← Chapters

အခန်း (၈၇၁-၈၇၅)

Vol. 59 Ch. 871-875

အခန်း (၈၇၁-၈၇၅)

Vol. 59 Ch. 871-875

အခန်း ၈၇၁ လင်ရှောင်းထင်ကို ကြိုခြင်း

“မိန်းကလေးကု၊ မင်းမနေ့ညက ဟိုတယ်အပြင်ဘက်မှာ ရန်ပွဲဖြစ်ခဲ့သေးလား?” ရှုကျင်းလင် အဖြေကိုသိထားပြီးပေမည့် မေးလိုက်သေးသည်။ သို့သော်လည်း ကုနင်း၏တိုက်ခိုက်ရည် အရမ်းကောင်းလိမ့်မည်ဟု မယုံနိုင်သေးပေ။ သူမက အခုမှ ၁၈နှစ်ပဲရှိသေးတာမလား! ဒီအကြောင်းသိလိုက်သည့် ဘယ်သူမဆို သေချာပေါက် အံ့ဩထိတ်လန့်သွားကြမည်သာ။

“ပါတယ်လေ။” ကုနင်း ခေါင်းညိတ်ပြန်ဖြေလိုက်သည်။ ကြည့်ရတာ ရှုကျင်းလင် မျက်မြင်တွေ့ခဲ့ပုံရသည်။

“ဝါး၊ ထူးချွန်တဲ့လူတွေက အမြဲအတူပေါင်းသင်းကြတယ်ဆိုတာ မှန်တာပဲ။” လင်ရှောင်းထင်အကြောင်းကိုပါ ရှုကျင်းလင် ထည့်ပြောလိုက်ခြင်းဖြစ်သည်။

“မိန်းကလေးကု၊ မင်းဒီရက်ပိုင်းတော့ သတိနဲ့နေပါ။ ဘာပဲဖြစ်ဖြစ် သူတို့က လူမိုက်ဂိုဏ်းကပဲ။” ကုန်းကျီဟန်က စေတနာနှင့်သတိပေးလိုက်သည်။ တခြားလူများ၏ကိုယ်ရေးကိုယ်တာကိစ္စများကို သူဝင်ပါလေ့မရှိသော်လည်း ကုနင်းက ရှုကျင်းချန်နှင့်သိနေတာကြောင့် သတိပေးလိုက်ခြင်းဖြစ်သည်။

“ကျေးဇူးပါ၊ ကျွန်မဂရုစိုက်လိုက်ပါ့မယ်။”

ဓါတ်လှေကားက သုံးလွှာတွင်ရပ်သွားကာ ကုနင်းလဲ ရှုကျင်းချန်နှင့် ကုန်းကျီဟန်တို့ကို နှုတ်ဆက်လိုက်သည်။

“ဟေ့၊ မင်းတို့နှစ်ယောက်ကြား ဘာဖြစ်ခဲ့လို့လဲ?” ကုနင်းထွက်သွားသည်နှင့် ရှုကျင်းလင်ကို ကုန်းကျီဟန်မေးလိုက်တော့သည်။

ရှုကျင်းလင်လဲ သက်ပြင်းတစ်ချက်ချလိုက်ကာ ကုနင်းကျွဟန်ကို ဖြစ်ပျက်သမျှအလုံးစုံကိုပြောပြလိုက်တော့သည်။ ရှုကျင်းလင်၏စကားများကိုကြားပြီးသည်နှင့် ကုန်းကျီဟန်အော်ရယ်နေတော့ကာ၊ “တကယ်ကြီးလား? ရယ်လိုက်ရတာ ဟ-ဟ-ဟ!”

“ဒါနဲ့ လင်ရှောင်းထင်ဆိုတာ ဘယ်သူလဲ? မင်းကြည့်ရတာ သူ့ကိုတော်တော်ကြောက်နေပုံပဲ။”

“သူက မြို့တော်လင်မိသားစုရဲ့ အကြီးဆုံးမြေး ပြီးတော့ ကျင်းချန်ရဲ့စီနီယာလဲဟုတ်တယ်။ သူက အမြဲတမ်း မိန်းမတွေနဲ့ ဝေးဝေးနေလေ့ရှိတာ။ ငါသာ သူ့ကောင်မလေးကို စကားရောဖောရောသွားလုပ်မှန်း သိသွားရင် ကျင်းချန်ကိုပြောပြီး ငါနဲ့လေ့ကျင့်ရေးအတူလုပ်ခိုင်းလိမ့်မယ်။ အဲ့ကျ သေချာပေါက်ငါချည်းပဲ အရိုက်ခံနေရမှာ။” ရှုကျင်းလင် ကြောက်လန့်နေဟန်အပြည့်ဖြင့် ရှင်းပြလိုက်သည်။

“လင်မိသားစုရဲ့ အကြီးဆုံးမြေးပေါ့?” ကုန်းကျီဟန်အတော်လေးအံ့ဩသွားသည်။ လင်မိသားစုနှင့်ရှုမိသားစုသည် မျိုးရိုးစဉ်ဆက်မဟာမိတ်များဖြစ်ခဲ့ကြသည်ကို သူသိထားကာ လင်မိသားစု၏သွေးအေးလှသောအကြီးဆုံးမြေးအကြောင်းကိုလဲ သူကြားဖူးသည်။ ထို့အပြင် လင်ရှောင်းထင်သည် ငယ်ငယ်ရွယ်ရွယ်နှင့် ဗိုလ်ချုပ်တစ်ယောက်ဖြစ်လာကာ ထိုသို့ဖြစ်ရပ်မျိုး သမိုင်းမှာတောင်မရှိပေ။

ဒါကတော့ လင်ရှောင်းထင်အကြောင်း ကုန်းကျီဟန်သိထားသလောက်ဖြစ်သည်။

……

ကုနင်း သူမ၏သက်တော်စောင့်များနှင့် ကြိုမှာထားသည့် သီးသန့်ခန်းထဲသို့ဝင်သွားချိန်မှာပဲ လင်ရှောင်းထင်ထံမှ ဖုန်းဝင်လာခဲ့သည်။ သူက အခု မြို့တော်လေဆိပ်တွင်ရောက်နေကာ ည၁၀နာရီခွဲဝန်းကျင်တွင် HKသို့ရောက်မည့်အကြောင်းပြောလာသည်။

ကုနင်းလဲ နောက်မှ သူ့ကိုသွားကြိုပေးလိုက်မည်။

နောက်ဆုံး ဟင်းပွဲများစားပွဲပေါ် ခင်းကျင်းလာတော့မှပဲ ကျွန်းငယ်လေးပေါ်သို့ သွားဖို့စီစဉ်ထားပြီး မေ့သွားခဲ့သည်ကို ကုနင်းသတိရသွားသည်။ ဒါပေမယ့်လဲ မေ့ပြီးသွားပြီဖြစ်တာကြောင့် လက်လျှော့လိုက်တော့သည်။

…………

ဟဲမိသားစုအိမ်တော်တွင်၊

ကျိုးကျန်းဟွေ့သည် ဟဲမိသားစုနှင့်အတူ ညနေစာစားနေခဲ့သည်။ သို့သော်လည်း ကုနင်း ဟဲမိသားစုကိုလာကူညီမည့်အကြောင်းကိုတော့ ဟဲစစ်ရင်နှင့်ဟဲဟုန်ကျဲ့နှစ်ဦးသာ သိထားပေသည်။

ကျုံးကျန်းဟွေ့ ညနေစာစားပြီးလို့ထွက်သွားချိန်မှာပဲ ဟဲဟုန်ကျဲ့က ဟဲစစ်ရင်ကို သူ့စာဖတ်ခန်းထဲသို့လာခဲ့ရန်ပြောလိုက်သည်။

“သမီးပြောတာမှန်တယ်။ ကျုံးကျန်းဟွေ့က ဟုန်ယွဲ့ဖေးနဲ့တိတ်တဆိတ်ဆက်သွယ်နေတယ်၊ ပြီးတော့ ဟဲဟုန်ယွမ်နဲ့တောင်မှ သီးသန့်တွေ့ဆုံခဲ့သေးတယ်။” ဟဲဟုန်ကျဲ့၏အသံက အေးစက်လို့နေသည်။

ထိုစကားကိုကြားရတော့ ဟဲစစ်ရင်ဒေါသထွက်သွားပေမည့် မှန်းထားပြီးသားဖြစ်၍ အံ့ဩသွားခြင်းတော့မရှိပေ။

“အဖေ သူ့ကိုကောင်းကောင်းဆက်ဆံပေးရဲ့သားနဲ့ သူကတော့ သမီးတို့မိသားစုစီးပွားရေးကို ခိုးယူချင်နေတုန်းပဲ!” ဟဲစစ်ရင် ဒေါသတကြီးပြောလိုက်တော့သည်။

“ဒီတစ်ခေါက်တော့ ငါလုံးဝရှုံးနိမ့်ပြီလို့ သူထင်ထားလို့ဖြစ်မယ်၊ ဒါကြောင့် နောက်တစ်ဖွဲ့ကိုကူးသွားတာပေါ့။ သူ ငါ့ကိုသစ္စာဖောက်ထားတဲ့သက်သေအတိအကျရတာနဲ့ နှင်ထုတ်ပစ်မယ်။” ဟဲဟုန်ကျဲ့သည်လဲ သူ့ကိုသစ္စာဖောက်သည့်ဘယ်သူကိုမဆို နှင်ထုတ်ပစ်ဖို့ စိတ်ပိုင်းဖြတ်ထားသည်။

………

ဟုန်ယွဲ့ဖေးမှာ တစ်နေ့လုံးဆေးရုံတွင်နေခဲ့ရပြီး သူ အိပ်ရာထဲမှထွက်တာ လမ်းလျှောက်တာမျိုးတွင် ဟဲယီရှီကပဲ ဘေးနားနေပြီးအားလုံးကူညီပေးခဲ့သည်။

သူ့တစ်ကိုယ်လုံးနာကျင်နေတာကြောင့် ဘာကိုမှကောင်းကောင်းမလုပ်နိုင်ဘဲ ဒေါသထွက်လွယ်နေတော့သည်။ ဟဲယီရှိလဲ ဒေါသထွက်ကာ စိတ်မရှည်တော့ပေမယ့် သည်းခံနေသည်။

ဟုန်ယွဲ့ဖေး လမ်းပြန်လျှောက်နိုင်သည်နှင့် ဆေးရုံမှဆင်းကာ အိမ်ပြန်လာခဲ့သည်။ ဆေးရုံမှနေရသည့်ဒုက္ခကို ဆက်ပြီးသည်းမခံနိုင်တော့ပေ။

မကြာခင်မှာပဲ ဟဲယီရှီ၏ဖခင်က မနက်ဖြန်ပြိုင်ပွဲကျင်းပတော့မည်ဖြစ်၍ သူမနှင့်ဆွေးနွေးဖို့လိုတာကြောင့် အိမ်ပြန်လာဖို့ပြောခဲ့သည်။

ဟဲယီရှီထွက်သွားသည်နှင့် ဘေးနားမိန်းမတစ်ယောက်မရှိဘဲ တစ်ရက်လေးတောင်မနေနိုင်သည့် ဟုန်ယွဲ့ဖေးက အပျော်မယားတစ်ယောက်ကို ဖုန်းဆက်ခေါ်လိုက်တော့သည်။

……….

ည၉နာရီ၅၀မိနစ်မှာတော့ ကုနင်း လေဆိပ်သို့ တစ်ယောက်တည်း ကားမောင်းသွားခဲ့သည်။ သူမမထွက်သွားခင် ကောင်းယိနှင့်ချောင်ယတို့ကို သူမဒီညပြန်မလာဖြစ်သည့်အကြောင်းကိုလဲ ပြောသွားသေးသည်။

မိနစ်၂၀ကြာပြီးနောက် ကုနင်းလေဆိသို့ရောက်ရှိခဲ့ကာ လင်ရှောင်းထင်ရောက်လာဖို့ကတော့ ၁၀မိနစ်လောက်လိုသေးသည်။ ကုနင်းလဲ ထိုင်စရာနေရာတစ်ခုရှာကာ ဖုန်းသုံးရင်း သတင်းများဖတ်နေလိုက်သည်။

သူမနာမည်က ရှာဖွေမှုအများဆုံးနေရာတွင်ရှိနေစဲဖြစ်ပေမည့် တဖြည်းဖြည်းအောက်သို့ဆင်းနေပြီဖြစ်သည်။ ကျော်ကြားသူများ၏အပြုအမူများနှင့် ဘဝနေထိုင်မှုများအကြောင်းက သူမနာမည်နေရာတွင် အစားထိုးနေရာယူနေကြပေပြီ။

လူမှုအသိုင်းအဝိုင်းမှကျော်ကြားသူများသည် လူများသူတို့ကိုအာရုံစိုက်စေရန်အတွက် တစ်ခါတစ်လေ အင်တာနက်ရေတပ်ကိုတောင်သုံးကာ ရှာဖွေမှုအများဆုံးဖြစ်အောင် လုပ်တတ်ကြသည်။

ကုနင်း၏သတင်းလိုမျိုး အင်တာနက်အသုံးပြုသူများ၏မကြာခဏရိုက်ရှာတာကြောင့် စာရင်းပေါ်ရောက်လာသည့်သတင်းကတော့ အနည်းငယ်သာရှိသည်။

ကုနင်းသတင်းများဖတ်ကြည့်နေစဉ်မှာပဲ သူမသိနေသည့်အကြောင်းအရာတစ်ခုအကြောင်း စိတ်လှုပ်ရှားစွာဆွေးနွေးပြောဆိုနေသံများကို ကြားလိုက်ရသည်။

“ငါတော့ မစောင့်နိုင်တော့ဘူး! နောက်ဆယ်မိနစ်ဆိုတာနဲ့ ငါအကြိုက်ဆုံးခိုကျီကိုရတော့မှာ!”

“ငါလဲအရမ်းလိုချင်နေပြီ! အစကတော့ နာမည်မကြီးသေးတဲ့တံဆိပ်ဆိုတော့ မယုံရလောက်ဘူးထင်မိပေမယ့် အရမ်းကိုအာနိသင်ရှိတာပဲ! ငါမျက်နှာကပ်တဲ့အသားအရေထိန်းမျက်နှာဖုံးကို အကြိမ်နည်းနည်းသုံးလိုက်တာနဲ့ ငါ့အသားအရေ အခုဆိုအများကြီးပိုကောင်းနေပြီ။”

“ရှောင်ဖေးကို ကျေးဇူးတင်ရမယ်၊ သူ့ကြောင့် ငါတို့မြို့တော်အထိ သွားစရာမလိုတော့ဘူး။”

“အမှန်ပဲ၊ ရှောင်းဖေးသာ ငါတို့အတွက်ယူလာဖို့မေ့ရန် ငါတော့ ကိုယ်တိုင်ပဲ မြို့တော်ကိုသွားလိုက်တော့မှာ။”

“ခိုကျီ မြန်မြန်လေး HKဈေးကွက်ထဲကိုပါ ဖြန့်ဖြူနိုင်ဖို့ မျှော်လင့်တယ်၊ ဒါမှငါတို့လဲ ဒီမှာပဲ လွယ်လွယ်ဝယ်လို့ရမှာ။”

ကုနင်းကတော့ သူမကုန်ပစ္စည်းများကို လူများသဘောကျနေသည့်အကြောင်း ကြားရတာကြောင့် ပျော်ရွှင်နေသည်။ ခိုကျီသည်လဲ မကြာခင်အချိန်အတွင်း HKဈေးကွက်ထဲတွင်ရောက်လာပေလိမ့်မည်။ တကယ်တမ်း ကုနင်းလဲ ခိုကျီကို နိုင်ငံတကာသုံးအမှတ်တံဆိပ်အဖြစ်တိုးတက်အောင်လုပ်ရန် ကြံရွယ်ထားပြီးသားဖြစ်သည်။

***

အခန်း ၈၇၂ ကလူတတ်သောလင်ရှောင်းထင်

ခိုကျီသည် အခုဆိုလျှင် အလှကုန်ပစ္စည်းဆိုင်များနှင့်ဈေးဝယ်စင်တာများ၏ စင်များပေါ်တွင်ရောက်ရှိနေပြီဖြစ်သည်။ ဝယ်သူများကတော့ အစပိုင်းတွင် သံသယများရှိနေကြသော်လည်း မကြာခင်တွင်ပဲ အလွန်သဘောကျသွားတော့သည်။ ကုနင်း အင်တာနက်ဆက်သုံးနေကာ ခိုကျီတံဆိပ်သည် အသားအရေထိန်းအလှကုန်ပစ္စည်းများစာရင်း၏ နံပါတ်ငါးနေရာတွင်ရှိနေကြောင်းပါ တွေ့လိုက်ရသည်။

သူမ ထိုရှာဖွေမှုကိုနှိပ်ပြီး ခိုကျီ၏သတင်းများနှင့် မှတ်ချက်များကိုစတင်ဖတ်ရှုဖြစ်သည်။

ခိုကျီသည် အမှတ်တံဆိပ်အသစ်ဖြစ်သော်လည်း ၉၉ရာခိုင်နှုန်းသော သုံးစွဲသူများ၏ထောက်ခံချက်ကိုရရှိထားပြီဖြစ်ကာ သုံးစွဲသူများကလဲ အလွန်သစ္စာရှိသည့် တစ်မျိုးတည်းသာဆက်သုံးကြတော့မည့်လူများလဲဖြစ်သည်။

……..

လေယာဉ်ထဲမှာတော့ နောက်တစ်မိနစ်နေသည်နှင့် မြေပြင်ပေါ်ဆင်းသက်တော့မည်ဖြစ်ကြောင်း ကြေညာနေကာ လင်ရှောင်းထင်သည်လဲ ကုနင်းနှင့်အလွန်တွေ့ချင်နေပေပြီ။ သူတို့မတွေ့ရတာ ရက်ပိုင်းသာရှိသေးသော်လည်း အရမ်းကိုလွမ်းနေမိသည်။

ဖြစ်နိုင်မယ်ဆိုရင် ကုနင်းအနား ၂၄နာရီ၇ရက်ပတ်လုံးအတူရှိနေချင်ပေမည့် ကိုယ်စီလုပ်ငန်းများရှိနေတာကြောင့် မဖြစ်နိုင်မှန်းလဲသိသည်။

လင်ရှောင်းထင်သည် ပထမတန်း၏လျှောက်လမ်းဘက်မှခုံတွင်ထိုင်ကာ သူနှင့်တစ်တန်းတည်းရှိ လျှောက်လမ်းဘက်မှာပဲ ဘေ့စ်ဘောဦးထုပ်နှင့် နေကာမျက်မှန်ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးလဲ ထိုင်နေသည်။ သူမမျက်လုံးတို့က လင်ရှောင်းထင်ထံတွင်သာရှိနေသည်။ လင်ရှောင်းထင်လဲ သူ့ကိုကြည့်နေမှန်း ခံစားမိပေမည့် ထိုအမျိုးသမီးပုံစံက ကြင်နာတတ်ပုံပေါက်တာကြောင့် ဘာမှမပြောခဲ့ပေ။

ဘေ့စ်ဘောဦးထုပ်နှင့်နေကာမျက်မှန်ဆိုသည်က အနုပညာရှင်တို့အတွက် အခြေခံလိုအပ်ချက်ပစ္စည်းများပင်ဖြစ်သည်။

ထိုအမျိုးသမီးသည် အမှန်ကိုပဲ အနုပညာရှင်တစ်ယောက်ဖြစ်သည်။ သူမ လင်ရှောင်းထင်ကို တစ်ချိန်လုံးစိုက်ကြည့်နေတာကလဲ လင်ရှောင်းထင်သည် သူမမျက်လုံးမခွာချင်လောက်အောင် ဆွဲဆောင်မှုရှိလွန်းနေတာကြောင့်ဖြစ်သည်။ ထို့အပြင် သူက ပထမတန်းတွင်ထိုင်ကာ ဒီဇိုင်နာထုတ်အမှတ်တံဆိပ်များကိုဝတ်ဆင်ထားတာကြောင့် အလွန်ချမ်းသာသူဖြစ်မှန်း သိသာလှသည်။

ဒီခန့်ညားကာချမ်းသာသည့်လူငယ်ကြောင့် ဘယ်လိုလူလွတ်မိန်းကလေးမဆို ဆွဲဆောင်ခံကြရမည်သာဖြစ်သည်။

အမျိုးသမီးအနုပညာရှင်သည် လင်ရှောင်းထင်ကို သဘောကျပေမည့် သူမအကြောင်းနှင့် သူမကိုယ်စားလှယ်၏သတိပေးထားချက်ကြောင့် စကားတော့သွားမပြောခဲ့ပေ။

သူမကိုယ်စားလှယ်သည် အသက်၃၀ ဝန်းကျင်အမျိုးသမီးဖြစ်ကာ သူမဘေးတွင်ထိုင်နေသည်။

သူမကိုယ်တိုင်ကလဲ မိန်းကလေးတစ်ယောက်ဖြစ်တာကြောင့် အမျိုးသမီးအနုပညာရှင် ထိုလူငယ်၏ဆွဲဆောင်မှုကို မတွန်းလှန်နိုင်မှန်း နားလည်သည်။ သူမလို လက်ထပ်ပြီးသားသူတောင်မှ လင်ရှောင်းထင်ကို တစ်ချက်လောက်မကြည့်မိဘဲမနေနိုင်ပေ။

သို့သော်လည်း အမျိုးသမီးအနုပညာရှင်အနေဖြင့် သူမ၏ပုံရိပ်နှင့်ဂုဏ်သတင်းကြောင့် တခြားလူများနှင့် အကွာအဝေးတစ်ခုခြားထားရပေမည်။

ပါပါရာဇီသာ သူမကိုမိသွားပြီး သူမ၏ကိုယ်ပိုင်ဘဝအကြောင်း အတင်းအဖျင်းလွှင့်လိုက်ပါက သူမ၏အလုပ်အကိုင် ပျက်စီးသွားပေလိမ့်မည်။

အနုပညာရှင်တစ်ယောက်အနေနှင့် ကျော်ကြားမှုနှင့်ငွေကြေးလိုချင်လျှင် သူတို့ရဲ့လွတ်လပ်မှုကိုတော့ ပေးဆပ်ရမည်။ သူတို့ဂုဏ်သတင်းတစ်ချက်လောက်ပျက်စီးသွားသည်နှင့် သူတို့အလုပ်အကိုင်ကလဲ လုံးဝအဖက်ဆယ်လို့မရအောင် ပျက်စီးသွားပေမည်။

လေယာဉ်ဆင်းတော့မည်မှန်းသိလိုက်ရတော့ အမျိုးသမီးအနုပညာရှင်မှာ လွန်စွာစိတ်ပျက်မိသွားတော့သည်။

တစ်မိနစ်ကြာပြီးနောက်တွင်တော့ လေယာဉ်က HKလေဆိပ်သို့ဆင်းသက်ကာ လင်ရှောင်းထင်လဲ လေယာဉ်ပေါ်မှဆင်းသည်နှင့် ကုနင်းကိုဖုန်းဆက်လိုက်သည်။ သူ့မှာ ခရီးဆောင်အိပ်မပါလာတာကြောင့် ချက်ချင်းထွက်လာကာ အမျိုးသမီးအနုပညာရှင်သည်တော့ သူမခရီးဆောင်အိတ်ယူဖို့သွားရသည်။ ထို့ကြောင့် သူတို့နှစ်ယောက်၏ပထမဆုံးတွေ့ဆုံမှုမှာ ခပ်မြန်မြန်ပဲအဆုံးသတ်သွားတော့သည်။

လေဆိပ်ထဲတွင်တော့ သူတို့အိုင်ဒေါကိုစောင့်နေကြသည့် ဖန်တစ်စုရှိနေကာ လင်ရှောင်းထင်ထွက်လာသည်နှင့် အံ့ဩတကြီးအော်ဟစ်ကြတော့သည်။

“ဝါး၊ ချောလိုက်တာ!”

“သူက အနုပညာရှင်များလား?”

“မသိဘူး၊ ဒါပေမယ့် ငါတော့ သူ့ဖန်ဖြစ်သွားပြီ။”

“သူက အနုပညာရှင်လို့တော့ မထင်ဘူး၊ ချမ်းသာတဲ့မျိုးဆက်နဲ့ပိုတူတယ်။”

“သူဘယ်သူပဲဖြစ်ဖြစ်၊ ငါ့အကြိုက်ပဲဟေ့!”

………

ကုနင်းကတော့ သူမ၏လူကြိုက်များနေသောချစ်သူအတွက် ဂုဏ်ယူနေကာ သဝန်တိုစိတ်တော့မဝင်ပေ။ သူမချစ်သူကို သူမအနားမှခိုးယူချင်နေကြသူများနှင့် ကြုံရချိန်မှသာ သူမသဝန်တိုမိခြင်းဖြစ်သည်။

တချို့သောဖန်တွေက လင်ရှောင်းထင်ဆီချက်ချင်းပြေးလာကာ သူနှင့်ဓါတ်ပုံတွဲရိုက်ချင်ကြပေမည့် အနားသို့ရောက်သည်နှင့် လင်ရှောင်းထင်က အေးစက်စက်တစ်ချက်ကြည့်ပေးလိုက်သည်။ ထိုမိန်းကလေးများလဲ ကြောက်ရွံ့သွားကာ ချက်ချင်းရှေ့ဆက်မတက်ကြတော့ပေ။

ထိုအချိန်မှာပဲ ကုနင်းရောက်လာသည်နှင့် လင်ရှောင်းထင်၏မျက်နှာပေါ်တွင် နူးညံ့သည့်အပြုံးတစ်ပွင့်ပေါ်လာကာ သူမလက်ကိုဆုပ်ကိုင်လိုက်သည်။

ကောင်မလေးများမှာ လင်ရှောင်းထင်၏အေးစက်စက်အကြည့်ကြောင့် ကြောက်လန့်သွားကြသော်လည်း ဒေါသမထွက်ကြဘဲ ပိုလို့တောင်ဆွဲဆောင်မှုရှိနေသေးသည်ဟု တွေးမိကုန်ကြသည်။ အထူးသဖြင့် ကုနင်းကိုတွေ့လိုက်ချိန်တွင် သူ့အကြည့်များက နူးညံ့သွားတာကြောင့် ကောင်မလေးများမှာ အံ့အားသင့်နေကြတော့သည်။

သူတို့တင်မကဘဲ တခြားသော သူများသည်လဲ ထိုအချစ်စုံတွဲကြောင့် ဆွဲဆောင်ခံနေရသည်။

“သူတို့က အတွဲတွေဖြစ်မယ်!”

“ငါတော့ ကောင်မလေးကိုမနာလိုဖြစ်လာပြီ။”

“သူ့လိုချစ်သူတစ်ယောက်လောက် လိုချင်လိုက်တာ1”

“သူ့လိုလူမျိုးက မိန်းကလေးတိုင်းရဲ့အကြိုက်ပဲ။”

………..

ကုနင်းနှင့်လင်ရှောင်းထင်တို့ ကားပါကင်သို့ရောက်လာခဲ့ကြသည်။

“ရှင်အရမ်းလူကြိုက်များနေတာပဲ။” ကုနင်းစနောက်လိုက်သည်။ လင်ရှောင်းထင်သည်လဲ ထင်ပေါ်နေသည်ကို သဘောမကျတာကြောင့် “ကိုယ်နှာခေါင်းစည်းတပ်ခဲ့သင့်တာ။”

“ဟ-ဟ၊ ရပါတယ်၊ ရှင့်ကိုသူတို့မြင်ရုံနဲ့ ရနိုင်တာမှမဟုတ်တာ။ ရှင် နှာခေါင်းစည်းတပ်ထားရင် ရှင့်ကိုအနုပညာရှင်လို့ထင်ပြီး ပိုပြီးမြင်သာနေလိမ့်မယ်။”

လင်ရှောင်းထင်၏ခန့်ညားလှသည့်အသွင်ကြောင့် သူသာ အနုပညာရှင်တွေလို ဘေ့စ်ဘောဦးထုပ်ဆောင်း၊ နေကာမျက်မှန် ဒါမှမဟုတ် နှာခေါင်းစည်းတပ်လိုက်မယ်ဆိုရင် လူအာရုံစိုက်တာပိုခံရပေမည်။

“ဟုတ်ပါပြီ။ ကိုယ့်ကို မင်းကလွဲပြီး ဘယ်သူမှမပိုင်ဆိုင်နိုင်ပါဘူး။” လင်ရှောင်းထင်က လွှမ်းမိုးလိုသည့်အသံနှင့် ညှို့ယူနိုင်သောအပြုံးမျိုးပြုံးကာ ပြန်ပြောလိုက်သည်။

ကုနင်းရုတ်တရက်ကြောင်အသွားပြီးမှ ရှက်သွေးဖြာလာကာ၊ “တော်တော့!”

“ဘာလို့လဲ? အမှန်ပဲမဟုတ်ဘူးလား?”

ကုနင်း မျက်ဆံကိုသာလှည့်လိုက်မိတော့သည်။

လင်ရှောင်းထင် တစ်နေ့တစ်ခြား ပိုလို့တောင် ကလူတတ်လာပါလား။

ကားရှိရာသို့ရောက်သည်နှင့် လင်ရှောင်းထင်က ကုနင်းအတွက် တံခါးဖွင့်ပေးလိုက်ကာ သေချာနေရာယူစေပြီးမှ သူလဲ မောင်းသူနေရာသို့သွားလိုက်သည်။

“စားပြီးသွားပြီလား?” ကုနင်းမေးလိုက်သည်။

“မစားရသေးဘူး။” လင်ရှောင်းထင် တပ်ထဲမှနေပြီး အမြန်လာခဲ့ရသလို လမ်းမှာလဲ ဘာမှမစားခဲ့ပေ။

*** 

အခန်း ၈၇၃ သခင်လေးကျန့်

“ညမုန့်ဈေးတန်းလမ်းကိုသွားကြမလား? အခုတော်တော်လေး နောက်ကျနေပြီဆိုတော့ အဲ့ဒီမှာဆို စားကောင်းတာတစ်ခုခုတွေ့မှာပါ။” လင်ရှောင်းထင်ကလဲ အစားရွေးသူမဟုတ်တာကြောင့် ကုနင်းပြောသမျျကို ထောက်ခံပေးနေသည်။

HKသည် မြို့ကြီးတစ်မြို့မဟုတ်တာကြောင့် ညမုန့်ဈေးတန်းလမ်းသို့ မကြာခင်မှာပဲ ရောက်ရှိသွားကြသည်။ တစ်လမ်းလုံး လူများစွာဖြင့် စည်ကားလို့နေသည်။ ကုနင်းနှင့်လင်ရှောင်းထင်လဲ ကားကိုရပ်ကာ လမ်းလျှောက်ဝင်လာခဲ့ကြသည်။

လူကြပ်နေသည်ဆိုကတည်းက ဤညမုန့်ဈေးတန်းလမ်းထဲတွင် လူမျိုးစုံလဲရှိနေမည်မှာ အသေအချာပင်။

လမ်းတစ်လျှောက် အရက်မူးနေသည့်သူများက ကုနင်းကို လေလေးချွန်ကာ ကလူဖို့ကြိုးစားကြပေမည့် အများစုကတော့ လင်ရှောင်းထင်၏အေးစက်စက်အကြည့်ကြောင့် ရပ်သွားကြသည်။ သို့ပေမည့် လင်ရှောင်းထင်ကို လျစ်လျူရှုကာ ရှေ့ဆက်တိုးဖို့ကြံနေသူအနည်းငယ်လဲ ရှိသေးသည်။

ကျန့်မိသားစု၏တတိယမြောက်သားဟုပြောသော လူငယ်လေးက ကုနင်းကို ကောက်ကျစ်မှုအပြည့်ဖြင့်ကြည့်နေပြီး သူ့အပေါင်းအသင်းများဘက်ကိုလှည့်ကာ သူမသာ သူ့အလိုကို ကျေနပ်အောင်ဖြည့်စည်းပေးလျှင် ဘဝတစ်လျှောက်လုံးကောင်းကောင်းမွန်မွန်နေနိုင်မည်ဟု အော်ကြီးဟစ်ကျယ်ပြောဆိုနေသည်။

ဤတစ်ကြိမ်မှာတော့ ကုနင်းသာ အရှက်ခွဲခံရသလို ခံစားရသည်မဟုတ်ဘဲ လင်ရှောင်းထင်သည်လဲ အလွန်ဒေါသထွက်လာတော့သည်။

လူလည်ခေါင်မှာ တခြားယောက်ျားတစ်ယောက်မှနေပြီး ကိုယ်ချစ်ရတဲ့မိန်းကလေးကို ထိပါးပြောဆိုလာသည်အား ဘယ်ယောက်ျားလေးကမှ လက်ခံပေးနိုင်မည်မဟုတ်ပေ။ ဒါကြောင့် လူငယ်၏စကားမဆုံးသေးခင်မှာပဲ လင်ရှောင်းထင်က ထိုလူငယ်ကို အားပြင်းပြင်းနှင့်ကန်ချလိုက်တော့သည်။

အကန်ခံလိုက်ရသည့်လူငယ်မှာ သုံးမီတာလောက်အထိလွင့်သွားပြီးကာမှ မြေပေါ်ပြုတ်ကျလာတော့သည်။ တစ်ချိန်တည်းမှာပဲ ထိုလူငယ်၏နာကျင်စွာအော်ညည်းသံက အနားတစ်ဝိုက်မှလူများအားလုံးကို သတိထားမိသွားစေသည်။

လူငယ်မှာ ပြင်းပြင်းထန်ထန်အကန်ခံလိုက်ရတာကြောင့် နည်းနည်းလေးတောင် မလှုပ်နိုင်တော့ပေ။

ဘေးမှကြည့်နေသူများကတော့ လင်ရှောင်းထင်၏သန်မာမှုကြောင့် အံ့ဩလို့နေကြသည်။ အရွယ်ယောက်ပြီးသားလူတစ်ယောက်ကို သုံးမီတာလောက်လွင့်ထွက်သွားအောင် ကန်နိုင်သူအား သူတို့မတွေ့ဖူးကြပေ။

နောက်ဆက်ပြီး လင်ရှောင်းထင်က ကျန့်မိသားစု၏ တတိယမြောက်သားဖြစ်သည့်လူငယ်ကို ထိခိုက်အောင်လုပ်ရဲတာကြောင့် ပိုလို့အံ့ဩမိသွားကြတော့သည်။ ကျန့်မိသားစုဆိုသည်က HKတွင်တော့ အာဏာရှိသည့်မိသားစုတစ်ခုပဲလေ။

ဘာပဲဖြစ်ဖြစ် ကျန့်မိသားစု၏တတိယမြောက်သားသည် လိင်စိတ်ပြင်းပြကာ အမျိုးသမီးများအပေါ် လေးစားမှုမရှိတာ ပုံမှန်ပင်ဖြစ်တာကြောင့် ဘယ်သူကမှ သူခံလိုက်ရသည့်အတွက် မစာနာမသနားမိကြပေ။ ထိုအစား လက်ရှိမြင်ကွင်းကိုသာ ပျော်ပျော်ကြီးရပ်ကြည့်နေကြတော့သည်။

“သခင်လေးကျန့်!”

သခင်လေးကျန့်နှင့်အတူပါလာသည့်လူနှစ်ယောက်က ကြောက်ကြောက်လန့်လန့်နှင့်ပြေးသွားကြတော့သည်။

သခင်လေးကျန့်သာတစ်ခုခုဖြစ်သွားပါက ကျန့်မိသားစုက ဘာကိုမှတွေးမနေဘဲ သူတို့ကိုသာ အပြစ်အားလုံးပုံချမည်ဖြစ်သည်။ သူတို့မိသားစုတွေက ကျန့်မိသားစုလောက် အာဏာမရှိကြပေ။

သခင်လေးကျန့် မြေပေါ်တွင်နာနာကျင်ကျင်လဲနေသည်ကိုမြင်သည်နှင့် သူတို့ထဲမှတစ်ယောက်က လင်ရှောင်းထင်ကိုစိုက်ကြည့်ကာ ခြိမ်းခြောက်လိုက်သည်။ “မင်းကများ သခင်လေးကျန့်ကိုထိခိုက်အောင်လုပ်ရဲတယ်ပေါ့? ကျန့်မိသားစုက မင်းကိုဘယ်လိုမှအလွတ်ပေးမှာမဟုတ်ဘူး!”

လင်ရှောင်းထင်က ထိုလူကို အေးစက်စက်အကြည့်တစ်ချက်ဖြင့်သာ ပြန်ကြည့်လိုက်တာကြောင့် ထိုလူကြောက်လန့်သွားတော့သည်။ သခင်လေးကျန့်ဖြစ်သွားသည့်အခြေအနေကိုပြန်တွေးကြည့်ပြီးနောက် သူပါအကန်ခံရမည်စိုး၍ နောက်တစ်စကားတစ်ခွန်းတောင် ထပ်မဟရဲတော့ပေ။

“ဒါ မင်း ငါ့မိန်းကလေးကို အရှက်ခွဲရဲတဲ့အတွက် ရလဒ်ပဲ။” လင်ရှောင်းထင်၏အသံက အေးစက်လွန်းနေကာ ကျန့်မိသားစုဖြစ်ဖြစ် ဘာဖြစ်ဖြစ် ဂရုစိုက်ပုံမရပေ။

ထို့နောက် သူက ကုနင်း၏လက်ကိုဆွဲကာ ထွက်သွားဖို့ပြင်လိုက်သည်။

သို့သော်လည်း လူနှစ်ယောက်ကတော့ လွန်စွာထိတ်လန့်တုန်လှုပ်သွားကြသည်။ လင်ရှောင်းထင်သာ ထွက်သွားပါက ကျန့်မိသားစုက သူတို့ကိုသာ အပြစ်ဖို့တော့မည်။ လင်ရှောင်းထင်က သူတို့သွားရှုပ်လို့ရသည့်လူမဟုတ်မှန်း သိတာတောင် အခုတော့ သူ့ကိုတားမှဖြစ်ပေမည့်။ “မင်းထွက်သွားလို့မဖြစ်ဘူး!”

ထိုစကားကြောင့် လင်ရှောင်းထင်က ထိုနှစ်ယောက်ကို မျက်စိစွေကြည့်လိုက်ကာ၊ “မင်းတို့ကော သူ့လိုဖြစ်ချင်လို့လား?”

လူနှစ်ယောက်မှာ ကြောက်လန့်ကာ တုန်ရီလာတော့သည်။ သူတို့ဘယ်လိုလုပ် သခင်လေးကျန့်လိုဖြစ်ချင်ပါ့မလဲ၊ ဒါပေမယ်လဲ သခင်လေးကျန့်အခုလိုဖြစ်သွားလို့ သူတို့အပြစ်ပေးခံရမည့်အဖြစ်ကိုတော့ ပိုလို့မဖြစ်လိုပေ။

“မင်း သခင်လေးကျန့်ကို ကန်ထားပြီးမှတော့ ထွက်သွားလို့မရဘူး။ ရဲကိုအကြောင်းကြားပြီး သူတို့ကိုဖြေရှင်းခိုင်းရမယ်။” တစ်ယောက်က ရှိသမျှသတ္တိအကုန်စုကာ ပြောလိုက်ပေမည့် အသံကတော့ တုန်ရီနေတုန်းပင်။

“ငါ့လမ်းကိုလာမပိတ်ကြနဲ့၊ မဟုတ်ရင် မင်းလဲ သူ့လိုလှဲနေရအောင် လုပ်ပေးလိုက်မယ်။” လင်ရှောင်းထင်က ထိုလူများကို လျစ်လျူရှုက ရှေ့ဆက်ထွက်သွားခဲ့သည်။ ထိုလူနှစ်ယောက်လဲ ကြောက်လွန်းတာကြောင့် နည်းနည်းလေးတောင် မလှုပ်ရဲကြပေ။

သူတို့ လင်ရှောင်းထင်ကို မတားရဲမှတော့ ကုနင်းနှင့်လင်ရှောင်းထင်လဲ အေးအေးဆေးဆေး ထွက်သွားနိုင်တော့သည်။

အခုထိမလှုပ်နိုင်သေးသည့် သခင်လေးကျန့်ကတော့ သူတို့ပြောနေတာကိုကြားနိုင်နေသေးသည်။ လင်ရှောင်းထင်ထွက်သွားသည့် မြင်ကွင်းကိုကြည့်နေပြီးနောက် ဒေါသထွက်လွန်း၍ သတိပင်လစ်သွားတော့သည်။

ဘေးမှလူနှစ်ယောက်သည်လဲ အလွန်အမင်းတုန်လှုပ်သွားကာ ချက်ချင်းဆေးရုံပို့ကြရတော့သည်။ တစ်ချိန်တည်းမှာပဲ သခင်လေးကျန့်၏ဒုတိယအစ်ကို ကိုလဲဆက်သွယ်ခဲ့သည်။

သခင်လေးကျန့်၏ဒုတိယအစ်ကိုသည် ကြမ်းတမ်းရက်စက်သည့်လူတစ်ယောက်ဖြစ်သည်။ သူ့ညီသတင်းကိုကြားသည်နှင့် ချက်ချင်းပင် လုံခြုံရေးကင်မရာများကိုစစ်ကာ သူ့ညီကိုကန်သွားသည့်လူအား ရှာဖွေတော့သည်။

မကြာခင်တွင်ပဲ လင်ရှောင်းထင်နှင့် ကုနင်းကို ခြေရာခံမိသွားကာ သူတို့နောက်မှလိုက်ရန် လူလွှတ်လိုက်တော့သည်။

……….

ညစာစားပြီးနောက် လင်ရှောင်းထင်နှင့်ကုနင်းတို့ ဟိုတယ်သို့ပြန်လာခဲ့ကြသည်။ လင်ရှောင်းထင်ကို သွားမကြိုခင်ကတည်းက ကုနင်း ကုန်းဟောင်ဟိုတယ်တွင် အထူးခန်းတစ်ခန်းကြိုမှာထားပြီးသားဖြစ်သည်။

သို့သော်လည်း သူမတို့ ညမုန့်ဈေးတန်းလမ်းမှထွက်လာသည်နှင့် ရန်လိုနေသည့် သန်သန်မာမာလူတစ်စုက သူတို့ကိုဝန်းရံလာကြသည်။ ဒါပေါ့ ဒီလူတွေကို ကျန့်မိသားစုက လွှတ်လိုက်ခြင်းဖြစ်ကြောင်း သံသယရှိဖို့တောင်မလိုပေ။

ဒါ့အပြင် ဒီလူတွေအားလုံး၏ပုံစံအရ တိုက်ခိုက်ရေးသမားကောင်းများပုံပေါက်တာကြောင့် ကျန့်မိသားစုက သူတို့ကို လျှော့တွက်ထားပုံမရပေ။

လင်ရှောင်းထင်က ကျန့်သခင်လေးကို သုံးမီတာအထိလွင့်အောင်ကန်ခဲ့တာကြောင့် ကျန့်မိသားစုသာ တိုက်ခိုက်ရေးသမားကောင်းများမလွှတ်လိုက်လျှင် သူမတို့ကိုဖမ်းမိနိုင်မည်မဟုတ်ပေ။ ကံမကောင်းစွာဖြင့် အခုလဲ ကျရှုံးဦးမည်သာ။

ကုနင်း ဘာကြောင့်များ အမြဲတမ်း ပြဿနာတွေက သူမကိုလာရှာနေကြလဲ မစဉ်းစားဘဲမနေနိုင်တော့ပေ။ သူမက ရန်လိုတတ်လွန်းတဲ့ကောင်မလေးလဲမဟုတ်ပါဘူးနော်။ ဒါပေမယ့်လဲ တစ်ခါတစ်လေတော့ ရန်ပွဲတွေထဲ ကိုယ်တိုင်ဝင်ပါလေ့ရှိတာပေါ့။ သူမသာ သိုင်းပညာမကျွမ်းကျင်နေရင် အကြိမ်ကြိမ်အခါခါအနိုင်ကျင့်ခံနေရလောက်ပြီ။

လမ်းသွားလမ်းလာများကတော့ သူတို့ကိုထိခိုက်မိမည်စိုး၍ ဝေးဝေးရှောင်သွားကြသည်။

ချက်ချင်းဆိုသလိုပင် သန်မာသည့်လူစုက လင်ရှောင်းထင်နှင့်ကုနင်းအနားသို့ချဉ်းကပ်လာကာ ဖမ်းဖို့ကြံကြသည်။

သူတို့စလှုပ်ရှားလိုက်သည်နှင့် လင်ရှောင်းထင်နှင့် ကုနင်းလဲ ချက်ချင်းပြန်လည်တိုက်ခိုက်ကြတော့သည်။

တစ်စုံတစ်ယောက်က ရဲစခန်းကိုဖုန်းဆက်အကြောင်းကြားပေမည့် သခင်လေးကျန့်ကြောင့် ရဲစခန်းဘက်ကလဲ မဖြေရှင်းပေးကြပေ။

လမ်းသွားလမ်းလာများကတော့ ကုနင်းနှင့်လင်ရှောင်းထင်တို့ ဒဏ်ရာရသွားကြမည်ကို စိုးရိမ်နေကြပေမည့် သူတို့စိုးရိမ်လို့မပြီးသေးခင်မှာပဲ ထိုနှစ်ယောက်က လူမိုက်အုပ်ကို အလဲသိပ်လိုက်ပြီးဖြစ်သည်။

လင်ရှောင်းထင်နှင့်ကုနင်း၏တိုက်ခိုက်ရည်က ထိုလူစုထက် များစွာပိုကောင်းမွန်မှန်း သိသာလှသည်။

***

အခန်း ၈၇၄ ငါ့ချစ်သူလေ

မိနစ်ပိုင်းအတွင်းမှာပဲ လင်ရှောင်းထင်နှင့်ကုနင်းတို့ သန်မာသည့်လူအုပ်စုကို အလဲထိုးနိုင်ခဲ့သည်။ လူနှစ်ယောက်တည်းနဲ့ လူဆယ်ယောက်ကျော်ကို တိုက်ခိုက်အနိုင်ယူလိုက်ခြင်းဖြစ်သည်။

ထိုမြင်ကွင်းကြောင့် လူတိုင်းအံ့ဩထိတ်လန့်နေကြတော့သည်။

“ငါ့မှာ ကျန့်မိသားစုကို ဆန့်ကျင်ဖို့ရည်ရွယ်ချက်မရှိဘူး၊ ဒါပေမယ့် သခင်လေးကျန့်ကအရင် ငါ့ကိုမလေးမစားလာလုပ်တာ။ ငါတို့ဘက်က သူ့ကိုသင်ခန်းစာပြန်ပေးလိုက်ရုံပဲ။ သူထပ်ပြီးပြဿနာရှာချင်နေသေးရင်တော့ ငါတို့လဲ ယဉ်ကျေးနေတော့မှာမဟုတ်ဘူး။” ကုနင်း၏အသံက လွန်စွာအေးစက်လို့နေသည်။

HKတွင် သူမအတွက်အဆက်အသွယ်အများကြီးမရှိဘူးဆိုရင်တောင်မှ သူမဘာမှမလုပ်နိုင်တော့ဘူးလို့ မဆိုလိုပေ။

တကယ်တော့ ဒီလိုကိစ္စများကို သူမကိုယ်တိုင်ဖြေရှင်းနေစရာမလိုပေ။ နတ်ဆိုးကျောင်းကိုသာ လွှတ်ပေးလိုက်ပါက ကျန့်မိသားစုအပါအဝင် HKတစ်ခုလုံးကိုပင်ဖျက်ဆီးပစ်နိုင်သည်။

ကုနင်းက နတ်ဆိုးကျောင်းကို သူမ၏ဝှက်ဖဲအဖြစ်သုံးဖို့ ကြံစည်ထားပြီးဖြစ်တာကြောင့် အရေးကြုံလာလျှင် သေချာပေါက်ထုတ်သုံးမည်သာ။ နတ်ဆိုးကျောင်းက သူ့ရဲ့ပြောင်းလဲမှုအတွက် မှော်စွမ်းအင်လိုတာကြောင့် သူမ၏မှောင်စွမ်းအင်နှင့် ကမ်းလှမ်းကာ ကူညီခိုင်း၍ရသည်။

သရဲထီးကတော့ ….. သူ့ကိုဖြေရှင်းဖို့ နည်းလမ်းကောင်းကို ကုနင်းမတွေးမိသေးပေ။ သူမသာ ဖြေရှင်းနည်းမရှာနိုင်ခဲ့လျှင်တော့ ဖျက်ဆီးပစ်ရုံသာရှိသည်။

သရဲကောင်းဖြစ်ဖြစ် သရဲဆိုးဖြစ်ဖြစ် ဒီကမ္ဘာပေါ်မှာ မရှိနေသင့်သည့်အရာသာဖြစ်သည်။ ထို့အပြင် ထိုသရဲထီးကာကွယ်ပေးချင်နေသည့်အရာတွေကို သူမယူလိုက်ပြီးပြီဖြစ်သည်။ ဒါကြောင့် သူမ လွှတ်ပေးလိုက်ရင်တောင်မှ သရဲထီးက သူမကိုအလွတ်ပေးမည်မဟုတ်ပေ။

ထို့နောက် ကုနင်းလဲ လင်ရှောင်းထင်၏လက်ကိုချိတ်ကာ ဆက်ထွက်လာခဲ့တော့သည်။

ကုနင်းနှင့်လင်ရှောင်းထင်တို့ ထွက်သွားသည်နှင့် အထိုးခံထားရသည့်အဖွဲ့ခေါင်းဆောင်က ဒုတိယသခင်လေးကျန့်ကို ချက်ချင်းဖုန်းဆက်ကာ အကျိုးအကြောင်းတင်ပြရသည်။

ဒုတိယသခင်လေးကျန့်မှာတော့ အလွန်အံ့ဩသွားကာ ဒါသာမာန်လည်ပတ်သူတွေမဟုတ်လောက်ဟု ယုံကြည်သွားတော့သည်။ လင်ရှောင်းထင်နှင့်ကုနင်းသာ သာမာန်ခရီးသွားတွေဆိုလျှင် ဒီလောက်အတိုက်အခိုက်ကောင်းနေစရာအကြောင်းမရှိပေ။

ထိုအကြောင်းတွေးမိလိုက်သည်နှင့် ဒုတိယသခင်လေးကျန့် တွန့်ဆုတ်သွားတော့သည်။ ကုနင်း သူ့ကိုခြိမ်းခြောက်လိုက်သည်ကို သူမကျေနပ်သော်လည်း သူ့မိသားစုကိုပါ ဒုက္ခရောက်အောင် ဆွဲမချသင့်ကြောင်း သိနေသေးသည်။ ဘာပဲဖြစ်ဖြစ် အရင်ဆုံး ထိုနှစ်ယောက်အကြောင်းကို သူပိုစုံစမ်းသင့်ပေသည်။

………..

ကုနင်းအကြောင်း အချက်အလက်ရှာတာကိုပြောရရင် လွန်ခဲ့သည့်တစ်နာရီလောက်ကပဲ ဟုန်ယွဲ့ဟွမ်က ရသွားပြီဖြစ်သည်။ ၁၈နှစ်သာရှိသေးသည့် ကုနင်းအကြောင်း အင်တာနက်ပေါ်မှ သတင်းများတွေ့လိုက်ရပြီးနောက် သူပင် ထိတ်လန့်တုန်လှုပ်သွားသည်။

ကုနင်း၏ထူးချွန်ထက်မြက်မှုနှင့် အောင်မြင်မှုများနှင့်ဆိုလျှင် ဘယ်သူကမှ သူမကိုသွားရှုပ်ချင်မည်မဟုတ်ပေ။ ဒါ့အပြင် သူမနှင့်မိတ်ဆွေဖွဲ့ဖို့ဆိုတာကလဲ မလွယ်ကူလှပေ။

……..

နောက်နေ့မနက် ၁၀နာရီမှာတော့ ဟဲစစ်ရင်က ကုနင်းကိုဖုန်းဆက်လာကာ နေ့လည်၁၂နာရီခွဲမှာ သူမကိုလာကြိုမည့်အကြောင်း ပြောလာသည်။

ဖုန်းဆက်လာချိန်က စောနေသေးပေမည့် ကုနင်းကို ကြိုတင်ကာ အချိန်ပြောမှဖြစ်တာကြောင့် ဆက်လိုက်ခြင်းဖြစ်သည်။

ဟဲစစ်ရင်နှင့် ဖုန်းပြောပြီးနောက်မှာတော့ ကုနင်းနှင့်လင်ရှောင်းထင်လဲ အိပ်ရာမှထကြသည်။

ကုနင်း သူမမိသားစုများကို မသိစေချင်သေး၍ သူမ၏ပုံစံအစစ်အမှန်ကို မပြချင်သေးကြောင်း ဟဲစစ်ရင်ကိုပြောထားပြီးဖြစ်သည်။ ထို့ကြောင့် သူမကိုသူမရုပ်ဖျက်ကာ ထန်အိုက်နင်းအနေဖြင့်သွားမည်ဖြစ်သည်။

ဟဲစစ်ရင်ကလဲ ကုနင်း၏သဘောကိုနားလည်တာကြောင့် သဘောတူခဲ့သည်။

ထို့ကြောင့် ကုနင်း အိပ်ရာမှထပြီးသည်နှင့် ထန်အိုက်နင်းလိုမျိုး မိတ်ကပ်နှင့် အဝတ်အစားများ ပြင်ဆင်ချယ်သရသည်။

ကုနင်း၏ ရင့်ကျက်တည်ငြိမ်ကာ ဆွဲဆောင်မှုရှိသည့်ပုံစံတစ်မျိုးကြောင့် လင်ရှောင်းထင်ပင် စိတ်လွတ်မလိုဖြစ်သွားရသည်။

ထို့နောက် မနက်စာအတူစားဖို့အတွက် ကောင်းယိနှင့်ချောင်ယကို လှမ်းခေါ်လိုက်သည်။

ကောင်းယိနှင့်ချောင်ယလဲ လင်ရှောင်းထင်ကိုမြင်သည်နှင့် လေးစားစွာနှုတ်ဆက်လိုက်ကြသည်။ “မင်္ဂ်လာပါ၊ သခင်လေးလင်။”

မနက်စာစားပြီးချိန်မှာတော့ နေ့လည်၁၀နာရီပင်ထိုးပြီဖြစ်ကာ ကုနင်းလဲ ချောင်ယကို နေကာမျက်မှန်သုံးလက်သွားဝယ်ခိုင်းလိုက်သည်။

ကုနင်းကလွဲပြီး ကျန်သုံးယောက်လုံး နေကာမျက်မှန်တပ်ကြရသည်။ “နင်တို့ ငါ့သက်တော်စောင့်လုပ်ရမယ်၊ မျက်နှာကို ဖုံးထားဖို့ နေကာမျက်မှန်တွေတပ်ထားကြ။”

လင်ရှောင်းထင်၏ရာထူးက အထူးတလည်ဖြစ်ပေမည့် ကုနင်းသွားသည့်နောက် အတင်းလိုက်ချင်နေတာကြောင့် သူလဲ ရုပ်ဖျက်ဖို့လိုသည်။

လင်ရှောင်းထင်ကတော့ ရုပ်ဖျက်တာမဖျက်တာကို ဂရုမစိုက်ပေမယ့် ကုနင်းကတော့ ဂရုစိုက်ရသည်။

ကုနင်း၏စီစဉ်မှုဖြစ်တာကြောင့် လင်ရှောင်းထင်အတွက်လဲ ငြင်းစရာမရှိပေ။

ဟဲစစ်ရင်က ၁၂နာရီခွဲတွင် ကုနင်းကို ဖုန်းထက်ဆက်လာခဲ့သည်။ သူမ၁၀မိနစ်စောပြီး ရောက်နေခဲ့သော်လည်း ချိန်းထားသည့်အချိန်မရောက်ခင်အထိ ကုနင်းကို မဆက်သွယ်ခဲ့ပေ။

ကုနင်းကိုမြင်လိုက်ရချိန်တွင်တော့ ဟဲစစ်ရင်အလွန်အံ့ဩသွားကာ မမှတ်မိလုနီးပါးပင်ဖြစ်သွားရသည်။

ကုနင်းပုံစံက အများကြီးပြောင်းလဲသွားတာပဲ! ချောင်ယနှင့်ကောင်းယိတို့သာ သူမနောက်မှာရှိမနေလျှင် ထိုမိန်းကလေးက ကုနင်းမှန်း ဟဲစစ်ရင်မှတ်မိလိမ့်မည်မဟုတ်ပေ။

ဟဲစစ်ရင်၏အကြည့်ကာ ကုနင်းဘေးမှအမျိုးသားထံသို့ ရောက်သွားချိန်မှာတော့ မြင်လိုက်ရသည့် ထူးခြားလှသောရုပ်ရည်ကြောင့် မှင်တက်သွားရသည်။

“မိန်းကလေးကု၊ သူကဘယ်သူလဲ?”

သူတို့တွေ့ဆုံမည့်အစီအစဉ်က အထူးအရေးကြီးလှတာကြောင့် မျက်နှာစိမ်းလူက ယုံကြည်ရရဲ့လားသေချာစေရန် ဟဲစစ်ရင်မေးလိုက်ခြင်းဖြစ်သည်။

ကုနင်းလဲ နားလည်တာကြောင့် ပြုံး၍သာ ပြန်ဖြေလိုက်သည်။ “ငါ့ချစ်သူပါ။ စိတ်မပူပါနဲ့။”

ဟဲစစ်ရင်လဲ ထိုတော့မှ စိတ်ချသွားကာ ကုနင်းတို့ကို ခေါ်ဆောင်သွားသည်။

ကုနင်းကိုကြိုဖို့အတွက် ပုံမှန်လိုပဲ MPVတစ်စီးကို သူမကိုယ်တိုင်မောင်းလာခဲ့ခြင်းဖြစ်သည်။

မိနစ်၂၀ကြာပြီးနောက်မှာတော့ ဟဲမိသားစုပိုင် ကာစီနိုသို့ရောက်ရှိခဲ့ကြသည်။

ဤကာစီနိုသည့် HKရှိအကြီးဆုံးကာစီနိုင်ကြီးဖြစ်ပေမည့် Mမြို့မှ ကာစီနိုလောက်တော့ မကောင်းသေးပေ။ Mမြို့သည် ကမ္ဘာပေါ်မှ လောင်းကစားမြို့တော်လေးမြို့ထဲတွင် ပါဝင်ကာ လောင်းကစားသမားများအတွက် နိဗ္ဗာန်ဘုံတစ်ခုလိုပင်။

HK၏လောင်းကစားလုပ်ငန်းများသည် Mမြို့၏တစ်ဝက်လောက်သာရှိသည်။

ဟဲဟုန်ကျဲ့သည် HKမှာ လောင်းကစားဘုရင်ဖြစ်သလို Mမြို့တွင်လဲ တခြားလောင်းကစားဘုရင်တစ်ဦးရှိသည်။

***

အခန်း ၈၇၅ ဘာလို့လောနေတာတုန်း?

Mမြို့မှ လောင်းကစားဘုရင်သည် ဟဲဟုန်ကျဲ့ထက်ပိုလို့ အာဏာရှိသူဖြစ်သော်လည်း သူတို့ကိုယ်ပိုင်စီးပွားရေးကိုသာ အာရုံစိုက်ကြတာကြောင့် ရန်သူများလဲမဟုတ်သလို မိတ်ဖက်များလဲမဟုတ်ကြပေ။

ပုံမှန်အားဖြင့် လူနှစ်ယောက်ကြားရှိ ကွာခြားချက်မှာကြီးလွန်းသွားပါက အားကြီးသူက အားနည်းသည့်လူကို ဂရုမစိုက်တော့သလို အားနည်းသူကလဲ အားကြီးသူကို စိတ်အနှောင့်အယှက်မပေးရဲတော့တာကြောင့် သူတို့ချင်းရန်သူဖြစ်နိုင်ချေ နည်းပါးသည်။

ဒါကလဲ သူတို့ရဲကိုယ်ပိုင်ရည်မှန်းချက်နှင့် စိတ်အပေါ်မှာသာမူတည်တာဖြစ်သည်။ တချို့သော ရည်မှန်းချက်ကြီးလွန်းသည့်လူများက သူတို့ထက်ပိုသာသော လူများထက်ကို ပိုသာချင်ကြတာကြောင့် မလုပ်သင့်သည့်အရာများကို လုပ်လေ့ရှိကြသည်။

ယနေ့သည် ဟဲမိသားစု ကာစီနိုင် နှစ်ပတ်လည်အခမ်းအနားနှင့် ဟဲညီအစ်ကိုကြားမှ ပြိုင်ပွဲကို ကျင်းပမည်ဖြစ်တာကြောင့် အလွှာပေါင်းစုံမှ လူများစွာရောက်ရှိနေကြသည်။

ကုနင်းတို့အဖွဲ့ရောက်လာချိန်တွင် နေ့လည်၁နာရီဝန်းကျင်ရှိနေပြီဖြစ်ကာ ပြိုင်ပွဲသည်တော့ ၂နာရီမှစတင်မည်ဖြစ်သည်။ ဒါကြောင့် ဟဲစစ်ရင်က ကုနင်းနှင့် သီးသန့်ဆွေးနွေးစရာများရှိသေးတာကြောင့် ဗီအိုင်ပီနားနေခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။

နားနေခန်းသို့သွားရာတွင် ဟဲမိသားစုဝင်များသာသုံးရသည့် အထူးလမ်းကြောင်းကိုသုံးခဲ့တာကြောင့် သူမတို့ကိုဘယ်သူမှမမြင်လိုက်ကြပေ။

အားလုံးထိုင်လိုက်ပြီးသည်နှင့် ဟဲစစ်ရင်က သူတို့အတွက် လက်ဖက်ရည်ငှဲ့ပေးကာ ကုနင်းကိုစကားစလိုက်သည်။ “ငါတို့ ဒီနေ့ လောင်းကစားနည်းသုံးမျိုးကစားကြမှာ။ တစ်ခုကတော့ ပုံမှန်ကစားနေကျ စစ်ပေါ်။ ကျန်နှစ်နည်းကိုတော့ ပြိုင်ဖက်နှစ်ဖွဲ့က ရွေးနိုင်တယ်၊ ဒီတော့ နင်အကျွမ်းကျင်ဆုံးအရာကို ရွေးလို့ရတယ်။ လောင်းကစားနည်းတစ်မျိုးကို ၁၀ပွဲစီကစားမှာ။ ငွေအများဆုံးအနိုင်ရသွားတဲ့ဘက်ကဘယ်သူပဲဖြစ်ဖြစ် နောက်ဆုံးအနိုင်ပဲ။ ကစားနည်းတွေမှာ အနိုင်ရတဲ့ပွဲအရေအတွက်ကို မကြည့်ဘူး။ လောင်းကြေးကိုတော့ နှစ်ဖက်ညှိရမယ်။ နင် ကိုယ်တိုင်တိုကင်ပြားတွေလဲချင်တယ်ဆိုရင်တော့ နိုင်တဲ့ငွေကလဲ နင့်အပိုင်ပဲ။ ငါတို့လဲပေးရမယ်ဆိုရင်တော့ နိုင်လာတဲ့ငွေကလဲ ငါတို့မိသားစုအပိုင်ပဲ။ နင့်စိတ်ကြိုက်ဆုံးဖြတ်လို့ရတယ်။”

“ကိုယ်ဘာသာပဲ တိုကင်ဝယ်လိုက်မယ်။” သေချာပေါက် ကုနင်းက ဒီနေရာကိုငွေရှာဖို့လာခြင်းဖြစ်တာကြောင့် သူမသဘောထားကိုမေးနေရန်ပင်မလိုပေ။

ဟဲစစ်ရင်လဲ သဘောတူကာ ပိုကောင်းသည်ဟုပင် တွေးမိသည်။ သူမ ကုနင်းကိုမယုံကြည်တာတော့မဟုတ်ပေမည့် အခုထိတော့ ကုနင်းအကြောင်း သူမအနည်းအကျဉ်းလောက်သာ သိထားသေးပေသည်။ ကုနင်းသာ သူမကိုယ်ပိုင်ငွေဖြင့်ကစားလိုလျှင် ပြိုင်ပွဲအတွင်းပို၍အားစိုက်ထုတ်ကာ ကစားပေလိမ့်မည်။

လောင်းကစားနည်းများအကြောင်းကို ကုနင်းသိပ်မသိထားပေ။ စစ်ပေါ်ကစားနည်းမှာတော့ သူမရှုံးမည်မဟုတ်မှန်း ယုံကြည်ချက်ရှိကာ နောက်တစ်နည်းအနေဖြင့် သူမကိုမြောက်မြားစွာအနိုင်ရအောင် လုပ်ပေးလေ့ရှိသည့် အကြွေစေ့စက်ကစားနည်းသာ ရှိတော့သည်။

ဒါကြောင့်၊ “ငါ အကြွေစေ့စက်ကစားနည်းကို ရွေးလို့ရမလား?”

ထိုစကားကြောင့် ဟဲစစ်ရင် အံ့ဩသွားတော့သည်။ ဒါကလဲ ရွေးချယ်မှုထဲမှာပါပေမယ့် နည်းနည်းကလေးဆန်လှသည်။

“ဒါပေါ့၊ နင်ရွေးလို့ရပါတယ်။”

နေ့လည်၁နာရီခွဲမှာတော့ ဟဲစစ်ရင်ထံသို့ဖုန်းဝင်လာကာ အပြင်သို့ထွက်သွားခဲ့သည်။ ခဏအကြာမှာတော့ ဟဲဟုန်ကျဲ့နှင့်အတူ ပြန်ရောက်လာခဲ့သည်။

ဟဲစစ်ရင်ကပဲ အားလုံးကိုအချင်းချင်းမိတ်ဆက်ပေးလိုက်သည်။

ဟဲစစ်ရင်က သူမတို့ဘက်မှကစားပေးမည့်လူမှာ ၁၈နှစ်သာရှိသေးသည်ဟု ဟဲဟုန်ကျဲ့ကိုပြောထားခဲ့ပေမည့် ကုနင်းက ဒီကနေ့မှာတော့ ထန်အိုက်နင်းအမည်ရ အရွယ်ရောက်အမျိုးသမီးတစ်ဦးပုံစံဖြင့် ပေါ်ထွက်လာခဲ့တာကြောင့် နားမလည်နိုင်ဖြစ်သွားတော့သည်။ ဒီတော့မှ ဟဲစစ်ရင်လဲ အကြောင်းအရင်းကို ပြန်ရှင်းပြရသည်။

ဤတာဝန်က အန္တရာယ်များမှန်း ဟဲဟုန်ကျဲ့လဲနားလည်ပေသည်။ ကုနင်း ဒီနေ့နိုင်သွားခဲ့မယ်ဆိုရင်တောင်မှ သူမပြဿနာအကြီးကြီးတက်ဖို့များသည်။

ဟဲဟုန်ကျဲ့တွင် ကုနင်းအပေါ် သံသယတစ်ချို့ရှိနေသေးသော်လည်း လောလောဆယ်ယုံကြည်ထားမှဖြစ်ပေမည်။ အခုချိန်မှာ ကုနင်းကသာ သူ့အတွက်အကောင်းဆုံးနဲ့ တစ်ခုတည်းသောရွေးချယ်မှုမဟုတ်လား။

………

၂နာရီထိုးဖို့ မိနစ်၂၀အလိုမှာပဲ ဟဲဟုန်ယွမ်ရောက်ရှိလာခဲ့ကာ သက်တော်စောင့်အယောက်၂၀လောက်ကိုလဲ ခြံရံလာခဲ့သည်။ ထိုလူအုပ်ကြီးဖြင့် ကာစီနိုထဲသို့ဝင်လာပြီး သူ့နောက်တွင် အသက်၃၀အရွယ်အမျိုးသားတစ်ဦးနှင့် ဟဲယီရှီတို့လဲ ပါလာခဲ့သည်။

လူမြောက်မြားစွာက ယနေ့၏အကြံအစည်ကို သိနေကြပေမည့် ဘယ်သူကမှ ထုတ်မပြောရဲကြပေ။

“သခင်ဟဲဟုန်ယွမ်ရဲ့နောက်ကလိုက်လာတဲ့ အမျိုးသားက ဖန်းကျီဟောက် မဟုတ်လား?”

“ဟုတ်သားပဲ!”

ဖန်းကျီဟောက်သည် Mမြို့ လောင်းကစားဘုရင်၏ ဒုတိယမြောက်အလုပ်သင်ဆိုသော်လည်း သူ့ဆရာကို သစ္စာဖောက်ကာ ထွက်ပြေးခဲ့သူဖြစ်သည်။

ဖန်းကျီဟောက်က သူ့အပြုအမူကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားနေလျှင်တောင် လောင်းကစားမှာတော့ တကယ်တော်သလို Mမြို့လောင်းကစားဘုရင်ထံမှလဲ နည်းလမ်းများစွာ သင်ယူထားသူဖြစ်သည်။

“သခင်ဟုန်ယွမ်က သူ့ကိုယ်စားကစားပေးဖို့ ဖန်းကျီဟောက်ကို ဖိတ်ထားတာလား?”

“ဒီလောက်သိသာနေတာကြီးကို!”

“ကြည့်ရတာ လောင်းကစားဘုရင်တော့ အန္တရာယ်များနေပြီပဲ။”

“လောင်းကစားဘုရင်က အကြားစွမ်းရည်ဆုံးရှုံးထားတယ်လို့ ကြားတယ်။”

“လောင်းကစားဘုရင်ဘက်ကလဲ သူ့ကိုကူဖို့ တစ်ယောက်ယောက်ဖိတ်ထားနိုင်တာပဲ။”

“ဟုတ်သား။”

…………

ယနေ့ကစားပွဲတွင် ဟဲဟုန်ကျဲ့ရော ဟဲဟုန်ယွမ်ပါ ကိုယ်တိုင်ကစားကြမည်မဟုတ်ပေ။ ဟဲဟုန်ကျဲ့ကတော့ သူ့အကြားစွမ်းရည်ဆုံးရှုံးထားရခြင်းကြောင့်ဖြစ်ပြီး ဟဲဟုန်ယွမ်သည်တော့ လောင်းကစားအရည်အချင်းရှိတာတောင်မှ အမှားတစ်စုံတစ်ရာမဖြစ်လို၍ ကိုယ်စားရွေးထားခြင်းဖြစ်သည်။ ဒါကြောင့် ကုနင်းက ဟဲဟုန်ကျဲ့ကိုယ်စား ပြိုင်ပွဲကို တက်ရောက်မည်ဖြစ်သလို ဖန်းကျီဟောက်ကလဲ ဟဲဟုန်ယွမ်ကို ကိုယ်စားပြုသူဖြစ်သည်။

ကုနင်းကတော့ အခုထိ ပေါ်မလာသေးတာကြောင့် ဟဲဟုန်ကျဲ့ကိုကူညီပေးမည့်သူ ရှိလိမ့်မည်ဟု ဘယ်သူကမှမတွေးမိကြပေ။

ဟဲဟုန်ယွမ်ကတော့ ဟဲဟုန်ကျဲ့ဘေးတွင် စပိုင်တစ်ယောက်ထား,ထားတာကြောင့် ဟဲဟုန်ကျဲ့ကိုယ်တိုင် ဝင်ကစားမည်ဟုယုံကြည်နေသည်။ သူမသိလိုက်သည်က ထိုစပိုင်အကြောင်း ဖော်ထုတ်ခံလိုက်ရပြီဖြစ်ကာ ဟဲဟုန်ယွမ်က သူ့တကယ့်အစီအစဉ်ကို ဖုံးကွယ်ထားဖို့ရန်အတွက် သူကိုယ်တိုင်ဝင်ကစားမည်ဟု ပြောထားခြင်းဖြစ်သည်။

ဟဲဟုန်ယွမ်တို့အဖွဲ့က လောင်းကစားခန်းမအလယ်ရှိ လောင်းကစား,စားပွဲ၏ ညာဘက်တွင်ထိုင်လိုက်ကြသည်။ ဖန်းကျီဟောက်က ပထမတန်းအလယ်တွင် နေရာယူလိုက်ပြီး သူ့ဘေးနှစ်ဖက်တွင်တော့ ဟဲဟုန်ယွမ်နှင့်ဟဲယီရှီတို့ထိုင်ကြသည်။

အလယ်ရှိလောင်းကစား,စားပွဲကတော့ ယနေ့အတွက်အထူးပြင်ဆင်ထားခြင်းဖြစ်သည်။

“ဟဲဟုန်ကျဲ့ဘယ်မှာလဲ? ဘာလို့ အခုထိပေါ်မလာသေးတာတုန်း?” ဟဲဟုန်ယွမ်က အာကျယ်အာကျယ်နှင့်ပြောလိုက်ကာ ဟဲဟုန်ကျဲ့ကပဲ သူ့ကိုကြောက်လို့ မလာသလို ထင်မှတ်စေသည်။

“သခင်ဟုန်ယွမ်က ဘာလို့ဒီလောက်တောင်လောနေရတာတုန်း? အခုထိ ၂နာရီတောင်မှမထိုးသေးပါဘူး။” ထိုအချိန်မှာပဲ အသက်၃၀စွန်းစွန်းအမျိုးသားတစ်ဦး ရောက်လာခဲ့သည်။

ထိုလူကတော့ ဟဲမိသားစု၏အကြီးဆုံးသား ဟဲရီရှောက်ဖြစ်သည်။

ဟဲရီရှောက်၏ပုံစံက စိုးရိမ်မှုရော စိတ်လှုပ်ရှားမှုပါရှိမနေပေ။ ဒါက တမင်လုပ်ယူထားခြင်းမဟုတ်ဘဲ သူ့အဖေက ယနေ့သူ့တို့ကိုကူညီပေးဖို့ ထူးချွန်သည့်လောင်းကစားသမားတစ်ဦးကို ဖိတ်ထားသည့်အကြောင်း ကြိုပြောထားခြင်းကြောင့်ဖြစ်သည်။ ကုနင်း ယနေ့အနိုင်ယူနိုင်ပါ့မလားကို သူတို့မသေချာသော်လည်း ယုံကြည်ချက်တော့ရှိနေကြသည်။

ဟဲဟုန်ယွမ်သည် ဟဲရီရှောက်၏ဦးလေးတောင်ပေမည့် သူတို့ရန်သူတွေဖြစ်လာကတည်းက သခင်ဟုန်ယွမ်ဟုသာ ခေါ်တော့သည်။

“ဒါကအချိန်နဲ့မဆိုင်ဘူး၊ ယဉ်ကျေးမှုနဲ့ဆိုင်တာ။” ဟဲဟုန်ယွမ်ပြန်ပြောလိုက်သည်။

တကယ်တော့ ဟဲမိသားစု၏စီးပွားရေးကို သိမ်းပိုက်ဖို့ မစောင့်နိုင်တော့ခြင်းသာဖြစ်သည်။

All Chapters