← Chapters

အခန်း (၈၁၁-၈၁၅)

Vol. 55 Ch. 811-815

အခန်း (၈၁၁-၈၁၅)

Vol. 55 Ch. 811-815

အခန်း ၈၁၁ ဝမ်ရှင်း အချစ်တွေ့နေပြီလား?

ရှုကျင်းချန်နှင့်ရှင်းပိုင်တို့ ကားထဲဝင်ပြီးသည်နှင့် ရှင်းပိုင်က ချက်ချင်းပင် ချောင်ဝမ်ရှင်းထံသို့ ဖုန်းဆက်လိုက်သည်။ ချောင်ဝမ်ရှင်းထံမှ ရလာမည့်အဖြေကို သူထပ်မစောင့်နိုင်တော့ပေ။

ထိုမြင်ကွင်းကြောင့် ရှုကျင်းချန်မှာတော့ အနည်းငယ်ဝမ်းနည်းလို့ လာတော့သည်။ သူ့ညီအစ်ကိုတွေအားလုံးက ချစ်သူရှိသွားတာနဲ့ ချစ်သူရှိလာတော့မည့်လူနဲ့ ဖြစ်ကုန်ပေမည့် သူကတော့ နဂိုအတိုင်းတစ်ကိုယ်တည်းသမားသာ ဖြစ်နေစဲပင်။

ရှုကျင်းချန်၏ဖုန်းခေါ်ဆိုမှုကို ချောင်ဝမ်ရှင်းလက်ခံရရှိချိန်တွင် သူမသူငယ်ချင်းများဖြစ်သည့် ကောင်းချန်ယွင်နှင့်အန်းယန်တို့နှင့်အတူ ကော်ဖီဆိုင်တစ်ဆိုင်၌ စကားဝိုင်းဖွဲ့နေခဲ့ခြင်းဖြစ်သည်။ သူတို့သုံးဦးအသက်များမှာ ရွယ်တူနီးနီးဖြစ်ကြကာ တက္ကသိုလ်အသီးသီးမှ ဘွဲ့ရခဲ့ပြီးကာစများလဲ ဖြစ်တာကြောင့် အခုချိန်တွင် သုံးဦးသားလုံး အလုပ်လက်မဲ့များဖြစ်ကြသည်။

သို့ပေမည့် သူတို့အားလုံးက သူတို့မိသားစုအပေါ်တွင်သာ အမြဲတမ်းမှီခိုနေဖို့ မရည်ရွယ်ထားကြပေ။ သူတို့မိသားစုများ၏ ချမ်းသာကြွယ်ဝမှုက သူတို့ကို တစ်သက်တာလုံး ချမ်းချမ်းသာသာ ဇိမ်ရှိရှိထိုင်စားလောက်အောင် လုံလောက်နေသော်လည်း သူတို့ကတော့ သူတို့ကိုယ်ပိုင်အရည်အချင်းဖြင့် အလေးအနက်ထားကာ တစ်စုံတစ်ခုကို လုပ်သင့်သည်ဟု ယုံကြည်ထားကြသည်။

ချောင်ဝမ်ရှင်းသည် စစ်တပ်ကော ရဲဘက်ကိုပါ ဝင်ရောက်ခွင့်ပြုခြင်းမံထားရပေမည့် နိုင်ငံရေးဘက်ကိုလဲ သဘောမကျတာကြောင့် စီးပွားရေးလုပ်ငန်းကသာ ရွေးချယ်မှုကောင်းတစ်ခုအဖြစ်ကျန်နေသည်။

ကောင်းချန်ယွင်သည်လဲ စီးပွားရေးကို စိတ်ဝင်စားသူဖြစ်သည်။

အန်းယန်သည်တော့ အာဏာရှိသည့်မိသားစုမှ မွေးလာသူဖြစ်ပေမည့် သူက အစိုးရထံတွင် အလုပ်လုပ်ခြင်းက ငြီးငွေ့စရာကောင်းသည့် အလုပ်ဟုထင်က ထိုအလုပ်မျိုးကို မုန်းပေသည်။ ထိုအလုပ်အစား စီးပွားရေးက ပိုပျော်စရာကောင်းသည်ဟု တွေးမိတာကြောင့် သုံးရောက်သား ဆွေးနွေးမှုလုပ်ရန် ဤနေရာသို့ရောက်လာခဲ့ခြင်းပင်။

လောလောဆယ် သူတို့အတွက် အဓိကပြဿနာကတော့ ဘယ်စီးပွားရေးနယ်ပယ်ထဲကို ဝင်ရောက်သင့်လဲဆိုတာပင်?

သူတို့ဆွေးနွေးနေစဉ်မှာပဲ ရုတ်တရက်ဆိုသလို ဖုန်းသံတစ်သံက ဝင်ရောက်ဖြတ်နှောက်ခဲ့သည်။ ခေါ်ဆိုသူနာမည်ကိုတွေ့လိုက်ရသည်နှင့် ချောင်ဝမ်ရှင်း၏ မျက်နှာက နီရဲလာကာ နှလုံးခုန်နှုန်းများလဲ မြန်ဆန်လာခဲ့သည်။

ရုတ်တရက်ကြီး ရှင်းပိုင်က သူမကို ဖုန်းဆက်လာတယ်ဆိုတော့ သူအခု Bမြို့ကိုရောက်နေပြီး သူမဆီမှ အဖြေကို ကြားချင်နေတာပဲဖြစ်ရမယ်။ သူမရှင်းပိုင်ကို ပြောခဲ့သည့်စကားအကြောင်း ပြန်တွေးလိုက်မိသည်နှင့် သူမရင်ခုန်သံက ပိုလို့တောင် မြန်ဆန်လာတော့သည်။

“အမ်၊ ခနနော်၊ ငါဒီဖုန်းကိုင်မှဖြစ်မှာမလို့။” ချောင်ဝမ်ရှင်းက ခွင့်တောင်းပြီးသည်နှင့် ချက်ချင်းထထွက်သွားသည်။

ချောင်ဝမ်ရှင်၏ မျက်နှာနီနီကိုတွေ့လိုက်ရတော့ ကောင်းချန်ယွင်နှင့်အန်းယန်တို့ သဘောပေါက်သလို အကြည့်ချင်းဖလှယ်မိသွားကြသည်။

“ဝမ်ရှင်း အချစ်တွေ့နေတာများလား?” အန်းယန် ခန့်မှန်းကြည့်လိုက်သည်။ မသေချာလှသော်လည်း ဖြစ်နိုင်ချေများသည်ဟု ထင်မိသည်။

“ဟုတ်မယ်ထင်တယ်။” ကောင်းချန်ယွင်ကတော့ အနည်းငယ်ဝမ်းနည်းနေဟန်ဖြင့် ထောက်ခံလိုက်သည်။

ကောင်းချန်ယန်က သူတို့ကလေးဘဝကတည်းက ချောင်ဝမ်ရှင်းကို ကြိုက်နေသည်အား ချောင်ဝမ်ရှင်းမသိခဲ့သလို သူမကတော့ သူ့ကို အမြဲတမ်း သူငယ်ချင်းတစ်ယောက်အဖြစ်သာ ဆက်ဆံခဲ့သည်။

အရင်တုန်းကတော့ သူတို့နှစ်ယောက်လုံး သူတို့ချစ်ရသူကို ရှာမတွေ့ခဲ့လျှင် နှစ်ယောက်စမ်းတွဲကြည့်လျှင်မကောင်းဘူးလားဟု ချောင်ဝမ်ရှင်းကို သူစနောက်ကာပြောခဲ့ဖူးသော်လည်း သူမက ချက်ချင်းငြင်းပယ်ခဲ့သည်။ နောက်ပိုင်းတော့ ကောင်းချန်ယန်လဲ သူတို့ကြားမှ သူငယ်ချင်းဆက်ဆံရေးလေးပါ ပျက်စီးသွားမည်စိုး၍ ထိုအကြောင်း ဘယ်တော့မှ ထပ်မပြောတော့ပေ။ ကျန်းကျီကျန့်နှင့်ချောင်ဝမ်ရှင်းတို့ကြားက အဖြစ်အပျက်ကိုပဲ ကြည့်ပါလား။ ကျန်းကျီကျန့်က သူချောင်ဝမ်ရှင်းကို စိတ်ဝင်စားနေကြောင်း ဝင်ခံခဲ့ပေမယ့် ချောင်ဝမ်ရှင်းက ငြင်းလိုက်တာကြောင့် အခုဆို သူတို့ချင်းတွေ့ခဲ့လျှင်ပင် အရင်လိုတရင်းတနှီးမဖြစ်ကြတော့ပေ။

သူတို့နှစ်ယောက် မတွဲဖြစ်နိုင်လျှင်တောင် အနည်းဆုံးတော့ သူငယ်ချင်းကောင်းအဖြစ် ဆက်ရှိနေနိုင်ကာ သူလဲ စိုးရိမ်စရာမလိုဘဲ သူမကိုကူညီစောင့်ရှောက်နေနိုင်ဦးမည်။ ချောင်ဝမ်ရှင်းတွင် ရည်းစားမရှိသေးသ၍ သူ့မှာ မျှော်လင့်ချက်ရှိနေစဲပင်။ ချောင်ဝမ်ရှင်းနှင့်တွဲနိုင်ဖို့ သူမျှော်လင့်မိပေမည့် မဖြစ်လာခဲ့လျှင်လဲ အတင်းရှေ့ဆက်တိုးဖို့ မရည်ရွယ်ပေ။

ချောင်ဝမ်ရှင်း အမြန်ပဲ လူရှင်းသည့်နေရာသို့ ထွက်လိုက်ကာ ဘာမှမဖြစ်သလို ဟန်ဆောင်လိုက်သည်။ “ဟိုင်း၊”

“မင်း အခုဘယ်မှာလဲ?” ရှင်းပိုင်မေးလိုက်သည်။ ဖုန်းထဲမှ ရှင်းပိုင်၏အသံမှာ တည်ငြိမ်လှသော်လည်း တကယ်တမ်း အလွန်စိုးရိမ်ပူပန်ကာ စိတ်လှုပ်ရှားနေသည်ကိုတော့ သူသာသိပေသည်။ ချောင်ဝမ်ရှင်းက နောက်တစ်ခါ သူတို့ပြန်တွေ့လျှင် သူ့ကိုအဖြေပေးမည်ဟု ပြောထားခဲ့သည်။ တစ်နည်းဆိုရသော်လည်း မကြာခင်တွင်ပဲ ချောင်ဝမ်ရှင်းက သူချစ်သူကောင်မလေးဖြစ်လာပေတော့မည်။

“ငါ သူငယ်ချင်းတွေနဲ့ကော်ဖီဆိုင်မှာ။”

“ဘယ်ဆိုလဲ? ငါလာကြိုမယ်လေ။”

“နင် အခု Bမြို့ကိုပြန်ရောက်နေပြီပေါ့?” ချောင်ဝမ်ရှင်း သိပြီးသားအဖြေတစ်ခုကိုပဲ ပြန်မေးလိုက်သည်။

“ဟုတ်တယ်၊ အခုပဲ လေဆိပ်ကထွက်လာတာ၊ မင်း ဘယ်ဆိုင်မှာရှိနေတာလဲ?”

“ငါ-ငါ ဖန်ရှန်းဈေးဝယ်စင်တာက ကောင်းကင်ကော်ဖီဆိုင်မှာ။”

“ကောင်းပြီ၊ ငါ ခဏနေဆိုရောက်မယ်။ ကုနင်းရယ် တခြားသူငယ်ချင်းတွေရယ်နဲ့အတူ ညနေစာစားကြတာပေါ့။” သူတစ်ယောက်တည်းက ခေါ်လျှင် ချောင်ဝမ်ရှင်း ငြင်းလိုက်မည်စိုးတာကြောင့် ကုနင်းကို အကြောင်းပြလိုက်သည်။

“အိုး၊ ဟုတ်ပြီလေ။”

ရှင်းပိုင်ဖုန်းချပြီးသည်နှင့် ရှုကျင်းချန်က စနောက်ခဲ့သည်။ “မင်းတို့ဘယ်တုန်းက စတွဲလိုက်တာလဲ? မင်းပြောတာ တစ်ခါမှမကြားပါဘူး။”

“မတွဲသေးပါဘူး၊ ဒါပေမယ့် မကြာတော့ဘူး။ ခဏလောက်နေတာနဲ့ ငါတို့တရားဝင်စုံတွဲဖြစ်လာတော့မှာ!” ရှင်းပိုင်ပုံစံက အလွန်ကျေနပ်ကာ ဂုဏ်ယူနေဟန်ပေါက်တာကြောင့် ရှုကျင်းချန် ထပ်ပြီးမနာလိုဖြစ်သွားရသည်။

အခုဆိုလျှင် သူတို့အဖွဲ့ထဲမှာ ရှုကျင်းချန်တစ်ယောက်သာ တစ်ကိုယ်တည်းသမားဖြစ်နေသေးတာ ဖြစ်နိုင်သည်။ လင်ရှောင်းထင်နှင့်ကုနင်းတို့ ချစ်ကြည်နူးနေသည့် ပုံရိပ်များကို မြင်ရသည်နှင့်ပင် သူ့ရင်တွေနာပါတယ်ဆို မကြာခင်မှာပဲ အသစ်စက်စက်စုံတွဲဖြစ်လာမည့် ရှင်းပိုင်နှင့်ချောင်ဝမ်ရှင်းတို့ကြောင့်လဲ ထပ်ပြီးရင်နာရပေဦးမည်။ ဘာကြောင့် သူတစ်ယောက်တည်း ကျန်နေတာလဲ?

………

ခဏအကြာတွင်တော့ ချောင်ဝမ်ရှင်း နေရာသို့ပြန်လာကာ သူမသူငယ်ချင်းများကို တောင်းပန်လိုက်သည်။ “တောင်းပန်ပါတယ်ဟာ၊ ငါညနေစာ နင်တို့နဲ့မစားနိုင်လောက်တော့ဘူး။ နင်းနင်းရယ် သူ့ချစ်သူရယ်၊ တခြားသူ့ချစ်သူရဲ့သူငယ်ချင်းတွေရယ် ရောက်နေလို့ ငါတို့စုံကြမလို့။”

“တကယ်လား?” အန်ယန်ကတော့ မယုံဘဲ ချောင်ဝမ်ရှင်း၏ လက်မောင်းကို ဆွဲဖက်လိုက်ကာ၊ “ပြောပါဦး၊ နင်အချစ်တွေ့နေပြီလား?”

“မတွေ့ပါဘူး!” ချောင်ဝမ်ရှင်း ငြင်းဆန်လိုက်ပေမည့် သူမမျက်နှာကတော့ သူမစကားနှင့် ဆန့်ကျင်စွာပဲ ထပ်မံနီရဲလာပြန်သည်။

“မတွေ့ဘူးလား? နင့်မျက်နှာနင်ပြန်ကြည့်စမ်းပါဦး။ လာညာနေသေးတယ်! လုပ်စမ်းပါ၊ အစောက နင်နဲ့ဖုန်းပြောနေတာ ဘယ်သူလဲ?” အန်းယန် ထပ်မေးလိုက်သည်။

ရှင်းပိုင်နှင့်သူမက စုံတွဲအစစ်မဖြစ်သေးတာကြောင့် ချောင်ဝမ်ရှင်း အနည်းငယ်ရှက်ကိုးရှက်ကန်းဖြစ်လာရသည်။ “အခုတော့ မဟုတ်သေးဘူး။ မကြာခင် ဖြစ်လာတော့မှာပါ။”

“ဒီတော့ နင် အချစ်တွေ့သွားပြီဆိုတာ အမှန်ပဲပေါ့?”

“အွန်း။” ချောင်ဝမ်ရှင်း အသံတိုးတိုးဖြင့် အတည်ပြုလိုက်သည်။

“ဝိုး၊ ဂုဏ်ယူပါတယ်!” ကောင်းချန်ယန်က အပြုံးလေးဖြင့် ပြောလိုက်ခြင်းဖြစ်သော်လည်း အခုချိန်မှာ သူအသဲကွဲနေကြောင်း သူတစ်ယောက်သာ သိပေသည်။

“ဟမ်, နင်တောင် ချစ်သူရတော့မှာဆိုတော့ ငါလဲ ချစ်ဖူးချင်လာပြီ။” အန်းယန်ပင်လဲ ချောင်ဝမ်ရှင်း၏ခံစားချက်များ ကူးစက်ခံလာရသည်။

ထိုအခါ ကောင်းချန်ယန်က၊ “နင့်အတွက် ကောင်လေးတစ်ယောက်ရဖို့ မခက်ပါဘူး။ နင့်ကို ကြိုက်နေတဲ့သူတွေအများကြီးရှိတာ ငါတို့အားလုံးသိနေတာပဲကို။”

***

အခန်း ၈၁၂ ကုနင်း လျစ်လျူရှုခံလိုက်ရတယ်

“အဲ့လောက်လွယ်မနေဘူး။ ငါက သူရော ငါရော နှစ်ဦးနှစ်ဖက်သဘောကျမဲ့လူမျိုးကို ရှာနေတာ၊ မဟုတ်ရင် တစ်ဖက်တည်းဆို ပျင်းစရာကောင်းတယ်လေ။” အန်းယန်ပြောလိုက်သည်။

မင်းက မြင်းတစ်ကောင်ကို ရေသောက်ရန် ဦးဆောင်လမ်းပြလို့ရသော်လည်း မြင်းရေသောက်လောင်အောင်တော့ လုပ်လို့မရပေ။ လူအများစုက သူတို့ကိုမချစ်ကြသည့်လူများအပေါ် ချစ်မိသွားတတ်ကြကာ သူတို့အပေါ် ချစ်မြတ်နိုးသူများကိုတော့ သဘောမကျတတ်ကြပေ။ ထိုသို့တွေးလိုက်မိသည်နှင့် အန်းယန်က သူမခေါင်းကို ခါယမ်းလိုက်ရင်း၊ “ထားလိုက်ပါတော့၊ ကံကြမ္မာအတိုင်းပဲ ဆက်ဖြစ်သွားပါလေ့စေ။”

ထို့နောက် သူမက ချောင်ဝမ်ရှင်းဘက်ကို ပြန်ကြည့်လိုက်ကာ၊ “နင်တကယ်ပဲ သိပ်မကြာခင် ချစ်သူရှိလာတော့မှာဆိုတော့ ငါတို့ကို သူတစ်နပ်လောက်ဝယ်ကျွေးသင့်တယ်။ ငါတို့က အရင်းနှီးဆုံးသူငယ်ချင်းတွေပဲမဟုတ်လား။”

အခုထိ ချစ်သူမဖြစ်သေးတာကြောင့် ချောင်ဝမ်ရှင်းကို ထိုလူက ဘယ်သူလဲဆိုတာ အန်းယန်ကော ကောင်းချန်ယန်ပါ မမေးကြပေ။

“ရတာပေါ့။” ချောင်ဝမ်ရှင်း ပြုံးရယ်နေသည်။

သူတို့သုံးဦးသား ကော်ဖီဆိုင်တွင်ပဲ ဆက်ရှိနေကာ သူတို့၏စီးပွားရေးစကားဝိုင်းကို ဆက်ခဲ့ကြသည်။

၃၅မိနစ်လောက်ကြာပြီးချိန်တွင်တော့ ချောင်ဝမ်ရှင်း၏ဖုန်းက ထပ်မံမြည်လာကာ ခေါ်ဆိုသူကလဲ ရှင်းပိုင်ပင်။

ဒီတစ်ခါတော့ ချောင်ဝမ်ရှင်း ဖုန်းကိုချက်ချင်းပဲကိုင်လိုက်သည်။ “ရောက်နေပြီလား?”

“ရောက်ပြီ၊ အခု အောက်ထပ်မှာ။”

“ဟုတ်ပြီ၊ ငါအခုပဲ လာခဲ့မယ်။” ထို့နောက် ဖုန်းချလိုက်ကာ ချောင်ဝမ်ရှင်းလဲ သူမလက်ကိုင်အိတ်ကို ယူလိုက်ပြီး၊ “ကဲ ငါသွားတော့မယ်။”

“ဘိုင်-ဘိုင်။” “ဘိုင်၊” အန်းယန်က လက်ပြနှုတ်ဆက်ကာ ကောင်းချန်ယန်လဲပဲ နှုတ်ဆက်ခဲ့သည်။

ချောင်ဝမ်ရှင်းထွက်သွားပြီးကာမှ အန်းယန်က သက်ပြင်းတစ်ချက်ချကာ ကောင်းချန်ယန်ကို လွန်စွာသနားနေပုံဖြင့်၊ “အခုတော့ နင်လက်လျှော့လိုက်လို့ရပြီထင်တယ်။”

ကောင်းချန်ယန် ချောင်ဝမ်ရှင်းကို ဟိုးယခင်ကတည်းက သဘောကျနေသည်အား အန်းယန် သိထားပေမည့် ကောင်းချန်ယန်ကတော့ သူ့ခံစားချက်များကို တစ်ခါမှဝန်မခံခဲ့ပေ။

တစ်ခါတလေတွေ့ သူမလဲ ကောင်းချန်ယန်ကို ကူညီပေးလိုက်ချင်ပေမည့် ချောင်ဝမ်ရှင်း၏အကျင့်ကို သေချာသိနေတာကြောင့် ဘာမှမလုပ်ခဲ့ပေ။ တစ်ပြိုင်နက်တည်းမှာပဲ လူနှစ်ဦးကြား၏ခံစားချက်ကို အပြင်လူတစ်ယောက်က တွန်းအားပေးရုံဖြင့် ရမည်မဟုတ်ကြောင်းကိုလဲ သူမနားလည်သည်။

“မင်း မှန်ပါတယ်။” ကောင်းချန်ယန် လက်လျှော့လိုက်ပြီဖြစ်သော်လည်း ဝမ်းနည်းနေမိတုန်းပင်။

“အရမ်းဝမ်းနည်းမနေပါနဲ့၊ ကိုယ့်ကိုမကြိုက်တဲ့လူတစ်ယောက်ကို သဘောကျမိသွားတယ်ဆိုတာ သာမာန်ကိစ္စပါပဲ။ အချိန်က အရာရာကို ကုစားပေးသွားမှာပါ။” အန်းယန် ဆက်ပြီးနှစ်သိမ့်လိုက်သည်။

“ကျေးဇူးပဲ။” ကောင်းချန်ယန် စိတ်ပျက်စွာပြုံးလိုက်မိသည်။ အချိန်က တကယ်ပဲ အရာရာကိုကုစားပေးသွားမှာဆိုပေမယ့် ကုစားမပြီးခင်အချိန်အထိ နာကျင်နေရဦးမှာပင်။

ချောင်ဝမ်ရှင်း အောက်ထပ်သို့ဆင်းလာသည်နှင့် ရှင်းပိုင် သူမကို ရပ်စောင့်နေသည်အား တန်းတွေ့လိုက်ကာ အလွန်စိတ်လှုပ်ရှားသွားပြီး မျက်လုံးချင်းတောင် ဆုံမကြည့်ရဲခဲ့ပေ။

“မင်းအခု ငါ့ကိုအဖြေပြောလို့ရပြီလား?” ရှင်းပိုင်ကတော့ ချောင်ဝမ်ရှင်းကို စိုက်ကြည့်လိုက်သည်။

“ဘ-ဘာကို ပြောတာလဲ?” ရှင်းပိုင် ဘာကိုမေးမှန်းမသိသလိုမျိုး ချောင်ဝမ်ရှင်း ဟန်ဆောင်လိုက်သည်။

ချောင်ဝမ်ရှင်းကလဲ သူမရှက်နေမှန်း သိတာကြောင့် သူ့အပြုံးက ပိုလို့တောက်ပလာတော့သည်။ ချောင်ဝမ်ရှင်းက သူနှင့်တွေ့ဖို့ သဘောတူခဲ့မှတော့ သူ့ချစ်သူဖြစ်ဖို့လဲ သဘောတူကြောင်း သဘောဆောင်ပေသည်။

“မင်း ကိုယ့်ချစ်သူဖြစ်ပေးနိုင်မလား?” ရှင်းပိုင် လိုရင်းကိုပဲ တန်းမေးလိုက်တော့သည်။ ဒီအချိန်ပိုင်းလေးက သူ့ဘဝမှာ သတိရှိရှိနှင့်ပြောလိုရာကို တန်းပြောနိုင်သည့် ပထမဆုံးအကြိမ်ပင်ဖြစ်သည်။

“အာ….” ချောင်ဝမ်ရှင်းပိုရှက်လာရသည်။

“ဖြစ်ပေးနိုင်မလား?” ရှင်းပိုင် ထပ်မေးလိုက်ပြန်တာကြောင့် ချောင်ဝမ်ရှင်းလဲ သူမခေါင်းကို အတင်းငုံ့ကာ ပြန်ဖြေလိုက်တော့သည်။ “အွန်း။”

ချောင်ဝမ်ရှင်း၏အဖြေကိုရလိုက်သည်နှင့် ရှင်းပိုင် စိတ်လှုပ်ရှားသွားတော့သည်။ အခု သူတို့လူကြားထဲရောက်နေခြင်းသာမဟုတ်ပါက သူမကို ပွေ့ဖက်က ချက်ချင်းနမ်းမိမှာပင်။

ကိစ္စတိုင်းက သူတွေးသလိုပဲ အစီအစဉ်အတိုင်းဖြစ်လာတာကြောင့် ချောင်ဝမ်ရှင်းကို တစ်ခုခုပေးဖို့ သူပြင်လိုက်သည်။

“ခနလေးစောင့်ပေးဦး။” ပြောပြီးသည်နှင့် ကောင်တာဆီသို့လျှောက်သွားလိုက်သည်။ ထိုနေရာတွင်တော့ ရှင်းပိုင် ကြိုတင်ပြင်ဆင်ထားသည့် အနီရောင်နှင်းဆီပန်းစည်းကြီးတစ်ခုရှိနေသည်။

“ဒီမှာ၊ မင်းအတွက်။”

ချောင်ဝမ်ရှင်းခဗျာ ငိုချင်လာတော့ကာ သူမမျက်လုံးအိမ်ထဲတွင်တော့ ပျော်ရွှင်မှုမျက်ရည်များဖြင့် ပြည့်နှက်နေသည်။ သူမပန်းစည်းရတာ ဒါပထမဆုံးအကြိမ်မဟုတ်သော်လည်း ပန်းစည်းရတာကြောင့် ငိုမိမတတ်ပျော်ရွှင်မိတာကတော့ ပထမဆုံးအကြိမ်ပင်။

ချောင်ဝမ်ရှင်း နှင်းဆီပန်းစည်းကြီးကို ယူလိုက်ကာ ရှင်းပိုင်နှင့်လက်ချင်းတွဲ၍ အပြင်သို့ထွက်လာခဲ့သည်။

ရှင်းပိုင်က သူတို့ဆိုင်ကိုရောက်ကတည်းက ချောင်ဝမ်ရှင်းနှင့် နှစ်ယောက်တည်းအချိန်ဖြုန်းလိုတာကြောင့် ရှုကျင်းချန်ကို ပထုတ်လိုက်ပြီဖြစ်သည်။ ရှုကျင်းချန်မှာ ဆက်နေကာ၊ စကားလေးဘာလေးပြောချင်နေသော်လည်း အတွဲသစ်၏ ခွေးစာများထပ်စားရကာ သူ့ရင်တွေထပ်နာနေမည်စိုးတာကြောင့် ကျင်းလင်ဟိုတယ်သို့ ကားယူကာ ထွက်သွားတော့သည်။

အခုတော့ သူတစ်ယောက်တည်းကသာ ရှောင်ဖယ်ပေးရသူဖြစ်လာခဲ့ပြီ။

“စောသေးတယ်၊ ငါတို့လမ်းခဏလောက် လျှောက်ကြမလား?” ရှင်းပိုင် အကြံပြုလိုက်သည်နှင့် ချောင်ဝမ်ရှင်းလဲ အပြုံးလေးဖြင့် ချက်ချင်းသဘောတူပေသည်။ သူတို့ဘယ်ကိုသွားကြမည်ကို ချောင်ဝမ်ရှင်း ဂရုမထားဘဲ ရှင်းပိုင်နှင့်သာအတူရှိနေသ၍ ပျော်ရွှင်ကျေနပ်နေမှာပင်။

…….

တစ်ချိန်တည်းလိုလိုမှာပဲ ကုနင်းသည်လဲ ဟိုတယ်သို့ချက်ချင်းမသွားဘဲ ထန်မိသားစုအိမ်တော်သို့သွားခဲ့သည်။

အခု သူမလဲBမြို့မှာ ရှိနေသေးတာကြောင့် ထန်မိသားစုထံသို့ သွားလည်သင့်ပေသည်။

အခုက အလုပ်ချိန်သာဖြစ်သေးတာကြောင့် ထန်ယွင်ဖန်း မရှိသေးဘဲ အိမ်တော်တွင် ထန်ဟိုင်ဖုန်း၊ ကျန်းလီဟွာ နှင့်ကုမန့်တို့သာ ရှိသည်။ ထန်ဟိုင်ဖုန်းက စာကြည့်ခန်းထဲတွင် စာဖတ်နေကာ ကျန်းလီဟွာနှင့် ကုမန့်ကတော့ ဥယျာဉ်ထဲတွင် စကားပြောရင်း သစ်ပင်များ ပန်းပင်များကို ပုံသွင်းနေကြသည်။

ထန်အိမ်တော်တွင် ဥယျာဉ်မှူးများရှိကြသော်လည်း ကျန်းလီဟွာက သူမအိမ်မှာရှိနေသည့်အချိန်များဆိုလျှင် ဥယျာဉ်လုပ်ခြင်းက စိတ်အပန်းပြေစရာကောင်းသည်ဟု ခံစားရတာကြောင့် ကိုယ်တိုင်လုပ်လေ့ရှိသည်။

“အိုး၊ နင်းနင်း လာပြီပဲ!”

ခြံဝန်းထဲသို့ကားဝင်လာသည်နှင့် ကျန်းလီဟွာနှင့်ကုမန့်တို့က ကုနင်းလာခြင်းမှန်း တန်းသိလိုက်ကြသည်။ ဒါကြောင့်ပဲ သူတို့လက်ထဲမှ ဥယျာဉ်ပစ္စည်းများကို ချကာ ကုနင်းအနားသို့သွားလိုက်ကြသည်။

ကားထဲမှ ကုနင်းနှင့်အတူ လင်ရှောင်းထင်ပါ ဆင်းလာသည်ကို မြင်လိုက်ရတာကြောင့် နှစ်ယောက်လုံး အံ့ဩသွားကြတော့သည်။

“ရှောင်းထင်?”

လင်ရှောင်းထင်ကို မြင်လိုက်ရကြသည့်အတွက် အလွန်ဝမ်းသာသွားကြပုံပင်။ ကုနင်း ငယ်ငယ်ရွယ်ရွယ်နှင့်ရည်းစားထားသည်က သိပ်မကောင်းလှဟု ထင်မိကြသော်လည်း လင်ရှောင်းထင်ကတော့ သူတို့အတွက် အထင်အမြင်ကောင်းများ ထားရှိခဲ့တာကြောင့် လင်ရှောင်းထင်ကိုတော့ အထင်ကြီးကြသည်။

“တွေ့ရတာဝမ်းသာပါတယ်!” လင်ရှောင်းထင် စတင်နှုတ်ဆက်လိုက်သည်။

“လာတိုင်း လက်ဆောင်တွေအများကြီး ယူလာဖို့မလိုပါဘူး!” လင်ရှောင်းထင်လက်ထဲမှ အိတ်ကြီးအိတ်ငယ်များကို ကျန်းလီဟွာသတိထားမလိုက်တာကြောင့် ပြောလိုက်ခြင်းဖြစ်သည်။ လင်ရှောင်းထင်၏စေတနာဖြစ်မှန်း သိသော်လည်း သူတို့ သူတို့မိသားစုဝင်တစ်ဦးအဖြစ် လက်ခံထားကြပြီးဖြစ်တာကြောင့် လက်ဆောင်တွေမလိုတော့ပေ။

“နောက်တစ်ခါကျ မဝယ်လာတော့ပါဘူး။” လင်ရှောင်းထင် ပြောသာပြောလိုက်သော်လည်း နောက်တစ်ခါကျ မဝယ်လာဘဲ နေမည်မဟုတ်ပေ။

ထို့နောက် ကျန်းလီဟွာနှင့် ကုနင်းတို့က လင်ရှောင်းထင်ကို အိမ်ထဲသို့ခေါ်သွားကာ ကုနင်းကိုတော့ လုံးဝလျစ်လျူရှုထားခဲ့သည်။

ကုနင်းကတော့ အနည်းငယ်ရှက်ကိုးရှက်ကန်းဖြစ်သွားပြီး သူမနှာခေါင်းကိုသာ ပွတ်လိုက်မိသည်။ ကြည့်ရတာ သူမအမေနဲ့အဒေါက အခုတော့ သူမထက် လင်ရှောင်းထင်ကို ပိုသဘောကျနေကြသည့်ပုံပဲ။

***

အခန်း ၈၁၃ ခဲအိုဝမ်းကွဲ

ကုနင်းနှင့်လင်ရှောင်းထင်တို့ ရောက်လာသံကိုကြားတာကြောင့် ထန်ဟိုင်ဖုန်းလဲ အပြင်ထွက်လာခဲ့သည်။ သူသည်လဲ ကုနင်းကို ရိုးရိုးရှင်းရှင်း နှုတ်ဆက်စကားတစ်ခွန်းဆိုပြီးနောက် လင်ရှောင်းထင်ကိုသာ အာရုံထားနေသည်။ ကုနင်းလဲ ဒါကဆိုးတယ်လို့ မခံစားရပေမည့် သိပ်ပြီးတော့ အကျင့်မဖြစ်သေးပေ။ အရင်ကဆိုလျှင် သူမရောက်လာသည်နှင့် သူမအနားတွင်သာ ဝိုင်းနေကြသည့်လူများဖြစ်ပေမည့် အခုတော့ သူတို့အာရုံတွေအကုန်က လင်ရှောင်းထင်ဆီသာ ရောက်နေသည်။

“ရှောင်းထင်၊ ငါနဲ့ချက်စ်ကစားကြမလား?” ထန်ဟိုင်ဖုန်း အကြံပေးလိုက်သည်။

“ဟုတ်ကဲ့ ကစားတာပေါ့။” လင်ရှောင်းထင် သဘောတူလိုက်ပြီးနောက် ထန်ဟိုင်ဖုန်းနှင့် ချက်စ်ကစားရန် လိုက်သွားခဲ့သည်။

“မင်း ချက်စ်ကစားတာတော်မှန်းသိတယ်၊ ဒီတော့ မင်းအရည်အချင်းတွေ အကောင်းဆုံးသာထုတ်သုံး။” ထန်ဟိုင်ဖုန်းမှာ သူက ကုနင်းအဖိုးဖြစ်နေတာကြောင့်နဲ့ နိုင်သွားသည့်အဖြစ်မျိုးမလိုချင်ပေ။

ထန်ယွင်ဖန်းက လင်ရှောင်းထင်လောက် ချက်စ်ကစားတာမတော်တာကြောင့် ထန်ဟိုင်ဖုန်းမှာ နောက်ဆုံးတော့ သူ့ပြိုင်ဘက်ဖြစ်ပြီဟုတွေးကာ ပျော်ပျော်ကြီးကစားတော့သည်။

“ကောင်းပါပြီ၊ အဖိုး။”

အစပိုင်းတွင်တော့ ထန်ဟိုင်ဖုန်းနှင့်လင်ရှောင်းထင်တို့ လက်ရည်ချင်းတူခဲ့ကြသော်လည်း နောက်ပိုင်းတွင်တော့ လင်ရှောင်းထင်ဘက်က အသာရလာကာ ကပ်ကာနိုင်သွားခဲ့သည်။

“အရမ်းကောင်းတယ်!” ထန်ဟိုင်ဖုန်းသည်တော့ ဒီပြိုင်ပွဲက သူ့အတွက်မလွယ်ကူလှသော်လည်း လုံးဝစိတ်မကျေမနပ်မဖြစ်ခဲ့ပေ။ သူ့သူငယ်ချင်းများနှင့် ချက်စ်ကစားသည့်အချိန်များတွင် သာမာန်ဆို တစ်ဖက်နှင့်တစ်ဖက် နိုင်သူကြိုသိနိုင်သည်အထိ ကွာခြားချက်အများကြီးနှင့် နိုင်ကွက်ယူထားလေ့ရှိတာကြောင့် ပျော်စရာလုံးဝမကောင်းပေ။

ကျန်းလီဟွာက လင်ရှောင်းထင်ကို ညစာစားသွားရန်ပြောသော်လည်း ကုနင်းက သူတို့သူငယ်ချင်းများနှင့်သွားတွေ့ရမည့်အကြောင်း ပြောခဲ့သည်။ လင်ရှောင်းထင်က လေယာဉ်ပေါ်မှဆင်းဆင်းချင်း အိမ်သို့တန်းလာခဲ့သည့်အကြောင်းကိုလဲ ကုနင်းပြောပြလိုက်သေးသည်။

ထန်မိသားစုဝင်များ၏ရင်ထဲ ထိရှလို့သွားကာ လင်ရှောင်းထင်ကို ပိုလို့တောင် သဘောကျသွားတော့သည်။

ညနေ၆နာရီလောက်တွင်တော့ လင်ရှောင်းထင်လဲ ညပိုင်းတွင် သူ့အဖွဲ့ဝင်များနှင့်အတူ တာဝန်ထမ်းဆောင်ရမည်ဖြစ်တာကြောင့် ကုနင်းနှင့်လင်ရှောင်းထင်တို့ အိမ်မှပြန်ထွက်လာကြသည်။

လင်ရှောင်းထ၏တာဝန်နှင့်ပတ်သတ်ပြီးတော့ လျှို့ဝှက်လွန်းမှန်းသိ၍ ကုနင်းဘာမှမမေးခဲ့ပေ။

သူမတို့နှစ်ယောက် တံခါးအပြင်သို့ပြန်ထွက်လာချိန်တွင်ပဲ အိမ်သို့ပြန်လာသည့် ထန်ယွင်ဖန်းနှင့် တွေ့ခဲ့သည်။ ကုနင်းနှင့်လင်ရှောင်းထင်ကို မြင်လိုက်ရတာကြောင့် ထန်ယွင်ဖန်းလဲ အနည်းငယ်အံ့ဩသွားသည်။ ကုနင်းကို တွေ့ရသည်အား ဝမ်းသာပေမည့် လင်ရှောင်းထင်ကို တွေ့လိုက်ချိန်တွင်တော့ မျက်နှာခပ်တည်တည်ဖြစ်သွားသည်။ သူလင်ရှောင်းထင်ကို သဘောမကျလို့တော့မဟုတ်ပေမယ့် သူက ကုနင်းအဖေဖြစ်နေပေသည်။ သူသာ လင်ရှောင်းထင်ကို စည်းကမ်းတင်းတင်းကြပ်ကြပ်နှင့် မဆက်ဆံပါက လင်ရှောင်းထင်က ကုနင်းကို မပြေးသွားနိုင်သည်ဟု တွေးနေမိသည်။

“တွေ့ရတာဝမ်းသာပါတယ်။ လူကြီးမင်းထန်။”

“ဟိုင်း၊ အဖေ။”

“ညစာစားချိန်ရောက်နေပြီ၊ မင်းတို့ ဘယ်သွားကြမလို့လဲ?”

“ကျွန်တော်တို့ သူငယ်ချင်းတွေနဲ့ချိန်းထားလို့ သွားတွေ့မလို့ပါ။” လင်ရှောင်းထင်ကပဲ ပြန်ဖြေလိုက်သည်။

“အို၊ ကောင်းပြီလေ။”

သူတို့မှာ ချိန်းထားပြီးသားရှိနေမှတော့ ထန်ယွင်ဖန်းလဲ ဆွဲထားမနေတော့ပေ။ ထို့နောက် ကုနင်းတို့ကို ဖြတ်ကျော်လာပြီးကာမှ ထန်ယွင်ဖန်းက၊ “ဒီည သမီးအမေကို လာမကြိုနဲ့တော့။”

“ဟ-ဟ။” ကုနင်း မနေနိုင်ပဲ ရယ်လိုက်မိသည်။

ထန်ယွင်ဖန်းသည်လဲ သူ့သမီးထံမှအရယ်ခံလိုက်ရတာကြောင့် အနည်းငယ်ရှက်သွားပေမည့် ဘာမှမဖြစ်သလိုပုံစံနှင့် အထဲဆက်ဝင်သွားသည်။

ထို့နောက် ကုနင်းနှင့်လင်ရှောင်းထင်တို့ သူတို့ကားဖြင့်ပဲ ပြန်ထွက်လာခဲ့ကြသည်။

ယနေ့ည ကုနင်းနှင့်အတူ ရှိမနေနိုင်တာကြောင့် လင်ရှောင်းထင် နည်းနည်းဝမ်းနည်းနေမိသည်။ သူတို့အတွက် သီးသန့်အချိန်လေးနည်းနည်းတောင် မရှိဘူးပဲ။

လမ်းတွင်တော့ ကုနင်းဆီသို့ ကေက ဖုန်းဆက်လာသည်။

“ဘော့စ်၊ ငါအခုပဲ မူမိသားစုရဲ့တရားမဝင်လုပ်ရပ်တွေအကြောင်း သက်သေရသွားပြီ။ ငါ မူမိသားစုကို ပြန်တိုက်ရင် ထန်မိသားစု သူတို့ကိုကူညီမှာလား?” ကေမေးလိုက်သည်။ သူ့ဘက်က မူမိသားစုကို လက်စားချေဖို့ စိတ်ဆုံးဖြတ်ပြီးသားဖြစ်သော်လည်း မူမိသားစုနှင့်ထန်မိသားစု၏ဆက်ဆံရေးကရှိနေသေးတာကြောင့် ကုနင်း၏အမြင်ကို မေးရခြင်းဖြစ်သည်။

“ငါ အဖိုးကိုပြောပြီးသွားပြီ၊ ထန်မိသားစုက ဝင်ပါမှာမဟုတ်ဘူး။ နင်လုပ်ချင်တာသာလုပ်။”

“ကောင်းလိုက်တာ!” ဒီတော့မှ ကေလဲ စိတ်အေးသွားတော့သည်။

ကေနှင့်ဖုန်းပြောပြီးသည်နှင့် အန်းကွမ်းယောင်ထံမှ ဖုန်းထပ်ဝင်လာခဲ့သည်။

“ဦးလေးအန်း၊ ရောက်နေပြီလား?”

“ဘော့စ်၊ ဒီနေ့လေယာဉ်ချိန် နှောင့်နှေးသွားလို့ အခုမှပဲ Bမြို့ကိုရောက်ကျတယ်။ သိပ်လဲမစောတော့ဘူးဆိုတော့ အရင်ဆုံးညစာစားပြီး မနက်ဖြန်မှပဲ မြေနေရာသွားကြည့်ဖို့ တွေးထားတယ်။”

ယခုဆောက်လုပ်ရေးပရောဂျက်မှာ အရေးကြီးတာကြောင့် အန်းကွမ်းယောင်ကိုယ်တိုင် လိုက်လာခြင်းဖြစ်သည်။

ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းသည် အခုချိန်တွင် Fမြို့မှ လူနေအိမ်ရာ၊ Dမြို့ ကျန်းယန်လမ်း နှင့် မြို့တော်မှ ရုံးချုပ်အပါအဝင် ဆောက်လုပ်ရေးပရောဂျက်များစွာ လုပ်ကိုင်နေစဲဖြစ်သည်။

လုပ်ငန်းခွင်သုံးအလုပ်သမားများငှားရန် အချိန်ယူရသလို အခုချိန်မှာ သူတို့မှာလဲ ဝန်ထမ်းနည်းနေခဲ့သည်။ ဒါကြောင့်ပဲ တခြားဆောက်လုပ်ရေးကုမ္ပဏီများနှင့် ပူးပေါင်းရမည်ဖြစ်ပြီး ကုနင်းက ထန်ဟွမ်လုပ်ငန်းစုအမည်အောက်မှ အိမ်ခြံမြေလုပ်ငန်းနှင့် ချိတ်ဆက်ရန်သာ တွေးထားသည်။ လုပ်ငန်းကိစ္စကိုတော့ အန်းကွမ်းယောင်ကပဲ ကိုယ်တိုင်လုပ်ဆောင်မည်ဖြစ်ပြီး ကုနင်းဝင်ပါမည်မဟုတ်ပေ။ လိုအပ်လာမှသာလျှင် ကုနင်းဝင်ပါမည်ဖြစ်သည်။

“လူဘယ်နှယောက်ပါလာလဲ?” ကုနင်းမေးလိုက်သည်။

“အားလုံးပေါင်း ၈ယောက်ပါ။” ဤတစ်ခေါက်က မြေနေရာစစ်ဆေးရုံပဲဖြစ်ကာ အစီအစဉ်များရေးဆွဲပြီးကာမှ ဆောက်လုပ်ရေးစမည်ဖြစ်သည်။

“ဦးလေးတို့ ကျင်းလင်ဟိုတယ်မှာပဲ တည်းပြီး ညစာစားနှင့်ပါ။ ကျွန်မလဲ သူငယ်ချင်းတွေနဲ့တွေ့ဖို့ အဲ့ကိုသွားနေတယ်၊ နောက်မှတွေ့ကြတာပေါ့။”

ဆောက်လုပ်ရေးအကြောင်း ကုနင်းသိပ်မသိသော်လည်း အန်းကွမ်းယောင်ရောက်နေမှတော့ သူမသွားတွေ့သင့်ပေသည်။ ထို့အပြင် သူတို့ဆောက်လုပ်မည့်မြေနေရာက ဂုဏ်သတင်းမကောင်းထားတာကြောင့် အန်းကွမ်းယောင်နှင့်ကိုယ်တိုင်တွေ့ကာ ကောလဟာလသက်သက်ဖြစ်ကြောင်း သတိပေးရပေမည်။

“ကောင်းပါပြီ။”

၁၀မိနစ်ကျော်ကြာပြီးနောက် ကုနင်းနှင့်လင်ရှောင်းထင်တို့ ကျင်းလင်ဟိုတယ်သုိ့ရောက်ခဲ့ကြသည်။ ထိုအချိန်တွင်ပဲ ရှင်းပိုင်နှင့်အန်းကွမ်းယောင်တို့ကလဲ လက်ချင်းတွဲကာ လျှောက်လာကြသည်။

ကုနင်း ရုတ်တရက် ရပ်လိုက်ကာ ထိုနှစ်ဦးကို စိတ်ဝင်စားစွာ စိုက်ကြည့်လိုက်သည်။

ကုနင်းကို ချောင်ဝမ်ရှင်းသတိထားမိသွားသည်နှင့် ရှင်းပိုင်လက်ကို ဖြတ်ချရင် အားထုတ်လိုက်ကာ မျက်နှာကလဲ နီရဲလာတော့သည်။

“ငါ့ရဲ့ချစ်လှစွာသော အစ်မဝမ်းကွဲဝမ်ရှင်းနဲ့၊ ခဲအိုဝမ်းကွဲ ရှင်းပိုင်ရော၊ မင်္ဂလာပါ။” ကုနင်း စနောက်ကာ ခေါ်လိုက်သည်။

ထိုအခေါ်အဝေါ်ကြောင့် ရှင်းပိုင် ပျော်ရွှင်စွာပြုံးလိုက်ပေမည့် ချောင်ဝမ်ရှင်းကတော့ ရှက်ရှက်နဲ့ငြင်းဆန်တော့သည်။ “သူက အခုထိ နင့်ခဲအိုဝမ်းကွဲမဟုတ်သေးဘူး!”

***

အခန်း ၈၁၄ တတိယဘီး ရှုကျင်းချန်

“ငါမှားသွားလို့လား? နင်တို့အခုထိ တရားဝင်ဆက်ဆံရေးမဖြစ်ကြသေးဘူးလား?” ကုနင်း အမှန်တကယ်မသိ၍ မှားပြောမိဟန်ဆောင်လိုက်သည်။

ထိုစကားကိုကြားလိုက်သည်နှင့် ရှင်းပိုင်က ချက်ချင်းပင် ချောင်ဝမ်ရှင်း၏လက်ကို ပြန်ဖမ်းဆွဲထားလိုက်ကာ၊ “မင်းထင်တာမှန်တယ်။ အခုကစပြီး ငါ့ကို ခဲအိုဝမ်းကွဲလို့ ခေါ်လို့ရပြီ။” သူတို့အခုလေးတင် ချစ်သူဖြစ်သွားခဲ့ခြင်းဆိုသော်လည်း ရှင်းပိုင်ကတော့ သူတို့ဆက်ဆံရေးကို အလေးအနက်သဘောထား,ထားပြီးဖြစ်သည်။

ချောင်ဝမ်ရှင်း လက်ကိုပြန်ရုန်းဖို့ကြိုးစားသော်လည်း ရှင်းပိုင်လောက် မသန်တာကြောင့် အဆုံးမှာတော့ သူမပဲ အရှုံးပေးလိုက်ရတော့သည်။

ကုနင်းလဲ သူတို့ကိုထပ်ပြီးစမနေတော့ဘဲ လင်ရှောင်းထင်လက်ကိုတွဲကာ ဆက်ဝင်လာခဲ့ကြသည်။

ချောင်ဝမ်ရှင်းက မကျေနပ်ကြောင်း ဖော်ပြသည့်အနေဖြင့် ရှင်းပိုင်ဘက်ကလှည့်ကာ နှုတ်ခမ်းဆူပြလိုက်သော်လည်း ရှင်းပိုင်ကတော့ သူမလက်ကိုဆွဲကာ ခေါ်သွားခဲ့သည်။

……..

သီးသန့်ခန်းထဲတွင်တော့ ရှုကျင်းချန်တစ်ယောက် အချိန်ဖြုန်းရင်း ဖုန်းမှသတင်းများကို ဖတ်လို့နေသည်။ အထဲသို့စုံတွဲနှစ်တွဲ လက်ချင်းတွဲကာ ဝင်လာသည်ကို မြင်လိုက်ရတော့ ရှုကျင်းချန် နာကျင်သွားရပြန်သည်။

“ကျေးဇူးပြုပြီး၊ မင်းတို့ချစ်ကြည်နူးနေပုံတွေ ငါ့ရှေ့မှာတော့ မပြကြစမ်းပါနဲ့ကွာ!” ရှုကျင်းချန် မကျေမနပ်ပြောလိုက်သည်။ ဒီလူတွေက အခန်းထဲမှာရှိနေတဲ့ တစ်ယောက်တည်းသော တစ်ကိုယ်သမားလေးရဲ့ခံစားချက်ကို နည်းနည်းလေးတောင် ဂရုမစိုက်ပေးနိုင်ကြဘူးလား?

“မဖြစ်နိုင်ဘူး!” ချက်ချင်းပင် လင်ရှောင်းထင် ပြန်ဖြေလိုက်သည်။

ထိုအခိုက်အတန့်လေးတွင် ရှုကျင်းချန်မှာ ထိုစုံတွဲနှစ်တွဲကြောင့် နာကျင်မခံစားချင်တော့လွန်း၍ မျက်လုံးများကန်းသွားဖို့တောင် ဆုတောင်းမိသွားတော့သည်။

လင်ရှောင်းထင်နှင့်ရှင်းပိုင်တို့က သူတို့မထိုင်ခင် အရင်ဆုံး ကုနင်းနှင့်ချောင်ဝမ်ရှင်းတို့အတွက် ထိုင်ခုံထုတ်ပေးလိုက်သေးသည်။

အစားအသောက်များကိုတော့ ရှုကျင်းချန် ကြိုမှာပေးထားပြီးဖြစ်တာကြောင့် ကုနင်းတို့ ထိုင်လိုက်ပြီးမကြာခင်တွင်ပဲ စားသောက်ဖွယ်ရာများ စားပွဲပေါ်သို့ရောက်ရှိလာခဲ့သည်။

လင်ရှောင်းထင်နှင့်ရှင်းပိုင်တို့က တစ်ချိန်လုံး သူတို့ချစ်သူကောင်မလေးများ၏ ပန်းကန်ထဲသို့ ဟင်းများခပ်ထည့်ကာ အလုပ်များနေကြတာကြောင့် ရှုကျင်းချန် ထပ်ပြီးမခံစားနိုင်တော့ပေ။ ဒါကြောင့် မြန်မြန်သွက်သွက်စားကာ အပြင်မှာ လေကောင်းလေသန့်ရှူဖို့ရန် ထွက်သွားတော့သည်။

လင်ရှောင်းထင်နှင့် ရှင်းပိုင်ကတော့ သူ့ကိုလုံးဝပင်လျစ်လျူရှုလို့ထားကာ သူတို့လုပ်မြဲအလုပ်များကိုသာ ဆက်လုပ်နေခဲ့သည်။

………

“ဟေး၊ ရှင်တစ်ယောက်ယောက်ကိုစောင့်နေတာလား? ကျွန်မရော ဒီမှာထိုင်လို့ရမလား?”

ရှုကျင်းချန် လက်ဖက်ရည်သောက်ခန်းတွင် လက်ဖက်ရည်တစ်ခွက်သောက်နေချိန်တွင်ပဲ လှပသည့်အမျိုးသမီးတစ်ဦးက သူ့ကို စကားစလာခဲ့သည်။

ရှုကျင်းချန်သည် မိန်းမတို့ကို ငြင်းဆန်တတ်သည့်လင်ရှောင်းထင်နှင့် မတူညီပေ။ ဒီအမျိုးသမီးကလဲ လှပကာ ကျော့ရှင်းလှတာကြောင့် စကားပြန်ပြောလိုက်သည်။ “ရတာပေါ့! ထိုင်ပါ။”

“ကျေးဇူးပါပဲ။” အမျိုးသမီးက ပြုံးလိုက်ကာ ပြီးနောက် ဝင်ထိုင်လိုက်သည်။

“ဒါနဲ့ ရှင့်ကိုတစ်နေရာရာမှာ တွေ့ဖူးတယ်ထင်တယ်။ ရှင့်ပုံစံနဲ့ အရမ်းကိုရင်းနှီးနေတယ်။” အမျိုးသမီးက သေချာနေဟန်ပေါ်သည်။

“အိုး၊ ဟုတ်လား?” ရှုကျင်းချန် ပြန်ပြောလိုက်သော်လည်း ဒါက တစ်ယောက်ယောက်နဲ့စကားစပြောချင်တိုင်း သုံးလေ့ရှိသည့် ခေတ်ဟောင်းနည်းလမ်းကြီးဖြစ်တာကြောင့် ဂရုစိုက်မနေပေ။

ရှုကျင်းချန် ဝတ်ကျေတန်းကျေသာ ပြန်ဖြေကြောင်း သိပေမည့် အမျိုးသမီးက စိတ်ထဲထားမနေပေ။ “ရှင့်ကို JadeBeautyလက်ဝတ်ရတနာလုပ်ငန်းရဲ့ သတင်းထုတ်ပြန်ပွဲဗီဒီယိုမှာတွေ့ဖူးတာပဲ။”

ဒီနောက်ပိုင်းစကားကြောင့် ရှုကျင်းချန်ပင် အနည်းငယ်အံ့အားသင့်သွားသည်။ ဒီအမျိုးသမီးက သူ့ကိုတကယ်မှတ်မိနေလို့ သူနဲ့စကားပြောဖို့လာခဲ့ပုံပဲ။

“ကျွန်မ မိန်းကလေးကုကို အရမ်းသဘောကျတာ၊ သူနဲ့လဲတစ်နေ့လောက် တွေ့နိုင်ဖို့ မျှော်လင့်တယ်။” ထိုအမျိုးသမီးက တကယ့်စိတ်ရင်းဖြင့် ပြောလာခဲ့သည်။

“ကံကောင်းပါစေ။”

မိနစ်အနည်းငယ်ကြာပြီးနောက်တော့ ထိုအမျိုးသမီး၏ သူငယ်ချင်းများရောက်ရှိလာတာကြောင့် ထွက်သွားတော့သည်။

အစမှအဆုံးထိ နှစ်ဦးသား ကိုယ်ပိုင်အခြေခံအချက်အလက်တစ်ခုတောင်မှ မဖယ်လှယ်ခဲ့ကြပေ။

ညစာစားပြီးနောက် လင်ရှောင်းထင်တို့အဖွဲ့ သီးသန့်ခန်းမှ ချက်ချင်းမထွက်သွားခဲ့ဘဲ သတင်းစောင့်ရင်း အခန်းထဲမှာပဲ ဆက်နေခဲ့သည်။

၈နာရီဝန်းကျင်တွင်တော့ လင်ရှောင်းထင်ဆီသို့ စာတစ်စောင်ဝင်လာခဲ့ပြီးနောက် ရှင်းပိုင်နှင့်အတူ ထွက်သွားခဲ့သည်။

“နင်းနင်း၊ အိမ်ပြန်တော့မှာလား၊ ဒါမှမဟုတ် ငါ့သူငယ်ချင်းတွေနဲ့ လိုက်တွေ့ချင်သေးလား?” ချောင်ဝမ်ရှင်းက ကုနင်းကို မေးလိုက်သည်။ ရှင်းပိုင် တာဝန်ကြောင့် ထွက်သွားပြီဖြစ်၍ ချောင်ဝမ်ရှင်းလဲ သူမသူငယ်ချင်းများနှင့် သွားတွေ့နိုင်ပေပြီ။

“ငါလုပ်စရာရှိသေးလို့၊ ကိုယ့်ဘာသာပဲသွားလိုက်ပါ။”

“ကောင်းပြီလေ!” ချောင်ဝမ်ရှင်းလဲ စကားဖြတ်ကာ ထွက်သွားခဲ့သည်။

ထို့နောက် ကုနင်းက အန်းကွမ်းယောင်ထံသို့ ဖုန်းဆက်လိုက်သည်။ ကုနင်းဖုန်းဆက်လာချိန်တွင် အန်းကွမ်းယောင်လဲ ညစာစားပြီးကာစဖြစ်သည်။ သူက ကုနင်းကို သူတို့ရှိနေသည့် သီးသန့်ခန်းနံပါတ်ကို ပြောပြလိုက်ပြီး သူမကို တခြားသူတွေ ဘော့စ်အစစ်မှန်း သိစေချင်ဦးပါ့မလားမသေချာတာကြောင့် တခြားလူတွေကို အရင်ထွက်သွားနှင့်ဖို့ ပြောလိုက်ရမလားပါ မေးလိုက်သည်။

ကုနင်းက ထွက်သွားဖို့မလိုကြောင်း ပြောလိုက်တာကြောင့် အန်းကွမ်းယောင်လဲ ဘာမှမပြောတော့ပေ။

အခုချိန်မှာ ကုနင်း သူမ၏အစစ်အမှန်ပုံရိပ်ကို ဖုံးကွပ်ထားနေစရာ မလိုတော့ပေ။

ကုနင်းနှင့် ဖုန်းပြောပြီးနောက် အန်းကွမ်းယောင်က တခြားလူများကို သူတို့ရဲ့ဘော့စ်အစစ် လာမည့်အကြောင်း ပြောပြလိုက်သည်။

ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းမှ ဝန်ထမ်းအားလုံးသည် သူတို့မှာ ဘော့စ်အသစ်ရှိနေကြောင်း သိထားကြပေမည့် ထိုဘော့စ် ဘယ်သူဘယ်ဝါမှန်း တော့မသိကြပေ။ ဒါကြောင့်လဲ သူတို့ဘော့စ် လာမည်ကိုသိလိုက်ရတော့ အားလုံးစိတ်လှုပ်ရှားသွားသည်။

ထို့နောက် အန်းကွမ်းယောင်က ထိုလူများ ကုနင်းကို မြင်မြင်ချင်း အမူအရာမထိန်းနိုင်ကြမည်စိုးတာကြောင့် သူတို့ဘော့စ်အသစ်သည် ၁၈နှစ်အရွယ်မိန်းကလေးတစ်ယောက်ဖြစ်ကြောင်း ပြောပြထားလိုက်သည်။

ထိုစကားကြောင့် အားလုံးထိတ်လန့်သွားကြရသည်။ သူတို့ရဲ့ဘော့စ်အစစ်က ၁၈နှစ်အရွယ်မိန်းကလေးတစ်ယောက်ဆိုသည့် အဖြစ်မှန်က သူတို့အတွက် ယုံကြည်ဖို့ ခက်ခဲလှသည်။

“ဥက္ကဌအန်း၊ သေရောသေချာရဲ့လား?” တစ်ယောက်ကနေပြီး သံသယဖြင့် ပြန်မေးလိုက်သည်။

“သေချာတာပေါ့၊ သူ့နာမည်က ကုနင်း၊ JadeBeautyလက်ဝတ်ရတနာလုပ်ငန်းရဲ့ တည်ထောင်သူဆိုလဲ ဟုတ်တယ်။”

“ဘာ? JadeBeautyလက်ဝတ်ရတနာလုပ်ငန်းရဲ့ တည်ထောင်သူလား?” JadeBaeutyလက်ဝတ်ရတနာလုပ်ငန်းအကြောင်း အားလုံးကြားဖူးထားကြပြီးဖြစ်တာကြောင့် အားလုံးထပ်မံထိတ်လန့်သွားကြပြန်သည်။ ဒီလိုနဲ့ပဲ ကုနင်းက ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းကို လက်လွှဲဝယ်ယူလိုက်သည့်အပေါ် ဆက်ပြီးမအံ့ဩမိကြတော့ပေ။

ညစာစားပွဲတွင်ရှိနေကြသူအားလုံးသည် ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းမှ ရာထူးကြီးသူများသာ ဖြစ်တာကြောင့် ထိတ်လန့်စရာအမှန်တရားကို သိပ်မကြာခင်မှာပဲ လက်ခံသွားနိုင်ကြသည်။

ခဏအကြာတွင်တော့ ကုနင်း အခန်းထဲသို့ဝင်လာတာကြောင့် ချက်ချင်းပင်ထရပ်ကာ နှုတ်ဆက်လိုက်ကြသည်။ “တွေ့ရတာဝမ်းသာပါတယ်၊ ဘော့စ်!”

သူတို့၏တုံ့ပြန်ပုံကြောင့် အန်းကွမ်းယောင်က သူမအကြောင်း ကြိုတင်မိတ်ဆက်ပေးထားခြင်းဖြစ်မှန်း ကုနင်းနားလည်လိုက်သည်။

“အားလုံးပဲ တွေ့ရတာဝမ်းသာပါတယ်၊ ထိုင်ကြပါ!” ကုနင်း၏အသံမှာ အလွန်တရာကြင်နာတတ်ပုံပေါ်နေသည်။

ထို့နောက် အားလုံးနေရာယူလိုက်ကာ ကုနင်းကလဲ အန်းကွမ်းယောင်ဘေးတွင်ပဲ ဝင်ထိုင်လိုက်သည်။

“ကျွန်မဘက်က အရိုးသားဆုံးဝန်ခံရရင်တော့ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ပတ်သတ်ပြီး ကျွန်မနည်းနည်းပါးပါးလောက်ပဲ သိထားပါတယ်၊ ဒါကြောင့် ဒီပရောဂျက်အတွက် အားလုံးမှာပဲ တာဝန်အပြည့်အဝရှိတာပါ၊ ဒါပေမယ့် အခုချက်ချင်းပြောထားရမှာတစ်ခုတော့ရှိတယ်။” ကုနင်း စကားစကို ခဏရပ်လိုက်ပြီးကာမှ, “ဥက္ကဌအန်းကတော့ ဒီမြေက သရဲခြောက်တဲ့မြေလို့ ကောလဟာလထွက်ထားတဲ့အကြောင်း ကြိုပြောပြထားမှာပေါ့။ ကျွန်မ မြေနေရာကို သေချာစစ်ဆေးပြီးသွားပြီ။ အဲ့ဒီမှာ တစ်ယောက်ယောက် အသတ်ခံထားရတယ်ဆိုပေမယ့် သရဲတော့မရှိပါဘူး။ ဒါကြောင့် အဲ့သတင်းနဲ့ပတ်သတ်ပြီး မစိုးရိမ်ကြပါနဲ့။”

***

အခန်း ၈၁၅ ထန်ချင်းယန်နှင့်ပူးပေါင်းခြင်း

“ကောင်းပါပြီ၊ ဘော့စ်။” အန်းကွမ်းယောင်ကပဲ ဦးဆောင်ကာ ပြန်လည်ဖြေကြားလိုက်သည်။

“ဒီမြေက တော်တော်လေးကျယ်တယ်၊ စတုရန်းမီတာ၃၀၀၀ ဝန်းကျင်လောက်တောင်ရှိမယ်၊ ဒါကြောင့် ရုံးအဆောက်အဦးနှစ်လုံးလောက်ဆောက်နိုင်မယ်လို့ ထင်တယ်။ ကျွန်မတို့က တစ်လုံးကို ယူပြီး ကျန်တဲ့တစ်လုံးကိုက ထုတ်ငှားလိုက်လို့ရမယ်။” ကုနင်း ထပ်ပေါင်းပြောလိုက်သည်။

ရုံးအဆောက်အဦးတစ်လုံးဆိုလျှင် သူတို့အတွက် လုံလောက်နေပြီဖြစ်တာကြောင့် တကယ်တမ်း အန်းကွမ်းယောင်တွင်လဲ ထိုသို့အကြံမျိုးရှိနေခဲ့သည်။

ကုနင်း နာမည်ကဒ်တစ်ကဒ်ကိုထုတ်ကာ အန်းကွမ်းယောင်ကို ပေးလိုက်သည်။ “ဒါက ထန်ဟွမ်လုပ်ငန်းစုရဲ့ ဟွမ်ထူအိမ်ခြံမြေလုပ်ငန်းမန်နေဂျာရဲ့ နာမည်ကဒ်ပါ။ ကျွန်မတို့အခုချက်ချင်း အလုပ်သမားတွေလိုနေတာဆိုတော့ ဟွမ်ထုအိမ်ခြံမြေလုပ်ငန်းက အလုပ်သမားတချို့ကို ငှားလိုက်လို့ရတယ်။”

“ကိစ္စမရှိဘူး။ လုပ်လိုက်ပါ့မယ်။” အန်းကွမ်းယောင် ချက်ချင်းပင် နာမည်ကဒ်ကို ယူလိုက်သည်။

ထို့နောက် ကုနင်း အန်းကွမ်းယောင်နှင့် စီးပွားရေးကိစ္စအချို့ ဆက်လက်ဆွေးနွေးပြီးနောက် ထွက်လာခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူမ ဟိုတယ်အဝင်ဝသို့ရောက်ချိန်တွင် ထန်ချင်းယန်နှင့် တွေ့သွားသည်။

“ဟိုင်း၊ တိုက်ဆိုင်ပြန်ပြီ!” ထန်ချင်းယန်လဲ ကုနင်းကိုတွေ့လိုက်တာကြောင့် အံ့ဩသွားသည်။ “မင်းတစ်ယောက်တည်းလား? သခင်လေးလင်ရော?”

“အိုး၊ သူက ကိစ္စရှိလို့သွားနှင့်ပြီ။ မင်းအခုအားလား? ငါတို့လက်ဖက်ရည်သောက်ကြမလား?”

“ရတာပေါ့!” ထန်ချင်းယန် လိုလိုလားလားပင် သဘောတူလိုက်သည်။ သူလဲ အစကတည်းက ထန်အိုက်နင်းအကြောင်း ကုနင်းကို မေးဖို့ရည်ရွယ်ထားခြင်းဖြစ်သည်။

သူတို့စကားဝိုင်းကို တခြားလူများကြားဖို့ မသင့်တော်တာကြောင့် ထန်ချင်းယန်က သူ့သက်တော်စောင့်နှစ်ယောက်ကို ကားနားတွင်သာ စောင့်ခိုင်းထားပြီး ကုနင်းနှင့်နှစ်ယောက်တည်း လက်ဖက်ရည်သောက်ခန်းသို့ ထွက်လာခဲ့သည်။

သူတို့နှစ်ဦးသား အခန်းထဲသို့ရောက်သည်နှင့် အရင်ဆုံး လက်ဖက်ရည်မှာကြသည်။

စားပွဲထိုးလေးတစ်ယောက်က သူတို့ကို ကွန်ဖူးလက်ဖက်ရည်လိုချင်လား၊ သာမာန်လက်ဖက်ရည်ပဲလိုချင်လား မေးလာသည်။

ကုနင်းနှင့် ထန်ချင်းယန်တို့မှာ လေးနက်သည့်အကြောင်းကိစ္စ ဆွေးနွေးဖို့ရှိတာကြောင့် ကွန်ဖူးလက်ဖက်ရည်မမှာကြတော့ပေ။ အခန်းထဲတွင် နောက်ထပ်အပိုလူတစ်ယောက် ရှိမနေစေချင်တာကြောင့် သာမာန်လက်ဖက်ရည်သာ မှာလိုက်ကြသည်။

ထို့နောက် စားပွဲထိုးက သူတို့အတွက် လက်ဖက်ရည်နှစ်ခွက်ငှဲ့ပေးကာ ထွက်သွားခဲ့သည်။ ထန်ချင်းယန်လဲ စားပွဲထိုးလေးထွက်သွားပြီးကာမှ စကားစပြောလာသည်။ “မင်းငါ့ကို ဘာအကြောင်း ပြောချင်တာလဲ သိလို့ရမလား?”

သူ့တွင် ကုနင်းကိုမေးရန် မေးခွန်းများစွာရှိနေသော်လည်း ကုနင်းက အရင်သူ့ကို ဖိတ်ခေါ်ခဲ့တာကြောင့် ယဉ်ကျေးမှုအရ ကုနင်းကိုအရင်ပြောစေခြင်းဖြစ်သည်။

“ဒီနေ့မပြီးခဲ့တဲ့ စကားအကြောင်းပေါ့။” သူတို့နှစ်ယောက်လုံး အတွေးတူနေကြသည်။

“ငါ တကယ်ပဲ ထန်အိုက်နင်းနဲ့သိလားလို့ မင်းမေးခဲ့တယ်နော်။ ဟုတ်တယ်၊ ငါ သူ့ကိုသိတယ်။” ကုနင်းကပဲ ဆက်ပြီး၊ “သူ့ကိုသိရုံတင်မကဘူး။ သူက ငါ့ဆရာဖြစ်ပြီး ငါ့ကိုသိုင်းပညာသင်ပေးခဲ့တာကြောင့် သူ့အကြောင်း ကောင်းကောင်းသိတယ်။”

“ဘာ? သူက မင်းကိုသိုင်းပညာသင်ပေးတာလား?” ထန်ချင်းယန် အံ့ဩလို့သွားတော့သည်။ ထန်အိုက်နင်းက သိုင်းပညာရှင်လား?

“ထန်ပင်းစန်က ထန်အိုက်နင်းအမေ ကားမတော်တဆမှုဖြစ်သွားတာနဲ့ ချက်ချင်းပဲ သူ့ကို သတ်ဖြတ်သူအဖွဲ့အစည်းကို ပို့လိုက်တယ်။ ထန်ပင်းစန်က သူ့ကို ထိန်းချုပ်ထားတာကြောင့် သူလဲ ထန်မိသားစုရဲ့ မကောင်းမှုမှန်သမျှကို လုပ်ပေးခဲ့ရတယ်။ နောက်တော့ ထန်အိုက်နင်းအကြောင်း သတင်းပေါက်ကြားသွားလို့ ထန်မိသားစုက သူ့ကိုသတ်လိုက်တာ။ ထန်အိုက်နင်းရဲ့ တပည့်တစ်ယောက်အနေနဲ့ ငါသူ့အတွက် လက်စားချေပေးရမယ်!” ကုနင်း သေချာပေါက်ဆုံးဖြတ်ချက်ချထားပြီးသည့်အရာလိုမျိုး ပြောလိုက်သည်။

ဘာ? ထန်ပင်းစန်က ထန်အိုက်နင်းအမေ ကားမတော်တဆမှုဖြစ်တာနဲ့ သူ့ကို သတ်ဖြတ်သူအဖွဲ့အစည်းကိုပို့လိုက်တယ်။ ပြီးတော့ ထန်ပင်းစန်က သူ့ကိုထိန်းချုပ်ပြီး ထန်မိသားစုရဲ့မကောင်းမှုတွေကိုတောင် လုပ်ခိုင်းတယ်တဲ့လား?

ထန်ချင်းယန် သူအမှန်တကယ်ကြားနေရသည့် စကားများကို မယုံနိုင်စွာ ပြန်တွေးနေမိသည်။ ထန်အိုက်နင်းကို အချိန်အကြာကြီး မတွေ့ခဲ့တာ အံ့ဩစရာမရှိတော့ဘူးပဲ။ သူက သေသွားပြီကိုး!

ထန်ပင်းစန်က တကယ်ကိုကြောက်စရာကောင်းတဲ့လူပဲ။ ထန်အိုက်နင်းအမေကို လိမ်ရုံတင်မကဘဲ ထန်အိုက်နင်းကိုတောင်မှ လူသတ်သမားတစ်ယောက်ဖြစ်စေခဲ့တယ်။

လက်တွေ့ဘဝမှ သတ်ဖြတ်သူအဖွဲ့အစည်းအကြောင်း ထန်ချင်းယန်မသိသော်လည်း ဇာတ်ကားများကိုတော့ ကြည့်ဖူးသည်။ လူရာပေါင်းများစွာကို အဆောက်အဦးတစ်ခုထဲတွင် ပိတ်ထားကာ အချင်းချင်းတိုက်ခိုက်စေသည်။ မင်းသာ သူ့ကိုမသတ်ရင် သူကမင်းကို သတ်သွားမည်သာ။ နောက်ဆုံး လူအနည်းစုကသာ အသက်ရှင်သန်ကြပြီး အရည်အချင်းပြည့်မှီသည့် သတ်ဖြတ်သူများဖြစ်လာကြသည်။

တကယ့်လက်တွေ့ဘဝမှာသာဆိုရင်တော့…. ထန်ပင်းစန်က တကယ်ကို ရက်စက်လွန်းတဲ့အဖေပဲ။ ထန်အိုက်နင်းက သူ့သမီးအရင်းတစ်ယောက်ပဲ မဟုတ်ဘူးလား!

ထန်အိုက်နင်းတွေ့ကြုံခဲ့ရသည်များကို ကြားပြီးနောက် ထန်ချင်းယန် သူမအတွက် လွန်စွာစာနာသနားမိသွားသည်။

“ထန်ပင်းစန်က မင်းရဲ့အဖေကို သေအောင်လုပ်ခဲ့တာမှန်းလဲ ငါသိတယ်။ ပြီးတော့ မင်းအခုပြန်လာတာကလဲ သူ့ကိုလက်စားချေဖို့မဟုတ်လား။”

ကုနင်း၏ သေချာနေသည့်စကားများကြောင့် ထန်ချင်းယန် ထိတ်လန့်သွားတော့သည်။ ကုနင်းက ဘယ်လိုလုပ်များ သူ့အဖေသေဆုံးခြင်း၏နောက်ကွယ်မှ ကြိုးကိုင်သူက ထန်ပင်းစန်မှန်း သိနေတာလဲ?

ထန်းချင်းယန်တွင် တကယ်ကိုပဲ ထန်ပင်းစန်နှင့် ရှည်ကြာသည့် ရန်ငြှိုးများရှိထားတာကြောင့် ကုနင်း၏အထင်မှန်ပေသည်။ ထန်ပင်းစန်က သူ့အဖေကိုသေစေခဲ့ကာ သူအခုအိမ်ပြန်လာတာလဲ သူ့အဖေအတွက် လက်စားပြန်ချေပေးဖို့သာဖြစ်သည်။ သို့ပေမည့် သူ့ရန်သူက အလွန်အင်အားကြီးတာကြောင့် သူ့အတွက် အောင်မြင်ဖို့ အလွန်ခက်ခဲလှသည်။

ကုနင်းကပဲ ဆက်ပြီးပြောလာသည်။ “ငါ အစကတော့ ထန်မိသားစုစီးပွားရေးကို ဖျက်ဆီးပစ်ဖို့ စီစဉ်ထားပေမယ့် မင်းကိုတွေ့ပြီးတော့ စိတ်ပြောင်းသွားပြီ။ မင်းက ငါ့ဆရာရဲ့ ဝမ်းကွဲအစ်ကိုဆိုမှတော့ မင်းက ထန်မိသားစုစီးပွားရေးအတွက် ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်လာနိုင်မယ်လို့ ထင်တယ်။ မင်းကော ဘယ်လိုသဘောရလဲ?”

ကုနင်း ထန်ချင်းယန်ဘာကိုလိုချင်မှန်း ရှင်းရှင်းလင်းလင်းသိတာကြောင့် သူမရည်ရွယ်ချက်ကို အလကားနေရင်း ဖုံးကွယ်မနေတော့ပေ။

သူမ၏နောက်ဆက်တွဲစကားများကိုကြားပြီးနောက် ထန်ချင်းယန် ပိုလို့ထိတ်လန့်သွားတော့သည်။ သူအတွက် ထန်ပင်းစန်ကို လက်စားချေချင်သည်ကသာ အဓိကဖြစ်ကာ ထန်မိသားစုစီးပွားရေးကို ခေါင်းဆောင်ဖို့အထိတော့ စိတ်ကူးမရှိခဲ့ပေ။ သို့ပေမည့် ကုနင်းအကြံပြုလာမှတော့ ဒါက ဆိုးလှသည်ဟု သူမထင်မိပေ။ ထို့အပြင် ထန်ချင်းယန်သည် အလိုလိုနေရင်း ကုနင်းကို ယုံကြည်နေမိသည်။

“မင်းတကယ်ပြောတာဆိုရင် ငါမငြင်းပါဘူး။” သူတစ်ယောက်တည်းသာဆို ထန်မိသားစုစီးပွားရေးတွင် ပါဝင်နိုင်ဖို့ကိုတောင် အချိန်အကြာကြီးယူခဲ့ရသည်။ ကုနင်း၏ ထူးချွန်ပြောင်မြောက်သည့် စွမ်းဆောင်ရည်များကိုမဆိုနှင့် သူမတွင် များပြားလှသည့် အဆင့်အတန်းမြင့်လှသော အဆက်အသွယ်များရှိနေသေးသည်။ သူသာ သူမနှင့်ပူးပေါင်းလိုက်လျှင် သူ့အတွက် လက်စားချေဖို့ ပိုလွယ်သွားမည်ဖြစ်တာကြောင့် ငြင်းစရာအကြောင်းမရှိပေ။

“ငါတို့ လက်စားချေမယ်ဆိုရင် ငါမြို့တော်မှာ စာသွားသင်မှပဲ လုပ်နိုင်လိမ့်မယ်။ အခုတော့ ငါ့မှာ အချိန်အများကြီးမရှိဘူး။ လူတစ်ယောက်ကို သတ်ပစ်ဖို့က လွယ်လဲလွယ်တယ် မြန်လဲမြန်တယ်ဆိုပေမယ့် ငါကတော့ သူတို့ဘာဒုက္ခမှမခံစားရဘဲနဲ့ မသေသွားစေချင်ဘူး။”

“ကိစ္စမရှိပါဘူး။” ထန်ချင်းယန် ပြန်ပြောလိုက်သည်။ “ငါ ဒီလက်စားချေဖို့အတွက် ၂နှစ်၃နှစ်အထိတောင် အစီအစဉ်ဆွဲထားတာ။ မင်းက ငါနဲ့ လိုလိုလားလား ပူးပေါင်းချင်စိတ်ရှိမှတော့ လပိုင်းလောက်ကို ငါစောင့်နိုင်ပါတယ်။” ထန်ချင်းယန် တစ်ယောက်တည်းသာဆိုလျှင် ထန်ပင်းစန်ကို အချိန်တိုအတွင်း လက်စားချေဖို့ရာ မဖြစ်နိုင်သလို အရည်အချင်းလဲ မပြည့်ဝပေ။

ဒီလိုနဲ့ပဲ ကုနင်းလဲ ထန်ချင်းယန်နှင့် သဘောတူညီချက်ရသွားခဲ့ပြီးနောက် ပြန်သွားခဲ့သည်။

ဒီနေ့ည လင်ရှောင်းထင်က တာဝန်ထမ်းဆောင်ရင်း အလုပ်ရှုပ်နေမည်ဖြစ်တာကြောင့် ကုနင်း ဟွားဖုတောင်ကုန်းသို့သာ ပြန်လာခဲ့လိုက်သည်။

All Chapters