← Chapters

အခန်း (၈၈၁-၈၈၅)

Vol. 59 Ch. 881-885

အခန်း (၈၈၁-၈၈၅)

Vol. 59 Ch. 881-885

အခန်း ၈၈၁ ဒုတိယမြောက်လောင်းကစားနည်း

သူတို့သာ ဒီကနေ့အနိုင်မရပါက ဟဲယီရှီလဲ သူမ၏ဟဲမိသားစုမမလေးဆိုသည့် ဂုဏ်ပုဒ်ကို ဆုံးရှုံးလိုက်ရပေလိမ့်မည်။ ဒီလိုသာဆို ဟုန်ယွဲ့ဖေးက သူမကို သေချာပေါက်စွန့်ပစ်မည်ဖြစ်ကာ ဟုန်ကတော်ဆိုသည့်ဂုဏ်ပုဒ်ကိုပါ တစ်ပါတည်းဆုံးရှုံးလိုက်ရပေမည်။

တခြား အင်အားကြီးသည့် ချမ်းသာသည့်မိသားစုတစ်ခုခုနှင့် သူမလက်ထပ်နိုင်လျှင် လက်ထပ်ပစ်မည်ဆိုသော်လည်း ထိုသို့မဖြစ်နိုင်ကြောင်း သူမရှင်းရှင်းလင်းလင်းသိသည်။ သူမမှာ ရွေးချယ်စရာမရှိတော့တာကြောင့် ဟုန်ယွဲ့ဖေးကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

သူမသည် ဟဲမိသားစုတွင်မွေးလာသူဆိုသော်လည်း သူမ၏ဝမ်းကွဲအစ်မဟဲစစ်ရင်၏အရိပ်အောက်တွင်သာ အမြဲတမ်းကွယ်နေခဲ့သည်။ ဒါကြောင့်ပဲ သူမဟဲစစ်ရင်ကို မနာလိုဖြစ်ရခြင်းဖြစ်သည်။

“ငါတို့ နိုင်မှာ၊ ငါတို့နိုင်မှာပါ!” ဟဲဟုန်ယွမ် သူ့ကိုယ်သူစိတ်သက်သာစေရန် ထိုစကားကိုသာအထပ်ထပ်ပြောလို့နေသည်။

“လူကြီးမင်းဖန်း၊ ဒုတိယလောင်းကစားနည်းမှာတော့ ခင်ဗျားယွမ်သန်း၉၀၀ပြန်ရမှဖြစ်မယ်။” ဟဲဟုန်ယွမ် အမိန့်ပေးလိုက်သည်။ ထိုစကားကြောင့် ဖန်းကျီဟောက် အလိုမကျသော်လည်း ဘာမှပြန်မပြောခဲ့ပေ။ သူလဲ အရမ်းနိုင်ချင်တာပေါ့၊ မဟုတ်ရင် သူ့ငွေတွေဆုံးရှုံးရမှာလေ။

သို့သော်လည်း “ထန်အိုက်နင်း” စစ်ပေါ်ကစားနည်းတွင် ဘာကြောင့်များအကြိမ်တိုင်း မှန်နေရလဲဆိုသည်ကို သူနားမလည်နိုင်သေးပေ။ ဒါအရမ်းထူးဆန်းလွန်းလှသည်။ သူမသာ အံစာခွက်ကိုဖောက်မြင်နေနိုင်တယ်ဆိုရင်တော့ ဖြစ်နိုင်တာပေါ့၊ ဒါပေမယ့်လဲ ထိုထင်မြင်ချက်ကို သူမယုံကြည်ချင်ပေ။

“သူလောင်းကစားနည်းတိုင်းမှာတော့ အရမ်းတော်နေလိမ့်မယ်လို့ မထင်ဘူး!” ဖန်းကျီဟောက် အေးစက်လှသည့်အသံဖြင့် ပြောလိုက်သည်။

နာရီဝက်ကြာပြီးနောက်မှာတော့ ပြိုင်ဘက်နှစ်ဖွဲ့လုံး ခန်းမထဲသို့ပြန်ရောက်လာကြသည်။ ခဏနားပြီးနောက်မှာတော့ ဟဲဟုန်ယွမ်ပုံစံက အတော်လေးပြန်ကောင်းလာပုံပေါ်ပေမည့် စိတ်အခြေအနေကတော့ ဆိုးနေတုန်းပင်။

“အခုတော့ နောက်ဘာဆက်ကစားမလဲဆိုတာ ကြိုက်ရာရွေးချယ်နိုင်ပါတယ်။ အရင်ဆုံးစမယ့်လူကို ရွေးဖို့ အံစာတုံးလှည့်ကြတာပေါ့။” ဟဲရီရှောက်ကပြောလိုက်သည်။

“ဟုတ်ပြီ။” ကုနင်းရော ဖန်းကျီဟောက်ပါ သဘောတူလက်ခံကြသည်။

သူတို့နှစ်ယောက် လောင်းကစားဝိုင်း၏တစ်ဖက်စီတွင်ထိုင်လိုက်ကာ အံစာလှည့်လိုက်သည်။

ကုနင်းအတွက်တော့ ဘယ်သူအရင်စရွေးရွေး အရေးမကြီးတာကြောင့် အံစာကို သာမာန်ကာလျှံကာသာပစ်ချလိုက်ပြီး နံပါတ်၁ကျသည်။ ဖန်းကျီဟောက်ကတော့ ၅ကျတာကြောင့် ဖန်းကျီဟောက်အရင်ရွေးရမည်ဖြစ်သည်။

“ငါ ငါးကတ်ပိုကာကစားနည်းကိုရွေးတယ်။”

ကုနင်း ငါးကတ်ပိုကာကစားနည်း၏စည်းမျဉ်းများကို အင်တာနက်ပေါ်ကတဆင့်သင်ဖူးပေမည့် လက်တွေ့မှာတော့ တစ်ကြိမ်မှမကစားဖူးပေ။ ကံကောင်းစွာဖြင့် သူမတွင် ကျောက်စိမ်းမျက်ဝန်းရှိနေတာကြောင့် တခြားလူ၏ကတ်များမှ နံပါတ်များကိုကြည့်ပြီး ဆုံးဖြတ်ချက်ချနိုင်သည်။ ဒါကြောင့် သူမအများကြီးမရှုံးသွားဖို့ကိုတော့ ယုံကြည်ချက်ရှိသည်။

“ဒီတစ်ခေါက်ကော ဘယ်သူနိုင်လောက်လဲ?”

“ဖန်းကျီဟောက်က ငါးကတ်ပိုကာကစားနည်းမှာ အရမ်းတော်တယ်လို့ ငါကြားဖူးတယ်။”

“အမ်၊ ငါတော့ မိန်းကလေးထန် ငါးကတ်ပိုကာကစားနည်းမှာရော တော်ဦးမလားသိချင်နေပြီ။”

“ငါ့အထင်တော့ ဖန်းကျီဟောက် နိုင်ချေပိုများတယ်။”

………

ကုနင်း စစ်ပေါ်ကစားနည်းတွင် နိုင်ခဲ့သည်ဆိုသော်လည်း သူမထပ်နိုင်,နိုင်သေးသည်ဟု လူတိုင်းယုံကြည်မည်ဟု မဆိုလိုပေ။ လူအများစုကတော့ ကုနင်း ကစားနည်းတိုင်းမှာမတော်နိုင်လောက်ဟု တွေးကြသည်။

ကစားပွဲမစခင်မှာပဲ ဖန်းကျီဟောက်အနေနှင့် သူ့ကိုယ်ပိုင်ငွေဖြင့် တိုကင်ပြားထပ်လဲဖို့လိုနေသေည်။ သူ့မှာ တိုကင်၁၀ပြားသာ ကျန်တော့တာကြောင့် မလောက်မှန်းသိသာလှသည်။

ထို့ကြောင့် ဖန်းကျီဟောက် နောက်ထပ်ယွမ်သန်း၅၀၀ဖိုး တိုကင်ပြားလဲလိုက်သည်။

ဒီလိုမိုးလောက်မြင့်သည့်လောင်းကြေးမျိုး HKမှာတစ်ခါမှမရှိဖူးပေ။

ဖန်းကျီဟောက်သည် ယွမ်၂၀၀ဘီလီယံကြွယ်ဝသူဖြစ်လျှင်တောင်မှ ဒီကနေ့ဆုံးရှုံးမှုကို အတော်လေးခံရပေမည်။

တကယ်တော့ သူနိုင်လိမ့်မည်ဟုသာ တွေးထားခဲ့တာကြောင့် တကယ်တမ်းအရှုံးနှင့်သာ ရင်ဆိုင်လိုက်ရသည်။

နှစ်ဖက်လုံး တိုကင်ပြားလုံလုံလောက်လောက်ရှိသွားပြီဆိုသည်နှင့် ကစားပွဲကိုစတင်တော့သည်။ ကုနင်းရော ဖန်းကျီဟောက်ပါ စားပွဲပေါ်သို့ တိုကင်၁၀စီတင်လိုက်သည်။

ဒို်ငက ဖဲများကို စတင်မွှေလိုက်သည်။ သူက တစ်ကဒ်ကိုမှောက်ချလိုက်ကာ နောက်တစ်ကဒ်ကိုတော့ လှန်ပြီးချပေးလိုက်သည်။

ဖန်းကျီဟောက်၏ ပြထားသောကတ်မှာ Hearts Kဖြစ်သည်။

ကုနင်း၏ ပြထားသောကတ်မှာတော့ Spades 2ဖြစ်သည်။

ကုနင်း ကျောက်စိမ်းမျက်ဝန်းဖြင့် ဖန်းကျီဟောက်၏မှောက်ထားသောကတ်ကိုကြည့်လိုက်ချိန်မှာတော့ Hearts Qဖြစ်နေကာ သူမကတော့ Spades 6ဖြစ်သည်။ သူမရမည့် နောက်တစ်ကတ်ကတော့ ၇ဖြစ်ကာ သူမအနေနှင့် “straight”မဖြစ်နိုင်ပေ။

ဒီတစ်ခေါက်တော့ သူမကံမကောင်းဘူးပဲ!

ဖန်းကျီဟောက်က အရင်စကာ တိုကင်နှစ်ပြား စားပွဲပေါ်ပစ်တင်လိုက်ပေမည့် ကုနင်းကတော့ အရှုံးပေးလိုက်တာကြောင့် ယွမ်၁၀သန်းရှုံးသွားသည်။

ပထမတစ်ပွဲတွင် ဖန်းကျီဟောက် ယွမ်၁၀သန်းသာနိုင်သော်လည်း ဘာပဲဖြစ်ဖြစ် အစကောင်းပဲမဟုတ်လား။

ပထမတစ်ပွဲမှာ ကုနင်းရှုံးလိုက်ပေမည့် ဟဲဟုန်ကျဲ့နှင့်ကျန်လူများကတော့ မစိုးရိမ်သွားကြပေ။ သူမလက်ထဲမှာ ယွမ်သန်း၉၀၀တောင်ရှိထားမှတော့ ယွမ်၁၀သန်းလောက်ရှုံးသွားတာက မပြောပပေ။

မကြာခင်မှာပဲ ဒုတိယပွဲစတင်တော့သည်။

ကုနင်းထပ်ရှုံးသွားပြန်ကာ အလုပ်ရှုပ်ခံကာ လောင်းကြေးကိုမမြှင့်နေပေ။

ဖန်းကျီဟောက် နောက်တစ်ကြိမ်ထပ်နိုင်သွားပေမည့် ကုနင်းသာ အကြိမ်တိုင်း လောင်းကြေးတိုးဖို့ငြင်းနေပါက သူ့ဘက်က ငွေများစွာမနိုင်,နိုင်တာကြောင့် မပျော်ရွှင်နေပေ။ သို့သော်လည်း သူမကိုအတင်းလောင်းကြေးတင်ခိုင်းဖို့ကလဲ မဖြစ်နိုင်ပေ။

တတိယပွဲတွင်တော့ ကုနင်းလောင်းမလိုလုပ်သော်လည်း ဖန်းကျီဟောက် အရှုံးပေးသွားသည်။

၄၊ ၅၊ ၆ နှင့် ၇ပွဲကစားပြီးချိန်မှာတော့ ကုနင်းရောဖန်းကျီဟောက်ပါ နှစ်ပွဲစီနိုင်ကြကာ ကုနင်းကတော့ ၇ပွဲကစားပြီးနောက် ယွမ်သန်း၅၀သာရှုံးသေးသည်။

ကုနင်းမှာ တိုကင်ပြားတွေအများကြီးရှိနေသေးတာကြောင့် ထိုမျှရှုံးသွားသည်ကို သူမရော ဟဲမိသားစုပါ ဂရုမစိုက်ကြပေ။

၈ပွဲမြောက်စတင်ပေသည်။

ဖန်းကျီဟောက်၏ဖွင့်ထားသောကတ်မှာ Diamonds 8ဖြစ်ကာ မှောက်ထားသောကတ်ကတော့ Hearts ၈ဖြစ်သည်။

ကုနင်း၏ ဖွင့်ထားသောကတ်မှာတော့ Spades Q ဖြစ်ကာ မှောက်ထားသောကတ်မှာတော့ Spades 10ဖြစ်သည်။

ဤတစ်ကြိမ်မှာတော့ ကုနင်းအရင်ဆုံး တိုကင်နှစ်ပြားပစ်တင်လိုက်သည်။ ဒိုင်ကလဲ သူမအတွက်နောက်တစ်ကတ်ဖြစ်သည့် Spades 9ကိုဝေပေးလာသည်။

ထို့နောက် ဖန်းကျီဟောက်ဘက်ကလဲ တိုကင်နှစ်ပြားလိုက်ကာ ဒိုင်ဘက်က သူ့အတွက် Spades 8တစ်ကတ်ပေးလာသည်။

8 သုံးကတ်လက်ထဲရောက်လာတာကြောင့် ဖန်းကျီဟောက် စိတ်လှုပ်ရှားလာတော့သည်။ သူသာ နောက်ထပ် 8 နှစ်ကတ်ထပ်ရလိုက်ပါက “Royal Flush”ပဲ! တကယ်လို့ နောက်ထပ် 8 တစ်ကတ်နှင့် တစ်ခြားတစ်ကတ်,ကတ်ရလိုက်လျှင်တောင်မှ “Four of a kind” ဖြစ်နိုင်သေးတာကြောင့် ရလဒ်ကောင်းပင်။

ဒါပေမယ့်လဲ သူရချင်သည့်ကတ်ရဖို့က အလွန်ခက်ခဲလှသည်။

*** 

အခန်း ၈၈၂ ကုနင်းနိုင်ပြန်ပြီ

ကုနင်း “Straight Flush” ရသွားမည်အား ဖန်းကျီဟောက်စိုးရိမ်မိပေမည့် ဒါကလဲ ခက်ခဲလှသည်။

သူမ၏မှောက်ထားသောကတ်က ဘာမှန်းသူမသိသော်လည်း သူ့မှာတော့ Spades 8 ရှိထားပြီဖြစ်သည်။ ကုနင်း၏ ဖွင့်ထားသောကတ်များက Q နှင့် 9ဖြစ်သည်။ ဒါကြောင့် သူမသာ “Straight Flush” ဖြစ်လိုလျှင် Spades 9,10,J,Q သို့မဟုတ် Kကတ်ကို လိုအပ်သည်။

သူမ၏မှောက်ထားသောကတ်ကလွဲပြီး ဖွင့်ပြထားသောကတ်များနှင့်တော့ “Straight Flush” ဖြစ်ဖို့ မလုံလောက်သေးပေ။

ကုနင်းက တိုကင်ပြားများ ဆက်တိုက်ထည့်နေကာ တစ်ခါထည့်တိုင်းလဲ နှစ်ဆတိုးသွားသည်။ သူမနောက်ထပ် တိုကင်လေးပြားတင်လိုက်ချိန်မှာတော့ Spades Kကတ်ကိုရလိုက်သည်။

အခုဆို ကုနင်းတွင် 9,10,Q နှင့် Kကတ်များရရှိနေပြီဖြစ်သည်။ သူမအနေနှင့် Spades Jတစ်ကတ်သာလိုတော့ကာ ထိုကတ်ရသည်နှင့် “Straight Flush” ဖြစ်ပေပြီ။

တကယ်တော့ ကုနင်း ကစားပွဲစကတည်းက ကျောက်စိမ်းမျက်ဝန်းဖြင့် ကြည့်ထားတာကြောင့် ဖန်းကျီဟောက် “Four of a kind”လုပ်ဖို့ပြင်နေကြောင်း သိကာ သူမကတော့ “Straight Flush” ပင်။ ဒါကြောင့်ပဲ ကုနင်း လောင်းကြေး ဆက်တိုက်တိုးနေခြင်းဖြစ်သည်။

ကုနင်း၏ကတ်များကိုမြင်ရပြီးနောက် ဖန်းကျီဟောက် အနည်းငယ်စိုးရိမ်ပူပန်လာခဲ့သည်။ သို့သော်လည်း အခုဆို သူ့လက်ထဲမှာ 8 သုံးကတ်ရောက်နေပြီဖြစ်တာကြောင့် အခုမှအရှုံးပေးလိုက်ဖို့ မဖြစ်နိုင်ပေ။ ဒါကြောင့် သူလဲ နောက်ထပ်တိုကင်လေးပြား လိုက်,လိုက်ကာ၊ နောက်ထပ် Hearts 8 တစ်ကတ်ရလိုက်သည်။

သူ့လက်ထဲတွင် 8 လေးကတ်ရောက်နေပြီဖြစ်တာကြောင့် ဖန်းကျီဟောက် ပိုလို့စိတ်လှုပ်ရှားလာသော်လည်း ခံစားချက်ကို မပေါ်လွင်စေပေ။

လူအများကတော့ သူ့နောက်တွင် ဆွေးနွေးနေကြပြီဖြစ်သည်။

“ဘုရားရေ၊ သူ “Four of a kind” လုပ်နိုင်တော့မှာလား?”

““Four of a kind”မဟုတ်တောင် “Full House”တော့ ရနိုင်တယ်။”

“အံ့ဩစရာပဲ!”

“ဟိုအမျိုးသမီးသာ “Straight Flush”မရရင် လူကြီးမင်းဖန်းနိုင်မှာပဲ။”

“အမ်၊ သူ “Straight Flush”ရနိုင်လောက်လား? သူ့မှာ အခုဆို Spades 9,Qနဲ့ Kရှိနေပြီလေ။ သူမှောက်ထားတဲ့ကတ်ကသာ 10 ဒါမှမဟုတ် Jဆို “Straight Flush”ပဲ။”

““Straight Flush”ကို လွယ်လွယ်ရမယ်လို့ ငါတော့မထင်ဘူး။”

………

လူအများစုက ဖန်းကျီဟောက်နိုင်မည်ဟုယုံကြည်နေကြသည်။ ဟဲဟုန်ယွမ်ပင်လျှင် ဖန်းကျီဟောက်၏ကတ်များကိုမြင်ပြီး အနည်းငယ်အားတက်လာခဲ့သည်။

ဒိုင်က နောက်ဆုံးကတ်ဝေပေးတော့မည်ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ဖန်းကျီဟောက်ကတော့ “Four of a kind”ရတော့မည်။

ထိုအချိန်တွင်ပဲ ကုနင်းက နောက်ထပ် တိုကင်၈ပြားတင်လိုက်သည်။

ဒိုင်က ကုနင်းကို နောက်ဆုံးကတ်ပေးလိုက်ကာ Spades Jဖြစ်သည်။

“အိုးမိုင်ဂေါ့ဒ်၊ အဲ့ဒါ “Straight Flush”ဖြစ်နိုင်လောက်လား?”

လူတိုင်းထိတ်လန့်အံ့အားသင့်နေကြသည်။

ဖန်းကျီဟောက်နှင့် ဟဲဟုန်ယွမ်တို့ကတော့ စိတ်ပျက်သွားကြသည်။ ကုနင်းသာ “Straight Flush”ရသွားမည်ဆိုလျှင် သူတို့ထပ်ရှုံးပေဦးမည်။ ထို့အပြင် ကုနင်းပုံစံက နည်းနည်းလေးတောင် စိုးရိမ်ပူပန်နေပုံမရပေ။

ကုနင်း၏ ဖွင့်ပြထားသောကတ်များအရ “Straight Flush” ဒါမှမဟုတ် “Straight”ဖြစ်နိုင်သည်။

ဖန်းကျီဟောက်၏ဖွင့်ပြထားသော 8 သုံးကတ်အရ လူများအမြင်မှာတော့ သူ “Four of a kind” ဒါမှမဟုတ် “Full House”ရမည်ဟု ထင်နေကြသည်။

သူသာ “Full House”ရခဲ့မည်ဆိုလျှင် ကုနင်းဘက်က “Straight Flush” ဒါမှမဟုတ် “Straight” ဘာပဲဖြစ်နေနေ နိုင်သွားမည်ဖြစ်သည်။ တကယ်လို့ သူသာ “Four of a kind”ဆိုလျှင် သူမသာ “Straight”တွေဆိုပါက သူသာနိုင်ပေမည်။

ထိုသို့တွေးမိပြီးနောက် ဖန်းကျီဟောက်အနည်းငယ် စိတ်အေးသွားသည်။

သူလဲ နောက်ထပ်တိုကင်၈ပြားတင်လိုက်ကာ သူ့နောက်ဆုံးကတ် Hearts Kကိုရလိုက်သည်။

အဆုံးမှာတော့ နှစ်ဖက်လုံးတွင် ကတ်ငါးကတ်စီရှိနေပြီဆိုသော်လည်း မှောက်ထားသည့်ကတ်ကိုမဖွင့်ပြခင် လောင်းကြေးတင်ဖို့လိုသေးသည်။

ဖန်းကျီဟောက်လောင်းကြေးမြှင့်လိုက်သည်နှင့် ကုနင်းလဲ သူမ၏မှောက်ထားသောကတ်ကိုဖွင့်ပြလိုက်လျှင် လောင်းကြေးလိုက်ရပေမည်။ မဟုတ်လို့ကတော့ သူမအရှုံးပေးလိုက်ရာရောက်သွားမည်။

ဒီလိုအချိန်ရောက်မှတော့ ရှေ့ကလောင်းထားသမျှ တိုကင်အားလုံးအရှုံးခံကာ ဘယ်သူဘက်မှ အလျှော့မပေးလိုတော့ပေ။

ကုနင်းသာ အခုချိန်မှာ အရှုံးပေးလိုက်ပါက သူမရှေ့ကလောင်းထားသမျှ အလဟသဖြစ်သွားပေမည်။ ဘာပဲဖြစ်ဖြစ် ဤတစ်ခေါက် သူမ “Straight Flush” ရမှာပဲမဟုတ်လား!

ကုနင်းကတ်ဖွင့်လိုက်လျှင် “Straight Flush” ဖြစ်သွားမည်ကို ဖန်းကျီဟောက်အနည်းငယ် စိုးရိမ်နေမိတာကြောင့် အန္တရာယ်ကိုသိပ်မယူရဲဘဲ တိုကင်အားလုံးမလောင်းလိုက်ပေ။ သူသာအကုန်လောင်းလိုက်ပါက သူ့ငွေတွေအားလုံး ဆုံးရှုံးသွားနိုင်သည်။

ကုနင်း၏လောင်းကစားစွမ်းရည်ကို သူကြောက်နေပြီဖြစ်တာကြောင့် သူ့လက်ထဲမှာ ကတ်ကောင်းတွေရှိနေလျှင်တောင် သတိထားရပေဦးမည်။

ဒါကြောင့် ဖန်းကျီဟောက်က တိုကင်၁၀ပြားတင်လိုက်ပြီး ကုနင်းလဲ ထိုအတိုင်းလိုက်,လိုက်သည်။

ဖန်းကျီဟောက် သူ့မှောက်ထားသည့်ကတ်ကို ဖွင့်လိုက်ချိန်မှာပဲ လူတိုင်းကို အံ့အားသင့်သွားစေတော့သည်။

“ဘုရားရေ ၊ အဲ့ဒါ “Four of a kind”ပဲ!”

“သူမသာ “Straight Flush”မရရင်တော့ ရှုံးပြီ။”

သူတို့လောင်းထားသမျှ တိုကင်စုစုပေါင်းသည် ယွမ်သန်း၂၅၀ရှိပေသည်။

ဖန်းကျီဟောက်၏ကတ်ကိုဖွင့်လိုက်ပြီးသည်နှင့် လူတိုင်းက ကုနင်းဘက်သို့ တစ်ပြိုင်တည်းလှည့်ကြည့်လိုက်ကြသည်။

အနည်းဆုံးတော့ ကုနင်းလန့်သွားလောက်သည်ဟု သူတို့တွေးမိကြသော်လည်း သူမကတော့ ပုံမှန်အတိုင်း အေးဆေးတည်ငြိမ်နေတာကြောင့် ဟဲဟုန်ယွမ်နှင့် ဖန်းကျီဟောက်တို့သာ စိုးရိမ်ပူပန်လာကြရသည်။

သူမတကယ်ပဲ “Straight Flush”ရသွားတာလား?

ကုနင်း ကတ်ကိုဖွင့်ပြလိုက်ချိန်မှာတော့ Spades 10ပင်!

“အိုးမိုင်ဂေါ့ဒ်၊ “Straight Flush”ပဲ။”

“ငါ့တော့ မယုံကြည်နိုင်တော့ဘူး!”

……….

တချို့က အလွန်အံ့အားသင့်နေကာ တချို့ကတော့ လက်မခံနိုင်ကြပေ။

ဟဲဟုန်ကျဲ့ကတော့ သေချာပေါက် ပျော်ရွှင်နေကာ ဖန်းကျီဟောက်သည်တော့ လက်မခံနိုင်ဖြစ်နေသည်။

ဒုတိယမြောက်လောင်းကစားနည်းမှာတော့ ကုနင်းတွင် ယွမ်၁.၀၁ဘီလီယမ်ရသွားပြီဖြစ်သည်။

သူမလုပ်နိုင်သလိုမျိုး ဘယ်သူကမျှ လွယ်လွယ်ကူကူ ငွေအများကြီးရှာနိုင်ကြမည်မဟုတ်ပေ။

တကယ်တမ်း ကုနင်းကတော့ ကျောက်အလောင်းအစားလုပ်ခြင်းကသာ ငွေအများဆုံးဝင်သည်ဟု တွေးနေမိသည်။ တခြားလောင်းကစားနည်းတွေကိုတော့ သူမတကယ်ပဲ သိပ်ပြီးစိတ်မဝင်စားပေ။

……

နောက်ထပ် နှစ်ပွဲသာကျန်တော့သည်။

အခုဆိုလျှင် ဖန်းကျီဟောက် သူ့မှာရှိ,ရှိသမျှ ယုံကြည်ချက်များ ပျောက်ဆုံးနေပြီဖြစ်ကာ ကံမကောင်းဘူးဟု စတင်ခံစားနေပေပြီ။

၉ပွဲမြောက်မှာတော့ ကုနင်းမနိုင်ဘဲ ယွမ်၁၀သန်းရှုံးသွားသည်။

၁၀ပွဲမြောက်မှာတော့ ဖန်းကျီဟောက်၏ကတ်များက ဆိုးဆိုးရွားရွားဖြစ်နေတာကြောင့် အရှုံးပေးလိုက်ကာ ကုနင်းယွမ်၁၀သန်းပြန်ရလိုက်သည်။

အဆုံးမှာတော့ ကုနင်းလက်ထဲတွင် ယွမ်၁.၀၁ဘီလီယံရှိသွားပေပြီ။

လူအများ၏အမြင်မှာတော့ ထိုပမာဏမှာ လွန်စွာများပြားလွန်းလှသည်။

“ထပ်ပြီးအနားယူချင်သေးလား?” ဟဲရီရှောက်က ဟဲဟုန်ယွမ်ကို မေးလိုက်သော်လည်း ထိုသူများ၏ကျရှုံးမှုကြောင့် ဝမ်းသာနေဟန်ကို မဖုံးကွယ်နိုင်ပေ။

*** 

အခန်း ၈၈၃ အကြွေစေ့စက်ကစားရအောင်

တကယ်တော့ ဟဲဟုန်ယွမ် သေမလိုဒေါသထွက်နေတာကြောင့် စိတ်လျှော့ဖို့ရန် အနားယူခဲ့ခြင်းဖြစ်သည်။ ဒီကနေ့ အရှုံးများနှင့် ရင်ဆိုင်ရပြီးချိန်တွင် သူ့ခန္ဓာကိုယ်အခြေအနေ လွန်စွာဆိုးရွားသွားကြောင်း လက်မခံလိုသော်လည်း သူ့ခန္ဓာကိုယ်ကို ပိုပြီးဂရုစိုက်ရပေမည်။ သို့သော်လည်း ဟဲရီရှောက်ဘက်က ထိုသို့မေးခွန်းမျိုးမေးလာတာကြောင့် သူ့သိက္ခာသူကာကွယ်ရန်အတွက် ငြင်းဆိုလိုက်သည်။ " မလိုတော့ဘူး။ ကျေးဇူးပဲ။"

ဟဲရီရှောက်ကတော့ တာဝန်အရသာမေးခြင်းဖြစ်ပြီး ဟဲဟုန်ယွမ်၏ ခန္ဓာကိုယ်အခြေအနေဘယ်လောက်ဆိုးဆိုး စိတ်မဝင်စားပေ။ ဟဲဟုန်ယွမ်ဘက်က အနားမယူချင်ဘူးဆိုမှတော့ ကစားပွဲကို ဆက်သွားပေမည်။ "ကောင်းပြီ။ ဒါဆို ဒီနေ့ပြိုင်ပွဲအတွက် မိန်းကလေးထန်ဘက်က ကစားနည်းရွေးပေးပါဦး။"

"အကြွေစေ့စက်ကစားကြတာပေါ့။"

"ဘာ? အကြွေစေ့စက်?"

ထိုစကားကြောင့် လူတိုင်းအံ့အားသင့်ကုန်ကြတော့သည်။ ကုနင်းဘက်က မာကျောက်နှင့်တခြားသော လူကြီးကစားနည်းများကို ရွေးလိမ့်မည်ဟု သူတို့အားလုံးတွေးထားကြပေမည့် တကယ်တမ်း ကုနင်းက ကလေးဆန်ဆန် အကြွေစေ့ကစားနည်းကို ရွေးသွားသည်။

အကြွေစေ့စက်ကစားနည်းကလဲ ကာစီနိုလောင်းကစားနည်းတစ်မျိုးဖြစ်ပေမည့် အပျော်တမ်းကစားနည်းမျိုးနှင့် ဆင်တူလှသည်။ ဒါကြောင့် တကယ့်ပြိုင်ပွဲကြီးမျိုးတွင် ကုနင်းက ရုတ်တရက်ဆိုသလို အကြွေစက်ကစားနည်းကို ထည့်သွင်းလာသည်က ဒရမ်မာဆန်လှသည်။

ဒါက လောင်းကစားလုပ်နေတာနဲ့မတူတော့ဘဲ ပျော်ပွဲရွှင်ပွဲလုပ်နေတာနဲ့ ပိုတူမနေဘူးလား။

နာမည်ကြီးလောင်းကစားသမားတစ်ယောက်ဖြစ်သလို Mမြို့လောင်းကစားဘုရင်၏ အလုပ်သင်ဟောင်းတစ်ယောက်အနေဖြင့် ဖန်းကျီဟောက်သည် ကာစီနိုလောကတွင်ကြီးပြင်းလာသူဖြစ်ကာ လောင်းကစားနည်းအားလုံးကို သိထားသည်။ ဘထို့အပြင် အကြွေစေ့စက်ကစားနည်းသည် သူအကျွမ်းကျင်ဆုံးလောင်းကစားနည်းထဲမပါဝင်ပေ။ ထိုသို့ဆိုလျှင်တောင် သူချက်ချင်းကြီးအရှုံးမပေးသ၍ ကုနင်း၏ရွေးချယ်မှုကို သူသဘောမတူ၍မရပေ။

သူသဘောမတူချင်ကြောင်း သိသာလွန်းနေသည်။ ဘာပဲဖြစ်ဖြစ် သူ့မှာမျှော်လင့်ချက်ရှိနေသ၍ ကြိုးစားကြည့်လိုက်ချင်သေးသည်။

"လောင်းကြေးကရော?" ဖန်းကျီဟောက်မေးလိုက်သည်။

"ရှင့်ဘက်က ဘယ်လောက်ပဲနိုင်နိုင်၊ ကျွန်မပေးမယ်။ အပြန်အလှန်ပေါ့။ ဘယ်လိုလဲ?" ကုနင်း ပြန်အမေးထုတ်လိုက်သည်။

ဖန်းကျီဟောက် ခဏမျှတုံ့ဆုတ်နေသော်လည်း သဘောတူလိုက်သည်။ "ရတယ်လေ။"

အစပိုင်းမှာတော့ အကြွေစေ့စက်ကစားနည်းဆိုသည်မှာ ဖန်းကျီဟောက်အမြင်တွင် အနိုင်ရဖို့ မလွယ်ကူသည့် ကစားနည်းဖြစ်တာကြောင့် အကြံကောင်းဟု မထင်လိုက်ပေ။ အကယ်၍ သူအနိုင်ရခဲ့လျှင်တောင်မှ သူရှုံးထားသမျှငွေအားလုံး ပြန်အနိုင်ရမည်မဟုတ်ပေ။

သို့သော်လည်း ယနေ့ကစားပွဲ၏ရှေ့နှစ်ပွဲတွင် ကုနင်းကိုရှုံးထားပြီးပြီဖြစ်တာကြောင့် ကုနင်းကို သူကြောက်နေမိပြီဖြစ်သည်။

ထို့အပြင် အကြွေစေ့စက်မှာ ကုနင်း၏ရွေးချယ်မှုဖြစ်တာကြောင့် သူမကိုယ်သူမယုံကြည်ချက်ရှိထားရပေမည်။

သူအခုထိ ရှုံးထားသမျှငွေပမာဏအရ ဤတစ်ခေါက်ကစားမည့် ၁၀ကြိမ်တွင် သူ "Prize Pool"ရလျှင်တောင်မှ သူ့ငွေအားလုံးပြန်မရနိုင်ပေ။

အကြွေစေ့စက်ထဲမှ တိုကင်များ၏တန်ဖိုးကတော့ ၁၀၀ယွမ်၊ ၁၀၀၀ယွမ် သို့မဟုတ် ၁၀၀၀၀ယွမ်ဖြစ်ကြကာ ပုံမှန်အားဖြင့် "Prize Pool"ထဲမှ တိုကင်များသည် အမြင့်ဆုံးအနေနှင့် ယွမ်သန်းတစ်ရာထက်တော့ ပိုများလေ့ရှိသည်။

ထို့ကြောင့် သူသာ "Prize Pool" ဆယ်ကြိမ်လုံးရမည်ဆိုလျှင်တောင်မှ ၁ဘီလီယံယွမ်ထက် နည်းနည်းလောက်သာပိုပေမည်။

ဘာပဲဖြစ်ဖြစ် လောင်းကြေးက သူ့အနိုင်ရနိုင်ချေနှင့်ဆန့်ကျင်ဘက်ပင်။

ဖန်းကျီဟောက် သူခွက်ခွက်လန်အောင်ရှုံးတော့မည်မှန်း သိနေကာ ရင်မဆိုင်လိုသော်လည်း လက်ခံပေးလိုက်ရသည်။

ဟဲဟုန်ယွမ်က ယနေ့ပြိုင်ပွဲ၏နောက်ဆုံးရလဒ်ကို မမြင်ရမချင်း လက်မလျှော့လိုပေ။

ကုနင်းနှင့်ဖန်းကျီဟောက်တို့၏တိုကင်ပြားတို့မှာ ယွမ်၁၀သန်းတန်များဖြစ်တာကြောင့် ကစားပွဲမစခင် တိုကင်များကို ပြန်လဲရပေမည်။

သူတို့က တစ်လှည့်လျှင်ယွမ်တစ်သိန်းကျမည့် ဘီးဆယ်ခုစာလုံးလောင်းကြမည်ဖြစ်တာကြောင့် ယွမ်တစ်သန်းဖိုး တိုကင်ပြား၁၀၀လဲလိုက်ကြသည်။

ပြီးခဲ့သည့်ကစားပွဲက ယွမ်၁၀သန်းဖြစ်ကာ အခုတော့ ယွမ်၁သိန်းဖြစ်နေတာကြောင့် လူများမှာ ထိုမျှကြီးမားသည့် ကွာဟချက်ကြောင့် အသားမကျသလိုတောင် ဖြစ်နေကြသည်။

ဆတိုးအနေနှင့် ၁၀၀ဆ၊ ၂၀၀ဆ၊ ၃၀၀ဆ၊ ၄၀၀ဆ၊ ၅၀၀ဆ၊ ၆၀၀ဆ၊ ၇၀၀ဆ၊ ၈၀၀ဆ၊ ၉၀၀ဆနှင့် ၁၀၀၀ဆတို့ဖြစ်သည်။

အကြွေစေ့စက်မှာ မတိုင်ခင်ကတည်းက ပရိုဂရမ်ကြိုသွင်းထားမည်အား ကာကွယ်ရန်၊ တစ်ဖက်လူ၏ကံတရားနှင့်သာ သက်ဆိုင်ကြောင်း သက်သေပြဖို့ရန်အတွက် အရင်ဆုံးတခြားလူများကို စစ်ဆေးအတည်ပြုခွင့်ပေးသည်။

ဖန်းကျီဟောက်က အရင်စကစားရမည့်သူပင်။

ဘီးဆယ်ခုလုံးကို လောင်းလျှင် အနိုင်ရချေပိုများက ဖန်းကျီဟောက်ကလဲ ကျွမ်းကျင်လောင်းကစားသမားတစ်ယောက်ဖြစ်တာကြောင့် သူအနိုင်ရနိုင်ချေပိုများလှသည်။

ပထမတစ်လှည့်အပြီးမှာတော့ ဖန်းကျီဟောက် ၈သန်းအနိုင်ရသွားသည်။

တိုကင်ပြား၈၀၀ကို ထုတ်ယူလိုက်သည်နှင့် နောက်ထပ်တိုကင်ပြား၈၀၀က အထဲမှာယွမ်သန်း၁၀၀ထက်မနည်းတာသေချာစေရန်အတွက် "Prize Pool"ထဲသို့ ပေါင်းထည့်သွားခဲ့သည်။

အကြွေစေ့စက်ကစားနည်းသည် သာမာန်ကစားသမားများအတွက်တော့ မလွယ်ကူလှတာကြောင့် ဖန်းကျီဟောက် ကောင်းကောင်းလုပ်နိုင်ခဲ့သည်ဟု ကြည့်ရှုသူများက တွေးကြသည်။

ထို့နောက် ကုနင်း၏အလှည့်သို့ရောက်လာခဲ့သည်။ လူတိုင်းကအခုဆိုလျှင် သူမ၏လုပ်ဆောင်ချက်အပေါ် မျှော်လင့်ချက်ကြီးကြီး ထားနေကြပြီဖြစ်သည်။

သူမက စစ်ပေါ်တွင်သာ ငါးကတ်ပိုကာမှာလဲ အနိုင်ရခဲ့သည်မဟုတ်လား။ ထို့အပြင် အကြွေစေ့စက်သည် သူမရွေးချယ်မှုဖြ်စတာကြောင့် သူမနိုင်ဖို့ ဖြစ်နိုင်ချေပိုများသည်။ ဘယ်သူကမှတော့ ကိုယ်ကောင်းကောင်းမကစားနိုင်သည့် ကစားနည်းကိုရွေးကြမည်မဟုတ်ပေ။

ဖန်းကျီဟောက်သည် ၅ကတ်ပိုကာကစားနည်းတွင် တော်တာကြောင့် ထိုကစားနည်းကို ရွေးလိုက်သော်လည်း ကုနင်းက သူ့ထက်ပိုတော်နေခဲ့သည်။

ကုနင်း၏ယခင်လုပ်ဆောင်ချက်များအရ ကုနင်းထပ်နိုင်လိမ့်ဦးမည်ဟု ယုံကြည်ကြသည့်လူက ပိုများနေသည်။

"မိန်းကလေးထန်၊ လုပ်လိုက်စမ်းပါ! မင်းနိုင်ဆိုတာ ငါယုံတယ်!" ခန့်ညားသည့်လူငယ်လေးတစ်ယောက်က အော်ဟစ်အားပေးလိုက်ကာ ကုနင်းကိုစိုက်ကြည့်ပြီး ပြုံးပြနေလေသည်။

ထိုအသံကြောင့် ကုင်းလဲ ကြင်နာမှုဖြင့် ထိုလူငယ်ကို ပြန်ပြုံးပြလိုက်တောကြောင့် လူငယ်လဲ အလွန်စိတ်လှုပ်ရှားသွားတော့သည်။

သို့ပေမည့် လင်ရှောင်းထင်ကတော့ မကျေနပ်တာကြောင့် လူငယ်ကို အေးစက်ခက်ထန်သည့်အကြည့်နှင့်ကြည့်လိုက်တော့သည်။

ကုနင်း သတိထားမိတာကြောင့် သူမခေါင်းကိုသာ ယမ်းခါမိတော့သည်။ သူမမှာ သဝန်တိုတတ်လွန်းတဲ့ချစ်သူတစ်ယောက်ပါလာတာ မေ့နေတာပဲ!

ထို့နောက် သူမ အကြွေစေ့စက်နားသို့လျှောက်သွားကာ တိုကင်ပြားများကို ထည့်လိုက်သည်။

ကုနင်း အခေါက်တိုင်းအနိုင်ရမည်ဟုတော့ ယုံကြည်ချက်ရှိပေမည့် အကြိမ်တိုင်း "Prize Pool"ပွင့်မလားကိုတော့ သေချာမပြောတတ်ပေ။

သူမ မောင်းကိုဆွဲလိုက်သည်နှင့် အကြွေစေ့စက်သည်လဲ ဆူဆူညံညံအသံများဖြင့် စတင်လှုပ်ရှားလာကာ တစ်ချိန်တည်းမှာပဲ ဆယ်ဘီးလုံးက လျင်မြန်စွာလည်သွားတော့သည်။

ကုနင်း သူမ၏ကျောက်စိမ်းမျက်ဝန်းဖြင့် ရုပ်ပုံများအတိအကျကျသွားစေမည့်အချိန်ကိုတွက်ချက်ကာ အချိန်ကျသည့်နှင့် ရပ်သည့်ခလုတ်ကို နှိပ်ချလိုက်သည်။

အကြွေစေ့စက်က ဘရိတ်ဆွဲခံလိုက်ရသည့်အသံနှင့် ရပ်သွားကာ ဆယ်ဘီးလုံးက ဘယ်မှညာဆီသို့ တစ်ခုချင်းရပ်သွားသည်။

လူတိုင်းက အကြွေစေ့စက်မှရုပ်ပုံများကို အာရုံစိုက်ကြည့်နေတာကြောင့် လေထုအခြေအနေမှာ တင်းကြပ်ဖိစီးလို့နေသည်။

*** 

အခန်း ၈၈၄ Prize Pool ပွင့်သွားပြီ

ဟဲဟုန်ယွမ်ခမျာ ကုနင်းရှုံးဖို့ ကြိတ်ဆုတောင်းနေရကာ ကျန်လူအားလုံးကတော့ သူမအနိုင်ရသည်အား မြင်ချင်နေကြသည်။

ထိုမြင်ကွင်းကြောင့် ဟဲဟုန်ယွမ် ဝမ်းနည်းကြေကွဲနေကာ တခြားလူများကတော့ ပိုလို့စိတ်လှုပ်ရှားနေကြသည်။

၄ခု၊ ၅ခု၊ ၇ခု နှင့် ၈ခုမြောက်ဘီးများတွင် ရုပ်ပုံများစွာပေါ်လာခဲ့သည်။

ပထမအလှည့်ပြီးနောက်မှာတော့ ကုနင်း ယွမ်၃၃သန်းရရှိသွားခဲ့သည်။

“ဘယ်-ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?” ဟဲဟုန်ယွမ် ဘယ်လိုမှလက်မခံနိုင်ပေ။

အခုဆို ဖန်းကျီဟောက်လဲ ရှုံးနိမ့်မှုကို အားပြင်းပြင်းနှင့်ခံစားနေရပေပြီ။ သူက ဒီအတိုင်းဆက်ရှုံးနေမည်ဆိုလျှင် သူချမ်းသာထားသမျှ တပြားမှမကျန်အောင်ကို မွဲပြာကျသွားပေလိမ့်မည်။ သို့သော်လည်း သူ့မှာ ရွေးချယ်စရာလမ်းရှိမနေပေ။

ဖန်းကျီဟောက်နှင့် ဟဲဟုန်ယွမ်တို့ စိတ်ညစ်နေကြစဉ်တွင် ပွဲကြည့်ပရိသတ်များကတော့ စိတ်လှုပ်ရှားနေကြသည်။

“ဝိုး၊ ငါးဘီးတောင်မှ ပုံပေါ်တာပဲ! အံ့ဩဖို့ကောင်းလိုက်တာ!”

“ပြီးတော့ ဆတိုးတွေကလဲ အမြင့်ကြီးတွေချည်းပဲ။”

“အရင်က ဒီလောက် တိုကင်တွေအများကြီးထွက်တာ တစ်ခါမှမမြင်ဖူးဘူး!”

……………

ဟဲဟုန်ကျဲ့လဲ အံ့အားသင့်လို့နေသည်။ ကုနင်းက သူမနိုင်မည်ဟု ယုံကြည်ချက်ရှိကြောင်း သူ့ကိုပြောထားသော်လည်း လက်တွေ့မြင်ရချိန်တွင် အံ့ဩနေမိစဲပင်။

ကုနင်း ယနေ့လုပ်ဆောင်သွားသမျှက သူ့အသိအမြင်များကို ကျော်လွန်နေသည်ချည်းသာ။

တကယ်တော့ နောက်ထပ်လဲ ပိုကျော်လွန်မှာတွေ လာဦးပေမည်!

အကြွေစေ့စက်ထဲမှ အကြွေစေ့မြောက်များစွာ ထွက်ကျလာသည်အားမြင်ရလေ လူတိုင်း ကုနင်းကို အားကျမိကာ ထိုသို့အနိုင်ရသူက သူတို့ဖြစ်ဖို့ဆုတောင်းမိကြတော့သည်။

အခုဆို စိတ်ဖိစီးမှုအလွန်များနေပြီဖြစ်သည့် ဖန်းကျီဟောက်ကတော့ နောက်ထပ် တည်ငြိမ်အေးဆေးစွာမနေနိုင်တော့တာကြောင့် စိတ်ဆင်းရဲမှုများစွာဖြင့် သာမာန်ကာလျှံကာသာ ရပ်သည့်ခလုတ်ကို နှိပ်လိုက်တော့သည်။

ဤတစ်ခေါက်မှာတော့ တစ်ဘီးပဲပုံပါကာ ယွမ်၁သန်းသာရခဲ့သည်။ သူများများပိုရှုံးလေ ပိုစိတ်မတည်ငြိမ်လာလေဖြစ်ကာ သူပိုစိတ်မတည်ငြိမ်လေ ပိုလိုဆုံးရှုံးလေဖြင့် လုံးလည်ချာလည်ရိုက်နေတော့သည်။ အချိန်ကုန်လာလေ ဖန်းကျီဟောက်၏ထိန်းချုပ်နိုင်စွမ်းများ ပိုလို့ပျောက်ဆုံးလာလေပင်။

“မင်း ဘယ်လိုလုပ်ယွမ်၁သန်းပဲနိုင်ရတာလဲ?” ဟဲဟုန်ယွမ် မကျေမနပ်ပြောလိုက်သည်။

ကုနင်းအလှည့်ပြန်ရောက်လာကာ ဒုတိယပွဲမှာတော့ သူမ ယွမ်၂၇သန်းအနိုင်ရသွားသည်။

လူတိုင်းထပ်မံပြီး အံ့အားသင့်သွားကြပြန်သည်။

“ဘုရားရေ၊ အကြွေစေ့စက်ကစားနည်းက ဘယ်တုန်းကစပြီး ဒီလောက်လွယ်ကူသွားတာတုန်း?”

“မိန်းကလေးထန်အတွက်တော့ ငွေရှာရတာ အရမ်းလွယ်ပုံပဲ!”

“ငါတော့ မနာလိုဖြစ်လာမိပြီ။”

………

“ဘာလို့လဲ? ဘာလို့ သူကျတော့ အကြိမ်တိုင်း အများကြီးနိုင်နေတာတုန်း? ဒီအကြွေစေ့စက်က တစ်ခုခုမှားနေတာပဲဖြစ်ရမယ်!” ဟဲဟုန်ယွမ် အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။

“ဟုတ်တယ်၊ ရှင်တို့ဘက်က တစ်ခုခုလုပ်ထားတာပဲဖြစ်မယ်။” ဟဲယီရှီကလဲ သူမအဖေနှင့်ပူးပေါင်းလိုက်သည်။

ဒီလို ကြောင်းကျိုးမသင့်သည့် သံသယနှင့် ကြုံရတာက ဟဲမိသားစုများကို ကျေမနပ်ဖြစ်သွားစေကာ ဟဲရီရှောက် ပြန်ပြောတော့သည်။ “သခင်ဟုန်ယွမ်၊ ခင်ဗျားရဲ့စကားအတွက် ခင်ဗျားတာဝန်ယူသင့်တယ်နော်။ ကစားပွဲမစခင်ကတည်းက ကျွန်တော်တို့ ဒီစက်ကို စစ်ဆေးထားကြတာ။ အားလုံးအဆင်ပြေပြေ အလုပ်လုပ်နေတာလဲ ခင်ဗျားမျက်မြင်ပဲလေ။”

“မင်း…” ဟဲဟုန်ယွမ် ဘာဆက်ပြောလို့ပြောရမှန်း မသိတော့ပေ။ သူထပ်ပြီးအဆုံးရှုံးမခံနိုင်တော့သော်လည်း အခုတောင်မှ အားလုံးဆုံးရှုံးနှင့်ပြီးပြီကို လက်ခံရပေမည်။

“ဒီနေ့ပြိုင်ပွဲရဲ့ရလဒ်က အခုဆို အရမ်းသိသာနေပါပြီ။ ဘာလို့အရှုံးကို ဝန်မခံလိုက်တာလဲ?” ဟဲစစ်ရင်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်သည်။

သူမစကားဆုံး,ဆုံးချင်းမှာပင်၊ ကုနင်းက ကြားဖြတ်ပြောလိုက်သည်။ “ငါတော့ မထင်ဘူး။ ငါတို့ ၁၀ပွဲကစားဖို့ သဘောတူထားမှတော့ ပြီးအောင်ကစားရမှာပေါ့။ ဒီနေ့ ငါငွေအများကြီးရှာသွားဖို့ စိတ်ကူးထားပြီးသား!”

ကုနင်း လောဘကြီးသလို သရုပ်ဖော်ပြနေသော်လည်း ဘယ်သူကမှ သူမကိုသဘောမကျကြောင်း မဖော်ပြပေ။ ထိုအစား သူမက ချစ်စရာကောင်းကာ အနိုင်ရဖို့ ထိုက်တန်သည်ဟုတောင် တွေးနေကြသည်။

သူတို့ ၁၀ပွဲကစားဖို့ သဘောတူထားမှတော့ ပြီးအောင်ကစားသင့်တာပေါ့! ထို့အပြင် ကုနင်းတစ်ချိန်လုံး ငွေတွေဒလဟောရနေတာကြောင့် သူမ,မရပ်လိုက်ချင်ပေ။

သူမ HKကို သိပ်မလာဖြစ်တာကြောင့် ရောက်တုန်းရောက်ခိုက် ရနိုင်သမျှများများ သယ်သွားရပေမည်။

ဟဲစစ်ရင်က ကုနင်းကိုလှည့်ကြည့်လိုက်ကာ သူမစကားကို ချက်ချင်းပြန်ပြောင်းလိုက်သည်။ “ဒါပေါ့၊ ငါက စလိုက်ရုံပါ။ ဆက်ပြီးကစားသင့်တာပေါ့။”

တကယ်တော့ ဟဲစစ်ရင်က ဟဲဟုန်ယွမ်တို့ကို အရှက်ခွဲလိုရုံ ပြောလိုက်ခြင်းဖြစ်သည်။

တတိယပွဲမှာတော့ ဟဲဟုန်ယွမ်ဝင်ကစားခဲ့သည်။

အားလုံးကိုအံ့အားသင့်သွားစေသည်ကတော့ တတိယပွဲ၏အရပ်ခလုတ်ကို ကုနင်းနှိပ်လိုက်ချိန်တွင် “Prize Pool” ရသွားခြင်းပင်ဖြစ်သည်။

“ဘုရားရေ! “Prize Pool”ပွင့်သွားပြီဟ!”

“ဝိုး၊ ငါ “Prize Pool”ပွင့်တာ တစ်ခါမှမတွေ့ဖူးဘူး!”

………

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ဘယ်လိုလုပ်များဖြစ်နိုင်မှာလဲ?” ဟဲဟုန်ယွမ် ဒေါသများအလွန်ထွက်လာတာကြောင့် လဲကျမလိုဖြစ်သွားကာ ဟဲယီရှီက အချိန်မီ တွဲပေးလိုက်ရသည်။

“ဒါလုံးဝမဖြစ်နိုင်ဘူး!” ဟဲယီရှီသည်လဲ သူမမြင်နေရသည့် မြင်ကွင်းကိုမယုံကြည်နိုင်သေးပေ။

ဖန်းကျီဟောက်သည်လဲ ထိုမြင်ကွင်းကြောင့် ကြောင်အနေခဲ့သည်။ ကုနင်း တစ်လှည့်တည်းနဲ့ ယွမ်သန်း၁၀၀ကျော်ရသွားတာပေါ့!

အခုဆို ဟဲဟုန်ကျဲ့က ပိုလို့တောင်ထိတ်လန့်အံ့ဩသွားရတော့သည်။ တကယ်တမ်း ကုနင်းနိုင်နေခဲ့သည်က သူ့မိသားစု၏စီးပွားရေးမှ ငွေများဖြစ်ကြောင်းကို လုံးဝမေ့နေတော့သည်။ ဘာပဲဖြစ်ဖြစ် ပြိုင်ပွဲမှာ သူအနိုင်ရသ၍ ထိုငွေများကို သူ့မျက်စိထဲထည့်မနေပေ။

အခုဆို “Prize Pool”ထဲမှ ဘာမှမရှိတော့တာကြောင့် တိုကင်ပြားများက ချက်ချင်းဆိုသလို ဒလဟောကျလာတော့သည်။

ဟုန်ယွဲ့ဟွမ်ကတော့ ကုနင်းကို အချိန်အတော်ကြာအောင် စေ့စေ့ကြည့်လို့နေသည်။ ဒီအမျိုးသမီး မယုံနိုင်လောက်အောင် အံ့ဩဖို့ကောင်းတာပဲ!

ဟဲမိသားစုက သူမကိုဘယ်လိုများရှာခဲ့ပါလိမ့်? အရင်က လောင်းကစားလောကမှာ သူ့နာမည် ဘာလို့မကြာဖူးတာလဲ? လူသစ်မို့လို့လား?

ဟုန်ယွဲ့ဟွမ် တစ်ကိုယ်တည်းတွေးနေမိသည်။ ယနေ့ပြိုင်ပွဲသတင်းသာ ပျံ့သွားခဲ့လျှင် “ထန်အိုက်နင်း”ဆိုသည့်နာမည်က မြို့ကြီးတိုင်း၏လောင်းကစားနယ်ပယ်တွင် အာရုံစိုက်ခံရပေတော့မည်။

မရေမတွက်နိုင်သည့် ကျွမ်းကျင်လောင်းကစားသမားများကလဲ “ထန်အိုက်နင်း”ကိုရှာကာ သူမနှင့်ယှည်ပြိုင်ကြပေလိမ့်မည်။ သို့သော်လည်း သူမက ထိုထူးချွန်လောင်းကစားသမားများထက် ပိုသာလိမ့်မည်ဟု ဟဲဟုန်ယွမ်ယုံကြည်နေမိသည်။

ကုနင်းလဲ ဟုန်ယွဲ့ဟွမ်၏အကြည့်ကိုသတ္တိပြုမိပေမည့် လျစ်လျူသာရှုထားလိုက်သည်။

***

အခန်း ၈၈၅ ဟဲဟုန်ယွမ် သတိလစ်သွား

ဟုန်ယွဲ့ဟွမ် သူမကို စူးစမ်းနေသည်အား ကုနင်း ဂရုမစိုက်ပေမည့် လင်ရှောင်းထင်ကပါ ဂရုမစိုက်ဟု မဆိုလိုပေ။ ထို့ကြောင့် လင်ရှောင်းထင်၏ အေးစက်စူးရှလှသည့်အကြည့်များက ဟုန်ယွဲ့ဟွမ်ထံသို့ကျရောက်သွားခဲ့သည်။ သူ့ချစ်သူကောင်မလေးကို ဘယ်သူ့ကိုမှ ခိုးယူသွားခွင့်မပြုနိုင်သည့် သဘောပင်။

ဟုန်ယွဲ့ဟွမ်သည်လဲ ထျန်းတိဟွေ့၏ဆက်ခံသူဖြစ်သည့်အလျောက် ထိုသတိပေးသည့်အကြည့်ကို သတိထားမိခဲ့ပေမည့် ထိုအကြည့်လားရာကို သူလှည့်ရှာချိန်တွင် တစ်ဖက်မှ အကြည့်က ရုတ်သိမ်းလို့သွားပေပြီ။ သို့သော်လည်း ထိုသို့အကြည့်လေးတစ်ချက်ကတင် ခြိမ်းခြောက်မှုကိုခံစားရတာကြောင့် ချက်ချင်းဆိုသလို သတိအနေအထားဖြစ်သွားတော့သည်။ လူကြားထဲဖြစ်နေလဲ သူ့ရန်သူဖြစ်နေမည်ကို စိုးရိမ်မိသည်။

ထျန်းတိဟွေ့မှာက ရန်သူတွေအများကြီးမဟုတ်လား။ ထို့အပြင် တစ်ဖက်လူ၏ရန်လိုကာ ထူးချွန်သည့်အရည်အချင်းအကြောင်းကို အကြည့်တစ်ချက်ဖြင့် သူအာရုံခံနိုင်တာကြောင့် သတိထားလိုက်ခြင်းဖြစ်သည်။

လင်ရှောင်းထင်ကတော့ ကုနင်းကို မကြည့်တော့သ၍ ဟုန်ယွဲ့ဟွမ်၏အတွေးများကို စိတ်မဝင်စားပေ။ ဟုန်ယွဲ့ဟွမ်သည်လဲ အန္တရာယ်များသည့်အကြည့်ကြောင့် စိတ်ရှုပ်နေကာ ကုနင်းကို ဆက်မကြည့်ဖြစ်တော့ပေ။

“လူကြီးမင်းဖန်း၊ ခင်ဗျားအလှည့်ပါ။”

“Prize Pool” ထဲမှာ တိုကင်ပြားတွေပြန်ပြည့်သွားတာတောင်မှ ဖန်းကျီဟောက်က ဒီအတိုင်းရပ်နေသေးတာကြောင့် ဟဲရီရှောက်က သူ့ကိုကစားဖို့ သတိပေးလိုက်ခြင်းဖြစ်သည်။

ဖန်းကျီဟောက်မှာ သူ့ငွေတွေမြောက်မြားစွာ ဆုံးရှုံးနှင့်နေပြီဖြစ်တာကြောင့် ကစားပွဲကိုဆက်ဖို့ တွန့်ဆုတ်လို့နေပေပြီ။ ဒီလိုအခြေအနေမျိုးမှာ ဘယ်သူမဆို စိတ်အေးအေးထားနိုင်တော့မှာမဟုတ်ဘူး! ဘာပဲဖြစ်ဖြစ် အခုအရှုံးပေးလိုက်ဖို့ဆိုတာကလဲ သူ့မှာဆုံးဖြတ်ပိုင်ခွင့်မရှိနေပေ။

ဟဲဟုန်ယွမ်လို အရှုံးကိုလက်မခံချင်သည့်လူသာ ဖန်းကျီဟောက် အနိုင်ရဖို့မျှော်လင့်နေပြီး ကျန်လူအားလုံးကတော့ ကုနင်းသာအနိုင်ရရှိသူဖြစ်မည့်အကြောင်း ချွင်းချက်မရှိယုံကြည်လို့နေကြပေပြီ။

ထို့ကြောင့် ဘယ်သူကမှ သူတို့ဘက်ကို အာရုံမစိုက်ကြတော့ပေ။

ဖန်းကျီဟောက်လဲ ထပ်ပြီးမရှုံးစေရန်အတွက် အတတ်နိုင်ဆုံးကစားပွဲကိုအာရုံစိုက်ဖို့ စိတ်ကိုတည်ငြိမ်အောင် ထိန်းနေရသည်။ ဤတစ်ကြိမ်တွင်တော့ သူယွမ်၁၂သန်းရရှိသွားခဲ့သည်။

အစောက ကုနင်း “Prize Pool” တစ်ခုလုံးကိုရရှိသွားတာကြောင့် ဖန်းကျီဟောက် ယွမ်ဆယ်သန်းကျော်ရသည့်အပေါ် ဘယ်သူကမှ မအံ့ဩသွားကြတော့ပေ။

ဖန်းကျီဟောက် ကိုယ်တိုင်လဲ တစ်ကြိမ်လောက် “Prize Pool” ပွင့်သွားဖို့ မျှော်လင့်လို့နေသည်။

ကုနင်းတောင် တစ်ကြိမ်“Prize Pool” ပွင့်သွားခဲ့တာကြောင့် ပွင့်နိုင်ချေရှိ၍ ဟဲဟုန်ယွမ်လဲ မျှော်လင့်နေမိသည်။

သို့သော်လည်း ကုနင်းကတော့ ဤတစ်ပွဲတွင် ယွမ်၂၈သန်းရခဲ့ကာ ဖန်းကျီဟောက်ထက် နှစ်ဆပိုများနေစဲပင်။

အခုဆို လူများလဲ ကုနင်းအနိုင်ရသည့်အပေါ် အသားကျသွားပေပြီ။

“မင်းအသုံးမကျဘူးလား? မိန်းမတစ်ယောက်ကိုတောင် အနိုင်မယူနိုင်ဘူး!” ဟဲဟုန်ယွမ် ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။

ထိုစကားကြောင့် ဖန်းကျီဟောက် ဒေါသထွက်သွားကာ အကြွေစေ့စက်ပေါ်မှ သူ့လက်ကိုချက်ချင်းဖယ်လိုက်ပြီး၊ “ဒါဆိုလဲ ခင်ဗျားကိုယ်တိုင်လုပ်ပါလား?”

“ဖယ်စမ်း! ငါ့ဘာသာလုပ်မယ်!” ဟဲဟုန်ယွမ် အော်ဟစ်လိုက်သည်။

အကြွေစေ့စက်ဘယ်လိုကစားရမလဲကို သူသိပေမည့် ကောင်းကောင်းတော့ မကစားနိုင်ပေ။ ဒါကြောင့် သူ့ခံစားချက်အပေါ်မူတည်ကာ ရပ်သည့်ခလုတ်ကိုနှိပ်လိုက်သည်။

ရလဒ်အနေနဲ့ ရုပ်ပုံတစ်ခုမှ ပေါ်မလာတာကြောင့် ဟဲဟုန်ယွမ် အလွန်ဒေါသထွက်သွားတော့သည်။

ဆန့်ကျင်ဘက်အနေဖြင့် ကုနင်းသည်တော့ ထပ်ပြီး “Prize Pool”ရသွားပြန်သည်။

“တကယ်ကြီးလား?”

“ငါ့အမြင်တွေမှားနေတာတော့မဟုတ်ပါဘူးနော်။”

“မိန်းကလေးထန်ကတော့ စံပဲ။”

“ငါအခု အိပ်မက်များမက်နေမိတာလား?”

“ငါကတော့ ပြောစရာစကားတွေ ပျောက်ရှကုန်ပြီ။”

…………..

ဖန်းကျီဟောက်လဲ ရလဒ်ကြောင့် ထိတ်လန့်သွားကာ သူကိုယ်တိုင်ကစားသည့်အလှည့်မဟုတ်တာကြောင့် ကံကောင်းသွားသည်ဟု ခံစားလိုက်ရသည်။ မဟုတ်လျှင် သူနောက်ထပ် ယွမ်သန်းပေါင်းများစွာဆုံးရှုံးရပေဦးမည်။

ဟဲဟုန်ယွမ်ကတော့ ထပ်ပြီးသည်းမခံနိုင်တော့ဘဲ သွေးတစ်ပွက်အန်ကာ မေ့လဲသွားတော့သည်။

“အဖေ? အဖေ?” ဟဲယီရှီ ထိတ်လန့်ကာ အော်ဟစ်တော့သည်။

“သခင်ဟုန်ယွမ်!” ဟဲဟုန်ယွမ်၏အစောင့်များကလဲ ချက်ချင်းရောက်လာကြသည်။

သူအနားရှိလူများသည်လဲ ကြောက်လန့်သွားကြသည်။ ဟဲဟုန်ယွမ် သူတို့နားမှာပဲ တကယ်ကြီးသေသွားမည်ကို ကြောက်နေကြခြင်းဖြစ်သည်။

“ငါတို့အခုချက်ချင်း သခင်ဟုန်ယွမ်ကို ဆေးရုံပို့ဖို့လိုတယ်။ ကျန်တဲ့ပွဲတွေကစားဖို့ကိုတော့ သခင်ဟုန်ယွမ်ပြန်သတိရလာတာကို စောင့်လို့ရပါတယ်။” ဟဲရီရှောက်ကပြောလိုက်သည်။ တကယ်တော့ ဟဲဟုန်ယွမ်မြန်မြန်သေသွားစေဖို့ မျှော်လင့်နေသော်လည်း သူ့ညီငယ်က အခုထိအန္တရာယ်ကြားမှာရှိနေသေးတာကြောင့် ဟဲဟုန်ယွမ် အသက်ဆက်ရှင်နေဖို့ လိုအပ်သည်။

“ခဏနေဦး။” ကုနင်း ထိုလူများကိုတားကာ ဟဲဟုန်ယွမ်ဆီသို့လျှောက်သွားသည်။

ဟဲဟုန်ယွမ်၏သက်တော်စောင့်များကလဲ ကုနင်း ဟဲဟုန်ယွမ်ကို ထိခိုက်အောင်လုပ်မည်စိုး၍ သူမလမ်းကိုချက်ချင်းပိတ်ရပ်လိုက်ကြသည်။

“မင်းဘာလိုချင်လို့လဲ?” သက်တော်စောင့်တစ်ယောက်က ကုနင်းကိုစိုက်ကြည့်ကာမေးလိုက်သည်။

“ငါသူ့ကိုကယ်ပေးနိုင်တယ်။” ကုနင်းပြောလိုက်သည်။ ကုနင်းစေတနာပိုလွန်းနေ၍မဟုတ်ဘဲ သူမငွေတွေ မြန်မြန်ရလိုခြင်းကြောင့်သာဖြစ်သည်။ ဒီအတိုင်းထားလျှင် ဟဲဟုန်ယွမ်ပြန်သတိရလာဖို့ သူမဘယ်လောက်ကြာကြာ စောင့်နေရမလဲမှမသိနိုင်ဘဲ?

ထိုအတွေးက ရက်စက်ကာ သွေးအေးလွန်းလှပေမည့် ဟဲဟုန်ယွမ်က သူမဂရုစိုက်သည်လူမှမဟုတ်ဘဲ။

“ကယ်နိုင်တယ်ပေါ့?”

လူတိုင်း အံ့ဩသွားကာ သံသယလဲဝင်သွားကြသည်။

“နင်ဒီလောက်ကြင်နာတတ်တယ်လို့ ငါတော့မထင်ဘူး။” ဟဲယီရှီက မုန်းတီးမှုအပြည့်ဖြင့် ကုနင်းကိုစိုက်ကြည့်လိုက်သည်။ ကုနင်းက ဟဲမိသားစုဘက်က ကူညီဖို့လာသူမဟုတ်လား။

“ဒါပေါ့၊ ငါကလဲ မကြင်နာတတ်ပါဘူး။ ဒီနေ့ပဲ ပြိုင်ပွဲကိုပြီးသွားစေချင်ရုံပါ။ ငါ့မှာ သူ့တစ်ယောက်အတွက် ဖြုန်းနေဖို့ အချိန်မရှိဘူး။” ကုနင်း သူမ၏တကယ့်ရည်ရွယ်ချက်ကို ဖုံးကွယ်ထားဖို့စိတ်ကူးမရှိနေပေ။

“နင်…”

ထိုစကားကြောင့် ဟဲယီရှီ ဒေါသထွက်သွားကာ ကုနင်းကိုပြစ်တင်ပြောဆိုတော့သည်။ “အခု ငါ့အဖေက အသက်အန္တရာယ်ရှိနေတာ။ နင်ကတော့ ငွေပဲလိုချင်နေတယ်လား?” ထိုစကားအရ ကုနင်း၏အပြစ်တွေချည်းပဲလို ဆိုလိုက်သလိုပင်။

“သူတော်တော်သွေးအေးတာပဲ။”

“ဟုတ်ပါ့၊ ဒီလိုတော့ မပြောသင့်ဘူးလေ။”

…………

လူအများက ကုနင်း၏အပြုအမူအပေါ် စတင်ဝေဖန်လာကြသည်။

လင်ရှောင်းထင်က ထိုလူများ ကုနင်းအပေါ် မကောင်းပြောသည်ကို သဘောမကျပေမယ့် အခုချိန်မှာ သူမကိုကာကွယ်ရန်အတွက် သူဘာမှမပြောနိုင်ပေ။ ထိုအစား ဟဲယီရှီကိုသာ ဖိအားပေးသည့်အနေဖြင့် စိုက်ကြည့်လိုက်သည်။

***

စာစဉ် ၅၉ ပြီး၏။

All Chapters