← Chapters

အခန်း (၈၄၁-၈၄၅)

Vol. 57 Ch. 841-845

အခန်း (၈၄၁-၈၄၅)

Vol. 57 Ch. 841-845

အခန်း ၈၄၁ သင်္ချာပြိုင်ပွဲစတင်ခြင်း

စုန့်ရှီယောင် နောက်တစ်ခွန်းဆက်ပြီး အတွန့်မတက်နိုင်ခင်တွင်ပဲ သူမဆရာက သူမကိုသတိပေးသည့်အနေဖြင့် တစ်ချက်ကြည့်လိုက်တာကြောင့် ချက်ချင်းပါးစပ်ပိတ်သွားရတော့သည်။

“ကျွန်မ သူ့ကိုပါးရိုက်ခဲ့တာအမှန်ပဲ၊ ဒါပေမယ့် သူ့ဘက်ကစပြီး ကျွန်မကို အသေရေဖျက်တာ။ အစောက ဇိမ်ခံကားတစ်စီးပေါ်ကနေ ကျွန်မဆင်းလာတာကို မြင်တာနဲ့၊ ကျွန်မမှာ ရှူးဂါးဒယ်ဒီရှိနေပါတယ်ဆိုပြီး အမှန်မဟုတ်ပါဘဲနဲ့ ဇွတ်ယုံနေတယ်လေ။ ကျွန်မကို ထပ်ပြီးမစွပ်စွဲဖို့ သူ့ကိုသတိပေးခဲ့ပေမယ့် သူက နားမထောင်ဘူး။ လူတိုင်းရဲ့ရှေ့မှာပဲ ကျွန်မကိုဆက်ပြီးအရှက်ခွဲပြောဆိုခဲ့တယ်!”

ထိုစကားကြောင့် ဆရာက အလိုမကျဖြစ်သွားကာ စုန့်ရှီယောင်ကို မေးမြန်းလိုက်သည်။ “သူပြောသွားတာ အမှန်ပဲလား?”

တကယ်တော့ ကုနင်း၏ရှင်းပြချက်ကို ယုံကြည်ပြီးသားဖြစ်သော်လည်း စုန့်ရှီယောင်ဘက်ကိုပဲ တရားမျှတမှုရှိစေလို၍ မေးမြန်းလိုက်ခြင်းဖြစ်သည်။

“ကျွန်မ…..” စုန့်ရှီယောင် ဘာမှပြန်မပြောနိုင်တော့ပေ။ ခန်းမထဲမှလူတိုင်းက မျက်မြင်သက်သေဖြစ်နေတာကြောင့် သူမ,မငြင်းနိုင်ပေ။

“စုန့်ရှီယောင်၊ မင်းပုံမှန်အချိန်တွေမှာ ဘယ်လောက်ပဲပြဿနာရှာရှာ ငါဂရုမစိုက်ဘူး၊ ဒါပေမယ့် ဒီနေ့တော့ တိတ်တိတ်ဆိတ်ဆိတ်နေ! မင်းက ငါတို့ကျောင်းကိုရော မြို့တော်ကိုပါ ကိုယ်စားပြုတဲ့လူ။ မင်းပြိုင်ပွဲမဝင်ချင်ဘူးဆိုရင် အခုပဲ အိမ်ပြန်လိုက်တော့။ ကောလဟာလတွေလျှောက်ဖြန့်တယ်ဆိုတာ ဘယ်လောက်တောင် ဈေးပေါတဲ့လုပ်ရပ်မျိုးလဲ။ နောက်ဘယ်တော့မှ ထပ်မလုပ်နဲ့။” ဆရာက တည်တင်းနေသည့်မျက်နှာဖြင့် အပြတ်ပြောလိုက်သည်။

“ဟုတ်ပြီ၊ မင်းတို့ မနက်စာစားပြီးသွားပြီဆိုရင် ခန်းမထဲမှာ ဒါမှမဟုတ် ဘက်စ်ကားပေါ်သွားနှင့်ပြီး စောင့်နိုင်တယ်။” ဆရာက ခန်းမထဲမှ တခြားကျောင်းသားများကို ပြောလိုက်သည်။ သူထပ်ပြီး အချိန်ဖြုန်းမနေချင်တော့ပေ။

စုန့်ရှီယောင်သည်တော့ အခုပဲ ကုနင်းထံမှ ပါးရိုက်ခြင်းခံထားရတာကြောင့် နောက်ဆုံးရလဒ်ကို လက်မခံနိုငသေးပေ။ ကျန်းကျီခိုင်တောင်မှ သူမနှင့်စကားများရုံပဲ လုပ်ရဲခဲ့တာကို အခုတော့ ကုနင်းက သူမကိုပါးပင်ရိုက်လိုက်သေးသည်။

“တော်သင့်ပြီ၊ ရှီယောင်။ ဒါမင်းအမှားတွေပဲ။ ဘာဆက်လုပ်ချင်နေသေးတာလဲ?” ဆရာက စိတ်မရှည်တော့သော်လည်း ချက်ချင်းကြီး ကုနင်း၏နောက်ကြောင်းကို စုန့်ရှီယောင်အားပြောပြလိုက်ဖို့ အချိန်ကောင်းမဟုတ်သေးပေ။

စုန့်ရှီယောင် မြို့တော်မှ အလွန်ချမ်းသာသည့်မိသားစုတွင် မွေးလာသူဖြစ်သော်လည်း ကုနင်းတွင်တော့ နယ်ပယ်အသီးသီးမှ အထူးပုဂ္ဂိုလ်များနှင့် အင်အားကြီးသည့်အဆက်အသွယ်များရှိထားသည်။ စုန့်ရှီယောင်သာ ကုနင်းနှင့်ဆက်ဆံရေးမကောင်းပါက သူမအတွက်ကောင်းတာမရှိပေ။

ထို့နောက် ကျောင်းသားများက ခန်းမထဲတွင် အစီအစဉ်တကျ မတ်တပ်ရပ်လိုက်ကြသည်။

စုန့်ရှီယောင် ဘယ်လောက်ပဲ ဒေါသထွက်နေပါစေ အခုတော့ သူမပါးစပ်ကို ပိတ်ထားခဲ့ရသည်။ သူမဆရာက သာမာန်ဆရာတစ်ယောက်မဟုတ်တာကြောင့် သူမအနည်းငယ်မျှကြောက်ရွံ့ရိုသေရပေသည်။

မြို့တော်မှစေလွှတ်ခဲ့သည့် ကျောင်းသားသုံးယောက်လုံး၏မိသားစုများသည် အာဏာရှိတာကြောင့် သူတို့ကိုထိန်းမည့်ဆရာကသာ သာမာန်ဆရာတစ်ယောက်ဆိုပါက စကားနားထောင်ကြလိမ့်မည်မဟုတ်ပေ။

“နင်းနင်း။” စုအန်းယာနှင့်သူမသူငယ်ချင်းများကတော့ အခုမှ စားသောက်ခန်းထဲမှ ထွက်လာခဲ့ခြင်းဖြစ်သည်။ “ဘာဖြစ်သွားတာလဲ? ငါအစောက ဆူဆူညံညံအသံတွေကြားလိုက်တယ်။”

“စုန့်ရှီယောင်နဲ့ ငါပြဿနာနည်းနည်းတက်သွားရုံပါ၊ အခုအဆင်ပြေသွားပြီ။” ကုနင်းပြောလုက်ပြီးနောက် စုအန်းယာနှင့်အတူ သူမဆရာနောက်မှ လိုက်သွားလိုက်သည်။

“တော်သေးတာပေါ့။” ဘာဖြစ်သွားမှန်း သူမမသိသော်လည်း ကုနင်းကတော့ သူမဘာသာကာကွယ်နိုင်စွမ်းရှိသည်ဟု စုအန်းယာယုံကြည်ပေသည်။

“နင်မနက်စာစားခဲ့ပြီးပြီလား?” စုအန်းယာမေးလိုက်သည်။

“အွန်း၊ စားပြီးပြီ။”

၈နာရီခွဲတွင် ပြိုင်ပွဲနေရာသို့သွားရမည်ဖြစ်၍ ကျောင်းသားတိုင်း မနက်စာအပြီးစားထားရသည်။

၈နာရီခွဲတွင်တော့ အားလုံးပြီးစီးသွားကြသည်။

ပြိုင်ပွဲကို Bမြို့ အမှတ်၁ အထက်တန်းကျောင်းတွင်ကျင်းပမည်ဖြစ်ပြီး ကျောင်းကလဲ ကောင်းကင်ပြာဟိုတယ်နဲ့မဝေးတာကြောင့် ၁၀မိနစ်လောက် လမ်းလျှောက်သွားရုံဖြင့်ရောက်နိုင်ပေသည်။ သို့သော်လည်း ကျောင်းသားများ၏လုံခြုံရေးအတွက် ဘက်စ်ကားဖြင့်သာ ခေါ်သွားပေလိမ့်မည်။

ပြိုင်ပွဲကို ၉:၂၀နာရီတွင်စတင်မည်ဖြစ်ကာ နာရီဝက်အလိုတွင်ပဲ ကျောင်းသားတိုင်း စာသင်ခန်းအသီးသီးတွင် နေရာယူထားကြရသည်။

ကုနင်းသည် ပထမဆုံးစာသင်ခန်းတွင်ကျကာ စုအန်းယာကတော့ တတိယအခန်းတွင်ဖြစ်ပြီး Fမြို့မှနောက်ဆုံးကျောင်းသားကတော့ အခန်း၅တွင်ကျသည်။

စုန့်ရှီယောင်သည်လဲ ပထမအခန်းတွင်ဖြစ်ကာ ကျန်းကျီခိုင်သည်တော့ စုအန်းယာနှင့်အခန်းအတူတူပင်။

၉:၂၀နာရီတွင် စာမေးပွဲစတင်ကာ မိနစ်၈၀ကြာချိန်ပေးထားပေမည့် ကုနင်းသည်တော့ မိနစ်၂၀တည်းဖြင့် ပြီးနေပြီဖြစ်သည်။ သို့သော်လည်း နာရီဝက်မပြည့်မချင်း အဖြေလွှာပြန်အပ်လို့မရတာကြောင့် သူမခုံတွင်ပဲ ဆက်ထိုင်နေခဲ့ရသည်။ အဖြေလွှာအပ်ဖို့ ၈မိနစ်တောင်လိုသေးချိန်မှာပဲ ကုနင်းပျင်းလာတော့သည်။

အခန်းစောင့်ဆရာများကတော့ ကုနင်းဘာမေးခွန်းမှမဖြေနိုင်တာကြောင့် အခုလိုမျက်နှာသေနှင့်ထိုင်နေခြင်းဖြစ်မည်ဟု ထင်ကြသည်။ ထို့ကြောင့် သူတို့အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြကာ ကုနင်း ဘယ်မြို့ကလာလဲ တွေးနေကြသည်။

အသက်ကြီးသည့်ဆရာတစ်ယောက်ကတော့ ကုနင်းအနားသို့လျှောက်သွားလိုက်သည်။ သူက ကုနင်းကို စာဖြေသည့်အပေါ် အာရုံစိုက်ဖို့ သတိပေးရန် ကြံထားသော်လည်း ကုနင်း၏အဖြေလွှာက ပြီးစီးအောင်ဖြေပြီးနေသည်ကို တွေ့လိုက်ရ၍ ထိတ်လန့်သွားတော့သည်။

ဘုရားရေ၊ ဒီကောင်မလေးက မိနစ်၂၀ထဲနဲ့ စာအကုန်ဖြေပြီးနေတာပေါ့! အလယ်မှာ ကွက်လပ်တွေများထားခဲ့လို့လား?

ကုနင်းကလဲ ဆရာကြီးဘာတွေးနေမှန်း နားလည်တာကြောင့် အဖြေလွှာတစ်ရွက်လုံးကို မြင်သာအောင်ပြလိုက်သည်။

အဖြေလွှာပထမတစ်ဖက်ကို ဖတ်ပြီးချိန်တွင် ကုနင်းအဖြေအားလုံးက မှန်နေတာကြောင့် ဆရာကြီးမှာ အံ့အားသင့်သွားတော့သည်။ သူဆက်ပြီး စစ်ကြည့်နေပေမည့် ကုနင်းဘက်မှ အမှားတစ်စုံတစ်ရာကိုပင် မတွေ့ခဲ့ပေ။

ဒီကောင်မလေးက ဉာဏ်ကြီးရှင်ပဲ! ဆရာကြီးတွေးလိုက်မိသည်။

ထိုအချိန်တွင်ပဲ ကုနင်းက ပျော်ရွှင်မှုအပြည့်ဖြင့်ပြောလာသည်။ “ဆရာခွင့်ပြုမယ်ဆိုရင် ကျွန်မအခုထွက်ချင်ပါတယ်။” အပ်လို့ရသည့်အချိန်ပြည့်သည်နှင့် ကုနင်းထွက်ချင်နေတော့သည်။

အခန်းတစ်ခုလုံးက အလွန်တိတ်ဆိတ်နေတာကြောင့် ကုနင်း၏အသံက တခြားကျောင်းသားများ၏အာရုံကိုဆွဲဆောင်သွားသည်။ အားလုံးချက်ချင်းပင် ခေါင်းထောင်ကာ သူမကိုကြည့်လာကြသည်။

တကယ်ကြီးလား? အခုချက်ချင်းကြီး အဖြေလွှာအပ်ချင်နေတာလား?

စုန့်ရှီယောင် မျက်မှောင်ကြုတ်သွားသည်။ ကုနင်း နာရီဝက်အတွင်း မေးခွန်းအားလုံး ဖြေနိုင်လိမ့်မည်ဟုတော့ သူမမယုံကြည်ပေ။ တကယ်တော့ ကုနင်းက မိနစ်၂၀တည်းနဲ့ကို အဖြေအားလုံးဖြေပြီးသွားခြင်းဖြစ်ကြောင်းကိုတော့ သူမမသိလိုက်ပေ။

“အိုး၊ ရတာပေါ့။” ဆရာကြီးမှာ ထိတ်လန့်နေသော်လည်း ခွင့်ပေးလိုက်သည်။

ဆရာကြီး၏ခွင့်ပြုချက်ရသည်နှင့် ကုနင်းဘောပင်ကိုသိမ်းကာ ထွက်သွားတော့သည်။

အပြင်ဘက်တွင်တော့ မြို့အသီးသီးမှဆရာများသည် စုဝေးကာ စကားပြောနေကြသည်။ ကုနင်းအပြင်ထွက်လာချိန်တွင်တော့ အားလုံးအံ့ဩသွားကြတော့သည်။

သူဘယ်လိုလုပ် ချက်ချင်းကြီးပြန်ထွက်လာတာလဲ?

အားလုံးဖြေပြီးသွားလို့လား?

***

အခန်း ၈၄၂ ကမ္ဘာမြေမှ ကောင်းကင်ဘုံ

ကုနင်း အဖြေအားလုံးဖြေပြီးလောက်သည်မှန်း ယုံကြည်နေသည့် ကုနင်း၏ဆရာမှလွဲ၍ ကျန်ဆရာအားလုံးမှာ ကုနင်း စာမေးပွဲမှနှုတ်ထွက်လိုက်သည်ဟုသာ တွေးနေကြသည်။

တကယ်တော့ ကုနင်းကို ယုံကြည်ထားသည့် သူမဆရာပင်လျှင် အနည်းငယ်စိုးရိမ်နေမိသေးသည်။

“ဟိုင်း!” ကုနင်း သူမဆရာထံသို့သွားလိုက်သည်။

“မင်းဖြေပြီးပြီလား?”

“ဟုတ်ကဲ့၊ ပြီးပါပြီ။” “ကျွန်မ အခုသွားမှဖြစ်မှာမို့၊ သွားခွင့်ပြုပေးပါ။”

“ရတယ်လေ၊ နောက်မှတွေ့တာပေါ့။” ကုနင်း၏ဆရာက မတားမြစ်တာကြောင့် ကုနင်းလဲ ထွက်သွားတော့သည်။

“လူကြီးမင်းတန်၊ သူစာဖြေပြီးတယ်ဆိုတာ သေချာလို့လား?” ကုနင်းထွက်သွားသည်နှင့် ဆရာတစ်ယောက်က မေးမြန်းလိုက်ခြင်းဖြစ်သည်။

ကုနင်း၏ဆရာနာမည်သည် ‘တန်’ဖြစ်သည်။

“သူဖြေပြီးပြီပြောမှတော့၊ ကျွန်တော် သူ့ကိုယုံတယ်။” လူကြီးမင်းတန်က ယုံကြည်ချက်အပြည့်ဖြင့်ပြောဖြေလိုက်သည်။

“လူကြီးမင်းတန်၊ အဲ့ကောင်လေးအကြောင်း ကျွန်တော်တို့ကိုပြောပြလို့ရမလား? သူက ဘာလို့ ဒီလိုမျိုးအထူးတလည်ဆက်ဆံခံရတာလဲ?” နောက်ထပ်ဆရာတစ်ယောက် မေးလိုက်ပြန်သည်။

ပညာရေးဌာနက သူတို့အားလုံးကို ဟိုတယ်တစ်ခုတည်းတွင်သာ နေဖို့အမိန့်ပေးထားသည်။ အချို့ကျောင်းသားများသည် Bမြို့မှဖြစ်နေတာတောင် တခြားကျောင်းသားများနှင့်အတူ နေရစဲပင်။ သို့ပေမည့် ကုနင်းကတော့ သူမကိုယ်ပိုင်နေရာတွင်သာ ပြန်နေနိုင်သည်။ ထို့အပြင် သူမစိတ်ကြိုက် လာချင်လာ သွားချင်သွားနိုင်သည်။

“သူလုပ်စရာကိစ္စရှိသေးလို့၊ ပညာရေးဌာနကနေ ခွင့်ပြုချက်တောင်းထားတာပါ။” လူကြီးမင်းတန်က အသေးစိတ်မပြောပြခဲ့ပေ။

လူကြီးမင်းတန်ကိုယ်တိုင် မပြောပြလိုမှတော့ တခြားဆရာများလဲ ထပ်မမေးကြတော့ပေ။

……..

နေ့လည်ပိုင်းစာမေးပွဲသည် ၂:၂၀နာရီတွင် စတင်မည်ဖြစ်ပေမည့် ကုနင်းထွက်လာချိန်တွင် ၁၀နာရီသာရှိသေးသည်။

လင်ရှောင်းထင်က တစ်ချိန်လုံး အပြင်ဘက်ကနေ သူမကိုစောင့်နေခြင်းဖြစ်သည်။

“ကိုယ် မင်းကိုတစ်နေရာခေါ်သွားမယ်။” ကုနင်းကားထဲဝင်လာသည်နှင့် လင်ရှောင်းထင်ပြောလိုက်သည်။

“ဘယ်ကိုလဲ?”

“ရောက်ရင်သိမှာပေါ့။” ကုနင်း သိချင်စွာမေးလိုက်သော်လည်း လင်ရှောင်းထင်က လျှို့ဝှက်ပြုံးလေးသာ ပြန်ပြုံးပြပေသည်။

နာရီဝက်ကြာပြီးနောက်တွင်တော့ ဆင်ခြေဖုံးတစ်နေရာမှ တောင်ဗီလာတစ်ခုဆီသို့ လင်ရှောင်းထင်ရောက်လာခဲ့သည်။

“ဒီမှာ နေ့လည်စာစားမှာလား?” ကုနင်းမေးသာမေးလိုက်ပေမည့် အဖြေကိုတော့ရပြီးသားပင်။

“ဟုတ်တယ်၊”

“ဒါပေမယ့် နေ့လည်စာမစားခင် အရင်ဆုံးတစ်နေရာကို သွားရမယ်။”

တစ်နေရာ? ကုနင်းသိချင်သွားသော်လည်း လင်ရှောင်းထင် ဖြေပေးမည်မဟုတ်မှန်း သိတာကြောင့် မမေးနေတော့ပေ။

ကားပေါ်မှဆင်းပြီးနောက် လင်ရှောင်းထင်က ကုနင်းလက်ကို ဆုပ်ကိုင်ပြီး ရိုးရာပုံစံအိမ်တစ်လုံးဆီသို့ ခေါ်သွားခဲ့သည်။

သူတို့အိမ်ထဲဝင်လိုက်ချိန်မှာတော့ ကုနင်းအံ့ဩသွားတော့သည်။ အထဲတွင် စင်္ကြံလမ်းရှည်ကြီးတစ်ခုရှိကာ မီးမှိန်မှိန်သာထွန်းထားသော်လည်း ရှေ့ကိုမြင်နေရစဲပင်။ လင်ရှောင်းထင်က ကုနင်းကို လမ်းပြခေါ်ဆောင်သွားပေးသည်။ စင်္ကြံမှာ မီတာ၅၀နီးနီးရှည်ကာ တောင်ကိုဖြတ်သွားနေရသလို ခံစားရသည်။ တကယ်လဲ တောင်ကိုဖြတ်ကာ လမ်းလျှောက်နေရခြင်းဖြစ်သည်။

ထိုလမ်း၏အဆုံးသို့ရောက်ချိန်တွင်တော့ ပန်းရနံ့များ ကုနင်းရလိုက်သည်။ အပြင်ဘက်မှာ ဘာများရှိလဲ သိချင်လွန်းလာသော်လည်း လင်ရှောင်းထင်က သူမကို အံ့ဩစေချင်မှန်း သိတာကြောင့် မမေးတော့ပေ။

တကယ်လဲ အပြင်ဘက်သို့ထွက်လိုက်ချိန်တွင် ကုနင်းအံ့အားသင့်သွားခဲ့ရသည်။

လျှောက်လမ်းရဲ့အပြင်တစ်ဖက်က ကမ္ဘာမြေပေါ်က ကောင်းကင်ဘုံကြီးပဲ!

မက်မွန်ပန်း၊ ချယ်ရီပန်းနှင့် တောင်ဝှေးပန်းတို့က ကျောက်သားလမ်းကြောင်း၏ဘေးဘက်တွင် နေရာအနှံ့ဖူးပွင့်နေကြသည်ကို မြင်လိုက်သည်။ ပန်းပင်များ၏အလယ်တွင်တော့ ရှုခင်းကြည့်အဆောင်ငယ်နှင့်အတူ ရေကန်တစ်ကန်လဲရှိနေသေးသည်။ ရင်သက်ရှုမောဖွယ်ရာမြင်ကွင်းကြီးကို မြူငွေ့များကပါ ဖုံးလွှမ်းနေတာကြောင့် ကမ္ဘာမြေပေါ်တွင် အမှန်တကယ်ရှိနေသေးရဲ့လား သံသယဝင်စရာပင်!

ကုနင်း မှင်သက်နေကာ စကားတစ်ခွန်းတောင် မပြောနိုင်တော့ပေ။ ယခုအချိန်ကာလက ပန်းများပွင့်လန်းရမည့်အချိန်မဟုတ်နေမှန်းကိုလဲ သူမသတိမထားမိတော့ပေ။

ကုနင်း၏အံ့အားသင့်နေသော အမူအရာကြောင့် သူမဘယ်လောက်သဘောကျနေမှန်း လင်ရှောင်းထင် သိပေမည့် အတည်ပြုမေးလိုက်စဲပင်။ “ဘယ်လိုလဲ? သဘောကျရဲ့လား?”

“ဝါး၊ အရမ်း အံ့ဩဖို့ကောင်းတာပဲ။” ကုနင်းအလွန်စိတ်လှုပ်ရှားနေခဲ့သည်။ “ရှောင်းထင်၊ ဒီလိုနေရာကို ဘယ်လိုလုပ်ရှာတွေ့တာလဲ?”

“မင်းကိုစောင့်နေတုန်း ဖုန်းသုံးရင်းတွေ့ခဲ့တာ။”

ဤနေရာကို မနေ့ကတည်ဆောက်ခဲ့ပြီး ယခုနှစ်မှဖွင့်လှစ်ခဲ့တာဖြစ်သည်။ လင်ရှောင်းထင်လဲ ကြော်ငြာကိုမြင်သည်နှင့် ကုနင်းသဘောကျလောက်မည်ဟု တွေးမိတာကြောင့် ခေါ်လာခဲ့ခြင်းဖြစ်သည်။

ကုနင်းသည် ဤနေရာကို အမှန်တကယ်သဘောကျနေကာ ပုံပေါင်းမြောက်များစွာ ရိုက်ကူးခဲ့ပြီး သူမနှင့်လင်ရှောင်းထင်တွဲရိုက်သည့်ပုံများကလဲ အများအပြားပင်။

ကုနင်းသည် ဆိုရှယ်မီဒီယာသုံးရသည်အား အလွန်သဘောကျသူမဟုတ်ပေမည့် အခုတော့ ပုံအချို့ကို မတင်ဘဲမနေနိုင်တော့ပေ။

ချက်ချင်းပင် သူမ၏WeChatတွင် ဓါတ်ပုံသုံးပုံကိုတင်လိုက်သည်။ တစ်ပုံကတော့ ရှုခင်းပုံ၊ နောက်တစ်ပုံကတော့ လင်ရှောင်းထင်၏နောက်ကျောပုံဖြစ်ပြီး ကျန်တစ်ပုံကတော့ သူမပုံဖြစ်သည်။ ပုံတိုင်းက ပြီးပြည့်စုံစွာ လှပနေသည်။ ထို့အပြင် စာတစ်ကြောင်းကိုလဲ သူမရေးလိုက်သေးသည်: ငါတော့ ကမ္ဘာမြေပေါ်က ကောင်းကင်ဘုံကိုရောက်နေသလိုပဲ!

ပုံများ၏အောက်တွင်တော့ သူမသူငယ်ချင်းများမေးလာနိုင်တာကြောင့် နေရာကိုပါ ပြထားခဲ့သည်။

ကုနင်းသည် သူမနှင့်ရင်းနှီးသူများကိုသာ WeChatတွင် ချိတ်ထားခြင်းဖြစ်သည်။

ကူအန်းနာက ပထမဆုံးမြင်သူဖြစ်ကာ လှပလွန်းသည့်ရှုမျှော်ခင်းကြောင့် လွန်စွာအံ့ဩသွားခဲ့သည်။

ကူအန်းနာ : အိုးမိုင်ဂေါ့ဒ်၊ ကုနင်း နင်နောက်ဆုံးတော့ တင်စရာတွေ့သွားပြီပေါ့၊ ဒီနေရာ အရမ်းလှတာပဲ! ငါသွားရမယ်!

စုထုံနျို : ဝိုး အရမ်းလှတာပဲ!

လူများစွာက ကုနင်း၏ပုံများကို သဘောကျသွားကာ မှတ်ချက်များလဲရေးပြီး ရှုခင်းကို ချီးကျူးနေကြသည်။ ဒုတိယပုံမှအမျိုးသားဘယ်သူဆိုတာကိုတော့ တစ်ယောက်မှမမေးခဲ့ကြပေ။ သူတို့အားလုံးသည် ကုနင်းနှင့်ရင်းနှီးသူများဖြစ်တာကြောင့် ထိုအမျိုးသားက လင်ရှောင်းထင်သာဖြစ်မည်မှန်း သိကြသည်။

ချောင်ဝမ်ရှင်းသည်လဲ ကုနင်း၏ပုံများကိုတွေ့ပြီးနောက် ရှင်းပိုင်နှင့်အတူ ထိုနေရာသို့သွားခဲ့သည်။

ဥယျာဉ်သည် သိပ်မကြီးလှဘဲ ဝါးအိမ်လေးများ များစွာရှိသည့် ဝါးသစ်တောလေးတစ်ခုတော့ရှိသည်။ ထို့အပြင် တောင်ဗီလာထဲတွင်တော့ စားသောက်ဆိုင်များ၊ လက်ဖက်ရည်အိမ်တော်များ၊ ဇာတ်ရုံများ စသည်ဖြင့် မျိုးစုံရှိသည်။

ကုနင်းနှင့်လင်ရှောင်းထင်တို့ ဥယာဉ်ထဲတွင် လျှောက်ပတ်ကြည့်ပြီးနောက် လက်ဖက်ရည်အိမ်တော်တစ်ခုတွင် အနားယူကြသည်။ သူတို့ စားသောက်ဆိုင်တွင် နေ့လည်စာစားခါနီးတွင်တော့ ချောင်ဝမ်ရှင်းက ကုနင်းကို ဖုန်းဆက်လာသည်။

ထို့နောက် ကုနင်းက ချောင်ဝမ်ရှင်းနှင့်ရှင်းပိုင်တို့ကို သူမတို့နှင့်အတူ နေ့လည်စာစားပြီး ပြဇာတ်ရုံတွင် အော်ပရာကဇာတ်သွားကြည့်ဖို့ ဖိတ်ခေါ်လိုက်သည်။

သူတို့ထိုနေရာတွင် နာရီပေါင်းများစွာ စိတ်လက်အပန်းဖြေခဲ့ကြသည်။

ကုနင်းမှာသာ နေ့လည်ပိုင်းစာမေးပွဲဖြေဖို့မရှိလျှင် တစ်နေ့လုံးတောင် ထိုနေရာတွင်ပဲ နေပစ်လောက်သည်! ချောင်ဝမ်ရှင်းနှင့်ရှင်းပိုင်တို့ကတော့ အားနေတာကြောင့် ဆက်နေခဲ့ကြသည်။

………

ကုနင်း အဖြေလွှာအပ်ပြီး,ပြီးချင်းထွက်သွားခဲ့တာကြောင့် သူမ၏အပြုအမူက ဆရာများစွာကို ထိတ်လန့်အံ့အားသင့်သွားစေခဲ့မှန်း မသိခဲ့ပေ။

သူမက နာရီဝက်အတွင်းမှာပဲ အဖြေအားလုံးကို ဖြေဆိုခဲ့သလို အဖြေတိုင်းကလဲ မှန်ကန်နေပေသည်။ သူမတစ်ယောက်တည်းကသာ အမှတ်ပြည့်ရသူဖြစ်သည်။

***

အခန်း ၈၄၃ လာဘ်ထိုးထားတာလား?

သာမာန်စာမေးပွဲတစ်ခုသာဆိုပါက အမှတ်ပြည့်ရရန် မခက်ခဲသော်လည်း ဒါကတော့ နိုင်ငံအဆင့် သင်္ချာပြိုင်ပွဲပင်! မေးခွန်းများသည် သာမာန်စာမေးပွဲများကထက် များစွာပိုလို့ခက်ခဲတာကြောင့် ကုနင်းကလွဲ၍ အမြင့်ဆုံးရမှတ်မှာ ၉၆သာဖြစ်သည်။

ပါဝင်ယှဉ်ပြိုင်သည့် ကျောင်းသားပေါင်း ၁၀၈ယောက်အနက် ၃၆ယောက်ကသာ အမှတ်၉၀ကျော်ပြီး ၆၇ယောက်ကသာ အမှတ်၈၀ကိုကျော်ကာ ကျန်ကျောင်းသားများသည်တော့ အမှတ်၇၀အောက်သာရကြသည်။

ယနေ့ပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ကြသည့် ကျောင်းသားတိုင်းသည် နိုင်ငံအနှံ့က မြို့အသီးသီးမှ ထိပ်တန်းကျောင်းသားများဖြစ်ကြပေမည့် ကွာခြားချက်ကတော့ ကြီးမားလှသည်။ တချို့ဆိုလျှင် အစွမ်းကုန်ကြိုးစားတာတောင်မှ ဤစာမေးပွဲတွင် ကျရှုံးသွားသည်မလိုဖြစ်ခဲ့ကြသည်။

ရမှတ်များကို ၁နာရီတွင်ကြေညာပေးကာ ကုနင်း၏ရမှတ်ကြောင့် လူတိုင်းထိတ်လန့်သွားကြရသည်။ အားလုံးက ကုနင်းသည် ဉာဏ်ကြီးရှင်ဖြစ်သည်ဟု လက်ခံယုံကြည်ကြသော်လည်း စုန့်ရှီယောင်တော့ မပါဝင်ပေ။ ကုနင်းသည် သူမအဖြေလွှာကို နာရီဝက်တည်းနှင့်အပ်ခဲ့တာကြောင့် ကုနင်း ဘယ်လိုမှအမှတ်ပြည့်ရစရာအကြောင်းမရှိဟု စုန့်ရှီယောင်ယုံကြည်နေသည်။

မနာလိုမှုနှင့်မုန်းတီးမှုတို့ကြောင့် စုန့်ရှီယောင် သူမ၏သံသယများကို ထုတ်ဖော်ခဲ့သည်။ “ကုနင်းက ပညာရေးဌာနကို လာဘ်ထိုးထားလို့ အဖြေတွေကို ကြိုရထားတာပဲဖြစ်ရမယ်။ နာရီဝက်တည်းနဲ့ အဖြေအားလုံးဖြေနိုင်ပြီး အမှတ်ပြည့်အထိတောင်ရမယ်လို့ ငါတော့မယုံဘူး! ငါတို့အားလုံးက အထက်တန်းကျောင်းသား ထောင်ပေါင်းများစွာထဲကနေမှ ရွေးချယ်ခံထားရတဲ့ ထိပ်တန်းကျောင်းသားတွေချည်းပဲ။ ဒါပေမယ့် ငါတို့အားလုံး မိနစ်၈၀ထဲနဲ့ အဖြေအားလုံးကိုဖြေပြီး အမှတ်ပြည့်ရအောင် မလုပ်နိုင်ကြဘူး။ ကုနင်းကျတော့ ဘာလို့ လုပ်နိုင်နေတာလဲ?”

စုန့်ရှီယောင်သည် ပညာရေးဌာနကိုပါ အပြစ်တင်နေခဲ့သည်။

စုန့်ရှီယောင်ပြောသွားသည်က အနည်းငယ် စော်ကားပုတ်ခတ်သည့်သဘောပါနေသော်လည်း လူတိုင်း၏အတွေးများနှင့်တော့ ထပ်တူကျနေစဲပင်။

“ဘာ? သူက နာရီဝက်တည်းနဲ့ အဖြေလွှာအပ်ခဲ့တာပေါ့?”

“မဖြစ်နိုင်တာ!”

“မဖြစ်နိုင်ဘူးထင်တယ်နော်။”

“သူအမှတ်ပြည့်တောင်ရထားတာလေ!”

“ငါလဲမယုံတော့ဘူး။”

……….

ကုနင်း နာရီဝက်တည်းနှင့်အဖြေလွှာအပ်ခဲ့ကြောင်း သိလိုက်ရတော့ လူများစွာက ကုနင်း၏ရမှတ်အပေါ် သံသယများဝင်လာကြတော့သည်။

“စုန့်ရှီယောင်၊ မဟုတ်တမ်းတရားတွေ လျှောက်မဖွနဲ့! ကုနင်းက ထူးချွန်တဲ့ကျောင်းသူပဲ၊ ငါတို့ထဲက ဘယ်သူကမှ သူ့ကိုမယှဉ်နိုင်ဘူး! အမှန်တရားကိုလက်ခံလိုက်စမ်းပါ။” ကျန်းကျီခိုင်က ပထမဦးစွာ ကုနင်းဘက်မှ ကာကွယ်ပြောဆိုပေးသူဖြစ်သည်။

ထို့နောက် စုအန်းယာကပါ၊ “အမှန်ပဲ! နင်းနင်းက သူ့ကျောင်းမှာဆိုလဲ အမြဲတမ်းအမှတ်ပြည့်ရနေကျ။”

ထိုစကားကြောင့် လူတိုင်းထိတ်လန့်အံ့ဩသွားကြရပြန်သည်။

“ငါတော့ ကုနတ်ဘုရားမကိုယုံတယ်။”

“ငါလဲယုံတယ်!”

………..

ကုနင်းအကြောင်းသိထားကြသည့် ကျောင်းသားအချို့က သူမဘက်က ထောက်ခံကာ ကုနင်းကို ‘ကုနတ်ဘုရားမ’ဟုပင် ခေါ်ဝေါ်ကြသည်။

သို့ပေမည့် စုန့်ရှီယောင်ကတော့ လက်မခံနိုင်သေးပေ။ “နင်တို့ယုံလိုက်တိုင်း အမှန်ဖြစ်သွားတာမဟုတ်ဘူး!”

စုန့်ရှီယောင်တင်မကဘဲ အခြားကျောင်းသားများစွာကလဲ မယုံကြည်နိုင်ကြသေးပေ။ သူတို့အားလုံး ထိပ်တန်းကျောင်းသားများဖြစ်ကြပေမည့် သူတို့နှင့်ကုနင်းကြားက ကွာဟချက်က ဘာလို့ ဒီလောက်တောင်ကြီးရတာလဲ!

“ငါတော့ ရှီယောင်ပြောတာကို ထောက်ခံတယ်။”

“ငါလဲ သံသယရှိတယ်!”

“နာရီဝက်နဲ့ ကုနင်း စာအားလုံးဖြေပြီးဖို့မဖြစ်နိုင်ဘူး။ အမှတ်ပြည့်ရဖို့ဆို ပိုတောင်ဝေးသေး!”

………..

ကျောင်းသားများစွာက သူမဘက်မှာရှိနေတာကြောင့် စုန့်ရှီယောင်ပိုလို့ ယုံကြည်ချက်ရှိလာတော့သည်။ “ကျန်းကျီခိုင်၊ နင် ကုနင်းဆိုတဲ့ကောင်မလေးနဲ့ တွေ့တာခဏလေးပဲရှိသေးတယ်နော်။ နင်သတိထားတာပိုကောင်းမယ်။”

“ငါသူ့ကိုယုံတယ်၊ ဒီပြိုင်ပွဲနိုင်ဖို့အတွက် ကုနင်းက လာဘ်ထိုးခဲ့ပါတယ်ဆိုတဲ့ သက်သေအတိအကျ နင့်မှာလဲမရှိဘူး!”

“ငါကလဲ သူလုပ်နိုင်တယ်လို့ မယုံရုံပါ။”

“စုန့်ရှီယောင်၊ နင်တော်သင့်နေပြီ!” စုအန်းယာလဲ ဒေါသထွက်လာတော့သည်။

စုန့်ရှီယောင်က ဝံ့ကြွားစွာဖြင့် သူမမေးကိုပင်မြှင့်လိုက်ကာ၊ “မတော်ဘူး။”

“တော်သင့်ပြီ!” လူအုပ်အပြင်ဘက်မှ လေးနက်တည်ကြည်သည့် အမျိုးသားသံတစ်သံကထွက်ပေါ်လာတာကြောင့် လူတိုင်းအံ့ဩသွားသည်။

ထိုလူကတော့ စုန့်ရှီယောင်၏ဆရာဖြစ်ကာ သူ့နောက်တွင်လဲ တခြားဆရာအားလုံးလိုက်ပါလာတာကြောင့် ကျောင်းသားများ ချက်ချင်းပင် ဘေးကပ်ရပ်လိုက်ကြသည်။

“မင်းပြဿနာထပ်ရှာပြန်ပြီလား?” ဆရာက အတော်လေးမကျေမနပ်ဖြစ်နေဟန်ဖြင့် စုန့်ရှီယောင်ကို စိုက်ကြည့်လိုက်သည်။ စုန့်ရှီယောင်လဲ အနည်းငယ်လန့်သွားပေမည့် အလျှော့မပေးလိုသေးပေ။

“ဒီမှာ ကျွန်မတစ်ယောက်တည်း သံသယဖြစ်နေတာမဟုတ်ဘူး။”

“သံသယဝင်တယ်? မင်းမှာ သက်သေဘာသက်သေမှမရှိဘူး။ ဒါက စွပ်စွဲရုံပဲဆိုတာ မင်းနားမလည်ဘူးလား? ဒီလိုစွပ်စွဲတဲ့ အကျိုးဆက်ကိုကော မင်းတွေးမိဖူးလား?” ဆရာမှာ အလွန်ဒေါသထွက်လာတော့သည်။ “မဟုတ်မှ၊ မင်းကသာ တစ်ကမ္ဘာလုံးမှာ အတော်ဆုံးကျောင်းသူဖြစ်ပြီး မင်းထက် ဘယ်သူမှပိုမတော်ဘူးလို့ တွေးနေတာလား?”

တကယ်တော့ ဆရာကိုယ်တိုင်လဲ ကုနင်း၏အမှတ်ကိုမြင်ကာ အံ့အားသင့်သွားခဲ့ပေမည့် ပညာရေးဌာနကို မေးခွန်းထုတ်သည်အထိတော့ မိုက်မဲသူမဟုတ်ပေ။

“ကျွန်မ….” စုန့်ရှီယောင် တစ်ခုခုဆက်ပြောချင်သော်လည်း ဆရာဖြစ်သူ၏ ဒေါသအကြည့်ကြောင့် ပါးစပ်ပိတ်သွားရသည်။

ထိုအချိန်တွင်ပဲ အာဏာရှိသည့်သက်လတ်ပိုင်းအရွယ်လူကြီးတစ်ယောက် ရောက်လာကာ တည်တင်းနေသည့်မျက်နှာထားဖြင့် စုန့်ရှီယောင်ကို ပြောလိုက်သည်။ “တွေ့ရတာဝမ်းသာပါတယ်၊ ငါက ပညာရေးဌာနရဲ့ ဒုဒါရိုက်တာပါ။ ဒီပြိုင်ပွဲက တရားမျှတမှုရှိပါတယ်လို့ ငါအာမခံတယ်။ မင်းမှာ သက်သေမရှိဘဲ ပညာရေးဌာနကို ဆက်ပြီးစွပ်စွဲနေဦးမယ်ဆိုရင်တော့ ငါတို့ဘက်က မင်းကို တရားစွဲရလိမ့်မယ်။ မင်းပြောတာတွေက အမှန်တွေပါလို့ သက်သေရှိနေရင်တော့ ငါတို့ဘက်က လိုလိုလားလားနဲ့ကို အပြစ်တင်ခံပြီး အကြံဉာဏ်တောင်းခံမယ်။”

ပညာရေးဌာနက ဒုဒါရိုက်တာ?

လူတိုင်းထိတ်လန့်သွားကာ ပညာရေးဌာနကို မေးခွန်းထုတ်ခဲ့ကြသည့် ကျောင်းသားများကတော့ အဆိုးဆုံးပင်။ သူတို့သည် ကိုယ့်ဒေါသဖြေလျှော့ဖို့အတွက် တခြားလူများအပေါ် သက်သေမရှိဘဲ ပြစ်တင်ရှုံ့ချရုံလောက်သာ လုပ်ရဲကြပြီး ပညာရေးဌာနကို စိန်ခေါ်ရဲသည်အထိတော့ သတ္တိမရှိပေ။

“ကျွန်-ကျွန်မ….” ဒါရိုက်တာ၏စကားများကြောင့် စုန့်ရှီယောင် ထစ်ငေါ့နေတော့သည်။

***

အခန်း ၈၄၄ မကျေပွဲ

ပညာရေးဌာန၏ ဒုဒါရိုက်တာပါ ပေါ်လာပြီဖြစ်တာကြောင့် ဘယ်သူကမှ အမှတ်စာရင်းအကြောင်းကို ထပ်မပြောရဲကြတော့ပေ။

ကုနင်းပြန်လာချိန်တွင်တော့ လူစုကွဲသွားကြပြီဖြစ်ကာ လူကြီးမင်းတန်က သူမကို အဦးဆုံးသတိပြုမိသွားခဲ့သည်။ “ကုနင်း၊ ဒီကိုလာ!”

ကုနင်း၏နာမည်ကိုကြားလိုက်သည်နှင့် လူတိုင်းလှည့်ကြည့်လာတော့သည်။ တချို့ကတော့ သူမကိုအားကျနေကာ တချို့ကတော့ မနာလိုဖြစ်နေကြပြီး ကျန်လူများကတော့ လေးစားလို့နေကြသည်။ စုန့်ရှီယောင်သည်တော့ အမုန်းမီးတောက်များဟုန်းဟုန်းထနေသည့် မျက်လုံးများဖြင့် ကုနင်းကို စိုက်ကြည့်နေပေမည့် ဒါရိုက်တာယို့ရှိနေတာကြောင့် ရန်ရှာမရှာရဲပေ။

ကုနင်းလဲ သူမဆရာဆီသို့လျှောက်သွားကာ ရှိနေသည့်ဆရာအားလုံးကို နှုတ်ဆက်လိုက်သည်။ “မင်္ဂလာပါ။”

“ဒါက ပညာရေးဌာနရဲ့ ဒုဒါရိုက်တာ၊ ဒါရိုက်တာယို့ပဲ။” ဆရာတန်က ကုနင်းကိုပြောလိုက်သည်။

“တွေ့ရတာ ဂုဏ်ယူမိပါတယ်၊ ဒါရိုက်တာယို့။” ကုနင်း ဒါရိုက်တာယို့ကို ရိုရိုသေသေ နှုတ်ဆက်စကားပြောလိုက်သော်လည်း ပုံမှန်အတိုင်းတည်ငြိမ်မှုရှိနေစဲဖြစ်တာကြောင့် ဒါရိုက်တာပို့ အထင်ကြီးသွားတော့သည်။

ဒါရိုက်တာယို့သည်လဲ ကုနင်းအကြောင်းများစွာ ကြားဖူးထားခဲ့သည်။ ကုနင်း၏အောင်မြင်မှုများ နှင့် အင်အားကြီးအဆက်အသွယ်များနှင့်ဆိုလျှင် သူကတောင်မှ သူမကိုလေးစားမှုအချို့ပြန်ပြသင့်ပေသည်။

“တွေ့ရတာဝမ်းသာတယ်၊ ကုနင်း။ မင်းအကြိုစစ်ဆေးပွဲမှာ ပထမဆုရထားတယ်ဆို၊ မင်းတော်တာပဲ! မကျေပွဲနဲ့ နောက်ဆုံးပွဲအတွေကကော ယုံကြည်ချက်ရှိနေပြီလား?” ဒါရိုက်တာယို့က ကြင်နာစွာမေးလိုက်သည်။ အစောပိုင်းက သူပါဝင်ပြောခဲ့ရသည့်ကိစ္စအတွက် သိပ်ပြီးစိတ်ထဲထားမနေခဲ့ပေ။

“ရှိတာပေါ့။” ကုနင်း တုံ့ဆိုင်းခြင်းမရှိပြန်ဖြေလိုက်သည်။

“ကောင်းလိုက်တာ!” ဒါရိုက်တာယို့ကတော့ ကုနင်း၏အဖြေစကားက မောက်မာဟန်ပေါက်သည်ဟုမတွေးမိဘဲ သူမအကောင်းဆုံးကြိုးစားဖို့တောင် အားပေးလိုက်သေးသည်။

ဒါရိုက်တာယို့နှင့်ဆရာများအနားမှ ကုနင်းထွက်လာသည်နှင့် သူမအနားသို့ ကျန်းကျီခိုင်နှင့်စုအန်းယာတို့ ရောက်လာခဲ့သည်။

“နင်းနင်း၊ အခုပဲ စုန့်ရှီယောင် နင့်နောက်ကွယ်မှာ မကောင်းကြောင်းပြောနေပြန်ပြီ။ နင်က အဖြေမှန်တွေရဖို့အတွက် ပညာရေးဌာနကိုတောင် လာဘ်ထိုးထားတယ်လို့ပြောလိုက်သေးတယ်!” စုအန်းယာ အခုထိ စိတ်တိုနေစဲဖြစ်သည်။

“လုံးဝအဓိပ္ပါယ်မရှိတဲ့စကားပဲ။”

“နင်းနင်း၊ နင်တကယ်ပဲ နာရီဝက်တည်းနဲ့ စာအကုန်ဖြေပြီးတာလား? မယုံနိုင်စရာပဲ!” ကျန်းကျီခိုင်မေးလိုက်သည်။

“မဟုတ်ပါဘူး။ ငါမိနစ်၂၀တည်းနဲ့ပြီးနေတာ၊ အဖြေလွှာ အပ်လို့ရတဲ့ အချိန်မပြည့်သေးလို့သာ ၁၀မိနစ်ထပ်စောင့်လိုက်ရတာ။” စုအန်းယာနှင့်ကျန်းကျီခိုင်တို့သည် သူမသူငယ်ချင်းများဖြစ်တာကြောင့် ရိုးရိုးသားသား အမှန်အတိုင်းသာပြောပြလိုက်သည်။

“ဘာ? မိနစ်၂၀တည်းနဲ့လား?” ကျန်းကျီခိုင် လုံးဝထိတ်လန့်သွားတော့သည်။

သို့ပေမည့် စုအန်းယာသည်တော့ ကုနင်းသည် မိနစ်၂၀တည်းနှင့် အဖြေလွှာအပ်လေ့ရှိကြောင်း ချူးဖေ့ဟန်တို့ဆီမှ ကြားဖူးထားတာကြောင့် မထိတ်လန့်သွားပေ။

“နင်းနင်း၊ နင်ကတော့ ဉာဏ်ကြီးရှင်ပဲ!”

“ငါ့မှတ်ဉာဏ်ကကောင်းတော့ ဖတ်ထားသမျှအားလုံးနီးပါးကို မှတ်မိနေနိုင်တယ်လေ။”

“ဝိုး၊ နင့်လိုမှတ်ဉာဏ်မျိုးငါလဲရှိချင်လိုက်တာ!” ကျန်းကျီခိုင်မှာ အခုဆိုလျှင် ကုနင်းကို ပိုလို့တောင် လေးစားမိနေတော့သည်။ “နင်းနင်း၊ ငါနင့်မှတ်ဉာဏ်ကို စစ်ကြည့်လို့ရမလား?”

“ရတာပေါ့!”

ကျန်းကျီခိုင် ခဏလောက်တွေးကြည့်ပြီးနောက်၊ “နင်ငါ့ဖုန်းနံပါတ်ကို အခုထိမှတ်မိသေးလား?”

“၁၃၈xxxx xxx” ကုနင်းချက်ချင်းပင် ပြန်ဖြေလိုက်သည်။

ထို့နောက် ကျန်းကျီခိုင်က သူမ၏ဘလက်ခ်ကဒ်ကိုထုတ်ကာ ကုနင်းကိုပေးလိုက်ပြီး၊ “နံပါတ်တွေကို သုံးခေါက်ဖတ်ပြီး အလွတ်ပြောကြည့်။”

ကုနင်း ဘလက်ခ်ကဒ်ကို ယူလိုက်ပေမည့် သုံးကြိမ်တ်ကြည့်စရာမလိုဘဲ တစ်ကြိမ်တည်းနှင့် မှတ်မိသွားသည်။

“ဘုရားရေ၊ နင်မှတ်ဉာဏ်ကတော့ အံ့ဩစရာပဲ!” ကျန်းကျီခိုင် စိတ်လှုပ်ရှားသွားတော့သည်။ “နင်ဒါကို တစ်သက်စာမှတ်မိတာလား၊ ဒါမှမဟုတ် ခနနဲ့ပြန်မေ့မှာလား?”

“တစ်သက်လုံးမှတ်မိတယ်။”

“သူ့ကျောင်းက ကျောင်းအုပ်ဆိုရင် သူ့ကို တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမဖြေခင်အထိ ကျောင်းပျက်ခွင့်ပေးထားပြီးသား။” စုအန်းယာက ဝင်ပြောပြလိုက်သည်။

“တကယ်ကြီးလား?” ကျန်းကျီခိုင် အလွန်အံ့ဩသွားရပြန်သည်။ “နင် ဘယ်တက္ကသိုလ်မှန်းထားလဲ?”

“မြို့တော်တက္ကသိုလ်။”

“ငါရောပဲ!” ကျန်းကျီခိုင် စိတ်လှုပ်ရှားလွန်း ထပင်ခုန်မိမတတ်ပင်။ “ဘယ်မေဂျာရွေးမှာလဲ?”

“စီးပွားစီမံ။”

“ငါလဲ စီးပွားစီမံပဲ။ အန်းယာကရော?”

“ငါလဲ မြို့တော်တက္ကသိုလ်ပဲတက်ချင်ပါတယ်၊ ဒါပေမယ့် ငါ့မိဘတွေက ငါ့ကိုနိုင်ငံခြားလွှတ်ကြမှာ။” စုအန်းယာသက်ပြင်းချလိုက်သည်။ တစ်ခါတစ်လေဆို သူမဆန္ဒများအတိုင်း မဖြစ်နိုင်ပေ။

“နိုင်ငံခြားသွားတာလဲ မဆိုးပါဘူး။ ငါလဲသွားချင်တာကို ငါ့မိသားစုက ခွင့်မပြုကြဘူး။” ကျန်းကျီခိုင် သူမအကြောင်းကိုလဲ ပြန်ပြောပြလိုက်သည်။ “အခုတော့ ငါလက်လျှော့လိုက်ပြီ။” တက္ကသိုလ်တွင် ကုနင်းနှင့်အတန်းဖော်တောင်ဖြစ်နိုင်သည်မဟုတ်လား။

မကြာခင်မှာပဲ ဒုတိယအဆင့်ပြိုင်ပွဲကိုစတင်ခဲ့သည်။

မကျေပွဲစဉ်တွင်တော့ ကျောင်းသား၅၀သာပါဝင်ပြီး စာသင်ခန်း၂ခန်းတွင် ခွဲထားခဲ့သည်။

အားလုံးကို ကျပန်းနေရာချပေးထားခြင်းဖြစ်ကာ ရမှတ်များကိုမယူပေ။ ထို့ကြောင့် စုန့်ရှီယောင်၊ ကျန်းကျီခိုင်နှင့် ကုနင်းတို့က တစ်ခန်းတည်းတွင်ကျကာ စုအန်းယာသည်တော့ တခြားအခန်းတွင်ကျသည်။

သူတို့သုံးဦးလုံးသည်လဲ အကြိုစစ်ဆေးပွဲတွင် ရမှတ်၉၀ကျော်ကြာတာကြောင့် ထိပ်တန်းကျောင်းသားများပီသကြသည်။

မကျေပွဲစဉ်မှ မေးခွန်းများသည် အကြိုစစ်ဆေးပွဲမှ မေးခွန်းများထက် ပိုလို့တောင်ခက်ခဲတာကြောင့် ဒီတစ်ကြိမ်တော့ ကုနင်းအမှတ်ပြည့်မရနိုင်ဘူးဟု အများစုက ယုံကြည်နေကြသည်။

အခန်းထဲမှ ဆရာများကလဲ ကုနင်း နေရာယူလိုက်သည်နှင့် သူမကိုသာ ကြည့်နေကြတော့သည်။

ကုနင်းကတော့ မေးခွန်းများကို စဉ်းလဲမစဉ်းစား လက်နှင့်ချတွက်ခြင်းလဲမရှိပါဘဲနှင့် အဖြေများကိုသာ တန်းရေးနေတာကြောင့် တကယ်ပဲ အဖြေတွေကိုကြိုသိထားသလိုတောင် ထင်ရသည်။

လှည့်လည်စစ်ဆေးနေသည့် ဒါရိုက်တာယို့တောင်မှ ကုနင်းကို အာရုံမစိုက်မိဘဲမနေနိုင်ပေ။ သူ့ကလေးတွေကိုလဲ ကုနင်းလို ဉာဏ်ထက်ဖို့ မျှော်လင့်နေမိသည်။

***

အခန်း ၈၄၅ ယန်ကျီချင်၏ဖွင့်ဟဝန်ခံချက်

မြို့အသီးသီးမှဆရာများကလဲ ဒုတိယပွဲစဉ်အတွက် ကုနင်း၏ရမှတ်ကို ခန့်မှန်းကြည့်နေကြသည်။ အများစုကတော့ ကုနင်း ၉၅မှတ်ဝန်းကျင်ရလောက်မည်ဟု တွေးကြပြီး ဆရာတန်အပါအတွင် လူအနည်းစုကသာ ကုနင်းထပ်ပြီး အမှတ်ပြည့်ရလိမ့်မည်ဟု ယုံကြည်ကြသည်။ သို့ပေမည့် ဒါက သူတို့ခန့်မှန်းကြည့်နေကြရုံသာဖြစ်ပေမည့် ဤတစ်ခေါက် မေးခွန်းတွေက အလွန်ခက်ကာ သူတို့ကတော့ ကုနင်းအကြောင်းအနည်းအကျဉ်းသာ သိထားကြတာကြောင့် ယုံကြည်ချက်တော့ သိပ်မရှိပေ။

တစ်ချိန်တည်းမှာပဲ အမှတ်၉၀ကျော်မည့် ကျောင်းသားအရေအတွက်ကတော့ ၁၀ယောက်အောက်နည်းလောက်ကာ အများစုကတော့ ၈၀မှတ်ဝန်းကျင်လောက်ရမည်ဟုလဲ တွေးမိကြသည်။

၂၅မိနစ်အတွင်းမှာပဲ ကုနင်း စာဖြေလို့ပြီးသွားကာ နာရီဝက်ကုန်သည်နှင့် နောက်တစ်ကြိမ် အဖြေလွှာအပ်ခဲ့ပြန်သည်။ သူမနှင့်တစ်တန်းတည်းကျသည့် ကျောင်းသားများမှာ သူတို့စိတ်ကိုသူတို့ ကြိုတင်ပြင်ဆင်ထားခဲ့ကြသော်လည်း အလွန်အံ့အားသင့်မိကြရစဲပင်။ ဒီတစ်ခေါက်မေးခွန်းက ပိုခက်လာတာတောင်မှ ကုနင်းကတော့ အချိန်တိုအတွင်း ဖြေဆိုပြီးနိုင်နေတာက အံ့ဩစရာကောင်းလှသည်။

ကုနင်း အခန်းထဲမှထွက်လာချိန် လူတိုင်းက သူမကိုကြည့်နေကြသည်။ စုန့်ရှီယောင်၏မျက်လုံးများထဲတွင်တော့ အမုန်းတရားများပြည့်နှက်နေကာ ဒီတစ်ခေါက်တော့ ကုနင်းကျရှုံးစေဖို့ ကျိန်စာတိုက်နေတော့သည်။

ကုနင်းထွက်သွားသည်နှင့် အခန်းစောင့်သည့်ဆရာတစ်ယောက် အဖြေလွှာကို ချက်ချင်းယူကြည့်တော့သည်။ ကုနင်း ထပ်ပြီး မေးခွန်းတိုင်းအတွက် အဖြေမှန်တွေ ထည့်ခဲ့ပြန်ပြီ! ဆရာဖြစ်သူမှာ မယုံကြည်နိုင်လောက်အောင် အံ့ဩသွားတော့သည်။

……….

ကုနင်း အခန်းထဲမှထွက်လာသည်နှင့် ဒါရိုက်တာယို့က သူမအနားသို့ရောက်လာခဲ့သည်။ “ဟိုင်း၊ ကုနင်း၊ ဖြေပြီးသွားပြီလား?”

“ပြီးသွားပါပြီ၊ ဒါရိုက်တာယို့။”

“အမှတ်ပြည့်ရမယ်လို့ကော ယုံကြည်ချက်ရှိလား?”

“ရနိုင်ပါတယ်။”

ထိုစကားကြောင့် လူတိုင်းသက်ပြင်းရှိုက်မိသွားကြသည်။ သင်္ချာမေးခွန်းတွေ ဘယ်လောက်ပဲခက်နေပါစေ ကုနင်းမျက်လုံးထဲတွင်တော့ အလွန်လွယ်ကူလွန်းနေပုံရသည်။

“ဒါနဲ့၊ မင်းလဲ မကြာခင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေရတော့မှာမဟုတ်လား။ ဘယ်တက္ကသိုလ်တက်ဖို့မှန်းထားလဲ?” ဒါရိုက်တာယို အတွေးတစ်ခုပေါ်လာတာကြောင့် မေးကြည့်လိုက်သည်။

“အွန်၊ ကျွန်မကတော့ မြို့တော်တက္ကသိုလ်ကိုမှန်းထားတယ်။”

ကုနင်း၏အဖြေကြောင့် အားလုံးအံ့ဩသွားရပြန်သည်။ မြို့တော်တက္ကသိုလ်သည် နိုင်ငံထဲတွင် ထိပ်ဆုံးအဆင့်တက္ကသိုလ်ဖြစ်ကာ ဝင်ဖို့အလွန်ခက်လှသည်။ သို့သော်လည်း ကုနင်း၏လေသံကတော့ အလွန်ယုံကြည်ချက်ရှိနေသည်။

“Bမြို့တက္ကသိုလ်ကလဲ ဂုဏ်အဆင့်အတန်းမြင့်ပါတယ်။ ဘာလို့မင်းမစဉ်းစားကြည့်တာလဲ?” ဒါရိုက်တာယို့မှာ ကုနင်းလို သာမာန်မဟုတ်စွာထူးချွန်းလွန်းသည့် ကျောင်းသူများ သူ့မြို့တွင်နေဖို့ မျှော်လင့်နေသည်။

“စိတ်မကောင်းပါဘူး။ မြို့တော်ကိုသွားဖို့ စိတ်ပိုင်းဖြတ်ထားလို့ပါ။”

ကုနင်းဘက်က အပြတ်ပြောလာတာကြောင့် ဒါရိုက်တာယို့ဖိအားမပေးတော့ပေ။

အားလုံးကိုနှုတ်ဆက်ပြီးနောက် ကုနင်းကျောင်းမှထွက်လာခဲ့သည်။ လင်ရှောင်းထင်သည်လဲ သူမကိုအပြင်တွင်စောင့်ပေးနေတုန်းပင်။

……..

ဤရက်များအတွင်း ယုကျီအလုပ်ရှုပ်နေတာကြောင့် ယန်ကျီချင်၏ဖိတ်ခေါ်မှုကို အခါခါငြင်းလိုက်တာကြောင့် ယန်ကျီချင်သည် သူ့ကို သူမတမင်ရှောင်နေသည်ဟု ထင်နေမိတော့သည်။

ကံကောင်းစွာဖြင့် ယနေ့မှာတော့ ယုကျီဘက်ကအရင် သူ့ကိုကော်ဖီသောက်ဖို့ ချိန်းလာတာကြောင့် အလွန်စိတ်လှုပ်ရှားနေတော့သည်။

ယနေ့သည့် စနေနေ့ဖြစ်တာကြောင့် ယုကျီအားလပ်ချိန်ရနေသည်။

နှစ်ယောက်သား ညနေ၃နာရီတွင် ကော်ဖီဆိုင်မှာတွေ့ဆုံဖို့ချိန်းထားကြသည်။

ယန်ကျီချင် ထိုင်လိုက်သည့်အချိန်တွင်ပဲ ယုကျီက တောင်းပန်လာခဲ့သည်။ “ကျီချင်၊ အခုရက်ပိုင်း ငါအရမ်းအလုပ်များနေလို့ပါ၊ တောင်းပန်ပါတယ်။ စိတ်မရှိပါနဲ့နော်။ ဒါကြောင့် ပြန်အစားထိုးပေးတဲ့အနေနဲ့ ဒီနေ့ချိန်းလိုက်တာ။”

“အဆင်ပြေပါတယ်၊ ငါနားလည်ပါတယ်။ မင်းဒီနေ့ခေါ်ပေးတဲ့အတွက်တောင် အရမ်းပျော်နေတာ။” Charmဆိုသည် လတ်တလောတွင် ဖွံ့ဖြိုးစဲအနေအထားမှာမရှိနေသေးမှန်း ယန်ကျီချင်နားလည်တာကြောင့် ယုကျီလဲ သေချာပေါက် အလုပ်ရှုပ်နေပေလိမ့်မည်။ တကယ်တော့ သူမကိုအလွန်ဂရုစိုက်တာကြောင့် သူမအကြောင်း မတွေးမိဘဲမနေနိုင်ခြင်းသာဖြစ်သည်။

“တော်သေးတာပေါ့!”

“အမ်၊ မင်းအမြင်မှာ ငါကဘယ်လိုလူစားမျိုးလဲ?” ရုတ်တရက် ယန်ကျီချင် ယုကျီကို တည့်တည့်ကြည့်ကာမေးလိုက်သည်။

ရုတ်တရက်ဆန်လှသည့်မေးခွန်းကြောင့် ယုကျီကြောင်အသွားကာ ရှက်သွေးဖြာလာတော့သည်။ “နင်က လူကောင်းတစ်ယောက်ပါ။”

“ဒါဆို မင်းရဲ့ချစ်သူဖြစ်လို့ရမလား?” ယန်ကျီချင် မျှော်လင့်ခြင်းအပြည့်နှင့်တောင်းဆိုလိုက်သည်။

“ဒါ….” ယုကျီအံ့ဩသွားရသည်။ သူမဘယ်လိုပြန်ဖြေရမလဲမသိတာကြောင့် ကော်ဖီကိုသာငုံ့သောက်နေတော့သည်။ သူမလဲ ယန်ကျီချင်ကို သဘောကျတာကိုတော့ ဝန်ခံရပေမည်။ မဟုတ်လျှင် အရင်က သူနဲ့ဘာလို့ မကြာခဏသွားတွေ့မှာလဲ။ သို့သော်လည်း သူမရှက်နေ၍ ထုတ်မပြောနိုင်ပေ။

“ရမလား?” ယုကျီဘက်က တုံ့ဆိုင်းနေတာကြောင့် ယန်ကျီချင် စိုးရိမ်လာတော့သည်။

“ငါ-ငါဘယ်လိုဖြေရမလဲမသိသေးဘူး။”

“ရပါတယ်၊ မင်းပွင့်ပွင့်လင်းလင်းပြောပါ၊ ငါလက်ခံနိုင်တယ်။” ယုကျီ သူ့ကို ငြင်းတော့မည်ဟု တွေးလိုက်မိတာကြောင့် ယန်ကျီချင် စိတ်ပျက်မိသွားသည်။ ယုကျီသာ တကယ်ပဲ သူ့ကိုငြင်းလိုက်မယ်ဆိုလျှင်လဲ သူအတင်းတွန်းအားပေးမည်မဟုတ်ပေ။

ယန်ကျီချင် စိတ်ပျက်သွားသည်ကိုမြင်လိုက်ရတော့ ယုကျီချက်ချင်းပင် ထုတ်ပြောနိုင်သွားတော့သည်။ “လက်ခံနိုင်တယ်။” ပြီးကာမှ သူမပြန်ရှက်သွားပြန်သည်။

“ဘာပြောလိုက်တာ?” ယန်ကျီချင် ပျော်ရွှင်သွားတော့သည်။ “ငါ့ကို မင်းချစ်သူကောင်လေးဖြစ်ခွင့်ပေးမယ်လို့ ပြောလိုက်တာမဟုတ်လား?”

“ဟုတ်တယ်၊” ယုကျီခေါင်းညိတ်ပြလိုက်ပေမည့် ယန်ကျီချင်နှင့်မျက်လုံးချင်းမဆုံမိအောင် ရှောင်နေသည်။

ယန်ကျီချင် အလွန်ဝမ်းသာသွားကာ စားပွဲပေါ်တင်ထားသည့် ယုကျီ၏လက်ကို ဆုပ်ကိုင်လိုက်သည်။ ယုကျီ ပထမတော့ အနည်းငယ်ရုန်းလိုက်သော်လည်း မကြာခင်မှာပဲ လိုလိုလားလား လက်ခံလိုက်တော့သည်။

“ယုကျီ၊ စကားချိုချိုတွေကို မင်းမယုံမှန်း ငါနားလည်ပါတယ်၊ ဒါကြောင့် ငါ့အချစ်တွေကို အချိန်နဲ့အပြုအမူတွေကနေတဆင့် သက်သေပြသွားပါ့မယ်။” ယန်ကျီချင် အလေးအနက်ပြောလိုက်သည့် စကားကြောင့် ယုကျီရင်ထဲ ထိသွားရသည်။ သူမအရင်လဲ စကားချိုချိုတွေအများကြီး မကြားဖူးခဲ့ပေမည့် စကားလုံးထက် အပြုအမူကိုသာ သူမပိုအလေးထားသည်။

ထို့နောက် ယန်ကျီချင်က သူ့လက်ချောင်းများကို ခေါက်လိုက်သည်နှင့် စားပွဲထိုးတစ်ယောက်က နှင်းဆီနီပန်းစည်းကြီးတစ်စည်းကိုကိုင်ကာ သူတို့နားသို့လျှောက်လာခဲ့သည်။ ယုကျီအံ့ဩသွားပြီးကာမှ ယန်ကျီချင် ယနေ့အတွက် ကြိုတင်ပြင်ဆင်ထားခြင်းဖြစ်မှန်း နားလည်သွားတော့သည်။

ယန်ကျီချင်သည် သူ ယုကျီအပေါ်ထားသည့် ခံစားချက်အကြောင်း သေချာနေတာကြောင့် ပြင်ဆင်ထားခဲ့ခြင်းဖြစ်သည်။ ယနေ့ သေချာပေါက်ဖွင့်ပြောဖို့အတွက်လဲ သူ့စိတ်ကိုသူပြင်ဆင်ထားခဲ့သည်။

All Chapters