှတ်ထိုးပြီးသွားသည်နှင့် လင်ရှောင်းထင်တို့အဖွဲ့ ပြန်ထွက်လာခဲ့ကြသည်။

***

All Chapters