← Chapters

အခန်း (၈၉၆-၉၀၀)

Vol. 60 Ch. 896-900

အခန်း (၈၉၆-၉၀၀)

Vol. 60 Ch. 896-900

အခန်း ၈၉၆ ဟဲရှီယန်ကို ဆက်ရှာမယ်

ကုနင်း လမ်းတလျှောက်လုံး ကျောက်စိမ်းမျက်ဝန်းကို သုံးလာခဲ့တာကြောင့် ထောင့်တိုင်းနေရာတိုင်းနှင့် မြေအောက်ပါမကျန် ရှင်းရှင်းလင်းလင်းမြင်နေရသည်။ လှိုဏ်ဂူများ တွင်းများထဲကိုလဲ သေချာမြင်ရပေသည်။

ခဏအကြာတွင်တော့ ကုနင်း၏အမြင်အာရုံထဲသို့ လျှို့ဝှက်လမ်းကြောင်းတစ်ခု ပေါ်လာခဲ့သည်။ ၎င်းလမ်းသည် ၂မီတာမျှမြင့်ကာ ၁မီတာလောက်ကျယ်ပေသည်။

ထိုလမ်းကြောင်းကိုရှာတွေ့သည်နှင့် ကုနင်းချက်ချင်းအထဲသို့ဝင်သွားလိုက်သည်။

လျှို့ဝှက်လမ်းကြောင်းက ရှေးဟောင်းအိမ်အနောက်ဘက်ကို ဦးတည်နေပေမည့် အတိအကျဘယ်နေရာကိုရောက်သွားမလဲဆိုသည်ကိုတော့ ကုနင်းမသိပေ။ သို့သော်လည်း မကြာခင်မှာပဲ ထိုလမ်းကြောင့်က ပင်လယ်ဘက်သို့ဦးတည်သွားကြောင်း ကုနင်းသိသွားသည်။

သူတို့ လျှို့ဝှက်လမ်းကြောင်း၏အဆုံးရှိ လှိုင်ဂူလွတ်ကိုရောက်ဖို့ရန် မီတာ၂၀နီးပါး လျှောက်ခဲ့ကြရသည်။

လှိုင်ဂူသည် အလွန်မြင့်ကာ မြေပြင်မှနေဆိုလျှင် မီတာ၃၀လောက်အထိရှိတာကြောင့် အလွတ်ကြီးမားလှသည်။

လှိုင်ဂူ၏အောက်ဆုံးဘက်တွင်တော့ အိုင်တစ်ခုရှိနေကာ ထိုနေရာတွင် လှေတစ်ဆင်းကိုလဲ ရပ်ထားသည်။ ထိုလှေပေါ်တွင်တော့ သစ်သားသေတ္တာများအပုံလိုက်ထပ်လို့ထားသည်။

ကုနင်း ထိုသေတ္တာများကိုတွေ့လိုက်သည်နှင့် စိတ်လှုပ်ရှားလာတော့သည်။ ဒါ ရတနာသိုက်ကြီးပဲ!

ဂူထဲတွင် နောက်ထပ်လျှိုမြောင်တစ်ခုရှိနေသေးကာ ယခင်တစ်ခုထက်ပိုပြီး ကျယ်သလို မြင့်လဲမြင့်သည်။ ၎င်းက ၅မီတာလောက်အထိမြင့်ကာ ၃မီတာပိုပိုလောက်အထိကျယ်ပြီး လှေတစ်စဆင်းဝင်ဖို့ထွက်ဖို့အတွက် အနေတော်ပင်ဖြစ်သည်။

ထိုဒုတိယလျှိုမြောင်အောက်ခြေမှာတော့ ရေစီးကြောင်းလေးရှိနေကာ ပင်လယ်ထဲသို့ ဦးတည်သွားသည်။

ပင်လယ်ဘက်တွင်က ကျောက်ဆောင်များရှိနေမှန်း ကုနင်းသိထားတာကြောင့် ဤလှေကထွက်လို့ရနိုင်စရာအကြောင်းမရှိပေ။

ကံကောင်းစွာဖြင့် ရေလမ်းကြောင်းအောက်တွင် ပင်လယ်ထဲသို့ ရေများလွတ်လပ်စွာစီးဆင်းနေတာကြောင့် ကုနင်း ရေထဲကနေကူးခတ်ကာ အထဲသို့ဝင်နိုင်ပေသည်။

“နင်းနင်း၊ ဘာဖြစ်လို့လဲ?” ကုနင်းက နေရာလွတ်ကြီးကို အချိန်အကြာကြီးစိုက်ကြည့်နေတာကြောင့် လင်ရှောင်းထင်အနည်းငယ်စိုးရိမ်လာခဲ့သည်။

“အိုး၊ ဘာမှမဖြစ်ဘူး။” ကုနင်း ချက်ချင်းပဲ လင်ရှောင်းထင်ဘက်သို့ ပြန်လှည့်လိုက်သည်။

ကုနင်းကိုယ်တိုင်က အဆင်ပြေတယ်လို့ပြောလာတာကြောင့် လင်ရှောင်းထင်လဲ ဆက်မမေးတော့ပေ။

ကုနင်းမှာ တန်ဖိုးကြီးပစ္စည်းများကို အလွန်လိုချင်နေသော်လည်း ဟဲရှီယန်ကို အရင်ဆုံးရှာရမည်ဖြစ်ကာ ပစ္စည်းတွေကိုတော့ သူမအားတော့မှ တစ်ခေါက်ပြန်လာယူပေမည်။ အခုဆိုအချိန်တစ်နာရီသာကျန်တော့တာကြောင့် သူမတို့လဲ ဟဲရှီယန်ကိုအမြန်ဆုံးရှာမှဖြစ်မည်။

အစတုန်းကတော့ ဟဲရှီယန်ကို ၂နာရီအတွင်းတွေ့အောင်ရှာနိုင်မည်ဟု ကုနင်းယုံကြည်ချက်အပြည့်ရှိခဲ့သော်လည်း အခုတော့ သူမ၏ယုံကြည်ချက်များပျောက်ဆုံးလာခဲ့သည်။

ဟဲရှီယန်က ထွက်ပြေးသွားတာကြောင့် တစ်ခုခုမကောင်းတာဖြစ်သွားမည်ကို ကုနင်းစိုးရိမ်နေမိသည်။

ကုနင်းနှင့်လင်ရှောင်းထင်တို့ ပင်လယ်ဘက်မှ ကျောက်တန်းများဘက်သို့ ဆက်သွားခဲ့ကာ ကျောက်ဆောင်တစ်ခုနားတွင် လျှောက်ပတ်နေသည့် ဝံပုလွေနှစ်ကောင်ကို တွေ့လိုက်ရသည်။ ကြည့်ရတာ သူတို့တွေ တစ်ခုခုကိုရှာနေကြပုံပဲ။

ကုနင်းလဲ ချက်ချင်းဆိုသလို ကျောက်စိမ်းမျက်ဝန်းကိုဖွင့်ကာ ကြည့်လိုက်သည်။ ထိုနေရာတွင် ဘာရှိနေလဲ သူမမြင်လိုက်ရချိန်မှာတော့ ထိတ်လန့်သွားတော့သည်။

ကျောက်ဆောင်အောက်ဘက်တွင် သိပ်မကြီးလှသော တွင်းနက်ကြီးတစ်ခုရှိနေသည်။ ၎င်းက တစ်မီတာရှည်ကာ တစ်မီတာမြင့်သော်လည်း တွင်းတစ်ဝက်လောက်က ရေအေးများဖြင့် ပြည့်လို့နေသည်။ ထို့အပြင် အထဲတွင် ရေအေးဒဏ်ကြောင့် ဖြူရော်ကာတုန်ရီနေသည့် လူငယ်တစ်ယောက်လဲရှိနေသည်။ သို့သော်လည်း သူ့မှာဒဏ်ရာကြီးကြီးမားမားမရထားသလို ဖျားနာနေခြင်းမျိုးလဲမရှိဘဲ သတိရှိနေသေးသည်။

ထိုလူငယ်ကတော့ သူတို့ရှာနေသည့် ဟဲရှီယန်ပင်ဖြစ်သည်။

ကုနင်းမှာသာ ကျောက်စိမ်းမျက်ဝန်းရှိမနေလျှင် ဟဲရှီယန် အထဲမှာသေနေရင်တောင်မှ ဘယ်သူမှရှာတွေ့ကြမည်မဟုတ်ပေ။ သာမာန်လူတွေဆိုလျှင် ဝံပုလွေတွေကြောင့် အနားတောင်ကပ်ကြမည်မဟုတ်သောကြောင့်ဖြစ်သည်။

“ဝံပုလွေတွေက သွေးနံ့ရရင် လှုပ်ရှားတတ်ကြတယ်။ အဲ့နားမှာ တစ်ခုခုရှိနေလား ကျွန်မတို့ဆင်းကြည့်ကြမလား?”

“ကောင်းပြီလေ။” လင်ရှောင်းထင်ကလဲ ကုနင်းပြောသည့်အတိုင်း နောက်မှလိုက်သွားသည်။

ဝံပုလွေနှစ်ကောင်ကတော့ သူတို့အတွက် ကြောက်စရာဟုပင် မဆိုနိုင်ပေ။

လူသားများချဉ်းကပ်လာကြောင်း ဝံပုလွေနှစ်ကောင် အာရုံခံမိသွားသည်နှင့် ချက်ချင်းလှည့်လာကာ ကုနင်းနှင့်လင်ရှောင်းထင်တို့ကို စိုက်ကြည့်ပြီး ကျယ်လောင်စွာအူလိုက်သည်။ ၎င်းတို့က ဤနေရာသည် သူတို့ပိုင်နက်ဖြစ်ကာ တခြားဘယ်သတ္တဝါမှ ချဉ်းကပ်ခွင့်မရှိဟု ပြောနေသလိုပင်။

ဟဲရှီယန်ကိုရှာနေကြသည့် နောက်လူနှစ်ယောက်ကလဲ ဝံပုလွေအူသံကိုကြားသည်နှင့် ချက်ချင်းရပ်သွားကြကာ ကြောက်လန့်တုန်လှုပ်သွားပြီး ချက်ချင်းဆိုသလို ဆန့်ကျင်ဘက်လားရာသို့ ထွက်ပြေးကြတော့သည်။

ကျောက်ဆောင်အောက်ထဲတွင် ပုန်းနေသည့် ဟဲရှီယန်တောင်မှ ကြောက်လန့်ကာ တုန်ရီလာခဲ့သည်။

ဝံပုလွေတေကြာင့်သာမဟုတ်လျှင် သူလဲ တစ်ချိန်လုံး အောက်ထဲမှာ ပုန်းနေမည်မဟုတ်ပေ။ အခုတော့ အအေးဒဏ်ကြောင့် သူ့မှာသေမတတ်ပင်တုန်နေပေပြီ။

ကုနင်းနှင့်လင်ရှောင်းထင်တို့ကတော့ ဓါးမြှောင်တစ်ချောင်းစီကိုင်ကာ ရှေ့သို့တစ်လှမ်းချင်းချဉ်းကပ်လာကြသည်။ နှစ်ယောက်သား ဝံပုလွေနှစ်ကောင်ကို စိုက်ကြည့်ကာ ၎င်းတို့ကိုကြောက်လန့်၍ ထွက်ပြေးသွားစေချင်နေသည်။

လင်ရှောင်းထင်အနေနှင့် သေနတ်ထုတ်ကာ တစ်ချက်တည်းပစ်ချလိုက်လို့ရသော်လည်း ၎င်းတို့ကိုမောင်းထုတ်နိုင်သ၍တော့ အလကားနေမသတ်လိုက်ချင်ပေ။ ၎င်းတို့သာ ထွက်မသွားဘူးဆိုလျှင်တော့ သူလဲ သေနတ်ကိုသုံးဖို့အပြင်ရွေးချယ်စရာမရှိတော့ပေ။ ၎င်းတို့သည် ရိုင်းစိုင်းသည့်တိရိစ္ဆာန်များဖြစ်သော်လည်း အပြစ်ကင်းကြသည်မဟုတ်လား။

ဝံပုလွေနှစ်ကောင်သည်လဲ ကုနင်းနှင့်လင်ရှောင်းထင်တို့၏ခွန်အားကို အာရုံခံမိတာကြောင့် မသိစိတ်အရ နောက်သို့ဆုတ်နေကြသည်။ သို့သော်လည်း ထွက်တော့မပြေးကြပေ။ ထိုအစား နောက်သို့ဆုတ်ပြီးသည်နှင့် ချက်ချင်းဆိုသလို ကုနင်းနှင့်လင်ရှောင်းထင်တို့ထံသို့ ဒုန်းဆိုင်းပြေးဝင်လာတော့သည်။

လင်ရှောင်းထင်လဲ ချက်ချင်းဆိုသလို သူ့သေနတ်ကိုဆွဲထုတ်ကာ တစ်ကောင်ကိုပစ်လိုက်သည်။ ကျယ်လောင်သည့်သေနတ်ပစ်သံတစ်ချက်နောက်မှာတော့ ဝံပုလွေတစ်ကောင်က မြေပေါ်သို့လဲကျသွားကာ နောက်သို့သုံးလေးပတ်လောက်လိမ့်သွားခဲ့သည်။

သေနတ်သံပဲ!

ဟဲရှီယန်ကြောင်အသွားတော့သည်။ တပြိုင်နက်တည်းဆိုသလို သေနတ်ပါသည့်တစ်ယောက်ယောက် သူနဲ့နီးရာသို့ရောက်နေမှန်းလဲသိလိုက်သည်။ ဝံပုလွေများထွက်သွားလျှင်က သူ့အတွက်ကောင်းပေမည့် တစ်ဖက်လူက သူ့ရန်သူလား မိတ်ဆွေလားမသိရသေးတာကြောင့် အသံတိတ်နေခဲ့သည်။

ဟဲရှီယန်ကိုလိုက်ရှာနေသည့် ယောက်ျားနှစ်ယောက်သည်လဲ ကြောက်လန့်သွားကြသည်။ သူတို့ချင်း တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပေမည့် ဘာဆက်လုပ်လို့လုပ်ရမှန်း မသိကြပေ။

“ဘာလို့ဒီနေရာမှာ သေနတ်သံကြားနေရတာလဲ? ငါတို့အဖွဲ့ထဲက တစ်ယောက်မှာမှ သေနတ်မရှိဘူးမဟုတ်ဘူးလား။” စီကပြောလိုက်သည်။

“ကျွန်းပေါ်မှာ လူစိမ်းရောက်နေတာများလား?”

“ငါတို့ တစ်ချက်လောက်သွားကြည့်ကြမလား?” စီက ဒီကိုပြန်မေးလိုက်သည်။

“သွားမကြည့်သင့်ဘူးထင်တယ်နော်။” ဒီကတော့ သူတို့လုံခြုံရေးကအဓိကလို့ထင်မိသည်။

“ကောင်းပြီလေ, ငါတို့အရင်ဆုံးပုန်းနေကြတာပေါ့။”

လင်ရှောင်းထင်ကသေနတ်ကို နောက်ဝံပုလွေဆီသို့ချိန်လိုက်ကာ ကုနင်းကလဲ သူမဓါးမြှောင်ကို ထိုဝံပုလွေထံ ပစ်ပေါ်လိုက်သည်။

သေနတ်နှင့်ဓါးမြှောင်တို့၏တိုက်ခိုက်မှုဒဏ်ကြောင့် ဝံပုလွေလဲ နာကျင်မှုအပြည့်ဖြင့် လဲကျသွားတော့သည်။

ဝံပုလွေနှစ်ကောင်လုံးက မသေကြသေးသော်လည်း တော်ရုံနှင့်ပြန်ကောင်းကြလိမ့်မည်မဟုတ်ပေ။

***

အခန်း ၈၉၇ ဟဲရှီယန်ကို ကယ်တင်ခြင်း

ကျောက်ဆောင်နှင့်ပင်လယ်ကြားမှာတော့ အကွာအဝေးအနည်းငယ်သာ ခြားနေခဲ့သည်။ လှိုင်းတွေက တစ်ချိန်လုံးရိုက်ခတ်နေခဲ့သော်လည်း တွင်းတစ်ဝက်လောက်အထိသာ ရေကရှိလို့နေသေးသည်။ မဟုတ်လို့ကတော့ ဟဲရှီယန် ရေနစ်ကာသေနေလောက်ပေပြီ။

ကုနင်းနှင့်လင်ရှောင်းထင်တို့ ထိုကျောက်ဆောင်က တခြားကျောက်ဆောင်များနှင့် ကွဲပြားမှုရှိနေလားဆိုသည်ကို လေ့လာကြည့်နေကြသည်။ မကြာခင်တွင်ပဲ ကျောက်ဆောင်တွင် ကွဲကြောင်းတစ်ခုရှိနေကာ ဝင်ပေါက်တစ်ခုလိုဖြစ်နေကြောင်း သတိထားလိုက်မိကြပေမည့် ဟဲရှီယန်က သူ့ကိုတခြားလူများရှာမတွေ့သွားစေရန် ထိုဝင်ပေါက်ကို ကျောက်တုံးတစ်တုံးဖြင့် ပိတ်ကာလို့ထားသည်။

ဝင်ပေါက်က လူတစ်ယောက်ဝင်လို့ရသည်အထိကျယ်ကာ ထိုနေရာကိုပိတ်ထားသည့်ကျောက်တုံးကတော့ ၂၀လက်မလောက်ရှိသည့် ခရီးဆောင်အိတ်တစ်လုံးအရွယ်ကြီးပေသည်။

သာမာန်လူများသာဆိုလျှင်တော့ ကျောက်တုံးအောက်ခြေက အပေါက်ကို မမြင်နိုင်တာကြောင့် ကွာခြားချက်ရှိနေကြောင်းကို သတိထားမိကြလိမ့်မည်မဟုတ်ပေ။

ဝံပုလွေနှစ်ကောင်ကိုပဲ ကျေးဇူးတင်ရပေမည်။ သူတို့ကြောင့်ပဲ ကုနင်းလဲ ထူးခြားနေသည့်အချက်ကို အကြောင်းပြချက်အနေနှင့်ပေးနိုင်ခဲ့ခြင်းဖြစ်သည်။

“ဒီကျောက်တုံးကို ဖယ်ကြည့်ကြရင်မကောင်းဘူးလား?” ကုနင်း အကြံပေးလိုက်ကာ လင်ရှောင်းထင်ကလဲ ချက်ချင်းသဘောတူလိုက်သည်။

“ကောင်းပြီလေ၊ ကိုယ်ဖယ်လိုက်မယ်။”

ရေလှိုင်းများက ကျောက်ဆောင်ကို ကြမ်းကြမ်းတမ်းတမ်းရိုက်ခတ်နေတာတောင်မှ လင်ရှောင်းထင်ကို ကုနင်းပြောနေခဲ့သည့် စကားများအား ဟဲရှီယန် ကြားနေရတုန်းပင်။ ဒီကျောက်တုံးက မူမမှန်ကြောင်း သူတို့သိသွားကြသည့်အတွက် ဟဲရှီယန် အံ့ဩလို့နေသည်။ ကျောက်တုံးကို ဖယ်ထုတ်လိုက်သည်နှင့် သူရှိနေသည်ကိုလဲ ချက်ချင်းတွေ့သွားကြမည်သာ။ သူ့လက်ရှိအခြေအနေနှင့်ဆိုလျှင် ပြန်လည်ခုခံတိုက်ခိုက်ဖို့ကလဲ မဖြစ်နိုင်ပေ။

မကြာခင်တွင်ပဲ လင်ရှောင်းထင်က ကျောက်တုံးကိုဖယ်လိုက်နိုင်ကာ အောက်ဘက်ရှိ တွင်းပေါက်က ကုနင်းနှင့်လင်ရှောင်းထင်တို့မြင်ကွင်းရှေ့ကို ပေါ်ထွက်လာပြီး လင်ရှောင်းထင်ပင် အံ့ဩသွားခဲ့သည်။ ကျောက်ဆောင်အောက်မှ ဒီလောက်ကြီးသည့် တွင်းပေါက်ကြီးရှိနေမည်ဟု သူမထင်ထားခဲ့ပေ။

ဟဲရှီယန်က အတွင်းအကျဆုံးထောင့်ထဲတွင် တိုးဝင်ပုန်းကွယ်နေတာကြောင့် လင်ရှောင်းထင် ပထမတစ်ချက်ကြည့်ရုံနှင့်တော့ သူ့ကိုမမြင်ခဲ့ပေ။

လင်ရှောင်းထင်က တုံ့ဆိုင်းခြင်းအလျဉ်းမရှိဘဲ တွင်းပေါက်ထဲသို့ ခေါင်းဝင်ကာကြည့်လိုက်ချိန်တွင် အတွင်းဘက်မှ ထိုင်နေသူတစ်ယောက်ကလဲ သူ့ကိုကြည့်နေကြောင်း တွေ့သွားတော့သည်။

“ဟဲရှီယန်လား?”

ဟဲရှီယန်၏ဓါတ်ပုံကို မလာခင်က ကြည့်လာခဲ့တာကြောင့် ဟဲရှီယန်ကို မြင်သည်နှင့် လင်ရှောင်းထင် မှတ်မိသွားခြင်းဖြစ်သည်။

ထိုတွင်းပေါက်ထဲတွင် တကယ်ပဲဟဲရှီယန်ရှိနေသည့်အချက်ကတော့ လင်ရှောင်းထင်ကို အံ့အားသင့်စေခဲ့သည်။

ထိုစကားကြောင့် ကုနင်းလဲ အထဲသို့ကြည့်လိုက်သည်။ အထဲမှာဟဲရှီယန်ရှိနေကြောင်း သူမသိထားပြီးဖြစ်သော်လည်း အံ့ဩသွားသလိုဟန်ဆောင်ပြလိုက်သေးသည်။ “အိုး၊ သူက ဒီမှာပဲ!”

“မင်းတို့ ဘယ်သူတွေလဲ?”

သူ့နာမည်ကိုခေါ်လိုက်သံကြားတော့ ဟဲရှီယန် ကြောင်အလို့သွားကာ ဒီလူတွေ သူ့ကိုလာရှာခြင်းဖြစ်လောက်မည်ဟု ခံစားမိသွားသည်။

“ကျွန်မတို့က ရှင့်မိသားစုရဲ့မိတ်ဆွေတွေပဲ။ ရှင့်ရဲ့အစ်ကိုကြီး ဟဲရီရှောက်နဲ့ ညီမ ဟဲစစ်ရင်တို့လဲ ပါလာတယ်။ သူတို့က အခု ကမ်းခြေကလှေပေါ်မှာနေခဲ့တယ်။ ရှင်မလုံခြုံသလိုခံစားနေရလောက်မှန်းသိပါတယ်၊ ဒါကြောင့် သူတို့အသံကိုနားထောင်လို့ရအောင် ကျွန်မဖုန်းခေါ်ပေးမယ်။” ကုနင်း ပြောပြီးသည်နှင့် ဟဲစစ်ရင်ကို ဖုန်းဆက်ကာ စပီကာကိုဖွင့်လိုက်သည်။

ဟဲရီရှောက်၏ဖုန်းနံပါတ်ကိုတော့ သူမမသိတာကြောင့် ဟဲစစ်ရင်ကိုသာ ဖုန်းဆက်နိုင်ပေသည်။ သူတို့အခု ပင်လယ်ထဲမှာရှိနေတာတောင်မှ ဖုန်းလိုင်းက မဆိုးလှပေဘူး။

ကုနင်း ဖုန်းထုတ်လိုက်ကတည်းက ဟဲရှီယန်လဲ သူ့ကိုကူညီဖို့ သူမတို့ရောက်လာခြင်းဟု ယုံကြည်လာခဲ့သည်။

………..

ဟဲရီရှောက်နှင့်အခြားလူများကတော့ လှေပေါ်တွင် တစ်နာရီခွဲကြာအောင်စောင့်နေခဲ့ကြရပေမည့် စိတ်ရှည်နိုင်စွမ်းအပြည့်ရှိနေကြတုန်းပင်။

ဟဲဟုန်ကျဲ့တို့မျိုးဆက်မှ ဟဲမိသားစုညီအစ်ကိုများသည် အဆင်မပြေလှပေမည့် ဟဲရီရှောက်တို့မျိုးဆက်ကတော့ ကွာခြားသည်။ ဟဲရီရှောက်နှင့် သူ့မောင်နှမများ၏ဆက်ဆံရေးက အလွန်အဆင်ပြေကာ မိသားစုအမွေကြောင့်အတွက်နှင့် တစ်ဦးကိုတစ်ဦး တိုက်ခိုက်ခြင်းမျိုးလဲ မရှိကြပေ။

ဟဲရီရှောက်သည် စီးပွားရေးလုပ်ရာတွင် တော်ပြီး ဟဲရှီယန်ကတော့ လောင်းကစားလုပ်ရာတွင် အရည်အချင်းရှိသည်။ ဟဲရှီယန်က ကုမ္ပဏီပိုင်းကို စိတ်မဝင်စားသလို ကုမ္ပဏီကိုအုပ်ချုပ်ဖို့အတွက်လဲ မသင့်တော်ဘဲ သူက ဘဝကိုရိုးရိုးရှင်းရှင်း ချမ်းချမ်းသာသာနှင့်သာ ဖြတ်သန်းလိုသူဖြစ်သည်။

ဟဲစစ်ရင်၏ဖုန်းမြည်လာသည်နှင့် ချက်ချင်းပြန်ဖြေလိုက်သည်။ “ကုနင်း၊ အခြေအနေဘယ်လိုလဲ?”

ဟဲစစ်ရင်၏အသံကိုကြားသည်နှင့် ဟဲရှီယန် ငိုမိမတတ်ပင် စိတ်အေးသွားခဲ့သည်။

“ငါတို့အခုပဲ သူ့ကိုရှာတွေ့တယ်၊ နည်းနည်းပါးပါးတော့ ဒဏ်ရာရထားတယ်။ ခဏနေပြန်ခေါ်လာပေးမယ်။”

“တကယ်လား? ကျေးဇူးတင်လိုက်တာ!” ဟဲစစ်ရင်သည်လဲ ပျော်လွန်း၍ မျက်ရည်များပင်ကျလာခဲ့သည်။

ဟဲရှီယန်သည်လဲ ငိုချင်နေခဲ့သည်။ သူ့မိသားစုနှင့် ဒီဘဝဘယ်တော့မှ ပြန်မဆုံဆည်းနိုင်လောက်ဘူးဟုပင် သူထင်မှတ်ထားခဲ့တာဖြစ်သည်။

“ငါသူနဲ့စကားပြောလို့ရမလား?” ဟဲရီရှောက်က ဟဲစစ်ရင်၏ဖုန်းကို ဆွဲယူကာပြောလိုက်သည်။

“ဒါပေါ့၊ ခဏလေးစောင့်။” ထို့နောက် ကုနင်း ဟဲရှီယန်ကိုကြည့်လိုက်ကာ၊ “ဒီလောက်ဆို ကျွန်မကိုယုံသင့်နေပြီနော်၊ ထွက်လာခဲ့ပါတော့။”

ဟဲရှီယန်လဲ ကုနင်းကိုယုံသွားပြီဖြစ်တာကြောင့် တွင်းထဲမှချက်ချင်းထွက်လာခဲ့သည်။

သို့သော်လည်း သူ့ခြေထောက်များက ထုံကျင်နေတာကြောင့် လင်ရှောင်းထင်ကပဲ သူ့လက်မောင်းကနေ ဆွဲကာ အပြင်ရောက်အောင် ခေါ်ထုတ်ပေးခဲ့သည်။

ကုနင်းကဖုန်းစပီကာကို ဖွင့်ပေးထားပြီးသားဖြစ်တာကြောင့် ဟဲရှီယန်လဲ ဖုန်းကိုကိုင်စရာပင်မလိုဘဲ သူ့အစ်ကိုနှင့်စကားပြောနိုင်ပေသည်။

“ရီရှောက်၊ ငါရှီယန်ပါ၊ ငါအဆင်ပြေတယ်။” ဟဲရှီယန်က ဆို့နင့်နေသည့်အသံဖြင့်ပြောလိုက်သည်။

“ကောင်းလိုက်တာ၊ အရမ်းကောင်းတယ်၊ ရှီယန်….” ဟဲရီရှောက်၏အသံသည်လဲ ဆို့နင့်လို့နေသည်။

ဖုန်းချပြီးသည့်နောက် ဟဲရီရှောက်က ချက်ချင်းဆိုသလို ဟဲဟုန်ကျဲ့ထံသို့ ဆက်သွယ်တော့သည်။

………

ကုနင်းက စွမ်းအင်သလင်းကျောက်တစ်လုံးကိုထုတ်ကာ ဟဲရှီယန်ကိုပေးလိုက်ပြီး၊ “ဒါကိုသောက်လိုက်ပါ၊ ရှင့်ခန္ဓာကိုယ်အခြေအနေ ပိုကောင်းလာလိမ့်မယ်။”

“ကျေးဇူးပါပဲ။” ဟဲရှီယန်က ထိုဆေးတွင် ပြဿနာတစ်စုံတရာရှိနေမလားကိုပင် တွေးမနေဘဲ ကုနင်းကိုကျေးဇူးတင်စကားပြောပြီးသည်နှင့် ချက်ချင်းမြိုချလိုက်သည်။ သူတို့က ဒီနေရာအထိ သူ့ကိုအိမ်ပြန်ခေါ်သွားဖို့ ရောက်လာခဲ့မှတော့ သူ့ကိုထိခိုက်အောင် လုပ်ဖို့မလိုတော့ပေ။

ဆေးလုံးက သူ့ပါးစပ်ထဲသို့ဝင်သွားသည်နှင့် အေးမြသည့်စီးကြောင်းတစ်ခုက သူ့ခန္ဓာကိုယ်အနှံ့သို့စီးဆင်းလို့သွားကာ ခွန်အားများပြန်ရလာပြီး ပင်ပန်းနွမ်းနယ်မှုများလဲ ယူပစ်သလိုပျောက်ကင်းသွားတော့သည်။

“ဝိုး၊ ဒါက….” ဟဲရှီယန် အံ့အားသင့်စွာနှင့် ကုနင်းကိုကြည့်လိုက်သည်။ “ဒီဆေးအရမ်းစွမ်းတာပဲ!”

“အခု ဘယ်လိုခံစားနေရသေးလဲ? ကိုယ့်ဘာသာ လမ်းလျှောက်နိုင်လား?”

“ဒါ့ပေါ့၊ ငါလျှောက်နိုင်ပါတယ်။” ဟဲရှီယန် ချက်ချင်းဆိုသလိုထရပ်ကာ လက်မောင်းများကိုဆန့်ပြီး အကျောလျှော့လိုက်သည်။ သူ့အခြေအနေက ပုံမှန်ထက်တောင်မှ ပိုပြီးအားအင်ပြည့်ဝနေသလိုပင်။

***

အခန်း ၈၉၈ ဟဲရှီယန် စကားများလွန်းတယ်

“ဒါဆို သွားကြရအောင်!” ကုနင်း ဟဲရှီယန်ကို ဆော်အောလိုက်သည်။

“ကောင်းပြီလေ!” ထိုနောက် ဟဲရှီယန်လဲ သူ့ဘာသာသူလမ်းလျှောက်ကာ နောက်မှလိုက်သွားသည်။

တန်ဖိုးကြီးပစ္စည်းများကိုတော့ ကုနင်း အခုချက်ချင်းသယ်သွားလို့မရနိုင်သေးပေ။

ဒါကြောင့် နောင်တစ်ချိန်မှာမှ သူမတစ်ယောက်တည်း လာဖို့ဆုံးဖြတ်ချက်ချထားလိုက်သည်။ သူမတစ်ယောက်တည်းသာလာလျှင် ပစ္စည်းအားလုံးကို စိတ်စွမ်းအင်အာကာပြင်ထဲထည့်လိုက်လို့ရတာကြောင့် သယ်ယူဖို့အလွယ်ကူဆုံးနည်းလမ်းပင်ဖြစ်သည်။

“အမ်၊ အစောက စစ်ရင်က မင်းကိုကုနင်းလို့ခေါ်တာကြားလိုက်တယ်၊ ဒီနော့ မင်းနာမည်က ကုနင်းပေါ့?” ဟဲရှီယန်က တော်တော်လေးစကားများသူဖြစ်ကာ တစ်လမ်းလုံး ကုနင်းနှင့်စကားပြောလာခဲ့သည်။

လင်ရှောင်းထင်၏မျက်နှာက တစ်ချိန်လုံးအေးစက်မာကြောနေတာကြောင့် ကုနင်းက ပိုလို့ပေါင်းသင်းရလွယ်သူဟု ဟဲရှီယန်ထင်တာကြောင့်လဲပါသည်။

“ဟုတ်ပါတယ်။” ကုနင်းပြန်ဖြေပေးလိုက်သည်။

“”ဒါဆို မင်းက ဘယ်မြို့ကလဲ?”

“Bမြို့ကလာတာပါ။”

“အိုး၊ Bမြို့က အရမ်းလှပတဲ့မြို့ပဲ၊ ငါလဲသဘောကျတယ်။” ဟဲရှီယန်၏မျက်လုံးများ တောက်ပလို့သွားသည်။

HKပြည်သူများက တခြားမြို့များမှလူများကို မုန်းတီးတတ်ကြပေမည့် ဟဲရှီယန်ကတော့ သူတို့နှင့်မတူပေ။ ဟဲရှီယန်က အရင်ကလဲ မြို့တော်တော်များများကို ရောက်ဖူးကာ ခရီးထွက်ရတာနှစ်သက်သူဖြစ်သည်။ သဘာဝပတ်ဝန်းကျင်လှပသာယာသည့်နေရာတွေကိုတော့ သူအကြိုက်ဆုံးပင်ဖြစ်သည်။

“Bမြို့က အမြဲကြိုဆိုနေမှာပါ။”

“ဟ-ဟ၊ ကျေးဇူးပါပဲ။ ဒါဆို မင်းဘယ်မြို့မှာမွေးတာလဲ? ငါအားတာနဲ့ မင်းမြို့ကိုလာလယ်မယ်လေ၊ ငါ့ကို လိုက်ပြပေးလို့ရတာပေါ့။ ဘယ်လိုလဲ?” ဟဲရှီယန်က ကုနင်းနှင့်ပိုပြီးနီးစပ်ချင်နေပုံပေါ်သည်။

ကုနင်းကတော့ ဒါမကောင်းတဲ့အကြံဟု မတွေးမိသော်လည်း လင်ရှောင်းထင်ကတော့ သိသိသာသာမကျေမနပ်ဖြစ်သွားသည်။ သူက ဟဲရှီယန်၏နောက်ကျောကို အေးစက်သည့်အကြည့်များဖြင့် ပစ်လွှတ်နေတာကြောင့် ဟဲရှီယန်ပင် မသက်မသာခံစားလာရသည်။ သို့သော်လည်း ဟဲရှီယန်က သိပ်မတွေးခဲ့ဘဲ သူ့အဝတ်တွေဆိုနေတာကြောင့် အေးသလိုခံစားနေရသည်ဟုသာ တွေးခဲ့သည်။

ကုနင်းကတော့ လင်ရှောင်းထင် စိတ်အလိုမကျဖြစ်နေသည်ကို အာရုံခံမိပေမည့် သူမလဲ ဘာမှမလုပ်ပေးတတ်ပေ။ “ရှင့်ကိုမြို့တစ်ပတ်လိုက်ပြပေးဖို့ ကျွန်မမှာအချိန်မရှိမှာစိုးရတယ်။ ကျွန်မကအမြဲအလုပ်များနေတာလေ။”

ထိုစကားအရ ကုနင်း သူ့ကိုငြင်းလိုက်တာမှန်း ဟဲရှီယန် နားလည်လိုက်သည်။

“အိုး၊ ရပါတယ်။ မင်းအားတဲ့အချိန် ငါ့ကိုဖုန်းတစ်ချက်လောက်ဆက်လိုက်ပေါ့။ မအားရင်လဲ မင်းကိုငါအနှောက်အယှက်မပေးပါဘူး။” ဟဲရှီယန်သည် ညှိနှိုင်းရအလွန်လွယ်ကူသူဖြစ်ကာ ကုနင်းတွင် တခြားအရေးကိစ္စများရှိနေလျှင် သူ့ဘက်ကဖိအားပေးမည်မဟုတ်ပေ။

သူတို့ခဏလောက်ဆက်လျှောက်ပြီးနောက်မှာတော့ သူတို့နှင့်မနီးမဝေးတွင် လူနှစ်ယောက်ရှိနေကြောင်း ကုနင်းနှင့်လင်ရှောင်းထင်တို့ သတိထားမိသွားကြသည်။ သို့ပေမည့် ထိုနှစ်ယောက်ကတော့ သူတို့ကိုသတိမထားမိကြသေးပေ။

ဟဲရှီယန် နောက်ထပ်စကားစဖို့ကြံနေချိန်မှာပဲ ကုနင်းက သူ့ကိုဟန့်လိုက်သည်။

“ကျွန်မတို့ရှေ့နားမှာ လူနှစ်ယောက်ရှိနေတယ်။ တိတ်တိတ်လေးနေ။”

ထိုစကားကြောင့် ဟဲရှီယန်တစ်ယောက် ချက်ချင်းဆိုသလို ပါးစပ်ပိတ်သွားတော့သည်။ ကုနင်းနှင့်လင်ရှောင်းထင်တို့၏ တိုက်ခိုက်ရည်အလွန်မြင့်မားကြောင့် သူမသိထားသေးတာကြောင့် ဟဲဟုန်ယွမ်၏လူများ သူ့ကိုထပ်ပြီးဖမ်းမိသွားမည်ကို ကြောက်လို့နေသည်။

“ရှောင်းထင် သူတို့ကိုကြိုးနဲ့ချည်ထားလိုက်။” ကုနင်းက သူမလွယ်အိတ်ထဲမှကြိုးများကိုထုတ်ကာ ပေးလိုက်သည်။

ထိုလူတွေက သူတို့အလုပ်ကိုသူတို့လုပ်နေခြင်းဖြစ်ကာ ဟဲရှီယန်ကိုလဲ ထိခိုက်အောင် မလုပ်ခဲ့တာကြောင့် ကုနင်း သူတို့ကိုသတ်လိမ့်မည်မဟုတ်ပေ။ သို့သော်လည်း သူတို့က ဟဲရှီယန်ကို ပြန်ပေးဆွဲခဲ့ကြသူများဖြစ်တာကြောင့် ကုနင်း သူတို့ကိုခေါ်သွားကာ ဟဲမိသားစုကိုဖြေရှင်းစေပေမည်။

“ကောင်းပြီ။” လင်ရှောင်းထင်က ကြိုးကိုယူလိုက်ကာ ချက်ချင်းပင် ရှေ့မှလူနှစ်ယောက်ထံလျှောက်သွားတော့သည်။

“ကုနင်း၊ သူဖြေရှင်းနိုင်ပါ့မလား?” ဟဲရှီယန်က စိုးရိမ်နေခဲ့သည်။

“ဒါပေါ့၊ သူလုပ်နိုင်ပါတယ်။”

လင်ရှောင်းထင်က သူ့လှုပ်ရှားမှုများကို အလုပ်ရှုပ်ခံပြီး ဖုံးကွယ်မနေတာကြောင့် ထိုလူနှစ်ယောက်လဲ သိပ်မကြာလိုက်ဘဲ သူ့ကိုသတိပြုမိသွားကြတော့သည်။

“မင်းဘယ်သူလဲ?” လင်ရှောင်းထင်ကိုမြင်လိုက်သည်နှင့် ထိုလူနှစ်ယောက်သတိကပ်သွားကြသည်။

လင်ရှောင်းထင်က ထိုနှစ်ယောက်အမေးကိုလျစ်လျူရှုကာ စတင်တိုက်ခိုက်ခဲ့သည်။

ထိုလူနှစ်ယောက်ကလဲ ပြန်လည်ခုံခံတိုက်ခိုက်ကြပေမည့် လင်ရှောင်းထင်ကို ယှဉ်နိုင်ဖို့က အလှမ်းကွာလှတာကြောင့် အလွယ်တကူအဖမ်းခံလိုက်ရကာ နှစ်ယောက်လုံး မှင်သက်နေကြတော့သည်။

“မင်းဘယ်သူလဲ? ငါတို့ကိုဘာလို့ဖမ်းတာလဲ? လွှတ်ပေးစမ်း!” တစ်ယောက်က ရုန်းကန်အော်ဟစ်တော့သည်။

“ဟဲမိသားစု၊” ကုနင်း အေးစက်စက်လေသံဖြင့် ထိုစကားတစ်ခွန်းကိုသာ ပြောလိုက်ပြီး ကျန်လူနှစ်ယောက်ကို ပါးစပ်ပိတ်သွားစေသည်။

ဟဲမိသားစုက သူတို့ကိုဖမ်းတယ်ဆိုတာ ဟဲရှီယန်ကြောင့်မှန်း အသိသာချည်းပင်။

လင်ရှောင်းထင်က သူတို့နှစ်ယောက်ကို ကုနင်းဘက်သို့ ပြန်ဆွဲခေါ်လာခဲ့သည်။ ထိုလူနှစ်ယောက် ဘယ်လောက်ပဲရုန်းကန်နေပါစေ နောက်ဆုံးတော့ လင်ရှောင်းထင်ဆွဲခေါ်ရာနောက်ပါသွားမြဲသာ။

လင်ရှောင်းထင် ထိုနှစ်ယောက်ကိုဘယ်လိုအနိုင်ယူလိုက်မှန်း ဟဲရှီယန်မတွေ့ပေမည့် တစ်မိနစ်လောက်နှင့် လင်ရှောင်းထင်က ထိုနှစ်ယောက်ကိုကြိုးတုပ်လျက်သား ပြန်ဆွဲခေါ်လာတာကြောင့် အလွန်အံ့ဩသွားတော့သည်။

ကုနင်းကတော့ပြုံးရုံသာပြုံးပြီး ဘာမှမပြောဘဲ သူမချစ်သူအတွက်ဂုဏ်ယူလို့နေသည်။

မကြာခင်တွင်ပဲ လင်ရှောင်းထင်က ထိုလူနှစ်ယောက်ကိုဆွဲကာ ကုနင်းတို့ရှေ့သို့ပြန်ရောက်လာပြီး ထိုလူနှစ်ယောက်သည်လဲ ဟဲရှီယန်ကိုမြင်ပြီးနောက် အံ့ဩထိတ်လန့်လို့သွားတော့သည်။

သူတို့ဟဲရှီယန်ကို ဒီလောက်အကြာကြီးရှာခဲ့ကြပေမည့် ကုနင်းနှင့်လင်ရှောင်းထင်တို့က သူတို့ထက်အရင်ရှာတွေ့သွားကြသည်။

သို့ပေမည့် ဟဲရှီယန်ကတော့ ထိုလူနှစ်ယောက်ကို တွေ့သည်နှင့် ဒေါသထွက်လာတော့သည်။ “မင်းတို့ကိုငါပြန်မိတာနဲ့ သေချာပေါက် ပြန်လက်စားချေမယ်လို့ ပြောခဲ့ဖူးတယ်မလား။”

ပြောရင်းဖြင့် ဟဲရှီယန်က ထိုလူနှစ်ယောက်ဘက်သို့လျှောက်သွားကာ စိတ်တိုင်းကျ အားပြင်းပြင်းနှင့်ရိုက်နှက်ကန်ကျောက်တော့သည်။

ကုနင်းနှင့်လင်ရှောင်းထင်ကလဲ သူ့ကိုတားမနေကြပေ။

***

အခန်း ၈၉၉ ဟဲရှီယန် စကားများလွန်းတယ် ၂

ထိုလူနှစ်ဦးကိုသာ ကြိုးဖြင့်မတုပ်ထားလျှင် ဟဲရှီယန်သည် သူတို့ပြိုင်ဘက်မဖြစ်နိုင်တာကြောင့် အခုလို ရိုက်နှက်ရဲမည်မဟုတ်ပေ။ သို့သော်လည်း အခုတော့ သူတို့က ကြိုးတုပ်ခံထားရကာ ပြန်လည်တိုက်ခိုက်နိုင်စွမ်းမရှိတာကြောင့် ဟဲရှီယန်လဲ သူ့ကိုလုပ်ခဲ့သမျှအတိုးနှင့်ပြန်လည်ပညာပြနေခြင်းဖြစ်သည်။

ဟဲရှီယန် ထိုလူများကိုမသတ်နိုင်ကာ လူသတ်ခြင်းကဥပဒေနှင့်မညီကြောင်း သိတာကြောင့် အတော်ကြာရိုက်နှက်ပြီးသည်နှင့် ရပ်လိုက်တော့သည်။ ထို့နောက် သူလဲ ကုနင်းတို့နှင့်အတူ ကမ်းခြေသို့ ဆက်ထွက်လာခဲ့သည်။

“ဒါနဲ့၊ ငါ့အစ်ကိုနဲ့ညီမက ဘာလို့ ကမ်းခြေမှာပဲ စောင့်နေခဲ့တာလဲ?” ရုတ်တရက်ကြီး ဟဲရှီယန်က ထိုအကြောင်းကို ကုနင်းအားမေးလာခဲ့သည်။

ဟဲရီရှောက်နှင့်ဟဲစစ်ရင်တို့ သူ့ကိုကိုယ်တိုင်တောင်လာမရှာကြသည့်အပေါ် ဟဲရှီယန် အနည်းငယ်မသက်မသာခံစားနေရသည်။

ကုနင်းလဲ သူ့ခံစားချက်ကို နားလည်နိုင်ပေသည်။

“ရှင်လွတ်သွားပြီမှန်း ကျွန်မတို့မသိထားလို့ သူတို့ကို လိုက်မလာဖို့ ကျွန်မပဲ ပြောလိုက်တာ။ ရှင်အခုထိ ဟဲဟုန်ယွမ်ရဲ့လူတွေလက်ထဲမှာပဲ ရှိနေမယ်လို့ထင်ထားတာလေ။ အားလုံးသာ ရှင့်ကိုရှာဖို့ထွက်လာလိုက်ရင် ဟဲဟုန်ယွမ်ရဲ့လူတွေက ရှင်ကိုအပါခေါ်ပြီး ကျွန်မတို့လှေနဲ့ထွက်ပြေးသွားနိုင်တယ်။ အဲ့လိုမဖြစ်အောင်လို့ရော ရှင့်ကို ကျွန်မတို့နှစ်ယောက်တည်းနဲ့ ၂နာရီအတွင်းရှာနိုင်မယ်လို့ ယုံကြည်ချက်ရှိတာကြောင့်ရော သူတို့ကိုလှေပေါ်မှာပဲစောင့်နေဖို့ ပြောလိုက်တာ။” ကုနင်း သေချာရှင်းပြပေးလိုက်သည်။

ထိုစကားကိုကြားတော့မှ ဟဲရှီယန် ခေါင်းတညိတ်ညိတ်နှင့်ပြန်လည်စိတ်ကြည်သွားတော့သည်။

“ငါကျောက်ဆောင်အောက်မှာရှိတယ်ဆိုတာကော မင်းဘယ်လိုသိသွားတာလဲ?” ဟဲရှီယန် ထပ်မေးပြန်သည်။

ထို့နောက် ကုနင်းသည် သူမတို့ဝံပုလွေတွေမြင်တာကနေစပြီး ပြောပြလိုက်ကာ ဟဲရှီယန်လဲ ကုနင်းနှင့်လင်ရှောင်းထင်တို့ကို ပိုလို့လေးစားလာတော့သည်။

ကုနင်းက ဟဲရှီယန်နှင့် တချိန်လုံးစကားပြောပေးနေတာကြောင့် တစ်ဖက်မှလင်ရှောင်းထင်၏စိတ်အခြေအနေမှာ လွန်စွာဆိုးဝါးလို့နေပြီဖြစ်သည်။

ကုနင်းကတော့ မတတ်နိုင်ဆိုသည့်အမူအရာကိုသာ ပန်ဆင်ထားသည်။ ဟဲရှီယန်က သူမကိုပဲတချိန်လုံး စကားလာပြောနေမှတော့ သူမဘက်က ဘယ်လိုလုပ်များ လျစ်လျူရှုထားလို့ဖြစ်မယ်တဲ့လဲ။

ဟဲရှီယန်ကတော့ တစ်မိနစ်လောက်သာ တိတ်ဆိတ်သွားပြီး ကုနင်းကို ထပ်ပြီးမေးခွန်းများမေးလာပြန်သည်။ “ဒါနဲ့၊ ဒီနေ့ဟဲမိသားစုခေါင်းဆောင်နေရာအတွက် ဟဲဟုန်ယွမ်က ပြိုင်ပွဲတစ်ခုလုပ်မယ်လို့ ကြားထားတယ်။ အခြေအနေဘယ်လိုဖြစ်သွားလဲ?”

ဟဲရှီယန် အဖမ်းခံထားရသော်လည်း ဟဲဟုန်ယွမ်၏လူများအချင်းချင်း ပြောဆိုနေသည်များကိုတော့ ကြားနေရစဲဖြစ်တာကြောင့် လောင်းကစားပွဲအကြောင်းကို သူသိထားခဲ့သည်။ သူကိုယ်တိုင်ကလဲ ဟဲမိသားစုဝင်တစ်ဦးဖြစ်တာကြောင့် နောက်ဆုံးရလဒ်ကို သူလဲအရေးစိုက်ရပေသည်။

“အေးဆေးပါ၊ ဟဲမိသားစုပဲ နိုင်သွားတယ်။”

“တကယ်လား?” ဟဲရှီယန် ပြုံးရွှင်သွားတော့သည်။ “အရမ်းကောင်းတာပဲ။”

ဟဲဟုန်ယွမ်၏လူနှစ်ယောက်ကတော့ ထိုသတင်းကိုကြားကာ အံ့ဩသွားမိကြပေမည့် မကြာခင်မှာပဲ လက်ခံသွားနိုင်ကြသည်။

“အခုငါ့အဖေရဲ့အကြားအာရုံက သိပ်မကောင်းဘူးလို့ ကြားထားပါတယ်။ ငါတို့မိသားစုနိုင်သွားအောင် ဘယ်သူကများ ကူညီပေးလိုက်တာလဲ? သူက ကျွမ်းကျင် လောင်းကစားသမားတစ်ယောက်လား?”

သူကိုယ်တိုင်ကလဲ အရည်အချင်းရှိသည့် လောင်းကစားသမားတစ်ဦးဖြစ်ပေမည့် လောင်းကစားပြိုင်ပွဲလုပ်လျှင်တော့ ဖန်းကျီဟောက်ကို အနိုင်ယူနိုင်မည်ဟု ယုံကြည်ချက်မရှိနေပေ။

ကုနင်းလဲ ဟဲရှီယန်တော်တော်စကားများတာပဲဟု တွေးမိပေမည့် သူ့ဘက်ကိုလဲ နားလည်ပေးနိုင်သည်။ ဒါက သူ့မိသားစုအတွက် အလွန်အရေးကြီးသည့်ပွဲတစ်ခုပဲမဟုတ်လား။

“ရှင့်မိသားစု ကစားပွဲမှာနိုင်အောင် ကျွန်မပဲ ကူညီပေးခဲ့တာလေ။” ကုနင်း ခပ်ဖွဖွပြုံးလိုက်သည်။

“ဘာပြောလိုက်တယ်?” ကုနင်းက အမျိုးသမီးတစ်ဦးဖြစ်ကာ ပုံစံအရလဲ ၂၄နှစ်လောက်သာ ရှိသေးတာကြောင့် ဟဲရှီယန်ထိတ်လန့်အံ့ဩသွားတော့သည်။

ကုနင်းက အခုထိ “ထန်အိုက်နင်း”ပုံစံအတိုင်းရှိနေသေးတာဖြစ်သည်။ သူမက တကယ်တော့ ၁၈နှစ်သာရှိသေးမှန်းသာ ဟဲရှီယန်သိသွားခဲ့လျှင် ပိုလို့တောင်မှင်သက်သွားပေလိမ့်မည်။

“ဟုတ်တယ်၊ ကျွန်မပဲ။” ကုနင်းကတော့ ဟဲရှီယန်၏တုံ့ပြန်ပုံအမူအရာကြောင့် ရယ်ချင်နေတော့သည်။

ဟဲရှီယန် နောက်ထပ်စက္ကန့်ပိုင်းမျှ ကြောင်အနေပြီးကာမှ ထပ်မေးလိုက်ပြန်သည်။ “မင်း သူ့ကိုဘယ်နှပွဲနိုင်ခဲ့တာလဲ?”

“ပွဲတိုင်းနီးနီးပါပဲ။ သူနိုင်တာတော်တော်နည်းတယ်။”

ဒါကအမှန်တရားပင်။ ဖန်းကျီဟောက်က ပွဲအနည်းငယ်သာနိုင်ခဲ့ကာ ကုနင်းကတော့ ပွဲတိုင်းနည်းပါးကို နိုင်ခဲ့ပေသည်။

“ပွဲတိုင်းလား?”

ဟဲရှီယန် အခုချိန်မှာ ဘယ်လောက်တောင် အံ့ဩနေသည့်အကြောင်း ထိုစကားလုံးအနည်းငယ်ဖြင့်သာ ဖော်ပြနိုင်တော့သည်။

ဟဲရှီယန် နောက်ထပ်စကားထပ်ပြောတော့မည့်အချိန်မှာပဲ ဟဲစစ်ရင်၏အသံကထွက်ပေါ်လာခဲ့သည်။

“ရှီယန်!”

ဟဲစစ်ရင်တစ်ယောက် ဟဲရှီယန်ရှိရာသို့ အမြန်ပြေးလာကာ ဟဲရီရှောက်နှင့်ကျန်သက်တော်စောင့်များကလဲ နောက်မှလိုက်လာကြသည်။

ဟဲစစ်ရင်အန္တရာယ်ကင်းကြောင်း ကြားလိုက်ကတည်းက ဟဲရီရှောက်နှင့်ဟဲစစ်ရင်တို့ လှေပေါ်မှဆင်းလာခဲ့ခြင်းဖြစ်ကာ ကမ်းခြေမှာ လမ်းလျှောက်ရင်း ဟဲရှီယန်ကို စောင့်နေခဲ့ကြခြင်းဖြစ်သည်။

ဒါကြောင့် ဟဲရှီယန်ကိုတွေ့လိုက်သည်နှင့် ဟဲစစ်ရင်နှင့်ဟဲရီရှောက်တို့ စိတ်လှုပ်ရှားကာ ပြေးလာခဲ့ကြခြင်းဖြစ်သည်။

ဟဲမိသားစုတွင် သားသမီးလေးယောက်ရှိသည်။ သူတို့အသက်အရွယ်အလိုက်ပြောရလျှင် ဟဲရီရှောက်၊ ဟဲရှီယန်၊ ဟဲရှီဟန်နှင့် ဟဲစစ်ရင်ဆိုပြီးဖြစ်သည်။

ဟဲမိသားစုကလေး၄ယောက်တွင် ဟဲရီရှောက်၏နာမည်ကသာ တခြားလူတွေလူမျိုး “ရှီ/စစ်” မဟုတ်ခဲ့ပေ။ တကယ်တော့ ဟဲရီရှောက်သည် ဟဲဟုန်ကျဲ့၏ကျန်ကလေးသုံးယောက်နှင့် သွေးတစ်ဝက်သာနှောသည့်အစ်ကိုကြီးဖြစ်သည်။

ဟဲရီရှောက်၏မိခင်သည် ဟဲရီရှောက်ကို မွေးဖွားပြီးနောက် သွေးလွန်ကာ ဆုံးပါးသွားခြင်းဖြစ်သည်။ သုံးနှစ်ကြာပြီးနောက် ဟဲဟုန်ကျဲ့က ဒုတိယဇနီးနှင့်လက်ထပ်ခဲ့ကာ သူမကတော့ ဟဲရီရှောက်တို့ မောင်နှမသုံးယောက်၏မိခင်ပင်ဖြစ်သည်။

ဟဲဟုန်ကျဲ့၏ဒုတိယဇနီးသည် ဟဲရီရှောက်ကိုလဲ အကောင်းဆုံးပြုစုပျိုးထောင်ပေးခဲ့ကာ သူမ၏သားအရင်းလိုပင် သဘောထားခဲ့သည်။ ထို့အပြင် ဟဲကတော်က သူမ၏သားသမီးများကိုလဲ သူတို့နှင့်မသက်ဆိုင်သည့် ဟဲမိသားစုအမွေအနှစ်များကို လိုချင်တပ်မက်ခြင်းမပြုရန် သွန်သင်ဆုံးမခဲ့သည်။ ဒါကြောင့် မောင်နှမလေးယောက်လုံး အလွန်ရင်းနှီးနေကြခြင်းဖြစ်သည်။

ဟဲရှီဟန်သည်က နိုင်ငံခြားတွင် နိုင်ငံတကာမှာကျော်ကြားသည့် အဝတ်အစားဒီဇိုင်နာအဖြစ်လုပ်ကိုင်နေတာကြောင့် ဟဲမိသားစုအခြေအနေအကြောင်း သူမအခုထိမသိရသေးပေ။

“စစ်ရင်၊ ရီရှောက်!” ဟဲရှီယန်လဲ ချက်ချင်းဆိုသလို ဟဲရီရှောက်နှင့် ဟဲစစ်ရင်တို့ဆီပြေးသွားကာ ကုနင်းကိုမေးချင်နေသေးသည့် မေးခွန်းများကိုပင် မေ့သွားခဲ့သည်။

“ရှီယန်၊ အဆင်ပြေရဲ့လား?” ဟဲစစ်ရင်ကတော့ မျက်ရည်များပင်ကျလာခဲ့သည်။

“ဒါပေါ့၊ ငါအဆင်ပြေတယ်!” ဟဲရှီယန်က သူ့ရင်ဘက်ကိုသာထုကာ သူဘယ်လောက်သန်မာကြောင်း ပြသနေသည်။ “ဟုတ်ပါပြီ၊ တိတ်တော့နော် ငါ့ရဲ့လှပတဲ့ညီမငယ်လေး။”

“ဟ-ဟ” ဟဲစစ်ရင်လဲ မျက်ရည်များဖြင့်ပင် ရယ်မောလိုက်သည်။

“လာ၊ လှေပေါ်ပြန်သွားကြရအောင်။ ငါအခုချက်ချင်း ရေနွေးနွေးလေးနဲ့ ချိုးပစ်ချင်နေပြီ!”

***

အခန်း ၉၀၀ ရှုကျင်းလင်နှင့် လင်ရှောင်းထင် တွေ့ကြပြီ

“ဟုတ်ပါပြီ၊ သွားရေနွေးလေးနဲ့သွားချိုးလိုက်ဦး။ အအေးမမိစေနဲ့။” ဟဲရီရှောက်က သူ့ညီကိုပြန်ပြောလိုက်သည်။

ဟဲရီရှောက်ကတော့ အရွယ်ရောက်ပြီးသည့်အမျိုးသားတစ်ယောက်ဖြစ်တာကြောင့် ဟဲစစ်ရင်လိုမျိုး သူ့ခံစားချက်မှန်သမျှကို မဖော်ပြပေမယ့် သူဟဲရှီယန်အပေါ် ဂရုစိုက်မှုက ဟဲစစ်ရင်ထက်မလျော့တာတော့ သေချာသည်။

“တာ့တာ၊” ဟဲရှီယန်က နှုတ်ဆက်ကာ ရေချိုးခန်းထဲသို့ ခြေလှမ်းလိုက်ပေမယ့် တစ်လှမ်းနှစ်လှမ်း, လှမ်းပြီးချိန်မှာပဲ ပြန်ရပ်သွားကာ၊ “အမ်၊ ကုနင်း ငါရေချိုးပြီး အဝတ်အစားသွားလဲလိုက်ဦးမယ်နော်။”

“ကောင်းပြီလေ၊ ဘိုင့်။” ကုနင်း ပြန်ပြောလိုက်တော့မှ ဟဲရှီယန်လဲ ထွက်သွားတော့သည်။

ဟဲရှီယန်၏အပြုအမူက လင်ရှောင်းထင်ကို ထပ်ပြီး အလိုမကျဖြစ်သွားစေပြန်သည်။

ဟဲရီရှောက်နှင့်ဟဲစစ်ရင်တို့လဲ တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ဟဲရှီယန်က ကုနင်းကို ထူးထူးခြားခြားဆက်ဆံနေတာပဲ။ ဒါပေမယ့်လဲ ဟဲရှီယန်ဘယ်လိုပဲ ကုနင်းအပေါ်တွေးပါစေ ကုနင်းမှာက ချစ်သူရှိထားပြီးဖြစ်တာကြောင် ဘာမှမထူးတော့ပေ။

လင်ရှောင်းထင်အကြောင်း သူတို့သိပ်မသိရင်တောင်မှ ကုနင်း၏သူမတူအရည်အချင်းများကြောင့် လင်ရှောင်းထင်သည်လဲ လွန်စွာထူးချွန်ပေလိမ့်မည်။

ဟဲမိသားစုက ကုနင်းနှင့်ကောင်းမွန်သည့်ဆက်ဆံရေးမျိုးထိန်းသိမ်းချင်နေမှတော့ သူမကို စိတ်ဆိုးအောင်သွားမလုပ်တာ ပိုကောင်းပေမည်။

“သူတို့ကို ဘယ်လိုရှင်းမယ်လို့စိတ်ကူးထားလဲ? စုစုပေါင်း၁၀ယောက်ရှိတယ်။ သုံးယောက်ကိုတော့ ရှေးဟောင်းအိမ်ရဲ့မြေအောက်ခန်းထဲမှာထိန်းသိမ်းထားတယ်၊ လေးယောက်ကတော့ သစ်ပင်နဲ့တွဲချည်ထားတယ်၊ နှစ်ယောက်ကတော့ ဒီမှာ၊ နောက်ဆုံးတစ်ယောက်ကိုတော့ မဖမ်းရသေးဘူး။” ကုနင်းပြောပြလိုက်သည်။

ဟဲဟုန်ယွမ်၏လူများကိုကြည့်ပြီး ဟဲရီရှောက်နှင့်ဟဲစစ်ရင်တို့ ဒေါသများပြန်ထွက်လာတော့သည်။ ထို့နောက် ဟဲရီရှောက်က၊ “ဒီလူတွေက မကောင်းတဲ့လူတွေဆိုပေမယ့် ရှီယန်လဲ ဘေးကင်းပြီး ကောင်းကောင်းမွန်မွန်ရှိနေတာပဲ၊ ဒီတော့ သူတို့ကို သတ်မနေတော့ပါဘူး။ ရှီယန် အဝတ်အစားလဲပြီးကာမှ သူ့ဒေါသပြေရုံလောက် လွှတ်ပေးထားလိုက်မယ်၊ ပြီးတော့ သူတို့ဖုန်းတွေကို ပင်လယ်ထဲပစ်ပြီး ကျွန်းပေါ်မှာထားခဲ့ကြတာပေါ့။”

ဒါက ဟဲမိသားစုပြဿနာသာဖြစ်တာကြောင့် ကုနင်းလဲ သူတို့သဘောအတိုင်းသဘောတူလိုက်သည်။

ထို့နောက် ကုနင်းနှင့်လင်ရှောင်းထင်တို့လဲ လှေပေါ်မှာအနားယူရအောင် ထွက်သွားတော့သည်။

“ကျွန်မ မနက်ဖြန် Mမြို့ကိုသွားမှာ၊ နှစ်ရက်လောက်တော့ နေဖြစ်မှာပေါ့။ ရှင်ရော အတူလိုက်မလား?” ကုနင်း လင်ရှောင်းထင်ကို မေးလိုက်ခြင်းဖြစ်သည်။

“သေချာမသိသေးဘူး။ ဘာတာဝန်မှလုပ်စရာမရှိဘူးဆိုရင်တော့ အတူလိုက်နိုင်လောက်တယ်။” အရေးကြီးတာဝန်တစ်ရပ်သာပေါ်လာခဲ့လျှင်တော့ လင်ရှောင်းထင်အနေနှင့် တွေဝေခြင်းအလျင်းမရှိ ချက်ချင်းသွားရောက် ထမ်းဆောင်မည်ဖြစ်သည်။

တစ်နာရီဝန်းကျင်မျှကြာပြီးနောက် သူတို့အဖွဲ့HKသို့ပြန်ရောက်ခဲ့ကြသည်။

…….

ယနေ့သည် Bမြို့မှKameiအလှပြင်ဆိုင်ဖွင့်ပွဲနေ့ဖြစ်ကာ အတော်လေးလှုပ်လှုပ်ရှားရှားဖြစ်လို့နေသည်။

ယခင်ဖောက်သည်ဟောင်းများအပြင် အသစ်သစ်သောဖောက်သည်များလဲ ရောက်ရှိလာကြသည်။ ရောက်ရှိလာသူများက ဆိုင်တွင် ခိုကျီအလှပြင်ပစ္စည်းကိုသုံးကြောင်း သိလိုက်သည်နှင့် သူတို့၏မိတ်ဆွေသူငယ်ချင်းများကို ဖုန်းဆက်လှမ်းခေါ်ကြတော့သည်။

ဒါကြောင့် အချိန်တိုလေးအတွင်းမှာပဲ အလှပြင်ဆိုင်ထဲတွင် လူများနှင့်ပြည့်နှက်သွားတော့သည်။

လူတိုင်းကတော့ ခိုကျီအလှကုန်ပစ္စည်းအစုံလိုက်ဝယ်ကြခြင်းမရှိသော်လည်း သုံးပုံနှစ်ပုံလောက်သောလူများကတော့ ဝယ်ကြတာကြောင့် ရောင်းအားအလွန်ကောင်းနေခဲ့သည်။

ဆိုင်ထဲတွင် မနက်ပိုင်းတစ်ခုလုံး ဧည့်သည်များဖြင့်ပြည့်နေတာကြောင့် ဝန်ထမ်းများလဲ နေ့လည်ပိုင်းရောက်မှသာ အနားရကြတော့သည်။ ကံကောင်းစွာဖြင့် မနက်တုန်းက အားလုံးမနက်စာများများစားထားကြတာကြောင့် ဆာလောင်နေခြင်းမျိုးမဖြစ်ခဲ့ပေ။

မန်နေဂျာတင်းကလဲ သူမအားလပ်ချိန်ရသည်နှင့် ဆိုင်၏အောင်မြင်မှုကိုပြသရန် ကုနင်းကို ဓါတ်ပုံများစွာပို့ပေးလေသည်။

ကုနင်း ဓါတ်ပုံများကိုကြည့်ပြီး စိတ်လိုလက်ရပြုံးနေတော့သည်။

“ဘာတွေပြုံးနေတာလဲ?” ဟဲစစ်ရင်က သိချင်လာကာမေးလိုက်သည်။

ကုနင်း ဟဲစစ်ရင်ကိုလှည့်ကြည့်လိုက်ပြီးနောက် အကြံတစ်ခုပေါ်လာခဲ့သည်။ “နင်ပုံမှန်ဆို ဘာဘရန်းသုံးတတ်လဲ?”

“Chanel, Dior အများကြီးပါပဲ၊ ဒါပေမယ့် ငါ့အသားအရေကတော့ သိပ်မထူးခြားလာပါဘူး။” ဟဲစစ်ရင်သည် သူမ၏အသားအရေအပေါ် သိပ်ပြီးကျေနပ်မှုမရှိနေပေ။ မိတ်ကပ်လိမ်းလိုက်ပြီဆိုသည်နှင့် သိပ်မကြာလိုက်ပါဘဲ အဆီပြန်လာတတ်သည်။

“ဒါဆို ငါနင့်ကိုဘရန်းအသစ်တစ်ခု ထောက်ခံချက်ပေးမယ်။ အသစ်ဆိုပေမယ့် မကြာခင် နိုင်ငံတကာအဆင့်မီဘရန်းဖြစ်လာတော့မှာ။” ကုနင်း သူမ၏ကိုယ်ပိုင်အမှတ်တံဆိပ်ကို ကြော်ငြာဝင်တော့သည်။

“တကယ်လား? ဘာတံဆိပ်လဲ? အာနိသင်ကောင်းသ၍ နာမည်ကြီးတာမကြီးတာ ဂရုမစိုက်ဘူး။” ဟဲစစ်ရင်က ကုနင်းကိုဆို ယုံကြည်နေတာကြောင့် သူမ၏မျက်လုံးများက လင်းလက်လာသည်။

“ခိုကျီလို့ခေါ်တယ်၊ အင်တာနက်ပေါ်ကနေ ရှာကြည့်လိုက်။”

“ကောင်းပြီ!” ဟဲစစ်ရင် ချက်ချင်းဆိုသလို ဖုန်းထုတ်ကာ ရှာတော့သည်။

အင်တာနက်ပေါ်မှ ခိုကျီအကြောင်းသတင်းဆောင်းပါးများစွာကို ဖတ်ပြီးနောက်မှာတော့ ဟဲစစ်ရင်တော်တော်လေးသဘောကျသွားတော့သည်။

လူပေါင်းများစွာက ခိုကျီကြောင့် သူတို့အသားအရေကောင်းလာကြောင်း ပြောထားသည်။ ထို့အပြင် ခိုကျီအသားအရေထိန်းအလှကုန်တစ်စုံလုံးသည် အလွန်ထိရောက်မှုရှိ လက်တွေ့သိသာသည်ဟုလဲ ပြောထားကြသည်။

ခိုကျီ၏အမာခံဖန်များကလဲ သူတို့အသားအရေ၏ ခိုကျီမသုံးခင်နှင့်သုံးပြီးပုံများကို တွဲတင်ထားတာကြောင့် လွန်စွာဆွဲဆောင်အားကောင်းနေသည်။

“ဒါတကယ်ပဲ အဲ့လောက်တောင် ထိရောက်မှုရှိတာလား?” ဟဲစစ်ရင် မယုံကြည်နိုင်သေးပေ။

“ငါ့မှာအခုတောင် နည်းနည်းပါလာသေးတယ်၊ မျက်နှာကပ်မျက်နှာဖုံးစမ်းသုံးကြည့်ပါလား။”

“ကောင်းတာပေါ့၊ ကျေးဇူးပဲ!” ဟဲစစ်ရင်လဲ ကိုယ်တိုင်သာစမ်းသုံးကြည့်လျှင် ရလဒ်ကိုသေချာသိနိုင်မည်ဖြစ်တာကြောင့် စိတ်လှုပ်ရှားသွားသည်။

…….

ကုနင်းတို့ HKသို့ပြန်ရောက်ချိန်တွင် ညနေ၆နာရီပင်ထိုးပြီးနှင့်ပြီ။ ဟဲရီရှောက်က သူတို့အတွက် စားဖို့ပြင်ထားရန် သူ့လူများကိုပြောထားပေမည့် သူနှင့်ဟဲရှီယန်ကတော့ အရင်ဆုံးဖြေရှင်းစရာလေးတွေရှိ၍ ထွက်သွားရပေမည်။

သူတို့ဘက်က ယဉ်ကျေးမှုနှင့်လေးစားမှုကိုပြရန်အတွက် ဟဲစစ်ရင်ကတော့ နေခဲ့ပေးလိမ့်မည်။

ကုနင်းကတော့ အဲ့လိုတွေဂရုစိုက်နေပေမယ့် သူမသာချက်ချင်းထွက်သွားပါက မယဉ်ကျေးရာရောက်သွားပေမည်။

ဒါကြောင့် သူမတို့အဖွဲ့ ဓါတ်လှေကားအတူစောင့်နေစဉ်မှာပဲ ဓါတ်လှေကားတံခါးပွင့်သွားကာ အမျိုးသားတစ်ယောက်ထွက်လာတာကြောင့် အံ့ဩသွားခဲ့ရသည်။ ထိုလူက လင်ရှောင်းထင်ကို ဤနေရာတွင်တွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ထိုလူကတော့ သေချာပေါက်ကို ရှုကျင်းလင်သာဖြစ်ပေသည်။

***

All Chapters