← Chapters

အခန်း (၈၉၁-၈၉၅)

Vol. 60 Ch. 891-895

အခန်း (၈၉၁-၈၉၅)

Vol. 60 Ch. 891-895

အခန်း ၈၉၁ Mမြို့မှ လောင်းကစားဘုရင်

ဟဲမိသားစု ကာစီနိုမှ လောင်းကစားပြိုင်ပွဲပြီးဆုံးသွားသည်နှင့် လူအချို့က အင်တာနက်ပေါ်တွင် ဓါတ်ပုံများ ဗီဒီယိုအတိုလေးများ တင်ကုန်ကြသည်။

လောင်းကစားနတ်ဘုရားအသစ်! Mမြို့လောင်းကစားဘုရင်ရဲ့ အလုပ်သင်ဟောင်း ဖန်းကျီဟောက်နဲ့ လောင်းကစားနည်းသုံးမျိုးယှဉ်ပြိုင်ပြီး ၁.၇ဘီလီယံယွမ်ရရှိသွားသူ!

ဒီအမျိုးသမီးက လုံးဝကိုမရှုံးခဲ့ဘူး!

မယုံနိုင်စရာ လောင်းကစားစွမ်းရည်ရှိသည့် အမျိုးသမီး ထန်အိုက်နင်း။

ထန်အိုက်နင်းသတင်းနှင့် ဟဲဟုန်ယွမ်၊ ဟဲဟုန်ကျဲ့တို့ကြားမှ ပြိုင်ပွဲသတင်းမှာ မကြာခင်တွင်ပဲ ပျံ့သွားတော့သည်။

“အိုးမိုင်ဂေါ့ဒ်၊ ယွမ်၁.၇ဘီလီယံတောင်လား?”

“ဒါ ဘယ်လောက်တောင်များတာလဲ!”

“သူဘယ်လိုလုပ် ဒီလောက်တောင် ကံကောင်းရတာလဲ?”

“ကြည့်ရတာ နောက်လာမယ့် လောင်းကစားနတ်ဘုရားဖြစ်လာမယ်ထင်တယ်။”

“သူက အခုမှ နှစ်ဆယ်ကျော်ပဲရှိသေးတာမဟုတ်လား။ အံ့ဩစရာပဲ။”

“ငါတော့ အိပ်မက်,မက်နေသလားတောင် ထင်မိနေပြီ။”

……….

တစ်ချိန်တည်းမှာပဲ သံသယရှိနေကြသည့် လူအချို့လဲရှိလို့နေသည်။

“သူ ညစ်ပြီးကစားတာလား?”

“ဒါက ဟဲမိသားစုကာစီနိုမဟုတ်လား။ ဒီတော့ သူတို့အတွက် လိမ်ဖို့ အလွယ်လေးပေါ့။”

“ဟုတ်သားပဲ။”

“ငါလဲ လက်ခံတယ်။”

……

သို့ပေမည့် အချို့လူများက ချက်ချင်းပြန်လည် ခုခံပြောဆိုကြသည်။

“သူလုံးဝ လိမ်ပြီးမကစားသွားဘူး! ငါကိုယ်တိုင် ကစားပွဲမှာရှိနေခဲ့တာ။ သူတို့က ကစားပွဲမစခင် အချိန်တိုင်းစစ်တွေကို စစ်ဆေးနေကြတာ။”

“သူအရမ်းတော်လွန်းလို့ မင်းတို့ မနာလိုဖြစ်နေတာပဲဖြစ်ရမယ်။”

“ဖန်းကျီဟောက် ဘယ်သူဆိုတာ မင်းတို့တွေ မသိကြဘူးလား? သူက Mမြို့ လောင်းကစားဘုရင်ရဲ့ အလုပ်သင်ဟောင်းပဲ။ သူမသာ လိမ်မယ်ဆိုရင် ဖန်းကျီဟောက် မသိနိုင်စရာအကြောင်းရှိပါ့မလား။”

ဖန်းကျီဟောက်သည် HKတွင်တော့ နာမည်ကြီး လောင်းကစားသမားတစ်ယောက်ဖြစ်တာကြောင့် လူများစွာက သူ့နာမည်ကို ကြားဖူးထားကြပြီးဖြစ်သည်။

အပေါ်ဘက်မှမှတ်ချက်များကို ဖတ်ပြီးနောက် “ထန်အိုက်နင်း” သူမအရည်အချင်းနှင့်သူမ ပြိုင်ပွဲမှာ အနိုင်ရခဲ့သည်ဟု ယုံကြည်သည့် အင်တာနက်အသုံးပြုသူများ ပို၍များပြားလာခဲ့သည်။

HKလောင်းကစားဘုရင်ဖြစ်သည့် ဟဲဟုန်ကျဲ့သည်လဲ ပြည်တွင်းမှာ နာမည်ကြီးသူဖြစ်သည်။ ပြိုင်ပွဲအကြောင်း သတင်းတက်လာသည်နှင့် လောင်းကစားလောကတွင် ပါဝင်သူများမှာ ထိုသတင်းကို အထူးအာရုံစိုက်လာကြသည်။

“ထန်အိုက်နင်း”နာမည်သည်လဲ အာရုံစိုက်မှုအများအပြားကို သိမ်းယူနိုင်ခဲ့သည်။ သူမ၏လောင်းကစားစွမ်းရည်ကြောင့် လူတိုင်း အံ့ဩမှင်သက်ခဲ့ကြရသည်။

အပြင်လူများကတော့ “ထန်အိုက်နင်း” ပြိုင်ပွဲမှာ ညာကစားခဲ့လား မမြင်နိုင်ကြပေမယ့် အတွင်းလူများကတော့ လုံးဝမဖြစ်နိုင်ကြောင်း သိကြသည်။ ထို့ကြောင့် လောင်းကစားလောကမှ လူအများစုက “ထန်အိုက်နင်း”သည် အရည်အချင်းရှိ လောင်းကစားသမားတစ်ယောက်ဖြစ်ကြောင်း ယုံကြည်လာကြတော့သည်။

အချိန်တိုလေးအတွင်းမှာပဲ ထိုသတင်းများသည် Mမြို့ရှိလောင်းကစားဘုရင်ကိုပါ ဆွဲဆောင်လို့သွားတော့သည်။

Mမြို့၏လောင်းကစားဘုရင်သည်လဲ နှစ်ပေါင်းများစွာ လောင်းကစားနတ်ဘုရားဖြစ်ခဲ့ကာ သူ့နေရာကို ဘယ်သူကမှ အစားမဝင်ရောက်နိုင်ပေ။

ထိုသို့အမြင့်နေရာမှာ အချိန်ကြာမြင့်စွာနေခဲ့ပြီဖြစ်တာကြောင့် သူလဲ အနည်းငယ်အထီးကျန်ဆန်လာကာ ပြိုင်ဘက်များကို ရှာဖွေခဲ့သည်။ သို့သော်လည်း ဘယ်သူကမှ လောင်းကစားလုပ်ရာတွင် သူ့ကိုအနိုင်မယူနိုင်ခဲ့ကြပေ။ ထို့ကြောင့် ကုနင်းပေါ်ထွက်လာမှုက Mမြို့လောင်းကစားဘုရင်၏အာရုံကို လုံးဝနှိုးဆွပေးလိုက်တော့သည်။

သူ ဟဲဟုန်ကျဲ့နှင့်အရင်က ပြိုင်ခဲ့ဖူးသော်လည်း စစ်ပေါ်ကစားနည်းတစ်မျိုးပဲ ကစားခဲ့သလို သရေလဲကျခဲ့သည်။ ဒါကြောင့် ထိုကစားပွဲက သူ့ကို ပျော်ရွှင်မှုမပေးနိုင်ခဲ့ပေ။

Mမြို့လောင်းကစားဘုရင်နှင့် ဟဲဟုန်ကျဲ့သည် အသိမိတ်ဆွေများဖြစ်တာကြောင့် သူတို့အချင်းချင်း ဖုန်းနံပါတ်များလဲထားကြရာ သတင်းများကို ဖတ်ပြီးသည်နှင့် လောင်းကစားဘုရင်လဲ ဟဲဟုန်ကျဲ့ကို ချက်ချင်းဖုန်းဆက်တော့သည်။

Mမြို့လောင်းကစားဘုရင်ထံမှ ဟဲဟုန်ကျဲ့ ဖုန်းလက်ခံရရှိချိန်တွင် သူက ကျွန်းပေါ်သို့သွားကြမည့် ကုနင်းတို့အဖွဲ့နှင့် လမ်းခွဲပြီးရုံရှိသေးသည်။

ဟဲဟုန်ကျဲ့ကတော့ အသက်ကြီးနေပြီဖြစ်တာကြောင့် သူတို့နှင့်အတူ ကျွန်းပေါ်သို့ လိုက်မသွားခဲ့ပေ။

Mမြို့ လောင်းကစားဘုရင်က ရုတ်တရက်ဆက်သွယ်လာတာကြောင့် ဟဲဟုန်ကျဲ့အံ့ဩသွားပေမည့် အကြောင်းအရင်းကိုတော့ ခန့်မှန်းကြည့်နိုင်သည်။

သူ့အထင်မှန်စွာပဲ Mမြို့လောင်းကစားဘုရင်က ကုနင်းကြောင့် သူ့ကိုဆက်သွယ်လာခြင်းဖြစ်သည်။

သတင်းတွေက အလွန်ဂယက်ထသွားတာကြောင့် Mမြို့လောင်းကစားဘုရင်လဲ စိတ်ဝင်စားသွားသည်က နားလည်၍ရနိုင်သည်။

ထို့အပြင် ဒါက ကုနင်းအတွက် အခွင့်ကောင်းတစ်ခုဟုလဲ ဟဲဟုန်ကျဲ့တွေးမိသည်။

သို့သော်လည်း အခု သူက ကုနင်းနှင့်အတူရှိမနေတာကြောင့် Mမြို့လောင်းကစားဘုရင်ကို ကုနင်းနှင့်တိုက်ရိုက်ဖုန်းတန်းပြောခိုင်းလိုက်လို့မရပေ။ ကုနင်း၏ဖုန်းနံပါတ်ကို ပေးဖို့ကျတော့လဲ သူမခွင့်ပြုချက်မရှိဘဲ ဘယ်သူ့ကိုမှ ဟဲဟုန်ကျဲ့မပေးလိုတာကြောင့် သူလဲ Mမြို့လောင်းကစားဘုရင်၏ဖိတ်ကြားချက်ကို ကုနင်းထံပြန်ပြောပြပေးပါမည်ဟုသာ ပြောလိုက်ရသည်။

Mမြို့လောင်းကစားဘုရင်ကလဲ နားလည်ပေးတတ်သူဖြစ်တာကြောင့် ကုနင်း၏အဖြေကိုစောင့်ဖို့ သဘောတူခဲ့သည်။

ထို့နောက် ဟဲဟုန်ကျဲ့က တစ်ဖန် ကုနင်းဆီသို့ ဖုန်းဆက်လိုက်သည်။

“မိန်းကလေးကု၊ Mမြို့လောင်းကစားဘုရင်က ငါ့ကိုအခုပဲ ဖုန်းဆက်ပြီး သူနဲ့လောင်းကစားပြိုင်ပွဲတစ်ပွဲလောက် ကစားဖို့ မင်းကိုဖိတ်ခိုင်းလိုက်တယ်။ မင်းဘယ်လိုသဘောရလဲ?”

ထိုစကားကြောင့် ကုနင်းအနည်းငယ်အံ့ဩသွာကာ နောက်တော့မှာ အကြောင်းအရင်းကို သိရှိသွားသည်။

“Mမြို့လောင်းကစားဘုရင်နဲ့ ပြိုင်ပွဲလုပ်နိုင်တာ ကျွန်မအတွက်တော့ ဂုဏ်ယူစရာပေါ့။ ဒါပေမယ့် ကျွန်မ နာမည်အရင်းကိုတော့ မပြောလိုက်ပါနဲ့။ ထန်အိုက်နင်းနာမည်နဲ့သုံးတဲ့ ဖုန်းနံပါတ်ကိုပဲ ပေးလိုက်ပါ။”

“ဟုတ်ပါပြီ။”

ထို့နောက် ကုနင်းက သူမထန်အိုက်နင်းနာမည်ဖြင့် အသုံးပြုသည့် ဖုန်းနံပါတ်ကို ဟဲဟုန်ကျဲ့အားပြောပြလိုက်သည်။

***

အခန်း ၈၉၂ ကျွန်းငယ်လေးပေါ်မှာ ပတ်ရှာခြင်း

ကုနင်းနှင့် ဖုန်းချပြီးသည်နှင့် ဟဲဟုန်ကျဲ့လဲ ချက်ချင်းဆိုသလို Mမြို့လောင်းကစားဘုရင်ဆီ ဖုန်းပြန်ခေါ်ရပြန်သည်။

Mမြို့လောင်းကစားဘုရင်က “ထန်အိုက်နင်း”အကြောင်း သိပ်မသိထားတာကြောင့် သူမက သူကမ်းလှမ်းချက်ကို ငြင်းမည်အား စိုးရိမ်နေခဲ့သည်။

ခဏအကြာတွင်တော့ ဟဲဟုန်ကျဲ့က သူ့ကို “ထန်အိုက်နင်း”၏ ဖုန်းနံပါတ်ကို ပေးလာခဲ့သည်။

Mမြို့လောင်းကစားဘုရင်လဲ ချက်ချင်းဆိုသလို “ထန်အိုက်နင်း”ကို ဖုန်းဆက်လိုက်တော့သည်။

Mမြို့လောင်းကစားဘုရင်၏ နာမည်မှာ ယဲ့ချောင်ရှုံးဖြစ်ကာ အသက်၅၇နှစ် ရှိပြီဖြစ်ပြီး ဟဲဟုန်ကျဲ့ထက် အသက်ပိုကြီးသည်။

ယဲ့ချောင်ရှုံးထံမှ ဖုန်းလက်ခံရရှိချိန်တွင် ကုနင်းသည် ဟဲမိသားစုပိုင်လှေပေါ်တွင် အခြားလူများနှင့်အတူ ရောက်နေသည်မှာ တစ်ခဏတောင်ကြာနေပြီဖြစ်သည်။

“ဟိုင်း၊ ဘယ်သူပါလဲ?”ကုနင်း ဖုန်းပြန်ဖြေလိုက်သည်။

“ဟိုင်း၊ မိန်းကလေးထန်၊ ငါက ယဲ့ချောင်ရှုံးပါ။” ယဲ့ချောင်ရှုံး၏အသံမှာ လေးနက်ကာ တည်ကြည်ပြီး အင်အားကြီးပုံရပေမည့် ခြိမ်းခြောက်သည့်အသံအနေအထားတော့ မပါဝင်ပေ။

“မင်္ဂလာပါ၊ လူကြီးမင်းယဲ့။” ကုနင်းကလဲ ယုံကြည်မှုရှိရှိနှင့် ယဉ်ကျေးစွာ ပြန်ပြောလိုက်သည်။ သူမအနေနှင့် ယဲ့ချောင်ရှုံးကို နှိမ့်ချကာ ဆက်ဆံပြစရာမလိုဟု တွေးမိသည်။

ရိုးရှင်းသည့် နှုတ်ဆက်စကားလေးနှင့်ပင် ယဲ့ချောင်ရှုံးကတော့ တစ်ဖက်လူက သာမာန်လုံးဝမဟုတ်ကြောင်း ခံစားသိရှိလို့နေပေပြီ။

“မိန်းကလေးထန်၊ ငါမင်းကို ဘာကြောင့် ဆက်သွယ်လိုက်ရလဲဆိုတာ မင်းသိပြီးလောက်ပါပြီ။” ယဲ့ချောင်ရှုံးက ထိုစကားပြောပြီးနောက် ခဏရပ်သွားခဲ့သည်။ ထို့နောက်မှ၊ “မင်း ဖန်းကျီဟောက်နဲ့ လောင်းကစားပြိုင်ပွဲလုပ်ပြီး တစ်ကြိမ်မှမရှုံးခဲ့ဘူးဆိုတဲ့သတင်း ငါအခုလေးတင်ပဲ ကြားလိုက်ရတယ်။ မင်းစိတ်မရှိဘူးဆိုရင် ငါနဲ့တစ်ပွဲလောက်ကစားပါလား?”

ယဲ့ချောင်ရှုံးသည် အလွန်ကြင်နာတတ်ကာ ယဉ်ကျေးမှုရှိသူဖြစ်သည်။ ဒါကြောင့် ကုနင်းကို သူနှင့် ကစားဖို့ အတင်းအကြပ်ဖိအားပေးခြင်းမရှိပေ။

“လူကြီးမင်းယဲ့နဲ့ ကစားရမယ်ဆိုတာ ကျွန်မအတွက်တော့ ဂုဏ်ယူစရာပါပဲ။ ဒါပေမယ့် လောင်းကစားလုပ်တယ်ဆိုမှတော့ လောင်းကြေးလေးတော့ ပါသင့်တယ်နော်။” ကုနင်း ငွေတစ်ပြားမှ မရဘဲနဲ့တော့ သူမအချိန်ကို မဖြုန်းတီးလိုချေ။

“ဒါပေါ့။ ပါရမှာပေါ့။” ယဲ့ချောင်ရှုံးသည်လဲ လောင်းကြေးသာမပါလျှင် သူပျင်းသွားလိမ့်မည်ဟု တွေးမိသည်။

“ဒါဆို လူကြီးမင်းယဲ့ ဘယ်အချိန်လောက် ပြိုင်ပွဲလုပ်ချင်လဲ?”

“မြန်လေကောင်းလေပဲပေါ့။ ငါက နေ့တိုင်းအားနေတာ။ မင်းဘယ်အချိန်အားမလဲဆိုတာအပေါ်ပဲ မူတည်တယ်။”

“စိတ်တော့မကောင်းပါဘူး၊ အခုလောလောဆယ်တော့ ကျွန်မအလုပ်များနေတယ်။ ကျွန်မပြီးတဲ့အချိန်ကျမှ ပြန်ဆက်သွယ်လိုက်လို့ရမလား?” ကုနင်း ဤတစ်ခေါက် ဟဲရှီယန်ကို ရှာနိုင်ပါ့မလား မသချောသလို အချိန်ဘယ်လောက်ကုန်သွားမလဲဆိုတာလဲ မသေချာပေ။

“ကိစ္စမရှိပါဘူး။ မင်းအားတဲ့အချိန် ဘယ်အချိန်ဖြစ်ဖြစ် ငါ့ကိုလှမ်းဆက်သွယ်လိုက်။” ယဲ့ချောင်ရှုံးဘက်က အလွန်လိုက်လျောပေးသည်။

ထို့နောက် နှစ်ဦးသားတပြိုင်တည်းလိုလို ဖုန်းချလိုက်ကြသည်။

ကုနင်း လှေပေါ်မှအခန်းငယ်ထဲသို့ ပြန်ဝင်လာချိန်မှာတော့ အထဲမှ လေထုအခြေအနေမှာ တင်းမာလို့နေသည်။

ဟဲရီရှောက်က လင်ရှောင်းထင်သည် ကုနင်း၏ချစ်သူမှန်းမသိတာကြောင့် သူ့ရှေ့မှာပဲ ကုနင်းနှင့်ဆက်တိုက်စကားပြောနေခဲ့သည်။

ကုနင်းက ဟဲမိသားစုအတွက် အကျိုးဆောင်ပေးခဲ့တာကြောင့် ဟဲရီရှောက်က သူမကို အလွန်ကျေးဇူးတင်နေခြင်းဖြစ်သည်။ ထို့အပြင် ကုနင်း၏ ထူးချွန်ပြောင်မြောက်လှသည့် လောင်းကစားစွမ်းရည်ကြောင့်လဲ လေးစားနေမိတာကြောင့် စိတ်အားထက်သန်စွာ ကုနင်းကို ကောင်းကောင်းမွန်မွန်‌ ပြောဆိုဆက်ဆံနေခြင်းဖြစ်သည်။

ထို့ကြောင့် လင်ရှောင်းထင်လဲ နောက်ဆုံး သူက ကုနင်း၏သက်ဆိုင်သူဖြစ်ကြောင်း တိုက်ရိုက်သာ ဖော်ပြလိုက်ရတော့သည်။ သူက ဘာစကားမှမပြောဘဲ ကုနင်းကို လှမ်းဆွဲကာ ဟဲရီရှောက်ကို တစ်ယောက်တည်း ကြောင်အစွာ ချန်ထားခဲ့လိုက်သည်။

သူမချစ်သူထပ်ပြီးသဝန်တိုနေပြန်ပြီကို သိလိုက်ရတာကြောင့် ကုနင်းခဗျာ ဘာပြောလို့ ပြောရမှန်းတောင် မသိတော့ပေ။

သူတို့နှစ်ယောက် စုံတွဲဖြစ်မှန်း သိသွားသည်နှင့် ဟဲရီရှောက်လဲ သူ့အပြုအမူက အနည်းငယ်မသင့်တော်ရာရောက်ကြောင်း နားလည်သွားသည်။

“နင်တော့ ငွေတွေထပ်ပြီး ရှာနိုင်ဦးတော့မှာပဲ။” ဟဲစစ်ရင်က ကုနင်းကိုပြောလိုက်သည်။ သူမတွေ့ဖူးသမျှထဲတွင် ကုနင်းကသာ အတော်ဆုံးလောင်းကစားသမားဟု ဟဲစစ်ရင်ယုံကြည်လို့နေသည်။

“ဘာလို့ ငါ့အပေါ် ဒီလောက်တောင် ယုံကြည်ချက်ရှိနေတာလဲ?” ကုနင်း ရယ်ချင်သွားသည်။

“ဟ-ဟ၊ နင်က ငါ့မျက်လုံးထဲမှာတော့ ကမ္ဘာပေါ်မှာအတော်ဆုံး လောင်းကစားသမားပဲ။” ကုနင်းတစ်ယောက်တည်းကသာ စစ်ပေါ်ကစားနည်းတွင် အကြိမ်တိုင်း ဂဏန်းအတိအကျကိုပါ မှန်ကန်အောင် ပြောနိုင်သူဖြစ်သည်။

ကုနင်းတစ်ယောက်တည်းကသာ ငါးကတ်ပိုကာကစားနည်းတွင် ဆတိုးအများဆုံးရသည်အထိ ကံကောင်းခဲ့ခြင်းဖြစ်သည်။

ကုနင်းတစ်ယောက်တည်းကသာ အကြွေစေ့စက်ကစားပြီး အကြိမ်တိုင်း ငွေတွေအများကြီးရသလို Prize Poolဖွင့်နိုင်ခဲ့သူဖြစ်သည်။ ဒါမျိုးလုပ်နိုင်ဖို့ဆိုတာက အကြိမ်တစ်သန်းမှာတစ်ကြိမ်လောက်သာ အခွင့်အရေးရှိတာဖြစ်သည်။

ကုနင်းပြုံးရုံသာပြုံးလိုက်ပြီး ဘာမှရှင်းပြမနေခဲ့ပေ။

“နင်အခု နာမည်ကြီးနေပြီ။ နောက်ဆို နင့်ကိုစိန်ခေါ်ချင်တဲ့ လောင်းကစားသမားတွေ ပို,ပိုပြီးများလာတော့မှာ။ ပြီးရင် နင်လဲ ငွေတွေအများကြီးတင်တော့မှာပဲ!” ဟဲစစ်ရင်က မနာလိုခြင်းမဟုတ်သည့် အားကျခြင်းမျိုးဖြင့် ကုနင်းကိုပြောလိုက်သည်။ ငွေက ကောင်းသောအရာဆိုသော်လည်း သူ့တန်ဖိုးနှင့်သူလာတာဖြစ်သည်။

ကုနင်း အခုဆိုတကယ်ပဲ နာမည်ကြီးလာပြီဖြစ်ပေမည့် သူမအတွက် ပြဿနာတွေကိုလဲ ဆောင်ယူလာခဲ့ပြီဖြစ်သည်။

ကမ္ဘာပေါ်ကလူများစွာသည် သူတို့ရန်သူလက်မှလွတ်အောင် ဒါမှမဟုတ် သူတို့အကျိုးအမြတ်ရမည့်လမ်းကို ပိတ်ရပ်နေသည့်လူများ ဖယ်သွားအောင် ဥပဒေနှင့်မညီသည့် လုပ်ရပ်များဖြင့် ဖယ်ရှားလေ့ရှိကြသည်။

ထိုသို့တွေးမိပြီးနောက် ကုနင်း၏လုံခြုံရေးအတွက် ဟဲစစ်ရင် စိုးရိမ်လာမိတော့သည်။ “နင်အခုကစပြီး အရမ်းဂရုစိုက်မှရတော့မယ်။”

“ဟုတ်ပါပြီ၊ ငါဂရုစိုက်ပါ့မယ်။” ဟဲစစ်ရင် သူမကိုဂရုစိုက်ပေးသည့်အတွက် ကုနင်းအတော်လေးဝမ်းသာလို့နေမိသည်။

တကယ်တော့ တခြားလူများအနေနှင့် ကုနင်းကို တစ်စက္ကန့်အတွင်း မသတ်ပစ်နိုင်ဘူးဆိုလျှင် ဆက်ပြီးထိခိုက်အောင်လုပ်ဖို့ အလွန်ခက်ခဲပေမည်။

သူမမှာအချိန်ပိုရနေသ၍ သူမအသက်ကို သူမဘာသာ မှော်စွမ်းအင်သုံး၍ ကယ်တင်နိုင်ပေလိမ့်မည်။

………….

လင်ရှောင်းထင်သည်တော့ တိတ်ဆိတ်လို့နေပေမည့် သူ့မိန်းကလေးကိုကာကွယ်ရန် အရာအားလုံးလုပ်ဆောင်သွားမည်ဟု သူ့ဘာသာတွေးနေလေသည်။

ထို့နောက် ဟဲရှီယန်ကို ရှာမည့်အကြောင်း အစီအစဉ်စဆွဲကြတော့သည်။

“အခု ကျွန်းပေါ်က ခြေရာလက်ရာတွေက အရမ်းမှိန်ဖျော့နေပြီဆိုတော့ ငါ့ညီကိုရှာဖို့ အစီအစဉ်ဆွဲထားလို့လိုမယ်။ သူ့ကို တစ်နေ့အတွင်း ရှာနိုင်သည်ဖြစ်စေ မရှာနိုင်သည်ဖြစ်စေ၊ မမှောင်ခင် အားလုံး လှေပေါ်မှာပြန်ဆုံကြမယ်။ ကျွန်းပေါ်မှာ ညဘက်ဆိုအရမ်းအန္တရာယ်များလွန်းတယ်။ သားရဲတွေတောင် ရှိနေမှာ။” ဟဲရီရှောက်ကပြောလိုက်သည်။

သူ့ညီလုံခြုံရေးအတွက် စိုးရိမ်နေမိသည်ဆိုသော်လည်း သူ့မိတ်ဆွေများလဲ ဂရုစိုက်ပေသည်။

ဟဲရှီယန် အခုထိ လုံခြုံနေသေးလားကို သူတို့မသိရသေးပေမည့် သူတို့ထဲက ဘယ်သူ့ကိုမှလဲ အန္တရာယ်ကြားထဲ မတွန်းထည့်လိုက်နိုင်ပေ။

***

အခန်း ၈၉၃ မြေအောက်ခန်း

“ဒီတစ်ခေါက်တော့ အားလုံး ကျွန်မစကားကိုပဲ နားထောင်စေချင်တယ်။” ကုနင်း အလေးအနက်ထားကာပြောလိုက်သည်။

“မင်းမှာ ဘာအစီအစဉ်ရှိလို့လဲ?” ဟဲရီရှောက် ပြန်မေးလိုက်ကာ လူတိုင်း၏အကြည့်အားလုံးကလဲ ကုနင်းဆီသို့ ကျရောက်လို့လာသည်။

“အရင်ဆုံး ရှောင်းထင်နဲ့ကျွန်မပဲ ကျွန်းပေါ်တက်သွားမယ်။ ကျန်တဲ့လူတွေက လှေပေါ်မှာပဲ နေခဲ့ကြ။ ဟဲရှီယန် ကျွန်းပေါ်မှာပဲ ရှိနေသေးတယ်ဆိုရင် ဟဲဟုန်ယွမ်ရဲ့လူတွေလဲ ရှိနေမှာပဲ။ ကျွန်မတို့အကုန် ကျွန်းပေါ်သွားလိုက်ရင် သူတို့တွေ ကျွန်မတို့လှေကို ခိုးပြီး ဟဲရှီယန်နဲ့အတူ ထွက်ပြေးသွားနိုင်တယ်။ ဒီလိုဆို ဟဲရှီယန်ကို မကယ်နိုင်သလို လှေမရှိတော့တာကြောင့် နောက်ကလိုက်ဖို့လဲ မဖြစ်နိုင်တော့ဘူး။”

“သူ့ကိုရှာဖို့ မင်းတို့နှစ်ယောက်တည်း ကျွန်းပေါ်သွားတာက အရမ်းအန္တရာယ်များတယ်လေ။” ဟဲရီရှောက်က စိုးရိမ်နေခဲ့သည်။

“ဟုတ်သားပဲ။” ဟဲစစ်ရင်ကလဲ ထိုစကားကိုလက်ခံကာ၊ “သူတို့လူတွေဘယ်နှယောက်တောင်ရှိမလဲ ငါတို့မသိဘူးလေ။ နင်တို့နှစ်ယောက်ပဲ သွားမယ်ဆိုရင် အရမ်းအန္တရာယ်များတယ်။”

“အေးဆေးပါ။ ငါတို့နှစ်ယောက်တည်းကို နင်တို့တွေအားလုံး ပေါင်းတိုက်ရင်တောင်မှ နင်တို့ မနိုင်,နိုင်ပါဘူး။” ကုနင်း စိတ်ကြီးဝင်နေခြင်းမဟုတ်ဘဲ အမှန်တရားကိုသာ ပြောလိုက်ခြင်းဖြစ်သည်။

ဘာပြောလိုက်တယ်?

ထိုစကားကြောင့် ဟဲရီရှောက်နှင့်ကျန်လူများ အံ့အားသင့်သွားကြရသည်။

သူတို့က အတိုက်အခိုက်လဲတောင်ကြတာလား?

……..

“အိုး၊ အရင်နေ့က နင် ဟုန်ယွဲ့ဖေးရဲ့လူတွေကို တစ်မိနစ်တည်းနဲ့ အနိုင်တိုက်ခဲ့သေးတယ်မဟုတ်လား?” ရုတ်တရက် ဟဲစစ်ရင်က အရင်နေ့က ကိစ္စကို အမှတ်ရသွားသည်။

“ဟုတ်တယ်လေ။”

“ဟုတ်ပါတယ်၊ နင်မှန်တယ်။ ငါတို့အားလုံးပေါင်းတောင် နင့်ကိုမယှဉ်နိုင်လောက်ဘူး။”

ထိုစကားကြောင့် ဟဲရီရှောက်ပိုလို့ အံ့ဩသွားတော့သည်။ ဟုန်ယွဲ့ဖေးရဲ့လူတွေအားလုံးက အတိုက်အခိုက်တော်ကြတယ်မဟုတ်လား။ ကုနင်းသာ သူတို့တွေကို တစ်မိနစ်တည်းနဲ့ အနိုင်တိုက်နိုင်တယ်ဆိုရင် သူမ၏ကိုယ်ခံပညာက အရမ်းကောင်းလွန်းနေတာပဲပေါ့။

“ငါ့ရဲ့အကြားအာရုံနဲ့ အနံ့ခံအာရုံက သာမာန်လူတွေထက် ပိုကောင်းတယ်။ ဒါပေမယ့် ငါ့အနားမှာ လူတွေအရမ်းများနေရင် ခွဲခြားရာမှာ အခက်အခဲဖြစ်သွားနိုင်တယ်။ ငါတို့ သူ့ကိုရှာတွေ့,တွေ့ မတွေ့,တွေ့ နောက်၂နာရီနေရင် ပြန်လာခဲ့ပါ့မယ်။” ကုနင်း အဆုံးသတ်အနေနှင့် တစ်ခါတည်းပြောလိုက်သည်။

အခု ဟဲရှီယန်က ကျွန်းပေါ်မှာရှိနေတာကြောင့် ဟဲဟုန်ယွမ်၏လူတွေကလဲ ရှိနေပေလိမ့်မည်။ မတော်တဆတစ်ခုခုဖြစ်လာနိုင်တာကြောင့် ကုနင်းက ကောင်းယိနှင့်ချောင်ယတို့ကိုလဲ တခြားလူများနှင့်အတူ လှေပေါ်တွင်သာ နေခဲ့စေသည်။

ဟဲစစ်ရင်နှင့်ဟဲရီရှောက်တို့လဲ ကုနင်းသဘောအတိုင်း သဘောတူလိုက်ကြသည်။

ကောင်းယိနှင့်ချောင်ယကတော့ ကုနင်းစကားဆိုလျှင် နားထောင်ကြတာကြောင့် သူမပြောသလို လှေပေါ်မှာ နေခဲ့ကြသည်။

ထို့နောက် ကုနင်းက ချောင်ယအနားသို့ အသာလေးကပ်သွားကာ တိုးတိုးတိတ်တိတ်နှင့် သေနတ်တစ်လက်ပေးလိုက်သည်။

သူမအရင်တုန်းက လူမိုက်အဖွဲ့ဆီကနေပြီး ယူခဲ့သည့် သေနတ်ဖြစ်ကာ လင်ရှောင်းထင် သူမကိုပေးထားသည့် သေနတ်မဟုတ်ပေ။

ချောင်ယကတော့ ကုနင်း ဘယ်သူမှမတွေ့အောင် သေနတ်တစ်လက်သယ်လာနိုင်ခဲ့၍ အံ့ဩနေပေမည့် ဘယ်လိုများသယ်ခဲ့လဲဆိုသည်ကိုတော့ မမေးမြန်းခဲ့ပေ။

ဆယ်မိနစ်ကျော်ကြာပြီးနောက်မှာတော့ လှေက ကျွန်းငယ်အနီးသို့ ချဉ်းကပ်လာခဲ့သည်။

ယနေ့က တိမ်ထူသည့်နေ့ဖြစ်တာကြောင့် ကောင်းကင်တစ်ခုလုံး မှိုင်းညို့နေကာ ပတ်ဝန်းကျင်ကို လျှို့ဝှက်ဆန်းကျယ်သည့် အနေအထားမျိုး ဖြစ်နေစေသည်။

ကုနင်းက ဟဲရီရှောက်ကို ကျွန်းတစ်ပတ်လောက် ပတ်ဖို့ရန်ပြောလိုက်သည်။ ကျွန်းပေါ်မတက်ခင် သူမအရင်ဆုံးတစ်ခေါက်လောက် ကြည့်ဖို့လိုအပ်သေးသည်။

လှေက ကျွန်းငယ်တစ်ဝိုက်လှည့်နေချိန်မှာပဲ ကုနင်းကလဲ သူမ၏ကျောက်စိမ်းမျက်ဝန်းဖြင့် ပတ်ဝန်းကျင်ကို အကဲခတ်နေခဲ့သည်။ သို့သော်လည်း ဝေးကွာသလို မြူများလဲ ဆိုင်းနေတာကြောင့် ကုနင်း၏ကျောက်စိမ်းမျက်ဝန်းဖြင့်ပင် အရမ်းဝေးသည့်နေရာကို မမြင်နိုင်ခဲ့ပေ။

ကျွန်းက အရမ်းမကြီးဘူးဆိုပေမယ့် မျက်နှာပြင်ကတော့ အတော်လေးမညီညာပေ။ ကျွန်း၏အစွန်းများတွင် ကြမ်းတမ်းစွာ လှိုင်းပုတ်ခံထားရသည့် ကျောက်ဆောင်တန်းများရှိလို့နေသည်။ တချို့နေရာများကို လူများဖြတ်ဝင်သွားလာနိုင်ပေမယ့် အနီးကပ်သွားလျှင်တော့ အလွန်အန္တရာယ်များလှသည်။

ထို့အပြင် မီတာလေးဆယ်လောက်မြင့်သည့် ကမ်းပါးကြီးတစ်ခုကလဲ ရှိနေသေးသည်။

ကျွန်းတစ်ပတ်,ပတ်ကြည့်ပြီးနောက်မှာတော့ လှေကို ကျောက်ဆောင်နည်းသည့် မီတာ၂၀ကျော်ရှည်လျားသည့် ဘက်ခြမ်းမှာ ရပ်လိုက်သည်။

ကုနင်းနှင့် လင်ရှောင်းထင်တို့ ဓါးမြှောင်တစ်ချောင်းစီကိုင်ကာ လှေပေါ်မှအတူဆင်းလိုက်ကြသည်။

“ဂရုစိုက်ကြနော်!”

ဟဲစစ်ရင်နှင့် ဟဲရီရှောက်တို့ သူတို့နှစ်ဦး ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်မည်ဟု ယုံကြည်သော်လည်း စိုးရိမ်မိနေကြစဲပင်။

“စိတ်မပူပါနဲ့၊ ငါတို့ဂရုစိုက်သွားပါ့မယ်။” ကုနင်း သူတို့ကို စိတ်ချအောင် ထပ်ပြောလိုက်ပြီးနောက် လင်ရှောင်းထင်နှင့်အတူ ထူထပ်သည့်သစ်ပင်အုပ်ကြီးကြားထဲသို့ လျှောက်ဝင်လို့သွားတော့သည်။

ကျွန်းငယ်ထဲသို့ သူတို့ဝင်လိုက်သည်နှင့် ကုနင်းကလဲ ကျောက်စိမ်းမျက်ဝန်းဖြင့် အနားတစ်ဝိုက်ကို အာရုံခံကြည့်လိုက်သည်။

လင်ရှောင်းထင်သည်လဲ ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာနေသည်။ သူ့မှာ ကျောက်စိမ်းမျက်ဝန်းမရှိတာတောင်မှ အာရုံခံနိုင်စွမ်းကတော့ မြင့်မားလှသည်။

သူတို့နှစ်ယောက် အချင်းချင်း ကာကွယ်နိုင်ဖို့ရန်အတွက် ဘေးတိုက်လှုပ်ရှားခဲ့ကြသည်။

ကျွန်းပေါ်မှ ကျောက်တုံးများမှာ အနည်းငယ်ကြမ်းတမ်းပေမည့် ကုနင်းနှင့်လင်ရှောင်းထင်အတွက် ပြောပရလောက်သည့် အနေအထားမဟုတ်ပေ။ ဆက်တိုက်ဆိုသလို သစ်ပင်တစ်ပင်ပေါ်မှ အဆိပ်ရှိမြွေတွေ ခုန်ထွက်လာတတ်သည်။ လင်ရှောင်းထင်က အကြိမ်တိုင်း ၎င်းတို့ကို ထပ်ပိုင်းဖြတ်ပစ်နေတာတောင်မှ ကုနင်းကတော့ အနည်းငယ်လန့်နေမိသေးသည်။ သူမမြွေကို ကြောက်လို့ကြောင့်တော့မဟုတ်ဘဲ ၎င်းတို့က ရွံ့စရာကောင်းတာကြောင့်သာဖြစ်သည်။

ကျွန်း၏သုံးပုံတစ်ပုံလောက်အထိ လမ်းလျှောက်ပြီးသည်အထိ ဘယ်သူ့ကိုမှမတွေ့သေးတာကြောင့် ရှန်ကျောက်ရွှမ် ကုနင်းကို‌ပြောပြဖူးသည့် ဘောလုံးကွင်းအရွယ်ကွင်းပြင်နှင့် ခေတ်ဟောင်းအဆောက်အဦးတစ်ခုဆီသို့ သွားလိုက်ကြသည်။

ကျွန်းက သိပ်မကြီးတာကြောင့် ဤကဲ့သို့ မဖွံ့ဖြိုးသေးသည့်ကျွန်းမျိုးတွင်တော့ ထိုအိမ်သည် အတော်လေးကြီးပုံပေါ်နေသည်။

ကျွန်းက မဖွံ့ဖြိုးသေးတာကြောင့် ကျွန်းပေါ်မှာ လူအနည်းငယ်သာရှိပေသည်။ ဤအိမ်ကလဲ အခုထိ အခြေအနေကောင်းသေးတာကြောင့် သန့်ရှင်းရေးသာလုပ်လိုက်လျှင် လူများချက်ချင်း ဝင်နေလို့ရသည့် အနေအထားပင်။

ကုနင်း ကျောက်စိမ်းမျက်ဝန်းဖြင့် အိမ်ထဲသို့ ချက်ချင်းစစ်ကြည့်လိုက်ပေမည့် ဘယ်သူ့ကိုမှမတွေ့ရပေ။ ထိုအစား အိမ်အတွင်းပိုင်းက သန့်ရှင်းနေတာကို မြင်လိုက်ရတာကြောင့် လူတစ်ချို့ အိမ်ထဲမှာနေခဲ့ကြောင်း သိသာနေစေသည်။

ထိုနေခဲ့သည့်လူတွေက ဟဲဟုန်ယွမ်၏လူများဖြစ်လောက်မည်ဟု သူမကတော့ ယုံကြည်လိုက်သည်။

သို့သော်လည်း အခုချိန်မှာတော့ အိမ်က ရှင်းလင်းလို့နေသည်။ ကြည့်ရတာ သူတို့လှေကိုသတိထားမိသွားပြီး ပုန်းနေကြတာပဲဖြစ်ရမယ်။

ဟဲဟုန်ယွမ်၏လူတွေက သူတို့ကျွန်းပေါ်ရောက်နေမှန်း သိသွားကြသည့်အတွက် ကုနင်းအံ့ဩသွားမိသည်။ ကြည့်ရတာ သူတို့ထဲက တချို့က ပင်လယ်ဘက်ကိုစောင့်ကြည့်နေပြီး တစ်ခုခုချဉ်းကပ်လာတာနဲ့ ချက်ချင်းပြောင်းပုန်းကြတာပဲဖြစ်မယ်။

ထို့နောက် ကုနင်း ကျောက်စိမ်းမျက်ဝန်းဖြင့် မြေအောက်ဘက်ကိုပင် ကြည့်လိုက်သည်။

ပုံမှန်ဆိုလျှင် ဤကဲ့သို့ရှေးဟောင်းအိမ်များတွင် မြေအောက်ခန်းများ သို့မဟုတ် မြေအောက်လမ်းကြောင်း ရှိတတ်ကြသည်။ သူမလဲ သူတို့ အိမ်ထဲက ထိုသို့မြေအောက်အခန်းတစ်ခုခုမှာများ ပုန်းနေမလားဟု တွေးကြည့်မိသည်။

သူမအထင် မှန်သွားကာ အောက်ဘက်တွင်တကယ်ကိုပဲ မြေအောက်ခန်းတစ်ခန်းရှိနေခဲ့သည်။ ထိုအခန်းက သိပ်မကြီးဘဲ ၁၀စတုရန်းမီတာပတ်လည်လောက်သာ ရှိသည်။ အထဲတွင် လူများပုန်းနေကြကာ တစ်ယောက်နှင့်တစ်ယောက် တီးတိုးပြောဆိုနေကြသော်လည်း ကုနင်းကတော့ သူတို့ဘာပြောနေမှန်း မကြားရပေ။

ဟဲရှီယန်က ထိုလူအုပ်ကြားထဲမှာ မရှိတာကြောင့် ကုနင်း နားမလည်နိုင်ဖြစ်သွားရသည်။

ဘာလို့ရှိမနေတာလဲ?

ဟဲရှီယန်ကို တခြားတစ်နေရာရာမှာများ သွားဝှက်ထားတာလား?

***

အခန်း ၈၉၄ လူသုံးယောက်ကို ဖမ်းမိ

သူမတစ်ခုခုရှာတွေ့မှတော့ ကုနင်းအနေနှင့် လက်လွှတ်စရာအကြောင်း မရှိလေဘူး။ ထိုလူများကို သူမဖမ်းကာ ဟဲရှီယန်ဘယ်မှာရှိလဲဆိုသည်ကို ဖိအားပေးမေးဖို့ လုပ်ရပေမည်။

“ကြည့်ရတာ ကျွန်မတို့လှေကမ်းနားကပ်လာတော့ သူတို့သတိထားမိသွားပြီး ဒီနားတစ်ဝိုက်မှာပုန်းနေကြပုံပဲ။ ဒါက ရှေးဟောင်းအိမ်ပုံစံဆိုတော့ မြေအောက်ခန်း ဒါမှမဟုတ် မြေအောက်လမ်းကြောင်းတွေ ရှိလောက်မယ်။ သူတို့အဲ့လိုနေရာတွေမှာ ပုန်းနေလောက်လားဆိုတာ ကျွန်မတို့ရှာကြည့်ကြရအောင်။” ကုနင်း လင်ရှောင်းထင်ကို ပြောလိုက်သည်။ ထိုလူတွေ မြေအောက်ခန်းထဲမှာ ပုန်းနေကြမှန်း သူမအတိအကျသိသော်လည်း သူမက ထိုလူတွေကို ကျောက်စိမ်းမျက်ဝန်းဖြင့် ရှာထားကြခြင်းဖြစ်သည်။

သူမနှင့်ပတ်သတ်သမျှ အကြောင်းစုံ လင်ရှောင်းထင်ကိုပြောပြဖို့အတွက် သူမဘက်က အဆင်သင့်မဖြစ်သေးပေ။ ဖြစ်နိုင်လျှင် သူမပြန်လည်မွေးဖွားလာကာ ကျောက်စိမ်းမျက်ဝန်းရှိနေကြောင်း ဘယ်သူမှမသိသွားဖို့ မျှော်လင့်မိသည်။

“ကောင်းပြီလေ။” လင်ရှောင်းထင်သည်လဲ ထိုသို့အကြံမျိုးရှိထားကာ စတင်ရှာဖွေတော့သည်။

အိမ်ထဲတွင် အခန်းပေါင်းများစွာရှိမနေတာကြောင့် နေရာစုံရှာဖို့အတွက် သူတိုအချိန်အများကြီးမသုံးလိုက်ရပေ။

၁၀မိနစ်အတွင်းမှာပဲ ကုနင်းနှင့်လင်ရှောင်းထင်တို့ မြေအောက်ခန်းရှိသည့်အခန်းအပေါ်ဘက်ကို ရောက်သွားခဲ့သည်။

“ဒီအခန်းက တခြားအခန်းတွေက သိသိသာသာ ပိုသန့်ရှင်းနေတယ်။ သူတို့တွေ အရင်က ဒီထဲမှာ ပုန်းခဲ့ကြတာဖြစ်မယ်။” လင်ရှောင်းထင်က အတိအကျကိုပြောလိုက်သည်။

ထို့နောက် သူတို့လဲ မြေအောက်ခန်းသို့သွားရာ တံခါးများကို စတင်ရှာဖွေတော့သည်။

ကုနင်းကတော့ ကျောက်စိမ်းမျက်ဝန်းကိုသုံးခဲ့ကာ မြေအောက်ခန်းတံခါးကို ချက်ချင်းတွေ့သွားပေမည့် သူမချက်ချင်းသွား၍မရသလို ထုတ်ပြော၍လဲမရပေ။ ထိုအစားသူမလဲ ရှာဖွေနေသလို ဟန်ဆောင်နေလိုက်သည်။

မြေအောက်ခန်းတံခါး၏ညာဘက်တွင် ပုံမှန်အုပ်များထက် အနည်းငယ်ပိုကြီးသည့် အုပ်တစ်ချပ်ရှိနေသည်။

“ရှောင်းထင်၊ ဒီအုတ်ကိုကြည့်လိုက်။ တခြားဟာတွေနဲ့ မတူနေဘူး။ တွန်းလို့ရတဲ့ခလုတ်များဖြစ်နေမလားပဲ။”

လင်ရှောင်းထင်လဲ ထိုနေရာသို့လျှောက်သွားကာ အုတ်ချပ်က တကယ်ကိုကွဲပြားနေမှန်း မြင်သွားသည်။ “နောက်ဆုတ်နေ။ ကိုယ်အရင်စမ်းကြည့်လိုက်မယ်။” ထိုအုတ်ချပ်က ထောင်ချောက်တစ်ခုဖြစ်နေမည်ကို စိုးရိမ်တာကြောင့် ကုနင်းကို နောက်ဆုတ်ဖို့ပြောလိုက်ခြင်းဖြစ်သည်။

ကုနင်းကတော့ ဘေးကင်းမှန်းသိပေမည့် အခုလို သူမချစ်သူကို သူမကိုကာကွယ်ပေးတာအတွက် ရင်ထဲခံစားသွားရသည်။ သူမနောက်သို့ဆုတ်လိုက်သည်နှင့် လင်ရှောင်းထင်က အနားသို့ကပ်သွားကာ အုတ်ချပ်ကို ဖိချလိုက်သည်။ အသံကျယ်ကျယ်တစ်သံနှင့်အတူ တံခါးတစ်ချပ်လိုမျိုး နံရံကပွင့်သွားခဲ့သည်။

မြေအောက်ခန်းထဲမှလူတိုင်းလဲ ထိုကျယ်လောင်သည့်ဆူဆူညံညံအသံကိုကြားလိုက်ရသည်။ သူတို့တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပေမည့် စကားတစ်ခွန်းမှတော့ မပြောရဲကြပေ။

ဤမြေအောက်ခန်း၏ဝင်ပေါက်ကိုသိနေမှတော့ သူတို့အဖွဲ့ထဲက နောက်ထပ်လူရောက်လာတာဖြစ်လောက်မယ်လို့ တွေးမိကြသည်။ ထိုသို့ဆိုလျှင်ပင် မတော်တဆတစ်ခုခုဖြစ်လာနိုင်တာကြောင့် ချောင်ထဲတွင်ပုန်းနေကြစဲပင်။ ဝင်လာသူကသာ သူစိမ်းတစ်ယောက်ဖြစ်နေမည်ဆိုလျှင် သူတို့ထိုလူကို သတ်ပစ်လိုက်ပေမည်။

………..

တံခါးပွင့်သွားပြီးနောက် ၂မီတာမြင့်ကာ မီတာဝက်လောက်ကျယ်ပြီး ၆မီတာမျှရှည်သည့် လျှောက်လမ်းတစ်ခုပေါ်ထွက်လာခဲသည်။

အထဲမှာ လုံးဝမှောင်မဲနေတာကြောင့် ကုနင်းလဲ လင်ရှောင်းထင်နှင့်အတူ အထဲသို့မဝင်သွားခင် ညလင်းပုလဲကိုထုတ်ယူကာ လမ်းကိုအလင်းပြလိုက်သည်။

သူမ၏ကျောက်စိမ်းမျက်ဝန်းနှင့်ဆိုလျှင် ချောင်ထဲမှာပုန်းနေသည့်လူသုံးယောက်ကို ရှင်းရှင်းလင်းလင်းကို မြင်နေရသည်။

မြေအောက်လမ်းကြောင်းတစ်လျှောက်, လျှောက်လာပြီးနောက် သူတို့လဲ မြေအောက်ခန်းအလယ်ဗဟိုသို့ ရောက်ရှိလာကြသည်။

ပုန်းနေသည့်လူသုံးယောက်ကလဲ ကုနင်းနှင့်လင်ရှောင်းထင်တို့ကိုတွေ့သွားကြပြီး ကုနင်း၏လက်ထဲမှ ညလင်းပုလင်း၏အလင်းရောင်ကြောင့် မှင်သက်သွားကြသည်။

အဲ့ဒါဘာလေးလဲ? အရမ်းကိုတောက်ပနေတာပဲ။

ဟဲဟုန်ယွမ်က သူတို့ကို လူထပ်ပို့ပေးမည်ဟုပြောထားကာ ပို့ပေးလိုက်လျှင် သူတို့သိထားကြမည်ဖြစ်တာကြောင့် ကုနင်းနှင့်လင်ရှောင်းထင်က သူတို့ဘက်ကလူမဟုတ်သည့် သူစိမ်းများဖြစ်ကြောင်း သိသာလှသည်။

“ထွက်လာခဲ့ကြ။ နင်တို့တွေ ချောင်ထဲမှာ ပုန်းနေကြတယ်ဆိုတာ ငါသိတယ်။” ကုနင်းက ထိုလူများပုန်းနေသည့်ဘက်ကို စိုက်ကြည့်ကာပြောလိုက်သည်။

လင်ရှောင်းထင်သည်လဲ ထိုနေရာတွင် လူတချို့ပုန်းကြောင်း အာရုံရထားတာကြောင့် ကုနင်းပြောလိုက်သည့်အချိန်တွင် အံ့ဩမသွားခဲ့ပေ။

ထိုစကားကိုကြားတော့ ပုန်းနေသည့်လူများမှာ ထိတ်လန့်သွားကြသည်။ သူတို့ရှိနေကြောင်း ဖော်ထုတ်ခံလိုက်ရပြီဆိုမှတော့ သူတို့အနေနှင့် ဆက်ပြီးပုန်းနေစရာမလိုအပ်တော့ပေ။

သူတို့ထွက်လာချိန်မှာ တစ်ယောက်က သူတို့ကိုယ်သူတို့ အဆိပ်ရှိသည့်မြွေများ တောရိုင်းတိရိစ္ဆာန်များရန်မှ ကာကွယ်ရန်သုံးသည့် ဓားတိုတစ်ချောင်းကိုကိုင်ထားသည်။ ထိုဓားဖြင့် ပင်လယ်စာ,စားဖို့လဲ ဖမ်းနိုင်ပေသည်။

“မင်းတို့ဘယ်သူတွေလဲ? ဘာလို့ ဒီနေရာကို ရောက်နေကြတာလဲ?” ထိုလူသုံးယောက်ထဲမှ တစ်ယောက်က ကုနင်းနှင့်လင်ရှောင်းထင်တို့ကို မေးလိုက်သည်။

“ဟဲရှီယန် ဘယ်မှာလဲ?” ကုနင်း ရှေ့တစ်လှမ်းပိုတိုးကာ မျက်နှာချင်းဆိုင်ပြီးမေးလိုက်သည်။

ဟဲရှီယန်ကြောင့် သူမတို့လာကြမှန်းသိလိုက်ရတော့ ထိုသုံးယောက် အံ့ဩသွားကြပုံရသည်။ သို့သော်လည်း ကုနင်းကို အမှန်အတိုင်းပြောလိုက်ဖို့ရန်တော့ ရည်ရွယ်ချက်မရှိကြပေ။ “မင်းဘာတွေပြောနေလဲ နားမလည်ဘူး။ ဘယ်ကဟဲရှီယန်လဲ၊ မသိဘူး။”

“အိုး၊ တကယ်လား?” ကုနင်းဘက်က ထိုလူ၏စကားတစ်ခွန်းကိုမှ မယုံကြည်ပေ။

“သူ့ကိုမသိဘူး။” ထိုလူကလဲ အတင်းအကျပ်ငြင်းဆန်နေသည်။ သို့သော်လည်း သူတို့ဟဲရှီယန်၏နာမည်ကိုကြားပြီးနောက် ဖြစ်သွားသည့်အမူအရာကပဲ သူတို့ကိုသစ္စာဖောက်ထားပြီဖြစ်သည်။

“နောက်မှ, နောက်တမရနဲ့နော်။” ကုနင်း နှာတစ်ချက်မှုတ်လိုက်ကာ လင်ရှောင်းထင်ကို လှမ်းကြည့်လိုက်သည်။ ချက်ချင်းဆိုသလိုပင် လင်ရှောင်းထင်က ထိုလူသုံးယောက်ကို စတင်တိုက်ခိုက်ကာ ကုနင်းလဲ သူတို့ကိုဖမ်းဖို့ လှုပ်ရှားလိုက်သည်။

ထိုလူသုံးယောက်က အားနည်းလှသည်မဟုတ်သော်လည်း ကုနင်းနှင့်လင်ရှောင်းထင်ကိုတော့ မယှဉ်နိုင်ကြတာကြောင့် မကြာခင်မှာပဲ မလှုပ်နိုင်လောက်အောင် အရိုက်ခံလိုက်ကြရတော့သည်။

ထို့နောက် ကုနင်းက ကြိုးများထုတ်ယူကာ ထိုလူများကို ချည်နှောင်ထားလိုက်သည်။

ထိုလူသုံးယောက်မှာတော့ ယခုအချိန်အထိ ကုနင်းနှင့်လင်ရှောင်းထင်တို့၏ တိုက်ခိုက်ရည်မြင့်မားမှုအပေါ် မှင်သက်အံ့အားသင့်နေကြတုန်းပင်။

“ပြောစမ်း၊ ဟဲရှီယန်ဘယ်မှာလဲ?” ကုနင်း ထိုလူများကို ထပ်ပြီးမေးလိုက်ပြန်သည်။

“ငါတို့မသိ….” ထိုလူများကလဲ ဟဲရှီယန်ဘယ်မှာရှိနေလဲ ကုနင်းကိုပြောပြဖို့ရန် ဆက်လက်ငြင်းဆန်ချင်နေကြတုန်းပင်။

“နင်တို့မသိဘူးဆိုရင်၊ ဒီလိုလူမရှိသူမရှိကျွန်းပေါ် ဘာလာလုပ်ကြတာလဲ?”

“ငါ-ငါတို့က ဂူသင်္ချိုင်းဖောက်ထွင်းရေးသမားတွေပဲ၊ ဒီကျွန်းပေါ်မှာ အဖိုးတန်ရှေးဟောင်းပစ္စည်းတွေရှိတယ်ကြားလို့ ရတနာလာရှာကြတာ။”

“ဂူသင်္ချိုင်းတူးသူတွေပေါ့? ငါကအရင်တုန်းက ဂူသင်္ချိုင်းဖောက်တဲ့လူတွေကို တစ်ခါမှမမြင်ဖူးဘူးထင်နေလား? တဲ့တိုးကြီးလာညာနေတယ်ပေါ့။”

ထိုစကားပြောလိုက်သည့်လူမှာ ဆွံ့အလို့သွားတော့သည်။

“ငါတို့ကို အမှန်အတိုင်းပြောမလား၊ မပြောဘူးလား? မပြောရင်လဲ နင်တို့ကို ဒီနေရာမှာ တစ်ခါတည်း မြေမြှုပ်ပစ်လိုက်လို့ရတယ်နော်။” ကုနင်း ထိုလူများကို ခြိမ်းခြောက်လိုက်တော့သည်။

တစ်ဖက်လူများကလဲ အခုထိအလျှော့မပေးကြသေးပေ။ “လူ-လူသတ်တာက တရားဥပဒေနဲ့မညီဘူး!”

***

အခန်း ၈၉၅ ဟဲရှီယန် ထွက်ပြေးသွားခြင်း

“ဥပဒေနဲ့မညီဘူးပေါ့? ငါမှ ဥပဒေကိုမကြောက်တာ!” ကုနင်း တစ်ဖက်လူများကြောက်သွားစေရန် ပိုပိုသာသာပြောလိုက်သည်။ တစ်ခါတလေတော့ ကိုယ့်ဘက်ကရက်စက်ကြမ်းတမ်းပေးလိုက်ဖို့လိုအပ်သည်။

ကုနင်း လူတွေကိုမသတ်ပါဘူးလို့ ကတိမပေးသော်လည်း သူမ,မသတ်လိုက်ခင်တော့ တစ်ဖက်လူက သူမရန်သူ ဒါမှမဟုတ် အပြစ်သားတစ်ယောက်ဖြစ်နေရဲ့လားဆိုတာကို သေချာခွဲပေဦးမည်။

တစ်ဖက်လူသုံးယောက်သည်တော့ အခုချိန်မှာ ဘယ်လိုမှပြန်မပြောနိုင်တော့ပေ။ လင်ရှောင်းထင်နှင့်ကုနင်းတို့က ဟဲရှီယန်ကိုရှာဖို့လာကြတယ်ဆိုမှတော့ ဟဲမိသားစုနှင့် တစ်နည်းနည်းဆက်နွှယ်မှုရှိကြပေလိမ့်မည်။ ဟဲမိသားစုသည် HKတွင် အင်အားကြီးမိသားစုဖြစ်ကြောင်းလူတိုင်းသိကြကာ သူတို့အတွက် လူသုံးယောက်လောက်ကို သတ်ကာအစဖျောက်ပစ်ဖို့က အလွန်လွယ်ကူလှသည်။ ဒါကြောင့် ထိုလူသုံးယောက်လဲ ပြောသင့်မပြောသင့်တွန့်ဆုတ်နေတော့သည်။

“အိုး၊ ဒါနဲ့ ဟဲဟုန်ယွမ်က လောင်းကစားပြိုင်ပွဲမှာ ရှုံးသွားပြီနော်။ ဒီတော့ မင်းတို့ကိုအသာထား သူ့ကိုယ်သူတောင် အနိုင်နိုင်ကာကွယ်နေရမှာ။”ကုနင်း ထပ်ပြောလိုက်သည်။

ထိုစကားကြောင့် ထိုလူသုံးယောက်လုံးစိတ်ပျက်သွားကြတော့သည်။

ဟဲဟုန်ယွမ် တကယ်ရှုံးသွားတာလား?

လွန်ခဲ့တဲ့တစ်နာရီကပဲ သူတို့ဟဲဟုန်ယွမ်ဆီက ဖုန်းလက်ခံရရှိထားကာ ဟဲဟုန်ယွမ်ကလဲ ဟဲရှီယန်ကို အမြန်ဆုံးပြန်ဖမ်းဖို့ အမိန့်ပေးခဲ့သည်။ သူပြောခဲ့ပုံအရ အရေးပေါ်အခြေအနေဖြစ်နေပုံရသည်။

ဒီတော့မှ သူတို့လဲ ဟဲဟုန်ယွမ်တကယ်ရှုံးသွားခဲ့သလားဆိုသည်ကို တွေးမိသွားတော့သည်။ မဟုတ်လျှင် သူတို့ကို ဒီလောက်အလောတကြီးနိုင်သည့်အမိန့်မျိုးပေးစရာအကြောင်းမရှိပေ။ ဟဲဟုန်ယွမ်သာ အနိုင်ရသူဆိုလျှင် ဘာကြောင့် ဟဲရှီယန်ကို အလျင်စလိုပြန်ရှာခိုင်းတော့မလဲ။

ဟဲဟုန်ယွမ်သာရှုံးသွားလျှင် သူတို့ဘဝတွေပါ ပျက်စီးတော့မည့်အကြောင်း တွေးမိကာ စိုးရိမ်လာတော့သည်။ ဒါကြောင့် ပြိုင်ပွဲရလဒ်ကိုမသိတာတောင်မှ သူတို့အလုပ်ကိုအကောင်းဆုံးဆက်လုပ်နေခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း အခုတော့ ဟဲဟုန်ယွမ်ရှုံးသွားပြီဖြစ်ကြောင်း ကုနင်းက သူတို့ကိုပြောလာတာကြောင့် အလွန်ထိတ်လန့်သွားတော့သည်။

အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီးနောက်ဆုံးမှာတော့ လက်လျှော့လိုက်ကြတော့သည်။ “ငါတို့အမှန်အတိုင်းပြောပြရင် လွှတ်ပေးမှာလား?”

“ဟဲရှီယန် အန္တရာယ်ကင်းကင်းနဲ့အဆင်ပြေပြေရှိနေသ၍ အနည်းဆုံးတော့ မင်းတို့အသက်တွေချမ်းသာရရာမှာပါ။” ထိုသူများကိုအပြစ်ပေးဖို့က သူမဆုံးဖြတ်ရမည့်ကိစ္စမဟုတ်ပေ။

ထိုလူသုံးယောက်ကတော့ ကုနင်းကိုယုံကြည်သင့်ရဲလား မတွေးနိုင်တော့ပေမည့် သူတို့သာအမှန်အတိုင်းပြောလိုက်လျှင် အနည်းဆုံးတော့အသက်ရှင်နိုင်ပေဦးမည်။ ဘာပဲဖြစ်ဖြစ် သူတို့လဲ ပြန်တိုက်ရဲကြတာမှမဟုတ်ဘဲ။

ဒါကြောင့် သုံးယောက်သား အပြန်ပြန်အလှန်လှန်နှင့် အကြည့်ချင်းဖလှယ်နေကြသည်။

ထိုအမူအရာများကြောင့် ဟဲရှီယန်အန္တရာယ်ရှိနေသည်ဟု ကုနင်းတွေးမိသွားကာ ဒေါသထွက်သွားပြီး၊ “ဟဲရှီယန် အန္တရာယ်ရှိနေတာလား?”

ဟဲမိသားစုကိုကူညီပေးသည့်အနေဖြင့် လုပ်နေကြောင်း သိနေတာတောင်မှ ကုနင်းက ဟဲရှီယန်အပေါ် အရမ်းဂရုစိုက်နေတာကြောင့် လင်ရှောင်းထင် အနည်းငယ် သဝန်တိုမိသွားတော့သည်။

“မဟုတ်ဘူး၊ မဟုတ်ဘူး။” ထိုလူသုံးယောက်လဲ အမြန်အဆန်ငြင်းလိုက်ရသည်။ သူတို့ဟဲရှီယန်ကို ထိခိုက်အောင်လုပ်ခဲ့သည်ဟုသာ ကုနင်းတကယ်ထင်သွားပါက သူတို့ကိုချက်ချင်းတောင် သတ်ပစ်လောက်သည်။

“ဟဲရှီယန်မှာ ဒဏ်ရာအသေးအမွှားလေးပဲရှိတာပါ။ ဒါ-ဒါပေမယ့် မနေ့,နေ့လည်တုန်းကပဲ သူလွတ်သွားပြီ။ ကျွန်တော်တို့လဲ သူ့ကို တစ်နေကုန် လိုက်ရှာတာပဲ၊ ဘယ်မှာမှ ရှာမတွေ့ကြဘူး။”

“ဘာ? သူလွတ်သွားပြီ?” ကုနင်း၏မျက်ခုံးများ တွန့်ချိုးသွားတော့သည်။ “ငါ့ကိုအမှန်အတိုင်းပြောနေတာဟုတ်ရဲ့လား?”

“အမှန်ပါ! ကျွန်တော်တို့ ဟဲရှီယန်ကို ဖမ်းခဲ့တယ်ဆိုပေမယ့် သခင်ဟုန်ယွမ်ရဲ့အမိန့်မရှိဘဲ သူ့ကိုဘာမှမလုပ်ရဲပါဘူး။ မနေ့တုန်းက ကျွန်တော်တို့သူ့ကိုအာရုံမထားမိတဲ့အချိန်မှာပဲ လွတ်သွားတာ။ ကျွန်တော်တို့၁၀ယောက်လုံး ဆက်တိုက်လိုက်ရှာခဲ့ပေမယ့် အခုထိမတွေ့သေးဘူး။ ကျွန်းပေါ်ကနေလွတ်သွားဖို့တော့ မဖြစ်နိုင်တာကြောင့် ကျွန်တော်တို့သုံးယောက်က ကမ်းခြေဘက်ကိုသွားရှာခဲ့တယ်။ ဒါပေမယ့် လှေတစ်စီးကပ်လာတာမြင်လို့ ကျွန်တော်တို့လဲ ပြန်လှည့်ပြေးပြီး လာပုန်းနေတာပါ။”

ပျောက်နေတုန်းတဲ့လား?

ကုနင်းမျက်မှောင်ကြုတ်သွားသည်။ ဒါကသတင်းကောင်းတော့မဟုတ်တာ သေချာသည်။ ကျွန်းပေါ်မှာက အဆိပ်ရှိမြွေတွေရော တခြားတောရိုင်းတိရိစ္ဆာန်တွေပါရှိနေတာ။ ဒါတင်မကဘူး သူ ကမ်းပါးပေါ်ကနေ ခြေချော်ကျပြီး လှိုင်းပုတ်ခံရလို့ ပင်လယ်ထဲရောက်သွားနိုင်သေးတယ်။

“သူ့ကိုသွားရှာကြရအောင်!” ကုနင်း လင်ရှောင်းထင်ကို လှမ်းပြောလိုက်ပြီးနောက် အတူပြန်ထွက်သွားသည်။

သူမလှည့်လိုက်ရုံရှိသေး တဖန်ရပ်သွားကာ ထိုလူသုံးယောက်ဘက်ကို အေးစက်စက်ပြန်လှည့်ကြည့်လိုက်ပြီး၊ “မင်းတို့ဒီမှာပဲ ငြိမ်ငြိမ်လေးနေတာပိုကောင်းမယ်။ ထွက်ပြေးဖို့စဉ်းစားမယ်ဆိုရင်တော့ အသက်ကိုအာမခံပေးနိုင်တော့ဘူး။ ကံကောင်းပါစေ။”

ထို့နောက် လင်ရှောင်းထင်နှင့်အတူ မြေအောက်ခန်းထဲမှ ထွက်သွားတော့သည်။

လူသုံးယောက်သည်လဲ ကျွန်းပေါ်တွင် ကုနင်းနှင့်လင်ရှောင်းထင် နှစ်ယောက်တည်းရှိလောက်ခြင်မဟုတ်မှန်း တွေးမိတာကြောင့် ကြောက်ရွံ့သွားကြသည်။ တခြားလူတွေလဲပါလာလောက်သည်။ ထို့အပြင် သူတို့ကိုအခုပဲ ကြိုးနဲ့တုပ်သွားကြတာမဟုတ်ဘူးလား!

……..

ခဏအကြာမှာတော့ ကုနင်းနှင့်လင်ရှောင်းထင်တို့ နောက်ထပ်လူနှစ်ယောက်နှင့် ထပ်ပြီးထိပ်တိုက်တွေ့ရပြန်သည်။ ထိုနှစ်ယောက်က ကျွန်းပေါ်တွင် သူစိမ်းများရောက်နေသည်ကို မသိကြသေးမှန်း သိသာလှကာ အချင်းချင်းစကားပြောနေကြသည်။

“ငါတို့ကျွန်းပေါ်မှာရှာနေကြပေမယ့် အခုထိ ဟဲရှီယန်ကို တစ်နေရာမှာမှမတွေ့ရသေးဘူး! ငါတော့အရမ်းပင်ပန်းနေပြီ။” အေက စိတ်ညစ်ညူးစွာပြောလိုက်သည်။ သူချက်ချင်းကိုအနားယူပစ်ချင်နေသည့်ပုံစံပင်။

“ကျွန်းကသိပ်မကြီးဘူးဆိုပေမယ့် တစ်ယောက်ယောက်ကို ရှာဖို့ဆိုတာကတော့ မလွယ်နေဘူး။ လုပ်စမ်းပါ၊ ငါတို့ဆက်ရှာမှဖြစ်မယ်။ သခင်ဟုန်ယွမ်က အမိန့်ပေးထားတာမဟုတ်လား။” ဘီက ပြန်ပြောလိုက်သည်။

“တိုင်ကော၊ သခင်ဟုန်ယွမ်က ဘာလို့များ ရုတ်တရက်ကြီး ဟဲရှီယန်ကို အမြန်ဆုံးရှာခိုင်းရတာလဲ? သူပြိုင်ပွဲမှာများရှုံးသွားလို့ ဟဲရှီယန်ကို ဓါးစာခံလုပ်ချင်တာများလား?” အေက ခန့်မှန်းကြည့်လိုက်သည်။

“လျှောက်ခန့်မှန်းမနေနဲ့တော့။ ငါတို့အလုပ်ကိုပဲ ငါတို့လုပ်ကြမယ်။” ဘီဆိုသူ တိုင်ကောကတော့ ထိုစကားလမ်းကြောင်းမျိုးကို ဆက်ပြီးမပြောဆိုသင့်ဟု ထင်မိသည်။

အေဆိုသူ၏နှုတ်ခမ်းများတည်တင်းသွားကာ မကျေမနပ်ဖြစ်သွားသည်။

“ဘယ်သူတွေလဲ?” နောက်ဆုံးမှာတော့ သူတို့ရှေ့ မနီးမဝေးတွင် အမျိုးသားတစ်ယောက်နှင့်အမျိုးသမီးတစ်ယောက် မတ်တပ်ရပ်နေသည်ကို သတိထားမိသွားကြပေပြီ။

“မင်းတို့ကိုရှာဖို့ရောက်နေတာလေ။” ကုနင်းက သူတို့ရှေ့သို့တိုးလာကာ လင်ရှောင်းထင်ကလဲ နောက်မှကပ်လိုက်လာသည်။

“မင်းတို့ ဘယ်သူတွေလဲ?” အေက ထပ်မေးလိုက်ပြန်သည်။

ကုနင်း ထိုလူများနှင့်အချိန်ကုန်မခံလိုက်တာကြောင့် လင်ရှောင်းထင်ကိုသာ တစ်ချက်ကြည့်လိုက်ကာ တစ်ပြိုင်တည်း ထိုနှစ်ယောက်ကို စတင်တိုက်ခိုက်တော့သည်။

ထိုအချင်းအရာကြောင့် ထိုလူနှစ်ယောက်လဲ ချက်ချင်းတုံ့ပြန်တိုက်ခိုက်ခဲ့ပေမည့် မကြာခင်မှာပဲ ကုနင်းနှင့်လင်ရှောင်းထင်၏ထိန်းချုပ်မှုအောက်သို့ ရောက်သွားတော့သည်။ ကုနင်းလဲ ထိုနှစ်ယောက်ကို ကြိုးနှင့်ချည်ကာ ပါးစပ်ကိုပါ ဆို့ထားလိုက်သည်။

ဟဲရှီယန်ဘယ်မှာရှိမှန်း သူတို့မသိကြမှန်း သိနေတာကြောင့် သူတို့ကိုကြိုးနှင့်တုပ်ပြီးသည်နှင့် ကုနင်းနှင့်လင်ရှောင်းထင်လဲ ဟဲရှီယန်ကိုသာ ဆက်လက်ရှာဖွေကြတော့သည်။

နောက်ထပ် အချိန်ခဏရှေ့ဆက်လျှောက်ပြီးချိန်မှာတော့ နောက်ထပ်လူနှစ်ယောက်နှင့်ထပ်တွေ့ပြန်ကာ ကုနင်းလဲ ထပ်ပြီး သစ်ပင်မှာ ကြိုးနှင့်ပူးချည်ခဲ့လိုက်ပြန်သည်။

သူတို့နှစ်ယောက်ရှာနေသည်က ကျွန်း၏သုံးပုံနှစ်ပုံအထိ ပြီးသွားပြီဖြစ်သော်လည်း ဟဲရှီယန်ကိုတော့ မတွေ့ရသေးပေ။ ဒါကြောင့် ဟဲရှီယန်အတွက် အန္တရာယ်ကြုံနေသည့်အခြေအနေမျိုး ဖြစ်နိုင်ချေမြင့်လာတော့သည်။

***

All Chapters