← Chapters

အခန်း (၈၃၁-၈၃၅)

Vol. 56 Ch. 831-835

အခန်း (၈၃၁-၈၃၅)

Vol. 56 Ch. 831-835

အခန်း ၈၃၁ ရွံစရာမောင်နှမ

အတွေးများဝင်ရောက်လာသည်နှင့် ကျန်းဝမ်မေ့၏ချစ်သူကောင်လေးမှာ စိုးရိမ်ပူပန်လာကာ ကျန်းဝမ်မေ့၏ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်သည်။

ကျန်းဝမ်မေ့ကတော့ သူမချစ်သူဘာလုပ်နေသည်ကို မသိဘဲ ပျော်ရွှင်ကျေနပ်လို့နေသည်။

ကျန်းဝမ်မေ့၏ခန္ဓာကိုယ်မှက နီရဲနေသည်ကိုမြင်လိုက်သည်နှင့် ထိုကောင်လေး ဒေါသထွက်သွားတော့သည်။ ဒီတော့ သူမက မနေ့ညကတင် တစ်ခြားတစ်ယောက်နဲ့အိပ်ခဲ့တာပေါ့?

သူမချစ်သူမှာ လွန်စွာဒေါသထွက်လာတော့သည်။ သူ ကျန်းဝမ်မေ့ကို အရမ်းချစ်ပေမည့် ဒါမျိုးကတော့ လက်ခံပေးဖို့ခဲယဉ်းလှကာ သူ့ဒေါသများကို သူမအပေါ်ပုံချပစ်ချင်တော့သည်။ ဒါကြောင့်ပဲ သူက ကျန်းဝမ်မေ့ကို ထပ်မံတိုက်ခိုက်လိုက်သည်။

ကျန်းဝမ်မေ့မှာ နာကျင်မှုကိုခံစားရပေမည့် အထိအတွေ့များတွင် ကျေနပ်သာယာနေမိစဲဖြစ်သည်။ ထို့နောက် စိတ်လှုပ်ရှားစွာဖြင့် သူမချစ်သူနား,နားသို့ကပ်ကာ စကားများပင်ပြောလိုက်သေးသည်။

သူမ ညတုန်းကလဲ ဒီလိုမျိုးပဲ သာယာနေမှာပေါ့! ထိုကောင်လေးမှာ မတွေးမိဘဲမနေနိုင်တော့ပေ။

“ငါကောင်းရဲ့လား?” ကောင်လေးက မေးလိုက်သည်။

“အ-အွန်း!”

မနေ့ညက မင်းနဲ့အိပ်သွားတဲ့ကောင်ထက် ငါက ပိုကောင်းလား? ထိုစကားကိုတော့ အသံထွက်မမေးခဲ့ပေ။

ကျန်းဝမ်မေ့ကို ဒီတစ်ကြိမ်ပြီးလျှင်စွန့်ပစ်လိုက်ဖို့ တွေးထားပြီးဖြစ်တာကြောင့် မညှာမတာအပြစ်ပေးဖို့ ဆုံးဖြတ်ထားသည်။ သူ ကျန်းဝမ်မေ့ကို အမှန်တကယ်ချစ်ပေမည့် သူတို့ကြိုက်နေစဉ်အတွင်းမှာတော့ တခြားယောက်ျားတစ်ယောက်နှင့်ပါ အိပ်သည်ကို လက်မခံပေးနိုင်ပေ။

ထိုအချိန်တွင်ပဲ ကျန်းဝမ်ဟောက်ရောက်လာခဲ့သည်။ ကျန်းဝမ်မေ့ကို အပြင်စာများမစားစေလို၍ သူကိုယ်တိုင်စားစရာများလာပို့ပေးခြင်းပင်။ သို့ပေမည့် သူအခန်းတံခါးနားရောက်ချိန်မှာပဲ အထဲမှ လူနှစ်ယောက်၏အသံများကိုကြားလိုက်ရတာကြောင့် ဒေါသထွက်သွားတော့သည်။ ကျန်းဝမ်မေ့က သူမချစ်သူနှင့်ချစ်နေမှန်း သူချက်ချင်းသိလိုက်သည်။

ကျန်းဝမ်ဟောက် ချက်ချင်းပင် တံခါးသော့ကိုထုတ်ကာ ဖွင့်လိုက်သည်။

တံခါးပွင့်သံကြောင့် ကျန်းဝမ်မေ့ရောသူမချစ်သူပါ ထိတ်လန့်သွားကြသည်။ သူတို့ကိုယ်ပေါ် အဝတ်အစားများပြန်လည်မဝတ်ဆင်ရသေးခင်မှာပင် ကျန်းဝမ်ဟောက်က အထဲဝင်လာပြီဖြစ်တာကြောင့် ဆိုဖာပေါ်မှ နဂိုပုံစံအတိုင်းသာရှိနေတော့သည်။

“ဝမ်ဟောက်? နင်ဘာလို့ဝင်လာတာလဲ? အခုထွက်သွား!” ကျန်းဝမ်မေ့ ထိတ်လန့်ကာ အော်ဟစ်လိုက်တော့သည်။ သူမအစ်ကို သူမကို ဤသို့သောပုံစံမျိုးဖြင့် တွေ့သွားသည့်အတွက် လွန်စွာရှက်ရွံ့နေတော့သည်။ မနေ့ညကတည်းက ကျန်းဝမ်ဟောက်သည် သူမတစ်ကိုယ်လုံးကိုမြင်ပြီးသွားနှင့်ပြီကိုတော့ သူမမသိလိုက်ပေ။

ကျန်းဝမ်မေ့၏ချစ်သူလဲ ချက်ချင်းပင်ထလိုက်ကာ ကျန်းဝမ်မေ့ပေါ်သို့ ညအိပ်ဂါဝန်ပြန်လွှားပေးလိုက်သည်။

တစ်ဖက်မှ ကျန်းဝမ်ဟောက်ကတော့ သူကကျူးကျော်သူဖြစ်နေမှန်းကိုပင် မတွေးမိဘဲ အပြေးသွားကာ ကျန်းဝမ်မေ့၏ချစ်သူကို ခပ်ကြမ်းကြမ်းထိုးနှက်တော့သည်။

ကျန်းဝမ်မေ့၏ချစ်သူမှာတော့ ကြောင်အလို့နေသည်။ ကျန်းဝမ်ဟောက်က သူ့ကိုဘာလို့ထိုးတာလဲ? သူက ကျန်းဝမ်မေ့ချစ်သူဖြစ်လို့ သူမနှင့်ချစ်တာက အရမ်းပုံမှန်အနေအထားပဲလေ။ သူမကို မတရားကျင့်နေတာလဲမဟုတ်ပါဘူး။ ဘာလို့ ကျန်းဝမ်ဟောက်က သူ့ကိုဒီလောက်တောင် ဒေါသထွက်နေရတာလဲ?

ဘာပဲဖြစ်ဖြစ် ကျန်းဝမ်ဟောက်ကတော့ မရပ်သွားဘဲ ကျန်းဝမ်မေ့ချစ်သူကို ဆက်ထိုးဖို့ကြံနေပေမည့် မလုပ်နိုင်ခဲ့ပေ။ ကျန်းဝမ်မေ့ချစ်သူက သူ့လက်သီးကိုဆုပ်ကိုင်ကာ တားထားလိုက်သည်။ သူက ကျန်းဝမ်ဟောက်ထက် ပိုသန်မာတာကြောင့် ကျန်းဝမ်ဟောက် သူ့လက်ကိုပြန်မရုန်းထွက်နိုင်ခဲ့ပေ။

“ကျန်းဝမ်ဟောက်၊ မင်းဒါဘာလုပ်တာလဲ? ဝမ်မေ့က ငါ့ချစ်သူ၊ ငါတို့ချစ်တာပုံမှန်ပဲ။ မင်းက ဘာကိစ္စနဲ့ငါ့ကိုလာထိုးရတာလဲ!” ကျန်းဝမ်မေ့ချစ်သူက ဒေါသတကြီးနှင့် ကျန်းဝမ်ဟောက်ကို မေးမြန်းတော့သည်။

“ဝမ်မေ့က ငါ့အပိုင်ပဲ! သူက ငါ့အပိုင်၊ ငါကလွဲပြီး ဘယ်သူမှ သူ့ကိုမထိရဘူး!” ကျန်းဝမ်ဟောက် အသိစိတ်များလွတ်ထွက်နေကာ ပြန်လည်အော်ဟစ်တော့သည်။

“ဘာပြောလိုက်တယ်?” ကျန်းဝမ်မေ့ရော သူမချစ်သူပါ ကြောင်သွားကြတော့သည်။

ရုတ်တရက်ဆိုသလိုပဲ ကျန်းဝမ်ဟောက်က မနေ့က ကျန်းဝမ်မေ့နှင့်အိပ်ခဲ့သူဖြစ်လောက်မည်မှန်း ကျန်းဝမ်မေ့ချစ်သူ တွေးမိသွားတော့သည်။ ကျန်းဝမ်မေ့ဆိုတာ ကျန်းဝမ်ဟောက်ရဲ့သွေးတစ်ဝက်နှောညီမလေ!

ကျန်းဝမ်မေ့၏ချစ်သူအမြင်တွင်တော့ ကျန်းဝမ်မေ့က တခြားသူစိမ်းယောက်ျားတစ်ယောက်တောင်မဟုတ်ဘဲ သူမ၏သွေးတစ်ဝက်နှောသည့်အစ်ကိုနှင့်ချစ်နေသည်က ပိုလို့တောင် လက်ခံပေးနိုင်စရာအကြောင်းမရှိပေ။ ကျန်းဝမ်ဟောက်သာ ကျန်းဝမ်မေ့ကို ဒီလောက်ထိပိုင်ဆိုင်လိုစိတ်ပြင်းနေရင် သူတို့နှစ်ယောက်အိပ်ဖူးသည်က တစ်ကြိမ်တောင်ဘယ်ကနိုင်တော့မလဲ!

ကျန်းဝမ်မေ့၏ချစ်သူမှာ လွန်စွာအံ့အားသင့်နေကာ ကျန်းဝမ်မေ့ကို ဖြည်းဖြည်းချင်းလှည့်ကြည့်လာခဲ့သည်။ သို့ပေမည့် ကျန်းဝမ်မေ့ကတော့ အကြိမ်တိုင်းဆေးခပ်ခံထားရ၍ ဘာကိုမှမသိပေ။

“ဝမ်ဟောက်၊ နင်ရူးနေလား?” ကျန်းဝမ်မေ့ကတော့ မယုံကြည်နိုင်သေးပေ။ ကျန်းဝမ်ဟောက် အမှန်ပြောနေတာမဟုတ်ဘဲ သူမနားကြားမှားသွားတာမျိုးဖြစ်လို့ဖို့သာ မျှော်လင့်နေမိတော့သည်။

“ဝမ်မေ့၊ မင်းကငါ့အပိုင်ပဲ။ မင်းကငါ့အပိုင်! မင်း ငါကလွဲပြီး တခြားဘယ်သူနဲ့မှမအိပ်ရဘူး!”

“ဘာ?” ကျန်းဝမ်မေ့လွန်စွာထိတ်လန့်နေလေသည်။

“ကျန်းဝမ်ဟောက် မင်းကလူ့အမှိုက်ပဲ၊ မင်းက ကိုယ့်ညီမနဲ့တောင်အိပ်နေတယ်!” ကျန်းဝမ်မေ့ချစ်သူမှာ လွန်စွာဒေါသထွက်လာပြီး ကျန်းဝမ်ဟောက်မျက်နှာကို ထိုးတော့သည်။ သူကျန်းဝမ်မေ့ကို ချစ်သလို သူမကိုလဲ သနားမိသွားတာကြောင့် ဒီလိုရွံ့စရာကောင်းသည့်အခြေအနေမျိုးကို သည်းခံနားလည်မပေးနိုင်ပေ။

“ဝမ်မေ့၊ ငါတို့ဇာတ်လမ်းကတော့ ပြတ်ပြီ၊ ကျန်းဝမ်ဟောက် မင်းလုပ်ခဲ့တဲ့ ကိစ္စကို ငါတခြားဘယ်သူ့ကိုမှပြောမှာမဟုတ်ပေမယ့် အမှန်တရားဆိုတာ တစ်နေ့ပေါ်လာမှာပဲ။ ကံကောင်းပါစေ!” ထိုစကားပြောပြီးသည်နှင့် ကျန်းဝမ်မေ့၏ချစ်သူဟောင်းလဲ မြန်မြန်ဆန်ဆန်ပင် အဝတ်များဝတ်ကာ ထွက်သွားတော့သည်။ သူက နောက်ကျောဓါးနှင့်ထိုးတတ်သူမဟုတ်တာကြောင့် သူများတွေကို လိုက်ပြောနေမည်မဟုတ်သော်လည်း ဒါက တကယ့်ကိုရွံ့စရာကောင်းလှသည်။

သူထွက်သွားသည်နှင့် ကျန်းဝမ်ဟောက်က ကျန်းဝမ်မေ့ကို တွန်းလှဲကာ အတင်းအကြပ်ရယူတော့သည်။ ကျန်းဝမ်မေ့သည်လဲ ရုန်းကန်ချင်ပေမည့် အင်အားချင်းက မမျှပေ။

အချိန်ကြာလာသည်နှင့် ကျန်းဝမ်မေ့မှာ သေချင်စိတ်ပင်ပေါက်လာတော့သည်။ သူမအစ်ကိုက သူမကိုအတင်းအကြပ်ရယူလိမ့်မည်ဟု တစ်ကြိမ်တစ်ခါမှပင် မတွေးဖူးခဲ့ပေ။

တစ်နာရီကြာပြီးနောက်တွင်တော့ ကျန်းဝမ်ဟောက် အသိစိတ်ပြန်ဝင်လာခဲ့သည်။ သူလုပ်ခဲ့သည့်အပြုအမူများကိုလဲ ပြန်သတိရသွားကာ ချက်ချင်းပင် ကျန်းဝမ်မေ့ကိုယ်ပေါ်မှထလိုက်ပြီး၊ “ငါ-ငါတောင်းပန်ပါတယ်၊ ဝမ်မေ့….”

ကျန်းဝမ်ဟောက် ဆက်ပြီးရှင်းပြချင်ပေမည့် အားလုံးပြီးဆုံးသွားပြီဖြစ်တာကြောင့် ဘာပြောလို့ပြောရမှန်းမသိတော့ပေ။

“ဘာလို့လဲ? ဘာလို့ ငါ့အပေါ်ဒီလိုလုပ်ရတာလဲ? ဘာလို့လဲ?” ကျန်းဝမ်မေ့ စိတ်ခံစားချက်များကို မထိန်းချုပ်နိုင်ဘဲ မျက်ရည်များကျလာခဲ့သည်။

“ငါ-ငါမင်းကိုချစ်လို့ပါ၊ ဒီလိုမျိုးမလုပ်သင့်မှန်း သိပေမည့် မထိန်းချုပ်နိုင်လိုက်ဘူး။ မင်းတခြားကောင်တွေနဲ့အိပ်တိုင်း ငါအရမ်းမနာလိုဖြစ်မိတယ်။” ကျန်းဝမ်ဟောက်သည်လဲ သူ၏သွေးတစ်ဝက်နှောညီမကို ချစ်မိသည့်အတွက် နာကျင်ခံစားနေရသည်။ ဒါမျိုးက ဘယ်နေရာကိုပဲရောက်ရောက် ကိုယ့်ကျင့်သိက္ခာပျက်ပြားသည့်ဆက်ဆံရေးမျိုးသာဖြစ်ပေမည့် သူ့ကိုယ်သူ မထိန်းချုပ်နိုင်ခဲ့ပေ။ တကယ်တော့ သူလဲ လက်ထပ်ရမည့်အရွယ်ရောက်နေကာ သူမိဘများက လက်ထပ်ဖို့ အကြိမ်ပေါင်းများစွာ တိုက်တွန်းခဲ့ပေမည့် တခြားမိန်းမတွေကို သူစိတ်မဝင်စားခဲ့ပေ။

ကျန်းဝမ်မေ့ကိုသာ နက်နက်ရှိုင်းရှိုင်းချစ်နေသည့်အချစ်က သူ့တစ်ဘဝလုံးကိုလွှမ်းခြုံနေကာ တခြားဘယ်သူ့ကိုမှ လက်မခံပေးနိုင်ခဲ့ပေ။ သူမကိုလက်ထပ်မယူနိုင်သည်ကတော့ သူဝမ်းအနည်းရဆုံးအရပင်။

***

အခန်း ၈၃၂ စုအန်းယာနှင့်တွေ့ဆုံခြင်း

“မဖြစ်ဘူး၊ မဖြစ်ဘူ၊ မဖြစ်ဘူး!” ကျန်းဝမ်မေ့ အတင်းငြင်းဆန်ကာ သူမခန္ဓာကိုယ်နှင့်ခေါင်းကိုထိကာ ကွေးထားပြီး လက်များဖြင့် ဖုံးကွယ်ကာ အသည်းအသန်ငိုကြွေးလို့နေသည်။ သူတို့နှစ်ဦးသည် မောင်နှမများဖြစ်ကြသည်။ တကယ်တမ်း သူတို့နှစ်ဦးအိပ်ဖြစ်ကြခြင်းမှာ ကိုယ့်ကျင့်သိက္ခာအရာကော ဥပဒေကြောင်းအရပါမကိုက်ညီပေ။ သို့ပေမည့် သူတို့ဖြစ်ပြီးသွားကြပေပြီ။ မိဘတွေကို သူမဘယ်လိုများရင်ဆိုင်ရမလဲ?

ကျန်းဝမ်ဟောက်က ကျန်းဝမ်မေ့ကို ပွေ့ဖက်ကာ နှစ်သိမ့်ပေးဖို့ရန်ကြိုးစားပေမည့် ကျန်းဝမ်မေ့ကတော့ သူမအသားကိုထိလာသည်နှင့် ကြောက်လန့်တုန်လှုပ်သွားတော့သည်။ “ငါ့ကိုမထိနဲ့!”

“ဝမ်မေ့၊ ကျေးဇူးပြုပြီး၊ ကျေးဇူးပြုပြီး ကိုယ့်ကိုမတွန်းထုတ်ပါနဲ့။ နောက်တစ်ခါထပ်မလုပ်တော့ဘူးလို့ ကတိပေးပါတယ်၊ အကုန်ကိုယ့်အမှားတွေပါ။” ကျန်းဝမ်ဟောက် တောင်းပန်တိုးလျှိုးနေသည်။ သူပြောနေတာတွေက အမှန်လားအမှားလားဆိုသည်က အရေးမပါဘဲ လောလောဆယ်ကျန်းဝမ်မေ့ စိတ်ငြိမ်သွားဖို့သာအဓိကပင်။

“ငါ့ကို တစ်ယောက်တည်းပေးနေပါ!” ကျန်းဝမ်မေ့တောင်းဆိုလိုက်သည်။

“ဝမ်မေ့….”

“ထွက်သွား!” ကျန်းဝမ်မေ့ မျက်ရည်များဖြင့်အော်ဟစ်လိုက်တော့သည်။

“ဟုတ်ပါပြီ၊ ငါအခုထွက်သွားမှာမို့ ကိုယ့်ကိုကိုယ်ထိခိုက်အောင်မလုပ်ပါနဲ့၊ ပြီးတော့ မိဘတွေကိုလဲ မပြောနဲ့နော်၊ ဟုတ်ပြီလား?” ကျန်းဝမ်ဟောက် တောင်းဆိုလိုက်သည်။ မိဘတွေသာ သိသွားလျှင် သူဘယ်လိုမှတာဝန်မယူနိုင်ပေ။

ကျန်းဝမ်မေ့ကတော့ တိတ်ဆိတ်နေကာ ကျန်းဝမ်ဟောက်ကလဲ ဆိတ်ဆိတ်နေခြင်းသည်က သဘောတူခြင်းဟုသာ မှတ်ယူပြီး ပြန်သွားခဲ့သည်။

ကျန်းဝမ်ဟောက်ထွက်သွားပြီး မကြာခင်တွင်ပဲ ကျန်းဝမ်မေ့သည် အိပ်ဆေးလုံးပေါင်းများစွာကို ထုတ်ယူကာ သောက်လိုက်တော့သည်။

………….

ကုနင်း၏ဆရာမက သူမကိုဖုန်းဆက်ခဲ့ကာ ကောင်းကင်ပြာဟိုတယ်တွင် ၁၀နာရီလောက် လာတွေ့ဆုံဖို့ပြောခဲ့သည်။

ကောင်းကင်ပြာဟိုတယ်သည် ကြယ်လေးပွင့်အဆင့်ရှိဟိုတယ်တစ်ခုဖြစ်ကာ ပြိုင်ပွဲဝင်သူအားလုံး ထိုနေရာတွင်သာ နေကြလိမ့်မည်။ သူတို့အားလုံးမှာ အထက်တန်းကျောင်းသားများသာဖြစ်တာကြောင့် သူတို့နေဖို့အတွက် ကြယ်ငါးပွင့်အဆင့်ရှိသည့်ဟိုတယ်အထိမလိုအပ်ပေ။ ကြယ်လေးပွင့်ဟိုတယ်သည်ကပင် သူတို့အတွက်လုံလောက်နေပေပြီ။

ကုနင်း ကောင်းကင်ပြာဟိုတယ်သို့ရောက်သွားချိန်တွင် နေရာတိုင်းမှု လူများစွာဖြင့် ပြည့်ကျပ်လို့နေသည်။

တစ်မြို့စီတိုင်းက ကိုယ်စားပြုကျောင်းသားသုံးယောက်စီ ပို့လွှတ်ခဲ့တာကြောင့် ယနေ့နေ့လည်တွင် ကျောင်းသားတစ်ရာကျော်မျှရောက်ရှိ စုဝေးနေကြသည်။

အားလုံးသည် သူတို့ကိုယ်ပိုင်မြို့များတွင် ပြိုင်ပွဲနောက်ဆုံးအဆင့်အထိ တက်ရောက်နိုင်ခဲ့သူများဖြစ်ကြပြီး ကုနင်းတစ်ယောက်တည်းကသာ နိုင်ငံအဆင့်နောက်ဆုံးပြိုင်ပွဲကို တိုက်ရိုက်ဝင်ရောက်လာသူဖြစ်သည်။

နိုင်ငံအဆင့်ပြိုင်ပွဲကို အကြိုစစ်ဆေးပွဲ၊ မကျေပွဲနှင့် နောက်ဆုံးပွဲဆိုပြီး ခွဲခြားထားသည်။ အကြိုစစ်ဆေးပွဲကတော့ ရေးဖြေစာမေးပွဲဖြစ်ကာ မကျေပွဲအဆင့်သို့ ကျောင်းသားအယောက်၅၀သာပါဝင်နိုင်သည်။ မကျေပွဲတွင်တော့ မေးခွန်းများကို ရှေ့မှသင်ပုန်းတစ်ခုတွင် ပြထားကာ ယှဉ်ပြိုင်သူများက ထိုသင်ပုန်းပေါ်ကို ကြည့်ပြီးတွက်ချက်ရတာကြောင့် ရေးဖြေစာမေးပွဲနှင့်မကွာပေ။

နောက်ဆုံးပွဲစဉ်သည်တော့ အမြန်ဖြေကစားနည်းဖြစ်သည်။ မေးခွန်းများကို ရှေ့တွင်သာပြသထားမည်ဖြစ်သော်လည်း အရင်ဆုံးဖြေဆိုနိုင်သူသည်က အနိုင်ရသူဖြစ်သည်။

ကုနင်း ကောင်းကင်ပြာဟိုတယ်ထဲသို့ဝင်သွားသည်နှင့် ခန်းမဆောင်ထဲမှ ဆူဆူညံညံငြင်းခုံနေသံများကိုကြားလိုက်ရသည်။ တစ်ယောက်ယောက်က ကောင်းကင်ပြာဟိုတယ်တွင်မနေချင်ဘဲ ကြယ်၅ပွင့်ဟိုတယ်တွင် နေချင်နေခြင်းပင်။

“မသိဘူး၊ ကျွန်မကတော့ ကြယ်၅ပွင့်ဟိုတယ်ကိုသွားမှာပဲ။ ကျွန်မအတွက်စားရိတ်ပေးစရာမလိုဘူး။ ကိုယ့်ဘာသာတည်းနိုင်တယ်!” ကောင်မလေးတစ်ယောက်ကာ စွာကျယ်ကျယ်ဖြင့် ပြောဆိုနေသည်။ သံသယဖြစ်နေရန်မလိုစွာဘဲ ထိုကောင်မလေးသည် ချမ်းသာသည့်မိသားစုကမှန်း သိသာလှသည်။ သူမက တခြားလူများနှင့်အတူ ကောင်းကင်ပြာဟိုတယ်တွင်နေရခြင်းထက် ကြယ်၅ပွင့်ဟိုတယ်သို့သာသွားနေချင်နေသေည်။

“စုန့်ရှီယောင်၊ ကလေးဆိုးလိုလုပ်မနေနဲ့။ ပြိုင်ပွဲဝင်တဲ့သူတွေအားလုံး ဒီမှာပဲတည်းမှာ မင်းတို့ရဲ့လုံခြုံရေးကို ငါတို့အာမခံပေးနိုင်မှာ။ မင်းက အရမ်းချမ်းသာတဲ့မိသားစုကမှန်း သိပမေယ့် မင်းBမြို့နဲ့ရင်းနှီးတာလဲမဟုတ်ဘူး။ တစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲ? ငါမင်းမိသားစုကို ဘယ်လိုပြန်ပြောရမလဲ?” လူငယ်တစ်ယောက်က သူမကိုပြန်ပြောလိုက်သည်။ ထိုလူကတော့ သူမဆရာဖြစ်ပုံပင်။

“ကျွန်မကလေးမဟုတ်ဘူး။ ကိုယ့်ကိုကိုယ်စောင့်ရှောက်နိုင်တယ်!” စုန့်ရှီရောင်ကလဲ အလျှော့မပေးပေ။

“တခြားဟိုတယ်မှာ တစ်ယောက်တည်းသွားနေလို့မရဘူး။ ငါတို့နဲ့ပဲနေရမယ်။” ဆရာဖြစ်သူက အလေးအနက်ထပ်ပြောလိုက်သည်။

စုန့်ရှီယောင် ဒေါသထွက်လာကာ လက်မလျှော့ခဲ့ပေ။ “ကြယ်၅ပွင့်ဟိုတယ်မှာ တည်းခွင့်မပြုဘူးဆိုရင်လဲ ပြိုင်ပွဲကထွက်မယ်!” ပြောရင်းဆိုရင်းနှင့်ပင် လှည့်ထွက်လာခဲ့သည်။

“အဲ့မှာရပ်စမ်း!” ဆရာသည်လဲ ဒေါသထွက်လာတော့သည်။ “မင်းထွက်ချင်တယ်ပေါ့? ကိစ္စမရှိဘူး။ မြို့တော်ကို ငါကိုယ်တိုင်ပြန်လိုက်ပို့ပေးမယ်!”

စုန့်ရှီယောင် ကြောင်အသွားတော့သည်။ တကယ်တော့ သူမ,မပြန်ရဲပေ။ သူမအဖေက ထိပ်ဆုံးသုံးယောက်ထဲသာဝင်လျှင် သူမကိုအကန့်အသတ်ထုတ်ပြိုင်ကားတစ်စီးဝယ်ပေးမည်ဟု ကတိပေးထားသည်။ သူမလဲ ကိုယ်ပိုင်ကားတစ်စီးအလွန်လိုချင်နေသည်။ ဒါကြောင့် ကားအတွက် စုန့်ရှီယောင် ကောင်းကင်ပြာတွင်သာ ဆက်နေလိုက်ပေမည့် ထပ်ပြီးတော့ ညှိနှိုင်းလိုက်သေးသည်။ “နေမယ်၊ ဒါပေမယ့် ဗီအိုင်ပီအခန်းမှာပဲနေမယ်။ အခန်းခလဲကိုယ့်ဘာသာပဲပေးမယ်။”

ဒါကတော့ စုန့်ရှီယောင်နောက်ဆုံးအလျှော့ပေးနိုင်ခြင်းပင်။

“ကောင်းပြီ။” စုန့်ရှီယောင်ဘက်က ညှိနှိုင်းလာတာကြောင့် ဆရာဖြစ်သူကလဲ သဘောတူလိုက်တော့သည်။

“ကုနင်း?” ထိုအချိန်တွင်ပဲ ရင်းနှီးနေသည့်မိန်းကလေးသံတစ်သံက ကုနင်းနာမည်ကိုခေါ်လာသည်။ ကုနင်းလဲ အံ့ဩသွားကာ လှမ်းကြည့်လိုက်သည်။

ထိုမိန်းကလေးကို ကုနင်းမမြင်ခင်ကတည်းက အသံနှင့်တင် မှတ်မိနေပြီးသားဖြစ်သည်။ သူမကတော့ စုအန်းယာပင်။

စုအန်းယာကို မြင်လိုက်သည်နှင့် ကုနင်းပင် စိတ်လှုပ်ရှားသွားသည်။ စုအန်းယာနှင့်ဤနေရာတွင် တွေ့ရလိမ့်မည်ဟု သူမမမျှော်လင့်ထားခဲ့ပေ။

စုအန်းယာလဲ ချက်ချင်းပင် ကုနင်းအနားသို့ရောက်လာကာ သူမကိုပွေ့ဖက်လိုက်သည်။ “ဟ၊ နင်အံ့ဩမသွားဘူးလား? နင့်ကိုအံ့ဩသွားအောင်လို့ သူတို့ကိုငါလဲ ပြိုင်ပွဲမှာပါတာမပြောခိုင်းထားတာ!”

ကုနင်းလဲ ပြိုင်ပွဲတွင်ပါဝင်ကြောင်း စုအန်းယာသိလိုက်သည်နှင့် သူမလဲပဲပါဝင်သည့်အကြောင်းကို လျှို့ဝှက်ထားဖို့ရန် ဟောင်ရန်တို့ကိုပြောထားခဲ့ခြင်းဖြစ်သည်။

ကုနင်း ပြုံးလိုက်ပေမည့် ပျော်ရွှင်နေစဲပဲ။ “အံ့ဩသွားတာပေါ့!”

“ငါတို့တစ်ခန်းတည်းနေကြရအောင်!” စုအန်းယာစိတ်လှုပ်ရှားစွာပြောလိုက်သည်။

ကျောင်းသားနှစ်ယောက်စီက နှစ်ယောက်ခန်းထဲတွင်နေရမည်ဖြစ်ပြီး ဆရာများကတော့ တစ်ယောက်ခန်းများတွင်နေရမည်ဖြစ်သည်။

Fမြို့မှလာသောကျောင်းသား၃ယောက်တွင် မိန်းကလေး၂ယောက်၊ ယောက်ျားလေး၁ယောက်ဖြစ်သည်။ စုအန်းယာနှင့်ကုနင်းကတော့ မိန်းကလေးတွေဖြစ်တာကြောင့် သူမတို့နှစ်ယောက်တစ်ခန်းနေရပေမည်။

“အမ်၊ ငါဟိုတယ်မှာမနေဖြစ်ဘူး၊ အိမ်မှာပဲ ပြန်နေမှာ။” ကုနင်းမှာ တစ်ချိန်မဟုတ်တစ်ချိန် အလုပ်ကိစ္စများပေါ်လာနိုင်တာကြောင့် ဟိုတယ်မှာနေဖို့အဆင်မပြေ၍ ကျောင်းအုပ်ကိုခွင့်တောင်းထားခဲ့သည်။

“အွန်းပါ၊” စုအန်းယာအနည်းငယ်စိတ်ပျက်သွားရပေမည့် အကြောင်းအရင်းကိုတော့ မမေးခဲ့ပေ။

သို့ပေမည့် စုန့်ရှီယောင်ကတော့ အတော်လေးမကျေမနပ်ဖြစ်သွားသည်။ “ဘာလို့ သူကျတော့ တခြားမှာနေလို့ရတာလဲ?”

စုန့်ရှီယောင်၏ဆရာကလဲ ကုနင်းကိုမျက်မှောင်ကြုတ်ကာ ကြည့်လာသည်။

ခန်းမထဲမှတခြားလူများသည်လဲ ကုနင်းကို ကြည့်လာခဲ့ကြသည်။

***

အခန်း ၈၃၃ ကျန်းကျီခိုင် VS. စုန့်ရှီယောင်

ငါတို့အားလုံ ဒီဟိုတယ်မှာနေသင့်တာမဟုတ်ဘူးလား? ဒီကျောင်းသူကျဘာလို့ သူ့အိမ်သူပြန်နေနိုင်တာလဲ?

ကုနင်းသည် မှင်သက်လောက်အောင်လှပသူဖြစ်မှန်း မြင်လိုက်ရချိန်တွင်တော့ အားလုံး သဘောကျကုန်ကြသည်။

အရမ်းလှတာပဲ!

ယောက်ျားလေးအများစုသည် သူမ၏အလှတွင်ပျော်ဝင်သွားကြကာ မိန်းကလေးအများစုကတော့ သူမကို မနာလိုဖြစ်လာကြပြီး အထူးသဖြင့် စုရှီယောင်ဆိုလျှင် မျက်လုံးထဲ၌အမုန်းမီးတောက်များပင် တောက်လောင်လာတော့သည်။

စုန့်ရှီယောင်သည် အမြဲတမ်းလိုလို လူတိုင်း၏မျက်လုံးထဲတွင် လှပသူဖြစ်ကာ ကျောင်းမှာ သူမကသာ အလှဆုံးဆိုသည့်ဂုဏ်ပုဒ်နှင့်နေသားကျနေပြီးဖြစ်သည်။ သို့ပေမည့် အခုတော့ သူမထက်ပိုလှသည့်ကုနင်းနှင့် သူမတွေ့ဆုံလိုက်ရသည်။

စုန့်ရှိယောင် မုန်းနေမိသော်လည်း ကုနင်းသည် အမှန်တကယ်ကို အတော်လေးလှကြောင်းကိုတော့ လက်ခံမိသည်။ သူမအရင်မြင်ဖူးခဲ့သမျှ တခြားသောမိန်းကလေးများထက် ပိုလှပေသည်။

စုန့်ရှီယောင်၏ဆရာက ကုနင်းထံသို့လျှောက်လာကာ မျက်နှာသေဖြင့်မေးလာခဲ့သည်။ “မင်းဘယ်မြို့ကလဲဆိုတာ သိလို့ရလား? မင်းဆရာကကော ခွင့်ပြုထားပြီးပြီလား?”

“Fမြို့ကပါ ဆရာကလဲ ခွင့်ပြုထားပြီးပါပြီ။” ကုနင်း အေးအေးဆေးဆေးပင် ပြန်လည်ဖြေကြားလိုက်သည်။

Fမြို့? တတိယတန်းစားမြို့ကလား?

ဆရာကပိုလို့ပင် မျက်မှောင်ကြုတ်လိုက်ကာ အထင်သေးဟန်အချို့ကိုပင် ပေါ်လွင်အောင်ပြသလာပြီး။ “မင်းဆရာကခွင့်ပြုထားတယ်ပေါ့? ဘာလို့လဲ? ဒါက ပညာရေးဌာနက ထုတ်ပြန်ထားတဲ့စည်းမျဉ်းပဲ၊ ယှဉ်ပြိုင်သူတိုင်း ဒီဟိုတယ်မှာပဲ တည်းရမှာ။ မင်းတခြားနေရာမှာ နေချင်ရင်တောင် ပညာရေးဌာနက ခွင့်ပြုပေးပါ့မလား?”

စုန့်ရှီယောင်၏ဆရာသည် သူတို့သည်သာ သူများနှင့်မတူဘဲ သူတို့ကသာ ထူးပြီးဆက်ဆံခံရသင့်သည်ဟု အမြဲအတွေးရောက်နေသူဖြစ်သည်။ ထို့အပြင် ကုနင်းသည် တတိယတန်းစားမြို့လေးမှဖြစ်ကာ စုန့်ရှီယောင်သည်တော့ မြို့တော်မှဖြစ်သည်။

စုန့်ရှီယောင်သည် မြို့တော်မှ ကြွယ်ဝလွန်းသည့်မိသားစုကြီးမှဖြစ်တာတောင် အဆုံးမှာတော့ ဤဟိုတယ်တွင်သာ နေလိုက်ရသည်။ ဘာလို့ ကုနင်းကျတော့ စည်းကမ်းကိုမလိုက်နာလို့ရတာလဲ? စုန့်ရှီယောင်၏ဆရာက ကုနင်း၏ဆရာကို အပြစ်တင်နေတော့သည်။

“ဖြစ်နိုင်ရင်တော့ ကျွန်မလဲ စည်းကမ်းအတိုင်းလိုက်နာချင်ပါတယ်၊ ဒါပေမယ့် ကျွန်မမှာလုပ်စရာတွေရှိသေးလို့ တခြားကျောင်းသားတွေနဲ့အတူ ဒီမှာမနေနိုင်လို့ပါ။” ကုနင်းယဉ်ယဉ်ကျေးကျေးပင် ရှင်းပြလိုက်သည်။ ဒီဆရာက သူ့အလုပ်သူလုပ်နေခြင်းဖြစ်မှန်း ကုနင်းနားလည်ပေးနိုင်သည်။

“မင်းမှာ လုပ်စရာအလုပ်ကိစ္စရှိတယ်?” ဆရာက ထပ်မံမျက်မှောင်ကြုတ်လိုက်ကာ ပိုလို့တောင် အလိုမကျဖြစ်လာခဲ့သည်။ “မင်းကကျောင်းသားတစ်ယောက်၊ စာလေ့လာတာတစ်ခုတည်းကသာ မင်းလုပ်သင့်တဲ့အရာပဲ။”

“ဟုတ်တယ်! နင်ကကျောင်းသားလေ။ စာလေ့လာတာကလွဲပြီး ဘာတွေများအာရုံစိုက်စရာရှိလို့လဲ? သက်သက်မဲ့လျှောက်ကစားနေတာပဲဖြစ်မှာပေါ့!” စုန့်ရှီယောင်ကလဲ ဝင်ပြောလာသည်။

ထို့နောက် ကုနင်း၏လှပသည့်အသွင်အပြင်ကို မနာလိုဖြစ်နေသည့်မိန်းကလေးအချို့ကလဲ ကုနင်းကိုဝိုင်းဝန်းအပြစ်တင်လာကြသည်။

“သူ့မိသားစုက အာဏာရှိနေလို့ ဒီဟိုတယ်မှာလာမနေတာပဲဖြစ်မယ်။”

“တချို့လူတွေများ မိသားစုနောက်ခံအားကိုးပြီး ဘဝင်မြင့်နေလိုက်ကြတာ။”

“သူက တတိယတန်းစားမြို့ကပဲမဟုတ်လား။ သူ့မိသားစုက ဘယ်လောက်များအာဏာရှိနေနိုင်မှာမို့လို့လဲ?”

“ဘဝင်မြင့်နေတာပါ။”

“အရှက်မရှိလိုက်တာ!”

“လူမှုအသိုင်းအဝိုင်းအကြောင်း ဘာမှလဲမသိတတ်ဘူး!”

………

ပြစ်တင်စကားများကြောင့် ကုနင်းစိတ်တိုလာတော့သည်။ “နင်တို့မကျေနပ်ဘူးဆိုရင် ကိုယ်တိုင်ပညာရေးဌာနကို စာတင်လိုက်ကြ။ ငါ့ကိုပဲ လာတိုက်ခိုက်မနေနဲ့၊ ရှက်တတ်ကြဦး။ ငါ့လုပ်သမျှ နင်တို့ကိုလိုက်ပြောပြနေစရာလား?”

ကုနင်းသည် တခြားလူတွေကို ပြစ်တင်ဝေဖန်နေတတ်သူများကို အမုန်းဆုံးဖြစ်သည်။ သူမက စည်းကမ်းကိုမလိုက်နာဘူးဆိုလျှင်တောင်မှ သူမအခြေအနေနှင့်သူမပင်။

“နင်တို့မကျေနပ်ရင် ပညာရေးဌာနကို အကြောင်းကြားလိုက်! သူ့ကိုအပြစ်တင်မနေကြနဲ့တော့။ နင်တို့ပညာတတ်တွေမဟုတ်ဘူးလား? ထိပ်တန်းကျောင်းသားတွေမဟုတ်ဘူးလား?” စုအန်းယာကလဲ ဒေါသထွက်စွာဝင်ပြောလာသည်။

ထိုစကားကြောင့် မိန်းကလေးများပါးစပ်ပိတ်သွားကြကာ အနည်းငယ်ရှက်ရွံ့သွားကြသည်။ သို့ပေမည့် ကုနင်း၏အပြုအမူအပေါ်တော့ သူတို့မကျေမနပ်ဖြစ်နေကြတုန်းပင်။

“ထားလိုက်တော့၊ မင်းတို့လုပ်စရာရှိတာတွေသွားလုပ်ကြ။” ဆရာကပြောလိုက်တာကြောင့် အားလုံးလဲ လုပ်စရာရှိသည်များလုပ်ရန် ထွက်သွားဖို့ပြင်လိုက်ကြသည်။

ထိုအခိုက်အတန့်တွင်ပဲ မိန်းကလေးတစ်ယောက် ကုနင်းရှေ့သို့လျှောက်လာကာ မေးလိုက်သည်။ “နင်က ကုနတ်ဘုရားမလား?” ကောင်မလေးပုံစံက အလွန်စိတ်လှုပ်ရှားနေပုံပင်။

ကုနင်း ထိုကောင်မလေးကို တစ်ခါမှမမြင်ဖူးသော်လည်း အင်တာနက်ပေါ်မှ သူမသတင်းတချို့တလေကိုဖတ်ပြီး သူမကိုဤသို့နာမည်တပ်ခေါ်တာဖြစ်မှန်း သိလိုက်သည်။

“ဘာ? ကုနတ်ဘုရားမ? ကျန်းကျီခိုင်၊ သူလှတယ်ဆိုပေမယ့် နတ်ဘုရားမတော့မဟုတ်ဘူးလေ!” စုန့်ရှီယောင်က အထင်သေးစွာဖြင့်ပြောလိုက်သည်။ သူမကသာ နတ်ဘုရားမဟု ခေါ်ဆိုခံရသူဖြစ်သင့်သည်ဟု ယုံကြည်နေတာကြောင့် ကျန်းကျီခိုင်က ကုနင်းကို ကုနတ်ဘုရားမဟုခေါ်လိုက်သည့်အတွက် လွန်စွာမကျေမနပ်ဖြစ်သွားသည်။

“နင်နဲ့မဆိုင်ဘူး!” ကျန်းကျီယောင်က ပြန်ပြောလိုက်ကာ စုန့်ရှီယောင်ကို နှာခေါင်းရှုံ့လိုက်ပြီး၊ “နင်အခု ကုနတ်ဘုရားမကို အရမ်းမနာလိုဖြစ်နေရောပေါ့။ ကျောင်းမှာနင့်ကိုသဘောကျတဲ့လူအများကြီးရှိရုံနဲ့ နင်ကသာ အလှဆုံးလို့ တကယ်ကြီးထင်နေတာလား? မျက်လုံးပါတဲ့လူတိုင်း ဒီနေရာမှာ ဘယ်သူကပိုလှလဲသိကြတယ်!”

“နင်…” ကျန်းရှီယောင်က သူမစိတ်ကိုဖောက်မြင်နေတာကြောင့် စုန့်ရှီယောင် ဒေါသထွက်သွားသည်။

ဤမိန်းကလေးနှစ်ဦးသည် အတူတူကြီးပြင်းလာကြကာ တစ်လျှောက်လုံးလဲ အမြဲတမ်း ငြင်းခုန်ရန်ဖြစ်လာသူများဖြစ်တာကြောင့် တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းသိကြသည်။

စုန့်ရှီယောင်သည် ကြင်နာစိတ်မရှိသည့် အတ္တသမားဖြစ်သည်။ တစ်ဖက်တွင်တော့ ကျန်းကျီခိုင်သည် ကြင်နာစိတ်ရှိကာ ဖြောင့်မတ်သူဖြစ်သည်။ စုရှီယောင်၏အမူအကျင့်တွေကို သူမလုံးဝသဘောမကျခဲ့သော်လည်း စုန့်ရှီယောင်ဘက်ကအရင် သူမကိုရန်လာမစသ၍ သူမလဲ စုန့်ရှီယောင်နှင့်ငြင်းခုံခြင်းမပြုပေ။

ထိုနှစ်ဦး၏ငြင်းခုံနေသံများကိုကြားပြီးနောက် ကျောင်းသားများက ထွက်မသွားကြတော့ဘဲ ကုနင်းနှင့်စုန့်ရှီယောင်ကို ပြန်ကြည့်လာကြသည်။ စုန့်ရှီယောင်ထက် ကုနင်းပိုလှသည်က အမှန်တရားပင်။ ထို့အပြင် စုန့်ရှီယောင်သည်က မောက်မာက ဒေါသကြီးသူဖြစ်ပြီး ကုနင်းသည်တော့ နူးညံ့ကာ ဂုဏ်သရေရှိသည်။ ဘာပဲဖြစ်ဖြစ် ကုနင်းက သူမထက်ပိုလို့ ဆွဲဆောင်မှုရှိပေသည်။

“တော်လောက်ပြီ! ရပ်ကြတော့!” ဆရာဖြစ်သူက ထပ်မံဟန့်တားလိုက်ပြန်သည်။ စုန့်ရှီယောင်နှင့်ကျန်းကျီခိုင် နှစ်ယောက်လုံးသည် ကြွယ်ဝသည့်မိသားစုများမှဖြစ်ကြတာကြောင့် သူဘယ်သူ့ဘက်ကိုမှ မလိုက်နိုင်ပေ။

ကျန်းကျီခိုင်သည်လဲ ဆက်ပြီးအငြင်းပွားလိုစိတ်မရှိတာကြောင့် ကုနင်းဘက်သို့သာ တစ်ဖန်ပြန်လှည့်သွားသည်။ “နင်က ကုနတ်ဘုရားမ,မဟုတ်လား?”

ကုနင်း ရယ်ချင်မိသွားကာ၊ “နင် ငါ့ကို ကုနတ်ဘုရားမလို့ခေါ်ပြီးနေပြီပဲ၊ ထပ်ပြောစရာလိုသေးလို့လား?”

“ဟ-ဟ။” ကျန်းကျီခိုင် ခပ်ဟဟရယ်လိုက်ကာ၊ “ငါမှားသွားမှာစိုးလို့ နင်ကိုယ်တိုင်အတည်ပြုပေးတာလိုချင်ရုံပါ။”

***

အခန်း ၈၃၄ ကျော်ကြားလှတဲ့ကုနတ်ဘုရားမ

“တွေ့ရတာဝမ်းသာပါတယ်၊ ငါက ကုနင်းပါ။” ကုနင်းဘက်ကစပြီး ကြင်နာမှုအပြည့်ဖြင့် လက်လှမ်းလိုက်သည်။

ကျန်းကျီခိုင်လဲ စိတ်လှုပ်ရှားသွားကာ ချက်ချင်းပင် ကုနင်း၏လက်ကိုပြန်လည်ဖမ်းဆုပ်လိုက်ပြီး၊ “တွေ့ရတာဝမ်းသာပါတယ်၊ ငါကတော့ ကျန်းကျီခိုင်၊ နင်ရဲ့ပရိသတ်ဆိုလဲဟုတ်တယ်၊ တစ်နေ့တော့ Fမြို့ကိုသွားပြီး နင်နဲ့တွေ့ချင်နေတာ၊ အခုလိုတွေ့လိုက်ရလို့ အရမ်းစိတ်လှုပ်ရှားတာပဲ! ငါတို့သူငယ်ချင်းဖြစ်လို့ရမလား?”

ကျန်းကျီခိုင်သည် ကုနင်းကို အလွန်လေးစားသဘောကျသူဖြစ်သည်။

ထိုနှစ်ဦး၏ပြောဆိုနေမှုများကို ကြားရသည်က အတော်လေးနားမလည်နိုင်စရာပင်။ ကျန်းကျီခိုင်က ဘယ်လိုလုပ်ပြီး ကုနင်း၏ပရိသတ်ဖြစ်သွားတာလဲဆိုသည်ကို သူတို့နားမလည်နိုင်ကြပေ။ ကုနင်းရဲ့လှပမှုတစ်ခုတည်းကတော့ အကြောင်းအရင်းမဟုတ်လောက်ဘူး။

ကုနင်းထပ်ပြီးရယ်ချင်မိသွားသည်။ ကျန်းကျီခိုင်အကြောင်း သူမမသိသေးသော်လည်း ကျန်းကျီခိုင်သည် မိန်းမကောင်းလေးတစ်ယောက်ဖြစ်မှန်းတော့ သူမခန့်မှန်းမိသည်။ “ဒါပေါ့၊ မရစရာလား။”

ကုနင်းသဘောတူလိုက်သည်နှင့် ကျန်းကျီခိုင်တစ်ယောက် ပျော်လွန်းလို ထခုန်မိတော့မလိုပင်ဖြစ်သွားသည်။ “ယေး! အခုကစပြီး ငါတို့သူငယ်ချင်းတွေဖြစ်ကြပြီပေါ့!”

“အဲ့လောက်တောင်ပျော်နေတာလား? ပျော်စရာဘာအကြောင်းမှလဲမရှိဘဲနဲ့!” စုန့်ရှီယောင်က သူမဘာသာတီးတိုးရေရွတ်လိုက်သည်။ သူမအသံက မကျယ်လှသော်လည်း ကုနင်းကတော့ ကြားနိုင်နေစဲပင်။

“ကုနတ်ဘုရားမ၊ ငါနင့်ကို ညနေစာဝယ်ကျွေးလို့ရမလား?” ကျန်းကျီခိုင် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ဖိတ်ခေါ်လိုက်သည်။

“ငါ့ကို ကုနင်းလို့ပဲခေါ်ပါ၊ ပြီးတော့ ငါပဲဝယ်ကျွေးပါ့မယ်!”

“ကောင်းပြီလေ။” ကျန်းကျီခိုင်လက်ခံလိုက်သည်။ ကုနင်း၏စီးပွားရေးလုပ်ငန်းအကြောင်း သူမတစ်စွန်းတစ်စသိထားတာကြောင့် ကုနင်းမှာ ငွေမပြတ်လပ်ကြောင်းလဲသိပေသည်။

“နင်းနင်း၊ ငါ့ကိုရော?” စုအန်းယာက အနည်းငယ်မကျေနပ်သလို ပြောလိုက်သည်။

ကုနင်းလဲ ချက်ချင်းပင် ကျန်းကျီခိုင်နှင့် စုအန်းယာတို့ကို မိတ်ဆက်ပေးလိုက်သည်။ “ဒါကလဲ ငါ့သူငယ်ချင်းပဲ၊ စုအန်းယာတဲ့၊ သူလဲ Fမြို့က။”

“ဟိုင်း၊ တွေ့ရတာဝမ်းသာပါတယ်၊ ငါတို့နှစ်ယောက်လုံး နင်းနင်းရဲ့သူငယ်ချင်းဆိုမှတော့ ငါတို့လဲ သူငယ်ချင်းတွေပဲပေါ့!” ကျန်းကျီခိုင်က ပြောပြီးသည်နှင့် စုအန်းယာကို ဖက်ပင်ဖက်လိုက်သေးသည်။ ကုနင်းကို နင်းနင်းဟု ခေါ်လိုက်ပုံအရ သူမတို့ပိုပြီးရင်းနှီးသွားသလိုခံစားရသည်။

“တွေ့ရတာဝမ်းသာပါတယ်!” စုအန်းယာသည်လဲ ကုနင်း၏သူငယ်ချင်းအသစ်အပေါ် ကြင်ကြင်နာနာပင်ဆက်ဆံသည်။

ယှဉ်ပြိုင်သူတိုင်း ဟိုတယ်တစ်ခုတည်းတွင်နေရမည်ဆိုသော်လည်း စာရင်းသွင်းပြီးသည်နှင့် အပြင်ထွက်နိုင်ကြကာ ည၉နာရီမတိုင်ခင်ပြန်ရောက်ဖို့ပဲလိုသည်။

“ခဏနေဦး။ ငါတို့ဆရာကို အရင်သွားပြောရဦးမယ်။” ကုနင်းက ကျန်းကျီခိုင်ကို ပြောလိုက်သည်။

“ရတာပေါ့။” ထို့နောက် ကုနင်းနှင့်စုအန်းယာတို့ အပေါ်ထပ်သို့တက်သွားကြသည်။ ကျန်းကျီခိုင်သည်လဲ စာရင်းသွင်းဖို့သွားကာ ပြီးကာမှ ခန်းမထဲတွင် ကုနင်းနှင့်စုအန်းယာတို့ကို စောင့်နေလိုက်သည်။

“ဟေ့၊ နင် ဟိုကောင်မလေးကို ဘာလို့ ကုနတ်ဘုရားမလို့ခေါ်တာလဲ?” ကျန်းကျီခိုင်တစ်ယောက်တည်း ဖြစ်နေချိန်တွင် ကောင်မလေးတစ်ယောက်ကရောက်လာကာ သိချင်စိတ်ဖြင့်မေးလိုက်သည်။

“နင် အင်တာနက်ပေါ်ကနေ သူ့နာမည်ကိုရှာကြည့်လိုက်လေ၊ အဲ့လိုဆိုသိသွားလိမ့်မယ်။” ကျန်းကျီခိုင်က ဂုဏ်ယူစွာဖြင့်ပြောလိုက်သည်။

ထိုစကားကိုကြားလိုက်သည်နှင့် အနားရှိကျောင်းသားများလဲ စိတ်ဝင်စားသွားကြကာ သူတို့ဖုန်းများကိုထုတ်ပြီး ကုနင်းအကြောင်း သတင်းများကို ရှာဖွေကြတော့သည်။ ကုနင်းအကြောင်း သတင်းများစွာကိုဖတ်ပြီးနောက်တွင်တော့ အားလုံးထိတ်လန့်အံ့အားသင့်ကုန်ကြတော့သည်။

“သူအရမ်းမိုက်တာပဲ!”

“ကွန်ဖူးပညာရှင်အပြင် အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်လဲဖြစ်သေးတယ်!”

“သူတကယ်ပဲ လူသားရောဟုတ်ရဲ့လား?”

“တကယ်နတ်ဘုရားမပဲဖြစ်ရမယ်!”

“အခုမှ ၁၈နှစ်ပဲရှိသေးတာလေ!”

……….

အားလုံးက ကုနင်း၏အောင်မြင်မှုများအပေါ် လေးစားအားကျနေကြကာ သူမကို နတ်ဘုရားမအဖြစ်မှတ်ယူကုန်ကြသည်။

ကျန်းကျီခိုင်လဲ သူမသူငယ်ချင်းများ၏ WeChatအဖွဲ့ထဲသို့စာပို့လိုက်ကာ ကုနတ်ဘုရားမကို အပြင်တွင်တွေ့ခဲ့ကြောင်း ပြောပြနေသည်။ သူမက ကုနတ်ဘုရားမ၏သူငယ်ချင်းဖြစ်သွားသည့် အကြောင်းကိုလဲ မချန်လှပ်ထားခဲ့ပေ။ သူမသူငယ်ချင်းများကတော့ သူမကို အားကျနေကြကာ ကုနင်းပုံကိုရိုက်ယူခဲ့ဖို့ မှာနေကြသည်။

ကျန်းကျီခိုင်၏သူငယ်ချင်းများသည်လဲ ကုနင်း၏ပရိသတ်များဖြစ်ကြသည်။

စုန့်ရှီယောင်နှင့်သူမဆရာကတော့ ထိုအချိန်တွင် ထွက်သွားကြပြီဖြစ်တာကြောင့် ကုနင်းအကြောင်း ဘာမှမသိကြသေးပေ။ သို့သော်လည်း စုန့်ရှီယောင်၏ဆရာကတော့ ပညာရေးဌာနမှဝန်ထမ်းတစ်ယောက်ကို သွားမေးကြည့်ပြီးနောက် ကုနင်းဘာကြောင့် တခြားကျောင်းသားတွေနဲ့ကွာခြားနေရလဲဆိုသည်ကို သိသွားတော့သည်။

ကုနင်းသည် အသက်ငယ်ငယ်လေးနှင့်ပင် JadeBeautyနှင့်Charm၏ တည်ထောင်သူဖြစ်နေပြီဖြစ်သည်။ သူမ၏အောင်မှုများနှင့်ဆိုလျှင် ပညာရေးဌာနက သူမကို အထူးတလည်ဆက်ဆံပေးသည်က နားလည်ပေးနိုင်သည်။ သူမကအတွက် စီးပွားရေးလုပ်ငန်းများလုပ်ဖို့ရန် အချိန်လိုအပ်သည်မဟုတ်လား။

မြို့တော်မှဆရာလဲ လက်ခံသွားကာ ကုနင်းအပေါ် အထင်သေးမိသည့်အတွက် အနည်းငယ်ရှက်ရွံ့မိသွားသည်။

ကုနင်း၏ဆရာက သူမကိုပြိုင်ပွဲစည်းမျဉ်းအချို့ပြောပြပြီးနောက်မှာပဲ စုအန်းယာနှင့်အတူ သွားခွင့်ပြုလိုက်သည်။

ကုနင်းက စုအန်းယာကို၉နာရီမတိုင်ခင်ပြန်ပို့ပေးမည်ဟု ကတိပေးခဲ့တာကြောင့် သူမတို့ဆရာကလဲ သူမကိုယုံကြည်ပေသည်။

ကျန်းကျီခိုင်မှတစ်ဆင့် ကုနင်းအကြောင်းသိသွားကြသည့် ခန်းမထဲမှကျောင်းသားများမှာ ကုနင်းကို သူတို့မျက်လုံးများဖြင့် ထပ်ပြီးတွေ့ရဖို့ရန် စောင့်ဆိုင်းနေကြသည်။

မိနစ်၂၀ကြာပြီးနောက် ကုနင်းထွက်လာသည်နှင့် သူတို့မျက်လုံးများတောက်ပသွားကြသော်လည်း ဘယ်သူကမှ သူမကိုအနှောင့်အယှက်မပြုကြပေ။

ကုနင်းလဲပဲ သူတို့၏တုံ့ပြန်ပုံများကို သတိထားမိပေမည့် နှုတ်ဆိတ်နေခဲ့သည်။

ကုနင်းတစ်ယောက် စုအန်းယာနှင့် ပြန်ထွက်လာသည်ကို မြင်လိုက်သည်နှင့် ကျန်းကျီခိုင် မိန်းမငယ်လေးတစ်ယောက်လို ပျော်ရွှင်စွာ မတ်တပ်ထရပ်လိုက်တော့သည်။

တကယ်တမ်း ကျန်းကျီခိုင်သည် ပုံမှန်အားဖြင့် ရင့်ကျက်ကာ တည်ငြိမ်သည့်မိန်းကလေးဖြစ်သော်လည်း ဒီကနေ့တော့ သူမကိုယ်သူမ,မထိန်းချုပ်နိုင်လောက်အောင် စိတ်လှုပ်ရှားနေတော့သည်။

တခြားသူများသည်လဲ ကုနင်းနှင့်အတူထွက်သွားရသည့် ကျန်းကျီခိုင်ကို မနာလိုအားကျနေမိတော့သည်။ သူတို့လဲ ကုနင်းနှင့်သူငယ်ချင်းဖြစ်လာနိုင်ဖို့ မျှော်လင့်နေမိသည်။

ကုနင်း ထိုနေရာသို့ကားမောင်းမလာပေမည့် ကျန်းကျီခိုင်နှင့်စုအန်းယာကို ပြန်ပို့ပေးရမည်ဖြစ်တာကြောင့် ဟိုတယ်ကိုကားလာပို့ဖို့ပြောထားသည်။

သူမကားစက်နှိုးပြီးနောက် သူငယ်ချင်းနှစ်ယောက်ကို မေးလိုက်သည်။ “နင်တို့ဘာစားချင်ကြလဲ?”

“ဘာဖြစ်ဖြစ်ရတယ်၊ ငါကအစားမရွေးဘူး။” ကျန်းကျီခိုင်က ပြန်ဖြေလိုက်သည်။

ထို့နောက် စုအန်းယာက၊ “နင်တို့ မတည့်တဲ့အစားအစာရှိလား?”

“မရှိဘူး။”

***

အခန်း ၈၃၅ ဂိမ်း

“ဒါဆိုလဲ ငါတို့ပင်လယ်စာသွားစားကြရင်ကော? ငါမှတ်မိတာမမှားရင် နင်းနင်းက ပင်လယ်စာကြိုက်တယ်မလား၊ ငါလဲကြိုက်တယ်။” စုအန်းယာက အကြံပြုလိုက်သည်။ “နင်ရော၊ ကျီခိုင်?”

“ကောင်းတာပေါ့! ငါပင်လယ်စာ မစားဖြစ်တာတောင် တော်တော်ကြာပြီ။ ပင်လယ်စာပဲသွားစားကြတာပေါ့!” ကျန်းကျီခိုင်သည် ပင်လယ်စာကို ကြိုက်သည်လဲမဟုတ်သလို မကြိုက်ဘူးလဲမဟုတ်ပေ။ အရသာရှိနေသ၍ နည်းနည်းပါးပါးတော့ စားကြည့်လိုက်မည်သာ။ အရေးအကြီးဆုံးကတော့ ကုနင်း ပင်လယ်စာကြိုက်တယ်မဟုတ်လား။

ဘယ်သူကမှ Bမြို့နှင့်ရင်းနှီးကြသည်မဟုတ်တာကြောင့် ကုနင်း လမ်းညွှန်ကိုသာဖွင့်လိုက်သည်။ သူတို့ရောက်နေသည့်နေရာနှင့် ဈေးဝယ်စင်တာတစ်ခုက နီးတာကြောင့် ညစာစားပြီးလျှင် လျှောက်ပတ်နိုင်သေးသည်။

လမ်းတစ်လျှောက် ကျန်းကျီခိုင်က ဓါတ်ပုံများရိုက်နေကာ ကုနင်းကတော့မပါမဖြစ်ပင်။ သို့ပေမည့် သူမက ကားမောင်းနေရတာကြောင့် တည်ငြိမ်လို့နေသည်။ ကျန်းကျီခိုင်က ကုနင်းကို ဗီဒီယိုအတိုလေးတစ်ပုဒ်ပါရိုက်လိုက်ပြီးနောက် WeChatတွင်တင်လိုက်သည်။

ဒီည ကုနတ်ဘုရားမနဲ့ အပြင်ထွက်လည်တယ်! သူဘယ်သူလဲ လာမမေးကြနဲ့နော်။ ကိုယ့်ဘာသာပဲ အင်တာနက်ပေါ်ကနေ နာမည်နဲ့ရှာကြည့်ကြ။ [ဗီဒီယိုနှင့်တကွ]

လူတိုင်းကတော့ ကုနင်းအကြောင်းမကြားဖူးကြတာကြောင့် ကျန်းကျီခိုင်က ကုနင်းအကြောင်း သူတို့ဘာသာရှာနိုင်ဖို့ရန်ပင် တစ်ခါတည်းပြောပြထားသည်။

ကျန်းကျီခိုင် ဗီဒီယိုတင်ပြီး စက္ကန့်ပိုင်းအတွင်းမှာပဲ တုံ့ပြန်ချက်များစွာရခဲ့သည်။ ကျန်းကျီခိုင်၏မိသားစုနှင့်သူငယ်ချင်းကောင်းများသည် ကုနင်း၏အောင်မြင်မှုများအကြောင်း သိထားကြသည်။ ကျန်းကျီခိုင်သည် ကုနင်း၏အမာခံပရိသတ်တစ်ဦးဖြစ်တာကြောင့် သူတို့လဲပဲ ကုနင်းအကြောင်း များစွာသိနေကြသည်။ ကျန်းကျီခိုင်၏မိဘများပင်လျှင် ကုနင်းကိုအထင်ကြီးကြကာ ကျန်းကျီခိုင်ကိုတောင်မှ ကုနင်းဆီမှသင်ယူဖို့ရန် ပြောကြသည်။

“ဝိုး၊ ကျန်းကျီခိုင်၊ ကုနတ်ဘုရားမက နင့်ကိုကားမောင်းပေးနေတာပေါ့!”

“ကျန်းကျီခိုင်၊ နင်ဘယ်လိုလုပ်များ ကုနတ်ဘုရားမနဲ့အပြင်မှာတွေ့ဖြစ်တာလဲ? ငါတော့ အရမ်းမနာလိုဖြစ်နေပါပြီ။”

“ကျီခိုင်၊ ကုနတ်ဘုရားမကလဲ ပြိုင်ပွဲဝင်ပဲလား?”

“အဲ့လိုပဲဖြစ်မှာပေါ့၊ ဒါကြောင့်ပဲ ကျီခိုင် ကုနတ်ဘုရားမကိုတွေ့နိုင်တာဖြစ်မယ်! ကုနတ်ဘုရားမက သူ့ကျောင်းမှာလဲ ထူးချွန်ကျောင်းသူပဲကို။”

“သူကတော့ အရမ်းအံ့ဩဖို့ကောင်းတာပဲ!”

………

ကျန်းကျီခိုင် မှတ်ချက်များကိုဖတ်ပြီး ဂုဏ်ယူစွာဖြင့်ပြုံးနေကာ ကုနင်းနှင့်စုအန်းယာတို့အတွက်တောင် အသံထွက်ဖတ်ပြနေခဲ့သည်။

ကုနင်းအတွက် ထိုသို့မှတ်ချက်များနှင့် ရင်းနှီးနေပြီဖြစ်သော်လည်း ရယ်ချင်နေမိတုန်းပင်။

စုအန်းယာသည်လဲ ကုနင်း၏သူငယ်ချင်းတစ်ယောက်အနေနှင့် ဂုဏ်ယူနေမိသည်။

မကြာခင်တွင်ပဲ ကျန်းကတော်လဲ ထိုပို့စ်ကိုမြင်သွားကာ စိတ်လှုပ်ရှားနေတော့သည်။ လိမ္မာတဲ့ကလေး! ကုနတ်ဘုရားမဆီက သင်ယူပြီး သူနဲ့သူငယ်ချင်းကောင်းဖြစ်အောင်လုပ်။ သူအားရင် အိမ်ကိုလာလည်ဖို့လဲ ဖိတ်ခဲ့ဦး။

စွမ်းဆောင်ရည်မြင့်မားသည့် ထူးချွန်သူတစ်ယောက်နှင့် ကောင်းမွန်သည့်ဆက်ဆံရေးတစ်ခုတည်ဆောက်နိုင်မည့် အခွင့်အရေးကို ဘယ်သူကမှငြင်းဆန်လိမ့်မည်မဟုတ်ပေ။

ကျန်းကျီခိုင် ပြန်စာရေးလိုက်သည် : စိတ်ချပါ။

ဆယ်မိနစ်ကျော်မျှမောင်းနှင်ပြီးနောက် သူမတို့ဈေးဝယ်စင်တာသို့ရောက်လာကြသည်။ စင်တာထဲသို့ဝင်လိုက်သည်နှင့် ကျန်းကျီခိုင်၏ အဆုံးမရှိသည့် ဓါတ်ပုံရိုက်ခြင်းအခိုက်အတန့်က ပြန်ပေါ်လာပြန်သည်။ သူမက တစ်လမ်းလုံး ကုနင်းဘက်သို့သာ ကင်မရာကိုချိန်ထားပြီး အဆက်မပြတ်ချီးကျူးနေသည်။ “နင်အရမ်းလှတာပဲ၊ အသားအရေကလဲ ချောမွတ်နေရာ! နတ်ဘုရားမရဲ့သူငယ်ချင်းကလဲ နတ်ဘုရားမပဲ! နင်တို့နှစ်ယောက်လုံး အရမ်းလှတယ်!” စုအန်းယာသည်လဲ အလွန်ဆွဲဆောင်မှုရှိလှသူဖြစ်တာကြောင့် ကျန်းကျီခိုင် သူမကိုလဲ လျစ်လျူမရှုထားခဲ့ပေ။

“ဟ-ဟ၊ နင်က နင့်ကိုယ်နင်ပါ ချီကျူးနေတာမဟုတ်လား?” စုအန်းယာစနောက်လိုက်သည်။

ကျန်းကျီခိုင်သည်လဲ ထူးချွန်သည့်မိန်းကလေးဖြစ်ကာ စုအန်းယာလို့ပဲ ဆွဲဆောင်မှုရှိပေမည့် ကုနင်းကတော့ သူတို့နှစ်ဦးထက်ပိုလို့ ထင်သာမြင်သာရှိလှသည်။ ထိုသို့ဆိုလျှင်ပင် ကျန်းကျီခိုင်သည် စဉ်းစားတတ်သူဖြစ်တာကြောင့် ကုနင်းကို လုံးဝမနာလိုမဖြစ်ပေ။

“ဟ-ဟ၊ နင်သိသွားပြီပေါ့!”

“ဟေ့၊ ငါတို့အတူတူတစ်ပုံလိုက်ရိုက်ကြရင်မကောင်းဘူးလား?” ကျန်းကျီခိုင် တောင်းဆိုလိုက်သည်။

ထို့နောက် သုံးယောက်သား နောက်ခံလှလှလေးတစ်ခုတွင် ဓါတ်ပုံပေါင်းများစွာရိုက်ကြတော့သည်။

တစ်နေ့လုံး ကျန်းကျီခိုင်က ကုနင်းနှင့်စုအန်းယာတို့နှင့်အတူ ရိုက်ထားသည့် ဓါတ်ပုံများ၊ ဗီဒီယိုများကို တင်နေတော့သည်။ သူမတင်လိုက်တိုင်းလဲ သူမသူငယ်ချင်းများက သူမကိုအားကျကြောင်း ပြောကြသည်။

ညစာစားပြီးနောက်၊ သုံးယောက်သား ဈေးဝယ်ထွက်ခဲ့ကြပေမည့် ထွေထွေထူးထူးဝယ်စရာတော့မရှိခဲ့ပေ။

“ငါတို့ဂိမ်းခန်းမကိုသွားကြရင်မကောင်းဘူးလား?” ကျန်းကျီခိုင်သည် ဗီဒီယိုဂိမ်းကစားရသည်အား သဘောကျသူဖြစ်တာကြောင့် အကြံပြုလိုက်သည်။

ကုနင်းနှင့်စုအန်းယာတို့ကလဲ သဘောတူကြသည်။

ဂိမ်းခန်းမသည် ဈေးဝယ်စင်တာ၏ငါးထပ်မြောက်တွင်တည်ရှိကာ ဂိမ်းစက်မျိုးစုံနှင့် လောင်းကစားစက်အနည်းငယ်ပါရှိသည်။

သူတို့ငါးလွှာသို့ရောက်သည်နှင့် ကျန်းကျီခိုင်က ကစားဖို့အဖွဲ့ဒင်္ဂါးအနည်းငယ်လဲလှယ်လိုက်သည်။ ထို့နောက် ဒင်္ဂါးကိုသုံးပုံခွဲကာ ကုနင်းနှင့်စုအန်းယာတို့ကိုပါ မျှပေးလိုက်သည်။ နောက်တော့ သူမအကြိုက်ဆုံးဖြစ်သည့် အရုပ်ကောက်စက်ဆီသို့ ဦးဆောင်ခေါ်သွားခဲ့သည်။

အရုပ်ကောက်စက်မှလက်သည်းသည် အလွန်ချောင်ကာ အရုပ်တစ်ခုရဖို့ရန် အလွန့်အလွန်ခက်ခဲကြောင်း သူတို့သိကြသော်လည်း ပျော်ရွှင်စွာကစားကြစဲပင်။

ကျန်းကျီခိုင်နှင့်စုအန်းယာတို့က ၁၀ယွမ်ဖိုးဒင်္ဂါးများကို စက်ထဲသို့ထည့်လိုက်ပေမည့် တစ်ရုပ်ကိုတောင် မကောက်နိုင်ခဲ့ပေ။ သို့ပေမည့် ကုနင်းသည်တော့ ဒင်္ဂါး၁၀ပြားထည့်ကာ အရုပ်လေးရုပ်ရလာခဲ့သည်။ ဒါကတော့ ကံကော အရည်အချင်းပေါ်မှာပါ မူတည်ပေသည်။

ကုနင်း အရုပ်ကောက်ခြင်းအောင်မြင်သွားတာကြောင့် သူမအနားရှိလူများ အံ့ဩနေကြတော့သည်။

“ဝိုး၊ နင်နင်း၊ နင်က ဒါလဲအရမ်းတော်တာပဲ!” ကျန်းကျီခိုင် စိတ်လှုပ်ရှားလို့နေသည်။

“တစ်ရုပ်တောင် ကောက်ဖို့ခက်တာကို၊ နင်က လေးရုပ်တောင်ရလာတာပဲ!” စုအန်းယာပင်လျှင် အံ့ဩနေသည်။

“ဒီမှာ၊ နင်တို့အတွက်၊ ငါကအရုပ်တွေမကြိုက်ဘူး။” ကုနင်း နှစ်ရုပ်စီကို စုအန်းယာနှင့်ကျန်းကျီခိုင်တို့အားပေးလိုက်သည်။

ကျန်းကျီခိုင်နှင့်စုအန်းယာသည် ဆယ်ကျောက်သက်ကောင်မလေးများဖြစ်တာကြောင့် သူတို့အရုပ်ကြိုက်တာက သာမာန်သာဖြစ်ပေမည့် ကုနင်း၏စိတ်ဝိညာဉ်ကတော့ တကယ်တမ်းအသက်၃၀နီးနီးရှိနေပေပြီ။

“ကျေးဇူးပါ!” ကျန်းကျီခိုင်နှင့်စုအန်းယာတို့သည် အရုပ်များကို အလွန်သဘောကျကြတာကြောင့် ကုနင်းထံမှ လက်ဆောင်ကို ပျော်ပျော်ရွှင်ရွှင်ပဲ ယူလိုက်ကြသည်။

နောက်ဆက်ပြီး ဂိမ်းမျိုးစုံကိုကစားခဲ့ကြသည်။

ကုနင်းက မြှားတိုပစ်သည့်နေရာသို့သွားလိုက်သည်။ သူမသာ မြှားတိုအားလုံးကို အနီမှတ်ထိအောင်ပစ်နိုင်ပါက အကြီးဆုံးအရုပ်ကိုဆုအဖြစ်ရပေလိမ့်မည်။

***

All Chapters