အခန်း (၁-၅)
Vol. 1 Ch. 1-5
အခန်း (၁) တံမြက်လှည်းတဲ့ အစေခံတစ်ယောက်
မနက်စောစောပဲ ရန်ကိုင် နိုးလာခဲ့တယ်။
ကိုယ်လက်သန့်စင်လိုက်ပြီးနောက် အခန်းထောင့်ရှိ တံမြက်စည်းကို ယူကာ အပြင်ထွက်လာခဲ့လိုက်တယ်။ အခန်းရှေ့မှာရပ်လိုက်ပြီးနောက် အပျင်းကြောဆန့်ကာရောင်နီသန်းနေတဲ့ ကောင်းကင်ကိုကြည့်ရင်း မျက်လုံပိတ်လိုက်လိုက်ပါတယ်။ ရန်ကိုင်က ထိုအေးချမ်းတဲ့ အခိုက်
အတန့်လေးကို ကြည်နူးနေခဲ့တာပေါ့။ မကြာခင်မှာပဲ သူမျက်လုံးဖွင့်လိုက်ပြီး
အမှိုက်တွေနဲ့ သစ်ရွက်တွေကို စတင်လှည်းကျင်းပါတော့တယ်။
သူက ရိုးရှင်းသန့်ရှင်းတဲ့ အနက်ရောင် အကျီ်ကို ဝတ်ထားပါတယ်။
အရောင်လွင့်နေပြီ ဖြစ်တဲ့ အကျီင်္အရောင်က လူငယ်လေးရဲ့ အထီးကျန်မှုနဲ့
ခွဲခြားခံရခြင်းတို့ကို ဖော်ပြနေလေရဲ့။ ရန်ကိုင်ရဲ့ ကျောရိုးက လှံတစ်ချောင်း
လို ဖြောင့်တန်းနေတယ်။ သူက အဆင့်အတန်းအနိမ့်ကျဆုံး အလုပ်တစ်ခုကို
လုပ်နေတာဖြစ်ပေမယ့် ဖြစ်သလို လုပ်မသွားခဲ့။
သူရဲ့အပြုအမူတွေက အရမ်းကိုတည်ငြိမ်နေပါတယ်။ တံမြက်စည်း
လှည်းရာတွင် အားအရမ်းမစိုက်ထုတ်သလို ခန္ဓာကိုယ်ကို လည်းအရမ်းမရွေ့
ရှားဘဲ သူလက်ကောက်ဝတ်အင်အားကိုသာ အသုံးပြုပြီး တံမြက်စည်းကို
သက်သက်သာသာလှည်းကျင်းနေပါတယ်။ သူ့ခန္ဓာကိုယ်ကို ရွေ့ရှား
လိုက်တဲ့အခါ မြေကြီးပေါ်က အမှိုက်တွေသည် မှော်ဆန်ဆန် ခြေထောက်
ပေါက်လာသကဲ့သို့ သူနားက တစ်နေရာတွင် လာရောက်စုပုံနေခဲ့တယ်။
ရန်ကိုင်က ကောင်းကင်စံအိမ်ရဲ့ တရားမဝင်တပည့်တစ်ယောက်ပါ။
သူကျောင်းတွင်သုံးနှစ်ကြာအောင် လေ့ကျင့်ခဲ့ပေမယ့် အခုမှ ခန္ဓာကိုယ်
သန့်စင်ခြင်းအဆင့် ၃သာ ရှိပါသေးတယ်။ သူနဲ့အတူ တစ်ချိန်တည်း ဂိုဏ်းဆီ ဝင်ရောက်ခဲ့တဲ့ အခြားတပည့်တွေ အကုန်လုံးကတော့ သူ့ကို ကျော်သွားခဲ့ပါပြီ။ သူတို့အားလုံးက အဓိကခန်းမဆောင်ကို ဝင်ရောက်နိုင်ကြပြီး သူတို့ အနာဂတ်လမ်းကြောင်းကတော့ အစကောင်းသွားခဲ့ပါပြီ။ သူတစ်ယောက်သာ အပြင်ဆောင်မှာ ကျန်ရစ်တော့တာပါ။ အပြစ်တင်စရာရှိ သူ့ရဲ့ ညံ့ဖျင်းလှတဲ့ ပါရမီကိုပဲ အပြစ်တင်ရမှာပေါ့။
သုံးနှစ်အတွင်း ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်၃ဆိုတာက ညံ့တယ်လို့မဆိုနိင်
ပေမယ့်အရမ်းကို သာမန်ဆန်လွန်းပါတယ်။အကူအညီမဲ့စွာနဲ့ ရန်ကိုင်က အပြင်ဆောင်မှာပဲ တံမြက်လှည်းတာကို ဆက်လက်လုပ်ကိုင်နေရတာပေါ့။
ကောင်းကင်မျှော်စင်ကျောင်းက တကယ်ကိုပြိုင်ဘက်ကင်းတဲ့ ကျောင်းတစ်
ကျောင်းပါ။ ဒီလိုပြိုင်ဘက်ကင်းရတဲ့ အကြောင်းကတော့ တပည့်တွေ
ကြားက ရက်စက်ကြမ်းကြုတ်တဲ့ ပြိုင်ပွဲတွေကြောင့်ပဲပေါ့။
ကျောင်းတော်မှာ အားကြီးသူသာဘုရင်ဖြစ်ပြီး အားနည်းသူကတော့ ကျွန်ပါ။ ``အားကြီးသူက အားနည်းသူကိုစားတယ်’’ဟူသောတောတွင်း ဥပဒေကို ကောင်းကင်စံအိမ်က တက်တက်ကြွကြွ လိုက်နာကျင့်သုံးကြပါတယ်။
အခြားကျောင်းတွေမှာဆိုရင် မိတ်ဆွေသူငယ်ချင်းဖွဲ့ကာ သံယောဇဉ်တည်
ဆောက်ပြီး တူညီတဲ့ပန်းတိုင်ကို ရောက်နိုင်ဖို့အတွက် လက်တွဲလုပ်ဆောင်
နိုင်ကြပါတယ်။ ဒါပေမယ့် ကောင်းကင်စံအိမ်မှာတော့ အားလုံးက
မိမိစွမ်းအားတိုးတက်ဖို့အတွက် အခြားတစ်ယောက်ကို အသုံးချလေ့
ရှိကြသည်။ မည်သူမဆို နောက်ကျောကို ဓါးဖြင့်ထိုးနိုင်သည့်အတွက်
မိမိကိုယ်တိုင်သာ ယုံကြည်စိတ်ချရဆုံးပေါ့။ ကောင်းကင် စံအိမ်ဆိုတာ မိမိပန်းတိုင် အရောက်လှမ်းနိုင်ဖို့အတွက် တစ်ယောက်ကို တစ်ယောက် အပြန်အလှန် အသုံးချနေတဲ့ နေရာဆိုလည်း မမှားပါ။
ကောင်းကင်စံအိမ်က တင်းကြပ်တဲ့နည်းလမ်းတွေကြောင့်
ဟန်မင်းဆက်တစ်ခုလုံးတွင် ထင်ရှားကျော်ကြားနေခဲ့တာပါ။ စံအိမ်တော်က
သိပ်မကျယ်ဝန်းသော်လည်း ဂိုဏ်းသားတွေရဲ့ ရက်စက်ကြမ်း
ကြုတ်မှုကြောင့် သူတို့သာ နံပါတ်၂ဆိုရင် နံပါတ်၁မရှိတော့။ဒါက
ဘာလိုလဲဆိုတော့ ဂိုဏ်းသားတစ်ယောက်ချင်းစီရဲ့ ကျွမ်းကျင်မှုက
ကျားတစ်ကောင်လိုဖြစ်နေသောကြောင့်ပါ။ အပြင်ထွက်လျှင်
လည်း ဘယ်သူမှ သူတို့ကို ရန်မစရဲကြ။
ဒါပေမယ့် ကောင်းကင်စံအိမ် အတွင်းမှာတော့ စည်းမျဉ်းတစ်ခုရှိပါတယ်။
အသက်၁၄နှစ် ဂိုဏ်းသားတွေက ဂိုဏ်းထဲကို စဝင်လာတဲ့
အချိန်ကစပြီး ၃နှစ်ကို စမ်းသပ်ဆဲကာလအဖြစ်သတ်မှတ်ထားပါတယ်။
(ကျောင်းသားတွေကို အသက်၁၁နှစ်မှာ လက်ခံကြတာပါ)
ထို၃နှစ်အတွင်း အစားအစာ၊အဝတ်အထည်နဲ့နေစရာအကုန်လုံးကို
ဂိုဏ်းက ထောက်ပံ့ပေးပါတယ်။ သုံးနှစ်အတွင်းမှာ ခန္ဓာကိုယ်သန့်စင်ခြင်း
အဆင့်ကို ချိုးဖျက်နိုင်ခဲ့ရင် အတွင်းကျောင်းဆောင်ကို ဝင်ရောက်နိုင်ပြီး
အကြီးအဲတွေကို ဂါဝရပြုကာ သူတို့ရဲ့ တပည့်တွေဖြစ်လာနိုင်လေရဲ့။
တစ်ယောက်တည်းလေ့ကျင့်ချင်လည်း မိမိသဘောပေါ့။ ဒါပေမယ့်
တစ်ယောက်ထဲလေ့ကျင့်တာနဲ့ ဆရာတစ်ယောက်ရဲ့ အကူအညီနဲ့လေ့
ကျင့်တာရဲ့ ခြားနားချက်က တော်တော်လေးတော သိသွာလွန်းပါတယ်။
ကောင်းကင်စံအိမ်က စည်းမျဉ်းစည်းကမ်း တင်းကျပ်မှု
သိပ်မရှိဘဲ လွတ်လပ်ပါတယ်။အဲ့ဒီသုံးနှစ်အတွင်း ခန္ဓာကိုယ်သန့်စင်
ခြင်းအဆင့်ကို မချိုးဖျက်နိုင်ခဲ့ရင်တော့ ဂိုဏ်းကထွက်သွားချင်ရင်သွား၊
မသွားရင် တရားမဝင်တပည့်အဖြစ် ရာထူးလျှော့ချခံရမှာပါ။
ရန်ကိုင်က တရားမဝင်တပည့်တစ်ယောက်ဖြစ်သလို ကောင်းကင်
စံအိမ်ရဲ့ ကျက်သတုံးကောင်ဆိုးလည် မမှားပါဘူး။
သာမန်တပည့်တွေနဲ့ နှိုင်းယှဉ်ရင် သူကို ဆက်ဆံတာက အရမ်းကို ကွာခြားပါတယ်။ တရားမဝင်ကျောင်းသားတွေက သူတို့ရဲ့ အစားအစာ၊
နေစရာနဲ့ အဝတ်အထည် တို့ကို ကိုယ့်ဘာသာကို ရှာဖွေရပြီး အပြင်
ကျောင်းဆောင်က ကျင့်ကြံခြင်းအရင်းအမြစ်တွေကို သူတို့လို အမှိုက်တွေ
အတွက် ဘယ်တော့မှအသုံးပြုလိမ့်မည်မဟုတ်ပေ။ တရားမဝင်တပည့်
တစ်ယောက်ဖြစ်လာတာနဲ့ ကျင့်ကြံခြင်းအဆင့်ကို မြန်မြန်ဆန်ဆန်တိုး
တက်အောင် မလုပ်ဆောင်နိုင်တော့ဘူးဆိုရင် ဘဝတက်လမ်းက ပိတ်သွားလိမ့်မှာပါ။ ကျင့်ကြံခြင်းအဆင့် မြင့်လာမှာသာ ကျောင်းတော်က အစစ်အမှန်တပည့်တစ်ယောက် ဖြစ်သင့်မဖြစ်သင့်ကို စဉ်းစားပေး ပေပါလိမ့်မယ်။
ကောင်းကင်စံအိမ်တွင် တပည့်ပေါင်း ၃၀၀၀ကျော်ရှိပြီး
တရားမဝင်တပည့်ကတော့ လက်ဆယ်ချောင်းတောင်မပြည့်ပေ။ ရန်ကိုင်
ကတော့တစ်နေ့ သူတရားဝင်တပည့်ဖြစ်လာလိမ့်မယ်လို့ ယုံကြည်နေဆဲပါ။
တရားမဝင်တပည့်တွေအတွက် ကောင်းကင်စံအိမ်မှာ
အသက်ရှင်သန်ဖို့က ကောင်ကင်ကိုတက်တာလောက် ခက်ခဲလွန်းတယ်။
ရန်ကိုင်က ဥပမာပေါ့။ သူအခုနေတဲ့ တဲ့စုတ်ကလေးက သူ့ဘာသာ
သူဆောက်ထားတာဖြစ်ပြီး ခေါင်မိုးပေါ်က အပေါက်တွေကိုတောင်
မပြင်ရသေးပါဘူး။ အစားအစာ၊အဝတ်တွေကို သူ့ဘာသာသူ
ဝယ်ယူ စားသောက်ဝတ်ဆင်ရပြီး သူလိုအပ်တာအားလုံးကို သူ့ဘာသာသူ ရှာဖွေရပါတယ်။
ရန်ကိုင်ရဲ့တဲက ကောင်းကင်စံအိမ်ရဲ့ လူသူမရောက် မပေါက်တဲ့ အစွန်အဖျား နေရာမှာ တည်ရှိတာပါ။
ဒီလိုဆိုးရွားတဲ့ ဆက်ဆံမှုကြောင့် ကျောင်းတော်မှာ အသက်ရှင်နေနိုငဖို့
အလွန်ခက်ခဲပါတယ်။ လွန်ခဲ့တဲ့ လအနည်းငယ်က သူတရားမဝင် တပည့် ဖြစ်လာခဲ့ပါတယ်။ ဂိုဏ်းက သူ့ကို ထောက်ပံ့မပေးတော့ တဲ့အတွက် အသက်ရှင်သန် နိုင်ဖို့ရာ တံမြက်စည်းလှည်းတဲ့ အလုပ်ကို လုပ်ခဲ့ရပါတယ်။
အခုအချိန်မှာတော့ ရန်ကိုင်က တရာမဝင်တပည့်တစ်ယောက်ဖြစ်သလို
စံအိမ်ရဲ့ တံမြက်စည်းလှည်းတဲ့ အစေခံတစ်ယောက်လည်းဖြစ်ပါတယ်။
ဒါပေမယ့် တံမြက်စည်းပဲလှည်းပြီး အသက်ရှင်ဖို့ကတော့ တော်တော်လေးကို
ခက်ခဲ့ပါတယ်။ သူ့ဘဝမှာ အအေးမိပြီး ဆာလောင်တဲ့အချိန်တွေရှိခဲ့
ဖူးတယ်။ ဒါပေမယ့် ဒီလမ်းကို သူရွေးချယ်ခဲ့ပြီးပြီ ဖြစ်တဲ့အတွက် နောက်ပြန်
ဆုတ်ဖို့ဘယ်တုန်းကမှ မတွေးတော့ခဲ့။ ဘာလို့လဲဆိုတော့ ဒီဘဝမှာ
သူဒီလမ်းကို ရွေးချယ်ခဲ့တဲ့အတွက် ဒီလမ်းကိုပဲ ဆုံးအောင်
လျှောက်လှမ်းမယ်လို့ သူ့ဘာသာသူ သံဓိဠာန် ချထားလို့ပါပဲ။
သူတံမြက်စည်းလှည်းနေရင်း ကောင်းကင်ကတဖြည်းဖြည်းမှောင်
လာခဲ့တယ်။တံမြက်စည်းလှည်းတာက အားသိပ်မကုန်ဘူး ဆိုပေမယ့် သူတစ်မနက်လုံး ဘာမှမစားရ သေးဘူးလေ။ မောရလည်းမော၊ ပူရလည်းပူ သဖြင့် သူ့တစ်ကိုယ်လုံး ချွေးပြိုက်ပြိုက် ကျနေပါတော့တယ်။
ပြီးတော့ သူ့ခန္ဓာကိုယ်က သာမန်လူတွေထက်တောင် ပိုပြီး အားနည်းပါသေးတယ်။ တစ်နေ့ကို နှစ်နပ်တောင် နပ်မှန်အောင် မစားရတဲ့ သူ့အဖို့ အဲ့လောက် အားနည်းနေတာလည်း မထူးဆန်းတော့။
ထိုအချိန်မှာပဲ ကောင်းကင်စံအိမ်တပည့်တွေက တဖြည်းဖြည်းနဲ့ သူ့ဆီ ဝိုင်းလာနေခဲ့တယ်။ ထိုကျောင်းသားတွေ စောစောထရတဲ့ အကြောင်းအရင်းကကျင့်ကြံဖို့မဟုတ်ဘဲ သူ့ကိုဝိုင်းလှောင်ရယ် ဟားတိုက်ဖို့ပါပဲ။သူတို့က ရန်ကိုင်ကို အဝတ်အကုန် ချွတ်ထားတဲ့ အလှမယ် တစ်ယောက်ကို ကြည့်နေသလို ဝိုင်းအုံကြည့်နေကြပါတယ်။
ရန်ကိုင်ကို ဝိုင်းကြည့်နေကြတဲ့ ကျောင်သားတွေကြားက လေထုကတော့
အချင်းချင်း ပြိုင်ဆိုင်လိုစိတ်ကြောင့်လားမသိ တင်းမာလို့ နေခဲ့တယ်။ တစ်ယောက်ကို တစ်ယောက် သတိကြီးကြီး ထားကြည့်ရင်း လူတိုင်း မျက်နှာထက် ရင်းနှီးဖော်ရွေမှု မရှိသည့် အပြုံးကို မြင်တွေ့နေရပါတယ်။
ထိုအချိန်မှာပဲ လူအုပ်ကြီးထဲက တစ်ယောက်ယောက်က ပြောလိုက်လေတယ် ``လူတွေအများကြီးပဲ။ပိုလွန်းမနေဘူးလား’’
သူအဲ့လို ပြောလိုက်တဲ့ အချိန်မှာပဲ ``လူတိုင်းက ဒီလိုလမ်းကြောင်းကို
လျှောက်လှမ်းနိုင်တယ်လို့ မင်းထင်နေတာလား။ မင်းကိုမင်း ဘာထင်နေ
တာလဲ ။ဒီနေရာက ထွက်သွားစမ်း။မင်းကို ဒီနေရာကနေ ဘယ်သူမှ
မကြိုဆိုဘူး’’
ပထမစကားကို ပြောလိုက်တဲ့လူက ရှက်သွားပါတော့တယ်။ သူတို့ဒီမှာ ဘာလို့
စုဝေးနေတာလဲ၊ဘာလို့ ရန်ကိုင်ကို ဝို်င်းကြည့်နေကြလဲဆိုတာကို လူတိုင်းသိပါတယ်။ သူတို့အားလုံးက ဒီအချိန်ကို စိတ်ရှည်ရှည်နဲ့ စောင့်နေကြာတာပါ။
သူတို့ စောင့်စားနေတဲ့အချိန်က ရောက်လာခဲ့ပါပြီ။ အခုအချိန်မှ ထွက်သွားရတာက တကယ်ကို သနားစရာပါ။
ရန်ကိုင် မျက်နှာအမူအရာ မပြောင်းပေမယ့် သူ့ဘေးမှာ ဖြစ်ပျက်နေတာ အကုန်လုံးကို သိနေပါတယ်။သူတို့က ဒီလိုမျိုး ငါးရက်တစ်ကြိမ်၊ တစ်လကို
ခြောက်ကြိမ်လောက် လုပ်လေ့ရှိပါတယ်။ သူက ဒါနဲ့ နေသားကျနေပါပြီ။ ဘာမှရေးကြီးခွင်ကျယ်လုပ်စရာမလို။ သူ့ရှေ့က လူအရေအတွက်တော်
တော်လေး နည်းနေတာကို သတိထားမိလိုက်တယ်။ အကုန်လုံး မရောက်သေးတာလဲ ဖြစ်နိုင်တာပဲလေ။
သူက ဒီလိုမျိုး အရှက်ခွဲ ခံနေရပေမယ့် သူ့ဘေးက လူတွေကို ဆက်ပြီး လျစ်လျူရှုထားလိုက်ပြီး တံမြက်စည်းသာ ဆက်လှည်းနေလိုက်ပါတယ်။
အချိန်ခဏကြာပြီးနောက် ရန်ကိုင်ကို ဝိုင်းနေတဲ့ လူအရေအတွက်က ပိုပိုများလာခဲ့ပါတယ်။ အကြမ်းဖျင်း အယောက်၃၀ ၊၄၀ လောက်ရှိလောက်ပါတယ်။
ရန်ကိုင်က ရုတ်တရက်ရပ်လိုက်ပြီး လမ်းပေါ်တွင် ထိုင်ချလိုက်လေသည်။
မောပန်းလွန်းသဖြင့် အသက်ကို အမောတကော ရှုရှိုက်နေလေရဲ့။
အဲ့အချိန်မှာပဲ သူ့ဘေးနားမှာ စုရုံးနေတဲ့ လူတွေက ရုတ်တရက် ကွဲထွက်
သွားပြီး သူ့ကို ဝန်းရံလိုက်တယ်။ ပတ်ဝန်းကျင်တွင် လေထုတစ်ခုလုံး တင်းကျပ် ပြင်းထန်လာနေခဲ့တယ်။
သူတို့အားလုံးက ကိုင်ရန်ကို ခက်ထန်စွာ ကြည့်နေကြပါတယ်။
မသိတဲ့လူတွေသာ ဒီလူအုပ်ကြီးကိုမြင်ရင် ကျွမ်းကျင်သူတစ်ယောက်ကို
ဝိုင်းနေကြတာလို့ ထင်မိမှာပါ။အဲ့ လိုမှမဟုတ်ရင် ဘယ်လိုလုပ်
လူအများကြီးက လူတစ်ယောက်ထဲကို ဝန်းရံနေမှာလဲ။
ရန်ကိုင်က ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်၃ကိုရောက်နေတဲ့
တစ်ဦးတည်းသော တရားမဝင်တပည့် တစ်ယောက်။ သူ့ကို ဝိုင်းနေတဲ့
လူအားလုံးက သူ့ထက် ပိုသန်မာပါတယ်။
``ရန်ကိုင်၊စိတ်ရှုပ်မနေနဲ့တော့။ အချိန်ပိုသက်သာအောင် ငါရိုက်ဖို့
မြေကြီးပေါ်မှာ ဘာလို့လှဲမနေပေးတာလဲ’’ ရန်ကိုင်ကို သူတို့ကြည့်တဲ့ အကြည့်တွေက အထင်သေး၊ စက်ဆုပ်မှုတွေနဲ့ ပြည့်နေတာပေါ့။
``ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်၃တစ်ယောက်က ဘယ်လောက်သန်မာမှာ
မို့လို့လဲ။မင်းရှုံးတော့မှာပဲကို ဘာလို့အချိန်ဆွဲနေတာလဲ’’`
``ကြားလား၊ကြားလား..ကိုင်ရန်။ ငါတို့ရဲ့ ခံစားချက်တွေကိုလည်း စဉ်းစာပေးပါဦးကွာ။ ငါတို့က မင်းလိုအားယားမနေဘူးကွ။ ဒီပွဲပြီးရင်
သွားလေ့ကျင့်ရဦးမှာ’’
ပြောချင်တာကတော့ သူတို့က ရန်ကိုင်ကို မြန်မြန်အရှုံးပေးခိုင်းပြီး သူတို့ရိုက်တာကို ငြိမ်ခံခိုင်းနေတာပါပဲ။ဒါပေမယ့် ရန်ကိုင်က သူတို့ကို ဂရုမစိုက်ဘဲ အားသာ ပြန်ဖြည့်နေခဲ့ပါတယ်။
အချိန်က တရွေ့ရွေ့ ကုန်ဆုံးနေပြီး ရုတ်တရက်လေထဲသို့ သာယာနာပျော်ဖွယ်ကောင်းသော ခေါင်းလောင်းသံလေး ပျံ့လွင့်လာခဲ့တယ်။
ထိုခေါင်းလောင်းသံကို ရန်ကိုင် အပါအဝင် သူ့ကို ဝိုင်းအုံနေကြတဲ့သူတွေ
အကုန်လုံးကြားလိုက်ရလေသည်။နေထွက်တဲ့ အရှေ့ဘက်အရပ်ကနေ
ခေါင်းလောင်းသံ ကိုးကြိမ်တိုင်တိုင် ထွက်ပေါ်လာခဲ့တယ်။ ဒါက
နေသစ်တစ်နေ့ အစပြုကောင်း အမှတ်သညာပေါ့။ လူတိုင်းရဲ့ အသက်ရှုသံက ငြိမ်သက်နေပြီးတဖြည်းဖြည်းထလာတဲ့ ရန်ကိုင်ကို အကူအညီမဲ့စွာ ကြည့်နေလိုက်ကြတယ်။
သူက တံမြက်စည်းကို ကိုင်လိုက်ပြီး သူ့ကို ဝိုင်နေတဲ့သူတွေကို ကြည့်လိုက်
လေသည်။
``ကျွန်တော့်ကို ရွေးပါ၊စီနီယာရန်’’ တပည့်တစ်ယောက်က
အော်လိုက်လေသည်..``ကျွန်တော် စီနီယာကို ကြမ်းကြမ်းတမ်းတမ်း မတိုက်ခိုက်ပါဘူး။ စီနီယာကို မနာစေရဘူးလို့ ကျွန်တော်အာမခံရဲတယ်’’
``အမှိုက်တွေပဲ..ကျွန်တော်က ပိုပြီး သနားကြင်နာတတ်တယ်။ ကျွန်တော်
လက်သီးတစ်ချက်တည်းနဲ့ အဆုံးသတ်ပေးမှာပါ။ပြီးတော့ နောက်ထပ်အချိန်
မဖြုန်းတော့ဘူးလို့ ကတိပေးပါတယ်’’
``ကျွန်တော်ကို ရွေးပါ…..’’
``ကျွန်တော်ကို ရွေးပါ….’’
ပျံကျဈေးသည်တွေ အပြိုင်အဆိုင် ဈေးခေါ်နေသလိုမျိုး ပတ်ဝန်းကျင်တစ်ခုလုံး သူတို့အော်သံတွေကြောင့် နားကိုငြီးနေခဲ့ပါတယ်။
``ရန်ကိုင်၊ မင်းတိုက်ရမယ့်လူကို မင်းရွေးလိုက်’’ တစ်ယောက်ယောက်က သတိပေးလိုက်တယ်။
ရန်ကိုင် မချိပြုံးလိုက်ပြီး တံမြက်စည်းကို ကောင်းကင်ပေါ်ပစ်လိုက်
တယ်။ အားလုံးက တံမြက်စည်း မိမိပေါ်ကျပါစေ ဆိုပြီး အားတက်သရော ဆုတောင်းရင်း အကြည့်ပေါင်း များစွာက လေပေါ်မြောက်သွာတဲ့ တံမြက်စည်းကိုသာ အာရုံစိုက်နေခဲ့ပါတယ်။
``ငါ့ကို ရွေးပါ၊ ငါ့ကို ရွေးပါ’’ အချိန်က နှေးသွားသလိုထင်ရပြီး
တံမြက်စည်းက လေထဲတွင် အကြိမ်အနည်းငယ်လောက် လည်နေပြီး နောက်မှာတော့ အောက်ကို ပြန်ပြုတ်ကျလာပါတော့တယ်။
တံမြက်စည်းက ဆံပင်ကောက်ကောက်နဲ့ ကောင်လေးတစ်ယောက်ဆီသို့
ကျသွားခဲ့ပါတယ်။ နောင်တရနေတဲ့အသံတွေ ထွက်လာပြီး လူအုပ်ကြီးက
မကျေမချမ်းနိုင် ဖြစ်နေခဲ့လေရဲ့။ ဒါပေမယ့် ဆံပင်ကောက်ကောက်နဲ့
ကောင်လေးက အကျယ်ကြီးအော်ရယ်ပြီး ပြေးထွက်လာလိုက်တယ်။
``ဂိုဏ်းက ညီအစ်ကိုတွေအားလုံး ကျွန်တော် ဒီနေ့နိုင်မှာသေချာပါတယ်။
ညီအစ်ကိုတို့ ဒီကညီလေးကို စိတ်မပျက်ဖို့ပဲ မျှော်လင့်ပါတယ်’’
``ချီး၊ တော်တော်ကံကောင်းတဲ့ကောင်ပဲ’’ တစ်ယောက်ယောက်က
မနာလိုစွာ ပြောလိုက်တယ်။
``ဘာလို့ငါ့ကိုမရွေးတာလဲ။ ငါ၅ရက်တစ်ခါ လာနေတာ တစ်လတောင်
ရှိနေပြီ။ ရန်ကိုင်၊ မင်းဒါကို ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်နေတာမလား’’
``အဲ့အကြောင်းကို ပြောမနေနဲ့။ ငါဒီကို လာတာ ၃လတောင်ရှိနေပြီ။
ဒါပေမယ့် အခုထိတစ်ခါမှ အရွေးမခံရသေးဘူး’’
``အစ်ကိုကြီးက ကျွန်တော့်ထက်တောင် ပိုပြီး သနားစရာ ကောင်းနေသေးတာပဲ’’
``အဲ့လောက်လည်း သနားစရာမကောင်းပါဘူး။ ဘာပဲဖြစ်ဖြစ် ပြပွဲ
ကောင်းကောင်းတစ်ခုတော့ ကြည့်ရတာပဲလေ’’ ထိုကျောင်းသားနှစ်ယောက်
က အပြန်အလှန်ကြည့်နေရင်း တိတ်တဆိတ် စိတ်ထဲမှာ ပြုံးလိုက်ကြတယ်။
မြေကွက်လပ်တွင် အခြားသူတွေအားလုံးက ထွက်ခွါသွားပြီးချိန်မှာတော့ ရန်ကိုင်နဲ့ ဆံပင်ကောက်ကောက် ကောင်လေးတို့သာ ကျန်ခဲ့ပါတော့တယ်။
``တရားမဝင်တပည့် ရန်ကိုင်၊ ခန္ဓိာကိုယ်သန့်စင်ခြင်း အဆင့်၃’’ ကိုင်ရန်က
သူ့ပြိုင်ဘက်ကို အရင်စပြီး မိတ်ဆက် လိုက်တယ်။
``သာမန်ကျောင်းသား ကျိုးတင်းဂျန်၊ ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်၅’’
ဆံပင်ကောက်ကောက်နဲ့ ကောင်လေးက သူ့ကိုယ်သူ ပြန်မိတ်ဆက်လိုက်တယ်။
ကောင်းကင်စံအိမ် ဂိုဏ်းသားတွေကို တရားမဝင်တပည့်၊
သာမန်တပည့်၊ အပြင်စည်းတပည့်၊ အတွင်းစည်းတပည့်နဲ့
လက်ရွေးစင်တပည့်ဆိုပြီး အဆင့်(၅) ဆင့်ခွဲထားလေသည်။
ကျိုးတင်ဂျန်က သာမန်အဆင့် တပည့်တစ်ယောက်လို့သူ့ကိုယ်သူ မိတ်ဆက်သွားခဲ့တယ်။ဆိုလိုတာက သူ့မှာ လေ့ကျင့်သင်ကြားပေးမယ့်
ဆရာမရှိသေးပါဘူး။ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို ချိုးဖျက်နိုင်ခဲ့တဲ့ တပည့်
မှာ ဆရာတစ်ယောက်ရှိနေပါက ထိုတပည့်ရဲ့ အဆင့်
အတန်းက သာမန်အပြင်စည်းတပည့်တွေထက် ပိုမိုမြင့်မားမှာပါ။ အတွင်းစည်းတပည့်ဆိုတာက အပြင်စည်းတပည့်တွေထဲက အကောင်းဆုံးတွေကို ပြေတာပါ။
လက်ရွေးစင်တပည့်တွေကတော့ ကောင်းကင်စံအိမ်ရဲ့
မျိုးဆက်သစ် ကြယ်ပွင့်တွေဖြစ်သလို ကျောင်းတော်ရဲ့ မျှော်လင့်ချက်တွေ
လည်းဖြစ်တာပေါ့။
အဲ့လိုရာထူးအဆင့်တွေက အကျိုးအကြောင်းသင့်မဟုတ်သော်လည်း
လူငယ်တွေရဲ့ ပြိုင်ဆိုင်လိုစိတ်ကို မြင့်တင်ပေးနိုင်ပါတယ်။
ရန်ကိုင်က လူပေါင်းများစွာကို စိန်ခေါ်ချင်နေရတဲ့ အကြောင်းပြချက်ကတော့
ကောင်းကင်စံအိမ်ရဲ့ စည်းမျဉ်းဖြစ်တဲ့ ``စိန်ခေါ်ခြင်းဥပဒေ’’´ကြောင့်
ပါပဲ။
Martial Peak
အပိုင်း (၂) အရှေ့ကိုသွားမယ်ဆိုရင် ဘယ်တော့မှ နောက်ပြန်မလှည့်ဘူး
ကောင်းကင်စံအိမ်မှာ စည်းမျဉ်းတစ်ခုပဲရှိတယ်။ အဲ့ဒါက
ငါးရက်ပြည့်တိုင်း ကျောင်းသားတွေ တစ်ယောက်ကို တစ်ယောက်
စိန်ခေါ်ခွင့်ရှိတာပါပဲ။ စိန်ခေါ်တဲ့သူက မိမိထက် အဆင့်၃ဆင့်ထက်မက
မြင့်နေလျှင် စိန်ခေါ်တာကို ငြင်းဆိုခွင့်ရှိတယ်။အနိုင်ရရှိတဲ့သူက
အမှတ်ရရှိမှာပဲဖြစ်ပြီး ရှုံးနိမ့်သူကတော့ အမှတ် အနှုတ်ခံရမှာပါ၊
ကောင်းကင်စံအိမ်မှာ အမှတ်တွေက ငွေပါပဲ။ အမှတ်တွေသာ လုံလောက်အောင် ရှိမယ်ဆိုရင် ထောက်ပံ့ရေးဌာနကနေ အစားအစာ၊လက်နက ကြိုက်တာနဲ့ လဲလှယ်နိုင်
ပါတယ်။ အမှတ်တွေကို ရွှေ၊ငွေတို့နဲ့လည်း လဲလှယ်နိုင်ပါတယ်။
ဒါပေမယ့်အမှတ်တွေရဖို့က အဲ့လောက်မလွယ်ပါဘူး။
ဂိုဏ်းမှာ အမှတ်တွေရဖို့ နည်းလမ်းအများကြီး ရှိပါတယ်..ဥပမာ
ရတနာရှာဖွေတာ၊ အလုပ်တာဝန်ထမ်းဆောင်တာတို့ပေါ့….၊
အမှတ်တွေရဖို့ အမြန်ဆုံးနည်းလမ်းကတော့ အခြားသူတွေကို စိတ်ခေါ်တာပါပဲ။ စိန်ခေါ်ပွဲတွေနဲ့ သူတို့ရဲ့ ခွန်အားကို စမ်းသပ်စစ်ဆေးနိုင်ပြီး
နိုင်ရင်လည်း အမှတ်က အပိုရဦးမှာပါ။ ဒါပမယ့် ရှုံးနိမ့်သွားရင်တော့
ပြိုင်ဘက်အရွေးတော်တဲ့ ကိုယ်ကိုပဲအပြစ်တင်ရတော့မှာပေါ့၊
ဒါကြောင့် မနက်အစောကြီး ရန်ကိုင်ကို လူအများကြီးက ဝတ်လစ်စလစ် အချောအလှလေး တစ်ယောက်လို ဝိုင်းအုံကြည့်နေရခြင်းပဲပေါ့။
ရန်ကိုင်ရဲ့ နာမည်က တစ်ဂိုဏ်းလုံးမှာ မသိတဲ့လူ မရှိသလောက်ပါပဲ။
ဘာကြောင့်လဲဆိုတော့ သူက တရားမဝင်တပည့်ဖြစ်ရုံသာမက ကောင်းကင်စံအိမ်မှ အခုအချိန်ထိ ထွက်မသွာသေးသောကြောင့်ပဲပေါ့။ ငါးရက်တစ်ခါ ရန်ကိုင် စိတ်ခေါ်ခံရပါတယ်။ စိန်ခေါ်ပွဲတိုင်းကိုလည်း သူတစ်ခါမှ မနိုင်ခဲ့။
ရန်ကိုင်က ဒီနေ့ဘာနေ့လဲဆိုတာ သိပါတယ်။ ဒီနေ့က သူနောက်ဆုံး
စိန်ခေါ်ခံရတဲ့ နေ့ကနေ ရေတွက်လိုက်ရင် ငါးရက်မြောက်နေ့ပဲပေါ့။
သူ့ကိုအရင်က စိန်မခေါ်ရသေးတဲ့သူတွေက အခုစိန်ခေါ်နိုင်ပါပြီ။
ဘယ်သူက မနာမလိုပဲ နေမလဲ။ သူက အခြားသူတွေအတွက်တော့ သူက
အလကားရမည့် ငွေထုပ်ကြီးပါ။ သူ့ကိုနိုင်လို့ အမှတ်အများကြီး
မရဘူးဆိုးပေမယ့် အမှတ်ကအမှတ်ပဲလေ။ အနည်းငယ်သော အမှတ်
ဆိုပေမယ့် ဆွဲမက်စရာ ကောင်းတုန်းပါပဲ။ ဒါကြောင့်
ငါးရက်မြောက်မနက်တိုင်း သူဆီကို လူတွေဝိုင်းအုံလာပြီး ကံလာစမ်း
ကြခြင်းပဲ ဖြစ်ပါတယ်။
ရန်ကိုင်က နေရာမှာပဲ မတ်တပ်ရပ်နေရင်းကို ပြောလိုက်ပါတယ်
``သင်ကြားပေးပါအုန်း’’
အဲ့လိုပြောလိုက်တာနဲ့တစ်ပြိုင်နက် ရန်ကိုင်သမခံရတော့မယ်ဆိုတာ
လူတိုင်းသိလိုက်တယ်။
ရန်ကိုင်က အမြဲတမ်း အရင်တိုက်ခိုက်လေ့ရှိတယ်။ သူ့ခန္ဓာကိုယ်က
သေးကွေးပြီး အားနည်းပုံရပေမယ့် အခြားသူတွေအံ့သြဘနန်း ဖြစ်
စေလောက်တဲ့အထိ တိုက်ခိုက်နိုင်စွမ်းရှိသူပါ။ သူက ကျိုးတင်းဂျန်ဆီသို့ အရင်ပြေးသွားပြီး သူ့ရင်ဘတ်ကို လက်သီးတစ်လုံး ပစ်သွင်းလိုက်တယ်။ သူ့ရဲ့ ရိုးရှင်းတဲ့တိုက်ရိုက် တိုက်ခိုက်မှုက ကျားတစ်ကောင်ရဲ့ ကုတ်ချက်တစ်ခုလို ပြင်းထန်လှလေရဲ့။ သူ့ရဲ့တိုက်ခိုက်မှုတိုင်းက စွမ်းအားတို့ဖြင့် ပြည့်ဝနေပါတယ်။
ကျောင်းမှာ တပည့်တိုင်းက ရှောင်လင်လက်သီးကို မဖြစ်မနေသင်
ကြရတယ်။ ဒီလက်သီးသိုင်းက လူသိများကျော်ကြားတဲ့ အခြေခံလှုပ်
ရှားမှု ပညာရပ်တစ်ခုပါ။
ကျိုးတင်းဂျန်က အထိတ်တလန့် ဖြစ်မသွားခဲ့ပါဘူး။သူက သူ့ပြိုင်ဘက်ထက်
အဆင့်၂ဆင့်တောင် ပိုမြင့်နေတာလေ။ စိတ်မကောင်းစွာနဲ့ပဲ
ပြိုင်ပွဲက မတိုက်ခင်ကတည်းက အဖြေပေါ်နေပါပြီ။ ဆံပင်ကောက်
ကောက်နဲ့ကောင်လေးက ကိုင်ရန်ရဲ့လက်သီးကို သာသာယာယာပဲ
ရှောင်တိမ်းသွားလိုက်ပါတယ်။
ထိုလက်သီးက သူ့အဝတ်ကို ရှပ်ထိသွားခဲ့ပေမယ့် သူ့ကိုတော့
မထိခိုက်စေခဲ့ပါဘူး။ ထို့နောက် တန်ပြန်လက်သီးတစ်လုံကို ရန်ကိုင်ဆီသို့
ပြန်ပြီးပစ်သွင်းလိုက်ပါတယ်။ ကိုင်ရန်က သူ့ရဲ့ဝမ်းဗိုက်ပိုင်းမှ နာကျင်မှုကို
ခံစားလိုက်ရတယ်။
နာကျင်မှုကို တင်းခံရင်း ရန်ကိုင်က မြန်မြန်ဆန်ဆန်ပဲ နောက်ပြန်ဆုတ်ကာ
ကျိုးတင်းဂျန်ရဲ့ တတိယမြောက်လက်သီးချက်ကို ရှောင်တိမ်းလိုက်ပါတယ်။
``အာ့’’ ကျိုးတင်းဂျန် အံ့အားသင့်သွားခဲ့တယ်။ခန္ဓာကိုယ်သန့်စင်ခြင်း
အဆင့်၃သာရှိသေးတဲ့ ရန်ကိုင်က အဲ့လောက်အထိ မြန်မြန်ဆန်ဆန် တုံ့ပြန်နိုင်လိမ့်မယ်လို့ သူမမျှော်လင့်ခဲ့ပါဘူး။ ဒီလိုရှောင်တိမ်းနိုင်တဲ့ အတွက်ကြောင့် သူ့ရဲ့အစီအစဉ်တွေက ကမောက်ကမ ဖြစ်သွားခဲ့ရပါပြီ။
ဒါပေမယ့် အမှားသေးသေးလေးတစ်ခုက လက်ရှိအခြေအနေကို အကျိုးသက်ရောက်မှု မရှိနိုင်။ ကျိုးတင်းဂျန်က ရန်ကိုင်သတိမထား
မိလောက်မယ့်အချိန်ကို အခွင့်ကောင်းယူ တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်တယ်။
ရုတ်တရက် ရန်ကိုင်က သူ့ညာခြေထောက်ကို ရှေ့တည့်တည့်ကန်
လိုက်ပါတယ်။ အရိပ်တစ်ခုက သူ့ဆီကို တစ်ဟုန်ထိုး ချဉ်းကပ်လာတာ
ကို ကြည့်ရင်း ကျိုးတင်းဂျန် ရန်ကိုင်ရဲ့ အနိုင်မခံ အရှုံးမပေးလိုတဲ့ စိတ်ဓါတ်ကို မြင်တွေ့နေရပါတယ်။ထိုအချိန်မှာပဲ လက်သီးတစ်လုံးက သူ့ဆီကို ဝဲပျံလာခဲ့တယ်။
ခရက်… သူ့နှလုံးတင်ကျပ်သွားခဲ့တယ်။ သူ့ရဲ့အဆင့်က ပိုမြင့်ပေမယ့်
တိုက်ပွဲအတွေ့အကြုံပိုင်းမှာတော့ ရန်ကိုင်က သူ့ထက်အများ ကြီးသာပါတယ်။
ဒါပေမယ့် အခုအချိန်မှာ တိုက်ပွဲအတွေ့အကြုံက သိပ်အရေးမပါ။ တကယ့် ခွန်အားရဲ့ ရှေ့မောက်မှာ လှည့်ကွက်တွေဆိုတာ ဘာမှမဟုတ်။
မရှောင်နိုင်တော့ရင်တောင် ထိပ်တိုက်တွေ့လိုက်ရုံပေါ့။
ရယ်သံတိုးတိုးလေး ကြားလိုက်ရတယ်။ အဲ့နောက်မှာတော့ ကိုင်ရန်က
နောက်ပြန်လွင့်စင်သွားလေသည်။ ကျိုးတင်းဂျန်ကတော့ နေရာမှာပဲ
တောင်ကြီးတစ်လုံးလို မားမားမတ်မတ်ရပ်နေလေရဲ့။ အကယ်၍
ရန်ကိုင်သာ သူနဲ့အဆင့်ခြသိုင်းအဆင့်ချင်း တူနေခဲ့ပါက နောက်ပြန်လွင့်စင်သွားမယ့်သူက သူဖြစ်သွားမှာပါ။
အခြားသူတွေက သူတို့ရဲ့လက်သီးချက်တွေကို မမြင်နိုင်ပေမယ့်
ကောင်းကောင်းခံစားမိလိုက်ကြတယ်။ ရန်ကိုင်က တော်တော်လေးကို
မြန်ပါတယ်။ အဲ့ဒါကြောင့်ပဲ သူ့ပြိုင်ဘက်ကို သူက ဦးအောင်တိုက်ခိုက်နိုင်
ခြင်းခဲ့တာပါ။
သူ့လက်သီးက အားပြင်းပေမယ့် သူ့ခန္ဓာကိုယ်က အလွန်အမင်းကို
အားနည်းလှတယ်။ သူ့ရဲ့ အရိုးပေါ်အရေတင်ဖြစ်နေတဲ့ ခြေ၊လက်၊ခန္ဓာကိုယ်
တစ်ခုလုံးကို မြင်ရုံနဲ့တင် သူဘယ်လောက်တောင် အာဟာရချို့တဲ့လဲ
ဆိုတာသိနိုင်တယ်။
``စီနီယာက ကျွန်တော့်ကို အနိုင်ပေးလိုက်တာပဲ’’ သူ့နှလုံးသားထဲတွင်
ခါးခါးသီးသီးခံစားလိုက်ရတယ်။ သူနိုင်သွားသော်လည်း သူနိုင်သွားတယ်လို့
မခံစားရပေ။
ဘေးနားက တီးတိုးပြောသံတွေကို သူကြားလိုက်ရတယ်``သူက သူနိုင်တယ်လို့ တွေးနေတာလားမသိဘူး’’
``ဟဟ၊ သူက ရန်ကိုင်ဆိုတာ ဘယ်သူမှန်းတောင် မသိဘဲ သွားစိန်ခေါ်တာလား’’
``ဒါက တော်တော် ရယ်စရာကောင်းလွန်းနေတယ်’’
ကျိုးတင်းဂျန်က မျက်မှောင်ကြုံ့လိုက်တယ်။ အခြားသူတွေ ကိုင်ရန်
အကြောင်းပြောတာ ကြားဖူးပေမယ့် ကိုင်ရန်ဘယ်သူလဲ၊ဘယ်လိုလူ
မျိုးလဲဆိုတာကို သူမသိခဲ့ပါဘူး။ ဒီနေ့ လူတွေအများကြီး အုံနေတဲ့အတွက်
ကြောင့် သူလည်း ပါဝင်ကံစမ်းဖို့ ဆုံးဖြတ်လိုက်ခြင်းသာဖြစ်တယ်။
မင်းသူ့ကို အနိုင်မယူနိုင်တာလား။ ရန်ကိုင်က သူ့လက်သီးနဲ့သူ နောက်ပြန်လွင့်စင်ခြင်းဖြစ်တယ်။ ဒါကြောင့် စည်းမျဉ်းစည်းကမ်းအရ အစကတည်းက သူရှုံးနေပြီဖြစ်သည်။
``နောက်တစ်ကြိမ်’’ ရန်ကိုင်က တုံ့ဆိုင်းမနေဘဲ ပိုမိုပြင်းထန်တဲ့ တိုက်ပွဲဝင်
လိုစိတ်နဲ့ နောက်တစ်ကြိမ် ပြန်ထလာခဲ့တယ်။
အဖြေကိုစောင့်မတော့ဘဲ ကျိုးတင်းဂျန်ဆီကို ပြေးဝင်သွားခဲ့ပါပြီ။သုံးမီတာ
အကွာကနေ ကျိုးတင်းဂျန်ကို ခြေထောက်နဲ့ လှမ်းကန်လိုက်တယ်။
ကျာပွတ်ခြေထောက်သိုင်း….ဂိုဏ်းကတပည့်တွေက သိုင်းပညာရပ်မျိုးစုံကို
လေ့ကျင့်နိုင်ကြတယ်။ ရန်ကိုင်က ပညာရပ်အနည်းအကျင်းကိုသာ
တတ်မြောက်ထားတယ် ဆိုပေမယ့် ထိုသိုင်းပညာရပ်တွေကို အသုံးချနို်င်စွမ်းက သူနဲ့ရွယ်တူတွေထက် အဆများစွာ သာပါတယ်။
မင်းက ကျာပွတ်ခြေထောက်သိုင်းကို သုံးနိုင်တယ်ပေါ့။
ထို့နောက်ဘယ်သူမှ သတိမပြုခင်မှာပဲ ရန်ကိုင် နောက်တစ်ကြိမ်
လွင့်စင်သွားပြန်တယ်။ အဆင့်သေး ၂ဆင့် ကွာခြားနေရုံသာမက
သူ့ရဲ့ အားနည်းလှသော ခန္ဓာကိုယ်ကြောင့် နောက်တစ်ကြိမ် လွင့်စင်သွား
ပြန်တယ်။ ကျိုးတင်းဂျန် ခြေထောက်ကို တိုက်ခိုက်လိုက်တဲ့အချိန်မှာ
သူ့ခန္ဓာကိုယ်က အားနည်းလွန်းတဲ့အတွက် ကျောက်တောင်ကို
ကြက်ဥနဲ့ပစ်ပေါက်သလိုမျိုးဖြစ်က သူ့အရိုးတွေကို ထိခိုက်သွားစေ
ပြီး ဒယီးဒယိုင်ဖြစ်သွားစေခဲ့ပါတယ်။
``နောက်တစ်ကြိမ်’’ သူက အံကြိတ်ပြီး ပြောလိုက်တယ်။ သူ့မျက်လုံး
တွေက ပြတ်သားသော ဆုံးဖြတ်ချက်တို့နှင့် ပြည့်နေလေသည်။
``ဘုန်း’’ ရန်ကိုင်နောက်တစ်ကြိမ် လွင့်သွားပြန်တယ်။
``နောက်တစ်ကြိမ်’’
``ဘုန်း’’ နောက်တစ်ကြိမ် ကိုင်ရန် လွင့်စင်သွားပြန်တယ်။
ရန်ကိုင် အကြိမ်ကြိမ်လွင့်စင် နေတာကိုမကြည့်နိုင်တဲ့သူတွေကတော့ အစော
ကြီးကတည်းက ထွက်သွားခဲ့ပါပြီ။လမ်းပေါ်တွင် လူအနည်းငယ်
သာ ရှိတော့တယ်``ဒီရန်ကိုင်ဆိုတဲ့ကောင်က တော်တော်ဇွဲကောင်း
တာပဲ။သူအဲ့လောက် အရိုက်ခံနေရတာတောင် လက်မလျှော့သေးဘူး’’
အဲ့စကားတွေကို ကြားလိုက်ရချိန် ကျိုးတင်းဂျန် ရင်ထဲ ခါးခါးသီးသီး ခံစားလိုက်ရတယ်။ သူ့ပြိုင်ဘက် အခုလို အရူး တစ်ယောက် ဖြစ်နေလိမ့်မယ်လို့ တစ်ခါမှ မထင်ထားခဲ့။
ရန်ကိုင် နောက်ထပ် ၇ကြိမ်၊၈ကြိမ်လောက် လွင့်ထွက်သွားပြီးနောက်မှာတော့
သူ့မျက်နှာတစ်ခုလုံး ဖူးရောင်နေပြီး ဒယီးဒယိုင်ဖြစ်ကာ အသက်ကိုတောင်
အသည်းအသန် ရှုနေရ။ ဒါပေမနေလေပြီ။ဒါပေမယ့် သူအလျှော့မပေးဘဲ
ဆက်လက်တိုက်ခိုက် နေဆဲပါပဲ။
နောက်ဆုံးမှာတော့ ကျိုးတင်းဂျန်လည်း မနေနိုင်တော့ပဲ အော်ပြောလိုက်ပါတယ် ``မင်းရူးနေ
တာလား။အရှုံးပေးလိုက်တော့ ဒါမှမဟုတ်ရင် မင်းသေရမယ်’’
Martial Peak
အပိုင်း(၃) ၁၄၇ကြိမ်မြောက် ရှုံးနိမ့်ခြင်း
စံအိမ်တပည့်တွေကြားက ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေကြောင့် နှစ်စဉ်
နှစ်တိုင်း ကျောင်းသားများစွာ သေကြေကြရတယ်။ ကျိုးတင်းဂျန်က
မဆုတ်မနစ်သောဇွဲနှင့် အနိုင်မခံ အရှုံးမပေးတတ်သည့် ရန်ကိုင်ကို ကြည့်ရင်း ထိတ်လန့်လာခဲ့ ပါတော့တယ်။
ကျိုးတင်းဂျန်သာ ရန်ကိုင်နေရာမှာ ဆိုရင် ဒီလောက်အထိတောင့်ခံနိုင်မှာ
မဟုတ်ဘဲ စောစောစီးစီး အရှုံးပေးလိုက်မှာပါ ။စိတ်အေးအေးထား၊
မင်းရှုံးနိမ့်မှာကို တွေးပြီး ကြောက်မနေနဲ့။ မင်းဆုံးဖြတ်ထားတဲ့လမ်းကို
ခေါင်းမာမာနဲ့ မဆုတ်မနစ် ဆက်လက် လျှောက်လှမ်းရမယ်။ ဒါဟာ
ဇွဲလုံ့လပဲ။
ရန်ကိုင်က သူ့ရဲ့ စိတ်ပျက်စရာ အသွင်အပြင်ကလွဲပြီး သူ့ရဲ့မျက်လုံးတွေက
ပြင်းပြသော တိုက်ပွဲဝင်လိုစိတ်ဖြင့် စူးရှနေခဲ့တယ်။ သူသာ အခုအချိန်
ပြိုင်ပွဲကို အဆုံးမသတ်နိုင်ခဲ့ရင် ပြိုင်ပွဲက ပြီးဆုံးတော့မှာ မဟုတ်ဘူး
ဆိုတာကို ကျိုးတင်းဂျန် နားလည်ထားပါတယ်။
အဲ့အကြောင်းကို တွေးရင် ကျိုးတင်းဂျန်က ရှေ့သို့ပြေးထွက်သွားပြီး
သူ့လက်ချောင်းကို ဓါးသဏ္ဍာန်လုပ်ကာ ရန်ကိုင်ရဲ့ လည်ပင်းရိုးကို ထိုးလိုက်
ပါတယ်။ ရန်ကိုင်ရဲ့ တိုက်ပွဲဝင်လိုစိတ် ပြင်ထန်နေတဲ့အမူအရာက ရုတ်တရက် ပျောက်ကွယ်သွားပြီး သူ့မျက်လုံးကို အမှောင်ဖုံးသွားခဲ့ကာ သူ့တစ်ကိုယ်လုံး
မြေပြင်ပေါ်သို့ ပျော့ခွေကျသွား ပါတော့တယ်။
ထိုမြင်ကွင်းကို ၁၀ပေလောက်မြင့်တဲ့ သစ်ပင်ပေါ်ကနေ ထိုင်ကြည့်နေတဲ့
မိန်းကလေးက ရန်ကိုင်လဲကျသွားတာကိုမြင်တာနဲ့ သူမရဲ့ မှတ်စုစာအုပ်ကို ထုတ်ယူလိုက်တယ်။
ထို့နောက်သူမရေးမှတ်လိုက်သည်ကတော့ -တရားမဝင်တပည့် ကိုင်ရန် နှင့် သာမန်တပည့် ကျိုးတင်းဂျန်၊ အနိုင်ရသူ ကျိုးတင်းဂျန်။
သစ်ကိုင်းပေါ်မှာ ထိုင်နေတဲ့သူရဲ့ အသွင်အပြင်က ကျက်သရေရှိလှကာ
မိန်းကလေးတစ်ယောက် မှန်းသိသာပါတယ်။ သူမရဲ့မျက်နှာကို
အနက်ရောင်ဇာပဝါဖြင့် ဖုံးအုပ်ထားသော်လည်း
သူမရဲ့ နူးညံ့လှတဲ့ အသားအရေက မိန်းမငယ်လေး တစ်ယောက်ဆိုတာကို
သက်သေ ပြနေလေရဲ့။ သူမလက်က လက်ပတ်က သူမဘယ်သူလဲဆိုတာကို
ဖော်ပြနေပါတယ်-ကောင်းကင်စံအိမ် အမှောင်ခန်းမ?
ကောင်းကင်မျှော်စင် အမှောင်ခန်းမက အထူးနေရာတစ်ခု။
ထိုခန်းမကို အဓိကအကြီးအကဲ သုံးယောက်ကကြီးကြပ်ပြီး ခန်းမ
တပည့်တွေကတော့ ကျောင်းတော်ရဲ့ အရေးကိစ္စအားလုံးကို
မှတ်တမ်းတင်ရတဲ့ အလုပ်ကို တာဝန်ယူရပါတယ်။ ခန်းမတွင် တပည့်တွေကြားက ပြိုင်ပွဲတွေအပါအဝင် ကောင်းကင်စံအိမ် အတွင်းတွင် ဖြစ်ပျက်နေတဲ့ ကိစ္စသေးသေး၊ကြီးကြီး အားလုံးကို မှတ်တမ်းတင် ထားပါတယ်။
တိုက်ပွဲရလဒ်ကို မှတ်တမ်းတင်ပြီးနောက် ထိုမိန်းကလေးက သူမခါးကနေ
စာအုပ်သေးသေးလေး တစ်အုပ်ကို ထုတ်လိုက်ပြီး-၇ရာစု ၊မေလ။ အသက်
၁၄နှစ် ရန်ကိုင်ရဲ့ ၁၄၇ကြိမ်မြောက်ရှုံးပွဲ။
ဒီမှတ်တမ်းတွေကို ဖယ်ထုတ်လိုက်ရင်တောင် ကိုင်ရန်ရဲ့
မြောက်မြားစွာသော ပြိုင်ပွဲတွေအကြောင်းကို မှတ်တမ်းတင်ထားလေသည်။
ပထမဆုံး ပြိုင်ပွဲကနေ နောက်ဆုံးပြိုင်ပွဲအထိ စကားလုံးတစ်လုံးသာရှိလေသည်။ အဲ့ဒါကတော့ ``ရှုံးနိမ့်သည်’’
ရန်ကိုင်က ပြိုင်ပွဲပေါင်း ၁၄၇ပွဲ ယှဉ်ပြိုင်ခဲ့ပြီး ၁၄၇ပွဲလုံး ရှုံးနိမ့်ခဲ့ပါတယ်။
ဒါက ကျောင်းတော်ရဲ့ သမိုင်းတစ်လျှောက် ပြိုင်ဘက်ကင်းမှတ်တမ်း
တစ်ခုဖြစ်ပြီး တော်တော်လေးကို အံ့သြလေးစားဖွယ် ကောင်းပါတယ်။
သို့ပေမယ့် ထိုမှတ်တမ်းပိုင်ရှင်က အခု မြေပြင်ပေါ်တွင် လဲနေရပြီး
သေလား ..ရှင်လားတောင် မသိရတော့ပေ။
ကိုင်ရန်က အခြားသူတွေကို တစ်ခါမှာ စိန်မခေါ်ခဲ့ဖူးပါဘူး။ သူရှုံးနိမ့်ခဲ့တဲ့ ၁၄၇ ပွဲလုံးဟာလည်း သူစိန်ခေါ်ခံရတဲ့ ပွဲတွေပဲဖြစ်တယ်။ သူကငါးရက်
တစ်ခါ စိန်ခေါ်ခံရပြီး အခုဆိုရင် ၂နှစ်တောင်ရှိသွားခဲ့ပါပြီ။
မြေပြင်ပေါ်မှာ လဲနေတဲ့ ရန်ကိုင်ကို ကြည့်ရင်း သူမမျက်မှောင်ကြုံ့လိုက်
ပါပြီ။ ရန်ကိုင်က ဒီလိုအခြေအနေတွေကို ဘယ်လိုသည်းခံခဲ့လဲဆိုတာကို
သူမနားမလည်နိုင်ခဲ့ပါဘူး။ သူတရားမဝင်တပည့် ဖြစ်လာပြီးကတည်းက
သူ့အတွက်ကောင်းတာ တစ်ခုတောင် ဖြစ်မလာခဲ့။ ဒါကိုတောင် သူကထွက်မသွားဘဲ ကောင်းကင်စံအိမ်မှာပဲ ဆက်လက်ပြီး ပေတေနေခဲ့တယ်။ စံအိမ်ကနေသာ ထွက်သွားရင် သူ့ဘဝက ပိုပြီး ဖြောင့်ဖြူးလာမှာပါ။
ဒါဆို သူဘာလို့ ထွက်မသွားသေးတာလဲ။ အဲဒါကတော့ သူမအတွက် အဖြေရှာမရတဲ့ အဖြေတစ်ပုဒ် အဖြစ်သာ ကျန်ရစ်နေခဲ့ပါတော့တယ်။
ဒီပြိုင်ပွဲက သူ့ရဲ့ ၁၄၇ပွဲမြောက်ရှုံးပွဲပါ။
ဒီလူ ရူးနေတာပဲဖြစ်ရမယ်။ရှနင်းချန် အမှောင်ခန်းမတပည့်တစ်ယောက်
ဖြစ်လာကတည်းက ဒီနယ်မြေမှာ ဖြစ်ပျက်နေတာကို မှတ်တမ်းတင်ဖို့
တာဝန်ပေးခြင်းခံရတာပါ။ရန်ကိုင်က တစ်ကြိမ်မက၊နှစ်ကြိမ်မက အကြိမ်များ
စွာ စိန်ခေါ်ခံရခဲ့ပါတယ်။ သို့ပေမယ့် သူတစ်ခါမှ မနိုင်ဘဲ အမြဲတမ်းရှုံး
နိမ့်ခဲ့တာချည်းပါပဲ။ ထို့ပြင် သူမသူ့ကို တွေလိုက်တဲ့အချိန်တိုင်းလည်း သေလုနီးပါးဖြစ်အောင် အရိုက်ခံထားရစမြဲပါ။ ထိုအချိန်မှစ၍
ရန်ကိုင် ကောင်းကင်စံအိမ်မှာ ဘယ်လောက်ကြာကြာ နေနိုင်မလဲဆိုတာကို သူမ စိတ်ဝင်စားနေတာပါ။ ဒီလိုအရည်အချင်း၊
ဒီလိုလေ့ကျင့်ပုံမျိုးနဲ့ဆိုရင် ကောင်းကင်စံအိမ်က သူ့အတွက် လုံးဝကို မသင့်တော်ပါဘူး။ သာမန်ကမ္ဘာကသာ သူ့အတွက် အသင့်တော်ဆုံး ဖြစ်မှာပါ။
ပြိုင်ပွဲကို ကြည့်နေတဲ့သူတွေအားလုံးက ထွက်သွားကြပါပြီ။ကိုင်ရန်
တစ်ယောက်တည်းသာ မြေကြီးပေါ်တွင် သတိလစ်ပြီး ကျန်နေခဲ့တာပါ။
ရှနင်းချန်က သစ်ကိုင်းပေါ်မှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့တယ်။
ရန်ကိုင် နိုးလာတဲ့အခါ ညနေသုံးနာရီရှိနေလေပြီ။ သူ့တစ်ကိုယ်လုံး
နာကျင်ကိုက်ခဲနေပြီး ဒယီးဒယိုင်ထလိုက်ရင်း သူ့ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သည့်အခါ သူအံံဩသွားခဲ့ရပါတယ်။ သူနိုးလာတဲ့နေရာက
မြေပြင်ပေါ်မှာ မဟုတ်ဘဲ သစ်ပင်အောက်မှာ ဖြစ်နေခဲ့ပါတယ်။
ဒါက တကယ်ကို အံ့အား သင့်စရာပါ။ သူ့ကို သစ်ပင်အောက်ထိရောက်အောင်
သယ်လာနိုင်လောက်တဲ့အထိ သူအပေါ်ကြင်နာတဲ့လူ ကျောင်းမှာကောရှိရဲ့
လား။ နဂိုတုန်းက ဒီလိုမျိုးတစ်ခါမှ မဖြစ်ဖူးသောကြောင့် ကိုင်ရန် မျက်မှောင်
ကြုံ့မိလိုက်ပါပြီ။ မှုန်ဝါးဝါး အရိပ်တစ်ခု သူရှေ့တွင် ပေါ်လာတာကိုပဲ
သူမှတ်မိလိုက်ပါတယ်။ ဒါပေမယ့် သူ့မှတ်ဥာဏ်က ဝေဝါးနေပြီး သူပို
စဉ်းစားလေ ပိုပြီး မှုန်ဝါးလာလေ ဖြစ်နေခဲတယ်။
သူသတိလစ်ခဲ့တဲ့နေရာနဲ့ သူနိုးလာတဲ့နေရာကြားမှာ ဆွဲကြောင်းရာတစ်ခုကို
တွေ့လိုက်ရပါပြီ။ ဒါက သူ့ကို တရွတ်တိုက်ဆွဲလာတယ် ဆိုတာကို
အထင်သား ဖော်ပြနေခဲ့ပါတယ်။
သူ့ကျောကုန်းကနေ နာကျင်မှုတစ်ခု တစ်ဟုန်ထိုး ပျံ့နှံ့လာခဲ့ပါပြီ။
ရန်ကိုင် တစ်ခဏတာ အေးခဲသွားပြီးနောက် ဒေါသထွက်လာခဲ့တယ်။
သူ့ကို သစ်ပင်အောက်ကို ဆွဲခေါ်လာပေးတဲ့ သူအပေါ်ကျေးဇူးတင်တဲ့
စိတ်က တမုဟုတ်ချင်း ပျောက်ကွယ်သွားပါတော့တယ်။ သူ့ကို မြေကြီးပေါ်မှာ
ပဲ ပစ်ထားခဲ့ရင် ပိုကောင်းမှာပဲဆိုပြီးတော့တောင် သူ့ဘာသာသူ တွေးလိုက်ပါသေးတယ်။
စိတ်ဓာတ်ကျနေတဲ့ အချိန်မှာပဲ သူတစ်ခုခုကို ဆုပ်ကိုင်ထားမိတယ်လို့ သတိပြုမိလိုက်တယ်။ သေသေချာချာ ကြည့်လိုက်တဲ့အခါ ကြွေထည်ပစ္စည်းလေး တစ်ခုဖြစ်နေတာကို တွေ့လိုက်ရတယ်။
ဒါကဘာပါလိမ့်။ သူ့ဟာမဟုတ်တာတော့သေချာပါတယ်။ သူ့မှာရှိတာဆိုလို့
သူအကျီင်္နဲ့ သူ့အခန်း ပဲရှိတာလေ။ သူ့မှာ ဘယ်လိုပ်ပြီး ဒီလိုပစ္စည်းရှိမှာလဲ။
ကြွေပုလင်းလေးမှာ ``သွေးတိတ်ဆေး’’´ဆိုပြီးရေးထားပါတယ်။
ဒါက ကျောင်းတော်ရဲ့ အနာသက်သာစေတဲ့ ဆေးရည်ပါ။
ဒီလိုဆေးပုလင်းမျိုးကို ကျောင်းသားတိုင်း တစ်ပုလင်းဆီဆောင်ထားလေ့
ရှိကြတယ်။ ဒီဆေးပုလင်းတစ်ပုလင်းက ဈေးတော်တော်ကြီးတာပါ။
တစ်ပုလင်းကို ဆယ်မှတ် တန်ပါတယ်။ ရန်ကိုင်က တံမြက်စည်း လှည်းတဲ့အလုပ် လုပ်တာတောင် တစ်လကိုဆယ်မှတ်သာ ရတာပါ။
အနာကျက်ဆေးရည် တစ်ပုလင်းတန်ဖိုးက သူ့တစ်လလုပ်ခစာနဲ့ ညီပါတယ်။
အဲ့ဒါဘယ်သူဖြစ်မလဲ။ အဲ့ဒီအချိန်မှာ သူ့ကို သစ်ပင်အောက်ကို ဆွဲခေါ်လာတဲ့သူအပေါ်မှာထားတဲ့ မကျေနပ်ချက်တွေက ရေငွေ့တွေလို
အငွေ့ပြန်သွားခဲ့ပြန်ပါပြီ။ သူကောင်းကင်စံအိမ်ကို ရောက်တာ
၃နှစ်ရှိပါပြီ။ ထိုချိန်အတွင်းမှာ သူက တပည့်တွေရဲ့ မေတ္တာကင်းမဲ့
မှုနဲ့ပက်သက်ပြီး နေသားကျနေပါပြီ။ ဒါပေမယ့် ဒီနေ့ သူ့ကိုဆေးပုလင်း ပေးခဲ့တဲ့သူရဲ့ လုပ်ရပ်က သူ့ရဲ့ စိတ်နှလုံးကို တစ်ဖန်ပြန်လည် နွေးထွေးသွားစေခဲ့ပါတယ်။
ပုံမှန်အားဖြင့် သူက ကျောင်းသားတွေအကုန်လုံးကို သွေးအေးတဲ့ သူတွေ
အဖြစ် သတ်မှတ်ထားတာပါ။
ဒီဆေးပုလင်းလေးက အခြားတပည့်တွေအတွက် သိပ်ပြီးအဖိုးမတန်ပေမယ့် သူ့အတွက်ကတော့ အရမ်းကို အဖိုးတန်ပါတယ်။
ရန်ကိုင်က ထိုသူကို အလွန်ကျေးဇူးတင်သွားပြီး သူဘယ်သူလဲဆိုတာ
မှတ်မိဖို့ ကြိုးစားကြည့်လိုက်တယ်။ ဒါပေမယ့် သူဘယ်လောက်ပဲ ကြိုးစားကြိုးစား သူ့ကို ဆေးပုလင်း ပေးခဲ့သူကို သူမမှတ်မိ နိုင်ခဲ့ပါဘူး။
သူ့နှာခေါင်းမှာ စွဲနေတဲ့ မွှေးရနဲ့လေးကိုသာ မှတ်မိနိုင်ခဲ့ပါတယ်။
``ဒါက ဆေးရနံ့ မဟုတ်ဘူးလား’’ ကိုင်ရန်က တွေးတောလိုက်တယ်။
စိတ်လျှော့လိုက်ပြီး သူ့အဝတ်တွေကို သပ်ရပ်အောင် လုပ်လိုက်ပြီးနောက်
ဆေးပုလင်းကို သေသေချာချာ သူ့အိတ်ထဲ ထည့်သိမ်းထား လိုက်ပါတယ်။ ထို့နောက် တံမြက်စည်းကို ကောက်ယူလိုက်ပြီး သူ့အလုပ်ကို ဆက်လုပ်လိုက်တယ်။
အတွင်းနဲ့အပြင်ကို သေသေချာချာ လှည်းကျင်းလိုက်ပြီးတဲ့အချိန်မှာ
ညသန်းခေါင်ရောက်နေခဲ့ပါပြီ။ ပြီးတာနဲ့ သူ့သစ်သားအိမ်ဆီ ရန်ကိုင် ပြန်သွား လိုက်တယ်။
မနက်ကရခဲ့တဲ့ ဒဏ်ရာတွေကို အရင်ဆုံးသက်သာအောင် လုပ်ရပါမယ်။
ဆာလောင်နေတာကို သူခံနိုင်တယ်။ အရင်ဆုံး ဒဏ်ရာတွေကို
သက်သာအောင် လုပ်ပြီးမှပဲ ဆာနေတာကို ဖြေရှင်းရပါမယ်။
သူ့အဝတ်တွေကို ချွတ်လိုက်ပြီးနောက် စည်တစ်လုံးကို ရေအဖြည့်
လိုက်ပါတယ်။ တစ်စုံတစ်ယောက်သာ သူ့ခန္ဓာကိုယ်ကို တွေ့လိုက်မယ်
ဆိုရင် ထိတ်လန့်တကြား ထအော်မိမှာ အမှန်ပါပဲ။ ရန်ကိုင်တစ်ကိုယ်
လုံးအရိုးပေါ်အရေတင်ဖြစ်နေလွန်းလို့ သူ့ရဲ့အရိုးတွေကိုပါ မြင်နေရပါတယ်။
ဒါဟာ သူအာဟာရဘယ်လောက် ချို့တဲ့လဲ ဆိုတာကို ဖော်ပြနေပါတယ်။
သူ့တစ်ကိုယ်လုံးကလည်း အမာရွတ်တွေနဲ့ ပြည့်နေပြီး အမာရွတ်မရှိတဲ့
နေရာကတော့ ရှားမှရှားပင်။
သူကငါးရက်တစ်ကြိမ် အမြဲတမ်း စိန်ခေါ်ခံရတယ်။ စိန်ခေါ်ခံရတဲ့ အကြိမ်တိုင်းလည်း သူအမြဲတမ်းရှုံးလေ့ရှိပြီး စိန်ခေါ်ပွဲ ပြီးတိုင်းလည်း သတိလစ်တဲ့အထိ အမြဲအရိုက်ခံခဲ့ရတယ်။
ဒဏ်ရာဟောင်းတွေ မပျောက်သေးခင်မှာပဲ ဒဏ်ရာအသစ်တွေ ထပ်တိုး
လာခဲ့တယ်။ သူ့နေရာမှာ အခြားသူသာဆိုရင် ဘယ်သူမှ ဒီလောက်ဆိုးရွားတဲ့ နာကျင်မှုကို သည်းခံနိုင်မည် မဟုတ်ပါဘူး။ ဒါပေမယ့် ရန်ကိုင် သည်းခံနိုင်ခဲ့တယ်။ သူသည်ခံနိုင်ရုံတင်မကဘဲ သူရဲ့တံမြက်စည်း
လှည်းတဲ့ အလုပ်ကိုပါ ပုံမှန်အတိုင်း ဆက်လုပ်နိုင်ခဲ့ပါတယ်။
Martial Peak
အပိုင်း (၄) အနက်ရောင် စာအုပ်
သူ့ခန္ဓာကိုယ်ကို သန့်ရှင်းပြီးတာနဲ့ ရန်ကိုင်က ဆေးပုလင်းကို ကောက်ယူပြီး
နမ်းရှုံ့လိုက်တယ်။ ဆေးရနံ့က သူ့ကို တော်တော်လေးလန်းဆန်းသွားစေပြီး
ရနံ့ထဲမှာ နစ်မျောသွားစေခဲ့ပါတယ်။ သူခေါင်းကိုခါပြီး ဆေးရနဲ့ပြယ်အောင်
မနည်းလုပ်လိုက်ရတယ်။
ရန်ကိုင်က ဆေးရည်နည်းနည်းကို ယူလိုက်ပြီး သူ့ဒဏ်ရာတွေပေါ်မှာ
လိမ်းလိုက်တယ်။ ဒါပေမယ့် လိမ်းနေရင်း ချက်ချင်းရပ်လိုက်ပြီးတော့
ရေတစ်ပုံးယူကာ ဆေးရည်ကို ရေပုံးထဲနည်းနည်းထည်လိုက်ပြီး
မွှေလိုက်ပါတယ်
သွေးတိတ်ဆေးရည်က အစွမ်းထက်တယ်ဆိုသော်လည်း ရေရောလိုက်ပြီးနောက်
ရဲ့အာနိသင်က တော်တော်လေးလျှော့သွားခဲ့တယ်။ ဒါပေမယ့်
ရန်ကိုင်မှာ ဆေးရည်တစ်ပုလင်းပဲရှိတာမို့ ချွေချွေတာတာသုံးစွဲရပေမည်။
ရေရောထားတဲ့ဆေးရည်ကို သူ့ဒဏ်ရာတွေပေါ်ကို လိမ်းလိုက်ပြီးနောက်
သူ့ ဆေးရည်ကို နည်းနည်းသံသယဝင်သွားခဲ့တယ်။ ဘာလို့လဲဆိုတော့
ဆေးရည်ရဲ့အနံ့က နဂိုနဲ့ကွဲပြားနေသောကြောင့်ပါပဲ။
ထို့နောက် သူ့အဝတ်တွေကို ပြန်ဝတ်လိုက်ကာ အနက်ရောင် အားလူးတစ်
လုံးကို မီးဖုတ်စားလိုက်ပြီးနောက် အိပ်ရာပေါ်ခြေပစ်လက်ပစ် လှဲချလိုက်လေသည်။
တဲပေါ်က အပေါက်တွေကြောင့် ညဘက်အလင်းရောင်ကောင်းကောင်း
ရနေပါတယ်။ တဲက အလွန်အမင်းရှင်းလင်းနေပြီး ကုတင်တစ်လုံး၊
သမင်အရေခွံ စောင်တစ်ထည်နဲ့ လေးထောင့် ခေါင်းဦးတစ်လုံးသာ
ရှိနေခဲ့တယ်။ သမင်အရေခွံက ကိုင်ရန်နဂိုအမဲလိုက်ခဲ့တဲ့ သမင်တစ်ကောင်
ဆီက ရတာပါ။ အရေခွံက ပါးသော်လည်း တော်တော်လေးကို
နွေးပါတယ်။ လေးထောင့်ခေါင်းအုံးကတော့ သူအမဲလိုက်တုန်းက
ကျောင်းပြင်ပကနေ ကောက်ရတာပါ။
ခေါင်းအုံးက လေးထောင့်ဖြစ်ပြီး ခြေထောက်တစ်ချောင်းစာလောက်ရှည်ကာ
လက်သုံးလုံးစာ ထူပါတယ်။ ခေါင်းအုံးက ကျောက်တုံးတစ်တုံးနဲ့
တူသော်လည်း ကျောက်တုံးတစ်တုံးလောက်တော့ မလေးပါဘူး။
ထိုအရာက ဘာမှန်းသူမသိသော်လည်း တဲကိုသယ်လာပြီး ခေါင်းအုံးအဖြစ် အသုံးပြုခဲ့တယ်။
အနက်ရောင် ခေါင်းအုံးက ရန်ကိုင်နဲ့အတူရှိနေခဲ့တာ တစ်နှစ်ကြာနေပြီဖြစ်သော်လည်း ထိုခေါင်းအုံးက ဘာပစ္စည်းမှန်း သူအခုထိ
မသိသေးပေ။ ဘာပဲဖြစ်ဖြစ် ခေါင်းအုံးမရှိတာထက်တော့ ပိုအဆင်ပြေနေခဲ့တယ်။
သူ့အိမ်ပျော်သွားတဲ့အချိန်မှာ ရန်ကိုင်က ဒီနေ့တိုက်ပွဲအကြောင်းကို
အိမ်မက်မက်လေသည်။ အိမ်မက်ထဲတွင် ကျိုးတင်းဂျန်ကြောင့် အကြိမ်များစွာ နောက်ပြန်လွင့်စင်သွားပြီး ဇွဲမလျှော့ပဲ အကြိမ်ကြိမ်ပြန်ထကာ ဆက်လက်တိုက်ခိုက်လေသည်။
သူ့ရင်ဘတ်တစ်ခုလုံးတွင် သွေးများစိုရွှဲနေသော်လည်း သူပြန်ထလာတိုင်း
သူ့တိုက်ပွဲဝင်စွမ်းအားက ပိုမိုပြင်းထန်လာခဲ့ပါတယ်။ ရန်ကိုင်မျက်နှာက
အိပ်နေရင်း နာကျင်မှုကြောင့် ရှုံ့မဲ့နေလေသည်။ ထိုအချိန်တွင် သူ့စိတ်ထဲတွင် အလွန်အမင်း ပြင်ပြနေတဲ့စိတ်ဆန္ဒတစ်ခုသာ ရှိလေသည်။
အဲ့ဒါက အနိုင်ရဖို့ပါပဲ။ သူ့ခြေထောက်ကို ဖြတ်ပစ်ပြီး သူ့ခန္ဓာကိုယ်
ကို မီးလောင်တိုက်သွင်းမယ်ဆိုရင်တောင်မှ သူကြောက်လန့်နေမည်
မဟုတ်ပေ။
သတိမေ့နေတဲ့ ရန်ကိုင်က အနက်ရောင်ခေါင်းအုံးကနေ အလင်းတန်းတစ်ခု ထွက်လာတာကို သတိမပြုမိလိုက်ပါဘူး။ ထိုအလင်းတန်းက တဖြည်းဖြည်း ပိုပြီးတောက်ပလာခဲ့တယ်။အိမ်မက်ထဲမှာတော့ ရန်ကိုင်က ကျိုးတင်းဂျန်နဲ့ ဆက်လက်တိုက်ခိုက်နေပြီး မြေကြီးပေါ်ကို အကြိမ်ကြိမ် လွင့်စင်နေခဲ့တယ်။ အကြိမ်တစ်ထောင်မြောက်လဲကျပြီး ပြန်ထလာတဲ့အချိန်မှာတော့ သူ့ရဲ့တောင်ကြီးတစ်လုံးလိုမယိမ်းမယိုင်တည်ရှိနေတဲ့စိတ်ဓါတ်က တဖြည်းဖြည်း ယိမ်းယိုင်ပြိုပျက်လာ
ခဲ့တယ်။ သူက ကြမ်းပြင်ပေါ်ကို ရုတ်တရက်လဲကျသွားတဲ့ ကျိုးတင်းဂျန်
ဆီကို ရက်ရက်စက်စက် ပြေးဝင်သွားခဲ့တယ်။ ကျိုးတင်းဂျန်ရဲ့ ပုံရိပ်က
တဖြည်းဖြည်းဝေဝါးလာပြီး သူ့ပုံစံအဖြစ်သို့ ပြောင်းလဲသွားခဲ့တယ်။
ထို့နောက်ထိုပုံရိပ်က သူ့ကိုယ်ထဲကို တိုးဝင်ပျောက်ကွယ်သွားခဲ့တယ်။
သူ့ပြိုင်ဘက်ကို အနိုင်ရလိုက်တာမဟုတ်ဘဲ သူ့ကိုယ်သူအနိုင်ရလိုက်တာ
ဖြစ်သော်လည်း ကိုင်ရန်က အတော်လေးပျော်နေခဲ့တယ်။ နောက်ဆုံးတော့
သူ့ရဲ့ အတွင်းကြောက်စိတ်ကို ဖယ်ထုတ်နိုင်ခဲ့လေပြီ။
မိုးမြေတစ်ခွင်အောက်မှာ သူ့ကို အညံ့ခံအောင် လုပ်နိုင်တဲ့ အရာမရှိတော့ဘူး
လို့ခံစားလာရတယ်။ရန်ကိုင်ရဲ့ ခေါင်းအောက်မှာရှိနေတဲ့ အနက်ရောင်
ခေါင်းအုံးကနေ ရုတ်တရက်အနက်ရောင် အလင်းတန်းတွေ ပေါက်ကွဲထွက်
လာခဲ့တယ်။ အနက်ကျောက်တုံးကနေ ထွက်ပေါ်လာတဲ့ အလင်းတန်းတွေက လေထဲတွင် ဝဲနေခဲ့ပြီး နောက်ဆုံး ရန်ကိုင် ခေါင်းထဲ တိုးဝင် ပျောက်ကွယ်သွားခဲ့တယ်။
တစ်ချိန်တည်းမှာပဲ လူသူကင်းမဲ့တဲ့ရှေးဟောင်းနေရာ တစ်ခုတွင် ထူဆန်းတဲ့
တည်ရှိမှုတစ်ခု ဆင်းသက်လာခဲ့တယ်။ ဒီရေလှိုင်းတွေလိုမျိုး၊ အရည်
ပျော်သွားသော နှင်းတွေလိုမျိုး သူ့ရှေမှာ ရှိတဲ့သူအားလုံးက ပုရွက်တစ်ကောင်လိုပဲ အရေးမပါဘူးလို့ ထို ထူးဆန်းတဲ့ တည်ရှိမှုကြီး
က တွေးလိုက်တယ်။
ရန်ကိုင် ရုတ်တရက် သူ့မျက်လုံးတွေကို ဖွင့်လိုက်တယ်။
ကြောက်လန့်မှုကြောင့် သူ့တစ်ကိုယ်လုံး ချွေးတွေစိုရွှဲနေခဲ့ပါတယ်။
ထိုထူးဆန်းတဲ့တည်ရှိမှုကြောင့် သူလန့်နိုးလာခဲ့တာပါ။
စိတ်လျှော့လိုက်ပြီး အားတင်းကာ ပြုံးလိုက်တယ်။ သူအိမ်မက်မက်
နေတုန်းက သူအမှန်တကယ်ကို ထိန့်လန့်ကြောက်ရွံ့နေခဲ့တာပါ။
ရန်ကိုင်က ထိုအကြောင်းကို ပြန်တွေးရင်း ကြိတ်ရယ်လိုက်တယ်။ ထို့နောက်
သူကောင်းကင်ကို ကြည့်လိုက်တဲ့အချိန်မှာ စိတ်ပျက်သွားခဲ့တယ်။ အပြင်မှာ
မှောင်မဲနေပြီး သူ့အိပ်ချိန်သည် စုစုပေါင်း ၂နာရီသာ ရှိသေးတာကို
သိလိုက်တယ်။ သူမြန်မြန်ဆန်ဆန်ထလိုက်ပြီး သမင်အရေခွံစောင်ကို
ခေါက်ကာ ခေါင်းအုံးကို သူ့နေရာမှာပဲ ပြန်ထားလိုက်ပါတယ်။
သို့ပေမယ့် မျက်မှောင်ကြုံ့ကာ ခေါင်းအုံးကို သူပြန်ကြည့်လိုက်ပါပြီ။
ဒီခံစားချက်…..သူ့ရဲ့မသိစိတ်က ထိုအရာက နဂိုနဲ့မတူဘူးလို့ ပြောနေတယ်။
သံသယနဲ့ ရန်ကိုင်က ခေါင်းအုံးကို မကြည့်လိုက်တယ်။ သူထင်တာမှန်
နေပါတယ်။ ခေါင်းအုံးက နဂိုလောက်မလေးတော့ပါဘူး။
ထူးဆန်းလိုက်တာ။ ဒီကျောက်တုံးက ဘယ်လိုလုပ်ပြီး ရုတ်တရက် အဲ့လောက် ပေါ့သွားတာလဲ။ သူ့ကိုယ်သူမေးခွန်းထုတ်ရင်း မေးခွန်းပေါင်း
များစွာက သူ့စိတ်ထဲတွင်ပေါ်လာခဲ့တယ်။
ရန်ကိုင်က ခေါင်းအုံးကို လေထဲပစ်မြှောက်လိုက်တဲ့အခါ ခေါင်းအုံး
က စာအုပ်ထူကြီးတစ်အုပ်လိုမျိုး စာရွက်တွေ တဖြတ်ဖြတ်လှန်ကာ မြေပေါ်
သို့ကျလာခဲ့တယ်။ ကိုင်ရန်က အလွန်အမင်း အံ့အားသင့်သွားပြီး
စာအုပ်ကို ဖမ်းဖို့တောင်မှ မေ့လျှော့နေခဲ့တယ်။
အနက်ရောင်းခေါင်းအုံးက မြေပေါ်ကို ကျပြီး စာအုပ်တစ်အုပ်လို
ပွင့်သွားတယ်…။ သူ့ရှေ့တည့်တည့်မှာ ဖြစ်သွားတာဖြစ်သော်လည်း
သူ့မျက်လုံးသူ မယုံကြည်နိုင်သေးပေ။
အဲ့ဒါကငါ့ခေါင်းအုံးမဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး စာအုပ်တစ်အုပ် ဖြစ်သွားတာလဲ။
အနက်ရောင်ခေါင်းအုံးက သူနဲ့ရှိနေတာ တစ်နှစ်ကျော်ခဲ့ပါပြီ။ သူ့ရှာတွေ့ခဲ့တာက အနက်ရောင် ကျောက်တုံးတစ်တုံး မဟုတ်ပဲ စာအုပ်တစ်အုပ်လား။ လိပ်အိုကြီးတစ်ကောင်က လိပ်ခွံချွတ်လိုက်တာနဲ့ မြွေတစ်ကောင် ဖြစ်သွားတာမျိုးလား။
သူစာအုပ်ကို ကောက်ဖို့လုပ်လိုက်တဲ့အချိန်မှာပဲ စာအုပ်က သူနဲ့ တစ်ခုခု
ဆက်သွယ်နေသလို မျိုးခံစားလိုက်ရတယ်။
သူအုံးနေတဲ့ခေါင်းအုံး ဟုတ်မဟုတ်သေသေချာချာ ကြည့်လိုက်တယ်။
စာအုပ်ထူကြီးကိုကြည့်ရင်း ရန်ကိုင် ပြောစရာစကား မဲ့သွားခဲ့ရတယ်။ စာအုပ်တစ်ခုလုံးက ဗလာဖြစ်နေပြီး စာတစ်ကြောင်းမပြောနှင့် စကားလုံးတစ်လုံးတောင်မှ
မရှိပါဘူး။ သူစာရွက်တစ်ရွက်ကို ဖြဲကြည့်ဖို့ ကြိုးစားလိုက်သော်လည်း
ဘယ်လိုမှ ဖြဲလို့မရခဲ့ပေ။
အဲ့အကြောင်းအရာက သူ့ကို ပြန်တွေးတောစေခဲ့တယ်။ရန်ကိုင်က စာရွက်ရဲ့
ပထမ စာမျက်နှာကို လှန်ကြည့်လိုက်ပေမယ့် ဘာမှ မတွေ့ခဲ့ရပါဘူး။ သူနည်းနည်းကြိုးစားကြည့်လိုက်ပြီးနောက် စာအုပ်က နည်းနည်းပြောင်းလဲ
လာတာကို တွေ့လိုက်ရတယ်။ လူသူကင်းမဲ့တဲ့နေရာမှာ သူတွေ့ခဲ့
တဲ့ ထူးဆန်းတဲ့တည်ရှိမှုကြီးက နောက်တစ်ကြိမ်ပြန်ပေါ်လာခဲ့တယ်။
ရွှေရောင်စကားလုံးများစတင် ထွက်ပေါ်လာ။
``သွေးစက်တို့နှင့်အတူ ရွှေခန္ဓာသက်ဆင်းလာခဲ့တယ်။ အံ့ဖွယ်ဖြစ်ရပ်တစ်ခု မဟုတ်ပါ။ ရွှေအင်မော်တယ် တစ်ယောက်ပါပဲ”
အဲ့စကားလုံးတွေက သူ့စိတ်ထဲသို့ ဝင်ရောက်လာခဲ့တယ်။ ရန်ကိုင်ရဲ့ ခြေထောက်တွေက ထိန်းချုပ်မရအောင် တုန်နေပြီး စာအုပ်ကို
အလန့်တကြားပိတ်လိုက်တယ်။ အသက်ပြင်းပြင်းရှုရင်း သူ့စိတ်ကို တည်ငြိမ်အောင် မနည်းကြိုးစားလိုက်ရပါတယ်။
ဒီစာအုပ်ကဘယ်လိုလျှို့ဝှက်ချက်တွေနဲ့ ပြည့်နေတာလဲ။ သူလုံးဝမသိခဲ့ပါ
ဘူး။ ဒါပေမယ့် သူသိတာတစ်ခုက လေနက်တောင်ထိပ်က ကောက်ရတဲ့
အရာမှာ အလွန်ဆန်းကြယ်တဲ့ သမိုင်းကြောင်းတစ်ခုရှိတယ်ဆိုတာကို
ဖြစ်တယ်။ အချိန်အတော်ကြာပြီးနောက် သူစာအုပ်ကို နောက်တစ်ကြိမ်ဖွင့်
လိုက်တယ်။ ဒီတစ်ကြိမ်မှာတော့ သူစာရွက်ပေါ်က ပထမစာကြောင်းကို
ဖတ်လိုက်တယ်။
တဖြည်းဖြည်းနဲ့ အခြားစာကြောင်းတွေပေါ်လာခဲ့တယ်။
``အရာအားလုံးကို စိုးမိုးနိုင်တဲ့ ရွှေခန္ဓာကိုယ်က အနိုင်မခံအရှုံးမပေးတတ်
သော စိတ်ဓာတ်နှင့်အတူ ဆင်းသက်လာလိမ့်မယ်’’ စာမျက်နှာတစ်ခုလုံးတွင်
စာကြောင်းရှစ်ကြောင်းနှင့် စကားလုံး ၃၄လုံးသာရှိသော်လည်း ထိုစကားလုံး
တို့ဟာ အလွန်အမင်း လွှမ်းမိုးနိုင်စွမ်းရှိတဲ့ စိတ်ဝိဥာဉ်နဲ့ ပေါင်းစပ်ထား
သကဲ့သို့ ကောင်းကင်နှင့် မြေပြင်ကို အစိုးရသော ခံစားချက်ကို
ပေးစွမ်းနေခဲ့ပါတယ်။
Martial Peak
အပိုင်း (၅) ကြီးမြတ်သော ရွှေရုပ်ကြီး
အဲ့ဒီစကားလုံး၃၄နှစ်လုံးရဲ့ အဓိပ္ပါယ်က နားလည်ဖို့ အလွန်လွယ်ကူနေတာကြောင့် ရန်ကိုင် အလွယ်တကူပဲ နားလည်သွားနိုင်ခဲ့ပါတယ်။
ဒါပေမယ့် အနက်ရောင်စာအုပ်ရဲ့နောက်ကြောင်းက မရှင်းမလင်းဖြစ်တဲ့အတွက် ရန်ကိုင် ကိုယ်တိုင်လည်း အနည်းငယ်ထိတ်လန့်မိတယ်။ ထိုအရာသာ
ထောင်ချောက်တစ်ခု ဖြစ်နေရင်ရော ဆိုတဲ့ အကြောင်းကို တွေးရင်း
ရန်ကိုင် သူ့ကိုယ်သူရယ်မောမိလိုက်တယ်။ အခုအချိန်မှာ သူက
ကောင်းကင်မျှော်စဉ်ရဲ့ တရားမဝင်တပည့် တစ်ယောက်လေ။
ဘယ်သူက သူ့ကို ထောင်ချောက်ဆင်ရလောက်တဲ့အထိ အားယားနေပါ့မလဲ။
ဒါပေမယ့် အနက်ရောင်စာအုပ်ရဲ့ နောက်ဆုံးစာကြောင်းကို ကြည့်ရင်း
အနက်ရောင်ခေါင်းအုံးက အနက်ရောင်စာအုပ်ပြောင်းသွား
ရခြင်းမှာ သူမက်မက်ခဲ့တဲ့ အိမ်မက်ကြောင့် ဖြစ်ကောင်း ဖြစ်နိုင်လောက်ပါတယ်။
တစ်နှစ်ကျော်ကြာတဲ့ အထိ ကျောက်တုံးက မည်သည့်ထူးခြားမှုမှ မပြခဲ့ပါဘူး။ဒါပေမယ့် သူထိုအိမ်မက်ကို မက်ပြီးတာနဲ့ ကျောက်တုံးက ရုတ်တရက်စာအုပ်တစ်အုပ် အဖြစ်ပြောင်းလဲသွားခဲ့တယ်။ အဲ့ဒီအိမ်မက် နဲ့ စာအုပ်က
တစ်နည်းနည်းနဲ့ ဆက်စပ်နေတာ ဖြစ်ရပါမယ်။
ငါကကျောက်တုံးကို စာအုပ်ဖြစ်အောင်လုပ်ခဲ့တဲ့အတွက် ဒီအနက်ရောင်စာအုပ်က ငါ့အတွက်ပြောင်းလဲလာတာပေါ့။ အဲ့လိုဆိုရင် ငါကဒီစာအုပ်ရဲ့ပိုင်ရှင်ပေါ့။
အဲ့ဒီအကြောင်းကို တွေးရင် ကိုင်ရန်နောက်ထပ် တုံ့ဆိုင်းမနေတော့ပါဘူး။စာအုပ်ထဲက အကြောင်းအရာအရ စာအုပ်ပေါ်ကို သူ့သွေးစက်ချပေးရမှာပဲ ဖြစ်ပါတယ်။ ဒီအကြောင်းကို တွေးရင်း သူ့လက်ချောင်းကို ကိုက်ကာစာအုပ်ပေါ်သို့ သွေးတစ်စက်ချပေးလိုက်တယ်။
သွေးစက်တွေက စာရွက်ထဲတိုးဝင် ပျောက်ကွယ်သွားခဲ့သော်လည်း စာအုပ်က ဘာထူးခြားမှုမှမပြသေးပါဘူး။ အချိန်ခဏကြာပြီးတဲ့နောက်မှာတော့ စာရွက်ကနေ အနက်ရောင်
အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့တယ်။ချက်ချင်းပဲ သူမသက်မသာခံစားလိုက်ရပြီး ဒီနေ့မနက်က ရခဲ့တဲ့ ဒဏ်ရာတွေက စတင်နာကျင်ကိုက်ခဲလာတော့တယ်။ အဲ့နောက်မှာတော့ သူ့ခေါင်းပါ တဆစ်ဆစ်ကိုက်ခဲ လာခဲ့ပါတယ်။ ဒါပေမယ့် သူအံကြိတ်ကာ ဆက်လက်တောင့်ခံနေခဲ့တယ်။ သူ့သွေးတွေကိုလည်း
စာအုပ်က အဆက်မပြတ်စုပ်ယူနေခဲ့ကာ အနက်ရောင် အလင်းတန်းတွေက ပိုပြီးတောက်ပလာခဲ့ပါတယ်။
အချိန်အတော်ကြာတဲ့အထိ တောင့်ခံပြီးတဲ့နောက်မှာတော့ ရန်ကိုင် သတိလစ်ချင်သလို ဖြစ်လာခဲ့ပါပြီ။ ဒါပေမယ့် အဲ့အချိန်မှာပဲ အနက်ရောင်စာအုပ်မှာ ပြောင်းလဲမှုတစ်ခု ဖြစ်လာခဲ့တယ်။ အနက်ရောင် အလင်းတန်းတွေက တဖြည်းဖြည်း
ယိမ်းထိုးလှုပ်ရှားလာပြီး သေးသေးသွားကာ စာရွက်အလယ်၌ ဝဲကတော့ တစ်ခု ဖြစ်သွားခဲ့တယ်။
ထို့နောက် အနက်ရောင်ဝဲကတော့ကနေ တောက်ပနေတဲ့ အနက်ရောင်အလုံးလေး တစ်လုံးထွက်လာခဲ့ပါတယ်။
တောက်ပနေတဲ့ အလုံးလေးကို မြင်လိုက်တဲ့အချိန်မှာ ကိုင်ရန် ထိတ်လန့်သွားခဲ့ရတယ်။ သူက စာအုပ်ကို သူ့သွေးချပေးလိုက်ရုံနဲ့ အမှန်တကယ်ထူးခြားလာလိမ့်မယ်လို့ သူမမျှော်လင့်ထားခဲ့ပါဘူး။
သူခဏတုန်းက ဖတ်ခဲ့ရတဲ့စကားလုံတွေက လိမ်နေတာ မဟုတ်ခဲ့ပါဘူး။
``သွေးစက်တို့နှင့်အတူ ရွှေခန္ဓာဆင်းသက်လာလိမ့်မယ်’’
အဲ့ဒါက ဘယ်လို ရွှေခန္ဓာကိုယ်အမျိုးအစားဖြစ်မလဲ။ ရန်ကိုင်ရဲ့
ဖြူလျော့လျော့ မျက်နှာတွင် မျှော်လင့်ချက်တို့ဖြင့် ပြည့်နှက်လာခဲ့တယ်။
အချိန်ခဏကြာပြီးနောက် အနက်ရောင်အလုံးလေး သူ့ရှေ့တည့်တည့်မှာ ပေါ်လာတဲ့အချိန်မှာတော့ သူ့အလိုလို တံတွေးတစ်လုတ် မျိုချမိလိုက်ပါပြီ။
သူ့စိတ်ကူးတွေ ဘယ်လောက်ပဲဆန်းကြယ်နေပါစေ ရွှေခန္ဓာကိုယ်က အလုံးလေးတစ်လုံး ဖြစ်လိမ့်မယ်လို့ သူဘယ်တော့မှ မတွေးခဲ့ဖူးပါဘူး။
အဲ့အရာက ၃၀ စင်တီမီတာမြင့်တဲ့ ရွှေရောင် အရိုးခြောက်တစ်ခုဖြစ်ပြီးပထမဆုံးပေါ်လာတဲ့ အလုံးလေးက ရွှေရောင်အရိုးခြောက်ရဲ့ ခေါင်းသေးသေးလေးပါ။ ရွှေရောင်အရိုးခြောက်လေးက စာရွက်တွေ
ပေါ်မှာ လွင့်မျောနေပြီး တင်ပလင်ခွေထိုင် နေခဲံပါတယ်။
အရိုးခြောက်လေးခန္ဓာကိုယ်ကနေ ထွက်ပေါ်လာတဲ့ ရွှေရောင်ကြောင့် သူ့တစ်တဲလုံး လင်းထိန်နေခဲ့တာပေါ့။
စာရွက်ပေါ်က အနက်ရောင်ဝဲကတော့လေးက အဖြည်းဖြည်းကျုံ့လာကာပျောက်ကွယ်သွားပြီးနောက် စာအုပ်လည်းနဂိုအတိုင်း ပုံမှန်ပြန်ဖြစ်သွားခဲ့တယ်။
ရန်ကိုင်က ဘာလုပ်ရမှန်းမသိတဲ့အတွက် အရိုးခြောက်ကိုသာ အချိန်အကြာကြီး ထိုင်ကြည့်နေခဲ့တယ်။ စာရွက်ထဲမှာက ရွှေခန္ဓာကိုယ်ကို ဘယ်လိုထွက်ပေါ်လာအောင် လုပ်ရမလဲသာ ပြောထားပြီး အဲ့ဒါပြီးတာနဲ့ ဘာဆက်လုပ်ရမလဲဆိုတာကို ဘာမှပြောမထားပါဘူး။
သူ့ရှေ့မှာရှိတဲ့ အရိုးခြောက်တွင် မျက်လုံးတွေမရှိပေ။ ဒါပေမယ့် အရိုးခြောက်က သူနဲ့တူတယ်လို့ ခံစားလိုက်ရတယ်။ အရိုးခြောက်မှာ ပါးစပ်တစ်ခုတောင်မရှိသော်လည်း သူ့ရဲ့ အားနည်းချက်ကို လှောင်ပြောင်နေသလို သူခံစားနေခဲ့ရတယ်။ အဲ့အကြောင်းကို တွေးရင်း ရန်ကိုင် ဒေါသထွက်လာပြီး အရိုးခြောက်ကို
ကိုင်ဖို့ ကြိုးစားလိုက်လေတယ်။
မင်းလို အရိုးခြောက် သေးသေးလေးကများ မောက်မာရဲတယ်ပေါ့။
သူအရိုးခြောက်ကို ကိုင်ဖို့ကြိုးစားလိုက်တဲ့အချိန်မှာ အရိုးခြောက်က သူ့ဆီပြေးဝင်လာလိမ့်မယ်လို့ မထင်ထားခဲ့ပေ။ ချက်ချင်းပဲ
သူ့လက်နှစ်ဖက်ကို သူ့ရှေ့တွင် ကာကွယ်ဟန်လုပ်ထားလိုက်တယ်။
ဒါက တော်တော်လေး ကြောက်ဖို့ကောင်းပါတယ်။ အရိုးခြောက်က
သူ့ရင်ဘတ်ကို တိုက်ခိုက်လိုက်တဲ့အချိန်မှာ နာကျင်မှုကြောင့် သူစူးစူး
ဝါးဝါးအော်လိုက်မိတယ်။ အဲ့နောက်မှာတော့ အရိုးခြောက်ဆီကနေ အလင်းတန်းတွေတောက်ပလာပြီး သူ့လက်ထဲက ချွေးပေါက်တွေထဲကို တိုးဝင် ပျောက်ကွယ်သွားခဲ့ပါတော့တယ်။
ရုတ်တရက် သူ့အရိုးထဲက နာကျင်မှုတစ်ခုက သူ့ခန္ဓာကိုယ်အနှံ့ ပျံနှံ့လာခဲ့တယ်။ အသက်ကို အမောတကောရှုရင်း ကြမ်းပြင်ပေါ်သို့
လဲကျသွားပြီး ပုစွန်တစ်ကောင်လို ခွေခွေလေးကွေးသွားခဲ့တယ်။
ထိုအချိန်တွင် သူ့တစ်ကိုယ်လုံးရှိ အရိုးတွေအကုန်လုံး အစိတ်စိတ်
အမွှာမွှာဖြစ်နေပါတော့တယ်။ သူ့တွင် လက်ချောင်းလေး တစ်ချောင်းတောင် မြောက်ဖို့အားမရှိတော့ပါဘူး။ ဒါက ပုံရိပ်ယောင် တစ်ခုမဟုတ်ပါဘူး။အကယ်၍ တစ်စုံတစ်ယောက်သာ သူ့ခန္ဓာကိုယ်ကို ထွင်းဖောက်မြင်နိုင်မယ်
ဆိုရင် သူ့အရိုးတစ်ချောင်းစီက ကျိုးကြေသွားပြီး ကျိုးကြေသွားတဲ့
အရိုးတစ်ချောင်းစီကို ရွှေရောင်အလွှာလေး ဖုံးအုပ်လာတာကို
တွေ့ရမှာဖြစ်တယ်။ ရွှေရောင်အလွှာလေးက သူ့ရဲ့ ကျိုးကြေသွားတဲ့
အရိုးတစ်ချောင်စီတိုင်းကို ပြန်လည် ပြုပြင်ပေးနေသော်လည်း ကုသနှုန်းကပျက်စီးနှုန်းထက်နှေးနေခဲ့တယ်။
လူ့ခန္ဓာကိုယ်တစ်ခုတွင် အရိုးတွေက ရိုးတွင်းခြင်ဆီနဲ့ ရိုးတွင်းခြင်းဆီ
သွေးကြောတွေကို ဖုံးအုပ်ထားလေသည်။ သူတို့တွေကို ထိရုံလေး သွားထိတာကတောင် အလွန်အမင်း နာကျင်ရပါတယ်။ အခုအချိန် သူဘယ်လောက် ခံစားနေရမလဲဆိုတာကို ဘုရားသာလျှင် သိပါလိမ့်မယ်။သူ့ခန္ဓာကိုယ်မှာ မကျိုးတဲ့အရိုးဆိုလို့ တစ်ချောင်းတောင်မရှိတော့ပါဘူး။သူ့ထက်
အဆများစွာသန်မာတဲ့ သူတောင် သူ့လိုခံစားရလျှင် သတိလစ်သွားလိမ့်မှာပါ။ ဒါပေမယ့် ရန်ကိုင်က သူ့ရဲ့အားနည်းလှတဲ့ ခန္ဓာကိုယ်ကြောင့် နာကျင်မှုကို အခြားသူတွေထက် အဆပေါင်းများစွာ ပိုခံစားရပါတယ်။
သူ့တဲ့ကနေ မနီးမဝေးမှာ လမ်းထွက်လျှောက်နေတဲ့ တပည့်တစ်ယောက်က ရန်ကိုင်ရဲ့ စူးစူးဝါးဝါးအော်သံကိုကြားပြီး ကြောက်လန့်တကြား ပြန်လှည့်ပြေးတော့ပါတော့တယ်။
ဘယ်နေရာကနေမှန်းမသိ အသံတစ်ခုကို သူကြားလိုက်ရတယ်။
“ရန်ကိုင်ရဲ့အသိစိတ်ကို ဖျက်ဆီး၊ သူ့ခန္ဓာကိုယ်ကို အပိုင်သိမ်းလိုက်’’
ကိုင်ရန်သဘောတူခဲ့လား။ မတူခဲ့ပါဘူး။ သူမလှုပ်ရှားနိုင်တာတောင်မှ သူ့အသိစိတ်ကို သတိမမေ့အောင် ကြိုးစားနေခဲ့တယ်။ ရွှေခန္ဓာကိုယ်က သူ့ခန္ဓာကိုယ်ကို အပိုင်းသိမ်းတာမျိုးကို သူဘယ်တော့မှ ခွင့်ပြုလိမ့်မည် မဟုတ်ပါဘူး။ ရွှေခန္ဓာက ကြောက်ရွံ့မှုကို ခံစားလာရပါပြီ။
ထို့ကြောင့် ရွှေခန္ဓာကိုယ်က ရန်ကိုင် သတိလစ်သွားအောင် သူ့အရိုးတွေနဲ့ သွေးကြောတွေကို ထပ်ခါထပ်ခါ ဖျက်စီးနေခဲ့ပါတယ်။
တစ်ဖက်က ကြီးမြတ်တဲ့ ရွှေပ်ထုတစ်ခုဖြစ်ပြီး တစ်ဖက်ကတော့ ဘယ်တော့မှ အရှုံးမပေးတတ်တဲ့ စိတ်ဝိဥာဉ်ကို ပိုင်ဆိုင်ထားတဲ့ လူငယ်လေးတစ်ယောက်ပါ။
ဘယ်သူနိုင်မယ်၊ ဘယ်သူရှုံးမယ်ဆိုတာကိုတော့ ဘယ်သူမှကြိုမသိနိုင်ပါဘူး။
အခုပြိုင်ပွဲက နဂိုတုန်းကလို တပည့်တွေနဲ့ ပြိုင်တဲ့ပြိုင်ပွဲတွေလို မဟုတ်ဘဲ သူ့အတွက် အလွန်အရေးကြီးတယ်ဆိုတာ ရန်ကိုင် သိနေခဲ့တယ်။နဂိုက သူသာဆိုရင်တော့ အခုအချိန်လောက်ဆို အရှုံးပေးလိုက်ပါပြီ။
ဒါပေမယ့် အခုတော့ သူအရှုံးပေးလို့မရပါဘူး။ ငရဲတမျှနာကျင်မှုကို ခံစားရမယ်ဆိုရင်တောင်မှ သူလက်လျှော့ အရှုံးပေးလိမ့်မည်မဟုတ်ပါဘူး။အချိန်ကြာလာတာနဲ့အမျှ နာကျင်မှုက တဖြည်းဖြည်း လျော့နည်းလာတာကို
ရန်ကိုင်အံ့အားသင့်စွာ တွေ့လိုက်ရတယ်။ ရန်ကိုင် စိတ်အားတက်သွားခဲ့ပြီး သူ့လက်ကျန်ခွန်အားကိုသုံးကာ သူ့ကိုယ်သူ သတိမမေ့အောင် ကြိုးစားလိုက်တယ်။ သူ့အရိုးတွေကို ရွှေခန္ဓာက အကြိမ်များစွာ ချိုးပစ်ချေမွပြီးနောက်သူ့အရိုးတွေ ပိုသန်မာလာတာကို ရန်ကိုင် ခံစားမိလိုက်တယ်။ သူ့အရိုးတွေ
ပိုသန်မာလာတာနဲ့အမျှ ရွှေခန္ဓာရဲ့ စွမ်းအားတွေက တဖြည်းဖြည်း
လျှော့နည်းလာပြီး နာကျင်မှုက တဖြည်းဖြည်း သက်သာလာခဲ့တယ်။
ရွှေခန္ဓာကိုယ်က သူ့အရိုးတွေကို ဖျက်ဆီးဖို့ အရူးအမူး ကြိုးစားနေတာကိုတွေ့ပြီး ရန်ကိုင်ဒေါသ ထွက်လာခဲ့တယ်။ သူ့ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ ရွှေရောင်အရိုးခြောက်ကို အကျယ်ကြီး
ကျိန်ဆဲလိုက်ပါတော့တယ်။
နောက်ဆုံးမှာတော့ သူ့ခန္ဓာကိုယ်ထဲက လှုပ်ရှားမှုတွေ တည်ငြိမ်သွားခဲ့ပါပြီ။ သူစိတ်သက်သာရာ ရသွားပြီး စိတ်ထဲမှာပဲ ကြိတ်ပြီးတော့ သက်ပြင်းချလိုက်မိတယ်။