← Chapters

အခန်း (၈၈၆-၈၉၀)

Vol. 60 Ch. 886-890

အခန်း (၈၈၆-၈၉၀)

Vol. 60 Ch. 886-890

အခန်း ၈၈၆ ငွေကြောင့်ကယ်တင်ပေးလိုက်မယ်

ဘာဖြစ်တာလဲ? ဘာလို့ရုတ်တရက်ကြီး ငါအရမ်းအေးလာပြီး နေလို့ထိုင်လို့မကောင်းသလို ခံစားနေရတာလဲ? ဟဲယီရှီ သူမဘာသာတွေးလိုက်မိသည်။

ကုနင်းကို အပြစ်တင်နေကြသည်အား မြင်ရတော့ ဟဲမိသားစုကလဲ သေချာပေါက် ဘေးကရပ်ကြည့်နေစရာအကြောင်းမရှိပေ။ သို့သော်လည်း သူတို့ ကုနင်းကို ဝင်ရောက်မကာကွယ်ပေးရသေးခင်မှာပဲ ကုနင်းကိုယ်တိုင် နှုတ်ဟလာခဲ့သည်။ “ဒါပေါ့၊ နင့်အဖေထက် ငါ့ငွေကိုငါ ပိုဂရုစိုက်တာပေါ့။ နင့်အဖေရဲ့အခြေအနေဆိုးသွားတာ ငါနဲ့ဘာမှမပတ်သတ်ဘူးလေ၊ ပြီးတော့ ဒီနေ့ ငါတို့ကပြိုင်ဘက်တွေဆိုတာ နင်အမှတ်ရသင့်တယ်။ ဒီတော့ သူ့ကို ငါကယ်ပေးချင်တာကိုက အရမ်းအကြင်နာတရားရှိပေးရာရောက်နေပြီ။”

“နင်….” ဟဲယီရှီ ဒေါသထွက်သွားပေမည့် ကုနင်းပြောသွားသည်က အမှန်တရားဖြစ်ကြောင်းကိုတော့ လက်ခံလိုက်ရသည်။

ကုနင်း၏ ငြင်းဆိုချက်ကိုကြားလိုက်ရတော့ လူအများက သူမဘက်မှထောက်ခံလိုက်ကြပြန်သည်။ အခုဆို သူတို့က ပြိုင်ဘက်တွေပဲမဟုတ်လား။ ထို့အပြင် ကုနင်းက ငွေအတွက်ကြောင့်နဲ့ ဟဲဟုန်ယွမ်ကို ကယ်ပေးချင်တာဆိုရင်တောင်မှ သူမမှာ ဒီလိုကူညီပေးချင်တဲ့စိတ်လေးရှိတာကိုကာ ကြင်နာတတ်ရာရောက်နေပြီပဲ။

ကုနင်း လူအုပ်ကြီးကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး နောက်ထပ်,ထပ်ပေါင်းပြောလိုက်သည်။ “ကျွန်မ သွေးအေးတယ်လို့ ရှင်တို့ထင်နေကြတယ်လား? ထားပါ၊ ကျွန်မလဲ ဂရုမစိုက်ပါဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့က သူစိမ်းတွေပဲဟာကို၊ ဒါပေမယ့် ဒီနေ့ပြိုင်ပွဲက အရမ်းအရေးကြီးတဲ့အကြောင်းကိုတော့ ရှင်တို့အားလုံး သေချာသိထားကြပြီးဖြစ်မယ်လို့ ယုံတယ်။ ဒါက ဟဲမိသားစုအနာဂါတ်နဲ့သက်ဆိုင်နေတဲ့ပွဲပဲ။ ဒီအချိန်လေးကျမှ သခင်ဟုန်ယွမ်က ဘာကြောင့်နဲ့ ဟဲမိသားစုခေါင်းဆောင်နေရာရဖို့ သခင်ဟုန်ကျဲ့ကို စိန်ခေါ်တိုက်ခိုက်ရလဲဆိုတာကို ရှင်တို့တွေမတွေးနိုင်ကြတော့တာလဲ? အပေါ်ယံအကြောင်းပြချက်လေးကို ယုံသွားကြတဲ့အထိတော့ မထုံထိုင်ကြနဲ့နော်။”

ထိုစကားကိုကြားကာမှ ယနေ့ပြိုင်ပွဲသည် မရိုးရှင်းကြောင်း လူအများပြန်လည်သတိရသွားကြသည်။ တစ်ချိန်တည်းမှာပဲ ကုနင်းကို သူတို့အပြစ်တင်နေသင့်ရဲ့လားဆိုသည်ကိုလဲ စတင်တွေးတောလာကြသည်။

ယနေ့ပြိုင်ပွဲ၏ရည်ရွယ်ချက်အစစ်အမှန်ကို သူတို့တွေးတောမိသွားသည်နှင့် ဘယ်သူကမှ ဟဲဟုန်ယွမ်ကို ဂရုနာမသက်မိကြတော့ပေ။

ဟဲဟုန်ယွမ် ဘာလိုချင်လဲဆိုသည်ကို ဖန်းကျီဟောက်ကတော့ သေချာရှင်းရှင်းလင်းလင်း သိပေမည့် သူနှင့်ဘာမှမသက်ဆိုင်ပေ။ သူက ဟဲဟုန်ယွမ်၏ဧည့်သည်တစ်ယောက်မျှသာဖြစ်သည်။ ရလဒ်ဘယ်လိုပဲဖြစ်ဖြစ် အဆုံးမှာတော့ သူကအပြင်လူသက်သက်ပဲဖြစ်နေမည်သာ။

“အဓိပ္ပါယ်မရှိတာတွေမပြောနဲ့! ငါ့အဖေက ဟဲမိသားစုအနာဂါတ်ကိုထောက်ထားတဲ့အနေနဲ့ ဒီနေ့ပြိုင်ပွဲကိုလုပ်ရတာ! ” ဟဲယီရှီကတော့ ဆက်လက် ‘ဘူး’ခံငြင်းနေတုန်းပင်။

“ထားပါ၊ ယုံချင်ယုံ မယုံချင်နေပေါ့။” ကုနင်း စကားလမ်းကြောင်း ပြန်လွှဲလိုက်သည်။ “ငါ့အထင် နင့်အဖေကို အခုချက်ချင်း ပြန်သတိရလာအောင်လုပ်ပြီး ဒီနေ့ပြိုင်ပွဲကို လက်စသတ်သင့်တယ်။ ကျန်တဲ့ကိစ္စတွေကတော့ နင်တို့နဲ့ဟဲမိသားစုဘာသာ ရှင်းကြပေါ့။”

“မလိုဘူး။ ငါတို့ ဆေးရုံကိုပဲသွားမယ်။” ဟဲယီရှီက ကုနင်း၏အဆိုကို ချက်ချင်းပယ်ချလိုက်သည်။ သူမ ကုနင်းကိုမယုံနိုင်ပေ။

“ဘာလဲ? နင့်အဖေကို လူပုံအလယ်မှာ ငါအဆိပ်ခတ်ပစ်မှာကို ကြောက်နေတာလား? နင့်အဖေနဲ့ငါ့ကြားမှာ ဘယ်ပြဿနာမှမရှိဖူးပါဘူး။ နင့်အဖေက ငါ့ဆီမှာ ငွေလေးနည်းနည်းပါးပါးအကြွေးတင်နေလို့ ငါကပြန်လိုချင်ရုံတင်ပါ။” ကုနင်း နှာခေါင်းရှုံ့ကာပြောလိုက်သည်။ ဘာပဲဖြစ်ဖြစ် သူမ ဟဲဟုန်ယွမ်ကို ကယ်ချင်တယ်ဆိုတာ ငွေတစ်ခုတည်းအတွက်ကြောင့်နဲ့လေ။

ဟဲမိသားစုနဲ့ဟဲဟုန်ယွမ်ကြားက ရန်ကြွေးကိုတော့ ကုနင်းလဲ သူများမိသားစုတွင်းပြဿနာကို စိတ်ဝင်စားစရာအကြောင်းမရှိပေ။

ဟဲယီရှီ ဒေါသထွက်နေကာ၊ “မလိုဘူး၊ နင့်အကူအညီ မလိုအပ်ဘူး။ ငါ့အဖေကို ဆေးရုံပဲ ပို့လိုက်လို့ရတယ်။”

“ဘာလို့ ငါ့စကားကို ထပ်ခါထပ်ခါငြင်းနေတာလဲ? ဘာလဲ နင်တို့တစ်ခုခုကြံစည်ထားတာလား? နင့်အဖေက တမင်တကာ သတိမေ့သွားချင်ယောင်ဆောင်နေတာလား? သူ ငါ့ဆီမှာ အကြွေးတွေအများကြီးတင်နေတာနော်။”

တခြားလူများလဲ ထိုသို့သံသယမျိုးဝင်လာမိကြသည်။

“နင်ဘယ်လိုလုပ် ပြောထွက်တာလဲ?” ဟဲယီရှီ အသံကိုမြှင့်ကာ ပြန်ပြောလိုက်သည်။ “ငါ့အဖေက သွေးတောင်အန်သွားတာလေ!”

“အဲ့တော့ကော? အစောကလဲ သူသွေးအန်ခဲ့သေးတာပဲမဟုတ်လား?”

ဟဲယီရှီ ဒေါသထွက်လွန်း၍ ပြောစရာစကားပင်ရှာမရဖြစ်နေတော့သည်။

“ကဲပါ၊ ငါ သူ့ကိုသုံးမိနစ်အတွင်း ပြန်သတိရလာအောင်လုပ်ပေးနိုင်တယ်။ သူ့ခန္ဓာကိုယ်အခြေအနေလဲ မကြာခင်ပြန်ကောင်းလာလိမ့်မယ်လို့ ငါကတိပေးတယ်။ မဟုတ်ရင် “Prize Pool”က ယွမ်သန်းတစ်ရာကို ငါလျှော့ပေးလိုက်မယ်လေ။ ဘယ်လိုလဲ?”

ကုနင်း၏စကားဆုံးသွားသည်နှင့် လူတိုင်းအလွန်အံ့အားသင့်ကာ ကျန်နေတော့သည်။ သူမပုံစံက ကြီးမြတ်လှသည့်နတ်ဘုရားတစ်ပါးလိုတောင် ဖြစ်နေပေပြီ။

လူများစွာက သံသယဝင်နေကြသော်လည်း တချို့ကတော့ သိချင်စိတ်ပိုများနေကြသည်။

ဟဲဟုန်ကျဲ့ကတော့ ကုနင်းကိုယုံကြည်တာကြောင့် တားမြစ်ခြင်းမပြုပေ။ လင်ရှောင်းထင်၊ ကောင်းယိနှင့် ချောင်ယတို့ကလဲ ကုနင်းဘက်မှထောက်ခံကြသည်။

ကုနင်းကို ဟဲယီရှီမယုံကြည်သလို သူမအဖေ တကယ်သတိလစ်သွားမှန်း သူမသိနေသော်လည်း တခြားလူများ သူမစကားကိုယုံအောင် ဘယ်လိုလုပ်လို့လုပ်ရမှန်း မသိပေ။

ငွေအကြောင်းကိုတော့ သူမစိတ်ထဲထည့်မနေပေ။ အကြောင်းကတော့ ကုနင်းမှာ သူမအဖေကို ပြန်နိုးလာအောင်လုပ်နိုင်မည်ဟု ယုံကြည်ချက်ရှိနေကြောင်း သိထားလို့ဖြစ်သည်။

တကယ်တော့ သူမအဖေက ဒေါသထွက်လွန်း၍ သတိလစ်သွားခြင်းဖြစ်ကာ ခဏလောက်အနားယူပြီးသည်နှင့် ပြန်သတိရလာမှာဖြစ်သည်။

အဆုံးမှာတော့ ဟဲယီရှီ အလျှော့ပေးလိုက်ရတော့သည်။

ဟဲယီရှီတောင် ခွင့်ပြုပေးမှတော့ ဟဲဟုန်ယွမ်၏သက်တော်စောင့်များလဲ ဘေးကပ်ပေးလိုက်ကြသည်။

ထို့နောက် ကုနင်း ဆေးပုလင်းတစ်ခုကိုထုတ်ကာ ဆေးတစ်လုံးထုတ်ယူလိုက်ပြီး ဟဲဟုန်ယွမ်ကို တိုက်လိုက်ဖို့ရန် ဟဲယီရှီကိုပြောလိုက်သည်။

ဟဲယီရှီ ခဏတော့ တုံ့ဆိုင်းနေသော်ငြားလည်း ကုနင်းပြောသည့်အတိုင်းသာ လုပ်ခဲ့သည်။

***

အခန်း ၈၈၇ အလုံးစုံကျရှုံးခြင်း

လူအများက ဟဲဟုန်ယွမ်ကို စိုက်ကြည့်လို့နေကြသည်။ ဟဲဟုန်ယွမ်၏တုံ့ပြန်မှုလေးတစ်ခုကိုတောင် သူတို့အလွန်မပေးလိုကြပေ။

တချို့ကတော့ ဟဲဟုန်ယွမ် သုံးမိနစ်အတွင်းတကယ်ပဲ ပြန်သတိရလာမလားသိရအောင် သူတို့ဖုန်းများကိုပင် ထုတ်လိုက်ကြသည်။

“ဒီဆေးက တကယ်အစွမ်းထက်မယ်လို့ မထင်ထင်လား?” မကြာခင်အတွင်း သူတို့အဖြေကိုသိကြရမည်ဖြစ်သော်လည်း တစ်ယောက်က သိချင်စိတ်ပြင်းပြနေသေးသည်။

“မိန်းကလေးထန်ကို ကြည့်ရတာ အရမ်းယုံကြည်ချက်ရှိနေပုံပဲ။ ထိရောက်မှုရှိလောက်မယ်ထင်တယ်။”

“ဟုတ်တော့ဟုတ်ပါတယ်။ ဒါပေမယ့် ထိရောက်မှုအရမ်းကောင်းနိုင်မယ်လို့တော့ မထင်ဘူး။”

“စောင့်ကြည့်ကြတာပေါ့!”

…………

သို့သော်လည်း ဟဲဟုန်ယွမ်က တစ်မိနစ်အကြာမှာပဲ ပြန်သတိရလာတာကြောင့် အားလုံးအံ့ဩသွားကြတော့သည်။ ဟဲဟုန်ယွမ်၏ သွေးမရှိသလိုဖြူဖျော့နေသည့် မျက်နှာသည်လဲ ဖြည်းဖြည်းချင်း ပြန်လည်အရောင်တက်လာသည်။

“သခင်ဟုန်ယွမ်က တစ်မိနစ်တည်းနဲ့ကို သတိရလာတာပဲ!”

“အံ့ဩဖို့ကောင်းလိုက်တာ!”

“ဒီဆေးက တခြားရောဂါတွေကိုကော ပျောက်အောင် ကုနိုင်လောက်လား?”

“ဒါတော့ မင်း မိန်းကလေးထန်ကို မေးသင့်တယ်လေ။”

…………

လူအများက မှော်ဆေးစွမ်းအကြောင်း စတင်ပြောဆိုလာကြသည်။

ထိုလူများဆွေးနွေးပြောဆိုနေသည်ကို ဟဲဟုန်ယွမ်ကြားသွားချိန်မှာတော့ မျက်မှောင်သာ ကြုတ်လိုက်မိသည်။ သူတို့ဘာအကြောင်းတွေးပြောနေမှန်း သူနားမလည်ပေ။

“အဖေ၊ အဆင်ပြေရဲ့လား?” ဟဲယီရှီ စိတ်လှုပ်ရှားသွားသည်။ “တစ်နေရာရာက မသက်မသာဖြစ်နေသေးလား?”

ဟဲဟုန်ယွမ် ခေါင်းယမ်းပြလိုက်သော်လည်း ရုတ်တရက်ကြီး သူနေရအရမ်းကောင်းလာတာကြောင့် နားမလည်နိုင်ဖြစ်နေ၍ ဘာမှပြန်မပြောခဲ့ပေ။

ဘာတွေဖြစ်ကုန်တာလဲ?

ဟဲဟုန်ယွမ် နည်းနည်းပါးပါးလှုပ်ရှားလာသော်လည်း ဘာစကားမှပြောမလာတာကြောင့် သူတကယ်ပဲ သတိသေချာပြန်ရလာသည်လား မသေမချာဖြစ်ကုန်ကြသည်။

လူတိုင်းက သူ့လှုပ်ရှားမှုတွေကိုသာ စိုက်ကြည့်နေကြစဲပင်။

ခဏအကြာတွင်တော့ ဟဲဟုန်ယွမ်မှာ သူကြမ်းပေါ်မှာထိုင်နေမိကြောင်း သတိရသွားကာ ရှက်ရွံ့သွားပြီး ချက်ချင်းပင် ထရပ်လိုက်သည်။

“အဖေ၊ ဘယ်လိုခံစားရသေးလဲ?” ဟဲယီရှီက စိုးရိမ်ပူပန်စွာမေးလိုက်သည်။

“အရမ်းနေလို့ကောင်းတယ်။”

ထိုစကားကိုကြားကာမှ ဟဲဟုန်ယွမ် တကယ်နေကောင်းသွားပြီဖြစ်ကြောင်း လူတိုင်းသေချာသွားကာ ထပ်ပြီးအံ့ဩနေကြပြန်တော့သည်။

“ဝိုး၊ သခင်ဟုန်ယွမ် တကယ်ကြီးပြန်ကောင်းလာတာပဲ။”

“မိန်းကလေးထန်ရဲ့ဆေးကတော့ အံ့မခမ်းပဲ။”

ဟဲဟုန်ယွမ် မျက်မှောင်ကြုတ်သွားတော့သည်။ ထို့နောက် ကုနင်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဟဲယီရှီဘက်ကို ပြန်လှည့်ကာ၊ “ဘာတွေဖြစ်ကုန်တာလဲ?”

တခြားလူများပြောဆိုနေသည့်စကားများမှတစ်ဆင့် သူတစ်ချို့တစ်လေကိုတော့ ဖမ်းဆုပ်မိသော်လည်း သေချာမသိသေးပေ။

“အဖေ၊ အခုလေးတင် သတိလစ်သွားလို့ သမီးတို့က ဆေးရုံပို့မလို့လုပ်နေတာ။ ဒါပေမယ့် မိန်းကလေးထန်က အချိန်မဖြုန်းချင်တာကြောင့် အဖေ့ကို သူသုံးမိနစ်အတွင်းကုပေးနိုင်တယ်လို့ ပြောခဲ့တယ်။ သူ သမီးကို ဆေးတစ်လုံးပေးပြီး အဖေ့ကိုတိုက်ခိုင်းလိုက်တာ၊ တစ်မိနစ်တည်းနဲ့ အဖေပြန်သတိရလာတာပဲ။”

ထိုသတင်းကိုသိလိုက်တော့ ဟဲဟုန်ယွမ်လဲ အလွန်အံ့အားသင့်သွားတော့သည်။ သူ့လက်ရှိအခြေအနေက အရမ်းကောင်းနေတာကြောင့် ဆေးစွမ်းဘယ်လောက်ထက်ကြောင်း နားလည်လိုက်သည်။

ကုနင်း သူ့အသက်ကိုကယ်ခဲ့တယ်ဆိုရင်တောင်မှ သူမက ငွေအတွက်ကယ်ပေးတာဖြစ်မှန်းသိတာကြောင့် ကျေးဇူးတင်လိုစိတ်မရှိပေ။

ကုနင်းလဲ ကျေးဇူးမတင်လို့ စိတ်ထဲထားနေမည့်သူမဟုတ်ပေ။ “သခင်ဟုန်ယွမ်၊ ရှင်အခုနေလို့ကောင်းသွားပြီဆိုရင် ကျွန်မတို့ ကစားပွဲကိုဆက်ကြတော့မလား? နောက်ထပ်ငါးပွဲကျန်သေးတယ်လေ။”

ကုနင်းက သူကျေးဇူးတင်,တင် မတင်,တင် ဂရုမထားမှတော့ ဟဲဟုန်ယွမ်လဲ ထိုအကြောင်းကို စကားလုပ်ပြောမနေတော့ပေ။ သူက ဖန်းကျီဟောက်ကိုကြည့်လိုက်ကာ၊ “လူကြီးမင်းဖန်း၊ ကျေးဇူးပြုပြီး ကျန်တဲ့ပွဲတွေကို ကစားပေးပါဦး။”

သူတို့ ဆက်ပြီးလုံးရှုံးနေဦးမည်မှန်း သိသာနေတာကြောင့် ကျန်ပွဲများကို ဖန်းကျီဟောက် ဆက်ကစားဖို့ရန် တွန့်ဆုတ်နေသော်လည်း ကစားရပေမည်။ သူသာ ပွဲမပြီးခင်ထွက်သွားပါက ဆုံးရှုံးမှုအတွက်ဆိုကာ လျော်ကြေးပေးနေရမည်။

နောက်ငါးပွဲကစားပြီးနောက် ဖန်းကျီဟောက် ယွမ်၆၂သန်းရရှိခဲ့သည်။

တစ်ဖက်မှ ကုနင်းကတော့ ယွမ်၂၀၁သန်းရရှိခဲ့သည်။

ရလဒ်ကြောင့် ဟဲဟုန်ယွမ် ကြက်သေ,သေနေတော့သည်။ ဒီလောက် ဆိုးရွားလှသည့် ရှုံးနိမ့်မှုကြီးကို မမြင်လိုတာကြောင့် အခုပဲ သွေးအန်ကာ သတိလစ်သွားချင်မိသည်။ သို့သော်လည်း ကုနင်း၏စွမ်းအင်သလင်းကျောက်ကြောင့် သူ့ခံနိုင်ရည်စွမ်းအားမှာ ယခင်ထက်များစွာပိုကောင်းနေတာကြောင့် သွေးလဲမအန်သလို သတိလဲမလစ်သွားဘဲ ဖြစ်စဉ်တစ်ရပ်လုံးကို မျက်မြင်ကိုယ်ကျကြည့်နေရတော့သည်။

ဖန်းကျီဟောက်ကတော့ အရှုံးနှင့်အသားကျသွားလို့နေပေပြီ။

ဒါက လုံးဝရှုံးနိမ့်သွားတာပဲ။

ဟဲဟုန်ယွမ် အလွန်စိတ်ပျက်လို့နေကာ ဟဲယီရှီသည်လဲ အလားတူပင်။

အခုဆို သူမ၏ ဟဲမိသားစု သခင်မလေးဆိုသည့် နာမည်ရော ဟုန်ကတော်ဆိုသည့် နာမည် ဂုဏ်ပုဒ်ကိုပါ ဆုံးရှုံးလိုက်ရပေပြီ။

ထိုအချိန်တွင်ပဲ ဟဲဟုန်ကျဲ့က ဟဲဟုန်ယွမ်ဆီသို့ လျှောက်သွားကာ အေးစက်ခက်ထန်လှသည့်အသံဖြင့် မေးလိုက်သည်။ “ဟဲဟုန်ယွမ်၊ မင်းရှုံးသွားပြီ။ အခု မင်းဘာပြောချင်သေးလဲ?”

ဟဲဟုန်ယွမ်မှာ ဘာပြောလို့ပြောရမှန်း မသိတာကြောင့် တိတ်ဆိတ်လို့နေသည်။

ဟဲဟုန်ကျဲ့ကလဲ ဂရုထားမနေပေ။ သူတို့သဘောတူထားသလိုပဲ ဟဲမိသားစုခေါင်းဆောင်နေရာသည် ဟဲဟုန်ယွမ်အတွက် မဖြစ်နိုင်တော့သလို ဟဲမိသား၏ကာစီနိုကို စီမံအုပ်ချုပ်ခွင့်လဲ ဆုံးရှုံးသွားပြီဖြစ်တာကြောင့် တစ်နည်းပြောရလျှင် အာဏာရော ရာထူးကိုပါ တစ်ပြိုင်နက် လက်လွှတ်လိုက်ရခြင်းဖြစ်သည်။ အခုတော့ သူ့မှာရှယ်ယာများသာ ကျန်ရှိတော့သည်။ ထို့အပြင် ဟဲရှီယန်သာ ဆိုးဆိုးဝါးဝါးတစ်ခုခုဖြစ်ခဲ့လျှင် ဟဲဟုန်ကျဲ့က ဟဲဟုန်ယွမ်ကို သတ်ပင်သတ်ပစ်နိုင်သည်။

ဟဲဟုန်ယွမ်ဘက်က ဟဲမိသားစုက စတင်အကောက်ကြံခဲ့ကတည်းက သူတို့နှစ်ဦး ညီအစ်ကိုတွေ မဟုတ်ကြတော့ပေ။

ဟဲဟုန်ကျဲ့သည်လဲ အားနည်းပျော့ညံ့သူမဟုတ်တာကြောင့် သူ့ရန်သူများကို သေချာပေါက် ပြန်ပေးဆပ်စေလိမ့်မည်။

***

အခန်း ၈၈၈ ဟုန်ရှီထျန်း

ဟဲရှီယန်သာ ဘေးကင်းခဲ့မည်ဆိုလျှင်တော့ ဟဲဟုန်ကျဲ့က ဟဲဟုန်ယွမ်ကို လွှတ်ပေးလိမ့်မည်ဖြစ်သော်လည်း ဟဲဟုန်ယွမ်အနေဖြင့် သူလုပ်ခဲ့သမျှကို ပြန်ပေးဆပ်ဖို့လိုနေတုန်းပင်။

တိုကင်ပြားများကို ရေတွက်ပြီးသည့်နောက် တတိယလောင်းကစားနည်း၏ နောက်ဆုံးရလဒ်ထွက်လာခဲ့သည်။

ဖန်းကျီဟောက်က ယွမ်၉၃သန်းရရှိခဲ့ကာ ကုနင်းကတော့ ယွမ်၃၉၆သန်းရရှိသွားသည်။

“ကဲ၊ ရှင်နိုင်တဲ့ငွေကိုနှုတ်လိုက်ရင် လူကြီးမင်းဖန်း အနေနဲ့ ကျွန်မကို နောက်ထပ် ယွမ်၃၀၃သန်းထပ်ပေးရဦးမယ်နော်။” ကုနင်းပြောလိုက်သည်။

“သခင်ဟုန်ယွမ်က တစ်ကြိမ်ဝင်ကစားပြီး သူ့ဘာသာယွမ်သန်းတစ်ရာရှုံးသွားတာဆိုတော့ ငါမင်းကို ယွမ်၂၀၃သန်းပဲပေးရမှာ။” ကစားပွဲပြီးဆုံးသွားပြီဖြစ်တာကြောင့် ဖန်းကျီဟောက်အနေနှင့် ဘယ်သူ့မျက်နှာကိုမှ ထောက်နေစရာမလိုတော့ပေ။ သေချာပေါက် သူကတော့ ဟဲဟုန်ယွမ်အစား ယွမ်သန်း၁၀၀ ပေးလိုစိတ်လုံးဝကိုမရှိပေ။

ထိုစကားကြောင့် ဟဲဟုန်ယွမ် မကျေမနပ် မျက်မှောင်ကြုတ်လိုက်သော်လည်း တကယ်ပဲ သူ့ဘာသာ ငွေအများကြီးရှုံးသွားခြင်းဖြစ်တာကြောင့် မငြင်းဆန်ခဲ့ပေ။

ထို့နောက် ကုနင်းက သူမ၏ထန်အိုက်နင်းအမည်နှင့် ဘဏ်ကဒ်ကိုထုတ်ယူကာ ဖန်းကျီစောက်နှင့်ဟဲဟုန်ယွမ်ကို ပေးလိုက်သည်။

ကျန်သည့်တိုကင်ပြားများကိုတော့ ကုနင်း ဟဲရီရှောက်ကိုသာ ပေးလိုက်သည်။ ကောင်းယိနှင့်ချောင်ယတို့က အတူလိုက်သွားပြီး ရေတွက်ကာ ကုနင်းနာမည်နှင့်ဘဏ်အကောင့်ထဲသို့ ငွေသားလွှဲပြောင်းပေးပေလိမ့်မည်။

“မိန်းကလေးထန် ဒီနေ့တော်တော်နိုင်သွားမှာပဲ!”

“ငါ့အထင် သူအနည်းဆုံး ယွမ်၁.၆ဘီလီယံလောက် နိုင်သွားတာထင်တယ်။”

“အမယ်လေး တကယ်ကိုအများကြီးပဲ!”

“ငါတော့ တစ်ခါမှ ဒီလို ငွေလွယ်လွယ်ရှာသွားနိုင်တဲ့လူမျိုး မမြင်ဖူးဘူး!”

“သူက အရမ်းထူးချွန်လွန်းတာပဲ!”

………..

ယွမ်၁.၆ဘီလီယံဆိုသည်က လူများစွာ၏အမြင်တွင်တော့ မိုးလောက်မြင့်သည့်တန်ဖိုးဖြစ်တာကြောင့် အားလုံး ကုနင်းကို အားကျနေကြတော့သည်။

ပထမကစားနည်းနှင့် ဒုတိယကစားနည်းပြီးနောက်တွင် ကုနင်း ယွမ်၁.၀၁ဘီလီယံရသွားခဲ့ကာ တတိယကစားနည်းပြီးချိန်တွင်တော့ ယွမ်၃၉၆သန်းရခဲ့တာကြောင့် ယွမ်၁.၄၀၆ဘီလီယံအထိတိုးသွားသည်။ ထို့အပြင် ဖန်းကျီဟောက်နှင့်ဟဲဟုန်ယွမ်တို့ပေးလာသည့် ယွ်၃၀၃သန်းကိုပါ ထည့်ပေါင်းလိုက်ချိန်မှာတော့ သူမအနိုင်ရသည့်ပမာဏမှာ ယွမ်၁.၇၀၇သန်းဖြစ်သွားတော့သည်။

ထို့အပြင် ဟဲမိသားစုက ကုနင်းကို ဖိတ်ခေါ်ခအနေနှင့် ယွမ်သန်း၅၀၀ပေးဦးမည်ဖြစ်ကာ အားလုံးပေါင်း ယွမ်၂.၃၀၇ဘီလီယံဖြစ်သွားသည်။

ထို့ကြောင့် ကုနင်း HKကိုတစ်ခေါ်လာလိုက်သည်နှင့် ယွမ်၂.၃၀၇ဘီလီယံ ရှာသွားနိုင်ခဲ့တော့သည်။

ငွေလွှဲပြောင်းပြီးနောက် ဟဲဟုန်ယွမ်တို့အဖွဲ့လဲ စိတ်ပျက်လက်ပျက်နှင့် ထွက်သွားကြတော့သည်။ ဟုန်ယွဲ့ဟွမ်အပါအဝင် လူများစွာကလဲ ဟဲဟုန်ကျဲ့ကို လာရောက်ဂုဏ်ပြုခဲ့ကြသည်။ “သခင်ကြီးဟဲ၊ ဂုဏ်ပြုပါတယ်။”

“ကျေးဇူးပါ၊ သခင်လေးဟုန်။” ဟဲဟုန်ကျဲ့ သာမာန်ကာလျှံကာသာ ပြန်ဖြေလိုက်ပြီး ဟုန်ယွဲ့ဟွမ်နှင့် အကွာအဝေးတစ်ခုထားလိုက်သည်။

ဟဲဟုန်ကျဲ့က ထျန်းတိဟွေ့၏အပြုအမူအပေါ် သဘောမကျကြောင်း ဟုန်ယွဲ့ဟွမ်လဲ သိတာကြောင့် ဟဲဟုန်ကျဲ့၏ဆက်ဆံမှုအပေါ် စိတ်ထဲမထားဘဲ ပြန်သွားခဲ့သည်။

ဟဲဟုန်ကျဲ့မှာ ကုနင်းနှင့်သီးသန့်စကားပြောလိုသေးတာကြောင့် ကာစီနိုတွင် အကြာကြီးဆက်မနေခဲ့ပေ။ တခြားဧည့်သည်များကို ဂရုစိုက်လိုက်ဖို့ရန် ဟဲရီရှောက်ကို မှာကြားပြီး ကုနင်းထံသို့လျှောက်သွားလိုက်သည်။ “မိန်းကလေးထန်၊ အခုနောက်တောင် ကျနေပြီ။ ငါ ကုန်းဟောင်ဟိုတယ်မှာ သီးသန့်ခန်းတစ်ခန်းမှာထားတယ်။ မင်းငါနဲ့ ထမင်းတစ်နပ်လောက် လိုက်စားပေးလို့ရမလား?” ဤနေရာတွင်က သူတို့စားပြောဖို့ အဆင်မပြေလှပေ။

“ကျွန်မအတွက် ဂုဏ်ယူစရာပဲပေါ့။ ကျေးဇူးတင်ပါတယ်။” ကုနင်းပြန်ဖြေလိုက်ပြီးနောက် ဟဲဟုန်ကျဲ့နှင့်အတူ လိုက်ထွက်သွားလိုက်သည်။

……….

ဟုန်ယွဲ့ဟွမ် သူ့ကားထဲသို့ပြန်ရောက်သည်နှင့် သူ့အဖေကို ဖုန်းဆက်လိုက်သည်။

ထျန်းတိဟွေ့၏ခေါင်းဆောင်သည် ဟုန်ရှီထျန်းဖြစ်ကာ အခုတော့ စာဖတ်ခန်းထဲတွင် စာအုပ်တစ်အုပ်ဖတ်နေရင်း ဟုန်ယွဲ့ဟွမ်ထံမှသတင်းကို စောင့်နေခဲ့သည်။ ဖုန်းဝင်လာသည်နှင့် ဟုန်ရှီထျန်း ချက်ချင်းကိုင်လိုက်ကာ မေးလိုက်သည်။ “ဘယ်လိုဖြစ်သွားပြီလဲ?”

“ဟဲဟုန်ကျဲ့ နိုင်သွားပါပြီ။”

“ဘာ? ဟဲဟုန်ကျဲ့ နိုင်သွားတာလား?” ဟုန်ရှီထျန်း အလွန်အံ့အားသင့်သွားတော့သည်။ ဟဲဟုန်ကျဲ့၏အကြားစွမ်းရည် ဆုံးရှုံးကာ ဟဲရှီယန်လဲ ပျောက်ဆုံးသွားခဲ့တာကြောင့် ဟဲဟုန်ယွမ်နှင့် ပူးပေါင်းဖို့ သူရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ဟဲဟုန်ယန် အနိုင်ရနိုင်ချေများသည်ဟု သူထင်ခဲ့တာဖြစ်သည်။ သို့သော်လည်း ဟဲဟုန်ကျဲ့က အနိုင်ရသွားတယ်တဲ့လား!

ဒီကိစ္စကြောင့် ဟုန်ရှီထျန်း စိုးရိမ်ပူပန်လာတော့သည်။

သူ ဟဲဟုန်ယွမ်ကို ထောက်ပံ့ပေးဖို့ ရွေးချယ်ခဲ့တာကြောင့် အခုဆို ဟဲဟုန်ကျဲ့၏ရန်သူဖြစ်သွားပေပြီ။ သူ့ဘက်က ဟဲဟုန်ကျဲ့ကို ထိခိုက်အောင် တစ်စုံတစ်ရာ မလုပ်သေးဘူးဘဲဆိုဆို သူတို့ကြားမှ ရင်းနှီးမှုတော့ ဆုံးခန်းတိုင်လို့သွားပေပြီ။

ပြိုင်ပွဲမှာ ဟဲဟုန်ကျဲ့အနိုင်ရသွားတယ်ဆိုကတည်းက ဟဲမိသားစု၏ ခေါင်းဆောင်နေရာမှာ သူဆက်ရှိနေဦးမှာပင်။ ထျန်းတိဟွေ့က ဟဲမိသားစုနှင့်ပူးပေါင်းလိုလျှင် ဟဲဟုန်ကျဲ့၏ခွင့်ပြုချက်လိုအပ်ပေသည်။ ဒါကလဲ မဖြစ်နိုင်တော့မှန်း သိသာလှသည်။

“ဟဲဟုန်ကျဲ့ ကိုယ်တိုင်ဝင်ကစားခဲ့တာလား ဒါမှမဟုတ် တခြားလူကိုဖိတ်ထားတာလား?” ဟုန်ရှီထျန်း မေးလိုက်သည်။

မနေ့တုန်းကအထိ ဟဲဟုန်ကျဲ့က ပြိုင်ပွဲမှာ ကိုယ်တိုင်ဝင်ပြိုင်မည်ဟု သူကြားထားခဲ့သော်လည်း ဟဲဟုန်ကျဲ့က အနိုင်ရသူဟု မယုံကြည်နိုင်သေးပေ။

ဟဲဟုန်ကျဲ့၏ အကြားစွမ်းရည်ဆုံးရှုံးထားတာကြောင့် ဖန်းကျီဟောက်ကို အနိုင်ရဖို့ ဘယ်လိုမှမဖြစ်နိုင်ပေ။ ဖန်းကျီဟောက်ဆိုသည်က လောင်းကစားလောကမှာ နာမည်ကြီးကျွမ်းကျင်လောင်းကစားသမားတစ်ယောက်ပဲမဟုတ်လား။

ဟဲဟုန်ကျဲ့၏အကြားစွမ်းရည်ကောင်းနေရင်တောင်မှ ဖန်းကျီဟောက်ကို အနိုင်ယူနိုင်ချေသိပ်မရှိပေ။

“တခြားတစ်ယောက်ကို သူ့အစားကစားဖို့ဖိတ်ခဲ့တာပါ။ အသက်၂၀ကျော် အမျိုးသမီးတစ်ယောက်ပဲ။ စစ်ပေါ်၊ ၅ကတ်ပိုကာ ၊ အကြွေစေ့စက် ဘာပဲလာလာ သူပဲ အကြိမ်တိုင်းနိုင်ပြီး ငွေတွေအများကြီး ရသွားတာပဲ။ ကျွန်တော့်အထင် သူက ကမ္ဘာပေါ်မှာ အတော်ဆုံးလောင်းကစားသမားတောင် ဖြစ်နိုင်မယ်ထင်တယ်။”

“ဘာပြောလိုက်တယ်?” ဟုန်ရှီထျန်း ထိတ်လန့်သွားတော့သည်။

အသက်၂၀ကျော်အမျိုးသမီးတစ်ယောက်တဲ့လား?

ကမ္ဘာပေါ်မှာတောင် အတော်ဆုံး လောင်းကစားသမားဖြစ်နိုင်တယ်တဲ့လား?

ဟုန်ရှီထျန်း မယုံကြည်နိုင်ဖြစ်နေတော့သည်။ ဒီလိုသာဆို ထိုအမျိုးသမီးသည် သာမာန်လောင်းကစားသမားတစ်ယောက်တော့ မဖြစ်နိုင်ပေ။

“သူ ညစ်ပြီးကစားတာလား?” ဟုန်ရှီထျန်း သံသယဖြင့်မေးလိုကသ်ည်။

“မဟုတ်ဘူး။” ဟုန်ယွဲ့ဟွမ်ဘက်လဲ သေချာလို့နေသည်။

“ဟဲဟုန်ကျဲ့ကော မင်းအပေါ် ဘယ်လိုဆက်ဆံလဲ?”

“အွန်း၊ ကျွန်တော့်အထင်တော့ သူ ဟဲဟုန်ယွမ်နဲ့ ပြဿနာရှင်းပြီးရင် ကျွန်တော်တို့နဲ့ပူးပေါင်းမှုကို ကိုင်တယ်တော့မယ်ထင်တယ်။”

ဟုန်ရှီထျန်း မျက်မှောင်ကြုတ်လိုက်တော့သည်။ ဒါကသတင်းကောင်းမှ မဟုတ်ဘဲ။

“အဲ့လိုမဖြစ်အောင် တစ်ခုခုကြံကြည့်။”

“အဖေကိုယ်တိုင် သွားစကားပြောသင့်တယ်လို့ မထင်ဘူးလား? ဒီလိုအချိန်မှာ ဟဲရှီယန်ကို ရှာတဲ့ကိစ္စမှာ ကျွန်တော်တို့ ကူညီပေးသင့်တယ်လို့ထင်တယ်။”

ထျန်းတိဟွေ့က တရားမဝင်ဂိုဏ်းတစ်ခုဆိုလျှင်တောင်မှ အရာရာတိုင်းကို မကောင်းသည့်လှည့်ကွက်များမသုံးနိုင်ပေ။

ထျန်းတိဟွေ့က ဟဲဟုန်ကျဲ့ကို သစ္စာဖောက်ခဲ့တယ်ဆိုပေမယ့် အခုထိ ဟဲမိသားစု အကျိုးစီးပွားကို ဖျက်ဆီးခဲ့ခြင်းမရှိသေးတာကြောင့် သူတို့ပြိုင်ဘက်များအထိ မဖြစ်ကြသေးပေ။

“ငါ စဉ်းစားကြည့်လိုက်ပါဦးမယ်။” ဟုန်ရှီထျန်း မျက်မှောင်ကြုတ်သွားကာ ဟုန်ယွဲ့ဟွမ်လဲ ဘာမှမပြောတော့ပေ။

***

အခန်း ၈၈၉ ဟဲရှီယန် ဘယ်မှာလဲ?

ဟဲဟုန်ယွမ်နှင့် ဖန်းကျီဟောက်တို့ကတော့ ကာစီနိုမှထွက်လာသည်နှင့် လမ်းခွဲလိုက်ကြသည်။ ဖန်းကျီဟောက်မှာ ယနေ့ဆိုးဆိုးရွားရွား ရှုံးသွားသည့်အတွက် လွန်စွာရှက်နေမိသည်။

“အဖေ၊ သမီးတို့ အခုဘာဆက်လုပ်ကြမလဲ?” ဟဲယီရှီ ကူကယ်ရာမဲ့စွာမေးလိုက်မိသည်။

ဟဲဟုန်ယွမ်သည်လဲ ဘာလုပ်လို့လုပ်ရမှန်း မသိတာကြောင့် စိတ်အခြေအနေမကောင်းဘဲ တိတ်ဆိတ်လို့နေသည်။

ရုတ်တရက်ဆိုသလို ဟဲယီရှီ အကြံတစ်ခုရသွားကာ “အဖေ၊ သမီးတို့ ဦးလေးဟုန်ကျဲ့ကို ခြိမ်းခြောက်ဖို့အတွက် ဟဲရှီယန်ကိုသုံးကြရင်ရော?”

ထိုစကားကြောင့် ဟဲဟုန်ယွမ် ဒေါသတောင်ထွက်လာတော့သည်။ “ငါလဲ လုပ်ချင်တာပေါ့! ဟဲရှီယန်က မနေ့ကဘဲ လွတ်သွားတယ်၊ အခု သူ့ကို နေရာအနှံ့လိုက်ရှာနေရတာ။”

“ဘာ? သူလွတ်သွားတာလား? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?” ဟဲယီရှီ အလွန်ထိတ်လန့်သွားတော့သည်။

ဟဲရှီယန် လွတ်သွားပြီဆိုရင် သူတို့မှာ ဟဲမိသားစုကို ထိန်းချုပ်ဖို့ ဘာဝှက်ဖဲမှမရှိတော့ဘူးပေါ့။

သူတို့ ဘဲမိသားစုနောက်ကွယ်မှာ ဒီလိုတွေလုပ်ထားပြီးမှတော့ ဟဲမိသားစုက သူတို့ကိုလွှတ်ပေးစရာအကြောင်း လုံးဝမရှိတော့ပေ။

“သူလွတ်သွားတယ်ဆိုပေမယ့် ကျွန်းပေါ်မှာပဲ ရှိနေဦးမယ်။ ငါတို့ မြန်မြန်ပြန် ဖမ်းနိုင်မှာပါ။”

ကျွန်းသည် အဓိကကုန်းမြေနှင့် အလွန်ဝေးတာကြောင့် ဘယ်လောက်ပဲ ရေကူးကျွမ်းကျင်တဲ့လူဖြစ်ဖြစ် ကျွန်းကနေ ထွက်မသွားနိုင်ပေ။ ထို့ကြောင့် ဟဲရှီယန် သူ့ကိုဖမ်းထားသည့်နေရာမှ လွတ်သွားနိုင်လျှင်တောင်မှ ကျွန်းပေါ်မှာ ပိတ်မိနေဦးမှာပင်။

လက်ရှိပြဿနာကတော့ ကျွန်းသည် အလွန်ကြီးတာကြောင့် ကောင်းစွာပုန်းနေသည့် လူတစ်ယောက်ကိုရှာဖို့ရာ အလွန်ခက်ခဲလှသည်။ ဟဲမိသားစုက မျက်စိဒေါက်ထောက်ကြည့်နေပြီဖြစ်တာကြောင့် ဟဲဟုန်ယွမ်အနေဖြင့် လူထပ်လွှတ်ဖို့ကလဲ မဖြစ်နိုင်တော့ပေ။ သူတစ်ခုခုလှုပ်ရှားလိုက်တာနဲ့ ဟဲမိသားစုက မိသွားမှာဖြစ်သည်။ ဟဲမိသားစုသာ ဟဲရှီယန်ကို ရှာတွေ့သွားသည်နှင့် သူ့ရဲ့ကောင်းမွန်လှသောနေ့ရက်များကလဲ ဆုံးခန်းတိုင်သွားပေလိမ့်မည်။

………..

ကျိုးကျန်းဟွေ့သည်တော့ ဟဲရီရှောက်နှင့်အတူ ကာစီနိုထဲတွင် နေခဲ့လေသည်။

တခြားလူများအားလုံး ပြန်သွားချိန်မှာတော့ ဟဲရီရှောက်က ကျန်းကျန်းဟွေ့ကို သူ့ရုံးခန်းထဲတွင် စကားသွားပြောဖို့ရန် ခေါ်လိုက်ပြီး ချက်ချင်းပင် သက်တော်စောင့်များကို ဖမ်းခိုင်းလိုက်သည်။

ကျိုးကျန်းဟွေ့ကတော့ အံ့အားသင့်လို့နေသည်။ ဟဲရီရှောက် သူ့ကို ဘာကြောင့် ရုတ်တရက်ဖမ်းချုပ်မှန်း သူခန့်မှန်းမိပေမည့် သူ့မကောင်းမှုများ အလုံးစုံမပေါ်ထွက်ခင်အထိ မသိသလို ဆက်ဟန်ဆောင်နေဦးမည်သာ။ “ရီရှောက် မင်းဒါဘာလုပ်တာလဲ?”

ကျိုးကျန်းဟွေ့သည် ဟဲဟုန်ကျဲ့၏ပထမဆုံးအလုပ်သင်ဖြစ်ကာ ဟဲဟုန်ကျဲ့နောက် လိုက်နေသည်ကလဲ ဆယ်စုနှစ်တစ်ခုကျော်နေပြီဖြစ်သည်။ ဟဲဟုန်ကျဲ့က သူ့ကိုဆိုလျှင် သားအရင်းလိုမျိုးပဲ အမြဲဆက်ဆံတာကြောင့် သူနှင့် ဟဲမိသားစုမှသားသမီးများသည် အလွန်ရင်းနှီးကြသည်။ ဒါကြောင့် သခင်လေး သို့မဟုတ် မမလေးဟု ခေါ်မည့်အစား နာမည်များကိုသာတပ်ခေါ်နိုင်ခြင်းဖြစ်သည်။

“ကျိုးကျန်းဟွေ့၊ ကျွန်တော့်မိသားစုက ခင်ဗျားကို ဆိုးဆိုးရွားရွားဆက်ဆံဖူးတယ်လို့ မထင်ဘူးနော်။” ဟဲရီရှောက်က ကျိုးကျန်းဟွေ့ကို စိုက်ကြည့်ကာ ပြောလိုက်သည်။

“ဒါပေါ့၊ မရှိပါဘူး။”

“ဒါဆို ဘာလို့ ကျွန်တော်တို့ကို သစ္စာဖောက်ရသေးတာတုန်း?” ဟဲရီရှောက် ပြောရင်း ဒေါသထွက်လာကာ ကျိုးကျန်းဟွေ့ကို အသံကျယ်ကျယ်ဖြင့် မေးခွန်းထုတ်လိုက်တော့သည်။

ဟဲမိသားစုက ကျိုးကျန်းဟွေ့ကို တစ်ခါတောင်မှ ဆိုးဆိုးရွားရွား ဆက်ဆံဖူးခြင်းမရှိပေ။ ဟဲမိသားစု ပြဿနာငယ်လေးနဲ့ ကြုံတွေ့လိုက်ရတာနဲ့ သူဘာလို့များ သစ္စာဖောက်သွားရတာလဲ? ဒါပေမယ့် တခြားအလုပ်သင်တွေကတော့ အခုထိ ဟဲမိသားစုဘက်မှာ ဆက်ရှိနေကြတုန်းပင်။

ကျိုးကျန်းဟွေ့၏ မျက်ဝန်းထဲ အပြစ်ရှိစိတ်အလင်းတစ်ဖျ ဖြတ်ပြေးလို့သွားပေမည့် ဝန်မခံသေးပေ။ “မင်းဘာတွေပြောနေတာလဲ?” သူက ဟဲမိသားစုမှာသာ သက်သေအတိအကျမရှိသေးသ၍ သူဘေးကင်းနေနိုင်မည်ဟု မျှော်လင့်နေတုန်းပင်။

ကျိုးကျန်းဟွေ့ ဘယ်လိုတွေးနေလဲ ဟဲရီရှောက် နားလည်တာကြောင့် နှာတစ်ချက်မှုတ်လိုက်ကာ အံဆွဲထဲမှ ဓါတ်ပုံတစ်ထပ်ကို ထုတ်လိုက်သည်။ “ဒါဆိုလဲ ဘာလို့များ ကိုယ်တိုင်မကြည့်,ကြည့်တာလဲ?”

ဓါတ်ပုံတစ်ထပ်ကို ကျိုးကျန်းဟွေ့မြင်လိုက်ချိန်တွင် အတော်အသင့် စိုးရိမ်ပူပန်သွားခဲ့သည်။ ဒီပုံတွေက သူ ဟုန်ယွဲ့ဖေးနဲ့ ဟဲဟုန်ယွမ်တို့ကို တိတ်တဆိတ်သွားတွေ့တုန်းက ပုံတွေပဲ။

“ခင်ဗျား ဘယ်လိုတွေရှင်းပြချင်သေးတုန်း?” ဟဲရီရှောက် မေးလိုကသ်ည်။ တကယ်တော့ ကျိုးကျန်းဟွေ့၏အမူအရာကနေပြီး အဖြေကိုသူသိနှင့်ပြီးဖြစ်သည်။

ကျိုးကျန်းဟွေ့က အချိန်တစ်ခုအထိ တိတ်ဆိတ်သွားပေမည့် ငြင်းဆန်ဖို့ ကြိုးစားနေတုန်းပင်။

“ဒီဓါတ်ပုံလေးတွေလောက်နဲ့ ငါဟဲမိသားစုကို သစ္စာဖောက်ပါတယ်လို့ မင်းစွပ်စွဲလို့မရဘူး။ ငါသူတို့နဲ့တွေ့ခဲ့တာမှန်ပေမယ့် သူတို့ကအရင် ငါ့ဆီရောက်လာကြတာ။ သူတို့က ငါသူတို့ကိုကူညီပေးဖို့ဆိုပြီး လာဘ်ထိုးချင်နေကြပေမယ့် ငါငြင်းခဲ့တယ်!”

“ခင်ဗျားတကယ်ငြင်းခဲ့တယ်ဆိုရင် သူတို့ ခင်ဗျားကိုလာရှာကတည်းက ဘာလို့ ကျွန်တော်တို့ကိုမပြောခဲ့တာလဲ?” ဟဲရီရှောက် ဆက်မေးလိုက်သည်။ ကျိုးကျန်းဟွေ့ သူ့ကိုပြောသမျှ စကားတစ်ခွန်းကိုတောင် သူမယုံကြည်ပေ။

ကျိုးကျန်းဟွေ့သာ တကယ်ပဲ ဟဲမိသားစုအပေါ် သစ္စာရှိလျှင် ဟုန်ယွဲ့ဖေးနဲ့ဟဲဟုန်ယွမ်တို့ သူ့ကိုလာဘ်ထိုးလာသည့်အကြောင်း ပြောပြသင့်တာပေါ့။ သူက လျှို့ဝှက်ထားတယ်ဆိုမှတော့ ဟဲမိသားစုကို မသိစေချင်တာတစ်ခုခု လုပ်ခဲ့လိုပဲပေါ့။

“ငါ-ငါက နားလည်မှုလွယ်မှာမျိုး မဖြစ်စေချင်ရုံပါ။” ကျိုးကျန်းဟွေ့ ထိတ်လန့်နေမိပြီဖြစ်သည်။

“အိုး၊ စိတ်ဝင်စားဖို့ကောင်းသားပဲ။ ကျွန်တော်တို့ ဒီအကြောင်း တစ်နေ့,နေ့သိသွားမှာကိုတော့ မကြောက်ဘူးပေါ့?”

“မင်း အခု ငါ့ကိုမယုံကြည်မှန်း သိပါတယ်။ ဒါပေမယ့် ဟဲမိသားစုအကျိုးစီးပွား ထိခိုက်စေမယ့်ကိစ္စမျိုး ငါတစ်ခုမှမလုပ်ဖူးဘူး။”

ဒါကတော့ အမှန်တရားပင်။ ကျိုးကျန်းဟွေ့သည် ဟဲမိသားစုကို သစ္စာဖောက်ခဲ့တာတောင်မှ အခုထိတော့ ဟဲမိသားစုအကျိုးစီးပွားထိခိုက်စေမည့်ကိစ္စမျိုး မလုပ်ရသေးပေ။

“ကျိုးကျန်းဟွေ့၊ ခင်ဗျား ဟဲဟုန်ယွမ်နဲ့ပူးပေါင်းလိုက်တယ်ဆိုကတတည်းက အခုရှီယန်ဘယ်မှာလဲဆိုတာ သိမှာပေါ့။ ခင်ဗျား ကျွန်တော့်ကိုပြောပြသ၍ ကျွန်တော်တို့သာ ရှီယန်ကို ဘေးမသီရန်မခရှာတွေ့ခဲ့ရင် ခင်ဗျားကိုလွှတ်ပေးမယ်။”

ဟဲမိသားစုက သူ့ကိုအပြစ်ပြန်ပေးမှာ အသေအချာဖြစ်ပေမည့် အသက်ကိုတော့ ချမ်းသာခွင့်ရပေလိမ့်မည်။

“ငါမသိဘူး။”

“သေချာရဲ့လား?” ဟဲရီရှောက် ထပ်မေးလိုက်သည်။ သူမယုံတာ အသိသာပင်။ “ကျိုးကျန်းဟွေ့၊ အခုချိန်မှာ ငြင်းဆန်နေလို့ အလကားပဲနော်။ ခင်ဗျား ကျွန်တော်တို့နောက်ကွယ်မှာ ဘာတွေလုပ်ခဲ့လဲ ကျွန်တော်တို့အားလုံးသိထားပြီးပြီ။”

ကျိုးကျန်းဟွေ့ ဘာမှပြန်မပြောတော့ဘဲ တွန့်ဆုတ်လို့နေတော့သည်။ ဟဲမိသားစု ဘယ်လောက်အင်အားကြီးမှန်း သူသိပေသည်။

အချိန်တစ်ခုအထိ တွန့်ဆုတ်နေပြီးနောက်မှာတော့ ကျိုးကျန်းဟွေ့ ထပ်ပြီးပြောလာခဲ့သည်။ “ဟဲရှီယန် ကျွန်းပေါ်မှာ ရှိနေတုန်းဆိုတာပဲ ငါသိတယ်။ သူ့နေရာအတိအကျကိုတော့ မသိဘူး။”

“သူအခုထိ ကျွန်းပေါ်မှာရှိနေတုန်းလား?” ဟဲရီရှောက် သံသယနှင့်မျက်မှောင်ကြုတ်လိုက်သည်။ သူတို့အရင်က ဟဲရှီယန်ကို ကျွန်းမှနေရာတိုင်းတွင် ရှာခဲ့ပြီးဖြစ်သည်။ ကြည့်ရတာ သူတို့ထပ်ပြီးတော့ သေချာဂရုတစိုက်ရှာကြည့်ရမည့်ပုံပင်။

“ခင်ဗျားပြောတာ သေချာတယ်နော်?” ဟဲရီရှောက်၏မျက်လုံးများက ကျိုးကျန်းဟွေ့ကို တစ်ချက်ကလေးတောင် အကြည့်မလွှဲပေ။

***

အခန်း ၈၉၀ ဟဲဟုန်ကျဲ့ကို ကူညီပေးခြင်း

“အဲ့ဒီနားကို ဘယ်သင်္ဘောမှမသွားသ၍ သူကျွန်းပေါ်မှာပဲ သေချာပေါက် ရှိနေဦးမှာ။ အဲ့နေရာကနေ ရေကူးပြီးလွတ်မြောက်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။” ကျိုးကျန်းဟွေ့ ထပ်ပြီးအတည်ပြုပေးလိုက်သည်။

ဒါကအမှန်ဟုတ်,ဟုတ် မဟုတ်,ဟုတ် ကျိုးကျန်းဟွေ့က သူ့ကို သတင်းပေးလာပြီဆိုမှတော့ ဟဲရီရှောက်လဲ ဟဲရှီယန်ကို ထပ်ရှာဖို့ရန် လူများစေလွှတ်ပေတော့မည်။

ဟဲရီရှောက်က ကျိုးကျန်းဟွေ့ကို စောင့်ကြည့်ထားရန် သက်တော်စောင့်များကို ပြောလိုက်ပြီးနောက် ထွက်သွားတော့သည်။

အခုတော့ ကျိုးကျန်းဟွေ့မှာ အိမ်ထဲတွင် အဖမ်းခံထားရပြီဖြစ်သည်။ ဟဲရှီယန်ကိုရှာတွေ့ကာမှ ဟဲမိသားစုက သူနဲ့စာရင်းရှင်းပေလိမ့်မည်။

ဟဲဟုန်ကျဲ့တို့ ကုန်းဟောင်ဟိုတယ်သို့ရောက်ရာက်ချင်းမှာပဲ ဟဲရီရှောက်ထံမှ ဖုန်းဝင်လာခဲ့သည်။ ခေါ်ဆိုသူနာမည်ကိုတွေ့လိုက်ရတော့ ဟဲဟုန်ကျဲ့ကလဲ ကုနင်းကိုရှောင်မနေဘဲ ချက်ချင်းပြန်ဖြေလိုက်သည်။

“ဘာဖြစ်လို့လဲ?” ဟဲဟုန်ကျဲ့မေးလိုက်သည်။

“အဖေ၊ ကျိုးကျန်းဟွေ့ကို ထိန်းချုပ်ထားပြီ၊ ရှီယန်အကြောင်းကိုလဲ မေးထားတယ်။ သူက ရှီယန်အခုထိ ကျွန်းပေါ်မှာရှိနေသင့်သေးတယ်လို့ ပြောတာပဲ။”

အကြားစွမ်းရည်လွန်စွာကောင်းသည့် ကုနင်းကတော့ ဖုန်းထဲမှပြောနေသည့်စကားများကို သေချာကြားလိုက်ရသည်။

“ဘာ?” ဟဲဟုန်ကျဲ့ အလွန်အံ့အားသင့်လို့သွားသည်။ “လူတွေပို့ပြီး ရှီယန်ကို ထပ်ရှာခဲ့!”

ဘာပဲဖြစ်ဖြစ် သူတို့မိသားစုအတွက် ရှာဖွေမှုကို ရပ်တန့်မည်မဟုတ်ပေ။

“ခဏလေးနေပါဦး။” ရုတ်တရက် ကုနင်း ဟန့်တားလိုက်သည်။ “ကျွန်မတို့လဲ အတူလိုက်ပေးနိုင်တယ်။”

ကုနင်း ဟဲဟုန်ကျဲ့ကိုကူညီကာ ဟဲရှီယန်ကို ရှာပေးချင်နေလောက်အောင် အကြင်နာတရားရှိနေ၍မဟုတ်ဘဲ ထိုကျွန်းထဲမှအရာများကို စိတ်ဝင်စား၍ သွားချင်တာဖြစ်သည်။

ဟဲဟုန်ကျဲ့ တုံ့ဆိုင်းနေပြီးနောက်ဆုံးမှာတော့ သဘောတူလိုက်သည်။

ကုနင်းတို့သည် သာမာန်လူများမဟုတ်မှန်း ဟဲဟုန်ကျဲ့နားလည်ကာ သူတို့သာပါလျှင် ပို၍အကူအညီရမည်မှန်းလဲ ယုံကြည်နေသည်။

ထို့နောက် ဟဲဟုန်ကျဲ့က ဟဲရီရှောက်ကို စီစဉ်စရာရှိသည်များစီစဉ်စေကာ စားသောက်ပြီးနောက် ကျွန်းပေါ်သို့ ဟဲမိသားစုပိုင်သီးသန့်လှေဖြင့်သွားပေလိမ့်မည်။

စားသောက်ဖွယ်များစားပွဲပေါ် ရောက်ရှိလာပြီးနောက် ကုနင်းက စွမ်းအင်သလင်းကျောက် သုံးလုံးပါရှိသည့် ဆေးတစ်ပုလင်းကို ထုတ်ယူလိုက်ကာ ဟဲဟုန်ကျဲ့ကို ကမ်းပေးလိုက်ပြီး၊ “သခင်ကြီးဟဲ၊ ကျွန်မကိုယုံမယ်ဆိုရင် ဒီဆေးကိုသောက်ကြည့်လိုက်ပါ၊ သခင်ကြီးဟဲရဲ့အကြားစွမ်းရည်ပြန်ကောင်းလာအောင် ကူညီနိုင်ပါလိမ့်မယ်။”

ဟဲမိသားစုကြောင့် ကုနင်းငွေအများကြီးရှာနိုင်ခဲ့တာကြောင့် သူတို့အတွက် သူမတစ်ခုခုလုပ်ပေးရပေမည်။ ထို့အပြင် ဒါက သူမအတွက်ကိစ္စကြီးတစ်ခုလဲမဟုတ်သလို ဟဲမိသားစုနှင့် ဆက်ဆံရေးကောင်းမွန်စေရန် လမ်းကြောင်းတစ်ခုလဲဖြစ်သည်။ သူမမှာ အဆက်အသွယ်များများပိုရှိလျှင် သူမလုပ်ငန်းအတွက် ပိုအောင်မြင်လာနိုင်လေဖြစ်သည်။

“တကယ်လား?” ဟဲစစ်ရင် စိတ်လှုပ်ရှားသွားတော့သည်.

သို့ပေမည့် ဟဲဟုန်ကျဲ့ကတော့ ကြောင်အနေကာ ဆေးပုလင်းကို ချက်ချင်းမယူလိုက်ပေ။ “ဒါက ဟဲဟုန်ယွမ်ကို ပေးခဲ့တဲ့ဆေးမျိုးလား?”

“ဟုတ်ပါတယ်။”

ဟဲဟုန်ယွမ်က ဒီဆေးသောက်ပြီး မကြာခင်မှာပဲ ပြန်သတိရလာကာ နေလို့ပိုကောင်းသွားခဲ့သည်။ ဟဲဟုန်ကျဲ့ကတော့ ထိုဖြစ်စဉ်က အရမ်းမယုံကြည်နိုင်ဖွယ်ရာကောင်းသည်ဟု ထင်မိပေမည့် ထိုထက်တော့ ဆက်မတွေးမပေ။

ကုနင်းက သူ့ကိုဆေးပုလင်းပေးပေးလာချိန်မှာတော့ သူမှာ ရုတ်တရက်မျှော်လင့်ချက်ရှိလာသလိုသာ ခံစားလိုက်ရသည်။

ထို့နောက် သူလဲ ချက်ချင်းပင် ဆေးပုလင်းကို လက်ခံလိုက်ကာ ကုနင်းကိုကျေးဇူးတင်လိုက်သည်။ “ကျေးဇူးအများကြီးတင်ပါတယ်၊ မိန်းကလေးကု။”

ဆေးအာနိသင်ကို သူမျက်မြင်တွေ့ခဲ့ပြီဖြစ်တာကြောင့် သူ့ခန္ဓာကိုယ်အတွက် ဘေးထွက်ဆိုးကျိုးရှိနိုင်မည်လားဆိုသည်ကို တွေးမနေတော့သည်။

စွန့်စားမှုမရှိဘဲနဲ့ကတော့ ကောင်းမွန်သည့်အရာတွေ ဖြစ်လာနိုင်မှာမဟုတ်ပေ။

ဟဲစစ်ရင်ကလဲ ကုနင်းကိုယုံကြည်တာကြောင့် ဟဲဟုန်ကျဲ့ကို မတားခဲ့ပေ။

“ရပါတယ်။ ဒီဆေးကို သုံးရက်တစ်လုံးသောက်ပေးပါ။”

“အခုပဲ တစ်လုံးသောက်လိုက်လို့ရမလား?” ဟဲဟုန်ကျဲ့ ချက်ချင်းမစမ်းကြည့်ဘဲ မနေနိုင်တော့ပေ။

“ရတာပေါ့။”

ကုနင်း၏အဖြေကို ရသည်နှင့် ဟဲဟုန်ကျဲ့ ချက်ချင်းကို ဆေးပုလင်းကိုဖွင့်ကာ ဆေးလုံးတစ်လုံးထုတ်ယူလိုက်သည်။

စွမ်းအင်သလင်းကျောက်သည် ဖောက်ထွင်းမြင်နေရကာ စိန်တစ်ပွင့်လိုတောက်ပနေသည်။

ဆေးက သူ့ပါးစပ်ထဲသို့ဝင်သွားသည်နှင့် ချက်ချင်းအရည်ပျော်ကာ စွမ်းအင်စီးကြောင်းများက သူ့ခန္ဓာကိုယ်အနှံ့သို့ အလင်းတန်းတစ်ခုလို တိုးဝင်သွားပြီး နေလို့ပိုကောင်းလာခဲ့သည်။

ဟဲဟုန်ကျဲ့၏ အကြားစွမ်းရည်ဆုံးရှုံးရခြင်းသည် ဆေးတစ်မျိုးကြောင့်ဖြစ်ပေမည့် ဘယ်အချိန်မှာ ဆေးခပ်ခံလိုက်ရမှန်းကိုတော့ မသိပေ။ ထိုအစား ဟဲဟုန်ယွမ် ပါဝင်နေသည်ကိုသာ သိခဲ့သည်။

ဒါက ကိစ္စကြီးလဲမဟုတ်သလို မပြောပလောက်သည့်အရာလဲမဟုတ်ပေ။ သူ နားပင်းသွားတာမဟုတ်ဘဲ အသံတွေကိုကြားနိုင်သေးသလို တခြားလူများနှင့် ဆက်သွယ်ပြောဆို၍ရနေသေးသော်လည်း အံစာနံပါတ်များကိုတော့ အကြားအာရုံဖြင့် နားထောင်ကာ မပြောနိုင်တော့ပေ။

ဟဲဟုန်ယွမ်သည် သူကစားနိုင်သမျှ လောင်းကစားနည်းများတွင် စစ်ပေါ်ကစားနည်းကို အကျွမ်းကျင်ဆုံး အတော်ဆုံးဖြစ်ကာ စစ်ပေါ်ဆိုသည်ကလဲ အကြားစွမ်းရည်လိုအပ်ချက်အမြင့်ဆုံး ကစားနည်းဖြစ်သည်။

သူ ဆရာဝန်များစွာနှင့် ပြခဲ့သော်လည်း ဘယ်ဆရာဝန်ကမှ သူ့အကြားစွမ်းရည် ပြန်ကောင်းလာနိုင်မည်လား မပြောနိုင်ပေ။

ဆေးဝါးကုသမှုခံယူပြီးနောက် သူ့အကြားစွမ်းရည်က နည်းနည်းလေး ပိုကောင်းလာခဲ့သော်လည်း အံစာနံပါတ်များကိုတော့ မပြောနိုင်သေးပေ။

တကယ်တော့ သူ့အကြားစွမ်းရည်ပြဿနာက ဟဲမိသားစုစီးပွားရေးကို ထိခိုက်မှုမရှိဘဲ ဟဲဟုန်ယွမ်ကသာ မီးထဲလောင်စာလောင်းထည့်ကာ ဟဲမိသားစုအတွက် ပြဿနာရှာပေးခဲ့ခြင်းဖြစ်သည်။

“အဖေ၊ ဘယ်လိုခံစားရလဲ?” ဟဲစစ်ရင်က စိုက်ကြည့်ကာ‌မေးလိုက်သည်။ ကာယကံရှင်ဖြစ်သည့် သူမအဖေထက်တောင် သူမကပိုလိုစိတ်လှုပ်ရှားနေသေးသည်။

“အချိန်တိုလေးအတွင်းတော့ အစွမ်းဘယ်ပြဦးမလဲ။” ကုနင်း ရယ်ချင်စိတ်ကိုထိန်းကာပြောလိုက်သည်။

ဒီတော့မှ ဟဲစစ်ရင်လဲ ရှက်သွားကာ ပြုံးလိုက်သည်။

“ဒီဆေးသောက်ပြီးတော့ နေရထိုင်ရပိုကောင်းပြီး အင်အားပြည့်လာသလိုခံစားရတယ်။” သို့သော်လည်း ဟဲဟုန်ကျဲ့ကတော့ စိတ်လှုပ်ရှားတကြီးနှင့် ပြောလာခဲ့သည်။

သူ့မှာ အကြားစွမ်းရည်ပြဿနာတစ်ခုတည်းရှိပေမည့် သူ့ခန္ဓာကိုယ်အခြေအနေကလဲ ကောင်းမနေပေ။ ဒီရက်များအတွင်း သူအလွန်စိတ်ဖိစီးခဲ့ရကာ ပင်ပန်းနွယ်နယ်ခဲ့ရသည်။ သို့သော်လည်း အခုတော့ အားအင်အပြည့်ဖြင့် လန်းဆန်းလို့သွားခဲ့ပေပြီ။

“ဝိုး၊ ဒါဆိုအရမ်းကောင်းတာပေါ့!” ဟဲစစ်ရင် အလွန်ပျော်ရွှင်သွားတော့သည်။

“မိန်းကလေးကု၊ ဒီဆေးက အရမ်းကောင်းတာပဲ။ မင်းဘယ်လိုရလာတာလဲ?” ဟဲဟုန်ကျဲ့က မေးလိုက်သည်။ သူက ဆေးလုံးပိုများများရနိုင်ဖို့ မျှော်လင့်နေမိခြင်းဖြစ်သည်။ ဖြစ်နိုင်မည်ဆိုလျှင် ဆေးပမာဏအများကြီး ဝယ်ထားချင်နေသည်။

ကုနင်းလဲ သူ့အတွေးကိုနားလည်ပေမည့် စိတ်မကောင်းစွာဖြင့် သူ့လိုဘကို မဖြည့်ဆည်းပေးနိုင်ပေ။

“အမ်၊ ဒါက ကျွန်မဆရာလက်ဆောင်ပေးထားတာပါ။ သူဘယ်လိုရလာလဲတော့မသိဘူး၊ ဒါပေမယ့် ကျွန်မဆရာကလဲ ဆုံးပါးသွားခဲ့ပြီ။ ကျွန်မဆီမှာလဲ နည်းနည်းလေးပဲရှိတာ။” ကုနင်း ဝမ်းနည်းသွားသလိုဟန်ဆောင်ကာ ပြောပြလိုက်သည်။

ထိုစကားကြောင့် ဟဲဟုန်ကျဲ့လဲ ဆက်မမေးလာတော့ပေ။

ကုနင်းသည် အလွန်ထူးချွန်သည့် မိန်းမငယ်လေးဖြစ်တာကြောင့် သူတို့ကြားမှ ကောင်းမွန်နေသည့် ဆက်ဆံရေးကို မဖျက်ဆီးပစ်လိုချေ။

***

All Chapters