← Chapters

အခန်း (၈၃၆-၈၄၀)

Vol. 56 Ch. 836-840

အခန်း (၈၃၆-၈၄၀)

Vol. 56 Ch. 836-840

အခန်း ၈၃၆ အတိအကျ

ကျန်းကျီခိုင်နှင့်စုအန်းယာတို့ကတော့ မြှားတိုပစ်ကစားနည်းသည် ခက်ခဲလွန်းလှသည်ဟုတွေးမိကြသော်လည်း အနီရောင်မှတ်ကို မြှားတို၇ချောင်းထိမှန်လျှင်ပင် အရုပ်တစ်ရုပ်ရနိုင်တာကြောင့် မျှော်လင့်နေကြသည်။ အနီမှတ်သို့ မြှားတိုနည်းနည်းပါးပါးထိမှန်လျှင်ပင် အရုပ်သေးလေးတစ်ခုတော့ ရနိုင်ပေသည်။

ဂိမ်းဒင်္ဂါး၁၀ခုကို ၁၀ယွမ်ကျကာ မြှားတို၁၀ချောင်းဝယ်နိုင်ပေသည်။

ကုနင်း မြှားတိုများလက်ထဲရောက်သည်နှင့် တစ်ချောင်းပြီးတစ်ချောင်း စတင်ပစ်တော့သည်။

မြှားတိုတစ်ချောင်း အနီမှတ်ကိုထိသည်နှင့် ကျန်းကျီခိုင်နှင့်စုအန်းယာတို့က စိတ်လှုပ်တရှားအားပေးကြသည်။ စက္ကန့်ပိုင်းလေးအတွင်းမှာပဲ မြှားတို၇ချောင်းက အနီမှတ်ကိုထိသွားတာကြောင့် အနားရှိလူများလဲ အာရုံစိုက်လာကာ သူတို့အနားသို့စုဝေးလာကြသည်။

“ဘုရားရေ၊ ဒီကောင်မလေး ၇ချောင်းတောင် အနီမှတ်ကိုထိတယ်ဟ။”

“မယုံနိုင်စရာပဲ! သူမြှားတို၁၀ချောင်းလုံးများ အနီမှတ်ကိုထိအောင်ပစ်နိုင်မလား သိချင်လာပြီ။”

“ဖြစ်နိုင်ချေတော့များသားပဲ။”

လူတိုင်းက ကုနင်းကိုယုံကြည်နေကြသည်။

၈၊ ၉၊ ၁၀…. မြှားတို၁၀ချောင်းလုံး အနီမှတ်ကိုတကယ်ပဲထိသွားခဲ့သည်။

“ဝိုး!”

ကျန်းကျီခိုင်နှင့်စုအန်းယာတို့လောက်တော့ ဘယ်သူမှပိုပျော်နိုင်ကြလိမ့်မည်မဟုတ်ပေ။ တစ်ဖက်တွင်တော့ ကုနင်းသည် ပုံမှန်အတိုင်းအေးဆေးလို့နေကာ သူမအတွက်တော့ အံ့ဩစရာမဟုတ်ပေ။

“အိုးမိုင်ဂေါဒ့်၊ သူအရမ်းမိုက်တာပဲ!”

“အရင်ကလဲ လေ့ကျင့်ဖူးထားရမယ်။”

“ဒါပေါ့၊ မဟုတ်ရင် ဒီလောက်တော်ပါ့မလား။”

ကုနင်း၏တိကျသေချာသည့်ပစ်ချက်တိုင်းသည် မြှားတိုပစ်ကစားနည်းအနားမှ လူတိုင်းကို အံ့အားသင့်သွားစေခဲ့သည်။

ဝန်ဆောင်မှုပေးသည့်လူက ကုနင်းကို အကြီးဆုံးအရုပ်ကြီးတစ်ရုပ် ချက်ချင်းပေးလာပေမည့် ကျန်းကျီခိုင်ရော စုအန်းယာပါ အရုပ်များကိုသဘောကျကြတာကြောင့် သူတို့တစ်ယောက်တစ်ရုပ်ရနိုင်ရန် ကုနင်းနောက်တစ်ကြိမ် ထပ်ကစားဖို့ဆုံးဖြတ်လိုက်သည်။

ပထမအကြိမ် သူမကစားသည်ကို မြင်ပြီးကတည်းက ကျန်းကျီခိုင်နှင့်စုအန်းယာတို့မှာ ကုနင်း နောက်ထပ်တစ်ကြိမ်လဲ မြှား၁၀ချောင်းလုံး အနီမှတ်ကိုထိလိမ့်မည်ဟု အလွန်ယုံကြည်ချက်ရှိနေကြသည်။

သို့ပေမည့် ပွဲကြည့်သူအများစုကတော့ သံသယရှိနေတုန်းပင်။

အချိန်တိုလေးအတွင်းမှာပဲ ကစားပွဲပြီးဆုံးသွားကာ ကုနင်းထပ်နိုင်တာကြောင့် သူမလိုချင်သည့်အတိုင်း အရုပ်ကြီးတစ်ရုပ်ထပ်ရပြန်သည်။ ထို့နောက်တွင်တော့ ကျန်းကျီခိုင်ရော စုအန်းယာပါက အရုပ်ကြီးများကို မလွှတ်တမ်းပွေ့ဖက်ထားကြတော့သည်။ သူတို့နှစ်ယောက်လုံး အလွန်စိတ်လှုပ်ရှားနေကြကာ အရုပ်များမှာလဲ ကြီးလွန်း၍ သူတို့လျှောက်ရမည့်လမ်းကိုတော့ သိပ်မမြင်နိုင်ပေ။

အနားတစ်ဝိုက်မှလူများသည်လဲ ကုနင်းနှစ်ကြိမ်တောင်မှ ပစ်မှတ်၁၀ခါလုံးထိခဲ့၍ လေးစားနေကြသည်။

တချို့ကောင်မလေးများဆိုလျှင် ကျန်းကျီခိုင်နှင့်စုအန်းယာတို့ကို အားကျနေကြကာ သူတို့လဲ ထိုသို့အရုပ်အကြီးကြီးများလိုချင်နေကြသည်။

အရုပ်ကြီးတစ်ရုပ်လျှင် ယွမ်၂၀၀လောက်သာရှိပြီး ဈေးမကြီးပေမည့် ဝယ်တာနှင့် ကစားပြီးအနိုင်ဆုအဖြစ်ရသည့် ခံစားချက်ခြင်းကမတူညီပေ။

“နင်းနင်း၊ နင်ကတော့ နိုင်ငံရဲ့အိုင်ဒေါပဲ! ငါသာယောက်ျားလေးဆို နင့်ကိုပဲချစ်မိပြီး နင်နဲ့ပဲ လက်ထပ်မှာ။” ကျန်းကျီခိုင်၏အလေးအနက်ကိုပြောလာသည်။

“နင်သာယောက်ျားလေးဆို၊ နင်ထူးချွန်၊ ချမ်းသာပြီး ခန့်ညားတဲ့လူငယ်တစ်ယောက်ဖြစ်နေမှရမယ်၊ မဟုတ်ရင် နင်းနင်းက နင့်ကိုလက်ထပ်မှာမဟုတ်ဘူး။” စုအန်းယာကပြောလိုက်သည်။ ကုနင်းသည် ထူးချွန်လှသူဖြစ်တာကြောင့် သူမ၏ချစ်သူကောင်လေးသည်လဲ ထူးချွန်ထက်မြက်ရပေမည်။

“ဒါက….” ကျန်းကျီခိုင် ရုတ်တရက်ကြောင်အသွားပြီးနောက်မှ၊ “နင်မှန်တယ်၊ ငါသာယောက်ျားလေးဆို၊ နင်းနင်းကို လက်ထပ်နိုင်မှာမဟုတ်ဘူး။ နဒီလိုသာဆို ငါမိန်းကလေးဖြစ်နေတာပဲ ပိုကောင်းတယ်၊ ဒါကမှ နင်းနင်းနဲ့သူငယ်ချင်းဖြစ်လာနိုင်သေးတယ်!”

ကျန်းကျီခိုင်၏အလွန်အလေးအနက်ထားကာ တွေးတောနေတာကြောင့် ကုနင်းနှင့်စုအန်းယာတို့ ရယ်ချင်သွားတော့သည်။

သူတို့မှာနောက်ထပ် ဂိမ်းဒင်္ဂါးတွေအများကြီးကျန်နေသေးတာကြောင့် နောက်ထပ်ကစားနည်းများစွာ ဆက်ကစားခဲ့ကြသည်။

တစ်ခါကစားလျှင် ဒင်္ဂါး၁၀ခုပေးရသည့် ဘက်စကတ်ဘောစက်ကိုလဲကစားခဲ့ကြသည်။ သူတို့တစ်မိနစ်အတွင်း ဘက်စကတ်ဘောလုံး အလုံး၁၀၀ကိုပစ်ထည့်နိုင်လျှင် အရုပ်များ ဒါမှမဟုတ် တခြားလက်ဆောင်ပစ္စည်းအသေးလေးများကို ဆုအဖြစ်ရရှိနိုင်သည်။

ကျန်းကျီခိုင်နှင့်စုအန်းယာတို့သည် ကုနင်းသာကစားလျှင် အကြိမ်တိုင်းနိုင်လိမ့်မည်ဟု ယုံကြည်တာကြောင့် သူမတို့ဝေစုဒင်္ဂါးများကိုပင် ကုနင်းကို ပေးလိုက်ကြတော့သည်။

ဂိမ်းဒင်္ဂါးများကို စက်ထဲထည့်ပြီးသည်နှင့် ကုနင်း ဘက်စကတ်ဘောလုံးများကို ခြင်းထဲပစ်သွင်းတော့သည်။ သူမ၏လှုပ်ရှားမှုမှာ မြန်ဆန်လှကာ ဘောလုံးတစ်လုံးပြီးတစ်လုံး ခြင်းထဲတန်းဝင်သွားကြတာကြောင့် အနားရှိလူများ၏အာရုံကို ထပ်မံဖမ်းစားသွားပြန်သည်။

“သူအရမ်းတော်တာပဲ!”

“ငါမျက်လုံးငါတောင်မယုံနိုင်တော့ဘူး!”

လူတိုင်းက အံ့အားသင့်နေကြသည်။

“သူတစ်မိနစ်အတွင်း ဘယ်နှလုံးသွင်းနိုင်မလဲခန့်မှန်းကြရအောင်။”

“အလုံး၁၅၀ကျော်လောက်မယ်။”

“၁၈၀လောက်ဖြစ်နိုင်တယ်။”

“ငါကတော့ ၂၀၀လောက်ဖြစ်မယ်လို့ထင်တယ်။ သူအခု စက္ကန့်၃၀အတွင်းမှာတောင် အလုံး၁၀၀ကျော်သွင်းပြီးပြီမဟုတ်လား။”

“ပြောဖို့ခက်တယ်၊ သူနောက်ပိုင်း မောလာပြီး အရှိန်လျော့သွားရင်ကော။”

သို့သော်လည်း အံ့ဩစရာကောင်းစွာပဲ ကုနင်း၏ပစ်နှုန်းမှာ အစမှအဆုံးတိုင်အောင် တစ်သမတ်တည်းရှိနေခဲ့သည်။

တစ်မိနစ်ကြာပြီးနောက် ကုနင်း ခြင်းထဲသို့ဘောလုံး၂၀၈လုံးသွင်းနိုင်ခဲ့သည်။

တစ်ကယ်တော့ တစ်မိနစ်အတွင်း အလုံး၁၀၀သွင်းသည်ကပင် ခက်ခဲသည့်ပန်းတိုင်တစ်ုဖြစ်ကာ သာမာန်လူ အယောက်တစ်ရာတွင် တစ်ရောက်သာ လုပ်နိုင်ပေမည့် ကုနင်းကတော့ စံချိန်ကိုတောင် ချိုးဖျက်ခဲ့သည်။

လူအများက ချက်ချင်းဆိုသလို ချီးကျူးဂုဏ်ပြုလိုက်ကြတာကြောင့် တခြားဂိမ်းများကစားနေသူတို့ကို ထိတ်လန့်သွားစေကာ လှည့်ကြည့်လာစေသည်။ အများစုကတော့ သူတို့၏ပျော်စရာအခိုက်အတန့်အချိန်ကောင်းလေးတွေကို အထိတ်တလန့်ဖြစ်စေခဲ့တာကြောင့် မကျေမနပ်ဖြစ်နေကြပေမည့် မကြာခင်တွင်ပဲ ဘာတွေဖြစ်နေလဲဆိုသည်ကို နားလည်သွားသည်နှင့် အံ့ဩကုန်ကြတော့သည်။

“သူအရမ်းတော်တာပဲ!”

“သူ ကမ္ဘာ့စံချိန်ကိုတောင်ချိုးလိုက်ပြီထင်တယ်။”

“ဘယ်သူမှထပ်ချိုးနိုင်မှာမဟုတ်တော့ဘူး။”

…………

“ဟေ့၊ အလှလေး၊ ငါတို့သူငယ်ချင်းဖြစ်လို့ရမလား?” ကောင်လေးတစ်ယောက်က ကုနင်းကို စကားစဖို့ကြံလိုက်သည်။

ကုနင်းက ပြုံးလိုက်ပြီး ယဉ်ကျေးသောနည်းလမ်းဖြင့် ငြင်းဆန်ခဲ့သည်။ “နင် ခြင်းထဲကို ဘက်စကတ်ဘော အလုံး၁၀၀ပစ်နိုင်မယ်ဆိုရင် ဖြစ်နိုင်တာပေါ့။”

ထိုစကားကြောင့် ကောင်လေးမှာရှက်သွားကာ ချက်ချင်းပါးစပ်ပိတ်သွားတော့သည်။

ထို့နောက် ကုနင်းတို့အဖွဲ့လဲ လက်ဆောင်ပစ္စည်းများထုတ်ယူဖို့သွားခဲ့ကြသည်။

ဘယ်လောက်ပဲ မယုံနိုင်စရာကောင်းလောက်သည့် စံချိန်တစ်ခုတင်နိုင်ခဲ့သည်ဆိုဆို လက်ဆောင်ကတော့ တစ်ခုတည်းသာရမည်သာ။

လက်ဆောင်ပစ္စည်းများထဲတွင် စုံတွဲခွက်တစ်စုံပါကြောင်း ကုနင်း သတိပြုမိသွားတော့ ထိုခွက်အစုံကိုပဲ ယူလိုက်ကာ သူမဘာသာသိမ်းထားလိုက်သည်။

တစ်စုံတစ်ယောက်က ကုနင်း ဘက်စကတ်ဘောစက်တွင် ကစားနေပုံကို ဗီဒီယိုတစ်ပုဒ်ရိုက်ယူပြီး အင်တာနက်ပေါ်တွင်တင်လိုက်သည်။ မကြာခင်အချိန်တွင်ပဲ ဗီဒီယိုသည် နေရာအနှံ့သို့ပျံ့နှံ့လို့သွားကာ တချို့ဆိုလျှင် ကုနင်းကိုတောင် မှတ်မိသွားသည်။ ကုနင်း၏ ထူးချွန်ပြောင်မြောက်သည့်အရည်အချင်းများအကြောင်း သိရှိထားပြီးဖြစ်တာကြောင့် ဤတစ်ခေါက်တွင်လဲ အံ့ဩမှင်သက်ကုန်ကြစဲပင်။

“ကုနတ်ဘုရားမကတော့ တကယ့်နတ်ဘုရားမပဲ။ အမြဲကို အံ့ဩစရာကောင်းနေတာ။”

“ကုနတ်ဘုရားမ? ဘာလို့ သူ့ကို ကုနတ်ဘုရားမလို့ခေါ်တာလဲ?”

ကုနင်းကို မသိသေးသည့် တစ်စုံတစ်ယောက်က နားမလည်နိုင်စွာမေးလိုက်သည်။

“ကိုယ်တိုင်သာ သူ့နာမည်ကို အင်တာနက်ပေါ်ကနေရှာကြည့်လိုက်တော့။”

ကုနင်း၏အောင်မြင်မှုများအကြောင်းကို စာကြောင်းအနည်းငယ်နှင့်ရှင်းပြမိတ်ဆက်ပေးဖို့ ခက်လှတာကြောင့် ကိုယ်တိုင်သာ အင်တာနက်ပေါ်ရှိသတင်းများကို ရှာဖတ်သည်က ပိုကောင်းပေသည်။

လူများစွာက ကုနတ်ဘုရားမအကြောင်း သတင်းအချက်အလက်များကို အင်တာနက်ပေါ်တွင် ရှာဖွေဖတ်ရှုခဲ့ကြတာကြောင့် မကြာခင်တွင်ပဲ ကုနတ်ဘုရားမသည် အရှာအများဆုံးခေါင်းစည်းဖြစ်သွားတော့သည်။

***

အခန်း ၈၃၇ အရေးအကြီးဆုံးကတော့ ရှောင်းထင် သူမကိုကြိုက်တယ်လေ

ရှာဖွေမှုအများဆုံး အသည်းအသန်ဖြစ်လိုကြသည့် သရုပ်ဆောင်များမှာတော့ ကုနင်းသည် မကြာခဏဆိုလျှင် လူထု၏အာရုံစူးစိုက်မှုကို ခံနေရာတာကြောင့် အတော်လေးဝမ်းနည်းနေကြတော့သည်။ တစ်ချိန်တည်းမှာပဲ သူမ၏ထူးချွန်ပြောင်မြောက်မှုစွမ်းရည်ကို သူတို့လဲ အံ့ဩမိကြသည်။

လုံလုံလောက်လောက် ကစားပြီးကြသည့်နောက် ကုနင်း၊ ကျန်းကျီခိုင်နှင့် စုအန်းယာတို့ ပြန်ထွက်ခဲ့ကြသည်။

ပြန်ထွက်လာသည့်လမ်းတစ်လျှောက်မှာတော့ ကျန်းကျီခိုင်နှင့်စုအန်းယာတို့သည် လူအာရုံစိုက်စရာဖြစ်လာခဲ့သည်။ အကြောင်းကတော့ သူတို့နှစ်ယောက်စလုံး ကြီးမားသည့်အရုပ်ကြီး ကိုယ်စီသယ်လာတာကြောင့်ပင်။

“ဟန်နီ၊ ငါလဲ အဲ့လောက်အရုပ်ကြီးလိုချင်တယ်!” ကောင်မလေးတစ်ယောက်က သူမချစ်သူကို ပူဆာလိုက်သည်။

“ဘာလို့ အဲ့လောက်ကြီးတဲ့အရုပ်ကြီးလိုချင်ရတာလဲ?”

“ညကျဖက်ပြီးအိပ်လို့ရတာပေါ့!”

“မင်း ငါ့ကိုဖက်ပြီးအိပ်လဲရပါတယ်ကွာ။”

ထိုသို့ဖြင့် လူငယ်စုံတွဲက သူတို့အချစ်များကို ဖွင့်ချပြလို့နေသည်။

“ငါ့မှာချစ်သူမရှိဘူးဆိုပေမယ့် အရုပ်တွေရှိတယ်!” စုအန်းယာက မကျေမနပ်ပြောလိုက်သည်။

“ငါ့မှာလဲအရုပ်တွေရှိတယ်!” ကျန်းကျီခိုင်ကလဲ ထောက်ခံလိုက်သည်။

ကုနင်းကတော့ ပြုံးလိုက်ကာ သူမဘာသာစိတ်ထဲမှနေပြီး သူမတွင်တော့ လင်ရှောင်းထင်ရှိသည်ဟု ပြောလိုက်သည်။ သို့ပေမည့် လင်ရှောင်းထင်နှင့် သူမအဆက်အသွယ်မရသည်က ကြာပြီဖြစ်ကာ သူ့တာဝန်အခြေအနေဘယ်လိုလဲဆိုသည်ကိုလဲ သူမမသိပေ။ လင်ရှောင်းထင်ကို သူမဂရုစိုက်ချင်သော်လည်း တာဝန်များက လျှို့ဝှက်လွန်းတာကြောင့် သူမဘက်က အသေးစိတ်မေးမြန်းနေ၍မရကြောင်းလဲ သိသည်။

ကုနင်း ဟိုတယ်သို့ပြန်ထွက်လာချိန်တွင် လင်ရှောင်းထင်က သူမကို ဖုန်းခေါ်လာတာကြောင့် အံ့ဩသွားခဲ့ရသည်။

လင်ရှောင်းထင်က သူအခုအားသွားပြီဖြစ်၍ သူမနေရာကို မေးမြန်းလာခြင်းပင်။

ကုနင်း ကောင်းကင်ပြာဟိုတယ်သို့ သူမသူငယ်ချင်းများကို ပြန်လိုက်ပို့နေကြောင်း ပြန်ပြောလိုက်သည်နှင့် လင်ရှောင်းထင်ကလဲ သူမကို ဟိုတယ်တွင်ပဲ လာခေါ်မည့်အကြောင်း ပြန်ပြောခဲ့သည်။

၉နာရီထိုးဖို့ရန် မိနစ်၂၀မျှအလိုတွင်ပဲ သူမတို့ဟိုတယ်သို့ရောက်လာခဲ့သည်။ ကုနင်းက ကျန်းကျီခိုင်နှင့်စုအန်းယာတို့၏ အခန်းများဆီသို့ လိုက်မလည်တော့ဘဲ ကားဆီသို့ခဏပြန်ပြီးမှ ခန်းမထဲတွင် လင်ရှောင်းထင်ကို ထိုင်စောင့်နေလိုက်သည်။

ကျန်းကျီခိုင်နှင့်စုအန်းယာတို့ အရုပ်ကြီးများပိုက်ကာ ပြန်လာသည်ကိုမြင်လိုက်ရတော့ အနားရှိမိန်းကလေးများမှာ သူမတို့ကို အားကျစွာကြည့်နေကြတော့သည်။

ကျန်းကျီခိုင် အရုပ်ကြီးနှင့်ပင် သူမဆရာကိုသွားတွေ့ခဲ့တာကြောင့် သူမဆရာက မကျေမနပ်ဖြင့်မေးတော့သည်။ “ဘာလို့ ဒီလောက်ကြီးတဲ့အရုပ်ကြီးဝယ်လာတာတုန်း? အပြန်သယ်ဖို့ အဆင်မပြေနိုင်ဘူးဆိုတာ မသိဘူးလား?”

“ကိုယ်တိုင်ဝယ်တာမဟုတ်ပါဘူး။ ကုနတ်ဘုရားမက မြှားတိုပစ်ပြီးနိုင်လာခဲ့တာ!”

မြှားတိုပစ်ပြီးနိုင်တယ်? ကျန်းကျီခိုင်၏ဆရာမှာ အံ့ဩသွားတော့သည်။ သူလဲ မြှားတိုပစ်ကစားနည်းမှ စည်းကမ်းများကို သိထားပေသည်။ ဒီလောက်အရုပ်ကြီးကို ရလိုလျှင် မြှားတိုအားလုံး အနီရောင်အမှတ်ကိုထိမှရပေမည်။

ကုနင်းက တကယ်ကိုအံ့ဩဖို့ကောင်းတဲ့မိန်းကလေးပဲ!

ဆရာဖြစ်သူသည် ကုနင်းက အောင်မြင်သည့်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ကြောင်းကိုသာ သိထားသေးပြီး လူများစွာ၏အသက်ကို ကယ်တင်ခဲ့သည့်အချက်ကိုတော့ မသိထားသေးပေ။ မဟုတ်လျှင် သူဒီထက်ထိတ်လန့်သွားပေလိမ့်မည်။

ဆရာနှင့်တွေ့ပြီးနောက် ကျန်းကျီခိုင် သူမအခန်းသို့ပြန်လာခဲ့သည်။ သူမက စုန့်ရှီယောင်နှင့်တစ်ခန်းထဲတွင်ပင်နေခဲ့သည်။ သူမတို့ချင်းမတည့်ကြဘူးဆိုသော်လည်း မြို့တော်မှလာသည့် နှစ်ဦးတည်းသောမိန်းကလေးများဖြစ်တာကြောင့် အတူတူနေကြခြင်းဖြစ်သည်။

ထိုအချိန်တွင် စုန့်ရှီယောင်သည် အခန်းထဲ၌ သင်္ချာလေ့လာနေခဲ့သည်။ သူမသည် ဘယ်လောက်ပဲ မောက်မာကာ တစ်ကိုယ်ကောင်းဆန်သူဖြစ်ပါစေ စာတော်သူဖြစ်ပြီး သင်္ချာဆိုလျှင်ပိုတော်ပေသည်။ သူမစိတ်ထားက ဘယ်လိုပဲဖြစ်နေပါစေ သူမက မြို့တော်ကို ကိုယ်စားပြုယှဉ်ပြိုင်သူများထဲမှ တစ်ဦးပဲမဟုတ်လား။

ကျန်းကျီခိုင် အရုပ်ကြီးတစ်ရုပ်နှင့်ဝင်လာသည်ကိုတွေ့လိုက်ရတော့ စုန့်ရှီယောင်လဲ ကြောင်အသွားရသည်။ “နင့်အသက်ဘယ်လောက်မို့လို့ အရုပ်တွေကြိုက်နေသေးတာတုန်း?” သူမက အထင်သေးစွာဖြင့်ပြောလိုက်သော်လည်း တကယ်တမ်း သူမကိုယ်တိုင်လဲ အရုပ်များကိုသဘောကျပေသည်။

ကျန်းကျီခိုင်ကတော့ စုန့်ရှီယောင်ကို လျစ်လျူရှုကာ သူမလုပ်စရာရှိသည်များသာ ဆက်လုပ်နေ၍ စုန့်ရှီယောင်လဲ ပါးစပ်ပိတ်သွားတော့သည်။

………..

ကုနင်း ခန်းမထဲတွင် ၁၀မိနစ်နီးပါး ထိုင်စောင့်ပြီးနောက် လင်ရှောင်းထင်ရောက်လာခဲ့သည်။

လင်ရှောင်းထင်တစ်ယောက်တည်းကိုတွေ့လိုက်တာကြောင့် ကုနင်းပုံမှန်အတိုင်း မေးမြန်းလိုက်သည်။ “ဘာလို့တစ်ယောက်တည်းလဲ? တခြားသူတွေကော?”

“သူတို့အစီအစဉ်နဲ့သူတို့သွားကြတယ်။”

ရှင်းပိုင်က ချောင်ဝမ်ရှင်းကိုသွားတွေ့ခြင်းဖြစ်ကာ ရှုကျင်းချန်သည်တော့ လင်ရှောင်းထင် စွန့်ပစ်လိုက်ခြင်းကို ခံခဲ့ရလောက်မှန်း ကုနင်းနားလည်ပေသည်။

ထိုသို့တွေးမိလိုက်သည်နှင့် ရှုကျင်းချန်အတွက်ပင် သူမသနားမိသွားတော့သည်။

…….

ညီအစ်ကိုရင်းများ၏ စွန့်ပစ်ခြင်းကိုခံလိုက်ရသည့် ရှုကျင်းချန်မှာ အတော်လေးဝမ်းနည်းသွားခဲ့ပေမည့် ဟိုတယ်သို့တစ်ယောက်တည်း ပြန်လာခဲ့သည်။

ဟိုတယ်တွင်လဲ တစ်ယောက်တည်းမနေချင်တာကြောင့် အရင်ဆုံးအခန်းသို့ပြန်ကာ အဝတ်အစားလဲလိုက်ပြီး သူငယ်ချင်းများနှင့်အတူ တစ်ခွက်တစ်ဖလားသောက်ဖို့ ပြန်ထွက်လာခဲ့သည်။ သို့ပေမည့် သူကလပ်ဝင်ပေါက်ရောက်ချိန်တွင်ပဲ ရင်းနှီးနေသည့်မျက်နှာတစ်ခုကိုတွေ့လိုက်ရသည်။

“ဟိုင်း၊” ကျီပိုင်ယင်းသည်လဲ ရှုကျင်းချန်ကိုတွေ့လိုက်ရ၍ အံ့ဩသွားခဲ့သည်။ ရှုကျင်းချန်ကြောင့် အံ့ဩသွားသည်တော့မဟုတ်ဘဲ ရှုကျင်းချန်ရှိနေလျှင် လင်ရှောင်းထင်ပါရှိနေနိုင်တာကြောင့်ဖြစ်သည်။

“ဟိုင်း၊ မိန်းကလေးကျီ!” ရှုကျင်းချန်သည်လဲ ကျီပိုင်ယင်းကို Bမြို့တွင်တွေ့လိုက်ရ၍ အံ့ဩသွားသည်။ ကျီပိုင်ယင်း Bမြို့တွင်လာရောက်လည်ပတ်နေသည်က အမှန်တကယ်တိုက်ဆိုင်မှုတစ်ခုသာပင်။

“ငါ့သူငယ်ချင်းတွေကလဲ Bမြို့မှာရှိတယ်လေ၊ ဒါကြောင့်လာလည်တာ။” ကျီပိုင်ယင်းပြောလိုက်ပြီးနောက်၊ “ရှောင်းထင်ရော ဘယ်မှာလဲ?”

“သူချိန်းတွေ့ဖို့ထွက်သွားပြီ။”

“ဘာ? ချိန်းတွေ့တယ်? သူ့မှာ ချစ်သူကောင်မလေးရှိနေပြီးသားလား?” ကျီပိုင်ယင်းမှာ သတင်းစကားကြောင့် ထိတ်လန့်သွားတော့သည်။

“ဟုတ်တယ်လေ။”

“သူ့ကောင်မလေးက ဘယ်လိုမျိုးလဲ? လှလား?” ကျီပိုင်ယင်း ချက်ချင်းပင် မေးခွန်းထုတ်လိုက်ကာ လင်ရှောင်းထင်၏ချစ်သူကောင်မလေးက သူမထက်မသာဖို့ မျှော်လင့်နေသည်။

“သူကအရမ်းလှပြီး ကြင်နာတတ်တယ်။ အရေးအကြီးဆုံးကတော့ ရှောင်းထင်က သူ့ကိုသဘောကျတယ်လေ။”

ထိုစကားက ကျီပိုင်ယင်းကို ရင်ကွဲသွားစေသည်။ လင်ရှောင်းထင်မှာ သူချစ်ရသည့်လူရှိနေပြီးသားပေါ့။ သူမ၏ရုပ်ရည်အသွင်အပြင်ရော အရည်အချင်းကပါ ထူးခြားလှတာကြောင့် ယုံကြည်ချက်ရှိထားခဲ့ပေမည့် လင်ရှောင်းထင်က သူမကိုဘယ်တော့မှ အာရုံမစိုက်လာတာကြောင့် အလွန်ဝမ်းနည်းခဲ့ရသည်။

ရှုကျင်းချန်သည် ကျီပိုင်ယင်းကို စိတ်ပျက်သွားစေချင်တာကြောင့် မဟုတ်ဘဲ အမှန်တရားကိုသာ ပြောပြလိုက်ခြင်းဖြစ်သည်။

“နင်အခုဘာသွားလုပ်မလို့လဲ?” ကျီပိုင်ယင်း ရှုကျင်းချန်ကိုမေးလိုက်သည်။

“ငါ့သူငယ်ချင်းတွေနဲ့သွားသောက်မလို့။”

“ငါလဲလိုက်ခဲ့မယ်။” ကျီပိုင်ယင်း စိတ်အခြေအနေမကောင်းတော့တာကြောင့် အရက်သောက်ကာ သူမ၏ဝမ်းနည်းမှုများကို ဖြေဖျောက်ချင်နေသည်။

***

အခန်း ၈၃၈ ဒရမ်မာဆန်လှတဲ့ဘဝ

အမ်…..

ရှုကျင်းချန်ကတော့ မသင့်တော်လှဟုတွေးမိသောကြောင့် ချက်ချင်းသဘောတူကြောင်း ပြန်မပြောခဲ့ပေ။ ကျီရှောက်မင်သာ သူချစ်ရပါသောညီမလေးက သူ့သူငယ်ချင်းနှင့်အတူ တစ်ခွက်တစ်ဖလားသွားသောက်ခဲ့မှန်း သိသွားပါက ဘာတွေဖြစ်သွားနိုင်မလဲ?

“အဆင်မပြေဘူးလား? ထားပါ၊ ကိုယ့်ဘာသာပဲသွားသောက်တော့မယ်။” ကျီပိုင်ယင်း ဒီနေ့တော့ သူမ၏ဝမ်းနည်းမှုများကို အရက်ဖြင့်မျှောချဖို့ စိတ်ဆုံးဖြတ်ထားသည်။

“မဖြစ်ပါဘူး၊ သွားကြတာပေါ့!” သူမကိုတစ်ယောက်တည်း လွှတ်လိုက်ပါက ပိုစိတ်မချရတာကြောင့် သဘောတူလိုက်တော့သည်။ ကျီပိုင်ယင်းဘေးတွင် သက်တော်စောင့်များရှိသော်လည်း သူမ၏ဤမြို့နှင့်ရင်းနှီးသူမှမဟုတ်ဘဲ။

ထို့နောက် ကျီပိုင်ယင်းတို့အဖွဲ့လဲ ရှုကျင်းချန်နောက်မှနေပြီး ကလပ်ထဲသို့လိုက်ဝင်ခဲ့ကြသည်။

ကျီပိုင်ယင်း အရက်သောက်ချင်နေမှတော့ မန်တနှင့်နန်တို့ကလဲ သူမကိုမတားခဲ့ပေ။ သူတို့ကတော့ သူမကိုကာကွယ်ပေးဖို့လိုတာကြောင့် မသောက်ကြပေ။

သူတို့တစ်ဖွဲ့လုံး သီးသန့်ခန်းတစ်ခန်းထဲသို့ဝင်သွားခဲ့ကြသည်။ ရှုကျင်းချန်သူငယ်ချင်းများကတော့ အံ့ဩသွားကြပေမည့် ဘာမှမပြောကြဘဲ အတူတူဝေမျှသောက်စားခဲ့ကြသည်။

………..

တစ်ချိန်တည်းတွင်ပဲ တစ်ဖက်မှာတော့ ကုနင်းနှင့်လင်ရှောင်းထင်တို့သည် စားသောက်ဆိုင်တစ်ဆိုင်တွင် ညစာစားနေခဲ့ကြသည်။ အတိအကျပြောရလျှင်တော့ လင်ရှောင်းထင် ညစာစားနေသည်ကို ကုနင်းက ထိုင်ကြည့်နေခြင်းသာ။ လင်ရှောင်းထင်က တာဝန်ပြီးပြီးချင်း သူမဆီအပြေးလာခဲ့ရတာကြောင့် အခုထိ ဘာမှမစားခဲ့ရသေးပေ။

ခဏအကြာတွင်တော့ လင်ရှောင်းထင်ထံသို့ ရှုကျင်းချန်စာပို့လာခဲ့သည်။

ရှုကျင်းချန် : ဘော့စ်၊ လန့်စရာသတင်းပြောရဦးမယ်။ ငါအစောပဲ ကျီပိုင်ယင်းနဲ့ တွေ့ခဲ့တယ်။ မင်းမှာ ချစ်သူကောင်မလေးရှိကြောင်း ပြောပြလိုက်တော့ သူတော်တော်ကြေကွဲသွားပုံပဲ။ အခု သူ့ဝမ်းနည်းမှုတွေကို အရက်နဲ့ဖြေဖျောက်နေတယ်။

လင်ရှောင်းထင် ထိုစာကို ဖတ်ပြီးနောက် မျက်မှောင်ကြုတ်လို့သွားကာ ကျီပိုင်ယင်း Bမြို့မှာရှိနေသည့်အတွက်လဲ အံ့ဩသွားသည်။ တကယ်တော့ ကုနင်းနှင့် ကျီပိုင်ယင်းတို့ကြား ကတောက်ကဆတချို့ဖြစ်ခဲ့ပြီး သူငယ်ချင်းဖြစ်သွားခဲ့သည့်အကြောင်းကို လင်ရှောင်းထင်မသိထားသေးပေ။

“ဘာဖြစ်လို့လဲ?” လင်ရှောင်းထင်မျက်မှောင်ကြုတ်သွားတာကြောင့် ကုနင်းစိုးရိမ်ကာမေးလိုက်သည်။

“ဘာမှမဖြစ်ပါဘူး။” ကျီပိုင်ယင်း သူ့အပေါ် သဘောကျနေသည့်အကြောင်း ကုနင်းကို မသိစေလိုတာကြောင့် မပြောပြခဲ့ပေ။ ကျီပိုင်ယင်းကို သူ့ဘက်ကလဲ တစ်ခါမှအာရုံမထားဖူးတာကြောင့် ပြောပြနေဖို့ရန် မလိုအပ်သည့်အရာဟုလဲ တွေးမိသည်။

ကုနင်းလဲ ဆက်ပြီးမမေးမြန်းတော့ပေ။

လင်ရှောင်းထင် စားသောက်ပြီးခါနီးတွင် ကုနင်း သန့်စင်ခန်းသို့သွားခဲ့ကာ ထိုအခိုက်အတန့်မှာပဲ ကျီပိုင်ယင်းထံမှ ဖုန်းခေါ်ဆိုမှုလက်ခံရလိုက်သည်။

“နင်းနင်း၊ အခုဘယ်မှာလဲ? အခုပဲ ငါ့အချစ်ကိုဆုံးရှုံးလိုက်ရတယ်။ ငါအခု xxကလပ်က သီးသန့်အခန်း၆၆၆မှာ သောက်နေတယ်၊ နင်လာနိုင်လား?” ကျီပိုင်ယင်းအသံက ဝမ်းနည်းမှုအပြည့်ပင်။

“ရတာပေါ့၊ ငါခဏနေလာခဲ့မယ်။” ကုနင်း ကျီပိုင်ယင်းကို အနည်းငယ်စိုးရိမ်မိသွားတာကြောင့် သဘောတူလိုက်သည်။

သူမလင်ရှောင်းထင်ဆီသို့ပြန်ရောက်သည်နှင့် စိတ်အခြေအနေမကောင်းဖြစ်နေသည့် သူငယ်ချင်းတစ်ယောက်နှင့် သွားတွေ့ပေးဖို့လိုကြောင်း ပြောလိုက်ကာ လင်ရှောင်းထင်ဘက်ကလဲ သဘောတူခဲ့သည်။

ရှုကျင်းချန်က သူတို့ဘယ်မှာသောက်နေကြလဲဆိုသည်ကိုတော့ လင်ရှောင်းထင်ကို မပြောပြခဲ့တာကြောင့် လင်ရှောင်းထင်လဲ သူတို့ဘယ်ကလပ်မှာရှိနေမှန်း မသိသလို ကုနင်းသွားတွေ့မည့် သူငယ်ချင်းကလဲ ရှုကျင်းချန်ပြောခဲ့သည့်လူနှင့်တစ်ယောက်တည်းဖြစ်မှန်းကိုလဲ မတွေးခဲ့မိပေ။

လင်ရှောင်းထင် ညစာစားလို့ပြီးသည်နှင့် နှစ်ယောက်သား ကလပ်သို့ထွက်လာခဲ့ကြသည်။

ကျီပိုင်ယင်းက ဖုန်းတစ်ဖက်ကို နင်းနင်းဟုခေါ်ကာ ပြောနေကြောင်း ရှုကျင်းချန်ကြားခဲ့သော်လည်း နာမည်တူများစွာရှိတာကြောင့် သူမပြောနေသည့်လူက ကုနင်းဖြစ်သည်ကို မတွေးခဲ့မိပေ။ ကျီပိုင်ယင်း Bမြို့မှ သူငယ်ချင်းတစ်ယောက်ယောက်ထံ ဆက်သွယ်နေသည်ဟုသာ ထင်ခဲ့မိသည်။

ထို့ကြောင့် ကုနင်းနှင့်လင်ရှောင်းထင်တို့ တံခါးဖွင့်ကာဝင်လာချိန်တွင်တော့ ရှုကျင်းချန် အလွန်အံ့ဩလို့သွားတော့သည်။

သူတို့ဘယ်လိုလုပ် ဒီကိုရောက်လာကြတာလဲ? ငါဒီမှာရှိမှန်း ဘယ်လိုလုပ်သိသွားတာလဲ?

တကယ်တော့ ရှုကျင်းချန်တင်မကဘဲ ကျီပိုင်ယင်း၊ ကုနင်းနှင့် လင်ရှောင်းထင်တို့လဲ အံ့ဩမှင်သက်သွားကြသည်။

ကျီပိုင်ယင်းမှာ ကုနင်းနှင့်လင်ရှောင်းထင်ကို တွဲမြင်လိုက်ရသည့်အတွက် အံ့ဩသွားသလို ကုနင်းက လင်ရှောင်းထင်၏ချစ်သူကောင်မလေးဖြစ်လောက်မှန်းကိုလဲ တွေးမိသွားသည်။ ထိုသို့တွေးမိလိုက်ပြီးနောက် သူမခံစားရအလွန်သက်သာသွားတော့သည်။ ကုနင်း၏နောက်ခံမိသားစုအကြောင်းကို သူမမသိသေးသော်လည်း ကုနင်းက သူမထက်ပို၍ထူးချွန်သည်ဆိုသည့် အမှန်တရားကိုတော့ လက်ခံထားသည်။

ကုနင်းကတော့ ရှုကျင်းချန်ကပါ ကျီပိုင်ယင်းနှင့်အတူသောက်နေသည်ကို တွေ့လိုက်ရ၍ အံ့ဩသွားရခြင်းဖြစ်သည်။

လင်ရှောင်းထင်သည်လဲ ကုနင်း၏သူငယ်ချင်းက ကျီပိုင်ယင်းဖြစ်နေကြောင်းသိလိုက်ရကာ အံ့ဩသွားသည်။ သူတို့ဘယ်လိုလုပ်သိနေကြတာလဲ?

ဒရမ်မာဆန်လှချည်လား!

အံ့ဩတုန်လှုပ်မှုများအပြီးတွင်တော့ ရှုကျင်းချန် အနည်းငယ်စိုးရိမ်လာမိတော့သည်။ ကျီပိုင်ယင်းက သူမအချစ်အတွက်ကြောင့် ကုနင်းနှင့် စကားများတာ ဒါထက်ပိုပြီး တိုက်ခိုက်တာမျိုးတွေတောင် ဖြစ်လာမည်ကို စိုးရိမ်လာသည်။

ကျီပိုင်ယင်း ခေါ်လိုက်သူက ကုနင်းဖြစ်နေမည်ဟု လုံးဝမတွေးမိသေးပေ။

“ဟိုင်း၊ နင်းနင်း!” ကျီပိုင်ယင်းက ချက်ချင်းပင်ထရပ်လိုက်ကာ ကုနင်းကိုနှုတ်ဆက်လိုက်သည်။ ကုနင်းက လင်ရှောင်းထင်၏ချစ်သူကောင်မလေးဖြစ်နေတာကြောင့်နှင့် ကုနင်းကို သူမဆိုးဆိုးရွားရွားဆက်ဆံမည်မဟုတ်သော်လည်း လောလောဆယ်အချိန်မှာတော့ လင်ရှောင်းထင်နှင့်မျက်လုံးချင်းဆုံမကြည့်ရဲသေးပေ။

နှုတ်ဆက်စကားကြောင့် ရှုကျင်းချန်ကြောင်သွားကာ နောက်မှ ကုနင်းက ကျီပိုင်ယင်းကြောင့် ရောက်လာသည်မှန်း သိသွားတော့သည်။ သူသည်လဲ လက်ရှိတွင် လင်ရှောင်းထင်နှင့်အတွေးတူနေခဲ့သည်။ သူတို့အချင်းအချင်းသိနေကြတာလား?

ကုနင်းနှင့်ကျီပိုင်ယင်းတို့ ဆိုဖာပေါ်တွင် ပြန်ထိုင်လိုက်ကြကာ လင်ရှောင်းထင်သည်လဲ ရှုကျင်းချန်ဘေးတွင်ဝင်ထိုင်လိုက်သည်။

“နင်တို့အချင်းချင်းသိနေကြတာလား?” ကုနင်း ဆိုဖာတွင်ထိုင်ပြီးနောက် မေးလိုက်သည်။

“အွန်း။” ကျီပိုင်ယင်း မသက်မသာပြန်ဖြေလိုက်သည်။ “ရှောင်းထင်နဲ့ ကျင်းချန်က ငါ့အစ်ကိုရဲ့သူငယ်ချင်းတွေလေ၊ ငါတို့အရင်က တစ်ခါတလေတွေ့ဖူးကြတယ်။”

ကျီပိုင်ယင်း အနည်းငယ်စိုးရိမ်ပူပန်နေသည်ကို ကုနင်းခံစားမိပေမည့် ဘာအကြောင်းကြောင့်လဲဆိုသည်ကိုတော့ မသိပေ။

ထို့နောက် ရှုကျင်းချန်က သူ့သူငယ်ချင်းနှစ်ယောက်နှင့်ပါ ကုနင်းနှင့်လင်ရှောင်းထင်တို့ကို မိတ်ဆက်ပေးလိုက်ပြီးနောက် ဆက်လက်သောက်ကြသည်။

“ခွက်ချင်းတိုက်ကြရအောင်!” ကုနင်းက သူမခွက်ကို ကျီပိုင်ယင်းဘက်သို့မြှောက်ပြလိုက်သည်။

“ရေး!” ကျီပိုင်ယင်းလဲ ကုနင်း၏ခွက်နှင့်ပြန်တိုက်လိုက်သည်။ ယခုအချိန်မှာတော့ သူမပျော်ရွှင်၍သောက်ခဲ့ခြင်းပင်။

ဖုန်းထဲမှာတုန်းကလောက် ကျီပိုင်ယင်းပုံစံက ဝမ်းနည်းနေပုံမရသည်ကို ကုနင်းမြင်နေရတော့ မနေနိုင်စွာမေးမိတော့သည်။ “အစောကတော့ နင့်အချစ်ကိုဆုံးရှုံးလိုက်ရပြီလို့ မပြောခဲ့ဘူးလား? အခုကျ ဘာလို့အရမ်းပျော်နေပုံပေါက်နေတာလဲ?”

“အမ်၊ ဟုတ်တယ်လေ၊ ငါ့အချစ်ကိုဆုံးရှုံးလိုက်ရတယ်၊ ဒါပေမယ့် သောက်ပြီးတော့ နေလို့ပိုကောင်းလာပြီ။” ကျီပိုင်ယင်းသည်လဲ တကယ်တမ်း သူမချစ်နေသည့်လူက လင်ရှောင်းထင်ဖြစ်ကြောင်း ကုနင်းကို မသိစေလိုပေ။

ကျီပိုင်ယင်းသည် လင်ရှောင်းထင်ကိုသဘောကျသော်လည်း တကယ်တမ်း ခက်ခဲသည့်အရာကိုပိုင်ဆိုင်ကြည့်ချင်ရုံစိတ်က ပိုများကာ အရမ်းချစ်မိနေခြင်းမျိုးမဟုတ်ပေ။ အခုတော့ ကုနင်းက လင်ရှောင်းထင်၏ချစ်သူကောင်မလေးမှန်း သူမသိသွားပြီဖြစ်၍ ဝမ်းမနည်းတော့ဘဲ သူတို့အတွက်တောင် ဝမ်းသာနေမိသည်။

“ကုနင်း၊ မင်းဘယ်လိုလုပ် မိန်းကလေးကျီနဲ့သိနေတာလဲ?” ရှုကျင်းချန်က သူရောလင်ရှောင်းထင်ပါ သိချင်နေသည့်မေးခွန်းကို ထုတ်မေးလိုက်သည်။

“ငါတို့ အစတုန်းကတော့ ပြဿနာနည်းနည်းရှိခဲ့ကြတယ်၊ ဒါပေမယ့် နောက်တော့ သူငယ်ချင်းတွေဖြစ်သွားရော။”

***

အခန်း ၈၃၉ တစ်ကိုယ်ကောင်းသမား ကျန်းဝမ်ဟောက်

ကုနင်းနှင့်ကျီပိုင်ယင်းတို့ အရင်က ပြဿနာတက်ဖူးသည်မှန်း ကြားလိုက်ရတော့ လင်ရှောင်းထင် တစ်စက္ကန့်စာမျှ တုံ့ဆိုင်းသွားပေမည့် ဘာမှမပြောခဲ့ပေ။

ထိုစကားကိုကြားသည်နှင့် ရှုကျင်းချန်သည်လဲ လင်ရှောင်းထင်ဘက်ကို တစ်ချက်လှည့်ကြည့်လာကာ လင်ရှောင်းထင်၏စိတ်အေးလက်အေးပုံကိုတွေ့တော့မှ သူလဲ စိတ်အေးသွားတော့သည်။

သူတို့နှစ်ယောက်လုံးက ကျီပိုင်ယင်းထက် ကုနင်းနှင့်ပိုရင်းနှီးကြသူများဖြစ်တာကြောင့် ဖြစ်နိုင်ပေသည်။ ကျီပိုင်ယင်းကသာ ကုနင်းကို အရင်ဦးစွာ စိတ်တိုအောင်လုပ်ခဲ့သူဖြစ်မည်ဟု ယုံကြည်နေကြသည်။ ဘာပဲဖြစ်ဖြစ် အခုတော့ နှစ်ယောက်သား သူငယ်ချင်းတွေဖြစ်နေပြီဆိုမှတော့ အရင်ကပြဿနာက သိပ်ပြီးကြီးကြီးကျယ်ကျယ်မဟုတ်ကြောင်း သိသာလှသည်။

သူတို့အခု အဆင်ပြေနေပြီဆိုမှတော့ လင်ရှောင်းထင် မမေးမြန်းတော့ပေ။ သို့ပေမည့် ကုနင်းဘက်ကသာ မမျှမတဆက်ဆံခံခဲ့ရခြင်းဆိုလျှင်တော့ ပြဿနာကို သူအလွယ်တကူလွှတ်ထားပေးမည်မဟုတ်ပေ။

“အိုး၊ အဲ့လိုကိုး။” ရှုကျင်းချန် အပြုံးလေးဖြင့် သာမာန်ကာလျှံကာတုံ့ပြန်လိုက်သည်။

ကုနင်းက လင်ရှောင်းထင်၏ချစ်သူကောင်မလေးဖြစ်မှန်း ကျီပိုင်ရင်း သိသွားကတည်းက လင်ရှောင်းထင်ကို သိပ်မကြည့်တော့ကြောင်း ရှုကျင်းချန် သတိထားမိသည်။ တကယ်တော့ ကျီပိုင်ယင်းက လင်ရှောင်းထင်နှင့် မျက်လုံးချင်းမဆုံမိအောင် ရှောင်ပင်ရှောင်နေခဲ့တာဖြစ်သည်။ ဒါကပဲ သူမ ကုနင်းအပေါ် ဂရုစိုက်ကြောင်း ပေါ်လွင်လှသည်။

ထို့နောက် ဆက်ပြီး အားလုံး ပျော်ပျော်ရွှင်ရွှင်သောက်စားကြရင်း ဂိမ်းများလဲ ကစားခဲ့ကြသည်။

………….

တစ်ချိန်တည်းမှာပဲ ဆေးရုံရှိရာတွင်တော့၊

ကျန်းဝမ်မေ့သည် လူနာကုတင်ပေါ်မှနေပြီး မျက်နှာကြက်ကို စိုက်ကြည့်ကာ လှဲနေခဲ့သည်။ သူမ၏မျက်လုံးများမှာ ဗလာဖြစ်နေကာ ဘာကိုမှမမြင်သလိုပင်။

ယနေ့ ကျန်းဝမ်ဟောက်ထွက်သွားပြီးနောက် ကျန်းဝမ်မေ့ အိပ်ဆေးများစွာကို သောက်ခဲ့ကာ ကိုယ့်ကိုကိုယ်သတ်သေဖို့ ကြိုးစားခဲ့သည်။ သို့သော်လည်း ကျန်းကတော်က နေ့လည်ပိုင်းတွင် သူမကိုဖုန်းဆက်ခဲ့ကာ ဆက်သွယ်၍မရတာကြောင့် လွန်စွာစိုးရိမ်သွားပြီး ကျန်းဝမ်ဟောက်ကို ဆက်သွယ်ခဲ့သည်။

ကျန်းဝမ်ဟောက်လဲ ယနေ့ကိစ္စများစွာဖြစ်ပြီးနောက် ကျန်းဝမ်မေ့ သတ်သေဖို့တွေးလောက်မလားဟု တွေးမိကာ စိတ်ပူသွားပြီး ချက်ချင်းပင် တိုက်ခန်းသို့ပြန်သွားခဲ့သည်။

ကျန်းဝမ်မေ့သည် ကိုယ့်ကိုကိုယ်သတ်သေဖို့ ကြိုးစားခဲ့ကာ ကျန်းဝမ်ဟောက် သူမအခန်းထဲသို့ နောက်တစ်ကြိမ်ပြန်ဝင်လာချိန်တွင်တော့ သတိမေ့မျောနေခဲ့ပြီ။ ကျန်းဝမ်ဟောက်လဲ ချက်ချင်းပင် သူမကိုဆေးရုံသို့ အပြေးပို့ရတော့သည်။

အစကတော့ ကျန်းဝမ်ဟောက် သူ့မိဘများကို အမှန်တရားအားမပြောပြရဲခဲ့ပေ။ ကျန်းဝမ်မေ့သာ ဆေးရုံတက်ပြီးနောက် ပုံမှန်အတိုင်းပြန်ဖြစ်လာခဲ့လျှင်ဟု တွေးကာ ဇာတ်လမ်းဆင်ကာ ကျန်းကတော်အား သူ ကျန်းဝမ်မေ့နှင့်အပြင်ထွက်လည်နေခြင်းဟုသာ ပြောထားတာကြောင့် ကျန်းကျီလင်းနှင့်ကျန်းကတော်တို့ကလဲ သူ့ကိုဘာမှထပ်မမေးတော့ပေ။

ည၁၀နာရီလောက်အထိ ကျန်းဝမ်မေ့ သတိပြန်မရလာခဲ့ဘဲ သတိပြန်ရလာချိန်တွင်တော့ ရူးကြောင်ကြောင်ပုံစံပေါက်နေကာ ဘေးမှအခြားလူများ၏ခေါ်သံများကို ပြန်လည်တုံ့ပြန်ခြင်းမရှိခဲ့ပေ။ မင်းဘက်ကသာ သူမမျက်စိရှေ့ လက်ယမ်းပြလျှင် သူမဘက်ကတစ်ချက်ကြည့်လာမည်ဖြစ်သော်လည်း သူမမျက်လုံးများထဲတွင်တော့ အလင်းရောင်ရှိမနေတော့ပေ။

ကျန်းဝမ်ဟောက် ကြောက်လန့်သွားကာ ဆရာဝန်ကို အမြန်ပြေးခေါ်ခဲ့သည်။ ထို့နောက် ဆရာဝန်က သူမ၏ဦးဏှောက်သွေးကြောများ ပျက်စီးသွားတာကြောင့် အတိတ်မေ့ရောဂါဖြစ်သွားနိုင်ချေများသည်ဟု ပြန်ပြောလာခဲ့သည်။ သူမပြန်ကောင်းမကောင်းကတော့ သူမအပေါ်တွင်သာ မူတည်ပေမည်။

ထိုစကာများကြားပြီးနောက် ကျန်းဝမ်ဟောက်ထိတ်လန့်သွားကာ သူ့ကြောင့်သာ ကျန်းဝမ်မေ့ ဤမျှဆိုးဆိုးရွားရွားဖြစ်သွားခြင်းဖြစ်၍ လွန်စွာအပြစ်ရှိသလိုခံစားသွားရသည်။

ဘာပဲဖြစ်ဖြစ် သူအနည်းငယ်ကံကောင်းသွားသည်ဟုလဲ ခံစားရတုန်းပင်။ အခုဆို ကျန်းဝမ်မေ့ အတိတ်မေ့နေတာကြောင့် ဘယ်သူကမှ သူလုပ်ခဲ့သည့်လုပ်ရပ်အကြောင်း သိကြတော့မည်မဟုတ်ပေ။

ကျန်းဝမ်ဟောက်သည် ကျန်းဝမ်မေ့ကို နက်နက်ရှိုင်းရှိုင်းချစ်ခဲ့သော်လည်း သူ့ကိုယ်သူချစ်တာထက်တော့ မပိုပေ။ မဟုတ်လျှင် သူ့အကျိုးအတွက်နှင့် ကျန်းဝမ်မေ့ကို ထိခိုက်နာကျင်အောင် လုပ်ခဲ့လိမ့်မည်မဟုတ်ပေ။

လက်ရှိကျန်းဝမ်မေ့၏အခြေအနေကို မိဘများထံသို့ ကျန်းဝမ်ဟောက် အသိပေးလိုက်သည်။ ကျန်းကျီလင်းနှင့်ကျန်းကတော်တို့မှာ ထိုထိတ်လန့်ဖွယ်ရာသတင်းကို ကြားသိရပြီးနောက် ချက်ချင်းပင် ဆေးရုံသို့ရောက်ရှိလာခဲ့သည်။

ကျန်းဝမ်ဟောက်က ကျန်းဝမ်မေ့ အိပ်ဆေးများစွာ သောက်ခဲ့သည့်အကြောင်းကိုသာ မိဘများထံပြောပြခဲ့ပြီး ဆေးသောက်ရသည့်အကြောင်းအရင်းကိုတော့ မပြောခဲ့ပေ။ အစောတုန်းကမပြောခဲ့သည်ကလဲ မိဘများကို မစိုးရိမ်စေချင်တာကြောင့် ခဏလောက်လျှို့ဝှက်ထားခဲ့ခြင်းဟုသာ ဆင်ခြေပေးခဲ့သည်။ ကျန်းလီလင်းနှင့်ကျန်းကတော်လဲ ရှင်းပြချက်များကို နားထောင်ပြီးနောက် ကျန်းဝမ်ဟောက်ကို အပြစ်မတင်နိုင်ကြတော့ပေ။

ကျန်းဝမ်ဟောက်သည် သူ ကျန်းဝမ်မေ့အပေါ် လုပ်ခဲ့သည့်လုပ်ရပ်အတွက် အပြစ်ရှိစိတ်ခံစားရနေလျှင်တောင်မှ သူလုပ်ခဲ့သည့်မကောင်းမှုအကြောင်း သူ့မိဘများကို ထုတ်ပြောမည်မဟုတ်ပေ။ သူ့မိဘများသာ အမှန်တရားကို သိသွားခဲ့လျှင် သူ့ကို အပြစ်တင်ကာ စွန့်ပစ်သွားကြပေလိမ့်မည်။ သူကသာ ကျန်းမိသားစု၏ဆက်ခံသူဖြစ်တာကြောင့် ကျန်းဝမ်မေ့ကို ဘယ်တော့မှပြန်မကောင်းလာဖို့ရန် မျှော်လင့်နေမိတော့သည်။

သူ့အမြင်တွင်တော့ ကျန်းမိသားစု၏ဆက်ခံသူနေရာက ကျန်းဝမ်မေ့ထက် အဆပေါင်းများစွာ ပိုအရေးကြီးပေသည်။

……..

မူမိသားစုသည်လဲ ဤရက်များအတွင်း အေးအေးချမ်းချမ်းမနေခဲ့ရပေ။ မူဝမ်ချီ၏မိခင်သည် တစ်ချိန်လုံး မူရွှီရှင်းနှင့် စကားများနေခဲ့သည်။ မူရွှီရှင်းသည်လဲ စိတ်ခံစားချက်များမကောင်းခဲ့သလို သူတို့ကိုပြဿနာဖြစ်စေသည့်လူကိုလဲ ရှာဖွေဖော်ထုတ်နေသည်။

အခုအခြေအနေက မူမိသားစုတိုက်ခိုက်ခံနေရသည်မှာ သိသာလှသည်။

လွန်ခဲ့သည့်နှစ်ရက်တုန်းက ကေပါဝင်လိုက်မှုကြောင့် မူမိသားစုကုမ္ပဏီသည် အမှားမြောက်မြားစွာလုပ်ခဲ့မိပြီး မူရွှီရှင်းသည်လဲ စီးပွားရေးကိစ္စများကို ဖြေရှင်းဆောင်ရွက်ရင်း အလုပ်ရှုပ်ခဲ့ရသည်။

တကယ်တော့ ကေသည် အခုထိ သူတို့ကို အမှန်တကယ်တိုက်ခိုက်ခြင်းမဟုတ်သေးဘဲ မူရွှီရှင်း၏ယုံကြည်ချက်နှင့် အားအင်များ တဖြည်းဖြည်းယုတ်လျော့လာအောင် ဖျက်ဆီးနေခြင်းဖြစ်သည်။ မြန်မြန်ဆန်ဆန်ပြီးဆုံးသွားပါက ဘယ်ပျော်စရာကောင်းပါတော့မလဲ။

………..

ည၁၂နာရီထိုးခါနီးတွင်တော့ ကုနင်းနှင့်လင်ရှောင်းထင်တို့ အရင်ခွဲထွက်ခဲ့ကြသည်။

“ကိုယ်တို့ ဟိုတယ်သွားကြမလား?” လင်ရှောင်းထင်က ကုနင်းကို မေးလိုက်သည်။ ကောင်းယိနှင့်ချောင်ယတို့က ဟွားဖုတောင်ကုန်းတွင်ရှိကြတာကြောင့် သူတို့အတွက် သီးသန့်အချိန်လေးရနိုင်မည်မဟုတ်ပေ။

“ရတယ်လေ!” လင်ရှောင်းထင် ဘာတွေတွေးနေမှန်း ကုနင်းနားလည်တာကြောင့် သူမသဘောတူလိုက်သည်။ ဟွားဖုတောင်ကုန်းတွင် သူမတို့နှစ်ယောက်နေဖို့က အမှန်တကယ်ကို မသင့်တော်လှပေ။

ကုနင်း၏သဘောတူညီမှုရသွားသည်နှင့် လင်ရှောင်းထင် ပျော်ရွှင်စွာပြုံးလိုက်တော့သည်။

“အိုး၊ ကျွန်မမနက်ဖြန် သင်္ချာပြိုင်ပွဲသွားဖို့ရှိသေးလို့ မနက်ဖြန်မနက်၈နာရီ ကောင်းကင်ပြာဟိုတယ်ကို အရောက်သွားရမယ်။”

ထိုစကားကြောင့် မနက်ဖြန်တစ်နေ့လုံး ကုနင်းနှင့်အိပ်ရာထဲတွင် အတူရှိနေနိုင်မည်ဟု ထင်ထားသည့် လင်ရှောင်းထင်မှာ ဝမ်းနည်းကြေကွဲသွားတော့သည်။

“ကောင်းပါပြီ။” လင်ရှောင်းထင် စိတ်ပျက်နေသည့်အသံဖြင့် ပြန်ဖြေလိုက်သည်။

လင်ရှောင်းထင် မပျော်မရွှင်ဖြစ်နေသည့်အကြောင်းကို ကုနင်းနားလည်ပေမည့် သူမလဲ ဘာမှမလုပ်ပေးနိုင်ပေ။

“ရှင် ဘယ်တော့ မြို့တော်ကိုပြန်မှာလဲ?”

“မသိသေးဘူး။” တာဝန်သာမရှိလျှင် သူကုနင်းကို ထားသွားမည်မဟုတ်ပေ။

ထိုညတွင် ကုနင်းနှင့်လင်ရှောင်းထင်တို့ ရှန်းရှစ်ဟိုတယ်တွင် တည်းခဲ့ကြသည်။

***

အခန်း ၈၄၀ ထောင်ချပစ်မယ်!

နောက်တစ်နေ့မနက် ၇နာရီ၄၀မိနစ်တွင်တော့ ကုနင်း ကောင်းကင်ပြာဟိုတယ်သို့ ရောက်ရှိလာခဲ့သည်။ ထိုအချိန်တွင် အပြင်ဘက်၌ ဘက်စ်ကားသုံးစီးရပ်ထားကာ ကျောင်းသားများစွာကတော့ ဟိုတယ်ခန်းမထဲတွင် စုရုံးနေကြသည်။

စုန့်ရှီယောင်၏ကောင်းမွန်လှသော အမြင်အာရုံထဲတွင် ကုနင်း ဇိမ်ခံကားတစ်စီးပေါ်မှ ဆင်းလာသည်ကို ထင်ထင်ရှားရှားမြင်သွားခဲ့သည်။ ထို့ကြောင့် ရုတ်ချည်းဆိုသလိုပဲ ကုနင်းတွင် ရှူးဂါးဒယ်ဒီရှိနေသည်ဟု ကောက်ချက်ချလိုက်တော့သည်။ သူမအမြင်တွင်တော့ ကုနင်းသည် Fမြို့မှကျောင်းသူလေးတစ်ယောက်ဖြစ်တာကြောင့် Bမြို့လိုနေရာတွင် သွားလိုရာသွားနိုင်ဖို့ရန်အတွက် ဇိမ်ခံကားတစ်စီးဝယ်နိုင်လိမ့်မည်ဟု မဟုတ်ဟု လုံးဝယုံကြည်ထားသည်။ ကုနင်း အထဲသို့ဝင်လာသည်နှင့် စုန့်ရှီယောင်က ထေ့ငေါ့ပြောလိုက်သည်။ “တစ်စုံတစ်ယောက်ကတော့ သူ့ရှူးဂါးဒယ်ဒီနဲ့အိပ်ဖို့အတွက် ဒီဟိုတယ်မှာမတည်းတာပဲ!”

စုန့်ရှီယောင်က နာမည်တပ်မပြောခဲ့သော်လည်း သူမ၏အကြည့်များကတော့ ကုနင်းပေါ်တွင်သာ ရှိနေသည်။ သူမ ကုနင်းအကြောင်းပြောနေသည်မှန်း သိသာလှသည်။ ထို့အပြင် ကုနင်းတစ်ယောက်တည်းကသာ ဤဟိုတယ်တွင်အားလုံးနှင့်မနေသူဖြစ်သည်။

ထိုစကားသံကျယ်ကျယ်ကြောင့် လူတိုင်းက စုန့်ရှီယောင်ဘက်သို့ ကြည့်လာကာ ကုနင်းကိုတစ်လှည့်ပြန်ကြည့်လိုက်သည်။ ထိုလူများက စုန့်ရှီယောင်ပြောသလို ကုနင်းတွင် ရှူးဂါးဒယ်ဒီရှိနေတာလားဟု စတင်ယုံကြည်လာကြတော့သည်။

“စုန့်ရှီယောင်၊ နင့်ပါးစပ်ကိုပိတ်ထားစမ်း! ပေါက်ကရသတင်းတွေဖြန့်နေတာရပ်လိုက်၊ မဟုတ်ရင် ငါ့အဆိုးမဆိုနဲ့!” ကုနင်းမပြောရသေးခင်တွင်ပဲ ကျန်းကျီခိုင်က သူမဘက်က ကာကွယ်ပြောဆိုခဲ့သည်။

“ငါနင့်အကြောင်းပြောနေတာမဟုတ်ဘူးလေ။ ဘာလို့ဒီလောက်ဒေါသထွက်နေတာလဲ? အမှန်တရားပဲဟာကို ဘာလို့လိုက်ကာကွယ်ပေးနေတာတုန်း?”

“ဒီတော့ နင်က ငါ့အကြောင်းပြောနေတာပေါ့?” ကုနင်း စုန့်ရှီယောင်ကို စိုက်ကြည့်ကာ အေးစက်စက်မေးလိုက်သည်။

“ငါနာမည်ထည့်မပြောပါဘူး။ နင့်ကိုနင် အဲ့မိန်းကလေးလို့ထင်နေရင်တော့ ငါ့အမှားမဟုတ်တော့ဘူးနော်။”

“ဟမ့်၊ စိတ်ဝင်စားဖို့ကောင်းသားပဲ!” ကုနင်း ရုတ်တရက်ပြုံးလိုက်တာကြောင့် စုန့်ရှီယောင် လန့်သွားတော့သည်။

“စုန့်ရှီယောင်၊ ငါနဲ့လာမကစားစမ်းနဲ့။ ဒီနေရာမှာ ငတုံးတစ်ယောက်မှမရှိဘူး။ နင့်ကို စိတ်ရှုပ်ခံပြီး ပညာပြဖို့ စိတ်ကူးမရှိဘူးဆိုပေမယ့် နင်ဆက်ပြီး ငါ့ကို နှောင့်ယှက်နေရင်တော့ ငါဘာမှမလုပ်ပါဘူးလို့ အာမမခံဘူးနော်။”

“နင်ကများ ငါ့ကိုခြိမ်းခြောက်ရဲတယ်လား! နင့်ကိုယ်နင် ဘယ်သူလို့များထင်နေလဲ?”

“ငါဘယ်သူဆိုတာ နင့်ကိစ္စမဟုတ်ဘူး၊ ပြီးတော့ နင်ဘယ်သူလဲဆိုတာကိုလဲ ငါစိတ်မဝင်စားဘူး။ ငါနဲ့ဝေးဝေးသာနေ။” ကုနင်း သတိပေးလိုက်ပြီးနောက် စုန့်ရှီယောင်ကို လျစ်လျူရှုကာ ကျန်းကျီခိုင်ဘက်သို့ လျှောက်သွားလိုက်သည်။

“နင်…” စုန့်ရှီယောင် အလွန်ဒေါသထွက်လာတော့သည်။ သူမမျက်စိထဲမှာတော့ ဘာဆိုဘာမှမဟုတ်သည့် မိန်းကလေးတစ်ယောက်က သူမကို ယခုလို သတိပေးလာလိမ့်မည်ဟု တစ်ခါမှမတွေးဖူးတာကြောင့် အရှက်ရသွားသည်။ “နင် အခုလေးတင် ဇိမ်ခံကားပေါ်ကဆင်းလာတာ ငါမြင်လိုက်တယ်။ နင့်လို တတိယတန်းစားမြို့လေးက သူဆင်းရဲမက လူချမ်းသာတွေနဲ့အသိအကျွမ်းဖြစ်နေဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး၊ ဒီတော့ နင့်ကိုလိုက်ပို့ပေးတဲ့လူက နင့်ရှူးဂါးဒယ်ဒီပဲပေါ့!”

စုန့်ရှီယောင်စကားဆုံးပြီး,ပြီးချင်းတွင်ပဲ သူမပါးကိုဖြတ်ရိုက်ခံလိုက်ရသည်။

ကုနင်း ခပ်ပြင်းပြင်းရိုက်ချလိုက်တာကြောင့် ကျယ်လောင်သည့်အသံက အနားရှိလူတိုင်းကို ဆွဲဆောင်သွားတော့သည်။

ကုနင်း သူမကို ထိုသို့ကိုယ်ထိလက်ရောက်လုပ်ရဲလိမ့်မည်ဟု စုန့်ရှီယောင် မယုံကြည်နိုင်ခဲ့ပေ။ “နင်-နင်ငါ့ကိုရိုက်ရဲတယ်!” ပြောရင်းဖြင့် သူမလက်ကို မြှောက်လိုက်ကာ ကုနင်းကိုပြန်ရိုက်ဖို့ ကြိုးစားလိုက်သည်။

သို့ပေမည့် သူမလက်ကိုမြှောက်လိုက်ချိန်တွင်ပဲ ကုနင်းကို ထိုလူကို ဖမ်းဆုပ်ကိုင်လိုက်ကာ၊ “ရိုက်တော့ဘာဖြစ်လဲ? ငါနင့်ကို သတိပေးထားပြီးသားကို နင်မှနားမထောင်ဘဲ။ နင့်ကိုယ်နင် ငါ့ကိုလာရှုပ်လို့ရနိုင်တယ်များထင်နေလား? ငါ့မှာ ရှူးဂါးဒယ်ဒီရှိနေပါတယ်ဆိုတဲ့ သက်သေနင့်မှာမရှိဘူး၊ ဒါက တမင်စွပ်စွဲတာပဲ၊ နင့်ကို ထောင်ချပစ်လို့တောင်ရတယ်။ နားလည်လား?”

ကုနင်း သူမအပေါ် တခြားသူများ၏ထင်မြင်ချက်များကို ဂရုမစိုက်သော်လည်း သူမကို အရှက်ခွဲချင်တိုင်းခွဲသည်ကို သည်းခံနေမည်ဟုတော့ မဆိုလိုပေ။ သူမ စုန့်ရှီယောင်ကို ဆက်မလုပ်ဖို့ သတိပေးထားပေမည့် စုန့်ရှီယောင်ကသာ နားမထောင်ခဲ့ခြင်းဖြစ်သည်။

“နင်…” ကုနင်း၏အေးစက်စက်အကြည့်များကြောင့် စုန့်ရှီယောင် ကြောက်လန့်သွားတော့သည်။

အခြားလူများသည်လဲ ကုနင်း၏မြန်ဆန်လှသောလှုပ်ရှားမှုပုံစံကြောင့် အံ့ဩလို့နေကြသည်။

“ဘာတွေဖြစ်နေကြတာလဲ?” ထိုအချိန်တွင်ပဲ စုန့်ရှီယောင်၏ဆရာဖြစ်သူ ရောက်လာကာ မြင်လိုက်ရသည့်မြင်ကွင်းကြောင့် မျက်မှောင်ကြုတ်သွားတော့သည်။

“သူ ကျွန်မကိုပါးရိုက်လိုက်တယ်!” ကုနင်း တစ်ခွန်းမှမဟရသေးခင်မှာပဲ စုန့်ရှီယောင်က ကြာပန်းဖြူလေးလို ငိုလုစဲစဲပုံစံလေးဖြင့် တိုင်တန်းလိုက်သည်။

ကုနင်းလဲ စုန့်ရှီယောင်လက်ကို ပစ်ချလိုက်သည်။ သူမဘာကိုမှမကြောက်တာကြောင့် အပြိုင်အဆိုင် စကားစစ်ထိုးဖို့လဲ စိတ်မဝင်စားပေ။

“ကုနင်း၊ ဘာတွေဖြစ်သွားတာလဲ၊ ပြော?”

စုန့်ရှီယောင်မှာ သူမဆရာက ကုနင်းကို အပြစ်တင်မည့်အစား အကြောင်းအရာအသေးစိတ်ကို မေးမြန်းလိုက်တာကြောင့် အံ့ဩသွားတော့သည်။

စုန့်ရှီယောင်၏ဆရာသည် သူ့တပည့်စရိုက်အကြောင်း ကောင်းစွာသိထားတာကြောင့် သူမကသာ ကုနင်းကို စိတ်တိုစေမည့်အရာဦးစွာလုပ်ခဲ့လို့ ကုနင်းက သူမကိုပါးရိုက်လိုက်ခြင်းဖြစ်လောက်မည်မှန်း ခန့်မှန်းမိသည်။

“ဘာပြောလိုက်တယ်?” စုန့်ရှီယောင်မှာ သူမဆရာက သူမဘက်ကမရပ်တည်ပေးတာကြောင့် မယုံကြည်နိုင်ဖြစ်သွားသည်။

***

စာစဉ် ၅၆ ပြီး၏။

All Chapters